Thursday, October 20, 2011

.ထောင်တွင်း စာကြည့်တိုက် တည်ထောင်ခဲ့ သည့်  ဇာဂနာ

မြစ်ကြီးနားထောင်တွင်အကျဉ်းကျနေစဉ်အတွင်း ထောင်တွင်းတွင်ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခုကို
တည်ထောင်ခဲ့ သည်ဟု ဟာသသရုပ်ဆောင်ဇာဂနာကပြောသည်။

" ကျွန်တော်က အပတ်တိုင်းဂျာနယ်တွေဝယ်တယ်၊ ထောင်ထဲမှာဂျာနယ် ၁၃ စောင်ဖတ်ခွင့်ရတယ်၊ ကျွန်တော့်ညီမကထောင်နားက "၀င်း" စာပေကိုငွေပို.ပေးတယ်၊အဲဒီကနေတဆင့် ကျွန်တော်လိုချင်တဲ့စာအုပ်တွေမှာတယ်။နောက် အန်တီ ( ဒေါ်အောင်ဆန်းစုကြည် ) ကလည်း သူလွတ်ကတည်းက ကျွန်တော့်ဆီစာအုပ်တွေကို ပါဆယ်နဲ.ပို.ပို.ပေးတယ်၊ ကျွန်တော်နေရတဲ့အဆောင်က အခန်းတစ်ခန်းမှာစာကြည့်တိုက်လေးလုပ်ပေးတယ်၊ ထူးဆန်းတာတစ်ခုက ယုံကြည်ချက်ကြောင့် အကျဉ်းသား
ဆိုသူတွေတော်တော်များများက စာမဖတ်ဘူးဗျ။

အခြားအမှုတွေနဲ.ကျတဲ့သူတွေကမှဖတ်သေးတယ်၊ ကျွန်တော်က ကျွန်တော့် စာကြည့်တိုက်မှာ ယုံကြည်ချက်ကြောင့်ထောင်ကျတဲ့သူတွေကို စာမဖတ်မနေရလုပ်ထားလိုက်တယ်။ဖတ်လားမဖတ်လားလည်း ကျွန်တော်ကသိပ်စစ်တတ်တာ၊ ကျွန်တော်တို.ကို ၂ ပတ်တစ်ခါအမဲသားပေးတယ်၊ စာမဖတ်ထားရင် မဖတ်တဲ့သူကို အမဲသားဟင်းတစ်တုံးဖြတ်တယ်။

ခုကျွန်တော်ထွက်လာတော့ စာအုပ်တွေဒီအတိုင်းထားခဲ့တယ်၊ ခုနောက်ဆုံးဖတ်ထားတဲ့ကစ်ဆင်းဂျား ရဲ. On China စာအုပ်လည်းထားခဲ့တယ် ဟုဇာဂနာက ၄င်း၏ထောင်တွင်းစာကြည့်တိုက်အကြောင်းပြောကြားသည်။

အကျဉ်းထောင်ထဲတွင် ၄င်းထွက်မလာခင်နောက်ဆုံးအချိန်ထိ လူဖတ်အများဆုံးဂျာနယ်မှာ၎င်း၏မှတ်တမ်းအရ ပြည်သူ.ခေတ်ဂျာနယ်ဖြစ်နေပြီး၊ ရံဖန်ရံခါတွင် မင်းသားမင်းသမီးပုံပါသောဂျာနယ်များမှာ ဆုတ်ဖြဲခံ ထားရခြင်းများရှိတတ်သည်ဟုဖြေကြားခဲ့သည်။"အခြားဝန်ထမ်းမိသားစုတွေလည်းယူယူဖတ်ကြတယ်" ။ တချို.ကဗျာ မင်းသားမင်းသမီးပုံလှတပတလေးတွေ မတွေ.လိုက်နဲ.အကွင်းလိုက် အချပ်လိုက်ကြီး လှီးဖြတ်ယူထားကြရော၊ကျန်တဲ့သူက ဖတ်မယ်လုပ်ရောဖတ်မရတော့ဘူး၊ ဒီလိုမျိုးတွေလည်းရှိတတ်သေးတယ်။ ဟုဇာဂနာက ဆက်လက်ပြောကြားသည်။

သတင်း..အေးသူစံ (7 Day News.)

အင်တာနက်ဆိုင်ဝန်ထမ်းတချို့ မိန်းကလေးများ၏ အကောင့် ကိုရောင်းစား




ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဒီမိုကရေစီ နည်းလမ်းကျအောင် လုပ်ဆောင်နိုင်မည်လား

နအဖ အဖွဲ့ဝင် တပ်မတော်ခေါင်းဆောင်ဟောင်း General ကြီးအနေဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက် ဒီမိုကရေစီနေ့တွင် ဒီမိုကရေစီနိုင်ငံ (သို့မဟုတ်) ဒီမိုကရက်တစ် လူ့ဘောင်အဖြစ် တည်ဆောက်ပြီး ဆင်းရဲမွဲတေနေသော မြန်မာနိုင်ငံအား ပြန်လည် ထူထောင်ရေးအတွက် တိုက်တွန်းသွားခဲ့သည်ကို ကြားသိရသည့်အတွက် စဉ်းစားဖွယ်ရာ ကိစ္စများ ပေါ်ပေါက်လာ၍ မေးမြန်းကြည့်ချင်စိတ် ပေါ်ပေါက်လာပါတယ်။ ယင်း၏ တင်ပြချက်တွင် ပြည်သူ့လွှတ်တော်အတွင်း ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပပေးနေသည် ဟု ပြောဆိုပြီး ဒီမိုကရက်တစ် လူ့ဘောင်ကို တည်ဆောက်ရန် တိုက်တွန်းကြောင်း ပါရှိ ပါတယ်။
နှစ်ပေါင်း (၅၀) နီးပါး စစ်ကျွန်အဖြစ် ကျရောက်ခဲ့သည့် မြန်မာပြည်အတွက် ဒီမိုကရေစီ ပီပြင်ရေး (သို့မဟုတ်) ဒီမိုကရက်တစ်လူ့ဘောင် တည်ဆောက်နိုင်ရေးအတွက် မည်သည့် လုပ်ငန်းကို စတင်လုပ်ဆောင်သင့်သနည်း ဆိုတာကိုတော့ ရှင်းလင်းစွာ မပြောသွားပါဘူး။ ဒီမိုကရေစီ၏ အသက်သည် ပြည်သူများ၏ နိုင်ငံရေးရေချိန်၊ အခွင့်အရေး ပြောဆိုခွင့်အပေါ် တွင် ရှိနေပြီး Institution များ၏ ခိုင်မာမှုနှင့် ရင့်ကျက်မှုပေါ်တွင် မူတည်သည်ဟု မှတ်ယူ မိပါသည်။
လက်ရှိ အူကြောင်ကြောင် အခြေအနေတွင် Institution များ အသစ်ဖြစ်ထွန်းရေး အတွက် အချိန်များစွာ ယူနေရချိန်တွင် ရှိပြီး Institution များနှင့် Power Sector များကို စတင်ပြုပြင်ရန် လိုအပ်ပေမည်။ လက်ရှိ Setting တွင် ပထမအင်အားစု နိုင်ငံရေးပါတီများ၊ ဒုတိယအင်အားစု အစိုးရအဖွဲ့များ၊ တတိယအင်အားစု တပ်မတော်၊ စတုတ္ထအင်အားစု ပညာရပ်ကျွမ်းကျင် အစုအဖွဲ့များ၊ ပဉ္စမ လူမှုရေးအသင်းအဖွဲ့များ၊ ဆဌမ စီးပွားရေးအစုအဖွဲ့များ ဟု အကြမ်းဖျင်း ခွဲလို့ရပါမယ်။ ယင်းတို့ ကောင်းမှ လွှတ်တော်များ၏ စနစ်ပီပြင်နိုင်ပါလိမ့်မည်။
နိုင်ငံရေးပါတီများ
နိုင်ငံတကာတွင် နိုင်ငံရေးပါတီများ၏ ရပ်တည်မှုနှင့် နိုင်ငံရေး တတ်ကျွမ်းမှုများ၊ အစု အဖွဲ့ စနစ်ကျမှုများ အရှိန်ရနေပြီဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် သက်တမ်းရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် NLD ပါတီ၊ မနေ့တစ်နေ့ကမှ ပေါ်လာသော အင်အားကြီးပြီး စနစ်မကျ၊ ပြည်သူမချစ်သော USDP နှင့် အခြားပါတီငယ်များသာရှိပြီး အခြေခံနိုင်ငံရေး စံ၊ စုဖွဲ့မှုနှင့် စီမံမှု ရရန်ကို ပင် အနည်းဆုံး ၃ / ၄ နှစ် အချိန် ယူရပေမည်။ ငွေကြေးခိုင်မာရေး အတွက် USDP နှင့် NLD တို့မှ အပ ပါတီငယ်များအတွက် အလှမ်းဝေးနေ ပါလိမ့်ဦးမည်။
လက်ရှိ USDP မှာ နအဖ၏ အမွေဖြင့် မည်မျှချမ်းသာ နေသနည်းဆိုသည်ကို ယင်းတို့ ကိုယ်တိုင် ဖြေနိုင်သလား၊ မဖြေနိုင်သလား မသိပါ။ စည်းရုံးရေး (ပါတီတွင်း၊ ပြည်သူ) ကောင်း မကောင်း ယင်းတို့ သိ မသိတော့ မပြောတတ်ပါ။ ကျွန်ုပ်တို့ အနေဖြင့် ပါတီ စည်းရုံးရေး မကောင်း သည်ကိုတော့ သိနေပါတယ်။
ပါတီတွင် ဗိုလ်ချုပ် အပြုတ်များ၊ ဝန်ကြီးအပြုတ်များ၊ ဆွဲခန့် (သို့မဟုတ်) မနိုင်မှာ ကြောက်၍ ခေါ်ခန့်သူများ၊ လုပ်စားသူများနှင့် ဘာမှန်း မသိသေးသူများ အများစု (ကောင်းသူများကို မဆိုလိုပါ) ပါဝင်နေကြပါတယ်။
ဗိုလ်ချုပ်အပြုတ်များ အနေဖြင့် တပ်မတော်ထဲတွင် တစ်ဘဝလုံး နေခဲ့ရ၍ ပြင်ပ၏ အခြေအနေ မှန်ကို သိရန် ခက်သလို ရပ်တည်ရေးအတွက် ဘာလုပ်ရမှန်း မသိကြပါ။ စစ်ပရိယာယ်နှင့် နိုင်ငံရေး ပရိယာယ် မတူသလို ယင်းတို့ ကျင်လည်ရာ အဖွဲ့အစည်းနှင့် နိုင်ငံရေး အဖွဲ့အစည်းတို့၏ လှုပ်ရှားမှုများ မတူညီကြပါ။
USDP အနေဖြင့် အမွေရ အာဏာရှိနေပြီး နိုင်ငံကို ကောင်းစွာတည်ဆောက်ရန် အခြေအနေ ပေးလျှက်နှင့် မတည်ဆောက်နိုင်ဘဲ ဖြစ်နေတယ်။ ပါတီ၏ သဘောထားနှင့် လွှမ်းမိုးမှုသည် အစိုးရအဖွဲ့ (ယင်းတို့တင်ထားတဲ့) အပေါ် မရှိသည့် အတွက်ကြောင့် အစိုးရအဖွဲ့အနေဖြင့် ပြည်သူအကြိုက် (ပါတီအား ပြည်သူအထင်ကြီးအောင်) မလုပ်နိုင်ချေ။
အစိုးရကလည်း (ယင်းတို့အခေါ်) အဘိုးကြီး ခေါ် သန်းရွှေ၏ ကြိုးဆွဲမှုကြောင့်လား၊ ယင်းတို့ ကိုယ်၌က ဘာလုပ်ရမှန်း မသိလို့လား လွှတ်တော်များကပဲ Check & Balance လုပ်ရမှာ ကြောက်နေလို့လား မသိ မြင်သာထင်သာ ပြောင်းလဲမှုများ မလုပ်ဘဲ၊ Public Figure ခေါ် လူစိတ်ဝင်စားစေသော၊ အထင် ကြီးစေသော အချက်များကိုသာ လုပ်ဆောင်ပြနေတာ တွေ့နေရတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအသိဖွင့် ခရီးစဉ်များ မထွက်ခွာမှီ အချိန်မှီ ချွေးသိပ်ကာ သဘောထားကြီးသယောင် ငြိမ်းချမ်းရေး (ခဏလောက် ဒေါ်စုငြိမ်လျှင်တောင် အကျိုးအမြတ်ရပြီဟု ခံယူကာ) အတွက် ဆိုပြီး တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့ရမှာပါ။ ဓါတ်ပုံတွေအရ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို နောက်ခံထားပြီး လူအထင်ကြီး အောင် လုပ်ခဲ့ပြန်ပါတယ်။ အခန်းရဲ့ပုံစံကို မကြည့်ရ၍ မသိသေးတဲ့ အချက်က ယင်းသမ္မတ အခန်းထဲမှာ သမ္မတတွေရဲ့ ဓါတ်ပုံများကို ထားတယ်ဆိုရင် ဦးသန်းရွှေရဲ့ ဓါတ်ပုံကိုလည်း ထားဖို့ လိုပါတယ်။ ကြိုက်သည်၊ မကြိုက်သည်ကို ဘေးထား၊ သေချာတာကတော့ ဒီ နိုင်ငံကို နှစ် (၂၀) လောက် အုပ်ချုပ်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းကို ဖွင့်ပေးခဲ့တဲ့ (ဆန္ဒ ပါပါ မပါပါ၊ အကွက်ချချ၊ မချချ၊ ကမ္ဘာသိ လုပ်ပေးရတဲ့အတွက်၊ ဘယ်လိုမှ ပြန်ပြီး သူပါဝင်လို့ မရတဲ့) အဘိုးကြီး ပုံကို ထားဖို့ လိုပါတယ်။ ရှိရင်တော့ ကောင်းတာပေါ့။
ဦးရွှေမန်းကတော့ အာဘောင်အာရင်း သန်သန်နှင့် လွှတ်တော်အကြောင်း Marketing လုပ်နေလေရဲ့။ သူ့ဟာသူ ဘာဖြစ်ဖြစ် သေချာတာကတော့ လွှတ်တော်ဆိုတဲ့အရာ ပေါ်လာပါပြီ။ ဦးရွှေမန်းအနေနှင့် လွှတ်တော်နှင့် ရှေ့ဆက်ချီတက်မလား၊ အကွက်ချခံရတဲ့ ဘဝနှင့် ခေါင်းငုံ့ပြီး ကံစီမံရာပဲ နေမလား။ သူ့ရဲ့ဘဝကြောင်းအရနှင့် လက်ရှိ အခြေအနေအရ လွှတ်တော်ကို အသက်ရှိအောင်လုပ်မှ ရပ်တည်လို့ရမယ့် အနေအထားအကြောင့် လွှတ်တော်စနစ် ပီပြင်ရေးကို လုပ်ရပါလိမ့်မည်။
ဒီမိုကရေစီပီပြင်အောင်ဖော်ဆောင်မယ်ဆိုတဲ့ ဦးရွှေမန်းခင်ဗျား-
ဦးရွှေမန်းမှာ တပ်မဲ့ဖြစ်နေတာကို (အာဏာမရှိ) နိုင်ငံရေး နားလည်သူတွေ သိကြပါတယ်။ ပါတီမှာလည်း ဟန်ပြ ဒုဥက္ကဌဖြစ်နေတာကိုလည်း မဖွင့်ပြောနိုင်၊ အစိုးရကိုလည်း မစောင့်ကြည့်နိုင်၊ သူပြောနိုင်တာ စစ်ဗိုလ်တစ်မတ်သားပါတဲ့ ပြည်သူ့လွှတ်တော် ပရဝဏ်ထဲမှာ ပါပဲ။ ပြည်သူ့အသံ၊ လွှတ်တော် အသံတဲ့၊ သေချာတာလွှတ်တော်အသံ မြန်မာ့အသံကို ကျော်လွှားနိုင်ပါ့မလား။ ဦးရွှေမန်းဟာ ဆဒ္ဒဆင်မင်း ဇာတ်ခင်းတဲ့ ဦးကျော်ဆန်းကို မကျော်နိုင်ပါ။ ဦးရွှေမန်းက မီဒီယာများ လွှတ်တော်တွင် လွတ်လပ်စွာ သတင်းယူနိုင်တယ်လို့ ပြောပေမယ့် လွှတ်တော်ထဲမှာ ပြောတဲ့ အကြောင်းအရာများ ပြည်သူတွေထံ မရောက်ပါ။ နှစ်ချက် ဖြစ်နိုင်ပါတယ်။ ပြည်သူကို အသိမပေးရဲတဲ့ ဟန်ပြ ပါလီမန် (သို့မဟုတ်) အစိုးရ ရဲ့ စောင့်ကြည့်ခံ ပါလီမန် (အစိုးရကို စောင့်ကြည့်ရန် မတတ်နိုင်သော) ဖြစ်တာကြောင့်လား၊ ဒါမှ မဟုတ် Air Time charges များတဲ့ ရုပ်သံရဲ့ အရင်းဈေးမျှကို မတန်တဲ့ အကြောင်းအရာများ ဖြစ်လို့လား မသိပါဘူး။ အစိုးရ ပြောရေးဆိုခွင့်ပိုင်ရှင် ဦးကျော်ဆန်းရဲ့ အမိန့်မရလို့လည်း ဖြစ်နိုင်ပါတယ်။
ဦးရွှေမန်းခင်ဗျား-
မပြည့်စုံသေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ / ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျေ ညက်တာလား၊ မလုပ်တတ်တာလားတော့ မသိဘူး ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်မှုကို မသိလို့လား၊ ကြောက်လို့လား မသိ၊ ယနေ့အထိ ရသုံးမှန်းခြေ ငွေစာရင်း Bill ကို အစိုးရမှ တင်သွင်းထားတာ မတွေ့ရ သေးပါ။ အမတ်မင်းများကော သိရကောင်းမှန်း သိကြပါရဲ့လား။ မသိပါလို့ပဲ မှတ်ယူပါသည်။ လမ်းပေါက်ဖာ၊ တမံပေါက်ဖာဖို့နှင့် ဆေးခန်း မျက်နှာကျက် လဲပေးရေး အမေးတွေနှင့် မယောင်ရာ ဆီလူး အဆိုတွေများတဲ့ လွှတ်တော်မှာ ဦးရွှေမန်း ဝတ်ရုံကြီး ဝတ်ပြီး ဘာတွေကို ဒီမိုကရေစီစနစ် ဖြစ်တည်ရေး လုပ်နေပါသလဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ၂၀၀၈ ဥပဒေအရ အာဏာသုံးရပ် ပိုင်းပြီး နေပါတယ်။ ပြန်ဆက်လို့ မရပါ။ ဆက်သူသည် သမိုင်းတရားခံ ဖြစ်ပါလိမ့်မည်။ ရသလောက် အခွင့်အရေးထဲမှ ဒီမိုကရေစီ ပုံဖော်နိုင်ပါသည်။ လုပ်လဲ လုပ်တတ်မယ်ဆိုရင်ပေါ့။ ပြည်သူ့ဆန္ဒ၊ လွှတ်တော် ဆန္ဒတဲ့။ ပြည်သူ့ဆန္ဒကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ နိုင်ငံဖွံ့ဖြိုးမှုကို အတူတကွ ဆောက်တည်ပြီး ဒီမိုကရက်တစ်လူ့ဘောင်ကို အရောက်လှမ်းချင်ကြပါတယ်။ ဦးရွှေမန်း ချီတက်ရဲ ပါသလား။ ဝေဖန်ခြင်း မဟုတ်ပါ။ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို လုပ်ရဲပါ့မလား၊ လုပ်မလား ဆိုတာကို သမိုင်းက စောင့်ကြို မှတ်တမ်းတင်နေပါမည်။ ဆက်လုပ်ပါ ရဲဘော်..။
အစိုးရနှင့် နီးစပ်တဲ့ အသိုင်းအဝိုင်းမှ တိကျသည့် သတင်းများ ရရှိထားပါတယ်။ ဦးသိန်းစိန်ဟာ မရွယ်ဘဲ စော်ကဲ မင်းဖြစ်ခဲ့တာကြောင့် ပြင်ဆင်မှု မရှိဘဲ သမ္မတ တက်လုပ်ရ သူ ဖြစ်ကြောင်း၊ နှလုံးမှာ စက်တပ်ပြီး လောကကြီးကို အေးအေးဆေးဆေး ဖြတ်သန်းရန် ပြင်ဆင်နေတဲ့အတွက် တန်းဖြုတ်ပြီးသား ဖြစ်ကြောင်း၊ ဦးသန်းရွှေရဲ့ ရုပ်သေးအဖြစ် တင်ထား ခံခဲ့ရပေမယ့် သက်ရှိဖြစ်ပြီး သမ္မတဆိုတဲ့ အာဏာကို အဘိုးကြီးလာထိလို့ မကျေမချမ်းဖြစ်ကာ အဘိုးကြီးရဲ့ ကြိုးဆွဲမှုကနေ ရုန်းထွက်နေတဲ့ အကြောင်း၊ ကျေးဇူးကို ဆပ်ချင်ပါသော်လည်း တလွဲအစီအစဉ်အတိုင်း နိုင်ငံကို မထားရက်တဲ့အတွက် တတ်သလောက် လုပ်နေကြောင်း၊ အစိုးရအဖွဲ့ဝင်များရဲ့ အစည်းအဝေး Cabinet ဟာ မပြတ်သား မပီပြင်ဘဲ သီးခြားတွေ့ဆုံပွဲ ဒုသမ္မတ-၁ / ၈ လုံးခန်းမှာ ထပ်လုပ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို တစ်ဦးတည်း ကြိတ်လုပ်ခဲ့ကြောင်း၊ ပါတီကိုလည်း မပြတ်တပြတ် လုပ်နေကြောင်း၊ အစရှိတာတွေကို ကြားနေရပါတယ်။ Hear Say ဖြစ်လို့ ရာနှုန်းပြည့် မှန်မယ်လို့ ပြောလို့ မရပေမယ့် တစ်ချို့အကြောင်းများကတော့ အမှန်ဖြစ်နေပါတယ်။
အင်မတန်များလှတဲ့ သမ္မတလစာ (ကျပ် ၅၀ သိန်း) လို့ ယူဆတဲ့အတွက် လျှော့ယူတာ ကျေးဇူးတင်စရာ ကောင်းပေမယ့် Clean governance & Good government ဖြစ်ဖို့တော့ အစိုးရအဖွဲ့အနေဖြင့် အူမတောင့်ဖို့ လိုပါတယ်။ (၉၉) ကျပ်သား (ကျပ်မပြည့်သော) တိုင်းဒေသဝန်ကြီးတွေ အနေဖြင့် ကိုယ်ပိုင် စာရေးတောင် မထားနိုင်တဲ့ အခြေအနေပါ။ တိုင်းပြည်အတွက် ဗိုက်ဆာရင် လုပ်လို့ မကောင်းပါ။ ၂၀၀၈ အခြေခံဥပဒေကို နားလည်သူတွေကတော့ လစာလျှော့ယူရင်လည်း Bill တင်ရမယ်၊ ဘက်ဂျက်ဖြတ်ရင်လဲ Bill တင်ရ မယ်၊ ကားအဟောင်းလဲရင်လည်း Bill တင်ရမယ်၊ ပင်စင်လစာတိုးလဲ Bill တင်ရမယ်၊ စီမံကိန်း အသစ် လုပ်ရင်လဲ Bill တင်ရမယ်၊ နောက်ဆုံး စီးပွားကျလို့ အခွန်လျော့တာလဲ Bill တင်ရမယ်တဲ့။ လူအုပ်ချုပ်တဲ့ စနစ်များ မှားခဲ့လို့ မူဖြင့် အုပ်ချုပ်ရသော စနစ်ဖြစ်လာခဲ့တာပါ။ သမ္မတကြီးရယ် ဦးသန်းရွှေလို လုပ်လို့ မရပါ။
သမ္မတကြီးမှာ လယ်တဲရှိတယ် အင်မတန် စနစ်ကျသော စံပြလယ်ယာအဖြစ် ထူထောင်ထားတဲ့ နေပြည်တော်က လယ်တဲမှာ (နေရာအတိအကျ မသိသေးပါ) ခဏခဏ လူများစွာနှင့် အစည်းအဝေးလုပ်ပြီး တိုင်းပြည်ကို ကယ်တင်ရန် ကြံနေပါလား။ တိုင်းပြည်ကို အရင်မကယ်ပါနှင့် ကိုယ့်ကိုယ်ကို အရင်ကယ်ပါဦးခင်ဗျား။ ဦးသန်းရွှေရဲ့လက်နဲ့ ဦးတင်အောင်မြင့်ဦးရဲ့ အမျက်မှ လွတ်အောင်လုပ်ပြီး ကတိပေးခဲ့သည့် မိန့်ခွန်းများအတိုင်း ဆက်လက်ဦးဆောင်ပါ… ခေါင်းဆောင်ကြီး။ သမ္မတကြီးအတွက် ထွက်ပေါက်ရှိပြီး နိုင်ငံကို ကယ်တင်မည့် ကျမ်းကြီးတစ်စောင် ရှိပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို သေချာ ဖက်တွယ်ပြီး အလုပ်လုပ်ပါ။ အခြေခံ ဥပဒေပါ အချက်များကို သမ္မတကြီး ပိုင်နိုင်မှာပါ။ ကိုယ်တိုင် တည်းဖြတ်ခဲ့တာပဲလေ။ မသိသလို၊ သိသလိုရှိက ပြည်သူကို မေးပါဗျာ။ ပြည်သူများဟာ နိုင်ငံရဲ့ သား သမီး ရတနာဖြစ်သလို အစိုးရ၏ မိဘလည်း ဖြစ်ပါတယ်။ မိန့်ခွန်းတွေကို စတန့် မထွင်ပါနှင့် ခင်ဗျား။ လူထုဦးစိန်ဝင်း မကြိုက်ပါ ( ပြည်သူက မိဘလား၊ အစိုးရက မိဘလား။ ရေး…. လူထုဦးစိန်ဝင်း)
ကမ္ဘာကျော် ဗမာပြည်ခေတ်သစ်မိန့်ခွန်းကို ကိုယ်တိုင်လိုက်နာပြီး မြန်မာနိုင်ငံကို ကမ္ဘာ့ရွာထဲသို့ ပြန်သွင်းပါ။ လိုအပ်က ဆရာကျော်ဝင်းနှင့် တိုင်ပင်နိုင်ပါသည်။ (ဆရာကျော်ဝင်းထံတွင် 7 Habits ဘာသာပြန်ပြီးသား ရှိပါသည်။) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာပါ။ (ဒေါက်တာနေဝင်းမောင် အလွန်ပိုင်ပါတယ်။ Egress တွင် ၂၀၀၈ ဥပဒေကို အသေအချာ သင်ပါသည်။ နိုင်ငံရေးပါတီငယ်များ- အထူးသဖြင့် ကိုနေမျိုးဝေ သေချာ ဖတ်ထားပါတယ်။) NLD မှတ်ပုံပြန်တင်ပါက (ဦးတင်အေးတွင် ပါတီများ မှတ်ပုံ တင်ရေးနှင့် ရွေးကောက်ပွဲလုပ်ရန် တာဝန်များမှအပ ၎င်းတွင် လတ်တလော ဘာအလုပ်မှ မရှိဘဲ ဘေးထိုင် နေချိန် အန်တီစုမှ လူတွေ့တောင်းဆိုလျှင် ချက်ခြင်း ပါတီထူထောင် နိုင်ပါသည်။) ၂၀၀၈ ဥပဒေ ကို NLD လက်မခံသည့်တိုင် စာအုပ်စိမ်းနှင့် ပေါက်ပြီး အစိုးရကို လမ်းကြောင်းတည့်အောင် လုပ်၍ ရပေမည်။
အန်တီစုခင်ဗျား- ၂၀၀၈ ဥပဒေကို လက်မခံခြင်းထက် ဥပဒေအတိုင်း လွှတ်တော်နှင့် အစိုးရ လုပ် မလုပ်ကို စောင့်ကြည့်စေချင်ပါသည်။ နိုင်ငံတည်ဆောက်ရေးတွင် အန်တီစု အနေဖြင့် မတူတာ တွေ ဘေးဖယ်ပြီး တူတာတွေ ဆက်လုပ်မည်ဟု ပြောဆိုခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ တူသည်မှာ နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရက်တစ်လူ့ဘောင် တည်ဆောက် ရေးအတွက် အန်တီစုမှ တွန်းအားပေးစေချင်ပါသည်။
နိုင်ငံကို ကောင်းအောင်ဖန်တီးပေးမည့် ခေါင်းဆောင်ကတော့ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးရွှေမန်း၊ ဦးသိန်းစိန် တို့ဖြစ်ကြောင်း ကျွန်တော် သတ်မှတ်ထားပါသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် ပြည်သူများ၏ ဆက်ဆံရေးသည် ဒီမိုကရေစီ၏ တန်ဖိုးများထဲမှ တစ်ခုဖြစ် ပါတယ်။

ကမာ (၂၀.၁၀.၁၁)

၂၀.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16930043/20Oct2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16930044/20Oct2011Yeyintngesdiary.doc.html

20 Oct 2011 Yeyintnge's Diary

မြန်မာတွေကို နာကျင်စေမည့် တရုတ်၏ ပိုက်လိုင်းသွယ်တန်းမှု...








ကိုယ့်ပြည်သူများ အသုံးပြုရန် မဟုတ်သည့် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ဖိုးရှိသည့် ကိုယ်ပိုင် အရင်းအမြစ်များစွာ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြေပုံအလယ်ပိုင်းမှ ဖြတ်၍သွယ်တန်းထားသည့် အငြင်းပွားဖွယ်ရာ လောင်စာဆီနှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ရန်မီးစ ပွားနေသည့် လက်နက်ကိုင်ပဠိပက္ခ ဖြစ်ပွားနေသည့်နေရာများပါ ဖြတ်သန်းသွားမည် ဖြစ်သဖြင့် အဆိုပါ ပိုက်လိုင်းသည် အိမ်နီးခြင်း တရုတ်ပြည်၏ စွမ်းအင်လုံခြုံမှုအား ခြိမ်းခြောက်နေသည်ဟု လှုပ်ရှားတက်ကြွသူများက ဆိုပါသည်။

ကျောက်ဖြူရှိ ရွှေ စီမံကိန်းနေရာမှ စတင်သည့် စီမံကိန်းပြ မြေပုံ

တရုတ်ပြည်မှ ဦးစီးဦးဆောင် ပြုလုပ်နေသည့်၊ လူ ထောင်ပေါင်းများစွာအား နေရာဖယ်ပေးရသည့်၊ လယ်သမားများနှင့် တံငါသည်များ၏ သက်မွေးဝမ်းကြောင်းမှုများအား ထိခိုက်စေသည့် အဆိုပါ 3,900 km (2,420 မိုင်) တစ်ဆက်တည်း ရှည်လျားသည့် ပိုက်လိုင်းသည် မြန်မာပြည်သူများ၏ အရေးထက် စွမ်းအင်ဆာလောင်မှု အလွန်အမင်း မြင့်မားလာသည့် တရုတ်ပြည်အတွက် ဦးစားပေးထားခြင်း ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းတွင် တရုတ်အစိုးရပိုင်ဆိုင်သည့် China National Petroleum Corporation (CNPC)၊ အိန္ဒိယ နိုင်ငံ၏ Videsh လောင်စာဆီနှင့် ဓါတ်ငွေ့စွမ်းအင် ကော်ပိုရေးရှင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ဒေ၀ူး ကော်ပိုရေးရှင်းတို့ ပူးပေါင်းပါဝင်ပါတယ်။ ယခု ဇွန်လမှာ စတင်ဆောက်လုပ်နေတဲ့ အဆိုပါလုပ်ငန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တဲ့ ရိုက်နှက်ခြင်း၊ အတင်းအဓမ္မအလုပ်စေခိုင်းမှု၊ ဥပဒေနှင့်မညီပဲ ဖမ်းဆီးခြင်း၊ သိက္ခာချခြင်း၊ အတင်းအကြပ် နှင်ထုတ်ခြင်း စသည်များကို ဖြစ်ပေါ်လာနိုင်တယ်လို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ “Sold Out” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်...

ရွှေ စီမံကိန်းမှ ပြောဆိုမှုအရ မြန်မာအစိုးရအနေဖြင့် ပြည်တွင်းစွမ်းအင် မလောက်ငှမှုကို မည်သို့မျှ ပြုလုပ်ပေးနိုင်ခြင်း မရှိပဲ အဆိုပါ ပိုက်လိုင်းမှ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ 1 ဘီလျံနှုန်းဖြင့် နောင်အနှစ် 30 အထိရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ရွှေ ကမ်းလွန်စီမံကိန်းမှ ကုဗပေ ထီလျံနှင့်ချီသည့် သဘာဝဓါတ်ငွေ့များ ထုတ်လုပ်နိုင်ပြီး၊ လမ်းကြောင်းတစ်လျှောက် ပဠိပက္ခဖြစ်မှုများ၊ လောင်စာဆီ အလွဲသုံးစားပြုနိုင်မှုများနှင့် တိုင်းပြည်တစ်လျှောက်လုံးကို ဖြတ်သန်း၍ တရုတ်ပြည်သို့ ပိုက်လိုင်းသွယ်တန်းမှုများအစား ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ၏ (သူတို့ ခေါင်းစဉ်တပ်ထားတာနော်) လူမှုဘ၀ ဖွံ့ဖြိုးရေးနှင့်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ဖန်တီးပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။



2013 တွင် ပြီးစီးမည့် ပိုက်လိုင်းသည် စီးပွားရေး မဟာအင်အားကြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အနီးကပ် ဆက်ဆံမှု အကြောင်းရင်းခံ ဖြစ်လာပါတယ်။ တရုတ်ကြီးဟာ သူ့ အိမ်နီးခြင်း နိုင်ငံ၏ ကြွယ်ဝ၍ ဈေးသက်သာသည့် သယံဇာတများအား အနောက်နိုင်ငံမှ ပြိုင်ဘက်များ ဆိုရုံမျှတောင် မရှိပဲ လွယ်လွယ်ကူကူ ရရှိနိုင်ခြင်းကို ကျေနပ်ပျော်ရွှင်နေပါတယ်။ အဘယ့်ကြောင့်ဆိုသော အဆိုပါ အနောက်နိုင်ငံများဟာ စီးပွားရေးပိတ်ဆို့မှု ပေါ်လစီဖြင့် မြန်မာနိုင်ငံကို ဆွဲကိုင်ဆက်ဆံထားဆဲ ဖြစ်သောကြောင့်လည်း ဖြစ်ပါတယ်။

နားလည်ရ ခက်ခဲသည့် သဘောတူညီမှုများ ဖြစ်သည့် ဒေါ်လာ ဘီလျံနှင့်ချီပြီး တန်ဖိုးရှိသည့် စွမ်းအင်ကဏ္ဍ၊ သတ္ထုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး နည်းပညာနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဆိုပါ ကူးလူးဆက်ဆံမှုဖြင့် ဖုံးကွယ်ထားပါတယ်။ ၎င်းအကျိုးအမြတ်တွေဟာ သန်း 50 သော ပြည်သူများအတွက် အကန့်အသန့်ဖြင့်သာ ရရှိမယ်လို့လည်း ဆိုပါတယ်။

အနောက်မြောက်မှာ ရှိသည့် တရုတ်ပြည် အတွင်းပိုင်းတွင် လျှပ်စစ်ဓါတ် ထုတ်ယူနိုင်ရန် 2,800 ကီလိုမီတာ ရှည်သည့် ပိုက်လိုင်းတစ်လျှောက် နှစ်စဉ် မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်းပေါင်း 12 သန်းခန့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ထို့ထက်ပို၍လည်း အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ ရရှိလာမည့် လောင်စာဆီ တန်ပေါင်း 22 သန်းသော ပမာဏကိုလည်း အခြား 1,100 ကီလိုမီတာရှည်လားသည့် ပိုက်လိုင်းမှတစ်ဆင့် တရုတ်ပြည်သို့ သွယ်တန်းသွားမှာ ဖြစ်ပါတယ်...

မြန်မာနိုင်ငံအား ခါးလည်မှ ဖြတ်၍သွယ်တန်းမည့် ပိုက်လိုင်းပြ မြေပုံ...



မှတ်ချက် ။ ။ http://www.chinapost.com.tw/china/national-news/2011/09/07/315879/Chinese-pipeline.htm မှ ဆောင်းပါးအား ဘာသာပြန်ဆို ရေးသားခြင်းဖြစ်ပါသည်။ အစိုးရလုပ်သည့် စီမံကိန်းမှန်သမျှအား ဆန့်ကျင်သည့် သဘောမသက်ရောက်စေပဲ အများစု အသိဥာဏ် ပွင့်လင်းစေရန်နှင့် တရုတ်၏ စီးပွားရေး အမြတ်ထုတ်မှုမှ စုပေါင်းကာကွယ်နိုင်ရန်အတွက် နည်းလမ်းရှာကြံရန်နှင့် တရုတ်နှင့် ဆက်ဆံနေရပါကလည်း ထိုက်သင့်သည့် ခံစားခွင့်များ တောင်းယူနိုင်ရန် ရည်ရွယ်လိုရင်း ဖြစ်ပါသည်။ ယခုကတည်းကပင် တိကျ သေခြာသော မူဝါဒများ မရှိပဲ တရုတ်တို့အား လုပ်ချင်တိုင်းလုပ်ခွင့်ကို ပေးခဲ့ပါက နောင်တွင် မန္တလေးသို့ သွားလျင်ပင် ဗီဇာယူ၍ သွားရသည့် အဆင့်သို့ရောက်သွားမည်မှာ ဧကန်ပင် ဖြစ်ပါတော့သည်.....
James Mmt facebook

>http://www.dawnmanhon.com/


မျိုးတုံးပျောက်ကွယ်တော့မည့် ဧရာဝတီလင်းပိုင်များ


Wednesday, 19 October 2011 20:39 မောင်မောင်သန်း
E-mail Print PDF
မဲခေါင်မြစ်တွင်းမှ ရှိစု မဲ့စု လင်းပိုင်များ၏ ကောင်ရေ ကျဆင်းနေရခြင်မှာ ငါးဖမ်းပိုက်များတွင် ဖမ်းမိခြင်းနှင့် လင်းပိုင်ပေါက်များ သေကျေ ပျက်စီးမှုနှုန်း မြင့်ခြင်းတို့ ကြောင့် ဖြစ်သည်ဟု ယူဆရသည်။ မဲခေါင်မြစ်တွင်းမှာ ဧရာဝတီလင်းပိုင် ကောင်ရေသည် (၈၅) ကောင်သာ ရှိတော့သည်ဟု ခန့်မှန်းရပြီး
မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ် အလွန်ကြီးနေသည်ဟု ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ က ဆိုပါသည်။ 
ဧရာဝတီလင်းပိုင်

ဧရာဝတီလင်းပိုင်

ငါးဖမ်းကရိယာ အထူးသဖြင့် ၀ိုင်းပိုက်များနှင့် ဥပဒေမဲ့ ငါးဖမ်းနည်းများဖြစ်သော  ဗုံးခွဲခြင်း။ အဆိပ်ခတ်ခြင်း။ လျှပ်စစ်ဓါတ်လွှတ်ခြင်း စသည့်နည်းများသည် ငါးများကို အသေအပျောက် များစေကြောင်း တွေ့ ရှိရပြီး၊ (၂၀၀၇) ခုနှစ်မှ (၂၀၁၀) ခုနှစ်အတွင်း လေ့လာချက်တခုအရ ငါး ကောင်ရေသည် တဖြည်းဖြည်း ကျဆင်း လာနေလျက် ရှိကြောင်းသိရသည်။
"လင်းပိုင်ပေါက် ကလေးတွေထဲမှာ အရွယ်ရောက်တဲ့အထိ အသက်ရှင်တာရယ်လို့ ရှားပါးကြောင်း အထောက်အထား ကောင်းကောင်းတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သေသွားတဲ့ အကောင်ကြီးတွေကို အစား မထိုးနိုင်ကြလို့ ပါဘဲ။" ဟု ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ မှ ရေချို သတ္တ၀ါများ အစီအစဉ်၏ ညွှန်ကြားရေးမှူး လီလီဖုန်းက ဆိုပါသည်။
"ငါးပေါက်ကလေးတွေရဲ့  ကောင်ရေနဲ့ ပတ်သက်လို့ တောင် စိုးရိမ်စရာ ရှိနေပါတယ်။ ၀ိုင်း ပိုက်တွေမှာ ဖမ်းမိတာတွေက ပိုများများလာတော့ ငါးပေါက်ကလေးတွေရဲ့ အသေအပျောက်လည်း ပို များလာပါတယ်။ လင်းပိုင်တွေရဲ့ ရှေ့ ရေးအတွက် ကျနော်တို့ တကယ်ဘဲ စိုးရိမ်မိပါ တယ်။"
ဧရာဝတီလင်းပိုင်တို့ သည် ကမ္ဘောဒီးယားပိုင်နက်ရှိ ကရတ်တိုင်းနှင့် လာအိုနယ်စပ်ရှိ ခုံး ရေတံခွန်များအကြားရှိ ကီလိုမီတာ ၁၉၀ (၁၁၈ မိုင်) ရှည်သော မဲခေါင်မြစ်ကြောင်းအပိုင်းတွင် နေကြသည်။ 
ဧရာဝတီ လင်းပိုင်တို့ ကို ကမ္ဘောဒီးယားနှင့် လောနိုင်ငံတို့ ၏ တရားဥပဒေများက ကာကွယ် စောင့်ရှောက်ပေးထား သော်လည်း နှစ်နိုင်ငံ နယ်စပ်ရှိ ရေအိုင်ငယ်တအိုင်တွင် လင်းပိုင် ကောင်ရေသည် နည်းပါးလှပြီး၊ (၇) ကောင်၊ (၈) ကောင်ခန့်သာ ရှိနိုင်သည်ဟုလည်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ ကပြောပြပါသည်။ 
လိုအပ်ပါက ၀ိုင်းပိုက်များကို ပိတ်ပင်ခြင်း အပါအ၀င် လင်းပိုင် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသော ပြည်တွင်းဥပဒေတရပ် ပြဌာန်းပေးရန် ထိုအဖွဲ့ ၏ အရာရှိက ကမ္ဘောဒီးယားအစိုးရအား မေတ္တာရပ်ခံထားသည်။ 
ဒီလို တန်ဖိုးထားပြီး၊ အရိပ်တကြည့်ကြည့် ကြည့်နေရတဲ့ သတ္တ၀ါမျိုးတွေကို မျိုးတုံးပျောက် ကွယ်မသွားအောင် အကောင်းဆုံး ကယ်တင်နိုင်တဲ့ နည်းလမ်းကတော့ ပူးတွဲ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းပါပဲ။ဟု သူကဆိုပါသည်။
လင်းပိုင်တို့သည် တချိန်က ဗီယက်နမ်နိုင်ငံ၏ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် ထိုမှတဖန် အထက်ပိုင်းဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၏ တုံနယ်ဆက်ဒေသမှ ဆန်တက်ကာ  လောနိုင်ငံရှိ မြစ်လက်တက်များအထိ နေခဲ့ကြသည်။ ထိုအချိန်က လင်းပိုင်းများအား စစ်သားများက သေနတ်ဖြင့်ပစ်ပြီး၊ အဆီထုတ်ယူခဲ့ကြသည်။
လင်းပိုင်တို့ကို တောင်အာရှနှင့် အရှေ့ တောင်အာရှတို့ ၏ ကမ်းရိုးတန်းဒေသများတွင်၎င်း၊ မြစ်ကြီး (၃) စင်းဖြစ်သော မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘော် နီယိုကျွန်းရှိ မဟာခမ်မြစ်တို့တွင်၎င်း တွေ့နိုင်ပါသည်။ 
မောင်မောင်သန်း
မောက္ခ သဘာဝပတ်ဝန်းကျင်သတင်း
Source: The Guardian
http://www.maukkha.org/index.php?option=com_content&view=article&id=1897:2011-10-19-20-47-51&catid=120:2010-10-11-07-37-22&Itemid=374

ကေအိုင်အိုဌာနချုပ်ကို အစိုး​ရတပ် ၁၆ ရင်း​ ချဉ်း​ကပ်​နေ


Published on October 20, 2011 by ​အေး​နိုင်

တရုတ်- မြန်မာနယ်စပ်က ​ကေအိုင်အိုဌာနချုပ်ကို ထိုး​စစ်အတွက် အစိုး​ရဘက်က စစ်​ကြောင်း​နှစ်​ကြောင်း​နဲ့​ ထိုး​နေတာ​ကြောင့်​ တိုက်ပွဲ​တွေဖြစ်ပွား​နေသလို ဒီက​နေ့​တော့​ အစိုး​ရ တပ်ရင်း​ ၁၆ ရင်း​ဟာ ကချင်ပြည်နယ် ​ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့​ ဆယ်မိုင်ဝန်း​ကျင်အကွာမှာ ​ရောက်ရှိ ချဉ်း​ကပ်ထား​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

မ​နေ့​က တရက်တည်း​တင် အစိုး​ရတပ်နဲ့​ ​ကေအိုင်အိုအကြား​ တိုက်ပွဲ ၁၂ ပွဲ ဖြစ်ပွား​ခဲ့​ရာမှာ အများ​စုဟာ ​ကေအိုင်အိုလိုင်ဇာဌာနချုပ်ဆီ ဦး​တည်လာတဲ့​တပ်​တွေနဲ့​ ဖြစ်ပွား​တာလို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။

ဒီအ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ဦး​လနန်း​ကို ​မေး​မြန်း​ထား​ပါတယ်။

လိုင်ဇာနား​ကို အစိုး​ရတပ်​တွေ ချီလာပြီလို့​ ကြား​တယ် ဟုတ်ပါသလား​။

“လိုင်ဇာအနီး​နား​မှာ ​ရောက်​နေတဲ့​ တပ်​တွေရှိသလို လိုင်ဇာထဲ ဝင်လာ​အောင် လမ်း​ကြောင်း​ ​ဖောက်​နေတဲ့​တပ်​တွေလည်း​ ရှိတယ်ခင်ဗျ။ ကား​လမ်း​ကြောင်း​ကို စိုး​မိုး​နိုင်​အောင် လုပ်​နေတဲ့​ အဖွဲ့​တွေလည်း​ ရှိတယ်ခင်ဗျ။

လိုင်ဇာနား​ကို ကပ်တဲ့​ အစိုး​ရတပ်​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ကေအိုင်အို ဘက်က​နေ ဘယ်လိုမျိုး​ ပြင်ဆင်ထား​ပါသလဲ။ ​ပြောပြ​ပေး​ပါလား​။

လိုင်ဇာနား​ကို ဆိုတာထက် လိုင်ဇာကို သူတို့​ ချဉ်း​ကပ်နိုင်​အောင် ကြိုး​စား​နေတဲ့​ စစ်​ကြောင်း​တွေပါ။ စစ်​ကြောင်း​က​တော့​ ၂ ​ကြောင်း​ ​တွေ့​ရတယ်ခင်ဗျ။ ပထမတ​ကြောင်း​က ဝိုင်း​မော်က​နေ ဝင်လာတဲ့​ စစ်​ကြောင်း​ပေါ့​။ အဲဒီစစ်​ကြောင်း​မှာ အဓိက တပ်အင်အား​က ခလရ ၂၉၀ နဲ့​ ခမရ ၃၉၀ ။ အင်အား​က​တော့​ ၃၀၀ ​လောက် ရှိမယ်။ ဂါး​ရာယန်လည်း​ တိုက်ပွဲဖြစ်တယ်။ အခုလည်း​ ဖြစ်တုန်း​ပဲ။ သူတို့​ရဲ့​ အဓိကရည်ရွယ်ချက်က ဝိုင်း​မော်က​နေ လိုင်ဇာကို ​ပေါက်တဲ့​ ကား​လမ်း​ပေါ်မှာ ပြန်ပြီး​တော့​ စိုး​မိုး​မှုရ​အောင်လို့​ ကြိုး​စား​တဲ့​ အစီအစဉ်​လေး​ပါ။ အဲဒီဟာက စစ်​ကြောင်း​တခု​ပေါ့​နော်။

နောက်တခုက နမ့်​ဆန်ယန် မှာ ဝင်လာတဲ့​စစ်​ကြောင်း​။ အဲဒီစစ်​ကြောင်း​က​တော့​ မြစ်ကြီး​နား​က​နေ ဧရာဝတီမြစ်အတိုင်း​ စုန်ဆင်း​ပြီး​မှ တာ​လောကြီး​နား​မှာ ဧရာဝတီမြစ်ရဲ့​ အ​ရှေ့​ဘက်ကမ်း​ကို စက်​လှေနဲ့​ ပြန်ကူး​တယ်။ ပြန်ကူး​ပြီး​တော့​ အဲဒီတာ​လောကြီး​က လွင်ပြင်တခုကို ဖြတ်ပြီး​ နမ့်​ဆန်ယန် ဘက်ကို ဝင်တယ်။ အဲဒီလို ဝင်လာတဲ့​အခါမှာလည်း​ ကြား​မှာ တိုက်ပွဲ​တွေ အကြိမ်​ပေါင်း​များ​စွာ ဖြစ်တဲ့​အတွက်​ကြောင့်​ နမ့်​ဆန်ယန်ကို ​ရောက်အခါမှာ တပ်အင်အား​ ချည့်​နဲ့​သွား​တာမျိုး​၊​ စား​နပ်ရိက္ခာ​တွေ လက်နက်ခဲယမ်း​မီး​ကျောက်​တွေ ကုန်ဆုံး​သွား​တာမျိုး​ရှိတယ်။ ဒါ​ပေမယ့်​ နမ့်​ဆန်ယန်မှာ အခုကို တပ်အင်အား​ ၃၀၀ အထက် ရှိတယ်ခင်ဗျ။ အဲဒီတပ်ရင်း​တွေက​တော့​ ခလရ ၁၂၁ နဲ့​ ခမရ ၃၈၄ ဖြစ်ပါလိမ့်​မယ်။ (နမ့်​ဆန်ယန်) က ကျ​နော်တို့​ ​ကေအိုင်အို လိုင်ဇာနဲ့​ ၁၀ မိုင်​ကျော်​ကျော်ပဲ ​ဝေး​တယ်။

ချုပ်​ပြောရမယ်ဆိုရင် အစိုး​ရတပ်​တွေက အခုပွင့်​လင်း​ရာသီ ကာလမှာ တက်လာတဲ့​ အ​နေအထား​အရ ​ကေအိုင်အိုရဲ့​ လိုင်ဇာဌာနချုပ်ကို ခြိမ်း​ခြောက်နိုင်တဲ့​ အဆင့်​လောက်အထိကို သတ်မှတ်လို့​ရပြီလား​။

“အဲဒါက​တော့​ ​ပြောလို့​တော့​ ရပါတယ်။ အခု သူတို့​ရောက်လာတဲ့​ တပ်ရင်း​တွေက အား​လုံး​ ၁၆ ရင်း​ ရှိတယ်။ စာရင်း​အရ​ပေါ့​။ ​ကေအိုင်အို ဌာနချုပ်ကို ချဉ်း​ကပ်လာတဲ့​ တပ်ရင်း​လို့​ ​ပြောလို့​ရတယ်။ အား​လုံး​ပေါင်း​လိုက်မယ်ဆိုရင် တပ်အင်အား​ တ​ထောင်​ကျော်သွား​ပြီ။ ​နောက်ထပ်လည်း​ ထပ်လာဖို့​ အစီအစဉ် ရှိ​သေး​တယ်။ အဓိကက​တော့​ အခု​ရောက်​နေတဲ့​ တပ်ရင်း​ ၁၆ ရင်း​က​တော့​ သူတို့​ရဲ့​ စစ်ဆင်​ရေး​အတွက် လမ်း​ကြောင်း​ကို ရှင်း​လင်း​ဖို့​ ​ရောက်လာတဲ့​ တပ်ဖွဲ့​တွေပါ။ ​ရှေး​ဦး​ တပ်ဖွဲ့​လို့​ ​ပြောရမှာ​ပေါ့​နော်။ ​နောက်ထပ်လာဖို့​ အစီအစဉ်​တွေလည်း​ ရှိပါတယ်။ ပွင့်​လင်း​ရာသီ စလာတဲ့​အမျှ လမ်း​ကြောင်း​ရှင်း​လင်း​ရေး​ လုပ်ပြီး​တဲ့​အခါမှာ ​နောက်က​နေ ​မော်​တော်ယာဉ်​တွေ၊​ စစ်ကား​တွေ၊​ အ​မြောက်​လေယာဉ်​တွေနဲ့​ လာဖို့​ အစီအစဉ် ရှိတယ်ခင်ဗျ။ အဲဒါ ဗန်း​မော်မှာလည်း​ အဆင်သင့်​ လုပ်ထား​တယ်။ မြစ်ကြီး​နား​မှာလည်း​ အဆင်သင့်​ လုပ်ထား​တယ်။ ​ပေါ်တာ​တွေ ​တော်​တော်စု​နေကြတယ်။ အဲဒီအဆင့်​တွေက​တော့​ ဒုတိယအဆင့်​တွေလို့​ ​ပြောရမှာ​ပေါ့​။ ဒုတိယအဆင့်​က​နေ ပထမအဆင့်​ဖြစ်တဲ့​ လမ်း​ကြောင်း​ရှင်း​လင်း​ရေး​ ကိစ္စ ပြီး​သွား​တဲ့​အခါမှာ အဲဒီအဖွဲ့​ဟာ စစ်ဆင်​ရေး​အတွက် အဆင်သင့်​ဖြစ်​အောင် ကြိုး​စား​နေတယ်လို့​ ခန့်​မှန်း​ရတယ်။ ​နောက်တခု ကျ​နော်သုံး​သပ်မိတာ အဲဒီစစ်​ကြောင်း​တွေဟာ လမ်း​ကြောင်း​တွေ ပွင့်​သွား​ပြီး​မှ သူတို့​ရောက်လာ​တော့​မယ် ဆိုရင်​တော့​ ​ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာကို စစ်အင်အား​နဲ့​ ခြိမ်း​ခြောက်ပြီး​မှ သူတို့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုကို ပြန်ပြီး​တော့​ အစ​ဖော်လာနိုင်တယ်လို့​ သုံး​သပ်နိုင်တယ်ခင်ဗျ။”

ကေအိုင်အိုဘက်က​ရော ဒီလိုအ​ပေါ်မှာ တုံ့​ပြန်ဖို့​အတွက် အဆင့်​ ဘယ်နှဆင့်​လောက် ခွဲပြီး​တော့​ ​ဆောင်ရွက်​နေပါသလဲ။ ​ကေအိုင်အို ဌာနချုပ်ကို ခြိမ်း​ခြောက်တာ ဒီနှစ်ကာလက အ​စောဆုံး​ ကာလဆို​တော့​လေ ဘယ်လိုမျိုး​ ​ပြောလို့​ရလဲ။

“ကျ​နော်တို့​က​တော့​ ​ရောက်လာတဲ့​ စစ်​ကြောင်း​တွေကို ဒီနား​က​နေပြီး​တော့​ ကြား​ဖြတ်တိုက်ခိုက်တာ​တွေ လုပ်​နေကြတာပါ။ လမ်း​ကြောင်း​ရှင်း​တဲ့​အဖွဲ့​ကိုလည်း​ လမ်း​ကြောင်း​ရှင်း​တဲ့​လုပ်ငန်း​ မဖြစ်လာ​အောင် သူတို့​ရဲ့​စီမံချက် မ​အောင်မြင်​အောင် ကျ​နော်တို့​က တိုက်ခိုက်​နေမှာပဲ။ ထူး​ထူး​ခြား​ခြား​ အစီအစဉ်​တော့​ မရှိပါဘူး​။သူတို့​ ဝင်လာတဲ့​ တပ်ဖွဲ့​တွေဆိုရင် ကျ​နော်တို့​ ထိပ်တိုက်​တွေ့​ကြမှာပဲ။ အခု ကျ​နော်တို့​ဘက်က သူတို့​ဘက်ကိုဝင်တာ မဟုတ်ဘဲ။ သူတို့​က ကျ​နော်တို့​ စိုး​မိုး​ထား​တဲ့​ဘက်ကို ဝင်လာတယ်ဆိုရင် ဖြစ်တဲ့​နည်း​နဲ့​ တိုက်ထုတ်ရမယ်ခင်ဗျ။”

အခု ​ကေအိုင်​အေက တပ်မဟာ ဘယ်ခွင်​တွေမှာ ဦး​စီး​ပြီး​တိုက်​နေသလဲခင်ဗျ။

“အဲဒါက​တော့​ ခုနက ​ပြောသလိုပဲ။ သူတို့​ဝင်လာတဲ့​ဘက်မှာ တိုက်ပွဲဖြစ်မှာပါ။ အခု သုံး​သပ်ကြည့်​တဲ့​အခါမှာ မ​နေ့​က တိုက်ပွဲ​ပေါင်း​ ၁၂ ကြိမ်ဖြစ်တယ်ခင်ဗျ။ အဲဒီထဲက ၁၀ ကြိမ်က တပ်မဟာ ၅ ဧရိယာခွင်ထဲမှာ ဖြစ်သွား​တယ်။ တပ်မဟာ ၅ ဧရိယာခွင်က လိုင်ဇာတည်ရှိရာ ​ဒေသလည်း​ ပါတယ်ခင်ဗျ။ အဲဒီ​တော့​ ဒီဗဟို​ဒေသကို ချဉ်း​ကပ်လာတဲ့​ တပ်ဖွဲ့​ဝင်​တွေ ​တော်​တော်များ​များ​က တိုက်ပွဲ ဖြစ်တယ်လို့​ အဲဒီမှာ သုံး​သပ်လို့​ရတယ်။ တခြား​တပ်မဟာ ၄ မှာလည်း​ တိုက်ပွဲ​တွေ ဖြစ်တယ်။ တပ်မဟာ ၃ ဘက်မှာလည်း​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ မ​နေ့​က ဖြစ်သွား​တဲ့​ ဖြစ်စဉ်က ဗဟိုဌာန ဧရိယာ​ပေါ့​။”

တဘက်မှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​တယ်၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံပွဲ​တွေ လုပ်တယ်ဆိုပြီး​တော့​ ဒီအစိုး​ရအ​ပေါ်မှာ အ​ကောင်း​မြင်တဲ့​ ကိစ္စ​တွေက ရှိ​နေသလို တဖက်ကလည်း​ စစ်​ရေး​အရ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စုကို ဒီလိုမျိုး​ တိုက်​နေတာနဲ့​ ပတ်သက်ပြီး​တော့​ ​ကေအိုင်အိုဘက်က​နေ ဘယ်လိုမျိုး​ သုံး​သပ်ချင်ပါသလဲ။

“သူတို့​ လုပ်တယ်ဆိုတာ (နိုင်ငံ​ရေး​) ကစား​ဖို့​ သက်သက်လုပ်တဲ့​ ကိစ္စတခုပါ။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်တယ်ဆိုတာကလည်း​ ​ခေါင်း​စဉ်တပ်ပြီး​ နိုင်ငံတကာက အပြုသ​ဘော​ဆောင်​အောင်၊​ မြင်လာ​အောင် လုပ်တဲ့​ လုပ်ကွက်​တွေပါပဲ။ အမှန်တကယ်က အဆုံး​ထိ ပွင့်​ပွင့်​လင်း​လင်း​ ဖြစ်တဲ့​ကိစ္စ မရှိပါဘူး​။ အဲဒီလို တဖက်မှာ လုပ်​နေတဲ့​အချိန်မှာ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကို တိုက်ခိုက်တာ အာရုံ​ပြောင်း​ချင်လို့​ တခြား​ကိစ္စ​တွေကို လွှတ်​တော်က ​ပြောတာမျိုး​၊​ နိုင်ငံတကာကို ပြချင်တဲ့​ အကျဉ်း​သား​လွှတ်တာမျိုး​ လုပ်တာပါ။ အမှန်တကယ်က သူတို့​ စီမံချက် ရှိပြီး​သား​ပါ။ နိုင်ငံတကာက​နေ အစိုး​ရသစ်အ​ပေါ်မှာ အပြုသ​ဘောဆန်လာဖို့​ လုပ်​ပေမယ့်​ သူတို့​ရဲ့​ လုပ်​ဆောင်မှု အသီး​သီး​ဟာ ဆိုရင် အခုနှစ်​တွေတင်မဟုတ်ပါဘူး​ အရင်လွန်ခဲ့​တဲ့​ နှစ်​တွေ အသုံး​ပြုခဲ့​တဲ့​ နည်း​ဟောင်း​လေး​ပါ။ အခုလည်း​ သူတို့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကို စစ်​ရေး​နဲ့​ပဲဖြစ်ဖြစ်၊​ နိုင်ငံ​ရေး​နဲ့​ပဲဖြစ်ဖြစ် လုံး​ဝ ​ခေါင်း​မ​ထောင်နိုင်​အောင် ဖိနှိပ်ထား​ဖို့​ သူတို့​ ရည်ရွယ်ချက် ရှိတာပါ။ အခု​နောက်ပိုင်း​ နိုင်ငံတကာကလည်း​ တိုင်း​ရင်း​သား​ကိစ္စ​တွေကို ​ပြောလာတာရှိတယ်။ ဒါ​တွေက ​ကောင်း​တယ်လို့​ ထင်တယ်။ မြန်မာပြည်တွင်း​ အ​ခြေအ​နေက တိုင်း​ရင်း​သား​ကိစ္စက အဓိကလို့​လည်း​ ​ပြောလို့​ရတယ်ခင်ဗျ။ ဒီတိုင်း​ရင်း​သား​ကိစ္စသာ ​ပြေလည်မှု မရှိရင်​တော့​ ပြည်တွင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ဘယ်​လောက်လွှတ်တယ် ​ပြော​ပြော နိုင်ငံ​ရေး​၊​ စစ်​ရေး​က​တော့​ စိုး​ရိမ်စရာ အများ​ကြီး​ ရှိတယ်။ ဒါ​ကြောင့်​မို့​ တိုင်း​ရင်း​သား​ကိစ္စ အ​ရေး​ကို​တော့​ အထူး​ ဦး​စား​ပေး​ပြီး​တော့​ နိုင်ငံတကာကလည်း​ ဒါကို ရှုမြင်ပြီး​မှပဲ ​ပြောသင့်​တာကို ဝင်​ပြောတာမျိုး​ လုပ်သင့်​တယ်လို့​ ထင်တယ်ခင်ဗျ။”
http://burmese.dvb.no/archives/16737

ဦးသိန်းစိန် အစိုးရရဲ့လွတ်ငြိမ်းခွင့် ဘာအဓိပ္ပာယ်ဆောင်သလဲ


Published on October 20, 2011 by တိုင်းကျော်

အားလုံး သိကြတဲ့အတိုင်း ခုတပတ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြည်တွင်းပြည်ပ သတင်းတွေမှာ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ကိစ္စက နေရာယူထားတာ တွေ့ရပါတယ်။

phot-reuters

နိုင်ငံတကာတင်မက ပြည်တွင်းထုတ် ဂျာနယ်တွေမှာပါ လွတ်ငြိမ်းချမ်းသာခွင့် သတင်းတွေ အပါအဝင် လူရွှင်တော် ဇာဂနာရဲ့ အင်တာဗျူးတွေက လွှမ်းမိုးထားပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရဟာ ဘယ်လို မူတွေနဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့သလဲ။ ဘယ်လို ရည်ရွယ်ချက် ရှိခဲ့သလဲ။ နောက်ထပ် ဘာတွေ ဆက်ပြီး လုပ်လာနိုင်သေးသလဲ ဆိုတာကို ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ရင် ပထမဦးဆုံး သတိပြုဖို့ လိုတာက ဦးသိန်းစိန် အစိုးရရဲ့ ပထမဦးဆုံးအကြိမ် လွတ်ငြိမ်းခွင့်အမိန့်ဖြစ်ပါတယ်။ အကျဉ်းသားအားလုံးကို ကျခံနေရတဲ့ ထောင်ဒဏ်ကနေ တနှစ် သက်သာခွင့်ပြုတဲ့ အမိန့်ဖြစ်ပါတယ်။

ဒီအမိန့်ထွက်လာတော့ ပြည်တွင်းပြည်ပ စောင့်ကြည့်ဝေဖန်သူတွေက စိတ်ပျက်လက်ပျက် ဖြစ်သွားကြပါတယ်။ အကြောင်းကတော့ လျှော့ရက် တနှစ်ဆိုတဲ့ အတွက်ကြောင့် တနှစ်အတွင်း လွှတ်ခါနီး လူတွေကို သူ့ရက်အတိုင်း သူလွှတ်ပေးတာ မျိုးမဟုတ်ဘဲ တရက်တည်း စုလွှတ်ပေးလိုက်တဲ့ သဘောသာ ဖြစ်ပြီး ဘာအကြောင်းထူးမှ ရှိမလာလို့ ဖြစ်ပါတယ်။ နောက်တချက် ဆိုးရွားတာက အရင် စစ်အစိုးရဟာ နိုင်ငံရေးသမားတွေကို မတန်တဆ ထောင်ချထားတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲဒီ အချိန်က ထောင်ကျနေတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ဆိုရင် ထောင်ဒဏ် ၁ဝ၆ နှစ်ဖြစ်ပါတယ်။ လူရွှင်တော် ဇာဂနာဟာ မူလ ထောင်ဒဏ် ၅၉ နှစ် ဖြစ်ပါတယ်။ အလားတူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ချမှတ်ထားတဲ့ ထောင်ဒဏ်တွေဟာလည်း အနှစ် ၅ဝ၊ ၆ဝ စတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း သမ္မတရဲ့ အမိန့်နဲ့ ထောင်ဒဏ်တနှစ် လျှော့ပေါ့ပေးတယ်ဆိုတာ ဘာမှ ထူးခြားမှု မရှိခဲ့ပါဘူး။

အလားတူပါပဲ။ အခု သီတင်းကျွတ်လပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ဆိုပြီး ပေးခဲ့ပြန်ပါပြီ။ တကယ်တော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ လွယ်လွယ်ကူကူ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ တောင်းဆိုတာတွေ၊ မီဒီယာတွေကနေတဆင့် တောင်းဆိုတာတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကနေ တဆင့် တောင်းဆိုတာတွေ၊ ပြည်သူတွေက တောင်းဆိုတာတွေ၊ ဒါတင်မက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုတွေကပါ တောင်းဆိုလို့ ပေးလာရတာပါ။ ဒီအတွက်လည်း လွတ်ငြိမ်းခွင့် မပေးခင်တုန်းက ပြည်သူတွေ အများကြီး မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တော့ သမ္မတရဲ့ လွတ်ငြိမ်းခွင့် ကြေညာချက် ထွက်ပေါ်လာပါတယ်။ သမ္မတရဲ့ ကြေညာချက်မှာ ပြစ်ဒဏ်စီရင်ခြင်း ခံရသည့် အသက်အရွယ် ကြီးမြင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါအဝင် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးတယ် ဆိုပြီး ဖော်ပြထားပါတယ်။ ဒါက သမ္မတရဲ့ ကြေညာချက်မှာ ပါသလောက်ပါ။

တကယ့်တကယ် အကျဉ်းထောင်တွေကို ညွှန်ကြားတဲ့ ညွှန်ကြားချက်မှာတော့ ဒီထက် အသေးစိတ်ကျပါတယ်။ ခုတခေါက် လွတ်ငြိမ်းခွင့်ပေးတဲ့ဆီမှာ အချက် (၁၃) ချက်နဲ့ ညွှန်ကြားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ကျန်းမာရေး မကောင်းသူ၊ ကိုယ်ခန္ဓာ ၅ဝ ရာခိုင်နှုန်း ချို့တဲ့သူ၊ အသက် ၇ဝ အထက် ရှိသူ၊ နိုင်ငံခြားသား၊ တပ်မတော် အက်ဥပဒေအရ အရေးယူခံရပြီး ပြစ်ဒဏ်တဝက် ထောင်ဒဏ် ကျခံပြီးသူ၊ ရာဇဝတ်မှု အကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ထောက်လှမ်းရေး၊ အကောက်ခွန်တွေကိုလည်း အမှုအနေအထားအလိုက် ပြစ်ဒဏ်တဝက်နဲ့ အထက် ကျခံပြီးသူတွေ ဖြစ်ရမယ်လို့ ပါပါတယ်။ ပြောရရင် ဒီ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာမှာ နိုင်ငံရေးသမားတွေကို သီးသန့်ရည်ရွယ် လွတ်ငြိမ်းခွင့်ပေးတာမျိုး မတွေ့ရပါဘူး။ ဒါတင်မက နိုင်ငံရေးအကျဉ်းသားတွေကို အခြား ရာဇဝတ် အကျဉ်းသားတွေနည်းတူ ပြစ်ဒဏ်တဝက်နဲ့ အထက် ကျခံပြီးသူတွေကိုမှသာ လွတ်ငြိမ်းခွင့်ထဲ အကျုံးဝင်စေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မတူတာတခုကတော့ ရိုးရိုးရာဇဝတ် ပြစ်ဒဏ်နဲ့ ထောင်ကျသူတွေဟာ ရိုးရိုး ပြစ်ဒဏ်ချခံထားရသူတွေဖြစ်ပြီး နိုင်ငံရေးသမားတွေကျတော့ ဘယ်သူတွေနဲ့မှ မတူအောင် နှစ်ပေါင်းများစွာ မတရား ပြစ်ဒဏ်ချခံထားရလို့ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့နေ့ ရောက်လာပါတယ်။ ထူးထူးခြားခြား လွတ်လာသူဆိုလို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်၊ လူရွှင်တော် ဇာဂနာ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လောက်ပဲ ပါလာပါတယ်။ ကျန် အယောက် (၂ဝဝ) ကျော်ရှိမယ့် နိုင်ငံရေးအကျဉ်းသားတွေကတော့ လွတ်ရက်နီးမှ လွတ်ငြိမ်းခွင့်ရတာ၊ ပြစ်ဒဏ်စေ့ကာနီးမှ လွတ်ငြိမ်းခွင့် ခံစားရတာတွေ ဖြစ်ပါတယ်။ ခြုံပြီးပြောရရင် အရင် စစ်အစိုးရနဲ့ လက်ရှိ ဦးသိန်းစိန် အစိုးရက မှတ်လောက်သားလောက်အောင် နာနာကျင်ကျင် ဒဏ်ခတ်တာကို ခံရပြီးမှ လွတ်လာသူတွေသာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဦးသိန်းစိန် အစိုးရကပေးတဲ့ လွတ်ငြိမ်းခွင့်ဆိုတာဟာ နိုင်ငံရေးသမားတွေအဖို့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နာကျင်ထိခိုက်ခံစားပြီးမှ ရတဲ့ လွတ်ငြိမ်းခွင့် ဖြစ်နေခြင်းပါ။ ဒါကြောင့်လည်း လွတ်ငြိမ်းခွင့်ကြေညာပြီးတာနဲ့ အားမလို အားမရ ဖြစ်တဲ့အသံ မကျေမနပ် ဖြစ်တဲ့အသံတွေ ဆူညံလာတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးတွေဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ် တို့ကတော့ ဒါဟာ ဒီတကြိမ်တည်းပဲ မဟုတ်ပါဘူး။ ပြည်သူတွေ စိတ်ရှည်သည်းခံကြပါ ဆိုပြီး ပြောဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျန်နေရစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်လွှတ်ပေးဖို့ တောင်းဆိုမြဲ တောင်းဆို နေခဲ့ကြပါတယ်။

ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အမျိုးသားရင်ကြားစေ့ရေးကို ဖြစ်ပေါ်စေတဲ့ တွန်းအားပေးတဲ့ ဖြစ်ရပ်တခု ဖြစ်မလာခဲ့ပါဘူး။ အကျဉ်းကျခံမိသားစုတွေနဲ့ တိုင်းသူပြည်သားတွေ စိတ်ပျော်ရွှင် ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ ဖြစ်ရပ်လည်း ဖြစ်မလာခဲ့ပါဘူး။ အပြောင်းအလဲကို တကယ်ခြေလှမ်းနေပါတယ်ဆိုပြီး နိုင်ငံတကာမိသားစုက ကောက်ချက်ချနိုင်လောက်တဲ့ အခြေအနေကိုလည်း မရောက်ခဲ့ပါဘူး။ ဒီအတွက် ဦးသိန်းစိန် အစိုးရအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လိုလားတယ်ဆိုရင် အပြောင်းအလဲအတွက် ခြေလှမ်းစနေပြီဆိုတာကို လက်တွေ့ သက်သေပြချင်တယ်ဆိုရင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရမယ် ဖြစ်ကြောင်းပါ။
http://burmese.dvb.no/archives/16746

လက်ချောင်း၊ ခြေချောင်း ၂၇ ချောင်းနှင့် ကလေးငယ်



ထွန်းတော် (မော်လမြိုင်) Venus News Journal ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၀၊ ၂၀၁၁
မော်လမြိုင်မြို့၊ ငန်းတေး ကျေးရွာ၊ စိန်မမရပ်၊ အမှတ် ၇၇၄ နေ ဦးမင်းအောင်ဝင်း၊ ဒေါ်စန်းစန်းရီတို့၏ သားဦး ရတနာလေး မောင်မင်းခန့်ထူးအောင်သည် မွေးဖွားစဉ် ကတည်းက လက်ချောင်း ခြေချောင်း စုစုပေါင်း ၂၇ ချောင်း ထူးဆန်းဖွယ်ရာ ပါရှိခဲ့သည်။
ကလေး၏ လက်တစ်ဖက် စီတွင် လက်ချောင်း ၆ ချောင်းပါရှိပြီး လက်ဝဲဘက် ခြေ ထောက်တွင် ခြေချောင်း ၈ ချောင်းနှင့် လက်ယာဘက် ခြေထောက်တွင် ခြေ ၇ ချောင်း ပါရှိသည်။
ယခင်သတင်းတပုဒ်
လက် ၁၂ ချောင်း၊ ခြေ ၁၄ ချောင်း နှင့် မြန်မာကလေး ကမ္ဘာကျော်ပြီ
http://moemaka.blogspot.com/2011/02/burmese-girl-with-12-fingers-14-toes.html
http://moemaka.com/2011/10/baby-boy-with-27-fingers-and-toes/

မင်းကိုနိုင် နဲ့ တိုင်းရင်းသားအရေး အမြင်


ဗုဒ္ဓဟူး, 19 အောက်တိုဘာ 2011
By ဦးကျော်ဇံသာ
Min Ko Naing & 88 student leaders
ဓာတ်ပုံ ASSOCIATED PRESS
ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက်မှာ မလွှတ်မြောက်လာသေးတဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေများကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်၊ မွန်တိုင်းရင်းသားခေါင်းဆောင် ကိုနိုင်ဥသာ တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်လိုက်ပြီးနောက်မှာ ကိုမင်းကိုနိုင်ဟာ မြန်မာပြည်အတွက် အရေးကြီးဆုံး နိုင်ငံရေးအကျဉ်းသမားတယောက်ဖြစ်မယ်ဆိုရင်လည်း မှားမယ်မဟုတ်ပါဘူး။ တခြားသော တိုင်းရင်းသားခေါင်းဆောင်များနဲ့အတူပေါ့။ တချို့ လူတွေရဲ့  စဉ်းစားပုံ၊ စဉ်းစားနည်းက အစတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကအဓိကဖြစ်တယ်လို့ တစိုက်မတ်မတ် ကြွေးကြော်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ကို benchmark တခုအနေနဲ့ သတ်မှတ်ထားတယ်။ နှစ်ဖက် ဆွေးနွေးဖို့အတွက်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပြီဖြစ်တယ်။ အခုတခါ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးတဲ့အခါ ကိုမင်းကိုနိုင် လွှတ်မြောက်ရေးကို တောင်းဆိုပြန်တယ်ဆိုပြီး တက်လာတယ်လို့ တချို့ က ပြောကောင်းပြောကြပါလိမ့်မယ်။ ကိုမိုးသီးအနေနဲ့ ဘယ်လိုပြောလိုပါသလဲ။ ဒီကိစ္စကို ပထမဦးဆုံး ရှင်းပေးပါခင်များ။
ကိုမိုးသီးဇွန် ။ ။ ကျနော်မြင်တဲ့အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့အားလုံးရဲ့  ခေါင်းဆောင်။ ကျနော်တို့အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့ ဆွေးနွေးပွဲက ရလဒ်ကောင်းတွေ ထွက်လာဖို့ကိုလည်း မျှော်လင့်နေပါတယ်။ တကယ်က အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆွေးနွေးချက်တွေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ အပစ်အခတ်ရပ်စဲရေးတွေလုပ်ဖို့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးဖို့ ကိစ္စတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးချက်တွေကနေ ရလဒ်ကောင်းတွေ မထွက်လာဘူးဆိုရင်တော့ လူတွေကလည်း ကိုမင်းကိုနိုင် လွတ်မြောက်ရေးအတွက် ဆက်တောင်းလာရတာ ဖြစ်ပါတယ်။ အလားတူပဲ ကိုမင်းကိုနိုင် ကို လွှတ်ပေးမယ်ဆိုရင် ကိုမင်းဇေယျ ကို ပြောရမှာပဲ။ မလွတ်သေးတဲ့လူတွေအတွက် ကျနော်တို့ ဆက်တောင်းဆိုနေရမှာပါ။ ဒါက တရားမျှတမှုအတွက် တောင်းဆိုနေတာပါ။ အဓိကက ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက ကျနော်တို့အတွက် အရမ်းကိုအရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမင်းကိုနိုင်တို့ကို လွှတ်ပေးမှ ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးရေး ဖြစ်မယ်ဆိုတာ မဟုတ်ဘူးပေါ့။ မလွှတ်ပေးလည်း ဆက်ပြီးဆွေးနွေးရမယ်ဆိုတဲ့ သဘော လက်ခံတယ်ပေါ့။
ကိုမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ သူကို လွှတ်ပေးလာရင်လည်း ဆွေးနွေးဖို့ ဆက်ပြောမှာပဲ။ မလွှတ်ပေးဘူးဆိုရင်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ရမှာပဲ။ တိုက်တွန်းနေမှာပဲ။ တောင်းဆိုနေမှာပဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆွေးနွေးတဲ့အထဲမှာ ကိုမင်းကိုနိုင် ကိုရော ပါစေချင်သလား။ ပါရမလား။ ပါဖို့လိုအပ်သလား။
ကိုမိုးသီးဇွန် ။ ။ ကိုမင်းကိုနိုင် ပါတယ်။ ၈၈ မျိုးဆက်သစ်တွေအားလုံးပါတယ်ဆိုရင်တော့ ကျနော်တို့က အတိုင်းထက်အလွန်ပေါ့။ မင်းကိုနိုင် ပါရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ မင်းကိုနိုင် ကိုယ်တိုင်ကိုက ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပါတယ်။ သူလုပ်တဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံပါတယ်လို့ သူ့ရဲ့  message တွေ ပေးထားပြီးပြီ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ဥက္ကာ ကို မေးချင်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လောက် အရေးကြီးတယ်လို့ မြင်ပါသလဲ။ ကိုမင်းကိုနိုင် က နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့။ တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တယောက်လို့ ယူဆသလား။ တိုင်းရင်းသား ရှုထောင့်ကရော တိုင်းရင်းသားပြဿနာတွေ ပြေလည်ရေးအတွက် ကိုမင်းကိုနိုင် လွှတ်မြောက်ရေးက အရေးပါတယ်လို့ ထင်မြင်ပါသလား။
ကိုနိုင်ဥသာ ။ ။ ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးဟာ ဒီမိုကရေစီရရှိရေးအတွက် အတူတူလုပ်နေကြတဲ့အတွက်ကြောင့်မို့ တယောက်တယောက်လုပ်တာတွေဟာ အားလုံးက အကြုံဝင်နေတယ်လို့ ပြောချင်ပါတယ်။ ကိုမင်းကိုနိုင် ဟာ မွန်အမျိုးသားတယောက်ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးအတွက် ကိုယ်စားပြုပြီးတော့ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကြတော့ တိုင်းရင်းသားအရေးကို ကျနော်တို့ရဲ့  ~ ရရှိရေးအတွက် အခြေခံပြီး ဖွဲ့စည်းထားတဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဖြစ်ပေမယ့် တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးဟာ ဒင်္ဂါးပြားရဲ့  ခေါင်းနဲ့ပန်း လို့ အတူတကွ တပြိုင်တည်း ဖြေရှင်းရမှာမို့ ဘာကိုပဲ ကိုင်လိုက်ကိုင်လိုက် အတူတူပဲဖြစ်တယ်လို့ ကျနော်လက်ခံထားပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက တကယ်လို့ ကိုမင်းကိုနိုင် ကို လွှတ်ပေးလိုက်တယ်ဆိုကြပါစို့ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးလက်စ ရှိနေတယ်။ ဆက်လက်ပြီး ဆွေးနွေးလိုတယ်ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို နည်းနည်းရောက်သွားနိုင်ပြီ၊ ဦးတည်နိုင်ပြီလို့ ဆိုနိုင်ပါသလား။ အဲဒီတော့ ဆွေးနွေးတယ်၊ အခုလည်း ဆွေးနွေးနေတာတော့ ရှိနေပြီပေါ့။ ကိုမင်းကိုနိုင်လည်း လွှတ်ပေးမယ်၊ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အလားအလာ တိုးတက်လာမယ်လို့ ကိုမိုးသီး သတ်မှတ်ပါသလား။
ကိုမိုးသီးဇွန် ။ ။ အဲဒါဆိုရင်တော့ သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးတယ် တယောက်ပြီးတယောက်ခေါ်ပြီးဆွေးနွေးတယ်ဆိုရင် ဒါဟာ တိုးတက်တဲ့အလားအလာတွေပဲ။ ဒါကို ကျနော်တို့ လက်ခံပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးတာ သူတို့ကို ကျနော်တို့ ကျေးဇူးတင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေတာတွေကို ကျနော်တို့ မျှော်လင့်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ကောင်း ရလဒ်ကောင်းတွေထွက်မှ အမျိုးသားပြန်လည်စည်းလုံး ညီညွှတ်ရေးက အဆင်ပြေလာမယ်။ အဲဒီကြားထဲမှာမှ မင်းကိုနိုင်ကို လွှတ်ပေးတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပြန်လွှတ်ပေးတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒီလို အမျိုးသားပြန်လည် လွှတ်မြောက်ရေးအတွက် ဒီလိုတံခါးကို ကျဉ်းကျဉ်းလေး ဖွင့်မထားဘဲ၊ ကျယ်ကျယ်ဖွင့်လာတာနဲ့အမျှ ကျနော်တို့က ဒီအပေါ်မှာ တိုးတက်မှုလို့ လက်ခံပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးသီးတို့အနေနဲ့ အဲဒီအချိန်ကိုရောက်ရင် ဗမာနိုင်ငံထဲကို ပြန်ပြီးတော့ နိုင်ငံအကျိုးကို ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါသလား။
ကိုမိုးသီးဇွန် ။ ။ ကျနော်တို့ ဒီနေ့ တိုက်လာတာ (၂၃) နှစ်။ ဗမာပြည်ကို ပြန်ချင်လွန်လို့ တိုက်ပွဲဝင်နေတာ။ တရက်မှ မေ့လို့မရဘူး။ ကျနော်တို့ တိုင်းပြည်တကယ် ဒီမိုကရေစီရပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ့်ကို လမ်းကြောင်းအမှန်ပေါ် ရောက်ပြီဆိုတာနဲ့ ကျနော်တို့ ကိုယ်နိုင်ငံမှာပဲ ရှိကြမှာပဲ။ ဒီအတွက် ဒီလောက်အထိ (၂၃) နှစ်လုံးလုံး တနေ့မှ မရပ်မနား တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ ဗမာပြည်မှာ ရှိမှာပဲ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြန်ဖို့အရေးမှာ အဓိကကျတဲ့အချက်ထဲမှာ ကိုမင်းကိုနိုင်တို့ ပြန်လွတ်ရေးပါတယ်ဆိုရင်လည်း မမှားဘူးပေါ့။
ကိုမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့အားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်က အဓိက အရေးကြီးတဲ့အချက်တွေထဲမှာ ၈ လေးလုံး ခေါင်းဆောင်တွေ ပြန်လွတ်ဖို့ လိုပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ဥသာ က ဘယ်လိုသဘောရပါသလဲ။ တိုင်းရင်းသားတွေရဲ့  မကျေနပ်မှုနဲ့ တိုက်ပွဲဝင်နေရတဲ့ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ သူတို့က တိုင်းရင်းသားအရေးကို တောင်းဆိုပြီးတော့ တိုက်ပွဲဝင်နေကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မင်းကိုနိုင်တို့ လွတ်လာတယ်။ တွေ့ဆုံဆွေးနွေးရေးအလားအလာ ကောင်းတယ်ဆိုရင် တိုင်းပြည်ထဲဝင်ပြီးတော့ နိုင်ငံရေးတာဝန် ထမ်းဆောင်မယ့် ရည်ရွယ်ချက်ရှိပါသလား။
ကိုနိုင်ဥသာ ။ ။  ကျနော်တို့ကတော့ ကျနော်တို့ တိုင်းရင်းသားတွေအတွက် လိုအပ်တဲ့ဟာတွေက ရှိတယ်လေ။ ဒီမိုကရေစီရရှိပြီသည်တိုင်အောင် ကျနော်တို့ တိုင်းရင်းသားတွေအရေးက အပြည့်အဝ ရမရဆိုတာကို ထပ်ပြီးတော့ ကျနော်တို့ ဟိုဒင်းရအုံးမှာပေါ့။ ထပ်ပြီးလေ့လာပြီးမှ တိုင်းရင်းသားအရေးအတွက်လည်း ရလာပြီဆိုရင်တော့ ကျနော်တို့ စုစုရုံးရုံးနဲ့ ကျနော်တို့ ညီအကိုတွေ အတူတကွ ပြန်လုပ်ကြရတာပေါ့။
ဦးကျော်ဇံသာ ။ ။ နောက်တခု ဆက်မေးချင်တာက နိုင်ဥသာတို့အနေနဲ့ မင်းကိုနိုင်ရဲ့  တိုင်းရင်းသားများအပေါ် သဘောထားကို သိပါသလား။ သိသမျှပြောပြပါ။
ကိုနိုင်ဥသာ ။ ။ ကျနော်တို့ တိုင်းရင်းသားထဲမှာ မင်းကိုနိုင်ရယ်မှ မဟုတ်ဘူး။ ဘီစီပီ လက်ထက်ကတည်းက မြန်မာနိုင်ငံအရေးကို ဦးဆောင်နေတဲ့ မွန်တိုင်းရင်းသားတွေ အများကြီးရှိခဲ့ပါတယ်။ ~ ဦးချစ်လှိုင် တို့ ခေတ်အဆက်ဆက်မှာ ကျနော်တို့ဟာ တိုင်းရင်းသားအရေးကိုပဲ မဟုတ်ဘဲနဲ့ တပြည်လုံးရဲ့  အရေးကို စဉ်းစားပြီးတော့ ဆောင်ရွက်ပေးခဲ့တဲ့ တိုင်းရင်းသားတွေ ရှိခဲ့ပါတယ်။ ရခိုင်လည်းရခိုင်မို့၊ မွန်လည်မွန်မို့၊ ကချင်လည်းကချင်။ ကျနော်တို့ တိုင်းရင်းသားတွေဟာ တိုင်းရင်းသားအရေးလောက်တင် အာရုံစိုက်ပြီး ပြည်ထောင်စုအရေးကို အာရုံမစိုက်ပါဘူးလို့ မတွေးစေချင်ဘူး။ ကျနော်တို့လည်း ဒီအတိုင်းပါပဲ တိုင်းရင်းသားအရေးကို အခြေခံပေမယ့် ပြည်ထောင်စုကြီးတခုလုံး အရေးကိုလည်း ကျနော်တို့ စူးစူးစိုက်စိုက် ကြည့်နေပါတယ်။ ကျနော်တို့ရဲ့  ပြည်ထောင်စုကြီးတခုလုံး ကောင်းဖို့က တိုင်းရင်းသားတွေအရေးပါ ပါသွားပြီးမှသာလျှင် တကယ်ပြေလည်တဲ့ လမ်းစပေါ် ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးသီး က မင်းကိုနိုင်နဲ့ ၈၈ အရေးပေါ်စတဲ့အချိန်မှာ အများဆုံးလက်တွဲခဲ့တယ်လို့ နားလည်းပါတယ်။ ကိုမင်းကိုနိုင်တို့ရဲ့  တိုင်းရင်းသားတွေ သဘောထားကိုလည်း သိသလောက် နည်းနည်းပြောပြပါ။
ကိုမိုးသီးဇွန် ။ ။ ကိုမင်းကိုနိုင် သဘောထားကတော့ သူကိုယ်တိုင်ကလည်း မွန်သွေးပါတယ့် ရဲဘော်တယောက်ဖြစ်တယ်။ နောက်တခုက တိုင်းရင်းသားအရေးတွေကိုလည်း အလေးအနက်ထားတယ်။ အဲဒီလိုမျိုး ကျနော်တို့ ဗကသ တုန်းက တလျှောက်လုံး ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဟိုတုန်းကတော့ ကျနော်တို့လည်း သိပ်ပြီး နိုင်ငံရေးအရ မရင့်ကြတ်ကြသေး၊ သိပ်မသိကြသေးတဲ့အပိုင်းတွေမှာ တိုင်းရင်းသား ပြဿနာတွေအပေါ်မှာ ဘယ်လို ပေါ်လစီတွေနဲ့ သွားကြရမယ်ဆိုတာကို ဗကသခေါင်းဆောင်တွေမှာ တိတိကျကျတော့ မသိဘူးပေါ့။ ဒါပေမဲ့ အစဉ်အလာအရ ဗကသမှာ ချမှတ်ခဲ့တဲ့ တိုင်းရင်းသားအပေါ် မူတွေရှိပါတယ်။ အဲဒါကတော့ အမျိုးသားညီညွတ်ရေးဆိုတဲ့ မူရှိပါတယ်။ ဗကသမူအဖြစ် ကိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ပိုပြီး လေ့လာဖြစ်လာတဲ့အခါကြတော့ ဖဒရယ်မူနီးပါးအထိ အပြန်အလှန်ဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ခက်တာက ကိုမင်းကိုနိုင်၊ ကိုကိုကြီး ကျနော်တို့ ဗကသ ခေါင်းဆောင်တွေဟာ ဒီပေါ်လစီတွေကို apply မလုပ်ခင်မှာပဲ မကြာခဏအဖမ်းခံရတယ်။ ထောင်ထဲတွေကို ရောက်သွားကြတယ်။ ပေါ်လစီတရပ်အနေနဲ့တော့ ခေါင်းဆောင်တွေကြားထဲမှာ ချထားတာတွေ မရှိပေမယ့်၊ စာရေးတရားဝင်ချထားတာ မရှိပေမယ့်။ ကျနော်တို့ ဆွေးနွေးချက်တွေမှာတော့ ဖဒရယ်မူတွေ၊ မယ်သဝေါထ ကြေညာချက်၊ မယ်သဝေါ ကြေညာချက်တွေ အကုန်လုံးကို သိနေကြတယ်။ ကျနော်တို့နဲ့ အပြန်အလှန်ဆွေးနွေးတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဆီကို ကန့်ကွက်တာတို့၊ လက်မခံတာတို့ တခါမှ သူတို့မဆွေးနွေးဘူး။ ထောက်ခံတဲ့ သဘောထားတွေကိုပဲ ဆွေးနွေးထားတယ်။ ဒါကြောင့်မို့ သူ့ရဲ့  တိုင်းရင်းသားတွေအပေါ် သဘောထားက ဘာလဲဆိုရင် ကျနော်တို့ ဒီနေ့ ချမှတ်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပေါ်လစီ။ အထူးသဖြင့် ဖဒရယ်မူတွေအပေါ်မှာ သူတို့က ကန့်ကွက်မယ်လူတွေ မဟုတ်ဘူး။ ထောက်ခံမယ်လူတွေ။ တိုင်းရင်းသားပြဿနာတွေကို အနားလည်းဆုံးလူတွေလို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးသီး က တချက်ဆက်မေးချင်ပါတယ်။ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံ အာဏာပိုင်တွေဟာ ကိုမင်းကိုနိုင် တို့လို လူတွေကို မလွှတ်ပေးတာ ဘာကြောင့်လဲ။ သူတို့က ကိုမင်းကိုနိုင် လို လူမျိုးဟာ တိုင်းပြည်ကို ဆူဆူပူပူ ဖြစ်အောင် လုပ်လိမ့်မယ်လူလို့ ထင်ပါသလား။ အဲဒီလိုမျိုး ထင်စရာ အကြောင်းရှိပါသလား။ ဘာကြောင့် မလွှတ်သေးဘူးလို့ ထင်ပါသလဲ။
ကိုမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ ဦးကျော်ဇံသာ မေးတဲ့အထဲမှာပဲ အဖြေက ပါနေတယ်။ သူတို့က ကိုမင်းကိုနိုင်တို့လို လူမျိုးတွေ လွတ်လာပြီဆိုရင် သူတို့ကို ခြိမ်းခြောက်တယ်ပေါ့။ သူတို့ရဲ့  တည်ငြိမ်မှု stability ကို နှောက်ယှက်ဖျက်ဆီးနိုင်တယ်လို့ သူတို့ယူဆတယ်။ အဲဒါကြောင့် နအဖ၊ စစ်အစိုးရ ပေါ်လစီတွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တဲ့အခါမှာ မင်းကိုနိုင်တို့ကို ဖမ်းထားတယ်။ မင်းကိုနိုင်တို့ကို လွှတ်တဲ့အခါမှာ ဒေါ်စုကို ဖမ်းတယ် စသဖြင့် အဲဒီလို ကစားလာတယ်။ အဲဒါမျိုးတွေက အချိန်ကုန်ရုံပဲ အဖတ်တင်မယ်။ ဘာအကျိုးရလဒ်မှ ထွက်မှာမဟုတ်ဘူး။ အဓိက သူတို့ဘာကြောင့် ဖမ်းထားသလဲဆိုရတော့ သူတို့ကို တည်ငြိမ်မှုကို နှောက်ယှက်နိုင်တဲ့ လူတွေလို့ယူဆထားတယ်။ အဲဒါပဲ။
ဦးကျော်ဇံသာ ။ ။ အဲဒီ အန္တရာယ် အခုထိ ရှိနေသေးသလား။ အစိုးရက ဒီပေါ်လစီနဲ့  အခုထိ ရှုမြင်နေသေးသလား။ သူတို့ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုတာ သိပ်ပြောနေတာ အခုအချိန်မှာ။ မပြောင်းလဲသေးဘူးပေါ့။
ကိုမိုးသီးဇွန် ။ ။ ကျနော်တော့ သူတို့ရဲ့  တည်ငြိမ်မှုတွေ၊ သူတို့ရဲ့  အခုလုပ်နေဟာတွေကို ဖျက်လို့ဖျက်ဆီး လုပ်မယ်လို့ မယုံကြည်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မင်းကိုနိုင်တို့ အဖမ်းခံရတဲ့ဟာက ဦးသန်းရွှေ အစိုးရကလုပ်သွားတာ။ ဒီနေ့ ဒီအစိုးရ လုပ်မယ်ဆိုတဲ့ ပေါ်လစီတွေ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ စီးပွားဖွံ့ဖြိုးရေးတွေက မင်းကိုနိုင်တို့ ပေါ်လစီတွေ၊ ဟောပြောချက်တွေနဲ့ အကုန်သွားကိုက်ညီနေတယ်။ ဒီအတွက် သေသေချာချာ ဆွေးနွေးပါလို့ ဒီနေရာကနေ တိုက်တွန်းချင်တယ်။ မင်းကိုနိုင်တို့က ဒီအစိုးရရဲ့  လုပ်ဆောင်ချက်တွေကို ဖျက်ဆီးမယ့်လူတွေ မဟုတ်ပါဘူးလို့ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး နိုင်ဥသာ အနေနဲ့လည်း ပြောပါခင်များ။ မင်းကိုနိုင် တို့ကို ဘာကြောင့်မလွှတ်သေးဘူးလို့ ထင်သလဲ။ သူတို့ဟာ မင်းကိုနိုင်တို့ သူတို့ရဲ့  မူဝါဒတွေကို ဖျက်ဆီးနှောက်ယှက်မယ်ဆိုတာ သူတို့အတွက် တကယ်စိုးရိမ်နိုင်တဲ့ အထောက်အထားတွေ၊ တကယ်ပဲ ရှိနေလို့လား။ ဘယ်လိုသဘောရပါသလဲ။
ကိုနိုင်ဥသာ ။ ။ သူတို့ အစိုးရိမ်လွန်နေတာပါ။ တကယ်တမ်းဆိုတော့ ကျနော်တို့တွေဟာ ဒီခါးသီးတဲ့၊ တယောက်နဲ့တယောက် အပြန်အလှန် သံသယတွေကြောင့်၊ အမုန်းအာဂတတွေကြောင့် ဖြစ်ပျက်နေတာတွေ အားလုံးကို ရင်နဲ့မမျှအောင် ခံစားခဲ့ရပြီးပြီ။ အဲဒီတော့ အားလုံးက ညီညီညွှတ်ညွှတ်နဲ့ အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ချင်တဲ့ လူတွေကြီးပဲလို့ ယုံကြည်တယ်။
ဦးကျော်ဇံသာ ။ ။ သောတရှင်များခင်များ တကယ်တော့ တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာစိုးလို့ နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားရတယ်ဆိုတာ မှန်ကန်ပါရဲ့ လား။ လူထုချစ်ခင်လေးစားတဲ့ မင်းကိုနိုင်တို့လို ပုဂ္ဂိုလ်တွေကို ဖမ်းဆီးထားခြင်းကသာလျှင် လူထုကို ခံပြင်းဒေါသ ထွက်စေပြီး ဆူဆူပူပူ ဖြစ်လာနိုင်တဲ့အကြောင်းတရား မဖြစ်ပေဘူးလားဆိုတာကို သေသေချာချာ စဉ်းစားကြည့်ရင်တော့ အဖြေပေါ်ပါလိမ့်မယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_10-19-2011-132203893.html

ဘန်ကောက်မြို့ထဲ ရေမ၀င်အောင် တားမရတော့

ကြာသပတေး, 20 အောက်တိုဘာ 2011
By ဗွီအိုအေ (မြန်မာဌာန)

ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေတွေကို ဆက်ပြီးမတားနိုင်တော့ဘူးလို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တစ တစတက်လာနေတဲ့ ရေတွေကို ဘန်ကောက် မြို့မှာရှိတဲ့ တူးမြောင်းတွေကနေ ပင်လယ်ထဲကို စီးဝင်သွားနိုင်ဖို့ ရေတံခါးတွေကို ဖွင့်ဖို့ ဝန်ကြီးချုပ် Yin Yingluck Shinawatra က တာဝန်ရှိသူတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

ဒါဟာ August လမှာမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဝန်ကြီးချုပ် Yingluck အတွက် ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကြီးဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ မြောက်ပိုင်းရပ်ကွက်တွေမှာ ရေတွေ စတင်ကြီးနေချိန်မှာ မြို့လယ်မှာရှိတဲ့ တူးမြောင်းတွေကနေ ရေတွေလျှံတက်လာမှာလား ဆိုတာကို အတိအကျ မပြောနိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်မြို့လယ်က လူတွေကတော့ ရေကြီးမှုကို ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သဲအိတ်တွေကို ချနေကြပါတယ်။ ဝန်ကြီးချုပ်က ရေတံခါးတွေကို ဖွင့်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် လူတွေဟာ အစားအသောက်တွေ၊ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်နေကြတဲ့အတွက် လိုအပ်တာထက် ပစ္စည်းတွေကို မဝယ်ကြဖို့ တာဝန်ရှိသူတွေက သတိပေးနေရပါတယ်။

တံတားတွေ အဝေးပြေးလမ်းမတွေပေါ်မှာလည်း မော်တော်ယာဉ်တွေ မရပ်ဘဲ ဖယ်ရှားထားပေးဖို့ ဒေသခံတွေကို အမိန့်ပေးထားပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ကြီးနေတဲ့ ရေတွေက အတားအဆီးတွေကို ကျော်လွှားပြီး ဘန်ကောက်မြို့တော် မြောက်ပိုင်း လမ်းမတွေအထိ ဒီကနေ့ ကြာသပတေးနေ့မှာ စတင်ပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။

ရေကြီးမှုကြောင့် တနေ့ကိုအစင်း ၆ ထောင်လောက် ထုတ်လုပ်နေတဲ့ ဂျပန်မော်တော်ကား စက်ရုံတွေလည်း ရပ်ထားရပါတယ်။ တခြားစက်မှု လက်မှုလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ Sony Electronic ကုမ္ပဏီက နောက်ဆုံးပေါ် SLR ကင်မရာတမျိုးကို တကမ္ဘာလုံးမှာ စတင်ရောင်းချဖို့အစီအစဉ်ကိုလဲ ရွှေ့ဆိုင်းလိုက်တယ်လို့ Sony က ပြောပါတယ်၊ လာမဲ့ရက်ပိုင်းတွေမှာ အဆိုးဆုံး အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီးမှုကြောင့် သေဆုံးသူ ၃၂၀ လောက်ရှိသွားပြီး လူပေါင်း ၉ သန်းလောက် ရေဘေး ဒုက္ခရောက်နေကြပါတယ်။ ဗီယက်နမ်၊ (Vietnam,)၊ ကမ္ဘောဒီးယား၊ (Cambodia) နဲ့ လာအို Laos နိုင်ငံတွေမှာလည်း ရေတွေကြီးနေပါတယ်။

http://www.voanews.com/burmese/news/--10-20-11_my_news_international----132235903.html


ဘန်ကောက် ရေကြီးမှု အခြေအနေ ဆိုးလာ
by FNG on October 20, 2011

ဒီနေ့  နေ့ လည် ၁၂ နာရီ ကျော်မှာ နိုင်ငံမြောက်ပိုင်း က စီးဝင် လာတဲ့ ဆည် နဲ့  တောင်ကျချောင်း
ရေ တွေ ဟာ ထိုင်း နိုင်ငံ ရဲ့  မြို့  တော် ဘန်ကောက် ကို အရှိန် အဟုတ် ပြင်းစွာ နဲ့  စီးဝင်လာ ပါ
တယ်။

ထိုင်းဝန်ကြီး ချုပ် ယင်လပ် က တော့ ” ရေ တွေ ကို မြို့  ထဲ ၀င်မလာရ အောင် တားထား ဖို့  မဖြစ်
နိုင် တော့ ဘူး မြို့  တော် ကို ဖြတ် ပြီး ပင် လယ် ထဲ စီးဝင် စေဖို့  ပဲ ရှိတယ်၊ ရေ တွေ ကိ နေရာ ပေါင်း
စုံကနေ ဘန်ကောက် ကို စီးဝင်လာတာ ” လို့  မီဒီယာ တွေ ကိုပြော ပါတယ်။

တကယ်လို့  ပင်လယ် ရေ နဲ့  ဘန်ကောက် မြို့  ပေါ် မှာ ဖုံးလွှမ်း နေတဲ့ ရေ တွေ ဟာ ရေမျက်နှာ
ပြင် ညီမျှ သွား ခဲ့ ရင် ပင်လယ် ရေ တွေ လည်း တစ်ခါ ပြန် တိုး ၀င် လာ နိုင် ပြီး ၊ ပင်လယ် တွင်း
က အန္တရာယ် ရှိ တဲ့ သတ္တ၀ါ တွေ လည်း ၀င်ရောက် နိုင်တယ် လို့  ဆိုပါတယ်။

ဘန်ကောက် မြို့ တော်ဝန် ဆွန်ခွန်ဘန် ပရီဘတရာ က ပင်လယ် တွင်း ကို ရေတွေ စီးသွား နိုင်
အောင် ရေထိန်း တံ ခါးတွေ ကို အကုန် ဖွင့် ပေး မယ် လို့  ဆိုပါတယ်။

ဘန်ကောက် ရေကြီး မှု ကြောင့် စက်ရုံ အလုပ် ရုံ တွေ အကုန် ပိတ်ထား ရ ပြီး တစ်နိုင်ငံ လုံး မှာ
တော့ စက်ရုံ ပေါင်း ၁၄၀၀၀ ကျော် ပိတ်ထား ရပါတယ်။

သီတသင်း နှစ်ပတ် ကျော် ကြာပြီ ဖြစ် တဲ့ ရေကြီးမှု ကြောင့် နိုင်ငံ ခြား က လာရောက် ရင်းနှီး မြုပ် နှံ
တဲ့ ကုမ္ပဏီ တွေ ဖြစ် တဲ့ တိုယိုတာ၊ဆိုနီ၊ မိုက်ခရို ဆောဖ် စတဲ့ ကုမ္ပဏီ တွေ ဟာ အရှုံး နဲ့  ရင်
ဆိုင် နေရပါတယ်။

ရေကြီး မှု က လူ သိန်း နဲ့  ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်စေကာ ထိုင်း ရောက် မြန်မာ လူမျိုး တွေ လည်း စက်
ရုံ တွေ ပိတ်ထား ရ လို့  ၀င်ငွေ ထိခိုက် နေပါတယ်။

ထိုင်း နိုင်ငံ ရဲ့  နေရာ အချို့ မှာ ရိက္ခာ နဲ့  စားသောက် ဖွယ်ရာ တွေ ပြတ် လပ် မှု ဖြစ် ပေါ် နေကာ
ရေ သန့်  ရ ရှိ မှု က လည်း တစ်နေ့ ထက် တစ်နေ့  ဆိုးရွား လာ နေပါတယ်။

ရေဘေး ဒုက္ခသည် တွေ ကို အရင်က သီးသန့်ေ နရာ တွေ ဖြစ်တဲ့ စစ်တပ် နဲ့  တက္ကသိုလ် တွေ
ထဲ မှာပါ နေရာ ချပေး ထား ရပါတယ်။

ရေကြီး မှု ကြောင့် တစ်ချို့  နေရာ တွေ မှာ မိကျောင်း နဲ့  ငါးလိပ် ကျောက် လို သတ္တ၀ါ တွေ အပြင်
အခြာဒ ရေ သတ္တ၀ါ တွေ ပါ ပါလာတယ် လို့  အယုဒ္ဓမှာ ရောက် ရှိ နေ တဲ့ FNG သတင်းထောင်
မ သင်းသင်းမြတ် က သတင်း ပေး ပို့  ပါတယ်။
http://freedomnewsgroup.com


ရေဘေးအန္တရာယ်စိုးရိမ်နေရတဲ့ ဘန်ကောက်မြို့တော်
Posted by admin on October 20, 2011 0 Comment

ဗုဒ္ဓဟူးနေ့က ယာယီနေထိုင်စရာနေရာ၂ခုကို ရွှေ့ပြောင်းဖို့ ဆိုင်မိုင် ခရိုင်၊ ခလုန်ဟော့ဝ တူးမြောင်းတလျှောက်မှာရှိတဲ့ ဘန်ကောက်ရဲ့ ရေကာတာတံတိုင်းတွေအပြင်ဖက်မှာနေတဲ့ အိမ်ထောင်စု ၂၀၀ ကျော်ကို မြို့တော်ခန်းမက အကြံပြုလိုက်တယ်။ ဗုဒ္ဓဟူးနေ့မှာ ဘန် ကောက်မြို့တော်အုပ်ချုပ်ရေးမှူးဆူခွန်ဟမ်းက ဒုတိယအကြိမ် သတိပေကြေညာချက် ထုတ်လိုက်ပါတယ်။ ဆိုင်မိုင်ခရိုင်က ဆိုင်မိုင် နဲ့ ရစ်တီယ၀ဏ္ဏလိုင် ကျောင်းတွေဟာ လူ၂ထောင် နေနိုင်ပါတယ်။ တူးမြောင်းတလျှောက်တည်ဆောက်ထားတဲ့ မီတာ ၂၀၀ လောက် ရှည်တဲ့ တမံကျိုးသွားပြီးနောက်မှာ ရေတွေဟာ မြို့ထဲကို ရောက် လာပြီး ပထုန်ဌာနီပြည်နယ်၊ ခလုန်ရာ့ဖီးဖတ်မှာ ရေတွေဟာ စိုးရိမ် ရတဲ့အမြင့်ကို ရောက်နေပါပြီ။ မြေသားတမံ တွေ ပိုပို အက်လာနေတာ တွေ့ပြီးနောက်မှာ မြင့်တဲ့နေရာတွေကို ချက်ချင်း ပြောင်းရွှေ့နေကြဖို့ ခလုန်ရတ်ဖီဖတ်မှာ အခြေ စိုက်ထားတဲ့ စစ်သားတွေက တူးမြောင်းဘေးမှာနေတဲ့လူတွေကို ပြောပါ တယ်။ စစ်သားတွေက ဒီမြေသားအက် လာနေ တာကို ပြင်ဆင်ဖို့ ခက်တယ်ဆိုတာ တွေ့မြင်နေရတာကြောင့် ဒီဒေသက လူတွေကို အပြင်ကို သယ်ပို့ဖို့ ထရပ်ကားတွေ လွှတ်လိုက်ပါပြီ။

ဘန်ကောက်က ခရိုင် ၇ ခုဟာ ရေလွှမ်းမယ့်အန္တရာယ်ရှိတာကြောင့် အဲဒီမှာနေတဲ့လူတွေဟာ မြင့်တဲ့နေရာတွေကို ရွှေ့နေသင့်တယ်လို့ တွစ်တာကတဆင့် ဘန်ကောက်အုပ်ချုပ်ရေးမှူးက သတိပေးထား ပါတယ်။ ဒီခရိုင်တွေကတော့ လတ်ခရာဘန်၊ နောင်ကျော၊ မင်ဘူရီ၊ ခလုန်ဆမ်ဝ၊ ကန်နာယောက်၊ ဆိုင်မိုင်နဲ့ ဘန်ခင် ခရိုင်တို့ ဖြစ်ပါ တယ်။ လျှံတက်လာတဲ့ ရေတွေက ခလုန်ရာ့ဖီဖတ်က ကျိုးသွားတဲ့ တမံကနေ ဒီဒေသတွေဆီကို ဦးတည်လာနေပါပြီလို့ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။ ရေအမြင့်က ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ဆောက်လုပ်ထားတဲ့ ရေတားတံတိုင်းတွေထက် မြင့်တက်လာ နိုင်ပြီး ဒီခရိုင်တွေ ရေမြုပ်သွားနိုင်ပါတယ်။ ရေမြင့်တက်လာတာက ဖြေး ဖြေးပဲ ဖြစ်မှာမို့ ဒီသတိပေးချက်က ချက်ချင်း ရွှေ့ပြောင်းဖို့အချက် ပြတာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ဖို့ ၂၄ နာရီလောက် အချိန် ရှိပါတယ်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ရေဘေးအန္တရာယ်အခြေအနေကို ၃ နာရီတကြိမ် ကြေညာပေးပါမယ်။

ရေဆက်ကြီးနေလို့ ၀ိဟာဝဒီလန်စစ်လမ်းမကြီးပေါ်မှာ ကားတွေ ပိတ်ဆို့ညပ်သပ်ကုန်ပါတယ်။ ရေအမြင့်က စင်တီမီတာ ၂၀ လောက် ရှိပြီး၊ ရေစီးကြမ်းလို့ မော်တော်ကားသမားတွေအတွက် လမ်းတ လမ်းပဲ သွားစရာ ရှိပါတော့တယ်။ ကားတန်းကြီးက ပထုမ်ဌာနီက ဆီမမ်မောန်ဈေးကြီးက စပါတယ်လို့ ဒီကနေ့နေ့လည် သတင်းတွေ က ပြောပါတယ်။ ထမ္မာဆတ် တက္ကသိုလ်ရဲ့လန်စစ်ကျောင်းဝင်းဆီ ဦးတည်လာတဲ့ ၀ိဟာဝဒီ-လန်စစ်လမ်းမပေါ်က ရေအမြင့်ဟာ စင်တီ မီတာ ၅၀ ထိ တိုးလာတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ လမ်း ဘေးတွေမှာလည်း ရေတွေမြုပ်နေပြီး မော်တော်ယာဉ်တွေဟာ Zeer Rangsit အရောင်းစင်တာကနေ ဖဖိုယိုထင်လမ်းမဆီ အလျင်အမြန် တိုးဝှေ့မောင်းနေကြပါတယ်။ ဘန်ကောက်ရဲ့ အကြီးဆုံး ဖျူးချားပတ်ခ် လန်စစ် အရောင်းစင်တာကြီးကတော့ တံခါးတွေ ပိတ်ထားပြီး လမ်းတွေပေါ်မှာ ရေတွေပြည့်နေ လို့ မနက်ဖန် ကြာသပတေးနေ့အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ အခြေအ နေပေါ်မူတည်ပြီး ဆက်ပိတ် မပိတ်ကို ကြေညာ ပေးမယ်လို့ အရောင်းဆိုင်ဌာနကြီးရဲ့ လူထုဆက်ဆံရေးဌာနက ဒီနေ့ နေ့လည်မှာ ကြေညာပါတယ်။ ဒီအရောင်းစင်တာမှာ ရေဘေးဒုက္ခရောက်နေတဲ့ ဈေးဝယ်သူတွေအတွက် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကားရပ်ခ ပေးစရာမလိုပါဘူး။

(The Mall) ကုန်တိုက်ကြီးနားက ဘစ်စီ (Big C)နဲ့ HomePro ကုန် တိုက်ကြီးတွေကတော့ ဖွင့်နေတုန်းပါ။ နွန်ထာဘူရီ အနီးအနားပြည် နယ်တွေမှာ ရေလွှမ်းမိုးမှုအခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပါပြီ။ ခရိုင်အားလုံးကတော့ ရေမြုပ်နေပါပြီ။ ၆ ခရိုင်စလုံး ရေမြုပ်နေပါပြီ။ ဘန်းဘွားထုန်နဲ့ဖတ်ခရက်ခရိုင်တွေက အဆိုးပါလို့ နွန်ထာဘူရီ အုပ်ချုပ်ရေးမှူး ၀ိချီယန်ဖွတ်ထီဝင်ယုက ပြောပါတယ်။ အယုဒ္ဓယနဲ့ ပထုမ်ဌာနီကရေတွေဟာ မနေ့ကတည်းက နွန်ထာဘူရီ ထဲကို စီးဝင်လာနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကနေ အကူအညီ တောင်းခံချင်တဲ့ ရေဘေးဒဏ်ခံရတဲ့သူတွေ အနေနဲ့ အရေးပေါ်လိုင်း ၁၁၃၁ ကို ဆက်သွယ်ဖို့ အုပ်ချုပ်ရေးမှူးက တောင်းဆိုထားပါတယ်။ ဒီဌာနက အချိန်တိုင်း တိုင်တန်းမှုတွေကို လက်ခံနေမှာ ဖြစ်ပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီရာမှာ အနှောက်အယှက်ဖြစ်မှာ စိုးတဲ့အတွက် ဖုန်းခေါ်သူတွေ အနေနဲ့ အရေးပေါ်လိုင်း ကို သတင်းမှားတွေမပေးဖို့။ ၀ိချီယန်က တောင်းဆိုထားပါတယ်။ ရေကြီးတာနဲ့ ပတ်သက်ပြီး အထိတ်တလန့်မလုပ်ဖို့ သူ က တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၁၉၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
http://www.naytthit.net/?p=21058


ဘန်ကောက်မြို့တော်ကို ရေစတင်ဝင်ရောက်
Published on October 20, 2011 by မန်းစိုင်းမွန် · No Comments

ဘန်ကောက်မြို့ တော်ရဲ့  အထက်ပိုင်း ပထုံဌာနီခရိုင် နှစ်ပတ်ကြာ ရေလွှမ်းခဲ့ပြီးနောက် ရေထုဟာ ဘန်ကောက်မြို့တော်ရဲ့ အရှေ့ ပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုကို ဒီကနေ့ စတင်ဝင်ရောက်နေပါတယ်။

ဘန်ကောက်မြို့ တော်ရဲ့ အတွင်းဧရိယာကို ကာကွယ်ထားနိုင်ဆဲ ဖြစ်ပေမယ့် ကာကွယ်ရေး သဲအိတ်တမံတွေရဲ့  အပြင်ဘက်အပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုက ပြည်သူအားလုံး မိမိတို့ရဲ့ ပစ္စည်းတွေကို ပိုမြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းဖို့၊ ကားတွေကို မိုးပျံလမ်းမကြီးတွေပေါ်မှာ ရွှေ့ပြောင်းထားဖို့နဲ့  ကလေးငယ်တွေနဲ့ လူမမာတွေကို အသင့်ပြင်ထားတဲ့ ရေဘေးဒုက္ခသည်စခန်းတွေကို စပြီးရွှေ့​ပြောင်းထားဖို့  ဘန်ကောက်မြို့တော်ဝန်က ဗုဒ္ဒဟူးနေ့ ညက ထုတ်ပြန်သတိပေးခဲ့ပါတယ်။

ဘန်ကောက်မြို့တော်နဲ့ ပထုံဌာနီခရိုင် နယ်နိမိတ်ကြား ပထုံဌာနီခရိုင်ထဲမှာ ၇ ကီလို ရှည်လျားတဲ့ သဲအိတ်ရေကာတမံကြီးကို ဆောက်ဖို့ အင်အားမရှိဘူးလို့​ဘန်ကောက်မြို့တော်ဝန်က ပြောပါတယ်။ ဗဟိုအစိုးရက စီမံဆောင်ရွက်ပေးရမယ့် အပိုင်းလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

ထိုးအစိုးရရဲ့ အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာ ဒွန်မောင်းလေဆိပ်က ထိုင်းလေတပ်ပိုင် လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ယန္တရားတွေကို ဘန်ကောက် အရှေ့​တောင်ဘက် ချွန်ဘူရီ ခရိုင်က အူတဖောင်းရေတပ်စခန်း၊ အရှေ့ မြောက်ပိုင်းက နခွန်ရာ့ချစီမားခရိုင်မှာရှိတဲ့ အမှတ် ၁ လေတပ်စခန်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင် အမှတ် ၄၁ လေတပ်စခန်းတွေကို ရွှေ့ပြောင်းထားပြီး လေးလံတဲ့ စစ်လက်နက်တွေကိုလည်း မြင့်တဲ့ နေရာတွေကို ရွှေ့ထားပြီဖြစ်တယ်လို့​ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဒီကနေ့ ညနေ ၅ နာရီခွဲမှာ တပ်ခရိုင်အတွင်းမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေကာတာ ဖြစ်တဲ့ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေ ထပ်တိုးလာတာတဲ့အတွက် ရေကာတာ​ မကျိုးအောင် ရေတွေကို လွှတ်ထုတ်ရတော့မယ်လို့ တာတမံဌာနက ထုတ်ပြန်သတိပေးပါတယ်။

ဘန်ကောက်အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီစတဲ့ ခရိုင်ကြီးတွေ ရေလွှမ်းနေတာဟာ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေကို ဖောက်ထုတ်နေရလို့​ ဖြစ်ပါတယ်​။

ရေဘေးကြောင့် လူ ၉​ သန်းကျော် ဒုက္ခရောက်နေပြီး ၃၂၀ သေဆုံးသွားပြီလို့​ရေဘေးကူညီရေး သတင်းပေးစင်တာက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
http://burmese.dvb.no

ထိုင်းနိုင်ငံ ရေကြီးမှု အရှိန်မြင့်လာ၍ ဌာနေပြန်မည့် မြန်မာအလုပ်သမား များလာ
Submitted by admin on Thursday, 20 October 2011--
အောက်တိုဘာလ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်းနိုင်ငံတွင် ရေကြီးမှု အရှိန်မြှင့်လာသည်နှင့်အမျှ ဘန်ကောက်မြို့အနီးရှိ စက်ရုံ အလုပ်ရုံ အများစုမှ မြန်မာအလုပ်သမား များသည် ယခုအပတ်အတွင်း ဌာနေပြန်သူ များလာသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂လက ဘန်ကောက်ရှိ ဆည်များ ရေဖောက်ချခံရပြီးနောက် ရေကြီးမှု စတင် ဖြစ်ပွားကာ ယခုထိ ရေပြန်မကျသည့် အပြင် ရေများ ထပ်မံတက်လာသည့်အတွက် မြန်မာအလုပ်သမား အလုပ်မဆင်းနိုင်ဘဲ ဌာနေပြန်ရန် စဉ်းစားလာခဲ့ကြခြင်း ဖြစ် သည်။

ဘန်ကောက်မြို့အနီးရှိ စမွတ်ဆာခွန်စက်မှုဇုံ အိမ်သုံးပရိဘောဂစက်ရုံမှ အလုပ်သမား စောဖီးကျော် ဆိုသူက “မနက် မနက်ဆို ရင် မြန်မာပြည်ကို ပြန်တဲ့ အလုပ်သမားတွေကို လာကြိုတာ ကားဆိုရင် လူအပြည့်ပဲ။ ကားကတော့ လိုင်းကားကော၊ ဒတ်ဆန်း ကားကောပဲ။ တစ်ရက်ဆိုရင် ဆယ်စီးကျော်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလုပ်သမား ၃၀၀ကျော်ရှိ ၎င်းအလုပ်ရုံတွင် ဌာနေပြန်သူ ၂၀ဦးကျော်ရှိပြီး စမွတ်ဆာခွန်စက်မှုဇုံနှင့် ကပ်လျှက်ရှိသည့် ပထုံဌာ နီရပ်ကွက်မှ အလုပ်ရုံများတွင် ပြန်သည့်အလုပ်သမား အများဆုံးဖြစ်သည်ဟု သူက ဆက်ပြောသည်။

မြန်မာပြည် ပြန်သူများတွင် အလုပ်သမားမှတ်ပုံတင်ကဒ် ရှိသူများသည် ခရီးစရိတ် ထိုင်းဘတ်ငွေ ၅၀၀မှ ၆၀၀အထိ ကုန်ကျ ကာ လိုင်းကားစီး ပြန်နိုင်သော်လည်း ကဒ်မရှိသူများအတွက်မူ ကယ်ရီမှတဆင့် ဒတ်ဆန်းကားဖြင့် ဘတ်ငွေ ၄,၀၀၀ မှ ၅,၀၀၀ အထိ ကားခပေးရသည်ဟုလည်း သူက ရှင်းပြသည်။

သို့သော် ထိုင်းဘတ်ငွေ မရှိသူများအဖို့မူ အလုပ်မလုပ်နိုင်သည့်အပြင် ဌာနေပြန်ရန်လည်း အခက်အခဲရှိပြီး ခိုလှုံရန်နေရာနှင့် စားနပ်ရိက္ခာပြဿနာများ ရင်ဆိုင်နေရသည်ဟု သိရသည်။

ပထုံဌာနီရပ်ကွက်ရှိ ကွတ်တီယိုဆိုင်ကြီးတခုတွင် အလုပ်လုပ်သူ စောဖိုးချောကလည်း “ကျနော်တို့ဆိုင်မှာ ဒီညနေပဲ ပြန်တဲ့သူ သုံးလေးယောက်လောက် ရှိတယ်။ ရေကြီးလို့ အလုပ်မလုပ်နိုင်တာလည်း တစ်လနီးပါးလောက် ရှိပြီ။”ဟု ပြောသည်။

ဆက်လက်၍ ၎င်းနေထိုင်သည့် တိုက်ခန်းတွင် ရေများ တဖြည်းဖြည်းတက်လာသဖြင့် တိုက်ခန်းအပေါ်ထပ်သို့ ပြောင်းနေရပြီး ယခုထက်ပို၍ ဆိုးဝါးလာပါက ရွာပြန်မည်ဖြစ်ကြောင်း သူက ဆိုသည်။ ၎င်းအပြင် ရေကြီးသည့်ဒေသတွင် လုပ်ကိုင်နေသူ မြန် မာအလုပ်သမားများ၏ မိသားစုများကလည်း နေရပ်ပြန်လာကြရန် မြန်မာပြည်တွင်းမှ ဖုန်းဆက်အကြောင်းကြားခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် ၇၇ခုအနက် ၆၁ခုမှာ ရေကြီးမှုဒဏ် ခံနေရပြီး လူဦးရေ ၈၂သိန်းကျော် ရေဘေးနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ ၃၀၀ကျော် ရှိပြီဟု ယခုလ ၁၇ရက်တွင် ထိုင်းနိုင်ငံ၊ ရုပ်သံလွှင့်ဌာနများက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ အယုဒ္ဓယမြို့ အပါအ၀င် ချိုင်နက်နှင့် နခွန်စဝန်မြို့များတွင် ရေကြီးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရပြီး အိမ် ခြေ ၈သိန်းကျော် ရေအောက်နစ်မြုပ်နေသည်ဟုလည်း သိရသည်။
http://www.kicnews.org/

ရက် ၂၀၀ မှ ရက် ၃၀၀ အတွင်း ဖြစ်နိုင်ခြေရှုခင်းများ (မောင်ဝံသ)



Thursday, October 20, 2011 သားကြီး


ပြည်သူ့ခေတ်ဂျာနယ် ၂၀ အောက်တိုဘာ ၂၀၁၁ နေ့ထုတ်မှာ ဖော်ပြခဲ့ပြီးတဲ့ ဆောင်းပါး ၂ပုဒ်။

''ရာခိုင်နှုန်းပြည့် ထောက်ခံပါရစေ'' ဒုတိယဆောင်းပါးက Facebook  တင်ထားတာကို ဖြည့်စွက်ရေးပြီး ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။

ပြောချင်လွန်းလို့ / မောင်ဝံသ

ယခု အောက်တိုဘာ ၁၆ ရက်ဆိုရင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်ခဲ့တာ  ရက်ပေါင်း ၂၀၀ ပြည့်ပြီဗျာ။ ကုန်လွန်ခဲ့တဲ့ ၆လကျော်ကာလအတွင်း ဆောင်ရွက် ပြီးစီးခဲ့တဲ့ ကိစ္စကြီး ကိစ္စငယ်တွေ မနည်းလှဘူးဆိုတာလည်း သတိပြုမိတယ်ဗျ။

သိသာထင်ရှား ဖြစ်ရပ်များ

သိသာ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဒီမိုကရက်တစ် နိုင်ငံရေးအဖွဲ့အစည်းကြီးရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရခေါင်းဆောင်များ ရင်းရင်းနှီးနှီး တွေ့ဆုံကြတာ၊ ပထမဆုံး ဇူလိုင် ၂၅ စိမ်းလဲ့ကန်သာ ဆွေးနွေးပွဲရဲ့ ပူးတွဲ ကြေညာချက်မှာ ]]ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်}}လို့ ဖော်ပြခဲ့တာ၊ ယခုထိ သုံးကြိမ်တိုင် ဆက်လက် ဆွေးနွေးကြတာ၊ ဤကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်က သမ္မတ အိမ်တော်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ခံထားလျက် ရိုက်ကူးထားတဲ့ သမိုင်းဝင်ဓာတ်ပုံ ထွက်ပေါ်လာတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ၊ တွေ့ဆုံမေးမြန်းမှုတွေ၊  နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ဆုံမှုတွေကို ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ အသားပေးထည့်သွင်း ဖော်ပြ ခွင့်ရှိခဲ့တာ စတာတွေ ဖြစ်ပါတယ်။

မြစ်ဆုံနှင့် အပေါင်းလက္ခဏာ

နောက် အရေးကြီးတဲ့ ဖြစ်ပေါ်မှုတစ်ခုကတော့ မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူအလွှာအသီးသီးက စိုးရိမ်တကြီး ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတဲ့နောက်ပိုင်း သမ္မတကြီးက ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပြီး ရပ်ဆိုင်းလိုက်ခြင်းပဲဖြစ်တယ်ဗျာ။ အဲဒီအတွက် သမ္မတကြီးကို ပြည်သူ့အလွှာအသီးသီးကပဲ သောင်းသောင်းဖြဖြ ဂုဏ်ပြုခဲ့ကြပါတယ်။ သမ္မတကြီးနောက်က ပြည်သူတွေရှိတယ်ဆိုတဲ့ ထောက်ခံမှုမျိုးကို ထုတ်ဖော်ခဲ့ကြတဲ့အထိပဲဗျ။

အစိုးရသစ်ရဲ့ ရက်ပေါင်း ၂၀၀ ကာလအတွင်း အထက်ဖော်ပြပါ ဖြစ်ပေါ်မှုတွေဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာတွေပဲ ဖြစ်တယ်ဗျ။

ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ် နိုင်ငံရေးအင်အားကြီးတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်တယ်။ ပြည်သူလူထုအများရဲ့ လေးစား အားပေးမှုကို ခံယူရရှိ ထားသူဖြစ်တယ်။ နိုင်ငံတကာ အဆင့်အတန်းအားဖြင့်လည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်များရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိခဲ့သူဖြစ်တယ်။   သူလို နိုင်ငံရေးခေါင်းဆောင်တစ်ယောက်နဲ့ လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင်၊  နိုင်ငံရဲ့ အကြီးအကဲဖြစ်သူတို့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ခဲ့ခြင်း၊ တိုင်းပြည်အကျိုးရှိမယ့်ကိစ္စရပ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ကြေညာခြင်းတို့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုရဲ့ လမ်းစပဲလို့   မျှော်လင့်နိုင်ပါတယ်။

ပြည်နယ်အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဖြစ်ပွားနေတဲ့ စိတ်မချမ်းမြေ့ဖွယ် အငြင်းပွားမှုတွေကို ပြည်ထောင်စုမိသားစုဝင် ညီအစ်ကို မောင်နှမချင်း ဖြေရှင်းနည်းနဲ့ ဖြေရှင်းသွားကြရပါဦးမယ်။ တိုင်းရင်း သား ညီအစ်ကိုများနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ကူညီလိုပါတယ်လို့ သမ္မတကြီးကို တင်ပြ ထားတာလည်း ရှိပါတယ်။

တိုင်းရင်းသားများရဲ့ ယုံကြည်မှု

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပေါ် သူတို့ခေတ် တိုင်းရင်းသားခေါင်းဆောင်တွေက ယုံကြည်ကိုးစားမှုရှိခဲ့သလို ယနေ့ခေတ် တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်ကိုးစားကြောင်းကို ထုတ်ပြန်ကြေညာထားကြပါတယ်။ အချို့သော သပ်လျှိုလိုသူများကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်အစိုးရတို့ ဆွေးနွေးနေကြတာဟာ ဗမာချင်းချင်း ပြဿနာကို ကြိတ်ပြီး ဖြေရှင်းနေကြတာပဲ ဖြစ်တယ်၊ တိုင်းရင်းသားတွေကိုတော့ စစ်တိုက်နေ တယ်စသည်ဖြင့် အထင်အမြင်လွဲမှားစရာများကို ပြောဆိုရေးသားလာကြတာ တွေ့ရတယ်ဗျ။ သည်ပြဿနာကို အကောင်းဆုံး ဖြေရှင်းနည်းကတော့ တိုင်းရင်း သားများနဲ့ပါ နိုင်ငံရေးအရ သဘောတူညီချက်များရသည်အထိ တွေ့ဆုံဆွေးနွေး ကြဖို့ပဲ ဖြစ်ပေလိမ့်မယ်ဗျာ။

လွတ်ငြိမ်းခွင့် ကြေညာမည့်သတင်း

ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို လွှတ်ပေးတော့မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တဲ့ သတင်းဟာလည်း အစိုးရသစ် သက်တမ်း ၆လတာအတွင်း လူသာဓုခေါ် နတ်သာဓုခေါ်စရာပါပဲဗျ။ ဤဆောင်းပါး ပုံနှိပ်ဖော်ပြတဲ့ အချိန်မှာတောင် လွတ်ငြိမ်းခွင့်တွေ ရကောင်း ရပြီး ဖြစ်နိုင်ပါတယ်။

နိုင်ငံရေး ဖြစ်နိုင်ခြေများ

ယခု အရှိန်အဟုန်အတိုင်း ဆက်သွားနေရင်ဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်နိုင်ခြေများ (political scenarios) ဟာ အလွန် အလားအလာ ကောင်းနေပြီလို့ ပြောနိုင်တော့မှာ ဖြစ်တယ်ဗျ။ နောက်ထပ် ရက်ပေါင်း ၁၀၀ အတွင်းမှာ အောက်ပါဖြစ်နိုင်ခြေ ရှုခင်းများကို မျှော်မှန်းနိုင်ပါလိမ့်မယ်။

    ၁။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမှုများမှ တိုင်းပြည် အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များကို ပူးတွဲ ကြေညာ နိုင်ဖွယ် ရှိပါတယ်။

    ၂။ ယခု မှတ်ပုံမတင်ရသေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ဖက် ကျေနပ်လက်ခံတဲ့ သဘောတူညီချက်များဖြင့် တရားဝင်နိုင်ငံရေး ပါတီအဖြစ်သို့ ရောက်လာပါမယ်။ ကြားဖြတ်ရွေးကောက်ပွဲများမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများ ပါဝင် အရွေးခံကြဖွယ်ရှိပါတယ်။

    ၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်အချို့ဟာ အာဏာနှင့် မသက်ဆိုင်သော တိုင်းပြည်အကျိုးပြု လုပ်ပိုင်ခွင့်ရှိသည့် အပ်နှင်းတာဝန်များကို လက်ခံပြီး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လာကြ ဖွယ်ရှိပါတယ်။

    ၄။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများ ရပ်ဆိုင်းလျက် နိုင်ငံရေးအရ ဖြေရှင်းနိုင်သည့် သဘောတူညီချက်များ ရရှိနိုင်ပါတယ်။

    ၅။ လွတ်ငြိမ်းခွင့်ရ ယုံကြည်ချက်အကျဉ်းသားဟောင်းများမှ ၈၈ မျိုးဆက်များ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှု စာမျက်နှာသစ်များကို တွေ့မြင်လာရနိုင်ပါတယ်။

    ၆။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူထားမှုအချို့ ပြန်လည် ရုပ်သိမ်းမည့် ခြေလှမ်းများ သိသာထင်ရှားစွာ ပေါ်ပေါက်လာနိုင်ပါတယ်။

    ၇။ ပြည်ပဖိအား တစ်စုံတရာကို အကြောင်းပြု၍ ပြည်ထောင်စု တိုင်းရင်းသားများ ပိုမို၍ ကျစ်လစ်ခိုင်မာသော စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ကြဖွယ်ရှိပါတယ်။ သမိုင်းမှာ မကြုံဖူးသော အမျိုးသား ညီညွတ်မှု စံချိန်တစ်ခု တင်နိုင်ပါလိမ့်မယ်။


အချက်အလက်ကို အခြေခံပါတယ်

အထက်ပါ ဖြစ်နိုင်ခြေရှုခင်းများဟာ ကျွန်တော်ရဲ့ အတ္တနောမတိ လိုရာဆွဲ တွေးခေါ်မှု၊ ထင်ယောင်ထင်မှားဖြစ်မှုဖြင့် တင်ပြခြင်းမဟုတ်ပါ။ ထင်သာမြင်သာ အချက်အလက်များကို အခြေခံပြီး ဆင်ခြင်တွက်ဆထားခြင်း သာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားများမှာတော့ နိုင်ငံရေးဆောင်းပါးရှင်ကြီးများဟာ ယခုလို နိုင်ငံရေး အကဲဖြတ် တွက်ဆချက်တွေကို အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိပါတယ်။  မှန်တာလည်းရှိ၊ လွဲတာလည်း ရှိပေါ့ဗျာ။ ကျွန်တော်လည်း သမ္မတကြီးဦးသိန်းစိန်အစိုးရ ရက်ပေါင်း ၁၀၀ ပြည့်ချိန်က တစ်ကြိမ် နိုင်ငံရေးသုံးသပ်ချက်အချို့ကို ရေးသားခဲ့ပြီး ယခု ရက်ပေါင်း ၂၀၀ ပြည့်ချိန်မှာ ထပ်မံလေ့လာဆန်းစစ်မိသမျှကို စမ်းသပ် တင်ပြလိုက်ခြင်း ဖြစ်ကြောင်းပါ။

၁၁.၁၀.၁၁

ရာခိုင်နှုန်းပြည့်ထောက်ခံပါရစေ

(မောင်ဝံသ)

ပြည်သူချစ် အနုပညာရှင် ဇာဂနာ မြစ်ကြီးနားထောင်က လွတ်လာပြီး လွတ်ငြိမ်းခွင့်နဲ့ စပ်လျဉ်းလို့ သူ့ အမြင် သူ့သဘောထားတွေကို မီဒီယာတွေနဲ့ ပြောတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လိုရင်းတိုရှင်း ပြောသွားတယ်လို့ ကျွန်တော် သဘောရပါတယ်။

ထောင်က ခုလေးတင် ထွက်လာတဲ့ အနုပညာရှင်တစ်ယောက် ကတောင် သူ့သဘောထားကို ခုလို ပွင့်ပွင့်လင်းလင်း တင်ပြသွားရင် စာဖတ်ပရိသတ်နဲ့ အပတ်စဉ် ထိတွေ့နေတဲ့ စတုတ္ထမဏ္ဍိုင်အဖွဲ့ဝင် သတင်းစာဆရာ တစ်ယောက်အနေနဲ့ ကျွန်တော့်အမြင် ကျွန်တော့် ဆန္ဒကိုလည်း ပရိသတ်ကို အသိပေးသင့်တယ်လို့ ခံယူမိတဲ့အလျောက် ယခုလို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ် ( ၁၂ အောက်တိုဘာ ၂၀၁၁) မှာ မြန်မာပြည်အနှံ့ ထောင်တွေထဲက အကျဉ်းသား ၆၀၀၀ ကျော် (၆၃၅၉ ဦး) ကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၉^ ၂၀၁၁ အရ လွှတ်ပေးတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (နိုင်ငံရေး အကျဉ်းသား)များထဲက ဦးရေ ၁၀၀ ကျော်လောက်ပဲ ပါတယ်လို့ သိရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (နိုင်ငံရေး အကျဉ်းသား) များဆိုတာ ကျွန်တော်တို့က ခေါ်ဝေါ်သုံးနှုန်းတာပါ။ တရားဝင်ကြေညာချက်မှာ အကျဉ်းသားများလို့ပဲ ပါရှိပါတယ်။

ဒီနေရာမှာ ]]စကားနောက် တရားပါ}}ဆိုတဲ့ မြန်မာဆိုရိုးစကား အတိုင်းဆိုရင် အခေါ်အဝေါ် အသုံးအနှုန်းတွေရဲ့ နောက်ကွယ်မှာ သဘောထားခံယူချက်တွေ ရှိနေတယ်လို့ဆိုနိုင်ပါတယ်။

၁၉၈၈ တိုင်းဆူပြည်ဖျက် ဆူပူမှုများလို့ သုံးနှုန်းသူရဲ့ ခံယူချက်ဟာ ၁၉၈၈ မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီတောင်းဆိုတဲ့ လူထု လှုပ်ရှားမှုများအပေါ် ရန်လိုတဲ့ သဘောထား ဆိုတာ ပေါ်လွင်နေတာပါပဲ။ မလွှဲသာလို့သာ နောင်အခါ ထုတ်ဖော် ပြောဆိုရေးသားခြင်း မပြုဘဲ မျိုချထားရသည့် တိုင်အောင် အဲဒီသဘောထားရှိသူဟာ ဒီမိုကရေစီစနစ်ကို ဟန်ဆောင် ပန်ဆောင်တောင် လက်မခံရုံသာမက ဒီမိုကရေစီလှုပ်ရှားသူများအပေါ် အခဲမကျေနိုင်ဘဲ အာဃာတ ကြီးမားနေမည်သာ ဖြစ်ပါတယ်။ 

ယခု လွတ်ငြိမ်းချမ်းသာခွင့်ကြေညာတဲ့နေ့ မတိုင်ခင် တစ်ရက် အလိုမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာကို အစိုးရသတင်းစာတွေမှာ ဖော်ပြ ခဲ့ပါတယ်။ အဲဒီပေးစာထဲမှာ (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အချို့ နိုင်ငံတို့၏ မျှော်လင့်တောင့်တချက်တစ်ရပ်ဖြစ်သော) ''ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ (prisoners of conscience) အား လွှတ်ပေးရေးကိစ္စ ''လို့ ဆိုပေမယ့် ထိုအကျဉ်းကျခံနေရသူများမှာ တည်ဆဲ ဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒဏ် ကျခံနေရခြင်း ဖြစ်သည်ဟူသော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်က သဘောပေါက် ကြောင်း ဖော်ပြပါရှိပါတယ်။ 

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အမိန့်ကို သေချာဖတ်ကြည့်ရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ သို့မဟုတ် အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ လွတ်ငြိမ်းခွင့်ပေး တယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။ အမိန့်စာထဲမှာ တရားဝင်ဖော်ပြထား ချက်များအရဆိုရင် အကျဉ်းသားတွေကို ယနေ့ လွှတ်လိုက်ခြင်းဟာ လူသားချင်း စာနာ ထောက်ထားမှု၊ သနားချစ်ခင်မှုကို အလေးထားခြင်းနဲ့ နိုင်ငံတော်ရဲ့ မေတ္တာ စေတနာအလျောက် ဆောင်ရွက်ချက် ဖြစ်တယ်လို့ နားလည်ရပါတယ်။ 

သို့ပေမယ့်  ဇာဂနာကဲ့သို့သော အကျဉ်းသားများကို ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံ လိုသူများ၊ အဲသလို ခေါ်ဝေါ်သုံးနှုန်းခြင်းပင် မပြုလိုသူများကို ဒီအချိန်မှာ အခြေအတင် ငြင်းခုံမနေတော့ပါဘူး။ စိတ်ချမ်းသာသလို ခေါ်ကြပါစေတော့။ ကြောင်ဖြူတာ မည်းတာ ပြဿနာမဟုတ်၊  ကြွက်ခုတ်ဖို့က အဓိက ဆိုသဟာလိုပဲ ကျန်ရှိနေသေးသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်သက်ထွေး၊ ကိုဂျင်မီ၊ မမီးမီး  စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များအားလုံး၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အစရှိသော တိုင်းရင်းသားခေါင်းဆောင်များ အားလုံးကို တစ်ဆက်တည်း ဆက်လက် လွှတ်ပေးသင့်ပါတယ်လို့ပဲ ကျွန်တော့်ရဲ့ သဘောထားအမြင်ကို တင်ပြလိုပါတယ်။

ယခု ထုတ်ပြန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဟာ တပ်မတော် သား ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များက အဆိုပြု ဆွေးနွေး ဆုံးဖြတ်ကြပြီး နိုင်ငံတော်သမ္မတကြီးထံ ထောက်ခံတင်ပြ ခဲ့ကြရာမှ ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ သိထားပါတယ်။  ဒါကြောင့် သည်တစ်ခါတော့ အားလုံး လွတ်ငြိမ်းခွင့်ရကြပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ တက်ညီလက်ညီ ပူးပေါင်းပါဝင်နိုင်ကြတော့မယ်လို့ မျှော်လင့်ထားတာပါ။ အဲသလို မဟုတ်ဘဲ  သူတို့တွေအားလုံး လွတ်ငြိမ်း ခွင့်မရဘူး၊ ကျန်သူတွေကျန်၊ ချန်သူတွေကို ချန်ထားဦးမယ် ဆိုရင်ဖြင့် ယခု နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၄၉ /၂၀၁၁  အကောင်အထည် ဖော်မှုကို ကျွန်တော့် အနေဖြင့် ၅၀ ရာခိုင်နှုန်းပဲ ထောက်ခံ နိုင်ပါဦးမယ်။    ကျွန်တော့် ဆန္ဒ အမှန်ကတော့ ရာခိုင်နှုန်းပြည့်ထောက်ခံချင်နေကြောင်း ပါဗျာ။

နောက်ဆုံးတစ်ခု ပြောချင်တာတစ်ခု ရှိပါသေးတယ်။ ၁၂ အောက်တိုဘာ ၂၀၁၁ နေ့မှာ လွတ်ငြိမ်းခွင့်ရလို့ အကျဉ်းထောင်အသီးသီးက ထွက်လာကြတဲ့ လွတ်လူများရဲ့ သတင်းကို ၁၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများမှာ လုံးဝ မတွေ့ရှိရတဲ့အတွက် ကျွန်တော့်စိတ်ထဲ လေးလံနေမိပါ တယ်။ ဘာကြောင့်မှန်းတော့ မသိပါ။ ကျွန်တော် စိတ်လေး နေတာကတော့ လေးနေတာပါပဲခင်ဗျာ။

၁၃.၁၀.၁၁


ဆရာမောင်ဝံသ facebookမှ တဆင့်ပြန်လည် ကူးယူဖော်ပြသည်။
http://www.irrawaddyblog.com/2011/10/blog-post_3427.html

ကိုနေမျိုးဇင်

Videos Posted by Youth Network for People BG


ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆေးကုသခွင့် မရ

2011-10-20
နိုင်ငံရေးအကျဉ်းသား ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် ငြင်းပယ်ထားကြောင်း အင်းစိန်ထောင်မှာ ဒီကနေ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တဲ့ ဇနီးဖြစ်သူ မဇင်မျိုးမော်က ပြောပါတယ်။


Photo: pwvb.blogspot.com
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်။
ထောင်ဝင်စာ တွေ့ချိန်မှာ လမ်းလျှောက်လို့ မရတဲ့အတွက် ဦးနေမျိုးဇင်ကို လူနာတင်တဲ့ စဉ်နဲ့ တင်ခေါ်လာကြောင်း၊ လှဲနေချိန်မှာပင်လျှင် နာကျင်နေကြောင်း၊ ခွဲစိတ်ကုသခွင့်ရရင် သက်သာပျောက်ကင်းမယ်လို့ ယူဆပေမယ့် သူ့ကို အပြင်ထွက်ပြီး ဆေးကုသခွင့် ပိတ်ထားကြောင်း ဦးနေမျိုးဇင်က ပြောပြတယ်လို့ သိရပါတယ်။ သွေးအကူအညီပေးရေး အပါအ၀င် လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဦးနေမျိုးဇင်ကို ၂၀၁၁ခုနှစ် မတ်လ အတွင်းက အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့က အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တာပါ။ ဦးနေမျိုးဇင်ကို အမှုစစ်ဆေးနေချိန် အင်းစိန်ထောင်တွင်းမှာ ချော်လဲပြီး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ထောင်တွင်း ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ ဦးနေမျိုးဇင်ရဲ့ ဝေဒနာကို ထောင်ပြင်မှာ ဆေးကုသဖို့ လိုအပ်ကြောင်း ပြောထားတာကြောင့် တင်ပြတောင်းခံခဲ့ရာ တရားရုံးက စီရင်ချက်မချခင် တကြိမ် အရိုးကု အထူးကုဆေးရုံကို ပြသခွင့်ပြုခဲ့ပြီး၊ စီရင်ချက် ချပြီးချိန်မှာတော့ ခွင့်ပြုချက် ထပ်မပေးဘူးလို့ သိရပါတယ်။ ဦးနေမျိုးဇင်ကို သင့်တော်တဲ့ ဆေးကုသခွင့် ပေးဖို့ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက မြန်မာ အာဏာပိုင်တွေကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဦးနေမျိုးဇင်ရဲ့ ဇနီး မဇင်မျိုးမော်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


http://www.rfa.org/burmese/news/nay-myo-zin-health-10202011122149.html