Tuesday, October 18, 2011

မစုစုနွေးပြောပြတဲ့ ထောင်တွင်းအတွေ့အကြုံ





၄၉ ကိုမင်းကိုနိုင်မွေးနေ့ဒေါ်စု၏ အမှတ်တရစာသား



Min Kyaw Khine(face book)

Political Commentary on Dialogue and National Reconciliation by NDD


http://www.ziddu.com/download/16901892/BurmaPoliticalCommentary2-2011.pdf.html


Burma Political Commentary (2-2011)

ခေါင်းမာသူတွေကို ဆွဲကိုင်လှုပ်ရမ်းဖို့ ဆိုတာ

by Maung Maung Wann (face book )on Tuesday, October 18, 2011 at 7:25pm


(အောင်မိုးဝင်း)

အာရပ်နွေဦးလှုပ်ရှားမှုဟာ တကမ္ဘာလုံးမှာရှိတဲ့ လွတ်မြောက်ရေးလှုပ်ရှားသူတွေကို တက်ကြွစေခဲ့တယ်။ ဒါပေမဲ့ အာရပ်ပြည်သူတွေအလိုရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်တခုကို မတည်ဆောက်နိုင်ခဲ့ပါဘူး။ ပြည်တွင်းစစ်တွေအရှိန်မြင့်လာခဲ့သလို၊ အင်အားကြီးနိုင်ငံတွေရဲ့ မရိုးသားမှု၊ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအုပ်စုတွေရဲ့ ပါဝါအားပြိုင်တွေအောက်မှာ ယိမ်းထိုးခါလှိုက်နေဆဲ ဖြစ်တယ်။ ပြည်သူလူထုဟာ သောကမီးတွေကြားမှာ မျက်ရည်ဝဲ၊ ဆာလောင်မွတ်သိတ်နေတဲ့ အဖြစ်အပျက်တွေနဲ့ကြုံတွေ့နေသရွေ့၊ အုပ်စိုးသူလူတန်းစား ရဲ့ ဂုဏ်သိက္ခာ ဆိုတာလည်း ကျိန်စာနဲ့ ရွေ့လျားနေတဲ့ အောက်ဆုံးဘုံမှာ ကျင်လည်နေရမှာ အမှန်ပါ။ ကိုမင်းကိုနိုင် ရဲ့ မွေးနေ့မှာ သူအပါအဝင် ကျနော်တို့နိုင်ငံမှ ငြိမ်းချမ်းရေးသင်္ကေတတွေ အားလုံးကို ဂုဏ်ပြု နှုတ်ဆက်လိုက်ပါရစေ။

လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း ( အောက်တိုဘာ ၁၈) မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။

“ကျမတို့ဟာ ပြဿနာရဲ့တစိတ်တပိုင်းဖြစ်တယ် ဆိုတဲ့ တွေးတော ခံစားမှုတွေကို ရပ်ပစ်ရမယ်။ ကျမတို့ဟာ လူ့အဖွဲ့အစည်းရဲ့အဖြေတခုဖြစ်ရမယ်။ အခုချိန်ဟာ ကျမတို့အားလုံး နိုးထရပ်တည်ကြရမဲ့အချိန်ဖြစ်တယ်။ တစုံတယောက် ရဲ့ခွင့်ပြုချက်၊ အသိအမှတ်ပြုမှုတွေကို စောင့်နေစရာမလိုဘူး။ ဒါဟာ ယီမင်လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်မှုဖြစ်တယ်။ ကြီးမြတ်တဲ့ ယီမင် နိုင်ငံကို ပြန်လည်တွန်းတင်ခြင်းဖြစ်တယ်”

သောတရှင်များခင်ဗျာ

တာဝါကယ် ကာမင်း ဆိုတာ ယီမင်နိုင်ငံက အမျိုးသမီးသတင်းထောက်တယောက်ဖြစ်ပြီး လူ့အခွင့်အရေးတိုက်ပွဲတွေကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ သူမရဲ့ အကြမ်းမဖက်လှုပ်ရှားမှု တွေကြောင့် ၂၀၁၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို လိုက်ဘီးရီးယား အမျိုးသမီးနှစ်ယောက်နဲ့ ပူးတွဲဆွတ်ခူးခဲ့ပါတယ်။ သူမကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ကြောင်းကြေငြာတဲ့ နေ့ကဆိုရင် သူမနေထိုင်ရာ အဆောက်အဦအပြင်ဘက်မှာ လူတွေစုဝေးအော်ဟစ် အောင်ပွဲခံခဲ့ကြပါတယ်။ အာရပ်ကမ္ဘာရဲ့ အမျိုးသမီး တယောက်အတွက်တော့ အခုလိုဆုမျိုး ခြီးမြှင့်ခံလိုက်ရတယ် ဆိုတာ မမက်ရဲခဲ့တဲ့ အိပ်မက်တခုလိုမျိုးဖြစ်နေခဲ့ပါတယ်။ သူမကတော့ နိုဘယ်ငြိမ်းချမ်းရေးဆုဟာ ယီမင်လူငယ်တွေနဲ့အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ခြီးမြင့်တာဖြစ်တယ် ဆိုပြီး သူမရခဲ့တဲ့ ဆုကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။ တကယ်တော့ ယီမင်နိုင်ငံ အပါအဝင် အာရပ်ကမ္ဘာရဲ့ ပြည်သူတွေဟာ သူတို့လိုချင်တဲ့ ဒီမိုကရေစီအသီးအပွင့်ကို မခံစားရသေးဘူးဆိုတဲ့အချက်ကို တိတိကျကျ သဘောပေါက်နေခဲ့ပါတယ်။

“ လွန်ခဲ့တဲ့ (၅) လကျော်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် ယီမင်နိုင်ငံတခုလုံးရဲ့လမ်းမတွေပေါ်မှာ ထောင်သောင်းချီနေတဲ့ ပြည်သူတွေဟာ အဘဒူလာဆာလက် အစိုးရကို ဖြုတ်ချဖို့ကြိုးစားခဲ့ကြတယ်။ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျမတို့တတွေဟာ မော်တာ၊အမြောက်နဲ့သေနတ် ကျည်ဆံတွေရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ တကယ့်ကိ သမိုင်းဝင်တဲ့လှုပ်ရှားမှုတခုကို ရောက်ရှိခဲ့ကြတယ်။ ကျမတို့တတွေ ဟာ ကျဆုံးပျက်စီးခြစားနေတဲ့ အစိုးရတရပ်ကို ဖယ်ရှားပြီး ခေတ်မှီတဲ့ဒီမိုကရက်တစ် နိုင်ငံတခုကိုတည်ဆောက်ချင်ခဲ့တယ်။ ဆာလက်အစိုးရ နှုတ်ထွက်ကြောင်းကြေငြာခဲ့တဲ့အချက်ကို အသိအမှတ်ပြုပေမဲ့ ကျမတို့ ဆန္ဒတွေ က မပြည့်ဝခဲ့သေးပါဘူး”

ဂျွန်လ (၄) ရက်နေ့မှာ ဆာလက်အစိုးရနှုတ်ထွက်သွားအပြီးမှာတော့ ယီမင်နိုင်ငံဟာ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသူ မရှိတော့သယောင်ယောင်ထင်ခဲ့ရပါတယ်။ ဆာလက်ရဲ့ပါလီမန်တခုလုံးရပ်ဆိုင်းခဲ့ပေမဲ့ ပြည်သူတွေ ထောက်ခံတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်မှာလည်း အသွင်ကူးပြောင်းရေးကာလမှာ ပြောရေးဆိုခွင့်မရှိခဲ့ပါဘူး။ အဘဒူလာ ဆာလက်အပါအဝင် အစိုးရဟောင်းရဲ့လူတွေကသာ နောက်ကွယ်ကနေ အာဏာကို ချုပ်ကိုင်ထားခဲ့ပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်တွေ အားလုံးကလည်း ပထဝီဝင်နိုင်ငံရေးနဲ့ ပြည်တွင်းပြဿနာတွေပေါ်မှာ အခြေခံပြီးပေါ်ပေါက်နေတဲ့အရာတွေပဲဖြစ်ပါတယ်။

“ အင်အားကြီးနိုင်ငံတချို့ဟာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီထွန်းကားရေးတောင်းဆိုမှု အသံတွေထက် အဘူလာဆာလက်အတွက် အဆင်ပြေစေမဲ့အခြေအနေတခုကိုပဲ စိတ်ဝင်စားနေပုံရတယ်။ ဒါကလည်း အဆန်းတော့ မဟုတ်ဘူး။ ၂၀၀၀ခုနှစ်မှာ ဘင်လာဒင်ရဲ့ အော်ကိုင်းဒါးအကြမ်းဖက်သမားတွေဟာ ယီမင်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့ အမေရိကန်ရေတပ်ကို တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားရာချီသေဆုံးခဲ့တယ်။ အကြမ်းဖက်သမားများနဲ့စစ်ပွဲ ခေါင်းစဉ်အောက်မှာ ယီမင်နိုင်ငံရဲ့ အာဏာရှင် ဆာလက်ဟာ အကျိုးအမြတ်ရရှိခဲ့တယ်။ အမေရိကန်ဒေါ်လာသန်းပေါင်း ထောင်ချီရခဲ့ပြီး၊ စစ်လက်နက်ပစ္စည်း၊ လေ့ကျင့်သင်ကြားမှုတွေပါ ရခဲ့တယ်။ အမေရိကန်တွေနဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ဆာလက်နှုတ်ထွက်သွားတဲ့အခါ သူ့နေရာမှာ အစားထိုးမဲ့ စစ်ခေါင်းဆောင်တွေဟာ အစ္စလာမ်ဘာသာရေးအစွန်းရောက်ဝါဒတွေနဲ့ နီးစပ်နေမှာကိုလည်း စိုးရိမ်နေပုံရတယ်။”

တကယ်တော့ စိုးရိမ်မှုတွေက အမေရိကန်နိုင်ငံတဦးတည်းမဟုတ်ပါဘူး။ အိမ်နီးချင်းတိုင်းပြည် တခုဖြစ်တဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံလည်း ပါဝင်ပါတယ်။ ဆော်ဒီဘုရင်ကလည်း ယီမင်နိုင်ငံကို ဆက်ခံမဲ့စစ်ခေါင်းဆောင်ဟာ သူ့ကိုထောက်ခံနီးစပ်မဲ့ သူတဦးဖြစ်ဖို့လိုတယ်။ ဒါကြောင့် သူနဲ့ မျိုးနွယ်တူအုပ်စုတွေကို ငွေအားလက်နက်အင်အားထောက်ပံ့အားပေးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ မစတင်ခင်၊ ဆာလက်အစိုးရနဲ့ သူပုန်အုပ်စုတွေအပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ ဆာလက်နေထိုင်ရာနန်းတော်ဆီကို ဗုံကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆာလက်တယောက် အသက်ဘေးက လွတ်ခဲ့ရပါတယ်။ ဒါတွေအားလုံးကို ထောက်ပြပြီး ဆာလက်အစိုးရက အော်ကိုင်းဒါးနဲ့ အစွန်းရောက်ဝါဒီတွေရဲ့ အန္တရာယ်ကို လက်ညှိုးထိုးပြလေ့ရှိပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကာမင်း ကတော့ နယူးယောက်တိုင်းသတင်းစာဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗီးယားကို ဝေဖန်ထောက်ပြခဲ့ပါတယ်။ “ ကျမတို့ရဲ့ လူငယ်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုရဲ့ ယဉ်ကျေးမှု့ကို ဘယ်လိုအလေးအမြတ်ထားတယ် ဆိုတာကို သိဖို့လိုတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြစ်မဲ့ပြည်သူတွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်နေတဲ့အကြမ်းဖက်အစိုးရကို ထောက်ပံ့မှုတွေ ရပ်ဆိုင်းကြရလိမ့်မယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုဟာ အစ္စလာမ် ပုံစံ တော်လှန်ရေး ဆိုတဲ့ကောက်ချက်ချမှုကို အလုပ်မခံနိုင်ဘူး၊ ကျမတို့ လှုပ်ရှားမှု အောင်မြင်သွားရင် အမေရိကန်တွေရဲ့ လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်မှာ မဟုတ်ဘူးလို့ သတိပေးပြောကြားလေ့ရှိပါတယ်။ နှစ် (၅၀) နီးပါး ယီမင်နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးသမားတွေကို ငွေနဲ့ဝယ်ယူပြီး ဆော်ဒီဘုရင်အလိုကျ သိမ်းသွင်းမှုလုပ်၊ ယီမင်နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေတာကို ရပ်ဆိုင်းဖို့အတွက်လည်း ပန်ကြားခဲ့ပါတယ်။

ကာမင်းက “ ကျမတို့ပါတီဟာ လူငယ်တွေ လိုအပ်ပါတယ်။ အဲ့သလိုပဲ လူငယ်တွေမှာလည်း နိုင်ငံရေးပါတီဆိုတာရှိဖို့လိုပါတယ်။ အဖွဲ့အစည်းတရပ်ရဲ့စွမ်းအား၊ လည်ပတ်မှုအကြောင်းကို ပိုပြီးသိအောင်လို့ပါ” လို့ပြောလေ့ရှိသလို၊ အမျိုးသမီးငယ်တွေ ထိမ်းမြားလက်ထပ်သင့်တဲ့ အသက်ကန့်သတ်ချက်တွေကို ထားရမယ် လို့ ဆော်သြလေ့ရှိပါတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ချယ်ချင်တဲ့ အစွန်းရောက်ဘာသာရေး ခေါင်းဆောင်တွေကလည်း ကာမင်း ဟာ အမျိုးသမီးတွေကို သူတို့အိမ်တွေကနေ ဆွဲထုတ်ဖို့ကြိုးစားတယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်ဘူး ဆိုပြီး မသိနားမလည်တဲ့ သူတွေကို သွေးထိုးမြှောက်ပင့်ပေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း ကာမင်းကို ဓါးနဲ့ထိုးလုပ်ကြံတဲ့သူတွေပေါ်ပေါက်ခဲ့ဘူးပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကာမင်းကတော့ ယီမင်နိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ လူမှုတော်လှန်ရေးအိပ်မက်တွေထဲမှာ စွဲစွဲမြဲမြဲလျှောက်လှမ်းနေဆဲပါ။

သောတရှင်များခင်ဗျား

ပထဝီဝင်နိုင်ငံရေးအခွင့်မသာမှု နဲ့ အစွန်းရောက်သူတွေရဲ့စွပ်စွဲမှု အခြေအနေတွေအောက်မှာ လျှောက်လှမ်းနေရတဲ့ ယီမင်နိုင်ငံကိုလေ့လာကြည့်ရင်းသင်ခန်းစာယူစေချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ မရိုးသားမှု၊ ပြည်တွင်းစစ် အခင်းအကျင်းနဲ့၊ အာဏာရှင်ဟောင်းတွေရဲ့ ကြိုးကိုင်မှုတွေဆိုတာ ကျနော်တို့နိုင်ငံမှာလည်း ရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။ အစီအစဉ်မရှိကြွေးကြော်သံတွေနဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေအပေါ် တိုက်ခိုက်ထိုးနှက်နေမှုတွေကို ရှောင်ကျဉ်ဖို့လိုပါလိမ့်မယ်။ မိမိရဲ့အင်အားကို သဘောထားကြီးကြီးဖြန့်ကျက်ပြီး ခေါင်းမာသူတွေကို ဆွဲကိုင်လှုပ်ရမ်းနိုင်ကြပါစေ။

၁၈.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.ziddu.com/download/16901820/18Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16901821/18Oct2011Yeyintngesdiary.pdf.html


18 Oct 2011 Yeyintnge's Diary

Min Ko Naing 49 Birthday ဒေါ်စုပြောကြားချက်



ပါတီမှတ်ပုံတင်​ရေး​ကိစ္စ ပြန်လည်ဆန်း​စစ်မည်ဟု စီအာပီပီ​ပြောကြား


Published on October 18, 2011 by ​အေး​နိုင်   ·   No Comments
သမ္မတဦး ​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံပွဲက​နေ မြင်​တွေ့​ရတဲ့​ နိုင်ငံ​ရေး​ အလှည့်​အ​ကွေ့​ကို ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) က အ​လေး​ထား​အကဲခတ်​နေသလို စီအာပီပီအဖွဲ့​ဝင်ပါတီ​တွေ မှတ်ပုံတင်​ရေး​ကိစ္စကို ပြန်လည်ဆန်း​စစ်​နေတယ်လို့​ ​ကော်မတီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ပြည်သူ့​လွှတ်​ တော်ကိုယ်စား​ပြု ​ကော်မတီကို ၁၉၉၀ ပြည့်​နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ အနိုင်ရတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ စုဖွဲ့​ထား​တာဖြစ်ပါတယ်။
စစ်အစိုး​ ရလက်ထက် ၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင်က အန်အယ်လ်ဒီအပါအဝင် စီအာပီပီအဖွဲ့​ဝင်ပါတီ​တွေကို ပါတီမှတ်ပုံမတင်သဖြင့်​ ပျက်ပြယ်တယ်လို့​ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က ​ကြေညာခဲ့​တာ​ကြောင့်​ ဒီ​ကြေညာချက်အ​ပေါ် ပါတီ​တွေက တရား​ဝင်ရပ်တည်ခွင့်​ရှိတယ်လို့​ ကိုင်စွဲပြီး​ တရား​ရင်ဆိုင်ကြပါတယ်။
စီအာပီပီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်ကို ​မေး​မြန်း​ထား​ပါတယ်။
တိုင်း ​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေကလည်း​ ​လေး​စား​တယ်၊​ အသိအမှတ်ပြုတယ်လို့​ ထုတ်​ပြောထား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ အကျယ်ချုပ်ဘဝက လွတ်​နေတယ်။ ဦး​ဝင်း​တင်၊​ ဦး​တင်ဦး​၊​ အန်ကယ်တို့​လည်း​ အပြင်မှာ ရှိ​နေတယ်။ ဖျက်သိမ်း​ခံရတဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေ ရှိတယ်ဆို​ပေမယ့်​လည်း​ အသစ်​ပေါ်ထွန်း​လာတဲ့​ ပါတီ​တွေလည်း​ ရှိ​နေကြပြီဆို​တော့​ သမ္မတကလည်း​ ငြိမ်း​ချမ်း​ရေး​အတွက် လွှတ်​တော်က​နေ သဝဏ်လွှာ​တွေ ပို့​တာ​တွေ့​တယ်ဆို​တော့​ ဒီလိုမျိုး​ ဆုံချက်တခုကို စီအာပီပီအ​နေနဲ့​ အမိအရ စွဲကိုင်ပြီး​တော့​ သုံး​ပွင့်​ဆိုင်ဖြစ်​အောင် အန်ကယ်တို့​အ​နေနဲ့​ ဘယ်လိုမျိုး​ မဟာဗျူဟာအရ ချမှတ်​ဆောင်ရွက်​နေပါသလဲ။



ဦးအေးသာ အောင်

“ကျ​နော်တို့​ က စီစဉ်တာက တ​နေရာမှာ အား​လုံး​ဆုံ​တွေ့​ပြီး​တော့​ ညီလာခံတခု ကျင်း​ပတာမျိုး​ မလုပ်နိုင်သည့်​တိုင်​အောင် ကျ​နော်တို့​ ဖိတ်​ခေါ်တာက အင်တာနက်ကပဲ ဖြစ်ဖြစ်၊​ စာတမ်း​တွေပို့​တာပဲဖြစ်ဖြစ်၊​ နည်း​မျိုး​စုံနဲ့​ တိုင်း​ရင်း​သား​ကိစ္စ အ​ရေး​အရာ​တွေကို ​ဆွေး​နွေး​ပြီး​တော့​ ကျယ်ကျယ်ပြန့်​ပြန့်​ တင်ပြတဲ့​စာတမ်း​တွေ၊​ ​ပြောဆိုချက်​တွေကို ရလာတဲ့​အချိန်မှာ စစ်​ဆေး​ပြီး​တော့​ ကျ​နော်တို့​ ကျင်း​ပလိုတဲ့​ဆန္ဒ​တွေရှိတယ်။ ဒါ​ပေမယ့်​ စာတမ်း​တွေ လုံလုံ​လောက်​လောက် မတက်လာတာရှိသလို လတ်တ​လောမှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲက​နေပြီး​တော့​ နိုင်ငံ​ရေး​ အလှည့်​အ​ကွေ့​တခုကို ကျ​နော်တို့​မြင်​နေရတယ်။ အဲဒီအလှည့်​အ​ကွေ့​မှာ ​ရှေ့​ဆက်မယ့်​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ရဲ့​ လုပ်ငန်း​စဉ်​တွေ ဘယ်လိုများ​ ​ပေါ်လာမလဲ။ တိုင်း​ရင်း​သား​အား​လုံး​ ပါဝင်မယ့်​ နိုင်ငံ​ရေး​ဆုံချက်တခု ရနိုင်မလား​။ ဒါ​တွေကိုလည်း​ ကျ​နော်တို့​က ​လေ့​လာ​နေပါတယ်။ အထူး​သဖြင့်​ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ရဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို စီအာပီပီအ​နေနဲ့​ အ​ကောင်း​မြင်ပါတယ်။ လိုလိုလား​လား​လည်း​ ရှိပါတယ်။ တချို့​အချက်အလက်​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်ကတဆင့်​ သိရတာလည်း​ရှိပါတယ်။ ဒီအ​ပေါ်မှာ ကျ​နော်တို့​က နိုင်ငံ​ရေး​ အ​ကွေ့​အလှည့်​တခု​ပေါ့​။ ​ကောင်း​မွန်တဲ့​၊​ မှန်ကန်တဲ့​ အ​ကွေ့​အလှည့်​ဖြစ်ဖို့​ ​မျှော်လင့်​တယ်။ ဒါနဲ့​အတူ တိုင်း​ရင်း​သား​များ​ရဲ့​ပင်လုံအ​ခြေခံအပါအဝင် တိုင်း​ရင်း​သား​ ပြဿနာများ​ဟာလည်း​ ဒီအ​ကွေ့​အလှည့်​မှာ တပါတည်း​ပါဖို့​အတွက် အာရုံစိုက်တယ်။ ဒီအတွက်လည်း​ ထပ်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​၊​ အကျဉ်း​သား​များ​ ​နောက်ထပ်လွှတ်​ပေး​ဖို့​၊​ အ​ခြေအ​နေ အရပ်ရပ်​တွေကလည်း​ နည်း​နည်း​ အချိန်ယူရမယ့်​ အ​နေအထား​မျိုး​မှာ ရှိပါတယ်။”
ရွေး ​ကောက်ပွဲ ကျင်း​ပ​ရေး​ ​ကော်မရှင်က​နေ ဖျက်သိမ်း​တယ်ဆိုပြီး​ ​ကြေညာတဲ့​ အန်အယ်ဒီအပါအဝင် တိုင်း​ရင်း​သား​ပါတီ​တွေ ၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲ အနိုင်ရတဲ့​ ပါတီ​တွေအ​နေနဲ့​ အခုအချိန်မှာ ပါတီ​တွေမှတ်ပုံတင်ဆိုရင်လည်း​ တင်လိုက်။ ​ရွေး​ကောက်ပွဲဝင်ဆိုလည်း​ ဝင်လိုက်။ အဲဒီနည်း​လမ်း​ဟာ နိုင်ငံ​ရေး​ လုပ်ဖို့​အတွက် အသင့်​တော်ဆုံး​အ​ခြေအ​နေမျိုး​ဆိုပြီး​ အကယ်၍သာ ဒါမလုပ်ရင် ဘာလုပ်မလဲဆိုပြီး​ အသံကအခုတ​လော ပြန်ကျယ်လာတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ စီအာပီပီ အဖွဲ့​ဝင်​တွေထဲက မှတ်ပုံတင်​ရေး​၊​ ​ရွေး​ကောက်ပွဲဝင်​ရေး​နဲ့​ ပတ်သက်လို့​ ဘယ်လိုမျိုး​ အန်ကယ်တို့​ စဉ်း​စား​ပါသလဲ။

“ကျ​နော်တို့​ လည်း​ စဉ်း​စား​ပါတယ်။ အဓိက​တော့​ ကျ​နော်တို့​တိုင်း​ပြည်က ဆင်း​ရဲတွင်း​နက်တဲ့​တိုင်း​ပြည်။ ဒီဆင်း​ရဲတွင်း​က ရုန်း​ထွက်နိုင်ဖို့​။ ကျ​နော်တို့​က လူ့​အခွင့်​အ​ရေး​တွေ၊​ ဒီမိုက​ရေစီ အခွင့်​အ​ရေး​တွေ လက်နက်ကိုင် ပဋိပက္ခ​တွေကို ချုပ်ငြိမ်း​ပြီး​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောက်ဖို့​၊​ ပြီး​တော့​ တိုင်း​ပြည်ဖွံ့​ဖြိုး​တိုး​တက်ဖို့​၊​ ​နောက်ဆုံး​ဖက်ဒရယ်ပြည်​ထောင်စု တည်​ဆောက်ဖို့​အထိ​ပေါ့​။ အဲ​တော့​ ဒီလုပ်ငန်း​စဉ်​တွေ အ​ပေါ်မှာ ကျ​နော်တို့​က အာရုံစိုက်ပြီး​တော့​ အကျိုး​ရှိမယ်ဆိုရင် ကျ​နော်တို့​က ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုအဖွဲ့​အစည်း​နဲ့​မဆို ဘယ်လိုပုံသဏ္ဌာန်နဲ့​မဆို လက်တွဲ​ဆောင်ရွက်ဖို့​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ရှိပါတယ်။ တချို့​လည်း​ လာ​ဆွေး​နွေး​ကြပါတယ်။ အဲ​တော့​ ​စော​စောက ​ပြောသလို နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်လာဖို့​အ​နေအထား​တွေ၊​ ပြီး​တော့​ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ရဲ့​ ​ဆွေး​နွေး​ချက်​တွေ အ​ပေါ်မှာ ဖြစ်ထွန်း​မှု အ​နေအထား​တွေ​ပေါ် မူတည်ပြီး​တော့​ ကျ​နော်တို့​က ဆက်လက် ​ဆွေး​နွေး​ညှိနှိုင်း​ပြီး​တော့​ လုပ်သင့်​လုပ်ထိုက်တဲ့​ လုပ်ရမယ့်​အလုပ်​တွေကို တိုင်း​ပြည်အကျိုး​၊​ ပြည်သူ​တွေအကျိုး​အတွက် လုပ်သွား​မှာဖြစ်ပါတယ်။”
ဒေါ် ​အောင်ဆန်း​စုကြည်နဲ့​ ဦး​အောင်ကြည်တွေ့​တယ်။ သမ္မတကြီး​က​တောင် ​တွေ့​တယ်ဆို​တော့​ အခု အန်ကယ်တို့​တွေ့​တာတပိုင်း​ ထား​ပြီး​တော့​ အကယ်၍ စစ်​မြေပြင်​တွေမှာ ကချင်၊​ ရခိုင်၊​ ကရင်၊​ မွန်၊​ ရှမ်း​ စသဖြင့်​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​တွေ ​ထောင်​သောင်း​ပေါင်း​များ​စွာ ဒုက္ခခံ​နေရတဲ့​ဘဝက လွတ်​အောင် စစ်ပွဲ​တွေ ချက်ချင်း​ရပ်​အောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​အား​၊​ စီအာပီပီရဲ့​ အား​နဲ့​ အစိုး​ရကို နား​ချလို့​မရနိုင်ဘူး​လား​။ သူတို့​တော်​တော် ဒုက္ခ​ရောက်​နေတယ်လို့​ ​ပြောကြပါတယ်။

“အဓိက တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်​နေတဲ့​စစ်ပွဲ​တွေက ရှည်လျား​သလို တိုင်း​ရင်း​သား​ပြည်သူ​တွေရဲ့​ ​နေ့​တိုင်း​လိုလို ခံစား​နေရတဲ့​ဒုက္ခ​တွေကိုလည်း​ ကြား​လည်း​ကြား​တယ်။ သိလည်း​သိတယ်။ ခံလည်း​ခံစား​ရတယ်။ ကျ​နော်တို့​ဖြစ်​စေချင်တာက ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံ​တော်အစိုး​ရအ​နေနဲ့​ တတိုင်း​ပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲပြီး​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောက်ဖို့​ ကျ​နော်တို့​ တိုက်တွန်း​လိုတယ်။ စီအာပီပီ အ​နေနဲ့​ပဲဖြစ်ဖြစ်၊​ တိုင်း​ရင်း​သား​ပါတီ ​ခေါင်း​ဆောင်တ​ယောက်အ​နေနဲ့​ပဲဖြစ်ဖြစ်၊​ တိုင်း​ရင်း​သား​တ​ယောက် အ​နေနဲ့​ပဲဖြစ်ဖြစ် ကျ​နော်တို့​ပြောချင်တာက​တော့​ တကယ့်​တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်နိုင်ဖို့​ဆိုရင် ချက်ချင်း​ပဲ တတိုင်း​ပြည်လုံး​အတိုင်း​အတာနဲ့​ ပြည်တွင်း​စစ်ရပ်စဲဖို့​အတွက် အပစ်အခတ်ကို တတိုင်း​ပြည်လုံး​အတိုင်း​အတာနဲ့​ ရပ်စဲပါ။ ပြီး​တော့​ ဆက်လက်ပြီး​တော့​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖို့​တိုက်တွန်း​လိုပါတယ်။”

http://burmese.dvb.no/archives/16639

ကိုဇာဂနာပြောတဲ့ Min Ko Naing 49 Birthday





၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် မွေးနေ့


Burma VJ တင်ဆက်တဲ့ Min Ko Naing 49 Birthday





Min Ko Naing 49 Birthday ဒေါ်စုပြောကြားချက်





ကိုဇာဂနာပြောတဲ့ Min Ko Naing 49 Birthday


https://picasaweb.google.com/104599519102251045718/MinKoNaing49Birthday



VOA



“ကျင့်တဲ့တရားပဲ အရေးကြီးတယ်” ဟု မင်းကိုနိုင် မွေးနေ့ အမှာစကားပြော
ဇွဲခန့် | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်

နယူးဒေလီ (မဇ္စျိမ) ။ ။ “လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။

အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့ ထောင်တွင်းမှ အမှာစကားပေးပို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူက အမှတ်တရနေနဲ့ ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက အရေးမကြီးဘူး
ပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို ပြောသည်။
mkmbir14

အကျဉ်းကျနေသည့် မွေးနေ့ရှင် ကိုယ်စား ကိုမင်းကိုနိုင်၏ မိသားစုဝင်များက မွေးနေ့ ဆုတောင်း ရွတ်ဆိုနေသည်ကို သမိုင်းမြို့မကျောင်းတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ကိုမင်းကိုနိုင်မှာ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ယင်းနှစ် သြဂုတ်လ
၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု ခံထားရသူတဦး ဖြစ်သည်။

နံနက် ၈ နာရီမှစတင်ခဲ့သည့် မွေးနေ့ပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် မကြာမီက ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း တက်ရောက်ခဲ့သည်။ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် သံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ
ဝင် ပါတီများ၊ မျိုးဆက်သစ်လူငယ်များ စုစုပေါင်း လူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။

“အမြဲတမ်း ဒီလိုမျိုး မွေးနေ့ရှင် မပါဘဲနဲ့ ကျင်းပနေရတဲ့ မွေးနေ့ပေါင်းများစွာ အတွက်တော့ ကျမတို့စိတ်ထဲမှာ ခံစားမှု ကတော့ ပြောမပြတတ်အောင် ဖြစ်နေရတာပေါ့ရှင်။ လာမယ့်နှစ်မှာတော့ သူနဲ့အတူတူ ကျင်းပချင်တာပေါ့နော်။ ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်းတော့ မျှော်ကြတာပေါ့။ မရှိတော့လဲ မရှိသလို ကျင်းပနေရတာပါပဲရှင်” ဟု မမီမီလွင်က ဆိုသည်။

“ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်” ဟုလည်း ကိုမင်းကိုနိုင်က မွေးနေ့စကားလက်ဆောင် ပါးလိုက်သေးကြောင်း သိရသည်။

ကိုမင်းကိုနိုင်မှာ ၁၉၈၈ လူထု အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ - ဗကသ ဥက္ကဋ္ဌ အဖြစ်
ရွေးချယ်ခံရကာ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခံရကာ ၂၀၀၄ ခုနှစ်တွင်ပြန် လည် လွတ်မြောက် လာခဲ့သည်။

ယင်းနောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ ထိန်းသိမ်းခံရကာ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုကြောင့် ထပ်မံ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးပျံပူပေါင်းနှင့် ချိုးငှက်များလွှတ်ကာ အကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက် ဆုတောင်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စွယ်စုံအနုပညာရှင် ကိုဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသူ မဖြိုးဖြိုးအောင်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြုကြောင်းနှင့် “အဂတိ
လေးပါးကနေ ကင်းလွတ်ပြီးတော့မှ လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်”ဟု ပြောဆိုခဲ့ကြောင်း မွေးနေ့ပွဲ
ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူက ပြောသည်။

ယင်းအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုများက မကြာခင်က လွတ်မြောက်လာပြီး
မွေးနေ့ပွဲ တက်ရောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကိုလည်း တယောက်လျှင် ၅,ဝဝဝ နှုန်း ဖြင့် ကူညီ
ပေးခဲ့သည်။ ပွဲတွင် မွေးနေ့ဂုဏ်ပြု တေးသီချင်းသီဆိုခြင်းနှင့် ကဗျာရွတ်ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။

“အကျဉ်းထောင်တွေကို စာကြည့်တိုက် သဘောမျိုး လုပ်ဖို့ အတွက်ပေါ့နော်။ စာအုပ်တိုက် ၄၂ တိုက်ကနေပြီးတော့မှ လှူဒါန်းထားတဲ့ စာအုပ်တွေကို ထောင် ၄၂ ထောင်ကို ခွဲပြီးတော့မှ လှူဒါန်းပေးတဲ့ အစီအစဉ်လဲ ပါတယ်” ဟု ကိုမြတ်သူက ပြောသည်။ ယင်းစာအုပ်များမှာ တန်ဖိုးအားဖြင့် ၂၇ သိန်းကျော်ဖိုး ရှိသည်။

မွေးနေ့ပွဲတွင် ကိုမင်းကိုနိုင် ပုံတူ ပန်းချီကား ၂၀ ကျော်ကိုလည်း ပြသခဲ့ပြီး ပွဲပြီးချိန်တွင် ပွဲတက်ရောက်သူများ ယူဆောင်သွားမှုကြောင့် သုံးချပ်သာ ပြန်ရလိုက်သည်ဟု သိရသည်။

“အပြန်မှာ အဲဒီပန်ချီကား သုံးချပ်ပဲ ပြန်ရတော့တယ်။ ယူသွားကြတဲ့သူတွေက ကိုမင်းကိုနိုင်ကို ချစ်လို့ပါ ဆိုပြီးတော့
တောင်းယူသွားကြတာ။ ကျနော့်ကိုတော့ မဟုတ်ဘူး။ နီးစပ်ရာ တောင်းယူသွားကြတာပေါ့။ ကျနော် အတော်နှမြော တယ်ဗျာ” ဟု ပန်းချီဆွဲထားသူ ကိုမျိုးရန်နောင်သိန်းက ပြန်ပြောပြသည်။

၂ဝဝ၇ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗကသများ အဖွဲ့ချုပ်မှလည်း မွေးနေ့ပွဲသို့ မွေးနေ့သဝဏ်လွှာ ပေးပို့ခဲ့ကာ “ယနေ့အချိန်ထိ ရှင်သန်လှုပ်ရှားနေသော ဗကသများ အဖွဲ့ချုပ်၏ သမိုင်းတခေတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည့် ကိုမင်းကိုနိုင်အား မိမိတို့ ကျောင်းသူ၊ ကျောင်းသားများက လေးလေးနက်နက် ဂုဏ်ပြု ဦးညွတ်ပါသည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။

အလားတူ မွေးနေ့ အထိမ်းအမှတ်ပွဲများကို ရန်ကုန်တွင် သာမက ကချင်နှင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ချောက်နှင့် ရေနံချောင်းမြို့နယ် တို့တွင်လည်း NLD ကွန်ယက် အဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“ကျနော်တို့ ကြားတဲ့ သတင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုက သုံးကြိမ် ရှိမယ်ပေါ့။ ပထမဦးဆုံး အကြိမ် လွတ်မြောက်မှုမှာ ကိုမင်းကိုနိုင် ပါမလာဘူး၊ ကိုဇာဂနာတို့ ပါလာတယ်။ ကိုမင်းကိုနိုင် တို့ကို
တော့ နောက်ဆုံးအကြိမ်မှာ ပါလာမယ်လို့ ကျနော်ကြားထားတာ ရှိတယ်။ ဆိုတော့ လွတ်စေချင်တာပေါ့ဗျာ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ ကိုမျိုးရန်နောင်သိန်းက ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီ အင်အားစုများ ကလည်း ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ် အဖြစ်
အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများ ဆိုင်ရာ
အဖွဲ့ (WRWAB) ရုံး၌ ပြုလုပ်ရာတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် ဘာသာစုံ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

http://www.mizzimaburmese.com/

အင်္ဂါ, 18 အောက်တိုဘာ 2011
မင်းကိုနိုင်အကြောင်း တစေ့တစောင်း

မင်းကိုနိုင်

By ကိုကျော်ကျော်သိန်း

အီးမေးလ်
ပုံနှိပ်ရန်

မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေမှာ ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ စတင်ပါဝင် လှုပ်ရှားလာခဲ့တဲ့ ကိုမင်းကိုနိုင်ဟာ သူ့ရဲ့ ဘ၀အချိန် အတော်များများကို တော့ အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ။ အခုအခါမှာလည်း သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့်ပဲ ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ဘ၀အကြောင်း တစေ့တစောင်းနဲ့ သူဟာ ဘယ်လိုလူစားလဲ ဆိုတာ သူနဲ့လက်တွဲလှုပ်ရှားခဲ့ကြသူတွေ၊ ခင်မင်ရင်းနှီးသူတွေ ပြောပြထားတာတွေကိုတော့ ကိုကျော်ကျော်သိန်းက စုစည်း တင်ပြပေးထားပါတယ်။

တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ၊

ဒေါင်းအလံဟေ့-

ကျောင်းနံရံတ၀ိုက်၊ ဒေါင်းအလံ ပြန်စိုက်မယ်။

အဲဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုယ်တိုင် သူ့ကဗျာ တပိုင်းတစကို ရွတ်သွားတဲ့အသံပါ။ ၈ လေးလုံး လူထုလှုပ်ရှားမှုအရေးတော်ပုံကြီး ပြီးတဲ့နောက် ၁၉၈၉ နှစ်မှာ ပထမတကြိမ် အဖမ်းခံခဲ့ရပြီး ၁၆ နှစ် နီးပါးအကြာ ၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးချိန်ကာလအတွင်း ရွတ်ဆိုခဲ့တာပါ။

“မင်းကိုနိုင်” ဆိုတဲ့နာမည်ဟာ ၈ လေးလုံးအရေးတော်ပုံနဲ့အတူ မွေးဖွားလာခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်ရင်း ကတော့ ကိုပေါ်ဦးထွန်းပါ။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြပါတယ်။

၈ လေးလုံး လူထုလှုပ်ရှားမှုမှာ ထိပ်တန်းကနေ ဦးဆောင်သူတဦးအဖြစ် လုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အဲဒီအချိန် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချခဲ့တာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးတဲ့နောက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ဆက်လုပ်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာပဲ နောက်ကြည့်မှန်ဆိုတဲ့ ၀တ္ထုရှည်တပုဒ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ ၈ လေးလုံး လှုပ်ရှားမှုကို နောက်ခံထားပြီးတော့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ် ကျောင်းသားတယောက်အကြောင်းကို ရေးဖွဲ့ထားတဲ့ ၀တ္ထုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တာပါ။

ကိုမင်းကိုနိုင်ဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး၊ တနည်းအားဖြင့် နိုင်ငံရေး လုပ်ဆောင်သူ တဦးဖြစ်ရုံသာမက ရသဖန်တည်းမှုကို မွေ့လျော် ပျော်ဝင်သူတဦးလည်း ဖြစ်တယ်ဆိုတာကို သူရေးခဲ့တဲ့ ကဗျာတွေ၊ ၀တ္ထုတွေကနေ တွေ့ရပါတယ်။ နောက်ကြည့်မှန်ဝတ္ထုကို ဖတ်ပြီးတဲ့အခါမှာ မင်းကိုနိုင်ဆိုတဲ့ လူတယောက်ရဲ့ ရုပ်ပုံကားချပ်ကို ပိုပြည့်စုံအောင် တွေ့လိုက်ရသလို ၈ လေးလုံး အရေးတော်ပုံနဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေ အနေတွေကိုပါ မီးမောင်းထိုးပြနိုင်စွမ်းရှိတယ်လို့ ဆိုသူက ၀တ္ထုကို ကိုယ်တိုင်ဖတ်ထားသူ ဖြစ်တဲ့ ကိုဝေလင်းထွန်းခေါ် ကဗျာဆရာ နှင်းခါးမိုးပါ။

“ဒီဝတ္ထုမှာကြည့်လိုက်ရင် သူက နိုင်ငံရေးမိန့်ခွန်း ပြောတာပဲဖြစ်ဖြစ်၊ ရသစာပေတခုခု၊ ကဗျာ ၀တ္ထုတခုခုကို ဖန်တီးတဲ့နေရာမှာပဲဖြစ်ဖြစ် အနာတွေ၊ အမုန်းတွေမပါအောင် သူက လုပ်နိုင်တယ်။ အဲဒါ သူ့ရဲ့ထူးခြားချက်၊ သူ့ရဲ့ အနာတွေ၊ အမုန်းတွေမပါဘူး။ သူပြောတဲ့စကားမှာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ဖန်တီးမှုတခုခုမှာပဲဖြစ်ဖြစ်။ ဒီ ဆယ်စုနှစ်နဲ့ချီပြီးတော့ ထောင်ထဲမှာ နေခဲ့ရတယ်။ သူ့ဘ၀မှာ ဆုံးရှုံးခဲ့တာတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီ အနာတွေ၊ အမုန်းတွေမပါအောင် သူ့ရဲ့စကားတွေ ဖန်တီးမှုတွေကို သူကလုပ်နိုင်တယ်။

“ပြီးတော့ ဘာတွေ့ရလဲဆိုတော့ ရိုးသားမှု၊ နူးညံ့မှု၊ ရှင်းရှင်းလင်းလင်းရှိမှုနဲ့ ခိုင်မာမှု၊ နောက် တခါ အတွေးတွေ ရေးဟန်တွေက ကိုယ်ပိုင်ရှိတယ်။ အဲဒီတော့ ၀တ္ထုဖတ်ပြီးတဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ မင်းကိုနိုင်ဆိုတာ လူဆန်တယ်၊ လူငယ်ဆန်တယ်၊ ပြီးတော့ သူ့ရဲ့ဖန်တီးမှုလေးတွေက လှတယ်၊ ပေါ့ပါးတယ်၊ ကြည်လင်တယ်၊ ပြီးတော့ သူက သူ့ဘ၀အပေါ်မှာပဲဖြစ်ဖြစ်၊ သူ့အလုပ်အပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ယုံကြည်မှုအပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကံကြမ္မာပေါ်မှာပဲဖြစ်ဖြစ် ဘာမှ ရှု့ပ်ရှုပ်ထွေးထွေးမရှိဘူး၊ အဲဒါသွားတွေ့ရတယ်။”

ကိုမင်းကိုနိုင် ရေးစပ်သီကုံးပြီး ကိုယ်တိုင် သီဆိုထားတဲ့ ‘ပန်ထွာဧကရီ’ ဆိုတဲ့သီချင်းပါ။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားကျောင်းသားတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် ငြိမ်းချမ်း တဲ့နည်းနဲ့ ဖော်ဆောင်ဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါ တယ်။

“ဒီလူတွေဟာ အကျဉ်းထောင်ရဲ့အပြင်မှာ ရှိနေတဲ့အချိန်မှာ တိုင်းပြည်ကို ဆူပူအောင် လုပ်မှာတော့ မဟုတ်ဘူး။ အမှန်တရားကို ဖော်ဆောင်မယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပဲ ဦးစားပေးပြီးတော့ စွမ်းဆောင်မယ့် သူတွေ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင် ပထမတကြိမ် ၂၀၀၄ ခုနှစ် မှာ လွတ်လာပြီိးတဲ့အချိန်မှာ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်မှုကို ပြန်ကြည့်မယ်ဆိုရင် သူတို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ကိုပဲ သန္နိဋ္ဌာန်ချထားတယ်၊ ဒီဟာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖော်ဆောင် သွားမယ်ဆိုတာကို သူတို့လုပ်ဆောင်သွားတာတွေကို ကျနော်တို့ တွေ့ရပါတယ်။”

ကိုမင်းကိုနိုင်ကို ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊ People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှု ရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ကို ချီးမြှင့်ခဲ့ပါတယ်။
http://www.voanews.com/burmese/news/----10_18_11_my-news-burma----132046783.html


Minn Ko Naing 49 – အဂတိလေးပါးတရား ကင်းစေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
နိုင်ငံရေးအကျဉ်းသားတွေကို အဂတိလေးပါးတရား ကင်းစေကြောင်း
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ခင်နှင်းလွင်၊ အောက်တိုဘာ ၁၈၊ ၂၀၁၁
နိုင်ငံရေး လုပ်ဆောင်နေသူများ အနေဖြင့် ပြင်ပ အနှောင်အဖွဲ့များမှ လွတ်မြေက်ရန် ကြိုးစားနေစဉ် မှာပဲ ကိုယ်ရဲ့ ကိုယ်တွင်း အနှောင်အဖွဲ့များဖြစ်သည့် အဂတိတရား ၄ ပါးမှလည်း လွတ်မြောက်စေရန် ကြိုးစားဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မွေးနေ့တွင်ပြောဆိုလိုက်သည်။ ရန်ကုန်မြို့ သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ယနေ့ ကျင်းပသည့် အကျဉ်းကျခံနေရသူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်သည်။
၎င်းက မွေးနေ့ပွဲတွင် ပြောကြားရာ၌ ဆန္ဒာ ဂတိ၊ ဘယာဂတိ၊ လောဘဂတိနှင့် ဒေါသ ဂတိတို့ကို ရှင်းပြပြောဆိုကာ “ကျွန်မတို့နိုင်ငံကို အဂတိတရား ၄ ပါးနှင့် ကင်းဝေးတဲ့ တိုင်းပြည်ဖြစ်စေချင်တယ်” ဟု သူ့၏ ဆန္ဒကို ထုတ်ပြောသွားသည်။
ယနေ့ နံနက် ၈ နာရီကျော်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ကာ ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ ဟူသော စာတန်းများ ပါသည့် မိုးပျံပူပေါင်းများ လွှတ်တင်ကာ မွေးနေ့ကို ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ ကျင်းပသည့်ပွဲသို့ ၈၈ မျိးဆက်ကျောင်းသား နိုင်ငံရေး လှုပ်ရှား တက်ကြွသူများသာမက၊ လူမှုကူညီနေရး လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ နာရေးကူညီမှု အသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေ၊ အဆိုတော် အနဂ္ဂ၊ ဆောင်းဦးလှိုင် အပါအ၀င် ပြင်ပမှ စိတ်ဝင်စားသူများပါ တက်ရောက်ကြသည်။ မွေးနေ့ပွဲသို့ ပရိတ်သတ် ၁ထောင် တက်ရောက်လာကြသည်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ စုံစုံလင်လင် တက်ရောက်ကြပြီး မကြာခင်ကမှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ချို့လည်း တက်ရောက်လာကြတာကို တွေ့ရသည်။
တက်ရောက်လာသူများထဲမှ လက်ရှိ အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသား ကိုဝင်းမော်၏ အမျိုးသမီး မသဇင်က “ မင်းကိုနိုင်မွေးနေ့ကို နှစ်စဉ်ပါဝင်ဖြစ်တယ်။ အားလုံးစုံစုံလင်လင် မတွေ့တော့ မပျော်ဘူး ၀မ်းနည်းမိတယ်”လို့ ပြောသည်။
တက်ရောက်လာသူများမှ မင်းကိုနိုင်၏ မွေးနေ့ဆုတောင်းကို လက်မှတ်ရေးထိုး ဆုတောင်းပေးခဲ့ကြပြီး ယခုလို မွေးနေ့ပွဲသည် မင်းကိုနိုင်၏ မွေးနေ့သာ မဟုတ်ပဲ မလွတ်သေးသော နိုင်ငံရေးအကျဉ်းသားများ၏ အထိမ်းအမှတ်နေ့သာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောခဲ့သည်။
“လွတ်လာတဲ့ ပမာဏဟာ နည်းလွန်းလို့ အစိုးရဟာ တကယ်ပြောင်းလဲလာတယ်လို့ မယူဆဘူး ဘာဖြစ်လို့လဲဆိုတော့ အမြန်ဆုံး အတိကျဆုံး လုပ်ရမဲ့အလုပ်ကို အလွန်နှောင့်နှေးပြီးတော့ မပီပြင်လို့ပါ”လို့ ဒေါ်ညွှန့်ညွှန့်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ နှင့် နိုင်ငံရေးအကျဉ်းသားများ အနေနဲ့ တကယ်မှန်တယ်ထင်လို့ လုပ်တာလား ကိုယ်လုပ်ချင်လို့ လုပ်တာလားဆိုသည့် ဆန္ဒဂတိ၊ ကြောက်ခြင်းတရား ကိုယ့်ကိုယ် လွှမ်းမိုးခြင်းမှ ကင်းလွတ်မည့် အဘယကတိ၊ လောဘဂတိနှင့် ကိုယ်မကြိုက်လို့ ကိုယ်မုန်းလို့ မလုပ်တဲ့ ဒေါသဂတိတို့ ကင်းရှင်းစေလိုကြောင်း ထိုအဂတိလေးပါး ကင်းရှင်းမှ တိုင်းပြည်လွတ်မြောက်မည် ဖြစ်ကြောင်း ပြောကြားသွားသည်။
http://moemaka.com

Burma VJ တင်ဆက်တဲ့ Min Ko Naing 49 Birthday




93 Photos of Min Ko Naing 49 Birthday

https://picasaweb.google.com/104599519102251045718/MinKoNaing49Birthday

ဘင်္ဂလား ပင်လယ်အော် တွင် အလွန် အားကောင်း သော မုန်တိုင်း ဖြစ်ပေါ် ရန် စတင် နေ





October 18, 2011
amata ngapali beach resort fli

မြန်မာ စံတော် ချိန် နံနက် ၁၀ နာရီ နောက်ဆုံး ရရှိ သည့် သတင်း များ အရ လေဖိအား နည်း ရပ်
ဝန်း သည် ပိုမို အားကောင်းလာ ပြီ နောက် ၂၄ နာရီ အတွင်း မုန်းတိုင်း တစ်ခု အဖြစ် အသွင်ပြောင်း
လဲဖွယ် ရှိ သည် ဟု သိရသည်။ ဘင်္ဂလား ပင်လယ် အော်တွင် အောက်တိုဘာလ ၁၇ ရက် နေ့  မှစတင်ကာ လေဖိအားနည်း ရပ်
ဝန်း တစ်ခု ဖြစ်ပေါ် နေပြီး အဆိုပါ လေဖိအား နည်း ရပ် ၀န်း သည့် အား ကောင်း သည့် လေမုန်
တိုင်းကြီး တစ်ခု ဖြစ်ပေါ် ရန် အလား အလာ ရှိ နေသည် ဟု Times of India သတင်းစာ နှင့်
မြန်မာ မိုးလေ ၀သ နှင့် ဇလ ဗေဒ ပညာ ရှင် ဒေါက်တာထွန်းလွင်  ၏ အင်တာနက် စာ မျက် နှာ
တွင် ဖော်ပြထား သည်။
မိုးနှောင်ပိုင်း လေဖိ အား နည်း ရပ် ၀န်း သည် ပိုမိုအားကောင်းလာ ပြီး မုန်တိုင်း အဖြစ် အားကောင်း
လာပါက လေကြောင်း အပြောင်း အလဲ ကြောင့် မြန်မာ နိုင်ငံ သို့  ၀င် နိုင် ခြေ နည်း သော်လည်း
အားကောင်း သော် မုန်တိုင်း အဖြစ် ပြောင်းလဲ ပါက မြန်မာ နိုင်ငံ ကမ်းရိုးတန်းများ သို့  တစ်နာ
ရီ မိုင် ၉၀ နှုန်း ခန့်  ဖြင့် ၀င်ရောက် နိုင် သည် ဟု သတင်း ရရှိ သည်။
ယမန် နေ့ ည နှင့် ယ နေ့  မနက် တွင် ရန် ကုန် တိုင်း နှင့် ဧရာဝတီ တိုင်း ဒေသ အချို့ တွင် မိုး သည်း
ထန် စွာ ရွာ သွန်း နေသည်။

http://freedomnewsgroup.com

နေပြည်တော် စီမံကိန်းကုန်ကျမှု အစိုးရဘတ်ဂျက်တွင် မဖော်ပြ


မျိုးသန့် | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ယခုနှစ် ဇူလိုင်လမှစ၍ တည်ဆောက်ရေး လုပ်ငန်းများ ရပ်နားထားရသည့် နေပြည်တော် အထူးခရိုင် တည်ဆောက်ရေး လုပ်ငန်းများအတွက် ကုန်ကျငွေသည် အစိုးရ၏ ဘဏ္ဍာငွေစာရင်းတွင် မပါဝင်ဟု
နေပြည်တော်တွင် အင်္ဂါနေ့က ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာ ဦးစီးဌာန ဘဏ္ဍာရေးမှူးချုပ် (ငြိမ်း) ဦးကြည်ယုံမှ ပြောကြားသွားသည်ဟု ဆွေးနွေးပွဲတက် လွှတ်တော် အမတ်များက ဆိုသည်။

ဘဏ္ဍာရေး အခွန်ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး နှစ်အတွက် အစိုးရတရပ်၏ ဘဏ္ဍာရေး လည်ပတ်မှု ပုံစံကို ဦးကြည်ယုံမှ လွှတ်တော်အမတ်များကို ရှင်းလင်း တင်ပြရာတွင် ဗဟို အစိုးရ၏ ငွေလုံး ငွေရင်း အသုံးစရိတ်များ ခေါင်းစဉ်အောက်တွင် လုပ်ငန်း ဆောင်ရွက်ခြင်း အသုံးစရိတ်၊ ဆောက်ရွက်ဆဲ စီမံကိန်းများ အသုံးစရိတ်၊ စီမံကိန်း အသစ်များ အသုံးစရိတ်တို့ ပါရှိသည်။

သို့သော် မှတ်ချက်အနေဖြင့် နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများသည် ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေး စာရင်းတွင် မပါဝင်ဝင်ဟု ဦးကြည်ယုံ၏ ကွန်ပျူတာ ပါဝါပွိုင့်ဖြင့် ရှင်းပြသည့် ရှင်းလင်းချက်တွင် ပါရှိသည်ဟု လွှတ်တော် အမတ်များက ဆိုသည်။

နေပြည်တော် စီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ ဦးကြည်ယုံမှ နှုတ်ဖြင့် ဆက်လက် ရှင်းပြရာတွင် “ပါးစပ်နဲ့က ဘယ်လိုပြောသွားလဲ ဆိုတော့ သူ့ဟာသူ ရပ်တည်တယ်လို့ ပြောသွားတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

စီမံကိန်းနှင့် ပတ်သက်၍ တည်ဆောက်မှု ကုန်ကျစရိတ်၊ မည်သည့် ဝန်ကြီးဌာနမှ ဘဏ္ဍာငွေ ထုတ်ပေးသည် စသည် တို့ကို မေးမြန်းမည့်သူ မရှိဟု သိရသည်။ အကြောင်းမှာ အစိုးရ၏ ဘဏ္ဍာရေးစနစ် လည်ပတ်မှုကို လာရောက် ရှင်းလင်းသူမှာ အစိုးရ အဖွဲ့ဝင် မဟုတ်ခြင်းကြောင့်ဟု လွှတ်တော်အမတ်များက ဆိုသည်။

“မေးမယ့်သူ ရှိပါသေးလား ခင်ဗျာဆိုတော့ ဘယ်သူမှလည်း မရှိဘူး။ ဖြေမယ့်လူကလည်း အငြိမ်းစား၊ မေးလည်း အဖြေရမှာ မဟုတ်ဘူး။” ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

၂ဝဝ၅ ခုနှစ် နိုဝင်ဘာလတွင် အစိုးရဟောင်းမှ မန္တလေးတိုင်း အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ကို နေပြည်တော် အထူးခရိုင်များ အဖြစ် သတ်မှတ်ကာ
မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြောင်းလဲခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများသည် ယခုနှစ် ဇူလိုင်လအတွင်းမှ စတင်ကာ ရပ်နား ထားရသည်။

ဦးကြည်ယုံ ရှင်းလင်းတင်ပြသည့် အစိုးရ၏ သာမန်အသုံးစရိတ်တွင် ထုတ်လုပ်မှုအသုံးစရိတ်၊ စီမံခန့်ခွဲမှု အသုံးစရိတ်၊
ရောင်းချ ဖြန့်ဖြူးမှုအသုံးစရိတ်၊ သုတေသနပြုခြင်း အသုံးစရိတ်၊ ပြည်ပတင်ပို့မှု အသုံးစရိတ်၊ ထောက်ပံ့ငွေများ အသုံးစရိတ်တို့ ပါဝင်သည်ဟုလည်း လွှတ်တော်အမတ်များကပြောသည်။

လွှတ်တော်အမတ်များမှ အစိုးရ၏ ဘဏ္ဍာရေး အသုံးစရိတ်များကို လာမည့် လွှတ်တော်များ အတွင်း ဆွေးနွေးနိုင်ရန် ရည်ရွယ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများကို စီးပွားရေး တက္ကသိုလ်များမှ အငြိမ်းစား ပါမောက္ခများက
နေပြည်တော် လွှတ်တော် အဆောက်အအုံ၊ သဘင်ခန်းမဆောင်တွင် သောကြာနေ့ အထိ ရှင်းလင်း ဟောပြောမည်
ဖြစ်သည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဆွေးနွေးပွဲများကို အင်္ဂါနေ့မှ သောကြာနေ့အထိ နံနက် ၁ဝ နာရီမှ
နေ့လည် ၁၂ နာရီအထိသာ ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ တနာရီမှ ညနေ ငါးနာရီအထိ အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ
ဆွေးနွေးပွဲများသို့ လွှတ်တော်အမတ်များ တက်ရောက်ရမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8506-2011-10-18-13-58-36.html