Wednesday, October 26, 2011

Mi Aie Son & Aung Naing Soe public presentations at Toronto,Canada

Mi Aie Son ( Mon Youth Progressive Organization)
Aung Naing Soe (General Secretary of Nationalities Youth Forum)

Ms Son and Mr. Soe speak at this public presentation...
Wednesday, Oct. 26th, 6:30 pm, Ryerson University, Jorgenson Hall Centre Hub 152, 350 Victoria St., Toronto









Ottawa Public Meeting




Ms Son and Mr. Soe will speak at this public presentation:

Sunday, Oct. 30th, 2-4pm Meet and Greet, CUSO-VSO office, 1460 Howe St., Vancouver
Light refreshments will be served.

လူ့ ကပ်ပါးသံကောင်ဇော်ဦးနှင့် နောင်အနာဂါတ်မြန်မာနိုင်ငံတော် ၏ အန္တရာယ်


ယခုအချိန်ကာလသည် တိုင်းပြည်တွင်း၌ အပြောင်းအလဲများဆက်တိုက်ဆိုသလို ပေါ်ပေါက်နေချိန် တွင် တော်လှန်ရေးသန့်စင်မှု လုပ်ငန်းတခု အနေဖြင့် စတင်ဖေါ်ဆောင်ရန်လိုအပ်သည် နှင့်အညီ မိမိ၏အတွေ့အကြုံ နှင့် ရရှိထားသည် အချက်အလက်များအား တော်လှန်ရေး အသိုင်းအ၀ိုင်း နှင့် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်ကြီးများအား အသိပေး သတိပေးခြင်း ပြုလိုက်ပါသည်။
နှစ်ပေါင်း (၂၀) ကျော်တွင် မြန်မာ့နိုင်ငံရေးကို အတိုက်အခံအုပ်စုများနှင့် စစ်တပ်လိုလားသည့် အုပ်စုများ ဖြတ်သန်းကြရာတွင် စစ်ဖက်လိုလားသည့်အုပ်စုသည် အချင်းချင်းစည်းလုံးညီညွတ်ပြီး အကျိုးတူ စီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်ကိုတွေ့ ရသည်။
ဥပမာပြရရလျှင် - စစ်တပ်အရာရှိကြီးများက စီးပွားရေးသမားများကို အခွင့်အရေးများပေး၍ စီးပွားရေးသမားများကလည်း စစ်တပ်အရာရှိကြီးများအားပြန်လည်၍ အမြတ်အစွန်းများခွဲဝေကာအတူတကွ စားသုံးကြသဖြင့် ယနေ့ထက်ထိ အင်အားတောင့်တင်းခိုင်မာလျှက် ၎င်းတို့ ၏ ရှေ့ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်နေသည်။
တခြားတဖက်တွင်ရှိသော အတိုက်အခံအုပ်စုများတွင်မူကား - ၎င်းတို့နှင့် ဆန့်ကျင်လျှက် ရှိနေသည်။ ဒီမိုကရေစီအတိုက်အခံ အခြေခံအင်အားစုများကြောင့် အနှစ်(၂၀)အတွင်းတွင် ရရှိလာခဲ့သည့် ဒီမိုကရေစီရရှိရေးအတွက်ပံ့ပိုးမှုများဖြစ်သည့် အမေရိကန်ဒေါ်လာငွေ သန်းနှင့်ချီသည့်ငွေကြေးများ၊ ပညာတော် သင်အခွင့်အရေးများကို လူလည်ကျသော ခေါင်းဆောင်တန်းတွင်နေရာယူထားသည့် နိုင်ငံရေးအဖွဲ့  အစည်း ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များသာလျှင်ရယူခဲ့ကြသည်၊ ခံစားလျှက် ရှိကြသည်။ ဤကဲ့သို အခြေခံအခွင့်အရေးများ ညီညွတ်မျှတမှု မရှိသော ကြောင့် အတိုက်အခံအုပ်စုများတွင် အုပ်စုများအမျိုးမျိုးကွဲကာ မည်သို့မျှစည်းရုံးညီညွတ်မှုမရဘဲ ပြိုကွဲလျှက် ညီညွတ်မှုမရှိဘဲဖြတ်သန်း နေကြ သည်။ ယခုအခါ ထိုအချောင်သမားတို့သည် ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှ အခွင့်အရေးများကို အစွမ်းကုန် သုံးစားပြီးနောက် စစ်အုပ်စုနှင့် ပေါင်းကာ တိုင်းပြည်နှင့် လူမျိုးအပေါ် နိုင်ငံရေး ဗန်းပြပြီး ဆက်လက်ကိုယ်ကျိုးရှာဖို့ အားထုတ်နေကြသည်။
ထို့ ကြောင့် စာရေးသူအနေဖြင့် ပြည်တွင်းပြည်ပမှ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်ကောင်း စေတနာ ကောင်းများဖြင့် ဆောင်ရွက်နေသူများ သကဲ့သို့ နိုင်ငံရေးအကျင့်ပျက်ချစားနေသူများထဲ မှအလွန်အန္တရယ် ကြီးသည်လောက်ကောင်တကောင်အား ဥပမာ ပေး၍ တင်ပြလိုပါသည်။ ထိုသို့ တင်ပြရခြင်း မှာလည်း တိုင်းပြည်၏နောင်အနာဂါတ်အရေးအတွက် ကျရောက် လာမည့်အန္တရာယ်ဆိုးများကို ကြို တင်ကာကွယ် နိုင်ရန်အတွက် တင်ပြရခြင်းဖြစ် ပါသည်။

တကယ်တော့ ဇော်ဦးဟာ ဥပမာနဲ့ပြောရလျှင် - တော်လှန်ရေးအစကနဦးကတည်းက ယနေ့ထက် တိုင် အောင် အခွင့်အရေးများကို အဆင့်ဆင့်စားသုံး အသက်ရှင်သန်ကြီးထွားလျှက်ရှိနေသည့် လူ၏မစင်နှင့် တိရိစ္ဆာန် မစင်များကြားတွင် သံသရာ လည်ကျက်စားသော ကပ်ပါးသံကောင်များကဲ့သို့ နိုင်ငံရေး အကျင့်ပျက်သံကောင် များ ထဲမှ သံကောင်တစ် ကောင်ဖြစ်သည့် ဇော်ဦးအကြောင်းနှင့် ထိုသူ၏ ကိုယ်ကျိုး ရှာလုပ်ရပ် သည်မြန်မာ နိုင်ငံ၏ အနာဂတ်အန္တရာယ် ဖြစ်လာနိုင်သည့် အကြောင်းကို ဦးစွာပထမ ဖော်ပြ လိုက်ပါသည်။

ကျောင်းသားတပ်မတော် (ABSDF) ဘုရားသုံးဆူစခန်း ပြိုကွဲရခြင်း။
၁၉၈၈ ခုနှစ် ကာလ ဇော်ဦးသည် ဘုရားသုံးဆူစခန်းဥက္ကဌအနေဖြင့် ခံယူကာ အပြည်ပြည်ဆိုင်ရာမှ အထောက် အပံ့အားလုံးကို တစ်ဦးတည်းချုပ်ကိုင်ကာ ငွေစာရှင်းလင်းခြင်း၊ ရရှိသည့် ငွေကြေးပမာဏ များအား ရှင်းလင်းစွာ အသိပေး ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ တာဝန်ခံတစ်ဦးအနေဖြင့် ချုပ်ကိုင် ထားကာ စခန်းမှ ရဲဘော်များအား တပည့်မွေးဆရာမွေးစနစ်ကိုကျင့်သုံးခဲ့ပါသည်။ စခန်းရှိရဲဘော်များ ငှက်ဖျားရောဂါ ခံစားနေ ရမှုများ၊ ငတ်မှုခေါင်းပါးမှုများ ရာသီဥတုဒဏ်များကြောင့် အသေအပျောက်များ ခြင်း စသည့် ဆင်းရဲဒုက္ခများခံစား နေရချိန်တွင် စခန်းတွင် တစ်ပတ်ထက်မကျော်သောရက်များဖြင့် နေ့ လာညပျောက် စခန်းဥက္ကဌ လုပ်ခဲ့ပါ သည်။ စခန်းသို့ လာရောက်စဉ်တွင်လည်း သူ၏အကောင်း စားအ၀တ်အစား အသုံးအဆောင်များအား အ၀တ်အစားအဟောင်းများနှင့်လဲလှယ်ဝတ်ဆင် ပြီးတကယ်ပင် ပင်ပန်းပန်းပေပေရေရေဖြင့် အများအကျိုး လုပ်နေဟန်ဆောင်ထားသောရုပ်ဖြင့် စခန်းသို့ဝင်လာခဲ့ ပါသည်။ ဤကာလတွင် ညီညွတ်မျှတမှုမရှိသည့် ဖြစ်ရပ်များမှာ စခန်းရှိ ရဲဘော်များ စားရမဲ့သောက်ရမဲ့ဘဝ ဖြစ်နေချိန်တွင် ၎င်းမှ စခန်းတွင်နေထိုင်မှုမရှိဘဲ စံခရဘူရီမြို့ တွင် သူ၏နောက် လိုက်နောက်ပါများဖြင့် ၀ါးဖောင်တည်း ခိုခန်းတွင်ပြည်တန်ဆာများနှင့် ပျော်ပါး ခြင်း၊ ဘန်ကောက် မြို့ တည်းခိုခန်းများတွင်လည်း အတိုင်းအဆမရှိ သုံးဖြုန်းစားသောက်နေထိုင်ခဲ့သည်။ မိမိလုပ်ငန်းစစ်ဆေးရေး တာဝန်ယူစဉ်အခါက ABSDF ရုံးခန်းရှိသော်လည်း ဗဟိုနှင့်အဆက်အသွယ်မလုပ်ဘဲ ဘန်ကောက်မြို့ ပါ တနာကန်ရပ်ကွက်တွင် အခန်းတစ်ခန်းငှားထားကြောင်းကို သိရှိခဲ့ရသည်။ ထိုစဉ်အခါက ဘတ်ငွေ တ သောင်းတစ်ထောင် အိမ်လခပေးရန်လိုကြောင်း မိမိအားတင်ပြလာသည်။ ထိုအခန်းသည် ရဲဘော်များ ဘန်ကောက်ရောက်လျှင် တည်းခိုရန်အတွက် ဖွင့်ထားသည့်အခန်းဟုသိရှိရသည်။ ထို့ကြောင့် ၎င်းအခန်း ခပေးရန်လိုသည့်အတွက် မိမိအားစိုက်ထုတ်ပေးရန် ပြောခဲ့သဖြင့် မိမိမှပေးခဲ့ပါသည်။ မယုံကြည်သော်လည်း အုပ်စုကွဲပြီး စခန်းမတည်ငြိမ်မှုများ ဖြစ်မည်ကိုစိုးရိမ်သဖြင့် ထိုငွေအား ပေးခဲ့ခြင်းဖြစ်သည်။ နောင်မှ ထိုအခန်းကိုအခြား တနေရာမှ ထောက်ပံ့မှုဖြင့် ငှားထားကြောင်း သိရှိခဲ့ရ ပြန်ပါသည်။ ၎င်းသည် ထိုအခန်း တွင်နေထိုင်ရုံမျှမက ဦးတင်မောင်ဝင်း၏နေအိမ်တွင်လည်း တခါတရံသွားရောက် နေထိုင်ခဲ့ပြီး တယ်လီဖုန်း များကို မြန်မာပြည် သို့ ခိုးဆက်ခဲ့ရာ ဖုန်းဘေလ်ဆောင်သည့် အခါမှ ဘတ်ထောင်သောင်းချီကျနေပြီး ဇော်ဦး ခိုးဆက်ထားမှန်းဦးတင်မောင်ဝင်းကသိရှိခဲ့ရသည်ဟုပြောပြသဖြင့် ABSDF ရဲဘော်တဦးအနေဖြင့်သူ့ အစား ရှက်ခဲ့မိပါသည်။ ၎င်းမှစခန်းရှိရဲမေများအား ဘန်ကောက်သို့ ဆေးကုပေးရန်အတွက် အကြောင်း ပြ၍ လည်း ကောင်း၊ ဒုက္ခသည် အဖြစ်လည်းကောင်းလျှောက်ထားပေးရန် ခေါ်ဆောင်သွားပြီး စခန်းသို့ ပြန်ရောက် လာသည့် အခါ မျက်ရည်နှင့်မျက်ခွက် ဖြစ်နေခဲ့သည်ကိုမျက်မြင်တွေ့ခဲ့ရသည်။ ထို့အတူ အချို့မစို့တစို ယောင်္ကျားလေးများပင် အခြောက်ဘ၀သို့ သက်ဆင်းခဲ့ရသည်။ နဂါချိဆန်(ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးသွားသောဂျပန်သတင်းထောက်)နှင့်အဖွဲ့ ဘုရားသုံးဆူစခန်းသို့ လာစဉ်အမဲသားဝယ်ကျွေး သဖြင့်ရဲ ဘော်များ တယောက်တတုံး ရကြသည်၊ ထွန်းနိုင်တို့ညီအကိုကတတုံးဘဲမျှစားကြပြီး ကျန်တတုံးကိုသိမ်း ထားရာတွင်၊ ဘောကြီးဆိုသူကခိုးစားသည်ကိုသိပြီးထိုးမည်လိုက်သည့်အခါကြောက်လန့်စွာထွက်ပြေးသ ဖြင့် ရန်သူမှဖမ်းမိပြီး အသတ်ခံလိုက်ရသည့်အဖြစ်မှာရင်နာစရာကောင်းလှသည်။ စိတ်မကောင်းစရာ ဒီအကြောင်း ကို ပြန်ပြောရတာက အဲဒီအချိန်က စခန်းရှိကျောင်းသားတွေရဲ့ ဆင်းရဲခေါင်းပါးလှတဲ့အချိန်မှာ လူလည် လူလိမ် ဇော်ဦးတယောက်ကတော့ ဘယ်သူတွေ ဘာဖြစ်နေနေ ကိုယ်သက်သာရာ ရကြောင်း ကောင်းကောင်းနေ ကောင်းကောင်းစားရဖို့ အရှက်မရှိ အဲဒီလိုလုပ်ခဲ့တယ်ဆိုတာကို သိစေချင်လို့ တင်ပြရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ရဲဘော်များ ငတ်လွန်းမကငတ်နေသည့်ဘဝ၊ဆားများလွန်းသဖြင့် ယင်ကောင် ပင်မနားသည့် “ယင်မနားငပိ” ကိုစားရသည့်ဘဝ၊ ဘုရားသုံးဆူတဝိုက်ပေါက်နေသော စိမ်းစိမ်းအပင်မှန် သမျှကို စားနေရသောဘဝ၊ ဝတ်စရာမရှိသဖြင့် မဲနှိုက်၍ထမီပေါက်လျှင် ရသောထမီကို သာဝတ်ရသောဘဝ နှင့် ဖြစ်သလိုနေခဲ့ကြသော ရဲဘော်များဘဝကို ဇော်ဦးတို့က ဂရုမစိုက် အရေးပင်မလုပ်ခဲ့ချေ။ (ထိုကဲ့သို့ ABSDF ရဲဘော်များအပေါ် ခုတုံးလုပ်ကိုယ်ကျိုးရှာအမြတ်ထုတ်သွားသည့် ဇော်ဦးသည်မြန်မာနိုင်ငံသိုပြန်ပြီး သတင်း မီဒီယာကို အသုံးချ၍ သူသည် ABSDF ခေါင်းဆောင် ဟုပြောသည်ကိုကြားရသည့်အခါ ကျွန်တော်အပါ အဝင် ရဲဘော်များအ လွန်ခံပြင်းဒေါသ ထွက်ခဲ့ကြ ရပါသည်။) ထိုကဲ့သို့ရဲဘော်ရဲမေများ အား နည်းချက်၊ ငွေကြေး ချို့တဲ့မှုများကိုအခွင့်ကောင်းယူခဲ့သည့် တကိုယ်ကောင်းသမား၊ တော်လှန်ရေးရဲဘော်၊ ရဲမေများများအပေါ် စည်းမထားဘဲ လူမှုရေးအရ အကျင့်ပျက်ဖေါက်ပြန်နေသောဇော်ဦးအကြောင်းကို၊ ကိုအောင်သူငြိမ်းတို့ (ယခု ဗဟုအဖွဲ့ဝင်များ) မှ သိရှိပြီးစခန်းတွင် စတင်ဆန့်ကျင်လာပြီး ပြဿနာများ တက်လာခဲ့သည်။ ဇော်ဦးနှင့် သူပေးကျွေးထားသောအခွင့်ထူးခံအဖွဲ့တို့နှင့် အခြေအတင်ဖြစ်ပြီးနောက် စခန်းမတည် မငြိမ်စဖြစ်လာခဲ့သည်။ ထို့နောက် ဇော်ဦးအား စခန်းဥက္ကဌအဖြစ်မှ ဖြုတ်ချကာ အောင်သူငြိမ်းအား ဥက္ကဌအဖြစ်တင်ခဲ့သည်။ ဤအချိန်တွင် အလှူရှင်တချို့မှ စစ်သင်တန်း ဆင်းပွဲအတွက် အချိန်မှီလှူထားသည့်ယူနီဖောင်းများကို ဇော်ဦးမှလက်ခံထားရှိပြီးဖြစ်သော်လည်း ၎င်းဥက္ကဌမဟုတ် တော့သည့်အတွက် စခန်းသို့ နောက်ကျမှပေးပို့  ခဲ့သည်။ ထို့ ကြောင့် ရဲဘော်များမှာ ပုဆိုးခါးထောင်းကျိုက်၍ သင်တန်းဆင်းခဲ့ကြရသည်။
သင်တန်းဆင်းပွဲဓါတ်ပုံဖလင်များကိုလည်း မတော်တဆဟုဆိုကာ သမိုင်းဝင်ဖလင်များကို ယုတ်မာစွာဖျက်စီး ပစ်ခဲ့သည်။ ထိုမှစ၍ အောင်သူငြိမ်းတို့သည်ဇော်ဦး၏ဆန့်ကျင်ဘက် အုပ်စုတစ် စုအနေဖြင့် ရပ်တည် သွား တော့သည်။ ဤပြသနာများကြောင့် စခန်းတွင်းရှိရဲဘော်အချင်းချင်း အာပီဂျေနှင့်ပစ်ခတ်သည့်အ ဆင့်သို့ရောက်ရှိပြီး ဗုံးသီးမပေါက်ကွဲခဲ့သဖြင့်သာ ရဲဘော်များအသေ အပျောက်မဖြစ်ခဲ့သော်လည်း ကြီးမား သည့် စိတ်ဝမ်းကွဲသည့်ပြဿနာဖြစ်ပေါ်ခဲ့ပါသည်။ ထိုကြောင့် ဗဟိုမှ တာဝန်ရှိသည့် ဒေါက်တာ သောင်းထွန်း မှ လာရောက်စစ်ဆေးရာ ဒညတမှ ပိုက်ဆံများယူပြီး လူတွင်ကျယ် လာလုပ်သည့် ဇော်ဦးကြောင့် ထိုပြဿနာများဖြစ်သည်ကို သိရှိသွားသည်။ ထို့အတူ စခန်းမှ လူများသည်လည်း ဖရိုဖရဲဖြစ်ကာ ဒုက္ခသည် လျှောက်သူများ၊ ပြည်တွင်းပြန်ဝင်သူများ၊ အခြားစခန်းသို့ပြောင်းရွှေ့ သူများ၊ စခန်းမှ ထွက်၍ ထိုင်းနိုင်ငံ တွင်းသို့ဝင်ရောက်အလုပ်လုပ်ကိုင်သူများ အများအပြားဖြစ်လာပြီး စခန်းတွင် မိုးဗြဲဒယ်အိုး (၆) အိုး ချက်နေ ရာမှ (၂) အိုးသာ ချက်ရတော့သည့် အဖြစ်သို့ ရောက်ရှိခဲ့ရတော့သည်။

ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) ပြိုကွဲသွားခြင်း
၎င်းနောက် ပိုင်းတွင် ငွေကြေးတောင့်တင်းသည့် ဒညတအဖွဲ့တွင် လျှိုဝှက်အဖွဲ့ဝင်ဘဝမှ အတွင်းရေး မှူးအဖွဲ့ဝင်အဖြစ်ဗြောင်လုပ်ကိုင်လာသည်ကိုတွေ့ခဲ့ရသည်။ ဇော်ဦး ဒညတတွင် နေထိုင်စဉ် ကာလတွင် လည်း အောက်ခြေရဲဘော်များအားထိုင်းရဲမှ မကြာခဏဖမ်းခံရချိန်တွင် ဇော်ဦးမှ မြန်မာနိုင်ငံကူး လက်မှတ် အတု (Passport) ကို သူကိုယ်တိုင်အတုလုပ်ကိုင်ပြီး (Passport) အတုများကို ထည်လဲကိုင်ဆောင်နေသဖြင့် ရဲဖမ်းခြင်းမှ လွတ်အောင်နေခဲ့သည်။ ထိုသို့  ဇော်ဦး ဒညတ ၀င်ရောက်သွား သည်နှင့် ဒညတတွင် လည်း ငွေကြေးချစားမှုများ၊ မညီညွတ်မမျှတမှုများ ဖြစ်ပေါ်တိုးတက်လာကာ အောက်ခြေရဲဘော်များဖြင့် ညီညွတ် ရေးပြိုကွဲခဲ့ကြရသည်။

နိုင်ငံရေးကျောင်းသားများ၏အညွန့် ကိုခူးစားခြင်း
၁၉၉၃ ခုနှစ်ကာလများအတွင်း - ကျောင်းသားများသည် တောတွင်းတိုက်ပွဲအပြင် ဘန်ကောက်၌ နိုင်ငံ ရေးတိုက်ပွဲများကို စတင်ဖေါ်ဆောင်လာခဲ့ပေသည်။ ၎င်းကာလများ၌ ထိုင်းနိုင်ငံတွင် နိုင်ငံရေး တိုက်ပွဲများ ဖြစ်သည့် သံရုံးရှေ့ဆန္ဒပြခြင်းများ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများ၊ ထောင်တွင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲများ ကို ဖေါ်ဆောင်ခဲ့ကြသည်။ ထိုအချိန်ကာလတွင် ၎င်းမှ တော်လှန်ရေးနိုင်ငံရေး အသိုင်းအ၀ိုင်းမှ မဟုတ်သော သူများအား ဒုက္ခသည်အဖြစ်လိမ်လည်၍ ကူညီလျှောက်ထားပေးခြင်းများဖြင့် အဂတိ လိုက်စားခဲ့သည်။ ထိုသို့လျှောက်ထားပေးရာတွင်အမျိုးသမီးငယ်များသည်လည်းပန်းကောင်း အညွန့်ကျိုး ဘ၀ သို့ရောက် ခဲ့ရသည်။
မြန်မာကျောင်းသားများ၏ ထိုင်းနိုင်ငံတွင်းနိုင်ငံရေးလှုပ်ရှားမှုများကြောင့် Open Society အဖွဲ့ မှ သိရှိ လာကာ မြန်မာကျောင်းသားများအတွက် ပညာတော်သင် (Scholarship) စကောလားရှစ် အစီအစဉ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုအစီစဉ်ပေါ်လာခဲ့ရာတွင်လည်း ဇော်ဦးမှ အညွန့် ခူးသွားခဲ့ပြန်သည်။ ထိုတွင်လည်း သူတဦးတည်းမဟုတ် တော်လှန်ရေးကျောင်းသားများအတွက် ပေးသည့်ပညာသင်ဆု ကိုဖြတ်ယူ၍ ပြင်ပအသိုင်းအ၀ိုင်းမှ သူချေတော်တင်ထားသည့် မိန်းခလေးငယ်များအပါအ၀င် သူနှင့်လက်သင့်ရာများကို ထည့်သွင်းလျှောက်ထားရယူစေခြင်းဖြင့် အညွန့်  ခူးစေသည်။

ကပ်ပါးသံသရာလည်ခြင်း
ထို့ နောက်ဇော်ဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီးနောက် အလုပ်အကိုင်မရ ဖြစ်နေချိန်တွင် အင်န်စီဂျီယူဘ်ီထံတွင် အလုပ်သွားလျှောက်ရာ ဒေါက်တာသောင်းထွန်း (ဒညတအား အလွန်မုန်းတီးခဲ့ သည့် သူ) ဦးစီးသည့် ၎င်းအဖွဲ့ မှ ဒညတ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သည့် ဇော်ဦးအား အလုပ်ခန့် လိုက် သည်။ ထိုမှ တဆင့် မြန်မာ့ငွေကြေးရံပုံငွေအဖွဲ့  (Burma Fund) ဘာမားဖန်တွင် ဒါရိုက်တာအဖြစ် ရာထူးတိုး မြှင့်ခန့် အပ် လိုက်ပြန်သည်။ ဤအချိန်တွင် အိမ်ယာမြေဈေးအကြီးဆုံးဖြစ်သည့် ၀ါရှင်တန်ဒီစီ နေရာတွင်မည်သို့လုပ် သည် မသိ ဇော်ဦး အိမ်တစ်လုံးပိုင်ဆိုင်သွားတော့သည်။ (ထိုအချိန်က ဒေါက်တာစိန်ဝင်း အိမ်ဌား၍ နေထိုင် ဆဲဖြစ်သည်)။ ထိုအချိန်၌တွင်ပင် ကျွန်တော်၏ မိတ်ဆွေတစ်ဦးဖြစ်သူ အမေရိကန်လူမျိုး မစ္စတာစကော်ဒီ (မြန်မာဗုဒ္ဓဘာသာလေ့လာနေသူ- University of Pennsylvania) သည် ဇော်ဦး၏အိမ်၌ ဇော်ဦးမရှိခိုက်တွင် ဇော်ဦး၏အဒေါ်ဆိုသူနှင့် အမှတ်မထင်တွေ့ခဲ့ပြီး ထိုအဒေါ်ဆိုသူမှ သူသည် နအဖအစိုးရမှ ပညာရေး အစီအစဉ်ဖြင့်လွတ်လိုက်သည့်ကိုယ်စားလှယ်ဖြစ်ကြောင်းနှင့် US State Department နှင့်တွေ့ရန် လာသည် ဖြစ်ကြောင်းကိုပြောပြခဲ့သဖြင့် ဇော်ဦးသည် ထိုစဉ်ကပင် နအဖအသိုင်း အ၀ိုင်းနှင့် အဆက်အသွယ် ရှိကြောင်းသိရှိခဲ့ရသည်။ ထိုကိစ္စကိုကျွန်တော်မှအင်စီဂျီယူဘီ နှင့်ကိုမောင်မောင်တို့ကို သတင်းပေးပို့ ခဲ့သော်လည်း မည်သည့်အရေးယူဆောင်ရွက်ကိုမျှမပြုလုပ်ခဲ့ကြပါ။ ၎င်းနောက်ပိုင်းတွင် ဘာမားဖန် ဒါရိုက်တာ မြန်မာ့ရံပုံငွေအဖွဲ့ ဦးဆောင်ညွန်ကြားရေးမှူးရာထူး နှင့်အတူ ဇော်ဦးသည် မည်သို့ လုပ်လိုက် သည်မသိ တိုတောင်း သော အချိန်ကာအတွင်း နောက်ထပ် အိမ် (၁) လုံး နှင့် ကား (၁) စီးကို ပိုင်ဆိုင်ခဲ့ တော့သည်။
BurmaFundဒါရိုက်တာအဖြစ်လုပ်ကိုင်နေစဉ် နှစ်၂၀တိုင်တိုင်ငွေစာရင်းရှင်းတမ်းကိုပြည်သူသို့မချပြသည့် ကမ္ဘာ့အသက်တမ်းအရှည်ဆုံး ညွန့်ပေါင်းအစိုးရ ဝန်ကြီးများအဖွဲ့ အရှိန် ဖြင့်ပေးလာသောထောက်ပံ့ငွေများ၊ အဆက်အသွယ်များ၊ ဒိုနာများ၊ နှင့်ချိတ်ဆက်မိပြီးသည့်နောက် ဟန်ညောင်ရွှေက အင်န်စီဂျီယူဘီမှ ခွဲထွက်ပြီး Euro-Burma Office ဆိုကာတစင်ထောင်သလို ဇော်ဦးကလည်းအင်န်စီဂျီယူဘီကို ခြေစုံကန်ပြီး ဘားမားဖန်မှ နှုတ်ထွက်သွားကာဟားဗတ်အုပ်စုအားငွေပေးဝယ်ယူခါ ဗဟုအဖွဲ့ကို ဖွဲ့စည်းပြီး တစင် ထောင်လိုက် ပြန် သည်။ ယ္ခင်ကဇော်ဦးအားသူ၏အကျင့်ပျက်မှုကြောင့် ဆန့်ကျင်ခဲ့ကြ သောကိုအောင် သူငြိမ်း၊ ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦးတို့သည်ယနေ့တွင်ဇော်ဦးကို အလုပ်အကျွေး ပြုနေကြသည့်လခ စားများဖြစ်နေကြသည်မှာ နားမလည်နိုင်စရာ သံဝေဂတရားလို့ပဲ မှတ်ရပါတော့သည်။ ဤနောက်ပိုင်းတွင် ဘားမားဖန်မှ ဇော်ဦး နှင့် ဥရောပ ဟန်ညောင်ဝေတို့ ချိတ်ဆက်ကာ ဘဏ္ဍာရေးသော့ တစ်ချောင်းစီ ဖလှယ်လိုက်ကြသည်။ ယခုအချိန် တွင် ဘာမားဖန် ဒါရိုက်တာနေရာ တွင် ဇော်ဦးအစား ဒေါက်တာသောင်းထွန်းမှ လုပ်ကိုင်စားနေသည်။ ဤအချက်များကိုကြည့် လျှင် လူ့ဝမ်းထဲမှ မစင် နှင့်ရော၍ကျလာသောကပ်ပါးကောင် တုတ်ကောင် သန်ကောင် (Parasites) များကို ကြက်၊ ၀က် ဘဲ ငါး သတ္တ၀ါများမှ စား၍ ထိုသတ္တ၀ါများအား လူများမှပြန်စားကြကာ မစင်နှင့် အတူ သံသရာလည်နေသော သံကောင်တုတ်ကောင်ကပ်ပါးကောင်များ သကဲ့သို့  ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။
၎င်း မစင်သံသရာလည် ကပ်ပါးကောင်များဖြစ်ကြသည့် ဇော်ဦး နှင့် ဗဟုအဖွဲ့ဝင်တို့သည် ဟန်ညောင်ဝေတို့ နှင့် ပေါင်းစည်းမိကာ မြန်မာ့နိုင်ငံရေးတွင် အရေးကြီးလှသော Vote No, No Vote ကိစ္စတွင် ပညာရှင် များအဖြစ်တစ်စခန်းထ ၀င်ရောက်စွက်ဖက်ကာ ဂန်ဘာရီထံဝင်ရောက်ဆက်နွယ်၍ ဂန်ဘာရီမစင်ပါချရာမှ တဆင့် ကြပ်ပြေးအိမ်သာထဲသို့၎င်း ကပ်ပါးကောင်များရောက်သွားတော့သည်။ ထိုမှတဆင့် အီလစ်အဖွဲ့ ကို ၀င်ရောက်ကာ အသက်သွင်း၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအားထောက်ခံရန် ကမ္ဘာပတ်၍စည်းရုံးခဲ့သည်။ ထိုအချိန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာနေသည့်အတွက်ကြောင့် တွေ့ ဆုံဆွေးနွေးရေးက ခက်နေတာဟု ဇော်ဦးမှ ကျွန်တော့်အား လော့စ်အိမ်ဂျယ်လီမြို့တွင် ပြောခဲ့ပါသည်။ ဗဟုအဖွဲ့ဝင်အောင်နိုင်ဦး မှလည်းဆရာ့လေသံနင်းပြီး ဒေါ်စုခေါင်းမာနေတာကြောင့်ဟု ဆောင်းပါးများရေးခါ ဒေါ်စုကိုဆရာဇော်ဦးအလို ကျ ပုတ်ခတ်တိုက်ခိုက်ခဲ့သည်။
မစင်ကပ်ပါးသံကောင် ဇော်ဦးသည် သူ၏ မိဘ (၂) နှစ်ပါးစစ်တပ်အရာရှိကြီးများ၊ ဦးလေးတော်သူ ဦးလင်းမြိုင် (နအဖ၊ န၀တ သံအမတ်ဟောင်းUSA) တို့၏ အရှိန်အ၀ါ အဆက်အသွယ်များနှင့် ဆွေမျိုးမိ သင်္ဂဟများမှတဆင့် နိုင်ငံတော်အကြံပေးအဖွဲ့၊ အခြားနိုင်ငံရေး ပါတီအဖွဲ့ အစည်း များ၏ အတွင်းသို့ ၀င်ရောက်ကာ တိုင်းပြည်တွင်း၌ ဒုက္ခပေးရန်အတွက် စတင်နေသည်။ ပထမဆုံးခြေလှမ်းအဖြစ် ကြပ်ပြေး နေပြည်တော်၌လုပ်သည့် အမျိုးသားစီးပွားရေး အလုပ်ရုံအစည်းဝေးတွင် အာဆီယံစီးပွားရေး ကွန်မြူ နတီ ( Asian Economic Community) မှရေးထားသည့် "အခွင့်အလမ်းနှင့်စိန်ခေါ်မှု" (Opportunity  and Challenging )   ဆိုသည့်စာတမ်းကို သူရေးထားသယောင်နှင့် ခတ်တည်တည် တက်၍ဖတ်ခဲ့ပါသည်။ ထိုကဲ့သို့ ပညာ ခိုးမှု ( Plagiarism ) လုပ်ဆောင်ခြင်းကို ဘာမှမသိ သောနိုင်ငံ ရေးအကြံပေးအဖွဲ့ ဆိုသူများမှ အထင်တကြီး နှင့်ခွင့်ပေးခဲ့သည်ကိုလည်း သတိထားသင့် ပါသည်။ (ပူးတွဲဖေါ်ပြပါ ဖိုင် ၂ ခုကိုဖွင့်၍နှိုင်းယှဉ် ကြည့်နိုင်ပါသည်)
ထို့ အတူ သတင်းမီဒီယာများ နှင့်ပူးပေါင်းလုပ်ကြံ၍ ဇော်ဦးသည် ABSDF ကျောင်း သား ခေါင်းဆောင် ဟုသုံးစွဲ ထုတ်လွှင့်အင်တာဗြူးနေခြင်းများသည်လည်း လွန်စွာမှ စက်ဆုတ်ရွံ့ရှာဖွယ် ကောင်းသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ အတွင်း၌ ယခုကဲ့သို့ ပညာရှင်များဟု အရေခြုံကာ မစင်ကပ်ပါးသံကောင်များမှ ၀င်ရောက်လာခြင်းကို ကြီးစွာသတိထားရှိရန် အသိပေးလိုသည်မှာ ၎င်းတို့သည် မည်သည့်လုပ်ငန်းသက်တမ်း အတွေ့ အကြုံများ စိုးစဉ်းမျှမရှိခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြား နေခြင်း၊ ရဲဘော်ရဲဘက် မောင်နှမသားချင်းစာနာစိတ်မရှိခြင်း၊ ငွေကြေးချစားခြင်း စသည့်အချက်များ နှင့် ပြည့်စုံနေသူများဖြစ်ကြောင်းကို သတိပေးအပ်ပါသည်။
ထို့ အတူ ပညာရှင်ဟုဆိုရာတွင်လည်း ဘွဲ့ရကျောင်းပြီးသူများအားလုံးကို ပညာရှင်ဟုမသတ်မှတ်နိုင်သလို ဘွဲ့ မရဘဲ ပညာရှင်ဖြစ်သူများလည်းရှိကြပေသည်။ ဥပမာ - အမေရိကန် နိုင်ငံ ကွန်ပြူတာပညာရှင် Steve Job စတီ့ဗ်ဂျော့ ဆိုလျှင် တက္ကသိုလ်ဘွဲ့ ကောင်း ကောင်းမရရှိခဲ့ဘဲ ကမ္ဘာကျော် ကွန်ပြူတာ ပညာရှင် တဦး ဖြစ်ခဲ့သည်မှာ သူ၏ကျိုးစားစိတ်၊ ရိုးသားစိတ် နှင့် လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့်ဖြစ်ပေသည်။ ထို့ အတူ ကွန်ပြူတာပညာရှင် Microsoft တီထွင်သူ Bill Gate ဘေးလ်ဂိတ် သည်လည်း အပါအ၀င်ဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင် (Phil Maung) (အမေရိကန်နိုင်ငံတွင် ဘွဲ့ မရသူ) ကို အမေရိကန်နိုင်ငံစီးပွားရေးကျနေချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများတိုးတက်၍ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်လာသည့်အတွက်ကြောင့် အမေရိ ကန်သမတ အိုဘားမား နှင့် လွတ်တော်အဖွဲ့ တို့ မှ ခေါ်ယူတွေ့ ဆုံမေးမြန်း စုံစမ်းဂုဏ်ပြု၍ စီးပွားရေးပညာရှင်ဟုသတ်မှတ် လိုက်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ တိုင်းပြည်တွင် ခေတ်နောက်ကျနေသည့် အတွေး အခေါ် တချို့ ကို ယနေ့  အချိန်ကာလမှာ ပြင်သင့်သည်ကို ပြင်ရမည်ဖြစ်ပါသည်။

နိဂုံးအားဖြင့် ဇော်ဦးတို့လို မစင်စား သံကောင်များရှိသည့်အစာကို စားမိလျှင် စားမိသည့် သူများအား လုံး ဒုက္ခဘေးနဲ့ သာကြုံတွေ့ရမည်ကို အထက်ဖေါ်ပြပါ အချက်များအရ ဆင်ချင်သုံးသတ် သတိထားပြီး ဤ အန္တရာယ်ကို ကာကွယ်ရန်မှာ တာဝန်သိသူများတွင်တာဝန်ရှိကြောင်း နှင့် နောင်အနာဂါတ် တိုင်း ပြည် အန္တရယ်များ အတွက် ကြိုတင်ကာကွယ်နိုင်ရန် အသိပေး တင်ပြအပ်ပါသည်။


မူးသာ
၁၀၁ ဘုရားသုံးဆူစခန်း
အောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်။

မှတ်ချက်။
နောင်အနာဂတ်တိုင်းပြည်ဒီမိုကရေစီပြန်လည်ထွန်းကားချိန်တွင်သန့်ရှင်းစင်ကြယ်စွာဖြင့် လုပ်ဆောင် နိုင်ရန် ဖေါ်ပြပါ မစင်စားသံကောင်များကဲ့သို့ နိုင်ငံရေးအကြောင်းပြု အကျင့်ပျက်ချစားနေသူများအား မိမိ အနေ ဖြင့် ဆက်လက်ဖေါ်ထုတ် တင်ပြသွားမည်ဖြစ်ပါသည်။
Muthar's Experence

ကြော့ကွင်းထောင် သတ်ကွင်းလုပ်ဖို့  ဥပဒေကို လုပ်နေကြသော်လည်း

ကြော့ကွင်းထောင် သတ်ကွင်းလုပ်ဖို့  ဥပဒေဖြစ်နေသော်လည်း
နိုင်ငံတ၀ှမ်း ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ကြရန် လွှတ်တော်အတွင်း ဥပဒေရေးဆွဲ စည်းဝေးနေကြပြီ ။ ဆိုတော့ ဖြစ်လာနိုင်ခြေ ရှိသည်များကို တွက်ချက်ထားနေသည်ကိုလည်း တွေ့ ရသည်။ ရဟန်းင်္သဃာတော်တွေကိုလည်း တားမြစ်ပိတ်ပင်တာတွေ တွေ့ ရသည်။ မည်သို့ ပင်ဆိုစေ ငြိမ်းချမ်းစွာ ဆန္ဒပြကြရန်အတွက် လွှတ်တော်အတွင်း ဆွေးနွေးခြင်းမှာ ကောင်းပါသည်လို့  ပြောရတော့မည် ။ သည်တော့ ကျွန်တော်တို့ က နိုင်ငံတကာ အတွေ့ အကြုံတွေကို ဖေါက်သည်ချပေးရန်လိုသည်။ ယခုဆွေးနွေးနေသူများမှာ ဆန္ဒကြောင့် ဆွေးနွေးနေခြင်းများဖြစ်၍ နိုင်ငံတကာ အတွေ့ အကြုံရှိသူများ မဟုတ်ကြ ။ တခုတော့ ရှိသည် ။ စစ်အစိုးရ၏ ရုပ်သေးအစိုးရထဲမှာ သမတဦးသိန်းစိန် အပါအ၀င် မောင်မင်းကြီးသား ၀န်ကြီးတွေမှာ နိုင်ငံတကာရောက် ဒီမိုကရေစီအတိုက်အခံများ၏ ဆန္ဒပြခြင်းများကို ရေရေလည်လည် နားလည်သည်။ သူတို့ မှာ မျက်ဝါးထင်ထင် ခံစားခဲ့ ကြပြီးပြီ ။ အရသာခံစား ခဲ့ ကြပြီးပြီ ။ သို့ သော် ကျွန်တော်ပြောချင်သည်မှာ အဓိက ဆန္ဒပြခဲ့ ကြသူများနှင့် နိုင်ငံတကာ အစိုးရများ၏ ဆောင်ရွက်ချားများကို ပြောချင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြမည်ဆိုပါက နယူးဒေလ်ီမြို့ လယ် ပါလီမန်အဆောက်အဦး နားမှာ လူစုလူဝေး စီတန်းလှည့်လည် ဆန္ဒပြခွင့်ရှိသည်။ ထိုင်သပိတ်ပြုလုပ်ခွင့် ရှိသည်။ မဏ္ဍပ်ထိုး၍ ညအိပ်ညနေ ဆန္ဒပြခွင့် ရှိသည်။ အစာငတ်ခံ ဆန္ဒပြခွင့် ရှိသည်။ အကယ်၍ အစာငတ်ခံ ဆန္ဒပြလျှင်ဖြင့် အစိုးရမှ ဆရာဝန်များကို စီစဉ်ပေးထားရသည် ။ လမ်းမပေါ်တွင် စီတန်းပြီး မိုင်ရှည်လမ်းလျှောက်သွားပြီးမှ မြို့ လယ် ဆန္ဒပြရန် ခွင့်ြ့ပုထားသောနေရာသို့  ပိုစတာထောင်ပြီး သွားခွင့်မပြုချေ ။ ပိုစတာမထောင်ဘဲမူ သွားရသည် ။
အသံချဲ့ စက်သုံးပြီး ဆိုင်းဘုတ်ထောင် ပိုစတာထောင်က ဆန္ဒပြခွင့်ကို ရဲတွင် ပါမစ်ခွင့်ပြုချက် ယူရသည်။ တပါတ်ကြိုတင်ပါမစ် တောင်းရခြင်းမျိုး ရှိတတ်သည်။ များသောအားဖြင့် အရေးပေါ်ဆန္ဒပြပွဲ ကြုံလာလျှင် ရဲထံတွင် လျှောက်လွှာများဖေါင်ဖြည့်ပြီး ပါမစ် ယူလိုက်ရုံဘဲ ရှိသည်။ မည်သူက တာဝန်ခံဆိုသည်ကိုမူ လက်မှတ်ထိုးပြီး ရေးထားခဲ့ ရုံဘဲ ဖြစ်သည်။ မည်သူက မည်သို့  ဟောမည် သို့ မဟုတ် မည်သူက မည်သည့်အကြောင်းအရာကို ဟောမည်ကို မည်သို့ မျှ ရေးစရာမလို ၊ သံတော်ဦးတင်စရာမလို ။ အဓိကမှာဆန္ဒပြခွင့်ကို ပါမစ် လျှောက်ထားခြင်းဖြစ်သည်။ အကြမ်းဖက်ခြင်း အဓိကရုဏ်းဖြစ်ခြင်းမျိုး မဟုတ်ဘဲ ဆန္ဒပြခြင်းကို မည်သည့်အစိုးရကမျှ မလိုက်လျှောစရာမလို ။ ကြောက်ရွံ့စရာမလို ။ ဒီမိုကရေစီနိုင်ငံများတွင် အတိုက်အခံပါတီနှင့် အစိုးရဆိုသည်မှာ ထာဝစဉ်ရှိသည်။ လွှတ်တော်အတွင်း ညီလာခံ၌ ပြောဆိုကြသလို့  ပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ဆန္ဒပြရန် လမ်းပေါ်ထွက်လာကြတတ်သည်။ အစိုးရမှ စီစဉ်ခွင့်ပြုထားသော နေရာတွင် ဆန္ဒပြခွင့်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရှိ ဂျန်တားမန်တာ ပန်းခြံရှေ့ရှိ လမ်းမပေါ်တွင် ပြခွင့် ပြုထားသည် ။ လမ်းမကြီးတလျောက်ရှိ လမ်းပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြသူများမှာ နေ့ ရောညပါ ရှိသည်။ ညအိပ်ညနေ ပြနေသူများရှိသည်။
ဆန္ဒပြသူများမှာ သမတကိုကော ၀န်ကြီးချုပ်ကိုကော သက်ဆိုင်ရာကြေညာချက်များကို ပေးနိုင်သည်။ ယင်းကြေညာချက်များကို ပို့ ပေးနိုင်အောင် ရဲများက ကားနှင့် လိုက်ပို့ ပေးသည် ။ ဆန္ဒပြသူများက မည်သူမဆို ရဲကားနှင့်လိုက်ပါပြီး မိမိတို့ ပေးချင်သော သမတ ၊ ၀န်ကြီးချုပ်ရုံးတွင် စာလက်ခံဌါန၌ ပေးပြီးမှ ဆန္ဒပြနေသည့် နေရာကို ပြန်လာရသည်။ မြန်မာနိုင်ငံအစိုးရကို ဆန္ဒပြလျှင် ကြေညာချာကို မြန်မာသံရုံးထိ သွားနိုင်အောင် ရဲကားများမှ လိုက်လံပို့ ပေးရသည်။ တရုပ်နိုင်ငံကို ဆန္ဒပြလျှင် တရုပ်သံရုံးသို့  ရဲကားမှ လိုက်ပို့ ရသည်။ ရဲကားများမှာ လုံခြုံရေးအတွက် လိုက်ပါပို့ ဆောင်ပေးခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံ နယူးယောက်မြို့ တွင် ဆန္ဒပြမည်ဆိုပါက တပါတ်ခန့်  ခွင့်ပြုချက်ပါမစ် ယူရသည်။ အင်တာနတ်ဖြင့် အီးမေးလ်ပို့ ကာ လျှောက်လွှာတင်လိုက်က ရသည်။ ပါမစ်ခ-၂၀ -ဒေါ်လာ ပေးရသည် ။ ယင်းကဲ့ သို့  အင်တာနတ်ဖြင့် လျှောက်သည့် ပါမစ်မှာ ဆိုင်းဘုတ်ထောင် ၊ ပိုစတာထောင်နှင့်
အသံချဲ့  စက် မိုက်ဖြင့် ဆန္ဒပြမည်ဆိုလျှင် ပေးရခြင်းဖြစ်သည် ။ အသံချဲ့ စက်မိုက်မပါဘဲ သံရုံးရှေ့သွားကာ ဆန္ဒပြမည်ဆိုလျှင် တပြားမှ ပေးစရာမလို ။ ကြေညာချက်တွေကို မြန်မာသံရုံးမှာ ပေးစရာမလို ။ အင်တာဗျူးတွေမှာ အင်တာနတ်တွေမှာ ပါရှိသားဖြစ်နေ၍ မြန်မာစစ်အစိုးရမှာ သိရှိပြီးသား။
ဆန္ဒပြနေသည်ဆိုရာမှာ သက်ဆိုင်ရာအကြောင်းများကို ဆောင်ရွက်စေလို၍ဖြစ်သည်။ ထို့ ကြောင့်ယင်းအစိုးရများမှာ သူတို့ နှင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌါနများက ဆက်လက်ပြီး ဆောင်ရွက်ကြတတ်ရသည်။ ရေဒီိယိုများမှလည်း ဆောင်ရွက်မှု ပြီးစီးမှု ရှိမရှိ အသံလွှင့်နေတတ်သည်။ သတင်းစာများမှလည်း ဖေါ်ပြနေတတ်သည်။ မဆောင်ရွက်ပေးသမျှ ဆန္ဒပြနေတတ်သည်။ ဆန္ဒပြရန်အတွက် ပါမစ်တင်ပြီး စောင့်နေရမည့် အချိန်များကို မည်သူမျှ မစောင့်စားချင် ။ ထို့ ကြောင့် အရေးပေါ်ဆန္ဒပြကြမည်ဆိုလျင် ဆန္ဒပြခွင့် ပြုထားသောနေရာကိုသာ သွားစရာဘဲ ရှိကြသည် ။ ဆန္ဒပြနေသည်ဆိုရာမှာ အချိန်ကာလနှင့် အထူးတိုက်ဆိုင်သည်။ နိုင်ငံရေးပြသနာများကို မြန်မြန်ထက်ထက် လုပ်စရာများကို လုပ်ရသည့်အခါလည်း ရှိသည် ။ အချိန်ယူပြီး လုပ်ရသည့်အခါလည်း ရှိလည်း ရှိသည် ။ ထို့ ကြောင့် ဆန္ဒပြသောသူများအား အဆင်ပြေစေရန် သက်ဆိုင်ရာ ဒီမိုကရေစီနိုင်ငံများတွင် နေရာ ဒေသများကို ခွင့်ပြုချက်များရှိသည် ။ မည်သည့်နေရာတွင် လွပ်လွပ်စွာ ဆန္ဒပြခွင့် ထုတ်ဖေါ်ခွင့် ရှိသည်ဟု တရားဝင်ကြေညာထားလိုက်လျှင် ပြီးသွားသည့် ကိစ္စဖြစ်သည် ။ အဓိကမှာ ဒီမိုကရေစီအခွင့်အရေးများဖြစ်သည့် လွပ်လွပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် ကို တကယ်တမ်းပေးမည်ဆိုသော အစိုးရနှင့်သာ စကားပြောစရာ ရှိသည်။
သမတဦးသိန်းစိန်အစိုးရအား ဆန္ဒပြလာမည်ကို စိုးရိမ်၍ ဟိုဟာမလုပ်ရ ၊ ဒီဟာ မပြောရ ၊ ပြောသူ့ သူများအား အစကပင် ကြိုတင် နာမည်စာရင်းပေးရမည် ဆိုသည်မှာ ရီစရာဖြစ်သည် ။ ဆန္ဒပြရာ၌ ခေါင်းဆောင်မည့်သူများကို အလွယ်တကူ ဖမ်းဆီးနိုင်အောင် နာမည်စာရင်းတွေ ပေးထားရမည်ဟု ခြိမ်းခြောက်နေခြင်းမှာ အဓိပ္ပါယ်မရှိ ။ ပြည်သူ့  အသံနားထောင်လိုသည်ဟု ဆိုသော သူများမှာ ပြည်သူများ၏ အသံကို နားစွင့်ရန်အတွက် ပြည်သူလူထု စုဝေးနေရာများကို ဖန်တီးပေးရန်သာရှိသည် ။ ဗဟိုသင်္ဃ့ာနာယက မှ မှားယွင်းနေခြင်းကို တွေ့ လျှင် တိုင်းနှင့်ပြည်နယ် မြို့ နယ်များမှ သင်္ဃာ့နာယကများမှ မှားယွင်းနေခြင်းကို တွေ့ နေကြလျှင် ရဟန်းတု သင်္ဃာတော်တုများကို တွေ့ လျှင် ရဟန်းသင်္ဃာများက ဆန္ဒအသီးသီးကို ထုတ်ဖေါ်ရန်လိုသည်။ သည်တော့ ရဟန်းသင်္ဃာတော်တွေကို မည်သည့်နေရာများမှာ စုရပ်အဖြစ် ထားပေးရမည်နည်း ။ ရဟန်းပျိုများမို့  ဆန္ဒမပြရဟုဆိုလျင် ဆန္ဒမပြရအောင် မိမိတို့ ကဘဲ ပြည်သူပြည်သားတို့ ၏ ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးရန်သာလိုသည် ။ နအဖစစ်အစိုးရ၏ -၂၀၀ရ- ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည် ယင်းသို့  ရဟန်းပျိုများအတွက် သီးသန့် နေရာ မရှိခဲ့ ၍ ဖြစ်ပေါ်လာခဲ့ သည်ဟု နားလည်သဘောပေါက်ထားရန်လိုသည်။ ကျင်းပနေဆဲ ပြည်သူ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်-၆၆၄- ဦးရှိရာမှ -၃၃၃-ယောက်သော လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံမှ ဥပဒေပြဒန်းမည်ဟု ဆိုသည်။ အမျိုးသားလွှတ်တော်မှာမူ လွှတ်တော်ကိုယ်စားလှယ်-၄၄၀- ဦး ရှိရာ -၂၂၄- ဦးသော လွှတ်တော်ကိုယစားလှယ်က ထောက်ခံအတည်ပြုမှ ဥပဒေဖြစ်မည်ဟု ဆိုသည်။ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖေါ်ခွင့်အတွက် ဥပဒေကို ပြင်ဆင် ဆွေးနွေးနေကြသောလွှတ်တော်ကိုယ်စားလှယ်များမျာ ယခုဥပဒေကို သေသေချာချာ တိကျစွာ ဆောင်ရွက်ပေးကြရမည် ။ ဥပဒေလည်းဖြစ်လာမည်ဟု ယူဆသည်။ ဤဥပဒေဖြစ်လာသောအခါ နောက်ကြောင်းပြန်ဖြစ်နေသော ဤဥပဒေ၏ ပြသနာများကိုမူ ချွင်းချက်မရှိ ဥပဒေဖြင့် ချက်ချင်း ဆောင်ရွက်ရမည်ဖြစ်သည် ။ ယင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခွင့် ရှိလာသော သမတဦးသိန်းစိန်၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ နိုင်ငံရေးအကျဉ်းသားများသည် ဤဥပဒေကို အတည်ပြုပြီးသည်နှင့် အကျိုးခံစားခွင့်ကို ရရှိသွားပြီဖြစ်သည်။ အကြောင်းမှာ -၈၈- မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်- ကိုကိုကြီး တို့  နှင့် ကုန်ဈေးနှုံးကျဆင်းရေး ကော်မီတီ - ကိုကျော်ထင်တို့ မှာ ဤဥပဒေ၏ သားကောင်များအဖြစ်မှ ကင်းလွပ်သွားပြီဖြစ်သည်။ တခါက ဥပဒေမျိုးမရှိခဲ့ ၍ မင်းကိုနိုင်တို့  အုပ်စုမှာ လမ်းပေါ်ထွက် ဆန္ဒပြလမ်းလျောက်ခဲ့ မှူကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ ရခြင်းဖြစ်သည်။ ခုတော့ ဤဥပဒေကို ဤအစိုးရမှ အတည်ပြုလာသောအခါ ယခင်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ထားမှုကို မင်းကိုနိုင်တို့ မှာ လုံးဝမခံစားသင့်ပေ။ သို့ မတူ ပါမစ်မယူဘဲ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်ခြင်း ၊ အဓိကရုဏ်းဖြစ်စေခြင်းဖြင့် ယခုသမတဦးသိန်းစိန်အစိုးရက ထောင်ဒဏ်( ၆၅ ) နှစ်များတောင် ကျခံစေရမည်ဟု ကျင်းပနေဆဲ လွှတ်တော်မှ အတည်ပြုကြပေအုံးမည်လား ။ ကြော့ကွင်းထောင် သတ်ကွင်းလုပ်ဖို့  ဥပဒေကို ရေးဆွဲ နေကြသော်လည်း ယင်းကြော့ကွင်းမှာ ကိုယ်ကိုယ်တိုင်မိနေပြီဆိုသည်ကို သမတဦးသိန်းစိန်တို့  နားလည်ရတော့မည်ဖြစ်သည်။ မည်သို့ ပင်ဆိုစေ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နိုင်ရန် နေရာဒေသအား သတ်မှတ်ခြင်းများကို အတည်ပြုလိုက်ခြင်းဖြင့်၎င်း၊ ဥပဒေပုဒ်မသတ်မှတ်လိုက်ခြင်းဖြင့်  ၄င်း ၊ ယင်းဥပဒေကို အတည်ပြုပြီးသည်နှင့် မင်းကိုနိုင်တို့ မှာ လွတ်မြောက်လာရမည်မှာ သေချာနေပြီဖြစ်သည်ဟု ပြောရတော့မည် ၊ အဘယ့်ကြောင့်ဆိုသော် မင်းကိုနိုင်တို့ မှာ ကျင်းပနေဆဲလွှတ်တော်၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သော ဥပဒေ၏ သားကောင်စစ်စစ်ဖြစ်နေလို့ ဆိုက မှားမည်မထင်။

ခိုင်အောင်ကျော် ( နယူးယောက် )

၂၆.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ




http://www.scribd.com/doc/70452285/26-Oct-2011-Yeyintnge-s-Diary

http://www.ziddu.com/download/17023122/26Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/17023123/26Oct2011Yeyintngesdiary.pdf.html

26 Oct 2011 Yeyintnge's Diary

comedian zaganar's tharyarwadi trip (24-10-2011)

ကျ​နော်တို့​အဖွဲ့​ဟာ အစိုး​ရလက်​အောက်ခံအဖွဲ့​မဟုတ်ပါဘူး


Published on October 26, 2011 by ​အေး​နိုင်

အလုပ်သမား​အဖွဲ့​အစည်း​တွေ တရား​ဝင်ဖွဲ့​စည်း​ခွင့်​ကို ခွင့်​ပြုတဲ့​ ဥပ​ဒေသစ်တရပ်ကို သမ္မတ ဦး​သိန်း​စိန် မကြာခင်က လက်မှတ်ထိုး​ အတည်ပြုပြီး​နောက် ​တောင်သူလယ်သမား​များ​ အဖွဲ့​တဖွဲ့​ မ​နေ့​က မှတ်ပုံတင်ခွင့်​ ​လျှောက်ထား​လိုက်ပါတယ်။

လျှောက်လွှာကို အမြန်​ချောပို့​စနစ်နဲ့​ အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနကို ​ပေး​ပို့​လိုက်ပြီလို့​ ဆိုပါတယ်။

မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​တောင်သူလယ်သမား​နဲ့​ စိုက်ပျိုး​ရေး​ အလုပ်သမား​များ​အဖွဲ့​ကို တည်​ထောင်သူ တဦး​ဖြစ်တဲ့​ ဦး​သန်း​ဆွေက သူတို့​ အဖွဲ့​အ​နေနဲ့​ ​တောင်သူ လယ်သမား​တွေရဲ့​ အကျိုး​စီး​ပွား​တွေကို ကာကွယ်​စောင့်​ရှောက်ပြီး​ ​တောင်သူလယ်သမား​တွေရဲ့​ လူ​နေမှုဘဝ တိုး​တက်​အောင် ​ဆောင်ရွက်သွား​မယ်လို့​ ​ပြောပါတယ်။

ဦး​သန်း​ဆွေနှင့်​ ဆက်သွယ်​မေး​မြန်း​ချက်။

ဦး​သန်း​ဆွေတို့​ရဲ့​ ဒီအဖွဲ့​မှာ လယ်သမား​တွေကြီး​ပဲ ဦး​ဆောင်တာလား​။ ဒါမှမဟုတ် ​ခေတ်ပညာတတ်​တွေ ဦး​ဆောင်တာလား​။ ဘယ်လိုပုဂ္ဂိုလ်​တွေ ပါဝင်ပါသလဲ။

“​လော​လောဆယ် ကျ​နော်က ​စော​စောက စာ​ခြောက်အင်အား​စုကို ​ခေါင်း​ဆောင်တယ်။ ​နောက်ပိုင်း​မှာ လယ်သမား​ကွန်ရက်ကို ထူ​ထောင်တယ်။ အဲဒီအခါကျ​တော့​ တိုင်း​နဲ့​ပြည်နယ် အနှံ့​အပြား​က​နေ ကျ​နော်နဲ့​ ဆက်သွယ်တဲ့​သူ​တွေ များ​လာတယ်။ အဲဒီအထဲမှာ ပညာတတ်​တွေရှိသလို ပညာ​တော့​မတတ်ဘူး​၊​ စိတ်သန်တဲ့​သူ​တွေရှိတယ်။ အဲဒီလိုလူ​တွေထဲမှာ ​လော​လောဆယ်က စနစ်တကျ မလုပ်နိုင်​သေး​တော့​ ဆက်သွယ်​ရေး​အရာရှိချုပ်ကလည်း​ မခန့်​နိုင်​သေး​တဲ့​အခါမှာ အစပျိုး​လေး​ လုပ်ဖို့​အတွက်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့​တိုင်း​တွေမှာ အဲဒါ​လေး​ကို လုပ်နိုင်​ရေး​အတွက် အခုမှတ်ပုံတင် ​လျှောက်ထား​တာကို စလိုက်တာပါ။”

လွန်ခဲ့​တဲ့​ ၂၃ နှစ်​ကျော်တုန်း​က ​တောင်သူလယ်သမား​ အစည်း​အရုံး​ဆိုပြီး​တော့​ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီလက်ထက်တုန်း​က ​ဆောင်ရွက်ခဲ့​တာ ကျယ်ကျယ်ပြန့်​ပြန့်​ ​တွေ့​ရတယ်။ အဲဒီ​တောင်သူလယ်သမား​ အစည်း​အရုံး​နဲ့​ ဦး​သန်း​ဆွေတို့​ အဖွဲ့​အစည်း​နဲ့​က ဘယ်လို​နေရာ​တွေမှာ တူပြီး​တော့​ ဘယ်လို​နေရာ​တွေမှာ ကွဲပြား​လဲဆိုတာ နည်း​နည်း​ရှင်း​ပြပါ။

“ကျ​နော်တို့​ အရင်တုန်း​က မဆလ ​ခေတ်က ​တောင်သူလယ်သမား​ အစည်း​အရုံး​က အစိုး​ရလက်​အောက်က၊​ ​နောက်တခါ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီ လက်​အောက်က၊​ အခုကျ​နော်တို့​အဖွဲ့​က အစိုး​ရရဲ့​ လက်​အောက်က မဟုတ်ပါဘူး​။ နိုင်ငံ​တော်အစိုး​ရနဲ့​ ညှိနှိုင်း​ဆောင်ရွက်မယ့်​ အဖွဲ့​ဖြစ်ပါတယ်။ နိုင်ငံ​တော် အစိုး​ရခိုင်း​တာကို လုပ်မယ့်​အဖွဲ့​မဟုတ်ပါဘူး​။ ​နောက် ကျ​နော်တို့​မှာ တခြား​ပါတီရဲ့​ ဩဇာခံလည်း​ မဟုတ်ပါဘူး​။ ကျ​နော်တို့​ လွတ်လပ်တဲ့​အဖွဲ့​အစည်း​ဖြစ်​နေပါတယ်။ အဲဒီလွတ်လပ်တဲ့​ အဖွဲ့​အစည်း​ဖြစ်​နေတဲ့​အတွက် ကျ​နော်တို့​ရဲ့​ လုပ်​ဆောင်ချက်​တွေကလည်း​ အရည်အ​သွေး​ရှိတဲ့​လုပ်​ဆောင်ချက်​တွေ ဖြစ်လာမယ်ဆိုတာ တထစ်ချ တွက်ထား​ပြီး​ဖြစ်ပါတယ်။ ​ပေါ်လည်း​ပေါ်​ပေါက်​နေပါပြီ။”

လယ်သမား​တွေရဲ့​ အသံကို လွှတ်​တော်ကိုယ်စား​လှယ်မဟုတ်​ပေမယ့်​ လွှတ်​တော်ထဲကို ဆုံး​ဖြတ်ချက်ချတဲ့​လူ​တွေဆီ​ရောက်​အောင် ဘယ်လိုလမ်း​ကြောင်း​ဖောက်မယ်ဆိုတာကိုလည်း​ ​ဖြေ​ပေး​ပါလား​။

“ပြည်သူ့​လွှတ်​တော်ကို ​ရောက်ဖို့​အတွက်က ကျ​နော်တို့​ရဲ့​ လှုပ်ရှား​မှုနဲ့​ပတ်သက်ပြီး​တော့​ အဲဒီကြား​ထဲမှာ တခုဖြစ်တဲ့​ ​ဖြေရှင်း​မှုတခုဆိုပါစို့​။ ပြဿနာတခု ​ဖြေရှင်း​ဖို့​၊​ အစိုး​ရက ကျ​နော်တို့​နဲ့​ တရား​ဝင်ညှိနှိုင်း​ပူး​ပေါင်း​ဆောင်ရွက်တာ​တွေ ရှိလာပါလိမ့်​မယ်။.အဲဒီကျ​တော့​ အဲဒီလို ပြဿနာ​တွေ ဘာ​ကြောင့်​ဖြစ်တယ်။ အဲဒီလိုပြဿနာ​တွေ အ​ပေါ်မှာ ဘယ်လိုဥပ​ဒေအသစ်မျိုး​တွေ ထပ်ပြဋ္ဌာန်း​ဖို့​လိုအပ်တယ်ဆိုတာကို နိုင်ငံ​တော်သမ္မတကြီး​ သိ​အောင်​သော်လည်း​ကောင်း​။ လွှတ်​တော်ကိုယ်စား​လှယ်​တွေ သိ​အောင်​သော်လည်း​ကောင်း​ ပထမ ရှင်း​ပြမယ်။ ပြီး​တော့​ အဲဒီဟာ​တွေကို သက်ဆိုင်ရာ လွှတ်​တော်ကိုယ်စား​လှယ်​တွေက​နေ လွှတ်​တော်မှာ တင်ပြပြီး​တော့​ ဥပ​ဒေပြဋ္ဌာန်း​တဲ့​ အ​ခြေထိ​အောင် ကျ​နော်တို့​ စည်း​ရုံး​မယ်၊​ ပူး​ပေါင်း​ဆောင်ရွက်မယ်၊​ အဲဒီအလုပ်​တွေလုပ်မယ်ဆိုရင် ဖြစ်လာမှာပါ။”

မြန်မာနိုင်ငံနဲ့​ အရင်တုန်း​က အ​ရှေ့​တောင်အာရှ စပါး​ကျီက အခု​တော့​ ​နောက်တမ်း​ရောက်တယ်​ပေါ့​။ အခုထိုင်း​တို့​ ဗီယက်နမ်တို့​မှာ သူတို့​က ကမ္ဘာ့​အဆင့်​ ၂ ​ပေါ့​။ ဆန်စပါး​ထွက်ကုန် ပစ္စည်း​နဲ့​ပတ်သက်လို့​ ထိပ်တန်း​ရောက်​နေတယ်။ အဲ​တော့​ ဦး​သန်း​ဆွေတို့​မှာ နယ်ပယ်အနှံ့​က ​တောင်သူလယ်သမား​တွေနဲ့​ ရင်း​နှီး​တယ်။ စကား​အများ​ကြီး​ ​ပြောခဲ့​တယ်ဆို​တော့​ သူတို့​က တကယ်လို့​လွတ်လပ်ခွင့်​ ရမယ်ဆိုရင် တွန်း​လုပ်မယ့်​ပုံစံမျိုး​ရှိတယ်။ အဲဒီ​တော့​ မြန်မာနိုင်ငံက အဲဒီ​လောက် ချက်ချင်း​မမီနိုင်​တောင် ​ရေရှည် ပြည်ပတင်ပို့​ကုန်နဲ့​ ပတ်သက်လို့​ ဘယ်လိုများ​ စဉ်း​စား​ထား​တာရှိလဲ။

“ဟို​နေ့​က ဗီယက်နမ်မှာ ဆန်ပြိုင်ပွဲမှာ ပထမရတာ မြန်မာဆန်​လေ။ မြန်မာပြည်က ​ရေခံ​မြေခံဟာ ခုန​ပြောတဲ့​ ဗီယက်နမ်တို့​ ထိုင်း​တို့​၊​ က​မ္ဘောဒီး​ယား​တို့​ စတဲ့​အဲဒီနိုင်ငံ​တွေထက် ​ရေခံ​မြေခံဟာ မညံ့​ဘူး​။ သာတယ်ဆိုတာ ​ပေါ်​နေတယ်။ အဲဒီဆန်ပြိုင်ပွဲမှာနိုင်ခဲ့​တယ်။ အဲ​တော့​ ကျ​နော်တို့​ စပါး​အထွက်တိုး​ဖို့​ကိစ္စ၊​ ပဲအထွက်တိုး​ဖို့​ကိစ္စ၊​ စသဖြင့်​ ရာဘာအထွက်တိုး​ဖို့​ကိစ္စ သူက အ​ရေး​ကြီး​တာက တစ်အချက်က နည်း​ပညာ၊​ နှစ်အချက်က အရင်း​အနှီး​၊​ ဒီ ၂ ခုပဲ။ အဲဒီအရင်း​အနှီး​နဲ့​ နည်း​ပညာ​တွေ ဘယ်လိုစီး​ဝင်​အောင် ဘာလုပ်မလဲ။ ဒီပြဿနာကို ကျ​နော်တို့​အဖွဲ့​က အ​ဖြေရှာမှာပါ။ အဲဒီလို အ​ဖြေရှာပြီး​တော့​ နိုင်ငံ​တော်အစိုး​ရကို တင်ပြမယ်။ ကမ္ဘာ့​အရပ်ရပ်က အလုပ်သမား​အဖွဲ့​အစည်း​တွေနဲ့​ ကျ​နော်တို့​ လွတ်လပ်စွာ ပူး​ပေါင်း​ဆောင်ရွက်တဲ့​အခါမှာ အကူအညီ​တွေ ကျ​နော်တို့​ ရလာမှာပါ။ ကျ​နော်တို့​ နည်း​ပညာ​တွေကို သူတို့​လို​ခေတ်မီလာ​အောင် သူတို့​ဘက်က နည်း​ပညာ​တွေ ကျ​နော်တို့​ ရယူပါမယ်။ ​နောက်တခါ အရင်း​အနှီး​ကို ဘယ်လိုကုစား​မလဲဆိုတဲ့​ ကိစ္စမှာ နိုင်ငံ​တော်အစိုး​ရကို တင်ပြမယ်။ အရင်း​အနှီး​ရ​အောင် ဘယ်လိုလုပ်သင့်​တယ်။ ပြည်ပနိုင်ငံ​တွေကလည်း​ ကျ​နော်တို့​ကို ဘယ်လို​တော့​ကူညီပါ။ အရင်း​အနှီး​တွေနဲ့​ ပတ်သက်လို့​ ဖြစ်​အောင် ပြဿနာအ​ပေါ်မှာ တတ်နိုင်သ​လောက် အ​ဖြေရှာပြီး​တော့​လုပ်ဖို့​ ရည်ရွယ်ထား​ပါတယ်။”
http://burmese.dvb.no/archives/16993

အခွန်ဌာန ဝန်ထမ်း​ ၄ ဦး​ကို ​ငွေလိမ်​တောင်း​မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့်​ တရား​စွဲ


Published on October 26, 2011 by မိုးမြင့်ဇင်

နိုင်ငံ​တော်ကို အခွန်​ဆောင်ဖို့​ဆိုပြီး​ လိမ်လည်​ငွေ​ကောက်ခံပြီး​မှ ခြိမ်း​ခြောက် အမှုပိတ်ခိုင်း​တဲ့​ တွံ​တေး​မြို့​နယ် အခွန်ဦး​စီး​မှူး​အပါအဝင် အ​ကောက်ခွန်ဌာန ဝန်ထမ်း​ ၄ ဦး​ကို တွံ​တေး​အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် လူငယ်တာဝန်ခံ ကိုရဲထွဋ်​ခေါင်က ဥပ​ဒေ ပုဒ်မ ၃ ခု နဲ့​ တရား​စွဲထား​ပါတယ်။

နိုင်ငံကူး​လက်မှတ်စာအုပ်လုပ်ဖို့​အတွက် ဒီလ ၆ ရက်​နေ့​က မြို့​နယ်အ​ကောက်ခွန်ရုံး​မှာ အခွန်ကင်း​ရှင်း​ကြောင်း​ ​ထောက်ခံစာ ပုံစံ ၁၇ ထုတ်တာကို ဦး​စီး​မှူး​က ကျပ် ၁၈,၀၀၀ ​တောင်း​ခံရာက​နေ စတင်တရားစွဲခဲ့တဲ့​အ​ကြောင်း​ ကိုရဲထွဋ်​ခေါင်က ​ပြောပါတယ်။

“ကျ​နော်က အ​မေရိကား​ကို ထွက်ခွာဖို့​ဆိုပြီး​ တွံ့​တေး​မြို့​နယ် အ​ကောက်ခွန်ဌာနမှာ ပုံစံ ၁၇ သွား​ထုတ်ရာမှာ မြို့​နယ်အ​ကောက်ခွန်မှူး​ ဦး​မန်း​ပေါင်က​နေ ကျ​နော့်​ကို နိုင်ငံ​တော်ကို အခွန်​ငွေ ကျပ် ၁၈၀၀၀ ​ပေး​ဆောင်ရမယ်ဆိုပြီး​ ​ပြောတယ်။ အမှန်တကယ်က ​ပေး​ဆောင်ရခြင်း​မရှိဘူး​။ သူတို့​က မိမိကိုယ်ကျိုး​အတွက် အခွန်​ပေး​ဆောင်ရမယ်ဆိုပြီး​ ​တောင်း​လိုက်တာ။ အဲဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်က ၁၈၀၀၀ ​ပေး​ခဲ့​တယ်။ ​ပေး​ပြီး​တော့​ တိုင်း​အခွန်ဦး​စီး​ရုံး​ကို ၆ ရက် ၁၀ လ ၂၀၁၁ ရက်​နေ့​မှာ တိုင်တယ်။”

ဒီကိစ္စနဲ့​ပတ်သက်လို့​ တွံ​တေး​မြို့​နယ်ရဲစခန်း​မှူး​ ဦး​ဝင်း​မောင်ဆီမှာ အမှုဖွင့်​တဲ့​အခါ စခန်း​မှူး​က ရဲချုပ်ကို အစီရင်ခံပြီး​ ခွင့်​ပြုချက်ရလို့​ တကယ်တမ်း​ အခွန်မ​ဆောင်ရဘဲနဲ့​ လိမ်လည်​ငွေ​တောင်း​ခံမှု​ကြောင့်​ ပြစ်မှုဆိုင်ရာ ဥပ​ဒေ ပုဒ်မ ၄၂၀ နဲ့​ အမှုဖွင့်​လိုက်တယ်လို့​ ကိုရဲထွဋ်​ခေါင်က ​ပြောပါတယ်။

ရဲစခန်း​ကအပြန်မှာ အ​ကောက်ခွန်ဦး​စီး​မှူး​နဲ့​ အဖွဲ့​က အိမ်ကို ကျူး​ကျော်ဝင်​ရောက်ပြီး​ အကြိမ်ကြိမ်ခြိမ်း​ခြောက်တယ်လို့​လည်း​ ​ပြောပါတယ်။

“အမှုဖွင့်​လှစ်ပြီး​ ပြန်လာတဲ့​အချိန်မှာ အဲဒီ ဦး​စီး​မှူး​ ဦး​မန်း​ပေါင်ရယ်။ ဒုဦး​စီး​မှူး​ဦး​အေး​မြင့်​ရယ်၊​ အငယ်တန်း​စာ​ရေး​ရယ်၊​ ရုံး​အကူဦး​ကြည်​ငွေတို့​ရယ် ​လေး​ဦး​က ကျ​နော့်​နေအိမ်ကို လာ​ရောက်ခြိမ်း​ခြောက်တယ်။ အမှုပိတ်​ပေး​ဖို့​၊​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က တရား​ဝင်​တော့​တာမဟုတ်ဘူး​။ ဝန်ထမ်း​တွေကို တရား​စွဲမယ်ဆိုရင် မင်း​တို့​ပဲခံရမယ်ဆိုပြီး​ ခြိမ်း​ခြောက်တယ်။ သူတို့​က ​နေအိမ်ကို သုံး​ကြိမ်တိုင်တိုင် ဒီအမှုကို ပိတ်​ပေး​ဖို့​ဆိုပြီး​ လာ​ရောက်ခြိမ်း​ခြောက်တယ်။”

ဒါ​ကြောင့်​ ရဲစခန်း​ကို ​နောက်တကြိမ်သွား​ပြီး​ အမှုဖွင့်​ရာမှာ ရဲချုပ်ခွင့်​ပြုချက်နဲ့​ပဲ အ​ကောက်ခွန်ဦး​စီး​မှူး​ အပါအဝင် ၄ ဦး​ကို ပိုင်နက်ကျူး​ကျော်မှု ပုဒ်မ ၄၅၁၊​ အကြပ်ကိုင် ခြိမ်း​ခြောက်မှု ပုဒ်မ ၅၀၆ တို့​နဲ့​ ထပ်တရား​စွဲထား​တယ်လို့​ ကိုရဲထွဋ်​ခေါင်က ​ပြောပါတယ်။

ဒီအမှုနဲ့​ ပတ်သက်လို့​ တွံ​တေး​မြို့​နယ် ရဲစခန်း​မှူး​ ဦး​ဝင်း​မောင်က “ကျ​နော်တို့​ ​ပြောပိုင်ခွင့်​မရှိပါဘူး​။ ကျ​နော်တို့​ အဲဒီကိစ္စနဲ့​ပတ်သက်ပြီး​တော့​ ဥပ​ဒေအကြံပြုချက် တင်ထား​တယ်” လို့​ ​ပြောပါတယ်။

ဒီအမှု​ကြောင့်​ အ​ကောက်ခွန်ဦး​စီး​မှူး​ ဦး​မန်း​ပေါင်ကို ရာထူး​ချထား​တယ်လို့​လည်း​ သိရပါတယ်။

အဲဒီဝန်ထမ်း​ ၄ ဦး​ တရား​ရင်ဆိုင်ဖို့​အတွက်​တော့​ သက်ဆိုင်ရာဝန်ကြီး​ဌာနရဲ့​ ဌာနဆိုင်ရာခွင့်​ပြုချက်​တွေ ​စောင့်​နေရလို့​ ရဲတပ်ဖွဲ့​က ထိန်း​သိမ်း​တာ၊​ အာမခံ​ပေး​တာ၊​ ခံဝန်နဲ့​ လွှတ်တာ စတဲ့​ အ​ရေး​ယူ​ဆောင်ရွက်မှု​တွေ မလုပ်​သေး​ဘူး​လို့​လည်း​ သိရပါတယ်။
http://burmese.dvb.no/archives/16967

ဘန်​ကောက်တမြို့​လုံး​ ​ရေလွှမ်း​မိုး​နိုင်​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ် အ​ရေး​ပေါ်​ကြေညာ


Published on October 26, 2011 by မန်းစိုင်းမွန်

ဘန်​ကောက်တမြို့​လုံး​ကို ​ရေလွှမ်း​မိုး​နိုင်​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ် မစ္စစ်ယင်လတ်ရှင်နာဝပ်က ထိုင်း​ရုပ်မြင်သံကြား​ဌာနအား​လုံး​က​နေ မ​နေ့​ညက ​ကြေညာသွား​ပါတယ်။

ယင်လတ်က “အဆိုး​ဆုံး​ အ​ခြေအ​နေက​တော့​ တကယ်လို့​ရေကာတာ​ပေါက်မယ်၊​ ​ရေတား​နံရံ​တွေ ကျိုး​ပျက်မယ်၊​ ပင်လယ်​ရေတက်တာကလည်း​ ခန့်​မှန်း​ထား​တာထက် ပိုမြင့်​မယ်ဆိုရင် ​ရေလမ်း​ကြောင်း​ ၃ ခုက တခုခုကိုဖြစ်ဖြစ် ၃ခု လုံး​ကိုဖြစ်ဖြစ် ကျမတို့​မကာကွယ်နိုင်တာ၊​ ဒါမှမဟုတ် အင်အား​ကြီး​မား​တဲ့​ ​ရေထုကြီး​ရဲ့​အရှိန်ကို ​နှေး​သွား​အောင် မလုပ်နိုင်တာ​တွေ ဖြစ်လာမယ်။ အဲဒီအခါ ဘန်​ကောက်မြို့​တွင်း​မှာ ​ရေ ၁၀ စင်တီမီတာက​နေ ၁ မီတာခွဲအထိ ဖြစ်လာပါမယ်” လို့​ ​ကြေညာသွား​ပါတယ်။

သူမရဲ့​ ထုတ်ပြန်ချက်ထဲမှာ ဘန်​ကောက်မြို့​မှာ ​နေထိုင်သူအား​လုံး​ မိမိတို့​ရဲ့​ ပစ္စည်း​တွေကို ပိုမြင့်​တဲ့​ ​နေရာ​တွေဆီ ​ရွှေ့​ပြောင်း​ထား​ဖို့​၊​ လျှပ်စစ်မီး​အား​စက်ရုံနဲ့​ အများ​ပြည်သူသုံး​ ​ရေဖြန့်​ချိ​ရေး​ပိုက်လိုင်း​တွေကို ထိခိုက်မှု အနည်း​ဆုံး​ဖြစ်​အောင် လုပ်ဖို့​ ပါဝင်ပါတယ်။

ဒါ့​အပြင် ဒွန်​မောင်း​လေဆိပ်ထဲက ဒုက္ခသည်စခန်း​ကို ​ရေ​ဘေး​လွတ်ရာ ​ရွှေ့​ပြောင်း​ဖို့​နဲ ဆိုင်ရာဌာန​တွေက ဘုရင့်​နန်း​တော်ဝင်း​နဲ့​ ဘုရင်ကြီး​ ​ဆေး​ဝါး​ကုသ မှုခံယူရာ စီရီရာ့​ ​ဆေး​ရုံကို ​ရေမလွှမ်း​အောင်ကာကွယ်ဖို့​ကိုလည်း​ အ​လေး​ပေး​ထည့်​သွင်း​ပြောဆိုသွား​ပါတယ်။

ရေလွှမ်း​မိုး​နေတဲ့​ ခရိုင်အား​လုံး​မှာ ​ရေလွှမ်း​မိုး​မှုတား​ဆီး​ရေး​၊​ ​ရေ​ဘေး​ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​နဲ့​ ဆက်နွှယ်​နေတဲ့​ ဌာန​တွေကလွဲပြီး​ အစိုး​ရရုံး​အား​လုံး​ကို ​အောက်တိုဘာ ၂၇ ရက်က​နေ ၃၁ ရက်​နေ့​အထိ ပိတ်ထား​ဖို့​လည်း​ ​ကြေညာလိုက်ပါတယ်။

ဝန်ကြီး​ချုပ် ​ကြေညာချက် ထုတ်ပြန်ပြီး​နောက်မှာ ကုန်​ဈေး​နှုန်း​တွေ တက်ကုန်တယ်လို့​ ဘန်​ကောက်မှာ ​နေထိုင်တဲ့​ မြန်မာတဦး​က ​ပြောပါတယ်။

“ဝန်ကြီး​ချုပ်က ​ရေကြီး​မယ်ဆိုတဲ့​အ​ကြောင်း​ကို တရား​ဝင်​ကြေညာတယ်။ ပစ္စည်း​ရှိတဲ့​ လူ​တွေကလည်း​ ထုတ်မ​ရောင်း​တော့​ဘူး​။ အသီး​အရွက်ကအစ အစစအရာရာ ​ဈေး​တွေအကုန်ခုန်တက်သွား​တယ်။ ဒီ​နေ့​မှပိုပြီး​တက်သွား​တာ။ မ​နေ့​ကထိ ကြက်ဥတလုံး​က ၄ ဘတ်ခွဲ၊​ ၅ ဘတ်ပဲ။ ဒီမနက်မှာ ကြက်ဥတလုံး​ ၆ ဘတ်ဖြစ်သွား​တယ်။ အ​ခြေခံကြက်ဥကအစ ​ဈေး​တက်​တော့​ ကျန်တဲ့​ဟာ​တွေပါ တက်ကုန်တယ်။”

အ​ရေး​ပေါ် အစား​အ​သောက်ရိက္ခာ​တွေသွား​ဝယ်ဖို့​လှေ​စောင့်​နေတဲ့​ ဘန်​ကောက်​မြောက်ပိုင်း​ ရပ်ကွက်ဇုန်တခုက မြန်မာအမျိုး​သမီး​တဦး​ကလည်း​ သူတို့​ဆီမှာ ​ခေါက်ဆွဲ​ခြောက်ကအစ ဝယ်မရ​တော့​ဘူး​လို့​ပြောပြပါတယ်။

ဘန်​ကောက်မှာရှိတဲ့​ကျောင်း​အား​လုံး​နဲ့​ ပြည်တွင်း​လေဆိပ်ဖြစ်တဲ့​ ဒွန်​မောင်း​လေဆိပ်ကိုလည်း​ ပိတ်လိုက်ပြီး​ မပိတ်ရ​သေး​တဲ့​ ပြည်တွင်း​လေယဉ်လိုင်း​တွေဟာ စူဝမ်နဖုန် နိုင်ငံတကာ​လေယဉ်ကွင်း​သစ်ကို ​ရွှေ့​ပြောင်း​ကြ​ကြောင်း​ ဆိုင်ရာ​လေ​ကြောင်း​ ကုမ္ပဏီ​တွေက ထုတ်ပြန်ထား​ပါတယ်။
http://burmese.dvb.no/

၃၆ နှစ်လုံး​ အကျဉ်း​ထောင်ဥပ​ဒေမသုံး​ဘဲ အကျဉ်း​ထောင်​တွေကို စီမံအုပ်ချုပ်ခဲ့
Published on October 26, 2011 by ရွှေအောင် · No Comments

တည်ဆဲအကျဉ်း​ထောင်ဥပ​ဒေကိုလည်း​ မကျင့်​သုံး​၊​ ဥပ​ဒေအသစ်ကိုလည်း​ မပြဋ္ဌာန်း​ဘဲ ၃၆ နှစ်လုံး​ အကျဉ်း​ထောင်​တွေကို ညွှန်ကြား​ချက်​တွေနဲ့​ စီမံအုပ်ချုပ်ခဲ့​တယ်လို့​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။

မ​နေ့​က ​နေပြည်​တော်မှာကျင်း​ပခဲ့​တဲ့​ ​ခေတ်မမီ​တော့​တဲ့​ ဥပ​ဒေ​တွေကို ပြင်ဆင်ခြင်း​၊​ ပယ်ဖျက်ခြင်း​နဲ့​ အသစ်ပြဋ္ဌာန်း​ခြင်း​ဆိုင်ရာ ​ဆွေး​နွေး​ပွဲမှာ ဥပ​ဒေပါ​မောက္ခ ​ဒေါက်တာတင်​မေထွန်း​က ဖျက်သိမ်း​ပြီလို့​ မ​ကြေညာမချင်း​ ဘယ်ဥပ​ဒေမဆို အသက်ဝင်ဆဲဖြစ်​ကြောင်း​၊​ “အကျဉ်း​ထောင်လက်စွဲ ဥပ​ဒေ” ဟာ ပြည့်​စုံတဲ့​အတွက် ဆက်ကျင့်​သုံး​သင့်​တယ်လို့​ အကြံပြု​ကြောင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်ရဲ့​အ​မေး​ကို ​ဖြေကြား​သွား​ခဲ့​ပါတယ်။

ပြည်ထဲ​ရေး​ဝန်ကြီး​ ဒု-ဗိုလ်ချုပ်ကြီး​ကိုကိုက ၁၈၉၄ အကျဉ်း​ထောင်လက်စွဲဥပ​ဒေဟာ ကိုလိုနီ​ခေတ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ ဥပ​ဒေဖြစ်လို့​ ၁၉၇၅ ခုနှစ်ကစပြီး​ ဒီဥပ​ဒေကို မကျင့်​သုံး​တော့​ဘဲ ညွှန်ကြား​ချက်​တွေနဲ့​ပဲ အကျဉ်း​ထောင်ကို အုပ်ချုပ်​ကြောင်း​၊​ ဥပ​ဒေသစ်လည်း​ မပြဋ္ဌာန်း​ကြောင်း​ အခုကျင်း​ပ​နေဆဲလွှတ်​တော် မှာပဲ ဦး​ဖုန်း​မြင့်​အောင် အ​မေး​ကို ​ဖြေကြား​ရှင်း​လင်း​သွား​ခဲ့​ဖူး​ပါတယ်။

ဒီအ​ပေါ်မှာ ​မေး​ခွန်း​ထုတ်ခဲ့​တဲ့​ ဦး​ဖုန်း​မြင့်​အောင်က “ဒီဥပ​ဒေတခုက ဗြိတိသျှအုပ်ချုပ်တဲ့​ ဥပ​ဒေက ၁၉၄ဂက​နေ ၁၉၇၅ ထိ​အောင်​တော့​ အလုပ်ဖြစ်​နေတာ​ပေါ့​။ ၁၉၇၅ ကျ​တော့​ ဆရာ​တွေက အဲဒီမှာပါတဲ့​ အကျဉ်း​ထောင်ဥပ​ဒေနဲ့​ပတ်သက်တဲ့​ အချက်အလက်​တွေအရ အကျဉ်း​သား​တွေက အခွင့်​အ​ရေး​ယူတယ်၊​ ဆူပူမှုလုပ်တယ်၊​ သူတို့​ထိန်း​သိမ်း​ရခက်လို့​ဆိုပြီး​ ဒါကိုမကျင့်​သုံး​တော့​တာ။ မကျင့်​သုံး​ပေမယ့်​ တခြား​ခေတ်မှီတဲ့​ ​ခေတ်နဲ့​လိုက်​လျောညီ​ထွေဖြစ်တဲ့​ ဥပ​ဒေတခုမပြဋ္ဌာန်း​နိုင်ဘူး​။ အဲဒီဥပ​ဒေသစ်ကို အသက်ဝင်​နေတဲ့​ ဒီဥပ​ဒေကိုမကြိုက်ဘူး​ မလုပ်နိုင်ဘူး​ဆိုရင် ​နောက်ထပ်ဥပ​ဒေအသစ်ကိုလည်း​ မလုပ်ဘဲ​နေတာ ၃၆ နှစ်ရှိသွား​ပြီ” လို့​ ​ပြောပါတယ်။

အခုလွှတ်​တော်မှာ အကျဉ်း​ထောင်ဥပ​ဒေအသစ်ကို ပြင်ဆင်​ရေး​ဆွဲ​နေပါတယ်လို့​ ပြည်ထဲ​ရေး​ဝန်ကြီး​က ​ပြောသွား​တယ်လို့​လည်း​ ဆိုပါတယ်။

မြန်မာနိုင်ငံ​ရှေ​နေများ​ကွန်ရက်က ဥပ​ဒေအကြံ​ပေး​အရာရှိ ​ရှေ့​နေကြီး​ ဦး​အောင်သိန်း​က “အကျဉ်း​ထောင်လက်စွဲ ဥပ​ဒေများ​ကို မကျင့်​သုံး​ပဲ လိုရာဆွဲယူကျင့်​သုံး​ပြီး​တော့​ အ​ရေး​ယူ​ဆောင်ရွက်တယ်ဆိုတာက​တော့​ ဘယ်အကျဉ်း​သား​ရဲ့​ အခွင့်​အ​ရေး​က ဘယ်ဥပ​ဒေမှာ​တောင်း​ဆိုရမလဲဆိုတာ ဒီ​နေ့​ထိမယ်မယ်ရရ မရှိတာ​ပေါ့​။ ဆိုလိုတာက ကျ​နော်တို့​ ​ရှေ့​နေက အကျဉ်း​သား​နဲ့​သွား​တွေ့​မယ်။ ​ထောင်ကျအကျဉ်း​သား​နဲ့​ပဲ ​တွေ့​သည်ဖြစ်​စေ အချုပ်သား​နဲ့​ပဲ​တွေ့​သည်ဖြစ်​စေ အကျဉ်း​ထောင်အရာအရှိက ​တွေ့​ခွင့်​ပေး​ရမယ်။ ​တွေ့​ခွင့်​ပေး​တဲ့​နေရာမှာလည်း​ သူက မြင်သာတဲ့​နေရာကပဲ​နေရမယ်။ နား​ထောင်ခွင့်​မရှိဘူး​ဆိုပြီး​ အကျဉ်း​ထောင်ဥပ​ဒေ​တွေမှာ ပြဋ္ဌာန်း​ထား​တယ်။ ဒါ​ပေမယ့်​ တကယ်တမ်း​ကျ​တော့​ ​ထောင်ကျအကျဉ်း​သား​ကို ​ရှေ့​နေနဲ့​တွေ့​ခွင့်​ပေး​တယ်ဆိုတာ အလွန်မှရှား​တယ်။ အချုပ်သား​တောင်မှ ​တွေ့​ခွင့်​ကို အ​တော်ကို ကြိုး​စား​လုပ်ယူရတဲ့​သ​ဘောရှိတယ်။ အဲ​တော့​ ဥပ​ဒေ​တွေက သူတို့​ဘာသူတို့​ မကျင့်​သုံး​ဘဲနဲ့​ လိုရင်လိုသလို လုပ်​နေတဲ့​သ​ဘောမျိုး​တွေက ပြီး​ခဲ့​တဲ့​အစိုး​ရ​ခေတ်​တွေမှာ များ​ခဲ့​တာ” လို့​ ​ပြောပါတယ်။
http://burmese.dvb.no/

ရေကြီး​မှု​ကြောင့်​ ​သေဆုံး​သူ ရာ​ပေါင်း​များ​စွာရှိနိုင်၊​ လူ​သောင်း​ချီဒုက္ခ​ရောက်​နေ


Published on October 26, 2011 by နော်နိုရင်း

ဒီလ ၁၉ ရက်နဲ့​ ၂၀ ရက်​နေ့​က မ​ကွေး​တိုင်း​အတွင်း​ ​ရေကြီး​မှု​ကြောင့်​ ​သေဆုံး​သူ ရာ​ပေါင်း​များ​စွာ ရှိနိုင်ပြီး​ ​ရေ​ဘေး​ဒုက္ခသည် ​သောင်း​ချီပြီး​ အကူအညီ လိုအပ်​နေတယ်လို့​ ကူညီကယ်ဆယ်သူ​တွေက ​ပြောပါတယ်။

မ​ကွေး​တိုင်း​အတွင်း​ရေကြီး​မှု​ကြောင့်​ ​သေ​ကျေပျက်စီး​ဆုံး​ရှုံး​မှုပမာဏနဲ့​ ပတ်သက်လို့​ အစိုး​ရက ထုတ်ပြန်​ကြေညာတဲ့​ စာရင်း​ဟာ မုန်တိုင်း​သင့်​ဒေသ​တွေကို ကိုယ်ထိလက်​ရောက် ကူညီ​နေသူ​တွေရဲ့​ မျက်မြင်​ပြောဆိုချက်​တွေနဲ့​ နှိုင်း​စာရင်း​ အင်မတန် နည်း​နေပါတယ်။

ဒုတိယသမ္မတ စိုင်း​မောက်ခမ်း​ ပခုက္ကူမြို့​မှာ သွား​ရောက်စဉ်က ​ရေ​မျော​သေဆုံး​သူ ၁၀၆ ဦး​ကို ​ထောက်ပံ့​တယ်လို့​ ၂၄ ရက်​နေ့​ထုတ် သတင်း​စာ​တွေမှာ ​ဖော်ပြခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ကယ်ဆယ် ​ရေး​လုပ်သား​တွေက​တော့​ စာရင်း​တိတိကျကျ မ​ပြောနိုင်​ပေမယ့်​ အိမ်လုံး​ကျွတ်​မျောပါသွား​ တာ​တွေ၊​ ရွာ​တွေ အ​မြောက်အမြား​ ​ရေနစ်မြုပ်တာ​တွေကို ​ထောက်ပြပြီး​ လူ​ထောင်ဂဏန်း​တော့​ ​သေ​ကျေ​ပျောက်ဆုံး​လိမ့်​မယ်လို့​ ​ပြောဆိုကြပါတယ်။

ပခုက္ကူမြို့​က ရပ်ကွပ် ၂ နဲ့​ ၃ မှာ အိမ် ​ခြေ ၅၀၀ ​ကျော် ​ရေထဲ​မျောပါသွား​ပြီး​ အဲဒီအိမ်​ထောင်စု​တွေဟာ လက်ရှိ ပခုက္ကူမြို့​မှာရှိတဲ့​ ဘုန်း​ကြီး​ကျောင်း​ ၃ ခုမှာ ခိုလှုံ​နေကြရပါတယ်။

ပဲခုက္ကူမြို့​က ​ရေ​ဘေး​ဒုက္ခသည်​တွေကို အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဗဟိုက ဒီက​နေ့​ အိမ်​ထောင်စုတခုကို ဆန် ၄ ပြည်နဲ့​ ​ငွေသုံး​ထောင်ဆီ ကူညီ​နေတယ်လို့​ အဖွဲ့​ချုပ် ​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“အခုစာရင်း​ပေါက်​နေတာ ၁၂၁ ​ယောက်လို့​ ဒုက္ခသည်စခန်း​က ​ပြောပါတယ်။ ​ရေထဲလုံး​ဝ ​မျောပါသွား​တာပါ။ ဟုတ်တယ်။ ပခုက္ကူမြို့​ ရပ်ကွက် ၂ နဲ့​ ရပ်ကွက် ၃က ​ချောင်း​နံ​ဘေး​မှာရှိပါတယ်။ ​တောင်ကျ​ချောင်း​၊​ ယင်း​ချောင်း​နံ​ဘေး​မှာ ရှိပါတယ်။ ​ရေ​တွေကျလာတဲ့​အခါကျ​တော့​ ယင်း​ချောင်း​ထဲက ​ရေလုံး​က ​ချောင်း​နံ​ဘေး​မှာရှိတဲ့​ ရပ်ကွက်ကြီး​ကို တိုက်စား​ပြီး​တော့​ အဲဒါကြီး​က ​ချောက်ကမ်း​ပါး​ကြီး​ဖြစ်သွား​ပြီး​ သဲပြင်ကြီး​ဖြစ်ပြီး​ ကျန်ခဲ့​ပါတယ်။ နှစ်ထပ်၊​ သုံး​ထပ်​ကျောင်း​ဆောင်​တွေ အကုန်လုံး​၊​ ဘုန်ကြီး​ကျေင်း​တ​ကျောင်း​တောင်မှ အဲဒီမှာ လုံး​ဝ​မျောပါသွား​တယ်။ အဲဒီ​လောက် ပြင်း​ထန်တဲ့​ရေလုံး​က ​သေတဲ့​လူကလည်း​ ​ရေထဲမှာ​မျောပါပြီး​ ​သေသွား​တယ်။ ၁၀၀ ​ကျော်​လောက်ရှိတယ်။ ကျန်ရစ်ခဲ့​တဲ့​ မိသား​စု ၅၅၁ စုက ဘုန်း​တော်ကြီး​ကျောင်း​တခုမှာ ဆရာ​တော်​တွေက ​ခေတ္တ တည်း​ခိုခွင့်​ပေး​ထား​လို့​ လာ​ရောက်မှီခို​နေရတယ်။ အခု​လော​လောဆယ်​တော့​ ဒီမှာဒုက္ခသည် ၅၅၁ အိမ်​ထောင်အတွက် ​ကျောင်း​တွေကိုလိုက်ပြီး​တော့​ ကျ​နော်တို့​ ကူညီ​နေတယ်။”

ပခုက္ကုမြို့​ပေါ်မှာတင် လက်ရှိ ​သေဆုံး​သူ ၁၂၃ ဦး​ ရှိ​နေတယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဒု-သမ္မတ ပဲခုက္ကူကို ​ရောက်တုန်း​ကလည်း​ အဲဒီဒုက္ခသည်​တွေကို တအိမ်​ထောင် ၅ ​သောင်း​ဆီ ​ထောက်ပံ့​သွား​တယ်လို့​ ဒုက္ခသည်အမျိုး​သမီး​ မနွယ်နွယ်မြင့်​က ​ပြောပါတယ်။

ရေကြီးမှုအပြီး မြင် တွေ့ရသည့် အပျက်အစီးများ (ဆိပ်ဖြူမြို့ )

“အဲဒီညက ကျမတို့​ ပခုက္ကူမှာ တညလုံး​ မိုး​တွေရွာတယ်။ ဘယ်သူမှ မအိပ်ကြဘူး။ အန္တရာယ်မဖြစ်ဘူး​လို့​ ကြည့်​ရင်း​ကြည့်​ရင်း​နဲ့​ ကမ်း​ပါး​ပြိုရင် ကျမတို့​ဆီလာမယ်ဆိုတာ သိတယ်။ ကမ်း​ပါး​မပြိုဘဲနဲ့​ လှိုင်း​လုံး​ကြီး​တွေက အိမ်တလုံး​စာ​လောက်​တွေ ​ကျော်​ကျော်ဝင်လာပြီး​တော့​ ကျမတို့​အိမ်ထဲကို ခါး​လောက်ထိ ​ရေ​တွေ​ရောက်လာတာပါ။ ပစ္စည်း​သိမ်း​ချိန်ကို မရလိုက်ဘူး​။ ရသမျှ​လေး​စွဲပြီး​ က​လေး​တွေနဲ့​ ထွက်​ပြေး​ရတာပါ။ ​သေတာလည်း​ မနည်း​ဘူး​။ အိမ်​ကောပစ္စည်း​တွေ​ကော ပါကုန်တယ်။ လူ​တွေ​တော့​ ဒီ​နေ့​ထိအ​လောင်း​က ​တွေ့​နေတုန်း​ပါ။ အဲဒီ​ချောင်း​ထဲမှာ မြုပ်​တော့​ ပုပ်​တော့​ပေါ်လာတာ​ပေါ့​။ အခု ဒီက​ထောက်ပံ့​တာ​လေး​တွေယူပြီး​ ​ကျွေး​တာစား​နေရပါတယ်။ သမ္မတက တအိမ်​ထောင်ကို ၅ ​သောင်း​ထောက်ပံ့​ပေး​ပါတယ်။ ကျမက နိုင်ငံ​တော်အုပ်ချုပ်တဲ့​သမ္မတကြီး​တွေ​ကော အား​လုံး​ကို ​ကျေး​ဇူး​တင်တာ။ ​ဒေါ်​အောင်ဆန်း​စုကြည် အဖွဲ့​က ​ထောက်ပံ့​တော့​လည်း​ ​ကျေး​ဇူး​တင်ပါတယ်။”

အောက်တိုဘာလ ၂၄ ရက်က ဆိပ်ဖြူမြို့​နယ် ​ရေ​ဘေး​ဒုက္ခသည်​တွေကို သွား​ရောက် ကူညီခဲ့​တဲ့​ စိမ်း​ရောင်စိုအဖွဲ့​က ကို​မောင်​မောင်ဦး​က​တော့​ အဲဒီ​ဒေသမှာ လူရာ​ပေါင်း​များ​စွာ ​သေဆုံး​နိုင်​ကြောင်း​ ​ပြောပါတယ်။

သူ​တွေ့​ခဲ့​ရတဲ့​မြင်ကွင်း​နဲ့​ ပတ်သက်ပြီး​ “ကျ​နော်တို့​ဝင်ခဲ့​တာ ပခုက္ကူ၊​ ဆိပ်ဖြူသွား​တဲ့​လမ်း​အတိုင်း​ သွား​ပြီး​တော့​ ​ယော​ချောင်း​အ​ပေါ်က​နေ ​အောက်ကို ​သောင်ပြင်ထဲကိုဆင်း​သွား​တယ်။ ​တော်​တော်ကို ​ချောင်ပါတယ်။ ​မေး​ကြည့်​တဲ့​အခါမှာ ဆန်​လေး​ပြည်ပဲ ရဘူး​သေး​တယ်။ အဲဒီရွာက အိမ်​ခြေ ၄၃ အိမ် လုံး​ဝပျက်စီး​သွား​တယ်။ ၅၈ အိမ်က ​ရေမြုပ်တယ်။ ​နောက် ​တောင်ဖလူတဲ့​၊​ ​ရေဝင်တဲ့​အိမ်က​တော့​ ရှိတယ်။ ပျက်စီး​တဲ့​အိမ်က ၁၀ အိမ်တဲ့​။ ​နောက် ဒဲ့​ပြား​၊​ မြစ်ဖျား​၊​ စ​ညော၊​ အဲဒီဘက်က ပျက်စီး​ဆုံး​ရှုံး​မှု​တွေ ​တော်​တော်များ​များ​ရှိတယ်။”

သေဆုံး​ပျောက်ဆုံး​ စာရင်း​မှာ ​ရေ​ဘေး​ဒုက္ခသည်​တွေရဲ့​ ​ပြောဆိုချက်အရ ၅၀၀ နဲ့​ ၁၀၀၀ ကြား​မှာ ရှိနိုင်ပြီး​ ဒုက္ခသည် ၂ ​သောင်း​လောက်နိုင်တယ်လို့​ ကို​မောင်​မောင်ဦး​က ​ပြောပါတယ်။

အမျိုး​သား​မိုက​ရေစီအဖွဲ့​ချုပ်က ရရှိတဲ့​စာရင်း​အရ ဆိပ်ဖြူမြို့​နယ်မှာ ရွာ​ပေါင်း​ ၂၉ ရွာ နဲ့​ ​ပေါက်မြို့​နယ်မှာ ၂၃ ရွာ စုစု​ပေါင်း​ လူဦး​ရေ ၄ ​သောင်း​ကျော် ​ရေ​ဘေး​ဒုက္ခ​ရောက်​နေပြီး​ အ​ရေး​ပေါ်အကူအညီ လိုအပ်​နေတယ်လို့​ အဖွဲ့​ချုပ်​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ရေကြီး​မှု​ကြောင့်​ စိုက်ပျိုး​ထား​တဲ့​ ကြက်သွန်၊​ ငရုပ်၊​ ကုလား​ပဲ အစရှိတဲ့​ စိုက်ခင်း​တွေ အား​လုံး​ပျက်စီး​သွား​သလို ကျွဲနွား​တိရစ္ဆာန်​တွေလည်း​ ​ရေထဲ​မျောပါ ​သေဆုံး​ကုန်တာ​ကြောင့်​ ​ရေရှည်​ဒေသခံအတွက် ပိုပြီး​ စား​ဝတ်​နေ​ရေး​ အခက်ကြုံရနိုင်တယ်လို့​လည်း​ ကူညီကယ်ဆယ်​ပေး​သူ​တွေက ​ပြောပါတယ်။

ပြည်သူ့​လွတ်​တော်ဥက္ကဋ္ဌ ဦး​သူရ​ရွှေမန်း​က​တော့​ ​ရေကြီး​မှု​ကြောင့်​ အိမ်​ခြေ​ပေါင်း​ ၂,၂၀၀ ​ကျော် ပျက်စီး​ပြီး​ ၄,၅၀၀ ​လောက် ​ရေမြုပ်သွား​တယ်လို့​ မ​နေ့​က ပြုလုပ်တဲ့​လွှတ်​တော်အစည်း​အ​ဝေး​မှ ​ပြောခဲ့​ကြောင်း​ အလဲဗင်း​မီဒီယာက ​ဖော်ပြပါတယ်။

လယ်ဧက ၁၂၀ မျိုး​စပါး​တင်း​ သုံး​သောင်း​ကျော် ပျက်စီး​သွား​သလို ​သေသူ ၉၀ ဦး​ ရှိပြီး​ အဲဒီထဲမှာ ​ပျောက်ဆုံး​စာရင်း​မပါဘူး​လို့​ ဆိုပါတယ်။ ​ရေတိုက်စား​မှု​ကြောင့်​ တံတား​ကြီး​ ၁၀ ခု ပျက်စီး​သွား​တယ်လို့​ ​ဖော်ပြထား​ပါတယ်။
http://burmese.dvb.no/archives/17000

မှတ်ပုံတင်မလား၊ မတင်လား … ကောလဟာလ



ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ အောက်တိုဘာ ၂၆၊ ၂၀၁၁

လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအခြေအနေတွေ လှုပ်လှုပ်ရှားရှားဖြစ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့က စစ်အစိုးရက သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းစဉ်တုန်းက တင်းတင်းမာမာပြဋ္ဌာန်းခဲ့တဲ့ ကန့်သတ်ချက်တွေကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးတော့ အင်န်အယ်ဒီပါတီကို မှတ်ပုံတင်နိုင်အောင် လုပ်ပေးနေပြီလို့ သတင်းတွေ ကြားနေရတယ်။ ဒါကြောင့် ဆရာဦးဝင်းတင်နဲ့ သူ့သဘောထားကို မေးမြန်းခဲ့ပါတယ်။

မေး။ ။၂၀၁၀ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေအကြောင်းလေး ပြန်ပြောရအောင် ဆရာ။

ဖြေ။ ။ အဲသည်တုန်းက အင်န်အယ်ဒီပါတီက အဲသည်က အချက်အလက်တွေကို လက်မခံနိုင်ဘူးဆိုပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီကို မှတ်ပုံမတင်ခဲ့ဘူး။ ၂၀၁၀ တုန်းက ဖြစ်ခဲ့တဲ့ အနေအထားမှာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်လို့ သစ္စာခံခိုင်းတာပါတယ်။ ဒါကို တို့က ငြင်းခဲ့တယ်။ ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲဥပဒေမှာ ဆိုထားခဲ့တယ်၊ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်။ ဒါကို လက်မခံနိုင်ဘူး။ နောက်ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေကို ပျက်ပြယ်ပြီလို့ မှတ်ယူရမယ်ဆိုတဲ့ စာပိုဒ်ပါတယ်။ ဒါကိုလည်း ဒို့က လက်မခံခဲ့ဘူး။

မေး။ ။ အင်န်အယ်ဒီပါတီ မှတ်ပုံတင်နိုင်အောင် ရွေးကောက်ပွဲဥပဒေကို ပြင်ပေးမယ်တဲ့လား

ဖြေ။ ။ သတင်းတွေ ဖြစ်နေတာကတော့ အခြေခံဥပဒေကို လေးစားလိုက်နာရမည်လို့ ပြောင်းပြဋ္ဌာန်းမယ်လို့ သတင်းထွက်တယ်။ ဒါက သဘောကတော့ ရာဇသတ်ကြီးဥပဒေတို့၊ ပုဒ်မတို့ စတဲ့ ရှိတာတွေကို လေးစားလိုက်နာရမယ်ဆိုတဲ့ သဘောမျိုးပေါ့ကွာ။ ဥပဒေက ဥပဒေဆိုတဲ့ သဘောမျိုး၊ လက်ခံတာ မခံတာက တပိုင်းထားပေါ့။ နောက်တခုက ထောင်ကျနေတဲ့သူတွေကို ထုတ်ပစ်ရမယ်ဆိုတာတွေကိုလည်း ဖယ်ရှားလိုက်မယ်လို့ ပြောတယ်။ နောက် ၁၉၉၀ ရလဒ်နဲ့ ပတ်သက်ပြီး တစုံတရာ အသိအမှတ်ပြုမယ်လို့ သတင်းထွက်နေတယ်။ ဒီသတင်းတွေကြောင့် အင်န်အယ်ဒီနဲ့ မဟာမိတ်တွေ၊ စီအာရ်ပီပီအဖွဲ့ဝင်တွေက မှတ်ပုံတင်လိမ့်မယ်။ ပြီးတော့ အင်န်အယ်ဒီဟာ ရွေးကောက်ပွဲဝင်လိမ့်မယ်လို့ သတင်းတွေ အပြင်မှာ ထွက်နေတယ်ပေါ့ကွာ။

မေး။ ။ ဒါဆိုရင် သတင်းတွေထွက်နေပြီ ဆိုတာနဲ့ အင်န်အယ်ဒီပါတီထဲမှာ ဒါကို အတည်ထားပြီး ဆွေးနွေးနေကြပြီလား။

ဖြေ။ ။ ဒါတွေက ဘာဆွေးနွေးနေတာ ဘာမှ မရှိဘူး။ တရားဝင်ဥပဒေမှ မရှိတဲ့ဟာကို ဘာတွေ ဆွေးနွေးရမှာလဲ။ ဒေါ်စုကိုယ်တိုင်ကလည်း ဦးအောင်ကြည်နဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီးသားပဲ ပါတီကိစ္စကို အင်န်အယ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တင်ပြပြီးမှ ဖြစ်မယ်ဆိုတာ ပြောခဲ့ပြီးသား ဖြစ်တယ်။

မေး။ ။ ဒါတွေက ကောလဟာလတွေပေါ့ ဆရာရေ။

ဖြေ။ ။ ဟုတ်တယ်။ ဒါကို အခုအချိန်မှာ ဒီလိုပဲ ပြောပြရမှာပဲ။ အစိုးရကနေပြီးတော့ ၂၀၁၁ ရွေးကောက်ပွဲဥပဒေဆိုပြီး ထွက်လာမှပဲ အကျိုးအကြောင်း သိရမှာပဲ။ အခု စကားပြောနေတဲ့ အောက်တိုဘာ ၂၄ အထိတော့ ဘာမှ မသိရသေးဘူးပေါ့ကွာ။

မေး။ ။ ဟုတ်ကဲ့။ ၂၀၀၈ မတ်လ ၈ ရက်နေ့တုန်းက ရွေးကောက်ပွဲဥပဒေပေါ်ခဲ့စဉ်တုန်းက အခြေအနေကို ပြန်ပြောကြမယ်ဆိုရင် အဲသည်တုန်းက ဆရာနဲ့ ဦးအောင်ရွှေတို့နဲ့ ဆွေးနွေးကြတယ်။ စီအီးစီ အစည်းအဝေးနဲ့ အဆုံးအဖြတ် ဘာမှ မကျဘူး။ စီအီးစီက စီစီခေါ်တယ်။ ဗဟိုကော်မီတီအစည်းအဝေးခေါ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတယ်။ အခုလည်း လက်ရှိအစိုးရကနေ ရွေးကောက်ပွဲဥပဒေထုတ်ပြန်မှပဲ ဒါက အရေးယူရမယ့်ကိစ္စပေါ့နော်ဆရာ။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲသည်တုန်းက အကြောင်းတွေကို ကျနော့် မီဒီယာအင်တာဗျူးတွေမှာ ပြောခဲ့တာတွေ ရှိတယ်။ ခင်ဗျားတို့ဆီမှာ ရှိသေးရင်လည်း ပြန်ညွှန်းပြစေချင်တယ်။ အသေးစိတ်ကို အဲသည်မှာ ကြည့်လို့ရတယ်လေ။

(မိုးမခက မှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၀ မတ်လ ၈ ရက် စစ်အစိုးရရွေးကောက်ပွဲဥပဒေဆိုင်ရာ အင်တာဗျူးကို သည်နေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါသည်)

ချိုတူးဇော်နဲ့ စကားလက်ဆုံ (၃)


Interview with Cho Tu Zaw – စကားလက်ဆုံ (၃)


ချိုတူးဇော်နဲ့ စကားလက်ဆုံ (၃)
မိုးမခ၊ အောက်တိုဘာ ၂၇၊ ၂၀၁၁
မေး။ ။ရုပ်ရှင်ရိုက်နေတဲ့ ဒါရိုက်တာတဦးအနေနဲ့ ဘာတွေ အားထုတ်ခဲ့သလဲ။
ဖြေ။ ။ ဒါရိုက်တာတယောက်အနေနဲ့ ကျနော်စဉ်ဆက်မပြတ်အားထုတ်ခဲ့တာ ၂ ပိုင်းရှိပါတယ်။ ပထမ ၁ ပိုင်းက မြန်မာပြည်ရဲ့နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ မမျှတမှုတွေကို အနုပညာနဲ့တင်ပြဖို့၊ နောက်တပိုင်းကတော့ အနှစ်  နှစ်ဆယ်လုံးလုံး အဖျက်ဆီးခံလိုက်ရလို့ အဘက်ဘက်က ပျက်စီးသွားရတဲ့ ကျနော်တို့တန်ဖိုးကို ပြန်လည်တည်ဆောက်နိုင်ဖို့။
 မေး။ ။ ၉၂၊ ၉၃ တုန်းက ခင်ဗျားလုပ်နိုင်ခဲ့တဲ့ စတုတ္ထနှစ်မြို့ပြကျောင်းသူ ဇာတ်ကားလိုမျိုးတွေ ပြန်ရိုက်နိုင်လိမ့်မယ်လို့ ခင်ဗျားက မျှော်လင့်နေခဲ့တာပေါ့။ အထင်နဲ့ အမြင် ဘာကွာသလဲ။

ဖြေ။ ။  စိတ်ပျက်လက်ပျက်နဲ့  ၉ နှစ်တိတိကျောခိုင်းပြီးထွက်လာခဲ့တဲ့ ဗီဒီယိုဒါရိုက်တာအလုပ်ကိုပြန်လုပ်တော့ တိုင်းပြည်ကြီးဟာ ၈၈ ကာလနဲ့ အပုံကြီးကွာခြားသွားခဲ့ပြီ။ နေရာတိုင်းမှာလာဘ်ပေးလာဘ်ယူတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ …။  ဒါတွေကိုကြည့်ပြီး ရန်သူကိုဘယ်လိုတိုက်ရပါ့ဆိုတာထက် ကိုယ့်တပ်ကိုကိုယ် ဘယ်လိုစုစည်းရပါ့လို့ ခံစားမိတဲ့ စစ်သည်တယောက်လို နာကျင်မိတယ်။
 မေး။ ။ ၂၀၀၆ မှာ ပြန်ရိုက်တဲ့ဇာတ်ကားက ဘာလဲ။ ခင်ဗျားကိုယ်တိုင်က ရင်ကော့ ခေါင်းမော့ပြီး အနုပညာတွေ ပြန်ဖန်တီး ထုတ်လုပ်နိုင်ခဲ့သလား။

ဖြေ။ ။ ၂၀၀၆ ခုနှစ်က စပြီးကားပြန်ရိုက်တဲ့အခါမှာ ဆရာငြိမ်းကျော်ရဲ့ဝတ္ထုမျိုးတွေ၊ သံသရာစက်ဝန်းတနေရာရာလို ဇာတ်ကားမျိုးတွေကို ကြိုးစားပြီးရိုက်ခဲ့တယ်။ကျနော်တို့ကိုယ် ကျနော်တို့ တန်ဖိုးမထားတတ်ရင် အာဏာရှင်စနစ်သာမက နိုင်ငံတကာမှာ၊ လူမျိုးတိုင်းဆီမှာ ကျနော်တို့ကိုယ်တိုင် အနှိမ်ခံရမယ်။ဒါဟာ ပိုဆိုးတယ်။  နေရာတိုင်းမှာ ကျနော်တို့လူမျိုးတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရကောင်းမှန်းမသိအောင် ကျဆင်းသွားခဲ့ကြတယ်။ အချင်းချင်းလည်း တန်ဖိုးမထားကြတော့ဘူး။  ဘတ်စ်ကားစပယ်ယာက လူတွေကို အော်ဟစ်ဆဲဆို နေတယ်။ တက္ကစီဒရိုင်ဘာက ကားငှားတဲ့လူကို အထင်သေးဆက်ဆံတယ်။ လူတိုင်းက ပိုက်ဆံဆိုတာနဲ့ပဲ တန်ဖိုးဖြတ်ကြတယ်။ ပညာတတ်ဆိုတာတန်ဖိုးမဲ့အောင် ပညာရေးစနစ်ကနိမ့်ပါးသည်ထက်နိမ့်ပါး၊ လာတယ်။
 မေး။ ။ အဲဒါတွေကို ရုပ်ရှင်တွေထဲမှာ ပြန်ပြီး ထင်ဟတ်နိုင်ရဲ့လား။ ခင်ဗျားဘာတွေ ထင်ဟတ်ပြီး ပြနိုင်သလဲ။
ဖြေ။ ။အရင်က အရက်သောက်တာကို ရှက်စရာကြောက်စရာလို့ သဘောထားတဲ့လူမျိုးတွေ၊ အရင်က အင်မတန်မှ အရှက်အကြောက်ကြီးခဲ့တဲ့လူမျိုးတွေလေ။ အခုဆို ပလက်ဖေါင်းအပြည့် ဘီယာဆိုင်မှာ မိန်းကလေး ယောက်ျားလေးတွေ ညနေတိုင်းအပြည့်။ မိန်းကလေး ယောက်ျားလေး အရွယ်ရောက် ရုပ်ကလေးသင့်တင့်တဲ့သူမှန်သမျှ “စပွန်ဆာ” ဆိုတဲ့စကားလုံးကို ရေလဲသုံးလို့ လက်ဖြန့်နေကြတဲ့ ခေတ်။ အလဲအလှယ်တွေ လုပ်နေကြတဲ့ ခေတ်။ အဲဒီခေတ်ကြီးကိုမြင်အောင် ပြန်ပြီး ရှက်တတ်၊ ကြောက်တတ်လာအောင် ကျနော် အနုပညာသမားတယောက် အနေနဲ့အားထုတ်ပါတယ်။
 မေး။ ။ မြန်မာပြည်က ဆင်ဆာတွေ စိစစ်ရေးတွေကကော ခင်ဗျားတင်ပြတာတွေကို လက်ခံသလား၊ ခွင့်ပြုလို့လား။
ဖြေ။ ။ဆင်ဆာအနေနဲ့ ကျနော်တင်ပြတာကို လက်ခံအောင် အနုပညာမြောက်အောင် ကြိုးစားပြီး အားထုတ်ခဲ့တယ်။ ကျနော် နိုင်ငံရေးသမား မဟုတ်ဘူး။ အနုပညာသမားပါ။ အနုပညာသမားဆိုတာ ခေတ်အဆက်ဆက် သူမြင်တာကို မြင်တဲ့အတိုင်း၊ ခံစားရတာကို ခံစားတဲ့အတိုင်း ရေးမှာ၊ ပြောမှာ၊ ဖန်တီးမှာပဲ လို့ … ပွင့်ပွင့်လင်းလင်း သူတို့ကို ပြောပြတယ်။ အဲဒီ့အတွက် ရှေ့ပိုင်း ဇာတ်ကားတော်တော်များများ လွတ်ခဲ့တယ်။
 မေး။ ။ ကျနော်တို့ကတော့ ခင်ဗျားကိုယ်တိုင် ဗီဒီယိုကားတွေရိုက်နေတဲ့ ဒါရိုက်တာထိုင်ခုံကနေ ၀ုန်းကနဲ ထရပ်ပြီး နေပြည်တော်ကို ဒေါသတကြီးနဲ့ ကန့်ကွက်ဖို့ ထထွက်သွားတဲ့ အပြင်က ဘ၀ဇာတ်ဝင်ခန်း အပြောင်းအလဲကို ပြောပြစေချင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ ချိုတူးဇော်တယောက် ခွပ်ဒေါင်းအလံတော်ကို ပါတီနိုင်ငံရေးအလံတခုအဖြစ် အလွဲမသုံးရအောင် ကန့်ကွက်တဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တယ်လေ။ ဘယ်လိုဖြစ်သွားရတုန်း အနုပညာသမားကြီး ရဲ့။
 ဖြေ။ ။ကျနော်တို့လိုလူမျိုးတွေကို “ဘလက်ခ်လ်စ်”အနေနဲ့ သတ်မှတ်ထားပေမယ့် အတိုင်းအတာတခုအထိတော့ စောင့်ကြည့်နေခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျားပြောသလိုပါပဲ …နောက်ပိုင်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတခုမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ မှတ်ပုံတင်ကြတော့ ပါတီတခုက ခွပ်ဒေါင်းအလံကို သုံးတာနဲ့ ကန့်ကွက်ဖို့ အရေးပေါ်လာကော။ သတင်းစာထဲမှာ အလံနဲ့ အမှတ်တံဆိပ်ကို ကန့်ကွက်နိုင်ကြောင်း ကြေညာထားပေမယ့် ကန့်ကွက်မယ့်သူ ဘယ်သူမှ မရှိကြသေးဘူး။  ကျနော်လည်း တဖြည်းဖြည်းနဲ့ စောင့်ကြည့်ခဲ့တယ်။ ဘယ်သူများကန့်ကွက်မလဲလို့။ ဟိုလူ လုပ်နိုး၊ ဒီလူ လုပ်နိုးပေါ့။ ကျနော်ကိုယ်တိုင်လည်း အဲသည် နိုးနိုးထဲမှာ ပါနေတယ် ပေါ့ဗျာ။
နောက်ဆုံးကြေညာထားတဲ့ ကန့်သတ်ရက်ကုန်ဖို့ ၂ ရက်ပဲ ကျန်တော့တယ်။ ဘယ်သူမှ ကန့်ကွက်မယ့်သူ ပေါ်မလာဘူး။ ဒါနဲ့ ဒီကသူငယ်ချင်းတချို့နဲ့ ကျနော်တို့ တာဝန်ယူပြီး ကန့်ကွက်ခဲ့ရတယ်။ အဲဒါ ၈၈  နောက်ပိုင်းကာလ ပထမဆုံး ရှေ့ကိုပြန်ထွက်ခဲ့တာပဲ။ ၂၀၀၇ ရွှေဝါရောင်မှာလည်း နောက်ကပဲ နေခဲ့တယ်။ ကိုယ့်ဖါသာ လုပ်သင့်တယ် ထင်တာကို နောက်ကပဲ လုပ်ပေးခဲ့တယ်။ ၂၀၀၈ နာဂစ်မှာလည်း ကိုယ့်ဖါသာ ပိုက်ဆံရှာ၊ ပိုက်ဆံစု ဆန်တွေဝယ်၊ ဆန်အိတ်တွေလိုက်ပို့ တာမျိုးပဲ လုပ်ခဲ့တယ်။ ဘာမှ လူလုံးမထွက်ခဲ့ဘူး။ ဒါပေမယ့် ခွပ်ဒေါင်းအလံကို ခုလို ဖျက်လိုဖျက်ဆီး လုပ်ပစ်မယ်ဆိုတော့ မခံနိုင်တော့ဘူး။ အနီးမှာရှိတဲ့သူငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ နေပြည်တော်ထိသွားပြီး ကန့်ကွက်စာ တင်ခဲ့တယ်။
မေး။ ။ အဲသည် ၂၀၁၀ ရွေးကောက်ပွဲအကြို ကာလတွေမှာ ခင်ဗျားအနေနဲ့ ဘာတွေ အကောင်းမြင်ပြီး ဗီဒီယိုရုပ်ရှင်တွေ ရိုက်ခဲ့တာ ရှိသလဲ။
ဖြေ။ ။ အဲဒီက စပြီး အာဏာပိုင်တွေက ကျနော့်ကို ဂရုစိုက်စရာဖြစ်သွားခဲ့တယ် ထင်တာပဲ။ အဲဒီအချိန်မှာ “စတုတ္ထနှစ်မြို့ပြကျောင်းသူ” နဲ့ချိတ်ဆက်တင်ပြထားတဲ့ “လွမ်းစိမ့်” ကို ရိုက်ပြီးနေပြီ။ “လွမ်းစိမ့်”ကို ရွေးကောက်ပွဲအကာအကွယ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ပေါင်းစည်းရေး ဆိုတဲ့ နိဂုံးနဲ့ ရိုက်ခဲ့တယ်။
မေး။ ။ ကျနော်တို့အနေနဲ့ ပြောရရင် အဲသည်တုန်းက စစ်အစိုးရဖက်က ၈၈ အရေးတော်ပုံကို နင်းခြေ စော်ကား ဖျက်ဆီးထားတဲ့ ၀ါဒဖြန့်ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်နေ ထုတ်နေ ပြသနေတယ်လို့ပဲ မှတ်မိတယ်။ ခင်ဗျားရုပ်ရှင်အကြောင်း အသံတောင် မကြားခဲ့ရပါဘူး။

ဖြေ။ ။ ဟုတ်တယ်။ အမြဲတမ်းမှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေဟာ ၈၈ အရေးတော်ပုံကို မင်းမဲ့စရိုက်တွေ၊ လူဆိုး လူသွမ်း၊ လူရမ်းကားတွေရဲ့ လုပ်ရပ်တွေ၊ ဆူပူလှုံဆော် အကြမ်းဖက်တာတွေအဖြစ် အမြဲတမ်း သရုပ်ဖော်တယ်။ အဲသည်လို ကားတွေ အများကြီးပဲ။ နံမယ်တပ်ပြီး မပြောချင်ဘူး။ မြန်မာတပြည်လုံး သိပါတယ်။ ဒါကြောင့် ကျနော်က “လွမ်းစိမ့်”ကို ရိုက်တာ ဖြစ်ပါတယ်။  စစ်အစိုးရက သူတို့လူတွေ (နံမယ်တပ်ပြောမယ်ဗျာ၊ မပြောလို့ရှိရင် သူနိုးနိုး ငါနိုးနိုးနဲ့ ဟိုလိုလို ဒီလိုလို လူတွေချည်းပဲမို့လို့) စင်ရော်မောင်မောင်တို့၊ တင်သန်းဦးတို့၊ ဝေမှိုင်းညိုတို့ ဒါရိုက်တာတွေနဲ့ နှစ်စဉ် ၀ါဒဖြန့်ရိုက်နေတဲ့၊ ရိုက်ခဲ့တဲ့ ၈၈ ကို လူဆိုးလူသွမ်း လူရမ်းကားတွေက ဆူပူအောင်လုပ်ခဲ့တာဆိုတဲ့ ဇာတ်ကားတွေကို ချေဖျက်ဖို့ ကျနော် ရုပ်ရှင်ရိုက်တယ်။ 
၈၈ ဆိုတာ တကယ့်ကို စာပေအနုပညာအလုပ်တွေကို ရှေ့တန်းကလုပ်ခဲ့တဲ့ တကယ့်ကိုတိုင်းပြည်ကိုချစ်တဲ့၊ တကယ့်ကို ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတဲ့ လူငယ်လေးတွေက ကျောင်းသားလေးတွေက တိုင်းပြည်အတွက် အသက်တွေ ဘ၀တွေ စွန့်ပြီးလုပ်ခဲ့တာဆိုတာကို ပြဖို့ ကျနော် “လွှမ်းစိမ့်” ကို ရိုက်ခဲ့တာ။ ကျနော် ဇာတ်ကား ပြသခွင့် မရခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲလို ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ပေါင်းစည်းရေးဆိုတဲ့ နိဂုံးနဲ့ ရုပ်ရှင်အနုပညာတခု ဖန်တီးထုတ်လုပ်ခွင့်၊ ပြသခွင့်မရဘူး။ အပိတ်ခံခဲ့ရတယ်။ ခင်ဗျားတို့ ဘာအသံကြားမှာလဲ။

 မေး။ ။ ခင်ဗျားက ဒီလောက် ပြူးပြဲနေတဲ့ ဆင်ဆာဘုတ်တွေ စိစစ်ရေးတွေအောက်မှာ ဘယ်လိုမျိုး ရိုက်ခဲ့တာလဲ။
ဖြေ။ ။ ကျနော့်ဇာတ်ကားက (ဗီဒီယို) က ၈၇၊ ၈၈ အဖြစ်အပျက်တွေနဲ့ ကျနော်တို့ အာရ်အိုင်တီကျောင်းကြီးကို နောက်ခံထားတယ်။ ၈၇မှာ ၇၅ကျပ်တန်ငွေတွေ အသိမ်းခံရတာတွေ ပါတယ်။ ၈၈ အကြောင်းပါတယ်။ အဲဒီကားမှာ အဲဒီခေတ်တက္ကသိုလ်နဲ့ အဲဒီခေတ်က တက္ကသိုလ်ရဲ့ စာပေ အနုပညာလှုပ်ရှားမှုတွေကို အဓိကထား တင်ပြထားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော် က ခင်ဗျားတို့ ကျနော်တို့တွေ၊ ညီအကို မောင်နှမတွေ လွယ်အိတ်လေးတွေ လွယ်ပြီး တက္ကသိုလ်ပရ၀ုဏ်ထဲမှာ သွားလာနေတာတွေ ပြန်မြင်ယောင်ပြီး ပြထားတယ်။
 မေး။ ။ အဲဒါက နောက်ဆုံးကျတော့လည်း ပြခွင့်မရဘူးဆိုတဲ့ သဘောပေါ့။f';">ဖြေ။ ။ အဲသလို ပြောရမှာပဲ။
 အဲဒီဇာတ်ကားကို ပထမပြင်ဆင်ချက် ၁၈ ချက်နဲ့ ပြင်ဆင်ခိုင်းခဲ့တယ်။  ကျနော်တို့က အဲဒီပြင်ဆင်ချက်တွေကို ငြင်းဆန်ပြီး ပြန်လည်ထုချေတဲ့စာတစောင်တင်ခဲ့တယ်။  ပြင်ဆင်ချက်တွေအတိုင်းပဲ ပြင်ဆင်ပါ၊ လုံးဝ ထုချေခွင့်မပြုနိုင်ဘူး ဆိုတဲ့ စာ အကြောင်းပြန်ခဲ့သလို၊ အဲဒီလို ထုချေတဲ့အတွက် ပိုဆိုးမယ်လို့ ဆင်ဆာညွှန်ကြားရေးမှူးကိုယ်တိုင်က ပရိုဂျူဆာကို ခေါ်ပြောခဲ့တယ်။အဲဒီနောက်မှာတော့ ကျနော့်ရဲ့ လွမ်းစိမ့်ကို “ဆိုင်းငံ့” ဆိုတဲ့ စာ တကြောင်းနဲ့ပိတ်ထားလိုက်တာ. . ခုချိန်ထိပါပဲ။

 မေး။ ။ အင်း … အဲသည်အချိန် ခေတ်ပြိုင်ကာလမှာ ကျနော်တို့ အမေရိကန်ပြည်ထောင်စုမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ခင်ဗျားကို ပြောပြမှ ဖြစ်မယ်ထင်တယ်။ ဒါရိုက်တာတင်သန်းဦးရဲ့ “အရုဏ်ဦးမှာဖူးသည့်ကြာ” ကို ကန့်ကွက်တဲ့အနေနဲ့ အဲသည်ဇာတ်ဝင်ခန်းတွေရိုက်ခဲ့တဲ့ သရုပ်ဆောင်တဦးနဲ့ သူ့အပေါင်းအပါတွေ အမေရိကန်ကို လာဖျော်ဖြေကြတော့ အမေရိကန်ရောက်  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူုတွေက ကန့်ကွက်ခဲ့တယ်။ ဆန္ဒပြဆန့်ကျင်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့တွေကို အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ရတယ်။ အမေရိကန်ရောက် မြန်မာကွန်မြူနီတီအများစုအနေနဲ့ စစ်အစိုးရနောက်လိုက် အနုပညာသမားဆိုသူတွေကို “အနီကပ်” ပြနိုင်ခဲ့တယ် ဆိုကြပါဆိုဗျာ။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ကြတာတခုပေါ့လေ။','sans-serif';">ဖြေ။     ။ ကျနော် ကြားတော့ ကြားလိုက်ပါတယ်။ ကျနော်တို့ဆီမှာကတော့ အဲသည်လိုမျိုး သတင်းကိုတောင် ပွင့်ပွင့်လင်းလင်း မကြားရတဲ့ အဖြစ်ပါဗျာ။
 မေး။ ။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ၈၈ရဲ့ သမိုင်းအမှန်ကို အနုပညာနဲ့ ရင်ဆိုင် ထုတ်ဖော်ဖို့ ကြိုးစားခဲ့တာတောင် မအောင်မြင်ခဲ့ဘူး။ ခုထိလည်း ဆိုင်းငံ့ဆိုပြီး ပိတ်ထားတယ် ဆိုတော့ ကျနော်တို့ မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလမှာလည်း နိုင်ငံရေးပွင့်လင်းမှုတွေ ပြောဖို့ ထားဦး၊ ခင်ဗျားရဲ့ အနုပညာပွင့်လင်းမှုတွေတောင် မမြင်ရသေးဘူးလို့ ပြောရင် ရမလား။
ဖြေ။ ။ အဲဒါတော့ ခင်ဗျားပြောတာပဲ။ ကျနော်ကတော့ “ဆိုင်းငံ့” ဆိုတဲ့ စာတကြောင်းနဲ့ အခု မြင်တဲ့အတိုင်းပဲလေ။
မေး။    ။ ခင်ဗျားအခုပြောနေတာတွေကို မယုံဘူးဗျာ။ ကျနော်က အဲသလိုပြောမယ်။ ဘာမဟုတ်တဲ့ စိတ်ကူးယဉ် တက္ကသိုလ်နောက်ခံ အချစ်ဇာတ်ကားတကားကို အစိုးရတရပ်ရဲ့ ဆင်ဆာဘုတ်က “နိုင်ငံရေးတွေပါနေတယ်” ဆိုပြီး “ဆိုင်းငံ့” လုပ်ပြီး ပြသခွင့်ပိတ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ မယုံဘူး။ ခင်ဗျား လျောက်ပြောနေတာပဲလို့ ကျနော်က ပြောမယ်။ ခင်ဗျားလက်ထဲမှာ အဲသည် အစိုးရရဲ့ ဆင်ဆာဘုတ်က ပြင်ဆင်ခိုင်းတဲ့စာကို ပရိသတ်ကြီးကို တိုက်ရိုက်ချပြလို့ မရဘူးလား။ ကျနော်တို့အားလုံး ရုပ်ရှင်မကြည့်ရရင်နေပါ။ စစ်အစိုးရဆင်ဆာလူကြီးတွေရဲ့ စာကိုတော့ ကြည့်ခွင့်မပေးနိုင်ဘူးလား။
ဖြေ။     ။ ရပါတယ်။ ကျနော်ရဲ့ “လွမ်းစိမ့်”  ဆိုတဲ့ ဇာတ်ကားအခွေနဲ့ အတူ တွဲသိမ်းထားတဲ့ စာ ဒီမှာ ခင်ဗျားကို ကျနော် ထုတ်ပြလိုက်မယ်။ ကြည့်ပါ။


 (ချိုတူးဇော်၏ လွမ်းစိမ့်ကားကို မြန်မာအစိုးရ ဗီဒီယိုဆင်ဆာအဖွဲ့က အချက် ၁၈ ချက်နှင့် ပြင်ဆင်မှုပြုရန် တားမြစ်သည့် စာ)
 (ဆက်လက်ဖော်ပြပါမည်)

http://moemaka.com/2011/10/interview-with-cho-tu-zaw-%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%86%e1%80%af%e1%80%b6-%e1%81%83/

တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ

ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

By ကိုမိုးဇော်

မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ မြစ်ဆုံဆည် တည်ဆောက် နေတဲ့ တရုတ်အလုပ်သမား အတော်များများ နေရပ်ကို ပြန်လည် ထွက်ခွာနေတယ်။ ဒါပေမဲ့ စက်ယန္တားတွေကို မူလအတိုင်းပဲ ဆက်လက်ထားရှိပြီး မြစ်ဆုံအထက်ပိုင်းက မေခ၊ မလိခမြစ်ပေါ်က ရေကာတာတွေ တည်ဆောက်မယ့် ဒေသဘက်တွေကို လမ်းဖောက်လုပ်တာတွေတော့ ဆက်ပြီး ရှိနေဆဲဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံရေကာတာကို ရပ်တန့်လိုက်ပေမဲ့
အထက်ပိုင်းက ရေကာတာတွေကို ဆက်လက်တည်ဆောက် မယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေး လုပ်ငန်းကို နိုင်ငံတော်သမတ ဦးသိန်းစိန်က ရပ်တန့်ဖို့အတွက် လွန်ခဲ့တဲ့လကုန်ပိုင်းက ဆုံးဖြတ်ခဲ့တဲ့ နောက်ပိုင်း ပြီးခဲ့တဲ့အပတ်က တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာနဲ့တရုတ် နှစ်နိုင်ငံကြား ပူးတွဲ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တဲ့ ကာလအတွင်းမှာပဲ မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းက တရုတ်အမျိုးသားတွေ အတော်များများ နေရပ်ရင်း ပြန်ကြတာဖြစ်ပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မှုလုပ်ငန်း ရပ်ဆိုင်းထားတဲ့ အခြေအနေကို သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားသူ တယောက် ဖြစ်တဲ့ မြစ်ကြီးနားဒေသခံက အခုလို ပြောပါတယ်။

"ဟုတ်ကဲ့၊ ဒီဘက်မှာ ရေကာတာကြီးကို ပေါ်ပေါ်တင်တင် ဆောက်လုပ်တာတော့ သူတို့ ရပ်ခိုင်းထားတာပေါ့ဗျာ။ အလုပ်သမား ပြန်တယ်ဆိုပေမယ့် အားလုံး မပြန်သေးဘူး။ တချို့ အလုပ်သမားတွေ ကျန်သေးတယ်။ စက်ယန္တရားတွေက အားလုံး အစီအစဉ် ရှိနေတာပေါ့။ ဒါပေမယ့် အခုဒီမှာ လမ်းလုပ်တဲ့ မြေတိုင်းဟာပေါ့နော်၊ သူတို့ Survey လုပ်တဲ့ဟာတွေ တချို့ ကျန်သေးတယ်။ နောက်ပြီး မေခ အထက်ဘက်ပေါ့နော် လမ်းဆက်လုပ်ဖို့အတွက် သူတို့ စီစဉ်နေတဲ့ဟာတွေ ရှိတာပေါ့။"

မြစ်ဆုံဆည် စီမံကိန်းကို မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၇ခုနှစ်က စတင် တည်ဆောက်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံ ကချင်ပြည်သူတွေ ကျယ်ကျယ် လောင်လောင် ကန့်ကွက် ခဲ့တဲ့နောက် စက်တင်ဘာလကုန်က ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်တာကို သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းမှာ ဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ မြစ်ဆုံအထက်က မေခနဲ့ မလိခမြစ်ပေါ်က ကျန် ရေကာတာ ၇ ခုကိုတော့ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ ကျန်ရေကာတာတွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံက အခုလို ဆက်ပြောပါတယ်။

"အထက်မှာ လုပ်တဲ့ဟာက တအားကြီး ပေါ်ပေါ်တင်တင်ကြီး လုပ်တာတော့ မရှိဘူး။ ဒါပေမယ့် အေရှားဝေါ ကုမ္ပဏီ တာဝန်ခံပြီးတော့ တချို့လမ်းတွေ လုပ်မယ်ဆိုရင် ဒီမှာ မြစ်ကြီးနားမှာ ရုံးစိုက်တဲ့လူတွေ ကချင်ဘက်မှာ ပြောင်းပြီးမှ တချို့အလုပ်သမားတွေ ခေါ်သွားပြီးတော့ အလုပ် ဆက်လက် လုပ်နေတာကို သိရှိရတာကို ကြည့်ခြင်းအားဖြင့် ပေါ်ပေါ်တင်တင် မလုပ်ရင်လည်း ဆက်လက်ပြီးတော့ လုပ်ငန်းတွေကို အကောင်အထည်ဖော်တယ်။ အထက်ဖက်မှာ အလုပ် ပြောင်းနေကြတယ် ဆိုတာကိုတော့ ကျနော်တို့ သိရှိရတာပေါ့နော်။"

မြန်မာနဲ့ တရုတ်အစိုးရတို့ဟာ မြစ်ဆုံရေကာတာအပြင် မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ ရေကာတာတွေ တည်ဆောက်ဖို့ သဘောတူ ထားတာဖြစ်ပါတယ်။

FREDA ခေါ် သံယံဇာတ ပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းရဲ့ ဒုဥကဌ ဦးအုန်းကတော့ ရခိုင်ရိုးမနဲ့ ချင်းတောင်မှာ တောတွေပြုန်းခဲ့တာကြောင့် ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဟာ မြန်မာပြည်အလယ်ပိုင်းထိ ၀င်ရောက်နိုင်တာဖြစ်တယ်။ မုန်တိုင်းနဲ့အတူပါတဲ့ မိုးဒဏ်ကြောင့် ယောချောင်းအတွင်းက ဆည်တွေကျိုးပြီး ရွာ ၃၀ ကျော် ရေထဲပါခဲ့ရသလို လူတွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ လတ်တလော အဖြစ်ကို ဝေဖန်ထောက်ပြပါတယ်။

သူက ဆက်လက်ပြီး ကချင်ပြည်နယ်က မေခ၊ မလိခမြစ်ပေါ်က ဆည်တွေနဲ့ ပတ်သက်ပြီးတော့ အခုလို သုံးသပ်ပါတယ်။

"အဲဒီလို အဖြစ်မျိုး ကချင်ပြည်နယ်မှာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ဥပမာ ကချင်ပြည်နယ်လည်း တောက တော်တော်ကုန်နေပြီ။ အဲဒီတော့ ဟိမ၀န္တာတောင်ကနေပြီးတော့ ရေခဲမြစ်တွေက အရေပျော်ပြီးတော့၊ ရုတ်တရက်ကြီး ရေခဲတွေ အရေပျော်ပြီး ဆင်းလာရင် အဲဒီဒဏ်ကို မြစ်ဆုံအထက်က ဆည်တွေ ခံနိုင်မလား။ မခံနိုင်လို့ရှိရင် မြစ်ကြီးနား အပါအ၀င် ကချင်ပြည်နယ်ဟာ ရွာတွေရော၊ မြို့တွေရော ရေမြုပ်သွားနိုင်တယ်။ အဲဒီလို ဒဏ်တွေဟာ အခု စဖြစ်နေပြီ။ ရှေ့လျောက် တောတွေခုတ်တာ မရပ်သ၍၊ ဆည်တွေကို လိုသည်ထက်ပိုပြီးတော့ ဆောက်တာ မရပ်သ၍ သဘာဝအန္တရာယ်ကတော့ သေချာပေါက် ရင်ဆိုင်ရမှာဘဲ။ အဲဒီအတွက် ကျနော် စိုးရိမ်တယ်။"

ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြန်မာမြစ်ကြောင်းများ စောင့်ကြည့်ရေးကွန်ယက် အဖွဲ့ကတော့ မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီဆည်တွေက ထုတ်လုပ်မယ့် လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်တယ်လို့လည်း သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

http://www.voanews.com/burmese/news/Myitsone_Dam_Oct26_2011-132621008.html

ဒဏ်ခတ်မှုရုပ်သိမ်းဖို့ အခြေအနေမရောက်သေး

ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

By မသင်းသီရိ

မြန်မာနိုင်ငံကို အမေရိကန် အပါအ၀င် အနောက်နိုင်ငံကြီးတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုတ်သိမ်းသေးတာဟာ ရုတ်သိမ်းနိုင်လောက်တဲ့ အဆင့်ထိ တိုးတက်မှု မရှိတာကြောင့်ဆိုတဲ့ သဘောထားကို ထောက်ခံတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်ပေးပြီး ပြည်တွင်းစစ်ရပ်ကာ လူ့အခွင့်ရေး အခြေအနေတွေအတွက် အာမခံချက်ရှိတဲ့ အနေအထားမျိုးတွေ ရှိပါမှ ရုတ်သိမ်းဖို့ အကြောင်းအရင်းတွေ ရှိလာမှာလို့လည်း ဆိုပါတယ်။ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုသိဖို့ NLD ပါတီက ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ဖော်ဆောင် ကျင့်သုံးခြင်း မရှိတာကြောင့်ရော လူ့အခွင့်ရေး ချိုးဖောက်မှုတွေကြောင့်ပါ။ အမေရိကန် အပါအ၀င် အီးယူဥရောပ သမဂ္ဂ အဖွဲ့ကြီးတွေက
နှစ်အတော်ကြာကတည်းက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ အရေးယူထားတာပါ။

ဒါပေမယ့် အခုအရပ်သားအစိုးရ လက်ထက်ထဲမှာ ပြောင်းလဲလာတဲ့ အခြေအနေ တချို့နဲ့အတူ ဒီနိုင်ငံကြီးတွေရဲ့ အထူး ကိုယ်စားလှယ် အဖွဲတွေက မကြာခဏဆိုသလို သလိုဘဲ မြန်မာပြည် ခရီးစဉ်တွေကြောင့် ဒီစီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို ရှိလာတော့မလားဆိုတဲ့ ပြောဆိုသုံးသပ်ချက်တွေ ရှိလာပြီးတော့ တခါ နိုင်ငံရေးပါတီ တချို့ကလည်း ဒီပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တောင်းဆိုနေတာတွေ ရှိပါတယ်။

လတ်တလောမှာကိုဘဲ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Derek Mitchell ဟာ မနေ့ကဘဲ မြန်မာနိုင်ငံက ပြန်လာသလို အစိုးရအဖွဲနဲ့ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိပေမယ့် ဒီတွေ့ဆုံ ဆွေးနွေးမှု အသေးစိတ်ကိုတော့ ခုချိန်ထိ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီစီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်အပါအ၀င် အီးယူအဖွဲ့တွေဟာ မြန်မာအစိုးရအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိသလို မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အမြင်တွေကိုလည်း ဒီနိုင်ငံကြီးတွေက ဆွေးနွေး မေးမြန်းပါတယ်။

အထူးသဖြင့်တော့ အရေးယူ ပိတ်ဆို့မှုတွေဟာ ရုပ်သိမ်းလောက်တဲ့အဆင့်အထိ မပြောင်းလဲသေးလို့ ဒီဒဏ်ခတ်မှုတွေဟာ ဆက်ထားဖို့လိုတယ်လို့ဆိုတဲ့ အနောက်နိုင်ငံ တချိုရဲ့ ပြောဆိုချက်ဟာ မှန်ကန်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ကြောင်း NLDပါတီက ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ပြောတာက sanction (ပိတ်ဆို့ အရေးယူမှု) နဲ့ ပတ်သက်လို့ရှိရင်တဲ့ ပိတ်ဆို့မှုချမှတ်ရတဲ့ အကြောင်းအရင်းတွေ ပြေလျှော့သွားပြီလား၊ ပြေလျှော့ဖို့ အာမချံက် ရှိပြီလား၊ အဲဒီလိုမရှိလို့ Sanction မရုတ်သိမ်းသေးဘူး ဆိုရင် ဒီသဘောထားကို သူထောက်ခံပါတယ်တဲ့။"

နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ်ပေးရေး အပါဝင် တိုင်းပြည်မှာ လူ့အခွင့်ရေးအတွက် အာမခံချက်ရှိတဲ့ အခြေအနေတွေ ရှိလာပါမှ ဒီပိတ်ဆို့မှုတွေဟာ ရုတ်သိမ်းလာမယ့် အဆင့်ရှိမှာ ဖြစ်တယ်လိုလည်း ဆိုပါတယ်။

"နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိနေတာကိုက ဒီရည်ရွယ်ချက်ကို မရောက်နိုင်ဘူးလို့ ယူဆလို့ရတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ကလည်း တဦးနဲ့တဦး အပြန်အလှန် ညှိနှိုင်း နားလည်မှုယူပြီး ဆောင်ရွက်ရမယ့်ဟာမျိုး။ ဒါတွေဟာ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးအတွက် အရေးကြီးတဲ့ ကိစ္စတွေလို့ ဒီလို ယူဆလို့ရပါတယ်။ လူ့အခွင့်ရေးအတွက် အာမခံချက်ရှိတဲ့ လုပ်ဆောင်မှုမျိုးတွေ ရှိပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားမယ်လို့ ယုံကြည် လက်ခံနိုင်တဲ့ အခြေအနေမျိုး။ ဆိုလိုတာက လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် ဒါမျိုးတွေနဲ့ ကျနော်တို့ တိုင်းရင်းသား ညီညွတ်ရေးကိုလည်း ဆောင်ရွက်နေတယ်ဆိုရင် ဒါဟာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းရမယ့် အကြောင်းအရင်းတွေ ဖြစ်လာပါလိမ့်မယ်။"

အခုဆိုရင် အီးယူ ဥရောပသမဂ္ဂထဲက နိုင်ငံတချို့ဟာ ဒီပိတ်ဆို့မှုတွေ လျော့ချပေးသင့်ပြီဆိုတဲ့ သဘောထားမျိုးတွေ ရှိလာတာတွေ့ရသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NLD ပါတီက ဗဟိုအလုပ်မှုဆောင် အဖွဲ့တွေနဲ့ပါ တွေ့တဲ့အခါတိုင်းမှာ အီးယူအဖွဲ့က သဘောထားတွေကို မေးမြန်းတာရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို အီးယူ ဥရောပသမဂ္ဂ အဖွဲ့က ပြန်လည်ဆန်းစစ်ဖို့ လုပ်နေတာတွေတွေ့နေရသလို ပြီးခဲ့တဲ့ တပတ်ထဲ အီးယူ အဖွဲ့က ကိုယ်စားလှယ် တချို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ခဲ့သေးတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"အီးယူနဲ့ ဆွေးနွေးတဲ့ အသေးစိတ်ကိုတော့ ကျနော်မသိပါဘူး။ အဲဒီတော့ အီးယူသဘောထားက လက်ရှိ အပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့ သူတို့ စဉ်းစားနေတယ်ဆိုတဲ့ အဆင့်ဘဲ ကျနော် နားလည်ပါတယ်။ ဒီ Sanction (ပိတ်ဆို့မှု) တွေကို ရုတ်သိမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မရပါဘူး။ ဒါ ပြန်လည်စဉ်းစားနေတဲ့ အဆင့်လို့ ကျနော် အဲဒီလိုဘဲ နားလည်ပါတယ်။ ကျနော်တို့ဖက်ကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရုတ်သိမ်းစရာအကြောင်း မပေါ်ပေါက်သေးပဲနဲ့ ရုတ်သိမ်းမယ် ဆိုရင်တော့ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ အဲဒီလိုသဘောမျိုး ကျနော်တို့ ပြောထားပါတယ်။"

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးဥာဏ်ဝင်းပါ။

နှစ်အတော်ကြာကတည်းက မြန်မာနိုင်ငံကို စီးပွာေးရးပိတ်ဆို့မှု့တွေနဲ့ အရေးယူလာခဲ့ပေမယ့် နိုင်ငံ အုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေက သိသာတဲ့ ပြောင်းလဲတဲ့ တိုးတက်မှုတွေ မလုပ်ခဲ့လို့ ဒီအရေးယူ ပိတ်ဆို့မှုတွေဟာ အောင်မြင်မှု မရှိဘူးလို့ သုံးသပ်တာတွေ ရှိသလို ဒီိပိတ်ဆို့မှုတွေဟာ အပြောင်းအလဲ အတွက် ဖိအားပေးတဲ့ အချက်တွေထဲ အဓိက ပါဝင်တယ်လို့လည်း မြင်ကြသူတွေ ရှိပါတယ်။

http://www.voanews.com/burmese/news/Daw_Suu_Sanction_Oct26_2011-132609493.html

လာနော် … ရပ်ကြည့်လို့ အမြတ်မရှိဘူး

By , on October 26, 2011 5:46 pm


http://burma.irrawaddy.org/?p=1568

လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား


By , on October 26, 2011 11:03 am
မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာအမိန့်တွေကို အကြိမ်များစွာ ပေးခဲ့ဖူးပါတယ်။
တော်လှန်းရေးကောင်စီ စစ်အစိုးရလက်ထက်က အစပြုပြီး မဆလ၊ န၀တ၊ နအဖ အစိုးရ အဆက်ဆက် လွတ်ငြိမ်းချမ်းသာအမိန့်တွေ ထုတ်ပြန်ကာ အကျဉ်းသားတွေကို လွှတ်ပေးတာတွေ လုပ်ခဲ့ကြပါတယ်။


သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အောက်တိုဘာ ၁၂ ရက် သီတင်းကျွတ်လပြည့်နေ့က လွတ်မြောက်လာသူများကို ရန်ကုန် အင်းစိန် ထောင်ဘူးဝတွင် တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)
လွတ်ငြိမ်းချမ်းသာ အမိန့်တိုင်းဟာ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးထက်စာရင် နိုင်ငံရေးအရ အကျိုးအမြတ်တခုခုကို လိုလားလို့သာ ထုတ်ပြန်ခြင်းဖြစ်တယ်။ အထူးသဖြင့် ပြည်တွင်းပြည်ပ မျက်နှာစာတွေမှာ မြန်မာစစ် အစိုးရဟာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြုပြင်ပြောင်းလဲနေကြောင်း လုပ်ပြတဲ့ နည်းလမ်းတခုအဖြစ်လည်း အသုံးပြုလေ့ရှိတယ်။
စစ်အစိုးရလက်ထက်မှာတော့ လွတ်ငြိမ်းချမ်းသာအမိန့် ထုတ်ပြန်လိုက်တိုင်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကတော့ လွတ်  မြောက်လေ့ရှိတာတွေ့ရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တဦးစ နှစ်ဦးစကို လွှတ်ပေးပြီး နိုင်ငံတကာ သံတမန်မျက်နှာစာတွေမှာ အစိုးရ ရပ်တည်ရေး ပိုခိုင်မာဖို့အတွက် အသိအမှတ်ပြု ခံရဖို့အတွက် အသုံးချလေ့ရှိတယ်။ သေချာတာက နိုင်ငံရေး အကျဉ်းသား အများစုနဲ့ လွတ်ရက်များစွာလိုနေသူတွေအတွက် လွတ်ငြိမ်းချမ်းသာအမိန့်ဟာ မသက်ဆိုင်သလို ဖြစ်နေတာပါပဲ။
အခုလည်း လမ်းဟောင်းလျှောက် လွတ်ငြိမ်းချမ်းသာအမိန့်ကို သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ပထမတကြိမ် ပြစ်ဒဏ်ကျခံရတဲ့ ကာလကနေ ၁ နှစ် လျှော့ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ သတင်းကျွတ် လပြည့်နေ့ မတိုင်ခင် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းလိုက်နာသူ၊ သက်ကြီး၊ မကျန်းမာသူတွေအတွက် ဒုတိယအကြိမ် လွတ်ငြိမ်း ချမ်းသာအမိန့်ဆိုပြီး ၂ ကြိမ် ရှိခဲ့တာတွေ့ရပါတယ်။
အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်၂ ခုနီးပါးနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် နေခဲ့ဖူးတဲ့ကျနော်ဟာ လွတ်ငြိမ်းချမ်းသာ အမိန့်များစွာကို ဖြတ်သန်းခဲ့ဖူးပါတယ်။
လွတ်ငြိမ်းချမ်းသာအမိန့်တိုင်းဟာ အကျဉ်းထောင်တွေထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် လွတ်မြောက်ခွင့်ရအနည်း ငယ်သော အကျဉ်းသား၊ အကျဉ်းသူတွေကို ၀မ်းသာမှုတွေ ပေးသလို ကျန်ရစ်သူအများစုအတွက် ၀မ်းနည်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို ပေးစမြဲဖြစ်တာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာပါ။
လွတ်ငြိမ်းချမ်းသာအမိန့်တိုင်းဟာ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားကို နိုင်ငံရေးကုန်ပစ္စည်းအဖြစ် အလျော်အစားလုပ်တဲ့ ဈေး ခေါ်ချိန်လို့ ပြောရမှာပါပဲ။
မြန်မာအစိုးရအဆက်ဆက်က နိုင်ငံရေးအရ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ယုံကြည်မှုရရှိစေဖို့အတွက် ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်နေတယ်လို့ ပြသတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ဟာ အဓိကကျတဲ့ လှည့်ကွက်တခုဖြစ်ပါတယ်။
၁၉၈၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်ကောင်စီရုံး ရဲ့ အမိန့် အမှတ် ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့် ပေး ခဲ့စဉ်က အကျဉ်းထောင်တွေမှာရှိတဲ့ ဖမ်းဆီးထိန်းသိမ်း အပြစ်ပေးခံနေကြရတဲ့ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အားလုံးသောနိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးခဲ့ပါတယ်။
အဲဒီတကြိမ်သာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အားလုံးခြွင်းချက်မရှိ လွတ်မြောက်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာအမိန့် ဖြစ်ခဲ့ဖူး တယ်။
၁၉၈၈ ခုနှစ် စစ်အစိုးရ တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာအမိန့်အမှတ် ၄/၈၉၊ ၁၁/၉၂ ၊ ၁/၉၃ စသဖြင့် ထုတ် ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ လွတ်ငြိမ်းချမ်းသာအမိန့်တိုင်းဟာ နိုင်ငံရေးအကျဉ်းသားလွတ်သူ မရှိသလောက်နည်းပါးပြီး လွတ်ရက်အလွန် နီးနေတဲ့ အကျဉ်းသား အနည်းငယ်လောက်ကိုသာ လွှတ်ပေးခဲ့တယ်။ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ရက်စေ့ ပေမယ့် ပြန်လည်မလွှတ် ပေးခဲ့ဘဲ ပုဒ်မ ၁၀(က)နဲ့ ထပ်မံချုပ်နှောင်ခံရတာတွေလည်း ရှိပါတယ်။
န၀တ စစ်အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၁/၉၃ နဲ့ သေဒဏ်ကနေ တသက်တကျွန်း ပြစ်ဒဏ်ကို ပြောင်းလဲ သတ်မှတ်ခံခဲ့ရတယ်။ ၁၀ နှစ် နဲ့အထက် ပြစ်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် ၁၀ နှစ် သတ်မှတ်စေပြီး ကျန်နှစ် တွေကို လျှော့ပေါ့ပေးခဲ့တယ်။ လွတ်မြောက်သူ မရှိသလောက်သာဖြစ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာ အမိန့်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ် နိုဝင်လာလ ၁၅ ရက်နေ့ က န၀တ စစ်အစိုးရက နအဖ စစ်အစိုးရ အဖြစ် အမည်ပြောင်းလဲပြီးနောက် အမိန့် ၁/၉၇ နဲ့ အလားတူ သေဒဏ်မှ တသက်တကျွန်းပြောင်းလဲသတ်မှတ်ပြီး ၁၀ နှစ်အထက် ထောင်ဒဏ်ကျခံနေရသူတွေအတွက် ၁၀ နှစ် အတည်ပြု သတ်မှတ်ကာ ကျန်ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့ပြန်တယ်။
အဲဒီအချိန်က အမိန့်အမှတ် ၁/၉၃ နဲ့ သေဒဏ်မှ အနှစ်၂၀ နဲ့ ညီမျှတဲ့ ထောင်ဒဏ်ပြောင်းလဲကျခံနေရတဲ့အတွက် အမိန့်အမှတ် ၁/၉၇ အရ  ကြိုးလွတ် ကျွန်းပြောင်း (သေဒဏ်မှ တသက်တကျွန်း ပြစ်ဒဏ် ပြောင်းလဲ ကျခံရသူ)တွေဟာ အမိန့်အရ ထောင် ဒဏ် ၁၀ နှစ် အတည်ပြုသတ်မှတ်ခံရတဲ့အတွက် အမိန့်ကြေညာပြီး နောက်တရက်မှာ လွတ်မြောက်ခွင့်ရကြတယ်။
ဒါပေမယ့် ကျနော်အပါအ၀င် ကြိုးလွတ်ကျွန်းပြောင်း နိုင်ငံရေးအကျဉ်းသားတွေအတွက်ကတော့ လွတ်ငြိမ်းချမ်းသာ အမိန့်ကို ၂ ကြိမ်ခံစားခွင့် မရ ဆိုပြီး ချန်လှပ်ထားခြင်း ခံခဲ့ရပါတယ်။
အကျဉ်းသားတိုင်း ထောင်ထဲမှာ မနေလိုကြပါ။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လည် လွတ်မြောက်လိုကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေအတွက် ကန့်သတ်ထားတဲ့လွတ်ငြိမ်းချမ်းသာအမိန့်တွေအပေါ်မှာ နိုင်ငံရေးအကျဉ်း သားတွေဟာ ခံနိုင်ရည်ရှိလာကြပါတယ်။
လွတ်ငြိမ်းချမ်းသာအမိန့်တွေကို စစ်အစိုးရအဆက်ဆက်က မရိုးသားတဲ့နည်းလမ်းအနေနဲ့ ပြည်တွင်း ပြည်ပမှာမျက်နှာသာရဖို့အစဉ်တစိုက်အသုံးပြုလေ့ရှိတတ်ပါတယ်။ အခုလည်း ထို့အတူပါပဲ။
အစိုးရအဆက်ဆက်က နိုင်ငံရေးအကျဉ်းသား မရှိပါဘူး အမြဲငြင်းဆိုလေ့ရှိပြီး နိုင်ငံရေးအရ မျက်နှာရလိုတဲ့ အခါတွေမှာတော့ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာရှိတယ်လို့ ပြောတတ်ပြန်တယ်။
အထင်ရှားဆုံး သာဓကမှာ ၁၁/၉၂ အမိန့်ထုတ်ပြန်ခဲ့တဲ့ န၀တ စစ်အစိုးရက နိုင်ငံရေးအရ ထိန်းသိမ်းထားသူတွေလို့ သုံးနှုန်းပြီး အမျိုးသားညီလာခံကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်လာရေးအတွက် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွှတ်ပေး ခဲ့ သေးတယ်။
အဲဒီနောက်၂၀၀၄ ခုနှစ်က စစ်တပ်တွင်း အာဏာလွန်ဆွဲပွဲမှာ အရေးနိမ့်သွားခဲ့တဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ စစ်ထောက်လှမ်းရေးတွေ၊ သူတို့နဲ့ဆက်နွယ်သူတွေကို ဖမ်းဆီးအရေးယူပြီးနောက် တပ်ချုပ်ကြီးရဲ့ဇယားကွက် အရ အမျိုးသားထောက်လှမ်းရေးကို ဖျက်သိမ်းခဲ့ပြီး အမျိုးသားထောက်လှမ်းရေး၊ စစ် ထောက်လှမ်းရေးတွေက မှားယွင်းဖမ်းဆီး ထားသူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီအချိန်က အခု ထောင်ဒဏ် ၆၅ နှစ်ကျော်စီကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့သူတွေကို အကျဉ်းထောင်တွေကနေ ပုဒ်မ ၁၀(က)နဲ့ ဆက်လက်ထိန်းသိမ်ထားရာက သက်တမ်းကုန်ထားပြီး တာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်တိုင် ပေးခဲ့တယ်။
ဒါပေမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့်၂ ကြိမ်လုံးဟာ အခုအထိ စိတ်ရင်းစေတနာမှန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ မဟုတ်တာ ကတော့ သေချာပါတယ်။
တကယ်လို့ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးအတွက်၊ အမျိုးသားရင်ကြားစေ့ရေး အတွက် သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်နိုင်ပါသေးတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် အဓိကအခန်းကပါဝင်တဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းဖြင့် နိုင်ငံတကာရဲ့ အမှန်တကယ် အသိအမှတ်ပြုမှုကို ရရှိမှာ မလွဲပါလို့ ပြောလိုပါတယ်။    ။
http://burma.irrawaddy.org/?p=1352

လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုချီးမြှင့်ခံရ



2011-10-25
အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ သြဇာကြီးမားတဲ့ ၀ါရှင်တန် ဒီစီမြို့တော် အခြေစိုက် Freedom House အဖွဲ့ကြီးက ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ (Freedom Award) ခေါ် လွတ်မြောက်ရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့်လိုက်တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။


Photo: RFA

ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် Freedom House အဖွဲ့ကြီး၏ Freedom Award ခေါ် လွတ်မြောက်ရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့်သည့် အခမ်းအနားသို့ ဖိတ်ကြားလွှာ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက် တကယ့်ကို လေးစား စံနမူနာ ယူထိုက်တာကြောင့် လွတ်မြောက်ရေးဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ရတာ ဖြစ်တယ်လို့ Freedom House အဖွဲ့ ဥက္ကဌ David Kramer က အာအက်ဖ်အေ ကို ပြောဆိုပါတယ်။ " ဒီဆုအတွက် အမည်စာရင်း ပေးသွင်းခံရသူတွေကို ကျနော်တို့ သုံးသပ်တဲ့ အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် သတ္တိရှိမှု၊ ဦးဆောင်မှု အရည်အချင်း၊ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လှုပ်ရှား ဆောင်ရွက်နေတာတွေဟာ ထင်ရှား ပေါ်လွင်နေပါတယ်။ ဒါတွေဟာ ကျနော်တို့ အတွက် မီးရှုးတန်ဆောင်လို ခွန်အား ဖြစ်စေတာကြောင့် ၀မ်းမြောက်ဝမ်းသာ တညီတညွတ်တည်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်" လို့ David Kramer က ပြောပါတယ်။ လွတ်မြောက်ရေးဆု ကို ဒီကနေ့ ကျင်းပမယ့် Freedom House အဖွဲ့ကြီး ထူထောင်ခဲ့တဲ့ အနှစ် (၇၀) မြောက်အထိမ်းအမှတ် အခမ်းအနားမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းတွေ ဖြစ်တဲ့ မယ်ဒလင်အော်ဘရိုက် (Madeleine Albright) နဲ့ ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) တို့က ဦးဆောင် ကျင်းပမှာ ဖြစ်ပြီး အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ် ၅၀ လောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/assk-freedom-award-10252011211156.html

နောက်တခေတ်ရဲ့ အောင်စစ်သည်များ