Friday, October 21, 2011

လူနေရပ်ကွက် အင်းလုပ်လေတော့...



Yeyint Kyaw facebook စာမျက်နှာမှ...

မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ ပွဲတော်ရပ်၊ ကျန်တန်းရပ် နှင့် တိုးချဲ့ (၁)(၂)(၃) စသော ရပ်ကွက်များတွင် လူနေရပ်ကွက် ဖြစ်သော်လည်း၊ ရေဝင်ရောက်မှု ကို ပြန်လည် ထုတ်ပစ်ခြင်း မရှိပဲ ငါးမွေးမြူ ရန် ရေကို ဆက်လက် သိုလှောင်ထားသဖြင့် ရေပုတ်များ အဖြစ် ပြောင်းလဲ၍ ပတ်ဝန်းကျင်တွင် ခြင်များ ပေါက်ဖွားခြင်း၊ အနံသက်ဆိုးများ ရှုရှိုက်နေရခြင်း၊ နှင့်အတူ ယားနာ၊ဝဲ၊ များ ဖြစ်ပွားလျက် ဝမ်းရောဂါ စသော ကျန်းမာရေးဆိုင်ရာများ ထိခိုက်နေသည်ကို ရပ်မိ ရပ်ဖ တစ်ဦးအား မေးမြန်းကြည့်ရမှ သိရသော အကြောင်း အရာ များ ဖော်ပြလိုက်ပါသည်။




မေး ။ ။ “ အဘ ခင်ဗျား… ကျွန်တော်တို့က ယခု အစာဆိပ်သင့်မှုကို လာရောက်ကူညီကြတဲ့ ပရဟိတ အသင်းတွေက လူငယ်တွေပါ။ ဒီရောက်တော့ ပတ်ဝန်းကျင်က ရေတွေက တော်တော်ကို ဆိုးဝါးနေတာ တွေ့ရပြီး၊ ဒီရေတွေ မစီးတာလား..၊ သေချာထားတာလား..။ အဘ တို့ကရော ဘယ်လို လက်ခံလည်း မြင်လည်း ပြောပြပေးးပါဦး..။”

ဖြေ ။ ။ “ခု မြင်နေရတဲ့ရေက မိုးရွာရင် မန္တလေးကလာတဲ့ရေ…၊ ဒီထဲကို ဝင်တဲ့အခါ ဟိုးဘက်မှာ ရှိတဲ့ မြစ်ဘက်ကို ဖောက်ချရတာ..အဲဒါ.. နိုင်ငံတော်က ရေလွမ်းတာမရှိအောင် စီစဉ်ပေးထားတာ၊ ဒါပေမယ့် ရေမကျခင် ငါးရတာကို အကြောင်းပြုပြီး ရေမထုတ်တော့ပဲ ( အင်း ) အဖြစ် သတ်မှတ်ပြီး လေလံပစ်လိုက်တော့ ခုချိန်ထိ ဒီရေတွေ ရှိနေတော့တာပါပဲ…။ ”



အရင်က မိုးရွာလို့ ၊ဒါမှ မဟုတ် မြစ်ရေတက်လို့ ရေဝင်တဲ့ အချိန် ကိုယ့်အိမ်အောက် ကို ငါးမျှားငါးဖမ်း လုပ်လာတာ မြစ်ကမ်းနားနီးသူတွေရဲ့ အလေ့အဓလေ၊နောက်ပြီး ရေတွေ ငါးတွေက ကိုယ့်အိမ်အောက် ရောက်လာတာနော်..၊ကိုယ်ပိုင်နက်ထဲကငါး ကိုယ်ဖမ်းတာ..၊ ခုတော့ မဟုတ်တော့ဘူး ။

အဲ့ …. လေလံဆိုက်နဲ့ ကိုင်နေတော့ ၊ ဒီက ပြည်သူလူထုတွေကို ပြဿနာရှာ ဖမ်း၊ ငါးဖမ်း လို့ဆိုဖမ်း၊ ဖမ်းတော့ မကျေနပ်ကြတော့ ရွာသားတွေနဲ့ ပြဿနာဖြစ် ၊ ဖြစ်ကြတဲ့ အခါ ဆိုင်းဘုတ်ကြီး လာထောင်တယ် ။


အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ငါးမွေးကန် လို့ ဆိုင်းဘုတ် လာတပ်သွားတယ်။
အဲဒီ ဆိုင်းဘုတ်ကို ဓါတ်ပုံရိုက်ပြီး တင်ဘူးတယ်။ ဒါပေမယ့် ဘာမှဖြစ်မလာဘူး။ ဒီရေနဲ့ ပတ်သက်လို့ တင်တာ တွေက အကြိမ်ပေါင်းများစွာ လက်လျော့ နေခဲ့ရတယ်။

ဘယ်အချိန်ကို ဖောက်သွင်းလည်းဆိုတော့ မိုး အားကြီးရွာတဲ့အချိန် ညကာလ ရောက်ရင် ဖွင့်ပြီ ၊ ဒီထဲသွင်းပြီ၊ မန္တလေးရေကို ပြန်ကာထားတဲ့ တာရိုးလေးရှိတယ်။ အဲ တာရိုးလေးမှာ တံခါး လုပ်ထားတာ၊ ပုဂ္ဂလိက တံခါး လုပ်ထားတာ၊ အဲ တံခါးလေးက ဖွင့်သွင်းတာ၊ သော့ ခတ်ထားတယ်၊ သော့ဖျက်သွားတယ်။ ဒါပေမယ့် သော့ဖျက်တဲ့သူ ပြဿနာ မဖြစ်ဘူး၊ ရေသွင်းတဲ့သူ ပြဿနာ မဖြစ်ဘူး။
လွန်ခဲ့တဲ့ ၂၀၀၅ လောက်က ဒီရေတွေ ထွက်အောင် သွားလုပ်တဲ့သူတွေ ထောင်ကျကုန်တယ် (၁)နှစ်စီ၊ ၅ယောက်၊ ဒီ ရေထွက်အောင် လုပ်လို့။ ပိတ်ထားလို့ မကျေနပ်လို့ သွားပြောလို့ ၊ ဒီမှာ ရေတွေ လျှံနေတဲ့အချိန် မြစ်မှာ ရေမရှိဘူး၊ ဒီကလူတွေက ရပ်ကွက်လူကြီးတွေ သွားပြောတာ မရလို့ သူတို့ မဖွင့်လို့ ကိုယ်တိုင်သွားဖွင့်တာ ၅-ယောက်လုံး ထောင်ကျ ကုန်တာ၊ ဝတ္တရားနှောင့်ယှက်မှုနဲ့။ အဲ ၅-ယောက်ကျသွားတော့ လူတွေက တွန့်ကုန်ပြီ၊ ရှင်းရှင်းလေးပဲ အများ အတွက်လုပ်တာ ထောင်ကျတယ်ဆိုတော့ တွန့်ကုန်ပြီလေ ။ အဲတော့ မတတ်သာတော့ မျက်စိမှိတ်နေရတာပဲ။

တကယ်တော့ ဒီရေဟာ မရှိသင့်တဲ့ရေပါ ၊ မထားပဲနဲ့နေရင် ရတဲ့ရေပါ ၊ အရေးကြီးတဲ့ တံခါးကြီး ၃-ပေါက် ရှိတယ် ၊ တစ်ည မဖွင့်ရဘူး ဒီရေကို ၊ နိုင်ငံတော်စီမံချက်က အဲကရေဖွင့် ၊ ဖွင့်ပြီးလို့ ဒီကရေ ကုန်ရင်ပိတ်ထား၊ ရေဝင်ရင် မြစ်ထဲ ဖွင့်ထုတ်ဖို့ လုပ်ထားတဲ့ တံခါး၊ ဒါပေမယ့် အဲတံခါးတွေက သွင်းဖို့လုပ်ထားတဲ့ တံခါးတွေ ဖြစ်နေတယ်။

တံခါးက ရေထုတ်ဖို့လုပ်ထားတဲ့တံခါးနော်.. ဒါပေမယ့် သွင်းဖို့ လုပ်ထားသလို ဖြစ်နေတယ်။ ထုတ်တယ်.. သို့သော်ငြားလည်း အပြပဲ ၊ မှတ်မှတ်ရရ ပြောရလို့ရှိရင် အခု အမတ်လောင်း ထွန်းသိန်း မဲဆွယ် လာဟောသွားတယ်။ ကျွန်တော်တို့ ဒီရေတွေ ထုတ်ပြီးတော့ ဘာလုပ် ပေးမယ်၊ ညာလုပ် ပေးမယ် ပြောပြီး ၊ ဟိုမှာကျ ရှမ်းပြည်က ကိစ္စတွေ သွားပြောနေတယ် ။ ဒီက ရေ အကြောင်းမပါဘူး။ ဒီက လူတွေနဲ့ လူ(၅၀) လောက် လက်မှတ်ထိုးပြီးတော့လည်း တင်ပြီးပြီ၊ ဘာမှ ထူးခြား မလာဘူး။ မရဘူး။

အဘတို့ အနေနဲ့ နိုင်ငံတော်က ပြောင်းလဲနေပြီဆိုတာ သိပါတယ်။ နိုင်ငံတော်က တံခါးဖွင့်ပြီး တိုင်စာတွေ လာပါ လာပါ လို့ ဖိတ်ခေါ်နေတာ လည်း သိပါတယ်။ အဖွဲ့အစည်းတွေကလည်း ကူညီဖို့ ဖွဲ့စည်းထားတယ် ဆိုတာ သိပါတယ်။ မျက်ခြေ မပြတ် ပါဘူး။ ဒါပေမယ့် လုပ်သင့် လုပ်ထိုက်မှ လုပ်ရမယ့် အချိန်အခါမို့ သူ့ကို ခဏနေတာ၊ ဒါလုပ်တိုင်း ကိုယ့်ရှုး ကိုယ်ပြန်ပြန်ပတ်လာနေတာ ခက်နေတာ။

လုပ်ပေးကြပါ။ ပြောချင်တာက ဒီရေတံခါးသည် အမြဲတမ်း ဖွင့်ထားရမယ် မဆိုလိုပါဘူး။ ဒီရေ ရောက်လာမှ ရပ်ကွက်ထဲက ကလေးတွေလည်း အလိုလို သူခိုးလေးတွေ ဖြစ်လို့ဖြစ် ကိုယ့်ခြံ ကိုယ့်ဝင်းထဲက ကိုယ့်အိမ် အောက်က ငါးဖမ်းလို့ ထောင်ကျတယ် ဆိုတာ မျှတပါရဲ့လား။ တောင်သမန်လို သီးခြားအင်းထဲ လာခိုးတာ မဟုတ်ပါဘူး။
ကိုယ့်အိမ်ထဲ ဝင်နေတဲ့ ရေကြောင့် တစ်နှစ်ပတ်လုံး နှစ်စဉ် ရေဘေး ဒုက္ခ ရောက်နေတာ ကို ထည့်တွက်ပါဦး…၊တရားမျှတပါရဲ့လား။ ဒါတွေကို အဘတို့ ဘယ်မှာတိုင်ရမလဲ၊ အဲဒီတော့ ပြောချင်တာက လိုအပ်တဲ့ ပြုပြင်မှု၊ ထိမ်းသိမ်းပေးမှုတွေ လုပ်ပေးကြပါ။
ဒီအရပ် ဒီဒေသ က ပြည်သူတွေကို ဒုက္ခရောက်အောင် မလုပ်ပါနဲ့..၊ မျှမျှတတ စဉ်းစားပေးကြပါ လို့ ပြောချင်ပါတယ် ။

(ထိုနေ့က မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျန်တန်းရပ်၊ပွဲတော်ကျောင်းတိုက်တွင် အလှူကျင်းပ ကျွေးမွေးမှုတွင် အော့အန် မူးဝေ၍ အစာအဆိပ်သင့် လက္ခဏာများ ဖြစ်ပွားရာ၊ ပရဟိတဆိုင်ရာအသင်းအဖွဲ့များဖြင့် သွားရောက် လုပ်အားပေးကြစဉ် ပတ်ဝန်းကျင်မှ ရေဆိုးရေပုတ်များနှင့် မသန့်ရှင်းမှုကို မြင်တွေ့ရ၍ ရပ်မိရပ်ဖ အဘ တစ်ယောက်ကို မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ လိုအပ်သော တည်းဖြတ်မှုမှ အပ အဘ၏ စကားများကို စီလျော်အောင် ရေးသားထားခြင်း ဖြစ်ပါသည်။)

ပြန်လည်စာစီတင်ပြသူ- ကိုဝိုင်ဝိုင်ကေ

အဖွဲ့ချုပ်တွင် ပန်းချီပြပွဲကျင်းပမည်

Art Show at NLD-HQ

http://www.ziddu.com/download/16944165/.pdf.html

အဖွဲ့ချုပ်တွင် ပန်းချီပြပွဲကျင်းပမည်

NLD Welcome political prisoner







မြန်မာပြည်၊ အင်တာနက်၊ ကျမနှင့် သတင်း


by May Thingyan Hein on Friday, October 21, 2011 at 7:12am (facebook)
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၂၁၊ ရန်ကုန်မြို့။

Facebook မှာ နေ့စဉ်ဒိုင်ယာရီ ရေးသလို မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှတွေ ရေးခဲ့တာ ကျမ အောက်တိုဘာ ၂၀ ရက်နေ့ညပိုင်းမှာ  facebook မှ ဖွင့်လို့မရအောင် အင်တာနက်လိုင်း မကောင်းတော့ နေမထိ ထိုင်မသာဖြစ်ရပါတယ်။

Facebook မှာ ရေးနေတဲ့အတွက် ကျမရဲ့ စာရေးအားတွေ ကျသွားတယ်လို့ အမျိုးသားနဲ့ မိတ်ဆွေအချို့ကလည်း သိပ်မကြာသေးခင်က ဝေဖန်ခဲ့ပါတယ်။ ကျမကတော့ ဘယ်မှာပဲ ရေးရရေးရ ဆင်ဆာမရှိတဲ့နေရာ၊ လွတ်လပ်စွာ ပြောဆို ရေးသားလို့ ရတဲ့နေရာဆိုရင် သဘောကျတာရယ် facebook မှာကျမ စာကို စောင့်ဖတ်အားပေးမယ်ဆိုတဲ့ မိတ်ဆွေတွေကို လေးစားခင်မင်မိတာရယ်ကြောင့်
fbမှာ စာရေးရတာကိုလည်း တာဝန်တခုလို လက်ခံထားပြီး ကျေကျေနပ်နပ် တက်တက်ကြွကြွရေးနေမိတာပါ။

တနေကုန်တက်လိုက်ကျလိုက်နဲ့ အင်တာနက်လိုင်းက ည ၈ နာရီနောက်ပိုင်းမှာ အင်တာနက်လိုင်းလုံးဝ သုံးလို့မရအောင် ပြတ်တောက်သွားခဲ့တော့ ကျမ စိတ်ညစ်ညစ်နဲ့ပဲ အင်တာနက်သုံးခွင့်ရဖို့နည်းလမ်းရှာနေမိခဲ့ပါတယ်။

ရတနာပုံတယ်လီပို့ကတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွေင်အင်တာနက်လိုင်းများ ပြတ်တောက်နေတဲ့အတွက်  ပြုပြင်နေကြောင်း ရတနာပုံတယ်လီပို့မှ အင်တာနက်ဆိုင်များနဲ့ အခြားသော အင်တာနက် သုံးစွဲသူများကို အင်တာနက်လိုင်းအဖွင့်မှာစာတင်ပြီး ထုတ်ပြန်ထားပါတယ်။

အဲဒီစာထဲမှာ အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းမှာ SEA-ME-We 3 ရေအောက် အင်တာနက်ဆက်ကြောင်း ချို့ယွင်းခြင်းကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေရခြင်းဖြစ်ပြီး ပြန်လည်ကောင်းမွန်လာရန်အတွက်လည်း တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများမှ ပြင်ဆင်နေကြောင်း ရေးသားဖော်ပြထားတာပါ။ အဲဒီလို စာမျိုးကို မကြာမကြာတင်ပြီး ပြင်နေတာကို အင်တာနက်သုံးစွဲသူတွေကတော့ စိတ်မရှည်လည်းပဲ သည်းခံပြီး သုံးစွဲနေကြရတာပါ။

ကျမက အိမ်ကနေ သုံးတဲ့သူမို့ အိမ်မှာသုံးမရရင် ဆိုင်မှာသုံးလို့များ ရမလားလို့ လှည်းတန်းက အင်တာနက်ဆိုင်တွေဆီ လှမ်းလိုက်ပါသေးတယ်။

`ပြုပြင်နေတယ် သုံးလေးရက်လောက်ပဲ ကြာမယ်လို့ ပြောပေမဲ့ ဒီနေ့ထိဆို  မကတော့ဘူး တော်တော်ကြာနေပြီ အင်တာနက်ဆိုင်တွေလည်း လုပ်ငန်းထိခိုက်နေပါပြီ၊ အင်တာနက်လိုင်းမကောင်းတော့ ဘာမှကို ဖွင့်လို့မရဘူး၊ သုံးတဲ့သူတွေလည်း အချိန်ကြာပြီး သုံးမရတော့ စိတ်ပျက်ကုန်ကြတယ်`လို့ ကျမသွားသုံးတတ်တဲ့ လှည်းတန်းလမ်းဆုံအနီးမှ အင်တာနက်ဆိုင်က လည်း ပြောပါတယ်။

သူတို့လိုအင်တာနက်ဆိုင်တွေအနေနဲကလည်း ခုလို မကြာခဏ အင်တာနကိလိုင်းတွေ ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း၊ စီးပွားရေးလုပ်လို့မကောင်းကြောင်း ဆိုင်ရှင်ဖြစ်ဟန်တူတဲ့ အသက် ၃၀ ၀န်းကျင်အရွယ် အသားညိုညိုနဲ့အမျိုးသားက ပြောတယ်။

သူက မလေးရှားမှာ ၁၅ နှစ်ကြာအောင်သွားအလုပ်လုပ်ပြီး ငွေစုပြီး ပြန်လာတာ၊ သူ့အမေက ပြန်မထွက်ခိုင်းတော့လို့ အင်တာနက်ဆိုင်လေး ထောင်ပြီး ရန်ကုန်မှာ အခြေချဖို့ကြိုးစားနေတာလို့ ညည်းပြောပြောပါတယ်။

`ခုလို လုပ်စား ကိုင်စားလို့မကောင်းတော့ အမေ ဘယ်လောက်တားတား ကျနော်ကတော့ ပြန်ထွက်ရတော့မှာပဲ ။ နို့မို့ရင် ညီတွေရော ညီတွေရောအားလုံး ငတ်ကုန်တော့မှာ`လို့ သူက စကားကို ခပ်ပြတ်ပြတ်ပြောရင်း သက်ပြင်းချတယ်။ကျမကလည်း သူနဲ့အတူတူ လိုက်ပြီး သက်ပြင်းချမိပြီး ပြန်ခဲ့ရတယ်။

နောက်ဆုံးဘယ်မှာမှ အင်တာနက်သုံးလို့မရလို့ နောက်ဆုံး သက်ပြင်းငွေ့ငွေ့လေးချပြီး အိပ်ရာဝင်ဖို့ ပြင်ဆင်နေချိန်မှာ ပခုက္ကူမှာ ရွှေချောင်းတံတားကျိုးလို့ လူ ၁၅၀ ကျော်သေဆုံးပြီး လူအချို့ပျောက်နေသေးတယ်ဆိုတ့ သတင်းကို မြစ်မခသတင်းထောက်တယောက်က ဖုန်းနဲ့ လှမ်းပြောလာပါတယ်။

ညနေခင်းတုန်းက ပခုက္ကူသတင်းကို ကျမတို့ လိုက်နေကြတာ ပခုက္ကူကို ဆက်သွယ်လို့မရခဲ့ကြဘူး၊ မုံရွာ စတဲ့ မြို့တွေနဲ့ ပုဂံညောင်ဦးဘက်ကို လှမ်းဆက်တော့မှ ဒီသတင်းကိုအတည်ပြုနိုင်ခဲ့တာပါ။

သတင်းထောက်ကို အဲဒီသတင်းဆက်လိုက်ထားဖို့အခု ပခုက္ကူရေဘေးကို ဘယ်သူတွေက ကယ်ဆယ်ရေးလုပ်နေလဲ၊ လူတွေရဲ့လက်ရှိအခြေအနေက ဘယ်အခြေအနေရှိနေသလဲဆိုတာလည်း ဆက်လိုက်ဖို့၊ ပခုက္ကူမြို့ခံတယောက်လောက်နဲ့ ဖုန်းအဆက်အသွယ်ရအောင်လည်း ကြိုးစားဖို့ မှာခဲ့တယ်၊ ပြီးတော့  မန္တလေးကသတင်းထောက်ဆီကိုလည်း လှမ်းဖုန်းဆက်ပြီးပခုက္ကူသတင်း ရသမျှ စုံစမ်းထားဖို့ အသေးစိတ်မေးထား လိုက်ထားဖို့ ဖြစ်နိုင်ရင် ပခုက္ကူကိုလိုက်သွားဖို့ မှာပြီး ဖုန်းချလိုက်တော့ ကျမပိုပြီးတော့ နုံးသွားတယ်။

ပခုက္ကူမှာရေဘေးသင့်တဲ့သူတွေအတွက်လည်း စိတ်ပူလာတယ်။ ပြီးတော့ အဲဒီသတင်းကို သတင်းတိုလေးဖြစ်ဖြစ် ရေးချင်တယ်။ facebook မှာ တင်လိုက်ချင်တယ်၊ ဒါဆို ကူညီပေးမဲ့သူတွေ၊ ကယ်ဆယ်ရေးကိစ္စတွေကို မြန်မြန်သွက်သွက်လုပ်ကြလိမ့်မယ်လို့လည်း ယုံကြည်စိတ်ရှိတယ်။ ခုလို သတင်းလည်း မတင်နိုင်တဲ့ အခြေအနေမှာ လူက ဘယ်လိုမှနေလို့မရဘူး။ တခုခုတော့ လုပ်ပေးချင်တယ်။

ကျမရဲ့ ရုံးခန်းလေး စာကြည့်ခန်းလည်း ဖြစ်တဲကအခန်းထဲ ပြန်ဝင်ပြီး လက်တော့ဖွင့်ပြီး အင်တာနက်လိုင်းရဖို့နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ပြန်တယ်။

မရပါ။ ဘယ်လိုမှ ဖွင့်လို့မရဘူးလို့ စိတ်လျော့လိုက်တဲ့အချိန်မှာ ည ၁၁ နာရီဖြစ်နေပါပြီ။ စိတ်ညစ်ခြင်း၊ ပူပင်ခြင်းတွေနဲ့ ကျမအိပ်ရာဝင်ခဲ့တယ်။

မနက်နိုးနိုးခြင်း မျက်နှာမသစ်သေးဘဲနဲ့ ကျမရဲ့ လက်တော့လေးကို ပြေးဖွင့်ပြီး အင်တာနက်ရမရ အပြေးအလွှားလေး ကြည့်လိုက်သေးတယ်။မရပါဘူး။ လုံးဝကို မရတာပါ။

ကော်ဖီခွက်ကိုင်ရင်း ဟိုဟို ဒီဒီမိတ်ဆွေတွေဆီဖုန်းဆက်ပြီး အင်တာနက်အခြေအနေကို မေး၊ ပခုက္ကူအခြေအနေမေးတော့ ကျမ ထင်ထားတာထက်ကို ပိုဆိုးနေတာ တွေ့ရပါတယ်။

ပခုက္ကူမှာ ရေဘေးသင့်ပြည်သူ ၂ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း မြစ်မခသတင်းထောက်ဆီကနေ ကြားလိုက်ရပါတယ်။
`ပခုက္ကူမြို့နယ်အတွင်းရှိ ရွှေချောင်းမှ ချောင်းရေများမြင့်တက်လာပြီး လူနေအိမ်တွေနဲ့လူနေရပ်ကွက်တွေထဲ ရေ၀င်ခဲ့လို့ လူ ၂၀၀ လောက်လည်း ပျောက်နေတယ်လို့ ကြားတယ်၊ ခုရေးဘေးသင့်ပြည်သူအချို့ကတော့ ဘုန်းကြီးကျောင်းများတွေမှာ ကယ်ဆယ်ရေး စခန်းဖွင့်ပြီး နေနေကြတယ်`လို့ သတင်းထောက်က ပြောတယ်။

  ပခုက္ကူမြို့အနောက်ဘက် ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတော်တော်များများရေဘေးသင့်ခဲ့ပါတယ်။ ထန်းတောကြီးကျေးရွာ၊ ဂုံတော ကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဘိန်းနွယ်ချောင်းကျေးရွာ၊ မြရွှေပြည်ကျေးရွာတို့နှင့် ပခုက္ကူအရှေ့ဘက် အမှတ်(၃) ရပ်ကွက်များအတွင်းသို့ ရွှေချောင်းအတွင်းမှ ချောင်းရေများ ဝင်ရောက်သွားခဲ့မှုကြောင့် သေဆုံးသူဦးရေ (၅၀) ဝန်းကျင်၊ ပျောက်ဆုံးသူဦးရေ (၂၀၀) ဝန်းကျင်နှင့် ဒုက္ခသည်စခန်းများ၌ နေထိုင်သူ ၇၀၀ ကျော်၊ စုစုပေါင်းလူဦးရေ တစ်ထောင်ဝန်းကျင်ခန့်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်ဆိုတဲ့သတင်းတွေလည်း ဆက်ကြားလာရပါတယ်။

“ကျွန်တော်တို့ (၃) ရပ်ကွက်ထဲက (၁)လမ်း၊ (၂)လမ်း၊ (၃)လမ်း၊ (၄)လမ်း၊ (၅)လမ်းစတဲ့ လမ်းတွေမှာ ရေအများဆုံးပဲ။ လူဦးရေစုစုပေါင်းဆို ၃၀၀ ဝန်းကျင်လောက်ရေစီးနဲ့ မျောပြီးပျောက်နေ တယ်လို့ လူဦးရေစာရင်းတွေလိုက်စစ်တော့ သိရတယ်`လို့ ပခုက္ကူမြို့နယ် (၃) ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ဌေးက ပြောတယ်။

ဆည်ဖောက်ချတယ်ဆိုတဲ့သတင်းတွေထွက်နေလို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ပဲ မေးဖို့ ပခုက္ကူသတင်းလိုက်နေတဲ့ သတင်းထောက်တွေကို မှာလိုက်မိတယ်။ချက်ခြင်းပဲ ပခုက္ကူအုပ်ချုပ်ရေးမှူးက ဖြေပေးတယ်လို့ သိရပါတယ်။
“မိုးများလို့ဒီလိုဖြစ်တာပါ။ ဆည်ကရေလွှတ်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒုက္ခသည် တွေရဲ့ စားရေးသောက်ရေး ငွေရေးကြေးရေးကအစ တာဝန်ယူပေးဖို့ စီစဉ်နေပါပြီ”လို့ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်တင့်က ပြောပါတယ်။
ယောနယ်ဘက်ကို လှမ်းဆက်ကြည့်တော့ ယောနယ်မှာတော့ အိမ် ၅လုံးလောက် ထိခိုက်ခဲ့ကြောင်း လူအသေအပျောက်မရှိကြောင်း သို့ပေမဲ့ ကြောက်ပြီး အမျိုးသမီးတဦးရှော့ဖြစ်ပြီး သေဆုံးသွားကြောင်း ကြားသိရပါတယ်။

အဲဒီလိုသတင်းတွေနားထောင်လိုက် အင်တာနက်လိုင်းရမရ စမ်းလိုက်နဲ့ ကျမ ခေါင်းတွေ တဆစ်ဆစ်ကိုက်လာပြန်ပါတယ်။ စိတ်ဖိဆီးမှုများလာရင် ခေါင်းကိုက်တတ်တာ ကျမရဲ့ မွေးရာပါလိုဖြစ်နေပါပြီ။ ပါရာစီတောမောသောက်ရင်း အင်တာနက်လိုင်းများရလေမလားလိုကြိုးစားကြည့်ရင်း ဒီနေ့ထုတ်သတင်းစာမှာလည်း လေပြင်းတိုက်ခတ်မှုနဲ့ရေဘေးသတင်းအချို့ကိုခုလို ဖော်ပြထားတာ တွေ့ရပါတယ်။

လေပြင်းတိုက်ခက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့၌လမ်း၊တံတားနှင့် အဆောက်အအုံအချို့ပျက်စီးမှုများဖြစ်ပွား (သတင်းစာကို သတင်းကို မူရင်းအတိုင်း စာရိုက်ပြီး ဖော်ပြပေးလိုက်ပါတယ်)
ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်ထွားချက်များအရ ယမန်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားမြို့အနီးမှ ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်းတိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး အိန္ဒိယ-မြန်မာ(ချင်းပြည်နယ်) နယ်စပ်အနီးတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေကြောင်း ယင်းမုန်းတိုင်းငယ်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ကမ်းနားလမ်းရှိ မြို့မစည်ပင်ဈေး အဆောက်အအုံမှ အမိုးများပျက်စီးခဲ့ကြောင်း ကနဦးသတင်းများအရသိရှိရသည်။

ပျက်စီး ထိုပြင်ယင်းမုန်းတိုင်း၏ အရှိန်ကြောင့် ယမန်နေ့က လေပြင်းတိုက်ခက်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့်ဆော မြို့နယ်၊မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တို့တွင် လမ်း၊တံတားနှင့်အဆောက်အအုံတစ်ချို့ပျက်စီးမှုများ ဖြစ်အပွားခဲ့ကြောင်း ။ 

ဂန့်ဂေါမြို့နယ်အတွင်း မြစ်သာမြစ်ကူးတံတားမှတစ်ဆင့်၊ လက်ရန်း၊ရက်မနှင့်ကြမ်းခင်းများ ရေမျောခြင်း၊ ထယ်လှော်ရွာအနီး ထယ်လှော်ဘက်ကမ်းကပ်ခုံနှစ်ပေခန့် နိမ့်ကျွံသွားခြင်း၊ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းရှိ ကျွဲတိုင်းတံတား ရေစီးကြောင်းအောက် ၁၀ပေခန့် ရွေ့သွားခြင်း၊မဖေးဘေလီတံတားပေါ်သို့ ခြောက်ပေခန့် ရေလွှမ်းခြင်းနှင့်ကျွန်းဒတ်ကျေးရွာအနီး စပါးအိုးချောင်းရေ ခုနှစ်ပေခန့်မြင့်တက်ခြင်းတို့ကြောင့် ယာယီဖြတ်သန်း သွားလာနိုင်မှုမရှိကြောင်း ၊မြစ်သာမြစ်ကို ဖြတ်ကျော်သွယ်တန်းထားသည့် တက်လီဖုန်းလိုင်း(၅၀)ပါ ကေဘယ်ကြိုးများပြတ်တောက်မျောပါခြင်းကြောင့် တယ်လီဖုန်းအချို့ ဆက်သွယ်မှု ပြတ်တောက်လျက်ရှိ ကြောင်း၊ဂန့်ဂေါမြို့မြို့မရပ်ကွက်၊စည်ပင်သာယာရပ်ကွက်နှင့် မြောက်ကုန်းရပ်ကွက်တို့တွင် လူနေအိမ်တချို့ ရေလွှမ်းသဖြင့် ရေလွတ်ကင်းရာသို့ ပြောင်းရွေ့နေရာချထားပေးခဲ့ရပြီး လူ/တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း။ 
ထီးလင်းမြို့နယ်
အလားတူ ထီးလင်းမြို့နယ်အတွင်းရေမျက်နီသစ်သားတံတား၊ညောင်ကန်ဟင်းခွက်ကုန်း လူကူးကြိုးတံတား၊ သံသေချောင်းတံတား၊ဘေလီကျီးချောင်းတံတားများ၊ပျက်စီးခဲ့သဖြင့် ယာဉ်များဖြတ်သန်းနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
ညောင်ဦးမြို့နယ်
ထို့ပြင်ညောင်ဦးမြို့နယ်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရာ စေတီဘုရားငါးဆူနှင့် မြစ်ကြည့်တိုက် အုတ်ကျောင်းတို့၌ နံရံ၊အမိုး၊ပစ္စယာ၊တံတိုင်းများကွာကျခြင်းနှင့် ပုဂံမြို့ရိုး၌ သရပါမြို့ရိုးမြောက်ဘက်ခြမ်းနေရာအချို့ ပဲ့ကျခြင်းတို့ဖြစ်ပွားခဲ့ပြီး ပျက်စီးမှုများကို ညောင်ဦးခရိုင် မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ဘုရားဂေါပကအဖွဲ့တို့က ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။ဖ်ာပြပါ ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး ပျက်စီးမှုများ အမြန်ပြုပြင်နိုင်ရေး၊လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့်ရေဘေးသင့်ပြည်သူ အချို့၏ စားသောက်နေထိုင်ရေးစသည့်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဂျာနယ်တွေက ရေးတဲ့သတင်းတွေ ကျမတို့ ဖတ်နေကြသတင်းတွေနဲ့ပုံဆန်ကွဲတဲ့ သတင်းစာက သတင်းတွေကို ကျမ ဖတ်တဲ့အခါတိုင်း၊ ဒါမှ မဟုတ် ပြန်ကိုးကားဖော်ပြတဲ့အခါတိုင်း မူရင်းအတိုင်း စာပြန်ရိုက်ပြီး သုံးပါတယ်။

နေ့လည်ပိုင်းမှာ ကျောင်းဆင်းလာတဲ့ ကျမသား အလယ်တန်ုးကျောင်းသားက ကျမဆီကို  ပြေးလာပြောတယ်။ ဒီနေ့ည ၁၂နာရီမှာ ကြယ်မိုးရွာမယ်လို့ သတင်းတွေ ထွက်နေတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတာတော့မသိဘူး သတင်းထွက်နေတာ သားတို့တကျောင်းလုံး ပြောနေကြတယ်လို့ သားကသတင်းလာပေးတာလို့ ပြောခဲ့တယ်။

ကျမရဲ့သားသမီး ၃ယောက်လို ထူးထူးခြားခြား ကြားခဲ့မြင်ခဲ့ရရင် ကျမကို ချက်ခြင်းအမှတ်ရတတ်ပြီး ပြေးလာပြောတတ်တဲ့အကျင့်ရှိတယ်။ ခုလည်းသားကသူ ကြားခဲ့ရတဲ့သတင်းကို ပြောခဲ့တယ်။ ကျမနားထောင်နေရင်းပြုံးလိုက်မိပါသေးတယ်။

သားရဲ့သတင်းကို နားထောင်နေတုန်းအင်တာနက်လိုင်းရပြီအမလို့ မြစ်မခက အိုင်တီကျွမ်းကျင်တဲ့ကလေးက ကျမကိုသတင်းလာပေးတော့ လက်ပ်တော့ရှေ့ရောက်မိပြန်ပါရော။

ဖျတ်ခနဲရပြီး ပြုတ်ကျသွားတဲ့ အင်တာနက်လိုင်းကို ဘယ်လို ပြောရမှန်းမသိအောင် စိတ်ပျက်နေမိပေမဲ့ ပြန်များရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စာပွဲမှာအကြာကြီ ထိုင်စောင့်နေမိတယ်။ နောက်တော့ ညနေ ၃ နာရီ ၀န်းကျင်လောက်မှာ ကျမ အိမ်က အင်တာနက်လိုင်း ပြန်ရလာပါတယ်။ အဲဒါကြောင့် ဒီစာကို ရေးလိုက်နိုင်တာပါ။



မိတ်ဆွေများအား လေးစားခင်မင်လျက်
မေသင်္ကြန်ဟိန် (မြစ်မခ)

လစ်ဗျားအာဏာရှင် ကဒါဖီ ပြီးရင်

လစ်ဗျားအာဏာရှင် ကဒါဖီ ပြီးရင် နေပြည်တော်က လူတွေအလှည့်ဖြစ်ချင်စမ်းပါဘိ
အမေရိကန်ပြည်ထောင်စု နယူေးယာက်ပြည်နယ်အထက်ပိုင်းက ဘာဖန်လိုမြို့ မှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုမင်းနိုင်က ဖုံးဆက်လာသည်။ သူ ကား ဘာဖန်လိုမြို့ မှ တက်ကြွလှုပ်ရှားသော လူငယ်ခေါင်းဆောင် -(၂၀ ) ဦးကို ရွေးချယ်ခဲ့ ရာ၌ ပါဝင်သူ မြန်မာလူမျိုးတဦးဖြစ်သည်။ သူ့ မှာ အခါအားလျှော်စွာ နိုင်ငံရေးကိစ္စများကို ပြောဆိုဆွေးနွေးတတ်သူဖြစ်သည်။ ထို့ ကြောင့် သူ့ ဆီက ဖုံးလာတော့ သူ့ ကို ရွေးချယ်ထားသော ကော်မီတီမှ အကြောင်းတွေကိုဘဲ ပြောတော့မည်ဟု ထင်မိခဲ့ သည်။ သို့ သော် အလျှဉ်းမဟုတ် ။ သူပြောသည်မှာ ယနေ့ က သူ့ မွေးနေ့ ဖြစ်ကြောင်း ဖုံဆက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ကျနော်က မွေးနေ့  ဆုတောင်းမပေးလိုက်ရခင်မှာ မွေးနေ့ တွင် လက်ဆောင်အဖြစ် သတင်းကောင်းကို ပေးလိုပါကြောင်း ၊ ယင်းမှာ လစ်ဗျားအာဏာရှင် ကဒါဖီ တယောက် ဖမ်းဆီးရပြီနောက် သေဆုံးသွားရပြီဖြစ်ကြောင်း သတင်းကောင်းပေးပါတော့သည်။ ကျနော်က အလုပ်တွေများနေ၍ နိုင်ငံတကာသတင်းတွေကို မကြည့်ဖြစ်ရသေးကြောင်း ပြောဖြစ်ရသည်။ ယင်းအချိန်မှာ မိုးသီးဇွန်နှင့် အွန်လိုင်းမှ စကားပြောနေရာ ဖုံးနှင့်ကိုမင်းနိုင်ကို ပြေနေသည်ကို ကြားသော မိုးသီးဇွန်က ၀င်ပြီး ဖြည့်စွက်ပြောသေးသည်။
ဗုဒ္ဒဘာသာဝင်ဖြစ်သော ကျနော့်မှာ လူတဦးသေဆုံးကွယ်လွန်ခြင်းကို လက်ခုပ်လက်ဝါး မတီးချင်။ သတိသံဝေဂတွေ တပုံတခေါင်းနှင့် နှလုံးတုန်ရင်ခုန်ကာ ဘုရားစင်ရှေ့တွင် ထိုင်ဖြစ်တတ်သည်။ ကိုယ်ကိုတိုင်ကလည်း အသက်ကလေး ရလာသောအခါ ရွယ်တူရင်းနှီးသူတွေ ကွယ်လွန်ခြင်းကြားလျှင် ပို၍ရင်တုန်မိသေးသည်။ သို့ လင့်ကစား လစ်ဗျားအာဏာရှင် ကဒါဖီ သေဆုံးသွားသောစကားကို ကြားသည့်အခါ ကျနော်ရင်မတုန်ဖြစ်တော့ ။ ပြီးတော့ သူသေဆုံးပုံကို စဉ်းစားမိသည်။ အာဏာရှင် ကဒါဖီ မှာ ဖမ်းဆီးခံနေရချိန်က ရေနုတ်မြောင်းထဲ ၀င်ပုန်းနေပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်။ ရေနုတ်မြောင်းဆိုသည်က လမ်းမပေါ်မှာ ရေတွေလျှံနေပြီဆိုလျှင် ရေစီးရေလာကောင်းအောင် တံထားကလေးခင်းထားပြီး ပြုလုပ်ထားသော ရေပြွန်သဘွယ်ဖြစ်သည်။ မိုးမရွာ၍ ရေမလာလျင် ယင်းရေနုတ်မြောင်းတွေမှာ လူတွေက တခါတခါ မစင်တွေ စွ န့်တတ်ကြသည်။ လူများတွေက မြင်မှ မမြင်ချေ ။ အပေါ့တွေ သွားတတ်ကြသည်။ နောက်ဆုံး ယင်းရေနုတ်မြောင်းတွေမှာ မစင်နံ့ တွေနှင့် ကြွက်တွေ အမှိုက်သရိုက်တွေ ထာဝစဉ် ရှိနေတတ်သည် ။ ခုတော့ (၄၂) နှစ်တိုင်တိုင် စည်းစိမ်ချမ်းသာ အပြည့်နှင့် အာဏာရှင်ကြီး လစ်ဗျားမှာ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းမခံသော မစင်စွန့် ရာ ရေနုတ်မြောင်းထဲ ၀င်ပုန်းနေရာမှ အသေဆိုးနဲ့  သေသွားရရှာပြီ ။
အာဏာရှင်ကဒါဖီမှာ သူ၏ချက်မြုပ်ရာမွေးရပ်မြေ၌ ယခုလို မြောင်းပုတ်တွေထဲ ကြွက်သေကောင်တွေကြားထဲ သေနတ်ဒဏ်ရာနှင့် သွေးအလိမ်းလိမ်းဖြင့် အသေဆိုးဖြင့် သေဆုံးသွားရလိမ့်မည်ဟု မည်သည့်အခါမျှ ထင်လိမ့်မည်မဟုတ်ချေ ။ ခုတော့ ၀ိပါက ၀ဋ်က လည်သွားရပြီ ။ အပြစ်မဲ့  ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ သော သူ့ မှာ ပြည်သူလူထု၏ ဒဏ်ခတ်ခြင်းကို မျက်မှောက်လက်ရှိအခြေအနေတွင် ခံစားသွားရပြီ ။ သူသေဆုံးချိန်မှာ သူ၏ချစ်လှစွာသော မိသားစုတွေက နောက်ဆုံသူ့ အလောင်းကို ဖက်ကာ ငိုကြွေးကြသူ တယောက်မျှ မရှိ ။ မိန်းမနှင့် သမီးးဖြစ်သူ တဦးအပါဝင် သားဖြစ်သူ တယောက်က ကံကောင်း၍ နိုင်ငံခြားသို့  ထွက်ပြေးလွပ်မြောက်သွားသည်။ ကျန်သားသမီးတွေမှာ သူ့ လို အသေဆိုးနဲ့  သေဆုံးကြရသည်။ နိုင်ငံတနိုင်ငံကို အုပ်ချုပ်နေခဲ့ သော အာဏာရှင် တဦး ယခုလို အသေဆုံးနဲ့  သေဆုံးခြင်းမှာ ယင်းနိုင်ငံ၏ အသွင်ကူးပြောင်းသော ရာဇ၀င်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ထုတ်ဖေါ်ပြောဆိုသွားသည်။ မစ္စတာဘန်ကီမွန်း ပြောသလို သမိုင်းပြောင်းလဲသွားသော လစ်ဗျားဟု အမှန်တကယ်ပင် သူ ယုံကြည့်လေသလားလို့  ကျနော် မေးစမ်းချင်သည်။ အကယ်၍ သူက အမှန်တကယ်ပင် အာဏာရှင် တဦးကျဆုံး သေဆုံးရခြင်းသည် ယင်းနိုင်ငံ၏ သမိုင်းပြောင်းလဲခြင်းဟု ဆိုက အခြားသော အာဏာရှင်များ အုပ်ချုပ်သည့်နိုင်ငံကို ယခုလို မမြင်ချင်ပေဘူးလားလို့  ကျနော် ထပ်ပြီး မေးလိုက်ချင်သည်။ သည်အခါ သူက မည်သို့ ဖြေမည်နည်း ။
ပထကမ္ဘာစစ်မှ ဒုတိယကမ္ဘာစစ်အတွင်း အာဏာရှင်တွေ ကျဆုံးခဲ့ ရသည်မှာ အမှန်ပင် သမိုင်းကိုပြောင်းလဲ ခဲ့ ခြင်းဖြစ်သည်။ ယင်းနိုင်ငံတွေကို ပြောင်းလဲ သွားစေသော အနိဋ္ဌါရုံတွေက ခုထက်တိုင် မြင်တွေ့ နေရသည်။ ဂျာမဏီမှ အာဏာရှင် ဟစ်တလာ ၊ အီတလီမှ မူဆိုလီနီ တို့ မှာ ကျဆုံးသွားရပြီး ယခုလို အသေဆိုးနဲ့  သေဆုံးကြရသည် ။ မှတ်မိသလောက်ပြောရလျင် ဟစ်တလာမှာ ဗုံးခိုကျင်းထဲ လူမသိ သူမသိ သေဆုံးသွားရသည်။ မူဆိုလီနီက ကြိုးစင်မှာ စောက်ထိုးမိုးမျှော် ဆွဲ ပြီး လူထုက ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံရသည်။ ရူမေနီးယားမှ ချောင်ဆက်စကူး ၊ ပနားမားနိုင်ငံမှ နိုရေဂါး ၊ ကမ္ဘောဒီးယားမှ ပိုပေါ့ ၊ ဘင်္ဂလားဒေ့ရှင်္မှ အာရှတ် ။ အီရတ်မှ ဆဒတ်ဟူစိန် ။ အာဖဂန်နစ္စတန်မှ အူစမာဘီလာဒင် တို့ မှာ အကြမ်းဖက် အာဏာရှင်များဖြစ်၍ နောက်ဆုံးမှာ ဇတ်သိမ်းလှသူများ မဟုတ်ကြ ။ မြန်မာနိုင်ငံက အာဏာရှင် ဦးနေ၀င်းမှာ ဆေးဝါးမကုနိုင်ဘဲ အကျဉ်းကျကာ လူကြီးရောဂါနှင့် မိသားစုများ မရှိဘဲ အသေဆိုးနဲ့  သေဆုံးခဲ့ ရသည်။ သူသေဆုံးတော့ သူသားသမီး မြေးမြစ်တွေက အားလုံးထောင်ထဲမှာ ရှိနေသည်။ သူ့ ကို မီးသဂြိုလ်ပြီး လှိုင်မြစ်ထဲမှာ ပြာကို ငါးစားချကျွေးလိုက်ရသည်။ မြန်မာနိုင်ငံက အာဏာရှင် ဦးနေ၀င်းမှာ မြန်မာနိုင်ငံကို ( ၂၆ ) နှစ်တိုင် သက်ဦးဆံပိုင် ဘုရင်လို အုပ်ချုပ်နေခဲ့ ၍ သူ၏ နောက်ဆုံးခရီးမှာ ယင်းသို့  အသေဆိုးနဲ့  သေပြီး လှိုင်မြစ်မှာ ငါးစာချကျွေးရမည့် လူ ဟု မည်သည့်အခါမျှ ထင်ခဲ့ လိမ့်မည်မဟုတ် ။
မြန်မာနိုင်ငံ၏ အာဏာရှင်များမှာ နိုင်ငံတကာမှ အာဏာရှင်များကဲံသို့  နောက်မှလိုက်ရမည့် သူများသာဖြစ်သည်။ အကြောင်းမှာ ဗုဒ္ဒဘာသာထုံးတမ်းစဉ်လာအရ ၀ိပါက၀ဋ်ဆိုသည်မှာ ပြေး၍မှ လွပ်မည်မဟုတ် ။ ၈၈- အရေးအခင်းအပြီး လူထုတွေက သတ်မှတ်ခဲ့ သော န၀တ နှင့် နအဖ လက်ထက်တွင် ရှိနေခဲ့ သည့် ဗိုလ်ချုပ်တွေ ထဲ မည်သူတယောက်က လူလို ရှင်လို ဂုဏ်သရေရှိရှိ သေဆုံးကွယ်လွန် အနိစ္စရောက်သွားရသနည်း ။ ဦးနေ၀င်း ။ ဗိုလ်ချုပ်မှူးကြီး စောမောင် ။ ဗိုလ်ချုပ်မှူးကြီး တင်ဦးတို့ မှာ အသေဆိုးနဲ့  သေဆုံးသွားကြရသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် မှာ ယခုအချိန်ထိ ထောင်ထဲမှာ အကျဉ်းကျနေရသည်။ အခြား ဗိုလ်ချုပ်တွေမှာလည်း ထောင်နန်းစံတုန်း ရှိနေဆဲ ဖြစ်သည်။ သူတို့  အပြစ်နှင့် သူတို့  ဘဲဖြစ်သည်။ နအဖ စစ်ဗိုချုပ်များဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မောင်အေးတို့  အုပ်စုမှာ ခုတော့ သူတို့ နှင့် မဆိုင်သလို နေပြနေသေးသည် ။ သို့ သော် ခံထားရသော လူတွေက ဘယ်တော့မှ မမေ့ကြောင်းကို ဦးသိန်းရွှေနှင့် ဦးမောင်အေးတို့  သိရှိထားရန်လိုသည်။ တချိန်တည်းမှာပင် ရုပ်သေးသမတဦးသိန်းစိန် တို့  အုပ်စုကလည်း အာဏာရှင်စနစ်နှင့် သွာေးနလို့ ကတော့ လစ်ဗျားအာဏာရှင် ကဒါဖီ သွားကြရသည့်လမ်းကို လိုက်ကြရမည်ဟု ပြောချင်သည်။
အဘယ့်ကြောင့်ဆိုသော် အာဏာရှင်ဆိုသည်မှာ အသေဆိုးနဲ့  သေဆုံးတတ်ရသည်ဟု သမိုင်းမှာ မော်ကွန်းထိုးထားလျှက်ရှိသည်ကို မမေ့ လျှော့ဖို့ လိုသည်။ မိမိကိုယ်ကို အာဏာရှင် မဟုတ်ပါဟု ပြောနေလို့ ကတော့ ၀ိပါက၀ဋ်က လက်ခံလိမ့်မည်မဟုတ်။ ကျနော်တို့ သည် လူများတကာကို အသေဆိုးနဲ့  သေကြေချင်သည့်သူများ မဟုတ် ။ သို့ သော် သူတို့ တွေက နှိပ်စက်ရမ်းကားခြင်းမှာ ခွင့်မလွှတ်ချင်လောက်အောင် ခံစားထားရသည့်သူများဖြစ်သည်။ အတွင်းကြေလောက်အောင် ခံစားသူများမှာ သင်ပုန်းချေလောက်အောင် မစွမ်းသာတတ် ။ ၂၃-နှစ်ကြာသော တော်လှန်ရီးခရီးကို မြန်မာနိုင်ငံ ကျောင်းသားများအဖွဲ့ ချုပ်မှ နိုင်ငံရေးစာတမ်း-မှတ်တမ်းမှတ်ရာ ရေးပြီး ထုတ်ဝေလိုက်သည်ကို ဖတ်ရသည်။ ယင်းမှာ ပြည်ပအဖွဲ့ အစည်းအစည်းများမှာ လက်နက်ကိုင်တော်လှန်ရေးကို မလုပ်ခဲ့ ရဘဲ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှူများဖြင့် အဆုံးသတ်သွားရ၍ ယခုလို ဆုံးရှုံးနေရခြင်းဖြစ်သည်ဟု သုံးသပ်ပြထားသည်ကို တွေ့ ရသည်။ ယင်းမှာ လွန်စွာ မှန်ကန်သော အဓိက အကြောင်းတရားဖြစ်သည်။ သေနတ်ဖြင့် အာဏာရှင်တို့  အုပ်ချုပ်နေသည်ကို အစည်းအဝေးလုပ်ရုံ ၊ ကမ်ပိမ်းလုပ်ရုံနှင့် ဒီမိုကရေစီရမည်ဟု ထင်ခဲ့ သော ကျနော်တို့  နိုင်ငံရေးကို မီးမောင်းထိုးပြခြင်းမှာ လွန်စွာမှ ရှက်စရာ ကောင်းတော့သည်။ အကယ်၍ တော်လှန်ရေးအင်အားစုများပီပီ လက်နက်ကို ရှာပြီး သူသေကိုယ်သေ တိုက်ခို်က်ရအောင် လက်နက်တွေကိုယ်စီနှင့် ရှိနေလို့ ကတော့ န၀တ ခေတ်ကတည်းက ပွဲပြီးသွားမည်မှာ သေချာသည်။
ခုတော့ ကျနော်တို့  တခုခုကို ဆုံးဖြတ်ချက်ချမှတ်ရတော့မည်။ နိုင်ငံ့တကာမှာ အာဏာရှင်တွေကို ဖြုတ်ချနေသော သူတို့ မှာ အခမ်းအနားတွေထဲကမဟုတ်။ ဖုံးကလေးတလုံးနှင့် အင်တာဗျူး လုပ်ပြီး အာဏာရှင်အစိုးရကို ဖြုတ်ချခဲ့ သော ဒီမိုကရေစီနိုင်ငံကို မတွေ့ ဖူးဖူး။ ယခုလမ်းပေါ်မှာ သေနတ်သံမစဲ လမ်းမပေါ်မှာ ပစ်ခတ်နေသော လစ်ဗျားလူထုမှာ အစက သေနတ်တောင် မပစ်ခတ်တတ်ဟု ပြောတာတွေ မြင်ရသည် ။ သေနတ်မပစ်တတ်သော သူတွေက (၄၂ ) ခုနှစ် တိုင်တိုင် စစ်အာဏာရှင်အဖြစ် အုပ်ချုပ်နေသာ အာဏာရှင်ကဒါဖီ၏ တပ်တွေကို အနိုင်ယူလိုက်ခြင်းမှာ လမ်းကြောင်းများ အများအစားရှိသည် ။ ယင်းမှာပြည်သူလူထုက အာဏာရှင်အကြမ်းဖက် အစိုးရကို ဖြုတ်ချချင်၍ ဖြစ်သည်။ ပြီးတော့ လက်နက်အားကိုးနှင့် မတရားအုပ်ချုပ်နေသော ကဒါဖီကို လက်နက်ဖြင့် ပြန်လည်တော်လှန်ရန် နိုင်ငံတကာက လက်နက်တွေ အကူအညီပေးသည်။ ယင်းနှစ်ချက်ကြောင့် အသေဆိုးနှင့် အာဏာရှင်ကဒါဖီ သေဆုံးသွားခဲ့ ရခြင်းဖြစ်သည်။ အကယ်၍ ကျနော်တို့  ပြည်ပမှာ ရှိသော အတိုက်အခံများက အစည်းအဝေး မလုပ် ၊ ကမ်ပိမ်းမလုပ်ဘဲ ချရင်ချ ကြတော့မည်ဟု ဖြစ်လာကြပြီဆိုလျှင် နိုင်ငံတကာကလည်း လက်နက်တွေ ထုတ်ပေးကြလိမ့်မည်ထင်သည်။ အိန္ဒိယနိုင်ငံမှာ မဟတ္တမဂန္ဒီကြီးမှာ ဆားချက်ပြီး လမ်းပေါ်လျောက်နေခဲ့ ၍ အိန္ဒိယနိုင်ငံ လွပ်လွပ်ရေးရသည်မဟုတ်ချေ ။ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ သော မစ္စတာ နာတာဂျီး ဆူဘိစ် ချန်ဒရာဘို့ စ် လို မျိုးချစ်ခေါင်းဆောင်များက လက်နက်ကိုင်တော်လှန်ခဲ့ လို့  လွပ်လွပ်ရေးရခဲ့ ခြင်းဖြစ်သည်။ နယူးဒေလီမြို့  ၏ ပါလီမန်လမ်းမပေါ်ရှိ မုဒ်ဦးကျောက်စာတိုင်မှာ အမည်နာမ မော်ကွန်းရေးထိုးထားသော နာမည်များ ရေးထိုးထားသည် ။ ယင်းသို့  ထိုးထားသူများမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်၍ အသက်ပေးစွန့် လွှတ်ခဲ့ သော မျိုးချစ် တော်လှန်ရေးခေါင်းဆောင်များဖြစ်သည် ။ အင်္ဂလိပ်အစိုးရနှင့် သူသေကိုယ်သေ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ ၍ သေကြေခဲ့ ရသူများဖြစ်သည် ။ တချို့ မှာ ထောင်ထဲ နှိပ်စက်ပြီး သေဆုံးခဲ့ ရသူများဖြစ်သည်။
ကျနော်ပြောချင်သည်မှာ မြန်မာနိုင်ငံ ကျောင်းသားများအဖွဲ့ ချုပ်၏ နိုင်ငံရေးသုံးသပ်ချက်ကို တိတိကျကျ ထောက်ခံယင်း ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းလည်းဖြစ်သည်။ အကြောင်းမှာ လစ်ဗျားနိုင်ငံက လမ်းမပေါ်ထွက်ပြီး ပျော်ရွှင်မြူးတူးစွာဖြင့် ကြွေးကြော်နေကြသော သူတို့ မှာ မြန်မာနိုင်ငံကျောင်းသားများအဖွဲ့ ချုပ်၏ နိုင်ငံရေးသုံးသပ်ချက်ကို မီးမောင်းထိုးပြနေသလားလို့ တောင် ပြောရတော့မှ ဖြစ်သည်။ အကယ်၍ ယင်းသို့ သာ ဖြစ်လာခဲ့ လျှင်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ၏ သမိုင်းပြောင်းလဲ သွားသော အနာဂတ်လို့  ပြောမှာ သေချာသည် ။ မစ္စတာဘန်ကီမွန်းသည် အာဏာရှင်ကဒါဖီ သေဆုံးကျဆုံးခြင်းကို ထောပနာ ပြုသူဖြစ်သည် ။ သည်တော့ ကဒါဖီ သေပြီ ။ မကြာမှီ ဦးသန်းရွှေ နှင့် ဦးမောင်အေးတို့ အလှည့်လာတော့မည် ။ မကြာမှီ ဦးသိန်းစိန် ဖြစ်လာမည်ဟု လစ်ဗျားနိုင်ငံ ပြည်သူတွေလို့ သေနတ်တွေကို လက်မှာမြှောက်၍ အော်လိုက်ချင်စမ်းပါဘိ ။ ဘာကြောင့်ဆိုတော့ အသေဆိုးနဲ့  သေတဲ့ အာဏာရှင် အကြမ်းဖက် သမားတွေ ရဲ့  နမိတ်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ နေရလို့ ပင် ဖြစ်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

Burma advocacy and outreach in Canada


Ottawa - Friday, October 21, 2011
A three way partnership between CUPE, Canadian Friends of Burma and CUSO-VSO will sponsor a visit to Canada by two young Burmese leaders. Mi Aie Son works with the Mon Youth Progressive Organization and Aung Naing Soe is the General Secretary of Nationalities Youth Forum. They will visit Ottawa, Toronto and Vancouver over the next 2 weeks and ask for international solidarity and support for their human rights advocacy work.
CUPE’s Global Justice Fund helps finance youth activists in Burma who are asking for:
1. Release of all youth political prisoners along with all other political prisoners. 
2. Stop the oppression of democratic student and youth activists who are seeking freedom and human rights protection. 
3. Stop attacks in the ethnic areas. 
4. Commence an authentic dialogue with Aung San Suu Kyi and promote dialogue with democratic and ethnic forces to stop the root causes of current problems.
Recent amnesties released only 200 political prisoners - most were about to be released. There are still over 2000 political prisoners in Burmese prisons living under extremely inhumane conditions. The 'so-called civilian' government is simply using them as hostages, readily available for bargaining when the pressure from the international community becomes high. Growing up in Burma today leaves young Burmese subjected to human rights violations, especially in the armed conflict areas where there are increasing attacks by the Burmese army on ethnic armed groups.
CUPE, CUSO-VSO and CFOB will launch a postcard campaign next week to increase pressure on the Burmese regime to release all political prisoners. They will visit with the Parliamentary Friends of Burma, DFAIT, NGOs, Human Rights groups, Universities and Youth groups in Ottawa and Toronto before participating in the CUPE National Convention in Vancouver.
Sam, a Canadian volunteer with CUSO-VSO working along the Thai-Burma border, states: "In Burma, large-scale infrastructure development projects lead to increased militarization and concomitant human rights abuses while generating massive revenues for the military government. The Shwe Gas and Burma-China Pipelines project was forced ahead without the free, prior and informed consent of local communities, and people have been beaten and arrested for voicing opposition to the project. Without democratic political reform and genuine negotiations with Ethnic Nationalities, this kind of infrastructure development in Burma must be considered destructive development."


Ms Son and Mr. Soe will speak at these public presentations:
·         Tuesday, Oct. 25th, 6:30 pm, Ottawa Main Library on 120 Metcalfe St., Ottawa
·         Wednesday, Oct. 26th, 6:30 pm, Ryerson University, Jorgenson Hall Centre Hub 152, 350 Victoria St., Toronto
·         Sunday, Oct. 30th, 2-4pm Meet and Greet, CUSO-VSO office, 1460 Howe St., Vancouver
Light refreshments will be served.


CONTACT:
Marian White, CUSO-VSO - Cell – (902) 393-4550      
Tin Htoo Maung, Canadian Friends of Burma - Cell - (613) 297-6835      



Organized by CUSO-VSO, CUPE (Canadian Union of Public Employees), CFOB (Canadian Friends of Burma).


Download events poster - http://www.cuso-vso.org/Images/burma-leaflet-sm_tcm77-33965.pdf
Download campaign poster - http://www.cuso-vso.org/Images/burma-postcard_tcm77-33966.pdf

၂၁.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16943906/21Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16943907/21Oct2011Yeyintngesdiary.pdf.html

21 Oct 2011 Yeyintnge's Diary

အာရပ်​နွေဦး​နှင့်​ မြန်မာပြည်




Published on October 21, 2011 by နေသွင်   ( ​ဆောင်း​ပါး​ရှင် David I Steinberg သည် ​ဂျော့​တောင်း​တက္ကသိုလ်၊​ အာရှ ​လေ့​လာ ​ရေး​ဌာနက ပါ​မောက္ခဖြစ်ပြီး​၊​ မြန်မာနှင့်​ ​မြောက်ကိုရီး​ယား​အ​ရေး​ ကျွမ်း​ကျင်သူအဖြစ် လူသိများ​သည်)

အာရပ် ​နွေဦး​လို့​ ​ခေါ်တဲ့​ အ​ရှေ့​အလယ်ပိုင်း​က အာဏာရှင်ကို ဆန့်​ကျင်တဲ့​ ​တော်လှန်​ရေး​တွေရဲ့​ ​အောင်မြင်မှု​တွေ၊​ ရုန်ကန်း​ဆဲ ​တော်လှန်​ရေး​တွေဟာ အာရပ် စကား​ပြောတဲ့​ နိုင်ငံ​တွေရဲ့​ အပြင်ဘက်ကိုလည်း​ ရိုက်ခတ်သွား​ပါတယ်။

အာရပ်​နွေဦး​ ရဲ့​ ​တော်လှန်​ရေး​တွေ အား​လုံး​ကို ကြည့်​မယ်ဆိုရင် ​အောက်​ခြေက စလာတဲ့​ အ​ပြောင်း​အလဲ​တွေပါပဲ၊​ ဆိုး​ရွား​တဲ့​ နိုင်ငံ​ရေး​နဲ့​ လူမှု​ရေး​ အထိန်း​အချုပ်​တွေ၊​ စီး​ပွား​ရေး​မညီမျှမှုအ​ပေါ်မှာ စိတ်ပျက်​နေတဲ့​ ပြည်သူလူထုဆီက​နေ စခဲ့​တဲ့​ အ​ပြောင်း​အလဲ​တွေပါ
အား​လုံး​ သိကြတဲ့​အတိုင်း​ ဒီ​တော်လှန်​ရေး​တွေဟာ ကျူနီး​ရှား​နိုင်ငံက လမ်း​ဘေး​ ​ဈေး​သည်​လေး​တ​ယောက်က မိမိကိုယ်ကို ​သေ​ကြောင်း​ကြံရာ​နေ စခဲ့​ပြီး​ နိုင်ငံ ၆ ခုဆီကို ပျံ့​နှံ့​သွား​ခဲ့​ပါတယ်။ အဲဒီနိုင်ငံ​တွေမှာ စစ်မှန်တဲ့​ အ​ပြောင်း​အလဲ၊​ အပြုသ​ဘော​ဆောင်တဲ့​ အ​ပြောင်း​အလဲ​တွေ ဖြစ်​တော့​မယ်ဆိုတဲ့​ ​မျှော်လင့်​ချက်​တွေဟာ အဲဒီ​ဒေသက နိုင်ငံ​တွေသာမက ကမ္ဘာကြီး​ရဲ့​ တခြား​အရပ်​တွေဆီကို ကူး​စက်သွား​ခဲ့​ပါတယ်။ ဒီလှုပ်ရှား​မှု​တွေရဲ့​ အင်အား​တွေအ​ပေါ်မှာ အား​ကျကြပါတယ်။
တချို့​က​တော့ ​ ဒီအာဏာရှင်​တွေကို ​တော်လှန်တဲ့​ ဒီမိုက​ရေစီလှိုင်း​တွေဟာ အ​ရှေ့​အလယ်ပိုင်း​ ​ဒေသက​နေ နယ်​ကျော်ပြီး​ တခြား​အာဏာရှင်နိုင်ငံ​တွေကိုလည်း​ ရိုက်ခတ်​တော့​မယ်ဆိုတဲ့​ စဉ်း​စား​ချက်​တွေလည်း​ ရှိလာကြပါတယ်။ မြန်မာနဲ့​ ​မြောက်ကိုရီး​ယား​ဆိုရင် မီဒီယာ​တွေမှာ ကျယ်ကျယ်ပြန့်​ပြန့်​ ​ဖော်ပြခံရတဲ့​ နိုင်ငံ​တွေပါ။
ဒီနှစ်​နွေမှာ မြန်မာပြည်ကို အလည်အပတ်သွား​တဲ့​ ထင်ရှား​တဲ့​ အ​မေရိကန် တ​ယောက်က အာရပ်​နွေဦး​ဟာ မြန်မာပြည်ကိုလည်း​ ရိုက်ခတ်မယ်လို့​ မှတ်ချက် ​ပေး​ပါတယ်။ ဒါ​ပေမယ့်​ သူ့​အမြင်ဟာ မြန်မာပြည်ရဲ့​ ထူး​ခြား​ချက်ကို လျစ်လျူရှုထား​ပါတယ်။ အဲဒါက​တော့​ မြန်မာပြည်မှာ ​အောက်​ခြေကစတဲ့​ ​တော်လှန်​ရေး​တွေ လတ်တ​လောမှာ ဖြစ်နိုင်​ချေ မရှိဘူး​ဆိုတာပါပဲ။
တော်​တော်များ ​များ​မျှော်လင့်​ထား​တာက အစိုး​ရသစ်​ခေါ်​ခေါ်၊​ စစ်တပ်က ထိန်း​ချုပ်ထား​တဲ့​ လက်ရှိ အစိုး​ရလက်ထက်မှာ သိသာတဲ့​ အ​ပြောင်း​အလဲ​တွေ မ​ပေါ်​ပေါက်နိုင်ဘူး​ ဆိုတာပါပဲ။ အစိုး​ရသစ် ဆိုတာကလည်း​ စည်း​ကမ်း​ပြည့်​ဝ​သော ဒီမိုက​ရေစီအတွက် ဆိုပြီး​ အပြစ်အနာ​တွေ ပြည့်​နေတဲ့​ ​ရွေး​ကောက်ပွဲနဲ့​ ပုံပျက်ပန်း​ပျက် ဖန်တီး​ထား​တဲ့​ အဖွဲ့​ဖြစ်ပါတယ်။
ဒါ​ပေမယ့်​ အဲဒီအစိုး​ရလက်ထက်မှာ အ​ရေး​ကြီး​တဲ့​၊​ အ​ပေါင်း​လက္ခဏာ ​ဆောင်တဲ့​ တိုး​တက်မှုတချို့​ ​တွေ့​လာရသလို ​နောက်ထပ် လုပ်မယ်လို့​ ကတိ​ပေး​ထား​တာ​တွေလည်း​ ရှိလာပါတယ်။
ဒီလို အ​ပေါင်း​လက္ခဏာ​တွေ ရှိလာတယ်ဆို​ပေမယ့်​ အ​ရေး​ကြီး​တဲ့​ အာဏာ ဘယ်မှာရှိ​နေသလဲ ဆိုတဲ့​ အချက်ကို​တော့​ ဖုံး​ဖိထား​လို့​ မရပါဘူး​။ စစ်တပ်က သူတို့​ အာဏာတည်မြဲ​ရေး​ အစီအမံ​တွေနဲ့​ ဖွဲ့​စည်း​ပုံအသစ်ကို ​ရေး​ဆွဲခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အရပ်သား​ ပုံစံ၊​ တစုံတရာ အများ​ဆန္ဒကို အ​ခြေခံတဲ့​စနစ်၊​ အများ​ဆန္ဒကို တာဝန်ခံတဲ့​ စနစ်လို့​ ​ပြောလို့​တော့​ ရပါတယ်။
အာရပ်​နွေဦး​ နဲ့​ မတူတာက မြန်မာပြည်က အ​ပြောင်း​အလဲ​တွေဟာ အထက်က လာတဲ့​ အ​ပြောင်း​အလဲ​တွေ ဖြစ်ဖို့​များ​ပါတယ်။ အရပ်ဝတ်လဲထား​တဲ့​ စစ်​ခေါင်း​ဆောင်တစုဟာ အာဏာကို ဆက်ထိန်း​ထား​ဖို့​ဆိုရင်၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​မှာ တစုံတရာ လွတ်လပ်ခွင့်​ပေး​ရမယ်၊​ နိုင်ငံ​ရေး​မှာလည်း​ ပြည်သူ့​ဆန္ဒ အ​ပေါ်မှာ အ​ခြေခံတဲ့​ပုံစံမျိုး​အတိုင်း​အတာတခုအထိ ​ခေတ်မီ​အောင်လုပ်ရမယ် ဆိုတာကို ​နောက်ကျမှ သိလာပုံရပါတယ်။
မြန်မာပြည်မှာ ​အောက်​ခြေက စတဲ့​တော်လှန်​ရေး​တွေ ​ပေါ်​ပေါက်ခဲ့​ဖူး​ပါတယ်။ ၁၉၈၈ လူထု​တော်လှန်​ရေး​ဆိုရင် တပါတီ ဆိုရှယ်လစ်စစ်တပ် ကြီး​စိုး​တဲ့​ အစိုး​ရကို ဆန့်​ကျင်ခဲ့​ပေမယ့်​ ​နောက်ထပ် စစ်တပ်အာဏာသိမ်း​မှုတခုမှာ အဆုံး​သတ်ခဲ့​ရ ပါတယ်။ ၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ ဆိုရင်လည်း​ အစပိုင်း​မှာ ဘုန်း​တော်ကြီး​တွေ ဦး​ဆောင်ခဲ့​ပြီး​၊​ ကျယ်ပြန့်​ပြီး​ အ​ရေး​ပါတဲ့​ ဆန္ဒပြမှု​တွေပါပဲ၊​ ​တော်လှန်​ရေး​လို့​တော့​ မ​ခေါ်နိုင်ပါဘူး​။ ဒီလှုပ်ရှား​မှုဟာလည်း​ နိုင်ငံ​ရေး​ လှုပ်ရှား​မှု အသွင်​ဆောင်လာတဲ့​အခါမှာ ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်း​တာ ခံလိုက်ရပါတယ်။
သမိုင်း​ ကြောင်း​ ပြန်​ကောက်ရရင် ​ခေတ်သစ်မှာ အ​ရှေ့​အာရှ​ဒေသက ဒီမိုက​ရေစီ ဆိုတာ ​အောက်​ခြေက​နေ စတဲ့​ လူထု လှုပ်ရှား​မှု​တွေက​နေ ​ပေါ်​ပေါက်လာတာက များ​ပါတယ်။ ဥပမာဆိုရင် ဖိလစ်ပိုင်မှာ ၁၉၈၆ ခုနှစ် လူထုစွမ်း​အား​ လှုပ်ရှား​မှုနဲ့​ ဖာဒီနန် မား​ကို့​စ်ကို ဖြုတ်ချခဲ့​ပါတယ်။
တောင်ကိုရီး​ ယား​မှာ ၁၉၈၇ ခုနှစ် ငြိမ်း​ချမ်း​စွာဆန္ဒပြမှု​တွေနဲ့​ အာဏာရှင် ချန်ဒူး​ဝမ် အစိုး​ရကို ဖြုတ်ချခဲ့​ပါတယ်။ ထိုင်း​မှာဆိုရင်လည်း​ စစ်တပ်ကို ဆန့်​ကျင်တဲ့​ ဆန္ဒပြမှု​တွေ အကြိမ် ​ပေါင်း​များ​စွာ ဖြစ်ခဲ့​ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အင်ဒိုနီး​ရှား​မှာ ဆူဟာတိုကို ဖြုတ်ချခဲ့​တာလည်း​ ​အောက်​ခြေက​နေ စလာတဲ့​ လူထုလှုပ်ရှား​မှု​တွေပါပဲ။
ထိုင်ဝမ် သမ္မတ​ဂျောင်ဂျင်ဂွာ တ​ယောက်ပဲ သူ့​အစိုး​ရကို အသက်ဆက်ရှင်​အောင် ထိန်း​ထား​နိုင်ပြီး​ အ​ပြောင်း​အလဲ​တွေ လုပ်ဖို့​ လိုတယ်၊​ လုပ်ရမယ့်​ အချိန်​ရောက်ပြီး​ ဆိုတာကို အသိအမှတ်ပြုခဲ့​၊​ နိုင်ငံ​ရေး​ အ​ပြောင်း​အလဲ​တွေကို အထက်က​နေ ​အောက်ကို ချ​ပေး​တဲ့​ ပုံစံမျိုး​နဲ့​ လုပ်​ဆောင်ခဲ့​ပါတယ်။
မြန်မာပြည်က ဖြစ်နိုင်တဲ့​ အ​ပြောင်း​အလဲ​တွေ အ​ပေါ်မှာလည်း​ ​တော်​တော်များ​များ​က မ​မျှော်လင့်​ခဲ့​သ​လောက်ပါပဲ။ ပြည်တွင်း​က လူ​တွေက​တော့​ ဆိုး​ရွား​လှတဲ့​ တိုင်း​ပြည်မှာ ဖြစ်နိုင်​ချေရှိတဲ့​ နိုင်ငံ​ရေး​နဲ့​ စီး​ပွား​ရေး​ အ​ပြောင်း​အလဲ​တွေကို ဖြည်း​ဖြည်း​ချင်း​ဖြစ်လာဖို့​ ​စောင့်​ရမယ်လို့​ ယူဆလာပုံရပါတယ်။
အစိုး​ရက စီး​ပွား​ရေး​ အ​ပြောင်း​အလဲ​တွေကို လုပ်ဖို့​ ပြင်​နေပါတယ်။ တိုင်း​ပြည်ဆင်း​ရဲတာကို ရာစုနှစ်ဝက်ကြာမှ ပထမဆုံး​အကြိမ်အဖြစ် တရား​ဝင် ဝန်ခံလာပါတယ်။ အဂတိ လိုက်စား​မှုကို ပြဿနာတရပ်အဖြစ် အသိအမှတ် ပြုလာပါတယ်။
လူ့​အခွင့်​အ​ ရေး​ကိစ္စ​တွေ ​ဆွေး​နွေး​လာပါတယ်။ လူနည်း​စု​တွေရဲ့​ အ​ရေး​အရာ​တွေကို နည်း​နည်း​ပါး​ပါး​ ​ပြောလို့​ဆိုလို့​ ရလာပါတယ်။ ဆင်ဆာဖြတ်တာ​တွေလည်း​ ​လျှော့​လာပါတယ်။ အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​စည်း​ခွင့်​ ပြုလာပါတယ်။ ပြည်သူ​တွေ လက်မခံတဲ့​ တရုတ်ရဲ့​ ဧရာမ စီမံကိန်း​ကြီး​ကိုလည်း​ သမ္မတက ဆိုင်း​ငံ့​ လိုက်ပါတယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​ ဆိုတာ မရှိပါဘူး​လို့​ တ​လျှောက်လုံး​ ​ပြောလာရာက​နေ တချို့​ကို လွှတ်​ပေး​လိုက်ပါတယ်။ ပြည်ပ​ရောက် မြန်မာ​တွေကို ပြန်လာဖို့​ ဖိတ်​ခေါ်ပါတယ်။ တချို့​လည်း​ မရဲတရဲနဲ့​ ပြန်သွား​နေတာလည်း​ ရှိပါတယ်
ဒါ​ပေမယ့်​ ဒီအ​ပြောင်း​အလဲ​တွေဟာ အကြမ်း​တော့​မခံပါဘူး​၊​ အ​ကြောင်း​က​တော့​ ဒီအ​ပြောင်း​အလဲ​တွေ​ကြောင့်​ ထိပ်ပိုင်း​ စစ်အရာရှိ​တွေ၊​ သူတို့​ အ​ပေါင်း​ပါ​တွေ အပါအဝင် ​တော်​တော်များ​များ​ကို ထိခိုက်လို့​ ဖြစ်ပါတယ်။ ဒီလူ​တွေက​တော့​ လမ်း​ဟောင်း​အတိုင်း​ လိုက်ဖို့​ပဲ ပိုသ​ဘော ​တွေ့​ကြပါတယ်။
ဒါ​ကြောင့်​ မြန်မာပြည်အ​ခြေအ​နေက စိုး​ရိမ်မယ်ဆို စိုး​ရိမ်စရာ​တွေ​တော့​ ရှိပါတယ်။ အစိုး​ရအဖွဲ့​သစ်က သက်တမ်း​နု​သေး​၊​ မ​ရေမရာ အ​ခြေအ​နေမှာပဲ ပြုပြင်​ပြောင်း​လဲပါမယ်လို့​ ​ပြောထား​တာ​တွေကို အ​ကောင်အထည် ​ဖော်ရမှာ​တွေလည်း​ ရှိ​နေပါတယ်။ ပြည်သူ​တွေက​တော့​ စစ်တပ်က ထိန်း​ချုပ်ထား​တဲ့​ လမ်း​ကြောင်း​နဲ့​ဖြစ်ဖြစ် သူတို့​အတွက် အနာဂတ်ရှိ မလား​၊​ မရှိဘူး​လား​ဆိုတာကို စဉ်း​စား​ကြတာပါပဲ။ ဒါ​ပေမယ့်​ အချိန်ကာလ သတ်မှတ်ချက်က​တော့​ မ​သေချာပါဘူး​၊​ အကယ်၍ အ​ပြောင်း​အလဲ​တွေ တကယ်လုပ်လာပြီး​၊​ ပြည်သူ​တွေရဲ့​ ဘဝ​တွေ တိုး​တက်လာတယ် ဆိုရင်​တောင်မှ အဆုံး​အဖြတ် အာဏာဟာ စစ်တပ်ဆီမှာ ​သေချာတဲ့​ အချိန်ကာလတခုထိ ရှိ​နေပါဦး​မယ်။ ဒါ​ပေမယ့်​ တခြား​ နိုင်ငံ​တွေကို ကြည့်​မယ်ဆိုရင်လည်း​ ပြည်သူ​တွေ ဘဝ တိုး​တက် ​ကောင်း​မွန်ဖို့​ ​ရေမ​ရောတဲ့​ ဒီမိုက​ရေစီ စစ်စစ်ကြီး​ မလိုပါဘူး​။ မြန်မာပြည်အတွက် မ​ဝေး​တော့​တဲ့​ အနာဂတ် ရည်မှန်း​ချက်ဟာလည်း​ ဒီအတိုင်း​ပဲ လက်​တွေ့​ဖြစ်လာဖို့​ များ​ပါတယ်။
ဒါ​ကြောင့်​ ပြင်ပကမ္ဘာအ​နေနဲ့​ ဒီအ​ပြောင်း​အလဲ​တွေအ​ပေါ်မှာ ထင်​ယောင် ထင်မှား​နဲ့​ အလွန်အကျွံ ​မျှော်လင့်​ချက်​တွေ ကင်း​ကင်း​နဲ့​ ဆက်ပြီး​ တွန်း​အား​ပေး​သင့်​ပါတယ်။ မြန်မာပြည်မှာ ဆီရီး​ယား​တို့​၊​ ရီမင်တို့​မှာလိုမျိုး​ စိတ်မ​ကောင်း​စရာ ​သေကြရမယ့်​ အ​ခြေအ​နေမျိုး​ မဖြစ်​အောင် ​ရှောင်သင့်​ပါတယ်။ အခု​လောက်ဆိုရင် မြန်မာစစ်တပ်ကလည်း​ အ​ရှေ့​အလယ်ပိုင်း​က သင်ခန်း​စာ​တွေကို နား​လည်​နေ​လောက်ပါပြီ။ အဲဒီက​တော့​ အစိုး​ရက အ​ပြောင်း​အလဲကို မလုပ်ရင် ပြည်သူ​တွေက အ​ပြောင်း​အလဲကို သူတို့​ဖာသာ အတင်း​လုပ်ယူကြမယ် ဆိုတာပါပဲ။ အများ​က ဆန္ဒရှိတဲ့​ ​တော်လှန်​ရေး​ပုံစံနဲ့​ မဟုတ်ရင်​တောင် အ​ပေါင်း​လက္ခဏာ ​ဆောင်တဲ့​ အ​ပြောင်း​အလဲ ဖြစ်​အောင် ပြည်သူ​တွေက သူတို့​ဘာသာ ဖန်တီး​ယူကြမှာ ​သေချာပါတယ်။(www.atimes.com မှာ ​ဖော်ပြခဲ့​သည့်​ The Arab Spring and Myanmar ​ဆောင်း​ပါကို ဆီ​လျော်​အောင် ဘာသာပြန်ပါသည်)
http://burmese.dvb.no/archives/16831 

ခေါင်းလျှော်ရည် အဝယ်ခိုင်းရာက ပျောက်ဆုံးနေသော ကလေး




အေးလဲ့ | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့နေ အသက် ၁၄ နှစ်အရွယ် မောင်ဟိန်းစိုးဝင်းသည် ပျောက်ဆုံးနေသည်မှာ တလကျော် ကြာမြင့်နေသော်လည်း သဲလွန်စပင် ရှာမရ ဖြစ်နေသည်။

အိမ်အမှတ် (၅၆)၊ (၄၁) လမ်း၊ ဗိုလ်တထောင်မြို့နယ်နေ မောင်ဟိန်းစိုးဝင်းသည် စိန်ပေါ်ကျောင်းတွင် ၉ တန်း၊ D အခန်း၌ ပညာသင်ကြားနေသူ ဖြစ်သည်။

စက်တင်ဘာလ ၂၀ ရက်နေ နံနက်  ၁၀ နာရီခွဲခန့်က အဒေါ်ဖြစ်သူက ငွေကျပ်နှစ်ထောင်ပေးပြီး အိမ်အနီးရှိ ‘ဂမုန်းပွင့်’ ကုန်တိုက်သို့ ခေါင်းလျှော်ရည် အဝယ်ခိုင်းခဲ့ရာက ပြန်မရောက်လာခြင်း ဖြစ်သည်။ 

“ သူပျောက်သွားတဲ့ ညပိုင်းက စ ရှာနေတာပါ၊ သင်္ဃန်းကျွန်း စံပြဈေးဘက်၊
heinsoewin
ပျောက်ဆုံးနေသော ၉ တန်းကျောင်းသား မောင်ဟိန်းစိုးဝင်း။ဘူတာရုံတွေဘက်၊ မြို့ပတ်ရထားစီးပြီး၊ Street children တွေရှိတဲ့နေရာမျိုးတွေ နေရာအနှံ့ လိုက်ရှာပါတယ်” ဟု ကိုရှိုင်းက ပြောသည်။

မောင်ဟိန်းစိုးဝင်း၏ မိခင်ဖြစ်သူ ဒေါ်အေးအေးဝင်းက ဈေးရောင်းပြီး ဖခင်ဖြစ်သူ ဦးအံ့နွယ်က ငါးဖမ်းသင်္ဘော လိုက်သူဖြစ်ရာ ကာလရှည် ခရီးထွက်ရလေ့ ရှိသည်။

စစ်သားစုဆောင်းရေး တပ်များဘက်လည်း စုံစမ်းခဲ့ကြောင်းကို ကိုရှိုင်းက “စစ်သားစုဆောင်းရေး တပ်ထဲလည်း အသိ တချို့နဲ့ စုံစမ်းတယ်။ လူတော်တော်များများက ဒီကလေးက ၁၄ နှစ်သားဆိုတော့ စစ်သား စုဆောင်းရေးထဲမှာများ ရှိနေမလားလို့ ထင်ကြတယ်” ဟုပြောသည်။

ဗိုလ်တထောင် ရဲစခန်းတွင် အမူတိုင်ချက်ဖွင့်ထားကာ စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ နှစ်ရက်နေ့များတွင်
နိုင်ငံပိုင် သတင်းစာထဲတွင် နှစ်ကြိမ်တိုင် လူပျောက် ကြေညာထားသည်ဟု  ပျောက်ဆုံးသူ၏ ကျူရှင်ဆရာမဖြစ်သူ
ဒေါ်မိုးသီတာက ပြောသည်။

“ဗိုလ်တထောင် ရဲစခန်းမှာ တိုက်ချက်ဖွင့်ထားတယ်၊ ရဲစခန်းက ဒီကလေး ပျောက်ဆုံးကြောင်း စာရွက်နှင့် ပျောက်ဆုံးမူ မှန်ကန်ကြောင်း စာရွက် နှစ်ရွက် ထုတ်ပေးတယ်၊ ”  ဟု ဒေါ်မိုးသီတာက ပြောသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8524-2011-10-21-10-54-09.html

သာယာဝတီ အကျဉ်းထောင်မှာ ခြစားနေမှုက


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၇ မိနစ်


လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသား တယောက်က ရေးသားပေးပို့ခြင်း ဖြစ်
သည်။ နာမည်ဆိုးဖြင့် ကျော်ကြားလှသော သာယာဝတီထောင်မှ ထောင်အာဏာပိုင်များ အကြောင်းကို ပြောပြ
ထားခြင်း ဖြစ်သည်။

သာယာဝတီထောင်ပိုင် ကျော်နိုင်သည် သာယာဝတီထောင်သို့ စရောက်လာသည့်နေ့မှာပင် အကျဉ်းသားများကို (အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများကို) နှိပ်ကွပ်မည်ဟု ကြွေးကြော် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။

ဖြစ်စဉ် - ၁ ။ ။ ပထမအကြိမ်အဖြစ် တိုက်ဝင်းများရှိ နှစ်ထပ်တိုက်များတွင် အပေါ်ထပ်များ၌ ဆယ်စုနှစ်ပေါင်း များစွာ လူမထားခဲ့ပါ။ (လူထားရန် မသင့်တော်၊ အန္တရာယ်ရှိသည်ဟု ထောင်ပိုင် အဆက်ဆက်နှင့် အကျဉ်းဦးစီး ဌာန အင်ဂျင်နီယာဌာနခွဲတို့မှ သတ်မှတ်ထားခဲ့သည်။) ထိုအပေါ်ထပ်များတွင် နိုင်ငံရေး အကျဉ်းသားများကို ထားရန် အတင်း အကျပ် လုပ်ပါတော့သည်။

နိုင်ငံရေး အကျဉ်းသားများကလည်း အပေါ်ထပ်တွင် အန္တရာယ်ရှိကြောင်း၊ ရှေ့ထောင်ပိုင် အဆက်ဆက် က လည်း ပြုပြင်ပြီး အပေါ်ထပ်တွင်လူထားရန် ကြည့်ခဲ့ကြပြီးတော့ အန္တရာယ်ရှိသည်။ လူထား၍ မဖြစ်ဆိုကာ လူမထားခဲ့ကြောင်း ပြောပြသော်လည်း အတင်းအကြပ်ပင် ထောင်ဝန်ထမ်း အင်အားဖြင့် အနိုင်အထက်
ပြုလုပ်ကာ လူထားရန် ကြိုးစားခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြပြီး အကျဉ်းဦးစီးဌာန
မှ အဆင့်မြင့် အရာရှိများနှင့် တွေ့ကာ ရှင်းမည်ဟု ပြောမှပင် အပေါ်ထပ်ပြောင်းခြင်းကို ရပ်ဆိုင်းခဲ့ပါသည်။

သာယာဝတီ ထောင်တွင် စတာဝန်ထမ်းဆောင်သည့်နေ့မှာပင် အကျဉ်းသားများ၏ စားရိက္ခာကို တဝက်လျှော့ လိုက်ပါ သည်။ အကျဉ်းသားများကို အသားငါးကျွေးရန် မကိုက်သဖြင့် ဝယ်ရသမျှကိုသာ ဝေမျှပေးပြီး (တယောက် သုံးကျပ်သား) ကျွေးမည် ဖြစ်ကြောင်း၊ ဆီမှာလည်းဈေးကြီးသဖြင့် ပုံမှန် သုံးပုံးအစား တပုံး (တရက်နှစ်ပိသာ) နဲ့ လောက်အောင်ချက် ရမည် ဖြစ်ကြောင်း၊ ထောင်မှ ပုံမှန်ဝေပေးနေသည့် ရေနွေးထဲ ထည့်သောက်ရန် လက်ဖက်ခြောက်ကို မီးဖို အကျဉ်းသား များက ဝယ်ပြီးပေးရမည် ဖြစ်ကြောင်း စသဖြင့် လုပ်ဆောင်ခဲ့သည်။

ထောင်မှစိုက်သည့် စပါးခင်းများမှရသည့် စပါးကောင်းများ ဆန်ကောင်းများကို ရောင်းစားပြီး အလွန်ညံ့၊ အလွန် ဆိုးသော ဆန်များကို လဲလှယ် ချက်ကျွေးခြင်း၊ မနက်ပိုင်း ပုံမှန်ဝေသည့် ဆန်ပြုတ်ကို ဆန်ကွဲများ ပြုတ်ကျွေးခြင်း၊ အကျဉ်းဦးစီး ဌာနရုံးချုပ်မှ ထောင်တိုင်းကို ချပေးသည့် အကျဉ်းသားများ အတွက် ရှူးဖိနပ်များကို မဝေပေးဘဲ၊ အလုံးအရင်းလိုက် ရောင်းစားခြင်း စသည်ဖြင့် လက်ရဲဇက်ရဲ ပြုလုပ်ခဲ့သည်။

အကျဉ်းသား လူနေဆောင်များ မီးမလာလျှင် ထွန်းရန် ဝေပေးထားသည့် ထောင်တွင်းဖြစ် အင်ဂျင်မီးများကို ဆီဖိုး မလုံလောက်ဟု အကြောင်းပြကာ ဖြုတ်သိမ်းခြင်း၊ လျှပ်စစ်မီးများကိုလည်း မီတာခဈေးကြီးသည် ဆိုကာ တနေကုန် ဖြတ်ထားခြင်း တို့ကြောင့် ညအချိန် အကျဉ်းသား အဆောင်များတွင် မသမာသူ အကျဉ်းသားများမှ မကောင်းမှု ပြုလုပ်ခြင်းများကို အားပေး အားမြေုာက် ပြုထားခြင်း၊ မီးဖြတ်ထားသဖြင့် ရေစက်မောင်း၍ မရ သဖြင့် ရေမရခြင်းကို ဂရုမစိုက်ခြင်း၊ အကျဉ်း သားများမှ ရေအခက်အခဲ ရှိကြောင်း အဆောင်မှူးများမှ တဆင့် တင်ပြ သတင်းပို့သော်လည်း လာရောက်တင်ပြ သတင်း ပို့သည့် အဆောင်မှူးများကို ဆူဆဲလွှတ်ကာ တုံ့ပြန် ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းတဦး
(သာယာဝတီအကျဉ်းထောင်)
http://www.mizzimaburmese.com/edop/letters-to-editor/8520-2011-10-21-07-45-06.html

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဖျက်သိမ်းရန် ဒီငြိမ်းတိုင်ကြား


ညီသစ် | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၄ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ရှိအာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား နိုင်ငံပိုင် ပစ္စည်းများ သုံးစွဲခဲ့သည့် အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေနှင့် ငြိစွန်းနေကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီမှာ မူလ မှတ်ပုံတင်စဉ် ကတည်းကပင် မှတ်ပုံတင်ခွင့် မရထိုက်သည့် ပါတီဖြစ်ကြောင်းနှင့် ရွေးကောက် ပွဲတွင် အနိုင်ရခဲ့သည့် ရလဒ်များနှင့်တကွ ပယ်ဖျက်သိမ်းရမည့် ပါတီဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်က
ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့သည့် တိုင်ကြားစာတွင် ပါရှိသည်။

“ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂နဲ့ ငြိစွန်းနေတယ်။ အဲဒါက နိုင်ငံပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်အစရှိတာကို သုံးစွဲနေတဲ့ ပါတီလို့ ဆိုတယ်။ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းကနေ ပြောင်းပြီး ပါတီဖွဲ့တာဖြစ်တဲ့အတွက် နိုင်ငံငွေကြေး များစွာ ပါဝင်တယ်။ ကျပ်သန်းကုဋေများစွာနဲ့ အသင်းကို ပါတီအဖြစ် ဖွဲ့စည်းထားတာ” ဟု ဒီငြိမ်းပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်း
တွေ့ရှိခြင်း” ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ပြဋ္ဌာန်းထားသည်။

ယင်းအချက်နှင့် ကိုက်ညီပါက ကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်း ပါတီကို လည်း ဖျက်သိမ်းရမည် ဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး တရားဝင် စာရင်းရှင်းတာ မတွေ့ရဘူး။ အရင်ခေတ်က မဆလကနေ အသွင် ပြောင်းလာတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ဆိုရင် ပါတီဖွဲ့တော့ စာရင်းရှင်းတာ ရှိခဲ့တယ်“ ဟု ဦးမျိုးညွန့်က
အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မည်သည့် တုံ့ပြန်မှုမှ ပြုလုပ်သေးခြင်း မရှိသေးပေ။

ဒီငြိမ်းပါတီက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ တခုလုံး အား ခြုံငုံသုံးသပ်ပါက လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲမဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရသွားခဲ့သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက ကိုယ်စားလှယ် ကိုးဦး ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း တဦးမျှ အနိုင်မရရှိခဲ့ချေ။

ပါတီ၏ ကြေညာချက်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုတို့အပေါ် ကြိုဆိုကြောင်း လည်း ပါရှိသည်။

ယင်းအပြင် “တူတာတွဲလုပ်၊ မတူတာ ညှိနှိုင်းလုပ်” မူဖြင့် ပြည်ထောင်စုအစိုးရနှင့် အားတက်သရော ပူးပေါင်း ဆောင် ရွက်သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။

အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8523-2011-10-21-10-09-21.html

ယုံကြည်ချက်အတိုင်း ဆက်လျှောက်ရန် ဒေါ်စုတိုက်တွန်း





ထွန်းထွန်း | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ လွတ်မြောက်လာသူ အကျဉ်းသားများအနေဖြင့် မိမိယုံကြည်ချက်လမ်းကြောင်း အတိုင်း ဆက်လုပ်သွားမည်ဟု မျှော်လင့်ကြောင်းနှင့် ဆက်လုပ်ရန် အတွက်လည်း အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ ကန်တော့ပွဲနှင့် လွတ်မြောက်လာသူ အကျဉ်းသားများ ကြိုဆိုပွဲ နှစ်ခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် အောက်တိုဘာလ ၂၁ ရက် ကျင်းပခဲ့ရာ၌ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အကျဉ်းထောင်ထဲမှာလည်းပဲ ကြံ့ကြံ့ခံပြီးတော့ ရပ်တည်ပြီးတော့ အခု လွတ်မြောက်လာတယ်။ လွတ်မြောက်လာတဲ့
နေရာမှာ မိမိ မူလယုံကြည်တဲ့ နိုင်ငံရေးတာဝန်တွေကို ဆက်လက်ပြီးတော့ ထမ်းဆောင်ကြမယ်လို့ သူက မျှော်လင့် ပြီးတော့ ကြိုဆိုပါတယ်တဲ့။ အဲဒီလို ထမ်းဆောင်ပါလို့လည်း တိုက်တွန်းချင်ပါတယ်” ဟု လူထုခေါင်းဆောင်က
ပြောဆိုခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သက်ကြီးပူဇော်ပွဲကို စတင် ကျင်းပခဲ့ဖြစ်ကာ လွတ်လပ်ရေး တိုက်ပွဲများမှ ယနေ့အချိန်အထိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် ဝါရင့်နိုင်ငံရေးသမားကြီး ရှစ်ဦးကို ဖိတ်ကြား ဂုဏ်ပြုခဲ့ခြင်း
ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း



r4

ဂုဏ်ပြုခံ နိုင်ငံရေးသမားကြီးများမှာ ဦးနိုင်ငွေသိန်း၊ သခင်လှကွန်း၊ ဦးသာဘန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုန်းမောင် (ရွှေတောင်)၊ ဦးကျော်စိန်နှင့် ဦးထွေးမြင့်တို့ ဖြစ်သည်။

ယင်းပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊
ပြည်နယ်/တိုင်းများမှ ပါတီအဖွဲ့ဝင် စုစုပေါင်း ၁,၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ယင်းတို့ထဲတွင် မကြာမီက လွတ်မြောက်လာသည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ဦးကျော်ခင် (တောင်ကြီး)နှင့် ဦးစောလှိုင် (အင်းတော်) အပါအဝင် အကျဉ်းသား ၁၀၀ ခန့်လည်း ပါရှိသည်။

“အခု ထောင်ထဲမှာ သူလွတ်ပေမယ့်လို့ လုပ်ဖော်ကိုင်ဘက်တွေပေါ့ဗျာ။ လုပ်ဖော်ကိုင်ဘက်တွေ အားလုံးပေါင်း၊
နိုင်ငံရေးသမားတွေ အားလုံးပေါင်း (၁၈၀၀) လောက် ကျန်နေသေးတယ်တဲ့။ အဲဒီ ၁၈၀၀ လောက်ကို မကြာခင်
ပြန်လွှတ်ပေးမယ်လို့ သူယုံကြည်နေတယ်တဲ့။ လွှတ်ပေးပါလို့လည်း တောင်းဆိုတယ်တဲ့” ဟု ကိုဇာဂနာက ပြောဆို ခဲ့သည်။

ယင်းအပြင် မကြာခင်တွင် ကျန်ရှိနေသည့် အကျဉ်းသားများ လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်းနှင့် ကြိုဆိုပွဲကိုလည်း အောင်ဆန်းကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“သူ အခု တခါတည်း ကြေညာလိုက်ချင်ပါတယ်တဲ့။ နောင် လွတ်လာမယ့် ညီတော်နောင်တော်တွေ ကြိုဆိုပွဲကို မကြာခင် လုပ်ပါမယ်တဲ့။ အောင်ဆန်းကွင်းမှာပါတဲ့။ ဖိတ်ပါတယ်တဲ့” ဟု ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် နိုင်ငံတဝန်း အကျဉ်းသား (၆၃၅၉) ဦးလွှတ်ပေးသည့် အစီအစဉ်အောက်တွင် နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပါဝင်ခဲ့သည်။

NLD အနေဖြင့် လူမှု အထောက်အကူပြု လုပ်ငန်း ရန်ပုံငွေနှင့် နိုင်ငံရေး လှုပ်ရှားမှု အဖြစ် ပန်းချီပြပွဲ တခုကို
အောက်တိုဘာလ ၂၃ မှ စ၍ သုံးရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

“အဖွဲ့ချုပ်ရဲ့ လူမှုကူညီရေး ကိစ္စတွေ အတွက် ရန်ပုံငွေ ရရှိဖို့လည်း ဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံရေး လှုပ်ရှားမှု တခုအဖြစ်နဲ့ ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြော သည်။

“The Portraits of Myanmar People Art Show” ဟု အမည်ပေးထားသည့် ယင်းပြပွဲကို ပါတီ သတင်းနှင့် ပြန်ကြား
ရေးနှင့် ပြင်ပ ပန်းချီပညာရှင်များ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ ပန်းချီဆရာများ ဖြစ်သည့် ဦးဝင်းဖေမြင့်၊ တင်အောင်ကျော်၊ ထင်လင်းနိုင်၊ သန္တာခိုင်၊ ကြည်သာအေး၊ ကျော်လင်း၊ ဖိုးစံတို့၏ ဆီဆေး၊ Acrylic ၊ ခဲပန်းချီ လက်ရာ ပန်းချီးကားများ ပါဝင်မည်သည်။

လက်ရှိ စုဆောင်းထားမှု အရ ပန်းချီကား (၅၀) ခန့်ရှိနေပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ လူထု စိန်ဝင်း၊ တေးရေးဆရာ ကိုနေဝင်း စသူတို့၏ ပုံတူပန်းချီကားများလည်း ပါဝင်မည် ဖြစ်သည်။

ပြည်ပမှ ဝယ်ယူလိုသူများ အနေဖြင့်လည်း ပါတီသတင်းနှင့် ပြန်ကြားရေးသို့ ဆက်သွယ်နိုင်ကာ ပါတီမှ ကူညီဆောင် ရွက်ပေးနေသည့် ပညာရေး၊ ကျန်းမာရေးနှင့် အကျဉ်းသားကူညီရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8526-2011-10-21-12-09-47.html


ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည်


ကိုပေါက် | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ထပ်မံ ခေါ်ယူလိုသည့် တနှစ် ကြာမြင့်ခဲ့ပြီ
ဖြစ်သော ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ မူများအတိုင်း ဆက်လက် ရပ်ခံသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စု စိတ်ဓါတ် ညီလာခံကတော့ မဖြစ်ဖြစ်အောင် လုပ်ရမယ့်ကိစ္စပဲ။ အခုဖြစ်နေတာတွေလည်း tension လျော့အောင် ဝိုင်းဝန်းပြောကြဆိုကြ၊ လှုပ်ရှားညှိနှိုင်းကြရမှာပဲလေ” ဟု မဇ္ဈိမကို
ပြောသည်။

ဦးတင်ဦးနှင့် ဦးဝင်းတင် အပါအဝင် လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီများ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ ၁၁ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာစာတမ်းတွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်
ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်။” ဟု ဖော်ပြပါရှိသည်။

၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျရောက်သည့် ဇိုမီး အမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ်
ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည်တွင် ‘၂၁ ရာစု ပင်လုံညီလာခံ’ ဟု ခေါ်တွင်လှုပ်ရှားလာခဲ့ကြသည်။

NLD ရုံးချုပ်တွင် ဟောပြောပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခဲ့ကြသော်လည်း လက်တလော ဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့် အလုပ်များနေကြောင်း သိရသည်။

ယခုနှစ် ZNC နှစ်ပါတ်လည် အခမ်းအနားကိုလည်း ကလေးမြို့တွင် ကျင်းပရန် စီစဉ်ထားကာ NLD (CEC)နှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့အား ဖိတ်ကြားထားပြီး NLD လူလတ်ပိုင်းခေါင်းဆောင်များ တက်ရောက်နိုင်လိမ့်မည်ဟု သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လက်ရှိအခြေအနေအပေါ် “အရေးအကြီးဆုံး နံပါတ်တစ် ကတော့ဗျာ
ဒီလို ပစ်ခတ်တိုက်ခိုက်နေရင်တော့လည်း ဘယ်လိုလုပ်ပြီး ယုံကြည်မှုရမလဲ။ ဒါကြောင့် အပစ်ရပ်ကြပါ။ မူလနေရာ status quo ပြန်နေပြီးတော့ ဆွေးနွေးနိုင်မယ်ဆိုရင်တော့ အဖြေကောင်း ရနိုင်တယ်လို့ ပြောဆိုလှုပ်ရှားနေတာတွေ ရှိပါတယ်” ဟု ဦးတင်ဦးက ပြောသည်။

လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP နှင့် ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးတခု ရရှိ ထားပြီး စစ်ဘက်အပါအဝင် အခြားပါတီအဖွဲ့အစည်းများနှင့်ပါ common ground များ တည်ဆောက်သွားခြင်းအားဖြင့် တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသွားသည်။
http://www.mizzimaburmese.com/news/inside-burma/8528-2011-10-21-12-18-04.html

ငွေလဲနှုန်း၊ IMF နှင့် မြန်မာ့စီးပွားရေး အရှုပ်ထုပ်



By featured, ရဲနည် on October 21, 2011 4:54 pm


မြန်မာ့ငွေကြေး လဲလှယ်နှုန်းထား ပြင်ဆင်ရေး အကူအညီပေးဖို့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်ကိုယ်စားလှယ်တွေမြန်မာပြည်ကိုလာပြီး ဆွေးနွေးနေကြပြီလို့ သိရပါတယ်။

ရှေ့ဆက် ဘယ်လိုပြုပြင်ပြောင်းလဲ ကြမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် အခုလို လမ်းပွင့်လာအောင် အကြံပေးခဲ့တဲ့ စီးပွားရေး ပညာရှင် ဦးမြင့်အပါအဝင် အကြံပေးအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာပြည်စီးပွားရေး စနစ်ကို ပြောင်းလဲလိုတဲ့ အစိုးရအဖွဲ့ဝင်တွေကို အသိအမှတ်ပြု လေးစားရမှာလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က တိုင်းပြည်စီးပွားရေးဟာ ဘက်ပေါင်းစုံ စိန်ခေါ်ချက်တွေအောက်မှာ ဝန်ပိနေတယ်လို့ ထုတ်ဖော်ပြောဆို လိုက်တဲ့အခါ လူအများစိတ်ထဲ ဖြတ်ခနဲ ဝင်လာတာကတော့ အတက်အကျကြမ်းနေတဲ့ မြန်မာ့ငွေလဲနှုန်းထား ကိစ္စပါပဲ။

ဒီနှစ်အစောပိုင်းကတည်းက မြန်မာကျပ်ငွေတန်ဖိုး တရကြမ်းခုန်တက်ခဲ့တာကြောင့် တိုင်းပြည်ပို့ကုန်ကဏ္ဍ ချည့်နဲ့လာခဲ့ ရတဲ့အပြင် စစ်အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ်များစွာ အလဲလဲပြိုကွဲခဲ့တဲ့ မြန်မာ့စီးပွားရေးကို တဖန်ပြန် ထူထောင်မယ့် အားထုတ်ချက်တိုင်း ကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ က အမေရိကန်တဒေါ်လာကို ကျပ်ငွေ တထောင်ကျော် ဈေးပေါက်ခဲ့ပေမယ့် ဒီနှစ်အတွင်း ၇၀၀ ရာကျော် အောက် ဗြုန်းဆို ရောက်သွားတဲ့အခါ သမ္မတက ရှားရှားပါးပါး မိန့်ခွန်းပြောပါတယ်။ တိုင်းပြည်သုံး ကျပ်ငွေ မြင့်တက် လာတာကြောင့် တိုင်းပြည်စီးပွားရေးကို အထိနာစေတယ်လို့ သမ္မတ ဦးသိန်းစိန်က စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ လူမှုဖူလုံရေး အထောက်အကူပေး သမားတွေကို ဖိတ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ကို ပြောခဲ့တာပါ။

ဒါ့အပြင် ပို့ကုန်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကူညီတဲ့အနေနဲ့ အစိုးရက ပို့ကုန် ၇ မျိုးအပေါ် အခွန်ကောက်ခံမှုကို လျှော့ချပေးခဲ့ပါတယ်။ ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ရော်ဘာ၊ ပြောင်း၊ ရေထွက်ပစ္စည်းနဲ့ တောထွက်ပစ္စည်းတွေကို ၇ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သလို အဲဒီပစ္စည်းတွေအပေါ် ကုန်သွယ်ခွန်ကောက်ခံတာကိုလည်း သြဂုတ်လ ၁၅ ရက်နေ့ကနေ ၂၀၁၂ ဖေဖော်ဝါရီအထိ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျပ်ငွေတန်ဖိုး အတက်အကျ ကြမ်းတာကြောင့် ပို့ကုန်ကဏ္ဍ မတည်မငြိမ်ဖြစ်နေရဆဲပါ။

ကျပ်ငွေတန်ဖိုး ရုတ်တရက်ခုန်တက်သွားရတဲ့ အကြောင်းများစွာ ရှိနိုင်ပါတယ်။ ကမ္ဘာတဝန်း စီးပွားရေး မတည်ငြိမ်တာကြောင့် ဒေါ်လာဈေး ကျဆင်းသွားတဲ့အပြင် ရေနံနဲ့ ဓာတ်ငွေ့ဈေးနှုန်းတွေ မြင့်တက်သွားတာ၊ ကျောက်စိမ်းနဲ့ တွင်းထွက် သယံဇာတတွေ ရောင်းကောင်းခဲ့တာ၊ စီးပွားရေးသမားတွေက အရပ်သားအစိုးရ မပြောင်းလဲခင် နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက် လွှဲတဲ့အခါမှာ မြေကွက်တွေနဲ့ နိုင်ငံပိုင်အဆောက်အအုံတွေကို အလုအယက်ဝယ်ခဲ့ တာတွေကြောင့် အစိုးရလက်ထဲ နိုင်ငံခြားအရန်ငွေတွေ တိုးပွားလာလို့ လို့ ယူဆနိုင်ပါတယ်။

အဲဒီအခါ ပို့ကုန်က ပြန်ဝင်လာတဲ့ ငွေတန်ဖိုးဟာ ထုတ်ကုန်စရိတ်ကို ပြန်ကာမိအောင် အလုံအလောက် မရနိုင်တော့လို့ စီးပွားရေးလုပ်ငန်းတွေ ပိတ်လိုက်ရနိုင်တဲ့ အရှုံးပေါ်မယ့် အဆင့်အထိ ငွေလဲနှုန်းက ရောက်သွားရင် တိုင်းပြည်ဆူပူမယ့် အန္တရာယ်ရှိမယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်လာကြပါတယ်။

ပြည်တွင်းထုတ်ကုန်တွေ၊ ဈေးပေါပေါနဲ့ တင်သွင်းလာတဲ့ ကုန်တွေကို ဈေးကွက်ထဲမှာ မယှဉ်နိုင်တော့ရင် အမျိုးသား လုပ်ငန်းရှင်တွေ အလဲထိုးခံထိမယ့် အခြေအနေကိုလည်း ထောက်ပြပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျိုးဆက်တွေဟာ စိုးရိမ်စရာကောင်းတယ်လို့ ဆရာဦးမြင့်က သူ့စာတမ်း ထဲမှာ တင်ပြခဲ့ပါတယ်။ ဆရာ့အကြံပြုချက်ကို နေပြည်တော်က အလေးဂရု ပြုခဲ့တာက ကောင်းသော အစပျိုးချက်ပါ။ တရားဝင် ငွေလဲနှုန်း တဒေါ်လာ ၆ ကျပ်ကို ပြောင်းလဲဖို့ ပြင်ဆင်နေကြောင်းနဲ့ အမေရိကန်အစားထိုး FEC ကိုပါ ဖျက်သိမ်းမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်လောက်အောင် နှစ်ပေါင်းရှည်ကြာ လက်တွေ့လည်းမကျ၊ ပြည့်စုံမှုလည်းမရှိတဲ့ စီးပွားရေးစနစ်နဲ့ လမ်းခွဲရမှာ မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားပါ။ ဒါပေမယ့် စနစ်တကျ မလုပ်ရင် ဂျွမ်းထိုးမှောက်ခုံ ဖြစ်မှာမို့ ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။

လက်ရှိအစိုးရ ယန္တယားမှာ တာဝန်ယူနေတဲ့ ဗျူရိုကရက်တွေဟာ ပြုပြင်ပြောင်းလဲရေးမှာ ခေတ်မီကျွမ်းကျင်သူတွေ မဟုတ်ကြ တာကြောင့် နိုင်ငံတကာငွေကြေး အဖွဲ့တွေဆီ ချဉ်းကပ်အကူအညီ တောင်းရတာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ နိုင်ငံပိုင် နိုင်ငံခြားအရန်ငွေ၊ နိုင်ငံအတွင်း လည်ပတ်နေတဲ့ ငွေကြေးပမာဏ၊ စီးပွားရေးမှာ နိုင်ငံတော်က ထည့်သွင်းထားတဲ့ ရင်းနှီးမြှုပ်နှံငွေ ပမာဏ၊ အမျိုးသား ကုန်ထုတ်လုပ်မှု တန်ဖိုး စတဲ့ နိုင်ငံတော်အဆင့် စီးပွားရေးနဲ့ ငွေကြေး ဆိုင်ရာ အချက်အလက်တွေကို နေပြည်တော် တာဝန်ရှိသူတွေက စာရင်းမှန် တင်ပြရမှာပါ။ အိမ်ထောင်စု အသုံးစရိတ်၊ နိုင်ငံတော်အသုံးစရိတ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားကုန်သွယ်မှု ကိန်းဂဏန်းတွေ အပါအဝင် စီးပွားရေး ကဏ္ဍအလိုက် တိုးတက်မှုနှုန်း အချက်အလက်တွေကိုပါ ထည့်သွင်းတွက်ချက် ရပါလိမ့်မယ်။ ဒါဟာ ကနဦးအဆင့်သာ ရှိပါသေးတယ်။

ငွေထုတ်ချေးနိုင်တဲ့ အထိကိုတော့ မမျှော်မှန်းနိုင်သေးပါဘူး။ မြန်မာအစိုးရက နိုင်ငံပေါင်းစုံမှာရှိတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို ပေးရမယ့် အကြွေးတွေ လျှော်ပစ်တယ် ဆိုရင်တောင် နိုင်ငံရေးအရ အမေရိကန်က IMF မှာ ဗီတို အာဏာကိုင်ပြီး ကန့်ကွက်နိုင်တဲ့ အခြေအနေကို ကျော်လွှားရဦးမှာ ဖြစ်ပါတယ်။ ဒါက ပြည်တွင်း နိုင်ငံရေး တိုးတက်မှု ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပါတယ်။

ဒါပေမယ့် ငွေလုံးငွေရင်း ထုတ်မချေးလည်း ပြဿနာ မဟုတ်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားအရန်ငွေ အမြောက်အမြားရှိတယ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာနဲ့ တခြားသယံဇာတ ရောင်းရငွေတွေက မနည်းဘူးလို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကို ပယ်ဖျက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေး ဖောင်းပွမှုကို ကာကွယ်နိုင်ဖို့ အဲဒီငွေကို အသုံးပြုလို့ရတယ်လို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ သြစတေးလျ နိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်က ဆိုပါတယ်။

ငွေလဲနှုန်းထားကို ဈေးကွက်ပြဌာန်းချက်အတိုင်း နှုန်းရှင် လုပ်လိုက်ရင် ဗျူရိုကရေစီလျော့ကျသွားမယ်၊ ဈေးကွက် လွတ်လပ်ခွင့် ပိုရသွားမယ်၊ ၆ ကျပ်နှုန်းနဲ့ ဗန်းပြပြီး ခြစားနေတာတွေကိုလည်း ကာကွယ်သွားနိုင်မယ်လို့ သူက ဆိုပါတယ်။

တကယ်လည်း ဈေးကွက်ပြဌာန်းချက် နှုန်းထားအတိုင်း စီးပွားရေးလုပ်ငန်းတွေက အလုပ်ဖြစ်နေကြတာ နှစ်ပေါင်းကြာနေပြီဖြစ်လို့ အဲဒီအတိုင်း တရားဝင်ပြောင်းလိုက်ရင် ထိခိုက်မှု သိပ်ရှိမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမယ့် တိုင်းပြည်စီးပွားရေး ပြဿနာကို ဖြေရှင်းရာမှာ ငွေလဲနှုန်းစနစ် တခုတည်း အပြောင်းအလဲလုပ်ဖို့ လိုပြီး ကျန်တဲ့ အခြေခံအပြောင်းအလဲတွေ လုပ်ဖို့ မလိုဘူးလို့ ယူဆရင် မှားလိမ့်မယ်၊ မြန်မာ့စီးပွားရေး ပြဿနာတွေထဲက အဆိုးရွားဆုံးတွေ ဖြစ်တဲ့ မြေယာပိုင်ဆိုင်ခွင့် ရရှိရေး၊ သင့်တင့်လျောက်ပတ်တဲ့ စီးပွားရေး မူဝါဒ ချမှတ်ကျင့်သုံးရေး၊ ချစားနေတဲ့ နိုင်ငံတော် ယန္တယား စတဲ့ အမြစ်တွယ်နေတဲ့ ပြဿနာတွေကိုလည်း တပြိုင်နက်တည်း ဖြေရှင်းရလိမ့်မယ်လို့ ရှောင်တာနယ်လ်က ဆိုပါသေးတယ်။

မြန်မာပြည်စီးပွားရေး စနစ်ဟာ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာတင်စိုး ၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ စာတမ်းထဲမှာတော့ စစ်တပ်အာဏာ သိမ်းယူပြီးခဲ့တဲ့ ၁၉၆၀ အစောပိုင်းကာလ များက စလို့ ရှေ့နောက် မညီညွတ်တဲ့၊ မတည်ငြိမ်တဲ့၊ စိုက်လိုက်မတ်တပ် မဖြစ်တဲ့၊ လုပ်ချင်တဲ့ အခါမှ ထလုပ်တတ်တဲ့၊ တရားသေ ဆုပ်ကိုင်ထားတဲ့၊ လုပ်ငန်း နယ်ပယ်မှာ အမြင်ကျဉ်းမြောင်းတဲ့၊ ပွင့်လင်းမြင်သာမှု မရှိတဲ့၊ ခန့်မှန်းတွက်ချက်လို့ မရတဲ့၊ မသေချာ မရေရာတဲ့၊ အရည်အသွေးထက် အရေအတွက်ကိုပဲ ဦးစားပေးတဲ့၊ အစီအစဉ်မကျတဲ့၊ ထိရောက်မှုမရှိတဲ့ အကောင်အထည် ဖော်မှုတွေနဲ့ အကြံပေးမှုတွေကို အလွဲသုံးစား လုပ်တတ်တဲ့ စီးပွားရေးစနစ်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အချုပ်ဆိုချင်တာတော့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ဆုံးဖြတ်ထားပြီဆိုရင် ရာစုနှစ် တဝက်ကျော်လောက် အရိုးစွဲနေတဲ့ အကျင့်ဆိုးတွေကို အရင်ဆုံးပယ်ဖျက်ပစ်မှ ရမှာပါ။ ကျပ်ငွေလဲလှယ်နှုန်းထား ပြုပြင်ရေးအတွက် နိုင်ငံတကာ ပညာရှင်တွေ ဖိတ်ပြီး ဆွေးနွေးတိုင်ပင်တာဟာ အကောင်းဘက်ကို ဦးလှည့်လိုက်ရုံလေးပဲ ရှိပါသေးတယ်။ ဆက်လက် လုပ်ဆောင်စရာတွေ အများကြီး ကျန်နေပါသေးတယ်လို့ ဆိုချင်ပါတယ်။
http://burma.irrawaddy.org/?p=1419

ရေဘေးကြောင့် အိမ်ပြန်သူများ အဓမ္မ ငွေတောင်းမှုနှင့်ကြုံ



By featured, ဧရာဝတီ on October 21, 2011 4:50 pm


ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင်လူပွဲစားများက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှ င့်ပေါင်း၍ အဓမ္မ ငွေကြေးကောက်ခံ မှုများပြုလုပ်နေသောကြောင့် အခက်အခဲဖြစ်ကြရသည်ဟု အလုပ်သမားများက ပြောဆိုသည်။

ယခုလဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီ နှင့် န၀ပ်နခေါ စက်မှုဇုန်ကြီးများတွင် လုပ် ငန်းများရပ်ဆိုင်းလိုက်ရသည်အထိ ရေကြီးမှုများကြောင့် မြန်မာအလုပ်သမားများ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ်လူ၂၀၀ ခန့်နေရပ် ပြန်လာနေကြခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ထိုင်း စက်လှေဂိတ် ပိုင်ရှင်များက ပြောပြသည်။

အယုဒ္ဓယ ခရိုင်ရှိ အုတ်ဖုတ်လုပ်ငန်းမှ ပြန်လာသည့် ကိုဝကြီးက“၁၆ ရက်နေ့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြတာပါ၊ မဲဆောက်ကို လိုင်းကား စီးပြီးပြန်လာကြတယ်။ မဲဆောက်အ၀င်မှာ ထိုင်းလ၀ကရဲ့ဖမ်းတာကိုခံရပြီးတဲ့နောက် မြ၀တီဘက်ကမ်း ၉၉၉ ဂိတ်မှာ သွားသွန်တယ်၊ မြ၀တီဘက်ရောက်မှ လူပွဲစားတွေက ကျနော်တို့ကို ခေါ်ထားပြီး တယောက်ကို ထိုင်းဘတ် ၂၅၀၀ တောင်းတယ်၊ မပေးလို့မရဘူး၊ ပိုက်ဆံမရှိတဲ့လူတွေကို ဘယ်မှ ပေးမသွားဘဲ၊ ထိုင်းနဲ့ မြန်မာပြည်မှာရှိတဲ့ ဆွေမျိုးသားချင်း တွေကို မရမက အဆက်အသွယ် လုပ်ခိုင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အုတ်လုပ်ငန်း၌ မြန်မာအလုပ်သမား ထောင်ဂဏန်းအထက်ရှီပြီး အများစုမှာ မည်သည့် အထောက်အထား လက်မှတ်မှ မရှိကြောင်း သိရသည်။

ပထုံဌာနီ ခရိုင်ရှိ ခေါင်းစောင် ပလတ်စတစ်စက်ရုံမှ ကိုတကော်က ယမန်နေ့နံနက်က မြ၀တီ ၉၉၉ ဂိတ်သို့အရောက်တွင် ၎င်းနှင့် အတူပါလာသူ ၁၀ ဦးမှာ လူပွဲစားများထံသို့ တဦးလျှင် ဘတ်၂၅၀၀ နှုန်းနှင့် ဘတ်၂၅၀၀၀ ပေးခဲ့ရ ကြောင်း ပြောဆိုသည်။

ဘန်ကောက်မြို့မှ ပြန်လာသည့် မစန်းစန်းနွယ်ကလည်း ၎င်း အပါအ၀င် မိန်းကလေး ၃ ဦးသည် ယင်း လူပွဲစားများကို ငွေပေး ခဲ့ရသည့်အပြင် ခြိမ်းခြောက်ခံရခြင်းများလည်း ရှိသည်ဟု ပြောသည်။

“ကျမတို့ ၃ ယောက် ပိုက်ဆံ၂၀၀၀ ကျော်ပဲပါတယ်၊ ဘယ်လိုမှပြောလို့ မရဘူး၊ အဲဒီဂိတ်မှာ၂ ညအိပ်နေခဲ့ရတယ်၊ ဘန်ကောက် မှာ ရှိတဲ့ အစ်မတွေဆီကို လူပွဲစားတွေရဲ့ လက်ကိုင်ဖုံးနဲ့ အဆက်အသွယ်လုပ်ပြီး သူတို့ဘဏ်စာရင်းထဲကို ငွေလွှဲပြီးမှ ကျမတို့ကိုပြန်လွတ်ပေးတာ၊ ဒါတောင်မှ ထမင်းဖိုးက တရက်ဘတ် ၁၀၀ နှုန်းနဲ့ သတ်သတ်ပေးရသေးတယ်”ဟု မစန်းစန်းနွယ်က ပြောပြ သည်။

မြ၀တီမှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့သွားသည့်ကားစရိတ်မှာ လူတဦးလျှင်ကျပ် ၁၀၀၀၀ ခန့် ပေးရသည်ဟုလည်း သိရသည်။

မြ၀တီ ခရိုင်အမှတ် ၅ ရပ်ကွက်အတွင်း တည်ရှိသည့် ၉၉၉ ဂိတ်သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ၉၉၉ အထူးတပ်ရင်း၏ ဂိတ်ဖြစ်ပြီး ဘန်ကောက်မှ တဆင့် အဖမ်းခံရသူများကို ထိုင်း လူဝင်မှုကြီးကြပ်ရေး (လ၀က)အဖွဲ့က မြန်မာဘက် ပြန်ပို့သည့် နေရာဖြစ်သည်။

လက်ရှိတွင် ၉၉၉ ဂိတ်ကို ယမန်နှစ်က DKBA အဖွဲ့မှ အသွင်ပြောင်းလိုက်သည့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ဆက်လက်အုပ်
ချုပ် လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လာသူများကို ငွေကြေး ကောက်ခံမှုပြုလုပ်နေသည်မှာ ၁၀ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း၊ ၎င်း တို့ကို မြန်မာအာဏာပိုင်များက ယနေ့အထိ တစုံတရာအရေးယူခြင်းမရှိကြောင်း ယင်းဂိတ်အနီးနေထိုင်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောပြသည်။

နေရပ်ပြန်လာသူများထဲတွင် ထက်ဝက်ခန့်မှာ ယာယီနိုင်ငံကူး လက်မှတ်များနှင့် တရားဝင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ကျန်လူများမှာ တရားမ၀င် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ထိုင်းတွင်အလုပ်လုပ်ကိုင်နေ သူများ နေရပ်သို့ပြန်ရာတွင် တစုံတရာအခက်အခဲမရှိဘဲ သွားလာ၍ရသည်ဟု ဘန်ကောက် နွန်ထဘူရီအရပ်မှ ပြန်လာသည့်
ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်မှ ကိုအောင်က ပြောသည်။

၎င်းက“ယာယီနိုင်ငံကူးလက်မှတ်နဲ့ မြန်မာဘက်ကို အချိန်မရွေးသွားလာလို့ရတယ်၊ မြန်မာဘက်ပြန်မယ်ဆိုရင် ကိုယ်နေတဲ့သက် ဆိုင်ရာဒေသက ထိုင်းလ၀က ရုံးမှာတုံးသွားထုရတယ်၊ ဘတ် ၁၀၀၀ ကျတယ်၊ တချို့ကျတော့ ဘန်ကောက်မှာ တုံးမထုဘဲ မဲဆောက် က ထိုင်း လ၀ကရုံးမှာ ထုရင်လည်း ရတယ်၊ နှုန်းထားက အတူတူပဲ”ဟု ဆိုသည်။

ယနေ့နံနက်ပိုင်းက ဘန်ကောက်မှ ယာယီနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံ မဲဆောက်မှတဆင့် နေရပ်ပြန်ရန် ရောက်ရှိ လာ သည့် မြန်မာ အလုပ်သမားအရေအတွက်မှာ ၁၀၀ အထက်တွင်ရှိသည်ဟု ထိုင်းလ၀က ၀န်ထမ်းတဦး က ပြောသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ သန်းမှ ၄ သန်းကြားရှိပြီး နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား လက်မှတ် ပြုလုပ်ထားသူ ၁ သန်းကျော် ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံတွင်း အဓိကစက်ရုံအလုပ်ရုံကြီးများ ပိတ်ပစ်လိုက်ရ၍ အလုပ်သမားပေါင်း ၆၂၀၀၀၀ ကျော်အလုပ်ရပ်နား ခဲ့ရကြောင်း ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap ၏ ပြောကြားချက်ကိုးကား ယနေ့ထုတ် ဘန်ကောက်ပို့ သတင်းစာ၌ ဖော်ပြထားသည်။

အောက်တိုဘာ ဒုတိယပတ်အတွင်း ဗဟိုဘဏ်၏ တွက်ချက်မှုအရ ယင်းရေကြီးမှုကြောင့် ဘတ် ဘီလီယံ ၁၀၀ ခန့်(အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံခန့်) ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/?p=1414

ကဒါဖီ ဇာတ်သိမ်းအပေါ် မြန်မာများ သံဝေဂယူ




By , on October 21, 2011 6:50 pm
ပြည်သူလူထုကို မတရားဖိနှိပ် အုပ်ချုပ်ခဲ့ကြသော အာဏာရှင်များ၏ နောက်ဆုံးအချိန် ဘ၀ခရီးလမ်းသည် ဇာတ်သိမ်း မကောင်းတတ်ကြောင်း ကဒါဖီသေဆုံးမှုနှင့်ပတ်သက်၍ သတင်းဆရာကြီး ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။


ကဒါဖီ အဖမ်းခံခဲ့ရသည့် လိုဏ်ခေါင်းနေရာ (ဓာတ်ပုံ - Reuters)

“အာဏာရှင်တွေဟာ ကဒါဖီလို၊ ဆက်ဒမ်ဟူစိန်လိုမျိုး အသေဆိုးနဲ့သေရင်သေ၊ မဟုတ်ရင်လည်း နိုင်ငံရေးမှာ အညတရ ဘ၀ နဲ့ လူမသိ၊ သူမသိ ဘ၀နဲ့ နိဂုံးချုပ်ရပါတယ်၊ သမိုင်းရဲ့ဒဏ်ခတ်တာခံရတယ်၊ ခေါင်းမာတဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း လိုမျိုးပေါ့”ဟု ၎င်းက ဆိုသည်။
လစ်ဗျားနိုင်ငံအား နှစ်ပေါင်း ၄၂ နှစ်နီးပါး  အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီး ကဒါဖီသည် မနေ့က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
လစ်ဗျားပြည်သူလူထုအပေါ် အာဏာရှင်အဖြစ် အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့ပြီး ၎င်း၏ ဇာတိဖြစ်သော ဆာ့တ် မြို့၌ လက်ရှိ အာဏာရ ကြားဖြတ်အစိုးရ စစ်တပ်၏ တပ်ဖွဲ့ဝင်များက အရှင်ဖမ်းမိခဲ့ပြီးမှ အသေ သတ်ပစ်ခဲ့ဟန် ရှိသည်။
လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရ သစ်က ကဒါဖီ သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အပြင် လစ်ဗျားပြည်သူ ထောင်ပေါင်းများစွာကလည်း အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။
ဗိုလ်မှူးကြီး ကဒါဖီသည် ၎င်း၏ အသက် ၂၇ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံအား အာဏာသိမ်းပိုက်၍ အုပ်ချုပ် ခဲ့ပြီး ယခု အသက် ၆၉ နှစ်အရွယ်တွင် ဘ၀နိဂုံး ချုပ်သွားခဲ့ရခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုတို့နှင့်ဆက်ဆံရေး အဆင်မပြေခဲ့သည့်အပြင် နိုင်ငံ တကာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ခြင်း၊ နောက်ကွယ်မှ ထောက်ပံ့ပေးခြင်းများ လုပ်ခဲ့ကြောင်း သတင်းများထွက်ခဲ့သည်။
အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ကျခဲ့ပြီးနောက် ဗိုလ်မှူးကြီး ကဒါဖီသည် သဘောထားပြောင်းလဲလာဟန်ပြသခဲ့ပြီး ၂၀၀၃ ခုနှစ် ၀န်းကျင်က စ၍ အမေရိကန်အစိုးရ၊ အနောက် အုပ်စုများနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ခဲ့ကာ နိုင်ငံတကာ မီဒီယာများနှင့်ထိတွေ့မှု များလာခဲ့သည်။
ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ တူနီးရှားနိုင်ငံက စတင်ခဲ့သော အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအတွင်း အာဏာရှင် ဆန့်ကျင် ရေး လူထုအုံကြွမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံကို နှစ်ပေါင်း ၃၀ ၀န်းကျင် အုပ်ချုပ်လာခဲ့သူ အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် နုတ်ထွက်ပေးခဲ့ရသည်။
လစ်ဗျား ပြည်သူလူထုကလည်း အာဏာရှင် ကဒါဖီအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြရာ ပြည်သူများအား စစ်တပ်ဖြင့် နှိမ်နင်းခဲ့ခြင်း၊ ၎င်းအား ဆန့်ကျင်သူများကို တအိမ်တက် တအိမ်ဆင်း ချေမှုန်းပစ်မည်ဟု ကြိမ်းဝါးခြင်းများကို ကဒါဖီက ပြုလုပ် ခဲ့သည်။
လူထုအုံကြွမှုကြောင့် ပြည်သူများ သတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်၊ အစိုးရ အဖွဲ့တို့အကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်ကာ ၀န်ကြီး တချို့နှင့်သံတမန် တချို့နုတ်ထွက်ခဲ့ကြသည်။ ကဒါဖီ ၏ ဇနီး၊ သမီး၊ သားနှင့် မိသားစုဝင်များကမူ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် လွတ်မြောက်ခဲ့ကြသည်။
အာဏာရှင် ကဒါဖီ သေဆုံးမှုနှင့်ပတ်သက်၍ ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာနှင့်သတင်းစာ ဆရာ မောင်ဝံသ က“ပြည်သူက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ အာဏာသိမ်းပြီးတက်လာတယ်၊ ပြည်သူတွေကို ညှဉ်းပန်း နှိပ်စက်ခဲ့ တယ်၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ အာဏာရှင်တိုင်းဟာ ဇာတ်သိမ်း မကောင်းခဲ့ကြပါဘူး”ဟု ဧရာဝတီ ကိုပြောသည်။
ဖေဖော်ဝါရီလမှစတင်ကာ လစ်ဗျားနိုင်ငံတ၀န်း ဆူပူအုံကြွမှုများဖြစ်ပေါ်ပြီးနောက် အစိုးရတပ်နှင့် သူပုန်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အမေရိကန်စစ်တပ်နှင့် နေတိုးတပ်ဖွဲ့တို့ကလည်း သူပုန်တပ်များဘက်မှ ပါဝင်တိုက်ခိုက်ပေးခဲ့ကြ သည်။ အောက်တိုဘာလ၂၀ ရက်နေ့တွင် ဗိုလ်မှူးကြီး ကဒါဖီနှင့်အတူ သားတဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကဒါဖီသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာ့သမိုင်းကြောင်းများရေးသားနေသော သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက“အာဏာရှင် တဦးကျဆုံးပြီဆိုရင် အာဏာရှင် စနစ်တွေဟာလည်းပဲ ကျဆုံးတော့မယ်လို့ ကျနော်တို့ စိတ်တွေ ခိုင်မြဲလာတယ်”ဟု ဧရာ
ဝတီ ကို ပြောသည်။
အာဏာရှင် တရုတ်နိုင်ငံအား ကြည့်၍လည်း အာဏာရှင်စနစ် ခိုင်မြဲမည်ဟု ပြော၍ မရနိုင်သကဲ့သို့ တခြားနိုင်ငံ တခုတွင် အာဏာရှင်တော်လှန်ရေး ပေါ်ပေါက်လာတိုင်း မိမိတို့နိုင်ငံက တော်လှန်ရန် သင့်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး နှင့်ပတ်သက်၍ ပြောဆိုရန် စောသေးကြောင်း ဦးသန့်မြင့်ဦး က ဆိုသည်။
ဦးနေ၀င်းကဲ့သို့ အာဏာရှင်ဟု သတ်မှတ်ခြင်းခံထားရသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည်လည်း မည်ကဲ့သို့
ဘ၀နိဂုံး ချုပ်ရမည် ဆိုသည်ကို မသိသေးကြောင်း၊ ၎င်း၏ အနာဂတ် စိတ်ချရရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခြင်း၊ အစိုးရသစ်ဖွဲ့ပေး၍ အာဏာလွှဲပေးခြင်းတို့ လုပ်ဆောင်ခဲ့သည့်တိုင် သမိုင်း၏ ဒဏ်ခတ်မှု ခံရမည်ဖြစ်ကြောင်း ၎င်း၏ ဘ၀နိဂုံး ကို ပြောမရသေးကြောင်း ဦးဝင်းတင် က ပြောဆိုသည်။
“ဦးသန်းရွှေက သူ့ဘ၀နိဂုံးကောင်းဖို့အတွက် ဘာတွေပဲ လုပ်လုပ်ပေါ့၊ သမိုင်းကြွေးက ခေါင်းပေါ်မှာ ဓားဝဲနေသလိုပဲရှိနေ ပါတယ်၊ ဒါကို ရှောင်ပြေးလို့ လွတ်မလား၊ မလွတ်ဘူးလား ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးပါဘူး”ဟု ဦးဝင်းတင် က ဆို သည်။
ကမ္ဘာ့နိုင်ငံများ၌ ၁၉၅၀ ၀န်းကျင်မှ စ၍ စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး အာဏာရှင် အများအပြား ပေါ်ပေါက်လာခဲ့ကာ ယခုတဖန် အာဏာရှင်များ၏ ဘ၀နိဂုံး ချုပ်ငြိမ်းမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်။
ပြည်သူလူထုအပေါ် အာဏာရှင် ဆန်စွာ အုပ်ချုပ်ခဲ့ကြသော အီတလီမှ အာဏာရှင် မူဆိုလီနီ၊ ဂျာမနီမှ ဟစ်တလာ၊ ဖိလစ်ပိုင် မှ ဖာဒီနန် မားကို့စ်၊ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့် အာဏာရှင်များသည် ဇာတ်သိမ်းမကောင်းစွာဖြင့် ဘ၀နိဂုံး ချုပ်ခဲ့ကြ ရ သည်။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး မြန်မာပြည်သူလူထုကို တပါတီ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး ဟောင်း ဦးနေ၀င်းသည်လည်း ဘ၀ဇာတ်သိမ်း မကောင်းခဲ့ပေ။
ဗိုလ်မှူးကြီး ကဒါဖီ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းစွာဖြင့် သေဆုံးရခြင်းသည် နိုင်ငံရေး သမိုင်းဇာတ်ခုံပေါ်မှ ကြည့်ရှုမည် ဆိုပါက သင်ခန်းစာ ယူစရာ၊ သံဝေဂရစရာ ကောင်းသော ဖြစ်ရပ်တခုဟု ရန်ကုန်မီဒီယာ ဂရု(ပ်)၏ အမှုဆောင် အရာရှိချုပ် ကိုကို ( စက်မှုတက္ကသိုလ်) က ပြောသည်။
“မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်မယ်၊ ပြည်သူတွေကို ပျော်ရွင်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေ ရဲ့ချစ်ခင်လေးစားမှု၊ မြတ်နိုးမှု ခံရမှာပဲ၊ မင်းကျင့်တရားနဲ့ မညီဘူး ဆိုရင်တော့ နိဂုံးမကောင်းတာတွေကတော့ သံဝေဂရစရာ၊ သင်ခန်းစာ ယူစရာတခုပေါ့”ဟု ၎င်း က ဆိုသည်။
အာဏာရှင် များ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းမှုကိစ္စနှင့်ပတ်၍ နိုင်ငံတကာ မီဒီယာများက အကျယ်တ၀င့်ရေးသားဖော်ပြ ကြသော်လည်း မြန်မာအစိုးရ သင်းစာများက ရေးသားခြင်းမရှိပေ။ ပြည်တွင်းဂျာနယ်များ၌ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့်  အာဏာရှင်များနှင့်ပတ်သက်၍ အတိုင်းအတာတခုအထိ ဝေဖန်ရေးသားခွင့်ရခဲ့ပြီး ကဒါဖီနှင့်ပတ်သက်၍ ရေးသားမှုမရှိကြသေး ကြောင်း သိရသည်။
ဆရာမောင်ဝံသက“အသက် ၈၀ ကျော်ရှိတဲ့ အာဏာရှင်မူဘာရက်ဟာ ၀က်ခြံလိုလှောင်အိမ်ထဲက ကျန်းမာရေးမကောင်းတဲ့ကြား က တရားခံအဖြစ်နဲ့ ရုံးတင်စစ်ဆေးတာ ခံရတယ်၊ အာဏာ မစွန့်ရခင် အချိန်ထိ သူ့ဘ၀မှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ် ဆို တာ မျှော်လင့်ထားခဲ့ပုံ မရဘူး ဆိုတာတွေ ရေးခဲ့ကြတာရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ဦးနေ၀င်းနဲ့ ပတ်သက်ပြီးတော့ မရေးဖူးသေးပါဘူး၊ မီဒီယာတွေက လွတ်လပ်စွာ ရေးခွင့်ရမယ် ဆိုရင်တော့ ဦးနေ၀င်း အကြောင်း ရေးမယ့်လူတွေ အများကြီး ရှိမှာပါ”ဟုလည်း ပြောသည်။
http://burma.irrawaddy.org/?cat=3