Sunday, October 23, 2011

THE PORTRAITS OF MYANMAR PEOPLE ART SHOW



ဒေါ်အောင်ဆန်းစုကြည်၏ လူမှုထောက်ပံ့ရေးလုပ်ငန်းများအတွက် သုံးစွဲရန်


အောက်တိုဘာ ၂၃ရက်၊ ရန်ကုန်မြို့ အန်အယ်ဒီရုံးချုပ်တွင် ကျင်းပ


ART SHOW သို့လာရောက်ကြည့်ရူကြသူများ


နှစ်သက်ရာ ပန်းချီကားများရှေ့ အမှတ်တရဓာတ်ပုံရိုက်ကြ


ဧည့်မှတ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးနေပုံ


ဘဘဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားများရှေ့အမှတ်တရ


ဗိုလ်ချုပ်အောင်ဆန်းပုံတူရေးဆွဲထားသော ပန်းချီဆရာကိုတင်အောင်ကျော်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြည့်ရူနေပုံ


ပန်းချီဆရာကိုတင်အောင်ကျော်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီကား

လာရောက်ကြည့်ရူကြသော ပြည်သူများ ဧည်မှတ်တမ်းတွင် လတ်မှတ်ရေးထိုးကြပုံ

ဖိတ်ကြားထားသော သံရုံးမှဧည့်သည်များ ပန်းချီကားများကြည့်ရူနေပုံ

သတင်းထောက်များမှ ဘဘဦးဝင်းတင်အား သိလိုသည်များမေးမြန်းနေကြပုံ

ART SHOW သို့လာရောက်ကြည့်ရူသူပြည်သူတစ်ဦးအား သတင်းထောက်တစ်ဦးမှ သိလိုသည်များအင်တာဗျူးနေပုံ

အန်အယ်ဒီရုံးချုပ်အတွင်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်
http://www.myitmakhamediagroup.com/

ကိုဇာဂနာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်မည်

2011-10-23
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ဦးဆောင်တဲ့ Clinton Global Initiative ဖောင်ဒေးရှင်းရဲ့ လူမှု အကူအညီပေးရေး လုပ်ငန်းတွေကို လေ့လာဖို့အတွက် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ အမေရိကန် ပြည်ထောင်စုကို လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မယ်လို့ သိရပါတယ်။


Photo: thisprisonwhereilive.co.uk
ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရ။ (Photo: thisprisonwhereilive.co.uk)
CGI ဖောင်ဒေးရှင်းဟာ ကမ္ဘာတဝှမ်းမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုကို လာရောက်လေ့လာဖို့ ဖိတ်ကြားထားတဲ့ စာကို လက်ခံ ရရှိထားတယ်လို့ ကိုဇာဂနာက ပြောပါတယ်။

“နိုင်ငံခြားကို သွားချင်တယ်၊ လေ့လာချင်တယ်။ အဲဒီအတွက် သူငယ်ချင်းမိတ်ဆွေတွေနဲ့ စီစဉ်လိုက်တော့ အဲဒီ ကလင်တန် ဖောင်ဒေးရှင်းကို သွားလေ့လာမယ်ပေါ့။ အဲဒီမှာ လူမှုရေးတွေရော၊ ကျောင်းကိစ္စတွေရော၊ Entrepreneurship တွေရော ရှိတယ်၊ လေ့လာချင်တယ် ဆိုတော့ ဖိတ်စာ ရတယ်။ အဲဒီဖိတ်စာနဲ့တွဲပြီး Passport တင်လိုက်တာပေါ့။ အဲဒီ Passport ရရင်တော့ အမေရိကကို လာပြီး လေ့လာမယ်။ လေ့လာရင်း တဆက်တည်းမှာပဲ ကျနော်ရယ် ကျနော့် သူငယ်ချင်းလေးယောက် အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်ရယ် မေရီလဲန်းမှာ ပွဲတပွဲ ကမယ်။ ဟိုရောက်နေတဲ့ မြန်မာတွေအတွက် ကတာပေါ့။ ပိုက်ဆံ မယူဘူးလို့ ပြောထားတယ်။ ရန်ပုံငွေရှာတာလည်း မဟုတ်ဘူး၊ ဝင်ကြေလည်း မယူဘူး။ အဲလို ဖျော်ဖြေပွဲတခု ကမယ်။ မင်းသမီးကိုတော့ မြစပယ်ငုံလေးကို ခေါ်ထားတယ်။ ဘယ်ရက်ဖြစ်မလဲ ဆိုတာတော့ Passport ပေါ် မူတည်ပြီးတော့မှသာ အတိအကျ ပြောလို့ ရပါလိမ့်မယ်”

လောလောဆယ် ကိုဇာဂနာဟာ အကျဉ်းထောင်တွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် တထောင်ဝင် တထောင်ထွက် ထောင်ဝင်စာ လိုက်လံပို့တဲ့ အစီအစဉ်ကို အနုပညာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အတူ ဆောင်ရွက်နေပါတယ်။ ဒီကနေ့အထိ တောင်ငူ၊ လွိုင်ကော်၊ မုံရွာနဲ့ ကျောက်ဖြူ စတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေအတွက် အကူအညီ ပေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ မနက်ဖြန်မှာ ပြည် အကျဉ်းထောင်ကို သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။

ကိုဇာဂနာနဲ့ အနုပညာ လုပ်ဖော်ကိုင်ဘက်တွေ နိုင်ငံရေးအကျဉ်းသား အကူအညီပေးရေး ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကိုဇာဂနာကို RFA မြန်မာပိုင်းက မခင်ခင်အိ ဆက်သွယ် မေးမြန်းချက်ကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/zarganar-trip-10232011095617.html

ဖိတ်ကြားလွှာ




ရွှေချောင်း(ပခုက္ကူ)သို့ တစ်ခေါက်။



Yeyint Kyaw
facebook
ပခုက္ကူမြို့တွင် မြို့အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားသော ရွှေချောင်းဟု ခေါ်တွင်သည့် ချောင်း သည် နှစ်ပေါင်း(၃၀)အတွင်း မကြုံသော အင်အားကြီးမားသည့် ရေဆင်းစီးမှု ဖြစ်ပေါ်ခဲ့ရာ၊ ထိုချောင်း၏ နဘေး (ကမ်းပါး) သဲနုန်းလွင်ပြင်ပေါ်တွင် အခြေချနေထိုင်ကြသော လူနေအိမ်များ၊ ဇီးခြံများနှင့် ကျူးကျော်တဲများ မျောပါ ပျက်စီးခဲ့ကြသည်။ ထို့အတူ မြို့နှစ်ခြမ်း၏ဆက်သွယ်သွားလာနေသော ရွှေချောင်းတံတားသည်လည်း ခါးပြတ်ကျသည် အထိ ပျက်စီးပြိုကျသွားသည်။
၂၂-၁၀-၁၁ နေ့တွင် ပခုက္ကူမြို့သို့ သွားရောက်၍ ဖြစ်ပွားမှု အခြေအနေများကို သိရှိနိုင်ရန် မန္တလေးမြို့မှ လူမှု အသင်း အဖွဲ့ အသီးသီးမှ လူငယ်များက သွားရောက်ခဲ့ပါသည်။
ချောင်းသို့ရောက်သောအခါ တံတားပြိုကျမှုကြောင့် အရှေ့နှင့်အနောက် ဆက်သွယ်သွားလာနိုင်ရန် စက်ယန္တရား များ ဖြင့် အောက်ခံ မြေမာရအောင် သဲနုန်းများ ကို အင်အားသုံး ဆောင်ရွက်နေတာ မြင်တွေ့ရ၍ ဒေသခံ လူထု အတွက် ဝမ်းသာခဲ့ရသောလည်း စိတ်မချမ်းသာ စရာ မြင်ကွင်းကိုလည်း ကြားမြင်ခဲ့ရသည်။ သဲနုန်းများ တူးဖော်ရာမှ ကလေး(၄)ယောက်မှ မိခင်ကို ဖက်ထားသည့် မိသားစု(၅)ဦး၏ ရုပ်အလောင်းများ စိတ်မချမ်း မြေ့ဖွယ်ရာ တွေ့ရှိရခြင်း ဖြစ်သည်။ဓါတ်ပုံရိုက်ကူးခွင့် မရလိုက်သဖြင့်၊ သဲနုန်းသောင်ပေါ်ရှိ မျောပါလာသော လူနေ အိမ်သုံးပစ္စည်များ၊ အမြစ်လိုက် ကျွတ်ပါလာသော သစ်ပင်ကြီးများ၊ အဆောက်အဦ အပိုင်းအစများ၊ အင်္ဂတေချပ်များ ကို လိုက်လံ ရိုက်ကူးခဲ့သည်။ ထို့အတူ အဝေးမှ မြင်ရသော ပြိုကျနေသည့် ရွှေချောင်းတံတား ကို မှုန်ပျပျ ဖြင့် လှမ်းရိုက်လိုက်သည်။ တာဝန်ကျသော ရဲတစ်ဦးက “လူတွေလည်းမနားရသေးဘူး၊ စက်တွေလည်း မနားရဘူး၊ ဓါတ်ခဲတွေလည်း အားကုန်နေပြီ၊ ချာချင်သွင်းရအောင် မီးပျက်နေတာ(၃)ရက်ရှိပြီ ဗျာ” ဟု ပြောရှာသည်။ တကယ်လုပ်နေသူတွေ ပင်ပန်းမှာ ငြင်းမရနိုင်ပေ။
ထို့နောက် အနောက်ဘက်ကမ်းဘက်သို့ ဆက်ထွက်ခဲ့ရာ မျောပါခြင်းမရှိပဲ ၊ လမ်း ဝဲ/ယာတွင် ပျက်စီးနေသော အိမ်များကို တွေရပြီး ရွှံ့ နွံလမ်း အောက်တွင်လည်း ဝါးကဒ် အပျက်အစီးများကြောင့် ခြေထောက်ကို သတိဖြင့် လှမ်းနေရသည်။ ထိုမှလွန်သော ဘေးဒုက္ခသည်များ နားခိုရာ စခန်းသို့ ရောက်ရှိခဲ့သည်။
ပင်မ မိုးကုတ် ဝိပဿနာ ကျောင်းတိုက် ၊ပခုက္ကူမြို့။
ထိုကျောင်း အတွင်းသို့ ရောက်သွားသည်နှင့် လက်ယာဘက်တွင် သူနာပြုဆရာမများနှင့် ကျန်းမာရေး စောင့်ရှောက်မှု စားပွဲကိုတွေ့မြင်ရပေမည်။ ထို၏တောင်ဘက်တွင် ဧည့်ခံစားပွဲ၌ စီမံခန့်ခွဲနေသော သက်ဆိုင်ရာ မှ တာဝန်ရှိသူများနှင့် လ.ဝ.ကအရာရှိများ၊ မီးသတ်၊ကြက်ခြေနီ များကို တွေ့မြင်ရသည်။
ထိုနေရာမှ ဆက်သော် ခုံများတန်းဆက်၍ ဆောင်ရွက်နေကြသော ဆရာတော်များနှင့် လူပုဂ္ဂိုလ်အချို့ကို စာရင်းများ၊ စာရွက်များနှင့် အလုပ်ရှုပ်နေသည်ကို မြင်တွေ့ရသည်။ တောင်ဘက်တွင် ထမင်းထုပ်များ စီစဉ် နေသော လူငယ်များကို မြင်ရသည်။
ဆရာတော်အား ဦးချကန်တော့၍ မိတ်ဆက်စကားဆိုလိုက်သည်။
“တပည့်တော်တို့က မန္တလေးမြို့ကလာတာပါဘုရား၊လူမှု အဖွဲ့အစည်းတွေကပါဘုရား၊ ဒီမှာ ဒီလို ဖြစ်တယ် သိရလို့ မည်သည့် အကူအညီတွေ လိုအပ်နေမလဲ၊ဘာတွေ လိုအပ်နေမလဲ သိရအောင် တပည့်တော်တို့ကို လွတ်လိုက်တာပါဘုရား”
“အော်.. ဘုန်းကြီးတို့ ဝမ်းသာပါတယ်။ဒီမှာက ဒုက္ခသည်တွေဆိုတာ ဘာလိုအပ်လဲ ဆိုတော့ စား၊ဝတ်၊နေရေး (၃)မျိုးမှာ စားဖို့က မြို့ခံတွေက ထမင်းထုပ်တွေ ပို့ကျတယ်။ ဝတ်ဖို့ကလည်း လုံလောက်နေတယ်။ နေရေးကတော့ မြင်တဲ့ အတိုင်း ကျောင်းမှာ နေ နေကြတယ်။ အဲတော့ စား၊ဝတ်၊နေရေး က လောလောဆယ် မလိုအပ်ဘူး၊ပြည့်စုံတယ်..။ ဘယ်တော့ဘာတွေလိုအပ်မလဲ ဆိုတော့ သူတို့က ဒီကယ်ဆယ်ရေးပြီးသွားရင် ပြန်စရာ၊နေစရာ အိမ်မရှိဘူး၊ ဘုန်းကြီးတို့ကလည်း အမြဲ ခေါ်မထားနိုင်ဘူး ။ တစ်ချို့က အိမ်ပျက်သွားတာ၊ တစ်ချို့က အိမ်လုံးကျွတ် မျောပါသွားတာ။ အိမ်လုံးကျွတ်မျောပါသွားတာက အိမ်ခြေ(၈၀)လောက်ရှိတယ်။ အဲဒီတော့ ဒကာလေးတို့နဲ့ အလှူရှင်တွေကို ပြောလိုတာက လှူချင်ရင် သူတို့ကို ပြန်လည်ထူထောင်ရေး အဆင့်မှာ အိမ်တွေ၊ တဲတွေ၊ အိမ်ထောင်မှု ပစ္စည်းတွေ လှူတာက သူတို့ အတွက် အကျိုးရှိမယ်။ စားစရာတို့၊ ဆန်တို့ ဆိုတာ စားပြီး ဟိုဟာပဲဖြစ်သွားမယ်၊နောက်နေ့ မရှိတော့ဘူး။ ဒကာမ တစ်ယောက်ကလာတယ်၊ ဗလာစာအုပ် လှူချင်လို့တဲ့ ဒီအခြေအနေမှာ ကျောင်းမှမဖွင့်သေးတာ.. ဆိုလိုတာက၊ စိတ်ရင်းစေတနာတွေ ကောင်းတယ်၊ လှူတယ်…၊ သို့သော် ဘုန်းကြီးတို့က အကျိုးဖြစ်စေချင်တယ်၊ လိုအပ်မယ့်အရာ ဖြစ်စေ ချင်တယ်။ အဲဒီတော့ ပြန်လည်ထူထောင်ရေး အဆင့်မှာ လှူပေးတာ အကောင်းဆုံးပဲ..။” ဟု မိန့်ကြားပါသည်။
ထိုနောက် အခြားသောလိုအပ်မှုဆိုတာကလည်း သူတို့(သက်ဆိုင်ရာ)ဘာတွေလုပ်ပေးလည်း၊ ဘာကျန် နေလည်း အဲဒီကျမှ လိုက်ဖြည့်တာ ကောင်းတယ် ဟု ပြောပြသည်။
“ ဒီမှရှိတဲ့ စာရင်းက (၆၇၅)ဦး၊ အိမ်ထောင်စုပေါင်းက(၁၄၇)စု၊ ရှိတယ်။ အသေအပျောက် စာရင်းကတော့ ဘုန်းကြီး တိတိပပ မသိဘူး၊ မနေ့(၂၁-၁၀-၁၁)က ရုပ်လောင်း(၄)လောင်းတွေ့တယ်၊ဒီနေ့လည်း ရုပ်လောင်း (၅)လောင်း တွေ့တယ်၊ မအေကို ကလေး(၄)ယောက်က ဖက်ထားလျက် တစ်စုတည်း တွေ့တာ..။ အဲဒါတွေ က သဲတွေအောက်တွေ့တာ၊ ရှာလို့လည်းမလွယ်ဘူး၊ လုပ်ကိုင်ရင်းတွေ့တာ ။ ဒီက မဟုတ်ဘူး၊အထက်က မျောလာ တာတွေ…၊ ဘယ်သူဘယ်ဝါ-ဆိုတာမသိရသေးဘူး။ ဒီမှာကတော့ မိသားတစ်စုက (၈)ယောက် ပျောက်နေတာ၊ ခုထိတော့ ဘာမှ မသိရသေးဘူး။”
ထိုနောက် ရေစီးဒါဏ်ခံ ရေဘေးသင့်ပြည်သူများကို လေ့လာခဲ့ပြီး၊ ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာကို စာနာ၍ အမှောင်လည်း သန်းနေပြီ ဖြစ်၍ ဓါတ်ပုံ မရိုက်ခဲ့တော့ပါ။
(လှူဒါန်းသည့်(ဝေငှသည့်) အချိန် ဝမ်းသာနေချိန်သာ အရင် အလှူ-အသီးသီးတွင်လည်း ရိုက်ခဲ့တာကြောင့်ပါ)။
ကိုဝိုင်ဝိုင်ကေ (၂၂-၁၀-၁၁)
လွတ်လပ်သောသူငယ်ချင်းများအင်အားစု။






sa lin-sin phyu kyune flood

Portraits of Myanmar People Art Show

By National League for Democracy အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးဌာနနှင့်ပြင်ပပန်းချီပညာရှင်များ ပူးပေါင်းခင်းကျင်းပြသသော “ THE PORTRAITS OF MYANMAR PEOPLE ART SHOW “ ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး ဗဟိုအစည်းအဝေးခမ်းမရှိ ပန်းချီပြခမ်းတွင် အောက်တိုဘာ ၂၃ ရက်နံနက် ၁၀ နာရီကကျင်းပသည်။
ပန်းချီပြခမ်းကို အမျိုးသားဒီမီုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဒုဥက္ကဌဦးတင်ဦး၊ ဗဟိုအလုပ်မှု့ဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဆရာဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်မေ၀င်းမြင့်၊ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်များ၊ ဗဟိုလူငယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ ပန်းချီပညာရှင်များပြည်တွင်းမီဒီယာများမှ သတင်းစာဆရာများအပါအ၀င် ပရိတ်သတ် ၁၅၀ ကျော်တက်ရောက်သည်။ ပြခမ်းဖွင့်လှစ်ပေးပြီးနောက် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များက ပန်းချီပြခမ်းအတွင်း လှည့်လည်ကြည့်ရှု့ပြီးနောက်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် အထွေထွေအတွင်ေးရးမှုးဒေါ်အောင်ဆန်းစုကြည်သည် ပန်းချီဆရာများဖြစ်ကြသော ဦးဝင်းဖေမြင့် အပါအ၀င် ပန်းချီပညာရှင်များနှင့်တရင်းတနှီးတွေ့ဆုံကာ ပန်းချီအကြောင်းခြင်းရာများဆွေးနွေးသည်။
ပြပွဲတွင် ပန်းချီပညာရှင်ဦးထင်အောင်ကျော်၊ ထင်လင်းနိုင်၊ စန္ဒာခိုင်၊ ကြည်သာအေး၊ ကျော်လင်း၊ဖိုးစံတို့၏ လက်ရာများဖြစ်သော ပန်းချီကားပေါင်း ၅၉ ကားကို ခင်းကျင်းပြသထားသည်။ ထို့အပြင် ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ဒဏ်ကြခံနရသော ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ရေးဆွဲပြီးဒေါ်အောင်ဆန်းစုကြည်ထံပေးပို့လိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းပုံ ဆီဆေးပန်းချီကားကိုလည်း အထူးအစီအစဉ်အနေဖြင့်ပြသထားသည်။
ခင်းကျင်းပြသထားသော ပန်းချီကားများကို တန်းဖိုးသတ်မှတ်ထားပြီး အနုပညာမြတ်နိုးသူများအား ရောင်းချပေးသည်။ တန်ဖိုးမှာအနိမ့်ဆုံး တစ်သိန်းမှ အမြင့်ဆုံး ဆယ်သိန်းထိဖြစ်သည်။ ပြပွဲတွင်ရောင်းချရသော ပန်းချီကားဖိုးငွေများကိုပညာရှင်များ ကအမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့သို့လှူဒါန်းမည်ဟုသိရသည်။