Saturday, October 22, 2011

မြန်မာ့ပြုပြင်ပြောင်းလဲရေး နဲ့ ဒေါက်တာဇာနည်




သောကြာ, 21 အောက်တိုဘာ 2011
By ဦးသန်းလွင်ထွန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ လူထုအုံ့ကြွမှုနဲ့ ဒီမိုကရေစီပြောင်းလဲမှု ဘယ်လိုဆက်နွှယ်မှုရှိ၊ ပြည်သူလူထုအနေနဲ့ ဘယ်လို ပါဝင်လုပ်ဆောင်သင့်သလဲဆိုတာကို ဦးသန်းလွင်ထွန်း က ဗြိတိန်နိုင်ငံ မဟာဗျူဟာလေ့လာရေးဌာန က မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လစ်ဗျား (Libya) နိုင်ငံ အာဏာရှင်ခေါင်းဆောင် Moammar Gadhafi အောက်တိုဘာလ ၂၀ ရက်နေ့ကပဲ လက်နက်ကိုင်အုံ့ကြွတော်လှန်သူများရဲ့  လက်ချက်နဲ့ ဇာတ်သိမ်းသွားခဲ့ပါသည်။ အာရပ်တော်လှန်ရေး လှိုင်းတံပိုးနဲ့အတူ တူးနီးရှား (Tunisia)၊ အီဂျစ် (Egypt) ခေါင်းဆောင်တွေ ပြုတ်ကျခဲ့ပြီး အခု ဂဒါဖီရဲ့  အဖြစ်ကတော့ အဆိုးဆုံးပါ။ အာရှတိုက်က မြန်မာနိုင်ငံမှာလည်း လူထုအုံ့ကြွမှုတွေ ဖြစ်လာမလားလို့ မျှော်လင့်ပြီး အာဏာပိုင်တွေကို ဖြုတ်ချနိုင်ဖို့ စိတ်ကူးယဉ်နေသူတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေ တူနိုင်မလားဆိုတာကို ဗြိတိန်နိုင်ငံ မဟာဗျူဟာလေ့လာရေးဌာနက မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာဇာနည် ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇာနည် ။ ။ နံပတ်တစ် သင်ခန်းစာကတော့ ပြည်သူ့ရဲ့  ထောက်ခံမှု၊ ပြည်သူ့ရဲ့  ကြည်ညိုမှု၊ လေးစားမှု မရှိဘဲနဲ့။ ဆိုလိုတာကတော့ ပြည်သူ့မေတ္တာခံယူမှု မရှိဘဲနဲ့ အာဏာယူထားတဲ့ ခေါင်းဆောင်တွေ ဗမာပြည်မှာဖြစ်ဖြစ်၊ တခြားနိုင်ငံမှာပဲဖြစ်ဖြစ် သူတို့မှာ ကြောက်လန့်၊ ကျီးလန့်စာစာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ လက်နက်အင်အားတောင့်တောင့် ကျီးလန့်စာစာ နေရတဲ့ဘဝက ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ် - ဆဒမ်ဟူစိန် (Saddam Hussein) ကြိုးစင်ပေးခံရတာကိုပဲကြည့်ကြည့်၊ နောက်တခါ ဂဒါဖီ (Gaddafi)
ခွေးသေ၊ ဝက်သေ သေတဲ့ပုံစံမျိုးပဲဖြစ်ဖြစ် အာရှတိုက်မှာဆိုရင် ပတ်ချုန်းဟီ (Park Chung Hee) ဆိုရင် ၁၉၇၀ ပတ်ဝန်းကျင်မှာ ညစာ ထမင်းစားပွဲမှာ သူ အသတ်ခံရတယ်။ ဆူဟာတို (Suharto) ဆိုရင်လည်း အကျယ်ချုပ်ခံရတယ်။ ပြည်သူ့မေတ္တာ ခံယူမှု မရှိတဲ့ခေါင်းဆောင်တွေကတော့ အထူးသဖြင့်တော့ ကျီးလန့်စာ နေရတယ်လို့ မြင်မိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဒီအခြေအနေမှာ စိတ်ဝင်တစားနဲ့ သုံးသပ်လာကြတာက အထူးသဖြင့် အာရပ်ဖက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် ဒါက နှစ်ပေါင်းကြာရှည် အာဏာရှင်တွေရဲ့  ဖိနှိပ်မှုအောက်မှာ နေနေရတာကနေ အပြောင်းအလဲ တစုံတရာကို တောင့်တလာပြီးတော့ ဖိနှိပ်ခံရလို့ အုံ့ကြွလာတဲ့ လူထုအနေနဲ့ အာဏာရှင်တွေကို ဖြုတ်ချလိုက်တဲ့ အနေအထားအထိ တချို့ နိုင်ငံတွေမှာ ရောက်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့  ကူညီအားပေးမှုတွေ၊ ပြင်ပဘေး နိုင်ငံတွေရဲ့  ကူညီမှုတွေလည်း ပါကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးတွေဟာ အာရှတိုက်၊ မြန်မာနိုင်ငံလို မြောက်ကိုရီးယား လို နိုင်ငံမျိုးတွေမှာ အလားတူဖြစ်လာနိုင်မယ့် အနေအထားတွေ ရှိသလား။

ကိုဇာနည် ။ ။ ကျနော် ထင်တာကတော့ လူထုထကြွပြီးတော့ ပုန်ကန်လို့၊ လက်နက်ကိုင်တာပဲဖြစ်ဖြစ်။ အနုနည်းနဲ့ ဂန္ဒီ (Gandhi) ပုံစံမျိုး၊ မာတင်လူသားကင် (Martin Luther King) တို့လို့ ပုံစံမျိုး၊ အနုနည်းနဲ့ အာဏာဖိဆန်ပြီး။ ကျနော်တို့ဆီမှာလည်း ရှိပါတယ်။ ဝံသာနု ဂျီစီဘီအေ ခေတ်ထဲက စပြီး ရှိခဲ့တာ - သပိတ်မှောက်တယ်ဆိုတာ။ အဲဒီလို အနုနည်းနဲ့ဖြစ်ဖြစ်၊ အကြမ်းဖက်နည်းနဲ့ဖြစ်ဖြစ် အုပ်ချုပ်မှုက ယိုးယွင်းပျက်ဆီးပြီး၊ မတရား ပြည်သူကို ဖိနှိပ်ပြီး ပြည်သူ့စားဝတ်နေရေး အဆင်မပြေဘူး။ နိုင်ငံရဲ့  ဂုတ်သွေးစုပ်တဲ့ အနေအထားရောက်လာရင်တော့ ဒါအမြဲတမ်း အဲဒီအခြေအနေက ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သံဃာအရေးအခင်း ၂၀၀၇ မတိုင်ခင်လေးမှာ သြဂုတ်၊ စက်တင်ဘာလမှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြား ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတွေနဲ့ တခြားခေါင်းဆောင်တွေပေါင်းပြီးတော့ ကုန်ဈေးနှုန်းတွေ ကျရေးလုပ်ခဲ့တာရှိတယ်။ အဲဒါပြီးတဲ့နောက်မှာ သံဃာတော်တွေရဲ့  အရေးအခင်း ၂၀၀၇ မှာ လာတယ်။ အဲဒီတော့ အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေဆိုရင် ကျနော်အပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉.၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံ့ကြွမှု လုံးဝမဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားပြီးသာ။ အဲဒီအချိန်မှာ ထပ်ဖြစ်တဲ့ဆိုတော့ ကျနော်တို့လည်း ရှင်းရှင်းပြောရရင် လူထုထက် နှစ်ရက်သုံးရက် ကြိုသိတဲ့အနေအထားကလွှဲလို့ရှိရင် တကယ်တမ်းမှာ ကျနော်တို့မှာလည်း ဒိဗ္ဗ စက္ခုဥာဏ် မရှိတော့ အဲဒါကို ဖြစ်မလာ မဖြစ်ဘူးလားဆိုတာကို မပြောနိုင်ဘူး။ ဒါပေမဲ့ ဖြစ်ဖို့အခြေအနေရှိလာဆိုရင်တော့ လုံးဝရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းကြဖို့ အခြေအနေတွေ စေ့ဆော်လာပြီဆိုရင် တချို့ ကတော့ အောက်ခြေလူတန်းစားကနေ အုံ့ကြွပြီးတော့ တောင်းဆိုလာတဲ့အတွက်ကြောင့် ဖိနှိပ်တဲ့ စနစ်ကြီးတရပ် ပြိုလဲပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွားတယ်။ နောက်တမျိုးကတော့ ခေါင်းဆောင်တွေပိုင်းက သဘောပေါက် နားလည်လာပြီး လူထုတွေလည်း သိပ်မကျေနပ်ဘူး။ အဲဒီတော့ သူတို့ကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးကို လိုလားပါတယ်ဆိုပြီးတော့ အထက်ပိုင်းကတော့ သဘောပေါက်ပြီးတော့ အပြောင်းအလဲတွေ စလုပ်လာတဲ့သဘော။ ဒီလို အတွေးအခေါ် နှစ်ရပ်။ အဲဒီလို အခြေအနေမျိုးမှာ တချို့  ပညာရှင်တရပ်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေက ဗမာနိုင်ငံမှာ ပြောင်းလဲမှုကို လိုနေပါပြီဆိုတာကို သဘောပေါက်တဲ့အတွက်ကြောင့် ပြောင်းလဲမှုတွေကို တဖြည်းဖြည်းလုပ်နေပြီ။ အလားတူပဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေဘာတွေ လုပ်လာနေပြီ။ တဖြည်းဖြည်းပေါ့။ အခုအခြေအနေမျိုးမှာ လူထုဆန္ဒပြမှုတွေ လမ်းမပေါ်ထွက် အုံ့ကြွမှုတွေဖြစ်လာရင် ဒီလို ပြုပြင်ပြောင်းလဲမှုအရှိန်ကို ထိခိုက်သွားစေလိမ့်မယ်လို့တောင် တွေးခေါ်ပြီး ပြောလာကြတာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာဇာနီအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ကိုဇာနည် ။ ။ အောက်ခြေက ဆန္ဒပြတာ၊ အောက်ခြေက မကျေနပ်မှု၊ ခံစားမှုတွေနဲ့ အုံ့ကြွလာလို့ ပြောင်းတာကတမျိုး။ နောက်တခါ အထက်ကနေ ဦးစီးဦးဆောင်လုပ်ပြီးတော့ တိုင်းပြည်ကိုပြောင်းဖို့ လုပ်တဲ့နေရာမှာ ကျနော်ထင်တယ် ideas နှစ်ခု။ အတွေးအခေါ်နှစ်ခုက တကယ်တမ်းကြတော့ အဲဒီ နှစ်ခုကို ခွဲဖို့ဆိုတာ ရေကို ဓါးနဲ့ ခုတ်သလိုပဲ။ အဲဒီ နှစ်ခုက လုံးဝ ဆက်နွှယ်နေတယ်။ ကျနော်တို့နိုင်ငံအနေအထားမှာ ကြည့်လိုက်လို့ရှိရင် အခုပြောနေတဲ့ သမ္မတသိန်းစိန်တို့၊ သူ့အနားမှာရှိတဲ့ သူရရွှေမန်းတို့ တခြားလူတွေ အကုန်လုံးက ထိပ်ပိုင်းကနေ သမ္မတရဲ့  အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေပြောတာကိုလည်း နားထောင်ကြည့်လိုက်ပါ။ နေဇင်လတ်၊ ဦးကိုကိုလှိုင် တို့ပြောတာကို နားထောင်ကြည့်လိုက်ရင် ကျနော်တို့နိုင်ငံက သူများနိုင်ငံတွေနဲ့ မတူတာက ဘာလဲဆိုတော့ လူကြီးတွေကိုယ်တိုင်က တိုင်းပြည်ကို ကောင်းလာအောင် ပြောင်းနေပါတယ်ဆိုတာ။ တကယ်တမ်းက အဲဒါက မှားတယ်။ အတိအကျ မမှန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ဒီလူကြီးတွေက တိုင်းပြည်မှာ အာဏာယူထားတဲ့ ပုဂ္ဂိုလ်တွေက ထိပ်ကနေ ပြောင်းဖို့လုပ်နေတယ်ဆိုတာ တကယ်တမ်းကြလို့ရှိရင် အောက်ကနေ တက်လာတဲ့ ဖိအား။ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့  စားဝတ်နေရေး၊ နိုင်ငံရေး မကျေနပ်မှုတွေ ဒါတွေ။ အဲဒီ ဖိအားတွေကို ပြည်တွင်းဖိအားတွေကို တုံ့ပြန်တာဖြစ်တယ်။ အဲဒါမျိုးကြတော့ ကျနော်တို့က Georgetown က David Steinberg တို့ဘာတို့ ပြောတဲ့ဟာမျိုးကို မှန်တယ်လို့ ပြောလို့မရဘူး။ ကျနော်အနေနဲ့ လုံးဝလက်မခံဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အောက်ကလာတဲ့ ဖိအားနဲ့ အထက်ကနေ တုံ့ပြန်မှု အဲဒီနှစ်ခုက အမြဲတမ်း ဆက်နွှယ်နေတယ်။ အဲဒါကို ကျနော်တို့ ခွဲကြည့်လိုက်ပြီးတဲ့အခါကြတော့ အထက်ကလူတွေ လုပ်နေလို့ အောက်ကလူတွေ ခေါင်းလေးငုံပြီး နောက်ကနေပြီး ဘယ်လိုပြောမလဲ ရှေ့ ကနွားသွားတာကို နောက်ကဖြောင့်ဖြောင့်လိုက်ပါဆိုတဲ့ ဗမာရှေးထုံးပုံစံနဲ့ လုပ်ရင် မှားမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီဖြစ်တယ်ဆိုတာ ပြည်သူက ကိုယ့်အားကိုယ်ကိုး ကိုယ့်အမြင်နဲ့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်ရဲ့  idea နဲ့ ငါတို့က လူသားအစစ်အမှန် ဖြစ်တဲ့ လူစိတ်နဲ့ သွားနေတဲ့အခါမှာ ရှေးတုန်းကပြောသလို အစိုးရဆိုတာ ဘဝရှင်မင်းတရားကြီးက တိုင်းသူပြည်သားတွေအားလုံး၊ ပြည်သူပြည်သားတွေအားလုံးကို ကျောသားရင်သား မခွဲဘဲနဲ့ဆိုပြီး သူ့ကိုယ်သူ အဖေလိုလို၊ ပထွေးလိုလို အမြင်နဲ့ ဆက်ဆံတယ်။ အဲဒီ စိတ်၊ အဲဒီ ခေါင်းဆောင်မှု model မျိုးနဲ့ ကျနော်တို့ကသွားလို့။ အဲဒါကို လိုက်လို့မရဘူး။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက ဦးဆောင်တဲ့စနစ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ Steinberg တို့ တခြား ပညာရှင်တွေဆိုတဲ့ ဗမာပြည်ရဲ့  အရေးကို လေ့လာတဲ့လူတွေ အကုန်လုံးပြောနေကြတာ ဘာလဲဆိုတော့ ပြုပြင်ပြောင်းလဲရေး reform လုပ်တဲ့လူတွေ နားလည်းကြည့်။ အဲဒီလုပ်တဲ့လူတွေကို ထပ်မတွန်းပါနဲ့ ဖိအားမပေးပါနဲ့ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါဆိုရင် hardliner ဆိုတဲ့ မပြောင်းချင်တဲ့လူတွေရဲ့  လက်ထဲကို အာဏာပြန်ရသွားမယ်ဆိုတာ တကယ်တမ်း အဲဒါမှားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူရဲ့  ဖိအားကြောင့်၊ ပြည်သူရဲ့  မကျေနပ်မှုကြောင့်တွေမို့ သူတို့က ဒါကိုတုံ့ပြန်တာကို လိုအပ်တာက ပြည်သူက ပိုပြီးထပ်တွန်းရမယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း အဲဒီလို တွန်းတဲ့အခါမှာ တွန်းတဲ့နေရာမှာ လမ်းမထွက် ဆန္ဒပြမှုတွေ ပေါ်လာတယ်။ ဒါမှမဟုတ် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်လာတယ်ဆိုလို့ရှိရင် အခြေအနေက ပိုမဆိုးသွားနိုင်ဘူးလား။

ကိုဇာနည် ။ ။ ကျနော်ထင်တယ် ဆန္ဒပြတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီစနစ်ကို ရောက်အောင်သွားနေတယ်။ အဲဒီ ဒီမိုကရေစီဘက်ကို ဦးတည်ပြီးတော့ စသွားနေပြီ။ ဦးတည်ထားရုံမကဘူး။ ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ် တို့ ပြောနေတာကို ကြည့်လိုက်မယ်ဆိုရင် ရထားကြီးက ဘူတာထဲက ထွက်သွားပါပြီ။ သူတို့ဆိုလိုတာက ကျနော်တို့ နိုင်ငံမှာ လက်ရှိ စနစ်ကြီးက ဒီမိုကရေစီဘက် ခေါင်းတည်စသွားနေပြီ။ သွားနေတဲ့အခါကြရင် ကျနော်တို့ ဒီမိုကရေစီ ဘယ်နေ့ ဘယ်အချိန်ကြမှ နက္ခဗေဒပညာတွေနဲ့ တွက်ပြီးမှ ဒီမိုကရေစီရပါပြီဆိုပြီး ကြေညာပြီး စည်းတွေမောင်းတွေနဲ့ လုပ်စရာအကြောင်း မရှိဘူး။ ဒီမိုကရေစီဘက်ကို စသွားပြီးဆိုရင် ဒီမိုကရေစီနည်းအရ ပြည်သူတွေကလည်း လိုက်ရမယ်။ ပြည်သူလိုက်မယ်ဆိုရင် ဒီမိုကရေစီနည်းထဲမှာ ဘာပါလဲဆိုရင် ပြည်သူက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်။ ဆန္ဒပြပိုင်ခွင့် ရှိတယ်။ အစိုးရ အဆောက်အဦးတွေကို မီးရှို့ မယ်၊ ရဲတွေကို ခဲနဲ့ပေါက်မယ်။ ဒါဆိုရင်တော့ အကြမ်းဖက်တဲ့လိုင်းကို ပါသွားမယ်။ ဒါပေမဲ့ ပြည်သူက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါဆို ဆန္ဒပြတာမျိုး။ ဒါမှမဟုတ်လို့ရှိရင် အလုပ်ပြုတ်တာ မတရားလို့ ဒါကို ဆန္ဒပြမယ်။ နောက်တခါ လုပ်ခနည်းတာကို တိုးပေးဖို့ ဆန္ဒပြမယ်။ လုပ်ခွင့်ရအောင်။ နောက်တခါ မြစ်တွေမှာ ဆည်တွေမတရား ဆောက်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်မယ့် စီမံကိန်းတွေကို စိုးရိမ်လို့ ဆန္ဒပြမယ်။ ဒါတွေ ဆန္ဒပြတယ်ဆိုတာက ဒီမိုကရေစီအစိုးရအနေနဲ့ ဒါကို လက်မခံဘဲနဲ့ လုံးဝမရဘူး။ ကျနော်ဆိုလိုတာက ဆန္ဒပြတာက ပြဿနာ မဟုတ်ဘူး။ ဒီမိုကရေစီ လိုလားတဲ့ အစိုးရဆိုလို့ရှိရင် ဆန္ဒပြတာက ပြည်သူ့ရဲ့  အခွင့်အရေး။ ဆန္ဒပြသူကိုလည်း ရိုက်စရာလည်း မလိုဘူး။ အိပ်တဲ့အချိန်မှာ သွားဖမ်းစရာလည်း မလိုဘူး။ ၅ (ည) နဲ့ ထောင်ချစရာလည်း မလိုဘူး။ အာဏာကို ပြည်သူ့လက်ထဲမှာပဲ ရှိတဲ့ဆိုတဲ့ စိတ်ဓါတ်ကို နိုင်ငံရေး အဆောက်အအုံထဲမှာရော၊ နိုင်ငံရေးခေါင်းဆောင်လုပ်တဲ့ တပ်မတော် ပုဂ္ဂိုလ်တွေရဲ့  ခေါင်းထဲကို မရောက်မချင်း ဒီမိုကရေစီဘက်ကို သွားနေတယ်လို့ ပြောရမှာက အတော်ခက်နေမယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါက်တာဇာနည်ရဲ့  သဘောက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို အတိုက်အခံခေါင်းဆောင်တွေ၊ ဒါမှမဟုတ်ရင် ပြည်သူ့လွှတ်တော်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဒီမိုကရေစီ လမ်းဖက်ကို ရောက်အောင် ညှိနှိုင်းယူ လုပ်နေတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ရဲ့  ရပိုင်ခွင့်၊ အခွင့်အရေးတွေကိုသုံးပြီး ဆန္ဒပြစရာရှိတာပြ၊ လုပ်စရာရှိတာလုပ်။ ဒါပေမဲ့ စည်းကမ်းတကျ လုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်ကို မီးမှောင်ထိုးပြချင်တဲ့ သဘောပေါ့။

ကိုဇာနည် ။ ။ ဟုတ်တယ်။ ၁၉၄၆-၄၇ အင်္ဂလိပ်ပြန်ဝင်လာပြီး လွတ်လပ်ရေး ညှိနှိုင်း စပြီး။ အင်္ဂလိပ်နဲ့ လွတ်လပ်ရေး စတင်ဆွေးနွေးတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်၊ သခင်စိုး တို့ အကုန်ပါတယ်။ အားလုံးက အစောပိုင်းမှာ ဒီဟာကို ပေါင်းပြီး။ ဦးနု တို့ ဖဆပလခေတ်မှာ လုပ်တဲ့ဟာကို ကြည့်ပါ။ လူတွေက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာ။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ရဲဘော်ဆိုပြီး ဖွဲ့ထားတဲ့တပ်လည်းရှိတယ်။ နောက်တခါ ဗမာပြည်ရဲ့  Burma Army ဆိုပြီး ထပ်ပေါ်လာတယ်။ နောက်တခါ သခင်သန်းထွန်းတို့၊ သခင်စိုးတို့ ကလည်း အလုပ်သမား၊ လယ်သမားတွေကို စည်းရုံးတာတွေ ရှိနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဘုရင်ခံရဲ့  အတိုင်ပင်ခံ အဖွဲ့ထဲမှာ ဝင်ပြီးတော့ ဒုတိယ ဥက္ကဋ္ဌအနေနဲ့ ဝင်လုပ်နေတယ်။ အဲဒီတော့ ဆိုလိုတာက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် က သမ္မတဦးသိန်းစိန် နဲ့ ထိုင်စကားပြောနေလို့ ကျန်တဲ့လူတွေက ငြိမ်နေရမယ်။ ကိုဇာဂနာ က ဘာလုပ်နေလို့ ကျန်တဲ့လူတွေက ကိုဇာဂနာ ဆီက ပြောတာက နားထောင်ပြီး နားစွန့်ပြီး သူပြောသမျှကို အနောက်က လိုက်လုပ်ပါဆိုတာ ဒါက ဒီမိုကရေစီ လှုပ်ရှားမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီ ထိုက်တန်တဲ့ လူထုသဘောမျိုးလည်း မဟုတ်ဘူး။ ခေါင်းဆောင်လုပ်သမျှကို ထိုင်စောင့်ပြီး ခေါင်းဆောင်လုပ်မှ ခေါင်းဆောင် ခြေလှမ်းလှမ်းမှ နောက်ကလိုက်တယ်ဆိုတာ အဲဒါက နောက်လိုက်ပြည်သူ၊ ဒီမိုကရေစီနဲ့ တန်တဲ့ ပြည်သူမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ပြည်သူက ဒီမိုကရေစီစနစ် အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိဘဲနဲ့ နေတိုင်း အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဗြိတိန်နိုင်ငံ ဗဟာဗျူဟာ လေ့လာရေးဌာနက မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/democracy-forum/burma_fourm_10-23-2011-132359483.html

အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်း

သောကြာ, 21 အောက်တိုဘာ 2011
By ဦးအောင်ခင် & မညိုညိုလွင်


သမ္မတဦးသိန်းစိန်ရဲ့  အိန္ဒိယခရီးစဉ်အတွင်း ထုတ်ပြန်တဲ့ အိန္ဒိယ-မြန်မာ ပူးတွဲကြေညာချက်မှာ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်နေတာကို နှစ်ဘက်စလုံးက ကျေနပ်ကြောင်း ဖော်ပြပါတယ်။ ကားလမ်းဖောက်ရမယ့်အပိုင်းကို အမြန်ဆုံး စတင်လုပ်ဆောင်ပြီး အကောက်ခွန်ဂိတ်တွေ ထပ်ပြီးဖွင့်ဖို့ ဆုံးဖြတ်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဝန်ကြီးအဆင့် တွေ့ဆုံပွဲမှာလည်း နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ဆွေးနွေးကြောင်း သိရပါတယ်။

ဒီနေရာမှာ ကုလားတန် စီမံကိန်းဟာ အဓိကပါဝင်နေပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ စစ်တွေဆိပ်ကမ်းကို ဆက်သွယ်နိုင်ရင် နယ်စပ်ဒေသ တိုးတက်လာမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ပထမဦးစွာ စစ်တွေမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီး ကုလားတန်မြစ် ရေစူးနက်အောက် လုပ်ဖို့လိုပါတယ်။ လောလောဆယ် တန်ချိန် (၂၀၀၀) သင်္ဘောသာ ဆိုက်ကပ်နိုင်တဲ့ စစ်တွေဆိပ်ကမ်းကို တန်ချိန် (၆၀၀၀) အရွယ်အစားဆိုက်ကပ်နိုင်အောင် ပြုပြင်ပြီး တန်ချိန် (၂၆၀) ရှိတဲ့ သင်္ဘော (၁၀) စီး အိန္ဒိယက တည်ဆောက်နေပါတယ်။ ဆိပ်ကမ်းတွေနဲ့ ကလတန်မြစ် ပြုပြင်ရေးအတွက် ဒေါ်လာသန်း (၇၀) သတ်မှတ်ပါတယ်။

စစ်တွေက စက်ပစ်ပြင် (ခေါ်) ကလက်ဝအထိ ကီလိုမီတာ (၂၀၀) ကျော် သင်္ဘောနဲ့သွားပြီးတော့မှ ကလက်ဝ က အိန္ဒိယနယ်စပ်အထိ ကားနဲ့ ဆက်သွားမယ့် စီမံကိန်းဖြစ်ပါတယ်။ ကလက်ဝ က အိန္ဒိယနယ်စပ်အထိ ကီလိုမီတာ (၆၀) ကျော်ရှိတဲ့ ကားလမ်းဆောက်လုပ်ဖို့ ဒေါ်လာသန်း (၅၀) ရာထားပါတယ်။ ကုလားတန်မြစ်ဟာ မြန်မာနိုင်ငံ လူရှိုင်းတောင်တန်းမှာ မြစ်ဖျားခံပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို စီးဆင်းသွားပါတယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်းမှ ချင်းပြည်နယ်ထဲကို စီးဆင်းသွားပြီး ပလက်ဝမှာ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ကာ စစ်တွေမှာ ဘင်္ဂလားပင်လယ်ကို ထွက်ပါတယ်။ ကီလိုမီတာ (၆၀၀) ကျော် ရှည်လျားပြီး မြန်မာပြည်ထဲမှာ ကီလိုမီတာ သုံးရာနီးပါး ရှိပါတယ်။ ကျောက်ဆောင်များတဲ့ မြစ်ဖြစ်တာကြောင့် ပလက်ဝ က ကလက်ဝအထိ ရေယာဉ်အသေးစားသာ တနှစ်မှာ ရှစ်လသွားနိုင်ပါတယ်။ ဒီရေကြောင်းကို တနှစ်လုံး သင်္ဘောသွားလာနိုင်အောင် ပြုပြင်ထိန်းသိမ်းဖို့ ရည်ရွယ်ပါတယ်။

စစ်တွေက ပလက်ဝအထိ (၁၆၀) ကီလိုမီတာ ရေကြောင်းခရီးမှာ ပြဿနာသိပ်မရှိဘဲ ပလက်ဝ က ကလက်ဝ အထိဖြစ်တဲ့ ကီလိုမီတာ (၇၀) မှာသာ ကျောက်ဆောင်ထူထပ်လို့ ကုန်သင်္ဘောသွားဖို့ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ စီမံကိန်း အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ ဗမာအစိုးရတို့ ၂၀၀၈ ဧပြီလမှာ လက်မှတ်ထိုးကြပေမယ့် ကလတန်မြစ်ကြောင်းကို ၂၀၀၂ ခုနှစ်ကတည်းက အိန္ဒိယဘက်က တိုင်းထွာစစ်ဆေးခဲ့တာ အကျယ်ဆုံးနဲ့ ရေစူးအနက်ဆုံးဖြစ်ပြီး ကျောက်တော်၊ ပလက်ဝအပိုင်းမှာ မြစ်ကျဉ်းသွားပေမယ့် ရေစူးက အတူတူပဲ ဖြစ်ပါတယ်။ ပလက်ဝ၊ ကလက်ဝအပိုင်းမှာ ရေစူးတိမ်မြစ်ကျဉ်းပြီး ကျောက်ဆောင်ပေါများတာကြောင့် ဒီအပိုင်းကို အများဆုံးပြုပြင်ဖို့ လိုကြောင်းသိရပါတယ်။

ပလက်ဝ က စက်ပစ်ပြင် (ခေါ်) ကလက်ဝအထိ တန်ချိန် (၂၆၀) ရှိတဲ့ ကုန်သင်္ဘောတွေ သွားနိုင်ဖို့ ကုလားတန်မြစ်ကြောင်းကို ပြုပြင်ပြောင်းလဲရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို လေ့လာစရာမလိုဘူးလို့ စီမံကိန်းရည်ရွယ်ချက်မှာ ရေးထားပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ဒေသအာဏာပိုင်က ယူဆတဲ့ကိစ္စမှာ မြန်မာဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ပတ်ဝန်းကျင်ထိခိုက်မှုကို အိန္ဒိယဘက်က လေ့လာမှာမဟုတ်ဘဲ မြန်မာဘက်က လေ့လာပြီး ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် ထိခိုက်မယ့်လုပ်ဆောင်ချက်တွေကို ဒေသခံအာဏာပိုင်က ဟန့်တားပိုင်ခွင့် ရှိပါတယ်။

အိန္ဒိယအစိုးရရဲ့  ကုလားတန်စီမံကိန်းကြောင့် မြစ်ကြောင်းကိုအမှီပြုပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ဒေသခံတသန်းလောက်ရဲ့  စားဝတ်နေရေး ထိခိုက်နိုင်တယ်လို့ ရခိုင်မြစ်ချောင်း ကွန်ယက်က ဆိုပါတယ်။ ဒီလို လူနေမှုဘဝ ထိခိုက်သွားတာကို လျှော်ကြေးပေးဖို့ အစီအစဉ်ရှိပုံ မရပါဘူး။ ကုလားတန် စီမံကိန်းကြောင့် ဒေသခံတွေ မှီခိုနေတဲ့ သဘာဝဂေဟ စနစ်ပျက်စီးပြီး ရိက္ခာရှားပါးသွားနိုင်တယ်လို့ ရခိုင်မြစ်ချောင်း ကွန်ယက်က ဆိုပါတယ်။ လေပြင်းမုန်တိုင်းကျမှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ (၂၀၀၈) ကစပြီး ရိက္ခာမလုံလောက်တဲ့ ပြဿနာ ကြုံတွေ့နေရပါတယ်။

စစ်တွေ၊ ပလက်ဝ နဲ့ ကလက်ဝ မှာ ဆိပ်ကမ်းတွေ တိုးချဲ့ ဆောက်လုပ်တဲ့အတွက် ဖယ်ရှားခံရမယ့် အိမ်ထောင်စုတွေ လျော်ကြေးအလုံအလောက် ရဖို့လိုပါတယ်။ ကလတန်နဲ့ အခြားစီမံကိန်းမှာ စစ်တွေက လုံခြုံရေးတာဝန် ယူထားတာကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ဆိုးကျိုးတွေကို စိုးရိမ်နေကြပါတယ်။ ၂၀၀၆ မှာ ဂိတ်ကြေးစခန်း (၄) ခုရှိရာက (၃၀) အထိ တိုးပွားနေပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်ဖို့အတွက် ကလတန်မြစ်ဝှမ်းနေ ဒေသခံပြည်သူလူထုရဲ့  သဘောထားကို စဉ်းစားဖို့ လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်း ကွန်ယက်က တိုက်တွန်းထားပါတယ်။

http://www.voanews.com/burmese/news/news-analysis/news_analysis_10-22-2011-132360258.html

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ဆက်လုပ်မယ်လို့ ဦးတင်ဦးပြော



2011-10-22
ဒုတိယအကြိမ် ပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။


NLD၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်အကြောင်း NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ဟောပြောနေစဉ်။

ပြီးခဲ့တဲ့၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားမှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေးကို အင်နဲ့အားနဲ့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် လက်ရှိမှာ ညီလာခံကျင်းပရေး ပြောဆိုသံတွေ မှေးမှိန်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြောပါတယ်။

“ပင်လုံညီလာခံ ကိစ္စနဲ့ပတ်သက်တာ အားလုံးကို ကျနော်တို့က ဖျက်လိုက်ပြီ မလုပ်တော့ဘူးလို့ ပြောတာမှ မရှိပဲကိုး။ အဲဒါကြောင့် ဒါနဲ့ပတ်သက်လို့ ဆက်ပြီး ဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျနော် ပြောတာပါ”

ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ကလေးမြို့ ကြေညာစာတမ်းကို လက်မှတ် ရေးထိုးသူတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ကရင် အမျိုးသားကွန်ဂရက်က စောဟာရီ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ သခင်သိန်းမောင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထောင်ခိုထန်း စတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။

ဦးတင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/second-panglong-10222011101508.html

ဒီဗွီဘီသို့ Burma VJ Network ကန့်ကွက်စာ


UZa Wana
ကိုအေးချမ်းနှင့်ဒီဗွီဘီသတင်းဌာန တာဝန်ရှိသူများခင်ဗျာ

ဒီဗီဘီသတင်းထောက်ကိုအံ့ဖုန်းမြတ်နှင့် လျှပ်တပြက်အယ်ဒီတာချုပ် မြတ်ခိုင်တို့အင်တာဗျူးမှာပါတဲ့အကြောင်းအရာနဲ့ပါတ်သက်လို့ ကျနော်တို့အနေနဲ့တရားဝင်ကန့်ကွက်ပါတယ်။
ပြည်တင်းနက်ဝပ်အဖွဲ့ဝင်(အကျဉ်းကျနေသူများ)စာရင်းကို ကျနော်တို့သတင်းထုတ်ပြန်ခွင့်ပြုတဲ့သူတွေကိုသာထုတ်ပြန်ခဲ့တာပါ
အခုချင်းမိုင်မှာလုပ်နေတဲ့ကမ်ပိန်းမှာတောင်ကျနော်တို့ထုတ်ပြန်ပေးထားတဲ့သူငါးယောက်ကိုဘဲတရားဝင်ထုတ်ပြန်ထားပါတယ်။ကျန်တဲ့သူတွေကိုလုံခြုံရေးအရသော်လည်းကောင်း၊၄င်းတို့၏နိုင်ငံရေးသိက္ခာအရသော်၎င်းတရားဝင်ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိခဲ့ပါ။ယနေ့အ ချိန်ထိထိန်းသိမ်းလာခဲ့တဲ့အစဉ်အလာကိုအံ့ဖုန်းမြတ်မှချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။မြတ်ခိုင်ဆိုတာဘယ်လိုလူလဲဆိုတာအားလုံးအ သိဖြစ်ပါတယ်။အဲဒီလိုလူတယောက်ဆီကို အခုလိုမျိုးနက်ဝပ်အဖွဲ့ဝင်တွေစာရင်းပေးလိုက်တာကတော့အင်မတန်မှဆိုးရွားပါတယ်။

ဒီဗီဘီပြည်တွင်းဝင်နိုင်ရေးအတွက် ယခင်ချမှတ်ထားသောစည်းကမ်းများကိုချိုးဖောက်ပြီး ယခုကဲ့သို့တစ်ကိုယ်ကောင်းဆန်စွာ လုပ်ဆောင်မှုဟာမသင့်တော်ပါဘူး။

အခုလိုစာရင်းတွေကို မြတ်ခိုင်ထံပေးလိုက်ခြင်းသည် ပြည်တွင်းရှိနက်ဝပ်အဖွဲ့ဝင်များအတွက်ပါအင်မတန် အန္တရာယ်များလာပါတယ်။
၎င်းကိစ္စနှင့်ပါတ်သက်ပြီးကျနော်တို့(Burma VJ Network)အနေနဲ့အပြင်းအထန်ကန့်ကွက်ပါကြောင်းအသိပေးအပ်ပါသည်။
ဒီဗွီဘီတာဝန်ရှိသူများအနေဖြင့် ယခုအင်တာဗျူးနှင့်ပါတ်သက်၍နောင်ဖြစ်လာမည့်ရလဒ်များကိုအပြည့်အဝတာဝန်ယူရပါမည်။



လေးစားစွာဖြင့်

ပွကြီး

အော်ပရေးရှင်းတာဝန်ခံ

Burma VJ Network

ဒီမိုကရက်တစ် မြန်မာ့အသံ၏ သတင်းအယ်ဒီတာချုပ် ကိုအေးချမ်းနိုင်နှင့် အင်တာဗျူး



ဒီမိုကရက်တစ် မြန်မာ့အသံ၏ သတင်းအယ်ဒီတာချုပ် ကိုအေးချမ်းနိုင်နှင့် အင်တာဗျူး
လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ် များအပေါ်မှာ သတင်း၊သုံးသပ်တင်ပြချက်များ ထူးခြားသောကြောင့် နာမည်ရနေသည့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)၏ သဘော ထားအမြင် များကို စာဖတ်သူများ သိရှိနိုင်ရန်အတွက် ယင်းသတင်းဌာန သတင်းအယ်ဒီတာချုပ် ကိုအေးချမ်းနိုင်နှင့် ပေါ်ပြူလာ နယူးစ်သတင်း ဂျာနယ်တို့ Online မှ ဆက်သွယ်မေးမြန်းချက်များကို တင်ပြလိုက်သည်။

ဒီမိုကရက်တစ် မြန်မာ့အသံက တာဝန်ရှိသူတွေ ပြည်တွင်း ကိုလာဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလား။
DVB က တာဝန်ရှိသူတွေ DVB တာဝန်နဲ့ လောလောဆယ်အမိ ပြည်တွင်းကို လာဖို့အစီအစဉ်မရှိ သေးပါဘူး။ ညှိနှိုင်းနေတာလည်း မရှိသေးပါဘူး။ DVB အနေနဲ့ DVB
တာဝန်ပေးချက်နဲ့မြန်မာပြည် ပြန်လာဖို့ မရှိသေးပါဘူး။
လာဖြစ်ခဲ့ရင် ဘယ်လိုနေရာတွေ ဘယ်ပုဂ္ဂိုလ်တွေနဲ့ သွားရောက်တွေ့ဆုံဖြစ်မလဲ။
သတင်းယူဖို့လာမယ်ဆိုရင်တော့  ကျွန်တော်တို့လိုက်မယ့် သတင်းနဲ့ သက်ဆိုင်တဲ့နေရာ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့မှာပါ။
လာနိုင်ဖို့အတွက် လက်ရှိ အစိုးရ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှုရအောင် လုပ်ဖို့ ရည်ရွယ်ချက်ရှိလား။
ကျွန်တော်အစောက ပြောခဲ့သလိုပဲ၊ မြန်မာပြည်ပြန်လာဖို့ လက်ရှိအစိုးရနဲ့ အပေးအယူလုပ် ထားတာမျိုး၊ သဘောတူညီချက် ယူထားတာမျိုးလည်း မရှိပါဘူး။   ဆွေးနွေးတာမျိုးလည်း မရှိသေးပါဘူး။
  မြန်မာနိုင်ငံမှာ ရုံးခွဲတွေဖွင့်ဖို့  ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ပြန်အခြေစိုက်ဖို့များ စီစဉ်ထားသေးလား။
လောလောဆယ် ကျွန်တော်တို့ သတင်းထောက်တွေ မြန်မာပြည်မှာ ရှိပြီးသားပါ။ ဒါပေမဲ့ သူတို့တွေဟာ သတင်းမှန်၊ အဖြစ်မှန်ဖော် ထုတ်ဖို့အတွက် အန္တရာယ်အမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြားက လုပ်ကိုင်နေကြရတာပါ။ သတင်းလိုက်ရင်း ထောင်ကျသွားကြတဲ့ ကျွန်တော်တို့ သတင်းထောက်တွေ လည်း ရှိပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက် ကတော့ တစ်နေ့မြန်မာပြည် မှာ တရားဝင်အခြေစိုက်ပြီး သတင်း လုပ်ငန်းကို တရားဝင်လုပ်သွားဖို့ပါပဲ။
အခုရှိနေတဲ့ အရပ်သားအစိုးရနဲ့ လွှတ်တော်အတွင်း အခြေအနေတွေကို ဘယ်လိုမြင်မိသလဲ။
ကျွန်တော့်အမြင် ပြောရရင်တော့ မြန်မာနိုင်ငံရေးမှာ မြင်သာတဲ့ ပြောင်းလဲမှုတွေတွေ့နေရပါတယ်။ အခုကျွန်တော်တို့နဲ့ မေးမြန်းခန်းကို က ပြောင်းလဲမှုတစ်ခုပါ။ ခြုံပြောရ ရင် နိုင်ငံရေးလှုပ်ရှားမှုတွေကို လွတ် လပ်ခွင့်အချို့ပေးထာတာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်ရေးမှူး ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဦးသိန်းစိန်တို့တွေ့ ဆုံဆွေးနွေးလာတာ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အချို့ပေးလာတာ၊ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြေပြစ်လာတာ၊ ဧရာဝတီမြစ်ဆုံဆည် ကိစ္စ ရပ်ဆိုင်းထားတာ၊ နောက်ဆုံး နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမယ်လို့ ပြောတာတွေဟာ ထူးခြားတဲ့ ပြောင်းလဲမှုတွေပါ။ ဒါပေမဲ့ ဒီပြောင်းလဲမှု တွေကို စုတ်တစ်ချက် တည်းနဲ့ လုံးခြေပစ်လိုက်လို့ရနိုင်တဲ့ လုပ်ပိုင်ခွင့်။ အခြေအနေကလည်း အစိုးရမှာရော စစ်တပ်မှာရော၊ လွှတ်တော်မှာရော ရှိနေပါသေးတယ်။   မြန်မာ့နိုင်ငံရေးကို    နေ့ချင်းညချင်းပြောင်းလဲ လို့မရတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင် ပြောရရင်တော့ ပြောင်းလဲသွားတဲ့ အတိုင်းအတာ ပမာဏကြီးကြီး သေးသေး ဒီပြောင်း လဲမှုဟာ အလွယ်တကူ ပြန်ပြင်လို့ မရတဲ့ပြောင်းလဲမှုဖြစ်ဖို့ လိုပါတယ်။ နောက်အရေးကြီးတဲ့ အချက်ကတော့ ပြည်တွင်းနိုင်ငံရေးမှာ အကောင်း ဘက်ပြောင်းတဲ့ လက္ခဏာတွေ့နေရ ပေမယ့် တိုင်းရင်းသား အရေးကိစ္စ မှာကျတော့ နောက်ပြန်ဆုတ်နေ တာကလည်း ရှေ့နောက်မညီသလို ဖြစ်နေပါတယ်။
လက်ရှိအခြေအနေကို အကောင်းဘက် သွားနေပြီလို့ မြင်နေပြီလား။
လက်ရှိအခြေအနေကို ဒီ့ထက်ပိုပြီး မြင်နိုင်ဖို့ဆိုရင် အချိန်တစ်ခု ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့လက်ရှိ အခြေအနေဟာ မြန်မာနိုင်ငံရဲ့နှစ် ၂ဝ ကျော်သမိုင်း မှာ နိုင်ငံရေးအရ ထူးခြားတဲ့ မျှော်လင့်စရာကောင်းတဲ့ လမ်းတစ်ကွေ့ကို ရောက်နေတာတော့ အမှန်ပါပဲ။
အခု နိုင်ငံရေးအကျဉ်းသား အချို့လည်း လွတ်လာပြီ။ ပြန် လွတ်လာမယ့်သူတွေလည်း ရှိနေသေးတယ်လို့ ကြားရတယ်။ သူတို့တွေလွတ်လာရင် ပြည်တော်ပြန် လာမယ့် ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေလည်း ရှိနေတယ်။ ဒီလိုဖြစ်စဉ်မှာ DVB ကေ၇ာ ပြည်တွင်းမှာ ပြန် အခြေစိုက်ဖို့ လုပ်နေပြီလား။ ဒါမှမဟုတ် အစိုးရနဲ့ တရားဝင် အသိအမှတ်ပြုတာရဖို့ လုပ်နေပြီလား။
ကျွန်တော်အထက်မှာ ပြောခဲ့သလို ကျွန်တော်တို့ ရည်ရွယ်ချက် က မြန်မာပြည်မှာ အခြေစိုက်ဖို့ပါ။ ဒါဟာ အခုမှမဟုတ်ပါဘူး။ ကျွန်တော် တို့အစကတည်းက ဒီရည်ရွယ် ချက်ရှိပါတယ်။ အရှင်းဆုံးပြောရရင် တော့ DVB ပြင်ပမှာ အခြေစိုက်ရ တဲ့ အဓိကအကြောင်းရင်းက ပြည် တွင်းမှာလွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ ထုတ်ဝေခွင့်တွေ မရှိလို့ ဒီအလုပ်ကို ပြည်ပကနေ လုပ်နေရတာပါ။ ပြည်တွင်းမျာ ဒီလွတ်လပ်ခွင့်တွေ ရှိလာပြီဆိုရင် ကျွန်တော်တို့ ပြည်ပကနေ ဆက်လုပ်နေစရာ အကြောင်း မရှိပါဘူး။   ပြည်တွင်း ပြန် လာပြီး လုပ်ရုံပဲရှိပါတယ်။ ဒီအတွက် ကျွန်တော်တို့ကြိုးစားသွားမှာပါ။  အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

နိုင်လင်း


China transports Burmese troops inside its border to fight KIA




Details
Created on Saturday, 22 October 2011 08:21 Published on Saturday, 22 October 2011 08:21 Written by KNG

PLA Chinese soldier
Chinese PLA soldiers.
The Chinese army secretly transported dozens of Burmese troops inside its border on Friday morning to fight against the Kachin Independence Army, which is resisting an offensive by Burmese troops, said witnesses.
According to eyewitnesses, about 30 Chinese military trucks secretly transported Burmese troops from the Chinese border- trade city of Ruili (Shweli) to Jang Hkawng, another border town close to Loije on the Burmese side.

Only two or three trucks in the military convoy were carrying Chinese troops and the rest carried Burmese troops, added witnesses.

Right side of the main building
Newly built Chinese PLA post on Burma border in Northern Shan State.
The aim is to recapture two posts which recently fell to the KIA at Jan Mai and Maw Shwi, near Loije, border-based military observers said.

At the same time, over 2,000 Chinese troops have arrived on the Burma border, where KIA strongholds have been positioned since early this month, said people on the border.

Chinese soldiers take military exercises in Jang Hkawng every afternoon from 4 pm to 6 pm, said eyewitnesses.

http://www.kachinnews.com/news/2114-china-transports-burmese-troops-inside-its-border-to-fight-kia.html

Harn sold out the nation....လူ့အခွင့်အရေးနှင့်ကိုယ်ကျိုးစီးပွား

http://www.ziddu.com/download/16959506/HumanRightsSelfInterest-2.pdf.html
http://www.scribd.com/doc/69921760/Human-Rights-Self-Interest-2#


http://www.ziddu.com/download/16959505/PrimeMinisterNO.pdf.html

http://www.scribd.com/doc/69921907/Prime-no#


by Myat Thi Ha on Saturday, October 22, 2011 at 2:39pm
ကျနော်ယခု ရေးသားတင်ပြမည့်အကြောင်းအရာမှာ မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်အခြေချ လာသော လူမျိုးခြား တရုပ်၊ ကုလားများအရေးကိစ္စကို မိမိဥာဏ်မှီသမျှနှင့် အတွေ့ အကြုံတို့ ကို ပေါင်းစပ်ပြီး တင်ပြ ထားခြင်းဖြစ်ပါသည်။ ထိုသို့ ရေးသားရာ၌ လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းနှစ်ဖက်ကို တတ်နိုင်သမျှရှောင်ကျဉ်ပြီး ကြိုးစား ရေးသားရာတွင် မိမိနိုင်ငံ၏ အမျိုးဘာသာ၊ သာသနာအဓွန့် ရှည်ရေးနှင့် အခြားသောလူမျိုးများ၏ ဘာသာ၊ သာသနာ ကိုလည်း မထိခိုက်၊ မစော်ကားမိစေရန် အထူးဂရုစိုက်ခဲ့ပါသည်။

အဓိကရေးလိုသည်မှာ လူ့အခွင့်အရေးကိုခုတုံးလုပ်၍ မိမိတို့ လူမျိုး၏ မျိုးရိုးဗီဇကိုဖုံးကွယ်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်း သား လူမျိုးစုဖြစ်ပါသည်ဟု ယခုတလောတွင်ဆူညံလာသော ရိုဟင်ဂျာကိစ္စကို အဓိကထားရေးသားခြင်းဖြစ်ပါသည်။ ကိုယ်ကျိုးစီးပွားရှာရန်အတွက် ဆန်ရေစပါးပေါများသော ကျွနုပ်တို့နိုင်ငံသို့ သာမန်ခိုးဝင်နေထိုင်နေလာလျှင် လက်ခံ နိင်သေးသော်လည်း၊ လိမ်ညာပြီး လူမျိုးရေးအရ တောင်းဆိုလာမှု၊ ဘာသာရေးအရ လွှမ်းမိုးလာမှုများနှင့်  မရိုးသားမှု တို့မှာ လက်ခံနိုင်စရာမရှိချေ။

ကျနော်တို့ ငယ်စဉ်က “ ဂန်းမာရီကား၊ လောက်လား” ဟု ကျနော်တို့ ၏ငယ်ပေါင်းကြီးဖက် မူဆလင် သူငယ်ချင်း များကို နောက်ပြောင်၍ နှုတ်ဆက်ရာတွင်  “မလောက်ဘူး” ဟု ပြောတတ်သလို၊ သူတို့ ကလည်း“ ဆာလား” ဟု ပြန်လည်နှုတ်ဆက်ရာတွင် ကျနော်တို့ ကလည်း “မဆာသေးဘူး” ဟု ရယ်သွမ်း၍ ပြန်လည်နှုတ်ဆက်တတ်ကြပါ တယ်။ တဦးနှင့်တဦး ငါကဗမာ၊ မင်းကကုလားဟူ၍ ရန်ငြိုးဖွဲ့ ခြင်း၊ စိတ် ဆိုးခြင်းများ အလျှဉ်းမရှိကြပါ။ အမှန်စင်စစ် ထိုစကားစုများသည် ရုတ်ရင်းကြမ်းတမ်းစွာ ကုလားလို ဆဲရေးတိုင်း ထွာသော စကားစုများဖြစ်သော်လည်း ခင်မင် ရင်းနှီးမှုကိုရှေးရှုပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြခြင်းသာဖြစ်သည်။ လူမျိုးဘာသာခွဲခြားမှုမရှိ၊ အပြစ်မမြင်ကြပဲ တဦး သဘောကို တဦး နားလည်ကြသဖြင့် အဓိကဘာကို ဆိုလိုသည်ကို သဘောပေါက်ကြခြင်း၊ ဘာရည်ရွယ်ချက်နှင့် ပြောသည်ကိုနားလည်ခြင်း၊ တဦးပေါ်တဦး ယုံကြည်လေးစားမှုရှိခြင်းတို့ကြောင့် ယခုလို နှုတ်ဆက်ပြောဆို၊ ဆက်ဆံ နိုင်ခြင်းဖြစ်သည်။

ယခုအခါ ဘာသာရေးအစွန်းရောက်မှုများကြောင့် ကမ့ နိုင်ငံအသီးသီးတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာရသည် ဆိုလျှင်မမှားပါ။ ဥပမာ-အာဖဂန်နစ္စတန်နိုင်ငံသည် ရှေးပဝေသဏီကာလက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့သည်။ တာလီဘန် ခေါင်းဆောင် မူလာအိုမာတို့ အာဏာရလာခဲ့ပြီးနောက် အာဖဂန် နစ္စတန်နိုင်ငံတွင် အစွန်းရောက် အတွေးအခေါ်များ ဝင်လာခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော်ခန့် ကတည်ရှိခဲ့သော ဗုဒ္ဓရုပ်ထု မတ်တတ်ကိုယ်တော်ကြီးများကို ကျောက်တောင်နံရံကြီးများတွင် ထွင်းထုထားခဲ့သည်မှာ သမိုင်းဝင်အထောက်အထားများအဖြစ် ထင်ရှားလှပေသည်။ ထိုသို့ ဘာသာရေးအရ လေးစားအပ်သောအရာလည်းဖြစ်၊ သမိုင်းအထောက်အထားအရလည်း တန်ဖိုး ရှိလှသော ဗုဒ္ဓကျောက်ရုပ်ထုကိုယ်တော်ကြီးများကို တာလီဘန်မူဆလင်များက သူတို့ နိုင်ငံသည် ယခင်က ဗုဒ္ဓဘာသာ ထွန်း ကားသည့်နိုင်ငံဖြစ်သည်ဟူသည့် သမိုင်းအထောက်အထားများကို ကွယ်ပျောက်သွားစေရန် သံချပ်ကာ ကားကြီးများ အမြောက်ကြီးများကိုသယ်ဆောင်သွားပြီး အမြင့်ပေရာကျော်မြင့်သော ဗုဒ္ဓဆင်းထုတော်ကြီးများကို ပစ်ခတ် မိုင်းခွဲ ခဲ့ပြီး အစိတ်စိတ်အမွှာမွှာထုခွဲချေဖျက်ခဲ့ကြသည်။ ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ၊ အခြားဘာသာဝင် ခရစ်ယာန် အဖွဲ့ အစည်းများ၊ ရှေးဟောင်းသမိုင်းထိန်းသိမ်းသောအဖွဲ့ အစည်းများနှင့် ယူနက်စ်ကိုမှ ဝင်ရောက်တောင်း ပန်ကန့်  ကွက်ကြသော်လည်း မူလာအိုမာ၏ တာလီဘန်အစွန်းရောက်များက ဂရုမစိုက်ပဲ၊ ရက်စက်ရိုင်းပြစွာ ဖြိုခွဲ ဖျက်ဆီးခဲ့ ကြသည်မှာ ဗုဒ္ဓဘာသာနိုင်ငံမှ မူဆလင်နိုင်ငံဘဝသို့ ရောက်ရှိသွားခဲ့သည့်အာဖဂန်နစ္စတန်နိုင်ငံမှ မူစလင်များ၏ ပကတိသက်သေပြချက်တခုပင်ဖြစ်သည်။

ထို့ အပြင် လက်ဘနွန်နိုင်ငံတွင်လည်း အာရပ်၊ အစ္စရေး စစ်ပွဲပြီးနောက် တရွေ့ ရွေ့ ပြောင်းရွေ့လာသော ပါလက်
စတိုင်း မူဆလင်များတစစများပြားလာပြီးသည့်နောက် လက်ဘနွန်နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များ စစ်ပွဲများဖြစ်ပွားလာပြီး ခရစ်ယာန်ပိုင်နယ်မြေများကို မူဆလင်များသိမ်းယူသွားခဲ့သည့်  သာဓက သည်လည်း ခေတ်သစ်သမိုင်းတွင် အထင်အရှား ရှိနေခဲ့ပါသည်။

နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ဖောက်ဖျက်၍ ခိုးဝင်လာသောနိုင်ငံခြားသားများ မိမိနိုင်ငံတွင်း၌ ၎င်းတို့ ၏ဘာသာယဉ်ကျေးမှုများကို ၎င်းတို့ လူမျိုးများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူ များသွေးနှောစေ ခြင်းဖြင့် လူကိုလူခြင်း တဖြေးဖြေးဝါးမြိုခြင်းကို ပြုလုပ်လာပါက၊ သို့ မဟုတ် ပြုလုပ်ရန် ကြံရွယ်စီစဉ်ထားသည်ကို တွေ့ ရှိပါက ဒေသခံ တိုင်းရင်းသားပြည်သူများက ခုခံကာကွယ်တိုက်ဖျက်ရမည်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိ သည်ဟု ထင်မြင်မိပါသည်။ မြန်မာနိုင်ငံတွင်းသို့ လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီ မျိုးနွယ် မူဂျာဟီဒင်ကုလားများကို တာဝန်အရတာဆီးအရေးယူခဲ့သည့် ဗိုလ်ချုပ်ကြီးတင်ဦး(အငြိမ်းစား)ယခု အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ဒုဥက္ကဌဦးတင်ဦးအား ရိုဟင်ဂျာအမည်ခံ ဒေါက်တာဝါကာအူဒင်က (RFA) ရေဒီယိုမှ နေ၍ ပုတ်ခတ်တိုက်ခိုက်သည့်အပြင် ရိုဟင်ဂျာများကို ဘင်္ဂါလီ အနွယ်ဝင်များဟုပြောဆိုခဲ့ခြင်းသည် စော်ကားမှု ဖြစ်သဖြင့် ဦးတင်ဦးက သူ့ အားတောင်းပန်ရမည်ဟု မိုက်ရိုင်းစွာ ပြောကြားသွားခဲ့မှုကြောင့် ဤ ဆောင်းပါကို ရေးသားရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါသည်။

ဒေါက်တာဝါကာအူဒင်က ရိုဟင်ဂျာလူမျိုးတို့ သည် အာရပ်ကုန်သည်များ သင်္ဘောပျက်ပြီး ရခိုင်ကမ်းရိုးတန်းသို့  ရောက်လာရာမှစတင်ပြီး ဌာနေအရပ်သူများနှင့် အိမ်ထောင်ကျရာမှ ရိုဟင်ဂျာလူမျိုးဟူ၍ ဖြစ် ပေါ်လာရသည်ဟု ဆိုသည်။ အာရပ်လူမျိုးများသည် အရပ်အမောင်းကောင်းသူများ၊ အသားအရောင်ဖြူသူများဖြစ်သည်။ ယခုရိုဟင်ဂျာ ဆိုသူများမှာ အသားအရေမည်းသည့်အပြင်အရပ် လည်းပုသည် ထို့ အပြင် အာရပ်ဘာသာစကားကိုမပြောပဲ ဘင်္ဂလီ အူရဒူဘာသာစကားသာပြောသည်။ အသွင်အပြင်၊ အနေအထိုင်ကအစ ဘင်္ဂလီလူများနှင့် တပုံစံတည်းဖြစ်သည်။
ထို့ အတူ ဝါကာအူဒင်က ရိုဟင်ဂျာများသည် မြန်မာများကဲ့သို့ ပင်လုံချည်ဝတ်သည်ဟု ထည့်ပြောသွားပါသေးသဖြင့် ပြုံးမိပါသည်။ ဘင်္ဂလားဒေ့ရှ် ဘင်္ဂလီများသည်လည်း လုံချည်ဝတ်သည်ကို ဝါကာအူဒင်တယောက် မေ့နေသည်ဟု ထင်ပါသည်။ အဓိက သိပ္ပံနည်းကျ သက်သေပြချက်မှာ ထို  ရိုဟင်ဂျာဟုခေါ်နေသူများ ၏သွေးကို ဖောက်ထုတ်၍ DNA စစ်ဆေးကြည့်လိုက်ပါဟု စိမ်ခေါ်လိုက်ပါသည်။ ဘင်္ဂလီသွေးမဟုတ်လျင် ၎င်းတို့ အား ကျွန်ုပ်တို့ ၏ တိုင်းပြည် တွင် နေထိုင်ခွင့်ပေးခဲ့လျှင် ကန့် ကွက်မည်မဟုတ်ပါ။ ဘင်္ဂလီသွေးဟုတ်လျင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်မည်လားဟု ရဲရဲစိမ်ခေါ်လိုက်ပါသည်။

အမေရိကန်နိုင်ငံနှင့် နယ်နမိတ်ချင်း ဆက်စပ်နေသော မက္ကဆီကိုနိုင်ငံမှ မက္ကဆီကန်များသည် ၎င်းတို့ နိုင်ငံနှင့် ပြည် နယ်ချင်း ဆက်စပ်နေသော တက္ကဆက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်များအတွင်းသို့ တနေ့ လျင် ထောင် ချီပြီးခိုးဝင်နေသဖြင့် နယ်ခြားစောင့်တပ်များချထားပြီး လိုက်လံဖမ်းဆီးပါသည်။  ဖမ်းမိသူများကိုစီစစ်ပြီး သက်ဆိုင်ရာ နိုင်ငံသို့  ပြန်ပို့ ခြင်းတို့ ကို လုပ်နေသည့်ကြားမှ ထိုတက္ကဆက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်များတွင် စပိန် စကားပြော မက္ကဆီကန်လူမျိုးများ ပြည့်လာခဲ့ပါသည်။ ယခုအခါ ကယ်လီဖိုးနီးယားပြည်နယ်တွင် စပိန် ဘာသာ စကားပြော မက္ကဆီကန်လူမျိုး (၅၀)ရာခိုင်နှုန်း အမေရိကန်လူမျိုး (၅၀)နှုန်းပင်ဖြစ်နေပေသည်။ ထိုသူတို့ က သူတို့  သည် အမေရိကန်မက္ကဆီကန်များဖြစ်သည်ဟု သူတို့ မျိုးရိုးဗီဇကိုထုတ်ပြောကြသည်။ ငါတို့ သည် အမေရိကန် တိုင်း ရင်းသားများဖြစ်သည်ဟု မပြောကြချေ။ အမေရိကန်လူဖြူတို့ ကလည်း ငါတို့ သည် Indigenous  တိုင်းရင်းသားများ ဖြစ်သည်ဟု မပြောပါ။ အဘယ့်ကြောင့်ဆိုသော် အမေရိကန် တိုင်းရင်းသား စစ်စစ်များသည် လူနီ အင်ဒီးယန်းများ Red Indians ခေါ် Native ဌာနေအမေရိကန်များဖြစ်ခြင်းကြောင့်ဖြစ်သည်။

ဒေါက်တာဝါကာအူဒင်က Indigenous ဒေသခံလူမျိုးစုများအဖြစ် လွန်ခဲ့သောနှစ်ပေါင်း ထောင်ကျော်ကတည်းက ရှိခဲ့သည်ဟုဆိုသည်။ ရခိုင်ပြည်နယ်၏သမိုင်းတွင်လည်းကောင်း၊ ရခိုင်ရာဇဝင်တွင်လည်းကောင်း ရိုဟင်ဂျာဆိုသည့် စကားမကြားခဲ့ဖူးချေ ။ ထို့ အပြင် ဝါကာအူဒင်က တိုင်းရင်းသားလူမျိုးစုဖြစ်ပါသည်ဟု လိမ်လည်ပြောဆိုခြင်းနှင့် ဦးတင်ဦးကိုလည်း ဝန်ချတောင်းပန်ရမည်ဆိုသည်မှာ အလွန်စော်ကားသောစကားရပ်ဖြစ်ပြီး သူခိုးက လူဟစ်နေခြင်း ပင်ဖြစ်သည်။

ထိုနှင့်တဆက်တည်းတင်ပြလိုသည်မှာ EBO (Euro Burma Office ) တာဝန်ခံ ဦးဟန်ရောင်ဝေနှင့် ရိုဟင်ဂျာများ ဆက်စပ်မှုဖြစ်သည်။ ကျနော့်စိတ်ထဲတွင် လိပ်ခဲတည်းလည်းဖြစ်နေသည်မှာ အချိန်ကြာမြင့်စွာ အောင့်အီးခဲ့ရသမျှ ယခုလို NLD ခေါင်းဆောင်ကြီးတဦးကို ဘာမဟုတ်သည့် ရိုဟင်ဂျာအမည်ခံ ဗမာစကား မပြောတတ်ပြောတတ် ကုလားတယောက်က မိုက်ရိုင်းစွာစော်ကားလိုက်သည့်အတွက် ကျွန်ုပ်သိသမျှကိုထုတ်ဖော်ပြောတော့မည်ဟူသော စိတ်ဖြစ်ပေါ် လာသဖြင့်မျက်မြင်ကိုယ်တွေ့ အဖြစ်ကို ရိုဟင်ဂျာကိစ္စ နှင့်ဆက် စပ်၍တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံစစ်ကျွန်ဘဝအဖြစ် အလူးအလဲဒုက္ခရောက်နေရပြီး အရှေ့ တောင်အာရှ၏ကြယ်တပွင့်ဘဝမှ လျောကျကာ ကမ္ဘာ့ အလယ်တွင် လူမွဲနိုင်ငံ (LDC)ဘဝသို့  သက်ဆင်းခဲ့ရသည့်အတွက် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ (NGOs) ဒီမိုကရေစီနိုင်ငံများမှ လူလူခြင်း စာနာထောက်ထား ပီး ကူညီရိုင်းပင်းကြခြင်း။ ငွေကြေးထောက်ပံ့ခြင်း။ ဒီမိုကရေစီလှုပ်ရှားသူများကို သနားကြင်နာစွာဖြင့် ကူညီခြင်း စသည့် ဖွံ့ ဖြိုးမှုအကူအညီအစီအစဉ်များကြောင့် EBO ရုံးခန်း ဥရောပတွင် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ဦးဟန်ရောင်ဝေသည်  Burma alert   စာစောင်ကို ကနေဒါ
နိုင်ငံတွင် စတင်ထုတ်ဝေနေရာမှ သူ၏ နိုင်ငံခြားတိုင်းပြည်တွင်ပညာသင်ကြားခဲ့ခြင်း၊ အင်္ဂလိပ်ဘာသာစကားကို လယ်လယ်ဝယ်ဝယ် ရေးနိုင်၊ ပြောဆိုနိုင်ခြင်းတို့ ကြောင့် အဝေးရောက်အမျိုးသားညွန့် ပေါင်းအစိုးရ (NCGUB) မှ စင်တော်ကောက်ပြီး အဝေးရောက်အစိုးရကိုယ်စားလှယ်ဘဝဖြင့် ဥရောပသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဥရောပ နိုင်ငံမှအစိုးရများကို ချဉ်းကပ်၍ မြန်မာစစ်အာဏာရှင်အစိုးရကို စီးပွားရေးအရပိတ်ဆို့ ရန်ကြိုးစားခြင်း စစ်အစိုးရ၏ လူ့ အခွင့်အရေးချိုးဖောက်မှုများကို တင်ပြခြင်းဖြင့် ဥရောပရောက်မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင် နေကြသော မြန်မာများက သူ့ ကိုယုံကြည်အားကိုးခဲ့ကြသည်။ ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံအစိုးရများ အလှူရှင် များထံမှ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ရံပုံငွေအမြောက်အများရရှိခဲ့သည်ကို ကျွုန်ပ်တို့ သိရှိပါသည်။

ထောက်ပံ့ငွေများကို (NCGUB) အဝေးရောက်အစိုးရ အတွက်တောင်းပေးခြင်း။ ခေါင်းစဉ်မျိုးစုံတပ်၍  ပရိုပိုဆယ် Proposal များ တင်ခြင်းကို ကြားသိနေရသော်လည်း ဘယ်၍ဘယ်မျှရသည်၊ မည်သည့်အဖွဲ့  အစည်းနှင့် ဆက် သွယ်သည်၊ မည်သည့်နေရာတွင်သုံးစွဲသည်တို့ ကို ဦးဟန်ရောင်ဝေထံမှ သော်လည်းကောင်း၊ အဝေးရောက်အစိုးရ (NCGUB) မှသော်လည်းကောင်းမသိရှိခဲ့ရပါ။ ထို့ နောက် ဥရောပ သမဂ္ဂနိုင်ငံများ(ဂျာမဏီ)မှ၊ မြန်မာစစ်အစိုးရနှင့် မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းလုပ်ဆောင်ရမည်ဟူသောမူဖြင့် ကူညီထောက်ပံ့ငွေ များကို ထောက်ပံ့ကူညီခဲ့ရာ ဦးဟန်ရောင်ဝေလည်း ငွေရရှိရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့သွားပြီး ပြည်တွင်းမှ နဝတ ကိုလိုလားသူ နေဝင်းမောင် (EGRESS,Think-Tank Myanmar Partners, The Voice journal, Living Color magazine) တည်ထောင်သူနှင့် ပြည်ပရောက်စည်းပွားရေး ပညာရှင်အမည်ခံ  ဇော်ဦး (Director of the Vahu Development Institute,Think-Tank) အဖွဲ့ ဝင်တို့ ပူးပေါင်းမိသွားရာမှ ပြည်သူများနှင့် အတိုက်အခံ အင်အားစုများ အမှန်တကယ် လိုလားသောဆန္ဒကို ဆန့် ကျင်၍ ကနဦးကစီးပွားရေးပိတ်ဆို့ရေးပေါ်လစီမှ စီးပွားရေး ဖွင့်ပေးရေးပေါ်လစီသို့ နေ့ ချင်းညချင်းပြောင်းသွားခဲ့သည်။

နောက်အတွေအကြုံတခုအရ၊ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ (၂၀၁၀၊မေ လ ၅ရက်)တွင်ပြုလုပ်သော အရှေ့ တီမော သမ္မတ ရာမို့ စ်ဟိုဆေးမှကြီးမှူးကျင်းပပေးခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲတွင်ကျနော်တို့ဘက်မှ ၂၀၀၈ ဖွဲ့ စည်းအုပ် ချုပ်ပုံအခြေခံဥပဒေမှပေါ်ပေါက်လာမည့် စစ်အစိုးရမှကြီးမှူးပြုလုပ်သည့် ၂၀၁၀ ပါတီစုံရွေးကောက်ပွဲမှ ထွက်ပေါ်လာ မည့်ရလာဒ်ကို နိုင်ငံတကာအစိုးရများမှ အသိအမှတ်မပြုရန်နှင့် လက်မခံဖို့တိုက်တွန်းပြောကြားရာတွင်လည်းကောင်း
မြန်မာနိုင်ငံမှ စစ်ရာဇဝတ်ကောင်များအား အရေးယူအပြစ်ပေးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ပေါ် ပေါက်လာစေဖို့  ဥရောပနိုင်ငံများမှ ထောက်ခံပေးပါရန် တောင်းဆိုပြောဆိုရာတွင် ဦးဟန် ရောင်ဝေမှ စစ်ရာဇဝတ် ကောင် တရားခံတွေကို ခုံရုံးတင်ဖို့ စာရင်းပြုစုမယ်ဆိုရင် NLD ပါတီဒုဥက္ကဌ ဗိုလ်ချုပ်တင်ဦးကိုလည်း စစ်ရာဇဝတ် ကောင်အဖြစ်သတ်မှတ်၍ စာရင်းတင်ပြီ၊း ခုံရုံးတင်ရပါလိမ့်မည်ဟု ရဲရဲတောက်ပြောသွားသည် ကို ကြားလိုက်ရသည့် ကျနော်မှာ ကြက်သေသေသွားခဲ့ပါသည် ။

ယခုလည်း ဝါကာအူဒင်က ဦးတင်ဦးက ရိုဟင်ဂျာတွေကို ဘင်္ဂလီတွေလို့ ပြောတဲ့အတွက် ဒါဟာသမိုင်းကိုလိမ်တာ
လို့ ဆိုပြီး၊ တောင်းပန်ခိုင်းသည့်အချက်သည် အထက်ကဖော်ပြခဲ့သော ဦးဟန်ရောင်ဝေ၏ သဘောထားနှင့် တထပ် တည်းဖြစ်နေသည်။ ဟန်ရောင်ဝေ၏လုပ်ရပ်မှာ ဗမာမဟုတ်သူများအားလုံးကို ဥရောပမှရလာသောငွေဖြင့်ပေါက်၍ စည်းရုံးပြီး၊ ဗမာလူမျိုးများအားလုံးကိုဆန့်ကျင်ရန် ကြောင်လက်သဲဝှက် ကြံစည်နေခြင်းဖြစ်သည်။ မှာထင်ရှားလာခဲ့ ပါသည်။ UNFC တွင်ဟန်ရောင်ဝေပါဝင်နေသည်မှာအထူးစိုးရိမ်စရာကောင်းပါသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီရတ်မြို့ တွင်အခြေစိုက်ထားသည့် နိုင်ငံတကာမူဆလင်များပူပေါင်းဆောင်ရွက်ရေးအဖွဲ့  ချုပ်  OIC နှင့်ဆက်သွယ်၍ အီးယူနှင့်အင်္ဂလန်နိုင်ငံများတွင် လူသားချင်းစာနာမှု၊ လူ့ အခွင့်အရေးချိုးဖောက် ဖျက်ဆီး ခံရမှုများကို ခေါင်းစဉ်တင်၍ ရိုဟင်ဂျာအရေးအတွက် အကူအညီအထောက်အပံ့များရရှိရန် ကြိုးပမ်းခဲ့ ကြသည်။

ကျွန်ုပ်အနေနှင့်ဆိုခဲ့ပြီးသကဲသို့  မူဆလင်မုန်းတီးရေးစိတ်မရှိပါ။ သို့ရာတွင် တာလီဘန်ကဲ့သို့ အစွန်းရောက်မူဆလင် များကိုမူ တူးတူးခါးခါးမုန်းပါသည်။ ရိုဟင်ဂျာဟုလိမ်မနေပဲ၊ မြန်မာပြည်ဖွား ဘင်္ဂါလီ-မြန်မာမူဆလင်များဟု မှည့်ခေါ် ပါက လက်ခံနိုင်လောက်ပါသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ အမျိုးဘာသာ၊ သာသနာနှင့် နယ်နမိတ် တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်စေခြင်း၊ မြန်မာ ပြည်တွင်နေထိုင်သော မြန်မာ-မူဆလင်ဘာသာဝင်များနှင့် ပဋိပက္ခများ ပေါ်ပေါက်လာရေးကို တွန်းပို့ နေသည်ဟု သုံးသပ်မိပါသည်။ မြန်မာနိုင်ငံပြည်တွင်းရေးများ ပိုမိုရှုတ်ထွေးလာစေလိမ့်မည်ဟု ထင်မြင်ပါသဖြင့် ကျွန်ုပ် ဤဆောင်း ပါးကို အောက်ပါ သက်သေခံ ဓါတ်ပုံမှတ်တမ်းများနှင့်အတူ စုစည်းတင်ပြအပ်ပါသည်။

ယ္ခုအခါ ဦးဟန်ရောင်ဝေသည် သမီးဖြစ်သူနှင့်အတူ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး၊ ပြည်တွင်းရှိ နေဝင်းမောင်တို့၏ (Think Tank) စုစည်းတွေးခေါ်မှုအဖွဲ့ နှင့်လည်းကောင်း၊ ပြည်ပအခြေစိုက်ဇော်ဦး၏ ဗဟု (Think Tank) အဖွဲ့ နှင့် လည်းကောင်း အကျိုးတူပူးပေါင်း၍ ပြည်တွင်းစားကျက်အသစ်ဖွင့်ရန် ခြေလှမ်းစနေပြီဖြစ်ပါသည်။

နိုင်ငံတကာမှ လူမှုရေးအတွက် ပေးလာမည့်အကူအညီမှာ မျိုးမျိုးမျက်မျက်ရမည့် စားနေကြ စားဖါးကြီးများက ပါးနပ် စွာမြင်နေကြပြီဖြစ်ပါသည်။ ဥရောပနိုင်ငံများ၏လူမှုရေးကူငွေများကို ပြည်ပသို့ပေးခြင်းကိုလျော့ချ၍ ပြည်တွင်းသို့ ပို၍ ပေးမည်ကို စားဖါးကြီးများက အနံ့ ရနေပြီဖြစ်ပါသည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ပါတီတို့အနေနှင့် ထိုသူများကိုသတိကြီးရှောင်ရှားကြဘို့ တော်လှန်ရေး သတိဖြင့် ထိုသူများ၏လုပ်ရပ်ကို ထောက်ပြ၍ တွေ့ ကြုံသမျှအချို့ ကိုစုစည်း၍ ရိုးသားစွာဖြင့် တင်ပြလိုက်ရပါသည်
ခင်ဗျား။

ပြည်သူ့ အပေါ် ရိုးသားသည့် သစ္စာဖြင့်
အောင်သန်းဦး (၇၅-မျိုးဆက်)



ဘရပ်ဆဲလ် အီးယူတွင်ကျင်းပသော Organization of International Islamic Cooperation (OIC)နှင့်
ဟန်ရောင်ဝေ၏ ယူရိုဘားမားတို့ ရိုဟင်ဂျာအရေးကိုထောက်ခံဆွေးနွေးနေကြစဉ်ပုံ။



အာရပ်နိုင်ငံများကိုယ်စားလှယ်နှင့်ဟန်ရောင်ဝေတို့××××××---သဘောတူလက်မှတ်ရေးထိုး နေကြစဉ်။(မည်သည့်အကြောင်းအရာပေါ်လက်မှတ်ရေးထိုးနေကြသည်ကို မသိနိုင်ပါ)



မြန်မာပြည်ကိုကိုယ်စားပြုသလိုလိုလက်မှတ်ရေးထိုးအပြီးဟန်ရောင်ဝေနှင့်မူဆလင်များကြေနပ်နေကြပုံ။



ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ)ရိုဟင်ဂျာဥက္ကဌနရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး။



ဟန်ရောင်ဝေနှင့်သမီးရန်ကုန်လေဆိပ်သို့ပထမခြေလှမ်းစခြင်း။ (အားလုံးသတိထားကြ၊ စားဖါးကြီးလာပြီ၊)


ဗမာနှင့်အတူနေရင်လည်းဗမာကျွန်... တရုပ်နှင့်နေရင်လည်း တရုပ်ကျွန်... မဖြစ်ရအောင်..




ကဲ..ဘာတွေပြောကြမလဲ... ဘာတွေလုပ်ကြမလဲ..??????..။

=================================

ကျွန်တော် ပြီးခဲ့အပါတ်ကဖြစ်မည်ထင်သည်၊ သည်နေရာမှာ ဆောင်းပါးတပုဒ်ဖတ်လိုက်ရသည်၊

ထိုဆောင်ပါးထဲမှာ... ၀ တွေအုပ်ချုပ်သော နေရာသည် သီးခြားလွတ်လပ်သော ပြည်နယ်တခု

ဖြစ်သွားပြီလားဆိုတဲ့... အကြောင်းတွေဘဲ...၊ ရေးထားတဲ့အကြောင်းအရာတွေ သုံးသပ်တင်ပြတာ

သိပ်ကောင်းပါတယ်... အခု ကျွန်တော်ပြန်ရှာတာ မတွေ့ တော့ဘူး၊



ဒီအကြောင်းတွေကို အခြေခံပြီး ထိုဒေသမှ မိတ်ဆွေတချို့ နှင့် အချိန်တော်တော်ကြာ စကားပြောဖြစ်ခဲ့တယ်..၊

ကျွန်တော်ရင်ထဲမှာ... အမျိုးအမည်မသိတဲ့ ခံစားမှုမျိုးကို ထပ်မံရခဲ့ပြန်တယ်...၊

ဟိုတုန်းကပေါ့... ကျွန်တော်ရှမ်းပြည်မြောက်ပိုင်းမှာ နှစ်ကာလတော်တော်ကြာအောင် ကျင်လည်ခဲ့တယ်၊

နှစ်တွေကြာလာသည်နှင့်အမျှ... ထိုနေရာ ထိုဒေသရဲ့ ရာသီ သဘာဝရေမြေတွေနှင့် အသားကျလာခဲ့တယ်..၊

ရှမ်းသီးချင်းများကို နားမလည်သော်လည်း.. နားထောင်ရတဲ့ အရသာကိုစွဲလန်းလာခဲ့တယ်၊

မြန်မာလို သီဆိုထားတဲ့ စိုင်းဆိုင်မော့(၀်)ရဲ့  သီချင်းတွေကို ရှမ်းနယ်မြေရဲ့  သဘာဝတွေနှင့်အတူ

အယှဉ်ပြီးခံစားနားထောင်ခြင်းနှင့် စိုင်းဆိုင်မော့(၀်)ဟာ ကျွန်တော်အနှစ်သက်ဆုံးသော တေးသံရှင်

တယောက်အဖြစ်ရင်ထဲမှာစွဲလန်းခဲ့တယ်။



စိုင်းဆိုင်မော့(၀်) သီးချင်းတွေကို စွဲလန်းခြင်းမှတဆင့် တရုပ်သီချင်းတွေကို ကြိုက်နှစ်သက်

လာတယ်...၊

နားမလည်သော်လည်း နားထောင်ရတာ... နားထဲမှာချိုမြသည်၊ ဘာကြောင့်လည်းဆိုတော့

သံစဉ်တွေကတူနေတယ်၊ တူရတဲ့အကြောင်းလည်း တရုက်သီချင်းတွေကို ပြန်ဆိုခြင်းနှင့်...

တရုပ်တေးသွားတွေကို အတုယူအခြေခံပြီ ဖွဲ့ ဆိုထားသောသီချင်းတွေဖြစ်နေတော့.စိုင်းဆိုင်မော့(၀်)

သီးချင်းကိုကြိုက်သလို...တရုပ်သီချင်းကိုလဲ ထပ်တူစွာကြိုက်နှစ်သက်လာခြင်းပါဘဲ။

စားသောက်ဆိုင်မှာစားရင်..တရုပ်ဆိုင်ဘဲရွေးချယ်တယ်... တရုပ်သီချင်းများကို နားထောင်ပြီး

တရုပ်အစားအစာများကိုစားသောက်ခြင်းရဲ့ အရာသာကို ခံတွင်းတွေ့ လာတယ်..၊

အဲဒီတုန်းက.. ဗွီဒီယိုပြဆိုင်တွေမှာ... တရုပ်သိုင်းကားတွေပြရင်.. ပျက်ကွက်မှု့ မရှိ...

တရုပ်ဓါးသိုင်းကားတွေကို တရုပ်စီကရက်ကိုသောက်ပြီး ကြည့်ရှု့ ရတဲ့အရသာကို နှစ်သက်ခဲ့တယ်။

ထိုမှတဆင့်... တရုပ်သိုင်းကား ဘာသာပြန်ဝတ္ထုတွေကို ဖတ်လာတယ်... ဖတ်ရင်းစွဲလန်းလားတယ်...

စွဲလန်းရာမှ သူတို့ တွေရဲ့ ဓါးစွမ်းတွေကို အထင်ကြီးလာတယ်။

အတွဲတွေ..အတွဲတွေ..တရုပ်ဓါးသိုင်းစာအုပ် အတွဲတွေ... ဘယ်လောက်များများ ဘေးနာပုံပြီး

ထမင်းမေ့ ဟင်းမေ့ဖတ်တယ်..၊ တရုပ်တွေနှင့် မိတ်ဆွေဖွဲ့ ပြီး..သူတို့ အသိုင်ဝိုင်းထဲဝင်ခဲ့တယ်...

တရုပ်တွေရဲ့ နှစ်သစ်ကူးကာလရောက်လေတိုင်း တရုပ်မိတ်ဆွေများမှ ဖိတ်သော နှစ်သစ်ကူးပါတီ

သို့  တက်ရတာလည်းရင်ထဲမှာကြေနပ်မှု့ တခုခုကို ခံစားရသလိုပါဘဲ...၊ဒီလိုနှင့်...ဒီလိုနှင့်ကျွန်တော်

အတွေးကမ္ဘာမှာ...တရုပ်တွေလွှမ်းမိုးလာတယ်... အစစအရာရာပါဘဲ၊

ချက်စားတော့လဲ... တရုပ်အစားအစာ

ဝတ်တော့လဲ တရုပ်ချုပ် အင်္ကျီအ၀တ်အစားများ

အိပ်တော့လဲ..တရုပ်အိပ်ရာခင်း.. ခြုံတော့တောလဲ တရုပ်စောင်

ဘိနပ်ကလည်း.. တရုပ်ဘိနပ်... သောက်သောစီကရက်ကလည်း တရုပ်စီကရက်စသော...စသော

အားလုံးလိုလိုပါဘဲ... ကျွန်တော်ဘ၀ တရုပ်လုပ် အရာတွေနှင့် ဖုံးလွှမ်းနေခဲ့တယ်...၊

ဒီဖုံလွမ်းမှု့ တွေဟာ... ကျွန်တော်ဘ၀ထဲ နှစ်တော်တော်များများနေရာယူနေခဲ့တယ်။



ဒီအရာတွေကို တဖြည်းဖြည်းနှင့် မသိမသာပြောင်းလာခဲ့တယ်... ပြောင်းလဲလာအောင် ဖန်တီးခဲ့

သူကတော့မြန်မာပြည်မှစစ်အစိုးရပါဘဲ...၊သူတို့ တွေဟာ... ကိုယ့်တိုင်းပြည်ဂုဏ်သိက္ခာ... ကိုယ့်လူမျိုးရဲ့ 

ဘ၀တန်ဖိုးကို နားလည် တန်ဖိုးထားရကောင်းမှန်မသိကြတော့ ကိုယ့်တိုင်းပြည်..

ကိုယ့်လူမျိုးရဲ့  ရရှိထားသော လွတ်လပ်ရေးဆိုတာလည်း... သူခိုးနွားရောင်းသလို လုပ်ဆောင်

ကြတော့... အလွန်တန်းဖိုးမဲ့တဲ့ ဘ၀ရောက်ခဲ့ရတယ်။



သိတယ်မဟုတ်လား... မြန်မာစကား သူခိုးနွားရောင်းဆိုတာလေ....၊

သူခိုးတွေဟာ... ခိုးယူလာကြတဲ့နွားများကို... ခိုင်းနွားမှန်မသိ၊ အလှပြနွားမှန်းမသိ၊

ဘေးမဲ့ပေးထားသောနွားမှန်းမသိ၊ စသော တန်ဖိုးမသိကြဘဲ... ရတဲ့ဈေးနှင့် ရောင်းစားကြတယ်..၊



ဒီလို တန်းဖိုးမဲ့... တန်းဖိုးမသိ လုပ်ကြခြင်းကို အကြောင်းပြုပြီး... သူခိုးနွးရောင်းမလုပ်နှင့်လို့ ..

မြန်မာဆိုရိုးစကားအဖြစ် ပြောလေ့ရှိကြတယ်မဟုတ်ပါလား...၊

ယနေ့ မြန်မာပြည်ကိုကြည့်ပါ... စစ်အစိုးရအဆက်ဆက်တို့ သည်... တိုင်းပြည်ကို သူခိုးနွားရောင်း

ပမာလုပ်နေကြတယ်...ဒါက လူတိုင်းလဲသိနေ..မြင်နေကြတာဘဲမဟုတ်လား..၊



တန်ဖိုးသိမှ..တန်ဖိုးရှိတယ် ဆိုတဲ့စကားအတိုင်း... ဒီ စစ်အစိုးရခေါင်းဆောင်ပိုင်းတွေဟာ..

ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးများရဲ့  တန်ဖိုးကိုမသိတော့... တန်ဖိုးရှိအောင် လုပ်ရကောင်းမှန်း မသိကြဘူး...၊

သူခိုးစိတ်တွေမွေးပြီး... တိုင်းပြည်ကို သူခိုးနွးရောင်းသလို ရောင်းခဲ့ကြတယ်ဆိုတာ... အများအသိ..

အများအမြင်ဘဲမဟုတ်ကြပါလား..၊

သူခိုးတွေကောင်းစားတာမြင်ရတော့... သူဝှက်တွေပေါ်လာပြန်တယ်.... သူခိုးလက်မှ သူဝှက်တွေ

လုယူခဲ့ကြတယ်လေ...၊ သူဝှက်တခေတ်မှာ... သူဝှက်ရောင်းသော နွားဈေးက... သူခိုးနွားရောင်း

ထက် ပိုဆိုးနေတော့... ဧရာတီမြစ်ကြီးကို... ပိုင်ရှင်တွေဖြစ်သော ပြည်သူတွေက ညီညွတ်မှု့ အားနှင့်

ပြန်လည် ရယူခဲ့ရတယ်မဟုတ်ပါလား...၊



သူဝှက်တွေက... ကိုယ်ကျိုးသာကြည့်ပြီး... ဘနဖူးသိုက်တူးလိုတဲ့ လူမျိုးတွေဖြစ်နေတော့...

ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးများအပေါ် ကာရံထားသော.. လွတ်လပ်ရေးဆိုတဲ့ အတွင်းစည်းဝိုင်....

အပြင်စည်းဝိုင်းများကို ချိုးဖေါက်ပေးပြီး... ပြည်တွင်း ပြည်ပမှ သိုက်ဆရာများကို ၀င်ရောက်သိုက်တူး

ခွင့်ပြုခဲ့ကြတယ်..၊



ယနေ့ ကိုယ့်တိုင်းပြည်ရဲ့  မြင်ကွင်းကို ပြန်ကြည့်လိုက်ပါ...

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးများအတွက်ရယ်လို့  သိုက်နန်းကြီးပမာ ထားခဲ့ကြသော ဘိုးဘွားအမွေ

အနှစ်များကို...ဘနဖူးသိုက်တူးလိုသော အမျိုးသားသစ္စဖေါက်တစုနှင့် ပြည်ပသိုက်ဆရာတွေ...

သိုက်တူးနေကြတာ...မြေပေါ် မြေအောက်မကျန်အောင်ဘဲ...၊



ကိုယ့်နိုင်ငံအတွင်းမှာ... ကိုယ့်လူမျိုးများအပေါ် ကျွန်များပမာ ပြုမူဆက်ဆံလို့ အားမရနိုင်ဘဲ...

လူမျိုးခြားများကိုနေရာပေးပြီး... ကိုယ့်လူမျိုးများကို... အနိုင်ကျင့် ကျွန်ပြုစေခဲ့ပြန်တယ်။

ကိုယ့်လူမျိုးတွေဟာ.. ပြည်ပမှာဘဲ လူမျိုးခြားအောက် ကျွန်ဘ၀သို့ ရောက်နေကြခြင်းမဟုတ်ဘဲ...

ပြည်တွင်းထဲမှာလဲ ကိုယ့်လူမျိုးတွေ လူမျိုးခြားတွေရဲ့  ကျွန်ဘ၀ကို ရောက်နေကြပြီးမဟုတ်ပါလား..၊



အများအမြင်.. အများအသိဖြစ်တဲ့..အရာတွေမို့ .. အကျယ်ချဲ့ လို့ ..မရေးလို မပြောလိုတော့ပါဘူး...

အကြောင်းအရာတိုင်းဟာ... နာကျင်မှု့ များတွေနှင့်သာ ပြည့်နှက်နေတယ်လေ...၊



ဒီနာကျင်မှု့ တွေကို အများဆုံးဖန်တီးလာအကြောင်းကတော့... တရုပ်အစိုးရရဲ လုပ်ဆောင်ချက်

တွေနှင့်တရုပ်လူမျိုး တချို့ ရဲ့  လူပါးဝတဲ့ အကြောင်းအရာတွေက မြစ်ဖြားခံလာခြင်းပင်ဖြစ်တယ်။

အထက်မှာထင်ပြခဲ့အတိုင်း.. တရုပ်လုပ် အရာတွေဟာ.. ကျွန်တော်ဘ၀ ကျွန်တော်အာရုံကို

ဝါးမြိုနေရာယူထားခဲ့ပေမဲ့လည်း....၊



အချိန်တော်တော်ကြာခဲ့ပြီး... ဒီအရာတွေကို ကျွန်တော်မုန်းတီးလာခဲ့တယ်...

ဒီသံစဉ်တွေနားထောင်ပြီး သာယာမိတဲ့... ကျွန်တော့်စိတ်တွေက...

ဒီသံစဉ်တွေကို ငှက်ဆိုးတွန်သံများပမာ ကြားယောင်လာခဲ့တယ်၊

တရုပ်ချုပ်လုပ်သော အ၀တ်တန်ဆာကို တချိန်က တန်ဖိုးထားဝတ်ဆင်ခဲ့ပေမဲ့... ဒီအရာတွေအစား

ဂုံနီအိပ်ကိုစွပ်၍.. ဂုံနီအိပ်ကို ခြုံလိုတဲ့... မဟတ္တမ ဂန်ဒီ စိတ်ဓါတ်ပေါ်ပေါက်လာခဲ့တယ်။

တရုပ်တွေရိုက်သော..ဓါးသိုင်း လှံသိုင်းဇတ်ကားများထက် .. မြန်မာဘုရင် မြန်မာ့လူစွမ်းကောင်း

များရဲ့ ဓါးရေး..လှံရေးထက်မျက်ပုံအထွေထွေကို... စာပေအက္ခရာများဖြင့် တင်ထားသော စာအုပ်

စာပေများကိုသာဖတ်ရှု့ ခြင်းနှင့်... လူစွမ်းကောင်းများရဲ့ စွမ်းအားများကိုသာရင်ထဲမှာကိန်းအောင်း

ခွင့်ပေးလာမိတယ်..၊



တရုပ်ချက်သော... ထမင်းကောင်း ဟင်းကောင်းထက်... ကိုယ့်သွေးရင်းဖြစ်သော ကရင်

တာလဘောဟင်းကိုဘဲ တန်ဖိုးထားစားပြီး ခံတွင်းအရာသာကို ခံစားချင်တော့တယ်..။



ဒါတွေဟာ... ပြောင်းလဲလာခဲ့သော ပြောင်းလဲနေသော.. ကျွန်တော့်ဘ၀ခံစားမှု့  အပြောင်းအလဲဘဲ ဖြစ်တယ်။

ဒီပြောင်းလာခြင်းကိုအခြေခံပြီး....ဆောင်းပါးတပုဒ်မှ အကြောင်းတိုက်ဆိုင်လာခြင်းတို့ တွေကြောင့်.၊



အထက်မှာ ကျွန်တော်ပြောဆိုခဲ့သလိုဘဲ... ၀ ဒေသနှင့်ပါသက်လို့ .. တရုပ်တွေရဲ့ လုပ်ဆောင်ထားမှု့ 

လုပ်ဆောင်နေမှု့ များကို အကြောင်းပြုလို့ ...ပြောကြမှု့ တွေ ... ရေးသားလာမှု့ အထွေထွေတို့ ကို...

ထိုဒေသမှ အသိမိတ်ဆွေတချို့ နှင့် အမြင်သဘောဆွေးနွေးကြတယ်...၊



ကျွန်တော်ကတော့... ကျွန်တော်အမြင်နှင့် ကျွန်တော်ခံစားမှု့ တို့ ကို...ရင်ထဲမှာသိရှိခံစားသည့်

အတိုင်းတရုပ်နှင့်ပါတ်သက်လို့ ... ပြောတယ်။

သူတို့ ဖက်မှလည်း သူတို့ အမြင် သူတို့ အတွေးကိုပြောတယ်...၊ ပြောဆိုတဲ့အကြောင်းကတော့...၊

သူတို့ လူမျိုးစုသမိုင်းကြောင်း... သူတို့ အရင်ဘ၀... သူတို့ အခုဘ၀နှင့် သူတို့ အနာဂါတ်ဘ၀မျော်လင့်ချက်

တို့ ဖြစ်တယ်...၊ သူတို့ လူမျိုးစုဘ၀ကို ကျွန်တော်နားလည်တာလည်းရှိသလို... နားမလည်းတာလည်းရှိတယ်...

အများစုက ကျွန်တော်နားမလည်ဘူး ( အကြောင်းက သူတို့ လူမျိုးစုသမိုင်းကျွန်တော်မသိလို့ ဘဲ )



ပြောချက်တွေကကတော့ အများကြီးပါဘဲ... ဒါတွေကိုလည်းကျွန်တော်အသေးစိတ်မပြောချင်တော့ဘူး..၊

နောက်ဆုံးကျွန်တော်မေးတယ်... ခင်ဗျားတို့ နေရာဒေသဟာ တရုပြည်တပိုင်းဖြစ်နေပြီ..

ဒီ အပေါ်မှာခင်ဗျားရဲ့  ရင်တွင်းမှာ ဘယ်လိုတွေးသိ ခံစားသလဲကို ကျွန်တော်ကမေးမိတယ်...၊

သူက ကျွန်တော်ကို ပြန်မေးတယ်... နိုင်ငံရေးအမြင်နှင့်ပြောရမလား.စီးပွားရေးအမြင်နှင့်ပြောရမလားတဲ့..၊

ကျွန်တော်ကလည်း အားလုံးစုပေါင်းပြီး... ခင်ဗျားအမြင်ကိုပြောပါဆိုတော့...၊

သူတို့ တွေ အခုလိုဘ၀ကို နေထိုင်ရတာ... နေထိုင်နိုင်အောင် ရယူနိုင်ခဲ့တာကို ကြေနပ်ဝမ်းသာတယ်တဲ့...၊

ကျွန်တော်ကပြောတယ်... ဒီလိုဆိုရင် ခင်ဗျားတို့  တရုပ်ကျွန်ဘ၀မှာနေရတာကို ကြေနပ်ကြ

တယ်ပေါ့ လို့ ...ကျွန်တော်ဒေါသသံပါပါနှင့်ပြန်မေးလိုက်တယ်...၊



သိပ်စိတ်ထိခိုက်စရာကောင်းတယ်... သူပြန်ပြောတဲ့အတိုင်းကျွန်တော်ရေးပြပါ့မယ်..၊



ကျွန်တော်တို့ က... အရင်ရော.. အခုရော ဗမာကျွန်ဘဲမဟုတ်လားတဲ့...၊

ကျွန်ဘ၀မျိုးမဟုတ်ဘဲ..သာတူညီမျှမှု့ နှင့်... ညီနောင်ဘ၀ကို တောင်းဆိုခဲ့တာ ကြာခဲ့ပြီတဲ့..၊

သို့ သော်လည်း ကျွန်ဘ၀မျိုးအဖြစ်သာ ထားခဲ့တာ လူတိုင်းအသိဘဲတဲ့...၊

( ဒီနေရာမှာ... အကြောင်းအရာတော်တော်များများကို ထောက်ပြပြီး ပြင်းပြင်းထန်ထန် သူ့ အမြင်..

သူ့ ခံစားမှု့ ကိုပြောတယ်...၊ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်ဖြစ်သော်လည်း... ပြောတဲ့အခါ ဗမာတို့ 

ဗမာတို့ လို့ .. အမည်တပ်ပြောတယ် )



နောက်သူဆက်ပြောတာက... ကျွန်တော်တို့ က ဗမာကျွန်ဖြစ်နေတာဘဲ... ဗမာကျွန်အဖြစ်နေရတာ

သိပ်ဆင်းရဲတယ်... သိပ်ဒုက္ခရောက်တယ်... မျိုးဆက်တွေကိုပေးဆပ်ရတယ်တဲ့...၊

အခု ကျွန်တော်တို့ က ခင်ဗျားပြောသလို တရုပ်ကျွန်ဘ၀မှာ နေထိုင်ရတယ်ဆိုပေမဲ့လည်း ဗမာကျွန်

ဘ၀ထက် အဆပေါင်းများစွာသာတဲ့ ဘ၀မှာနေထိုင်နေရတယ်တဲ့..၊

ဒါကြောင့်... ဗမာနှင့်အတူနေရင်လည်း..ဗမာကျွန်ဘဲ... တရုပ်နှင့်နေရင်လည်း တရုပ်ကျွန်ဘ၀ဖြစ်မှာဘဲ၊

ကျွန်ဘ၀ခြင်းအတူတူ... ကိုယ့်လူမျိုးတွေ သာယာတဲ့နေရာမှာ ကျွန်ခံရမှာဘဲ..တဲ့..၊



ကဲဘာပြောကြမှာလဲ... ဘာလုပ်ကြမှာလဲ...၊



ကျွန်တော်ဒီအကြောင်းရေးတာ... ဒီနေ့ သတင်းမှာနားထောင်လိုက်ရတဲ့ အဖွဲ့ ချုပ် ( NLD ) မှ

ရည်ရွယ်ထားသော ဒုတိယပင်လုံအကြောင်းနှင့်ပါတ်သက်လို့ ..ပြောဆိုချက် နားထောင်လိုက်လို့ ...

ရင်ထဲမှာသိရှိထားချက်ကို... ကျွန်တော်အလျှင်းသင့်လို့ ..ရေးပြလိုက်ခြင်းပင် ဖြစ်ပါသည်။



မှတ်ချက်။ ။ ကျွန်တော်နှင့်အပြန်အလှန်..ပြောဆိုခဲ့တဲ့ ကျွန်တော်မိတ်ဆွေများဟာ...

ယနေ့ အချိန်မှာစီးပွားရေးကိုဘဲကို..လုပ်ဆောင်နေသူများဖြစ်တယ်..။



( ခွပ်ဒေါင်းအော်သံ )

ဦးဟန်ညောင်ဝေက NLD ဘဘဦးတင်ဦးကို ခြေထောက်ဖက်ပြီး တောင်းပန်ရမယ်

ဦးဟန်ညောင်ဝေက NLD ဦးတင်ဦးခြေထောက်ကို ဖက်ပြီး တောင်းပန်ရမယ်....။
ကျနော်စာရေးလျှင် တိကျသော အကြောင်းအရာများတွေနှင့် ရေးပြီးမှ ခေါင်းစဉ်ကို စာဖတ်သူများသိအောင် နောက်ဆုံးနိဂုံးမှာ ဖေါ်ပြတတ်သည်။ ခုတော့ ခေါင်းစဉ်ကို အယင်ရေးပြီးမှ နိဒါန်းကို စရပါတော့သည်။ အကြောင်းကား ပြည်တော်ပြန်မောင်ဟန် အကြောင်းကို ရေးသားရ၍ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို စာတစောင် ပေတဖွဲ့ ဖြင့် ကျနော် မရေးချင် ။ ရေးလောက်ရအောင်ကလည်း သူကား နိုင်ငံရေးလောကတွင် ဘယ်လိုကောင်မျိုးမှ မဟုတ်။ သူ့ ဖခင်မှာ နိုင်ငံတော် သမ္မတကြီး စပ်ေ၇ွှသိုက်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ စဉ်က ဖမ်းဆီးထောင်ချခံခဲ့ ရသူဖြစ်သည်။ သူ့ အကိုတယောက် ယင်းအာဏာသိမ်းပွဲမှာ သေဆုံးခဲ့ ရသည်။ ယင်းဖြစ်ရပ်ကို ကျနော်သည် ကြုံရာဆောင်းပါးများတွင် မခံချိ မခံသာ ရေးခဲ့ သူဖြစ်သည်။ ကျနော်အမှန်စိတ်မကောင်းစွာဖြင့် ရေးခဲ့ ခြင်းဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေးကောင်စီကအာဏာသိမ်းခဲ့ စဉ် ယခုလို အပြစ်မဲ့  လူငယ်တဦး သေဆုံးခြင်းကို အလွန်နှမြောစွာဖြင့် ရေးသားခဲ့ ခြင်းဖြစ်သည် ။ ယခုတော့ ယင်းသမ္မတကြီးစပ်ရွှေသိုက်၏သားက သူ့ အဖေအပေါ် စာနာမှူများ ၊ သူ့ အကိုအပေါ် သနားကြင်နာမှုများကို တစစီ ဆွဲ ယူဖဲ့ ငင်သွားပြီ ။ ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံရေးလောက၌ ၈၈ အရေးအခင်းတွင် အကွက်ချောင်းကာ ၀င်လာသူဖြစ်သည်။ သူဝင်လာသည်မှာ မြက်မြက်ကလေး စားပေါက်ရခြင်းနှင့် အကြံအဖန်အတွက်ဆိုလျှင် အကြောင်းမဟုတ်။ တကယ့်ပီဘိ အန္တရာယ်တကောင် သဖွယ် ဗမာလူမျိုး များနှင့် တိုင်းရင်းသား လူမျိုးများကို ရန်တိုက်ပေးလာသူဖြစ်သည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းကြားတွင် နိုင်ငံရေးအဖွဲ့ အစည်းများလည်း ရှိနေသည်။ ယင်းအဖွဲ့ များမှာ ၈၈ အရေးအခင်းဖြစ်ပြီးနောက် ABSDF ကျောင်းသားတပ်ဦးအဖွဲ့ ကလည်း ရှိနေသည်။ အခြားဗမာလူမျိုးများနှင့် နိုင်ငံရေးအဖွဲ့ အစည်းတွေလည်း ရှိနေသည်။ ဦးဟန်ညောင်ဝေမှာ အနောက်နိုင်ငံမှ နေပြီး ထိုင်းနယ်စပ်ကိုဆင်းလာကာ ဗမာမပါသော တိုင်းရင်းသားလူမျိုးများ ကောင်စီကို ဖွဲ့ စည်းလိုက်တော့သည်။ ယင်းကို ENC ဟုခေါ်သည်။ ထိုင်းနယ်စပ်တွင် DAB ဆိုသော လက်နက်ကိုင်တပ်ပေါင်းစု မဟာမိတ်အဖွဲ့ ရှိသည်။ ယင်းအဖွဲ့ က သမိုင်းလိမ်သော ဘင်္ဂလီ မူဆလင်လူမျိုးတွေက အဖွဲ့ ဝင်အဖြစ် ပါဝင်ရန် လျောက်ထားသည် ။ သို့ သော် DAB မှ လက်မခံကြောင်း သိရသည်။ သို့ သော် ဦးဟန်ညောင်ဝေ ဖွဲ့ စည်းသော ENC မှာ သမိုင်းလိမ် မူဆလင် လူမျိုးတွေကို အဖွဲ့ ဝင်အဖြစ် လက်ခံသည်ဟုဆိုသည်။ နောက် ရခိုင်လူမျိုးအဖွဲ့ ဖြစ်သော ANC မှ ပုဂ္ဂိုလ်များနှင့် အတူအကွ ထိုင်ပြီး ဓါတ်ပုံအတူတွဲရိုက်ကာ ရခိုင်လူမျိုးတွေကပင် လက်ခံသယောင်ယောင် လုပ်လိုက်သေးသည်။ တော်လှန်ရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ မဟာမိတ်ပြုလုပ်ဆောင်၇ွက်တတ်ရသည် ။ ENC မှာ ယင်းသို့  မဟုတ်။ အားလုံးသွေးကွဲအောင် လုပ်သလို တကယ်ာလည်း သွေးရော စိတ်ရော ကွဲ ကြပါသည်။
ဦးဟန်ညောင်ဝေသည် ရခိုင်ပြည်ကို မရောက်ဖူးပါဘဲ မည်သည့်အတွက်ကြောင့် သူတို့ အတွက် အလုပ်လုပ်ပေးရသနည်း ။ ရှင်းနေပါသည်။ သူတို့  ဆီက အကြံအဖန်ရနေ၍ဖြစ်သည်ဟု လူတွေက ထောက်ပြဝေဖန်နေကြတာကို တွေ့ ရသည်။ သူမည်သို့ မည်ပုံ ငွေကြေားထောက်ပံ့မှုများ ရသည်ကို ကျနော်မသိ ။ စိတ်လဲမ၀င်စား။ သူရလျှင် သူတော်လို့  ဖြစ်သည်ဟု စိတ်ထဲမှာ ထင်ထားသည်။ ကာဇစ်စတန်နိုင်ငံမှာ ဘင်္ဂလီမူဆလင်တွေ လူမျိုးတွေက သမိုင်းလိမ်နာမည်နှင့် ညီလာခံလုပ်တော့ ဦးဟန်ညောင်ဝေက ညီလာခံသွားရောက်တက်သည်။ ခေါ်သည့်သူက ခေါ်တော့ သွားတက်တာဘဲဖြစ်သည်။ သူ့ မှာ သူတို့ နှင့် ငွေကြေးမည်မျှ ရသည်ကို ကျနော်စိတ်မ၀င်စား ။ ဒေါ်လာ သိန်းပေါင်းများစွာကို သမိုင်းလိမ်မူဆလင်လူမျိုးတွေက ပေး၍ ရတော့လည်း သူတော်လို့ သာ ဟု ပြောချင်သည်။ ရခိုင်လူမျိုးတွေက ရခိုင်သမိုင်းတွေကော မြန်မာသမိုင်းတွေကိုပါ အကိုးအကားနှင့် ချပြ ရှင်းလင်းနေပါလျက် ယင်းရှင်းလင်းချက်ကို ဦးဟန်ညောင်ဝေက လက်မခံခြင်းလား သို့ တည်းမဟုတ် မသိကျိုးကျွန် ပြုနေခြင်းလား မပြောတတ် ။ တဖက်ဘင်္ဂလီမူဆလင်လူမျိုးတွေက တိုင်းရင်းသား လူမျိုးစုများဖြစ်အောင် ငွေတွေပုံပေးပြီး လုပ်နေခြင်းလားဆိုသည်ကို ဘာမှ မပြောဆိုလိုတော့ ။
ယင်းမှာ ဦးဟန်ညောင်ဝေ ပြသနာဖြစ်သည်။ ဘင်္ဂလီမူဆလင်လူမျိုးတွေကို တိုင်းရင်းသားလူမျိုးစုနွယ်အဖြစ် သတ်မှတ်မည့်သူမှာ လက်ရှိအစိုးရသာ ပတ်သက်သည်။ သမိုင်းဆရာကြီများ သုတေသီများ မဟုတ်။ သမိုင်းဆရာကြီးများ နှင့် သုတေသီများမှာ သူတို့  သိကျွမ်းသော အချက်အလက်များကို အကိုးအကားများနှင့် တင်ပြကြပေမည်မှာ အမှန်ဖြစ်သည်။ ထို့ ကြောင့် ယခုအချိန်တွင် ဦးဟန်ညောင်ဝေမှာ ရန်ကုန်ရောက်နေပြီဖြစ်သည် ။ ရခိုင်သမိုင်းများနှင့် မြန်မာနိုင်ငံ မှန်နန်းရာဇ၀င်များကို ဦးဟန်ညောင်ဝေ လေ့လာနိုင်တော့မည်ဖြစ်သည် ။ ရခိုင်သမိုင်းဆရာများနှင့် သုတေသီတို့ က ဦးဟန်ညောင်ဝေနှင့် နဖူးတိုက်ဒူးတိုက် တွေ့ ဆုံ ဆွေးနွေးရတော့မည်။ တွေ့  ဆုံဆွေးနွေးရေးအတွက် သက်ဆိုင်ရာ သမ္မတ ဦးသိန်းစိန် အစိုးရသည်လည်း ဆောင်ရွက် ပြုလုပ်ပေးရန်လိုသည်။ သို့  တည်းမဟုတ် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်က ဦးဆောင် ပြုလုပ်ပေးရန်လိုသည်။ သို့ မဟုတ် ရခိုင်သမိုင်းဆိုင်ရာ ကော်မတီမှ ဦးဟန်ညောင်ဝေနှင့် တွေ့ ဆုံ ဆွေးနွေးရန်လိုသည် ။ သို့ မဟုတ် ဦးဟန်ညောင်ဝေမှ ရခိုင်လူမျိုးတွေနှင့် တွေ့ ဆုံဆွေးနွေးရန် ကြိုးစားရမည်ဖြစ်သည်။ အကြောင်းမှာ ပြည်ပနိုင်ငံတွင် ဦးဟန်ညောင်ဝေ ကြိုးစားခဲ့ သော သမိုင်းလိမ်မူဆလင်လူမျိုးတို့ အား တိုင်းရင်းသား လူမျိုးစုနွယ်အဖြစ် အသိအမှတ်ြ့ပုရန် ကြိုးပမ်းခြင်းမှာ မှားယွင်းခြင်းလားဆိုသည်ကို အဖြေရှာနိုင်ရန်ဖြစ်သည်။ တချိန်တည်းမှာပင် ပြည်တွင်းမှ အခြားလူမျိုးတွေက ပြည်ပမှ နာမည်တမျိုးဖြင့် တိုင်းရင်းသားလူမျိုးစုနွယ်အဖြစ် အသိအမှတ်ပြုရေးကို ဦးဟန်ညောင်ဝေအား မျက်ဝါးထင်ထင် လေ့လာခွင့်ရအောင် ဖန်တီးပေးရန်လိုသည်။ မြန်မာနိုင်ငံအတွင်းတွင် ရခိုင်ပြည်နယ် အပါအ၀င် မည်သည့် နေရာဒေသ၌ မဆို ယင်းလူမျိုးများရှိသည်ဆိုလျှင် တွေ့ ခွင့်ပေးကာ လေ့လာမှတ်သားခွင့် ပြုလုပ်ပေးရန်လိုသည်။
ပြည်ပမှာကျတော့ ရိုဟင်ဂျာ လူမျိုးပါလို့  အော်ပြောနေ၍ မရ ။ ဆရာကြီး ဦးဟန်ညောင်ဝေကို ယင်းလူမျိုးများနှင့် တွေ့ ဆုံပေးရန်လိုသည်။ ယင်းလူမျိုးများနှင့် တွေ့ ဆုံလျှင် မြန်မာနိုင်ငံအတွင်း အမှန်တကယ်ပင် လက်ထက်ထိမ်းမြားမှု မရခြင်း ။ စီးပွါးရေးမပြုလုပ်နိုင်ခြင်း ။ခရီးသွားလာမှုမပြုနိုင်ခြင်း ။ ပလီတက်ပြီး ဘာသာရေးအရ ဆုတောင်းမပြုနိုင်ခြင်းတို့ ကို တကယ်ရှိမရှိ လက်တွေ့ ပြပေးစရာလိုသည်။ သမိုင်းအရ လူမျိုးတမျိုးသည် နှစ်ပေါင်းထောင်နှင့်ချီကာ နေထိုင်ခဲ့ သည်ဟု ဆိုလျင် သူတို့ မှာ ရှေးဟောင်းယဉ်ကျေးမှ အဆောက်အဦးများ ရှိရလိမ့်မည်ဖြစ်သည်။ ယင်းရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးများကို လေ့လာခွင့် ပြုလုပ်ပေးရန်လိုသည်။ အကယ်၍ ဦးဟန်ညောင်ဝေအား ယင်းလူမျိုးများက ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦး ။ နေထိုင်ချက်မြုပ်ရာဒေသများ နှင့် စာပေကျမ်းဂန်များကို ပြသနိုင်ခဲ့ က မည်သူမျှ ငြင်းချက်ထုတ်၍ ရမည်မထင်ချေ ။ သို့ အတူ ဦးဟန်ညောင်ဝေကလည်း ပြည်ပနိုင်ငံခြားတွင် သူ၏ ကြိုးစားဆောင်၇ွက်ခြင်းများမှာ အထူးတိုးတက်သွားမည်ဖြစ်သည်။ တခုတော့ ရှိသည် ။ ဦးဟန်ညောင်ဝေသည် ပုဂ္ဂိုလ်ရေးအရ လူမျိုးစွဲ ဒေါသထွက်ခြင်းမဖြစ်စေရဘဲ ပြုလုပ်ဆောင်ရွက်ပေးရန်လိုသည်။
ယခုတလော NLD ဒုဥက္ကဌ ဘဘဦးတင်ဦး၏ ဘင်္ဂလီမူဆလင်လူမျိုးများကို ခိုးဝင်လာသူများဟု ပြောခြင်းနှင့် ပတ်သက်၍ ၀ါကာအူဒင်ဆိုသူက RFA တွင် ရှင်းလင်းပြောသံများကြားရသည် ။ သူပြောမှ ပို၍ရှုပ်လာသောအခြေအနေများကို မြင်လာကြသည်။ နောက် သူတို့  လူမျိုးများ၏ အတွင်းအဉ္ဖတ္တသဏ္ဍန်တွေကို မြင်တွေ့ သွားကြရပြီ ။လွန်ခဲ့သော -၂၀၁၀- မေလ--၅- ရက်နေ့ က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ မှာ အရှေ့တီမော သမတ မစ္စတာရာမို့ စ်ဟိုဆေးက -၂၀၀၈- ဖွဲ့ စည်းအုပ်ပုံအခြေခံဥပဒေကို လက်မခံခြင်း- ၂၀၁၀- ရွေးကောက်ပွဲကို လက်မခံခြင်း ညီလာခံ တခုကို ပြုလုပ်ခဲ့ သည်။ ယင်းညီလာခံမှာ ဥရောပနိုင်ငံများမှ ထောက်ခံပေးပါရန် ပြုလုပ်သော ညီလာခံဖြစ်သည် ။ ယင်းညီလာခံတွင် ဦးဟန်ညောင်ဝေမှ စစ်ရာဇ၀တ်ကောင် တရားခံအဖြစ် ခုံရုံးတင်ရာတွင် NLD ဒုဥက္ကဌ ဘဘဦးတင်ဦးကို စာရင်းတင်ထားရန် ညီလာခံ၌ ရဲရဲတောက်တင်ပြသွားသည် ။ သဘောက ဘဘဦးတင်ဦးအား အစုလိုက်အပြုံလိုက် လူသတ်မှုဖြင့် စစ်ရာဇ၀၀်ကောင်အဖြစ် တရားစွဲရန် ပြုလုပ်စေခြင်းဖြစ်သည် ။ သို့ ဆိုလျှင် ယမန်တနေ့ က ဒေါကတာဝါဒင်အူကာမှ ဘဘဦးတင်ဦးအား အုအလိုက်အပြုံလိုက်သတ်မှုများ ရှိခြင်းနှင့် ပါတ်သက်၍ ပြောသွားသလို ဘဘဦးတင်ဦးအား တောင်းပန်ရမည်ဟု ပြောဆိုခြင်းမှာ အင်မတန်မှ ဆပ်စပ်နေပါသည်ဟု ဆောင်းပါးရှင် အောင်သန်းဦး၏ ဆောင်းပါးမှာ ဖတ်ရှုရသည်။ ဦးဟန်ညောင်ဝေ၏ မွေးထားသောမျောက်တို့  သည် ယင်းသို့ ပြောသည်ဟု ထောက်ပြခြင်းဖြစ်သည်။ ထို့ ကြောင့် ယခုဦးဟန်ညောင်ဝေက ရန်ကုန်ရောက်နေပြီဖြစ်ရာ ဤကိစ္စကို တိကျစွာ ရှင်းလင်းရမည်ဖြစ်သည်။ ဘဘဦးတင်ဦးအား စစ်ခုံရုံးတွင် တင်ရန် ညီလာခံ၌ တင်ပြခြင်းသည် ဒီမိုကရေစီအတိုက်အခံများ၏ ဒီမိုကရေစီနိုင်ငံရေးတခုလုံးကို စော်ကား ခြင်းဖြစ်သည်။ ထို့ ကြောင့် ဘဦးတင်ဦးအား ဒူးထောက်ကာ ခြေသလုံးဖက်တောင်းပန်ခိုင်းရန် ပြုလုပ်ရန် လိုသည်။ ကျနော်တခုဘဲ ပြောချင်သည် ။
ဦးဟန်ညောင်ဝေက ဘဘဦးတင်ဦးကို ခြေထောက်ဖက်ပြီး တောင်းပန်ရမည် ဟု....။

ခိုင်အောင်ကျော် ( နယူးယောက် )

အာဏာရှင်နဲ့လူထုခေါင်းဆောင်ဘယ်သူ့သွေးကပိုရဲသလဲ...


သူများကိုသတ်လို့ကိုယ့်ကိုလဲပြန်သတ်တာခံရနိုင်တယ်ဆိုတဲ့အကြမ်းဖက်လမ်းကိုရွေးပြီးမှသွေးနည်းသူတွေတွေ့ရပါတယ်..
သာမန်နောက်လိုက်တွေကိုမပြောလိုပါဖူး..ဦးဆောင်သူတွေကိုပဲတင်ပြလိုပါတယ်...
(၁)ဆာဒန်ဟူစိန်ကိုမြေကျင်းထဲဝင်ဖမ်းတော့သေနတ်ရှိရက်နဲ့မိမိကိုယ်ကိုလည်းအဆုံးမစီရင်ရဲ..ပြန်လည်းမခုခံပဲအညံ့ခံတော့
နောက်ဆုံးကြိုးစင်တက်ရတာပဲမဟုတ်လား။
(၂)အိုစမာဘင်လာဒန်ကိုဝင်ဖမ်းတုန်းကလည်းသူကိုပစ်မယ်လုပ်တော့အနားကသူ့ဇနီးတဦးကိုလွတ်လိုလွတ်ငြားဆွဲကာခဲ့တယ်၊
(သူ့ဇနီးကသူ့ဆန္ဓနဲ့သူဝင်ကာတယ်လို့လည်းအချို့သတင်းမှာဆိုပါတယ်။)
(၃)လတ်လတ်ဆတ်ဆတ်သုတ်သင်ခံရတဲ့လစ်ဗျားအာဏာရှင်ကဒါဖီလဲဒီလိုပါပဲဒဏ်ရာတွေနဲ့ရေမြောင်းပိုက်ထဲကဆွဲထုတ်တော့
သူ့ကိုမပစ်ဖို့တောင်းပန်တယ်လို့ဆိုပါတယ်...

သူတို့တွေဟာလူတယောက်နှစ်ယောက်လောက်သတ်ခဲ့ကြသူတွေလည်းမဟုတ်ပါဖူး။ထောင်နဲ့ချီပြီးအစုလိုက်အပြုံလိုက်သတ်
ဖို့အမိန်ပေးခဲ့သူတွေပါ...အခုလိုမလွတ်နိုင်မှန်းသိတော့တဲ့အချိန်မှာရင်ကော့ပြီးအသေမခံရဲကြပါဖူး...ဘာလို့လဲဆိုတော့သူတို့
မှာယုံကြည်ချက်တို့ခံယူချက်တို့မရှိလို့ပါပဲ...


သူများလဲမသတ်ဖူး၊အကြမ်းဖက်ဝါဒလည်းဆန့်ကျင်တယ်...ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုပဲတည်ဆောက်လိုသူ..လက်နက်ဆိုလို့
အပ်တိုတချောင်းမျှပင်မရှိသောကျွန်တော်တို့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ရအောင်...

ဒီပဲယင်းလုပ်င်္ကြမှုမှာစီးနင်းလာတဲ့ကားကမြို့အ၀င်ဂိတ်မှာပိတ်မိသွားခဲ့တယ်။ကားပေါ်က NLD လူငယ်တွေနဲ့ဒေါ်အောင်ဆန်းစုကြည်
ကိုခွဲထုတ်ဖို့ကြိုးစားတယ်။အဲဒီမတိုင်ခင်မှာလည်ကားတန်းကြီးကိုနအဖလက်ပါးစေ ၅၀၀၀ လောက်ကမဲမဲမြင်အကုန်ရိုက်အကုန်သတ်
နေတာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကသူ့ကိုလည်းလုပ်ကြံတော့မယ်လိုတွက်ဆထားပြီး စစ်တပ်အရာရှိကို...

(အားလုံးကိုဥပဒေဘောင်အတွင်းကဖြေရှင်းမယ်ဆိုရင်လိုက်မယ်..သတ်မှာဆိုရင်တော့ငါရဲဘော်ရဲဖက်တွေနဲအတူဒီမှာပဲအသေခံ လိုက်တော့မယ်)....လို့ပြန်ပြောခဲ့တယ်...

ယုံကြည်ချက် ခံယူချက် ရှိသူတွေ ကို အာဏာရှင်တွေကြောက်တာအဲ့ဒါပဲ...