မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိလို့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့  မှတ်ပုံတင်ဋ္ဌါနက ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဘီဘီစီက မေးတာကို ပြောသွားတဲ့  အသံဖိုင်ပါ
http://www.mediafire.com/file/t2ihkph4c3q03j3/UMMT_BBC_111024_Night.mp3
http://www.ziddu.com/download/16993418/UMMT_BBC_111024_Night.mp3.html
http://soundcloud.com/yeyint2011/ummt-bbc-111024-night
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိလို့လူဝင်မှု/ချုပ် ဦးမောင်မောင်သန်းပြော by yeyint2011
Monday, October 24, 2011
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိလို့လူဝင်မှု/ချုပ် ဦးမောင်မောင်သန်းပြော
ဓမ္မာရုံမှာ ဖိနပ်မချွတ်တဲ့ ဒုသမ္မတ
နိုင်ငံတော် အကြီးအကဲတဦးဖြစ်တဲ့ ဒေါက်တာ စိုင်းမောင်ခမ်းဟာမနေ့ က အောက်တိုဘာ ၂၃ ရက်နေ့ ၊ ရေကြီးပြီး ၄ရက်မြောက်နေ့မှာ ပခုက္ကူကိုရောက်လာခဲ့ပါတယ်။ အမှတ် ၃ ရပ်ကွက် တိလောကရာမကျောင်း ဓမ္မာရုံမှာ လုပ်တဲ့
အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ တခြားသူတွေဖိနိပ်မစီးကြဘဲ သူက ရှူးဖိနိပ်ကိုမချွတ်ဘဲလူတွေလိုက်နုတ်ဆက်နေတယ်။ အလှူငွေတွေပေးနေတယ်။ဓမ္မာရုံဆိုတာ ရဟန်းတော်များတောင် ဖိနပ်ချွတ်ဝင်ရပါတယ်။
ဘုန်းကြီးကျောင်းဝိုင်းထဲဆိုရင်တော့ ကျောင်းထိုင်ဘုန်းကြီးက ခွင့်ပြုရင်စီးခွင့်ရှိပါတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ခုလိုနိုင်ငံတော်အကြီးအကဲတယောက်ကဘာသာရေးကို မထေမဲ့မြင်လုပ်တာတော့ ရှုံ့ချကန့်ကွက်လိုက်ပါတယ်။
( “အညာနွေတမာမြေ” www.anyarnwaytamarmyay.
မှတ်ချက်ပေးခြင်း... ၀န်ကြီးဦးအောင်ကြည် ဘိနပ်မစီးထားဘူးခင်ဗျ၊ စာတတ်ပုံရတယ်။
အောင်မျိုးထွန်း
ဂျပန်နိုင်ငံသူ SHIRAMATSU CHIHARU ကိုသေဆုံးအောင်ပြုလုပ်ခဲ့သူ အပြစ်ဒဏ်ကျ
၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ကန်သာယာကျေးရွာနှင့် ပျဉ်းမကန်ကျေးရွာကြား တွင် ဖြစ်ပွားခဲ့သော ဂျပန်နိုင်င်ငံသူ သေဆုံးခဲ့မှုအား ကျူးလွန်ခဲ့သူ ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးမင်းသိုက်အား အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁နာရီခွဲတွင် မြင်းခြံခရိုင် တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရမည်ဟု အမိန့်ချမှတ်ခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အတည်ပြုမှသာ အတည်ဖြစ်မည် ဖြစ်ကြောင်း သိရပါတယ်။
...........................
မြင်းခြံတရားရုံးက သေဒါဏ်တောင် ချလို့ရသလား။
............................
နောက်ကလူတွေသင်ခန်းစာယူ ဖို့ ထိပ်ဆုံးကလူကို လိုအပ်တဲ့ ပြစ်ဒါဏ်ထက်ပိုချတာကတော့ တရားခံ ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ မြင်ပါတယ်။
ဥပဒေ အတိုင်းပဲ လုပ်သင့်ပါတယ်။
..........................
မြန်မာနိုင်ငံမှာ.. တစ်ခြားလူမျိုး သေရင် သေဒဏ်ပေးတယ်..
ထားလိုက်ပါတော့.. ဒါပမယ့်.. သူတို့ နိုင်ငံမှာ
မြန်မာလူမျိုးတစ်ယောက်သေသွားရင် အဲလိုပြစ်ဒဏ်မျိုး ပေးပါသလား...
.........................
ရွှေဝါရောင်တော်လှန်ရေးအတွင်းက ဂျပန်လူမျိုး သတင်းထောက်.
နာဂအိ ခန်းဂျိကို လူမြင်ကွင်းမှာ ပစ်သတ်တဲ့ တရားခံနဲ့ အာဏာပိုင်တွေကိုတော့
မသေမချင်း ရာထူးတိုးပြီး သူကောင်းပြုစေလို့များ
အမိန့်ချလိုက်လေသလားလို့
..........................
"တရားဥပဒေမှာ နောက်လူတွေသင်္ခန်းစာရအောင် မလုပ်ရဲအောင်လုပ်ပြတယ်ဆိုရင် အဲဒီဟာက တရားဥပဒေမဟုတ်ဘူး။ မတရားဥပဒေပါ။"
..........................
လူသတ်မှုအတွက်ပြစ်ဒဏ် Punishment for murder.
(ပုဒ်မ ၃၀၂) (Section 302)
ဥပဒေဖွင့်ဆိုချက်
(၁)မည်သူမဆို-
(က)တသက်တကျွန်းဒဏ် စီရင်ခြင်း ခံရသည့်အတွင်း သို့တည်းမဟုတ်
(ခ)တင်ကူးကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ်
(ဂ)ဤရာဇသတ်ကြီးအရ ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သောပြစ်မှုကို
ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်ပြင်
ငွေဒဏ်လည်းချမှတ်နှိုင်သည်
.......................
mrsorcerer mail group မှ..
အားလုံးသဘောတူပြီးရင် လက်နက်တွေလည်း ချချင်ချမယ်
Published on October 24, 2011 by နေသွင်
တိုင်းရင်းသားဒေသတွေမှာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတာကိုကြည့်ရင် မြန်မာပြည်မှာ ပင်လုံလို ညီလာခံတရပ် အရေးတကြီးလိုအပ်နေတာကို လက်တွေ့ပြသနေတယ်လို့ ဇိုမီးအမျိုးသား ခေါင်းဆောင် ပူကျင့်ရှင်းထန်က ပြောပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ရဲ့ မနှစ်က နှစ်ပတ်လည်မှာ ထွက်ပေါ်ခဲ့တဲ့ “ကလေးမြို့ကြေညာစာတမ်း” ကနေ ဒုတိယ ညီလာခံ (သို့) ၂၁ ရာစုပင်လုံ ညီလာခံ ခေါ်ယူရေးကိစ္စ ပေါ်ပေါက်ခဲ့တာပါ။
တနှစ်ပြည့်တဲ့အချိန်မှာ ညီလာခံခေါ်ယူရေး လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင် အခြေအနေတွေအပေါ်မှာ ပါတီရဲ့ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်ကို မေးမြန်းထားပါတယ်။
အခုလောလောဆယ် ဗမာပြည်နိုင်ငံရေး အခင်းအကျင်းနဲ့ ဖြစ်နေတဲ့ဟာက မနှစ်ကနဲ့ စာရင်တော့ မတူတော့တဲ့ အနေအထားလေးတွေ ရှိနေတယ်ပေါ့။ အဲဒီအပေါ်မှာ ဒုတိယပင်လုံကိစ္စက အပြောင်းအလဲရှိနိုင်ပါသလား။
“အပြောင်းအလဲကတော့ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာပဲ ဒီပင်လုံညီလာခံကတော့ လိုအပ်နေတယ်။ ပိုပြီးတော့ လိုအပ်မယ်။ ပိုပြီးမြန်ဆန်မလားလို့ အဲ့လိုပဲမျှော်နေတာ။
ဟုတ်ကဲ့။ ပိုပြီးမြန်ဆန်မယ်ဆိုတဲ့ အဓိပ္ပာယ်က ဘယ်လိုပြောတာလဲ။
“ဘာကြောင့်လဲဆိုတော့ အစိုးရကိုယ်တိုင်ကိုကလည်း ဒီမိုကရေစီ လိုချင်တယ်ဆိုတော့ ဒီမိုကရေစီနဲ့ အစိုးရက ပင်လုံညီလာခံတို့ ဘာတို့လုပ်မယ်ဆိုရင် အတားအဆီးတွေ ခါတိုင်းလိုမဟုတ်တော့ပဲနဲ့ ပိုပြီးတော့လွယ်ကူမလား။ နောက် ဒီကိစ္စမှာ တပြည်လုံးမဟုတ်ပေမယ့် တိုင်းရင်းသားဒေသများမှာ များသောအားဖြင့် သေနတ်သံတွေ အခုထက်ထိ မစဲသေးဘူး။ ဒါတွေကို လုပ်ဖို့က တော်တော်လေးကို အရေးကြီးနေတယ်။ အဲဒါကြောင့် ဒီညီလာခံကို ပင်လုံ(သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံဆိုတာ၊ တကယ်လို့ကိုယ်တိုင်မတက်နိုင်ရင်လည်း အခုလိုပဲ ကျနော်နဲ့ ခင်ဗျားနဲ့စကားပြောသလို အယူအဆတွေ၊ လိုချင်တာတွေ၊ ဆွေးနွေးတိုင်ပင်လို့ရတဲ့ အချိန်မျိုးဖြစ်သွားအောင် ကျနော်တို့က ၂၁ ရာစုပင်လုံ ညီလာခံတော့ မလုပ်လို့မဖြစ်ဘူး။ အဲဒါမှပဲ အဆုံးသတ်မှဖြစ်မယ်ဆိုတာကို ကျနော်အဲဒီလို ယုံကြည်တဲ့အတွက် ပိုပြီးမြန်လာမယ်လို့ နီးစပ်တယ်လို့ပြောတာ။”
ဆိုလိုတာက ဒါဆိုရင် ဒီလပိုင်း၊ ဒါမှမဟုတ် နှစ်ပိုင်းအတွင်းမှာပဲ ဖြစ်အောင်ပဲ အန်ကယ်တို့ဘက်က စီစဉ်ဖို့ရည်ရွယ်ချက် ရှိတယ်ပေါ့။
“အဲဒီလိုလပိုင်းလောက်တော့ ကျနော်တို့လည်း မပြောဘူး။ ဒါပေမယ့်လို့ လုပ်ရမှာက အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့ အစိုးရတို့က စကားပြောနေတဲ့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးတိုင်ပင်တယ်ဆိုတော့ ဒီထဲမှာလည်း ဒုတိယပင်လုံညီလာခံ (ဒါမှမဟုတ်) ၂၁ ရာစု ပင်လုံညီလာခံဆိုတာက ကျနော်တို့ မနှစ်က ကလေးမြို့မှာစတင်ပြီးတော့ အားလုံးသဘောတူညီချက်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လုပ်ဖို့ ကျနော်တို့ လွှဲအပ်ထားတယ်။ သူကိုယ်တိုင် သမ္မတကြီးနဲ့ ဆွေးနွေးပြီးတော့ အားလုံးတိုင်းရေးပြည်ရေးကို မြန်မြန်ဆန်ဆန် ကောင်းအောင်လုပ်ရအောင်ဆိုတာကို အားလုံးမဟုတ်ပေမယ့် သူတို့သဘောတူညီတယ်ဆိုတာကို ကြေညာချက်အရ သိတဲ့အတွက် အဲဒါကို အမှီပြုပြီးပြောတာပါ။”
ကျနော်တို့နားလည်တာက မနှစ်တုန်းက နိုဝင်ဘာလမှာထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပူရှင်ကျင်းထန်တို့ဘက်က တာဝန်တွေလွှဲပေးခဲ့တာပေါ့။ အဓိက ဒုတိယပင်လုံညီလာခံကိစ္စပေါ့။ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အနေအထားတွေ ဆွေးနွေးတာ ရှိလား။ ဒေါ်စုဘက်က ဘယ်လိုမျိုး ပြောတာမျိုးရှိခဲ့သလဲ။
“ကျနော်တို့ဆွေးနွေးတာရှိပါတယ်။ အဖွဲ့ချုပ်ရုံးမှာတခါ ကျနော်ကစပြီးတော့ အစည်းအဝေးလုပ်တယ်။ အားလုံးအခုချိန်မှာတော့ ပင်လုံညီလာခံလုပ်ဖို့အတွက် ကျမ်းပြု (thesis) တို့ဘာတို့ ရေးဖို့ ပြည်တွင်းကစပြီးတော့ နိုင်ငံတကာအပါအဝင် ခေါ်ထားတဲ့အချိန်ဖြစ်တယ်။ ဒီလိုခေါ်ထားတာ ၂လ၊ ၃လရှိပြီဆိုတော့ တကယ်လို့များ အခုလိုဖြစ်သွားတယ်။ နည်းနည်းပါးပါး ပြည်သူလူထုရဲ့ဆန္ဒကို သူတို့တတ်နိုင်သရွေ့ လိုက်လျောတယ်ဆိုတာလည်း ကျနော်တို့မြင်တဲ့အတွက်ကြောင့် ဒါတွေက လက်ခံဖို့ နည်းနည်းလေး အချိန်က ပိုနီးစပ်မယ်လို့ အဲ့လိုပြောတာပါ။”
ဒီစာတမ်းတွေဘာတွေ တောင်းထားတဲ့ဟာတွေကော အန်ကယ်တို့ အခု ပြင်ဆင်ထားတာတွေ၊ အကြမ်းဆွေးနွေးထားတာတွေ ရှိပါပြီလား။
“အဲဒါတွေက ကိုယ့်ဟာကိုယ် ပြင်ဆင်ထားတာတော့ ရှိကြပါတယ်။”
ဒီဒုတိယ ပင်လုံညီလာခံစပြီးပြောတဲ့အချိန်က ဒီကိစ္စမှာ စစ်တပ်ကပါမှဖြစ်မယ်ဆိုပြီး ပြောကြတာရှိပါတယ်။ အခုအနေအထားနဲ့ရော စစ်တပ်ပါမပါ ကိစ္စတွေမှာ ဘယ်လောက်များ မျှော်လင့်ချက်ရှိပါသလဲ။
“စစ်တပ်ဆိုတာ အစိုးရကို ဆိုလိုတာပါ။ စစ်အစိုးရဆိုတော့ စစ်တပ်ဆိုပြီး ပြောနေတာပါ။ အခုက ပြည်သူ့အစိုးရဆိုတော့ ဒီအစိုးရထဲမှာ စစ်တပ်ရဲ့ အရှိန်အဝါ မကုန်သေးပါဘူး။ ဒါပေမယ့် ပြည်သူ့အစိုးရလို့ခေါ်လို့ နည်းနည်းလေး အားမရသေးဘူးလို့ဆိုတဲ့သူတွေ ပြောတာတော့ ရှိရင်တော့ ရှိမယ်။ ဒါပေမယ့် အခုဟာက ပြည်သူ့အစိုးရ၊ ပြည်သူလူထုက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ပြီးတော့ တက်လာတဲ့သူတွေက လုပ်ပြီးတော့ သမ္မတ၊ အဲလိုဖြစ်နေတဲ့အချိန်မှာ သမ္မတက လုပ်တယ်ဆိုရင်တော့ စစ်တပ်ကလည်း သပ်သပ်သူ့အနေနဲ့သူ လုပ်မှာမဟုတ်ဘူးလို့ အဲလိုပဲထင်ထားတယ်။ နောက်ပြီး စစ်တပ်ကို ကိုယ်စားပြုမယ့်သူ ဖိတ်မယ်ဆိုရင်လည်း ထားလို့ရပါတယ်။ ဖိတ်လို့ရပါတယ်ဆိုတာ တယောက်တည်းအမြင်နဲ့ မြင်ပါတယ်။”
ဒီလိုဆွေးနွေးပွဲတွေမျိုးမှာ ပြည်ပကအင်အားစုတွေ ပါနိုင်လား။ ဥပမာ အခုစစ်တိုက်နေတဲ့ ကချင်တွေ၊ ရှမ်းတွေ၊ ကရင်တွေ။ ဒီအင်အားစုတွေ အကုန်လုံးပါလာအောင် ဘယ်လိုနည်းနဲ့ဆွေးနွေးရင် သင့်တော်မယ်လို့ တွက်လဲ၊ ဘယ်သူတွေပါသင့်လဲ ဒီဆွေးနွေးပွဲမှာ။
“ကျနော့်တယောက်တည်း အမြင်ပြောမယ်ဆိုရင် သူတို့အစိုးရ အာဏာပိုင်တွေက လုပ်မယ်ဆိုရင် အလွယ်လေးပါ။ ဒါပေမယ့် ဒီဟာတွေကို ခင်ဗျားပြောသလို စစ်တပ်တို့ဘာတို့ အမျိုးမျိုးစွဲကြမယ်ဆိုရင် နည်းနည်းခက်မယ်နဲ့တူတယ်။ ဒါပေမယ့်လို့ တိုင်းရေးပြည်ရေး ပြည်ထောင်စုကို တကယ်လို့ ငြိမ်းချမ်းဖို့လိုကြမယ်ဆိုရင် သေနတ်သံတွေကြားနေရတာ မငြိမ်းချမ်းသေးဘူးဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် အဲဒီလူတွေပါ ကိုယ်တိုင်မလာနိုင်ဘူးဆိုရင်တောင် ကျနော်တို့အန်အယ်ဒီရဲ့ အင်တာနက်မှာ အစီအစဉ်တွေလုပ်ထားတာ ရှိတယ်။ အဲဒီအတိုင်း ကြည့်ပြီးတော့ သူတို့က စာတမ်းတွေလည်းပို့လို့ရတယ်။ ထင်မြင်ယူဆချက်တွေလည်း ပို့လို့ရတယ်။ အဲဒါတွေအားလုံးစုံလာပြီ ဟိုဘက်ဒီဘက်က ရပါပြီဆိုတဲ့အခါကျတော့ အစည်းအဝေး သဘောမျိုးလုပ်လို့ ရမယ်လို့ထင်ပါတယ်။”
မနှစ်ကနဲ့ ပြန်ပြောမယ်ဆိုရင် လွှတ်တော်တွေ နေပြည်တော်မှာ ပေါ်လာတာရှိတယ်။ အဲဒီအင်အားစုတွေကကော တချို့ကလည်း ဒီလွှတ်တော်နည်းနဲ့ သွားကြပါလို့ပြောနေတယ်။ အပြင်မှာ ညီလာခံလုပ်မယ်ဆိုတဲ့ဟာမျိုးက လက်တွေ့မကျဘူး၊ မဖြစ်နိုင်တော့ဘူးဆိုတာမျိုးလည်း ပြောနေကြတယ်။ အဲဒါ ဘယ်လိုပြောချင်ပါသလဲ။
“ဒါတော့ အဓိက ပြည်သူ့အသဲစွဲ ပြည်သူ့ပါတီအဖွဲ့ချုပ်သည် အဲဒါတွေကတော့ လွှတ်တော်ထဲမှာမရောက်ဘူး။ ဒါတင်မကဘူး။ ကျနော်တို့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီလည်းပဲ လွှတ်တော်ထဲမှာ မရောက်ပါဘူး။ ဒါပေမယ့်လို့ ဒီအာဏာကို လုတာမဟုတ်ဘဲနဲ့ အထဲကပဲဖြစ်ဖြစ်၊ အပြင်ကပဲဖြစ်ဖြစ် ဒီလိုညီလာခံမျိုး ပေါ်ပေါက်လာရင် အားလုံးက ဆန္ဒကို အတူတကွပေးနိုင်ကြမယ်ဆိုရင်တော့ ဒါလုပ်လို့ရတယ်လို့ အဲလိုပဲယူဆတယ်။”
ဒုတိယပင်လုံညီလာခံရဲ့ ရည်ရွယ်ချက်က အာဏာကိစ္စမဟုတ်ရင် ဘာကိစ္စဖြစ်နိုင်မယ်လို့ ပြောလို့ရမလဲ။
“အမှန်မှာ ကျနော်တို့တိုင်းပြည်ဟာ အခုလိုဖြစ်နေတာ ဘာကြောင့်လဲ။ ကျနော်တို့အမြင်မှာတော့ တိုင်းရင်းသားအရေး။ ၁၉၄၈ ခုက စပြီးတော့ အခုထက်ထိ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အဆင်မပြေ တောခိုတာတွေ၊ သူပုန်တွေ အဆက်မပြတ် ဖြစ်နေတဲ့ဟာတွေက တိုင်းရင်းသားအုပ်စုတွေရဲ့ ပြဿနာပဲ။ အားလုံးငြိမ်းချမ်းဖို့ သူတို့က ပင်လုံမှာလိုပဲ အားလုံးဗိုလ်ချုပ်အောင်ဆန်း လုပ်တဲ့ပုံမျိုးနဲ့ လုပ်ပြီးတော့ အားလုံးဆွေးနွေးပြီးတော့မှ ရင်ဖွင့်သွားရင်ကောင်းမယ်။ အဲဒီမှာကျတော့ အားလုံးသဘောတူပြီးတဲ့အခါမှ လက်နက်တွေလည်း ချချင်ချမယ်။ အခု ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုပေမယ့် စစ်အစိုးရတုန်းက အမျိုးသားညီလာခံလုပ်တယ်။ အမျိုးသားညီလာခံမှာ လာကြပါ။ လက်နက်ကိုင်တဲ့ အုပ်စုတွေလည်း တကယ်လို့ နိုင်ငံရေးအရ မကျေနပ်ဘူး၊ ဒါမှမဟုတ် တိုင်းပြည်ကို ဒီလိုအုပ်ချုပ်မယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ဘယ်လို လိုချင်လဲဆိုတာ ညီလာခံမှာပဲပြောပါဆိုပြီး ခေါ်တယ်။ သူတို့ကလည်း ယုံကြည်ပြီးတော့ အပစ်အခတ် ရပ်စဲပြီးတော့ လာကြတယ်။ ဒါသူတို့အဆိုအရ လိုအင်ဆန္ဒတွေကို ပြောဖို့ဆိုဖို့တောင်မှ အခွင့်အလမ်းမရခဲ့ဘူးဆိုပြီး ရှိတယ်။ အဲဒါမျိုးမဟုတ်ဘဲနဲ့ အားလုံး ကျနော်တို့လိုချင်တာက ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီးတော့ ဖြစ်တာက ဘယ်လို။ ပြည်ထောင်စု မြန်မာနိုင်ငံမှာလုပ်နေတဲ့ အခြေခံဥပဒေဟာ တကယ့်ပြည်ထောင်စုဖြစ်နိုင်အောင် ဒါမှမဟုတ်ရင် တိုင်းရင်းသားတွေလိုအပ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ဆွေးနွေးဖို့ဆိုတာမျိုး အခွင့်အရေးရရင် ဒါတွေက သူတို့လက်နက်လည်းချလို့ရမယ်ဆိုတာမျိုး ကျနော်တို့ အယူအဆရှိပါတယ်။”
ဆိုလိုတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တာတွေဖြည့်ဖို့ဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့။
“တကယ်လို့ ဖြစ်လာရင်တော့ ဒီလိုပဲဖြစ်လာနိုင်တယ်လို့ ထင်တယ်။”
တချို့သုံးသပ်ချက်တွေရှိတယ်။ လွှတ်တော်ထဲမှာ ပါလီမန်ကို စစ်တပ်က ၂၅ရာခိုင်နှုန်း ယူထားတယ်။ ဒီကိစ္စဟာ စစ်တပ်က ရုတ်တရက်နဲ့လက်လျှော့မှာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တဲ့ကိစ္စတွေမှာ ဒါမျိုးတွေကို လက်ခံနိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ ပြောတာမျိုးရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေပေါ်မှာ ဘယ်လိုမျိုး စဉ်းစားချက်တွေ ရှိကြပါသလဲ။
“အကျိုးအကြောင်းတွေ၊ ဒီလိုလုပ်မယ်ဆိုရင် ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ ရင်ဖွင့်ပြီးတော့မှ ရိုးရိုးသားသား ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးပါ။ အကောင်းဆုံးဖြစ်မယ့်ဟာကို လက်မခံနိုင်တဲ့ဟာတွေကတော့ တမျိုးပဲဖြစ်သွားမှာပေါ့။ ဒါလည်းပဲ ဖော်ပြပိုင်ခွင့်မရှိဘူး။ ကြိုပြီးတော့ ဒီလိုဖြစ်မှာပဲဆိုပြီးတော့ ပြောရေးဆိုခွင့်တောင်မှ ပိတ်ထားတယ်ဆိုတာက ဆွေးနွေးတယ်လို့ မခေါ်နိုင်ဘူး။ အဲလိုဟာမျိုး မဟုတ်ဘဲနဲ့ ပင်လုံမှာလိုပဲ လွတ်လွတ်လပ်လပ် ဆွေးနွေး၊ အဲဒါမျိုးကို ဖြစ်မယ်ဆိုရင်တော့ ကျနော်က သူတို့ကလည်း စိတ်ပြောင်းချင်ပြောင်းမယ်လို့ ကျနော်ကယူဆတယ်။”
http://burmese.dvb.no/archives/16874
နိုဘယ်လ်ငြိမ်း ချမ်းရေးဆုရတရုတ်နိုင်ငံသား စာရေးဆရာ လူရှောင်ဘို
လူ့အခွင့်အရေး တိုက်ပွဲဝင်ပုဂ္ဂိုလ်များ အပိုင်း (၁၃)
Published on October 24, 2011 by ခင်မောင်စိုး
နိုဘယ်လ်ငြိမ်း ချမ်းရေးဆုကို တရုတ်နိုင်ငံသား စာရေးဆရာ လူရှောင်ဘိုအား ပေးအပ်ချီးမြှင့်လိုက်သည် ဆိုတဲ့ သတင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၈ ရက်မှာ ထွက်ပေါ်လာတဲ့အခါ တရုတ်အစိုးရက အဲသည် သတင်းကို တရုတ်နိုင်ငံအတွင်း မဖြန့်ချိ မထုတ်လွှင့်နိုင်အောင် အကြီးအကျယ်ပိတ်ပင်ခဲ့ပါတယ်။ အဆင့်မြင့်ဟိုတယ် ကြီးများမှာ အမြဲပြသနေတဲ့ စီအန်အန်၊ ဘီဘီစီ ရုပ်မြင်သံကြားလိုင်းတွေတောင် အဲသည်နေ့က အပိတ်ခံခဲ့ရပါတယ်။
တရုတ်အစိုး ရရဲ့ စီစီတီဗီ ရုပ်မြင်သံကြားသတင်းမှာလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆု သတင်းကို မဖော်ပြခဲ့ပါဘူး။ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်ရဲ့ ဥရောပ ခရီးစဉ်သတင်း၊ တရုတ်အစိုးရရဲ့ ဆယ့်တကြိမ်မြောက် ငါးနှစ်စီမံကိန်းသတင်း၊ စပိန်နိုင်ငံမှာ ဖန်ပြွန်သန္ဓေတည်တဲ့ နည်းပညာနဲ့ ပင်ဒါဝက်ဝံလေး နှစ်ကောင်ကို မွေးတဲ့သတင်း စတာတွေပဲ ပါခဲ့ပါတယ်။ တယ်လီဖုန်းကနေ အဲသည် နိုဘယ်လ်ဆုသတင်းကို မက်ဆေ့ပို့လို့တောင် မရခဲ့ပါဘူး။
နိုဘယ်လ်ဆု ချီးမြှင့်ခံရတဲ့ လူရှောင်ဘိုရဲ့ ဇနီးကိုလည်း ကမ္ဘာ့သတင်းဌာနတွေက တွေ့လို့မရအောင် အစိုးရက ပိတ်ပင်တားဆီးခဲ့ပါတယ်။ သူ့အိမ်ကနေ တခြားကို ခေါ်ဆောင်ပြီး မီဒီယာတွေနဲ့မတွေ့နိုင်အောင် လုပ်ခဲ့ပါတယ်။
တရုတ်အစိုး ရအဖို့တော့ သည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုဟာ သူ့အပေါ် အရှက်ခွဲတဲ့ ဆုတခုဖြစ်နေပါတယ်။ ဒါကြောင့် သည်သတင်းကို အသဲအသန် ပိတ်ပင်တားဆီးနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အဲသည်ဆုဟာ တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးများ ရရှိဖို့ ဆောင်ရွက်ရင်း တရုတ်အစိုးရရဲ့ ဖမ်းဆီးထောင်ချ ခံနေရသူကို ပေးလိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဆုချီးမြှင့်ခံရတဲ့ လူရှောင်ဘိုဟာ အဲသည်အချိန်မှာ ထောင်ထဲ ရောက်နေပါတယ်။
လူ ရှောင်ဘိုဟာ တရုတ်နိုင်ငံမှာ လူသိအများဆုံး လူ့အခွင့်အရေး တိုက်ပွဲဝင်သူတဦး ဖြစ်ပါတယ်။ သူဟာ ထင်ရှားတဲ့ စာရေးဆရာ၊ စာပေဝေဖန်ရေးဆရာ တဦးလည်း ဖြစ်ပါတယ်။
လူ ရှောင်ဘိုကို ပညာတတ် မိဘနှစ်ပါးက ၁၉၅၅ ခုနှစ်မှာ မွေးပါတယ်။ ၁၉၇၇ ခုနှစ်မှာ တက္ကသိုလ်ရောက်ပြီး တရုတ်စာပေအဓိကကို ယူပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာ ကျောင်းနေဖက် သူငယ်ချင်း ခြောက်ယောက်နဲ့ပေါင်းပြီး အပြစ်မဲ့နှလုံးသားများ အမည်နဲ့ကဗျာဆရာအုပ်စုတခုကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့ကိုရပြီး ဘီဂျင်းနော်မယ်တက္ကသိုလ်ရဲ့ တရုတ်စာပေဌာနမှာ သုတေသီလုပ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ကို ရပြီး အဲသည် ဌာနမှာပဲ ဆရာ ပြန်လုပ်ပါတယ်။
၁၉၈၆ ခုနှစ်မှာ ပါရဂူဘွဲ့အတွက် စတင်လေ့လာပါတယ်။ တချိန်တည်းမှာပဲ စာပေဝေဖန်ရေး ဆောင်းပါးတွေကို မဂ္ဂဇင်းတွေမှာ စတင်ရေးသားပါတယ်။ သူရေးတဲ့ စာပေဝေဖန်ရေး ဆောင်းပါးတွေဟာ သမားရိုးကျ အယူအဆတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်တဲ့အတွက် နာမည်ကြီးပါတယ်။ သူ့ကိုလည်း စာပေနယ်မှာ မြင်းမဲလို့ အမည်ပေးကြပါတယ်။ စာပေနယ်မှာရော အယူအဆ သဘောတရားနယ်ပယ်မှာပါ လူရှောင်ဘိုရဲ့ ဝေဖန်ရေးဆောင်းပါးတွေဟာ အလွန်အဆိပ်ပြင်းတဲ့အတွက် လူရှောင်ဘိုသွေးလှန့်ချက် ( လူရှောင်ဘို ရှော့က်) လို့တောင် စကားလုံး ပေါ်လာခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာ သူ့ရဲ့ လုံးချင်းစာအုပ် ထွက်လာပါတယ်။ ရွေးချယ်မှုကို ဝေဖန်ခြင်း- လူဇီဟောင်နဲ့ဆွေးနွေးခန်း ဆိုတဲ့ စာပေဝေဖန်ရေး စာအုပ် ဖြစ်ပါတယ်။ သည်စာအုပ်ဟာ တရုတ်နိုင်ငံမှာ ရောင်းအကောင်းဆုံး စာအုပ်တအုပ် ဖြစ်ခဲ့ပါတယ်။ သည်စာအုပ်ထဲမှာ တရုတ်နိုင်ငံရဲ့ ကွန်ဖျူးရှပ်ဓလေ့ထုံးစံ အစဉ်အလာတွေအပေါ် ဝေဖန်ထားပြီး အဲသည်အချိန်က ဩဇာတက်နေတဲ့ သဘောတရားရေးဆရာ လူဇီဟောင်ကို လုံးဝ စိန်ခေါ် တိုက်ခိုက်ထားပါတယ်။
၁၉၈၈ ခုနှစ်မှာ ပါရဂူဘွဲ့ကို ရပါတယ်။ ပါရဂူဘွဲ့ရပြီးနောက် တက္ကသိုလ်မှာ ကထိက ဆက်လုပ်ပါတယ်။ အော်စလိုတက္ကသိုလ်၊ ဟာဝိုင်အီ တက္ကသိုလ်၊ ကိုလမ်ဘီယာတက္ကသိုလ် စတဲ့ နိုင်ငံရပ်ခြား တက္ကသိုလ်တွေမှာ ဧည့် ပါမောက္ခ ပညာရှင်အဖြစ် သွားရောက်ခဲ့ပါတယ်။ သည်လိုနဲ့ တိန်အန်မင် ကျောင်းသားအရေးအခင်း ကြီးပေါ်တဲ့ ၁၉၈၉ ခုနှစ်မှာ လူရှောင်ဘိုလည်း တရုတ်ပြည်ကို ပြန်လာခဲ့ပါတယ်။
ဒေါက်တာလူ ရှောင်ဘိုဟာ ၁၉၈၉ ခုနှစ် ဧပြီလ ၂၇ ရက်မှာ ဖြစ်ပွားတဲ့ တိန်အန်မင်ကျောင်းသားအရေးအခင်းကြီးမှာ ပါဝင်ဖို့ ဘေဂျင်းနေအိမ်ကို ပြန်လာခဲ့ပါတယ်။ ကျောင်းသားများက တိန်အန်မင်ရင်ပြင်ကို လက်မလွှတ်တမ်း သိမ်းထားပြီး အစိုးရကို အာခံနေတဲ့အချိန်၊ တရုတ်စစ်တပ်ကလည်း မာရှယ်လောထုတ်ပြီး ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းတော့မယ့်အချိန်မှာ လူရှောင်ဘိုဟာ လူလေးဦး ပါဝင်တဲ့ အစာငတ်ခံ ဆန္ဒပြမှုကို ဇွန်လ ၂ ရက်နေ့မှာ လုပ်ဆောင်ပါတယ်။
တချိန်တည်း မှာပဲ ပူးတွဲကြေညာချက်တခုကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ အဲသည် ကြေညာချက်ထဲမှာ ကျောင်းသားတွေကိုရော အစိုးရဘက်ကိုပါ တဖက်နဲ့တဖက် ရန်သူလို မြင်နေတဲ့ လူတန်းစားတိုက်ပွဲ သဘောတရားကို စွန့်လွှတ်ပြီး ဆွေးနွေးပွဲလုပ်ပြီး ညှိနှိုင်းဖို့ တိုက်တွန်းလိုက်ပါတယ်။
အစိုးရက နောက်ရက် ဇွန်လ ၃ ရက်မှာ တိန်အန်မင်ရင်ပြင်ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ကျောင်းသားတွေကို ဖြိုခွဲပါတယ်။ ဒါကြောင့် လူရှောင်ဘိုရဲ့ ကြေညာချက်ဟာ နောက်ကျသလိုတော့ ဖြစ်သွားပါတယ်။ ဒါပေမယ့် လူရှောင်ဘိုဟာ အစိုးရဘက်နဲ့ကျောင်းသားအဖွဲ့တွေကို ညှိနှိုင်းပြီး ကျောင်းသား ထောင်ပေါင်းများစွာကို တိန်အန်မင်ရင်ပြင် အတွင်းကနေ ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်အစိုးရက တိန်အန်မင်ရင်ပြင်ကို ပြန်လည်သိမ်းယူဖို့အတွက် ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ရာမှာ ကျောင်းသားတွေ ထောင်ပေါင်းများစွာ သေဘေးက လွတ်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လူရှောင်ဘိုကတော့ ဇွန်လ ၆ ရက်နေ့မှာ အထိန်းသိမ်း ခံလိုက်ရပါတယ်။ အကျဉ်းထောင်အတွင်းမှာ သုံးလနေပြီး လူရှောင်ဘို ပြန်လွတ်လာပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်း ဆရာအလုပ်က ထုတ်ပစ်တာ ခံလိုက်ရပါတယ်။ အစိုးရမီဒီယာတွေက သူ့ကို ခွေးရူးလို့ အမည်တပ်ပြီး ပြင်း ပြင်းထန်ထန် တိုက်ခိုက်ပါတယ်။ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကျောင်းသားတွေကို အသုံးချခဲ့တယ်လို့လည်း စွပ်စွဲပါတယ်။ သူ့စာအုပ်တွေအားလုံးကို ပိတ်ပင်လိုက်ပါတယ်။ အထိန်းသိမ်းခံရရာက လွတ်မြောက်ပြီး မကြာခင်မှာ သူ့အိမ် ထောင်ရေး ပြိုကွဲသွားပြီး ဇနီးနဲ့သားက အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့သွားပါတယ်။
အစိုးရက ထုတ်ဝေခွင့်ကို ပိတ်ထားပေမယ့် လူရှောင်ဘိုဟာ စာကိုတော့ ဆက်ရေးနေခဲ့ပါတယ်။ သည်အချိန်မှာ သူအဓိက ရေးတာက လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကြောင်းအရာများ ဖြစ်ပါတယ်။ ၁၉၉၂ မှာ သူ့ရဲ့ စာအုပ်အသစ်ကို တိုင်ဝမ်မှာ ထုတ်ဝေပါတယ်။ ကပ်ဆိုးမှ ကျန်ရစ်သူရဲ့ တကိုယ်တော်ပြောစကားများ လို့အမည်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် တိန်အန်မင်အရေးအခင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ ဝန်ခံချက်တွေ ဝေဖန်သုံးသပ်ချက်တွေ အကြောင်းပါ။ အငြင်းပွားစရာ စာအုပ်တအုပ် ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ် မေလ ၁၈ ရက်မှာ လူရှောင်ဘိုကို ရဲက ခေါ်ယူထိန်းသိမ်းပြန်ပါတယ်။ တိန်အန်မင်အရေးအခင်းအကြောင်း အစိုးရက စစ်ဆေးရေးကော်မရှင်တခု ဖွဲ့စည်းဖို့ တိုက်တွန်းတဲ့စာကြောင့် ထိန်းသိမ်းတာပါ။ ၉ လကြာ ထိန်းသိမ်းခံရပါတယ်။ ၁၉၉၆ ဖေဖော်ဝါရီမှာ ပြန်လွတ်ပါတယ်။ ဒါပေမယ့် အဲသည်နှစ် အောက်တိုဘာမှာ ပြန်အထိန်းသိမ်း ခံရပြန်ပါတယ်။ တရုတ်နဲ့ထိုင်ဝမ် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ကြေညာချက်စာကြောင့် ဖြစ်ပါတယ်။ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ် အပြစ်ဒဏ်ချတာ ခံရပြန်ပါတယ်။
၁၉၉၉ ခုနှစ်မှာ ပြန်လွတ်လာပေမယ့် လူရှောင်ဘိုဟာ လွတ်လွတ်လပ်လပ်တော့ သွားလာလှုပ်ရှားလို့မရတော့ပါဘူး။ သူ့နေအိမ်နားမှာ ထောက်လှမ်းရေးအစောင့်တွေ ချထားပါတယ်။ သူ့တယ်လီဖုန်းလိုင်းကို ဖြတ်နားထောင်ပါတယ်။ အင်တာနက်လိုင်းတွေကို စောင့်ကြည့်ပါတယ်။
၂၀၀၀ ခုနှစ်အတွင်းမှာ လူရှောင်ဘိုဟာ စာအုပ် သုံးအုပ်ထုတ်ဝေပါတယ်။ ထိုင်ဝမ်မှာ တအုပ်၊ ဟောင်ကောင်မှာ တအုပ်၊ တရုတ်ပြည်မကြီးမှာ တအုပ် ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ ကို စတင်ရေးပါတယ်။ တရုတ်အစိုးရက သိသွားပြီး ကွန်ပျူတာတွေ စာရွက်စာတမ်း အထောက်အထားမှတ်တမ်းတွေနဲ့ ပေးစာတွေကို သိမ်းယူသွားပါတယ်။ အစိုးရက လူရှောင်ဘိုကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပါတယ်။ အရေးကြီးတဲ့နေ့ရက်တွေဆိုရင် နေအိမ်အကျယ်ချုပ်သဘောမျိုး ထားပါတယ်။
လူ ရှောင်ဘိုဟာ ချာတာသုညရှစ် ဆိုတဲ့ ကြေညာစာတမ်းကို ရေးသားရာမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပါတယ်။ ပညာရှင်သုံးရာ လက်မှတ်ရေးထိုးထားတဲ့ အဲသည် ချာတာသုညရှစ် စာတန်းကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတန်းကြီး အနှစ်ခြောက်ဆယ်ပြည့်တဲ့နေ့ ၂၀၀၈ ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။ သည်ကြေညာစာတန်းက တရုတ်ပြည်မှာ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိဖို့တောင်းဆိုထားတဲ့ ကြေညာစာတန်းဖြစ်ပါတယ်။
ဒါပေမယ့် လူရှောင်ဘိုဟာ ချာတာသုညရှစ်ကြေညာစာတမ်း မဖြန့်ဝေခင် နှစ်ရက်အလို ဒီဇင်ဘာ ၈ ရက်ညမှာ အဖမ်းခံရပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၁၁ နှစ် အချခံရပါတယ်။ ထောင်ထဲမှာ နေရင်း ၂၀၁၀ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်ခံရတာပါ။
လူရှောင်ဘို ပြောတဲ့ စကားလေးတခွန်းကို ဝေငှချင်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ဟာ လူ့အခွင့်အရေးရဲ့ အခြေခံဖြစ်သလို လူသားဆန်မှုရဲ့ အရင်းအမြစ်လည်းဖြစ်ပြီး အမှန်တရားရဲ့ မိခင်လည်း ဖြစ်ပါတယ်တဲ့။
http://burmese.dvb.no/archives/16860
အစိုးရသစ်လက်ထက်၌ စည်ပင်က ရခိုင်တွင် လူခွန်၊ နွားခွန်ကောက်
News Date:10/24/2011
မောင်ရမ္မာ
-----------
ဆင်းရဲမွဲတည်မူ လျော့ချမည်ဟု ကြွေးကြော်နေသော ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် စည်ပင် သာယာရေးမှ စည်ပင် ဥပဒေကို လိမ်လည် အကြောင်းပြပြီး လူခွန်၊ နွားခွန်များကို အတင်း ကောက်ခံနေသဖြင့် ရခိုင်ပြည်သူများ အထူး ဒုက္ခရောက်နေကြကြောင်း သတင်း ရရှိသည်။
" အခုလို ကောက်ခံနေတာက ကျွန်မတို့ ကျောက်ဖြူမြို့မှာ ဖြစ်ပါတယ်။ အခု စည်ပင် သာယာ ရေးရုံးက ဂျပန် ဆိပ်ကမ်းကို ဆင်းရင် အဆင်း လူတစ်ယောက်ကို ၂၀၀ ကျပ်၊ အတက် ၂၀၀ ကျပ် ကိုယ်တိုင် ဆိုင်းဘုတ်ထောင်ပြီး ကောက်နေပါတယ်။ ဒါပြင် စက်လှေတစီးကို တစ်နေ့ ငွေ ၁၅၀၀ ကျပ်၊ ကုန်ပို့တဲ့ နွားလှည်း တစီး ဆိပ်ကမ်းကို ဆင်းရင် ၂၀၀ ကျပ်ကောက်ပါတယ်။ လက်လှည်း တစီးကို ဆိပ်ကမ်း တစ်ခါဆင်းရင် ၄၀၀ ကျပ် ကောက်ခံနေပါတယ်" ဟု ကျောက်ဖြူ မြစ်နားတန်းမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ကောက်ခံနေခြင်းကို ယခင် ဂျပန်ဆိပ်ကမ်း လေလံရထားသူ ဒေါ်ယုယုထွန်းထံမှ လေလံကို ပြန်လည် ရုတ်သိမ်းပြီးနောက် စည်ပင်က ကိုယ်တိုင် ယူနီဖေါင်းများ ၀တ်ပြီး ကောက်ခံနေခြင်း ဖြစ်သည်။
" ကျောက်ဖြူမြို့ မြစ်နားတန်းက ဒေါ်ယုယုထွန်းကို ၂၀၁၁ ခုနှစ် ဧပြီလက တနှစ်အတွက် ဂျပန်မ ဆိပ်ကမ်းကို ကျပ် သိန်း ၁၀၂ သိန်းနဲ့ စည်ပင်က လေလံ ပစ်ပါတယ်။ အဲသလို လေလံပစ်ပြီးတဲ့ နောက်ပိုင်းမှာ စည်ပင်က သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖေါက်တယ်ဆိုပြီး သူမဆီက လေလံကို ဒီလ ၁၄ ရက်နေ့က ရုတ်သိမ်းခဲ့ပါတယ်။ အခု နောက်ပိုင်းမှာ စည်ပင်က ကိုယ်တိုင် ခုလို လူတွေ ဆီက မတရားသဖြင့် အခွန်ကောက်ခံနေတာ ဖြစ်ပါတယ်" ဟု သူမက ပြောသည်။
အဆိုပါ အခွန်ကောက်ခံနေသည့် ကိစ္စနှင့် ပတ်သက်ပြီး စည်ပင်ရုံးမှ အမည် မဖေါ်လိုသူ အရာရှိ တစ်ဦးကလည်း ငွေကောက်ခံနေကြောင်းကို ယခုလို အတည်ပြု ပြောကြားသည်။
" ဒေါ်ယုယုထွန်းကို စည်ပင်က မြစ်နားတန်း အောက် သယ်ပို့ လိုင်စင်နဲ့ နွားလှည်းကောက် လိုင်စင် (စီ)ကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရုတ်သိမ်းခဲ့ပါတယ်။ ပီးရင်သူမကို Black List မှာထည့်ပီး အောက်တိုဘာလ ၁၅ ရက်နေ့က စပီး စည်ပင်က တိုက်ရိုက် ငွေကောက်ခံနေတာ ဖြစ်ပါတယ်။ အခု လောလောဆယ်မှာ ဂျပန်မှ ဆိပ်ကမ်းကို တင်ဒါ ခေါ်ယူထားပေမယ့် ဆွဲမယ့်သူ မရှိတဲ့ အတွက် ကျွန်တော်တို့ စည်ပင်က တိုက်ရိုက်ကောက်ခံနေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
လူခွန်ကောက်ခံနေသော စည်ပင်မှ အရာရှိများ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူမြို့ ဂျပန်မ ဆိပ်ကမ်း ဆိပ်ကမ်းခွန်ကောက်နုန်းနှင့် ပတ်သက်၍ စည်ပင်သာယာရေး ဦးစီးဌာမှ ၆-၁၀-၂၀၁၁ နေ့တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အမှတ်စဉ် (၃၃∕၂၀၁၁) အရ လေလံ ရထားသူ ကျောက်ဖြူမြို့ မြစ်နားတန်း ရပ်ကွက်မှ ဒေါ်ယုယုထွန်းအား လိုင်စင် လုပ်ပိုင်ခွင့် ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။
လေလံ လိုင်စင် ရုပ်သိမ်းခံရခြင်းနှင့် ပတ်သက်ပြီး လိုင်စင်သိမ်းခံရသူ ဒေါ်ယုယုထွန်းကို နိရဉ္စရာ မေးမြန်းရာ သူမက ယခုကဲ့သို့ ပြော သည်။
" ခုလို စည်ပင်က ကောက်ခံနေတဲ့ အတွက် ကျွန်မသွင်းထားတဲ့ ငွေတွေကို ပြန်မရတဲ့အပြင် နှစ်တ၀က်ကျမှ လေလံကို ပိတ်သိမ်းလိုက်တဲ့အတွက် ကျွန်မမှာ အများကြီး နစ်နာရပါတယ်။ စည်ပင် အမှုဆောင်အရာရှိ ဦးသန်းလင်းထွန်း လိမ်လည်ရောင်းချတဲ့ ကြေးကလည်း ၁၀၂ သိန်းကျပ်တိတိ ဆိုတော့ လေလံကြေးမှာလည်း အလွန်များလွန်း ပါတယ်။ အခု ပြဿနာ ဖြစ်လာတော့ တာဝန်ယူမှု လုံးဝမရှိဘဲ ကျွန်မကိုဘဲ Black List မှာ ထည့်ပြီး သူတို့ ခေါင်းရှောင်သွားတဲ့အတွက် ကျွန်မမှာ အထူးနစ်နာနေရပါတယ်။ ဒါကြောင့် ဒီလေလံဟာ တရားမ၀င်တဲ့ "လိမ်လံ" သာ ဖြစ်ပါတယ်" ဟု ပြောသည်။
ဒေါ်ယုယုထွန်းထံမှ လိုင်စင် ရုတ်သိမ်းခဲ့ပြီးနောက်ပိုင်း ကျောက်ဖြူမြို့နယ် စည်ပင် အမူဆောင် အရာရှိ ကိုယ်စား ဦးစီး အရာရှိ ဦးလှသိန်းမှ ကြော်ငြာ စာအမှတ် ( ၅၃∕၂၀၁၁) ဖြင့် စာထုတ်ပြီး လေလံခေါ်ခဲ့သော်လည်း ယခုအချိန်ထိ အဆိုပါ လေလံကို ဆွဲယူမည့်သူ မရှိ ဖြစ်နေကြောင်းသိရသည်။
" အခု ကျောက်ဖြူစည်ပင်က အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၀၁၂ မတ်လ ၃၁ ရက်နေ့ထိ ဂျပန်မ ဆိပ်ကမ်းအတွက် လေလံ ခေါ်ထားပါတယ်။ အဲဒီ ဂျပန်မ ဆိပ်ကမ်း မှာ မြစ်နားတန်းအောက် သယ်ပို့ လုပ်ငန်းအတွက် ကြမ်းခင်းဈေးက ကျပ် ၄၇၀၀၀၀၀ နဲ့ နွားလှည်းကောက်အတွက် ကျပ် ၃၆၀၀၀၀ နဲ့ ခေါ်ထားပါတယ်။ ဒါပေမယ့် ပြည်သူတွေက ခုလို တရားသဖြင့် ငွေကောက်ခံနေတာကို မကျေနပ်တဲ့ အတွက် ဘယ်သူမှ အဲဒီ ဂျပန် ဆိပ်ကမ်းကို လေလံ မဆွဲရဲဘဲ ဖြစ်နေပါတယ်" ဟု တခြား ဒေသခံ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဂျပန်မ ဆိပ်ကမ်းမှ လေလံကြောင့် ပြည်သူ လူထုများ ဒုက္ခရောက်နေကြရသည့်အတွက် စည်ပင်က လေလံကို ပြည်သူများ အလိုမရှိဟု တခြားဒေသခံတဦးက နိရိဉ္စရာသို့ ပြောသည်။
" လေလံရသူဘဲ ဖြစ်ဖြစ်၊ စည်ပင်ကဘဲ ဖြစ်ဖြစ် အခုလို မရှိဆင်းရဲတဲ့ ပြည်သူတွေဆီက ဒီလိုဘဲ ငွေကောက်ခံ နေတာဟာ ပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်နေတာနဲ့ အတူတူ ဖြစ်ပါတယ်။ အခုလို လူတွေဆီက အခွန်ကောက်နေတဲ့ အတွက် စီးပွားရေး အဆင်မပြေကြတဲ့ ဆင်းရဲတဲ့ ပြည်သူတွေကို ၀န်ထုတ် ၀န်ပိုး ဖြစ်နေပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကတော့ အရင်ကလို လွတ်လွတ်လပ်လပ် သွားလာခွင့် ကိုဘဲ လိုချင်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူတွေကို ငှဲ့ညှာပြီးတော့ အစိုးရ အနေနဲ့ ဘယ်ဒေသမှာမှ ကျင့်သုံးလေ့ မရှိတဲ့ လူတွေဆီက အခွန်ကောက်တဲ့ ဒီလေလံ စနစ်ကို ဖျက်သိမ်းပေးစေချင်ပါတယ်။"
ယခုအခါ ကျောက်ဖြူစည်ပင်မှ အရာရှိများက ပြည်သူများထံမှ ကောက်ခံရရှိသော ငွေများကို သူတို့ကိုယ်ကျိုး အတွက် လိမ်လည် ယူဆောင် နေကြသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသည့် အပေါ် ပြည်သူများက မကျေမနပ် ဖြစ်နေကြသည်ဟု သိရှိရသည်။
http://www.narinjara.com/detailsbur.asp?id=3555
ပခုက္ကူ က ဆည် တွေ ဖောက် ချ အသက်ဆုံးရှုံးသူ ၁၂၀$ ဒုသမ္မတ လျော်...
ဆည်တွေ ဖောက်ချတာ ကြောင့် ပခုက္ကူ ရေဘေး မှာ သေဆုံးသူ များ
by FNG on October 24, 2011
အောက်တိုဘာလ ၂၀ ရက်နေ့  က မကွေး တိုင်း ပခုက္ကူ နယ် တစ်ဝိုက်မှာ လူ အသေအပျောက်
များ တဲ့ ရေကြီး မှု ဟာ အဲဒီ ဒေသ နဲ့  က ဆည် တွေ ဖောက် ချ ခဲ့ တဲ့ အတွက် ဖြစ် တယ်လို့ 
မြိုင် မြို့  က မြန်မာ့ တပ်မတော် ကြည်း တပ် အရာ ရှိ တစ်ဦးက FNG ကို ပြောပါတယ်။
အဲဒီ ဒေသ မှာ ဆည် ၆ ခု ရှိ ပြီး အနည်း ဆုံး ၄ ခု ကို ဖောက် ချ ခဲ့ တာ ကြောင့် အခု လို ဖြစ်ရ
တာ လို့  ဂန့် ဂေါ မြို့ က တပ်မတော် ၀န်ထမ်း တစ်ဦး က ပြောပါတယ်။ ပခုက္ကူ ဒေသ မှာ ရေကြီး
မှု ကြောင့် ရွှေ ချောင်း ချောင်း တံတား ကျိုး ခဲ့ ပြီး ရွာ တွေ ရေစီး ထဲ မျောပါ ကာ အနည်း ဆုံး
သေဆုံး သူ ၂၀၀ ကျော် ရှိ ပါတယ်။ လူ ၁၀၀၀ ကျော် အိုး အိမ် မဲ့ ဖြစ်ခဲ့ ရ ပြီး ၄၀၀၀ ခန့် 
လောက် က နီးစပ် ရာ နေရာ တွေ မှာ ခို လှုံ နေရ ပါတယ်။
ရေဘး ဒုက္ခ သည် တွေ အတွက် အစိုးရက ပေး တဲ့ ဆန် တစ်ပြည် နဲ့  ငွေ တစ်ထောင် ကျပ် ဟာ
တစ်ခါ တည်း ရရှိ ပြီး လောက် ငှ မှု မရှိ ဘူး လို့  လဲ သိရပါတယ်။
ပခုက္ကူ ရွှေကံသာ ရပ်ကွက် တွင် နေ ထိုင် သူ တစ်ဦး ၏ ပြေပြာ ချက် အရ အောက်တိုဘာလ ၂၀
ရက်နေ့ နံနက် လင်းအားကြီး အချိန် တွင် ပေ ၂၀ခန့် အမြင့် ရှိ သည့် ရေလုံး ကြီး ၀င်ရောက် လာ
ပြီး ရေလမ်းကျရာ ရပ် ကွက် များ တွင် ဘုရား ပုထိုး စေတီ များ ပါ ပါဝင် သည် အထိ ရေစီး နှင့်
အတူ ပါ သွား ကြောင်း သိရသည်။
ရေလွှမ်းမိုး မှု နှင့် ပတ်သက် ပြီး မြိုင် မြို့  မှ စစ်တပ် အရာ ရှိ တစ်ဦး က ဒီလောက် ရေစီးအား
ဆိုတာ ဘယ်လို မှ ဆည် တွေ ကို ဖောက် ချ တာ မဟုတ် ဘဲ မဖြစ် နိုင်ဘူး ၊ ဒီကိစ္စမှ ဘယ်လို
ဘာ ကြောင့် ဖြစ်ရတယ် ဆို တဲ့ အချက် ကို ပါ စုံ စမ်း စစ်ဆေး ပေး ပြီး သေဆုံး သူ တွေ အတွက်
လျှော်ကြေး ငွေ ပေး အပ် ဖို့  လို တယ် လို့  FNG ကို ပြောပါတယ်။
ယခု ရေကြီး မှု ကို မြန်မာ အစိုးရက လူ တစ်ရာ ကျော် သေပြီး အမေရိကန် ဒေါ်လာ ၁.၇ သန်း
ပျက် စီး ဆုံး ရှုံး ခဲ့ တယ် လို့  ထုတ် ဖော် ပြောကြားပါတယ်။
http://freedomnewsgroup.com/2011/10/24/pakkouk-dam-break/#more-21976
ပခုက္ကူ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးသူများအတွက် လျော်ကြေးပေး – gov’s compensation for flood victim
ခင်နှင်းလွင်၊ ရန်ကုန်
အောက်တိုဘာ ၂၃၊ ၂၀၁၁
ရေကြီးသည့် ပခုက္ကူမြို့သို့ တနင်္ဂနွေနေ့တွင် ဒုသမ္မတ လာရောက်ကြည့်ရှုပြီး အသက်ဆုံးရှုံးရသူများအတွက် လျော်ကြေးငွေ ပေးသည်ဟု ပခုက္ကူမြို့ခံများက ပြောသည်။
အသက်ဆုံးရှုံးသူ လူကြီး တဦးအတွက် ကျပ် ၁ သိန်း၊ ကလေးတဦးအတွက် ၅ သောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအတွက် ဆန်အိတ် ၅၀၀ ကူညီခဲ့သည်ဟု သိရှိရသည်။
ယခုကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသူများအတွက် အစိုးရက လျော်ကြေးပေးအပ်ခြင်းမှာ ရှားပါးသည့် အဖြစ်အပျက် ဖြစ်သည်ဟု သတင်းစာဆရာ တဦးကပြောသည်။
ဒုက္ခသည်များအား မြို့ခံများ အပြင် မန္တလေးနှင့် ရန်ကုန်မှ အလှူရှင်များ လာရောက်ကူညီသည်ဟု လည်း မြို့ခံများက ပြောသည်။ ယနေ့ နံနက်ပိုင်း ရရှိသည့် သတင်းများအရ တအိမ်ထောင် ကျပ် တသောင်း နှစ်ထောင်နှုန်း ထောက်ပံ့ပေးပြီး ဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။
ရေဘေးဒုက္ခသည်များအား တိလောက ရာမကျောင်း၊ မိုးကုတ်ဝိပဿနာကျောင်း၊ မ တထောင်ကျောင်း၊ကျောက်မီးကျောင်းတို့တွင် ခိုလှုံနေသည်ဟု ပခုက္ကူမြို့ခံ ကိုမင်းထွန်းက ပြောသည်။
` မိုးကုတ်ကျောင်းနဲ့ တိလောက ရာမကျောင်းကတော့ ဒုက္ခသည် အများဆုံးပဲ။ စခန်းအားလုံးဆိုရင် ဒုက္ခသည် ၃၂၀၀ လောက် ခန့်မှန်းကြတယ်´ ဟု ၎င်းကပြောသည်။
ဒုက္ခသည်များ အား ပခုက္ကူ-မြိုင်မြို့ ကားလမ်းနဘေး ချောက်ကန်ရွာအနီးတွင် ပြန်လည်နေရာချထားပေး မည်ဟု မြို့ခံများကပြောဆိုသည်။
ပခုက္ကူမြို့ နှင့် အနီးတ၀ိုက်တွင် သေဆုံးသူအနည်းဆုံး လူ ၁၀၀ ကျော်ရှိမည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ လတ်တလော အလောင်း ၇၀ ကျော် တွေ့ရှိထားသည့်ပြင် ပျောက်ဆုံးနေသူအများအပြား ရှိသည်ဟုလည်း ပခုက္ကူမြို့မှ အမည်မဖေါ်လိုသူ လုပ်ငန်းရှင် တဦးကပြောသည်။
စနေနေ့ထုတ် အစိုးရ သတင်းစာများတွင် အထက်အညာဒေသ အချို့နှင့် အတူ ပခုက္ကူမြို့ရေကြီးမှု သတင်းဖေါ်ပြခဲ့သော်လည်း အသေအပျောက်စာရင်းကိုမူ တနင်္ဂနေ့ထုတ်တွင် စတင်ဖေါ်ပြသည်။ ပခုက္ကူရွှေချောင်း ချောင်းရေလျှံတက်မှုကြောင့် လူ ၅၈ ဦး၊ ပေါက်မြို့နယ်တွင် ၁၉ ဦး၊ မြိုင်မြို့နယ်တွင် ၆ ဦးရေထဲမျောပါ ပျောက်ဆုံးလျက်ရှိသည်ဟု ဖေါ်ပြပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် စမ်းချောင်းမြို့နယ် ဒေသခံများ
– Daw Suu visited San Chaung
ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၃၊ ၂၀၁၁
ဓာတ်ပုံ-AP
ယမန်နေ့က တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်မြို့ စမ်းချောင်းဒေသမှ ဒေသခံများ
ယမန်နေ့က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကရင်ရိုးရာ ဂျပ်ခုပ် အထည်လုပ်ငန်း သင်တန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုသင်တန်းကို NLD က စီစဉ်ခြင်း ဖြစ်သည်။
ဓာတ်ပုံ-AP
ဓာတ်ပုံ-AP
ဓာတ်ပုံ-AP
ဓာတ်ပုံ-NLD
http://moemaka.com/2011/10/daw-suu-visited-a-class-of-traditional-hand-weaving-course/
ဦးသိန်းစိန်ဓာတ်ပုံကိုသာ ရုံးများတွင် ချိတ်ဆွဲရမည်
only the president’s photo
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၂၄၊ ၂၀၁၁
ပြီးခဲ့သည့် လကုန်ပိုင်းက တွေ့ရသော နေပြည်တော်ရှိ ၀န်ကြီးရုံးတရုံး နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံ။ (photo: MTH/facebook)
အစိုးရရုံးများတွင် လက်ရှိနိုင်ငံခေါင်းဆောင်၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲရန် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်ကြောင်း စနေနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
ံ
အစိုးရရုံး၊ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးများ၊ အစည်းအဝေးခန်းမ နံရံများတွင် “လက်ရှိနိုင်ငံ့အကြီးအကဲ ခေါင်းဆောင်၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲရန် သတ်မှတ်ထားပါကြောင်း” ဟု ဦးစိုးမောင်က ပြောကြားလိုက်သည်။
အစိုးရရုံးများတွင် အာဇာနည်ခေါင်းဆောင်ကြီးတဦး၏ပုံကို ချိတ်ဆွဲခွင့် ရှိမရှိ သိလိုသည်ဟူသော မိုင်းပန် မဲဆန္ဒနယ်မှ ဦးထွန်းမြင့်ဦး၏ မေးခွန်းကို ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးများ အရပ်ဝတ်လဲပြီး အရပ်သားအစိုးရ ဖွဲ့စည်းထားသည်မှာ ၆ လ မက ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အစိုးရရုံးများတွင် သမ္မတဦးသိန်းစိန်၏ဓာတ်ပုံကို မတွေ့ရသေးပေ။
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲထားကြသည်။
http://moemaka.com/2011/10/only-the-presidents-photo/
ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတနိုင်ငံသို့ ဖိတ်ကြား
ကိုပေါက် | တနင်္လာနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ချက်သမ္မတ နိုင်ငံတွင်ပြုလုပ်မည့် ကွန်ဖရင့်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါရန် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက ဖိတ်ကြားစာ တစောင် ရေးသားပေးပို့ လိုက်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ မကြာမီက လက်ခံရရှိထားပြီး ဖြစ်သော စာအရ ဒီဇင်ဘာ လဆန်းပိုင်းတွင် ချက်သမ္မတနိုင်ငံ၊ ပရဂ်မြို့၌ ကျင်းပရန် စီစဉ်ထားသည့် နိုဗယ်ဆုရှင်များ ကွန်ဖရင့်နှင့် အခြား ကမ္ဘာ့ခေါင်းဆောင်များ
တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်မန္တက ပြုထားသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ မှစ၍ မြန်မာနိုင်ငံသို့ အပြီးပြန်လာပြီးနောက် ပြည်ပခရီးစဉ် တခါမျှ ပြန်လည် မထွက်ခွါခဲ့ဖူးပေ။
သူသည် ၁၉၉၁ နိုဗယ်ငြိမ်းချမ်းရေးဆုကြီး အပါအဝင် နိုင်ငံတကာဆုပေါင်း တရာခန့် ချီးမြှင့်ခံထားရသော်လည်း မည်သည့်ဆုကိုမျှ ကိုယ်တိုင်လက်ခံရယူနိုင်ခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံ တခုခုအား သွားရောက် လည်ပတ်ပါက မြန်မာပြည်ဝင်ခွင့်ဗီဇာ ပြန်လည် မရရှိနိုင်မည့် စိုးရိမ်မှုများ ရှိနေသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတကာ တွေ့ဆုံပွဲများအား ဗီဒီယို သတင်းစကားဖြင့် ပေးပို့လေ့ရှိပြီး ရံဖန်ရံခါ online တိုက်ရိုက် ဆွေးနွေးမှုများလည်း ပြုလုပ်လေ့ရှိသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8531-2011-10-24-11-21-11.html
မစုစုနွေးနှင့် အင်တာဗျူး
ကျော်ခ | စနေနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၁၁ မိနစ်
တောင်သူ လယ်သမား၊ အလုပ်သမားနှင့် ကလေးစစ်သားအရေး ဆောင်ရွက်သူ မစုစုနွေး အင်းစိန်ထောင်၊ ကလေးထောင်နှင့် ခန္တီးထောင်တို့တွင် ၁၂ နှစ်ခွဲ ထောင်ကျနေစဉ် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်။
အကျဉ်းထောင်များအတွင်း တဦးထဲ အခန်းကျဉ်း၌ သီးသန့် ပိတ်လှောင် ခံခဲ့ရသည့်ကြားမှ ထောင်ဝန်ထမ်း
နှင့် ထောင်သား အခွင့်အရေးများကို ရရှိအောင် ထောင်အာဏာပိုင်များထံ တောင်းဆိုခဲ့သူ မစုစုနွေး လွတ်မြောက် လာပြီးနောက် မဇ္ဈိမ သတင်းထောက် ကျော်ခ က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ထားသည်။
ဘယ်လို လွတ်လာခဲ့သလဲဆိုတာ သိပါရစေခင်ဗျ။
"ကျမကို သီတင်းကျွတ်လပြည့်နေ့၊ အင်္ဂလိပ်လို့ ၁၂ ရက်နေ့ မနက် ခုနှစ်နာရီထိုးလောက်က ခန္တီးထောင်ပိုင်ကြီး က နေပြီးတော့ ကျမကို နောက်တခါ ဒါမျိုးလုပ်ရင် ကျန်တဲ့ နှစ်တွေနဲ့ ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ဝန်ခံကတိ ၄ဝ၁ နဲ့ လက်မှတ် လာထိုးခိုင်းပါတယ်။ လက်မှတ်ထိုးရမယ်လို့ ပြောပါတယ်။"
"ကျမကနေ ပြောတယ်။ ဘာဖြစ်လို့ လက်မှတ် ထိုးရမလဲပေါ့။ ၄ဝ၁ နဲ့ လက်မှတ်ထိုးမှ လွှတ်ပေးမှာလားလို့ လက်မှတ်ထိုးမှ ထွက်ရမယ်ဆိုရင် ကျမ မထွက်နိုင်ပါဘူးလို့။ ကျမကို ချထားတဲ့ နှစ်အပြည့်ပဲ နေမယ်။ နှစ်ပြည့် သွားလို့မှ ကျမကို ထပ်ပြီး လက်မှတ်ထိုးမှ ထွက်ရမယ်ဆိုရင်လည်း ကျမကို နောက်ထပ် ၁ဝ နှစ် ထပ်ချလိုက်ပါ ကျမ မထိုးနိုင်ဘူးလို့ အဲလိုပြောတော့ ထောင်ပိုင်ကြီးက အဲဒါဆိုလဲ ရပါတယ် ဆိုပြီးတော့ ပြန်သွားတယ်။"
"ပြန်သွားပြီး ကိုးနာရီ လေးဆယ့်ငါးလောက်မှာ ကျမကို လတ်မှတ်မထိုးလည်း ပြန်လွှတ်ပါ့မယ်။ ပစ္စည်းတွေ သိမ်းပြီး လာခဲ့ပါလို့ လာပြောပါတယ်။ အဲဒါနဲ့ ကျမလည်း လက်မှတ် မထိုးရဘဲနဲ့ ထွက်လာတာပေါ့။"
susunway
မလွတ်ခင်မှာရော အာဏာပိုင်တွေဘက်က လာပြီး ညှိနှိုင်းတာမျိုးရော ရှိလား။
"မရှိပါဘူးရှင့်။ ကျမကိုတော့ ၁ဝ လပိုင်းမကုန်ဘူး လွှတ်ပေးပါ့မယ်။ ကျန်းမာရေး ဂရုစိုက်ပါဆိုပြီး ရှစ်လပိုင်း
လောက်ကတည်းက နိုင်ငံတော် အနေနဲ့ လွှတ်တော့မှာ ဆိုပြီးတော့ ပြောပါတယ်။ ၁ဝ လပိုင်းထဲမှာလည်း ဒီလပိုင်းမှာ လွှတ်မယ်ဆိုတာ အားပေးစကားပြောပါတယ်။ ညှိနှိုင်းတာတွေ ဘာတွေတော့ မရှိပါဘူးရှင့်။"
မစုစုနွေး အဖမ်းခံရပြီး အကျဉ်းကျသွားခဲ့ရတဲ့ ဖြစ်ပုံလေး ရှင်းပြပါဦးခင်ဗျ။
"အဖမ်းခံရတာကတော့ ပုလဲ အားကစားကွင်းမှာရှိတဲ့ အမေရိကန်အားကိုး ပုဆိန်ရိုးဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကျမရဲ့မောင်လေးတွေက ဆန့်ကျင်စာ ရေးထား တယ်ပေါ့နော်။ အဲဒီ ဆန့်ကျင်စာ ရေးထားတဲ့ ပိတ်စကို၊ အဲဒီဟာအောက်မှာ ကပ်တယ်။ ကျမက အဲဒါ ကပ်တဲ့ ဥစ္စာကို မှတ်တမ်းတင် ဓါတ်ပုံရိုတ်တာ ရိုက်နေရင်း တန်းလန်းကြီးနဲ့ပေါ့။ ရဲတွေက ကား နှစ်စီးနဲ့ရောက်လာပြီး ကျမတို့ကို ဖမ်းတာပါ။ ကျမကို ဖမ်းခဲ့စဉ်အခါတုန်းက ရဲမေ မပါ,ပါဘူး။"
"ဝင်ဖမ်းနေတဲ့ အချိန်မှာ ကျမမောင်လေးတွေက ထွက်ပြေးတဲ့အခါကြတော့ ဘိုဘိုဝင်းလှိုင်ကို သွားမိတယ်။ ပစ်လဲ သွားတဲ့ ဘိုဘိုဝင်းလှိုင်ကို ခြေထောက်နဲ့ နင်းထားတယ်။ ကျမက ကျမမောင်လေးတွေကို အသားမထိပါနဲ့၊ ကျမ မစုစုနွေးပါ။ ကျမအဖမ်း ခံပါတယ်။ ကျမ ကလေးတွေကို မလုပ်ပါနဲ့ဆိုတော့ တယောက်ကတော့ လွတ်သွားတယ်။ တယောက်ကတော့ အဖမ်းခံလိုက်ရတယ်။ အဲဒါနဲ့ ကလေးကို မရိုက်တော့ဘူး။"
"ကျမက အဖမ်းခံပါတယ် ဆိုတော့ သူတို့က ချက်ချင်း လာမဖမ်းဘူး။ ကျမကို ကြောင်ကြည့်နေပြီး ခဏနေမှ သူတို့ အထက်ကို သတင်းပို့သံကြားတယ်။ ပစ်မှတ်တစ် မစုစုနွေးက အဖမ်းခံနေပါတယ်။ မစုစုနွေးကို မိထားပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲတဲ့။ ဟိုဘက်က ဘာပြန်ပြောသလဲတော့ မသိဘူး။ ကျမနဲ့ မောင်လေး ဘိုဘိုဝင်းလှိုင် ကို ကားတစီးစီ တင်လိုက်ပြီး ဗဟန်းရဲစခန်းကို ခေါ်သွားတယ်။"
"သူတို့ တရားရုံးမှာ ထွက်တာနဲ့၊ ကျမကို ဖမ်းခဲ့စဉ်အခါတုန်းက အခြေအနေနဲ့က ထွက်ဆိုတာက ကွာဟချက် ရှိနေတယ်။ သူတို့ ကျမကို ဖမ်းတုန်းက အမျိုးသမီးရဲမေ ပါ,ပါတယ်လိုပြောတယ်။ တကယ်တော့ ဖမ်းတုန်းက အမျိုးသမီး ရဲမေ မပါ,ပါဘူး။ ရဲမှူးကြီး ဦးကျော်စိန် ခေါင်းဆောင်သော ယောက်ျားလေး ရဲသား အဖွဲ့ ၁၃ ယောက်က ဖမ်းတာပါ။"
"ကျမကိုဖမ်းပြီး ထောင်ချတဲ့ ပုဒ်မတွေတော့ ကျမ မမှတ်မိတော့ပါဘူး။ သူတို့လည်း ဖမ်းချင်သလို ဖမ်းပြီး တပ်ချင် တဲ့ ပုဒ်မတွေ တပ်ပြီးချတာ ဆိုတော့ တရားရုံးမှာလည်း ကျမက ထုချေလွှာ မပေးခဲ့ဘူး။ ကျမကို ချထားတာက
တော့ နှစ်မှုပေါင်း ၁၂ နှစ်နဲ့ ခြောက်လပါ။ ပထမအမှုက ဆန့်ကျင်လွှာ ကပ်တဲ့အမှုနဲ့ ရှစ်နှစ်။ ဒုတိယအမှု က
တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေးလုပ်လို့ အမှုထပ်တပ်တာပေါ့။ အဲဒါက
လေးနှစ် ဓါတ်ပုံရိုက်လို့ဆိုပြီး ခြောက်လ တပ်တာလေ။"
လူ့အခွင့်အရေး လှုပ်ရှားသူ တယောက်ရဲ့အနေနဲ့ ထောင်ထဲမှာ စပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပုံကို ပြောပါဦး။
"ကျမ ပထမဦးဆုံး စပြီး အဖမ်းခံရပြီးကတည်းကပြောမယ်ဆိုရင် အင်းစိန်ထောင်မှာလည်း ကျမ တယောက်တည်း
နေရတယ်လေ။ ကျမနဲ့ အတူတူ ထောင်ထဲကို ဝင်လာတဲ့လူတွေ။ ကျမရှေ့က ဝင်လာတဲ့လူတွေကို ထောင်ဝင် စာ တွေ့ခွင့်ပေးတယ်။ ပါဆယ်ပို့ခွင့်လည်း ပေးတယ်။ ကျမ ကျတော့ ပါဆယ်လည်း ပေးခွင့် မရှိဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့် မရှိဘူး။"
"အဲဒီတော့ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ပါဆယ်လည်းပေးခွင့် မရတဲ့အခါကျတော့ ကျမက အစာငတ်ခံ ဆန္ဒပြတယ်လေ။ တရက်ပြည့်လို့ ညဘက် ခုနှစ်နာရီထိုးလောက်မှာ ညွှန်မှူးနဲ့ ထောင်ဝန်ထမ်းတွေ အကုန်လုံး ကျမကို အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ ဟုတ်သလား၊ မေးတယ်။ ဟုတ်ပါတယ် ဆိုတော့၊ ဟုတ်ရင် ဒီမှာမထားဘူး။ ရွှေ့မယ်ဆိုပြီးတော့ ကျမကို သီးခြားတိုက်ကို ရွှေ့ပြီးတော့ တယောက်တည်း ထားပါတယ်။ ကျမကလည်း ထောင်ဝင်စာ တွေ့ခွင့်မရရင်၊ ပါဆယ်ပို့ခွင့် မရရင် ထမင်း မစားဘူးလို့ ပြောတော့ သူတို့က တွေ့ခွင့်ရပါမယ်။ ပါဆယ်ရခွင့်ရှိရပါမယ် ဆိုတော့ သုံးရက်ပြည့်တဲ့နေ့မှာ ပါဆယ်ရတဲ့နေ့မှာ ထမင်းပြန်စားလိုက်ပါတယ်။"
"အဲဒီကနေပြီးတော့ တိုက်ထဲကနေပြီးတော့ အပြင်လည်း မထွက်ရပါဘူး။ တိုက်ထဲမှာ လမ်းလျှောက်တဲ့ အခန်းတွေ၊ မိလ္လာခန်း၊ ရေချိုးခန်းတွေ သူ့အခန်းလေးတွေနဲ့သူထားတယ်။ ကျမကို အပြင်မထွက်ရဘူး။ ရုံးထွက်တဲ့ အချိန်ရယ်။ ထောင်ဝင်စာတွေ့တဲ့အချိန်ရယ်ကိုတော့ ကျမ အပြင်ထွက်ခွင့်ရတယ်ပေါ့။ အမိန့်ချပြီးတဲ့အထိ တနှစ်လုံးလုံးကို တိုက်ထဲမှာပဲ နေရတယ်။"
"အဲဒီကနေပြီး ကလေးကို ပြောင်းရတယ်။ အဲဒီမှာလည်း ကျမ တယောက်တည်းပဲ နေရတယ်လေ။ အဲဒီမှာ ကျတော့ ကျမ ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ ဒုချုပ်ကြီးကလည်း ကျမဆီလာတယ်၊ ကလေးကို ရောက်တော့။ သမီးတဲ့ သမီး ထောင်ဝင်စာတွေ့ခွင့်ရရေးကို အစည်းအဝေးမှာ တင်ပြလို့တဲ့။ သမီး အခုထောင်ဝင်စာတွေ့ခွင့်ရတယ်။ မိသားစုနဲ့ တွေ့ခွင့်ရတယ်တဲ့။ မိသားစုလည်း လာတော့မှာတဲ့။ ဒီကအေးတယ်တဲ့၊ ကျန်းမာရေးကို ဂရုစိုက်ပါတဲ့။ ဒီကိုပို့တာ အန်ကယ်တို့ ပို့တာမဟုတ်ပါဘူးတဲ့။ အထက်ကလူကြီးတွေက အစည်းအဝေး ထိုင်ပြီးပို့တာတဲ့။ အန်ကယ်တို့လည်း ဘာမှ လုပ်လို့မရပါဘူးတဲ့။ ကျန်းမာရေးကို အထူးဂရုစိုက်ပါတဲ့။ မိသားစုနဲ့ဝေးတယ်တဲ့။ အဲလိုအားပေးစကား ပြောသွားပါသေးတယ်။"
မစုစုနွေးကို ဖမ်းတုန်းကနဲ့ စစ်ဆေးတဲ့အခါမှာ ညှင်းပန်းနှိပ်စက်တာတွေ ရှိလားခင်ဗျ။
"မရှိပါဘူး။ ကျမကို စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင် လာကြည့်ပါတယ်။ ကျမကိုကြည့်ပြီးတော့ ကျမအတွက် စားရေးသောက်ရေးတွေ လုပ်ပေးဖို့ သူတို့ လူတွေကို မှာပြီးတော့ ပြန်သွားပါတယ်။ နောက်တော့ ဗိုလ်ချုပ်လှဌေးဝင်း လာကြည့်ပါတယ်။ လာကြည့်ပြီးတော့ စားရေးသောက်ရေး ကျန်းမာရေးတွေ မေးပါတယ်။ နောက်ပြီးတော့ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဖွင့်ပေးနိုင်အောင် လုပ်မလားဆိုပြီး ကျမကို မေးပါတယ်။ ကျမက ပြောပါတယ် အဲဒါ ကျမတို့အနေနဲ့ ဘာမှ လုပ်လို့ မရပါဘူးလို့ ပြောလိုက်ပါတယ်။"
"အဲဒီည ဗဟန်း ရဲစခန်းမှာ ၁၂ နာရီထိုးလောက်က အကိုကြီး မင်းကိုနိုင်ကို အရင်တွေ့ပြီးမှ ကျမကို လာတွေ့တာပါ။ ကျမနဲ့ အကိုကြီး မင်းကိုနိုင်ကို တွေ့တာပါ။ သူတို့ပြောတာတော့ ကိုမင်းကိုနိုင်ကို တွေ့ပြီးမှ ကျမဆီကို လာတာလို့ ပြောပါတယ်။ သူတို့ကတော့ အေးအေးဆေးဆေး ဆွေးနွေးတာပါ။ ကျမကတော့ ပြောလိုက်တယ်။ ဒီစီးပွားရေး ပိတ်ဆို့တာတွေက လူကြီးတွေနဲ့ပဲ ဆိုင်တယ်။ ကျမတို့နဲ့ မဆိုင်ဘူးပေါ့နော်။"
မစုစုနွေး တယောက်တည်းနေရတာက ပြောင်းသွားတဲ့ ထောင်နှစ်ခုလုံးမှာပဲလား ခင်ဗျ။
"ကျမက ပထမဦးဆုံး ကလေးကို ပြောင်းတယ်လေ။ ကလေးမှာက ဆရာဝန်တွေ ဘာတွေ ဆေးရုံတွေ ရှိပါတယ်။ ဘာဆိုးလဲဆိုတော့ ကျမက နေ့ရောညရော တယောက်တည်းနေရတယ်။ ကျမကလည်း (၅) ည နဲ့ ကျတဲ့ လူတွေနဲ့ တွဲထားပေးဖို့ တောင်းဆိုပါတယ်။ ထောင်ပိုင်ကြီးက ပြောတယ်။ မိန်းကလေးတယာက်တည်းထားရတာ သူတို့ အတွက်လည်း တာဝန်ကြီးပါတယ်တဲ့။ ဒါပေမယ့် အထက်က မပို့ပေးတဲ့အတွက် သူတို့မှာ ဘာမှ လုပ်လို့ မရပါဘူးတဲ့။"
"ဒါပေမယ့် လေးလကျော်ကျော်လောက်မှာ အချွဲတွေဆို့ပြီး၊ အပြင်မှာ လမ်းလျှောက်နေရင်းနဲ့ မူးလဲသွားတော့ သမားတော်တွေနဲ့ ကုလိုက်ရတယ်။ အဲဒီနောက် ကျမကို ECG ရိုက်တာပေါ့။ ရိုက်တော့ အင်္ကျီတွေအကုန် ချွတ်ပြီးတော့ ရိုက်တာပေါ့လေ။ ကျမကပြောတယ်။ မှတ်တမ်းမတင်ပါနဲ့လို့ ပြောတာကို သူတို့ရိုက်တော့ ကျမက ထောင်ပိုင်ကြီးကို နောက်နေ့ကြတော့ တိုင်တယ်။ ကျမက အပျိုမိန်းကလေး ဖြစ်ပါတယ်။ မိကောင်းဖခင် သားသမီးပါ။ မိန်းကလေးဆိုတာ အရှက်တရားနဲ့ အသက် ရှင်ရတာဖြစ်တဲ့ အကြောင်းနဲ့ နောက်တခါ ECG ရိုက်မယ်ဆိုရင် ကြိုတင် ခွင့်တောင်းပြီး မိန်းကလေး ဆရာဝန်မတွေနဲ့ စီစဉ်ပေးပါလို့ တင်ပြခဲ့ရတယ်။"
"ကျမက မိန်းကလေးတယောက်တဲ့ ဖြစ်နေတဲ့အတွက် လုံခြုံရေးအရ (၅) ညနဲ့ကျတဲ့ အဖေါ်တယောက်လောက် ထားပေးပါလို့ ကျမက တောင်းဆိုပါတယ်။ မရဘူး။ နောက်ပြီး ကျမ အခန်းဖေါ်တောင်းလိုဆိုပြီး ကျမနေတဲ့ တိုက်နဲ့ တခန်းကျော်လောက်မှာ စိတ်ငြိမ်ဆေးတွေ သောက်နေရတဲ့ စိတ်မနှံ့တဲ့၊ မိန်းကလေးတယောက်ကို ပို့ထားတယ်။"
"တရက်ကြတော့ သမားတော် ဒေါက်တာ ဦးကိုကိုလွင်ကနေ ကျမကို ကျန်းမာရေး လာစစ်တာ။ ကျမက အမြဲတမ်း အားက နည်းနေတော့ ဒေါက်တာ ဦးကိုကိုလွင်က ကဲ .. အဘွားကြီးလည်း ဖြစ်နေပြီတဲ့ အော်ရာမင်းဂျီ အွန်မှ ရတော့မယ်တဲ့ အဲဒါနဲ့ အိပ်ဆေးနဲ့ အော်ရာမင်းဂျီ သောက်ဖို့ ရေးထားပေးခဲ့တယ်။ ဒါပေမယ့် ထောင်ပိုင်ကြီးက သူတို့ထောင်ခွဲဖြစ်တဲ့ ကျွန်းတော အလုပ်စခန်းကို ငါးရက်ကြာ သွားစစ်နေတဲ့ အချိန်မှာ ကျမကို ထောင်က ဆေးမှူးကနေပြီးတော့ အော်ရာမင်းဂျီနဲ့ အိပ်ဆေးမပေးဘဲနဲ့ ဟိုဘက်အခန်းက စိတ်မနှံ့တဲ့ ကောင်မလေးကို တိုက်နေတဲ့ စိတ်ငြိမ်ဆေးတွေ ကျမကို လာပေးတယ်။"
"ကျမပြောတယ် ဆရာဝန်ကျမကို ရေးပေးခဲ့တဲ့ ဆေးက အော်ရာမင်းဂျီနဲ့ အိပ်ဆေးပေါ့ အခုလာတိုက်တာက စိတ်မကောင်းတဲ့လူတွေကို တိုက်တဲ့ဆေးဖြစ်တယ်လို့၊ ဒါပေမယ့် သက်သေဖြစ်အောင်ဆိုပြီး အဲဒီစိတ်ငြိမ်ဆေးတွေကို ကျမသောက်လိုက်တယ်။ သောက်လိုက်တော့ စိတ်ထတဲ့လူကို တိုက်တဲ့ဆေးကို ပုံမှန်လူကသောက်လိုက်တော့ ကျမ ပျော့ပြဲကျသွားတာပေါ့။"
"ကျမက ဒီထောင်မှ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ဘာကြောင့် ဒီလိုလုပ်ကြံရတာလဲ ဆိုပြီး နောက်နေ့ ထောင်ပိုင်နဲ့ ကျမ သွားရှင်းခဲ့တော့ သူဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ တင်ပြဆွေးနွေးမယ် ပြောတယ်။ နောက် နှစ်ရက်လောက်မှာတော့ ဆေးအမှန်လာပြန်ပေးပါတယ်။ အဲဒီဆေးမှူးလည်း ပြုတ်သွားတယ်။ အဲဒီနောက် ကျမလည်း ဆေးဖြတ်ရင်းနဲ့ ခန္တီးထောင်ရောက်သွားတယ်။"
ခန္တီးထောင်ထဲမှာရော ကျန်းမာရေး စောင့်ရှောက်မှု၊ စာဖတ်ခွင့်နဲ့ စားဝတ်နေရေး အခြေအနေတွေ ကောင်းမွန်ရဲ့လားခင်ဗျာ့။ ဘယ်ကဏ္ဍတွေမှာ အခက်အခဲရှိလဲ။
"ကျမ လေးလလောက် ဆေးဖြတ်ထားပြီး ခန္တီးရာက်တော့ ကျမ ကျန်းမာရေးက ပိုဆိုးသွားပြန်ရော။ ခန္တီးကြတော့ ဆရာဝန်လည်း မရှိဘူး။ ဆေးရုံလည်း မရှိဘူး။ ဆေးမှူးနဲ့ပဲ နေရတာလေ။ အဲဒီမှာလည်း တယောက်တည်းပဲ ထားတော့ တယောက်တည်းပဲ နေရတယ်။"
"အဲဒီလိုနေရာမျိုးမှာ တယောက်တည်းနေရတော့ တော်တော်လေးကို စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ကျမ ရပ်တည်ခဲ့ရတာပါ။ ကျမမှာလေ တယောက်တည်း လုံးဝကို စကားပြောဖေါ်မရှိတာပါ။ တခါ တလေကျရင် ကိုယ့်စိတ်နဲ့ ကိုယ်တောင်မှ ဒေါသ ဖြစ်မိတယ်။ ဘာသာရေးကို များများလုပ်။ ဘုရားစာပဲ အမြဲတမ်း ရွတ်ပြီးတော့ ဘယ်အချိန် ဘုရားရှိခိုးမယ်။ ဘယ်အချိန် လမ်းလျှောက်မယ်။ ဘယ်အချိန်ထမင်းစား၊ စာဖတ်ချိန်၊ ရေချိုးချိန်ဆိုပြီး အချိန်ဇယား လေးလုပ်ပြီးတော့ နားရီလေးအမြဲတမ်းဘေးမှာချထားတယ်။ အဲလိုအချိန်ဇယားလေးနဲ့ ပုံမှန်လုပ်နေမှ ခံနိုင်ရည်ရှိလာတယ်။"
အဲဒီလို အကျဉ်းထောင် အခန်းကျဉ်းထဲက အထီးကျန်နေရတဲ့ အချိန်မျိုးမှာ အမ အနေနဲ့ အတောင်းတဆုံးက ဘာဖြစ်မလဲ။
"ဟုတ်တယ်။ အဲဒီအချိန်တွေမှာ ကျမအဖြစ်ချင်ဆုံးက အခန်းဖေါ်တယောက်လိုချင်တာ။ စကားတွေပြောချင်တယ်။ ထမင်းလည်း အတူတူစားချင်တယ်။ အဲဒါတွေအဖြစ်ချင်ဆုံးပဲ။"
အကျဉ်းထောင်ထဲမှာ အမျိုးသမီးတယောက်အနေနဲ့ ဖြတ်သန်းရတဲ့ အဓိက အခက်အခဲက ဘာဖြစ်မလဲခင်ဗျ။
"ကျမဆိုရင် ထောင်ထဲမှာ ကိုယ်ကျင့်တရားတွေ တိုက်ခိုက်ခံရတာတွေရှိပါတယ်။ အဲဒါတွေက ကျမအတွက် အခက်အခဲဖြစ်စေတယ်လေ။ အဲဒါတွေက ကျမအတွက် ဖြေရှင်းမှုလည်း မရဘူး။ ဖြေရှင်းပြန်ရင်လည်း ကျမဘက်က သက်သေရှိသလား။ ဘယ်မှာ သက်သေရှိလို့လဲ အမှန်တရားကိုပေါ့နော် ကျမက အမှန်းအတိုင်းပြောလိုက်ပေမယ့် ကျမဘက်က သက်သေမရှိဘူး။ ဒါတွေက တယောက်တည်းနေရတဲ့ ကျမရဲ့ အခက်အခဲဆုံးအရာတွေပဲ။"
အစိုးရသစ်က ဘာကြောင့် လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။
"ဒါကတော့ရှင် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ ကျမတို့ အကုန်လုံးကတော့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်း ကျခံနေရတယ်။ အဲဒါကို လွှတ်ပေးပါလို့ တကမ္ဘာလုံးကရော၊ မြန်မာ တနိုင်ငံလုံးနဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုထားတာပဲရှင်။ ကျမတို့ကို အကုန်လုံး မလွှတ်ပေးဘဲနဲ့ အခုလို ကျမတို့ကို ရွေးပြီးတော့မှ လွှတ်ပေးလိုက်တယ်။ တကယ် ကျန်းမာရေး မကောင်းတဲ့ လူတွေရော။ သက်ကြီးရွယ်အိုတွေရော ဆေးရုံတွေ ဘာတွေ ထွက်ကုနေရတဲ့လူတွေ ကျန်နေခဲ့တယ်။ ဒီလိုလူမျိုးတွေ လွှတ်ရမယ်။ အားလုံးက ကိုယ်စီကိုယ်စီ ကျန်းမာရေးက မကောင်းတဲ့ လူတွေချည်းပဲ။"
"အားလုံးက လွှတ်သင့်တဲ့ လူတွေချည်းပါပဲ။ အားလုံး လွှတ်သင့်တာကို မလွှတ်ဘဲ ခုလိုရွေးလွှတ် နေတာကြောင့် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။"
ကိုမင်းကိုနိုင် အပါအဝင် အမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ အရေးပါတဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးသေးတာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုပြောမလဲ။
"အကျင့် စာရိတ္တကောင်းမွန်တဲ့ လူတွေကို လွှတ်ပေးမယ်လို့ အဲဒီညက သတင်းက ကြေညာတာကို ကျမ ကြားလိုက်ရတာပေါ့။ နိုင်ငံရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကိုမင်းကိုနိုင် အပါအဝင်ပေါ့နော်။ အကျဉ်းကျခံနေရတဲ့ ရဟန်းသံဃာတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေ အားလုံးဟာ အစကတည်းက ကိုယ်ကျင့်တရားတွေက ကောင်းပြီးသားပါ။"
"ကိုယ်ကျင့်တရား ကောင်းလို့လည်း ကျမတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ အတွက်ကို စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ပညာရေးတွေ၊ မိသားစုအရေးတွေ အကုန်လုံးကို စွန့်ပြီး သေရမယ်ဆိုတာ သိတယ်။ ထောင်ကျရမယ် ဆိုတာ သိလျက်နဲ့ ကျမတို့ နိုင်ငံ စစ်မှန်တဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုရင်းနဲ့ အကျဉ်းကျခံနေရတာပါ။"
"အဲတော့ ကျမတို့ လွတ်လာခဲ့ပေမယ့် ကျမတို့ မပျော်နိုင်ပါဘူး။ အကုန်လုံးကို လွှတ်ပေးမှ သာလျှင် ကျမတို့ ပျော်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတော် သမ္မတကြီးအနေနဲ့ ကျမတို့အကိုကြီး မင်းကိုနိုင်အပါအဝင် ကျန်နေခဲ့တဲ့ ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားအားလုံးကိုခြွင်းချက်မရှိ အမြန်ဆုံ လွှတ်ပေးပါလို့ ကျမ တောင်းဆိုချင်ပါတယ်ရှင်။"
အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်တာ ရှိမလဲ။
"အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကတော့ ကျမထောင်ထဲမှာနေတဲ့ လေးနှစ်တာအတွင်းမှာ ဂျာနယ်နဲ့ သတင်းစာအပေါ်မှာပဲ သိရတာ။ ပြည်သူတယောက်အနေနဲ့ပေါ့နော်။ အစိုးရသစ်အနေနဲ့ ပြည်သူတွေအပါ် သဘောထားကြီးစွာနဲ့ တိုင်းပြည်အကျိုး ပြည်သူ့အကျိုးကို ဆောင်ရွက်တယ်ဆိုရင် ကျမတို့က လှိုက်လှိုက်လှဲလှဲ ဝမ်းသာပြီးတော့ အမြဲတမ်းထောက်ခံသွားမှာပါ။ အခု ကျမတို့ထောက်ခံတဲ့ ပြည်သူလူထုထောက်ခံတဲ့ အစိုးရသစ်ပဲ ဖြစ်စေချင်ပါတယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေး တယ်ဆိုရင်လည်း အားလုံးကို သဘောထားကြီးစွာနဲ့ လွှတ်ပေးမယ်ဆိုရင်လည်း အတိုင်းထက်အလွန် နိုင်ငံတော်သမ္မတကြီးအပေါ်မှာ တကယ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသွားမှာပါ။ ခုနည်းနည်းပဲလွှတ်တော့ ကျမတို့က ထောက်ခံရမှာ နည်းနည်း အားပျော့နေတယ်ရှင့်။"
အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အချိန်ထောင်ထဲက အကျဉ်းသားတွေရဲ့ ဖြစ်ပျက်နေတဲ့ အခြေနေတွေက ဘယ်လိုရှိလဲ။ ရှိရင်မျှဝေပါဦး။
"ပြည်သူလူထုတွေရဲ့စကားကိုနားထောင်တယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးကို ပြောချင်တာကတော့ ကျမကိုယ်တွေ့ ထောင်ထဲက အခြေအနလေးပဲ နမူနာထားပြောပါရစေ။ ပထမ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အခါမှာ ခန္တီးထောင်ရဲ့ တီဗွီကတဆင့် ကြားလိုက်ရတဲ့အချိန် ဟေး ခနဲ အော်လိုက်တာ ကျမကြားပါတယ်။ နောက်တော့ သမ္မတကြီးလွတ်ငြိမ်းချမ်းသာခွင့်က တနှစ်လည်း ဆိုရော အားလုံးက ဟင် .. ခနဲဆိုဖြစ်သွားကုန်ပြီး လွတ်တဲ့လူတွေက ကျန်ခဲ့တဲ့လူတွေအတွက်ကို အကုန်လုံး ခွက်တွေ၊ ခုံတွေခေါက်ပြီးတော့ သီချင်းတွေဆိုပြီး အားပေးကြတာပေါ့နော်။"
"အဲဒီမှာ ကျမတို့ ခန္တီးထောင်က တခါချက်ရင် ဆန် နှစ်တင်းချက်ကတာ။ အကုန်လုံး ငိုတဲ့လူတွေကလည်း မိန်းကလေးတွေဆိုရင် တခါတည်း ထောင်ကြမ်းပြင်ပေါ်မှာ လူးလိမ့်နေအောင် ဝမ်းနည်းပြီးငိုကြတာ။ ကျမကတော့ အားပေးတယ်။ အားတင်းထားပါ။ နောက်တခါလာမှာပါရှင် အားတင်းထားပါ။ စုစုနွေးတယောက်လုံး ခန္တီးထောင်ထဲမှာ ကျန်ပါသေးတယ်။ အားတင်းထားကြပါ။ ထမင်းတွေလည်း မစားကြဘူး။"
"စားကြပါ အမတို့ရယ်၊ ထမင်းမစားရင် ကျန်းမာရေးတွေ ထိခိုက်ကုန်မှာပေါ့ဆိုပြီး ကျမက ဒီဘက်က တိုက်ကနေအော်ပြီးတော့ သူတို့ကို အားပေးရပါတယ်။ သူတို့က နိုင်ငံတော်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို မျှောလင့်နေကြတယ်။ ဟိုက ပေးတာ တနှစ်လို့လည်းဆိုရော စိတ်ဓါတ်တွေ ကျကုန်ကြတာပေါ့။"
"ထမင်းတွေမစားကြဘူး။ ဆန် နှစ်တင်း ချက်နေကြထောင်မှာ တတင်းကို လေး၊ငါး ရက်လောက် ချက်လိုက်ရတယ်။ ထောင်အာဏာပိုင်တွေနဲ့ (၅) ညတွေကလည်း အားပေးကြတာပေါ့ နောက်တခါ လာမှာပါဆိုတာကို။ နောက်ပိုင်းတော့ ထမင်းတွေပြန်စားလာကြပါတယ်။ နောက် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို မျှော်လင့်နေကြပါတယ်။"
"အခုလည်း ကျတော့ရော သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ လူတွေနဲ့ သူတို့လွှတ်ချင်တဲ့လူတွေကိုပဲ ရွေးလွှတ်တဲ့အခါကြတော့ အကုန်လုံးက အားတွေလည်း ပျက်ပြီး၊ မျက်နှာတွေလည်း မှိုင်ပြီးတော့ အားပြတ်ကုန်ကြ တာပေါ့နော်။ သမ္မတလည်း အားမကိုးတော့ဘူး။ နိုင်ငံတော်လည်း အားမကိုးတော့ဘူး ဆိုတဲ့ အသံတွေကို ကျမကြား ခဲ့ရပါတယ်။ အဲတော့ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီးတော့ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် သမ္မတဆို့ရင် အဲဒီအတွက် ခန္တီးထောင်မှာ ကျမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ကျမက စကားလက်ဆောင်ပေးလိုက်တာပါ။"
လူအခွင့်အရေး လှုပ်ရှားသူတယောက် ထောင်ထဲရောက်သွားတော့ ထောင်ထဲမှာရော လူ့အခွင့်ရေးကိစ္စတွေ ဆက်လုပ်ဖြစ်တာမျိုးများ ရှိသေးလား။ ထောင်ထဲမှာရော အဓမ္မ စေခိုင်းမှုတွေမရှိဘူးလား။
"ဒီအစိုးရက အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ တော်တော်လေး ကျမကို အသိအမှတ်ပြုထားတာ ရှိပါတယ်။ ကျမ ILO နဲ့ အလုပ်လုပ်တယ်။ ကျမ ရောက်သွားတဲ့ အကျဉ်းထောင်တွေမှာက ကျမရောက်သွားရင် အကျဉ်းထောင် ဝန်ထမ်းတွေကိုရော၊ အကျဉ်းသား အလုပ်သမားတွေကိုရော သတိထားပြီး ခိုင်းပါတယ်ရှင့်။"
"ထောင်ဝန်ထမ်းတွေ ဆိုတာလည်း ပြည်သူတွေပါပဲ။ သူတို့ကလည်း လခစား ပြည်သူတွေပါပဲ။ ကျမက ထောင်ပိုင်တွေကို ပြောပါတယ်။ ဌာနဆိုင်ရာ အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကလည်း၊ လစာ လိုချင်လို့ အလုပ်လုပ်နေကြတဲ့ လူတွေပါပဲလို့။ အဲဒီတော့ သူတို့ကို မတရားခိုင်းရင်လည်း ကျမနဲ့ ဆိုင်ပါတယ်လို့ အဲဒီတော့ မတရားမခိုင်းပါနဲ့လို့ နေ့ရော၊ ညရောခိုင်းတာကို ကျမ လက်မခံဘူးလို့ နေ့ဂျူတီ၊ ညဂျူတီခိုင်းတာကို သူတို့မှာလည်း မပြောရဲလို့သာ နေကြတာပါလို့၊ ဝန်ထမ်းဟာလည်း ဝန်ထမ်း အခွင့်အရေး ရှိပါတယ်လို့။"
"ငါတို့ဝန်ထမ်း ငါတို့ မတရားခိုင်းတာ၊ နင်နဲ့ မဆိုင်ပါဘူးဆိုတဲ့ စကားကိုကျမကို လာမပြောပါနဲ့လို့။ ရှင်တို့ မတရားခိုင်းရင်လည်း ကျမရှေ့မှာ ခိုင်းတာတွေ့တဲ့အတွက် ၁/၉၉ နဲ့ ငြိတယ်လို့ ကျမကတော့ ဝင်ပြောရမှာပဲလို့။ အခါကြီး ရက်ကြီးတွေမှာ ဝန်ထမ်းတွေကို နားခွင့်ပေးရမယ်လို့။ တနင်္ဂနွေနေ့တွေမှာ ဝန်ထမ်းတွေကို နားခွင့်ပေးရမယ်လို့။ ဝန်ထမ်းတွေကို နေ့ရောညရော မခိုင်းဘဲနဲ့ နေ့ဂျူတီ၊ ညဂျူတီ ခိုင်းရမယ်ဆိုတာကို ကျမတောင်းဆိုပေးတော့ တနင်္ဂနွေနေ့နဲ့ ခါကြီး၊ ရက်ကြီးတွေမှာ ဝန်ထမ်းတွေ နားခွင့်ရသွားတယ်။"
"အကျဉ်းသားတွေကိုလည်း စနေ၊ တနင်္ဂနွေတွေမှာ အလုပ်ခိုင်းလို့ရှိရင်လည်း အထူးလျှော့ရက်တွေပေးရမယ်။ ၁၂ နာရီကနေ နှစ်နာရီ နားချိန်အတွင်းမှာ အလုပ်မခိုင်းရဘူး။ ကလေးထောင်မှာတုန်းကလည်း အဲဒီနားချိန်မှာ သံပုံးတွေ အလုပ်ခိုင်းတယ်။ ကျမ မမြင်ရပေမယ့် နားချိန်မှာ အလုပ်လုပ်နေရတဲ့ အသံတွေကြားနေရတဲ့အတွက် ကျမ ထောင်အာဏာပိုင်တွေဆီမှာ တောင်းဆိုတယ်။ ဒီ ၁၂ နာရီကနေ နှစ် နာရီအတွင်း ထောင်တိုင်း အိပ်ခွင့်ပေးရတဲ့ နားချိန်ကို အလုပ်လုပ်ခိုင်းတဲ့အတွက် ၁/၉၉ ဥပဒေနဲ့ငြိတဲ့ အကြောင်း ထောင်ပိုင်ကြီးကို ပြောပြီးတော့ တောင်းဆိုတော့ အဲဒီအချိန်ကို နောက်အမြဲတမ်း နားချိန်ပေးလိုက်ပါတယ်။ အိပ်ချိန်တန် အိပ်ခွင့်ပေးရမယ်။ နားချိန်တန် နားခွင့်ပေးရမယ်။ စနေ၊ တနင်္ဂနွေမှာ အချိန်ပိုခိုင်းရင် လျှော့ရက်ပေးရမယ် ကျမက ဒါတွေတောင်းဆိုတာပါ။"
"ထောင်အာဏာပိုင်တွေကလည်း သူတို့ အလုပ်ခိုင်းတဲ့ ဥစ္စာကို ကျမသိမှာလည်း တော်တော်စိုးရိမ်တာပါ။ အကျဉ်းသူ အကျဉ်းသားတွေကို ကျန်တဲ့ (၅) ညတွေနဲ့ ပတ်သက်ခွင့်ရှိတယ်။ ကျမနဲ့ မပတ်သက်ရဘူးဆိုတာ။ အလုပ်ခိုင်းတဲ့ အခါမှာ မပြေလည်တဲ့ အကျဉ်းသူ အကျဉ်းသားတွေရှိပါတယ်။ ကျမကိုပြောလို့ရှိရင် ကျမသိမှာစိုးလို့ သူတို့ကိုထိမှာ စိုးလို့ ကာတာပါ။ အဲဒီတော့ အလုပ်သမားကိစ္စနဲ့ ပတ်သက်ရင် ကျမသိမှာစိုးတာတွေ ကာတာတွေတော့ ရှိပါတယ်။ တောင်းဆိုတာတွေကို လိုက်လျောပေးတာတွေလည်း ရှိပါတယ်။"
ထောင်ကလွတ်လာတဲ့နောက်မှာ အခု အပြင်မှာ အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတို့၊ အင်တာနက် တို့ အသုံးပြုဖို့ရော ရှိလားခင်ဗျ။
"ဖုန်းကတော့ လောလောဆယ် ကျမအတွက် လိုအပ်ပါတယ်။ အင်တာနက်တွေ ဘာတွေကတော့ ကျမမောင်လေးတွေ ကနေ တဆင့်ပဲ သွားပါတယ်။ အခုတော့ မသုံးဖြစ်သေးဘူး။ ကျမရဲ့လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ ဆက်စပ်တဲ့အရာ အားလုံးကိုတော့ လုပ်တတ်ကိုင်တတ်အောင် ကျမ လုပ်သွားမှာပါ။"
"ကျမ ဘာပဲလုပ်လုပ် အရင်တုန်းက ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မရှိတုန်းကတောင်၊ ရုံးက လူကြီးတွေနဲ့ တိုင်ပင်ပြီး လုပ်ပါတယ်။ ကျမတို့ထက် တော်တဲ့၊ တတ်တဲ့ အကိုတွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့နဲ့လည်း တိုင်ပင်ပြီးလုပ်ပါတယ်။ အခု အကိုတွေမရှိတဲ့နောက်မှာလည်း ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီးလုပ်မှာပါ။ ဘာပဲလုပ်လုပ် အန်တီကို တိုင်ပင်ပြီးလုပ်မှာပါ။ အန်တီ့ညွှန်ကြားမှုအောက်မှာပဲ လုပ်သွားမှာပါ။"
မစုစုနွေးမွေးနေ့က ဘယ်တော့လဲ ခင်ဗျ။
"ကျမ အသက်က ၃၉ နှစ်။ မွေးနေ့က ၁၂ လပိုင်း ၁၆ ရက်နေ့ရှင့်။ ကျမမွေးနေ့ကို ခန္တီးထောင်မှာ သွားလုပ်မှာပါ။ ထောင်အာဏာပိုင်တွေကိုလည်း ခွင့်တောင်းထားပါတယ်ရှင့်။"
အခု လွတ်လာပြီဆိုတော့ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။
"ကျမ အရင်တုန်းကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သားနဲ့ ပတ်သက်ပြီး တာဝန် ယူထားတာလေ။ ရုံးမှာလည်း ဒီတာဝန်ပဲယူထားတယ်။ ကျမတို့က အသက် ၃၅ နှစ်မှာ မြို့နယ်တာဝန်ခံကနေ နားလိုက်ရတယ်လေ။ ကျမကျွမ်းကျင်တာကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သား ဒါတွေကျွမ်းကျင်တယ်လေ။ အဲဒီတော့ ကျမကို သူတို့ အဲဒီနေရာမှာ ထားပါတယ်။ အဲဒီတော့ ကျမ ရှေ့ဆက်ပြီးတော့လည်း ကျမ ကျန်းမာရေးအရ နားပြီးရင် လုပ်နေကျ အလုပ်တွေကိုပဲ ကျမ ဆက်လုပ်သွားမှာပါ။ ကျမမရှိတဲ့အချိန်မှာ အလုပ်သမားလယ်သမား ကိစ္စတွေလုပ်ထားတဲ့လူတွေက အခုကျမကို ဆက်သွယ်နေပါတယ်။ ကျမ ဒါတွေကို ဆင်းပြီးတော့ သူတို့နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားဖို့ရှိပါတယ်။"
ထောင်ကျနေတုန်းက အပြင်မှာ ကျန်နေတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ မိဘဆွေမျိုးမောင်နှမတွေကို သတိရရင် ဘယ်လိုဖြေသိမ့်လဲ။
"ကျမက ညီကိုမောင်နှမတွေကို အလုပ်နဲ့ခွဲထားပြီးသားပါ။ ထောင်ဝင်စာလာတွေ့တဲ့ ကျမ အမတွေကပြောပါတယ်။ ထောင်ကျမှ၊ ထောင်ဝင်စာလာတွေ့မှ ကျမမျက်နှာကိုတွေ့ရတယ်လို့ပြောတယ်။ ကျန်တဲ့ အကျဉ်းထောင်တွေထဲမှာ ကျနေသူတွေ၊ အန်တီစုနဲ့တကွ နိုင်ငံလေးလှုပ်ရှားနေသူတွေ၊ ယုံကြည်ချက်ကြောင့် တိုင်းတပါးကိုရောက်နေကြရတဲ့ ကျမတို့ရဲ့ နိုင်ငံရေးအင်အားစုတွေကို ကျမ မနက်တိုင်း အိပ်ယာကထတိုင်း ဘုရားမှာ ဆုတောင်း မေတ္တာပို့ပါတယ်။"
သမ္မတ ဦးသိန်းစိန်ကတော့ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံ သားတွေကို ပြန်လာဖို့ နှုတ်အားဖြင့် ခေါ်ဆိုတာတွေ ရှိတယ်။ တချို့တွေလည်း ပြန်လာသူတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မစုစုနွေး အမြင်က ပြန်လာသင့် မလာသင့် ဘယ်လိုမြင်မိလဲ။
"သူတို့ပြောတဲ့ စကားထဲမှာ ဥပဒေနဲ့ မငြိစွန်းတဲ့ လူတွေကိုပေါ့။ လာခွင့်ရပြီးတော့ ဥပဒေနဲ့ ငြိစွန်းတဲ့ လူတွေကြတော့ ဒီဘက်မှာ လျော့ပေါ့ ပြစ်ဒဏ် ကျခံရမယ်လို့ ပါတယ်လေ။ အဲဒီတော့ ကျမပြောချင်တာက တကယ်လို့ ပြင်ပမှာ ရောက်ရှိနေတဲ့ ကျမတို့ရဲ့ နိုင်ငံရေး အင်အားစုတွေက ကျမတို့နိုင်ငံ ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်ရင်းနဲ့ပေါ့။ ကျမတို့ ဒီပြည်တွင်းမှာ နေလို့မရလို့ အစိုးရက ဖမ်းနေလို့ ဟိုဘက်ကနေ အလုပ်လုပ်နေရတာလေ။"
"သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီးတော့ ပြည်တွင်းကို ပြန်ခေါ်တယ်ဆိုရင် မည်သူမဆို ပြန်လာလို့ရပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်နေပါပြီ။ ကျနော်တို့နဲ့ အတူတူ လက်တွဲဆောင်ရွက်ရအောင်၊ ပြန်လာပါလို့ အဲလိုမျိုးခေါ်တာ မဟုတ်ဘူးလေ။ ပြစ်ဒဏ်ကျခံရမယ်ဆိုတဲ့ ခေါ်တာမျိုးတော့ ကျမအနေနဲ့ မလာစေချင်ဘူး။ တကယ်လို့ ပြစ်ဒဏ် လည်း မကျခံရဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထု ကောင်းစားဖို့ လက်တွဲပြီး အတူတူလုပ်မယ် ဆိုတဲ့ ခေါ်တာမျိုးဆိုရင်တော့ ကျမကတော့ ပြန်လာစေချင်တာပေါ့။ အဲလိုမျိုးပေါ့။"
အလုပ်သမား အခွင့်အရေး ဥပဒေတော့ ထွက်လာပြီ။ ဆန္ဒပြလို့ရပြီ ဆိုတော့ မစုစုနွေးအနေနဲ့ အဲဒီဖြစ်ထွန်းမှုအပေါ် ဘယ်လို သုံးသပ်လဲ။
"ကျမ ဒီရန်ကုန်မှာရှိတဲ့ ILO ရုံးကိုလည်း ဖုန်းဆက်ထားပြီးပါပြီ။ ကျမ လွတ်လာတဲ့အတွက် သူတို့လည်း ဝမ်းသာနေပါတယ်။ အလုပ်သမား အခွင့်အရေးအတွက် ဆန္ဒပြလို့ရတယ် ဆိုတာမျိုး သူတို့ဘက်က သတင်းတွေထဲမှာ ရေးထားတာတွေ ရှိပါတယ်။ ကျမကတော့ အခုမှ ရန်ကုန်ထဲကို ရောက်လာတာဆိုတော့ သိပ်ပြီးတော့ ဘာမှ မသိရသေးဘူးလေ။ ကျမ ILO သွားမှ သူတို့နဲ့ သဘောတူညီစာချုပ်မှာ ဘာတွေ ထည့်ထားတယ်ဆိုတာက ILO ရုံးကို သွားပြီးမှ သိမှာလေ။ အခုတော့ ကျမ ကျန်းမာရေးကြောင့် မသွားဖြစ်သေးပါဘူး။"
ခန္တီးထောင်ထဲ နိုင်ငံရေး အကျဉ်းသား ဘယ်သူတွေ ရှိသေးလဲ။ သူတို့ရဲ့ ကျန်းမာရေး အနေအထားကကော။
"ကျမတို့ ခန္တီးထောင်မှာဆို မိန်းကလေး တယောက်၊ ယောက်ကျားလေး ၁ဝ ယောက်ရှိတယ်။ မန္တလေးကနေပြီး ၈၄ နှစ် ကျထားတဲ့ ဘုန်းဘုန်းတပါးလည်း ရှိတယ်။ အားလုံးက ငှက်ဖျားရောဂါ မိထားတဲ့ လူတွေချည်းပါပဲ။ ကျန်းမာရေးကတော့ ဆေးရုံထွက်ရတဲ့ လူတွေလည်း ရှိပါတယ်။"
"ခန္တီးထောင်က ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားတဲ့ထောင်ဆိုတော့ ငှက်ဖျားတွေမိထားကြတဲ့ သူတို့ကို ကျမတော်တော်လေး စိုးရိမ်ပါတယ်ရှင့်။ ထောင်ဝန်ထမ်းတွေက အစ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာ ခနခနဖြစ်လို့ လေး၊ ငါး ရက်လောက်သတိလစ်နေလို့ ဆေးရုံတင်ရတဲ့အခြေအနေတွေ ခနခနဖြစ်တယ်။"
"ကျမတို့ (၅) ညတွေလည်း မကြာခဏဖြစ်တော့ ကျမမှာ တတ်နိုင်သလောက် ဗောဇ္ဈင်္ဂသုတ်ကို မကြာ ခနရွတ်ပေးရတယ်။ ကျမအခန်းကနေပြီးတော့။ ငှက်ဖျားပိုးက ဝင်လို့ရှိရင် ဦးနှောက်ထဲရောက်တာတို့ ဘာတို့ လုံချည်တွေ ကျွတ်တာတွေကျွတ်နဲ့ တော်တော်ဆိုးတယ်။ ဒီထောင်က တခြားထောင်တွေနဲ့ မတူဘူး။ အဲဒါကြောင့် အရမ်းစိတ်ပူတယ်။"
အလုပ်သမားအခွင့်အရေးလိုဟာမျိုးတွေ ရှေ့တန်းတင်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ စိတ်ဝင်စားတာ နည်းသွားလိမ့်မယ်လို့ စောဒကတက်ကြတာအပေါ် မစုစုနွေးက ဘယ်လိုမြင်လဲခင်ဗျ။
"ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားက အလုပ်သမားအခွင့်အရေးဆိုတာ အက်ဥပဒေမှာ ပါပြီးသားပါ။ ဒီရင်းနှီးမြှုပ်နှံတဲ့လူတွေကို ထိခိုက်နိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိတာမှ မဟုတ်တာရှင့်။ အဓမ္မခိုင်းစေမှုတွေ အလုပ်တခုကို ခိုင်းတော့မယ်ဆိုရင် သူတို့ကိုခိုင်းတယ်။ သူတို့ရပိုင်ခွင့်အခွင့်အရေးကို မပေးဘူးဆိုရင် ဒီဘက်က အလုပ်သမား အခွင့်အရေးကို ရှေ့တန်းတင်ပြီး တောင်းဆိုရမှာဖြစ်တယ်။"
"သူတို့ကလည်း အလုပ်သမားအခွင့်အရေးကို လိုက်နာတယ်။ မချိုးဖောက်ဘူးဆိုလို့ရှိရင်လည်း ကျမတို့က ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလေ။ အလုပ်သမားတွေ အခွင့်အရေး လုပ်နေတဲ့လူတယောက်အနေနဲ့ ကျမက ပြောချင်ပါတယ်ရှင့်။"
http://www.mizzimaburmese.com/interview/8529-2011-10-22-15-50-26.html
လက်မရွံ့ကဗျာဆရာသို့
By
Nyo Gyi (Facebook)
ကဗျာဆရာ လှသန်း
(၁၉၆၃ - ၂၀၁၁)
ရန်ကုန်မြို့မွေးဖွား
(၂၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခု
ည ၉ နာရီ၊ ၂၀ မိနစ်တွင်
ရန်ကုန်ဆေးရုံကြီး၌
ကွယ်လွန်သည်။)
-------------------------
လက်မရွံ့ကဗျာဆရာသို့
-------------------------
မြေ၀သုန်ရေ...
ဂုဏ်ပြုထိုက်တဲ့ ဧည့်သည်တစ်ယောက်ကို
လက်ခံယူပါတော့
ဝီလျှံယိစ်ကို အနားယူလဲလျောင်းစေပါလော့...
(၀ဟ-အော်ဒင်)
ငါတို့ကောင်းကင်ကြီးပြာလွင်ရဲ့လား...?
ကောင်းကင်ကို အရောင်ပြောင်းချင်သူတစ်ယောက်
လူ့ပြည်ကို
လူပီသစွာ ရောက်ခဲ့တယ်။
အမှောင်ထဲမှာ ငါတို့မွေးဖွားခဲ့ကြ
မဆလ တစ်ပါတီအာဏာရှင်စနစ်ဆိုး
ရိုက်ချိုးဖို့
မင်းစိုက်ပျိုးခဲ့တဲ့ ကလောင်
မိုးကြိုးမီးလျှံလို ဂုဏ်ရောင်ပြောင်ခဲ့တယ်။
၈၈-လူထုအရေးအခင်း
ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေ
လူ့အခွင့်အရေးကို ပျက်ရယ်ပြုကြတယ်။
မင်းပုခုံးပေါ်က သမိုင်းတွေ
မင်းတာဝန်ကျေပွန်ပါရဲ့။
ဒီပဲယင်းအရေးအခင်း မင်းရဲ့ကဗျာ
အာဏာရှင်တွေ
သွေးပျက်ခြောက်ခြား
မင်းရဲ့နာမည်ကိုဖျောက်ဖို့
သူတို့ကြိုးစားတယ်။
ရွှေဝါရောင်တော်လှန်ရေး
မင်းလက်မနှေးပါဘူး လှသန်း
အနက်ရောင်ကတ္တရာလမ်းမပေါ်က
သင်္ကန်းရောင်သွေးတွေ
မင်းလက်မောင်းသွေးလို နီစွေးစေတယ်
နာဂစ်မွှေတော့
မင်းလည်း မနေနိုင်ပါဘူး။
ငါတို့တစ်တွေဟာ မြစ်ဝကျွန်းပေါ်
ဒုက္ခသည်တွေကို ဖေးမကူညီကြတော့
မင်း... မျက်ရည်ဝေေ၀ အံကိုကြိတ်
ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတယ်
လူပီသတဲ့ ကဗျာဆရာလေ။
လှသန်း
မင်းကိုသူတို့ အငြိုးနဲ့မုန်းကြတယ်
လှသန်းကိုသတ်တော့
နိမိတ်ထွန်းသန်း
နိမိတ်ထွန်းသန်းကိုသတ်တော့
..........................................
..........................................
ကြည်မောင်သန်း
ကြည်မောင်သန်းကိုသတ်တော့
လှသန်း
လှသန်း
မင်းဟာဖိနစ်ငှက်လိုလှပစွာ မီးလျှံထဲက
ရှင်သန်ထမြောက်ခဲ့တယ် မဟုတ်လား။
လှသန်း
မင်းဟာ လက်မရွံ့ကဗျာဆရာ...။
လှသန်း
မင်းဟာ တော်လှန်စိတ်နဲ့သွေးဆူနေတဲ့
ကဗျာဆရာ...။
လှသန်း
မင်းဟာ ပြည်သူထဲမှာမွေး
ပြည်သူ့သွေးနဲ့ရေးတဲ့ ကဗျာဆရာ...။
လှသန်း
မင်းဟာ လူ့သမိုင်းကို
မရိုင်းအောင် ပြုပြင်လိုတဲ့ ကဗျာဆရာ...။
လှသန်း
မင်းဟာ ဟောင်းမြင်းတဲ့ အစဉ်အလာတွေ
ရိုက်ချိုးတဲ့ ကဗျာဆရာ...။
လှသန်း
မင်း ရန်ကုန်မှာဆုံးတော့
ငါက အဝေး မန္တလေးမှာ
ငါ့နှလုံးသားကို စတေးပြီး
မီးပူဇော် ဦးညွှတ် အလေးပြုလိုက်ရဲ့။
လှသန်း
မင်းဟာ ဘယ်တော့မှမသေတဲ့
မဟာအမတကဗျာရှည်ဖြစ်တယ်။
(၂၂ ရက်၊ အောက်တိုဘာ
ည ၉ နာရီ၊ ၂၀ မိနစ်မှာ
ကွယ်လွန်သွားတဲ့
ကဗျာဆရာလှသန်းသို့ ...)
-------------------------
အောင်ဘညို
-------------------------
23.10.2011
ခေတ္တ
i-mass
မန္တလေးတက္ကသိုလ်
နိုင်ငံရေး ဓားစာခံများ
အောင်လင်းထွဋ် on October 24, 2011 7:20 pm
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ပြီးသော နောက်ပိုင်းမှစ၍ ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော လမ်းစဉ်များကိုနိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များသည် မိမိတို့လိုသလိုသာ အသုံးချခဲ့ကြပြီး ခေတ်အဆက်ဆက် ယနေ့အထိတိုင် တိုင်းသူပြည်သားများကို ဓားစာခံအဖြစ် အသုံးချနေဆဲဖြစ်နေသည်။
မကြသေးခင်က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ ပြောခဲ့သလို ဆိုမာလီ ပင်လယ်ဓားမြများ ကဲ့သို့ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုပြန်ပေးဆွဲထားပြီး သူတို့လိုချင်သည်ကိုရမှ လိုသလောက် သူတို့အိတ်ကပ်ထဲက ထုတ်ပေးခြင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။
စာရေးသူ အနေဖြင့် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲနောက်ပိုင်း တပ်မတော် ခေါင်းဆောင်များ ၏ နိုင်ငံရေး ကစားကွက် များကို လေ့လာတင်ပြလိုပါသည်။
၈ လေးလုံး အရေးခင်းကို စက်တင်ဘာ ၁၈ ရက် စစ်တပ် အာဏာသိမ်းစဉ် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးပြီး တပ်မတော် သည် စစ်တန်းလျားပြန်မည်ဟူသော ကြေညာချက်ဖြင့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူပြည်သားများကို ချွေးသိပ်၍ နဝတ သည် အကြမ်းနည်းရော အနုနည်းရောကိုပါ သုံး၍ ဖြိုခွဲခဲ့သည်။
တဘက်က မက်လုံးပေးသောစကားကိုသုံးပြီး အခြားတဘက်တွင်လည်း ကျောင်းသားခေါင်းဆောင်များနှင့် သဘောထားပြင်းထန် သော နိုင်ငံရေးခေါင်းဆောင်များကို စစ်ထောက်လှမ်းရေးက ဖမ်းဆီး၍ အကျဉ်းထောင်များအတွင်း ထည့်ခဲ့ကြရပါသည်။ နောက်ဆုံး ဒီမိုကရေစီ ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချခဲ့သည်။
၁၉၉၀-၁၉၉၁ ခုနှစ် ကာလများအတွင်း ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သော ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးခိုင်းခဲ့ ပြီး အေ အဆင့်ကို ထောင်အနှစ် ၂၀ ၊ ဘီ အဆင့်ကို ထောင် ၇ နှစ် မှ ၁၀ နှစ် ၊ စီ အဆင့်ကို ထောင် ၃ နှစ် မှ ၅ နှစ် သတ်မှတ် ပြီး ထောင်ချ ခိုင်းခဲ့ပါသည်။
ထိုစဉ်ကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် စစ်အာဏာာရှင်ကြီးများ၏ လိုသလို အသုံးချခံရမည့် ဓားစာခံများဖြစ်လာရသည်။
စစ်ထောက်လှမ်းရေးများအနေဖြင့် အကျဉ်းသားနိုင်ငံရေးသမားများကို လစဉ်ပုံမှန်တွေ့ဆုံပြီး စစ်တပ်၏ လုပ်ဆောင်ချက်ကို ထောက် ခံ ရန် မက်လုံးပေး စည်းရုံးခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားများနှင့်တွေ့ဆုံမှု အစီရင်ခံစာကို အထက်ဌာနများသို့ စစ်ထောက်လှမ်းရေးမှ ပုံမှန်တင်ပြခဲ့ရသည်။
ယနေ့ကဲ့သို့ နယ်ထောင်များသို့ နိုင်ငံရေးအကျဉ်းသားများ ပို့ဆောင်ချုပ်နှောင်ခြင်းမရှိဘဲ အင်းစိန် အကျဉ်းထောင်တွင်သာ ထားပြီး ခေါင်းဆောင်ပိုင်းကို အထူးဆောင်နှင့် သီးသန့်ဆောင်များတွင် ထားပါသည်။ ထိုစဉ်ကတည်းက အမျိုးသားအရေးတွက် အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်အကျိုးမစွန့်နိုင်သူများသည် စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြရပါသည်။
ဒေါင်ဒေါင်မြည်နိုင်ငံရေးခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်နှင့် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်း ဆောင်များသာ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး ယုံကြည်ချက်ခံယူချက်ကို မပြောင်းမလဲ ယနေ့တိုင် ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့ကြ သူများဖြစ်ပါသည်။ လက်ရှိအနေထားမှာပင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များသည် စစ်အစိုးရ၏ ဓားစာခံများအဖြစ်ရှိနေဆဲဖြစ်သည်။
၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှစ၍ စစ်အစိုးရသည် နိုင်ငံတကာနိုင်ငံရေးကို လျစ်လျူရှုပြီး မြန်မာနိုင်ငံအရေးကို ထင်သလိုလုပ်၍မရမှန်း သိလာခဲ့သည်။ နိုင်ငံတကာတွင် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းသည်ပေါ်လွင်ထင်ရှားလာပြီး ကုလသမဂ္ဂအပါဝင် အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုကြီးထွားလာခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖိအားပေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေးသည် အဓိက အချက်တခုအနေဖြင့် ပါခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ၂၀၀၀ ပြည့်နှစ်အတွင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ရသလို အခြားတဘက်တွင်လည်း Lobby Group(ညှိနှိုင်းရေးအဖွဲ့)ငှား၍ အမေရိကန်အစိုးရကို ချဉ်းကပ်ခဲ့ရပါသည်။ ထိုကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စား
ပြုကော်မတီဖွဲ့စည်းမှုနှင့်ပတ်သက်၍ ထိန်းသိမ်းထားသူများပြန်လည်လွှတ်ပေးပြီး ပြည်တွင်းပြည်ပတွင် စစ်အစိုးရမှသဘောထားကြီး သရောင် ပြခဲ့ပါသည်။
အမှန်တကယ်တော့ စစ်အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးရှေ့ဆက်တိုးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မပါလျှင် အလုပ်မဖြစ်နိုင်ဟု သိရှိထား၍လည်း ဖြစ်သည်။
ထို့ကြောင့်၂၀၀၂ ခုနှစ်မေလတွင် D C I Lobby Group အစီအစဉ်ဖြင့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ကျော်သိန်းနှင့် မူးယစ်ဆေး ဝါး နှိမ်နင်းရေးမှ ရဲမှူးကြီးခမ်းအောင် တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကို လာရောက်ပြီးနောက် ဝါရှင်တန် မြန်မာသံရုံးမှနေ၍ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးကြောင်းသတင်း အစောဆုံးကြေညာချက် ထုတ်ပြန်ပေးခဲ့ရပါသည်။ ထိုစဉ်အချိန်အခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးခေါင်းဆောင်တချို့ကို စစ်အစိုးရက အသုံးချခဲ့သော်လည်း စိတ်ရင်းစေတနာမမှန် စိတ်ကောင်းနှစ် လုံးကောင်းမရှိခဲ့၍ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးခင်းလူသတ်ပွဲကြီးပြီးနောက် နိုင်ငံတကာ၏ ပြင်းထန်စွာ ရှုတ်ချမှုများနှင့် ပိတ်ဆို့အရေးယူမှုများ ထပ်မံဖြစ် ပွားခဲ့ပြီးနောက် တဖန် ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုချဉ်းကပ်ခဲ့ရပြန်ပါသည်။ ဝန်ကြီးတဦးကိုခေါင်းဆောင် တာဝန်ပေး၍ အဖွဲ့တဖွဲ့ ဖွဲ့စေပြီး စေ့စပ်ဆွေးနွေးမှုများလုပ်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ၊ အမျိုးသားညီလာခံမူ အချက်အလက် တချို့ ပြန်လည်ဆွေးနွေးခွင့်ပြုရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ နိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို အသိအမှတ်ပြုရေး စသည်တို့ကို အဓိကအချက်များအနေဖြင့် ဆွေးနွေးခဲ့ကြဖူးပါသည်။
ထိုစဉ်ကလည်း နားလည်မှု တစုံတရာ ရခဲ့ပြီးကာမှ ရက်ပိုင်းအလိုမှာ NLD အမျိုးသားညီလာခံတက်ပြီးမှ အခြေအနေကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုက်ရိုက်ပြင်ဆင် အမိန့်ကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရဖူးပါသည်။
ယနေ့အချိန်အခါတွင်လည်း နိုင်ငံရေးအကျဉ်းသား အရေးသည် ကိုဇာဂနာ ပြောသလို “ကိုယ့် အိတ်ထဲက ပေးရတာကျနေတာပဲ အကုန်လုံးလွှတ်တော့ဘာဖြစ်လဲ” ဖြစ်နေပါသည်။ တကယ်တော့ ဦးသိန်းစိန် အစိုးရလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုများ နိုင်ငံရေး အကျဉ်းသားများကို ဓားစာခံအဖြစ် လုပ်နေပြီလားဟု သံသယဝင်ခဲ့မိပါသည်။
စာရေးသူ လေ့လာကြားသိရသော အတည်ပြုဆဲသတင်းများကို ထောက်လှမ်းရေးမှန်းခြေ ဆွဲကြည့်ပြီး စာဖတ်သူများကို တင်ပြလိုပါသည်။
ထောက်လှမ်းရေးသတင်းဆိုသည့် အဓိပ္ပာယ်ကို ဦးစွာရှင်းပြပါမည်။ သတင်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျသည် ဖြစ်စေ မတိကျသည်ဖြစ်စေ ခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ သတင်းဖြစ်ပါသည်။ ဤသတင်းကိုမှ အခြေအမြစ်ပေါင်းစုံမှ အချက်အလက်ပေါင်းစုံ စုစည်းပြီး အကဲဖြတ် အနက်ကောက် သတင်းတည်ဆောက်ပြီး သတင်းအဆင့်သတ်မှတ်ရပါသည်။ သတင်း အဆင့်သတ်မှတ်ရာမှာလည်း သတင်းဖြစ်ပေါ်ရာအခြေအမြစ် နှင့် သတင်း၏အမှားအမှန်ကိုလေ့လာသုံးသပ်ပြီးမှ အသုံးပြုနိုင်သည့် သတင်းတခုဖြစ်လာသည်။
စာရေးသူရရှိသည့် အတည်ပြုဆဲသတင်းတွေအရ သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုလုပ်မှဖြစ်မည်ဟု သဘောထားရှိထားသူတဦး ဖြစ်သည်။ သို့သော် တချိန်တည်းမှာလည်း စစ်အစိုးရကာလ ဆရာသမားကြီးများ နှင့် လုပ်ဖော် ကိုင် ဖက် များကို အကာကွယ်ပေးရမည် ဆိုသော စိတ်သဘောထားရှိ နေပါသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင်လည်း ဒေါ်အောင် ဆန်းစုကြည် နှင့် ပူးပေါင်းရေး နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးတို့သည် ပြည်တွင်းပြည်ပ မြန်မာ့အရေးစိတ်ဝင်စားသူများ၏ တောင်းဆိုချက်များဖြစ်၍ လိုက်လျောရမည်ကို နားလည်သကဲ့သို့ ၄င်း ဘက် တွင်လည်း စစ်အစိုးရကာလ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများအပေါ် ကုလသမဂ္ဂမှ Commission of Inquiry မဖွဲ့ရေး၊ နောက်ကြောင်းပြန်အရေး မယူရေးတို့ အပေါ် ဘယ်သူ အာမခံချက်ပေးမည်လဲ ဆိုသည်များအတွက် ခေါင်းခဲနေရသည့် အချက် တ ချက်ရှိပါသည်။
ထို ကိစ္စများနှင့် ဆက်စပ်၍ တိုင်းရင်သားများနှင့် ငြိမ်းချမ်းရေး ရယူရန်လည်း လိုနေပါသည်။ အားလုံးကို ခြုံသုံးသပ်ရလျှင် ဂုဏ် သိက္ခာရှိသည့် အစိုးရဖြစ်ရန် ပြုပြင်ပြောင်းလဲမှုပြုလုပ်ရေး မဟာဗျူဟာတခု ချဆောင်ရွက်နေသည်ဟု ပြောရမည် ဖြစ်သည်။
ပထမဦးဆုံး အကြံပေးအဖွဲ့များကို ယခင်ခေတ်ကာလများနှင့်မတူ အစိုးရ၏ ရှေ့တန်းတိုက်စစ်မှူးများအဖြစ် အသုံးပြုလာသည်ကို တွေ့ရပါသည်။ ထိုအထဲတွင် ဒီမိုကရေစီခေါင်းဆောင်နှင့် ရင်းနှီးသူကို ထည့်သွင်းဖွဲ့စည်းပြီး ချဉ်းကပ်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါပုဂ္ဂိုလ်မှတဆင့် နိုင်ငံတကာအရေးကိစ္စများနှင့်ပတ်သက်သည့် နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ လာရောက်ခြင်းကိစ္စ၊ ဥရောပ နိုင်ငံတချို့မှ အကူအညီပေးရေးကိစ္စ၊ အာဆီယံ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှုများ ရှိခဲ့သည်။
၎င်းနောက် ဝန်ကြီးဦးအောင်ကြည်နှင့်တွေ့ဆုံခဲ့ပြီးနောက် မကြာမီ သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည့် အခြေ အနေထိ ရောက်ခဲ့ပါသည်။
သမ္မတဘက်မှ NLD ပါတီမှတ်ပုံတင်ပြီး လွှတ်တော်အတွင်း နိုင်ငံရေးလုပ်စေလိုပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ကိုလေးစားစေလို သည့် သဘောထားပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေး ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ကိစ္စများ ထောက်ပြမှုများ ရှိနေပါသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းကိစ္စကတော့ မမျော်လင့်ဘဲပေါ်လာသောပြဿနာ တခု ဖြစ်ပါသည်။ သမ္မတအနေဖြင့် အဆိုပါအခွင့်အရေး ကိုအသုံးပြု၍ ပြည်တွင်းပြည်ပမှ ၄င်း၏လုပ်ဆောင်ချက်အပေါ် ထောက်ခံမှုအများကြီးရယူသွားခဲ့ပါသည်။ ဆက်လက်၍ အကျဉ်း သား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့ပါသည်။
သို့သော် နိုင်ငံရေးအရ အဖမ်းခံထားရသူ (၂၀၀) ခန့်ကိုသာလွှတ်ပေးခဲ့ရာ ထင်ရှားသော အနုပညာသမား ကိုဇာဂနာ နှင့် ကျန်းမာ ရေးမကောင်းသူ ဗိုလ်ချုပ်ဆေထင် ကိုသာ လွှတ်ပေးခဲ့ပါသည်။ တကယ့် နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်များကို ဆက် လက် ဖမ်းထားခဲ့သည်။ ဓားစာခံများအဖြစ် ဖမ်းဆီးထားသကဲ့သို့ ဖြစ်နေပါသည်။
စာရေးသူ လေ့လာသိရှိ ရသလောက်ကတော့ သမ္မတ ဦးသိန်းစိန် NLD ထံမှ တစ်စုံတစ်ခုပြန်လည် မျှော်လင့်နေသည်ဟု သိရပါသည်။
NLD အနေဖြင့် ဆိုမာလီ ပင်လယ်ဓားမြများနှင့်တူသည့် အစိုးရဆီက ဓားစာခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို အဖိုးအခ မည်မျှပေး၍ ရွေးရမည်လည်းကို စောင့်ကြည့် ရပါဦးတော့မည်။
စာရေးသူအနေဖြင့်အကြံပြုလိုသည်မှာ စစ်အစိုးရတဖြစ်လဲ အရပ်သား အစိုး ရ နှင့် နိုင်ငံရေးကစားပွဲများတွင် မခံရစေရေး နည်း ပရိယယ်ကြွယ်ဝစွာဖြင့် သတင်းလက်ဦးမှုရယူပြီး တန်ပြန်ထိုးစစ်ဆင်နွှဲ သွားနိုင်ပါမှတော်ယုံကျမည်ဖြစ်ပါသည်။ တပ်မတော် နှင့် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူများ အင်အားကြီးထွားလာရန် လုပ်ပေးနိုင်မှ စစ်ကျွန်ဘဝမှ လွတ်မြောက်မှာဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသား ဓားစာခံများ အမြန် လွတ်မြောက်ပါစေဟု ဆန္ဒပြုလျက်။ ။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ပြီးသော နောက်ပိုင်းမှစ၍ ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော လမ်း စဉ်များကို နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များသည် မိမိတို့လိုသလိုသာ အသုံးချခဲ့ကြပြီး ခေတ်အဆက်ဆက် ယနေ့အထိတိုင် တိုင်းသူပြည်သားများကို ဓားစာခံအဖြစ် အသုံးချနေဆဲဖြစ်နေသည်။
မကြသေးခင်က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ ပြောခဲ့သလို ဆိုမာလီ ပင်လယ်ဓားမြများ ကဲ့သို့ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုပြန်ပေးဆွဲထားပြီး သူတို့လိုချင်သည်ကိုရမှ လိုသလောက် သူတို့အိတ်ကပ်ထဲက ထုတ်ပေးခြင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။
စာရေးသူ အနေဖြင့် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲနောက်ပိုင်း တပ်မတော် ခေါင်းဆောင်များ ၏ နိုင်ငံရေး ကစားကွက် များကို လေ့လာတင်ပြလိုပါသည်။
၈ လေးလုံး အရေးခင်းကို စက်တင်ဘာ ၁၈ ရက် စစ်တပ် အာဏာသိမ်းစဉ် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးပြီး တပ်မတော် သည် စစ်တန်းလျားပြန်မည်ဟူသော ကြေညာချက်ဖြင့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူပြည်သားများကို ချွေးသိပ်၍ နဝတ သည် အကြမ်းနည်းရော အနုနည်းရောကိုပါ သုံး၍ ဖြိုခွဲခဲ့သည်။
တဘက်က မက်လုံးပေးသောစကားကိုသုံးပြီး အခြားတဘက်တွင်လည်း ကျောင်းသားခေါင်းဆောင်များနှင့် သဘောထားပြင်းထန် သော နိုင်ငံရေးခေါင်းဆောင်များကို စစ်ထောက်လှမ်းရေးက ဖမ်းဆီး၍ အကျဉ်းထောင်များအတွင်း ထည့်ခဲ့ကြရပါသည်။ နောက်ဆုံး ဒီမိုကရေစီ ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချခဲ့သည်။
၁၉၉၀-၁၉၉၁ ခုနှစ် ကာလများအတွင်း ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သော ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးခိုင်းခဲ့ ပြီး အေ အဆင့်ကို ထောင်အနှစ် ၂၀ ၊ ဘီ အဆင့်ကို ထောင် ၇ နှစ် မှ ၁၀ နှစ် ၊ စီ အဆင့်ကို ထောင် ၃ နှစ် မှ ၅ နှစ် သတ်မှတ် ပြီး ထောင်ချ ခိုင်းခဲ့ပါသည်။
ထိုစဉ်ကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် စစ်အာဏာာရှင်ကြီးများ၏ လိုသလို အသုံးချခံရမည့် ဓားစာခံများဖြစ်လာရသည်။
စစ်ထောက်လှမ်းရေးများအနေဖြင့် အကျဉ်းသားနိုင်ငံရေးသမားများကို လစဉ်ပုံမှန်တွေ့ဆုံပြီး စစ်တပ်၏ လုပ်ဆောင်ချက်ကို ထောက် ခံ ရန် မက်လုံးပေး စည်းရုံးခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားများနှင့်တွေ့ဆုံမှု အစီရင်ခံစာကို အထက်ဌာနများသို့ စစ်ထောက်လှမ်းရေးမှ ပုံမှန်တင်ပြခဲ့ရသည်။
ယနေ့ကဲ့သို့ နယ်ထောင်များသို့ နိုင်ငံရေးအကျဉ်းသားများ ပို့ဆောင်ချုပ်နှောင်ခြင်းမရှိဘဲ အင်းစိန် အကျဉ်းထောင်တွင်သာ ထားပြီး ခေါင်းဆောင်ပိုင်းကို အထူးဆောင်နှင့် သီးသန့်ဆောင်များတွင် ထားပါသည်။ ထိုစဉ်ကတည်းက အမျိုးသားအရေးတွက် အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်အကျိုးမစွန့်နိုင်သူများသည် စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြရပါသည်။
ဒေါင်ဒေါင်မြည်နိုင်ငံရေးခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်နှင့် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်း ဆောင်များသာ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး ယုံကြည်ချက်ခံယူချက်ကို မပြောင်းမလဲ ယနေ့တိုင် ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့ကြ သူများဖြစ်ပါသည်။ လက်ရှိအနေထားမှာပင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များသည် စစ်အစိုးရ၏ ဓားစာခံများအဖြစ်ရှိနေဆဲဖြစ်သည်။
၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှစ၍ စစ်အစိုးရသည် နိုင်ငံတကာနိုင်ငံရေးကို လျစ်လျူရှုပြီး မြန်မာနိုင်ငံအရေးကို ထင်သလိုလုပ်၍မရမှန်း သိလာခဲ့သည်။ နိုင်ငံတကာတွင် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းသည်ပေါ်လွင်ထင်ရှားလာပြီး ကုလသမဂ္ဂအပါဝင် အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုကြီးထွားလာခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖိအားပေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေးသည် အဓိက အချက်တခုအနေဖြင့် ပါခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ၂၀၀၀ ပြည့်နှစ်အတွင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ရသလို အခြားတဘက်တွင်လည်း Lobby Group(ညှိနှိုင်းရေးအဖွဲ့)ငှား၍ အမေရိကန်အစိုးရကို ချဉ်းကပ်ခဲ့ရပါသည်။ ထိုကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စား
ပြုကော်မတီဖွဲ့စည်းမှုနှင့်ပတ်သက်၍ ထိန်းသိမ်းထားသူများပြန်လည်လွှတ်ပေးပြီး ပြည်တွင်းပြည်ပတွင် စစ်အစိုးရမှသဘောထားကြီး သရောင် ပြခဲ့ပါသည်။
အမှန်တကယ်တော့ စစ်အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးရှေ့ဆက်တိုးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မပါလျှင် အလုပ်မဖြစ်နိုင်ဟု သိရှိထား၍လည်း ဖြစ်သည်။
ထို့ကြောင့်၂၀၀၂ ခုနှစ်မေလတွင် D C I Lobby Group အစီအစဉ်ဖြင့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ကျော်သိန်းနှင့် မူးယစ်ဆေး ဝါး နှိမ်နင်းရေးမှ ရဲမှူးကြီးခမ်းအောင် တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကို လာရောက်ပြီးနောက် ဝါရှင်တန် မြန်မာသံရုံးမှနေ၍ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးကြောင်းသတင်း အစောဆုံးကြေညာချက် ထုတ်ပြန်ပေးခဲ့ရပါသည်။ ထိုစဉ်အချိန်အခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးခေါင်းဆောင်တချို့ကို စစ်အစိုးရက အသုံးချခဲ့သော်လည်း စိတ်ရင်းစေတနာမမှန် စိတ်ကောင်းနှစ် လုံးကောင်းမရှိခဲ့၍ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးခင်းလူသတ်ပွဲကြီးပြီးနောက် နိုင်ငံတကာ၏ ပြင်းထန်စွာ ရှုတ်ချမှုများနှင့် ပိတ်ဆို့အရေးယူမှုများ ထပ်မံဖြစ် ပွားခဲ့ပြီးနောက် တဖန် ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုချဉ်းကပ်ခဲ့ရပြန်ပါသည်။ ဝန်ကြီးတဦးကိုခေါင်းဆောင် တာဝန်ပေး၍ အဖွဲ့တဖွဲ့ ဖွဲ့စေပြီး စေ့စပ်ဆွေးနွေးမှုများလုပ်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ၊ အမျိုးသားညီလာခံမူ အချက်အလက် တချို့ ပြန်လည်ဆွေးနွေးခွင့်ပြုရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ နိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို အသိအမှတ်ပြုရေး စသည်တို့ကို အဓိကအချက်များအနေဖြင့် ဆွေးနွေးခဲ့ကြဖူးပါသည်။
ထိုစဉ်ကလည်း နားလည်မှု တစုံတရာ ရခဲ့ပြီးကာမှ ရက်ပိုင်းအလိုမှာ NLD အမျိုးသားညီလာခံတက်ပြီးမှ အခြေအနေကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုက်ရိုက်ပြင်ဆင် အမိန့်ကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရဖူးပါသည်။
ယနေ့အချိန်အခါတွင်လည်း နိုင်ငံရေးအကျဉ်းသား အရေးသည် ကိုဇာဂနာ ပြောသလို “ကိုယ့် အိတ်ထဲက ပေးရတာကျနေတာပဲ အကုန်လုံးလွှတ်တော့ဘာဖြစ်လဲ” ဖြစ်နေပါသည်။ တကယ်တော့ ဦးသိန်းစိန် အစိုးရလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုများ နိုင်ငံရေး အကျဉ်းသားများကို ဓားစာခံအဖြစ် လုပ်နေပြီလားဟု သံသယဝင်ခဲ့မိပါသည်။
စာရေးသူ လေ့လာကြားသိရသော အတည်ပြုဆဲသတင်းများကို ထောက်လှမ်းရေးမှန်းခြေ ဆွဲကြည့်ပြီး စာဖတ်သူများကို တင်ပြလိုပါသည်
ထောက်လှမ်းရေးသတင်းဆိုသည့် အဓိပ္ပာယ်ကို ဦးစွာရှင်းပြပါမည်။ သတင်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျသည် ဖြစ်စေ မတိကျသည်ဖြစ်စေ ခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ သတင်းဖြစ်ပါသည်။ ဤသတင်းကိုမှ အခြေအမြစ်ပေါင်းစုံမှ အချက်အလက်ပေါင်းစုံ စုစည်းပြီး အကဲဖြတ် အနက်ကောက် သတင်းတည်ဆောက်ပြီး သတင်းအဆင့်သတ်မှတ်ရပါသည်။ သတင်း အဆင့်သတ်မှတ်ရာမှာလည်း သတင်းဖြစ်ပေါ်ရာအခြေအမြစ် နှင့် သတင်း၏အမှားအမှန်ကိုလေ့လာသုံးသပ်ပြီးမှ အသုံးပြုနိုင်သည့် သတင်းတခုဖြစ်လာသည်။
စာရေးသူရရှိသည့် အတည်ပြုဆဲသတင်းတွေအရ သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုလုပ်မှဖြစ်မည်ဟု သဘောထားရှိထားသူတဦး ဖြစ်သည်။ သို့သော် တချိန်တည်းမှာလည်း စစ်အစိုးရကာလ ဆရာသမားကြီးများ နှင့် လုပ်ဖော် ကိုင် ဖက် များကို အကာကွယ်ပေးရမည် ဆိုသော စိတ်သဘောထားရှိ နေပါသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင်လည်း ဒေါ်အောင် ဆန်းစုကြည် နှင့် ပူးပေါင်းရေး နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးတို့သည် ပြည်တွင်းပြည်ပ မြန်မာ့အရေးစိတ်ဝင်စားသူများ၏ တောင်းဆိုချက်များဖြစ်၍ လိုက်လျောရမည်ကို နားလည်သကဲ့သို့ ၄င်း ဘက် တွင်လည်း စစ်အစိုးရကာလ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများအပေါ် ကုလသမဂ္ဂမှ Commission of Inquiry မဖွဲ့ရေး၊ နောက်ကြောင်းပြန်အရေး မယူရေးတို့ အပေါ် ဘယ်သူ အာမခံချက်ပေးမည်လဲ ဆိုသည်များအတွက် ခေါင်းခဲနေရသည့် အချက် တ ချက်ရှိပါသည်။
ထို ကိစ္စများနှင့် ဆက်စပ်၍ တိုင်းရင်သားများနှင့် ငြိမ်းချမ်းရေး ရယူရန်လည်း လိုနေပါသည်။ အားလုံးကို ခြုံသုံးသပ်ရလျှင် ဂုဏ် သိက္ခာရှိသည့် အစိုးရဖြစ်ရန် ပြုပြင်ပြောင်းလဲမှုပြုလုပ်ရေး မဟာဗျူဟာတခု ချဆောင်ရွက်နေသည်ဟု ပြောရမည် ဖြစ်သည်။
ပထမဦးဆုံး အကြံပေးအဖွဲ့များကို ယခင်ခေတ်ကာလများနှင့်မတူ အစိုးရ၏ ရှေ့တန်းတိုက်စစ်မှူးများအဖြစ် အသုံးပြုလာသည်ကို တွေ့ရပါသည်။ ထိုအထဲတွင် ဒီမိုကရေစီခေါင်းဆောင်နှင့် ရင်းနှီးသူကို ထည့်သွင်းဖွဲ့စည်းပြီး ချဉ်းကပ်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါပုဂ္ဂိုလ်မှတဆင့် နိုင်ငံတကာအရေးကိစ္စများနှင့်ပတ်သက်သည့် နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ လာရောက်ခြင်းကိစ္စ၊ ဥရောပ နိုင်ငံတချို့မှ အကူအညီပေးရေးကိစ္စ၊ အာဆီယံ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှုများ ရှိခဲ့သည်။
၎င်းနောက် ဝန်ကြီးဦးအောင်ကြည်နှင့်တွေ့ဆုံခဲ့ပြီးနောက် မကြာမီ သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည့် အခြေ အနေထိ ရောက်ခဲ့ပါသည်။
သမ္မတဘက်မှ NLD ပါတီမှတ်ပုံတင်ပြီး လွှတ်တော်အတွင်း နိုင်ငံရေးလုပ်စေလိုပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ကိုလေးစားစေလို သည့် သဘောထားပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေး ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ကိစ္စများ ထောက်ပြမှုများ ရှိနေပါသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းကိစ္စကတော့ မမျော်လင့်ဘဲပေါ်လာသောပြဿနာ တခု ဖြစ်ပါသည်။ သမ္မတအနေဖြင့် အဆိုပါအခွင့်အရေး ကိုအသုံးပြု၍ ပြည်တွင်းပြည်ပမှ ၄င်း၏လုပ်ဆောင်ချက်အပေါ် ထောက်ခံမှုအများကြီးရယူသွားခဲ့ပါသည်။ ဆက်လက်၍ အကျဉ်း သား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့ပါသည်။
သို့သော် နိုင်ငံရေးအရ အဖမ်းခံထားရသူ (၂၀၀) ခန့်ကိုသာလွှတ်ပေးခဲ့ရာ ထင်ရှားသော အနုပညာသမား ကိုဇာဂနာ နှင့် ကျန်းမာ ရေးမကောင်းသူ ဗိုလ်ချုပ်ဆေထင် ကိုသာ လွှတ်ပေးခဲ့ပါသည်။ တကယ့် နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်များကို ဆက် လက် ဖမ်းထားခဲ့သည်။ ဓားစာခံများအဖြစ် ဖမ်းဆီးထားသကဲ့သို့ ဖြစ်နေပါသည်။
စာရေးသူ လေ့လာသိရှိ ရသလောက်ကတော့ သမ္မတ ဦးသိန်းစိန် NLD ထံမှ တစ်စုံတစ်ခုပြန်လည် မျှော်လင့်နေသည်ဟု သိရပါသည်။
NLD အနေဖြင့် ဆိုမာလီ ပင်လယ်ဓားမြများနှင့်တူသည့် အစိုးရဆီက ဓားစာခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို အဖိုးအခ မည်မျှပေး၍ ရွေးရမည်လည်းကို စောင့်ကြည့် ရပါဦးတော့မည်။
စာရေးသူအနေဖြင့်အကြံပြုလိုသည်မှာ စစ်အစိုးရတဖြစ်လဲ အရပ်သား အစိုး ရ နှင့် နိုင်ငံရေးကစားပွဲများတွင် မခံရစေရေး နည်း ပရိယယ်ကြွယ်ဝစွာဖြင့် သတင်းလက်ဦးမှုရယူပြီး တန်ပြန်ထိုးစစ်ဆင်နွှဲ သွားနိုင်ပါမှတော်ယုံကျမည်ဖြစ်ပါသည်။ တပ်မတော် နှင့် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူများ အင်အားကြီးထွားလာရန် လုပ်ပေးနိုင်မှ စစ်ကျွန်ဘဝမှ လွတ်မြောက်မှာဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသား ဓားစာခံများ အမြန် လွတ်မြောက်ပါစေဟု ဆန္ဒပြုလျက်။ ။
http://burma.irrawaddy.org/?p=1486
ပြည်တွင်းစစ်ဆိုတာ လူသတ်ပြီး တိုင်းပြည် ဘဏ္ဍာဖြုန်းတဲ့လုပ်ရပ်သာလျှင်ဖြစ်တယ်
ကျနော် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှုးအောင် နဲ့တွေ့ဆုံခဲ့တုန်းက သတိရမိတာလေးတခုပါ….သူက ဦးနေ၀င်းနဲ့ပတ်သက်ပြီး အမုန်းဆုံးအရာတခုကိုကောက်ချက် ပေးပါတယ်။
“ ငါ….. ကိုရှုမောင် ( ဦးနေ၀င်း ၏အမည်ရင်း) ကိုအမုန်းဆုံးအရာတွေထဲမှာ…ပြည်တွင်းစစ်မီးလှုံတာကို အမုန်းဆုံးပဲကွာ……………”
“ ဘဘ….ပြည်တွင်းစစ်မီးလှုံတယ်ဆိုတာ…ဘာလည်း ”
“ဆောင်းတွင်းအေးရင်..မီးလှုံကြတယ်မဟုတ်လား…..အအေးဓါတ်ကိုအကာကွယ်ရအောင်ပေါ့ကွာ….ဒီလိုပဲ…ကိုရှုမောင်က…သူ့ကိုအကာကွယ်ဖြစ်နေအောင်…စစ်တပ်ကိုကြီးထွားသထက်ကြီးထွားနေအောင်….ငြိမ်းလို့ရတဲ့မီးတွေကို မငြိမ်းပဲ…အငွေ့လှုံနေတာ….ဒါကိုဆိုလိုတာ…”
“ ငြိမ်းလို့ ရတဲ့မီးဆိုတာ ကရော..ဘာကိုဆိုလိုတာလည်း ဘဘ ”
“ ပြည်တွင်း ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်….ဘာပဲလုပ်လုပ်…သူက မရိုးသားဘူး…ပြည်သူနဲ့ နိုင်ငံတကာကို လှည့်ဖျားချင်လို့သာ….ခေါင်းစဉ်လှလှ အမည်တတ်ထားတာ…အနှစ်သာရမှာက ဒီလိုမဟုတ်ဘူးကွ…..သူက အတိုက်အခံ လက်နှက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်မှာကို လိုလားတာမဟုတ်ဘူး….တကယ်တော့ အာဏာစက်ကျယ်ချင်လို့ရူးသွပ်ခြင်းတမျိုးပါကွာ……ဒီလူ့မှာအလွန်ရူးတာတခုရှိတယ်…အဲဒါဘာလည်းဆိုတော့…..အာဏာစက်ကျဉ်းမှာကို သူက အလွန်ကြောက်တာကွ ”
ကျနော့်နားထဲမှာ…ဗိုလ်မှုးအောင်..ပြောခဲ့တဲ့အာဏာစက်ကျဉ်းမှာကိုကြောက်တယ်ဆိုတဲ့စကားကစွဲထင်နေ မိတယ်…..တကယ်တော့ တော်တော်တရားကျစရာကောင်းတဲ့ အဖြစ်တွေပါ…ဒါတွေဟာ ပဒေသရာစ် စိတ်မကုန်သေးတဲ့ အတွေးအခေါ်များသာလျှင်ဖြစ်နေပါလိမ့်မယ်….ခေတ်အဆက်ဆက် ရိုက်သွင်းလာတဲ့ ၀ါဒဖြန့်ချီရေးတခုရှိသေးတယ်…နယ်ချဲ့ဆိုတဲ့အရာ…ကိုယ့်ကိုနယ်ချဲ့လာမှာကိုကြ…တွေးပြီးတောင်ကြောက်နေ ကြတယ်…ကိုယ်က နယ်ချဲ့ခဲ့တာကိုကြ…အားရပါးရချီးမွမ်းလို့မဆုံးဘူး….ဗမာ ဘုရင်တွေလက်ထက်မှာ သူများနယ်မြေအင်ပါယာတွေကိုသွားနယ်ချဲ့….သူရဲကောင်းကြီးတွေလုပ်ကြတဲ့လုပ်ရပ်ဟာ…ကောင်းတဲ့လုပ်ရပ်လားစဉ်းစားကြည့်ရအောင်ပါ……သူတို့သူရဲကောင်းဆိုတာ….(အခုသူတို့လည်းမသိနိုင်တော့ပါဘူး…သေကုန်ကြ ပြီပဲဟာ)…..မသေပဲကျန်ရစ်အသက်ရှင်နေသေးတဲ့သူတွေမှာတော့ဘာမသိညာမသိ…အနှိပ်စက်ခံနေရတုန်း…အသတ်ခံနေရတုန်း(ထိုင်းနိုင်ငံမှာ…နှစ်ပေါင်းသုံးရာကျော်လောက်ကဖြစ်သွားတဲ့ကိစ္စက…အခုထိမြန်မာနိုင်ငံ သား တွေအတွက် ခံနေရဆဲ…..နယ်ချဲ့ခဲ့လို့ အဲဒီ့ သူရဲကောင်းတွေ အကျိုးရှိ မရှိတော့မသိဘူး….ထိုင်းနိုင်ငံမှာ အခု အလုပ်သွားလုပ်နေတဲ့ အလုပ်သမားများစွာတော့…အခုထိ ခံနေရတုန်းပါ )
အခုမြန်မာနိုင်ငံမှာလည်းပြည်တွင်းစစ်မီးတွေတောက်လောင်နေတော့…စဉ်းစားကြည့်မိတယ်…ဗိုလ်မှုး အောင်ပြောခဲ့ တဲ့စကားက မှန်နေပြီ…လက်ရှိ တက်လာတဲ့ အစိုးရသစ်ကလည်း….မြစ်ဆုံကိစ္စ ၊ နိုင်ငံရေးအကျဉ်းသားအနည်းငယ်လွှတ်ပေးတဲ့ကိစ္စတွေနဲ့…နည်းနည်းလေးချီးကျူးမယ်မှမကြံရသေးဘူး…… ကချင်အပါဝင်…တိုင်းရင်းသားနယ်မြေတွေဘက်မှာ…ထိုးစစ်တွေဆင်လိုက်တာ…သေလိုက်ကြတဲ့သူတွေ…ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနည်းလားဗျာ….သူတို့ အာဏာစက် ကျယ်ချင်တာနဲ့ ပေးဆပ်နေရတဲ့ စစ်သားတွေ ပြည်သူတွေ ၊ တိုင်းရင်းသားတွေ……လက်ရှိတပ်မတော်သားတွေလည်း စဉ်းစားသင့်တယ်….ဒါဟာ ဖြစ်သင့်တဲ့ ၊ ဆင်နွှဲသင့်တဲ့ စစ်ပွဲတွေလား……..တိုင်းပြည်ဘဏ္ဍာတွေ အများကြီးဆုံးရှုံးနေယုံမက..လူတွေလည်းသေကျေ ဒုက္ခ ဆင်းရဲတွေနဲ့ ဆုံနေရပါပြီ…….တဘက်ထဲတင်မဟုတ်…နှစ်ဘက်လုံး…တလောက ကေအိုင်အေက ဖမ်းမိတဲ့စစ်သားတွေကို…ဗွီဒီယိုမှာကြည့်လိုက်ရတော့…..စိုးရမ်ကြောက်လန့်နေတဲ့မျက်လုံးတွေ…အသွင်ပြင်အမူအရာတွေ…….ဘယ်သူ့မှာတာဝန်ရှိသလည်း…….ဒါဟာပြည်တွင်းစစ်မီးဖန်တီးနေသူမည်သူမဆို…တာဝန်ရှိ တယ်…..ကျနော်ဆောင်းပါးလေးတပိုဒ် အင်တာနက်ကနေဖတ်လိုက်ရတာရှိတယ်….ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမဏီ အာဏာရှင်ကြီး ဟစ်တလာ အမြဲပျော်နေတတ်တဲ့ တချိန်ရှိတယ်တဲ့….သူ့ဘေးက စစ်ဗိုလ်ချုပ်တွေက ကမ္ဘာ့မြေပုံကြီးကိုတုတ်နဲ့ထောက်ထောက်ပြီး…သူတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုအရောင်ခြယ်ရှင်းလင်းပြသနေချိန်ဆို….ဟစ်တလာမျက်နှာကြီးက၀င်းပနေတာပဲတဲ့….(ကျနော်ကတော့တွေးမိလိုက်ပါတယ်…နောက်ဆုံးစစ်ရှုံးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရမဲ့အဖြစ်ကို သူမှကြိုမသိနိုင်တာကိုး ) ။
နောက်ဆုံး….ကဒါဖီကိုပဲကြည့်ပါ….တခါကသူ့ကိုသူကြွေးကျော်ခဲ့ဘူးတယ်……အာဖရိက…ကဘုရင် များရဲ့ဘုရင်တဲ့….ဘယ်လောက်ရူးသလည်းဗျာ…..အဲသလိုလူက…သူ့ဇာတိမြို့အသားတွေရောင်းတဲ့ဆိုင်ငယ် လေးအအေးခန်းထဲက…မွေ့ယာပေါ်မှာဆန့်ဆန့်လေး…(.သေတာတောင်ထည်ထည်ဝါ၀ါ မသေရတဲ့အဖြစ်)…သူ အာဏာစက်ကျယ်ချင်တာနဲ့….အမျိုးမျိုးဝါဒဖြန့်…..လူတွေကိုသေခိုင်း….။
အခုလည်း လက်ရှိ မြန်မာအစိုးရက ကျန်တာတွေကိုတော့ ဘာပဲဖြစ်ဖြစ်အနည်းအကျဉ်း ဆောင်ကျဉ်းပေးထားပြီးခါမှ….တိုင်းရင်းသားလက်နှက်ကိုင်ကိစ္စတွေမှာ…အာဏာစက်ကျယ်ချင်နေတာလား…..ကချင်နယ်မြေကိုအကြီးအကျယ်ထိုးစစ်ဆင်ဘို့…..တရုတ်အကူညီနဲ့ဗမာစစ်သားတွေကိုတရုတ်နိုင်ငံထဲပို့………လူသတ်ဘို့ကြံစည်ကြပြန်ပြီ……ကေအိုင်အေကိုအပြီးသတ်ချေမှုန်းလို့ရနိုင်ပါသလား….စဉ်းစားကြည့်ရအောင်ပါ…..နယ်မြေတွေကိုသိမ်းပိုက်ယူလို့ရချင်ရင်ရနိုင်ပါတယ်….ဒါပေမဲ့ကချင်တိုင်းရင်းသားတွေရဲ့လွတ်မြောက်လိုတဲ့ ယုံကြည်ချက်တွေကို…ချေမှုန်းလို့ရနိုင်ပါသလား….ထို့အတူပဲ….ကရင်၊ရှမ်း၊မွန်၊ရခိုင်၊ကယား….သူတို့တတွေရဲ့ယုံကြည်မှု့နှလုံးသားတွေကို ဘယ်လက်နှက်နဲ့ အမြစ်ပြတ်ချေမှုန်းကြမလည်း……
လူဆိုတဲ့..သတ္တ၀ါဟာ…လောကကိုမလွန်မြောက်သေးခင်မှာ…….လောဘ၊ဒေါသ၊မောဟတွေနဲ့ရှင်သန်နေရတာပါ……ဒါသဘာဝပါ…တခါတလေ…အလကားနေရင်းတောင်မှဒေါသကထွက်နေတယ်….ဘာဖြစ်လို့ လည်းဆိုတော့…အလိုမကျလို့…အလိုတွေကိုမဖြည့်ဆီးနိုင်လို့….လူတွေအတင်းပြောကြတယ်ဆိုတာ…မိမိဒေါသတွေကိုအစာကြွေးကြတာပါ…..မိမိဒေါသတွေဆိုတဲ့အစစ်အမှန်ကိုမမြင်ပဲ….သူများတွေကိုလက်ညှိုးထိုးပုံချ လိုက်တာ…….သာမာန်လူတွေမှာသိပ်ပြသနာမရှိနိုင်ပေမဲ့…အာဏာကိုဆုတ်ကိုင်ထားတဲ့သူတွေမှာ…ပြသနာအ ကြီးအကျယ်ရှိပါတယ်…..ကိုယ့်ရဲ့လောဘ ဒေါသ မောဟ တွေအတွက် သူများတကာတွေကို ခုတုန်းလုပ်မိတတ်ပါတယ်…..အဲဒီလိုလူမျိုးတွေရဲ့နိဂုံးတွေဟာကောင်းမွန်ပါသလား…….မဝေးသေးတဲ့ကာလ တွေကိုပဲ လှမ်းမျှော်ကြည့်ရအောင်………………………..
အီရတ်က ဆဒတ်ဟူစိန်ဟာ…..ကြိုးစင်ပေါ်ကို အပြုံးမပျက် တက်သွားတာဟုတ်ပါရဲ့လား ( သူ့ကိုကြိုးပေးတဲ့ ဗွီဒီယိုခွေကိုကြည့်လိုက်ရင် သွေးလေ ချောက်ခြားနေတယ်ဆိုတာ သိနိုင်ပါတယ် )။ ထိုနည်းတူစွာပဲ….အိုစမာဘင်လာဒင်….သူလူတွေအများကြီးသတ်ခဲ့တုန်းက…သိပ်ဂုဏ်ယူသိပ်ပျော်ခဲ့မှာပါ…သူကတော့ တရားသောစစ်ပွဲလို့ထင်နေမိတာကိုး….ဒါပေမဲ့သူသေခါနီးမှာ….လုပ်ရဲရင် ခံရဲတယ် ဆိုတဲ့ စိတ်နဲ့ အသေခံသွားတာလား ( မဖြစ်မနေသေရတော့မဲ့အချိန်မှာတောင်…ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမကို ဓါးစာခံလုပ်သေးတယ်….) နောက် မနေ့တနေ့က……ကဒါဖီ….သူ့ကိုဖမ်းမိတဲ့ အချိန်မှာ သူ့ကို မသတ်ဘို့ တောင်းပန်ရှာတယ်………ဒါတွေကိုဆင်ချင်ကြည့်လိုက်ပါ……လူဟာကိုယ်လုပ်ရတဲ့အချိန်မှာသာ…လူတွေသေ ကြေပျက်စီးရတာကိုအရသာလုပ်ပီတိတွေဖြစ်နေနိုင်ပေမဲ့……..ကိုယ်ခံရမှာကိုသေလောက်အောင်ကြောက် တတ်ပါတယ်…ဒါသဘာဝပါ..ဒီလိုနဲ့နိဂုံးချုပ်သွားတဲ့သူတွေအားလုံးတူညီတာ..တခုရှိပါတယ်…….ဒါကတော့…သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအားလုံးဟာ…တရားသောစစ်ပွဲတွေချည်းပဲလို့ပြော နေခဲ့ကြတာပါပဲ……
ဒီနေ့ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မီးကြီးဟာ….တော်သင့်လောက်ပါပြီ….ဖြေရှင်းလို့မရနိုင်ဘူးဆိုတာ မရှိပါဘူး…….ငြိမ်းချမ်းစွာဖြေရှင်းလို့ရပါတယ်….ဒီလိုမဟုတ်ပဲ…အစောကဗိုလ်မူးအောင်ပြောသလို….မပြေလည်ချင်လို့ကိုမပြေလည်နိုင်တဲ့စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်ထားမယ်ဆိုရင်တော့…….တိုင်းပြည်တိုးတက်ဘို့ဆိုတာ…နည်းနည်းလေးမှမစဉ်းစားပါနဲ့တော့….စကားတွေအဖတ်တင်ပါတယ်…..ပြည်တွင်းစစ်မီးဟာ…သမင်မွေး ရင် ကျားစားရင်း အခြေနေဖြစ်နေဦးမှာပါပဲ…ငါးကို ခေါင်းပိုင်းနဲ့ဖင်ပိုင်းယူဘို့အငြင်းပွားနေချိန်မှာ ကြားထဲက မြေခွေးက..ဒိုင်လူကြီးဝင်လုပ်ပြီး…အငြင်းပွားနေသူနှစ်ဦးကို…ခေါင်းနဲ့ဖင် အညီအမျှခွဲပေးလိုက်ပြီး သူက အလယ်က ၀မ်းဗိုက်သားယူသွားတဲ့…အဖြစ်လို….တရုတ်ကွန်မြူနစ် အစိုးရက ၀င်အုပ်သွားမှာမလွဲပါဘူး……
လွှတ်တော်ကျင်းပနေချိန်မှာ…..ပြည်နယ်ဒေသအသီးသီးကတိုင်းရင်းသားခေါင်းဆောင်များ…..ဒီကိစ္စကိုဘာလို့များ ကျယ်ကျယ်လောင်လောင် မဆွေးနွေးကြတာပါလိမ့်…….မြန်မာသတ်ပုံကျမ်း ကိစ္စလောက် အရေးမပါလို့လား……..ပြည်တွင်းစစ်အတွက် ကုန်ကျမဲ့ ငွေတွေ ၊တိုင်းပြည် ဘဏ္ဍာတွေကို တခြားဟာတွေ ခနထားဦးဗျာ…..နိုင်ငံသားတွေ ပညာတွေတော်ပြီး…တိုင်းပြည်ထူထောင်ရေးကိစ္စရပ်များမှာ အသုံးချနိုင်ဘို့ …ပညာတော်သင်တွေစေလွှတ်လိုက်မယ်ဆို….ဘယ်လောက်အကျိုးရှိလိုက်မလည်း…..။
တရုတ်နိုင်ငံကခေါင်းဆောင်ကြီး….တိန်ရှောက်ဖိန်ဟာ….၁၉၈၀ကာလများမှာအမျှော်အမြင်ကြီးမားစွာနဲ့….တရုတ်ပညာတတ်လူငယ်တွေကို နိုင်ငံတကာလွှတ် ပညာရပ်တွေသင်ကြားခိုင်း လေ့လာခိုင်းလိုက်တဲ့ အကျိုးဆက်ဟာ…ယခု တရုတ်နိုင်ငံကြီးကို အင်အားကြီးနိုင်ငံဖြစ်စေခဲ့ပြီမဟုတ်လား………
မြန်မာ့တပ်မတော်သားများအားလည်း မေတ္တာရပ်ခံချင်ပါတယ်……..ဒီနေ့ တပ်မတော် အရာရှိ အရာခံများဟာ ပညာတတ်တွေပါ……လူနည်းစုလက်တဆုတ်စာ အာဏာစက်ဝန်းကျယ်ချင်တာအတွက်နဲ့ အသက်ပေးနေရတာ…..တွေးကြည့်မယ်ဆိုရင်ရှက်စရာကောင်းပါတယ်…..ညံ့ရာရောက်ပါတယ်….အမှန်တရားကိုမြင်တတ်စေချင်ပါတယ်……
မိမိနိုင်ငံသားအချင်းချင်း….တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်နေတဲ့……စစ်ပွဲများကိုအမြန်ဆုံးရပ်တန့်ပေးပါ……ဒီစစ်ပွဲအတွက်ကုန်ကျနေတဲ့ငွေတွေဟာ….ပြည်သူတွေသွေးချွှေးနဲ့ရှာဖွေထားတဲ့ငွေတွေဖြစ်တယ်…..နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဘို့…ကတိက၀တ်တွေပေးပြီး…၀ိနည်းလွတ်..အနည်းငယ်လွှတ်ပေးသည့်တိုင်…နောက်ထပ်ဆက်လွှတ်ပေးဘို့ကိုလည်းကတိခံနေဆဲဖြစ်ပါတယ်…….သို့သော်တိုင်းရင်းသားအချင်းချင်းမသတ် ဖြတ်ပါဘူးဆိုသည့် ကတိကိုတော့…လွှတ်တော်အပါဝင် မည်သည့်နေရာမမျှ စိုးစဉ်းမျှ မကြားရပါ………….
ပြည်တွင်းစစ်များကို (မည်သည့်အကြောင်းပြချက်မျိုးမှ မပေးပဲ ) အမြန်ဆုံးရပ်ဆိုင်းပါ………
နိုင်ငံရေးအကျဉ်းသားများကို…..အမြန်ဆုံးပြန်လွှတ်ပေးပါ…..
ပြည်သူတရပ်လုံးက ကျေးဇူးတင်နေကြမှမလွဲပါ….သမ္မတ ဦးသိန်းစိန်အပါဝင် လုပ်ပိုင်ခွင့်ရှိသူများခင်ဗျား…
လေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
မြန်မာ့အရေး ခရီးရှည် စက်ဘီးစီးသူ ပန်းတိုင်ရောက်ပြီ
2011-10-23
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့ ရည်ရွယ်ပြီး ဥရောပ နိုင်ငံတွေကို ဖြတ်ကျော်ကာ တကိုယ်တော် စက်ဘီးစီးတဲ့ အမျိုးသမီးဟာ ပန်းတိုင် အဖြစ် သတ်မှတ်ထားတဲ့ ချက်သမ္မတနိုင်ငံ Prague မြို့ကို မနေ့က ၀င်ရောက်သွားပါတယ်။
Burma Campaign UK
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အဖြစ် ကီလိုမီတာ (၂) ထောင် စက်ဘီးစီးခဲ့သူ Miss Jag Dojkovski ကို ချက်နိုင်ငံ Prague မြို့တွင် ပန်းဝင်အပြီး တွေ့ရပုံ။ ဓါတ်ပုံ -Burma Campaign UK
Ms. Jag Dojkovski က ချက်သမ္မတနိုင်ငံ Prague မြို့ရောက်တဲ့ အခါမှာ သူ့ကို မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးသူတွေက ကြိုဆို အားပေးကြတယ်လို့ သိရပါတယ်။ သူရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ လွှတ်ပေးခဲ့တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ Miss Jag Dojkovski က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို နိုင်ငံရေးအကျဉ်းသား အနည်းငယ် လွှတ်ပေးတာကိုလည်း ကြိုဆိုရမှာ ဖြစ်ပေမဲ့ ဒါဟာ လုံလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား ၂ ထောင် လောက်ရှိနေတာကို ၂၀၀ ပဲလွှတ်ပေးတာ ၁၀ ရာခိုင်နှူန်းပဲ ရှိပါတယ်။ ရာနှူန်းပြည့် လွှတ်ပေးမှာသာ အကောင်းဆုံး ဖြစ်မှာပါ။ အဲဒီအတွက် ကျမအနေနဲ့လည်း ၁၀ ရာခိုင်နှူန်းပဲ ပျော်ပါတယ်။ အားလုံး လွှတ်မြောက်ရေးဟာ အရေးကြီးတဲ့ အတွက် ကျမတို့ အနေနဲ့ ဆက်ပြီးလှုပ်ရှား ရဦးမှာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။ Miss Jag Dojkovski ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၂) ရက်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့က စတင်ပြီး ပြင်သစ်၊ ဂျာမဏီ၊ ဘယ်လဂျီယန်၊ နယ်သာလန် စတဲ့နိုင်ငံတွေကို ဖြတ်ပြီး ချက်နိုင်ငံ Prague မြို့ကအထိ တကိုယ်တော် စက်ဘီးစီးခဲ့ပါတယ်။ သူရဲ့ ခရီးစဉ်ဟာ ကီလိုမီတာ (၂) ထောင်ရှိတဲ့ အတွက် ဒါဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား (၂) ထောင်လွတ်မြောက်ရေး အဓိပ္ပါယ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ခရီးစဉ် တလျှောက်မှာ မြန်မာနိုင်ငံ အရေး ပိုမို သိရှိအောင် ရေးသားထားတဲ့ တီရှပ်အင်္ကျီကို ၀တ်ဆင်ပြီး ဥရောပမြို့ကြီးတွေကနေ ဖြတ်သန်းသွားတဲ့ အတွက် အားလုံးရဲ့ သတိထား အာရုံ စူးစိုက်မှုကို ရရှိခဲ့တယ်လို့ ပြောပါတယ်။
http://www.rfa.org/burmese/news/bike-for-political-prisoner-10232011212457.html
မြန်မာနိုင်ငံရေး အကျဉ်းသားများအတွက် သြစတေးလျနိုင်ငံသူက ကီလို ၂၀၀၀ ကျော် စက်ဘီးစီး
October 24, 2011 11:53 am
မြန်မာ အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားသည့်အနေဖြင့် သြစတေးလျသူ Jag Dojkovski က ဥရောပနိုင်ငံများကိုစက်ဘီးနှင့် ဖြတ်ကျော်ကာ ၂၀၂၆ ကီလိုမီတာ အောင်မြင်စွာ စီးနင်းခဲ့သည်။
မြန်မာနိုင်ငံရေးအကျဉ်းသားများ အတွက် ကီလိုမီတာ ၂ ထောင်ကျော် စက်ဘီးစီးခဲ့သည့် Jag Dojkovski အား ပရက်ဂ်မြို့တွင်တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အသက် ၂၉ နှစ်အရွယ် အင်ဂျင်နီယာဘွဲ့ရ Jag Dojkovski က “ကျမအနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား တဦးစီအတွက် ၁ ကီလိုမီတာ စက်ဘီးစီးတာပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လူတွေ ပိုသိလာဖို့နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု လုပ်ရာမှာ Burma Campaign UK အတွက် ရန်ပုံငွေ ပိုရလာအောင် လို့ပါ” ဟု ဆိုသည်။
သူသည် အောက်တိုဘာလ ၂၃ ရက် နေ့လယ်ပိုင်း၌ ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ Old Town Square တွင် စက်ဘီးစီး ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။
အင်္ဂလန်မှ စက်ဘီးနှင့် စတင်ထွက်၍ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဟော်လန် (နယ်သာလန်) နှင့် ဂျာမနီ နိုင်ငံများ၏ မြို့ကြီးများကို ဖြတ်သန်းခဲ့ပြီး ပရက်ဂ် အထိ ရက်သတ္တပတ် ၆ ပတ်ခန့်ကြာအောင် စက်ဘီးစီးခဲ့ရသည်။
ခရီးစဉ်တလျှောက် လန်ဒန်၊ ပါရီ၊ ဘရပ်ဆဲလ်၊ အမ်စတာဒမ်၊ ဟန်နိုဗာ၊ ဘာလင်နှင့် ပရက်ဂ်မြို့များအား ဖြတ်သန်းစဉ် နာရီ ၁၀၀ ကျော်အတွင်း ရာသီဥတုဒဏ်ကြောင့် အခက်အခဲတွေ့ကာ ခရီးစဉ်ပျက်မည်ဟု ပြောဆိုဝေဖန် ကြသော်လည်း အောင်မြင်စွာ ပြီးဆုံးခဲ့၍ အလွန်ဝမ်းမြောက် ဂုဏ်ယူကြောင်း Jag က ဆိုသည်။
“လမ်းမှာ မိုးရွာတာနဲ့လည်း ကြုံတယ်၊ ရာသီလည်း အရမ်းအေးလာတယ်။ ရာသီဥတုရဲ့ ဒဏ်တွေကို ကျမ ခံစားရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေက ကျမခံစားနေခဲ့ရတာ တွေထက် အဆများ စွာခံစားနေကြရတာ။ သူတို့တွေ လွတ်မြောက်ဖို့အတွက် ကျမ ကြိုးစား ဖြတ်သန်းနိုင်ခဲ့တယ်” ဟု သူက ပြောသည်။
သြစတေးလျနိုင်ငံသူ Jag အနေဖြင့် Burma Campaign UK အဖွဲ့ဝင် နန့်ဇိုရာဖန်း ရေးထားသော Little Daughter စာအုပ်ကို ဖတ်မိရာမှစတင်၍ မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားလာပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လုပ်ဆောင်ချင်သည့် စိတ် ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
Jag သည် သူနှင့်သက်တူရွယ်တူ နန့်ဇိုရာဖန်းကြောင့် Burma Campaign UK ရုံးသို့ လွန်ခဲ့သည့် ၆ လခန့်က ရောက်ရှိလာခဲ့၍ ထိုရုံးတွင် မဝေနှင်းပွင့်သုန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ဖခင်ဖြစ်သူ ထောင် ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် တခြားသော နိုင်ငံရေးအကျဉ်း သားများ အကြောင်းကို ထပ်မံသိခွင့် ရခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်ဘက်က စွမ်းဆောင် ပေးချင်ခဲ့ကြောင်း ရှင်းပြသည်။
“အခုလို ကျမ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ စက်ဘီးစီးတာဟာ လူတွေ ပိုသိလာပြီး နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် ပိုပြီးတွန်းအားပေးနိုင်မယ်လို့ ကျမကတော့ ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။
မကြာသေးမီက နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကို အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေး၍ လွှတ် ပေးလိုက်ခြင်း ကိုလည်း ၎င်းက မလုံလောက်သေးကြောင်းနှင့် အမှန်တကယ် အရေးပါပြီး အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် အဓိက အခန်းက ပါဝင်ရမည့် နိုင်ငံရေး အကျဉ်းသား ၁ ထောင်ကျော် ကျန်ရှိနေသေးကြောင်း ဆက်ပြောသည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီခရီးကို အမှန်တကယ် သွားဖို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ အရေးအကြီးဆုံးနဲ့ ပထမဆုံးလုပ်ရမယ့်အလုပ်က နိုင်ငံရေး အကျဉ်းသား အားလုံးကိုချက်ခြင်း ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ” ဟု Jag က ဆိုသည်။
http://burma.irrawaddy.org/?p=1471