Monday, October 17, 2011

Min Ko Naing 49 Birthday ( By AAPP+BurmaVJ)


ီ BY AAPP+BurmaVJ


လှိုင်နယ်မြေထဲမှာဒူးယားဟိုတယ်...ပုပ္ပါးဟိုတယ်တွေ


မြန်မာကျူ့ပစ်ဖိုရမ်မှ

ကြဲကြဲ...

သူများနိုင်ငံက အာဇာနည်သူရဲကောင်းရဲ့  အုတ်ဂူမှာတော့ ပန်းပွင့်ချပ်တွေ ကြဲကြဲ...




အောင်မျိုးထွန်း

၁၇.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16882404/17Oct2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16882405/17Oct2011Yeyintngesdiary.doc.html

17 Oct 2011 Yeyintnge's Diary

ကျောင်းသားအပါအဝင် ဒေသခံများ ဗန်းမော် – လွယ်ဂျယ်လမ်း၌ ပိတ်မိ


Published on October 17, 2011 by ဒီဗွီဘီ

ကချင်ပြည်နယ် ဗန်းမော်နဲ့ လွယ်ဂျယ်လမ်းပေါ်ရှိ မိုးမောက်မြို့အထွက် ကျောက်စခန်းအနီးမှာ မနေ့က ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် မိုးမောက်မြို့နဲ့ စိန်လုံကျေးရွာအကြားရှိ လော့ဒန် ကျေးရွာမှာ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် လူ ၆ဝဝ ခန့် ခရီးဆက်မရဘဲ လမ်းမှာ ပိတ်မိနေပါတယ်။

သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်တက်ဖို့ ဗန်းမော်ဘက် ပြန်တဲ့ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းသားတွေ အပါအဝင် ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ခရီးသည်တွေဟာ လွယ်ဂျယ်ဘက်ကနေ ဗန်းမော်မြို့ကို မနေ့က မနက်ပိုင်းက ဆိုင်ကယ်တွေနဲ့ ဆင်းသွားခဲ့ရာ လော့ဒန်ကျေးရွာမှာ ပိတ်မိနေတယ်လို့ လွယ်ဂျယ်ဒေသခံတဦးက ပြောပါတယ်။

“ကျောင်းသားတွေ အပါအ၀င် ပိတ်မိနေတယ်။ လမ်းကြောင်း ပိတ်လိုက်တာ ဆင်းလို့မရတော့တာ။ အောက်မှာ စစ်တပ်က ပစ်နေခတ်နေတာကို။ လွယ်ဂျယ်လည်း ပြန်တက်လို့ မရဘူး၊ ဆုတ်မယ် ဆိုရင်လည်း စိန်လုံက ပေးမသွားတော့ဘူး စစ်တပ်က။ ကျောက်စခန်းမှာက တိုက်နေတာ။ အောက်ဘက်ကနေ တကယ်လို့ လက်နက်ကြီးပစ်ရင် ပြည်သူလူထုကြား တကယ်ကို ဒုက္ခရောက်မှာ။ ခြောက်ရာ ခုနှစ်ရာလောက် ပိတ်မိနေတယ်ဗျ။”

လူထုတွေ ပိတ်မိနေတဲ့ လော့ဒန်ကျေးရွာမှာ ကေအိုင်အေကလည်း တပ်စခန်း ထိုင်ထားတဲ့အတွက် စစ်တပ် တပ်စွဲရာ ကျောက်စခန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မှာကို ဒေသခံတွေအကြား စိုးရိမ်နေကြတယ်လို့ လွယ်ဂျယ်ဒေသခံက ပြောပါ တယ်။

“ကေအိုင်အေက ရှိနေတယ် ခင်ဗျ။ ရောနှောပြီး နေကြတဲ့အခါ ကေအိုင်အေ ကတော့ ပြည်သူလူထုကို ထိမှာ စိုးတာပေါ့။ မိုးမောက်အကျော် ကျောက်စခန်းကနေ တညလုံး တောက်လျှောက်ပစ်နေတာ။ ပြည်သူတွေ ဘယ်လောက်တောင် သေတယ်ဆိုတာ သတင်းတောင် မရသေးဘူး။ မနေ့က အောက်မှာ ဘာဖြစ်တယ် မသိဘူး။ ရှမ်းကလေးတယောက် ဆင်းသွားတာ၊ အဲဒီ ရှမ်းကလေးကို ကျောက်စခန်းမှာ ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ စိတ်ပူတာပေါ့၊ တကယ်လို့သာ အောက်ကနေ ပစ်ရင် ဒုက္ခရောက်ကုန်မှာ။”

စိန်လုံစခန်းမှာ ခလရ ၃၂၁ က တပ်ခွဲတခွဲတပ်စွဲထားပြီး မနေ့ကစလို့ ဗန်းမော်ဘက် ပြန်ဆင်းမယ့် ခရီးသည်တွေကို အတင်းအကျပ် စစ်ဆေးနေလို့ ရှေ့ဆက်မသွားတော့ဘဲ လွယ်ဂျယ်က ပြန်လာခဲ့သူ တဦးကလည်း ခုလို ပြောပါတယ်။

“သေနတ်နဲ့ တေ့ထားပြီးမှ ပစ္စည်းတွေ ကားလမ်းပေါ် အကုန်ပုံခိုင်းတာ။ ကျနော်တို့ လူကောင်းတွေပါ ပြောပြတာကိုလည်း မရဘူး၊ ခင်ဗျားတို့ အားလုံး သူပုန်ပဲတဲ့။ ကျောင်းသားလေး နှစ်ယောက်ဆို သေနတ်နဲ့ တေ့ချိန်ထားပြီးမှ မင်းကျောင်းသား ကတ်လည်း လာမပြနဲ့၊ မင်းတို့အားလုံး မယုံဘူး၊ ပစ်သတ်မယ် လုပ်တာ။ စိန်လုံက တပ်က။ ပစ္စည်းတွေ အကုန်သွန်၊ သေနတ်နဲ့ချိန်ပြီး လာတဲ့လူအားလုံးကို လုပ်နေတယ်။ ကျနော်တို့လည်း ဘယ်သွားရဲတော့မလဲ။ အစစ်ဆေးခံပြီးမှ ပြန်လှည့်လာခဲ့တာ။

ဗန်းမော်-လွယ်ဂျယ်လမ်းမှာ မိုးမောက်မြို့အထွက် ကျောက်စခန်းအနီးကစလို့ လွယ်ဂျယ်အနီး ယောရုံကျေးရွာအထိ လမ်းပိုင်းအတော်များများကို ကေအိုင်အေက ထိန်းချုပ်ထားပြီး အဲဒီလမ်းပိုင်းကြားထဲကမှ စိန်လုံကျေးရွာကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာပါ။

တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လွယ်ဂျယ် – ဗန်းမော်လမ်းဟာ ကုန်သွယ်မှု မလုပ်နိုင်ဘဲ ရပ်ထားရပြီး လမ်းတံတားတွေလည်း မိုင်းခွဲဖျက်ဆီးခံထားရတာမို့ ဆိုင်ကယ်တွေနဲ့ သွားလာနေရတာပါ။

ဒီနှစ် ဇွန်လဆန်းပိုင်းကစလို့ ဗန်းမော်ခရိုင်အတွင်းရှိ တာပိန်ရေအား လျှပ်စစ်စက်ရုံ စီမံကိန်းဒေသအတွင်း ကေအိုင်အေနဲ့ မြန်မာအစိုးရစစ်တပ်တွေ အကြား တိုက်ပွဲဖြစ်ခဲ့ရာကအစပြုလို့ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားလာသလို ဒေသခံ ပြည်သူလူထုတွေလည်း အတိဒုက္ခရောက်နေကြပါတယ်။
http://burmese.dvb.no/archives/16562

အိပ်ခ်ျအာဒီပီက အာဏာပိုင်များအပေါ် ပြန်တရားစွဲမည်

Published on October 17, 2011 by ဒီဗွီဘီ  
ဧရာဝတီတိုင်း ဟင်္သာတမြို့က လွန်ခဲ့တဲ့ ၄ နှစ်ကျော်က အရိုက်လည်းခံရ တရားစွဲခံရပြီး ထောင်လည်းကျခဲ့ရတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကွန်ရက် (အိပ်ခ်ျအာဒီပီ) အဖွဲ့ဝင် ကိုမြင့်နိုင် ပြန်လွတ်လာပြီးနောက် သူ့ကိုရိုက်နှက်သူတွေကို တရားစွဲဆိုမယ်လို့ ပြောပါတယ်။

ကို​မြင့်​နိုင်နှင့်​​ ​ကို​မောင်​မောင်​လေး​​ ​အ​ရိုက်​ခံရ​စဉ်က

အောက်တိုဘာ ၁၂ ရက်နေ့က အစိုးရလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကလေးမြို့ အကျဉ်းထောင်က လွတ်မြောက်လာသူ  ကိုမြင့်နိုင်က သူ့ကိုရိုက်နှက်ခဲ့တဲ့ အာဏာပိုင်တွေကို ပြန်လည်တရားစွဲမယ်လို့  ပြောပါတယ်။
“ကျနော်က အရိုက်လည်းခံရတယ်၊ ထောင်လည်းကျတယ်ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ သတ်မှတ်ပါတယ်။ ကျနော်​ ပြန်ရောက်တာနဲ့ တပြိုင်နက် ကျနော့်ကို ရိုက်ထားတဲ့လူတွေကို အမှုမှန်ပေါ်ပေါက်ဖို့ ကျနော် ပထမဆုံး တရားစွဲမှာပါ။ ထောင်ထဲမှာတုန်းကလည်း တရားစွဲဖို့အကြောင်းကို ပြည်ထဲရေးကို တင်ထားတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း လွတ်တဲ့အခါမှ ဒါကို ဆက်လက် ဆောင်ရွက်ဖို့ ကျနော့်ကို စာပြန်ရောက်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုလို့ရှိရင် ကျနော့်ကို ရိုက်တဲ့သူကို အရေးယူဆောင်ရွက်ပေးနိုင်ဖို့ အခြေခံဥပဒေနဲ့အညီ ပထမဆုံး တရားစွဲမှာပါ။”
ကိုမြင့်နိုင်နဲ့ ရန်ကုန်က ကိုမောင်မောင်လေးတို့ဟာ ရွာသားတွေ လူ့အခွင့်အရေး နားလည်အောင် ပညာပေးဟောပြောအပြီး ၂၀၀၇ ခုနှစ် ဧပြီ  ၁၈ ရက်မှာ ဟင်္သာတမြို့ အုတ်ပုံရွာကအပြန်မှာ အရိုက်ခံရပါတယ်။
ကိုမြင့်နိုင်ဟာ အရိုက်ခံရလို့ ခေါင်းလည်းကွဲရသလို ရိုက်သူတွေက တရားစွဲလို့ ထောင်ချခံရသူဖြစ်ပါတယ်။
ကိုမြင့်နိုင် ထောင်မကျခင် တရားရုံးမှာ စစ်ဆေးစဉ်က ဒီရိုက်နှက်မှုမှာ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူး ဦးညွန့်ဦးက ညာသံပေး ခိုင်းစေသလို အနီးမှာရှိတဲ့ ရဲတွေထံက အကူညီတောင်းကာမှ  ဒု-ရဲအုပ်သန်းထိုက် ကိုယ်တိုင်က လေးခွနဲ့ ပစ်တာခံခဲ့ရတယ်လို့ ကိုမြင့်နိုင်က ထွက်ဆိုခဲ့ပါတယ်။
ကိုမြင့်နိုင် ထောင်ထဲမ၀င်ခင်မှာ ဟင်္သာတ ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးညွန့်ဦး၊ ကညင်ဂူကျေးရွာ အမှုဆောင် ဦးဌေးဝင်း၊ တလုပ်ထော်ကျေးရွာစခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်း၊ ဒု-ရဲအုပ်သန်းထိုက်၊ အုတ်ပုံ ‘ရယက’ဥက္ကဋ္ဌသစ်၊ ‘ရယက’ဥက္ကဋ္ဌဟောင်း ဦးသန်းအောင်၊ အုတ်ပုံကျေးရွာ ဆယ်အိမ်မှူး ကိုစိုးဝင်း၊ ကိုဝင်းလှိုင်နဲ့ ကိုစံပု၊ အုတ်ပုံရွာသား ၃ ဦးတို့ကို လူ ၁၂ ဦးကို ရိုက်မှု၊ လုယက်မှု၊ ပြင်းထန်စွာနာကျင်စေမှု စတဲ့အမှု ၅ မှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒါပေမယ့် ဟင်္သာတတရားရုံးက ပြည်ခိုင်ဖြိုးတာဝန်ရှိသူတွေနဲ့ ရဲတွေအပေါ် တရားစွဲခွင့်မပေးဘဲ ရွာသူကြီးတွေအပေါ်ကိုပဲ သာမန်နာကျင်စေမှုနဲ့ စွဲဆိုခွင့်ပေးခဲ့ပါတယ်။
ဒီလအတွင်း ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်က တရားရုံးက အမှုတွေကို မကိုင်တွယ်ဘူးလို့ ပြောထားတာကြောင့် ဒီအမှုကို လူသိအောင် လုပ်မယ်လို့ ကိုမြင့်နိုင်က ပြောပါတယ်။
“လူ့အခွင့်အရေး ကော်မရှင်ကနေ တရားရုံးက ဆုံးဖြတ်ပြီး အမှုတွဲကို သူက ဆက်လက်ဆောင်ရွက်ဖို့ သူတို့မှာ အခုလောလောဆယ်မှာ အခြေအနေ မရှိသေးဘူးလို့ ပြောထားတာကိုး။ အဲဒီတော့ ကျနော်က တရားရုံးမှာ မမှန်မကန် လုပ်ပြီး ထောင်ထဲထည့်တဲ့အတွက် အဲဒါကို အမြန်ဆုံး အကောင်အထည်ဖော်မယ်။ ပြည်သူလူထုသိအောင် အရင်လုပ်မယ်။”

လမ်းပေါ်ထွက်ရမည့် အချိန်မဟုတ်ဟု ဇာဂနာ ပြောကြား


Published on October 17, 2011 by နေသွင်   
အာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုလိုမျိုး မြန်မာပြည်မှာ မလိုအပ်သေးဘူးလို့ မကြာခင်က ထောင်ကနေ လွတ်မြောက်လာတဲ့ ထင်ရှားတဲ့ လူရွှင်တော် ကိုဇာဂနာက ပြောပါတယ်။
မြစ်ကြီးနားထောင်ထဲမှာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကို ဖတ်ခွင့်ရခဲ့ပြီး အာရပ်နွေဦးလို့ လူသိများတဲ့ လူထုလှုပ်ရှားမှုတွေအကြောင်း သိခွင့်ရခဲ့တယ်လို့ ကိုဇာဂနာက ပြောပါတယ်။

“အာရပ်နွေဦးကတော့ ပြောင်းလဲသွားတယ်လို့ ပြောနေကြတာပေါ့။ သို့သော် ကဒါဖီလည်း မမိသေးဘူး။ ဘယ်နားရောက်နေလဲ မသိဘူးပေါ့။ ဒါတွေကတော့ ကျနော်တို့ ဖတ်နေရတာပဲလေ။ ကမ္ဘာပေါ်မှာ အကြီးအကျယ်ပြောင်းလဲနေတာတော့ တွေ့တာပေါ့။ မြန်မာပြည်မှာတော့ အကြီးအကျယ် ပြောင်းလဲတယ်လို့ ပြောလို့မရသေးတဲ့ မပြီးသေးတဲ့ မြစ်ဆုံကြီးကတော့ ရပ်သွားသည်ဟု ဆိုသည်ပေါ့။ အဲဒါလောက်တော့ တွေ့ပါတယ်။”
မြန်မာပြည်မှာ အာရပ်နွေဦးလို လှုပ်ရှားမှုမျိုး မလိုအပ်သေးဘူးလို့လည်း ကိုဇာဂနာက ပြောပါတယ်။
“အဲဒါတော့ မယူဆဘူး။ ဒီအချိန်ကို ပြောတာနော်။ နောက်လာမယ့် ၂ နှစ်ကိုလည်း ကြိုမမြင်နိုင်တော့ မသိသေးပါ။ သို့သော် ဒီအချိန်နဲ့ပြောမယ်ဆိုရင်တော့ ခုအချိန်မှာ မလိုသေးဘူးလို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ အခုချိန်မှာ လမ်းပေါ်မှာထွက်ပြီး ဆန္ဒပြနေရမယ့် အချိန်မဟုတ်ဘူးလို့ကို ကျနော်ယူဆပါတယ်။”
ကိုဇာဂနာကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်မှု အပါအ၀င် အခြားပုဒ်မတွေနဲ့ အစိုးရက ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
အနုပညာနဲ့ နိုင်ငံရေးကိစ္စတွေကို ဆက်လုပ်သွားမယ်လို့ဆိုတဲ့ ကိုဇာဂနာက  နိုင်ငံရေးကိစ္စနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အာရပ်နွေဦးပုံစံ လူထုလှုပ်ရှားမှုတွေဟာ မြန်မာပြည်အတွက် အဖြေ မဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်က ပြောကြားခဲ့ပါတယ်။ 
http://burmese.dvb.no/archives/16597

အပြောင်းအလဲ ဖြစ်နေတာ မဟုတ်ဘူး

News Date:10/17/2011
( ဦးအေးသာအောင်နဲ့ အင်တာ ဗျူး)


၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲမှာ မြန်မာနိုင်ငံမှာ တတိယ အမတ်အများ ဆုံးအနိုင်ရခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို ခေါင်းဆောင်တွေရဲ့ မျက်နာစုံညီ အစည်းအဝေးနဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည် နေ့တွေကို အောက်တိုဘာလ ၁၀ ရက်နေ့ကနေပြီး ၁၂ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပ ခဲ့ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပါတီ ဗဟိုခေါင်းဆောင်တွေရဲ့ မျက်နာ စုံညီ အစည်းအဝေးကို ပါတီ ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ်က ALD မြို့နယ် ဥက္ကဌတွေ၊ ၁၉၉၀ ရွှေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေး အပီးမှာ နိရဉ္စရာက အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်ကို တယ်လီဖုန်း ကတဆင့် ပါတီရဲ့ ပေါ်လစီ၊ ရပ်တည်ရေးပိုင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို မေးမြန်းခွင့် ရခဲ့ပါတယ်။ ဦးအေးသာအောင်ကို ပါတီ နောက်ဆုံး လူပ်ရှား ဆောင်ရွက်မူ အခြေအနေတွေကို စမေးမြန်းတဲ့အခါ သူက အခုလို ပြောပါ တယ်။

ဦးအေးသာအောင်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်ပတ် လည်နေ့ကို ကျင်းပတာက အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အောက်တိုလဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က CEC နောက်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ဥက္ကဌ၊ အတွင်း ရေးမှူးတွေရယ်။ ပြီးတော့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စား လှယ်တွေ တက်ရောက်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေကို ဆွေးနွေး သုံးသပ်ကြပါတယ်။ အဓိက သုံးသပ်တာက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို အခြေခံပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ကောင်းတာတွေ ထွက်လာ မယ်လို့ မျော်လင့် ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့၊ ၉၀ ရွေး ကောက်ပွဲ ရလာဒ်ကိုလည်း တစုံတရာ အသိမှတ်ပြုဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်သွားဖို့ စတဲ့ အခြေအနေတွေကို ကြားရတဲ့အတွက် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရှေ့ကို သွားဖို့ မျှော်မှန်းချက် ရပ်တည်ချက်တွေကို အဓိကထားပြီး ဆွေးနွေး ကြပါတယ်။

နိရဉ္စရာ။ အခု လက်ရှိ အနေအထားမှာ ALD ကိုလည်း အစိုးရက ဖျက်သိမ်းထားပါတယ်။ တကယ်လို့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်မယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အခြေခံပြီး တရားဝင် ရပ်တည် လူပ်ရှားဖို့ အတွက် ပါတီ မှတ်ပုံတင်ရမယ်။ အဲဒီတော့ ALD အနေနဲ့ နောက်ထပ် ပါတီ တရပ်အနေ ရပ်တည် ဖို့ မှတ်ပုံတင်ဖို့ အစီအစဉ်ရှိပါသလား။

ဦးအေးသာအောင်။ အဓိကတော့ ၉၀ ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က တတိယ အများဆုံး အနိုင်ရထားပေမဲ့ ဖျက်သိမ်းခံထားရတဲ့ ပါတီတရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်သူတွေက ပေးထားတဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အညီ အခု အခြေအနေမှာတောင် မဟုတ်ဘူး။ အရင်က အခြေအေနမှာလည်း တာဝန် ၀တ္တရားတွေကို မပျက်မကွက် ဆောင်ရွက်လာတာ ဖြစ်တယ်။ ရှေ့ကိုလည်း လိုအပ်ရင် လိုအပ် သလို မပျက်မကွက် ဆောင်ရွက်သွားမဲ့ အစီအစဉ်တွေရှိပါတယ်။

နိရဉ္စရာ။ အခုလက်ရှိ အနေအထားမှာ ဦးသိန်းစိန် အစိုးရနဲ့ ALD ဆွေးနွေးဖို့ အစီအစဉ် ရှိပါလား။

ဦးအေးသာအောင်။ ALD နဲ့ဦးသိန်းစိန်အစိုးရနဲ့ဆွေးနွေးဖိုးတော့ မရှိဘူး။ ဒါပေမဲ့ CRPP ဆိုတာက ALD အပါအ၀င် တခြား ပါတီတွေနဲ့ပါ ပူးပေါင်းဖွဲ့စည်းထားတဲ့ အတွက် ဆွေးနွေးပွဲ ဖြစ်လာလို့ ရှိရင်လည်း ဒီဆွေးနွေးပွဲနဲ့ပတ်သတ်ပြီး CRPP ကသာ တဆင့် အားလုံးပူးပေါင်း ဆွေးနွေးသွားမဲ့ အစီအစဉ် ရှိပါတယ်။

နိရဉ္စရာ။ အခု သတင်းထွက်လာတာ ကျွန်တော်တို့ ကြားရသိရသလောက်ပေါ့လေ။ ALD အနေနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို နည်းနည်း ပြင်ပေးမယ် ဆိုရင် ပါတီ အနေနဲ့ မှတ်ပုံတင်ပြီး နောက်လာမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ် လို့ကြားရတယ်။ ဒါက မှန်ပါသလား။

ဦးအေးသာအောင်။ ရွေးကောက်ပွဲထက် အဓိကတော့ ပြောင်းလဲ တိုးတက် လာတဲ့ အခြေအနေ အပေါ်မှာမူတည်ပြီး မှတ်ပုံတင်သင့်ရင်လည်း တင်ဖို့တော့ သဘောထားရှိပါတယ်။

နိရဉ္စရာ။ ၁၉၉၀ခု ရွေးကောက်ပွဲမှာ ALD ကို ရခိုင်ပြည်သူတွေက တခဲနက် ထောက်ခံ အားပေးခဲ့တယ်။ လူထု ထောက်ခံမူက အဲသလို အဆင့်မျိုး ရှိနေတုန်းဘဲလား။ ၁၉၉၀ ခု ရွေးကောက်ပွဲ ပီးတဲ့ နောက်ပိုင်းမှာ လူထုနဲ့ ထောက်ခံ ပါဝင်မူ အားက ဘယ်အတိုင်းအတာထိ ရှိသေးသလဲဆိုတာ နည်းနည်း ရှင်းပြပေးစေချင် ပါတယ်။

ဦးအေးသာအောင်။ အဓိကတော့ ALD နိုင်ငံရေးလှုပ်ရှားမှုတွေကို ရန်ကုန်ကို ဗဟိုပြုပြီးလုပ်ရပါတယ်။ ဖမ်းဆီးမှုတွေ ဟန့်တားမှု တွေ အများကြီး ရှိတဲ့ အကြားက တိုင်းပြည် အတွက် ပြည်သူတွေတဲ့ ပူးပေါင်းပြီး လှုပ်ရှားခဲ့တာတွေ အများကြီး ရှိပါတယ်။ လူပ်ရှားမှုတိုင်းမှာ လူထု ပါဝင်မူက အားနည်း နေပါတယ်။ ဒါပေမယ့် ရှေ့ဆက် ပြီးတော့ ပြည်သူလူထု တွေနဲ့ပါ လက်တွဲပြီး စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ဆုံးဖြတ် ထားပါတယ်။

နိရဉ္စရာ။ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ မြန်မာ နိုင်ငံရေး အခင်းအကျင်းကိုကော ဘယ်လို မြင်ပါသလဲ။ ပြောပြပေးပါ။

ဦးအေးသာအောင်။ ဒီနေ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ရရင် ကျွန်တော့်အနေနဲ့ အပြောင်းအလဲ ဖြစ်နေပြီလို့တော့ မမြင်ပါ။ ဒါပေမဲ့ နိုင်ငံရေး အလှည့် အကွေ့ တခုကို ရောက်နေတယ်လို့သာ ပြောချင်ပါတယ်။ အဲဒီ အလှည့် အကွေ့ဟာ မှန်မှန်ကန်ကန် လှည့်ဖို့၊ ကွေ့ဖို့တော့ လိုပါတယ်။ အဲဒီ အလှည့်အကွေ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည့်မှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ALD, NLD အပါအ၀င် နိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိ သလို တိုင်းရင်းသား ပြည်သူ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည့်တို့ ဆွေးနွေးလို့ အပေးအယူ လုပ်လို့ တိုး တက်လာတဲ့ အပေါ်မှာ အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုမယ်လို့ ထင်ပါတယ်။ ALD အနေနဲ့လည်း ရခိုင် ပြည်သူတွေအကျိုး တိုင်းပြည် အကျိုး အတွက်ဆိုရင် မည်သည့် ပါတီ မည်သည့် အဖွဲ့ မည်သည့် ပုဂ္ဂိုလ်နဲ့ မဆို အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ့် သဘောထား ရှိပါတယ်။

(ပြီး)

http://www.narinjara.com/burmese.asp

အခြေခံသပိတ်ကြီးကမ္ဘာတလွှားပြန့်နှံနေပါပြီ။

ကွန်မြူနစ်တော့နဲနဲဆန်သည်။ဒါပေမဲ့ဖြစ်သင့်သည်။လူတန်းစားမညီမျှမှု။အလုပ်ရှင်တွေဟာ
လုပ်ခနဲနိုင်သမျှနဲအောင်အလုပ်သမားတွေကိုပေးရန်ကြိုးစားမှု။အစိုးရတွေကအလုပ်ရှင်တွေကိုသိသိသာသာအကာအကွယ်ပေးလာမှု။
အခွန်တွေမတရားကောက်ခံမှုစသဖြင့်အထွေထွေအခြေခံသပိတ်ကြီးကမ္ဘာတလွှားပြန့်နှံနေပါပြီ။


Occupy the World !
USA





CANADA (TORONTO)





spain

နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး သောကြာ နေ့  ဆန္ဒ ထုတ်ဖော် မည်


by politics on October 17, 2011

မြန်မာ စစ်အစိုးရ ၏ အကျဉ်းထောင် တွင်း ဉ် ဆက် လက် ဖမ်းဆီး ထား သည့် နိုင်ငံ ရေး အကျဉ်း
သား များ လွတ်မြောက် ရေး အတွက် အောက်တိုဘာ လ ၂၁ ရက် သောကြာ နေ့ တွင် တက်ကြွ သူ
များ က ဆန္ဒ ထုတ် ဖော် မည် ဟု FNG မှ သတင်း ရရှိ သည်။

ဆန္ဒထုတ် ဖော် မည့် သူ အချို့  က Occupy Yangon အနေ့ ဖြင့် လည်း နိုင်ငံ ရေး အကျဉ်း သား
လွတ်မြောက် ရေး အတွက် လှုံ ဆော် မှု ပြ မည် ဟု သိရသည်။

ပြီး ခဲ့ သည့် စက်တင်ဘာလ ၁၇ ရက်နေ့  က နယူးယောက် ဝေါလ်စထရိ တွင် စတင် ခဲ့ သည့် စီး
ပွား ရေး မညီမျှ မှု နှင့် ငွေရှင် ကြေး ရှင် များ ၏ အမြတ်ကြီးစား မသမာ မှု တို့  ကို ဆန့် ကျင်
သည့် ဆန္ဒ ပြ ပွဲ များ မှာ ယခု အခါ တွင် အမေရိကန် နိုင်ငံ တ၀ှမ်း သာ မက နိုင်ငံ တကာ သို့  ပျံ
နှံ က လူထု အုံ ကြွ မှု များ မှာ လည်း ဆက် လက် အား ကောင်း လာ သည်။

သောကြာ နေ့  နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက် ရေး အတွက် ဆန္ဒ ထုတ် ဖော် မှု အား ဦး
ဆောင် စည်း ရုံး နေသူ တစ်ဦး က ” နိုင်ငံ ရေး အကျဉ်း သား ၂၀၀ ကျော် ကို ပဲ လွှတ်တယ် ဆို
တာ ပြည်သူ လူ ထု ရဲ့  တောင်း ဆို မှု ကို လုံး သ ဂရု မစိုက် တဲ့ သဘောပဲ။ နိုင်ငံ ရေး အကျဉ်း
သား လွတ် ဖို့  ကျွန်တော် တို့  ဘာ တောင်း ဆို မှု မှမ ပြု သေး သမျှ လွတ် မှာ မဟုတ် ဘူး ၊
ဒီ အတိုင်း ဆက်ဖမ်း ထား အုံး မှာ ပဲ။ မကြာ ခင် လွှတ် မယ် ဆို တဲ့ အိပ်မက် တွေ ဆက် ပေး
နေမယ်။ အပြောင်း အလဲ လို့ သူ တို့  ပြောနေတာ တွေ မှာ တစ်ကယ် လက်ဆုပ် လက် ကိုင်
မယ်မယ် ရရ ပြ နိုင်တာ မရှိ သေး ဘူး ” ဟု FNG သို့  ပြောသည်။

ပြီး ခဲ့ သည့် စက်တင်ဘာ လ က နိုင်ငံ ရေး အကျဉ်း သား များ လွတ်မြောက် ရေး နှင့် မြစ်ဆုံ
ရေကာတာ တည် ဆောက် မှု ရပ် တန့်  ရေး တို့  အတွ က် ရန် ကုန် မြို့  တွင် ဆု တောင်း ပွဲ များ
ပြု လုပ် ခဲ့ ကြ သည်။
http://freedomnewsgroup.com

မြစ်ဆုံ ဆည်တည်ဆောက်မှု လုပ်ငန်းခွင် သတင်း ထောက် တွေ ကို ခွင့်မပြု


by politics on October 17, 2011

စက်တင်ဘာလ ၃၀ ရက်နေ့ က သမ္မတ ဦးသိန်းစိန် က ပြည်သူ့ ဆန္ဒ နှင့် မဆန့် ကျင် လို ၍ မြစ်
ဆုံ ဆည် တည် ဆောက်မှု လုပ်ငန်းခွင် ရပ်တန့် မည် ဟု တရားဝင် သတင်း ထုတ် ပြန် ခဲ့ သော်
လည်း အဆို ပါ မြစ်ဆုံ ဒေသရှိ ဆည် ခု နှစ် ခု တည်ဆောက် ရာ နေရာများ သို့  မည် သည့် သ
တင်း ထောက် နှင့် အဖွဲ့  အစည်း ကို မျှ ခွင့် ပြု သွား လာ ခြင်း မရှိ ဟု FNG မှ သတင်း ရရှိ သည်။

မြစ်ဆုံ ဆည်တည်ဆောက် နေ သည့် သတင်း နှင့် သတင်း ဓာတ်ပုံ ရယူရန် အလွတ် သဘော
သွား ရောက် သည့် သတင်း ထောက် နှစ် ဦး ကို မြစ်ကြီး နား မြို့  ပေါ် ရှိ ရဲတပ်ဖွဲ့  သတင်း တပ်
ဖွဲ့  က မန်ခရိန် တွင် ရပ်တန့် စစ်ဆေးပြီး မြစ်ကြီးနား သို့  ပြန် ပို့  လိုက် သည် ဟု သတင်း ရရှိ
သည်။

အဆိုပါ သတင်းထာက် နှစ်ဦး က ချီဖွေ မြို့ ခံ များ နှင့် အောက် တို ဘာလ ၁၀ ရက် နေ့ က တွေ့ 
ဆုံ ရာ တွင် သမ္မတ က မြစ်ဆုံ ဆည် တည် ဆောက် မှု ရပ် တန့် သော် လည်း ဆောက် လုပ်ရေး
လုပ်ငန်းများ ဆက် လုပ် နေသည် ဟု ပြောသည်။

မြစ်ကြီးနား မြို့  မှ ပညာရေး ၀န်ထမ်း တစ်ဦးက FNG သို့  ပြောရာတွင် ” ဆောက် လုပ်ရေး ရပ်ပြီ
ဆိုရင် ဘာမှ မြေတွေ ဖြိုစရာ တွေ ၊ ပိုင် ရိုက် စရာ တွေ မလို ဘူး ၊ အခု ဒါတွေ လုပ် နေတာ အဲဒီ
နား မရောက်ခင် ကတည်း က မြေတွေ တုန် နေတာ သိသာ တယ် ဟု ပြောသည်။

မြစ်ဆုံ ဆည် နှင့် ရေအားလျှပ်စစ် တည်ဆောက် မှု လုပ်ငန်း ခွင် ကို တရုတ် အစိုးရ က အမေရိကန်
ဒေါ်လာ ၃ ဘီလျှံ ခန့် စိုက်ထုတ် ပြီး လုပ်ဆောင် ခြင်း ဖြစ်သည်။

အဆိုပါ မြစ်ဆုံ ဆည် တည် ဆောက် မှု ကို မြန်မာ နှင့် ကချင် လူ မျိုး များ က ဆန့် ကျင် ကန့် ကွက်
ဆန္ဒ ပြ ကြ သည်။
http://freedomnewsgroup.com/2011/10/17/suspect-dam-building-continues/

တန်းစီဇယား သို့မဟုတ် “အင်္ဂါစဉ်”




The Order of Thein Sein – တန်းစီဇယား သို့မဟုတ် “အင်္ဂါစဉ်”


ဦးသိန်းစိန်အစိုးရ၏ တန်းစီဇယား သို့မဟုတ် “အင်္ဂါစဉ်”

မိုးမခ၊ အောက်တိုဘာ ၁၆၊ ၂၀၁၁

ယခင် စစ်အစိုးရလက်ထက်နဲ့ ယခု ကြံ့ဖွံ့ကြီးစိုးတဲ့ အရပ်သား အစိုးရ လက်ထက်မှာ ဘာတွေကွာခြား လာပါသလဲ။ အရင် ၀န်ကြီးချုပ်တွေ၊ အတွင်းရေးမှူးတွေက အခု အစိုးရမှာ အရေးကြီးတဲ့ သမ္မတ၊
ဒုသမ္မတ တာဝန်ပြန်ယူထားပါတယ်။ လူဟောင်းတွေကိုပဲ ပြန်ထည့်သွင်းထားပေမယ့် အရင်တုန်းက နအဖ အစိုးကလက်ထက် တန်းစီဇယားနဲ့ အခု ဦးသိန်းစိန် အစိုးရဟာ  တန်းစီဇယားတွေ ကွာခြားလာပါတယ်။ မည်သူက
မည်သူထက် အရေးပါသလဲ ဆိုတဲ့ တန်းစီဇယားကို အင်္ဂါစဉ် လို့ ၎င်းတို့ဘာသာ  အမည်ပေးထားပါတယ်။

ဦးသန်းရွှေ ဦးဆောင်တဲ့ နအဖအစိုးရ လက်ထက်မှာ ၀န်ကြီးဆိုသူတွေက စစ်တိုင်းမှူးတွေနောက်မှာ နေရပါတယ်။ အခုကျတော့ စစ်တိုင်းမှူးတွေက ပြည်ထောင်စု ၀န်ကြီးဆိုသူတွေနောက်ကို ရောက်သွားပါတယ်။
ဟိုတုန်းက ကာကွယ်ရေး ဦးစီးချုပ်က အစိုးရအဖွဲ့မှာ အာဏာအကြီးဆုံး ဖြစ်ပေမယ့် အခုခါမှာ သမ္မတက သူ့ထက် အာဏာပိုရှိနေပါတယ်

လွန်ခဲ့တဲ့  ၄ လလောက်က ဧရာဝတီတိုင်းမှာ အခမ်းအနားတခု ကျင်းပခဲ့စဉ် ပြည်ထောင်စု ၀န်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ စစ်တိုင်းမှူးတို့ တက်ရောက်လာကြပါတယ်။ ဘယ်သူ့ကို ဘယ်ခုံမှာ နေရာချရမလဲ ဆိုတာကို  အဲဒီတုန်းက ပွဲစီစဉ်တဲ့သူတွေ ကွဲကွဲပြားပြား မသိကြပါဘူး။  စစ်တိုင်းမှူးက ပြည်ထောင်စု ၀န်ကြီး မရောက်ခင် ကြိုပြီး လာစောင့်နေတာတော့ အများက သတိထားမိကြပါတယ်တဲ့။
 
(သမ္မတနဲ့ ဒုသမ္မတများ )
အဲလို အဖြစ်တွေ မဖြစ်ရအောင် ဦးသိန်းစိန် အစိုးရက အင်္ဂါစဉ် ဆိုတဲ့ တန်းစီဇယားပါတဲ့ စာအုပ်ကို ထုတ်ပြန်ပြီး အသိပေးရတာကို တွေ့ရပါတယ်။ အဲဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အတိုင်းဆိုရင် နိုင်ငံတော် သမ္မတပြီးရင် ဒုသမ္မတ ၂ဦးတို့က ထိပ်ဆုံးမှာနေပြီး သူ့နောက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရှိပါတယ်။ ပြီးမှ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလာပါတယ်။
 
ဒုသမ္မတ ၂ဦး
    
(ပြည်သူ့လွှတ်တော်နဲ့  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၂ ဦး)
အဲနောက်မှာ ကာကွယ်ရေး ဦးစီးချုပ် မလာခင် ပြည်ထောင်စု တရားသူကြီးချုပ်လာပါတယ်။ တရားသူကြီးချုပ်ပြီးတဲ့ အခါ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပါတယ်။
 
(ကာချုပ်)မလာသေးပဲ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တို့လာပါတယ်။
 
(ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ) 
ကော်မရှင် ဥက္ကဋ္ဌပြီးတဲ့နောက်  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ တို့လာပါတယ်။ သူတို့ပြီးမှ ပြည်ထောင်စု ၀န်ကြီးတွေ ဖြစ်ပါတယ်။

 (ပြည်ထောင်စုဝန်ကြီးများ)
 အဲဒီနောက် ပြည်ထောင်စု အဆင့် ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နဲ့ ရာထူးဝန်တို့ ဖြစ်ပါတယ်။ သူတို့ပြီးမှ ပြည်နယ် ၀န်ကြီးချုပ်တွေ လာပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ အဆင့် ၁၇ ဆိုရင် စစ်တိုင်းမှူးတွေက
အဆင့် ၂၇ မှာရှိပါတယ်။
စစ်တိုင်းမှူးတွေရဲ့  နောက်မှာ ပြည်ထောင်စု ဒုဝန်ကြီးတွေက တန်းစီဇယား အဆင့် ၂၈ အနေနဲ့လာပါတယ်။ အားလုံး တန်းစီအဆင့် ၃၄ ဆင့်ထားရှိတာကိုတွေ့ရပါတယ်။
အရင်က တန်ခိုးထွားခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေလို၊ ဒုဗိုလ်ချုပ်ကြီး သာအေးလို ပြည်နယ်ဝန်ကြီးချုပ်တွေကို အဆင့် ၁၇ အဆင့်ထိရောက်သွားပါတယ်။ သူတို့ အထက် ၄ ဆင့်လောက်မှာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး အဆင့် က နေ အငြိမ်းစားယူထားတဲ့ ပြည်ထောင်စု ၀န်ကြီးတွေက ရှိနေတာမို့ အရင် ကစထမှူးဟောင်း တွေအဖို့ အတော်လေး ခံရခက်မယ့် အခြေ အနေလည်း ဖြစ်ပါတယ်။
ဒါက အင်္ဂါစဉ်ဇယား ဖြစ်ပြီး လက်တွေ့အနေအထားမှာ အချို့နေရာမှာ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ရဲ့  သဘောထားကို မလွန်ဆန်နိုင်တဲ့ အဖြစ်မျိုးလည်းရှိနေတယ်လို့  ၀န်ကြီးဋ္ဌာနက အရာရှိတဦးကပြောပါတယ်။ ဥပမာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်အနေနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်လို၊ ဧရာဝတီတိုင်း ၀န်ကြီးချုပ်လို သူ့ထက် စီနီယာကျတဲ့သူ ၊ နကိုတပ်ထဲမှာလည်း သူ မလွန်ဆန်နိုင်သူတွေကို အမိန့်ပေးဖို့ သြဇာပေးဖို့
မလွယ်ဘူးလို့ အဲဒီအရာရှိက ပြောပြပါတယ်။
အဲလို နကို တပ်တွင်း အနိမ့်အမြင့် ဆက်ဆံရေးကြောင့် ယခု လက်ရှိ အခြေအနေမှာ ပြင်ဖို့ခက်နေတာ ရှိပေမယ့် တရားဝင် အခမ်းအနားတွေမှာတော့ အထက်က အင်္ဂါစဉ်အတိုင်း ပြုမူ နေထိုင်ရမှာဖြစ်ပါတယ်။

http://moemaka.com

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဆွမ်းကျွေးအလှူ

Tayar Wayyan – ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဆွမ်းကျွေးအလှူ

ရန်ကုန်၊ အောက်တိုဘာ ၁၇၊ ၂၀၁၁၊ တာရာဝေယံ

စစ်အာဏာရှင်စနစ်ကို အံတုတိုက်ပွဲဝင်ပြီး ဒီမိုကရေစီရေးအတွက် အကျဉ်းထောင်ထဲတွင် အသက်စွန့်သွားတဲ့ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် (၁၉၇၁ – ၂၀၀၆) အတွက် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဆွမ်းကျွေးအလှူအခမ်းအနားကို တာမွေမြို့နယ်ရှိ ကောဝိဒါရာမ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ကျန်ရစ်သူမိသားစုများက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဆရာဦးဝင်းတင်၊ ဗိုလ်ကြီးဝင်းထိန် အစရှိတဲ့ အဲန်အယ်ဒီ ခေါင်းဆောင်းများနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံေ၇းအကျဉ်းသားဟောင်းများ စုစုပေါင်း ၂၀၀ ကျော်တက်ခဲ့ကြပါတယ်။
“ကိုသက်ဝင်းအောင်ဟာ အဖြူစိမ်းဝတ်တဲ့ အကသကျောင်းသားဘ၀နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးအတွက် အသက်ဏွန့်သွားတာဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ မတရားမှု ဖိနှိပ်ချုပ်ချယ်မှုအောက်က လွတ်မြောက်အောင်ကြိုးစားရင်း ကျဆုံးခဲ့တာဖြစ်တယ်။ ဒါဟာ ကျောင်းသား အာဇာနည်တစ်ဦးရဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်ကို ပြသတာလို့မြင်တယ်။ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကသာ ချစ်တာမဟုတ်ဘူး။ အကျဉ်းထောင်အသီးသီးမှာ စွန့်လွှတ်အနစ်နာခံနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းဟာ အသက်တွေနဲ့ရင်းပြီး ချစ်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်မို့ လက်ရှိအခြေအနေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စစ်စစ်မှန်မှန် အကောင်အထည်ဖော်တယ်ဆိုရင် နိုင်ငံေ၇းအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်ပါတယ်” ဆိုပြီး ဗကသအဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို မကြာခင်ရက်ပိုင်းက လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ကြတဲ့ ကိုသက်ဦး၊ ကိုမင်းဟန်၊ ဖြိုးဖြိုးအောင်၊ ကိုအောင်ကျော်မိုး၊ ကိုရဲမင်းဦး၊ ကိုဘုန်းပြည့်ကြွယ်၊ ကိုဖိုးခွား၊ ကိုအောင်အောင်တို့ တက်ရောက်ခဲ့ကြကြောင်းလည်း သတင်းရရှိပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဆွမ်းကျွေးအလှူ မှတ်တမ်းဓာတ်ပုံများ



















http://moemaka.com

အလုပ်သမားအဖွဲ့အစည်းများ လွပ်လပ်စွာ ဖွဲ့စည်းခွင့်

တနင်္ဂနွေ, 16 အောက်တိုဘာ 2011

By ဦးသန်းလွင်ထွန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး အစီအစဉ်မှာ မြန်မာနိုင်ငံ လွှတ်တော်နှစ်ရပ်က အတည်ပြုလိုက်တဲ့ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းဆိုင်ရာကို ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ FTUB (Federation of Trade Unions Burma) ခေါ် ပြည်ပရောက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်းက လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပေးလိုက်တဲ့ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းကို ကြိုဆိုလိုက်ပါတယ်။ အဲဒီကတဆင့် အလုပ်သမားသမဂ္ဂတွေ၊ အလုပ်ရှင်တွေနဲ့ အစိုးရလက်တွဲပြီး အလုပ်သမားထုတရပ်လုံးကို အကာအကွယ်ပေးနိုင်မယ့် အခြေခံအလုပ်သမားထုတရပ်လုံးကို အကာအကွယ်ပေးနိုင်မယ့် အခြေခံအလုပ်သမားဥပဒေတရပ် ပေါ်ထွက်လာရေးကို ကြိုးပမ်းရလိမ့်မယ် ဖြစ်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။ FTUB ရဲ့  အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမောင်မောင် ။ ။ ဒီလို ဖွဲ့စည်းခွင့်ပြုတယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ ကြိုဆိုပါတယ်။ FOU – Freedom of Association – ILO ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်မှာ သဘောတူထားတဲ့အချက်ကို ပြန်လည်ပြီးလုပ်ဆောင်လာတဲ့ အချက်က အင်မတန်ကောင်းတယ်။ နိုင်ငံအတွက်ကို ကောင်းတယ်ဆိုတာကို ကြိုဆိုတဲ့အကြောင်းလည်း ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့  အခြေအနေနဲ့ ပတ်သက်လို့ရှိရင် အဓိကအားဖြင့် မှတ်ကျောက် စမ်းသပ်ခံတဲ့ကိစ္စတွေမှာ အထူးသဖြင့်က စီးတန်းလှည့်လည် ဆန္ဒပြခွင့် ပေးလာမလား။ ဒါမှမဟုတ်လို့ရှိရင် အလုပ်သမားတွေမှာ လွတ်လွတ်လပ်လပ် အစည်းအရုံးအသင်းအပင်တွေ ဖွဲ့ပြီးတော့ ကိုယ့်ရဲ့ အခွင့်အရေးကို တိုက်ပွဲဝင်ခွင့် ရလာမလားဆိုတဲ့ အဓိက စမ်းသပ်မှုတွေ ရှိပါတယ်။ အခုဆိုလို့ရှိရင် အလုပ်သမားများသမဂ္ဂတွေ ဖွဲ့ခွင့်ပေးလိုက်ပြီဆိုတဲ့အချက်ဟာ ဒီ စမ်းသပ်ချက်မှတ်ကျောက်ကို အောင်သွားပြီလို့ ပြောလို့ရမလား။

ဦးမောင်မောင် ။ ။ အတိုင်းအတာတခုထိတော့ အောင်ပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမိုကရေစီစနစ်တခုလုံးမှာ လိုအပ်တဲ့အချက်တွေထဲမှာ လွတ်လပ်တဲ့ အလုပ်သမား ဖွဲ့စည်းရေးကိစ္စအတွက်ကတော့ ဆက်လက်ပြီး တိုက်ပွဲဝင်ရအုန်းမယ်ဆိုတဲ့ ကိစ္စတွေ ရှိနေပါသေးတယ်။ ဒီအပြင်ကို အဓမ္မလုပ်အားပေးကိစ္စ၊ ခလေးစစ်သားကိစ္စ၊ အကျဉ်းကျအလုပ်သမားကိစ္စတွေကို ကျနော်တို့က ဖြေရှင်းနိုင်မှသာ ဒီ အခြေခံအလုပ်သမား အခွင့်အရေးကို ချိုးဖောက်မှု မရှိတော့ဘူးဆိုတာကို ပြည့်ပြည့်ဝဝ ပြောလို့ရမယ့်အနေအထား ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အများကြီး ကြိုးစားရမယ်လို့ တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အတည်ပြုလိုက်တဲ့ မူကြမ်းက သမ္မတက လက်မှတ်ထိုးပေးလိုက်ပြီဆိုရင် ဥပဒေအနေနဲ့ ထွက်လာမယ်။ အဲဒါဆိုရင် မြန်မာနိုင်ငံရဲ့  မြို့ နယ်အသီးသီး၊ အလုပ်ရုံအသီးသီးမှာ သမဂ္ဂတွေအသီးသီးတွေ ပေါ်လာမယ်။ အဲဒီတော့ ဒီ သမဂ္ဂတွေအနေနဲ့ ဖွဲ့ခွင့်ရရုံပဲလား။ ဒီ သမဂ္ဂတွေအနေနဲ့ သူတို့ရဲ့  အခွင့်အရေးအတွက်ကို သူတို့ဘယ်လောက်များ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရလားမလဲ။ သူတို့ရဲ့  အခွင့်အရေးတွေကို ဘယ်လောက်အထိ ဥပဒေအရ အကာအကွယ်ပေးထားမလဲ။ ဒီအဖွဲ့တွေဟာ လွန်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ်က ရှိခဲ့တဲ့ အလုပ်သမားအစည်းအရုံးတွေနဲ့ ဘာများကွာခြားချက် ရှိမလဲ။

ဦးမောင်မောင် ။ ။ ကွာခြားဖို့ကတော့ ကိုယ်က လုပ်ယူရမှာပါ။ ဥပဒေကတော့ ရှိသွားမယ်။ ဥပဒေကို အတည်ပြုပေးလိုက်တယ်ဆိုတာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ အဲဒီ ဥပဒေထဲမှာ ကျနော်တို့ ဘယ်လောက်အထိ ရပ်တည်လို့ရမလဲ၊ ကိုယ့်ရဲ့  လွတ်လပ်မှုက ဘယ်လောက်အထိ ရှိမလဲ။ နောက်တခါ ဒါကို အတည်ပြုထားတဲ့ အစိုးရအနေနဲ့ ဘယ်လောက်အထိ အာမခံချက်ပေးမလဲဆိုတာကို ကိုယ်ကတော့ လက်တွေ့စမ်းသပ်ကြည့်ရမယ်ဆိုတဲ့ အနေအထားရှိတယ်။ ဒါကြောင့်မို့လို့ အရင်တုန်းကခေတ်လို မနေချင်ဘူးဆိုတာကို ကိုယ့်ကလက်တွေ့ ဖွဲ့စည်းရမယ်။ ကိုယ့်ရဲ့  ရပိုင်ခွင့်တွေကို လက်တွေ့တောင်းရမယ်။ ဒီအပြင် အရေးကြီးတဲ့အချက်တခုက အခုက အလုပ်သမား အစည်းအရုံးသဘောမျိုး။ အလုပ်သမားသမဂ္ဂမျိုး ဖွဲ့ခွင့်ပေးလိုက်ပေမယ့် အရေးကြီးတဲ့ အခြေခံအလုပ်သမား အက်ဥပဒေဆိုတာက အရေးကြီးပါတယ်။ ဥပမာ တပတ်မှာ ငါးရက်အလုပ်လုပ်မယ်။ တရက်မှာ ရှစ်နာရီလုပ်မယ်။ အချိန်ပို ဘယ်လောက်ရမယ်။ အခြေခံလစာ ဘယ်လောက်အထိ ရှိရမယ်ဆိုတဲ့ ကိစ္စတွေကို သတ်မှတ်မယ့် အလုပ်သမားဥပဒေတွေက အရေးကြီးပါတယ်။ အဲဒါကို ရေးဆွဲတဲ့အခါမှာ အခုန ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေရယ် အလုပ်ရှင်တွေရယ်၊ အစိုးရတို့ ပေါင်းပြီးတော့ သုံးပွင့်ဆိုင်ဆွဲဖို့ လိုတယ်။ အဲဒီကမှသာ တကယ် လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ။ တကယ် အဓိက အခြေခံအလုပ်သမား အခွင့်အရေးတွေကို အခိုင်အမာ ကျနော်တို့ တောင်းဆိုနိုင်မယ့် အနေအထားရှိလာမယ်လို့ တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးမောင်မောင် ပြောတဲ့ အလုပ်သမားအခွင့်အရေး ဥပဒေ၊ အလုပ်သမားဥပဒေ က နိုင်ငံတော်အခြေခံ ဥပဒေမူကြမ်းမှာပါတဲ့ အလုပ်သမားတွေ အခွင့်အရေးကို ကာကွယ်ပေးရမှာနဲ့ မလုံလောက်ဘူးလား။ တခြား ဒီလို အလုပ်သမားဥပဒေတွေဆိုပြီး မြန်မာပြည်မှာ မရှိသေးဘူးလား။ သက်သက်ဆွဲယူရမလား။

ဦးမောင်မောင် ။ ။ ရှိခဲ့ပါတယ်။ အဲဒါကိုလည်း ပယ်ဖျက်သလား၊ ပယ်မဖျက်ဘူးလားဆိုတဲ့ ကိစ္စတွေ အများကြီးရှိသေးတယ်။ ဒီအပြင် အရင်တုန်းက ရှိခဲ့တဲ့ ၂/၈၈ တို့၊ ၆/၈၈ တို့။ ၁/၂၀၀၆ မတရားအသင်း ကြေညာချက်အားလုံးကို ဖျက်ပြီးပြီလား၊ မဖျက်သေးဘူးလားဆိုတာကို သိဖို့လိုပါတယ်။ ဒါတွေက တကဏ္ဍပါ။ ဒါပေမဲ့ အခုနပြောချင်တာက ရထားအလုပ်သမားနဲ့ သင်္ဘောအလုပ်သမားတို့ မတူကြပါဘူး။ သင်္ဘောဆိုလည်း ပင်လယ်၊ ကမ်းနားမှာလုပ်တဲ့ ကိစ္စနဲ့ ပြည်တွင်းရေကြောင်း အလုပ်သမားကိစ္စနဲ့ သူတို့ရဲ့  အနေအထား လုပ်ငန်းခွင်တွေ မတူပါဘူး။ ထို့အတူ သူတို့နဲ့ စက်ရုံအလုပ်သမားတွေ ပုဂ္ဂလိကပိုင် စက်ရုံနဲ့ အစိုးရပိုင်စက်ရုံ အလုပ်သမားတွေ လုပ်ငန်းခွင်ခြင်း မတူညီကြပါဘူး။ မတူတဲ့ဟာတွေအတွက်ကို သူ့ကဏ္ဍအလိုက် အလုပ်သမားဥပဒေ ရှိဖို့လိုတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းဥပဒေနဲ့ အခုနဖွဲ့ထားပေးတဲ့ အလုပ်သမား ဖွဲ့ပိုင်ခွင့် ဥပဒေနှစ်ခုကို ပေါင်းပြီးလုပ်မှသာလျှင် တကယ် စံနစ်ကျတဲ့ ရာခိုင်နှုန်းပြည့် အလုပ်သမား အခြေခံအခွင့်အရေးကို ကမ္ဘာ့ရင်ဘောင်တန်နိုင်တဲ့ အနေအထားရောက်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တကယ်လိုများ အလုပ်သမားသမဂ္ဂတွေ ပေါ်လာပြီဆိုရင် သမဂ္ဂတွေကတော့ အလုပ်သမားတွေကို ကိုယ်စားပြုမှာပေါ့။ အဲဒီအခါမှာဆိုရင် အလုပ်ရှင်အလုပ်သမား ပဋိပက္ခတွေ။ လုပ်ငန်းရှင်တွေနဲ့ ပဋိပက္ခတွေ။ အဲဒီအခါကြရင်တော့ အရင်တုန်းကတော့ ဝါဏိဇ္ဖခုံရုံးဆိုတာ ရှိခဲ့တယ်။ ဒီ အလုပ်ရှင်၊ အလုပ်သမားကိစ္စတွေကို အခု သတ်မှတ်ထားတဲ့ မူကြမ်းအရ၊ သမဂ္ဂဖွဲ့စည်းခွင့် မူကြမ်းအရ ဆိုလို့ရှိရင် ဒီလို ပြဿနာတွေ ပေါ်လာခဲ့ရင် ဘယ်လိုခုံရုံးက ဖြေရှင်းပေးသွားမလဲ။

ဦးမောင်မောင် ။ ။ ILO ကတဆင့် တောင်းဆိုထားတဲ့ Independence Judicial လွတ်လပ်တဲ့ တရားဥပဒေ စိုးမိုးရေးရှိဖို့လိုတယ်ဆိုတာကို တောင်းဆိုထားတယ်ဆိုတော့ ဝါဏိဇ္ဖ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ခုံရုံးအနေနဲ့ ထားချင်လည်း ထားမှာပေါ့။ အမည်အားဖြင့်တော့။ သို့သော် independence အစိုးရအောက်ကနေပြီး အလုပ်သမားဝန်ကြီးဌာနအောက်က သွားမယ်။ နောက် မနိုင်ဘူးဆိုရင် ရဲကဝင်လာမယ်။ စစ်တပ်ဝင်လာမယ့် အနေအထားမျိုးဖြစ်လို့ မဖြစ်ဘူး။ Independence Judicial ရှိဖို့လိုတယ်။ နောက်တခါ Tripartite အခုနပြောတဲ့ သုံးပွင့်ဆိုင် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရပါတဲ့ တရားရုံးတွေကနေ ဆုံးဖြတ်ဖို့ အနေအထားရောက်အောင်လို့ အလုပ်လုပ်ယူရပါမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးမောင်မောင် ပြောတဲ့အထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO နဲ့ ပတ်သက်တာပါတယ်။ ILO မှာဆိုရင် အစဉ်အဆက် မြန်မာအစိုးရအနေနဲ့ ILO အဖွဲ့ဝင်အနေနဲ့ ပါနေတော့ နှစ်စဉ်ညီလာခံတွေ တက်ရပါတယ်။ အလားတူပဲ ILO ကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ကြားရသလောက်တော့ ILO ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီဆိုရင် မြန်မာနိုင်ငံရဲ့  အလုပ်သမားတွေကို ကိုယ်စားပြုပြီးတော့ ဦးမောင်မောင်တို့ရဲ့  FTUB ပြည်ပမှာရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ကိုယ်စားလှယ်အနေနဲ့ တက်တယ်လို့ ကြားသိရတယ်။ အဲဒီအခြေအနေလေးကို နည်းနည်းရှင်းပြပါလား။ ဗမာပြည်မှာဆိုရင် အရင်တုန်းက အလုပ်သမား သမဂ္ဂရယ်ဆိုတာ မရှိတော့ ဗမာပြည်ကနေ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့မလားဘဲ လုပ်ငန်းရှင်နဲ့ အစိုးရပဲ တက်ရောက်တယ်။ အခုနောက်ပိုင်း သမဂ္ဂတွေ ဖွဲ့လိုက်ပြီဆိုရင် ဥပမာအားဖြင့် လာမယ့် ILO ညီလာခံဆိုလို့ရှိရင် ဗမာပြည်ကလာမယ့် အလုပ်သမားသမဂ္ဂ ကိုယ်စားပြုအဖွဲ့အနေနဲ့ တက်မလား၊ ဦးမောင်မောင်တို့နဲ့ ဒီကိစ္စမျိုး ဘယ်လိုဖြေရှင်းသွားဖို့ ရှိသလဲ။ ဘယ်လိုကြုံတွေ့လာနိုင်ဖွယ် ရှိသလဲ။

ဦးမောင်မောင် ။ ။ လာမယ့်နှစ် ဇွန်လမှာ ပြုလုပ်မယ့် ကမ္ဘာ့အလုပ်သမား သမဂ္ဂညီလာခံမှာ အခုထုတ်တဲ့ ဥပဒေအတိုင်း ဖွဲ့စည်းထားတဲ့ အလုပ်သမား သမဂ္ဂတွေ ပါချင်ပါလာပါလိမ့်မယ်။ ပါလာရင် ကောင်းတာပေါ့။ ဒါပေမဲ့ တခုရှိတဲ့ ဒီအလုပ်သမား သမဂ္ဂတွေကလည်း အစိုးရကဖွဲ့တဲ့ သမဂ္ဂတွေမဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် ရွေးကောက်ပွဲ တက်လာတဲ့ ကိုယ့်ဘာသာ ရွေးကောက်မယ်။ ကိုယ်ဘာသာ မဲထည့်မယ်။ ကိုယ်ဘာသာ ရပ်တည်နိုင်တဲ့ အလုပ်သမား သမဂ္ဂတွေ၊ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖြစ်လာမယ်။ ဒါကို အစိုးရက အသိအမှတ်ပြုပြီး ခေါ်လာတယ်ဆိုရင် ကျနော်တို့က ကြိုဆိုတယ်။ လက်ခံတယ်။ ဝမ်းသာတယ်။ ကျနော်တို့ကတော့ FTUB မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂကအဖွဲ့ချုပ်ကတော့ ITUC ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့  အဖွဲ့ဝင်ဖြစ်တယ်။ ဆိုတော့ အဖွဲ့ဝင်အနေနဲ့ အလုပ်သမားအုပ်စုထဲမှာ ILO မှာရှိတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးစုထဲက အလုပ်သမားအုပ်စုမှာ ကျနော်တို့က အမြဲတမ်း ပါနေတယ်။ ကျနော်တို့နဲ့ မြန်မာပြည်ကလာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီးတော့ ဘယ်လိုရှေ့ သွားမလဲဆိုတာကို နောက်တော့ ဆွေးနွေးတာပေါ့။ သို့သော်လည်း ကျနော်တို့ကတော့ အလုပ်သမားအစုအဖွဲ့ worker group ထဲမှာတော့ ကျနော်တို့က အဖွဲ့ဝင်အဖြစ် ပါနေမယ်ဆိုတာကို ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးမောင်မောင်အနေနဲ့ ပြည်တွင်းမှာ ပေါ်ထွက်လာမယ့် အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်တွေ့လာနိုင်စရာ။ ပဋိပက္ခဖြစ်လာစရာတော့ မရှိဘူးပေါ့။

ဦးမောင်မောင် ။ ။ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့  ကျင့်စဉ်မှာ pluralism ဆိုတာ ရှိပါတယ်။ ဒါက FTUB တခုတည်းမှ မဟုတ်ပါဘူး။ TUFB လည်းဖြစ်နိုင်တယ်။ BTFU လည်း ဖြစ်နိုင်တယ်။ အမျိုးစုံဖြစ်နိုင်တယ်။ တခြား အလုပ်သမားသမဂ္ဂတွေလည်း ရှိနိုင်တယ်။ အလုပ်သမားအစုအဖွဲ့တွေလည်း ရှိနိုင်တယ်။ ဒါတွေက တကယ်လုပ်တယ်ဆိုရင် လက်တွဲကြိုဆိုရမယ့် အနေအထားရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ အစောကြီးထဲက လုပ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တဆင့်တက်ပြီး မေးရမယ်ဆိုရင် ပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ပေါ်လာပြီဆိုလို့ရှိရင် ပြည်ပမှာရှိတဲ့ FTUB ဆိုတာကော ရှိသင့်သေးသလား။

ဦးမောင်မောင် ။ ။ ရှိသင့်ပါတယ်။ ကျနော်တို့က full team အချိန်ပြည့် ရာခိုင်နှုန်း တစ်ရာ မသွားနိုင်သေးခင်တော့ ဒါကို ကျနော်တို့ monitor လုပ်ဖို့လိုတယ်။ နောက်ပြန်ဆုတ်မသွားအောင်လို့ပါ။ နောက်ပြန်ဆုတ်မသွားအောင် ဒါကို လုပ်နေရမယ်ဆိုတော့ ကျနော်တို့ရဲ့  တာဝန်ရှိနေပါသေးတယ်။ သို့သော် အထဲထဲမှာ တကယ်လုပ်လာနိုင်မယ်။ တကယ် ဖြစ်လာနိုင်ဖို့ကိုလည်း ကျနော်တို့က ကူညီပေးရမယ်။ ကူညီပေးဖို့လည်း အဆင်သင့်ရှိတယ်။ အခုလည်း အခုနတင်ပြသလို ကျနော်တို့ ဖွဲ့ထားတာတွေရှိတယ်။ ထို့အတူ တိုင်းရင်းသားဒေသတွေမှာ ကရင်ပြည်နယ်ထဲမှာ ကော်သူလေးအလုပ်သမားသမဂ္ဂဆိုတာ ပေါ်လာဖို့လိုတယ်။ ချင်းထဲမှာ ချင်းအလုပ်သမားသမဂ္ဂ ဖွဲ့လာဖို့လိုတယ်။ ရခိုင်ဒေသမှာ ရခိုင်အလုပ်သမားသမဂ္ဂ ဖွဲ့လာပြီးတော့ အခုနပြောသလို Pluralism Democratic Society ထဲမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်ထဲမှာ ဒါတွေပေါ်လာဖို့ ဆက်ပြီးကြိုးစားရပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဆိုရင် ဦးမောင်မောင်တို့ရဲ့  ပြည်ပရောက် အလုပ်သမားသမဂ္ဂအတွက် လှုပ်ရှားပေးခဲ့လို့ တချိန်က အဖမ်းခံခဲ့ရတဲ့ FTUB အဖွဲ့ဝင်တချို့ လည်း အကျဉ်းထောင်က ပြန်လွတ်လာပါပြီ။ အလားတူပဲ အစောက ပြောခဲ့သလို ပြည်တွင်းမှာလည်း အလုပ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရတော့မယ်ဆိုတော့ အခြေအနေတွေ ပွင့်လင်းလာပြီဆိုရင် FTUB ဦးမောင်မောင်တို့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေကို နည်းပညာအရ လုပ်ငန်းကိုင်ငန်းတွေအရ ဝင်ပြီးကူညီပေးဖို့ အလားအလာရှိပါသလား။ အခွင့်အရေးတွေ ရလာမယ်ထင်ပါသလား။

ဦးမောင်မောင် ။ ။ ရှိပါတယ်။ အခွင့်အရေးတွေ ရလာပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအတည်ပြုတဲ့ဆိုတဲ့ ဥပဒေထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂနဲ့အတူ အဖွဲ့ဝင်ဖြစ်ခွင့်၊ ဆက်သွယ်ခွင့်ဆိုတာ ပါထားပါတယ်။ ဒါကို ကျနော်တို့က အသုံးပြုရမှာပါ။ အသုံးပြုရမယ်ဆိုတော့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေက - ဥပမာ အထည်ချုပ်လုပ်ငန်းဆိုရင် အပြည်ပြည်ဆိုင်ရာ အထည်ချုပ်လုပ်ငန်းနဲ့ ဆက်သွယ်ဖို့လိုမယ်။ စားသောက်ကုန်လုပ်ငန်းဆိုရင် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်လုပ်ငန်းနဲ့ ဆက်သွယ်ဖို့လိုမယ်။ ဒါကို မိတ်ဆက်ပေးဖို့ အဆင်သင့်ပဲ။ ဒါတွေကို သူတို့နဲ့ ပူးတွဲပြီး အလုပ်လုပ်ဖို့ ကျနော်တို့ မိတ်ဆက်ပေးမယ်။ လမ်းဖွင့်ပေးမယ်။ ဒါမှသာလျှင်လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ရှိရင် အစိုးရဘက်က တတ်နိုင်တာရှိတယ်။ အလုပ်ရှင်ဘက်က တတ်နိုင်တာရှိတယ်။ အလုပ်သမားသမဂ္ဂအချင်းချင်း ပြန်လှန်ပြီး နည်းစနစ်ပိုင်ဆိုင်ရာ ပြန်လည်ကူညီပေးနိုင်တဲ့ သင်တန်းတွေရှိတယ်။ ပံ့ပိုးမှုတွေရှိတယ်။ ဒါတွေကို ကျနော်တို့က မိတ်ဆက်ပေးမှသာလျှင် အလုပ်သမားတွေကလည်း အခွင့်ရေးတိုင်းကိုလည်း မကဘူး ကိုယ်လုပ်နိုင်တာကိုလည်း နိုင်ငံအတွက် ဝိုင်းလုပ်နိုင်တဲ့ အနေအထားရောက်လာမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ ဖြစ်သမျှ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေမှန်သမျှကို လေ့လာကြပြီဆိုရင် timing ဖြစ်နေတဲ့ အချိန်အခါကို ဝေဖန်ကြတာတွေ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုရင် ဒါဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် အစည်းအဝေး နီးလာတဲ့အခါမိုလို့။ အာဆီယံအဖွဲ့ ဥက္ကဋ္ဌရာထူးအတွက် ကြိုတင်ပြီးတော့ ပျော့ပျောင်းမှုတွေ ပြလိုက်တဲ့ပုံစံမျိုး။ နိုင်ငံရေအရ တင်ကြိုကစားကွက်တခုလို့ ပြောကြတာတွေ ရှိတယ်။ ဒါမှမဟုတ်လို့ဆိုရင် ကုလသမဂ္ဂမှာ လူ့အခွင့်အရေး ကော်မရှင်အစည်းအဝေးတွေ ရှိနေလို့။ ဒီအတွက် ကြိုတင်ပြီး ကာတဲ့အနေနဲ့ လွှတ်ပေးထာလိုက်တာတွေ ရှိတယ်ဆိုတာတွေ ပြောကြပါတယ်။ အလားတူပဲ အခု အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းရေးနဲ့ ဒီလို ဥပဒေမူကြမ်းပြုပြီးတော့ လျှော့ပေးလိုက်တဲ့ဆိုတဲ့ ကိစ္စမျိုး။ ဒီလိုလျှော့ပေးလိုက်တဲ့ဟာကလည်း ILO မှာ လာမယ့် လအနည်းငယ်အတွင်းမှာ ဗမာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ဘာညာဆိုပြီး တိုက်တွန်းမှုတွေ ရှိနေတော့ အဲဒါတွေကို ကြိုတင်ကာကွယ်ဖို့ အကွက်ဆင်ပြီး လုပ်လိုက်တာလို့ ယူဆတာတွေ မရှိဘူးလား။ အဲဒါတွေကို ဘယ်လိုယူဆပါသလဲ။

ဦးမောင်မောင် ။ ။ ကျနော်တို့ လာမယ့် နိုဝင်ဘာ (၄) ရက်နေ့မှာ စမယ့် ILO ရဲ့  Governing Body - ILO ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ဗမာပြည်အတွင်းမှာ လွတ်လပ်တဲ့ အသင်းအပင် ဖွဲ့စည်းမှုကို အသိအမှတ်မပြုသေးဘူးဆိုရင် ILO အတွင်းမှာ Commission of Inquiry စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး လုပ်ဖို့ကို အလုပ်သမားတွေဘက်က စာတင်ထားတာ ရှိပါတယ်။ ဒါကိုလည်း အလုပ်ရှင်တွေက သဘောထားကျထားပြီးသာ ဖြစ်တယ်။ ဒါက အကယ်၍ ပြုပြင်ပြောင်းလဲမှု။ ဥပမာ စာပေါ်မှာပဲဖြစ်ဖြစ် ဒီလို ဥပဒေမပြုထားဘူးဆိုရင် ဒါက တကယ်သွားတော့မယ့်ကိစ္စ။ အဲဒါ မတိုင်ခင်ကို လွှတ်ပေးတဲ့သဘောမျိုးလို့ မြင်လို့ရပါတယ်။ အလုပ်သမားဖွဲ့စည်းရေး အတည်ပြုပေးတယ်။ နောက်တခါ FTUB ကရှိတဲ့ ရဲဘော်တွေ အထူးသဖြင့် ကိုမျိုးအောင်သန့်၊ ဦးသန်းဝင်း လွှတ်ပေးတဲ့ကိစ္စရှိတယ်။ အဲဒါက ကျနော်မြင်ပါတယ်။ သို့သော်လည်း ဒီလို လုပ်လာတာကို ဒီလိုမြင်တယ်ဆိုပြီး ဝေဖန်နေလို့ မရဘူး။ အခုန တင်ပြသလိုပဲ ဖွဲ့ခွင့်ပေးရင်တော့ ဝင်ဖွဲ့ခွင့်လိုတယ်။ နောက်ထပ်လူ အဖမ်းမခံရအောင် လုပ်ဖို့လိုတယ်။ နောက် ကိုယ့်လိုချင်တဲ့ အလုပ်သမားဥပဒေဖြစ်အောင် ကိုယ်က ဝင်ကြိုးစားဖို့လိုတယ်။ ကျနော်တို့ကို အကြောင်းအရာတခုကြောင့် တံခါးဖွင့်ပေးတယ်ပြောပြော၊ နေရာပေးတယ်ပြောပြော၊ ရှောင်ချင်လို့ လုပ်တယ်ပြောပြော ကျနော်တို့က အလုပ်သမားတွေရဲ့  social security, job safety လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အာမခံချက်။ လုပ်ငန်ခွင်ထဲမှာရှိတဲ့ လုံခြုံရေး ဆိုတဲ့ဟာတွေကို ပေါ်အောင် အခုနတင်ပြသလိုပဲ အလုပ်သမားဥပဒေကြီးကို ရေးဆွဲရင်တော့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးဦးပေါင်းပြီးဆွဲတဲ့ဟာ ဖြစ်ဖို့ကို အခုဖွဲ့မယ့် အလုပ်သမားသမဂ္ဂတွေက ဝိုင်းလုပ်ဖို့ကို လိုတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ တော်မှာ ခေတ္တရောက်ရှိနေတဲ့ FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news

ဇာဂနာနဲ့ ပြည်တော်ပြန်သီးလေးသီး

တနင်္လာ, 17 အောက်တိုဘာ 2011

By ဗွီအိုအေ (မြန်မာဌာန)

မကြာခင်က မြန်မာပြည်ကို ပြန်ရောက်လာခဲ့ကြတဲ့ လူရွှင်တော် ဂေါ်ဇီလာအပါအ၀င် သီးလေးသီး ဆေးရောင်စုံအငြိမ့် အဖွဲ့သားတချို့က အခုအောက်တိုဘာလ အတွင်းမှာ အငြိမ့်တစ်ပွဲကဖို့ စီစဉ်ထားတာကို လူရွှင်တော်ဇာဂနာက သီးလေးသီး အငြိမ့်အဖြစ် အသိအမှတ်မပြုဘူးလို့ ပြောလိုက်ပါတယ်။ လူရွှင်တော် ဂေါ်ဇီလာနဲ့အဖွဲ့ကတော့ တခြားနာမည်အသစ်နဲ့ ဒီလထဲမှာကဖို့ ဆုံးဖြတ်ထားတယ်လို့ လူရွှင်တော် ဇာဂနာက ဗွီအိုအေကို ရှင်းပြပါတယ်။

“အခုလက်ရှိသူတို့ ၂၉ ရက်နေ့ ကမယ့်ပွဲကို ဖျက်လိုက်။ ဖျက်ရင် ဒီဇင်ဘာမှာ ကျနော်တို့ ကပေးမယ်။ ကျနော်ရယ်၊ မောင်မေတ္တာရယ်၊ အရိုင်းရယ်၊ ကင်းကောင်ရယ်။ ဖိုးဖြူ ကတော့ ကျန်းမာရေး မကောင်းဘူး။ ငှက်ပျောကြော်ရယ်၊ ညောင်ညောင်ရယ် ရှေ့က ကပေးမယ်။ ပြီးရင်နောက်ကနေ သီးလေးသီးထွက် ကျနော်တို့ကနေပြီးတော့ အနုပညာ လက်ဆင့်ကမ်း ဆိုပြီးလုပ်မယ်။ ဒီပွဲကိုဖျက်ရင် ဒီဇင်ဘာမှာ ကပေးမယ်။ ဘယ်ဟာကို တန်ဖိုးထားမလဲပေါ့။

“ကျနော်ပြောတာ အဲဒီမှာ အလဲအလှယ် လုပ်ပါ။ ဒီပွဲကိုဖျက်။ ဖျက်ရင် ဟိုပွဲကို ကပေးမယ်။ ဒီပွဲကို မဖျက်ရင် ဟိုပွဲကိုလည်း ကမပေးတော့ဘူး။ မဖျက်ဘူးတဲ့။ သူတို့က ကမယ်တဲ့။ ကျနော်တို့ကလည်း အဲဒါဆိုလဲ မင်းတို့ဟာ မင်းတို့ကတော့။ မင်းတို့သဘောပဲ။ အဲဒီမှာ ကျနော်တို့က ကြေညာလိုက်ရတယ်။ တနေ့ညကပဲ။ ကဲ… စောလူးမင်းပဲ၊ မင်းတို့တွေ ခွေးသေ၀က်သေ သေရစ်ပေရော့ ဆိုပြီးတော့။ သူတို့ကလည်း နံမည် ပြောင်းပြီး ကမယ်တဲ့။ ပြည်တော်ပြန်အငြိမ့် ဆိုပြီးတော့။ ဒါနဲ့ပဲ ကင်းကောင်က ကျနော် မပါတော့ဘူးဆိုပြီး သူတို့အဖွဲ့ထဲကနေ ကင်းကောင်က နုတ်ထွက်လိုက်တယ်။”

သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို လူရွှင်တော်ဇာဂနာက ဦးဆောင် ဖွဲ့စည်းပေးထားတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ သီးလေးသီး အဖွဲ့သားတချို့ ရှိနေပါသေးတယ်။
http://www.voanews.com/burmese/news/Thee-lay-thee-10-17-11-132001853.html



First Music ဂျာနယ်
http://moemaka.com

မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဗြိတိန် ရုပ်သိမ်းဦးမည်မဟုတ်

တနင်္လာ, 17 အောက်တိုဘာ 2011

By စံမိုးဝေ

မကြာခင်က မြန်မာနိုင်ငံမှာ အကျဉ်းသား ၆ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့ နေရာမှာ မဆိုစလောက် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခဲ့တဲ့အပြင် တခြား သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ မရှိသေးတဲ့အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို ဖြေလျှော့ပေးဖို့ အစီအစဉ်မရှိတဲ့အကြောင်းနဲ့ ပြန်လည် သုံးသပ်တာမျိုးတောင် မလုပ်ပါဘူးလို့ ဗြိတိသျှအစိုးရက အာမခံ ပြောဆိုလိုက်ပါတယ်။ ဗြိတိသျှအစိုးရဘက်က တင်းခံထားသ၍ ဥရောပသမဂ္ဂ (EU) အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားတာတွေကို ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က ပြောပါတယ်။ ဒီအကြောင်းကို ဦးစံမိုးဝေက ဆက်သွယ် မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် မြန်မာနိုင်ငံမှာ အကျဉ်းသားတွေ ပြန်လွှတ်ပေးပြီးတဲ့နောက် ဗြိတိသျှပါလီမန် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ပြောဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုဆွေးနွေးတဲ့နေရာမှာ ဗြိတိသျှအစိုးရကိုယ်စား တက်ရောက် စကားပြောတဲ့ဝန်ကြီးက မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး ထွက်ဆို ပြောကြားခဲ့တဲ့အကြောင်းကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာ (Mark Farmanar) က အခုလိုရှင်းပြပါတယ်။

“ဗြိတိသျှပါလီမန်အထက်လွှတ်တော်မှာ အစိုးရရဲ့ကိုယ်စား တက်ရောက် စကားပြောခဲ့တဲ့ ၀န်ကြီးက တရားဝင်ထုတ်ဖေါ် ပြောဆိုရာမှာ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားမှုကို ပြန်ပြီး သုံးသပ်တာတို့ ဆွေးနွေးတာတို့ မလုပ်ပါဘူးလို့ အာမခံ ပြောကြားခဲ့ပါတယ်။”

အဲဒီလို ဗြိတိသျှပါလီမံမှာ အာမခံစကား ပြောဆိုသွားတဲ့ အစိုးရ၀န်ကြီးကတော့ လော့ဒ် ဟိုဝယ်လ် (Lord Howell) လို့ သိရပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု လုပ်ထားတာဟာ ထိရောက်မှုရှိကြောင်းနဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ မတွေ့ရမချင်း ဆက်ပြီးထားရှိဖို့ သူတို့အဖွဲ့အနေနဲ့ ဆက်ပြီးဖိအားပေး တောင်းဆိုသွားမှာ ဖြစ်ကြောင်းလည်း မာ့ခ် ဖာမနာ က ပြောပါတယ်။

“ကျနော်တို့က အရေးယူပိတ်ဆို့ထားတာကို စောစောစီးစီး ပြနရုပ်သိမ်းပေးလိုက်တာမျိုး မလိုလားပါဘူး။ ပိတ်ဆို့မှုက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာအောင်၊ အစိုးရက တိုင်းရင်းသားတွေ အပေါ် တိုက်ခိုက်နေတာတွေ ရပ်သွားအောင်၊ အဓမ္မ အလုပ်စေခိုင်းတာတွေ ပပျောက်အောင် ဖိအားပေး ထားတာပါ။ ဒီလိုစစ်မှန်တဲ့ ပြောင်းလဲမှုတွေ မလုပ်သေးဘဲ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းမပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာလိမ့်မယ်ဆိုပြီး အားတက်သရော မျှော်လင့်ခဲ့တဲ့အကြောင်း တကယ်တမ်းတော့ ၂၀၀ လောက်သာပါပြီး အဲဒီဖြစ်စဉ်ဟာ သူ့အရင် ဦးသန်းရွှေအာဏာ စရတဲ့ ၁၉၉၂ ခုနှစ်တုန်းက အကျဉ်းသား လွှတ်ပေးတာနဲ့တောင် မနှိုင်းသာဘူးလို့ သူက ဆက်ပြောပါတယ်။

“ဦးသိန်းစိန်ဟာ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်း ပေးစေလိုနေတယ်ဆိုတာ ထင်ရှားပါတယ်၊ သူ့အစိုးရကို နိုင်ငံတကာကနေ လက်ခံတာကို မြင်လိုတယ်၊ ဒါကြောင့် နည်းနည်းပါးပါး ပြောင်းလဲပြနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက်ဟာ ဦးသန်းရွှေ အာဏာ စတင်ရချိန်က အကျဉ်းသား ၄၀၀ လွှတ်ပေးခဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် ယှဉ်လို့မရသေးပါဘူး။”

ဂျာမဏီနိုင်ငံလို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု ဖယ်ရှားပေးစေ လိုတဲ့ အရိပ်အရောင်တွေ ပြသနေတာ တွေ့ရကြောင်း၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ သဘောတူညီမှု လိုကြောင်း ဗြိတိန်နိုင်ငံဘက်က လျှော့မပေးသ၍ အရေးယူပိတ်ဆို့မှုကို ရုပ်သိမ်းခွင့်မရှိတာကြောင့် Burma Campaign UK အဖွဲ့က တိုက်တွန်းမှုတွေ လုပ်နေကြောင်း အခုလိုပြောပါတယ်။

“EU ရဲ့ မူဝါဒအပြောင်းလဲ လုပ်မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံရဲ့ သဘောတူညီမှု ရရှိဖို့လိုပါတယ်။ အဲဒါကြောင့် အပြောင်းလဲလုပ်ရေး ကိစ္စမှာ ဗြိတိန်ဘက်က သဘောတူညီမှု မပေးဘူးဆိုရင် ဘာအပြောင်းလဲမှ ရှိမှာမဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့လည်း ဗြိတိသျှအစိုးရဘက်က ပြတ်ပြတ်သားသား ရှိအောင် အမြဲ တိုက်တွန်းနေပါတယ်။”

Burma Campaign UK အဖွဲ့ဒါရိုက်တာ မာ့ခ် ဖာမနာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကသာ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ တကယ်တမ်း လုပ်လာမယ်ဆိုရင်တော့ ပိတ်ဆို့ အရေးယူထားမှုတွေကို တဆင့်ချင်းစီ အဆင့်လိုက် လျှော့ပေါ့ပေးဖို့ လိုအပ်ကြောင်း သူက ဗွီအိုအေကို ရှင်းပြသွားခဲ့ပါတယ်။
http://www.voanews.com/burmese/news/Burma-Britain-sanctions-10-17-11-131985993.html

အိမ်ပြန်ရောက်တဲ့နေ့ လွတ်တဲ့နေ့


နှင်းပန်းအိမ် | တနင်္လာနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၁ မိနစ်

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်
ပေး မယ်ဆိုတဲ့ သတင်းကြောင့်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက် ပါမလဲလို့ ကျမတို့ရင်ခုန်လှုပ်ရှားစွာ မျှော်လင့်မိပါတယ်။

သတင်းကျွတ်လပြည့်ညမှာတော့ ဒုက္ခသည်စခန်းထဲမှာ သစ်ရွက်၊သစ်ခက်လေးတွေကို ရွှံ့တုံးလေးတွေနဲ့ ပြင်ဆင် ပြီး ဖယောင်းတိုင်မီးတွေ ထွန်းညှိကြတယ်။ စိမ်းစိမ်းစိုစို သစ်ရွက်၊သစ်ခက်တွေကြားမှာ ဖယောင်းတိုင် မီးတွေ တလက်လက် တောက်နေတယ်။ ရေဒီယိုသတင်းတွေကနေ နိုင်ငံရေးအကျဉ်းသား လွှတ်တဲ့စာရင်းကို နားထောင်ပြီး ကျမတို့စိတ်ထဲ ဘဝင်မကျတော့ဘူး။ ကောင်းကင်နဲ့လမင်းက ရေဒီယိုအသံနဲ့ ရောနှောပေါင်းစပ် သွားတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အသံနဲ့ ကျမရင်းနှီးကျွမ်းဝင်ခဲ့ရတာ ခုနှစ်နှစ်သမီး အရွယ်မှာပါ။ မှတ်မှတ်ရရ သင်္ကြန် တွင်း ဥပုသ်သီလယူနေတဲ့ ဖွားဖွားနဲ့မေမေ့ဆီကို၊ ကျမဦးကြီးက လုပ်သားပြည်သူနေ့စဉ် သတင်းစာ ကြီး ကိုင်ပြီး ဆိုက်ကားနဲ့ ရောက်လာပါတယ်။ "မောင်တင်စိန်လွတ်ပြီ"တဲ့။ သတင်းစာ မျက်နှာဖုံးမှာ ခွေးခြေ ကုလားထိုင်တွေနဲ့ သူတွေအများကြီးထဲက ကျမဖေဖေ့ပုံကို ဦးကြီးက လက်ညှိုးနဲ့ ထောက်ပြတယ်။ နောက် နှစ်ရက်အကြာမှာ ကျမတို့ အိမ်ကို ဖေဖေပြန်ရောက်လာခဲ့ပါတယ်။

ခြောက်လသမီးအရွယ်ကတည်းက ခုနှစ်နှစ်သမီးအရွယ်
ဖေဖေရဲ့ ထောင်တွင်း စိတ်ဒဏ်ရာကို ပထမ ဆုံး လွတ်မြောက်သူရဲ့ အိမ်အပြန်ညမှ ကျမ
တွေ့မြင်ခဲ့ရတာကို ရင်ထဲ ထိထိခိုက်ခိုက် ဖြစ် ခဲ့ရတာ ယနေ့ အချိန်အထိပါ။ ညဘက်မှာ ကျမတို့ မိသားစု သုံးယောက် အတူအိပ်ကြပါ တယ်။ ဖွားဖွား အိမ်ယာထဲမှာ အိပ်ပျော်နေတဲ့ ကျမကို ဖေဖေက ပွေ့ယူခဲ့တာတဲ့။ ညသန်း
ခေါင်မှာတော့ ဖေဖေရယ် မေမေ့ လည်ပင်းကို ထညှစ်ပါတော့တယ်။ ဖေဖေ့ ရဲဘော် တွေက
ဖေဖေ့ကိုလှုပ်နှိုးပြီး "ဗိုလ်ဓမ္မကျနော်တို့ အိမ်ပြန်
ရောက်နေပြီ။"ဆိုတဲ့ အသံကြားမှ ဖေဖေ
သက်ပြင်းရှည်ကြီးချပြီး ပြန်လည် တည်ငြိမ် သွားပါတော့တယ်။
ထိ
ဖေဖေ့ကို ကျမတခါမှ မတွေ့ခဲ့ရပါဘူး။ မေမေရယ် ဖေဖေ့ကို
ဘယ်ထောင်မှာရှိလဲဆိုတာ သိခွင့်ရဖို့၊ထောင် ဝင်စာတွေ့ခွင့်
ရဖို့ ရန်ကုန်အင်းစိန် အကျဉ်းထောင်၊ မန္တလေး နန်းတွင်း
ထောင်တွေဆီကို အကြိမ်ကြိမ်သွား ခဲ့တာ ကျမ သုံးနှစ်သမီး အရွယ် အထိ ပါပဲ။ မန္တလေး ရထားထိုင်ခုံအောက်မှာ ကျမကို ဖက်ပြီး မေမေ ငှက်ဖျားတွေ တုန်နေအောင်တက်တာကို အခုချိန်ထိ မှတ်မိနေပါတယ်။

နောင်မှ ဖေဖေ ကိုကိုးကျွန်းကို အပို့ခံရတယ် ဆိုတာကို
ဖေဖေ ပို့လိုက်တဲ့ စာကတဆင့် ကျမတို့ သိခဲ့ရတာပါ။
ခြောက်လ တကြိမ်မှာ ဗလာစာရွက်တမျက်နှာသာ စာရေးခွင့် ရတဲ့ဖေဖေက လက်ရေးသေးသေးလေးတွေနဲ့ သူ့အိမ်အလွမ်း
တွေကို ပြည့်ပြည့်စုံစုံ ရေးရှာတယ်။ ဖေဖေ့လက်ရေး
သေးသေးလေးတွေ ကတဆင့် ဖေဖေ့ရဲ့ ဖခင်မေတ္တာကို ကျမသိအောင် မေမေက ကြိုးစားပေးခဲ့ပါတယ်။

တကယ်တမ်း ဖေဖေထောင်ကလွတ်လာတော့ ကျမကလေးစိတ်ကူးနဲ့ မျှော်လင့်ခဲ့သလို မဟုတ်ပါဘူး။ ဖေဖေနဲ့အတူ အိမ်အပြန်မှာ ပြန်စရာအိမ်မရှိတဲ့ ဖေဖေ့ရဲဘော် သုံးဦးပါ,ပါခဲ့ပါတယ်။ ဒီတော့ သက်တူရွယ်တူ ဖေဖေတို့ကိုကြည့်ပြီး ဘယ်သူကကျမအဖေမှန်း မသိခဲ့ပါဘူး။ ကျမမှတ်မိနေတာကတော့ သမီးဆိုတဲ့အသံက တုန်ရီနေတာကိုပါပဲ။ ကျမ ရှက်ပြီး ပြန်မထူးဘဲ၊ ဘယ်သူ့ကိုမှမကြည့်ဘဲ ခေါင်းကြီးငုံ့ထားတယ်။ ချက်ချင်း ဖေဖေလို့ ပြန်မခေါ်ခဲ့တာကိုလဲ အမှတ်ရနေမိပါတယ်။

ဖေဖေရဲ့ ထောင်တွင်းစိတ်ဒဏ်ရာကို ပထမဆုံးလွတ်မြောက်သူရဲ့ အိမ်အပြန်ညမှ ကျမတွေ့မြင်ခဲ့ရတာကို ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ခဲ့ရတာ ယနေ့အချိန်အထိပါ။ ညဘက်မှာ ကျမတို့မိသားစုသုံးယောက် အတူ အိပ်ကြ ပါတယ်။ ဖွားဖွားအိမ်ယာထဲမှာ အိပ်ပျော်နေတဲ့ကျမကို ဖေဖေကပွေ့ယူခဲ့တာတဲ့။ ညသန်းခေါင် မှာတော့ ဖေဖေရယ် မေမေ့ လည်ပင်းကို ထညှစ်ပါတော့တယ်။ ဖေဖေ့ ရဲဘော်တွေက ဖေဖေ့ကိုလှုပ်နှိုးပြီး "ဗိုလ်ဓမ္မ ကျနော်တို့ အိမ်ပြန်ရောက်
နေပြီ။"ဆိုတဲ့ အသံကြားမှ ဖေဖေ သက်ပြင်းရှည်ကြီး ချပြီး ပြန်လည်တည်ငြိမ် သွားပါတော့တယ်။

ဖေဖေ ကိုကိုးကျွန်းကယူခဲ့တဲ့ ခရု၊ ကနုကမာခွံလေးတွေကို ကျမတို့ စိတ်ဝင်စားခဲ့ရသလို ကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ အမှာစကားတွေ၊ သမိုင်းဖြစ်စဉ်တွေကို အသွေး အသားထဲ စီးမျောနေအောင် ခံစားနိုင်ခဲ့ကြပါတယ်။ ကျဆုံးခါနီးပြောသွားတဲ့ ဖေဖေ့ရဲဘော်ရဲ့ စကားက ဘယ်လောက်လေးနက် အဓိပ္ပါယ်ရှိတယ်ဆိုတာ ကျမတို့ဘဝနဲ့ယှဉ်ပြီး ခံစားနားလည်နိုင်ခဲ့ပါတယ်။

"ရဲဘော်တို့ စစ်အာဏာရှင်စနစ်ကို ဆုံးခန်းတိုင်သည့်အထိ တိုက်ပွဲဝင်သွားပါ။"တဲ့။ လူသားမဆန်တဲ့
ခေတ်စနစ်က သမီးဘဝမှာအကျဉ်းကျ မိသားစုဝင်အဖြစ်၊ ဇနီးဘဝမှာအကျဉ်းကျ မိသားစုဝင်အဖြစ် ကျမကို တွန်းပို့ခဲ့တယ်။

ကျမမိခင်က ကျမကိုချီပွေ့ပြီး မန္တလေးမီးရထား ထိုင်ခုံအောက်မှာအိပ်၊ ညအိပ်ညဥ့်နေ ထောင်ဝင်စာခရီး သွားခဲ့ရသလို သားလေးကိုချီပွေ့ပြီး ကလေးမြို့ ထောင်ဝင်စာခရီးကအပြန် မန္တလေးမီးရထား ထိုင်ခုံအောက် မှာ ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ အိပ်ခဲ့ရတယ်။ ဒီအဖြစ်အပျက်၊ ဒီခံစားချက်တွေက လူသားမဆန်တဲ့ စနစ်
ကြောင့် ခံစားကြရတာလေ။

ကျမတို့လို ခံစားနေရတဲ့ အကျဉ်းကျမိသားစုတွေ ထောင်ချီရှိပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စကားက အကျဉ်းကျမိသားစုကိုရော နိုင်ငံရေးအကျဉ်းသားတွေကိုပါ စိတ်ဒဏ်ရာ ဖြစ်စေတဲ့ စကားပါ။ ခြွင်းချက်မရှိ
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်လာရင်တော့ အတိုင်းမသိ ပျော်ရတာပေါ့။ ခုတော့ ကံစမ်းမဲဖောက်သလို အကျဉ်းသား ခြောက်ထာင်ကျော်မှာ နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော်ပဲပါတော့ အကျဉ်းထောင်ထဲက
နိုင်ငံရေး အကျဉ်းသားတွေရော၊ အကျဉ်းကျမိသားစုတွေပါ ပိုပြီးစိတ်ခံစားကြရပါတယ်။

ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေး အကြီးအကဲတွေ အဖမ်းခံရပြီးမကြာခင်မှာ "စစ်ထောက်လှမ်းရေးက မှားယွင်းဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးမယ်။"လို့ သတင်းစာမှာ အကျယ်တဝင့် ရေးသား လာပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ ပြန်လွှတ်မယ်ထင်ပြီး ထောင်တွေမှာ သွားကြိုခဲ့ကြတာ၊ ကျမပါ ပါတာပေါ့။ ဘဘ သခင်အုန်းမြင့်က "သမီးရယ် သွားမကြိုပါနဲ့ အိမ်ကပဲစောင့်ပါ။"လို့ တားပါသေးတယ်။

မှတ်မှတ်ရရ တန်ဆောင်တိုင် ပွဲတော်ရက်ကြီးပါ။
"ထောင်ဝင်ထမ်းတွေကိုယ်တိုင် ခင်ဗျားတို့ အားလုံး လွတ်ပြီလို့ လာပြောတယ်။ စာရောက် လာပြီတဲ့။ ခင်ဗျားတို့ပစ္စည်းတွေ ကျနော်တို့ကို
ပေးခဲ့ပါတဲ့။ အဲဒီနေ့မနက်က ဝန်ထမ်းတွေက ထမင်းတောင် မထိုးတော့ဘူး။ ခင်ဗျားတို့ အပြင်ရောက်မှစားလို့ ပြောတယ်။တဖြည်းဖြည်း နဲ့ အချိန်ကုန်လာပြီး ညနေလောက်ကျမှ ရဲဘက်စခန်းက လူတွေ ဒို့ထောင်ထဲကို ရောက် လာတယ်။သံခြေကျင်းသံ တွေ ညံနေရောပဲ။
နောက်နေ့တွေမှာ ရဲဘက်လေးရာကျော်ကို ကလေး အကျဉ်းထောင်က လွှတ်လိုက်တယ်။
နိုင်ငံရေး အကျဉ်းသား တယောက်မှမပါဘူး။ ဒို့တွေ ဘယ်လောက် စိတ်ဓါတ် ပြင်ဆင်ထား တယ်ပြောပြော စိတ်တော့ လှုပ်ရှားတာပဲ။
သွေးတိုးသွားတာ အပေါ်သွေး ၁၆ဝ တောင် ရှိတယ်။" တဲ့။
ကျမသား
လေး ကိုလည်း ကျောင်းပိတ်ရက်မို့ ခေါ်သွားလိုက်တယ်။
သားကလည်း သူ့အဖေလွတ်ပြီ ဆိုတဲ့စိတ်နဲ့ လွှတ်ပျော်
တော့တာ။ ကလေးမြို့ ရောက်တော့ ကလေးမြို့ တည်း
အိမ်မှာ နားနေတုန်း လူရိပ်မြင်တိုင်း သူ့အဖေ ပြန်လာ
ပြီမှတ်လို့ ထွက်ထွက်ကြို တယ်။ သူမျှော်လင့်သလို
မဖြစ်တော့ " မေကြီးရယ် အဲဒီလူတွေ ကလည်းဖေကြီးနဲ့ တူလိုက်တာ။"လို့ စိတ်ပင်ပန်းစွာနဲ့ ပြောရှာ တယ်။ ညှိုး
နွမ်းနေတဲ့ သားကိုမြင်ပြီး အားလုံးကစုတ်တသပ် သပ်နဲ့ သနားနေကြတော့တာ။

ထောင်ဝင်စာတွေ့ဖို့ မဟုတ်ဘဲ လာကြိုသူဆိုတော့ ကျမဘာမှ
ကြော်လှော် မလာခဲ့ပါဘူး။ နောက်ဆုံးတော့ ကျမတို့ သားအမိ
ထောင်ဝင်စာ သွားတွေ့ရတော့တယ်။ ထောင်ဝင်စာ သွားတွေ့
မှ ကျမခင်ပွန်းက အခုလို ပြောပါတယ်။

"ထောင်ဝင်ထမ်းတွေ ကိုယ်တိုင် ခင်ဗျားတို့ အားလုံး လွတ်ပြီ
လို့ လာပြောတယ်။စာရောက်လာပြီတဲ့။ ခင်ဗျားတို့ ပစ္စည်းတွေ ကျနော်တို့ကို ပေးခဲ့ပါတဲ့။ အဲဒီနေ့မနက်က ဝန်ထမ်းတွေက ထမင်းတောင် မထိုးတော့ဘူး။ ခင်ဗျားတို့ အပြင်ရောက်မှစားလို့ ပြောတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကုန်လာပြီး ညနေလောက်ကျမှ ရဲဘက်စခန်းက လူတွေ ဒို့ထောင်ထဲကို ရောက်လာတယ်။ သံခြေကျင်းသံ
တွေ ညံနေရောပဲ။ နောက်နေ့တွေမှာ ရဲဘက် လေးရာ ကျော်ကို ကလေးအကျဉ်းထောင်က လွှတ်လိုက်တယ်။
နိုင်ငံရေး အကျဉ်းသား တယောက်မှမပါဘူး။ ဒို့တွေ ဘယ်လောက် စိတ်ဓါတ်ပြင်ဆင်ထားတယ်ပြောပြော စိတ်
တော့ လှုပ်ရှားတာပဲ။သွေးတိုးသွားတာ အပေါ်သွေး ၁၆ဝတောင်ရှိတယ်။" တဲ့။

လွှတ်မယ်ထင်ပြီး ထောင်ကိုသွားကြိုတဲ့ ကျမတို့သားအမိ မျှော်လင့်သလိုဖြစ်မလာတော့ အိမ်အပြန်ခရီးက ခါတိုင်း ထက် အားငယ်လို့နေတယ်။ တန်ဆောင်မုန်းလပြည့်ရဲ့ လမင်းက ကျမတို့ကို အဖော်ပြု တောတောင် တွေနောက် က တကောက်ကောက် လိုက်လာပေမယ့် ရင်ထဲက အားငယ်စိတ်ကိုတော့ ချေဖျက် မပေးနိုင်ခဲ့ ပါဘူး။ ကားပေါ် မှာ သားကသူ့အဖေပါမလာလို့ မျက်ရည်တွေ ကျနေတယ်။

ကလေးဝ ရွှေမုဋ္ဌောဘုရားပွဲကိုသွားကြတဲ့ သစ်ချောက်ရွာကလူတွေ လရောင်အောက်မှာ ပျော်လို့ ရွှင်လို့။ ဘုရားပွဲကိုသွားတဲ့ မိသားစုသုံးဦးမှာ သားငယ်ကို အဖေက ဂုတ်မှာပိုးလို့၊ အမေက သားနဲ့အဖေကိုကြည့်ပြီး ပြုံးလို့ရွှင်လို့။ ဒီမြင်ကွင်းကို သားရောကျမပါ အားကျစိတ်နဲ့ ကားပေါ်ကနေ လည်ပြန်ကြည့်လို့ မဆုံးဘူး။

မြစ်သာမြစ်နဲ့ လမင်းလည်း ပါးချင်းအပ်နေတယ်။ တောင်တွေကွေ့ရင် လမင်းနဲ့မြစ်သာမြစ် ခွဲခွာ လိုက်ရပြန်တယ်။ ချစ်ခြင်းဆိုတဲ့အရာကို လူသားကရော၊ သဘာဝတရားကပါ မခွဲကောင်းဘူးလို့ ကျမ နာနာကျင်ကျင် တွေးမိတယ်။
ခုလည်း သီတင်းကျွတ်လပြည့်နေမှာ လွတ်လာသူတွေနဲ့ မိသားစုတွေ ပြုံးပျော်နေချိန်မှာ မလွတ်မြောက်သူနဲ့ သူ့ မိသားစုတွေ ဘယ်လောက်နာကျင် ကြေကွဲနေကြမလဲ။ လွတ်လာသူတွေကိုယ်တိုင် အပြည့်အဝ မပျော်နိုင်ကြ ပါဘူး။ ထောင်ထဲမှာ သေဖော် ရှင်ဖက် ရဲဘော်တွေ ကျန်နေခဲ့တယ်လေ။

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အမိန့်ကြော်ငြာစာအောက်မှာ အလျော်အစား လုပ်ရတဲ့မိသားစုတွေရဲ့ စိတ်ခံစားမှု
တွေကို ကျမတို့ ကိုယ်ချင်းစာ နားလည်နိုင်ပါတယ်။ စိတ်နှလုံးနဲ့ ဆုပ်ကိုင်လို့မရတဲ့၊ စကားလုံးနဲ့ ထုတ်ပြောလို့ မရတဲ့ နာကျင်ကြေကွဲမှုတွေကို ခံစားနေရတဲ့ အကျဉ်းကျမိသားစုတွေကို ကျမဘဝနဲ့ယှဉ်ပြီး အားပေးချင်တာ ကတော့ အကျဉ်းထောင်ထဲက ကိုယ့်မိသားစုဝင် အိမ်ပြန်ရောက်တဲ့နေ့က လွတ်တဲ့နေ့လို့ စိတ်ပိုင်းဖြတ်ထားဖို့
ပါပဲ။

စစ်အာဏာရှင်စနစ်ရဲ့ ကြိုးဝိုင်းထဲမှာ အဓမ္မကို ဓမ္မနဲ့အလဲထိုးနေသူ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး အိမ်ပြန်
ရောက်နိုင်ကြပါစေ။
http://www.mizzimaburmese.com/edop/songpa/8494-2011-10-17-07-21-38.html

မကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် သေဒဏ်ပေးခံခဲ့ရသူ


ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ သံလျင် ရေနံချက် စက်ရုံ၊ ရန်ကုန် မြို့တော်ခန်းမ ဗုံးခွဲမှုတို့နှင့် စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံ ခဲ့ရသူ။ ဗုံးခွဲသည့် လက်သည်အစစ် ပေါ်ပေါက်ခဲ့သော်လည်း လွှတ်ပေးခြင်း မခံခဲ့ရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သံလျင်မြို့နယ် စည်းရုံးရေးတာဝန်ခံ ကိုညီညီဦးကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက မေးမြန်းထားခြင်းဖြစ်သည်။

အဖမ်းခံရစဉ်က အသက် ၂၄ နှစ်သာရှိသေးပြီး ထောင်တွင်း၌ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါများ ရရှိခဲ့ပြီး
လေဖြတ်ခံထားရသူ ကိုညီညီဦးသည် ထောင်တွင် ၂၃ နှစ် နေခဲ့ရပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။


ကိုညီညီဦးရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါလဲ။

“ကျနော် နှလုံးသွေးကြောကျဉ်းနဲ့ သွေးတိုးလို့ နေ့စဉ်ဆေးသောက်နေရတယ်။ နှလုံးဆေးတွေလည်း သောက်နေရ
တယ်။ အထဲမှာကတည်းက ဖြစ်ခဲ့တာ။ အကျဉ်းခန်းထဲမှာ နေရတဲ့အခါကျတော့ မွန်းကျပ်မှုနဲ့ သူတို့ရဲ့ သက်ရောက်
မှု Pressure အားတွေက ကျနော်တို့ရဲ့ စိတ်ပေါ်မှာ ထိခိုက်ပွန်းပဲ့မှုတွေ ဖြစ်ခဲ့တာပေါ့လေ။ အဲဒါကြောင့် ကျနော် ဒီရောဂါကိုရခဲ့တာ။”

personhall2
ဘယ်ခုနှစ်လောက်က စဖြစ်တာလဲ။

“ကျနော် အသက် ၃၃၊ ၃၅ ပတ်ဝန်းကျင်လောက်မှာ စဖြစ်
“ကျနော့်ရှေ့ မျက်နှာချင်းဆိုင်က တယောက် ကနေ ကျနော့် ညာဘက် နားထင်ကို သေနတ် နဲ့ ထောက်ပြီးတော့ မင်းနာမည်ဘယ်သူလဲ။ မင်းကို မေးစရာရှိလို့တဲ့။ မေးရင်လိုက်တာပေါ့
လို့။ အင်အားက တပ်မတော်ရေ မော်တော် ဘုတ်နဲ့ တစီးလောက်ပဲ”
တာ။ တောင်ငူထောင် (၁) တိုက်၊ အခန်း (၄) မှာ စဖြစ်တာ
ပေါ့။ အဲဒီအချိန်မှာ အန်အယ်ဒီ ဦးအုန်းကြိုင် တို့လည်း ရှိပါ တယ်။ သူတို့ရှေ့မှာတင် ကျနော် မူးလဲသွားတာပေါ့။ မူးလဲ ပြီး ထောင် တွင်း ဆေးရုံရောက်သွားတဲ့အခါမှာ သွေးတိုး
ရောဂါ ရှိတယ်ဆိုတာ စသိရတာ။ အဲဒီတုန်းက Tri (သုံး
ရောင်ခြယ်) က ဝင်းသိန်းတို့၊ အခု Oversea ရောက်နေတဲ့ ခင်မောင်ဝင်းတို့လည်း ရှိတယ်။”


ထောင်ထဲမှာ ဆေးကုခွင့်ရလား။ ဘယ်လိုလုပ်ပေးလဲ။

“ထောင်ဆေးရုံ ဆရာဝန်အနေနဲ့ကတော့ သွေးတိုးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဆေးဝါးပေါ့လေ။ သူတို့ဘက်က နီဖက် တမင်း ၅ တရုတ်ကလာတဲ့အဝါလုံးလေးတွေ၊ ကျနော့်ရောဂါနဲ့ အဲဒီဆေးတွေနဲ့ မတိုးတော့ နောက်က အိမ်ကလိုက်တဲ့ ညီမကိုမှာပြီးတော့၊ နောက် ရန်ကုန် အန်အယ်ဒီက ပို့ပေးတဲ့ ဆေးနဲ့ပေါ့လေ။ တောက်လျှောက် သောက်လာတာ
ခုချိန်ထိပေါ့။”


ထောင်မှာ ဘယ်သူလာကြိုလဲ။ လွတ်မယ်ဆိုတာ ကြိုသိလို့လား။

“ဇာဇာလာကြိုတာခင်ဗျ။ ကြိုတော့ မသိဘူးပေါ့လေ။ ဒီအမိန့် ကြေညာချက်ထွက်တယ်ဆိုတာနဲ့ သူတို့ ခန့်မှန်း
ပေါ့လေ။ မပါရင်လည်း ထောင်ဝင်စာတွေ့မယ်။ ပါရင်လည်း အပြန်ခေါ်သွားမယ် ပေါ့လေ။ အဲဒီရည်ရွယ်ချက်နဲ့ သူကလာခဲ့တာပေါ့။ ဟိုရောက်တော့ ကျနော်လွတ်တယ်၊ ပါတယ်ဆိုတာကို ဝန်ထမ်းပိုင်းကနေ ညဘက်ထဲက သိသွားပြီးတော့ မနက်ကျတော့ စောင့်နေတာ။”


ကိုညီညီဦးကို တပ်တဲ့ပုဒ်မက ဘာလဲ၊ ဘာကြောင့် ဖမ်းတာလဲ။

“သူတို့တပ်တဲ့ ပုဒ်မက ပုဒ်မ (၃) ဖောက်ခွဲ Act ၃၂၆၊ ၃၄ ရယ်၊ လူသေတဲ့အတွက် ၃ဝ၂-၃၄ ရယ်၊ သံလျင်
ရေနံချက် စက်ရုံကို ဗုံးဖောက်ခွဲတယ် ဆိုပြီး တပ်တယ်။ နောက် နိုင်ငံတော် ပုန်ကန်မှု ၁၂၂-၁ တပ်တယ်။”


အဲဒီတုန်းက အသက်ဘယ်လောက်လဲ။ ကျောင်းတက်နေတာလား။

“အသက် ၂၄ နှစ်ပဲ ရှိသေးတယ်။ အလွတ်ဖြေနေတာပေါ့။ အဲဒီတုန်းက ကိုးတန်းပဲ ရှိသေးတာ။ မိသားစု စီးပွားရေးနဲ့ အလုပ်တဘက် လုပ်ရင်းနဲ့ပေါ့လေ။”


နိုင်ငံရေး လှုပ်ရှားမှုကကော။

“၈၈ မှာလည်း ပါဝင်ခဲ့တယ်။ ၈၈၊ ၈၉ ကျတော့ အန်အယ်ဒီ စပြီးသန္ဓေစတည်တဲ့ အချိန်ပေါ့လေ။ ကျနော်က သံလျင် မြို့နယ် အနေနဲ့ အဖွဲ့ချုပ်စည်းရုံးရေး ဆောင်ရွက်ဖို့ဆိုပြီးတော့ သွားလျှောက်တဲ့အခါမှာ Form ကျတယ်။ ကျနော့် ဦးလေး အန်အယ်ဒီကပဲ အခု ကွယ်လွန်သွားပြီ။ ဦးမြင့်ဆွေက ကျနော့်ကို အန်အယ်ဒီအတွက် ရပ်ကျေး တွေသွားပြီး အင်အားစုဆောင်းပေးဖို့ ပေါ့လေ။ အဲဒီကနေစပြီး အန်အယ်ဒီအဖြစ် ရပ်တည်ပြီးတော့ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက် ကျေးရွာ ၄၄ ခု အင်အားစုဆောင်းရေး ကိုယ်စားလှယ်အဖြစ်နဲ့ ဆင်းပြီး စုဆောင်းခဲ့တယ်ပေါ့။”


၁၉၈၈ မှာဘယ်လို ပါဝင်လှုပ်ရှားခဲ့လဲ။

“ရှစ်လေးလုံးအတွင်းမှာတော့ ကျနော်တို့က ရွှေဂျိုးဖြူတို့၊ ရန်ကုန်ဆေးရုံကြီးအုပ်စုနဲ့ ဆေးရုံကြီးဘက် အခြမ်းမှာ ရှိတဲ့ သပိတ်အဖွဲ့တွေမှာ ပူးပေါင်းပါခဲ့တယ်။ ရွှေဂျိုးဖြူမှာပေါ့။ ကျနော်တို့ သန်းဇော်တို့၊ Burma Revolution Force-BRF ဗမာ့တော်လှန်ရေးအင်အားစု ဗထူးမောင်တို့ ပါတာပေါ့။ ရွှေဂျိုးဖြူ ဆိုတာတော့ ငြိမ်းချမ်းရေးပုံစံမျိုးနဲ့ ဖွဲ့စည်းထားတဲ့ ၈၈ ထဲက အဖွဲ့အစည်းလေး တခုပေါ့။”


အမှုဖြစ်ပွားပုံ အစကို ပြန်ပြောပြပေးပါလား ခင်ဗျာ။

“၁၉၈၉ မှာ အန်အယ်ဒီအနေနဲ့ စည်းရုံးလှုံ့ဆော်ဆင်းနေရင်းနဲ့ အန်တီဒေါ်အောင်ဆန်းစုကြည် ခြံထဲမှာ ရန်ကုန် တိုင်း မြို့နယ်ပေါင်းစုံ မဟာသင်္ကြန် သံချပ်ပြိုင်ပွဲ လုပ်ကြတယ်ပေါ့။ ကျနော့်ကိုယ်တိုင်ရေး သံချပ်နဲ့ စတိတ်စင်မှာ ကိုယ်တိုင် လည်း တိုင်ခဲ့တယ်။ သံလျင်မြို့နယ် လူငယ်တွေကို ကိုယ်စားပြုပြီး သွားတာပေါ့လေ။ ၁၉၈၉ခု လေးလပိုင်း၊၂၁ ရက်
နေ့ ကစပြီး သင်္ကြန်အပြီးမှာ ကျနော့် အိမ်ကိုလည်း လာဖမ်းတယ်။ ရုံးခန်းမှာလည်း လာဝိုင်းတယ်။”

“ကျနော်ရှောင်လိုက်တယ်။ သံလျင်မြို့ပေါ် ရပ်ကွက်ကျေးရွာတွေမှာ ပုန်းအောင်းရင်း အန်အယ်ဒီ လုပ်ငန်းတွေ ကို ဆောင်ရွက်နေတယ်။ ၁၉၈၉ ခုနှစ် ဆဲဗင်းဂျူလိုင်ပေါ့လေ။ သံလျင်မြို့နယ်အနေနဲ့ အန်အယ်ဒီလူငယ်က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် စာအုပ်ထုတ်တယ်။ မြို့နယ်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အကုန်လုံး
ဟောပြောပွဲတခု လုပ်မယ်ဆိုပြီး တိမ်းရှောင်နေရာကနေ မြို့နယ်အစည်းအဝေးခန်းကို ဝင်ခဲ့တာပေါ့လေ။ အပြန်မှာ ပေါက်ကွဲသံကြားရတာ ပေါ့လေ။ ကျနော်က ရန်ကုန်တာမွေ အသိတယောက်အိမ်မှာ သွားနေလိုက်တယ်။”


သွားနေလိုက်တယ် ဆိုတာက ရှောင်နေတာလား။
“ကျနော့် လက်ရေးနဲ့မတူဘူး။ ကျနော့်ကို သတ် သတ် ဗလာစာရွက်ပေါ်မှာ အဲဒီစာကို ကော်ပီ ကူးခိုင်းပြီးတော့ ရေးခိုင်းတယ်။ ကျနော် က
တော့ ရိုးသားစွာပဲ ရေးပေးတယ်။ လက်မှတ် ထိုးတဲ့ နေရာမှာ 7-7- 89 နေရာမှာ 7 ကို ကျနော် ကန့်လန့်တန်း မထည့်တော့ဘူး။ ရေး
ပေးတဲ့ စာကို သူက ဓာတ်ပုံရိုက်ပြီးတော့ တရားရုံးမှာ တရားစွဲတင်ပြီးတော့ ကျနော့်ကို အဲဒီအမှုမှာ ပါဝင်တဲ့ ဖောက်ခွဲရေးသမား ဆိုပြီး
သေဒဏ်ချတာ”

“ရှောင်တိမ်းနေတာပေါ့။ သင်္ကြန်ကိစ္စနဲ့။ နောက်တနေ့ကျ
တော့ မြို့နယ်က လူငယ်တွေက ရောက်လာပြီးတော့ သံလျင် ရေနံချက် စက်ရုံ ဗုံးပေါက်ကွဲတယ်။ ကျနော်ပြန် သွားမှဖြစ်တယ်။ ကျနော်လို့ ပြောတယ်ပေါ့လေ။ ကျနော်
မဟုတ်ဘူး ဆိုတာ လာခဲ့တဲ့ လူငယ်တွေ လည်း သိတယ်
လေ။ အဲဒီလူငယ် ခုနှစ်ယောက်လောက်နဲ့ ကျနော်နဲ့ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျနော် မဟုတ်တဲ့အကြောင်း လူငယ်တွေက လက်မှတ်ထိုးတယ်။ ရန်ကုန်တိုင်း တာဝန်ခံ ဦးတင်မောင်ဝင်း၊ လူငယ်တာဝန်ခံ ကိုဝင်းလှိုင်တို့ကို အသိပေးပြီး အန်တီဆီကို တရားဝင်
တင်ခိုင်း လိုက်တယ်။”

“သူတို့ဘက်က ဘာပြောလဲဆိုတော့ ကျနော့်ကို တညင်ကို ပြန်သွားပါ။ တညင်မှာပဲ လုပ်စရာရှိတာ ဆက်ဆောင် ရွက်ပါ။ ကျနော့်ကို သန်လျင်မြို့နယ် လူငယ်တာဝန်ခံအနေနဲ့ ဖွဲ့စည်းပုံအသစ် ပြန်ချပေးလိုက်တယ်။ ကျနော် တညင်ကို ပြန်လိုက် တယ်။ ရှစ်ရက်နေ့က ဗုံးပေါက်ကွဲပြီး နောက်တနေ့ပေါ့။”

“၁၂ ရက် ခုနှစ်လ ၁၉၈၉ မှာ ကျနော့်ကို ဖါးကူးကျေးရွာမှာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဖွဲ့ပြီးတော့ ဖမ်းလိုက်တာပဲလေ။”


ရွာထဲမှာ ဖမ်းတာလား။

“ရွာအလယ်ကောင်တည့်တည့် တံတားနားမှာ လက်ဘက်ရည်ဆိုင်ထဲမှာ ဖမ်းတာ။ ကျနော့် နားထင်ကို
သေနတ်နဲ့ ထိုးချိန်ပြီးတော့ ဖမ်းတာ။ အရပ်ဝတ်နဲ့။ နောက်မှ ကျနော်သိရတာက ကျနော့်ကို ကြိုးတွေတုတ်၊ လက်ထိပ်ခတ်တဲ့ အချိန်မှာ စစ်တပ်က အဲဒီပတ်ဝန်းကျင်အကုန်လုံးမှာ ဝိုင်းထားတာ တွေ့ရတာပေါ့။”


လာဖမ်းတာ အဲဒီရွာကလူတွေ ပါသေးလား။

“မပါဘူး။ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းပြီးတော့ ကျနော် အဲဒီရွာကို ရောက်မယ်ဆိုတာကို ကြိုတင် သူတို့ သတင်းရထားလို့ပေါ့။ စောင့်ပြီးဖမ်းတာပေါ့။ ဖမ်းတဲ့အချိန်မှာ ကျနော့်ဆီမှာ အန်အယ်ဒီ စည်းရုံရေးကိစ္စနဲ့ သွားတယ် ဆိုတဲ့ စာရွက်စာတမ်း၊ ဘောပင် ဒါလောက်ပဲပါတယ်။”

“ကျနော်က ဒေးဇတ် ကျေးရွာကနေ ဖါးကူးကျေးရွာကို လှေနဲ့ ကူးလိုက်တယ်။ မော်တော်ဆိပ်မှာ အဲဒီအချိန်က ဖါးကူး ကျေးရွာက အန်အယ်ဒီ တာဝန်ခံ ဒေါက်တာထွန်းသူနဲ့ တွေ့တယ်။ သူကပြောတာ အအေးသွားယူမယ် တဲ့။ အိမ်ကပဲ စောင့်နေတဲ့။ ဖါးကူးရွာက အရှေ့၊ အနောက် နှစ်ခြမ်းကြားမှာ တံတားတစင်းရှိတယ်။ တံတားထိပ် မှာ လက်ဘက်ရည်ဆိုင်ရှိတယ်။ ကျနော် လက်ဘက်ရည်ဆိုင် ထိုင်တယ်။ ကျနော့်ဘေးမှာ ရီချို (အန်အယ်ဒီ)၊ ကိုအောင် (အန်အယ်ဒီ) သံလျင်ကပဲ။ ကျနော်နဲ့ ကိုအောင်နဲ့ လာတာ။ ကျနော့်ရှေ့ မျက်နှာချင်းဆိုင်က တယောက်ကနေ ကျနော့် ညာဘက် နားထင်ကို သေနတ်နဲ့ ထောက်ပြီးတော့ မင်းနာမည်ဘယ်သူလဲ။ မင်းကို မေးစရာ ရှိလို့တဲ့။ မေးရင် လိုက်တာပေါ့လို့။ အင်အားက တပ်မတော်ရေ မော်တော် ဘုတ်နဲ့ တစီးလောက်ပဲ။”


ဖမ်းပြီးတော့ ဘယ်ကို ခေါ်သွားလဲ။

“သံလျင်ကို ပြန်ခေါ်လာတယ်။ သံလျင် အက်စ်ဘီ (သတင်းရဲတပ်ဖွဲ့) ရုံးပေါ့။ အဲဒီကနေ သီတာ သင်္ဘောနဲ့ တင်ပြီးတော့ အောင်သပြေ တပ်ခွဲပေါ့လေ။ ရန်ကုန် စစ်ကြောရေးစခန်းကို ပို့လိုက်တာ။”


အဲဒီတော့ သံလျင်မှာ အိမ်ကိုပြန်ခွင့် မရလိုက်ဘူးလား။

“မပြန်ရဘူးလေ။ တခါတည်းခေါ်သွားတာ။ အိမ်ကလည်းမသိဘူး။ ဘယ်သူ့မှ မသိလိုက်ဘူးပေါ့။ အောင်သပြေ
ရောက်တော့ ဇူလိုင် ၁၂ ရက် ၁၉၈၉၊ ညနေ ငါးနာရီခွဲလောက်။ ရောက်ရောက်ချင်းပဲ တီးတော့တာပေါ့ဗျာ။”


အောင်သပြေမှာ ဘယ်နှစ်ရက် ကြာလဲဗျ။ သူတို့က ဘယ်လို စစ်ကြောရေး ဝင်တာလဲ။

“အောင်သပြေမှာ ၁၂ ရက်နေ့ကနေ ကနေ ၁၇ ရက်ထိ ငါးရက်ကြာတယ်။ ကျနော့်ကို လက်ရေးစစ်တယ်။ ကျနော် စာအုပ် ထုတ်ဝေတဲ့ကိစ္စနဲ့ ပတ်သက်တယ် ထင်တဲ့ လက်ရေးပေါ့။ မြို့နယ်မှာ စာအုပ်ထုတ်တော့ ဂတ်စတာနာ Gestetner (မိတ္တူကူးစက်) ကိုယ်တိုင်ရေးတာကိုး။ ကျနော့်ကို စာရွက်တွေမှာ လက်ရေးတွေ အများကြီး ရေးခိုင်း
တယ်။”

“ပြီးတော့မှ သူတို့ဆီမှာရှိတဲ့ လက်ရေးတခု ကျနော့်ကိုပြတယ်။ ပြတဲ့ လက်ရေးက သံလျင်ရေနံ ချက်စက်ရုံ ဦးကျော်စိန်ဝင်းဆီ လိပ်မူပြီး ဖောက်ခွဲဖို့ စာပေးတဲ့ လက်ရေး ဖြစ်နေတယ်။ အဲဒီ အချိန်က သံလျင်ရေနံချက်
စက်ရုံက အင်ဂျင်နီယာလေ။ ဗုံးပါဆယ် ပို့ခံရတဲ့ အင်ဂျင်နီယာပေါ့။ သူရဲ့သား သေသွားတာကိုး။ အောင်နိုင် ဆိုပြီးတော့ လက်မှတ် ထိုးထားတယ်။ အောက်မှာ 7- 7-89 ဆိုတဲ့နေရာမှာ သူက အဲဒီ 7 တွေမှာ ကန့်လန့်တန်း ထည့်ပြီး 7- 7-89 ဆိုပြီး ရေးတယ်။ ကျနော်ကျတော့ ကန့်လန့်တန်း မပါဘူး။”

“ကျနော့် လက်ရေးနဲ့မတူဘူး။ ကျနော့်ကို သတ်သတ် ဗလာစာရွက်ပေါ်မှာ အဲဒီစာကို ကော်ပီ ကူးခိုင်းပြီးတော့
ရေးခိုင်းတယ်။ ကျနော်ကတော့ ရိုးသားစွာပဲ ရေးပေးတယ်။ ရေးပေးတဲ့စာကို သူက ဓာတ်ပုံရိုက်ပြီးတော့ တရားရုံးမှာ တရားစွဲ တင်ပြီးတော့ ကျနော့်ကို အဲဒီအမှုမှာ ပါဝင်တဲ့ ဖောက်ခွဲရေးသမားဆိုပြီး သေဒဏ်ချတာ။”


ဒါပေမယ့် အဲဒီ လက်ရေးမူကွဲနေတဲ့ စာကိုပဲ တင်လိုက်တာပေါ့ တရားရုံးကို။

“7 မှာ အတန်းမပါတဲ့ ကျနော့်ဟာကိုပဲ တင်လိုက်တယ်။ တကယ် မူရင်း ဓာတ်ပုံဖလင်နဲ့ ရိုက်ထားတဲ့ဟာကို တရားခံ စစ်စစ်က ပေးထားတဲ့စာရွက်က ယနေ့အချိန်အထိ မတွေ့ရတော့ဘူး ပျောက်နေတယ်။”


စစ်ကြောရေးမှာ လက်မှတ်ထိုးခိုင်းတာ တခုတည်းလား။ တခြားနည်းလမ်းတွေ သုံးကြသေးလား။

“နှိပ်စက်တာလေ။ အဲဒါကို မပေါ်ပေါ်အောင်ပေါ့။ လက်ရေး မတူတူအောင် ရိုက်ပြီးတော့ စစ်တယ်။ ထိုးကြိတ်တယ်။ လက်နောက်ပြန် လက်ထိပ်ခတ်ထားတဲ့ အဲဒီအချိန်က လက်ထိပ် နံပတ်က ၁ဝ၇၃ နဲ့ ၁ဝ၇၅ တဲ့။”


အဲဒီလိုလုပ်တဲ့ အရာရှိနာမည်တွေ မှတ်မိလား။

“ရန်ကုန်တိုင်း ရဲမှူးကြီးလို့ ပြောတယ် မျိုးလွင်။ မောင်မောင်သိမ်း။ သူတို့လက်သီးတွေက အကြီးကြီးတွေ၊ ကျနော့် မျက်နှာက အဲဒီတုန်းက သေးသေးလေးဗျ။ သူတို့ ကိုယ်တိုင် စစ်တာ။ လက်နောက်ပြန်ပေါ့။ လက်ထိပ်နှစ်ဘက် ခတ်ပြီးတော့ ကျောမှီကုလားထိုင်မှာ ထိုင်းခိုင်းပြီးတော့ ထိုးလိုက်၊ ရိုက်လိုက်ပေါ့ဗျာ။”

“ခုံနဲ့ ဂျွမ်းပစ်သွားလိုက်၊ ပြန်ထောင်လိုက်၊ ပြန်ရိုက်လိုက်၊ ပြန်လဲလိုက်၊ အဲဒီလိုဖြစ်တာပေါ့။ တောက်လျှောက် စစ်တာဗျ။ ဘာမှမကျွေးဘူး။ မဝန်ခံ၊ ဝန်ခံအောင် လုပ်တာပေါ့ဗျာ။ အဲဒီမှာ သူတို့က နည်းတခုသုံးလာတယ်။ အန်တီ လုပ်ခိုင်းတာ လား၊ ဦးတင်ဦး လုပ်ခိုင်းတာလား။ မဟုတ်ရင် ကျနော်တို့ လုပ်တာဆိုပြီးတော့ ကျနော့်ကို ခံခိုင်းတာပေါ့၊ ဝန်ခံလိုက် ရတယ်။ အဖွဲ့အစည်းရဲ့ ထိခိုက်မှုကိုလည်း ကာကွယ်လိုက်တဲ့ သဘောမျိုး။”


ဝန်ခံလိုက်တော့ နောက်ဆက်တွဲ ဘာတွေ ဆက်မေးလဲ။
“ခုံနဲ့ ဂျွမ်းပစ်သွားလိုက်၊ ပြန်ထောင်လိုက်၊ ပြန် ရိုက်လိုက်၊ ပြန်လဲလိုက်၊ အဲဒီလို ဖြစ်တာပေါ့။
တောက်လျှောက် စစ်တာဗျ။ ဘာမှမကျွေးဘူး။ မဝန်ခံ၊ ဝန်ခံအောင် လုပ်တာပေါ့ဗျာ။”

“ကျနော့်ကို သူတို့မေးတယ်။ ဒီပစ္စည်းက ဘယ်ကရတာလဲ ဆိုတော့ တကယ်မဟုတ်ဘဲနဲ့ ဟိုလူ့ ဆီကရတယ်ဆို ဟိုလူ့
ကို သွားဖမ်းမယ်။ ဒီလူ့ဆီဆို ဒီလူ့ကို သွားဖမ်းဦးမှာပဲ။ အဲဒီတော့ သူတို့ ဖမ်းလို့ဆီးလို့ ရတဲ့နေရာမှာ မရှိတဲ့လူကို ကျနော် ပြောရတော့မှာကိုး။ အဲဒီအချိန်မှာ ကျနော့်သူငယ်ချင်း နှစ်ယောက်ရှိတယ်။ ကြည်မြင့် ဆိုတာ အမေရိက မှာ၊ မိုးသီဟ ခေါ် နောင်ရိုးသီဟပေါ့ဗျာ။ အဲဒီ အချိန်က တောခိုသွားတယ်။ ဧပြီတည်းက သူကထွက်သွားတာ။ ကျနော့်ကို လိုက်ခိုင်းတာ ကျနော် မမှီလိုက်လို့ ကျန်ခဲ့တာ။ မိုးသီဟက ကျောက်တံတားက။ ကြည်မြင့်က သံလျင်က။”


အောင်သပြေ စစ်ကြောရေးပြီးတော့ ဘယ်ကို ထပ်ပို့လိုက်လဲ။

“၁၇ ရက်နေ့မှာ အင်းစိန်ထောင်ပို့တယ်။ (၆) တိုက် (၁) ခန်းမှာ။ ၂၇ ရက်နေ့မှ စစ်ခုံရုံးက ကျနော့်ကို ဒီအမှုကိုပဲ ကျနော်ရေးတဲ့ စာနဲ့ တရားစွဲတင်ပြီးတော့ အမိန့်ချလိုက်တယ်။ အမိန့်ချပြီးတော့ ကြိုးတိုက်ထဲကို ပို့လိုက်တယ်။ (၂) တိုက်။”


စစ်ခုံရုံးမှာ ဘယ်နှစ်ရက်စစ်တာလဲ။ ဘယ်သူတွေ လာစစ်လဲ။

“တရက်ပဲ၊ ချက်ချင်းစစ်ပြီး ချက်ချင်းချတာ။ ဒုတိယဗိုလ်မှူးကြီးအောင်ညွန့်၊ သူတို့သက်ဆိုင်တဲ့ တရားလို၊ အက်စ်ဘီပေါ့လေ။ ကျနော်တို့ဘက်က တရားပြိုင်ဆိုင်ခွင့်ပေးနိုင်တဲ့လူ ဘယ်သူမှလည်း မရှိဘူး။ ဘယ်သူမှ
လည်း လာလို့မရဘူး။ ဒုတိယ ဗိုလ်မှူးကြီးအောင်ညွန့်က စစ်ခုံရုံးဥက္ကဋ္ဌ။ စစ်ခုံရုံး ၁ ပေါ့။ လေတပ်က။ တရားခံ အပြစ်ရှိလားတဲ့။ ကျနော်တို့က ပြောတယ် မရှိဘူးပေါ့လေ။ မရှိရင် ရမန် ချိန်းမယ်လို့ တရားသူကြီး ဒုဗိုလ်မှူးကြီး
အောင်ညွန့်က ပြောတယ်။ အဲဒါကို တရားလို အက်စ်ဘီနဲ့ စွဲချက်တင်တဲ့ မျိုးလွင်တို့က ခုချက်ချင်းချပါတဲ့။ ဒါဆို သူတို့ကို ထောင်ထဲ ခဏပြန်သွင်းလိုက် ဆိုပြီး ကျနော်တို့ကို ပြန်သွင်းလိုက်တယ်။ ညနေကျတော့ ပြန်ထုတ် ပြီးတော့ အပြစ်ရှိတယ်တဲ့။ တရားသူကြီးက ပုဒ်မ တွေရွတ်ပြီးတော့ သေဒဏ် အမိန့်ချလိုက်ပြီလို့ ပြောလိုက် တယ်။ စာရွက်ဖတ်ပြီးတော့ ပြောတာ။”


ကိုညီညီဦးနဲ့အတူ ဖမ်းခံရတာ တခြားဘယ်သူတွေ ပါသေးလဲ။

“ကိုသန်းဇော်ရယ်၊ မိုးကျော်သူရယ်၊ ကျန်တဲ့ နှစ်ယောက်ကို အဲဒီညဘက် တညင်မှာ ဖမ်းတယ်လို့ ပြောတယ်။
နောက်ပိုင်း ပြန်ပြီး ထောင်ထဲမှာ ပြောကြတဲ့အခါ။ စစ်ကြောရေးမှာလည်း သူတို့ပါတယ်။ တယောက်တနေရာစီ ဆိုတော့ မသိရဘူးလေ။ အောင်သပြေပဲ သူတို့လည်း။”


သူတို့နှစ်ယောက်က ဘယ်အဖွဲ့တွေကလဲ။

“အန်အယ်ဒီ လူငယ်တွေပါ။ ကျနော်က မြို့နယ်တာဝန်ခံဖြစ်တဲ့အချိန်မှာ မိုးကျော်သူက မြို့ဟောင်း အလယ် ရပ်ကွက် ကတက်တဲ့ လူငယ်တာဝန်ခံပေါ့။ ကိုသန်းဇော်က မြို့ဟောင်း အနောက်ကတက်တဲ့ တာဝန်ခံပေါ့။”


သေဒဏ်ချလိုက်ပြီ ဆိုတော့ ဘယ်ကို ပထမဆုံးပို့တာလဲ။

“အင်းစိန်ထောင် ကြိုးတိုက်ပေါ့လေ (၂) တိုက်လို့ ခေါ်တယ်။ ရင်ခွဲတိုက်ပေါ့။ ဟိုဘက်ဒီဘက်။ အဲဒီတိုက်မှာ ကျနော်က အခန်း ၅၇၊ ကိုသန်းဇော်က အခန်း ၅၉၊ မိုးကျော်သူက ကျနော့်ဘေးက ၅၅ ပေါ့။ တယောက် တခန်းစီပေါ့ နေရတယ်။ ကျနော့် မျက်နှာချင်းဆိုင်မှာတော့ အဘ ဦးဝင်းတင် အခန်းနံပတ် (၃) မှာ။ အဘ တော်ဘုရားလေး (၅) မှာ။ ဆေး (၁) က ၇၄ ခု (ဦးသန့်အရေးအခင်း) က ကိုခွန်ဆိုင်းလေ (၄) မှာ။ တခန်းစီ။”


အင်းစိန်မှာ ဘယ်လောက်ကြာလိုက်လဲဗျ။ တိုက်တွေ ပြောင်းနေရသေးလား။

“အင်းစိန်မှာ ၁၉၈၉ ကနေ ၁၉၉၄ ခု။ ခြောက်လပိုင်းအထိ။ ငါးနှစ် နီးပါးပဲ။ ထောင်တွင်း ၁၉၉ဝ ခုနှစ်မှာ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) လွတ်မြောက်ရေးတောင်းဆိုပွဲ ဆန္ဒပြပွဲတွေ လုပ်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ် ကို အသိအမှတ်ပြုရေး ဆန္ဒပြပွဲတွေလုပ်တယ်။ အဲဒီကိစ္စတွေနဲ့ ကျနော်တို့ကို ရိုက်နှက်ပြီးတော့၊ ဟိုပြောင်း ဒီပြောင်း အင်းစိန်ထောင်ဘေးက တွဲဖက်အကျဉ်းစခန်းကိုလည်း ပြောင်းရတယ်။”


ထောင်ထဲရောက်သွားပြီးတော့ ကိုသန်းဇော်တို့၊ ကိုမိုးကျော်သူတို့နဲ့ စကားပြောလို့ရလား။

“ဆုံတယ်လေ။ ထောင်တွင်းပွဲတွေမှာလည်း အတူတူလုပ်ကြ။ တခန်းစီဆိုပေမယ့် ရေချိုးချတာတို့၊ အတူစား အတူသောက်တို့ နေကြရတယ်။”


ဦးဝင်းတင်တို့နဲ့ရော စကားပြောခွင့်ရလား။

“အချိန်တိုင်း လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်။ လူကြီးတွေကျတော့လေ သူတို့အားတဲ့အချိန် လေးတွေမှာ သူတို့ ဆီကနေ ကျနော်တို့က ထောင်တွင်းနေမှုထိုင်မှု၊ လမ်းလျှောက်တာတို့ ဘာတို့ကအစ ပေါ့လေ ဗဟုသုတ
လေးတွေပေါ့။ စိတ်ပိုင်းဆိုင်ရာမြှင့်တင်တဲ့ ကိစ္စမျိုးလေးတွေ၊ ကျနော်တို့က နားထောင်ခဲ့ရတာပေါ့။”


ကိုညီညီဦးတို့ သုံးယောက်က မြို့တော်ခန်းမ ဗုံခွဲတဲ့ ကိစ္စလည်း ပါတယ်မဟုတ်လား။

“ဟုတ်ကဲ့ပါတယ်ခင်ဗျ။ စစွဲတည်းက သံလျင်နဲ့ မြို့တော် ခန်းမနဲ့က ပေးပို့သူက တပုံစံတည်း တလက်ရာတည်း
ပေါ့။ မြို့တော်ခန်းမက ခုနှစ်လပိုင်း ၁ဝ ရက်နေ့ကွဲတယ်။ မြို့တော်ခန်းမကွဲတဲ့နေ့က ကျနော်က သံလျင်အပိုင် ထဲက ရွာတရွာ မှာ ရှစ်ရက်နေ့က ဆင်းတာဆိုတော့ ဆီကုန်းကြီးရွာမှာ ကျနော်က ရောက်နေတယ်။”


ကျနော်သိရသလောက် နောက်ပိုင်းမှာ တရားခံအစစ်ကို မိတယ်ဆို။

“အဲဒီကြားထဲမှာပေါ့ဗျာ။ အမိန့်ချပြီးတဲ့နောက်ပိုင်းမှာ ကိုကိုနိုင်ကို မိတယ်ဗျ။ ကိုကိုနိုင်ကနေ ကျနော်တို့ ထောင် ထဲမှာရှိတဲ့ နိုင်ငံရေး အဝန်းအဝိုင်းက ပုဂ္ဂိုလ်များ ရှေ့မှာရော၊ အန်အယ်ဒီ တာဝန်ရှိတဲ့ လူကြီးတွေရှေ့မှာရော၊
ကျောင်းသားတွေရှေ့မှာရော သူလုပ်ခဲ့တဲ့အကြောင်း ဝန်ခံတယ်။ သူက KNU ဗိုလ်မှူးအဆင့်လို့ ပြောတယ်။ ကျနော်တော့ သေချာ မသိဘူးပေါ့။ သူပြောတာ။”


ဗိုလ်မှူးကိုကိုနိုင်က ဘယ်တုန်းက ဝန်ခံတာလဲ။ သူ့ကိုက ဘယ်လို ပြစ်ဒဏ်ချလိုက်လဲခင်ဗျ။

“သူ့ကို မြို့တော်ခန်းမဆိုတဲ့ ဥစ္စာနဲ့ သေဒဏ်ချလိုက်တဲ့အချိန်ပေါ့လေ။ ၁ဝ လပိုင်းထဲမှာလား မသိဘူး။ သူ့ရက်
တော့ သိပ်မမှတ်မိဘူးဗျ။ ကျနော့်ကို ထောင်ချပြီးတော့ပေါ့လေ အခန်းနံပတ် (၃၅) မှာလားမသိဘူး ကျနော့် ကိုခေါ်ပြီး ပြော တယ်။ အကိုဟိုမှာလည်း ဝန်ခံခဲ့တယ်။ ဒါပေမယ့်ကွာ အကိုဝန်ခံတာ ဘာမှအရာ မထင်ဘူး။ ညီလေးတို့လည်း မလွတ် ဘူးတဲ့။ ညီလေးတို့ကို တောင်းပန်ပါတယ်တဲ့။ ဒီဟာတွေ အကိုလုပ်ခဲ့တာပါဆိုပြီး သူကပြောတယ်။”


မြို့တော်ခန်းမကို လုပ်တာလဲ သူပဲတဲ့လား။
“ဖြစ်စဉ်က နှစ်ခုစလုံးက တခုတည်း။ မြို့တော် ခန်းမရော သံလျင်ရောက တထပ်တည်းဗျ။ သံလျင်ကို ကျနော့်ကိုချပြီးတဲ့ အခါကျတော့ ကိုကိုနိုင်ကို မြို့တော်ခန်းမဆိုပြီးတော့ သတ် သတ် ခွဲထုတ်လိုက်တာ။ အစက ကျနော့်ကို သံလျင်၊ မြို့တော်ခန်းမ တရားခံ ဆိုပြီးချတာ။
နောက် ကိုကိုနိုင်လည်းမိရော၊ ကျနော့်ကို သံလျင်ပဲ ပြောပြီးတော့ မြို့တော်ခန်းမကျ
တော့ ကိုကိုနိုင်ဆိုပြီး ဆွဲချလိုက်တယ်။ ကိုကို
နိုင်ကတော့ နှစ်ခုလုံးကို သူလုပ်တာလို့ ပြော ပါတယ်”

“ထောက်လှမ်းရေးက အဲဒီအချိန်က လုပ်ခဲ့တဲ့ ပုံစံကလေ။
ဖြစ်စဉ်က နှစ်ခုစလုံးက တခုတည်း။ မြို့တော်ခန်းမရော သံလျင်ရောက တထပ်တည်းဗျ။ သံလျင်ကို ကျနော့်ကို ချပြီးတဲ့အခါကျတော့ ကိုကိုနိုင်ကို မြို့တော်ခန်းမ ဆိုပြီး
တော့ သတ်သတ်ခွဲထုတ်လိုက်တာ။ အစက ကျနော့်ကို သံလျင်၊ မြို့တော်ခန်းမ တရားခံဆိုပြီး ချတာ။ နောက် ကိုကိုနိုင်လည်း မိရော၊ ကျနော့်ကို သံလျင်ပဲ ပြောပြီးတော့ မြို့တော်ခန်းမကျတော့ ကိုကိုနိုင်ဆိုပြီး ဆွဲချလိုက်တယ်။ ကိုကိုနိုင်ကတော့နှစ်ခုလုံးကို သူလုပ်တာလို့ ပြောပါတယ်။”


တရားခံလည်း မိသွားပြီဗျာ။ မလွှတ်ပေးဘူးဆိုတော့ အာဏာပိုင်တွေကို မပြောဘူးလား။

“ကျနော်တို့က လူကြီးတွေကို ပြောဖို့ ကြိုးစားတယ်ဗျ။ အဲဒီလိုကြိုးစားတဲ့အချိန်မှာ ကိုသန်းဇော်ဆီ ကနေ စာရွက် စာတမ်းတွေ၊ မီဒီယာတွေကနေ တဆင့် ပေါ့လေ၊ နိုင်ငံတကာကိုပေါ့ဗျာ၊ ပြောမယ်ဆိုပြီး ကြိုးစားသေးတယ်။
ထောင်ရှာဖွေရေးမှာ အဲဒီစာရွက်စာတမ်းတွေကို မိသွားတယ်။”

“၁၉၈၉-၉ဝ စပ်ကူးမတ်ကူး လောက်မှာပေါ့။ ကျနော်နဲ့ ကိုသန်းဇော်နဲ့ကို ဒေါက်ခတ်တယ်။ ကိုသန်းဇော်ကို
ဒေါက်ခတ်ပြီး အထူးတိုက်ကို ပို့လိုက်တယ်။ ကျနော့်ကိုတော့ (၂) တိုက်ထဲမှာပဲ ပြန်ထားလိုက်တယ်။ အဲဒီမှာ ဝန်ထမ်း သုံးယောက်လောက် ပြုတ်သွားတယ်။ ကိုစန်းမောင်၊ မောင်မောင်၊ နောက်တယောက်တော့ မမှတ်မိ
တော့ဘူးဗျ။”


ကိုညီညီဦးတို့ လုပ်ဖြစ်ခဲ့တဲ့ SSS အက်စ်သုံးလုံး ကိစ္စကလည်း ရှင်းပြပေးပါဦး။

“SSS ဆိုတာ အန်အယ်ဒီထဲမှာ လူငယ်တွေကို Choice (ရွေးချယ်) လုပ်လိုက်တယ်ဗျ။ ရှစ်ဆယ့်ရှစ် ကာလလည်း
ဖြစ်နေတော့ အရမ်း Strong ဖြစ်တယ်ဗျ။ မြေအောက်လှုပ်ရှားမှု လက်နက်ကိုင်လုပ်ဖို့ မဟုတ်ဘူးဗျ။ အန်အယ်ဒီ ကိုပဲ ကူညီပံ့ပိုးပေးဖို့။ ‘အမာ’ ထပ်လုပ်ထားတာဗျ။ Special Selected Supply ပေါ့ဗျာ။ ကျနော်တို့က နည်းနည်း Strong ဖြစ်တဲ့ လူငယ်လေးတွေကို အဲဒီကိစ္စကို ဆောင်ရွက်ဖို့ပေါ့လေ။ အန်တီ့ ခရီးစဉ်တွေမှာပေါ့လေ လုံခြုံရေး လုပ်ဖို့။ သံလျင် လူငယ် တွေချည်းပဲ။ ငွေအားရော လူအားရော စိုက်နိုင်တဲ့လူတွေပေါ့။”


SSS အက်စ်သုံးလုံးကိစ္စနဲ့လည်း စွဲချက်တင်သေးတယ်ဆို။

“စွဲချက်တင်တယ်။ နိုင်ငံတော်ပုန်ကန်မှု၊ UG ယူဂျီ (မြေအောက်လှုပ်ရှားမှု) ဖွဲ့တယ်တဲ့။ သံလျင် ဗုံးခွဲမှုနဲ့ သေဒဏ် ချပြီး တဲ့အခါမှာ ဖါးကူးကျေးရွာက ဒေါက်တာထွန်းသူ အပါအဝင် ၁၅ ယောက်နဲ့ ကျနော့်နဲ့ သန်းဇော်နဲ့ကို ထပ် ထုတ်ပြီး အဲဒီပုဒ်မတပ်ပြီးနောက် အနှစ် ၂ဝ တသက်တကျွန်း ချလိုက်တယ်။ သေဒဏ်အပေါင်း အနှစ် ၂ဝ ဖြစ် သွားတာပေါ့။”


အဲဒီ ၁၅ ယောက်က အခု ဘယ်ရောက်သွားပြီလဲ။

“အဲဒီ ၁၅ ယောက်က အစောကြီးကတည်းက လွတ်သွားတယ်။ သူတို့က ၂ဝ ကို ၁ဝ နှစ်စီနဲ့ ပြောင်းသွားတယ်။ ၁၉၈၉ ကဆိုတော့ ၁၉၉၇ မတိုင်ခင်မှာ လွတ်သွားတယ်။”


ထောင်ဘယ်နှစ်ထောင် ပြောင်းလိုက်ရလဲ ခင်ဗျ။

“အင်းစိန်ထောင်၊ တောင်ငူထောင် နှစ်ထောင် နေခဲ့ရတာပေါ့လေ။ တောင်ငူထောင်မှာ ၁၈ နှစ်ပေါ့။ ၁၉၉၄ ခု၊ ခြောက်လ ပိုင်း၊ ၂၄ ရက်မှာ တောင်ငူထောင်ကို ရောက်ပါတယ်။ အင်းစိန်ထောင်မှာ ငါးနှစ်နီးပါးကြာတယ်။ အခု ကျနော် ၂၂ နှစ်နဲ့ သုံးလ။ ဟိုတလောက ဦးသိန်းစိန်ပေးတဲ့ နိုင်ငံတော်တနှစ် (လျော့ပေါ့) နဲ့ ဆိုတော့ ၂၃ နှစ်နဲ့ သုံးလတိတိ နေခဲ့ရပါ တယ်။”


တောင်ငူထောင်တို့၊ အင်းစိန်ထောင်တို့မှာ ထောင်ဝင်စာကိစ္စ ဘယ်လိုမျိုး ဖြတ်သန်းရလဲ။

“အင်းစိန်ထောင်မှာ ထောင်ဝင်စာ နည်းနည်းကျပ်တည်းတာပေါ့လေ။ ထောင်အာဏာပိုင်ပေါ်တော့ မူတည် တာပေါ့လေ။ ထောင်ပိုင်တယောက် ပြောင်းရင်တော့ သူတို့ရဲ့ ထောင်ဥပဒေကတမျိုး ပြောင်းပြောင်း သွားတာ ကိုး။ ပုံသေတော့ မရှိခဲ့ဘူးပေါ့လေ။”


ထောင်ဝင်စာကို ဘယ်သူလာတွေ့လဲ။

“ပထမ အင်းစိန်ထောင်မှာတော့ ကျနော့် အဖေ၊ အမေက လာတွေ့တယ်။ တောင်ငူထောင် ရောက်တဲ့ အခါ ကျတော့ ကျနော့်ဖေဖေ ဆုံးသွားတယ်။ အမေလည်းဆုံးသွားတယ်။ ကျနော့် နှမဝမ်းကွဲပေါ့လေ ဇာဇာမြင့်ဆွေ လာတွေ့ပါတယ်။”


ထောင်ကျတော့ မိဘအလုပ်အကိုင်ကို ထိခိုက်တာရှိလား။

“အဖေက လူဝင်မှုကြီးကြပ်ရေးမှာလုပ်တယ်။ ကျနော်ထောင်မကျခင်က တောင်ဥက္ကလာမြို့နယ် လက်ထောက် မြို့နယ်မှူးပေါ့။ ကျနော်ထောင်ကျပြီးတော့ ကျနော့်အဖေ ပင်စင်ရသွားတယ်။”


သံလျင်ကို ပြန်ရောက်လာတော့ အန်အယ်ဒီကို အကြောင်းကြားပြီးပြီလား။

“မြို့နယ် လူတွေနဲ့တော့ တွေ့နေပြီပေါ့လေ။ အခုက ကျနော့်
“အဖေက လူဝင်မှုကြီးကြပ်ရေးမှာလုပ်တယ်။ ကျနော် ထောင်မကျခင်က တောင်ဥက္ကလာ
မြို့နယ် လက်ထောက်မြို့နယ်မှူးပေါ့။ ကျနော်
ထောင်ကျပြီးတော့ ကျနော့်အဖေ ပင်စင်ရ သွားတယ်”
ကျန်းမာရေး အခြေအနေကြောင့်ရော ကျနော် လေဖြတ် ထားထားတာ ခြေထောက်တဖက်က သိပ်လျှောက်လို့ မကောင်းသေးလို့။”


လေဖြတ်တာက ဘယ်တုန်းကလဲ၊ ဘယ်မှာဖြစ်တာလဲ။

“တောင်ငူထောင်မှာ ၂ဝဝ၆ ထဲမှာ။ သွေးပေါင် ၁၉ဝ၊ ၁၃ဝ အထိ အရမ်းတက်ပြီးတော့လေ။ ဘယ်ဖက်တခြမ်းလုံး
လေဖြတ်သွားတယ်။ ထောင်ပိုင် ဦးဝင်းလွင်က အပြင်ကနေ ပါရဂူ ဒေါ်မာမာကြည်ကို ချက်ချင်းသွင်းပြီး ကုသပေး
တယ်။ အပြင်ဆေးရုံထုတ်ပြီးတော့ X-ray (ဓာတ်မှန်) ရိုက်ဖို့လုပ်တာ ထောင်က အခု ကျနော် လွတ်သာလာ တယ်။ မလုပ်ရသေးဘူး။ အဲဒီဟာအတွက် ပြင်ဆင်နေရတယ်။”


စစ်ကြောရေးက လူတွေ၊ ပုဒ်မတွေတပ်ပြီး ထောင်ချတဲ့ လူတွေအပေါ် ဘယ်လိုမျိုးဖြစ်ချင်လဲ။

“ကျနော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထောင်ကျခဲ့တာပါ။ အမျိုးသားဒီမိုကရေစီက နိုင်ငံတော်အစိုးရ
နဲ့ တူတာ တွဲလုပ်၊ မတူတာတွေကိုလည်း နားလည်မှု တခုအနေနဲ့ထားပြီးတော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ လမ်းကြောင်းပေါ်ကနေ သွားနေတယ်ဆိုတာ ကျနော်သိတယ်လေ။ ကျနော့်ပါတီရဲ့ ဦးဆောင်မှုအောက် ကနေ တိုင်းပြည် ကောင်းမယ့် ကိစ္စကိုပဲ လုပ်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။”


နောက်ဆုံး မေးခွန်းလေးပေါ့နော်။ အခုပြန်လာတဲ့အခါကျတော့ သံလျင်က မိတ်ဆွေဟောင်း၊ လုပ်ဖော် ကိုင်ဖက်တွေရဲ့ ဆက်ဆံရေးက အပြောင်းအလဲရှိလား။

“တောင်ငူကို ထွက်ထွက်ချင်းပဲ ပြင်ပလောကမှာရှိတဲ့ နိုင်ငံရေးအင်အားစုပေါ့။ တောင်ငူမြို့နယ် အန်အယ်ဒီရဲ့
နွေးထွေးမှုတွေ၊ ဖက်လှဲတကင်း ရှိမှုတွေပေါ့ အများကြီး ခံစားလိုက်ရပါတယ်။ အခု သံလျင်မြို့နယ်ကို ရောက်တဲ့
အခါလည်း မြို့နယ်ကော်မတီ၊ အခြားအဖွဲ့အစည်းတွေက ကျောင်းသားတွေ၊ လာရောက် စကားပြောဆိုတယ်။
မေးမြန်းကြတယ်။ အားပေးကြတယ်။ နွေးနွေးထွေးထွေးပေါ့လေ။ နောက်ဆုံး ကျနော့်မှာ မိဘမရှိဘူး။ အနှစ် ၂ဝ ကျော် ထောင်ထဲနေလာ တဲ့ အခါ အဝတ်တထည် ကိုယ်တခုနဲ့ ပြန်လာတဲ့ အခါကျတော့ အဝတ်အစားက အစ နွေးထွေးတဲ့ ပေးကမ်းမှု၊ စောင့်ရှောက်မှုတွေကို ခံရပါတယ်ဗျာ။ အဲဒီအတွက် အားလုံးကို ဒီနေရာကနေ
ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်းလဲ ထည့်ပြောချင်ပါတယ်။”
http://www.mizzimaburmese.com/interview/8495-2011-10-17-08-08-27.html

ပိုင်ရှင် အလိုရှိသည်



ကျော်သူ | တနင်္လာနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၀ မိနစ်

လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ မတ်လ ၂၀  ရက်နေ့တွင် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ရဲဖက်၊ လက်တွဲဖော် လက်တွဲဖက် ထူးခြားသော မိတ်ဆွေကြီး တဦး၏ မိခင်ဖြစ်သူ ဒေါ်လှကြည် (ခ) စာရေးဆရာမ ဒေါ်ကြည်ဦး အသက် ၈၄ နှစ်သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားပါသဖြင့် ကျွန်ုပ်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာဖြင့် နောက်ဆုံးခရီးအား အဆင်ပြေ ချောမွေ့စွာ၊ စည်ကား သိုက်မြိုက်စွာ ပို့ဆောင်ကူညီ သဂြုင်္ိဟ်
ပေးခဲ့ရသည်။

အမေ ဒေါ်ကြည်ဦး၏ သားဖြစ်သူ ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီးမှာ ပြင်ပလောကနှင့် ဝေးကွာ အဆက်ပြတ်
နေကာ မြစ်ကြီးနား အကျဉ်းထောင်တွင် လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် ပေးမှုကြောင့် ပြစ်ဒဏ် ၃၅
နှစ် အကျဉ်းကျခံနေရသူ ဖြစ်သည်။ ထို့ကြောင့် ထူးခြားသော မိတ်ဆွေကြီးမှာ မိခင်ဖြစ်သူ၏ နောက်ဆုံး ခရီးအား လိုက်ပါပို့ဆောင်ခွင့် မရခဲ့ချေ။
kyawthu1
ထိုစဉ်က ထူးခြားသော မိတ်ဆွေကြီးနှင့် အလားတူ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင် ဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ် အကျယ်ချုပ်ဖြင့် ပြင်ပလောကသို့ ထွက်ခွာခွင့် မရရှိသေးချေ။ သို့သော် အမေစုသည် လူမှုရေး စိတ်ဓါတ် ပြည့်ဝစွာ၊ လူသားချင်း စာနာစိတ်ဖြင့် ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီး၏ မိခင် ဈာပန အခမ်းအနားတွင် “ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါကြောင်း” စာတမ်းပါ နှင်းဆီ ပန်းခြင်းအား ဖဲကြိုးအနက်ရောင်ဖြင့် ကျွန်ုပ်ထံသို့ လူကြုံတဦးဖြင့် မရောက်ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် ထိုလူကြုံမှ ကျွန်ုပ်အား “အမေက မှာလိုက်တယ်။ ဒီပန်းခြင်းကို ကာယကံရှင်ထံ အရောက်ပို့ပေးပါ” တဲ့။ ကာယကံရှင်မှာ ကျန်ရစ်သူ ထူးခြားသော မိတ်ဆွေကြီး၏ ဖခင်နှင့် အကိုများသာ ရှိတော့သည်။ ကျွန်ုပ်ယုံကြည်မှု တခုရှိသည်။ ကျွန်ုပ်မသေခင် ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီးသည် အကြောင်း အမျိုးမျိုးကြောင့် ပြင်ပသို့ ပြန် လည် ရောက်ရှိကာ ကျွန်ုပ်နှင့် ပြန်လည် တွေ့ဆုံလိမ့်မည်ဟု ယုံကြည်ထားသည်။ အမေဆိုလိုသော ကာယကံရှင်ဟု ဆိုရာ၌ ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီးသာ ဖြစ်တော့သည်။ ထို့ကြောင့် အမေ့၏ မှာကြားချက်အား တာဝန်
ကျေစွာ ထမ်းဆောင်နိုင်ရန်အတွက် ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။

kyawthu

ဤတွင် မိခင်ကြီး ဒေါ်ကြည်ဦး၏ ဈာပန အခမ်းအနားသို့ ကျွန်ုပ်ကိုယ်တိုင် နိဗ္ဗာန် မော်တော်ယာဉ်ပေါ် တင်ဆောင်၍
ရေဝေးသုဿန်တွင် ဈာပန အခမ်းအနား ပြီးဆုံးသည့် အချိန်အထိ ကျွန်ုပ်၏ လက်မှ အောက်သို့မချဘဲ ကိုင်ဆောင် ထားခဲ့သည်။ အခမ်းအနား ပြီးဆုံးသည်နှင့် ကျွန်ုပ်သည် ဤလွမ်းသူ ပန်းခြင်းအား ကျွန်ုပ်၏ နေအိမ်သို့ သယ်ဆောင် ထားခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်နှင့် ခုနှစ်လခန့် ရှိခဲ့ပြီ ဖြစ်သည်။

ယခု အချိန်တွင် ထူးခြားသော မိတ်ဆွေကြီးသည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပသို့ လွတ်မြောက်လာပြီ ဖြစ် သည်။ သို့သော် ယခုအချိန်အထိ ထူးခြားသော မိတ်ဆွေကြီးနှင့် တွေ့ဆုံခွင့် မရသေး။ ကျွန်ုပ် တယ်လီဖုန်းဖြင့် အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း နှစ်ကြိမ်ခန့် လေလှိုင်းထဲမှ စကားပြောခွင့်သာ ရခဲ့သည်။ လူကိုယ်တိုင် တွေ့ဆုံခွင့် ကား မရသေးချေ။

ကျွန်ုပ်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် တရားဝင်မှတ်ပုံတင် မကျသေး၍ ကျွန်ုပ်တို့၏အသင်းသို့ ထူးခြား
သော မိတ်ဆွေကြီး မလာရောက်ခြင်းတော့ မဖြစ်နိုင်။ ထူးခြားသော မိတ်ဆွေကြီးမှာ အလုပ်အလွန် များပြားလွန်း လှသောကြောင့်ပင် ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ဤစာကို ထူးခြားသော မိတ်ဆွေကြီး ဖတ်မိသည့် အချိန်၌ ကျွန်ုပ်ထံသို့ အလျင်အမြန် ရောက်ရှိလာမည်ဟု မျှော်လင့် မိပါသည်။


* ယင်း လွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် *

    ၂ဝဝ၉ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ ၂၉ ရက်နေ့ အထိ
 နှင်းဆီပန်း ပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။
ယနေ့တိုင် ညှိုးနွမ်း သွားသော
 နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။




(ယခုစာကို နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌဖြစ်သူရုပ်ရှင်သရုပ်ဆောင် ကျော်သူမှ ရေးသား
ပေးပို့ ခဲ့ခြင်း ဖြစ်သည်။)

http://www.mizzimaburmese.com/edop/songpa/8497-2011-10-17-11-55-23.html


ဇာဂနာကို တားမြစ်ထားမှုများ ရုပ်သိမ်းရန် PEN တောင်းဆို





သဲသဲ | တနင်္လာနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၅ မိနစ်

နယူးဒေလီ(မဇ္ဈိမ) ။        ။ ထောင်မှ လွတ်မြောက်လာသူ ဟာသပညာရှင်လည်းဖြစ် ကဗျာဆရာလည်း ဖြစ်သူ ဇာဂနာအပေါ် အစိုးရမှ တားမြစ် ပိတ်ပင်ထားမှုများအားလုံး ရုပ်သိမ်းပေးရန် နိုင်ငံတကာရှိ စာပေနှင့် သတင်းသမား များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားသည့် လန်ဒန်အခြေစိုက် PEN International က
တောင်းဆိုလိုက်သည်။

“ဇာဂနာ အပေါ် ချုပ်ချယ်မှုများသည် လူ့အခွင့်အရေး ပုဒ်မ ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်
ခြင်း ဖြစ်၍ တားမြစ်မှုများအားလုံး ရုပ်သိမ်းပေးရန် တောင်းဆိုသည်” ဟု လန်ဒန်အခြေစိုက် PEN International ၏ အောက်တိုဘာ ၁၂ ရက်နေ့စွဲပါ ထုတ်ပြန်ချက်က ဆိုသည်။

Zaganar3
ထောင်မှ လွတ်မြောက်လာပြီး ဖုန်းတလုံး ဖြင့်အလုပ်ရှုပ်နေသော ကိုဇာဂနာကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ဇာဂနာမှာ စစ်အစိုးရ လုပ်ရပ်များကို ထိထိမိမိ သရော်သည့် နိုင်ငံရေး ပြက်လုံးများကြောင့် အနုပညာ လှုပ်ရှားမှုများ ကို ထုတ်လွှင့်၊ ဖော်ပြခြင်း မပြုရန် ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် တရားဝင် စာထုတ်ကာ ပိတ်ပင်ခဲ့ သည်။ ယင်းအပြင် နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃၅
နှစ် ချခံခဲ့ရသည်။

မြစ်ကြီးနားထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုဇာဂနာက ပြည်တွင်းထုတ် ဂျာနယ်များတွင် မိမိ၏ ဓာတ်ပုံ အား ပြန်လည် ဖော်ပြလာသော်လည်း အနုပညာ ဆက်လုပ်ခွင့် ရ၊ မရနှင့် ပတ်သက်၍ မသိရသေးကြောင်း ပြောဆို သည်။

“ ကျနော့်ပုံကို ဘယ်ဂျာနယ် ဘယ်စာစောင်မှ မထည့်ရဘူး၊ အသံတောင် မသုံးရဘူးဆိုပြီး အမိန့် ထုတ်ထားတယ်။
ထောင်က ထွက်လာတဲ့ အခါကျတော့ ကျနော့်ပုံကို ဂျာနယ်တွေမှာ မျက်နှာဖုံးတွေနဲ့ ထွက်လာကော၊ အဲဒါတွေက ပြီးသွားလား၊ မပြီးသေးဘူးလားဆိုတာ ကျနော်မသိဘူး” ဟု ဇာဂနာက မဇ္ဈိမကို ပြောသည်။

ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် လုပ်ငန်းများတွင် နာမည်ကျော်သည့်  စွယ်စုံရ ဟာသပညာရှင် ဇာဂနာ (ခေါ်) ကိုသူရမှာ အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ရ၊ မရ မသိရသေးသော်လည်း လွတ်လာပြီး ရက်ပိုင်းအတွင်း စီးပွားရေး ကြော်ငြာများ ရိုက်ကူး၊ သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိနေသည်ဟု သိရသည်။

ဇာဂနာ အနေဖြင့် ရုပ်ရှင်၊ ဗီဒီယိုနှင့် စီးပွားရေး ကြော်ငြာများ ရိုက်ကူးပါက  ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်လွှင့်ခွင့်
ပေး၊မပေးကိုမူ မသိရသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပြောသည်။

“ အခုထိတော့ ခွင့်ပြုတယ် ဆိုတာမျိုး ဆက်သွယ် မလာသေးဘူး၊ ရုပ်ရှင် ဆင်ဆာအဖွဲ့ကို တင်တော့မှ ဇာတ်လမ်း စိစစ်ရေးက ပယ်မလား၊ ပိတ်မလား အဲဒါကိုပဲ ကြည့်ပြီးမှပဲ လုပ်ခွင့်ရ၊ မရ သိရမယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ တဦးက ဆိုသည်။

ပြန်ကြားဝန်ကြီးဌာနက ရုပ်ရှင်လောကရှိ အနုပညာရှင်များနှင့် ပတ်သက်သည့် အမိန့်ထုတ်ပြန်ချက်များကို ရုပ်ရှင် အစည်းအရုံးမှ တဆင့် ပေးပို့ အကြောင်းကြားလေ့ရှိရာ ဇာဂနာ၏ အနုပညာ အလုပ်များ ခွင့်ပြုရေးမှာ “ဝန်ကြီးပေါ် မူတည်တယ်၊ ပေါ်လစီကိုး” ဟု သူက ဆိုသည်။

မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့ကို  ပြန်ကြားရေး ဝန်ကြီးဌာနမှ အာဏာပိုင်များ ဦးစီးသည့် မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် ရုပ်ရှင် အစည်းအရုံးမှ တတ်သိ ပညာရှင်တို့ဖြင့်  ပါဝင် ဖွဲ့စည်းထားပြီး အစိုးရကို ထိခိုက်မည်ဟု ယူဆသည့် စကား လုံးများ (ဒိုင်ယာလော့ခ်)၊ ဇာတ်လမ်း ဇာတ်ကွက်များကို ဖြတ်တောက် ပြင်ဆင်ခိုင်းသလို ဇာတ်ကား ထုတ်ခွင့် မပြုခြင်း၊ အနုပညာရှင်များကို ဇာတ်ကား ရိုက်ခွင့်ပိတ်ပင်ခြင်းများဖြင့် အရေးယူလေ့ရှိသည်။

ဟာသ အနုပညာရှင် ဇာဂနာ အပါအဝင် ပိတ်ပင်ခံထားရသည့် အနုပညာရှင်များမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၊ လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော်၊ ဦးလူဇော်တို့လည်း ပါဝင်သည်။

“ဗိုလ်ချုပ်ကျော်ဆန်းတို့ ဘယ်လို ဆုံးဖြတ်မလဲ မသိသေးဘူး။ ကိုသူရကိုတော့ ထောင်ထဲ ထည့်ပြီးတော့ အပြစ်ပေး လိုက်တယ်။ ကျနော့်ကို ကျတော့ အပြင်လွှတ်ထားပြီး အနုပညာ လုပ်ခွင့်မပေးဘူး။” ဟု နာရေး ကူညီမှုများ လုပ်ကိုင်
နေသည့် ရုပ်ရှင်မင်းသား ကျော်သူက ပြောသည်။

ကျော်သူမှာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတွင် လမ်းလျှောက် ဆန္ဒပြသည့် သံဃာတော်များအား ဆွမ်းကပ်ရာတွင် ဇာဂနာနှင့်အတူ လှုပ်ရှားခဲ့သူ ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8499----pen-.html

စင်္ကာပူ မြန်မာသံရုံးမှာ ကိုယ်စားလှယ် စနစ် မထားသင့်


2011-10-17
စင်္ကာပူနိုင်ငံက မြန်မာ သံရုံးကို အခွန်ပေးဆောင်ရာမှာ ကြားခံဆောင်ရွက်ပေးသူ ကိုယ်စားလှယ် ထားတဲ့ စနစ် မရှိသင့်တော့ဘူးလို့ စင်္ကာပူရောက် မြန်မာ နိုင်ငံသားတွေက ပြောဆိုကြပါတယ်။


(Photo: AFP)

စင်ကာပူနိုင်ငံ လမ်းတခုပေါ်တွင် အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမားများ ဖြစ်ပါသည်။ (Photo: AFP)
မကြာခင်က မြန်မာသံရုံး နဲ့ အေးဂျင့် တစ်ဦးဟာ အခွန်ဆောင်ပေးရမယ့် ငွေတွေကို ယူပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း အာအက်အေ က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ငွေတွေ လိမ်လည်သွားသူ ကိုစံဦး ဆိုသူဟာ မြန်မာ နိုင်ငံသားတွေ ကိုယ်စား သံရုံးမှာ လစဉ်အခွန် ကိစ္စတွေကို ဆောင်ရွက်ပေးနေသူ ဖြစ်ပြီး အခွန်ငွေ စင်္ကာပူ ဒေါ်လာ တစ်သိန်းလောက် လိမ်လည် သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့  သံရုံးအကြား ကိုယ်စားလှယ် အေးဂျင့် ထားတဲ့ စနစ် မရှိသင့်တော့ဘူး ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း မြန်မာ နိုင်ငံသားတစ်ဦး က ပြောပါတယ်။ လိမ်လည်သွားခဲ့တဲ့ ငွေကြေး ပမာဏ ကတော့ ခန့်မှန်း ပြောဆိုတာသာ ဖြစ်ပြီး အတိအကျ သိဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ စင်္ကာပူမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ မြန်မာ သံရုံးမှာ ကိုယ်တိုင် သွားရောက် အခွန်ဆောင်မယ် ဆိုရင် အချိန်ကြန့်ကြာလွန်းပြီး၊ ရက်ချိန်းတွေ ပေးလွန်းတာကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာ၊ ဆက်ဆံရေး ညံ့ဖျင်းတဲ့ သံရုံးဝန်ထမ်းတွေနဲ့ မဆက်ဆံချင်တာ စတာတွေကြောင့် ကြားခံ ကိုယ်စားလှယ်တွေက တဆင့် လစဉ်အခွန် တွေ ပေးဆောင် နေကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား တစ်ဦးဟာ လစာငွေရဲ့ ၁၀% လောက်ကို မြန်မာသံရုံးမှာ အခွန် ပေးဆောင်ရတာ ဖြစ်ပါတယ်။ ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့် ပါမစ် အဆင့် အပေါ်မှာ မူတည်ပြီး အနိမ့်ဆုံး လစဉ် စင်္ကာပူဒေါ်လာ ၄၀ ၊ ၈၀ အစရှိသဖြင့် ပေးဆောင် ရသလို၊ ကြားခံ ဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ် ကိုလည်း ၀န်ဆောင်ခပေးရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံက မြန်မာ နိုင်ငံသားနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/singapore-embassy-10172011083720.html

နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ



(ဓာတ်ပုံ – sinpauk)
http://moemaka.com/2011/10/zargana-visits-power-54/

2011-10-17

ပြီးခဲ့တဲ့ ၅ ရက်ကမှ မြစ်ကြီးနား အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ဟာသပညာရှင် ဦးသူရ ခေါ် (ကို)ဇာဂနာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေအိမ်မှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။


နှစ်ရှည် ထောင်ဒဏ်ကျခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟာသပညာရှင် ဦးသူရ ခေါ် ဇာဂနာ တို့ ဖြစ်ပါသည်။

ဦးသူရကို ဒီကနေ့မနက်ပိုင်း နေအိမ်မှာလာရောက်ခေါ်ဆောင်သွားတာပါလို့ခယ်မဖြစ်သူမငြိမ်းကRFAကိုအတည်ပြု ပြောဆိုပါတယ်။

မနက်ပိုင်း ဆယ်နာရီ လေးဆယ့်ငါးမှာ ကိုသူရကို လာခေါ်သွားပြီး ဆယ့်နှစ်နာရီ တစ်နာရီလောက်မှပြန်ရောက်လာတဲ့အကြောင်း မငြိမ်းက RFA ကိုပြောပါတယ်။

အသေးစိတ်ကိုတော့ မငြိမ်းက ပြောဆိုခြင်း မရှိပါဘူး။ ဟာသပညာရှင် ဇာဂနာဟာ ထောင်ထဲမှာကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့တောင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားတွေကို
ကိုယ်တိုင် ထောင်ဝင်စာသွားတွေ့ဖို့ စီစဉ်ထားတဲ့အကြောင်း အကျဉ်းထောင်ကလွတ်လာပြီးနောက် RFA ပြောဆိုခဲ့ပါတယ်။ http://www.rfa.org/burmese/news/zarganar-assk-10172011120656.html