Wednesday, October 19, 2011

" ဒေါင်းအလံ" Happy 49th Birthday to Min Ko Naing


demonstrating our student's leader Min ko Naing's song name " ဒေါင်းအလံ" in Vancover Canada on June 25th 2011( Salai Ko Tin Maung Oo's 35th Commemoration).This song is written and sung by Min Ko Naing in 2005.You can listen the song by our 8888 student leader Min Ko Naing voice with his hope and beliefs.

၅၀၀၀ိ/- တန် အတု


Credit to http://www.monetine.net/2011/10/1689.html

“၁၉၉၆ ၏ အမေ့ခံ (သို့) ထွန်းလင်းဦး”




၁၉၉၆ ၏ အမေ့ခံ (သို့) ထွန်းလင်းဦး”

စိန်ရတု သဘင် နဲ့ ရန်ကုန်တက္ကသိုလ်

၉၆ နဲ့ မြန်မာ့ ခရီးသွားနှစ်

စစ်အစိုးရ ရဲ့ ရင်တွင်းဖြစ် နှစ်ပါးသွား အက

ဗ.က.သ နဲ့ တ.က.သ ရဲဘော်များ၏ စုပေါင်းအား

မရဏ တေးသွားဖြစ်ခဲ့ရပြီ

နေမင်း ရဲ့ ကျက်ကျက်တောက် အပူ

ကျောင်းသားနှစ်ဦး ကြိုးကို ဆွဲလို့

လှည်းတန်းမီးပွိုင့် လမ်းငါးဆုံကို တားတယ်

ကျောင်းသားမှန် ဝင်ခဲ့စမ်းဟေ့…..

စည်းဝိုင်းကာ

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး နဲ့ လူ့အခွင့်အရေး

ဒို့ကိုပေးပါ အော်နေပါပြီ

အဖြူရောင် စက္ကူပေါ် ငါကြွေးကြော်သံ ရေးနေမိ

စစ်အစိုးရ အလိုမရှိ…….

စစ်တပ် နှစ်တပ် ကြား ရဲရဲချီတက်တာ

၉၆ ရဲ့ည

လှံစွပ်ဖျား တေးဆိုလို့ လက်ညိုးငေါက်ငေါက်

မျက်နှာကို ထိုး ၊ လေးဖြူ ရဲ့ ကမ္ဘာသစ်တေးက

ရူးချင်ယောင်ဆောင်မနေနဲ့အော်ကာအော်ကာ

ဇော်ဝင်းထွဋ် ရဲ့ ထစ်ချူန်းမိုး

ခင်ညွန့် ၊သန်းရွှေ ရင်ကို မွှေလိုက်………….

စာပွဲပေါ်တက်

ဗိုလ်အောင်ကျော်ကပြောခဲ့တယ်

မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက် ရမယ်ဟေ့….

ဒို့ကျောင်းသားတွေ ဖနောက်တစ်ချက်ပေါက်ရင်

စစ်ခွေးတွေ ရင်ဝမီးတောက်မယ်လို့

အံကြိတ်ကာ လက်ရုံးဆန့် ကြွေးကြော်

ရဲစေနော် ညီနောင်တို့

လုပ်ရဲတာ သတ္တိမဟုတ် ခံရဲမှ သတ္တိ

၈၈ အရေးတော်ပုံ ဖြစ်တာတောင်

ကျောင်းတွေ တစ်နှစ်ကျော်သာပိတ်တဲ့ စစ်ခွေး

ရွှေနိုင်ငံ သမိုင်းတွင်အောင် ၃ နှစ်ကျော်ပိတ်တယ်

သမိုင်းဝင် ငါတို့ ကျောင်းအဆောင်

ခွေအိပ်ကာ အတွဲတွေချိန်းတဲ့ နေရာဖြစ်အောင်

လုပ်ပစ်တယ် ရာဇဝင်ရိုင်းလေပြီ…….

လုံထိန်းနဲ့ ရင်ဆိုင်တွေ့လဲ

ခံမချဘဲ ရဲရဲလိုက်ခဲ့

ဇါနီသွေး ခွပ်ဒေါင်းမာန်နဲ့

စွမ်းစွမ်းတမံ တွန်းလှန်ကြတယ်

တ.က.သ နဲ့ ဗ.က.သ ရဲဘော်များသို့……………

မှတ်ချက်။ ။ ရန်ကုန်မှာ အဖမ်းခံ ရသူတွေ ကမ္ဘာသိတယ်

နယ်မှာသေသွားသူတွေ အခုထိ မကျွတ်ကြသေးဘူး………..

၉၆ ဗ.က.သ (တေဇော)

၁၉.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16914224/19Oct2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16914225/19Oct2011Yeyintngesdiary.doc.html

19 Oct 2011 Yeyintnge's Diary

စာရေးဆရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကဏန်းမျက်စိ

ကမ္ဘာတလွှား ၉၉ ရာခိုင်နှုန်း ဆန္ဒပြပွဲမှာ ပါဝင်ကြမလား


Wednesday, 19 October 2011 10:44 မောက္ခ ဓာတ်ပုံအက်ဆေး



Occupy Wall-Street ဆိုတဲ့ ကမ်ပိန်းနဲ့ နယူးယော့ခ် က စလိုက်တဲ့ အရင်းရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေမှာ ကမ္ဘာ့မြို့ကြီး ၉၀ ကျော်ကို ကူးဆက်သွားပါတယ်။ အဲဒီမှာ ထင်ရှားတဲ့ ကြွေးကြော်သံ တစ်ခုက 'ကျွန်ုပ်တို့ ၉၉ ရာခိုင်နှုန်း' (We Are the 99 Percent) ဆိုတာ ဖြစ်ပါတယ်။
'ကျွန်ုပ်တို့ ၉၉ ရာခိုင်နှုန်း'ဆိုတာ စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂ်လစ် ရဲ့ စာအုပ်ထဲက အသုံးအနှုန်း ဖြစ်ပါတယ်။ ဝေါစထရိမှာ ဆန္ဒပြသူတွေက အမေရိကန် အောက်ခြေလူထု ၉၉ ရာခိုင်နှုန်းရဲ့ ဒုက္ခအ၀၀ အတွက် ၁ ရာခိုင်နှုန်းသော အရင်းရှင်တွေ ဘဏ်လုပ်ငန်းရှင်တွေကို ဆန့်ကျင် ဆန္ဒပြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်တွေရဲ့ 'ကျွန်ုပ်တို့ ၉၉ ရာခိုင်နှုန်း' ကြွေးကြော်သံက ထိုင်ဝမ်၊ ကနေဒါ၊ ပေါ်တူဂီ၊ ဂျာမဏီနဲ့ အခြားဥပရောပ နိုင်ငံတွေကိုပါ ရောက်လာလို့၊ အဲဒီ နိုင်ငံတွေမှာကော အမေရိကလို ဆင်းရဲချမ်းသာ ကွာဟချက်က ၉၉ ရာခိုင်နှုန်းနဲ့ ၁ ရာခိုင်နှုန်းပဲလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒီလ အစောပိုင်းမှာ လူ ၁၀၀၀ လောက်က ၀ါရှင်တန်ဒီစီရဲ့ Freedom Plaza မှာ (၉၉ %) ကြွေးကြော်သံနဲ့ စတင် စုစည်းခဲ့ကြပါတယ်။ အမေရိကမှာ တိုင်းပြည်ဝင်ငွေရဲ့ ငါးပုံတစ်ပုံကို ကိုင်ထားတဲ့ ထိပ်ဆုံးက လူ့မလိုင် (၁%) ကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။
CIA World Factbook ဖော်ပြချက်အရ အမေရိကန် ၁၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပြီး၊ လက်ရှိ အလုပ်လက်မဲ့နှုန်းက ၉.၁ ရာခိုင်နှုန်း ရှိပါတယ်။

တနင်္ဂနွေနေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့ ဆန္ဒပြပွဲမှ မျက်နှာဖုံးစွပ် လူငယ်တစ်ဦးပါ။ ကနေဒါဟာ မိသားစု ၀င်ငွေ အချိုးအစား မညီမျှတဲ့ တိုင်းပြည် ဖြစ်ပါတယ်။တိုင်းပြည်ဝင်ငွေရဲ့ ခုနှစ်ပုံ တစ်ပုံကို ကနေဒါ သူဌေး (၁%) က ကိုင်ထားပါတယ်။ ကနေဒါနိုင်ငံသား ၉ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေပြီး၊ လက်ရှိ အလုပ်လက်မဲ့ ၇.၁ ရာခိုင်နှုန်း ရှိပါတယ်။

တနင်္ဂနွေနေ့ လန်ဒန် စတော့ခ် အိပ်ချိန်းမှာ ဆန္ဒပြသူတစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာချက်ကို ကိုင်ထားတာပါ။ ဒီနှစ်အစောပိုင်းမှာ ဗြိတိသျှအစိုးရရဲ့ ဘတ်ဂျက်ခြိုးခြံရေး ပေါ်လစီကို ကျောင်းသားတွေ ဆန္ဒပြခဲ့ပါတယ်။ ဗြိတိန်ဟာ အနောက်ဥရောပမှာ မိသားစု ၀င်ငွေ မညီမျှဆုံး တိုင်းပြည် ဖြစ်ပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ ခြောက်ပုံ တစ်ပုံကို ထိပ်ဆုံး အရင်းရှင် (၁%) နှုန်းက ကိုင်ထားပါတယ်။ အလုပ်လက်မဲ့နှုန်း ၁၅ နှစ်ဆက်တိုက် ၈.၁ ရာခိုင်နှုန်း ရှိပါတယ်။ ဗြိတိန်နိုင်ငံသား ၁၄ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှု မျဉ်းအေက်မှာ နေနေကြရပါတယ်။

တနင်္ဂနွေနေ့ ဟန်နိုဗာမြို့မှ ဆန္ဒပြသူတစ်ဦး တီရှပ်နောက်ကျောမှာ "We are the 99%" လို့ ရေးထားတာပါ။ ဂျာမန် ထိပ်ဆုံး သူဌေး (၁%) က တိုင်းပြည်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ကိုင်ထားပါတယ်။ ဂျာမန် ၁၆ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေရပြီး၊ လက်ရှိ အလုပ်လက်မဲ့ ၆.၆ ရာခိုင်နှုန်း ရှိပါတယ်။

ဇူးရစ်ဇ်မြို့က ဆန္ဒပြသူတစ်ဦးကလည်း ၉၉% အတွက် ဒေါ်လာတွေဆွဲပြီး ဆန္ဒပြခဲ့ပါတယ်။ ဘဏ်လုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ဆွစ်ဇာလန်မှာ အလုပ်လက်မဲ့ ၂.၈ ရာခိုင်နှုန်းပဲ ရှိတာမို့ ဥရောပနိုင်ငံတွေ ထဲမှာတော့ အနည်းဆုံးဖြစ်ပါတယ်။ ဆွစ်လူမျိုး ၇ ရာခိုင်းနှုန်းက ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရှိပါတယ်။ တိုင်းပြည် ၀င်ငွေ ခြောက်ပုံတစ်ပုံကို အရင်းရှင် (၁%) က ကိုင်ထားပါတယ်။

တိုင်းပြည်ဝင်ငွေ အများစုကို ဓားပြတိုက်ယူထားတဲ့ အရင်းရှင် ၁ ရာခိုင်နှုန်းကို၊ အောက်ခြေလူထုက ၉၉ ရာခိုင်နှုန်းက ဆန့်ကျင်ဖို့ ဆန္ဒပြရာမှာ ဘရပ်ဆဲလ်မြို့က သက်ကြီးရွယ်အိုတွေလည်း ပါဝင်လာပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ အလုပ်လက်မဲ့ ၆.၈ ရာခိုင်နှုန်း ရှိပြီး၊ နိုင်ငံသား ၁၅ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေပါတယ်။

လစ္စဘွန်းမြို့မှာလည်း ၉၉ ရာခိုင်နှုန်းကို ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ပါတယ်။ ပေါ်တူဂီ ဟာ လက်ရှိ ဥရောပကြွေးမြီ ပြဿနာရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ ထိပ်ဆုံး အရင်းရှင် ၁ ရာခိုင်နှုန်းက တိုင်းပြည်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ကိုင်ထားပါတယ်။ အလုပ်လက်မဲ့ ၁၂.၃ ရာခိုင်နှုန်း ရှိပြီး၊ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ပေါ်တူဂီ နိုင်ငံသား ၁၈ ရာခိုင်နှုန်း ရှိနေပါတယ်။

"၁ ရာခိုင်နှုန်းက ထိန်းချုပ်ထားရင် အဲဒါ ဒီမိုကရေစီလား" ဆိုတဲ့ မေးခွန်းနဲ့ ဆစ်ဒနီမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဩစတြေးလျမှာ ထိပ်ဆုံး အရင်းရှင် ၁ ရာခိုင်နှုန်းက တိုင်းပြည်ဝင်ငွေ ဆယ်ပုံတစ်ပုံကို ထိန်းချုပ်ထားပြီး၊ အလုပ်လက်မဲ့ ၅.၂ ရာခိုင်နှုန်း ရှိပါတယ်။

တိုကျိုမြို့မှာလည်း ၉၉ ရာခိုင်နှုန်း ကြွေးကြော်သံနဲ့ ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။ ဂျပန် ထိပ်ဆုံးသူဌေး ၁ ရာခိုင်နှုန်းက တိုင်းပြည်ဝင်ငွေ ဆယ်ပုံတစ်ပုံကို ချုပ်ကိုင်ထားပြီး အလုပ်လက်မဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ မတ်လမှာ ဖြစ်ခဲ့တဲ့ ငလျှင်နဲ့ ဆူနာမီကြောင့် တိုင်းပြည်စီးပွားရေး အကြီးအကျယ် အထိနာခဲ့ရပါတယ်။ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ဂျပန် ၁၆ ရာခိုင်နှုန်း ရှိနေပါတယ်။

အောက်တိုဘာ ၁၅ ရက် စနေနေ့ ဆိုးလ်မြို့မှာ ၉၉ ရာခိုင်နှုန်း ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ပါတယ်။ တောင်ကိုရီးယားဟာ ဓနမညီမျှမှုမှာ ကနေဒါနဲ့ တူညီပါတယ်။ အလုပ်လက်မဲ့ ၃.၂ ရာခိုင်နှုန်း ရှိပြီး၊ ၁၅ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေပါတယ်။

ထိုင်ပေမြို့လယ် ရှောပင်းမောလ်တွေ ရှေ့မှာ အရင်းရှင် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ဝင်ငွေ မညီမျှမှုက ကနေဒါနဲ့ တူပါတယ်။ အလုပ်လက်မဲ့ ၄.၅ ရာခိုင်နှုန်း ရှိပြီး၊ ဆင်းရဲမွဲတေမှု ၁ ရာခိုင်နှုန်း ရှိပါတယ်။
ဝင့်ထန်း
Source: FP
http://www.maukkha.org/index.php?option=com_content&view=article&id=1895:2011-10-19-10-54-07&catid=120:2010-10-11-07-37-22&Itemid=374

သံအမတ်က မစားပါဘူး၊ သံအမတ်ကတော်က စားတာပါ


by Ko Htoo on Wednesday, October 19, 2011 at 12:55pm
မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံရေးအခြေအနေ အမျိုးမျိုး ဖြစ်ပေါ်ပြောင်းလဲနေသည့်အားလျော်စွာ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင်လည်း ပတ်စပို့စာအုပ်ကိစ္စနှင့်ပတ်သတ်၍ ခုတမျိုး တော်ကြာတမျိုး ဖြစ်လျက်ရှိပြီး မြန်မာသံရုံးနှင့် ဆက်သွယ်လုပ်ကိုင်ရသည်မှာ အရူးလင်လုပ် ရသလို ဖြစ်နေကြောင်း အေဂျင်စီတချို့က ပြောကြားသည်။

မလေးရှားအစိုးရကပြုလုပ်သည့် လီဂယ်လိုက်ဇေးရှင်း ကာလအစတွင် မြန်မာသံရုံးမှနေ၍ မလေးရှားရှိ မြန်မာဂျာနယ်တချို့ကိုခေါ်ယူကာ ပတ်စပို့လုပ်ရန်အတွက် စာအုပ်ကြေး ၃၂၀-ရင်းဂစ်နှင့် တခြားစာရွက်စာတမ်းကြေးများ စုစုပေါင်း ၄၀၀-ရင်းဂစ်ခန့်သာ ကုန်ကြနိုင်မည်ဟု ပြောကြားခဲ့သည်။

ထို့နောက်တဖန် ပတ်စပို့စာအုပ်အတွက်ကုန်ကျငွေများ ထပ်မံထုတ်ပြန်ရာ မလေးရှားနိုင်ငံတွင် ၃ နှစ်ကြာနေထိုင်သူများအတွက် ရင်းဂစ် ၄၈၀၊ ၃ နှစ်မှ ၅ နှစ်ကြား နေထိုင်သူများအတွက် ရင်းဂစ် ၆၄၀ နှင့် ၅ နှစ်အထက် နေထိုင်သူများအတွက် ရင်းဂစ် ၉၆၀ ကုန်ကျမည်ဟု ခွဲခြားသတ်မှတ်ခဲ့သည်။ (ဖော်ပြပါပုံတွင် အသေးစိတ် ဖတ်နိုင်ပါသည်)





ပြီးခဲ့သည့် နှစ်ရက် သုံးရက်အတွင်း မြန်မာနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မလေးရှားနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက်ပိုင်း ပတ်စပို့စာအုပ်လုပ်ရန်ကုန်ကျငွေ ထပ်မံပြောင်းလဲသွားပါသည်။ ဒု-နိုင်ငံခြားရေးဝန်ကြီးမှ ပတ်စပို့စာအုပ်ဈေးနှုန်းကို ၄၈၀ ရင်းဂစ်သာ သတ်မှတ်ပေးခဲ့သည်ဟု သိရှိရသော်လည်း အပြင်မြန်မာပွဲစားများအတွင်း ပေါက်ကြေးမှာ ၇၀၀၊ ၇၅၀၊ ၈၀၀ ရင်းဂစ် ရှိနေပါသည်။

ခင်မင်ရင်းနှီးသည့် နာမည်မဖော်လိုသူ မြန်မာပွဲစားတဦး၏ ပြောပြချက်အရ အမှန်တကယ်ကုန်ကျမည့် ပတ်စပို့စာအုပ်ကြေးမှာ ဒု-၀န်ကြီးပြောသည့်အတိုင်း ၄၈၀-ရင်းဂစ်သာဖြစ်ပြီး ကျန်သည့်ကုန်ကျငွေများမှာ သံအမတ်ကတော်အား ပေးရငွေ ၁၅၀-ရင်းဂစ်၊ သံအမတ်ကတော်နှင့် ဆက်သွယ်ပေးသည့် သံရုံးအတွင်းပွဲစားအား ၅၀-ရင်းဂစ်နှင့် အပြင်မှ အေဂျင်စီပွဲစားများအတွက် တောင်းလျှင်တောင်းသလောက် ပေးရငွေ (၅၀၊ ၁၀၀၊ ၁၅၀ ရင်းဂစ် စသဖြင့်) များ ဖြစ်ကြောင်း သိရပါသည်။

ထို့ပြင် သံရုံးသို့ ပတ်စပို့စာအုပ်သွားလုပ်ရာတွင်လည်း မိမိကိုယ်တိုင် တဦးတယောက်ချင်းစီ သွားလုပ်သည်ကို သံရုံးမှ လက်မခံကြောင်း၊ ပွဲစားများမှ တဆင့် စာအုပ်များ အစုလိုက်အပြုံလိုက် တပြိုင်တည်း လာလုပ်မှသာ လက်ခံကြောင်းလည်း သိရသည်။

ယခုလက်ရှိသံအမတ်မှာ မကြာခင်ပြောင်းတော့မည်ဖြစ်ကြောင်း၊ မပြောင်းခင် သံအမတ်ကတော်မှ အထုပ်အပိုး ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ လူတယောက် ၁၅၀ ရင်းဂစ်နှင့် စာအုပ်လုပ်မည့် လူဦးရေကို ခန့်မှန်းတွက်ချက်ပြီး အထုပ်မည်မျှကြီးနိုင်ကြောင်းကိုလည်း ထိုမြန်မာပွဲစားမှ ထပ်မံဖြည့်စွက်တွက်ချက် ပြောပြပါသည်။

အစိုးရသစ်လက်ထက် သျှမ်းပြည်မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှုများလာ


အောက်တိုဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရသစ် တက်လာပြီးနောက် သျှမ်းပြည်မြောက်ပိုင်းရှိ မန်တုံ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း မြို့နယ် ၃ခုအတွင်း၌ ဘိန်းစိုက်ပျိုး မှု များလာသည်ဟု ပလောင်(တအာင်း)အမျိုးသမီး အစည်းအရုံး-PWO က ပြောသည်။
PWO ၏ အထွေထွေ အတွင်းရေးမှူး လွေးနွေနှောင်းက “အဲဒီဒေသ (မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း)မှာ ဘိန်းစိုက်ပျိုးမှုကတော့ အရင်က ဘိန်းမစိုက်တဲ့ ရွာငယ်လေးတွေတောင် ဘိန်းစိုက်လာကြတယ်။”ဟု ပြောဆိုသည်။
ဘိန်းစိုက်ပျိုးမှုတွင် ရာခိုင်နှုန်းအားဖြင့် မည်မျှတိုးပွားလာသည်ကို အတိအကျ မသိနိုင်သော်လည်း မန်တုံမြို့နယ်တွင် ယခင်က ဘိန်းစိုက်ပျိုးသည့် ရွာ ၇၀ကျော်မှ ယခုဆိုလျှင် ရွာပေါင်း ၈၀ထက်မနည်း များပြားလာကြောင်းလည်း သူမက ဆက်၍ ပြောဆို သည်။
စစ်အစိုးရလက်ထက် ပြီးခဲ့သည့် ၂နှစ်က မြန်မာနိုင်ငံ၌ ၂၀၁၅ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်သွားအောင် ကြိုးပမ်း မည်ဟု ပြောဆိုခဲ့သော်လည်း ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးပွားလာခဲ့သည်။
ယင်းသို့ ဘိန်းစိုက်ပျိုးမှု တိုးလာရခြင်းမှာ ထိုနယ်မြေတွင် ကချင်စစ်တပ်၊ သျှမ်းစစ်တပ်နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲဖြစ် ပွားပြီး ဒေသခံ အစိုးရအာဏာပိုင်များ လူထုများအပေါ် အာရုံမစိုက်နိုင်ခြင်း၊ အစိုးရအာဏာပိုင်ကိုယ်တိုင် ဘိန်းစိုက်ပျိုးမှုတွင် ပါ ၀င်ပတ်သက်ခြင်းတို့ဖြစ်သည်ဟု PWO က မှတ်ချက်ပေးထားသည်။
“ဘိန်းစိုက်ချိန်မှာ အာဏာပိုင်ကိုယ်တိုင်က လာဘ်ပေးလာဘ်ယူရှိတယ်။ နမ့်ခမ်းနဲ့ ကွတ်ခိုင် နယ်တ၀ိုက်မှာဆိုရင် အရင်တုန်း က ပြည်သူ့စစ်ခေါင်းဆောင်က အခုဆို လွှတ်တော်ထဲမှာ အကုန်ပါတဲ့သူတွေ ဖြစ်နေတယ်။ ဘိန်းစိုက်ရာသီဆိုရင် ဘိန်းမစိုက်ရ ဘူးလို့ ပြောပေမယ့် ပိုက်ဆံပေးလိုက်ရင် စိုက်ခွင့်ပြုတာပဲ။”ဟု လွေးနွေနှောင်းက ရှင်းပြသည်။
အထူးသဖြင့် ကွတ်ခိုင်မြို့နယ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂) မှ ဦးမြင့်လွင် (ခ) ဦးဝမ်ကွယ်တာနှင့် ပြည်သူ့လွှတ်တော် ဦးတီခွန်မြတ်တို့ နေထိုင်ရာဒေသတွင် ဘိန်းစိုက်ပျိုးမှုများ ပိုမိုများပြားလာသည်ဟု PWO က ထောက်ပြသည်။
အဆိုပါဒေသရှိ ဘိန်းစိုက်ပျိုးသူ ရွာသူရွာသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြောင့် ၀င်ငွေပိုရရန် စိုက်ပျိုးခြင်းဖြစ်ပြီး အချို့မှာ စီးပွားဖြစ် ကုန်ထုတ်လုပ်မှုအနေဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။
“နမ့်ခမ်းက လူတွေလည်း စိုက်မှစိုက်။ ဘိန်းစိုက်တာကတော့ လွတ်လပ်ရေးရသလိုပဲ။ စားဝတ်နေရေးအတွက် တရုတ်ပြည်မှာ အလုပ်သွားလုပ်စရာ မလိုတော့ဘူး။”ဟု နမ့်ခမ်းမြို့နယ်ရှိ ရွာသားတဦးကို ကိုးကား၍ PWO က ပြောသည်။

ဘိန်းများကို ယခုနှစ် ဩဂုတ်လ စတင်စိုက်ပျိုးခဲ့ပြီး လာမည့်နှစ် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတို့၌ စတင်၍ အစေးခြစ်ယူကြ သည်။ ထိုမှရလာသည့် ဘိန်းစိမ်းများကို မြန်မာနိုင်ငံတ၀ှမ်းနှင့် တရုတ်နယ်စပ်ဘက်သို့ သွားရောက်ရောင်းချလေ့ရှိပြီး ပြီးခဲ့ သည့် ၂နှစ်အတွင်း ဘိန်းစိမ်းတစ်ပိဿာလျှင် ငွေကျပ် ၈သိန်းမှ ၁၃သိန်းအထိ ဈေးပေါက်သည်ဟု PWO က ဆိုသည်။
PWO သည် လက်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ၂၀၁၀ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ပျိုးရေးနှင့် ပတ် သက်၍ “အဆိပ်သင့်ပန်းများ”နှင့် “အဆိပ်သင့်တောင်တန်းများ”အမည်ရှိ အစီရင်ခံစာ နှစ်အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
http://www.kicnews.org/?p=7798

မုန်တိုင်း​ ရခိုင်ကမ်း​ရိုး​တမ်း​တဝက်ကို တိုက်ခတ်​နေပြီ


Published on October 19, 2011 by ဒီဗွီဘီ
မြန်မာစံ​တော်ချိန် ၆ နာရီ ၄၅ မိနစ်

ရခိုင်ကမ်း​ရိုး​တန်း​ကို ဖြတ်သန်း​တိုက်ခတ်​နေတဲ့​ မုန်တိုင်း​ဟာ မြန်မာစံ​တော်ချိန် ၆ နာရီ ၄၅ မိနစ်မှာ ကမ်း​ရိုး​တန်း​တဝက်ထိ ဖြတ်သန်း​တိုက်ခတ်​နေပြီး​ ​လေတိုက်နှုန်း​ မိုင် ၆၀-၇၀ ထိ တိုက်ခတ်​နေတယ်လို့​ မိုး​လေဝသဌာနက လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်က ​ပြောပါတယ်။

ဦး​ချစ်​ကျော်ကို မုန်တိုင်း​အ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အခု​နောက်ဆုံး​ မြန်မာစံ​တော်ချိန် ၆ နာရီ ၄၅မိနစ်​ပေါ့​။ ဆရာတို့​ အဲဒီအချိန်အရ မုန်တိုင်း​နဲ့​ ပတ်သက်ပြီး​ ဘယ်လိုသတင်း​ထုတ်ပြန်ထား​သလဲ။

“​နောက် ၁၂ ရာရီအတွင်း​ ကမ်း​ဖြတ်မယ်။ အခု​လော​လောဆယ်​တော့​ ကမ်း​ကို တဝက်​လောက်ဖြတ်​နေပြီ။ ဒါ​ပေမယ့်​ ဗဟိုချက်​တော့​ မဖြတ်​သေး​ဘူး​။ ကမ်း​ဖြတ်ရင် ​လေတိုက်နှုန်း​တွေလည် နည်း​နည်း​များ​မယ်။ ၆၀၊​ ၇၀ ​လောက်တိုက်မယ်။ ပြီး​လို့​ရှိရင် မုန်တိုင်း​ဒီ​ရေတက်မယ့်​ ခရိုင်​တွေ ​မောင်​တောခရိုင်​ပေါ့​။ အဲ့​ကလူ​တွေ ​ဘေး​လွတ်ရာကို သွား​ပါ။ ​ရွှေ့​ပါဆိုပြီး​ ထုတ်လိုက်ပါတယ်။”

ဒီမုန်တိုင်း​က ဒီညမှာပဲ အား​ပျော့​ပျက်ပြယ်သွား​ဖို့​ ရှိလား​။ ဘယ်လိုအ​ခြေအ​နေ မြင်ရလဲ။

“မနက်​လောက်အထိ​တော့​ သွား​နေမယ်။ မနက်ဖြန် ၁၁ နာရီ။ ၁၂ နာရီ​လောက်ထိ သွား​မယ်။ သွား​တယ်ဆိုတာ​တော့​ အဲဒီအခါကျ​တော့​ ကမ်း​ကို​ကျော်ပြီး​တော့​ အတွင်း​ထဲကို​ရောက်မယ်။”

လေတိုက်နှုန်း​က​ကော ဒီထက်တိုး​လာစရာ ရှိပါ​သေး​လား​။

“ကျ​နော်တို့​ဘက်ခြမ်း​က ၆၀-၇၀ ပဲ။ ဘင်္ဂလား​ဒေ့​ရှ်ဘက်​တော့​ သိပ်မတိုက်ဘူး​။ ကျ​နော်တို့​ဘက်က​တော့​ နည်း​နည်း​များ​တယ်။”

ဆရာတို့​ အခုသိရသ​လောက် မုန်တိုင်း​နဲ့​ပတ်သက်ပြီး​တော့​ ဘယ်​လောက်ထိ ပျက်စီး​ဆုံး​ရှုံး​မှု​တွေ ဘာ​တွေရှိတယ်လို့​ ကြား​ရလဲ။

“မကြား​ရ​သေး​ဘူး​။ လူ​တွေ​ရွှေ့​ပြောင်း​တာတို့​ ဘာတို့​လုပ်​နေကြတုန်း​။”

အဓိက ဘယ်မြို့​တွေဖြစ်မလဲ။ ထပ်​ပြော​ပေး​ပါ။

“​မောင်​တောမြို့​ပါ။ ​မောင်​တောမြို့​နဲ့​ ​မောင်​တောမြို့​နယ်အတွင်း​မှာရှိတဲ့​ ​ကျေး​ရွာ​တွေ​ပေါ့​။”

ဒီမုန်တိုင်း​နဲ့​ပတ်သက်ပြီး​ ပြည်သူ​တွေကို ​ပြောသင့်​တာ​လေး​ ​ပြော​ပေး​ပါ။

“သက်ဆိုင်ရာ သဘာဝ ​ဘေး​အန္တရာယ်တား​ဆီး​ရေး​ အဖွဲ့​တွေရဲ့​ လမ်း​ညွှန်ချက်အတိုင်း​ သူတို့​ရွှေ့​ခိုင်း​တဲ့​နေရာ​တွေကို ​ရွှေ့​ပြီး​တော့​ ဒီလုံခြုံတဲ့​ ​နေရာ​တွေမှာ​နေပါလို့​။ ​နောက်တချက် မိမိပစ္စည်း​ဥစ္စာ​တွေကို ​သေ​သေချာချာ သိမ်း​ဆည်း​ပါလို့​ ​နေ့​ခင်း​သုံး​နာရီ​လောက်က ​ရေဒီယိုက​နေ တိုက်ရိုက် ကျ​နော်​ပြောထား​တယ်။”

မုန်တိုင်း​အရှိန်​လျှော့​၊​ ယ​နေ့​ည အား​ပျော့​ပျက်ပြယ်နိုင်ဟု ဦး​ထွန်း​လွင် ​ပြောကြား

မြန်မာစံ​တော်ချိန် ၄ နာရီ ၁၅ မိနစ် အချိန် ဆက်သွယ်​မေး​မြန်း​ချက်

မုန်တိုင်း​ဟာ အရှိန်​လျှော့​သွား​ပြီး​ ဒီ​နေ့​ညမှာ အား​ပျော့​ပျက်ပြယ်နိုင်တယ်လို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောပါတယ်။

ဆရာ၊​ မြန်မာစံ​တော်ချိန် ​လေး​နာရီ ဆယ့်​ငါး​မိနစ် ခန့်​မှန်း​ချက်​ပေါ့​။ မုန်တိုင်း​နဲ့​ပတ်သက်ပြီး​ ​နောက်ဆုံး​အ​ခြေအ​နေ​လေး​ သိပါရ​စေ။

“အ​ခြေအ​နေ​ကောင်း​တယ်ခင်ဗျ။ အား​ပို​ကောင်း​မသွား​ဘဲ အား​တောင်​လျော့​သွား​တယ်။ မုန်တိုင်း​က ဖြတ်​နေပြီ ​မောင်​တောနဲ့​ ​ကော့​ဘဇား​ကြား​ထဲမှာ ​လေတိုက်တယ်။ ဒီ​နေ့​ညဆိုရင် အား​လုံး​ပြီး​သွား​မယ်ထင်ပါတယ်။”

အ​ခြေအ​နေ သိပ်မဆိုး​ဘူး​ဆိုတာ ဘယ်​လောက်နဲ့​ ဖြတ်သွား​မှာလဲ ​လေတိုက်နှုန်း​က။

“​လေတိုက်နှုန်း​က အလွန်ဆုံး​ရှိရင် လွန်​ရောကျွံ​ရော ၅၀ ​လောက်ပဲ။ အဲဒီထက် နည်း​ဖို့​များ​တယ်။”

မိုး​လေဝသဌာနက အနီ​ရောင်အဆင့်​လို့​ သတ်မှတ်တယ်လို့​ ဖတ်ရပါတယ်။ အဲဒါဘာကို ဆိုလိုတာလဲ။

“အနီ​ရောင်အဆင့်​ဆိုတာ ကမ်း​ခြေကို ဖြတ်တာ၊​ ၁၂ နာရီအတွင်း​ဖြတ်​တော့​မယ်​ပြောတာ။ အမှန်က​တော့​ ဖြတ်​နေပါပြီ။”

ဒီမုန်တိုင်း​ ဘယ်အချိန်​လောက်မှာ ဘယ်လိုပျက်ပြယ်သွား​နိုင်လဲ။

“ဒီ​နေ့​ညဆို ​နောက်ဆုံး​ထင်တာပဲ။ ည ၁၀ နာရီဝန်း​ကျင်​လောက်ဆို ရှင်း​သွား​မယ်ထင်တယ်။”

ဒီမုန်တိုင်း​နဲ့​ ပတ်သက်လို့​ မုန်တိုင်း​ဖြတ်မယ့်​ဒေသက လူ​တွေကို ဘာသတိ​ပေး​ချင်ပါလဲဆရာ။

“သတိ​ပေး​ချင်တာ​တော့​ အဓိက အသက်အန္တရာယ် ရှိနိုင်တာ​တော့​ ပင်လယ်ထဲသွား​တဲ့​ ကိစ္စတခုပဲရှိတယ်။ ကုန်း​ပေါ်မှာ​နေလို့​တော့​ လူအသက်အန္တရာယ် ရှိ​လောက်တာ ဘာမှမ​တွေ့​ဘူး​။ ​လေက​တော့​ ဒီ​လောက်တိုက်တာနဲ့​ ပြိုကျတာ​တွေ မဖြစ်နိုင်ဘူး​။ အဓိက​တော့​ ပင်လယ်ပဲ။ ​လေကလည်း​ ၅၀၊​ ၆၀ ​လောက် ဥပမာထား​မယ်ဆိုရင် လှိုင်း​က​တော့​ ကြီး​မယ်။ ပင်လယ်မှာ ကြီး​တာကို ​ပြောတာပါ။ ကုန်း​ပေါ်​တော့​မတက်ဘူး​။ အဲဒါ​တော့​သေချာတယ်။ နာဂစ်လို ကုန်း​ပေါ်တက်တာ​တွေ ဘာ​တွေမရှိနိုင်ဘူး​။ သတိ​ပေး​ချင်တာ​တော့​ ပင်လယ်ပြင်ကို မသွား​ဖို့​ပဲ။ ဒါ​ပေမယ့်​ ခု​လောက်ဆိုရင်​တောင် ပြီး​လောက်ပါပြီ။ အဲ​တော့​ ပင်လယ်ပြင်​ရှောင်ပါလို့​ပဲ ​ပြောချင်တယ်။”

၇၅ တို့​၊​ ၈၀ တို့​ မဖြစ်နိုင်​တော့​ဘူး​ပေါ့​။

“လုံး​ဝမဖြစ်နိုင်ပါဘူး​။”

ရခိုင်ကိုဝင်မည့်​မုန်တိုင်း​ အနီ​ရောင် အ​ရေး​ပေါ်အ​ခြေအ​နေ​ရောက်

ည​နေ ၄း​ဝဝ နာရီ

ရခိုင်ပြည်နယ် ​မောင်​တောမြို့​ အ​နောက်ဘက် ၃၅ မိုင်ခန့်​အကွာ ဘင်္ဂလား​ပင်လယ်​အော်ကို ဗဟိုပြုမုန်တိုင်း​ဟာ အနီ​ရောင်အဆင့်​ အ​ရေး​ပေါ်အ​ခြေအ​နေကို ​ရောက်ရှိ​နေပြီဖြစ်ပြီး​ ဒီ​နေ့​ ည​နေက ​နောက် ၁၂ နာရီအတွင်း​ ရခိုင်ပြည်နယ်​မြောက်ဘက်ကမ်း​ခြေ ​မောင်​တောမြို့​နဲ့​ ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံကမ်း​ခြေ စစ်တ​ကောင်း​မြို့​အကြား​က ကုန်း​တွင်း​ကို ဖြတ်​ကျော်ဝင် ​ရောက်မယ်လို့​ ခန့်​မှန်း​ကြောင်း​ မိုး​-ဇလက သတင်း​ထုတ်ပြန်ပါတယ်။

ဒီည​နေ ၃း​၃၀ နာရီ တိုင်း​ထွာချက်အရ မိုး​လေဝသနှင့်​ဇလ​ဗေဒဦး​စီး​ဌာနက သတင်း​ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီမုန်တိုင်း​အရှိန်​ကြောင့်​ ရခိုင်ကမ်း​ရိုး​တန်း​နဲ့​ ကမ်း​လွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုး​သက်​လေပြင်း​ကျ​ရောက်စဉ် ​ရေပြင်​မြေပြင်​လေဟာ တနာရီ မိုင် ၆၀ – ၇၀ ထိ တိုက်ခတ် နိုင်ပါတယ်။ ကမ်း​ခြေကို မုန်တိုင်း​ဖြတ်​ကျော်ချိန်မှာ ရခိုင်ပြည်နယ်​မြောက်ပိုင်း​ ကမ်း​ခြေ​ဒေ သ​တွေမှာ မုန်တိုင်း​ဒီ​ရေ ၆ ​ပေက​နေ ၈ ​ပေအထိ တက်နိုင်တယ်၊​ ရခိုင်ကမ်း​ရိုး​တန်း​နေ ပြည်သူ​တွေ ​ဘေး​အန္တရာယ်ကင်း​ရာကို ကြိုတင်​ရှောင်ရှား​ပါလို့​ မိုး​-ဇလက သတိ​ပေး​ထား​ပါတယ်။

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်ရောက်မည် – ကြိုတင်ရှောင်ရှားရန် မိုး-ဇလ သတိပေး
၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၃း၀၀ နာရီ
ရခိုင်ကမ်းရိုးတန်းကို ဒီနေ့မွန်းတည့်ကနေ နောက် ၃၆ နာရီအတွင်း မုန်တိုင်း ၀င်ရောက်မှာဖြစ်လို့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားဖို့ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက သတိပေးလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော် မြောက်ဘက်က လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိပြီဖြစ်ပြီး စစ်တွေမြို့အနောက်ဘက် မိုင် ၁၆၀ လောက်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေတယ်လို့ မိုး-ဇလက သတင်းထုတ်ပြန်ပါတယ်။

လိမ္မော်ရောင်အဆင့် မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ဦးတည်လာနေပြီး နောက် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း မောင်တောမြို့ နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကြားသို့ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်း ထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။

မိုးသက်လေပြင်းကျရောက်စဉ်မှာ ရေပြင်မြေပြင်လေဟာ တနာရီကို မိုင် ၅၀ ကနေ မိုင် ၆၀ နှုန်းအထိ တိုက်ခတ်နိုင်ပါတယ်။ မုန်တိုင်းကမ်းကိုဖြတ်ကျော်ချိန်မှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ မုန်တိုင်း ဒီရေဟာ ၆ ပေကနေ ၈ အပေထိ တက်နိုင်တယ်လို့လည်း မိုး-ဇလ က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်နဲ့ မွန်းလွဲ ၁း၃၀ မှာ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားထောင်နိုင်ပါတယ်။

၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀

ရွှေအောင်

တနာရီ ၇၅ မိုင်နှုန်း ပြင်းအားရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကို ဆက်သွယ်မေးမြန်းချက်။

ဒီဗွီဘီ – စစ်တွေမှာတော့ လေတော်တော်တိုက်နေတယ်လို့ မြို့ခံတွေပြောလို့ သိရပါတယ်။ မုန်တိုင်း နောက်ဆုံးအခြေအနေ သိပါရစေ။

ဦးထွန်းလွင် – မုန်တိုင်းက ဒီနေ့လည်ကတည်းက မုန်တိုင်းအဖျားခတ်နေပြီလေ။ ၀င်မှာကတော့ ညနေပိုင်း ငါးနာရီခြောက်နာရီလောက် ဗဟိုချက် ဖြတ်လိမ့်မယ်ထင်တယ်။ ရခိုင်မြောက်နဲ့ ဘင်္ဂလားဒေ့ရှ်။ ဦးတည်တာကတော့ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားပဲ။ မုန်တိုင်း ညာဘက်တခြမ်းလုံးက ရခိုင်မြောက်ကို ဖုံးအုပ်ပြီးဖြတ်မယ်ဆိုတော့ ရခိုင်လည်း ပါတယ်ပေါ့ဗျာ။

ဒီဗွီဘီ – လေတိုက်နှုန်းက ဘယ်လောက်လောက်ဖြစ်နိုင်လဲ။

ဦးထွန်းလွင် - လေတိုက်နှုန်းက လောလောဆယ် မိုင် ၅၀ ပဲဗျ။ တနာရီမိုင် ၅၀။ သိပ်တော့လဲ ပြင်းပြင်းတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ဒီနေ့လယ်ပိုင်းတပိုင်းလုံး ရှိသေး တော့ ညနေပိုင်းမှာ တိုးတက်ပြီး ဖြစ်လာတယ်ဆိုရင်တော့ ၇၀ လောက်များ ဖြစ်သွားမလား မပြောတတ်ဘူး။ လောလောဆယ်တော့ မဖြစ်သေးဘူး၊ ကျနော်မှန်းထားတာပါ။

ဒီဗွီဘီ – ဆရာ့ဝက်ဘ်ဆိုက်မှာ ရေးထားတာ ဒီနေ့နေ့လယ်ပိုင်းမှာ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်ဆိုတာက ဘယ်လောက်ထိဖြစ်နိုင်ပါလဲ။

ဦးထွန်းလွင် - ဟုတ်တယ်။ U.S (အမေရိကန်) ကလည်း အဲဒီအတိုင်း ခန့်မှန်းတယ်။ ကျနော်လည်း အဲဒီအတိုင်း ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်ခင်ဗျ။

ဒီဗွီဘီ – ဆိုင်ကလုန်းဖြစ်မယ်ဆို ဘယ်အချိန်လောက် ဖြစ်နိုင်မလဲခင်ဗျ။

ဦးထွန်းလွင် - ၂း၀၀ နောက်ပိုင်း ၃း၀၀ နာရီ ၄း၀၀ နာရီ အဲဒီအချိန်တွေက ဖြစ်တတ်တဲ့ အချိန်တွေဗျ။ အများဆုံးဖြစ်နိုင်တာကတော့ ၄း၀၀ နာရီလောက်ဖြစ်နိုင်တယ်။

ဒီဗွီဘီ – လေတိုက်နှုန်းက ဘယ်လောက်ဖြစ်သွားနိုင်လဲ။
ဦးထွန်းလွင် - တနာရီ ၇၅ မိုင်နှုန်းလောက် ဖြစ်သွားနိုင်တယ်ဗျ။

ဒီဗွီဘီ – အဓိက ဘယ်မြို့တွေ ဖြစ်နိုင်လဲ။

ဦးထွန်းလွင် – အဓိကကတော့ စစ်တွေ၊ မောင်တော၊ ရမ်းဗြဲတို့ဗျ။ လေတိုက်နှုန်း ၇၅ ဖြစ်လာပြီး ရေမတက်ဘူးဆိုရင် ကုန်းပေါ်မှာနေကြရင် အန္တရာယ်ကင်းပါလိမ့်မယ်ဗျ။

(ထပ်မံရရှိတဲ့​ နောက်ဆုံးသတင်းတွေကို ဆက်လက်​ဖော်ပြသွား​ပါမယ်။)

စစ်တွေမြို့ခံတဦးကို ဆက်သွယ်မေးမြန်းချက်

အေးနိုင် ၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀
ဒီဗွီဘီ – စစ်တွေက လေပြင်းတိုက်ခတ်မှု အခြေအနေကို ပြောပြပါ။

“ဟုတ်ကဲ့။ လေပြင်းတိုက်တယ်ဗျာ။ မိုးရွယ်တယ်ခင်ဗျာ။ ဒီတမနက်လုံး ရွာနေပါတယ်ခင်ဗျာ။ ရေတော့ မကြီးပါဘူးခင်ဗျာ။ မိုးကြီးလို့ ရေအများကြီး ရောက်နေပါတယ်။ ပလက်ဖောင်းတွေဘာတွေမြုပ်တာပေါ့။ လေကတော့ တိုက်နေတယ်။

ဒီဗွီဘီ – မုန်တိုင်းဝင်မယ်ဆိုတာတွေဘာတွေ သိသလား။

“၁၁ နာရီ မြန်မာ့အသံက လာတာ နားထောင်လိုက်တယ်။ သူတို့က မနက် ၆း၀၀ နာရီ တိုင်းထွာချက် အရ လေဖိအားနည်းရပ်ဝန်း ရှိတယ်တော့ ပြောတာပဲ။ မုန်တိုင်းတော့ ဘာမှ မပြောသွားဘူးဗျ၊ ကျနော်တို့ ထင်တာက မုန်တိုင်းတော့ ရှိတယ်ထင်တာပဲ။ အခြေအနေက တော်တော်လေးဆိုးနေပါတယ်ခင်ဗျ။ ဒီမှာတော့ လေတိုက်နှုန်း ၃၀ – ၄၀ ပတ်ဝန်းကျင်ပေါ့ဗျာ။

ဒီဗွီဘီ – မနေ့ညက စစ်တွေကမ်းနားဘက် ဈေးတန်းမှာ အဆောက်အဦ နည်းနည်းပါးပါး ပြိုသွားတယ် ကြားတယ်။

“ဒီမနက် ဈေးမှာတွေ့တာက အမိုးတွေဘာတွေ လန်သွားပြီးတော့ ပြုတ်ကျတာ လူတော့ထိခိုက်မှု မရှိဘူး၊ မနက် ခြောက်နာရီခွဲတုန်းကလည်း လေဆင်နှာမောင်း နည်းနည်းဝှေ့သွားတယ်။ ကျောင်းတက်လက်ရပ်ကွက်။ ရွာကြီးတောင် စတဲ့နေရာတွေမှာပါ နည်းနည်းပါးပါးပါ၊ သွားတော့မကြည့်ရသေးပါဘူးဗျာ။ မိုးက တအားရွာနေလို့။

ဒီဗွီဘီ – အကိုတို့စစ်တွေသားတွေ ဘယ်လိုပြင်ထားကြလဲ။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပြီနော် ‘မုန်တိုင်းဝင်နိုင်တယ်’လို့။

“ကျနော်တို့လည်း ဒီတမနက်လုံး ရေဒီယိုဖွင့်ထားတာပဲဗျာ။ မုန်တိုင်းလာမယ် ဆိုတာ ဘယ်သူမှ မကြေညာသေးဘူးဗျ။ ဒါပေမယ့် ဦးထွန်းလွင်ပြောတာက သေချာသလောက် ဖြစ်နေပါပြီ၊ တလောကတည်းက သူပြောထားတယ်လေ ‘မုန်တိုင်းတလုံးလာလိမ့်မယ်’ဆိုတာ။ ကျနော်တို့လည်း အခုတောင် မုန်တိုင်းလာလိမ့်မယ် ထင်တာပါပဲ။ လေလည်း တော်တော်လေးတိုက်နေတယ်။

၁၉ အောက်တိုဘာ ၂၀၁၁ မွန်း​တည့်​ ၁၂း​ဝဝ နာရီ

အေးနိုင်

ရခိုင်ပြည်နယ် စစ်​တွေမှာ မ​နေ့​က ​လေပြင်း​ တိုက်ခတ်သွား​ပြီး​ ဒီ​နေ့​မွန်း​တည့်​ မတိုင်ခင်မှာ လည်း​ ​လေပြင်း​ထပ်တိုက်​နေတယ်လို့​ စစ်​တွေမြို့​ခံက ​ပြောပါတယ်။

“စစ်​တွေမှာ ည ၁၁ နာရီ​လောက်က နည်း​နည်း​လေပြင်း​ ဝင်သွား​ပါတယ်။ မုန်တိုင်း​ ​တော့​မဟုတ်ဘူး​ ဒါ​ပေမယ့်​အ​ခြေအ​နေ နည်း​နည်း​ဆိုး​ပါတယ်။ တနာရီကို မိုင် ၄၀ နှုန်း​လောက်​တော့​ တိုက်​နေပါတယ်။ ကမ်း​နား​ပိုင်း​က ​ဈေး​ပိုင်း​တွေ နည်း​နည်း​ပျက်စီး​သွား​ ပါတယ်။ လူတ​ယောက်မှ မ​သေပါဘူး​။ အခု ဖုန်း​ပြော​နေချိန်မှာ ​လေနည်း​နည်း​ကြမ်း​လာပါ တယ်။ မိုး​အရမ်း​ရွာပါတယ်။ ကျ​နော်တို့​ အခုခန့်​မှန်း​တာ​တော့​ ​လေတိုက်နှုန်း​က ၃၅ နဲ့​ ၅၀ ကြား​ ရှိပါတယ်။”

လက်ရှိ ​လေပြင်း​တိုက်​နေပုံနဲ့​ဆိုရင် စစ်​တွေ​လေဆိပ်ကို ဒီ​နေ့​ ​လေယာဉ်ဆင်း​နိုင်ဖွယ်မရှိဘူး​လို့​လည်း​ စစ်​တွေမြို့​ခံက ​ပြောပါတယ်။
“တချို့​မူလတန်း​ကျောင်း​တွေက က​လေး​တွေကို အိမ်ပြန်ခိုင်း​ပါတယ်။ အသွား​အလာက​တော့​ သွား​လို့​မရ​လောက်​အောင် ​လေပြင်း​လာပါတယ်။ နည်း​နည်း​အ​ခြေအ​နေဆိုး​နေပါတယ်။ ဒီပုံဆို ​လေယာဉ်မဆင်း​နိုင်ပါဘူး​။”

ကျောက်ဖြူမြို့​မှာလည်း​ ​လေပြင်း​စတိုက်​နေတယ်လို့​ ​ကျောက်ဖြူမြို့​ခံတဦး​က ​ပြောပါတယ်။

ဘင်္ဂလား​ပင်လယ်​အော် အလယ်ပိုင်း​မှာ ဖြစ်​ပေါ်​နေတဲ့​ မုန်တိုင်း​ငယ်တခုဟာ ​အောက်တိုဘာ ၂၁ ရက် (​သောကြာ) ​နေ့​မှာ ရခိုင်ပြည်နယ် ​မြောက်ပိုင်း​နား​ကို ကပ်ပြီး​ဖြတ်သန်း​တိုက်ခတ်နိုင်တယ်လို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောကြား​ထား​ပါတယ်။

မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်
မိုး-ဇလ ကြေညာချက် မနက် ၉း၃၀
ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန အင်တာနက် ၀က်ဘ်ဆိုက်မှာ ကြေညာပါတယ်။

ဒီနေ့မနက် ၉း၃၀ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုး-ဇလကြေညာချက်က ဆိုပါတယ်။

ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့လည်း ဆိုပါတယ်။

http://www.moezala.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေပြည်တော်
နေ့စဉ်မိုးလေ၀သ သတင်း
၂၀၁၁ အောက်တိုဘာ ၁၉ ရက် နံနက် ၇း၀၀နာရီ ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော် အခြေအနေ
ယနေ့နံနက် မြန်မာစံတော်ချိန် ၀၅၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်း ရှိမရှိ စောင့်ကြည့်လျက်ရှိပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေထိ ခန့်မှန်းချက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည် နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်
ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ ကျန် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်

http://burmese.dvb.no/archives/16645

အားလုံးအကျဉ်းသားတွေပါ


Posted by admin on October 19, 2011

အကျဉ်းသားတွေ ၆ဝဝဝ ကျော် လွှတ်ပေးတယ်ဆိုတော့ ကောင်းတာပေါ့။ အချုပ်အနှောင် ဆိုတာ ဘယ်သူမှ နှစ်သက် မြတ်နိုးတဲ့ အရာမဟုတ်ပါဘူး။ ဘယ်သူမှလည်း အချုပ်အနှောင်ထဲမှာ မနေလိုပါဘူး။ ကလေးဘဝတုန်းကတောင် မိဘ တွေက အပြင်မထွက်ရ၊ အိမ်ဝင်းထဲမှာလည်း မဆော့ရ စာပဲကျက်နေလို့ ပြောတာကို မလွတ်လပ်ဘူး၊အချုပ်အနှောင်ထဲ နေရသလိုပဲလို့ ထင်ခဲ့သေးတာကိုး။ အခု ပြန်လွှတ်ပေးလိုက်တဲ့ သူတွေအထဲမှာ မပါတဲ့သူတွေအတွက်လည်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။

တချို့ကတော့ပြောပါတယ် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဦးရေက အလွန်နည်းနေတယ်တဲ့။ အဲတာ အ တွက် အစိုးရကို ဝေဖန်တာတွေလည်း ရှိပါတယ်။ ဝေဖန်စရာ ရှိရင်တော့ ဝေဖန်ရမှာပေါ့။ သို့သော် ကျနော့်စိတ်ထဲမှာပေါ် လာတာတွေကို ပြောချင်ပါတယ်။ အမှန်က နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အသုံးအနှုန်းဟာ အတော်လေး အကန့်အသတ် ရှိနေပါတယ်။ ယုံကြည်ချက်ကြောင့် (သို့မဟုတ်) ယုံကြည်မှုတခုကြောင့် (သို့မဟုတ်) ယုံကြည်မှုတခုကို ကိုင်စွဲမိလို့ (သို့ မဟုတ်) ကိုင်စွဲထားတဲ့ ယုံကြည်မှုကို မစွန့်လွှတ်လို့ (သို့မဟုတ်) ယုံကြည်မှုတခုကို ကိုင်စွဲထားသူ တဦးဦးကို ထောက်ခံ မိလို့ အားပေးမိလို့ (သို့မဟုတ်) ယုံကြည်မှုတခုကို ပြန့်နှံ့အောင် ကြိုးပမ်းမိခဲ့လို့၊ ဆောင်ရွက်ခဲ့လို့ (သို့မဟုတ်) ယုံကြည်မှု တခုအတွက် ခုခံတိုက်ပွဲဝင်ခဲ့လို့ (သို့မဟုတ်) ယုံကြည်မှုတခုအတွက် တိုက်ပွဲဝင်သူနဲ့ ဆွေမျိုးတော်စပ်လို့ (သို့မဟုတ်) ယုံကြည်မှုတခုအတွက် ဆောင်ရွက်သူနဲ့ နီးနီးကပ်ကပ် မိတ်ဆွေ သူငယ်ချင်း ဖြစ်ခဲ့လို့ ဖမ်းဆီးချုပ်နှောင် ခံရပြီး ထောင် သွင်းအကျဉ်းချ ခံရတဲ့သူတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိနေပါတယ်။

အခုကျနော်ဆိုခဲ့တဲ့ အထဲမှာ ယုံကြည်ချက်ကြောင့် ဆိုတာကို အဓိကထားပါတယ်။ နိုင်ငံရေးပါတီမှာ ပါခဲ့တာ မပါခဲ့တာကို ထည့်မပြောပါ။ ကျောင်းသားသမဂ္ဂမှာ ပါခဲ့ခြင်း မပါခဲ့ခြင်းတွေ ထည့်မပြောပါ။ မြေအောက်ကွန်ရက်တွေမှာ ပါဝင် ဆောင်ရွက် ခဲ့ခြင်း ရှိ-မရှိကိုလည်း အလေးပေး ပြောခြင်းမဟုတ်ပါ။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်း ရှိ-မရှိ ဆိုတာကိုလည်း ကျနော် အဓိကထားပြီး မပြောပါ။ ဒီလူတွေလည်း ယုံကြည်ချက် တခုကြောင့် သူတို့ယုံကြည်ရာကို လုပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်ငြားလည်း ယုံကြည်ချက် (သို့မဟုတ်) ယုံကြည်ချက် တခုကို ကိုင်စွဲခြင်း ဆိုတာ ဒီထက်မက ဘူးလို့ ပြောလိုပါတယ်။ ဘာကြောင့်တုန်းဆိုတော့ ယုံကြည်မှု တခုခုကြောင့် ဆိုတဲ့ စကားလုံး အသုံးအနှုန်းဟာ တော်တော် ကျယ်ပြန့်တဲ့ သဘာဝနယ်ပယ် ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။

လူသားတို့မှာ ရှိရမယ့် ပိုင်ဆိုင်ရမယ့် မွေးရာပါ လွတ်လပ်ခွင့်တွေ ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်ကို အခြေပြုပြီး ချဉ်းကပ် မယ်ဆိုရင် ပိုပြီးတော့ သဘာဝ ကျလိမ့်မယ်လို့ ထင်ပါတယ်။ လူတဦးတယောက်ဟာ ဘာသာရေး ယုံကြည်ချက်ကြောင့် လဲ အကျဉ်းကျနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘာသာရေးယုံကြည်ချက်ကြောင့် ထောင်ချတယ်လို့ အာဏာပိုင်တွေက တိတိလင်းလင်း ပြောမှာမဟုတ်ပါ။ တခြား ပြစ်မှု ကျူးလွန်လို့ အပြစ်ပေးအရေးယူတယ်လို့ပဲ ဆိုမှာပါ။ အမှုက သေးငယ် ပေမယ့် မွတ်စလင် ဖြစ်နေလို့၊ ခရစ်ယန်ဖြစ်နေလို့ အမြင်ကပ် ခံရပြီး ထောင်မကျသင့်ဘဲ ကျနေရသူတွေလည်း ရှိနိုင်ပါ တယ် (သို့မဟုတ်) လိုတာထက် ပိုပြီး ပစ်ဒဏ်ခံရတာမျိုးလဲ ရှိနိုင်ပါသေးတယ်။ မြန်မာမဟုတ်ဘဲ တခြားတိုင်းရင်းသား ဖြစ်နေတဲ့အတွက် လူမျိုးရေးအရ အကြည့်ခံရပြီး အပစ်ဒဏ် ပိုပြီး ခံရသူတွေလဲ ရှိနိုင်ပါတယ်။

မိမိမှာ ရှိရမယ့် အခွင့်အရေးလို့ မှတ်ယူယုံကြည်တဲ့ အတွက် အဲသည့် ယုံကြည်မှုအတွက် ဆောင်ရွက်ရင်း ထောင်သွင်း အကျဉ်း ကျခံရသူတွေလည်း ရှိပါတယ်။ ဥပမာ ပြောရရင် လယ်သိမ်းခံရတဲ့ လယ်သမားတွေပါ။ လယ်ပြန်မရလို့ လမ်းမ ပေါ်ထွက် ဆန္ဒပြရင်း ထောင်နန်းစံရသူတွေကို ကြည့်ရင်မြင်နိုင်ပါတယ်။ အစိုးရကတော့ လယ်သိမ်းတာကို တရားတယ် မတရားဘူး ဘာမှ မပြောဘဲ ဆူပူအောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချတာ ဖြစ်ပါတယ်။ လယ်သမား ဖက်က ကြည့်ရင် ဒီမြေဒီလယ်တွေဟာ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်လာခဲ့တာမို့ သူတို့ပိုင်ဆိုင်တယ်၊ သူတို့အတွက် လွတ် လပ်စွာ ထွန်ယက်ခွင့်၊ စိုက်ပျိုး စားသောက်ခွင့်၊ ရောင်းခြခွင့် ရှိတယ်လို့ ယုံကြည်ထားပြီး ဖြစ်ပါတယ်။ အဲသည့် ယုံကြည် ချက်ကြောင့် သူတို့ရဲ့ အခွင့်အရေးအတွက် သူတို့တိုက်ပွဲဝင်ရင်း ထောင်ချခံရခြင်း ဖြစ်ပါတယ်။ ဒါမျိုးကိုလည်း ယုံကြည် ချက်ကြောင့် ထောင်သွင်း အကျဉ်းချ ခံရတယ်လို့ ဆိုနိုင်ပါတယ်။ အင်္ဂလိပ်လို ပြောရရင်တော့ Rights အခွင့်အရေးတိုက် ပွဲ တိုက်ရင်း ထောင်ဒဏ်အပစ်ပေးခြင်း ခံရတာ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့၊ ၉ဝ ရွေး ကောက်ပွဲ အသိအမှတ်ပြုဖို့ ဆန္ဒပြရင်း အဖမ်းခံရတာမျိုး မဟုတ်ပါ။ သည့်အပြင် သူတို့ဟာ ဘယ်နိုင်ငံရေးပါတီ အဖွဲ့အ စည်းနဲ့မှ မပတ်သက် တာကိုလည်း တွေ့နိုင်ပါတယ်။ ဆက်စပ်လို့ ပြောရရင် ရှေ့နေကိုဖိုးဖြူ လိုက်နေရတဲ့ အမှုတွေဟာ မတရားသဖြင့် လယ်သိမ်းခံရတဲ့ လယ်သမားတွေရဲ့ အမှုတွေ ဖြစ်ပါတယ်။ အလိုက်ကောင်းလို့ ရှေ့နေ ကိုဖိုးဖြူ ကိုယ် တိုင်တောင် ထောင်ကျခံခဲ့ရသေးတယ် မဟုတ်လား။

အဲသလိုပါပဲ။ သတင်းအလိုက်ကောင်းလို့၊ သတင်းအရေးကောင်းလို့ ထောင်ကျခံနေရတဲ့ ဂျာနယ်လစ်တွေလည်း မနည်း လှပါဘူး။ သူတို့လည်းဘဲ သတင်းဆိုတာ ပြည်သူတွေ လွတ်လပ်စွာ သိရှိခွင့် ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ခံခဲ့ရ တာ ဖြစ်ပါတယ်။ ရွှေဝါရောင်တုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ကျခံနေရတဲ့ သံဃာတော် တွေ လည်း ဒီစာရင်းထဲမှာ ပါဝင်ပါတယ်။ ကိုဇာဂနာတို့လို လူမှုရေးအကူအညီတွေ ပေးရင်း အမြင်ကပ်ပုဒ်မနဲ့ ထောင်ချခံရတဲ့ သူတွေလည်း မြန်မာပြည်မှာ ရှိနေပါသေးတယ်။

အမှန်ကတော့ နိုင်ငံရေးကိစ္စတွေကို တိုက်ရိုက်ဆောင်ရွက်လို့၊ လက်ဝဲလက်ျာ အယူအဆတွေကို ကိုင်စွဲမိလို့ ထောင်ကျ သူများသာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများ မဟုတ်ပါဖူး။ အထက်က ပြောခဲ့တဲ့ ဘာသာခြားတွေ၊ မြန်မာ မ ဟုတ်သူ တိုင်းရင်းသားတွေ၊ ရှေ့နေတွေ၊ လူမှုရေးဆောင်ရွက်သူတွေ၊ ဂျာနယ်လစ်တွေနဲ့ လယ်သမားတွေလည်း ယုံ ကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတဲ့ ကိစ္စတခုထဲဟာ ဘောင်ကျဉ်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေ အား လုံး လွတ်မြောက်ဖို့အတွက်လည်း မဆောင်ရွက်သင့်ဘူးလား။

နောက်တချက်ကတော့ ရာဇဝတ်အကျဉ်းသားဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရာဇဝတ်မှုနဲ့ ထောင်ကျနေခံရသူ စစ်စစ်မှန်မှန် ဘယ်လောက်ရှိသလဲ။ အမျိုးမျိုးသော အကျိုးစီးပွားတွေကြောင့် ရာဇဝတ်မှုနဲ့ တမင်ချိတ်ဆက်ပြီး မတရား သဖြင့် ထောင်ချခံရတဲ့ သူတွေကော မရှိနိုင်ဖူးလား။ အဲသလို လူမျိုးတွေ အခုလွှတ်ပေးတဲ့ အထဲမှာ ပါရင်ကော သူတို့ အတွက် မကောင်းဘူးလား။ အမှန်တကယ် ရာဇဝတ်မှု ကျူးလွန်သူနဲ့ ရာဇဝတ်မှု မကျူးလွန်ရဘဲ မတရားထောင်ချခံရ တဲ့ အကျဉ်းသား အမျိုးအစားနဲ့ အရေအတွက် မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိသလဲ ဆိုတာလည်း ကျနော်တို့ သိဖို့ မလို ဘူးလား။ ဘာဖြစ်လို့ တုန်းဆိုတော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတာ ဆယ်စုနှစ် ၅ ခုလောက် ရှိခဲ့ပြီကိုး။တရား ဥပဒေ စိုးမိုးမှုမရှိတဲ့ နိုင်ငံမှာ အစိုးရကနေ ဒီလူဒီလူတွေက ရာဇဝတ်အကျဉ်းသားတွေလို့ ဆိုတိုင်း ယုံကြမှာလား။ လူ ကောင်းတွေ၊ ရိုးသားသူ တွေ၊ ဆင်းရဲလွန်းလို့ ထောင်ချောက်မှာ ပိတ်မိသူတွေ ဘယ်နှစ်ယောက်လောက် ထောင်ထဲမှာ ရောက်နေကြသလဲ။

တောင်တွင်းကြီးဖက်မှာ လက်ယက်ရေနံတွင်းတွေနဲ့ အသက်မွေးနေသူတွေ ရှိပါတယ်။ ရေနံအထွက်ကောင်းတယ် ကြား ကြားခြင်း ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီနဲ့ အာဏာပိုင်တွေ လက်ဝါးရိုက်ပြီး ရေနံအထွက်ကောင်းတဲ့ နေရာတွေကို သိမ်း လိုက်တယ်။ လျော်ကြေးရတယ်ဆိုတဲ့ ဒေသခံတဦးစ နှစ်ဦးစရှိပေမယ့် ရတဲ့ငွေက အသိမ်းခံရတဲ့ မြေနဲ့နှိုင်းစာရင် ဘာမှ မဖြစ်လောက်ပါဖူး။ လက်ယက်တွင်း သမားတွေ ဆန္ဒပြတော့ အဖမ်းခံရတယ်။ ထောင်ကျတယ်။ ရာဇဝတ် အကျဉ်းသား လို့ သတ်မှတ်တယ်။ ဒါဟာ အဲသည့် သူတွေနဲ့ သူတို့မိသားစုတွေအတွက် မနစ်နာလွန်းဘူးလား။ ဥပေဒစိုးမိုးမှု မရှိတာကို ထောက်ပြတာပါ။ ဥပဒေစိုးမိုးမှု မရှိတဲ့ အစိုးရအောက်မှာ ရာဇဝတ် အကျဉ်းသားလို့ နာမည်တတ်ထား တာတောင်မှ သူ တို့ဟာ တကယ့်ရာဇဝတ်မှု ကျူးလွန်သူတွေ ဟုတ်မဟုတ် ဆန်းစစ်တဲ့ အမြင်နဲ့ကြည့်ဖို့ လိုပါသေးတယ်။

နောက်ထပ်တချက်ကတော့ အခုလို နိုင်ငံရေးအကျဉ်းသား အနည်းငယ်အပါအဝင် အကျဉ်းသား ၆ဝဝဝ ကျော်ကို လွှတ် ပေးတာ အပြုသဘောဆောင်တဲ့လုပ်ရပ်ဖြစ်လို့ ကြိုဆိုကြောင်း ပြောကြပါတယ်။ ကျနော်ကတော့ အဲသလို မမြင်ပါဘူး။ အာဏာပိုင်တွေက ဒီလူတွေကို မတရားဖမ်းထား ခဲ့တာဘဲ။ ပြန်လွှတ်ပေးရမှာပေါ့။ လွတ်လာသူတွေအတွက် ဝမ်းသာ တယ်။ သို့သော် ဒီလောက်နဲ့တော့ မကြိုဆိုနိုင်သေးဖူး။ အထဲက နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ကတော့ နိုင်ငံရေး ချိန်ခွင်ညှာအရ သံခင်းတမန်ခင်းလို ပြောရတာကို နားလည်ပေးနိုင်ပါတယ်။ သို့သော် တိုင်းပြည်ပြင်ပ လွတ်လပ်တဲ့ နေ ရာမှာ ရောက်နေတဲ့ သူတွေကပါ ရောယောင်ပြီး သံကြီးတမန်ကြီးများလို ပြောနေတာကိုတော့ နားအရသာ မခံနိုင်ပါ၊ နိုင် ငံရေးအကျဉ်းသားများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းများသား အားလုံးကို လွှတ်ပေးရင်တောင်မှ ကောင်းတယ်လို့ ပြောတာကလွဲလို့ မကြိုဆိုနိုင်သေးဘူး။ ဟုတ်ပြီ ဒါဖြင့်ရင် ခင်ဗျားက ဘယ်တော့မှ ကြိုဆိုမှာလဲလို့ မေး တဲ့သူလည်း ရှိပါလိမ့်မယ်။ လက်ခုပ်တီးပြီး ကြိုဆိုမှာကတော့ နောင်မှာ နိုင်ငံသားတွေ ငြိမ်းချမ်းစွာ မိမိဆန္ဒကို ထုတ်ဖော် ပြသတာနဲ့ ပတ်သက်လို့ အဲတာကို သူတို့ရဲ့ အခွင့်အရေးတခုလို့ လက်ခံပြီး မဖမ်းမဆီး ထောင်မချဘဲ ကျင့်ကြံနိုင်တဲ့ ကာ လကျမှ ကြိုဆိုမှာ ဖြစ်ပါတယ်။

အပိတ်အနေနဲ့ ပြောရရင် ဒေါ်စုကိုယ်တိုင်တောင် တခါတုန်းက ပြောထားတာ ရှိခဲ့တယ်မို့လား။ We want the whole world to know that we all are prisoners in our own country. “ကျမတို့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ ကိုယ့် တိုင်းပြည်ထဲမှာ အကျဉ်းသားတွေ ဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိစေ ချင်ပါတယ်။”

ဇော်မင်း
၁၃ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၁ ခုနှစ်

ရွက်မွန်မှ ကူးယူဖေါ်ပြပါသည်
http://www.naytthit.net/?p=21027

မုန်တိုင်း သတိပေးမူ စစ်ဘက် အတွက် ပြုလုပ်၊ အရပ်ဘက် အတွက် မပါဝင်

News Date:10/19/2011
မောင်အေး
-----------
အစိုးရ အာဏာပိုင်များက ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများအတွက် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသော်လည်း အရပ်ဘက်အတွက် ထုတ်ပြန်ထားခြင်း တစ်စုံတရာ မရှိကြောင်း သိရသည်။

မြန်မာ အစိုးရ အာဏာပိုင်များက ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ပြီး ရခိုင်ပြည်နယ် ကမ်းရိုးတန်းတလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများကို မုန်းတိုင်းသတိပေးညွန်းကြားချက် ထုတ်ပြန်ထားခဲ့သော်လည်း အရပ်ဘက်ဆိုင်ရာကို တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒေသအတွင်းကလာသော သတင်များက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်မြကျော်က "စစ်တွေမှာ မိုးတော့ ရွာနေတယ်။ မနေ့က လေပြင်း တိုက်ခတ်တာတွေ တော့ ရှိပါတယ်။ အခုအချိန်ထိတော့ မုန်တိုင်း သတိပေးထားတာတော့ မရှိသေးဘူး" ဟု ပြောသည်။

တခြား လူငယ် တစ်ဦးကလည်း " မိုးတော့ ရွာနေပါတယ်။ မုန်တိုင်းတိုက်မယ့် သတင်းတော့ မရသေးပါဘူး။ အစိုးရက သတင်းထုတ်ပြန်တာတွေလည်း စစ်တွေ မရှိသေးဘူး။ ဂီရိတုန်းကတော့ မုန်းတိုင်း မတိုက်မှီ အသံချဲ့စက်နဲ့ အော်ပါတယ်။ ခုတော့ မရှိသေးပါဘူး" ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင်း ရခိုင်ပြည်နယ် ပေါက်တော၊ စစ်တွေနှင့် မင်းပြားမြို့နယ်များတွင် မိုးသက် လေပြင်းများ ယနေ့နံနက်မှ စတင်ကျရောက်နေပြီးဖြစ်ကြောင်း သိရှိရသည်။

မိုးလေ၀ါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင်က မုန်းတိုင်း အခြေအနေကို ယခုလို ပြောသည်။

" မုန်တိုင်းက ဒီနေ့ ညနေပိုင်းကနေ နောက်နေ့ မနက်အတွင်း ဖြတ်သန်းနိုင်ပါတယ်။ အခု အချိန်ထိတော့ မုန်တိုင်းငယ် အဆင့်မှာဘဲ ရှိပါသေးတယ်။ တစ်နာရီ မိုင် (၄၅) နုန်းပေါ့။ တခါတလေ တနာရီ ၅၀ လာက်တိုက် ခတ်နိုင်ပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလာဒေခ်ျ့ကို ဖြတ်သန်းနိုင်ပါတယ်။ ပင်လယ်ပြင်မှာ လိုင်းကြီးနိုင်တယ်။ ရေတော့ မတက်နိုင်ဘူး။ ဒါပေမယ့် ဒီထက် အားကောင်း လာရင်တော့ အခြေအနေ ဆိုးနိုင်ပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘာဖြစ်လာမလဲဆိုတာ Update သတိထား စောင့်ကြည့်ဖို့ လိုပါတယ်" ဟု ပြောသည်။

ယခု မုန်တိုင်းမှာ မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာသဖြင့် လောလောဆယ်တွင် ပင်လယ်ပြင်ကို မထွက်ရန်နှင့် ကုန်းပေါ်တွင်နေထိုင်ကြရန် လိုကြောင်း ဦးထွန်းလွှင်က ပြောသည်။

" သိသိသာသာကို မြန်ဘက်ကို ကပ်လာတယ်။ အရင်ကတော့ မုန်တိုင်းက လောင်ဒီကျူဒ် ၈၉ ကနေ ခု လောင်ဒီကျူဒ် ၉၈ ထိ ရောက်လာပြီးတော့ အရှေ့ဘက်ကို ရွှေ့လာတယ်။ အားလုံး ယေဘူယျ ပြောရင် ရခိုင်မြောက်နဲ့ ဘင်္ဂလာဒေခ်ျ့ အစပ်ပေါ့။ အတိအကျ ပြောရင် ကျွန်တော်တို့ဘက်က မောင်တော၊ သူတို့ဘက်ကတော့ ကော့ဘဇားပေါ့။ အဲဒီနေရာက မုန်းတိုင်း ဗဟိုချက် ဖြစ်နိုင်ပါတယ်" ဟု သူက ပြောသည်။

မိုးလေ၀ါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင် အင်တာနက် ဆိုက်တွင်လည်း ဘင်္ဂလားပင်လယ်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်မည်ဟု ဖော်ပြထားသည်။

News Date:10/19/2011
နောက်ဆုံး ရရှိသော မုန်တိုင်းသတင်း
Font size: Decrease font Enlarge font

ယခုတိုက်ခတ်နေသော မုန်တိုင်းသည် ညနေ ၃ နာရီခန့်မှ စတင်ပြီး ပေါက်တောမြို့နယ်နှင့် မင်းပြားမြို့နယ် အကြား ဖြတ်သန်း တိုက်ခတ်နေဟု သိရသည်။

ပေါက်တောမြို့နယ် (ချောင်းရှည် ကျေးရွာ)

ပေါက်တောမြို့နယ် ချောင်းရှည် ကျေးရွာမှ ရွာသား တစ်ဦးအား မေးမြန်းရာ သူက ယခုလို ပြောသည်။

" အခု တစ်နာရီကို မိုင် ၅၀၊ ၆၀ နုန်းဖြင့် တိုက်ခတ်နေပါတယ်။ အခု စပြီး တိုက်ခတ်နေပါတယ်။ အခုအချိန်ထိတော့ အခြေအနေ မဆိုးရွားသေးပါဘူး။ ဒီထက် ပိုတိုက်ခတ်လာရင်တော့ ဘုန်းတော်ကြီး ကျောင်းတွေကို သွားရောက်ခိုလုံဖို့တော့ လုပ်ထားပါတယ်။ ညကျရင် ဒီထက် အခြေအနေဆိုးမှာကို စိုးရိမ်ရပါတယ်။ အပင်တွေလဲတာ၊ အိမ်တွေ ပြိုတာတော့ မရှိသေးပါဘူး။ တိုက်နေတုန်းဘဲ ရှိသေးတယ်။ လေက ပြန်မကျသေးဘူး" ဟု ပြောသည်။

မင်းပြား

ဆက်သွယ်၍ မရသေးပါ။

စစ်တွေ

စစ်တွေတွင် မုန်တိုင်း အဖျားခတ် တိုက်ခတ်နေပြီး ပြင်းထန်မူ မရှိကြောင်း သိရသည်။ ယနေ့ ညနေ (၄) နာရီ အချိန် ဆက်သွယ်မေးမြန်းချက်အရ စစ်တွေတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေပြင်း မိုင်းသက် ကျရောက်နေကြောင်း ၊ မုန်တိုင်း ၀င်ရောက် တိုက်ခတ်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း မြေနိမ့်ပိုင်း ဒေသများတွင် ရေတက်နိုင်သဖြင့် ရွေ့ပြောင်းမူ တချို့တော့ ပြုလုပ်နေကြောင်း သိရသည်။

မောင်တော

" ၁ နာရီ မိုင် သုံးဆယ်၊ လေးဆယ်နုန်း တိုက်ခတ်ခဲ့ပါတယ်။ အခုတော့ လေငြိမ်သွားပါပြီ။ ဒီမှာက မုန်တိုင်းလို့တော့ ပြောလို့ မရဘူး။ အခု နေတောင် ထွက်နေပါပြီ။ စိုးရမ်စရာ မရှိပါဘူး" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ (ဆင်မဖြူကျွန်း)

" သစ်ပင် ငယ်လေးတွေ ကျိုးကျသွားတယ်။ တစ်နာရီ ၆၀ မိုင်နုန်းလောက်ရှိမယ် ထင်ပါတယ်။ အခုတော့ လေအားက ကျသွားအပြီ။ မိုးတော့ ရွာနေပါတယ်။ ပင်လယ်ပြင်မှာလည်း လိုင်းတွေ ကြီးနေပါတယ်" ဟု ပြောသည်။
http://www.narinjara.com/burmese.asp

ပြည်ထဲရေးဝန်ကြီး ဌာန မှာ လည်း ငွေကြေး အရှုပ်တော်ပုံ ဖြစ်

by FNG on October 19, 2011
Min of Home Affairsပြည်ထဲရေးဝန်ကြီး ဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၊
အကျဉ်းဦးစီးဌာ န၊ အထူးစုံစမ်းစစ်ဆေးရေး ဌာန၊ တွေ မှာ မြန်မာ ကျပ်ငွေ သိန်းပေါင်း သောင်း
နဲ့  ချီ (သိန်း နှစ်သောင်း ကျော်) ကွာ နေ သည့် အတွက် သက်ဆိုင်ရာ ညွှန် မှုး တွေ ၊ အရာရှိ တွေ
ကို စစ်ထောက်လှမ်းရေး က စစ်ဆေးနေ တယ် လို့  အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန မှ အကြီးတန်း
အရာ ရှိ တစ်ဦးက Freedom News Group သို့  ပြောသည်။
ထိုသို့  စာရင်းကွာ မှု မှာ ယခင် ပြည်ထဲရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် မောင်ဦး လက်ထက်
ကတည်း က စတင်ခဲ့ ခြင်း ဟု ကနဦး စစ်ဆေး မှု တွေ မှာ တွေ့ ရ သော် လည်း လက်ရှိ
ဝန်ကြီးဒု ဗိုလ်ချုပ် ကြီး ကိုကို နှင့် ဒုဝန်ကြီး ကို ပါ ဆက်လက်စစ်ဆေးနေသည် ဟု သိရသည်။
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက် တွင် ဌာန ပေါင်း လေး ခု ရှိ ပြီး မြန်မာ နိုင်ငံကူး လက်မှတ်
ထုတ်ပေး ရေး အဖွဲ့  ၊ ပုံနှိပ် လုပ်ငန်းများ ဆိုင်ရာ မှတ် ပုံ တင် အဖွဲ့ ကဲ့ သို့  အဖွဲ့  ပေါင်း ၉ ခု ရှိ သည်။
ပြည်ထဲရေး ၀န်ကြီးဌာနသည် နှစ်စဉ် ဘဏ္ဍာရေး နှစ် တိုင်း တိုင်း ပြည် ဘဏ္ဍာ ခွဲဝေ ထောက်ပံ့
မှု အရရှိ ဆုံး ၀န်ကြီးဌာန များ တွင် ဆဌမ မြောက် လိုက် သည်။
ပြည်ထဲရေး ၀န်ကြီးဌာန နှင့် ၎င်း လက်အောက်ရှိ ဌာန များ အတွက် လိုအပ် သည့် ကွန်ပျူတာ နှင့် နည်းပညာ
ပစ္စည်းများ ကို ၀ယ် ယူရာ နှင့်  ထွေ / အုပ် ဌာန မှ အသုံးစရိတ် များ ကို စာရင်းစစ်ရာ တွင် ငွေ
ကြေး ကွာ နေ သည် ဟု သိရသည်။
ယခု ငွေကြေး ကွာ ဟ မှု တွင် လာဘ်စား မှု နှင့် ဌာန ဆိုင်ရာ အရာ ရှိ များ ၏ ကိုယ်ကျိုး ရှာ မှု များ ပါဝင်
သည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် သည် သူ အာဏာရပြီး မကြာခင် တွင် သန့် ရှင်း သော အစိုးရ ဖြစ်စေရ
မည် ဟု ကြွေးကျော် ထားသည်။
http://freedomnewsgroup.com

လင်းလက်နေတဲ့ကြယ်(နေဘုန်းလတ်)




နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်ကြဖို့ အချိန်ရောက်ပြီ

U Win Tin – Rebuilding Political Grounds
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၁

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကို အများပြည်သူက အများကြီး မျှော်လင့်သလောက် ဖြစ်မလားဘူးလို့ ပြောကြတယ်။
ဟုတ်တယ်။ ကမ္ဘာကလည်း မျှော်လင့်တယ်။ မြန်မာပြည်သူတွေကလည်း မျှော်လင့်တယ်။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကလည်း မျှော်လင့်နေကြတဲ့အချိန်မှာ လူဦးရေ ၂၀၀ လောက်ပဲ လွတ်မြောက်လာတယ်ဆိုတော့ အများကမျှော်လင့်သလိုမဟုတ်တဲ့အတွက် စိတ်ပျက်ကြတယ်။ ကျနော်တို့က တဆင့်တက်ပြောရရင်တော့ ကျေနပ်ဖွယ်ရာမရှိဘူးလို့လည်း ပြောချင်တယ်။

အဲသည်လို နိုင်ငံရေးအကျဉ်းသားတွေဆိုတာက ယခင်အစိုးရလက်ထက်မှာ ဖမ်းဆီးထောင်ချခဲ့တာဆိုတော့ လက်ရှိအစိုးရက လွတ်ငြိမ်းခွင့် မပေးနိုင်လောက်အောင်ဖြစ်နေတာက သူတို့တွေကိုယ်တိုင်က အာဃာတတွေ ထားနေဆဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလိုလားလို့လားလို့ မေးခွန်းတွေ ဖြစ်လာတယ် ဆရာ။
အဲသည်လိုမျိုး ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောဆိုသံတွေ ကြားနေရတယ်။ အခုလက်ရှိအစိုးရဆိုသူတွေကလည်း အရင်အစိုးရက လူတွေ၊ စစ်ဗိုလ်ချူပ်တွေပဲဆိုတော့၊ သမ္မတကိုယ်တိုင်ကလည်း အရင်အစိုးရလက်ထက်မှာကတည်းက ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ သူတွေ ဖြစ်နေတော့ ဒီလူတွေရဲ့ စိတ်ထဲမှာ အရင်အတိတ်က အကြောင်းအရာတွေကနေ ကင်းကင်းလွတ်လွတ်ရှိနိုင်ရဲ့လားလို့ မေးစရာဖြစ်လာတယ်။

နိုင်ငံတကာက အစိုးတွေ၊ အဖွဲ့တွေ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာရှ သာမက ကုလသမဂ္ဂတွေနဲ့ တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာ လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို သူတို့ကိုယ်တိုင် ပြောဆိုဆွေးနွေးတာတွေလုပ်ခဲ့ပြီးကာမှ အခုလို နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ
လွတ်မြောက်လာတဲ့အတွက် နိုင်ငံတကာမှာလည်း မျက်နှာပျက်စရာဖြစ်တယ်လို့ ပြောကြတယ် ဆရာ။
လူတိုင်းလူတိုင်းက၊ နိုင်ငံတကာက အစိုးရတွေ၊ အဖွဲ့အစည်းတွေကလည်း သည်လောက် အကြိမ်ကြိမ် တောင်းဆို နေတဲ့ကြားက သည်လောက်ပဲ လွှတ်ပေးလိုက်တယ်ဆိုတော့ ဘယ်လိုပဲ စိတ်ပျက်ပျက်၊ မကျေနပ်ဖူးလို့ ဆိုဆို သို့သော်လည်း လွှတ်ပေးတဲ့အတွက် ၀မ်းသာတဲ့အကြောင်း၊ နောက်လည်းပဲ လွှတ်ပေးပါဦးလို့ ပြောနေရတဲ့ အဖြစ် ဆိုက်နေတာပေါ့။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးလိုက်ရင် နိုင်ငံမှာ ဆူပူမှုတွေ ငြိမ်းချမ်းရေး ပျက်ပြားမှုတွေ ဖြစ်လာမှာ စိုးရိမ်လို့ ဆိုပြီး အစိုးရဖက်က လူတွေက အကြိမ်ကြိမ်ပြောနေကြတာလည်း ရှိတယ်လေ ဆရာ။
အခုအချိန်မှာ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်မှာ ဖြေရှင်းရမယ့် ပြသနာတွေ ကိုယ်စီပါလာတယ်။ သူတို့တွေက ဆူပူဖို့ ငြိမ်းချမ်းရေးကို ပျက်ဆီးအောင်လုပ်ဖို့ မပြောနဲ့ဦး နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကိုယ်တိုင်မှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြန်လည်ထူထောင်ရမယ့် အရေးကိစ္စတွေ အများကြီးနဲ့ အပြင်လောကကို ထွက်လာတာ ဖြစ်တယ်။ သည်လိုမျိုး မြင်ကြည့်စေချင်တယ်။ မိသားစုအရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး ပြသနာတွေ ဖြေရှင်းရမှာ ပြန်လည်ထူထောင်ရမယ့် အရေးတွေ အများကြီး ပါလာတယ်။ ဒါတွေက ဖမ်းဆီးချုပ်နှောင်တုန်းက ဖမ်းဆီးခဲ့ပြီးတော့ အခုလို လွှတ်ပေးလိုက်ရုံနဲ့ ပြေလည်သွားတာမျိုး မဟုတ်ဘူး။ သူတို့ဆုံးရှုံးသွားတဲ့ အထွေထွေအခြေအနေတွေကို ပြန်လည်ထူထောင်ကြဖို့ လုပ်ကြရမယ်။ အဲဒါတွေနဲ့ ထပ်တူ အရေးကြီးတာကတော့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ နိုင်ငံရေးဘ၀တွေ လွတ်လပ်စွာ ပြန်လည်ထူထောင်ခွင့် ရရှိဖို့ ဖြစ်တယ်။

သူတို့ရဲ့ နိုင်ငံရေးဘ၀တွေ ပြန်လည် ထူထောင်ဖို့ဆိုတာက ဘာတွေလဲ ဆရာ။
လွတ်မြောက်လာတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ယုံကြည်တည်ဆောက် ရပ်တည်ထားတဲ့ နိုင်ငံရေးဘ၀အသီးသီးတွေကို သူတို့ ဆန္ဒသဘောထားတွေနဲ့အညီ လွတ်လွတ်လပ်လပ် ထူထောင်ခွင့် တည်ဆောက်ခွင့် ရှိဖို့ အရေးကြီးတယ်။ သူတို့ရဲ့ နိုင်ငံရေးသဘောထားတွေကို ပြန်လည်သုံးသပ်ကြမယ်၊ ပြောဆိုဆွေးနွေး ညှိနှိုင်းသုံးသပ်တာတွေ လုပ်ကြရမယ်။ တဦးချင်း ခံစားချက်၊ လေ့လာချက်၊ ဆွေးနွေးချက်တွေကို လုပ်ပိုင်ခွင့်တွေ ရှိသလို အများကလည်း ၀ိုင်းဝန်း အားပေး ကူညီမှုတွေ ပြုကြရမယ်လို့ ပြောချင်တယ်။ သူတို့တွေကို နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်မှုတွေ လုပ်နိုင်အောင်လို့ ကျနော်တို့က ပြည်သူတွေက မိသားစုတွေ၊ မိတ်ဆွေတွေက ၀ိုင်းဝန်း ကူညီတာတွေ၊ ပံ့ပိုးတာတွေ လုပ်ပေးကြရမယ်၊ ကူညီကြရမယ်လို့ ကျနော်က တလောကပြုလုပ်တဲ့ တော်ဝင်နှင်းဆီခန်းမ ကန်တော့ပွဲမှာလည်း ပြောခဲ့တာ ဖြစ်တယ်။ ပြင်ပကလူတွေကလည်း လက်ရှိ တိုင်းပြည်နဲ့ နိုင်ငံတကာအခြေအနေတွေ အပြောင်းအလဲတွေကို တင်ပြ ပြောဆို ဝေမျှတာတွေ လုပ်ကြရမယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေရဲ့ နိုင်ငံရေးဘ၀တွေသာမက အထွေထွေ ဘ၀တွေ ပြန်လည်ထူထောင်ဖို့ ဆရာတို့က ဘယ်လို လုပ်ကြမှာလဲ ဆရာ။

ကျနော်တို့တွေက သူတို့အကျဉ်းကျနေချိန်မှာ တတ်စွမ်းနိုင်သလောက် ကူညီအားပေးဖို့ ကြိုးစားသလိုမျိုးပဲ လွတ်မြောက်လာတဲ့ သူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖို့
ကူညီဖို့ ကြိုးစားကြမယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကလည်း မိတ်ဆွေတွေနဲ့ တွေဆုံဆွေးနွေး ကြပါ။ လိုအပ်ချက်တွေ မေးခွန်းတွေ အခြေအနေတွေကို မသိဘဲ မစုံစမ်းဘဲနဲ့ ရမ်းသန်းပြီး ကူညီလို့တော့ မရဘူး။ လေ့လာကြရမယ်။ သူတို့တွေရဲ့ အတွေးအမြင်တွေရဲ့ နောက်ခံနဲ့ အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာသလဲ။ ကျနော်တို့တွေကလည်း သိရှိနားလည် စာနာနိုင်အောင် ကြိုးစားရမယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို အားပေးကူညီတဲ့ ကွန်ယက်လှုပ်ရှားမှုတွေတင်သာမက လက်ရှိအစိုးရကိုယ်တိုင်ကလည်း အခုလို နိုင်ငံရေးအကျဉ်းသားတွေဖမ်းဆီးထားခဲ့မှုတွေအတွက် တာဝန်ယူ ဖြေရှင်းပေးဖို့ မလိုအပ်ဘူးလားဆရာ။ သူတို့တွေဟာ အာဏာပိုင်တွေနဲ့ သဘောထားချင်း မတူညီလို့ ဆန့်ကျင်လို့ဆိုပြီး အမှုအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခြင်း ခံစားထားရတာဖြစ်တယ်။ သူတို့တွေက ရာဇ၀တ်မှုတွေ၊ စာရိတ္တတွေပျက်စီးလို့၊ သူတပါးကို ဖျက်ဆီးသတ်ဖြတ်လို့ အကျဉ်းချခံထားရတဲ့သူတွေ မဟုတ်ဘူး။ သူတို့တွေအတွက် အစိုးရတွေက တာဝန်ယူ ဖြေရှင်းပေးဖို့ မသင့်ဘူးလား။
ကျနော်ကြားဖူးတာက ဥရောပက နိုင်ငံအချို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို လျော်ကြေးတွေ၊ ထောက်ပံ့ကြေးတွေ ပေးတာမျိုး ရှိတယ်လို့ ကြားဖူးတယ်။ အဲသလိုမျိုး လက်ရှိအစိုးရမှာ တာဝန် ၀တ္တရားရှိတယ်လို့ မြင်တယ်။ လက်ရှိအစိုးရကိုယ်တိုင်ကလည်း စစ်တပိုင်းအစိုးရပဲ။ ရှေ့က စစ်အစိုးရအဆက်ဆက်နဲ့ ဆက်စပ်ပတ်သက်တဲ့သူတွေချည်းပဲ။ သူတို့တွေကိုယ်တိုင်က ဖမ်းချင်တုန်းက ဖမ်းခဲ့ပြီးမှ အခု လွှတ်ပေးလိုက်တော့လည်း သူတို့တွေလည်း အခုလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် စဉ်းစားတာ စီစဉ်တာတွေ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားလား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေလား၊ ဘယ်စကားလုံးက ပိုပြီး ကျယ်ပြန်တဲ့သဘော၊ အားလုံးနဲ့ ဆိုင်တဲ့သဘောရှိသလဲဆရာ။
အခုဟာက လက်ရှိအစိုးရကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ကို ငြင်းနေတာ။ သူတို့ဖက်က တစိတ်တပိုင်းပြောဆိုနေတာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူလို့ အသုံးအနှုံးကို သုံးနေတယ်။ ဒါက မကောင်းဘူး။ ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားလို့ပဲ သုံးနှုံးလိုတယ်။ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ အလုပ်တွေ လုပ်တဲ့သူတွေအားလုံး အကျူံးဝင်တယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူဆိုတော့ ဥပမာ အကြမ်းဖက်သမားဆိုပြီး အစွဲခံရသူတွေ မပါတော့ဘူး၊ နယ်စပ်ဖြတ်ကျော်တွေ မပါတော့ဘူး။ အီလက်ထရွန်နစ်အက်ကသူတွေကိုလည်း ချန်ထားခဲ့လို့ရတယ်။ ၁၇(၁)လို အမှုတွေ၊ ဟိုအမှုတွေ ဒီအမှုတွေ မပါဘူးလို့ လုပ်လို့ရတယ်။ နိုင်ငံရေးအကျဉ်းသားလို့ သုံးစွဲလိုက်တာက အားလုံးကို ကိုယ်စားပြုတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူလို့ ဆိုလိုက်တော့ စစ်အစိုးရက အမှုအမျိုးမျူိုးဆင်ပြီး ထောင်သွင်းအကျဉ်းချခံထားရသူတွေကို မပါဝင်အောင် ကန့်သတ်လိုက်သလို ဖြစ်သွားနိုင်တယ်။

နိုင်ငံရေးအရ ပွင့်လင်းမှုတွေ မရှိသေးဘူးဆိုတော့ အင်န်အယ်ဒီပါတီက လက်ရှိအစိုးရဆီမှာ ပါတီမှတ်ပုံတင်ဖို့က နီးစပ်လာပြီလားဆရာ။
ကျနော် ရှေ့ကအင်တာဗျူးတွေမှာ ပြောခဲ့သလိုပါပဲ။ အင်န်အယ်ဒီပါတီက မြေအောက်အဖွဲ့မဟုတ်ဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းလည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီတရပ် ဖြစ်တယ်။ ဒါကိုလည်း နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသားတွေကိုယ်တိုင်က လက်ခံ အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ ဒါကြောင့် ပါတီကို မှတ်ပုံတင်တဲ့နေရာမှာ လက်ရှိရွေးကောက်ပွဲဥပဒေမှာ ပါတဲ့ ကန့်သတ်ချက်တွေ၊ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံရမယ်ဆိုတာတွေကို ပြောင်းလဲမှုမရှိသေးဘဲနဲ့တော့ မှတ်ပုံတင်မှာ မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။ ဒီပြောင်းလဲမှုတွေပေါ်မူတည်ပြီးတော့ မှတ်ပုံတင်ခြင်း မတင်ခြင်းတွေက ပေါ်လာတော့မှာ ဖြစ်တယ်။

ဆိုတော့ ဒီမိုကရေစီနည်းကျ နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံတင်ခြင်းဆိုတာကို လက်ခံတယ်။ သို့သော် လက်ရှိအစိုးရဆီမှာ ရွေးကောက်ပွဲဥပဒေအရ တကယ် မှတ်ပုံတင်နိုင်တဲ့ အခြေအနေရှိခြင်း မရှိခြင်း၊ လက်ခံနိုင်ခြင်း မရှိခြင်းဆိုတာကို ခွဲခြား ဆုံးဖြတ်မယ်ဆိုတဲ့ သဘောပေါ့။ ဒါဆိုရင် လက်ရှိ ပြဋ္ဌာန်းချက်တွေ ဥပဒေတွေနဲ့အညီ ရွေးကောက်ပွဲဝင်ခြင်း မ၀င်ခြင်းကိုကော ဘယ်လို သဘောထားသလဲ ဆရာ။
ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းကို အခြေအနေအပေါ်မှာ မူတည်ပြီး စဉ်းစားသလို၊ ရွေးကောက်ပွဲ ၀င်ခြင်း မ၀င်ခြင်းဆိုတာကိုလည်း သီးခြား ထပ်စဉ်းစားမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဝင်ခြင်းဟာ ဒီမိုကရေစီရည်မှန်းချက်များနဲ့ ဆန့်ကျင်မှု ရှိမရှိဆိုတာတွေကို ကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဝင်တယ်ဆိုတာနဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့သဘောဖြစ်သွားတယ်။ ဒါတွေကြောင့် ပါတီမှတ်ပုံတင်ပြီးတဲ့နောက်ပိုင်း အများကြီး စဉ်းစားစရာတွေ ဆွေးနွေးစရာတွေ ပေါ်ထွန်းလာလိမ့်မယ်လို့ ပြောနိုင်တယ်။ နောက်တပိုင်းကတော့ ပါတီကို မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲကို မ၀င်နိုင်ဘူးဆိုပြီးတော့ လွှတ်တော်ပြင်ပမှာ နိုင်ငံရေးပါတီတရပ်အနေနဲ့ လွတ်လပ်စွာ လှုပ်ရှားမယ်။ စည်းရုံးရေး လုပ်နိုင်မယ်။ အင်အားတွေ ဖြစ်လာမယ်။ နောက်တခုအနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ရေးဆွဲနိုင်ရေး လှုပ်ရှားမှုတွေ လုပ်လာနိုင်မယ်လို့ ပြောနိုင်တယ်။

ဒါဆိုရင် လက်ရှိ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်ရှိ လှုပ်ရှားနေတဲ့ ပါတီမဟုတ်တဲ့ နိုင်ငံရေးအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ (Activist and Activism) တွေအတွက်ကတော့ သူတို့ လက်ခံယုံကြည်တဲ့ နိုင်ငံရေးဘ၀တွေကို အသီးသီးထူထောင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်ဖို့ကိုလည်း တပြိုင်နက်တည်း အားပေးနေရမယ်လို့ ပြောရင် ရမလား ဆရာ။
ရပါတယ်။ နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်လာကြပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အင်အားအစုအဖွဲ့တွေ ပေါ်ပေါက်လာကြမယ်။ လွတ်လွတ်လပ်လပ်နဲ့ ပြောရေး ဆိုခွင့် လှုပ်ရှားခွင့်တွေ သန်ရာ သန်ရာ လုပ်လာကြဖို့ လိုတယ်။ နိုင်ငံရေးအကျဉ်းသားတွေကူညီတဲ့ ကွန်ယက်တွေလိုမျိုး၊ ဧရာဝတီကို ကာကွယ်ဖို့ လှုပ်ရှားကြတဲ့ အလုပ်တွေလုပ်နေကြသလိုမျိုးပေါ့။ တိုင်းပြည်အတွက် လိုအပ်တဲ့ အရေးကိစ္စတွေမှာ သူတို့တွေဟာ သူတို့ရဲ့ အင်အားတွေ သြဇာတွေနဲ့ ၀င်ရောက်လုပ်ကိုင်လာဖို့လိုတယ်။ အဲသည်လို အခြေအနေတွေ ထူထောင်ပေးရမယ်။ ကျနော်တို့က အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာတဲ့သူတွေကို အားပေးလက်တွဲပြီးတော့ တူရာ သန်ရာ ဆက်စပ်ပေးရမယ်။ နားလည်မှုတွေ တည်ဆောက်ကြရမယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။
http://moemaka.com/2011/10/u-win-tin-rebuilding-political-grounds/

နိုင်ငံရေးအကျဉ်းသား နေမျိုးဇင် ကျန်းမာရေးအခြေအနေ ဆိုးရွား

အင်္ဂါ, 18 အောက်တိုဘာ 2011

By မအေးအေးမာ

အင်းစိန်ထောင်အတွင်းမှာ ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ဟာ ခါးရိုးကျိုးထားတဲ့ဒဏ်ကြောင့် လမ်းမလျောက်နိုင်တာကြောင့် ထောင်ဝင်စာ တွေ့နိုင်ခြင်း မရှိတော့ကြောင်း၊ သူ့ကို ခွဲစိတ်ကုသခွင့်လည်း မပေးကြောင်း မိသားစုက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးခံရပြီးတဲ့နောက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ သြဂုတ်လ အတွင်းမှာပဲ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃/ က နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရတာပါ။ သူဟာ ထောင်တွင်းမှာ ချော်လဲတဲ့ဒဏ်နဲ့ ဆေးကုသခွင့် သေချာမရရှိတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့က မိသားစု ထောင်ဝင်စာတွေ့ချိန်မှာ လာရောက်တွေ့ဆုံနိုင်ခြင်း မရှိကြောင်း ညီဖြစ်သူ ကပြောပါတယ်

“ခါးက တော်တော်ကို နာနေတဲ့အတွက်ကြောင့် အပြင်ကို မထွက်နိုင်ဘူးလို့ ပြောပါတယ်။ စာရေးပေးလိုက်တယ်ပေါ့နော်- ခါးနာနေတဲ့အတွက်ကြောင့် ထွက်တွေ့လို့ မရနိုင်ဘူးဆိုတာကို။ စပြီး အင်းစိန်ရောက်တော့ ချော်လဲတဲ့ဟာက အရိုးတခြမ်းပဲ့ပြီးတော့ အားတော်တော် နည်းသွားပါတယ်။ အဲဒီကတည်းကနေ စပြီးတော့ ဖြစ်လာတာ။ ဆေးဝါးကုသမှု ထိထိရောက်ရောက် မပေးတော့ ကောင်းလာရမှာက မကောင်းတော့ဘဲနဲ့ လမ်းလျှောက်လို့ မရတော့တဲ့ အခြေအနေဖြစ်လာတာပေါ့နော်။ သူကတော့ လေ့ကျင့်ခန်းတွေ ဘာတွေတော့ တတ်နိုင်သလောက်တော့ လုပ်တာပေါ့။ ဒါပေမဲ့ ဆေးဝါးကုသမှု ထိထိရောက်ရောက် မလုပ်တော့ လမ်းကို လျှောက်လို့ မရဘူး။ ပထမ ပြီးခဲ့တဲ့ နှစ်ခေါက်တုန်းက ထွက်တွေ့တုန်းကတော့ သူတို့အခန်းလေးက ကျဉ်းနေတဲ့အတွက်ကြောင့် ထိုင်ရတာလည်း အဆင်မပြေဘူးပေါ့နော်။ သူက ခြေထောက်ကို ချပြီးထိုင်ရတော့ အခန်းကကျဉ်းနေတော့ ထိုင်လို့မရဘဲ ကို့လို့ကန့်လန့် ဖြစ်နေတာ ပေါ့နော်။ အဲလိုလေးတွေလည်းဖြစ်တယ်။ နောက်တပတ်ကျတော့ အခု ခါးကနာနေတော့ ထွက်တွေ့လို့ မရနိုင်ဘူးဆိုပြီး စာပဲ ရေးပေးလိုက်တယ်”

ပြီးခဲ့တဲ့အပတ်က မိသားစုနဲ့ တွေ့ချိန်တုန်းကတော့ သူ့ကို ထောင်တွင်းဆရာဝန်က ခွဲစိတ်ကုသဖို့ လိုအပ်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

“ထောင်ထဲမှာ ဆရာဝန်ကြီးကို ခေါ်တွေ့တယ်တဲ့။ ခေါ်တွေ့တော့ သူထွက်မတွေ့နိုင်ဘူး။ ခါးက နာနေတယ်။ သူ့ကို ခေါ်တွေ့တဲ့အခါကျ ဆရာဝန်ကြီးက ခွဲစိတ်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း ပြောတယ်။ ထောင်ပိုင်ကြီးက သူ့ကို ခွင့်မပြုဘူး။ ခွင့်မပြုတော့ ပျောက်ဖို့အတွက် သူ့ကို အကိုက်အခဲပျောက်ဆေးပဲ ပေးတယ်တဲ့”

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ဟာ သွေး အကူအညီပေးရေးအပါအ၀င် ပရဟိတလုပ်ငန်းတွေ လုပ်နေရာကနေ ၂၀၁၁ ဧပြီလအတွင်းက ထိန်းသိမ်းခံခဲ့ရတာပါ။ သူ့ကို သြဂုတ်လ ၂၆ ရက်နေ့မှာပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ တရားသူကြီးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

တပ်မတော်ကို ဝေဖန်တဲ့ဆောင်းပါးတွေ ရေးသားမှု၊ နိုင်ငံတော်လုံခြုံရေးထိခိုက်တယ် ဆိုပြီး အင်းစိန်ထောင်တွင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီးကနေ ရဲအထူးသတင်းတပ်ဖွဲ့ဝင် သက်သေတွေကို ထုတ်ပြပြီး သူ့ကို အမိန့်ချမှတ်ခဲ့တာပါ။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နယ်မြေခံ အထူးသတင်းတပ်ဖွဲ့က ဧပြီလ ၂ ရက်နေ့က အကြောင်းပြချက် မပေးဘဲ ဖမ်းဆီးသွားပြီးတဲ့နောက် အောင်သပြေ စစ်ကြောရေးစခန်းမှာလည်း ညှင်ပမ်းနှိပ်စက်မှု လုပ်ခဲ့ပါတယ်။ ဒီနောက် အင်းစိန်ထောင်ကိုဧပြီလ၂၉ ရက်နေ့မှာ ပို့ဆောင်ခဲ့ပါတယ်။

သူဟာ တောင်ကြီးအခြေစိုက် တပ်ထိန်းတပ် ၂၆၂ မှာတာဝန်ယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ တပ်ကနေ အနားယူခဲ့ပြီး လူမူရေးနဲ့ ပရဟိတလုပ်ငန်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်တွေနဲ့အတူ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မြန်မာအစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အတွက် တောင်းဆိုနေချိန်မှာပဲ အင်းစိန်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသား ကိုနေမျိုးဇင်ဟာ ဆေးကုသခွင့်တောင် မရရှိဘဲ လူအခွင့်ရေးဆုံးရှုံးနေကြောင်း မိသားစုကပြောပါတယ်ရှင်။

http://www.voanews.com/burmese/news/--10_18_11_my-news-burma-----132106728.html

ဒေါ်စု အမျိုးသမီးသတ္တိရှင် Oxi Day ဆု ချီးမြှင့်ခံရ

အင်္ဂါ, 18 အောက်တိုဘာ 2011
By ခင်မျိုးသက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ဒီစီအခြေစိုက် Oxi Day အဖွဲ့ကြီးကနေပြီးတော့ ပထမဦးဆုံး Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်လိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာနဲ့ မူဆိုလိုနီတို့လို အင်အားကြီးတဲ့ အာဏာရှင်တွေကို ဂရိနိုင်ငံငယ်ကလေးက No လို့ အဓိပ္ဗာယ်ရတဲ့ Oxi ဆိုတဲ့ ဝေါဟာရကို သုံးပြီးတော့ အာခံခဲ့ကြတာမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဒီဆုက ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်မှုအတွက် သတ္တိရှင် အမျိုးသမီးတဦး အနေနဲ့ အခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနဲ့ အီတလီ ၀င်ရိုးစွန်းတပ်တွေကို တွန်းလှန်ရာမှာ ဂရိနိုင်ငံ၊ ခရိကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ခရိတိုက်ပွဲမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် သတ္တိ ပြောင်မြောက်စွာ တွန်းလှန်နိုင်ကြသူတွေအဖြစ်နဲ့ မှတ်တမ်းအတင်ခံခဲ့ကြရပါတယ်။ ဒီလို သတ္တိပြောင်မြောက်သူတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ၀ါရှင်တန်အခြေစိုက်၊ Oxi Day အဖွဲ့ကြီးက Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပထမဦးဆုံးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ရွေးချယ်လိုက်တယ်လို့ Oxi Day အဖွဲ့ ဥက္ကဋ္ဌ အဲန်ဒရူး၊ မွန်နားတို့စ်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

“သူ့ကို ကျနော်တို့ သိပ်ကို လေးစားမြတ်နိုးသလို သူဟာ အားကျ အတုယူစရာတယောက်ပါ။ မြန်မာနိုင်ငံအတွက်သာ မကပါဘူး။ တကမ္ဘာလုံးအတွက်ပါ အားကျစေတဲ့ စံနမူနာပါ။ ဒုတိယကမ္ဘာစစ်ကြီးမှာ ၀င်ရိုးစွန်းနာဇီအာဏာရှင်ကို ဂရိနိုင်ငံက တွန်းလှန်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် မီးရှူးတန်ဆောင်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ခေတ် ဒီမိုကရေစီနဲ့လွတ်လပ်မှု မီးရှူးတန်ဆောင် ဆောင်ကျဉ်းနေသူအဖြစ် ကမ္ဘာတ၀ှမ်းက သတ်မှတ်ကြပါတယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ သတ္တိပြောင်မြောက်မှုအတွက် မှတ်တမ်းတင်နိုင်ဖို့ အခုလို ဂုဏ်ပြုဆု ချီးမြှင့်လိုက်တာပါ”

လွန်ခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်တာ အဖမ်းဆီးခံခဲ့ရတဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသား ၅၅ သန်းအတွက် အင်အားတရပ် ဖြစ်နေသလို မျှော်လင့်ချက် အထိမ်းအမှတ်လည်းဖြစ်ခဲ့သူပါ။ ဒါ့အပြင် လွတ်လပ်မှုအတွက် ရဲရဲဝံ့ဝံ့တွန်းလှန်သူအဖြစ်နဲ့ တကမ္ဘာလုံးက လေးစားမြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုပေးအပ်ဖို့ အရင်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် နန်စီ ပလိုစီး (Nancy Pelosi) က နာမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိ-အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day အဖွဲ့ဟာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကျင်းပဖို့ရှိပြီး ဒီနှစ်အတွက် အထိမ်းအမှတ်မှာတော့ ဆု ၂ ခုပေးဖို့ ရှိပါတယ်။ အမျိုးသားအတွက် Oxi Day ဆုကို မကြာသေးခင်ကမှ အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Jamel Bettaieb ကို ပေးအပ်မှာဖြစ်ပြီး အမျိုးသမီးအတွက် ပထမဆုံး Oxi Day ခရိ စစ်ပွဲဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မှာဖြစ်ပါတယ်။

“အမျိုးသမီးတွေ အတွက် ပေးတဲ့ ဆုကတော့ Battle of Crete ဆုပါ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ဂရိနိုင်ငံ ခရိကျွန်းမှာ နာဇီ ဂျာမဏီတပ်တွေရဲ့ ရန်ကို တွန်းလှန်ခဲ့တုန်းက အမျိုးသမီးထုက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကို ဦးဆောင်ပြီး ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ခဲ့တာကို ရည်ရွယ်ပြီး ပေးတာပါ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ရဖို့ အင်အားကြီးတဲ့ သူကို အံတုဝံ့တဲ့ သတ္တိရှိသူကို ကမ္ဘာတ၀ှမ်း လိုက်ရှာတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ အဖွဲ့က တွေ့ပါတယ်”

လေထီးနဲ့ ဆင်းပြီး ခရိကျွန်းကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့ နာဇီတပ်သား အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရတဲ့ ခရိတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမျိုးသမီးတွေကို ရောမပုံပြင်ထဲက ဘီလူးကြီး ဂိုလိုင်းရတ် (Goliath) ကို လောက်လေးဂွနဲ့ တွန်းလှန်ခဲ့တဲ့ ဒေးဗစ် ရဲ့ ရဲစွမ်းသတ္တိ ရှိသူလို့ တင်စားကြပါတယ်။ ဒီလို အစွမ်းသတ္တိရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၇ ရက်နေ့ ၀ါရှင်တန် ဒီစီမှာ ကျင်းပမယ့် Oxi Day နှစ်ပတ်လည် အခမ်းအနားမှာ ဆုပေးဖို့ စီစဉ်ထားပါတယ်။

ဒီဆုကို အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်း ပေးပို့ဖို့ ရှိတယ်လို့လည်း Oxi Day အဖွဲ့က ပြောပါတယ်။
http://www.voanews.com/burmese/news/--10_18_11_my-news-international----132107953.html

Aung San Suu Kyi attends Min Ko Naing's birthday ceremony

IMF နှင့် မြန်မာနိုင်ငံ

ဗုဒ္ဓဟူး, 19 အောက်တိုဘာ 2011


By ဒေါ်ခင်စိုးဝင်း

အမျိုးမျိုးကွဲပြားနေတဲ့ မြန်မာ့ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တစုတစည်းထဲ ဖြစ်စေဖို့အတွက် အကြံပေးပါရန် သမ္မတ ဦးသိန်းစိန်အစိုးရက IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကို အကူအညီတောင်းခံချက်အရ၊ ဒီနေ့ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ IMF ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ဒီခရီးစဉ်အတွင်း ဘယ်လို အကြံပြုနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းရဲ့ သုံးသပ်ချက်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာ့ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တမျိုးထဲ၊ တစ်စု တစ်စည်းထဲဖြစ်အောင် လုပ်နိုင်မယ့် အခြေအနေရှိပါသလား ဆရာ။

"Exchange Rate Unification ဆိုတာကလဲ အစကတည်းကိုက ကျနော်တို့က FEC ထုတ်ထားတယ်။ FEC ကို ကြေငြာတာကတော့ Green Bag လိုဘဲ FEC သည် တူညီရမယ်လို့ ပြောပြီးတော့ တကယ် လက်တွေ့ကျတော့ FEC နဲ့ အစိမ်းရဲ့ အခွင့်အရေးခြင်း မတူဘူးဆိုရင်တော့ နှုန်းက အမျိုးမျိုး ရှိမှာဘဲ။
တန်းတူ ညီမျှ Operable မဖြစ်ဘူး၊ ကန့်သတ်ချက် ရှိနေတယ်ဆိုရင်တော့ Unification (ပေါင်းစည်းခြင်း) ဆိုတာလဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။"

အစိုးရအနေနဲ့ကတော့ FEC တွေ ပြန်ဝယ်မယ်၊ တဖြည်းဖြည်းနဲ့ FEC တွေ ပြန်သိမ်းမယ့် သဘောရှိတယ်လို့ တရားဝင် ပြောထားတာတော့ ရှိပါတယ် ဆရာ။ အခု IMF ကိုယ်စားလှယ်အဖွဲ့က ငွေလဲလှယ်နှုန်းကို တစု တစည်းထဲ သတ်မှတ်တဲ့ ကိစ္စအပြင် IMF အဖွဲ့ဝင်တွေ လိုက်နာရမယ့် Article 8၊ ပြန်ဌာန်းချက် ၈ မှာပါတဲ့
အချက်အလက်တွေအရ နိုင်ငံတကာနဲ့ ငွေပေးချေတာတွေ၊ ငွေပြောင်း ငွေလွဲ လုပ်တဲ့နေရာတွေမှာ ကန့်သတ်ချက်တွေကို အစိုးရက ရုပ်သိမ်းပေးဖို့ အတွက်ကိုလည်း တိုက်တွန်းမယ်လို့ သိရပါတယ် ဆရာ။

"ကျနော်တို့က IMF ရဲ့ အသင်းဝင်အဖြစ် လက်မှတ်ထိုးထားတယ်။ လက်မှတ်ထိုးပြီးတော့ အသင်းဝင် ဖြစ်တယ်။ လက်မှတ်ထိုးစဉ် အခါကတည်းကိုက သူ့ သတ်မှတ်ချက်၊ ပြန်ဌာန်းချက်ကတော့ လက်မှတ် ထိုးကတည်းက ရှိတာဘဲလေ။ အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာတော့ Member Obligation (အဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များ) ဆိုတာကတော့ ကျနော်တို့ လိုက်နာရမှာဘဲပေါ့နော်။ အစိုးရအနေနဲ့ မရှောင် မလွဲသာတော့ဘူးပေါ့လေ၊ အသင်းဝင် ဖြစ်သွားတယ်ဆိုရင်တော့။"

နောက်တခုက မြန်မာနိုင်ငံကနေ IMF အဖွဲ့ကြီးကို တင်ပြထားတဲ့ စာရင်း ဇယားတွေဟာ မှန်ကန် တိကျမှု မရှိဘူး၊ လုပ်ကြံထားတဲ့သဘော တွေ့ရတယ်လို့ ဝေဖန်တဲ့ အသံတွေလည်း ကြားနေရပါတယ် ဆရာ။ ဒီတော့ မြန်မာနိုင်ငံက ပြုစုတဲ့ ဘဏ္ဍာရေး စာရင်းဇယားတွေအပေါ်မှာ ဆရာ့ရဲ့ အမြင်ကို သိပါရစေ။

"စာရင်းဇယား ပြုစုတဲ့နေရာမှာ အဓိကအားဖြင့်ကတော့ ဟို Nationals Economic Planning (စီးပွားရေး စီမံကိန်း) ပေါ့လေ၊ အဲဒီ အေဂျင်စီ NEP ကဘဲ လုပ်တာ။ အပြင်တွေ ဘာတွေကတော့ သိပ်ပါဝင် ပတ်သက်တာ ကျနော်တို့ မတွေ့ဘူးခင်ဗျ။ ကျောင်းတွေ ဘာတွေကလည်းဘဲ သူ့ဟာသူ Research (သုတေသန) အနေနဲ့ Survey (အချက်အလက် စုဆောင်းတဲ့) အနေနဲ့ ကွင်းဆင်းတာမျိုးလောက်ဘဲ ရှိပြီးတော့ အမျိုးသား စီမံကိန်း ဦးစီးဌာန အနေနဲ့တော့ ဘာမှ ပြီးခဲ့တာတော့ မရှိဘူးပေါ့လေ။"

IMF ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ဘဏ္ဍာရေးအရ ဆက်သွယ်ရာမှာ ပြန်ပြီး ၀င်ဆန့်အောင် အကြံတွေ ပြုမှာကတော့ သေချာပါတယ်။ မြန်မာ အစိုးရပိုင်း အနေနဲ့လည်း IMF အကြံပြုချက်တွေကို အချိန်အတိုင်းအတာ တစ်ခု သတ်မှတ်ပြီးတော့ ထိထိရောက်ရောက် တုန့်ပြန်တာမျိုးကို IMF က မျှော်မှန်းထားမှာကလဲ သေချာပါတယ်။ ဆရာ့အနေနဲ့ မြန်မာအစိုးရ ဘက်ကရော အချိန်ကာလ အတိုင်းအတာ တစ်ခု သတ်မှတ်ပြီးတော့ တုန့်ပြန်နိုင်မယ့် အလားအလာ ရှိတယ်လို့ ဆရာ ယူဆပါသလား။

"IMF လို အဖွဲ့မျိုးကလာတယ်၊ ကိုယ်ကလည်းဘဲ ကမ္ဘာ့မိသားစုထဲက အဖွဲ့ဝင်တနိုင်ငံ အနေနဲ့ဖြစ်တယ်၊ ဒီပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုတောင်မှ တော်တော်လေးကို တလေးတစားနဲ့ ပြန်ပြီးတော့ တုန့်ပြန်ပေးတယ်ဆိုတော့ အစိုးရအနေနဲ့ ကျနော်ထင်ပါတယ်၊ ဟို လိုက်နာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။"

IMF ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီခရီးစဉ်ဟာ နည်းပညာပိုင်း အထောက်အကူ ပေးဖို့အတွင် မဟုတ်ဘဲနဲ့ IMF ရဲ့ ပြန်ဌာန်းချက်တွေ၊ လုပ်ထုံး လုပ်နည်းတွေ၊ စည်းမျဉ်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်အောင် ရှင်းပြမယ့် ခရီးစဉ်လို့လဲ တချို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ် ဆရာ။

"အဖွဲ့ဝင်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်း စောင့်ကြပ် ထိန်းသိမ်းဖို့အတွက် လာတယ်ဆိုရင်တော့ ဒါကတော့ ဘာမှ ဒီကလဲဘဲ စစ်ဆေးခံရမယ်၊ စည်းကမ်း ကြပ်မတ်မယ် အနေအထားမျိုး ဖြစ်ဖို့ သဘောထားဖို့ မကောင်းပါဘူးနဲ့ တူပါတယ်။ ဒါကတော့ အဖွဲ့ဝင်တဦး ဖြစ်သွားတယ်ဆိုရင်တော့ အဖွဲ့ဝင်တဦး လိုက်နာရမယ့်ကိစ္စ လိုက်နာရမှာပေါ့လေ။ သို့သော်လည်းဘဲ IMF မှာ ခေါင်းဆောင်ပြုနေတဲ့ ကမ္ဘာ့ဘဏ်တို့လို၊ အီးယူတို့လို၊ ဥပမာ US (အမေရိကန်) တို့လို ပုဂ္ဂိုလ်မျိုးက သူတို့ကလဲဘဲ တချို့ ကိစ္စရပ်တွေ မညီဘူး၊ သူတို့ပြဌာန်းတဲ့ ဘောင်အတွင်း သွင်းဖို့ရာအတွက် လာတာမျိုးလည်း ပါရင် ပါနိုင်ပါတယ်။ တောင်းဆိုတာမျိုးလည်း ရှိမှာပေါ့လေ နော်။ ရှိတယ်ဆိုတဲ့ အခါမျိုးကျရင်တော့ ဒီ တောင်းဆိုမှုသည် သူ့ဘက် ကိုယ့်ဘက် မျှတတယ်၊ သူများတကာကလည်းဘဲ လိုက်နာရတယ် ဆိုရင်တော့ ဒါ ကျနော် ထင်ပါတယ်၊ တိုင်းပြည်အနေနဲ့ကလည်း လိုက်နာဖို့ လိုမှာပါ။"

IMF ကိုယ်စားလှယ်အဖွဲ့မှာ၊ ဗဟိုဘဏ်များနဲ့ ငွေကြေး ကိစ္စရပ်များဆိုင်ရာ IMF အကြီးတန်း ဘဏ္ဍာရေး ကျွမ်းကျင်သူ Akelonnberg (အကလောန်ဘတ်ဂ်)၊ မြန်မာနိုင်ငံဆိုင်ရာ IMF တာဝန်ခံ Meral Karasulu ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိ သူတွေ လိုက်ပါလာကြပါတယ်။ IMF ကိုယ်စားလှယ် အဖွဲ့ဟာ မနက်ဖြန် နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။

သီတင်း တပတ်ကျော်ကြာမယ့် ဒီခရီးစဉ်အတွင်းမှာ အစိုးရ တာဝန်ရှိသူတွေ အပြင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ၀ါရှင်တန်ကလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

http://www.voanews.com/burmese/news/

လူ့အခွင့်အရေး ဟောပြောလို့ ထောင်ကျခံရသူ




ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၉ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။        ။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) Human Rights Defenders and Promoters network မှ အဖွဲ့ဝင် ဦးမြင့်လှိုင် ခေါ် ဦးမြင့်နိုင်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက်အလက်များကို အခြေခံကာ ပြည်သူလူထုသို့ ဟောပြောခြင်းကြောင့် အာဏာပိုင်များ၏ ဝိုင်းဝန်း ရိုက်နှက်မှုခံခဲ့ရကာ ၂ဝဝ၇ ခုနှစ်တွင် ထောင် ရှစ် နှစ်ကျခဲ့သည်။

ဦးမြင့်နိုင်သည် ဟင်္သာတနှင့် ကလေးထောင်တို့တွင် လေးနှစ်ကျော်နေခဲ့ ရပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကလေးထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အသက် ၄၅ နှစ်ကျော်ပြီဖြစ်သူ ဦးမြင့်နိုင်က ကလေးထောင်မှ အခြား နိုင်ငံရေး အကျဉ်းသား ၅ ဦးလည်း လွတ်မြောက် လာပြီး ၁၄ ဦး ကျန်နေသေးသည်ဟု ဆိုသည်။ သူနှင့်အတူ လွတ်မြောက်လာသူများမှာ ကိုအေးချို (ပျော်ဘွယ်-အန်အယ်ဒီ)၊ ကိုမင်းအောင် (တောင်ကုတ်- အန်အယ်ဒီ)၊ ဦးသိန်းလွင်ဦး (ရန်ကုန်)၊ ကိုမျိုးကြီး (ရန်ကုန်)၊ ဘွေထန်း (CNF) တို့ ဖြစ်ကြသည်။

အကျဉ်းကျခံနေရသည့် HRDP အဖွဲ့ဝင် ၂၅ ဦးရှိသေးပြီး လွိုင်ကော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်းတော၊ ခန္တီး၊ ကလေး၊ အင်းစိန်၊ ရမည်းသင်း၊ တောင်ကြီး၊ ရွှေဘိုထောင်များတွင် ရှိနေသည်။ ဦးမြင့်နိုင်က သူကျခဲ့ရသည့် အမှု
နောက်ကြောင်း၊ ဖြတ်သန်းခဲ့ရသည့် ထောင်တွင်းဖြစ်စဉ် တချို့ကို မဇ္ဈိမက မေးမြန်းထားသည်။
personhall14
ထောင်မကျခင် ခေါင်းကို အရိုက်ခံခဲ့ရတယ် ဆိုတော့ ကျန်းမာရေး အခြေအနေကို ပြောပြပါဦး ခင်ဗျ။

“ခေါင်းကတော့ မူးနေတာပေါ့ဗျာ။ ဆေးကုသမှု စစ်ဆေးမှုတွေ လုပ်ရဦးမယ်လေ။ ထောင်ထဲမှာနေတာ လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်ပြီ။ မူးတာက မပျောက်ဘူး။ ဆေးကုသမှု အပိုင်းကလည်း အဆင်မပြေဘူး။ ရောဂါနဲ့ဆေးနဲ့က မတည့်ဘူးဖြစ်နေတယ်။”

“ကျနော် ဆေးရုံကဆင်းဆင်းချင်း ဟင်္သာတထောင်။ ဟင်္သာတထောင်ကနေ ကလေးထောင်ကို ရောက်တယ်။ ကျနော်က အာရုံကြော ထိထားတဲ့အခါကျတော့ ခေါင်းမူးနေတဲ့အခါမှာ ဆေးကိုလိုချင်တဲ့ဆေး မပေးနိုင်ဘူး။ အာနိသင်မရှိတဲ့ဆေးတွေ ဖြစ်နေတယ်။ ကျနော် လေးနှစ်လုံးလုံး အဲဒီဆေးတွေသောက်ခဲ့တာ၊ ကျနော့်ရောဂါက မပျောက်ဘူး။”


အရိုက်ခံရတဲ့ ကိစ္စပြောပါဦး။

“ကိုမြင့်အေး၊ ကိုမောင်မောင်လေး၊ ကျနော်ရယ်၊ ကိုတင်မောင်ဦးရယ်၊ ကိုကျော်လွင်၊ ကျန်တဲ့ လူငယ်တွေနဲ့ အုတ်ပုံရွာ ကိုသွားပြီး လူ့အခွင့်အရေး ဟောပြောပွဲ လုပ်တယ်။ လာတဲ့လူတွေကို လူ့အခွင့်အရေး ကြေညာစာတမ်းတွေ ဝေတယ်။”


ဟုတ်ကဲ့။ ဆက်ပြောပါပါဦးခင်ဗျာ။

“အဲဒီမှာ ဟင်္သာတမြို့နယ်က ကြံ့ခိုင်ရေး အတွင်းရေးမှူး ညိုဦး၊ မြို့နယ်စခန်းမှူး ထွန်းထွန်းဦး ပါတယ်။ စရဖ ပါတယ်။ လက်ရှိ ရှိနေတဲ့ မဝတ ဥက္ကဋ္ဌ အောင်နိုင်ကျော် ပါတယ်။ အဲဒီလူတွေက စောင့်ပြီး ကျနော်တို့ ပြန်အထွက်မှာ ဝိုင်းရိုက် တာ။”


ရက်စွဲနဲ့ အချိန်က ဘယ်လောက်လဲ။

“၁၈ ရက် လေးလ၊ ၂ဝဝ၇ခု။ အချိန်က နေ့ခင်း ၁၂ နာရီကျော်။ ကိုမြင့်အေးနဲ့ ကိုကျော်လွင်ကို တလုတ်ထော်ကို လွှတ် လိုက်တဲ့ အချိန်မျိုးဆိုတော့ သူတို့က လွတ်သွားတယ်။ ကျနော်ရယ်၊ ကိုမောင်မောင်လေးရယ်၊ တလုတ်ထော် တိုက်နယ် က ကိုသောင်းစိန်ရယ်၊ သူက ဆိုင်ကယ်မောင်းတဲ့လူ။ ဆိုင်ကယ် နှစ်စီးနဲ့။ ဟင်္သတမြို့နယ်ထဲက မြို့ကွင်းရွာက တယောက်။ ကျနော်ရယ် ကိုမောင်မောင်လေးရယ်က ဆိုင်ကယ်နောက်က လိုက်တာပေါ့။”

“အသင့်စောင့်နေတဲ့ လူအုပ်ကြီးက မြင့်နိုင်ဆိုတာ အဲဒီကောင် ရိုက်ကွဆိုပြီး ရိုက်တယ်။ လေးဂွတွေနဲ့လည်း ပစ်တယ်။ ကျနော်က ခုန်ဆင်းလိုက်တာ။ လယ်ကွင်းထဲ ဖြတ်ပြေးတာ။ ရဝတ ဥက္ကဋ္ဌက ဦးတင်ထွန်း မဟုတ်တော့ဘူး။ ဦးသန်းအောင် ဖြစ်သွားပြီ။ နောက်ကနေဝိုင်းရိုက်တာ။ ကျနော်မူးပြီး လဲကျသွားတယ်။ လဲသွားတဲ့ အချိန်မှာ လေးဂွ
တွေနဲ့ ပစ်တယ်။ တုတ်တွေနဲ့ ရိုက်တယ်။”


ဝိုင်းရိုက်တာ ဘယ်နှစ်ယောက်လောက်ရှိလဲ။ ဘယ်ကလူတွေလဲ။

“လူအုပ်က ၂၀၀ လောက်ရှိတယ်။ ရိုက်တာတော့ ၁၄ ယောက်လောက်။ အဲဒီ ၂၀၀ က ဟင်္သာတ မြို့နယ်၊ လေးမျက်နှာ မြို့နယ်၊ ကညင်ငူအုပ်စုက ကြံ့ခိုင်ရေးတွေပေါ့။ အဲဒီမှာ လူ ၂၀၀ ကျော်လောက် တုတ်တွေနဲ့ ထိုင်နေတယ်။ ထိုင်နေပုံ ကျနော် ဓာတ်ပုံ ရိုက်ထားတယ်။”


အဲဒီဓာတ်ပုံတွေကရော အခုဘယ်ရောက်သွားပြီလဲ။

“အဲဒီကင်မရာရော၊ နာရီ၊ ပိုက်ဆံ ၇၀,၀၀၀ ရယ်၊ ဆိုနီ အသံဖမ်းစက်ရယ်။ သူတို့ဆီ ပါသွားတယ်။ ရဝတ ဦးသန်းအောင် အပါအဝင် ရိုက်တဲ့ ၂၆ ယောက်ကို အမည်တပ်ပြီး ကျနော် တရားစွဲတယ်။”


ဦးမောင်မောင်လေးက ဘယ်လိုဖြစ်သွားလဲ။ ဘယ်ဆေးရုံကို ရောက်သွားလဲ။

“အုတ်ပုံရွာသူ ရွာသားတွေ ထွက်လာကြတယ်။ အုတ်ပုံရွာက ဆရာတော် ဦးရေဝရ ကားလည်း ထွက်လာတယ်။ အဲဒါ
မြင်လည်းမြင်ရော ထွက်ပြေးသွားကြတာ။ ကိုမောင်မောင်လေးက သွေးတွေနဲ့ ကျနော့်ရဲ့ လယ်ကွင်း တကွက်ကျော်မှာ အရိုက်ခံရတာ။ ကျနော်တို့ နှစ်ယောက်ပဲ အရိုက်ခံရတာ။”

“ကျနော်တို့ကို ဟင်္သာတဆေးရုံကိုပို့တယ်။ ဟင်္သာတဆေးရုံက ကျနော်တို့ကို လုံးဝမကိုင်ဘူး ပစ်ထားတယ်။ အကုန်လုံး က ဒီမှာ မကုတော့ဘူး လွှဲစာ ရေးခိုင်းလိုက်တယ်။ ရန်ကုန်ဆေးရုံကြီး ရောက်တယ်။ ဦးနှောက်နဲ့ အာရုံကြောဆေးရုံကို ဆက်ပို့တယ်။ ခုနှစ်ရက်နေရတယ်။ နှစ်ယောက်လုံး။  ခေါင်းက ခုနှစ်ချက် ချုပ်ရတယ်။ ငယ်ထိပ် တည့်တည့်မှာ။ ဆေးရုံ ကဆင်းတော့မှ နောက်စေ့မှာ လက်နှစ်သစ်လောက် ဒဏ်ရာတချက် ထပ်တွေ့တယ်။”


ဝိုင်းရိုက်တဲ့ လူတွေကို တရားစွဲသေးတယ်ဆို။

“၂- ၅- ၂ဝဝ၇ မှာ ဟင်္သာတမြို့နယ် တရားရုံးမှာ သူတို့က ကျနော့်ကို အမှုပြန်ဖွင့်တယ်။ ကျနော်ကလည်း သူတို့ကို
ပြန်တရားစွဲတယ်။ တရားလိုက အုတ်ပုံရွာ ရဝတ ဥက္ကဋ္ဌ ဦးသန်းအောင်။ ကျေးရွာတွင်း ဆူပူအုံကြွမှု ၅၀၅ (ခ) (ဂ) ဆိုပြီးတော့။ ကျနော် အပါအဝင် ဦးလှရှိန်၊ ကျနော်တို့တည်းတဲ့အိမ်က ဦးဝင်း၊ တလုတ်ထော်တိုက်နယ်က ကိုကျော်လွင်၊ ကိုမြစိန်၊ ဦးမြင့် တို့ကိုစွဲတယ်။”

“ကျနော်ကလည်း ကျနော့်ဆီပါလာတဲ့ပစ္စည်းတွေကို လူအုပ်စုဖွဲ့ပြီး ရိုက်နှက်လုယူတဲ့အတွက် ဥက္ကဋ္ဌအပါအဝင် ၂၅ ယောက်ကို တရားစွဲတယ်။ သူတို့ဘက်က တရားပြိုင်အဖြစ် ခြောက်ယောက်ပဲလုပ်တယ်။ ကျနော့်ကို အရင်ဆုံး ထောင်ချလိုက်တယ်။ အင်္ဂပိုရွာနဲ့ အုတ်ပိုမှာ နှစ်နေရာဖြစ်တဲ့ အတွက် ၅ဝ၅ (ခ) (ဂ) ပုဒ်မ နှစ်ခုနဲ့ တနေရာ လေးနှစ်၊ နှစ်နေရာ ရှစ်နှစ်ဆိုပြီး ချလိုက်တယ်။ ကျန်တဲ့ ငါးယောက်က တရွာပဲဆိုတော့ လေးနှစ်စီ။”


အင်္ဂပူရွာကိုလည်း သွားသေးလား လူ့အခွင့်အရေး ဟောဖြစ်သေးလား။

“အင်္ဂပူကျေးရွာကို အရင်သွားတယ်။ ဟင်္သာတမြို့နယ်က ထွက်တယ် ဆိုရင် သူက ပထမဆုံး ဝင်ရတာကိုး။ လူ့အခွင့် အရေး အကြောင်း ပြောပြတယ်။ ပြီးမှ အုတ်ပုံကို ဆက်သွားတာ။ မဝတဥက္ကဋ္ဌက ဦးအောင်ကျော်နိုင်ပဲ။ ဒီနေ့ လက်ရှိ လည်း သူပဲ။”


အပြန်လှန်စွဲတဲ့ အမှုတွေက ဘယ်လိုဖြစ်သွားလဲ။

“ကျနော့်တင်တဲ့ အမှုကိုတော့ ဒီလူတွေ အပြစ်မရှိဘူး ဆိုပြီး ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တယ်။ ကျနော့်ဘက်က
ရှေ့နေက ဆရာဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးဇော်မင်း။ ၂-  ၅- ၂၀၀၇ ခုမှာ ကျနော့်ကို ထောင်ထဲ ထည့်လိုက် ပြီးတော့ အမှုနှစ်ခုကို တပြိုင်တည်း စစ်တယ်။ ကျနော်စွဲတဲ့ အမှုရယ်။ သူတို့စွဲတဲ့ အမှုရယ်။ တရားသူကြီးဆီ အာမခံ
လျှောက်တယ်။ မပေးဘူး။”

“ကျနော် ဆေးရုံရောက်နေတဲ့အချိန်မှာ တရားစွဲထားတယ်ဆိုပြီး ၂-  ၅- ၂ဝဝ၇ ခုနှစ် ၁ဝ နာရီ အရောက် ဟင်္သာတမြို့နယ် တရားရုံးကို လာခဲ့ပါဆိုပြီး စာထုတ်တယ်။ ကျနော်ရောက်တယ်။ အာမခံ မပေးလို့ ကျနော်အပါအဝင် ခြောက်ယောက်ကို ထောင်ထဲထည့်လိုက်တယ်။”


အဲဒီတုန်းကဦးလှရှိန်က အသက်ဘယ်လောက်လဲ။ ဦးမြင့်နိုင် အသက်ကရော။

“ဦးလှရှိန်က ၆၅ နှစ်။ ကျနော်က ၄၁ နှစ်။”


ထောင်ထဲထည့်ပြီးမှ အမှုထုတ်စစ်တာပေါ့။

“ထောင်ထဲထည့်ပြီးမှ တပတ် နှစ်ကြိမ်လောက် ထုတ်စစ်တယ်။ လေးလလောက် ကြာတယ်။ ကျနော့်ကို အမိန့်ချလိုက် တယ်။ သူတို့ကို ကျနော့်စွဲတဲ့အမှုက တနှစ်နဲ့ ရှစ်လ ကြာတယ်။ နောက်တော့ အပြစ်မရှိဘူး ဆိုပြီး လွှတ်ပေးလိုက်တယ်။ ကျနော့်ကို စီရင်ချက်ချတဲ့ရက်က ၂၄- ၇- ၂ဝဝ၇ ခုနှစ်။ ဟင်္သာတထောင်မှာ တနှစ်နဲ့ ရှစ်လကျော် ကြာတယ်။ နောက် အင်းစိန်ကိုပို့တယ်။ အဲဒီကနေ မန္တလေး၊ ကလေးထောင်ပေါ့။”


မိသားစု အခြေအနေကော ဘယ်လိုရှိပါသလဲ။

“အသက် ၄၅ နှစ် ပြည့်ပြီးပြီ။ ကလေး လေးယောက်ရှိတယ်။ ကျနော့်မိန်းမက ဆုံးသွားပြီး။ ကျနော် ထောင်ကျတဲ့ အချိန် မှာ သမီးလေးက တနှစ်ခွဲနဲ့ ကျန်ခဲ့တယ်။ ကျနော့် အဖေ မရှိတော့ဘူး။ ကျနော့် အမေက ကင်ဆာရောဂါ ဖြစ်နေတယ်။”


ထောင်ကျ နေစဉ်က သူတို့တွေ ထောင်ဝင်စာ ပုံမှန်လာတွေ့နိုင်ကြလား။

“ကျနော့်သား၊ ကျနော့်အမေနဲ့ ကျနော့်ညီမက လာတွေ့တယ်။ ပုံမှန်တော့ ဘယ်ဖြစ်မလည်း။ ဟင်္သာတကနေ ကလေး ဆို ခရီးစရိတ်က တသိန်းကျော်တယ်။ တခေါက်လာတွေ့ရင် နှစ်သိန်းဝန်းကျင် ကုန်တယ်။ ကျနော်တို့က ဘာမှ မရှိတော့ ဘူးလေ။ စီးပွားရေးကလလည်း အဆင်မပြေတော့ဘူး။”


HRDP မှာ ဦးမြင့်နိုင်က ဘယ်တုန်းက ဘယ်လိုပတ်သက်တာလဲ။

“ကျနော်က ကိုအုန်းမြင့် ကိုခင်ဇော်တို့ကို ထောင်ချတုန်းက အိုင်အယ်အို (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) ကို သွားပြီးတော့ ပြောပြတယ်။ ၂ဝဝ၃ လောက်မှာ၊ အိုင်အယ်အိုက ယူအန်ဒီပီ (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရုံးးမှာ စာအုပ်တွေရှိတယ်ပေါ့နော်။ ကျနော် ယူအန်ဒီပီ ကို သွားတဲ့အခါ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို သွားတွေ့ တယ်။ အဲဒီအချိန်ကစပြီး လူ့အခွင့်အရေးကိုစလုပ်တာ။ အဲဒီအချိန်မှာ အဖွဲ့အစည်းဖွဲ့ခွင့် မရှိဘူး။”


ဦးမောင်မောင်လေးတို့ ဦးမြင့်အေးတို့နဲ့ ဘယ်လို ဆက်စပ်မိသွားလဲ။

“အဲဒီစာအုပ်တွေရတဲ့အခါ မူလေးချက်ချလိုက်တယ်။ ကိုမြင့်အေးပါတယ်။ ကိုမောင်မောင်လေးတို့။ အောင်ဇော်ဦးတို့၊ ၁၇ ယောက်လောက်နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ အချက်တွေကို ပြည်သူတွေ နားလည်အောင် လုပ်မယ်ဆိုပြီး အဲဒီစာရွက်တွေကို ဖြန့်တယ်။ အဲဒီတုန်းက HRDP မဖြစ်သေးဘူး။ HR ပဲ ဖြစ်သေး တယ်။ လူ့အခွင့်အရေးပဲဖြစ်သေးတယ်။ ၂ဝဝ၄ ခုနောက်ပိုင်း ကွန်ယက်က လုပ်ချင်တဲ့လူများလာပြီလေ။ HRDP ဆိုပြီး ကာကွယ်မြှင့်တင်သူပေါ့။ ၂ဝဝ၅ ကျတော့ ကွန်ယက်ဆိုပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် ဆိုပြီး ထပ်ဖွဲ့တယ်။”


အခု ဦးမြင့်နိုင်က HRDP အနေနဲ့ပဲ ဆက်လုပ်မှာလား ဘာဆက်လုပ်မလဲ။

“လူတွေရှိနေတဲ့ ကာလပတ်လုံး လူ့အခွင့်အရေးတွေကို ဆက်လက်ဆောင်ရွက်သွားမယ်။ ပါတီနိုင်ငံရေးကတော့ မလုပ်ဘူးလို့လည်း မပြောသလို လုပ်မယ်လို့လည်း ကျနော်မပြောဘူး။ ကျနော်လောလောဆယ် ကျနော့်အနေနဲ့ HRDP အနေနဲ့ ရပ်တည်ထားတယ်။”
 http://www.mizzimaburmese.com/interview/8512-2011-10-19-11-59-14.html

ဒေါ်အောင်ဆန်းစုကြည် ကို Battle of Crete ဂုဏ်ပြုဆု အပ်နှင်း


2011-10-18
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ဒီစီ မြို့တော် အခြေစိုက် Manatos and Manatos အဖွဲ့မှ ထူထောင်ထားတဲ့ Oxi Day Foundation က Battle of Crete (ခရိတိုက်ပွဲ ဂုဏ်ပြုဆု) ပေးအပ် ချီးမြှင့်လိုက်ပါတယ်။


Oxi Day Foundation (screenshot)
ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် Oxi Day Foundation က ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင် ချီးမြင့်သည့် Battle of Crete (ခရိတိုက်ပွဲ ဂုဏ်ပြုဆု) အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ကြောင်း ဖော်ပြထားသည့် Oxi Day Foundation အင်တာနက်စာမျက်နှာပါ ပုံ ဖြစ်ပါသည်။
Oxi Day Foundation ဟာ အမေရိကန် နိုင်ငံရေး လောကမှာ အလေးထားရတဲ့ နာမည်ကြီး အသင်းအဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဒီဆုအတွက် လျာထားခံရတဲ့ ဆုရှင်တွေထဲက လွတ်လပ်မှု နဲ့ဒီမိုကရေစီအတွက် နှစ်ပေါင်း ၂၀ ကျော် သတ္တိရှိရှိ ဦးဆောင် လှုပ်ရှားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ချီးမြှင့်လိုက်တာ ဖြစ်တယ်လို့ Oxi Day Foundation ဥက္ကဌ Andrew Manatos က အာအက်ဖ်အေကို ပြောဆိုပါတယ်။ " ဒီဆုရဲ့ အမည်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ ဂျာမဏီ ရဲ့ ကျူးကျော် သိမ်းပိုက်မှုကို ခုခံခဲ့ကြတဲ့ ဂရိနိုင်ငံသားတွေ အတွက် အလွန် အရေးပါတဲ့ Crete မြို့ တိုက်ပွဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဂရိ အမျိုးသမီးတွေရဲ့ သတ္တိကို ဂုဏ်ပြုတဲ့ အနေနဲ့ Battle of Crete (ခရိတိုက်ပွဲ ဂုဏ်ပြု ဆု) လို့အမည်ပေးတာပါ။ ဒါကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ရဲရင့်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးအပ်ချီးမြှင့် တာဖြစ်ပါတယ်" လို့ ဥက္ကဌ Andrew Manatos က ပြောဆိုခဲ့ပါတယ်။ Oxi Day Foundation အနေနဲ့ Battle of Crete ဆုကို ပထမဆုံးအကြိမ် စတင် ပေးအပ်ချီးမြှင့်တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး ချီးမြှင့်ခံရတဲ့ နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင် ဖြစ်ပါတယ်။ ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမည်စာရင်း ပေးသွင်းခဲ့သူကတော့ အမေရိကန် နိုင်ငံရေး ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒီမိုကရက် အမျိုးသမီး လွှတ်တော်အမတ် နန်စီပလိုစီ ဖြစ်တယ် လို့ Mr.Manatos က ပြောပါတယ်။ ခရိတိုက်ပွဲဂုဏ်ပြုဆုနဲ့ပတ်သက်လို့ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးမှာ ဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။



http://www.rfa.org/burmese/news/assk-oxiday-award-10182011214656.html

သီးညီနောင်ရဲ့ ဧရာဝတီ

သီးညီနောင်ရဲ့ ဧရာဝတီ
Wednesday, October 19, 2011 zarny win



ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သီးညီနောင်မောင်နှမများက ဒီလကုန်မှာ တို့အားလုံးရဲ့ဧရာဝတီ ဆိုတဲ့ နာမည်နဲ့ အစီအစဉ်တခု ဂုဏ်ပြုတင်ဆက်ဖို့ အသင့် ဖြစ်နေပါပြီ။

"ပြည်သူတွေအားလုံး ညီညီညွတ်ညွတ်နဲ့  ကန့် ကွက်ကြတဲ့ အတွက် ဧရာဝတီ မြစ်ကြီးပေါ်မှာ
ဆောက်မယ့် မြစ်ဆုံရေကာစီမံကိန်း ရပ်တန့် သွားတာပါ...
ဘယ်အရာမဆို ပြည်သူတွေ ညီညွတ်မယ် ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်ပါတယ်...
ကျနော်တို့ အနုပညာ သမားတွေကလဲ ပြည်သူနဲ့ တသွေးတသားထဲလေ.... ဒါကြောင့် ဧရာဝတီ ကို
ဂုဏ်ပြုတဲ့အနေနဲ့  ဒီပွဲစီစဉ်ကြတာပါ" လို့ လူရွှင်တော် ပန်းသီးက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

သီးလေးသီးထဲက သီး၂သီး မကြာသေးခင်က မြန်မာပြည် ပြန်ပါတယ်။
ဒါကြောင့် ပြည်ပမှာ သီး၂သီး ကျန်ပါတယ်။
ဒီပွဲဟာ သူတို့ပြည်တော်မပြန်ခင်ထိုင်းနိုင်ငံမှာ ကပြမယ့် နောက်ဆုံးပွဲ ဖြစ်နိုင်ပါတယ်။
http://www.irrawaddyblog.com/2011/10/blog-post_4224.html