Friday, October 28, 2011

မိအိုက်စွန်း , အောင်နိုင်စိုး နှင့် ကနေဒါရောက်တိုရန်တိုမှမြန်မာများ တွေ့ဆုံပွဲ


ချင်းမိုင်အခြေစိုက်အောင်နိုင်စိုး (တိုင်းရင်းသားလူငယ်များဖိုရမ်)နှင့်စံခလပူရီအခြေစိုက်MYPOမှဒါရိုက်တာ
မိအိုက်စွန်းတို့ဖြစ်ပြီးမနက်ဖန်မနက်ဗန်ကူးဗားကိုဆက်လက်ထွက်ခွာမှာပါ။





read also at http://www.mizzimaburmese.com/news/regional/8553-2011-10-28-09-21-23.html

ရှက်လို့ကုန်းလိုက်ကာမှ




အသိအမှတ်မပြုခံရသောအုပ်စုငယ်များလိုဆိုလိုချင်တယ်ပြောပေမဲ့ဖေါ်ပြတဲ့အထဲမှာပါနေတဲ့ကချင်၊ကရင်၊ရှမ်းတို့က
အုပ်စုငယ်များမဟုတ်ပါ။အသိအမှတ်မပြုခံရသောတိုင်းရင်းသားအုပ်စုငယ်များလို့လည်းအဓိပ္ပါယ်ထွက်ပါတယ်။
ရိုဟင်ဂျာတိုင်းရင်းသားဟုတ်မဟုတ်ဆိုတာသမိုင်းပညာရှင်တွေဆုံးဖြတ်ရမှာဆိုပေမဲ့လက်ရှိစစ်အစိုးရမဲဆွယ်ပွဲတွေမှာ
မှတ်ပုံတင်ပြုလုပ်ပေးတာတွေတော့ရှိခဲ့ပါသေးတယ်။


BBC Burmeseဖေ့စ်ဘုတ်ကဖြေရှင်းချက်ပါ

BBC News Online က ရေးသားသော ဆောင်းပါးပါ မြေပုံဖော်ပြချက်နဲ့ ပတ်သက်လို့ သဘောထား မှတ်ချက်တွေ ရေးပို့လာတာကို ဘီဘီစီ မြန်မာပိုင်းက လက်ခံရရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မြန်မာပိုင်း အစီအစဉ်က BBC News Online ကို ဆက်သွယ် မေးမြန်းတဲ့ အခါ BBC News Online က အောက်ပါ ရှင်းလင်းချက်ကို ဒီကနေ့ ပေးပို့လာပါတယ်။

Thank you for your comments. The map was not intended as an exhaustive look at every ethnic group in Burma. Rather it was intended to flag up minority peoples in Burma's border regions who are prominent because they are engaged in either disputes or conflict with the Burmese government. The line linking the Rohingya to Arakan state was not intended to imply ownership of the state or to marginalise the Rakhine people, but simply to show readers the state in which the Rohingya live. The text linked to the image of the Rohingya makes it clear that they are not granted Burmese citizenship. We have now adjusted the line on our map to give a clearer picture of where the Rohingya are to be found. We have also added a section featuring the Rakhine people. On the second page, we have amended our text to make a distinction between minority groups and recognised ethnic groups. Thank you for reading the BBC News website.

သဘောထား မှတ်ချက်တွေ ရေးသားပေးပို့သည့် အတွက် ကျေးဇူးတင်ပါသည်။ ဆောင်းပါးနှင့် ပူးတွဲပါ မြေပုံမှာ မြန်မာနိုင်ငံ အတွင်း ရှိနေကြသော လူနည်းစုတွေ အားလုံးအကြောင်း ပြည့်ပြည့်စုံစုံ လေ့လာတင်ပြဖို့ ရည်ရွယ်ခဲ့ခြင်းမဟုတ်ပါ။ မြန်မာ နိုင်ငံ နယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခ ဖြစ်နေကြသော လူနည်းစုများမှ လူသိများသော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင်တိုင်းရင်းသားများကို ဖယ်ရှားချန်ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ။ ဆောင်းပါး ဖတ်ရှုသူများကို ရိုဟင်ဂျာများ မည်သည့် နေရာတွင် ရှိသည်ကို ဖော်ပြလိုခြင်းသာ ဖြစ်ပါသည်။ ဓါတ်ပုံနှင့် ပူးတွဲ ဖော်ပြထားသော စာသားများအရလည်း ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် အစိုးရက နိုင်ငံသား အဖြစ် အသိအမှတ်ပြုမထားကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ အခုတော့ ရိုဟင်ဂျာများ ရှိသောနေရာကို ပိုရှင်းလင်းအောင် မြေပုံကို ဖော်ပြထားပြီး၊ ရခိုင်တိုင်းရင်းသားများ အကြောင်းကိုလည်း ဖြည့်စွက် ဖော်ပြထားပါသည်။ ဒုတိယစာမျက်နှာမှာလည်း လူနည်းစုများနှင့် တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသားများအကြား ကွဲကွဲ ပြားပြား ရှိစေရန် စာသားကို ပြင်ဆင် ဖြည့်စွက် ဖော်ပြထားပါသည်။ BBC News ဝက်ဘ် ဆိုက်ကို ဝင်ရောက် ကြည့်ရှုသည့် အတွက် ကျေးဇူးတင်ပါသည်။

ယခင်ဘီဘီစီမှတင်သောပုံ



ယခုဘီဘီစီနှင့် http://www.rohingyablogger.com/2011/10/who-are-burmas-minority-groups.html
တွင်ပြောင်းပြီးပြန်တင်ထားသောပုံပါ။



Solar bottle lights

၂၈.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



 
http://www.ziddu.com/download/17055727/28Oct2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/17055728/28Oct2011Yeyintngesdiary.doc.html

http://www.scribd.com/doc/70711655/28-Oct-2011-Yeyintnge-s-Diary



28 Oct 2011 Yeyintnge's Diary

ဘာလို့ ပြည်တော် ပြန်မလာကြတာလဲ


Published on October 28, 2011 by တိုင်းကျော်

လောလောဆယ် ပြည်တွင်း​ နိုင်ငံရေး​ အသိုင်းအဝိုင်းမှာ မေးနေကြတဲ့ မေးခွန်းတခုကတော့ သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်နေတာတောင် ပြည်ပရောက် မြန်မာတွေ ဘာလို့ ပြန်မလာကြသေးတာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို အဖြေပေးဖို့ ပြည်တွင်းနိုင်ငံရေးသမားတွေကလည်း အမျိုးမျိုး အဖြေရှာနေကြပါတယ်။

ဒီမေးခွန်းကို ဖြေဖို့အတွက် ပြည်ပရောက် မြန်မာ ဘယ်နှမျိုးလောက် ရှိသလဲဆိုတာ အရင် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ပြောရရင် နိုင်ငံရေးသမားတွေ၊ အာဏာရအစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူတွေ၊ မီဒီယာသမားတွေ၊ စီးပွားရေးအရ ရေကြည်ရာ မြက်နုရာ ထွက်ခွာသွားကြသူတွေ၊ ပညာနဲ့ အသက်မွေးဝမ်းကျောင်းမှု​ ​ပြုနေသူတွေ၊ ဒုက္ခသည်တွေနဲ့ ပြစ်မှုတခုခုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူတွေရယ်လို့ ခွဲခြားနိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ရည်ညွှန်းချက်ထဲမှာ အဓိက ပါသူတွေကတော့ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်း​ ကိစ္စကြောင့် ပြည်ပ ရောက်နေသူတွေ ဖြစ်ပါတယ်။ ဒီလူတွေ ပြန်လာရင် နိုင်ငံရေး လုပ်ခဲ့တာတွေအတွက် အရေးယူ မခံရဘူးလို့ သမ္မတ အကြံပေးတွေ အပါအဝင် အစိုးရတာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါပေမယ့် အခြားတဖက်ကို ကြည့်လိုက်ရင် အရင် စစ်အစိုးရနဲ့ စစ်အစိုးရကို အမွေဆက်ခံတဲ့ ဦးသိန်းစိန်အစိုးရဟာ ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်လို့တောင် လုံးဝ အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ သူတို့ အုပ်ချုပ်ခဲ့စဉ်ကာလ တလျှောက်လုံး နိုင်ငံရေးသမားတွေကို မတရားဖမ်းဆီး၊ အခြား ပြစ်မှုဆိုင်ရာ ပုဒ်မအမျိုးမျိုးတပ်ပြီး အလွန်ရက်စက်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ ထောင်ချပြီးတာတောင် အားမရသေးဘဲ မိသားစုဆွေမျိုးတွေနဲ့ ဝေတဲ့ နယ်ဝေးထောင်တွေဆီ ပို့တာ၊ သီးသန့်ထားတာ၊ လျှော့ရက်မပေးတာ စသဖြင့် ရက်စက်တဲ့ လုပ်ရပ်တွေကို ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်ပြီး ပြည်ပရောက်နေသူတွေ ပြန်လာရင် အဲဒီအတွက်တော့ ဖမ်းမှာ ဆီးမှာ ထောင်ချမှာ မစိုးရိမ်ရပါဘူး။ ဒါပေမယ့် သူတို့ ဖမ်းချင်ပြီဆိုရင်တော့ နိုင်ငံရေး လုပ်လုပ် မလုပ်လုပ်၊ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချခံရမယ့် အန္တရာယ် အမြဲရှိနေမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပါဘူးလို့ ဘယ်သမ္မတရဲ့ အကြံပေးကမှ အာမခံပေးထားတာ မရှိသေးပါဘူး။ ဒီတချက်တည်းကို ကြည့်ရင်ပဲ နိုင်ငံရေးသမားတွေ ပြန်လာဖို့ စိတ်ကူးမရှိတာ ဖြစ်နိုင်ပါတယ်။ နောက် အခြား​ အကြောင်းအချက်ကို ကြည့်လိုက်ရင်လည်း ပြည်တွင်းမှာ လက်ရှိ ရှိနေသူတွေတောင် နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကြတာ မဟုတ်သေးပါဘူး။ နိုင်ငံရေးလုပ်ဖို့ နိုင်ငံရေးပါတီ ထောင်ဖို့ ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို လက်ခံရမှာ ဖြစ်သလို တရားမျှတမှု လုံးဝ မရှိတဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ဥပဒေတွေ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေကို လိုက်နာရမှာလည်း ဖြစ်ပါတယ်။ အဲဒါတွေကို လက်မခံနိုင်လို့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင် ဒီနေ့ထက်ထိ ပါတီ မှတ်ပုံမတင်နိုင်သေးသလို နိုင်ငံရေးကိုလည်း လွတ်လွတ်လပ်လပ် လုပ်နိုင်တာ မဟုတ်သေးပါဘူး။ နိုင်ငံခြားကနေ ပြန်ရောက်လာမယ့် နိုင်ငံရေးသမားတွေဟာလည်း ဒါတွေကို ရင်ဆိုင်ရမှာမို့ တော်ရုံတန်ရုံ တွေးတတ်သူတိုင်း ပြန်လာချင်ကြမှာ မဟုတ်ပါဘူး။

နောက်တခုကတော့ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီးမှ ပြည်ပနိုင်ငံတွေကို ရောက်ရှိသွားသူတွေပါ။ နိုင်ငံရေးသမားတွေတောင် ပြန်လာဖို့ မသေချာရင် သူတို့တွေအတွက်ကျတော့ ပိုဆိုးပါတယ်။ တကယ်တော့ တိုင်းပြည်မှာ အုပ်ချုပ်သူ ပြောင်းသေးတာ မဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ်တွေကပဲ သမ္မတ၊ ဝန်ကြီး၊ လွှတ်တော်အကြီးအကဲ၊ ပြည်နယ်ဝန်ကြီးချုပ် စသဖြင့် နေရာအားလုံးကို ဖြန့်ကြက် ရယူထားဆဲ ဖြစ်တာကြောင့် စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူတွေအတွက် ဘာအာမခံချက်မှ မရှိတာ မဆန်းပါဘူး။

မီဒီယာသမားတွေကလည်း သူတို့ ပြန်လာဖို့ သင့်မသင့် ပြည်တွင်းမီဒီယာသမားတွေရဲ့ အခြေအနေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒီမိုကရေစီကိုသွားမယ် ဆိုတဲ့ ဒီကနေ့အချိန်အထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက အနေနဲ့ ရုပ်သံမီဒီယာ ထုတ်လုပ်ခွင့်၊ ထုတ်လွှင့်ခွင့်၊ ရေဒီယို ထုတ်လွှင့်ခွင့်၊ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် စတာတွေ လုံးဝ မရှိသေးပါဘူး။ အပတ်စဉ် ထုတ်ခွင့်ရထားတဲ့ သတင်းဂျာနယ်တွေတောင် သတ်မှတ်ချက်အတိုင်း တင်ပြရ၊ ဖြုတ်ဆိုတာတွေဖြုတ်၊ ဖြတ်ဆိုတာတွေ ဖြတ်ပြီးမှ ထုတ်ဝေခွင့်ရကြတာပါ။ တကြိမ်ခွင့်ပြုထားပြီးသားကို နောက်တကြိမ် ထုတ်ချင်ရင်လည်း ပြန်ပြီး တင်ပြရတာမျိုး လုပ်နေရတုန်းပါ။ ဒီဂျာနယ်ဖော်ပြခွင့်ပေးပြီး ဟိုဂျာနယ်မှာ ပိတ်ပင်တဲ့ မျက်နှာလိုက်တာမျိုးလည်း ရှိနေတုန်းပါ။ ဒီတကြိမ် ခွင့်ပြုပေမယ့် ဟိုတကြိမ် ပိတ်ပင်တာမျိုးလည်း လုပ်နေဆဲပါ။ ဒါတင်မက ပြင်ပမီဒီယာတွေကို သတင်းပို့လို့ဆိုပြီး နှစ်ရှည်ထောင်ချထားသူတွေလည်း ထောင်တွေထဲမှာ ရှိနေဆဲပါ။ ဒါတွေကြောင့်လည်း မီဒီယာသမားတွေ အလုပ် ပြန်လာလုပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

နောက်တမျိုးကတော့ စီးပွားရေးအတွက် ရေကြည်ရာမြက်နုရာ ထွက်ခွာသွားကြသူတွေပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတာ အနှစ် ၂ဝ ကျော်ပြီဖြစ်ပေမယ့် ဈေးကွက်စီးပွားရေးပုံစံ လုံးဝ မဟုတ်သေးပါဘူး။ အမိန့်ပေးစီးပွားရေးစနစ်အောက်မှာ အရင်စစ်အာဏာပိုင် ဒါမှမဟုတ် လက်ရှိ အစိုးရထိပ်ပိုင်း ခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ အခွင့်ထူးခံတွေလောက်သာ အဆင်ပြေနေကြတဲ့ စီးပွားရေးစနစ်ပါ။ ပွင့်လင်းမြင်သာမှုလည်းမရှိ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုလည်းမရှိတဲ့ စနစ်ပါ။ စီးပွားရေးဆိုင်ရာ ဥပဒေတွေကလည်း ဘာမှ ခိုင်ခိုင်မာမာ ရှိနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ပရောက်နေတဲ့ စီးပွားရေးသမားတွေ ပြည်တွင်းပြန်လာပြီး စီးပွားရှာဖို့ ဆိုတာဟာ သိပ်ပြီးဖြစ်နိုင်တဲ့ အခြေအနေ ရှိမနေပါဘူး။

နောက်တမျိုးက နိုင်ငံခြားမှာ ပညာရှင်တွေအဖြစ် ရပ်တည် လုပ်ကိုင်နေသူတွေပါ။ ဒီလိုလူတွေအတွက်လည်း မြန်မာပြည် ပြန်လာရင် ဘာလုပ်နိုင်မှာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ပညာရှင်တွေကို နေရာပေးလေ့ မရှိတဲ့၊ ဒီနေ့အထိလည်း တန်ဖိုးမထားသေးတဲ့ မြန်မာပြည်ကို နိုင်ငံတကာအဆင့် အဲဒီပညာရှင်တွေ ပြန်လာဖို့ ဆိုတာကလည်း ဝေးနေဦးမယ် ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာတခုက ဒုက္ခသည်တွေ ပြန်လာနိုင်ရေးပါ။ သမ္မတ ဦးသိန်းစိန်ကသာ တကယ် ​စေတနာ​ ရှိမယ်ဆိုရင် အခြားပြည်ပရောက် မြန်မာတွေ ပြန်လာမပြန်လာ ဆိုတာထက် ဒုက္ခသည်တွေ နေရပ်ပြန်လာရေး စနစ်တကျ စီစဉ်ပေးသင့်ပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် နယ်စပ်တိုင်းရင်းသားဒေသတွေမှာ အတိုက်အခိုက်တွေ ရပ်စဲပေးဖို့ လိုပါတယ်။ တိုင်းရင်းသား ဒုက္ခသည်တွေ သူတို့ ရပ်ရွာပြန်လာပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် သူတို့တွေကိုယ်တိုင် စိတ်ချယုံကြည်လောက်တဲ့ စောင့်ကြည့်စနစ်တွေ ထားခွင့်ပြုသင့်ပါတယ်။ ဒီလို ပြည့်ပြည့်စုံစုံ စီစဉ်ပေးရင် သန်းနဲ့ချီရှိတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေ ပြည်တော်ပြန်လာကြမှာပါ။

ဒီအတွက် သမ္မတ ဦးသိန်းစိန်ဟာ ပြည်တော်ပြန်လာကြပါ ဆိုပြီး စကားတခွန်းလောက်ပဲ ပြောရုံနဲ့ မပြီးပါဘူး။ ကိုယ့်တိုင်းသူပြည်သားတွေ စိတ်ချလက်ချ ပြန်လာနိုင်အောင် ပြည်တွင်းမှာ နမူနာကောင်းတွေ အရင်ပြရပါမယ်။ ပြည်ပက လူတွေ ပြန်လာနိုင်ဖို့ လုံလောက်တဲ့ ဥပဒေ အကာအကွယ်တွေ ပေးရပါမယ်။ ဒုက္ခသည်လိုမျိုးတွေ ပြန်လာနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်လုပ်ဆောင်ပေးရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/archives/17086

လူ့ကပ်ပါး သံကောင်





Posted by on October 28, 2011 
ယခုအချိန်ကာလသည် တိုင်းပြည်တွင်း၌ အပြောင်းအလဲများ ဆက်တိုက် ဆိုသလို ပေါ်ပေါက်နေချိန်တွင် တော်လှန်ရေး သန့်စင်မှု လုပ်ငန်းတခု အနေဖြင့် စတင်ဖေါ်ဆောင်ရန် လိုအပ်သည်နှင့်အညီ မိမိ၏ အတွေ့အ ကြုံနှင့် ရရှိထားသည့် အချက်အလက်များအား တော်လှန်ရေး အသိုင်းအ ၀ိုင်းနှင့် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်ကြီးများအား အသိပေး သတိ ပေးခြင်း ပြုလိုက်ပါသည်။
နှစ်ပေါင်း (၂၀) ကျော်တွင် မြန်မာ့နိုင်ငံရေးကို အတိုက်အခံအုပ်စုများနှင့် စစ်တပ်လိုလားသည့် အုပ်စုများ ဖြတ်သန်းကြရာတွင် စစ်ဖက်လိုလား သည့် အုပ်စုသည် အချင်းချင်းစည်းလုံးညီညွတ်ပြီး အကျိုးတူစီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်ကို တွေ့ရသည်။
ဥပမာပြရရလျင် စစ်တပ်အရာရှိကြီးများက စီးပွားရေးသမားများကို အခွင့် အရေးများပေး၍ စီးပွားရေးသမားများကလည်း စစ်တပ်အရာရှိကြီးများ အား ပြန်လည်၍ အမြတ်အစွန်းများခွဲဝေကာ အတူတကွစားသုံးကြသဖြင့် ယနေ့ထိ အင်အား တောင့်တင်းခိုင်မာလျှက် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် များကို ဆက်လက် အကောင်အထည်ဖော်နိုင်ခဲ့သည်။
အခြားတဖက်တွင်ရှိသော အတိုက်အခံအုပ်စုများတွင်မူကား ၎င်းတို့နှင့် ဆန့်ကျင်လျှက် ရှိနေသည်။ ဒီမိုကရေစီအတိုက် အခံ အခြေခံအင်အားစုများကြောင့် အနှစ် (၂၀) အတွင်းတွင် ရရှိလာခဲ့သည့် ဒီမိုကရေစီရရှိရေးအတွက် ပံ့ပိုးမှုများဖြစ် သည့် အမေရိကန်ဒေါ်လာငွေ သန်းနှင့်ချီသည့် ငွေကြေးများ၊ ပညာတော် သင်အခွင့်အရေးများကို လူလည်ကျသော ခေါင်းဆောင်တန်းတွင် နေရာယူထားသည့် နိုင်ငံရေးအဖွဲ့ အစည်းခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟု ကိုယ့် ကိုကိုယ် တံဆိပ်တံထားသူများသာ ရယူခဲ့ကြသည်၊ ခံစားလျှက်ရှိကြသည်။ ဤကဲ့သို့ အခြေခံအခွင့်အရေးများ ညီညွတ်မျှ တမှု မရှိသောကြောင့် အတိုက်အခံအုပ်စုများတွင် အုပ်စုများ အမျိုးမျိုးကွဲကာ မည်သို့မျှ စည်းရုံးညီညွတ်မှု မရဘဲ ပြိုကွဲ လျှက် ညီညွတ်မှုမရှိဘဲ ဖြတ်သန်းနေကြသည်။
ယခုအခါ ထိုအချောင်သမားတို့သည် ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှ အခွင့်အရေးများကို အစွမ်းကုန် သုံးစားပြီး နောက် စစ်အုပ်စုနှင့်ပေါင်းကာ တိုင်းပြည်နှင့်လူမျိုးအပေါ် နိုင်ငံရေးဗန်းပြပြီး ဆက်လက်ကိုယ်ကျိုးရှာဖို့ အားထုတ်နေကြ သည်။
ထို့ကြောင့် စာရေးသူအနေဖြင့် ပြည်တွင်းပြည်ပမှ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်နေသူများ သကဲ့သို့ နိုင်ငံရေးအကျင့်ပျက်ချစားနေသူများထဲမှ အလွန်အန္တရယ်ကြီးသည်။ လောက်ကောင် တ ကောင်အား ဥပမာ ပေး၍ တင်ပြလိုပါသည်။ ထိုသို့ တင်ပြရခြင်းမှာလည်း တိုင်းပြည်၏ နောင်အနာဂတ်အရေးအတွက် ကျရောက်လာမည့် အန္တရာယ်ဆိုးများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တင်ပြရခြင်းဖြစ်ပါသည်။

အရင်ဦးဆုံး တင်ပြမယ့် ပုဂ္ဂိုလ်ကတော့ စီးပွားရေးပညာရှင် ဇော်ဦး ပဲ ဖြစ်ပါတယ်။
တကယ်တော့ ဇော်ဦးဟာ ဥပမာနဲ့ ပြာရလျင် တော်လှန်ရေး အစကနဦးကတည်းက ယနေ့ထက်တိုင်အောင် အခွင့်အ ရေးများကို အဆင့်ဆင့်စားသုံး အသက်ရှင်သန်ကြီးထွားလျှက်ရှိနေသည့် လူ၏မစင်နှင့် တိရိစ္ဆာန် မစင်များကြားတွင် သံ သရာလည်ကျက်စားသော ကပ်ပါးသံကောင်များကဲ့သို့ နိုင်ငံရေးအကျင့်ပျက် သံကောင်များထဲမှ သံကောင်တကောင်ဖြစ် သည့် ဇော်ဦး အကြောင်းနှင့် ထိုသူ၏ ကိုယ်ကျိုးရှာလုပ်ရပ်သည် မြန်မာနိုင်ငံ၏ အနာဂတ်အန္တရာယ် ဖြစ်လာနိုင်သည့် အကြောင်းကို ဦးစွာပထမ ဖော်ပြလိုက်ပါသည်။
ကျောင်းသားတပ်မတော် (ABSDF) ဘုရားသုံးဆူစခန်း ပြိုကွဲရခြင်း
၁၉၈၈ ခုနှစ်ကာလ ဇော်ဦးသည် ဘုရားသုံးဆူစခန်း ဥက္ကဋ္ဌ အနေဖြင့်ခံယူကာ အပြည်ပြည်ဆိုင်ရာမှ အထောက်အပံ့အား လုံးကို တဦးတည်းချုပ်ကိုင်ကာ ငွေစာရင်းရှင်းလင်းခြင်း၊ ရရှိသည့် ငွေကြေးပမာဏများအား ရှင်းလင်းစွာ အသိပေးခြင်း တို့ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ တာဝန်ခံတဦးအနေဖြင့် ချုပ်ကိုင်ထားကာ စခန်းမှ ရဲဘော်များအား တပည့်မွေး ဆရာမွေး စနစ်ကို ကျင့်သုံးခဲ့ပါသည်။ စခန်းရှိ ရဲဘော်များ ငှက်ဖျားရောဂါ ခံစားနေရမှုများ၊ ငတ်မွတ်ခေါင်းပါးမှုများ ရာသီဥတုဒဏ် များကြောင့် အသေအပျောက်များခြင်း စသည့် ဆင်းရဲဒုက္ခများခံစားနေရချိန်တွင် စခန်းတွင် တပတ်ထက်မကျော်သော ရက်များဖြင့် နေ့လာ ညပျောက် စခန်းဥက္ကဋ္ဌ လုပ်ခဲ့ပါသည်။
စခန်းသို့ လာရောက်စဉ်တွင်လည်း သူ၏အကောင်းစားအ၀တ်အစား အသုံးအဆောင်များအား အ၀တ်အစားအဟောင်း များနှင့် လဲလှယ်ဝတ်ဆင်ပြီး တကယ် ပင်ပင်ပန်းပန်း ပေပေရေရေဖြင့် အများအကျိုး လုပ်နေဟန်ဆောင်ထားသော ရုပ် ဖြင့် စခန်းသို့ ဝင်လာခဲ့ပါသည်။
ဤကာလတွင် ညီညွတ်မျှတမှုမရှိသည့် ဖြစ်ရပ်များမှာ စခန်းရှိ ရဲဘော်များ စားရမဲ့သောက်ရမဲ့ဘဝ ဖြစ်နေချိန်တွင် ၎င်းမှ စခန်းတွင်နေထိုင်မှုမရှိဘဲ စံခရဘူရီမြို့တွင် သူ၏နောက်လိုက်နောက်ပါများဖြင့် ၀ါးဖောင်တည်း ခိုခန်းတွင် ပြည်တန်ဆာ များနှင့် ပျော်ပါးခြင်း၊ ဘန်ကောက်မြို့တည်းခိုခန်းများတွင်လည်း အတိုင်းအဆမရှိ သုံးဖြုန်းစားသောက်နေထိုင်ခဲ့သည်။
မိမိလုပ်ငန်းစစ်ဆေးရေး တာဝန်ယူစဉ်အခါက ABSDF ရုံးခန်းရှိသော်လည်း ဗဟိုနှင့် အဆက်အသွယ်မလုပ်ဘဲ ဘန် ကောက်မြို့ ပါတနာကန် ရပ်ကွက်တွင် အခန်းတခန်းငှားထားကြောင်းကို သိရှိခ့ရဲသည်။ ထိုစဉ်အခါက ဘတ်ငွေ တ သောင်းတထောင် အိမ်လခပေးရန်လိုကြောင်း မိမိအား တင်ပြလာသည်။ ထိုအခန်းသည် ရဲဘော်များ ဘန်ကောက် ရောက်လျင် တည်းခိုရန်အတွက် ဖွင့်ထားသည့်အခန်းဟု သိရှိရသည်။ ထို့ကြောင့် ၎င်းအခန်း ခပေးရန်လိုသည့်အတွက် မိမိအား စိုက်ထုတ်ပေးရန် ပြောသဖြင့် မိမိမှပေးခဲ့ပါသည်။ မယုံကြည်သော်လည်း အုပ်စုကွဲပြီး စခန်းမတည်ငြိမ်မှုများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုငွေအား ပေးခဲ့ခြင်းဖြစ်သည်။နောင်မှ ထိုအခန်းကို အခြားတနေရာမှ ထောက်ပံ့မှုဖြင့် ငှားထား ကြောင်း သိရှိခဲ့ရ ပြန်ပါသည်။ ၎င်းသည် ထိုအခန်းတွင်နေထိုင်ရုံမျှမက ဦးတင်မောင်ဝင်း၏ နေအိမ်တွင်လည်း တခါတရံ သွားရောက်နေထိုင်ခဲ့ပြီး တယ်လီဖုန်းများကို မြန်မာပြည်သို့ ခိုးဆက်ခဲ့ရာ ဖုန်းဘေလ်ဆောင်သည့် အခါမှ ဘတ် ထောင် သောင်းချီကျနေပြီး ဇော်ဦး ခိုးဆက်ထားမှန်း ဦးတင်မောင်ဝင်း က သိရှိခဲ့သည်ဟု ပြောပြသဖြင့် ABSDF ရဲဘော် တဦး အနေဖြင့် သူ့အစား ရှက်ခဲ့မိပါသည်။

၎င်းမှ စခန်းရှိ ရဲမေများအား ဘန်ကောကသို့ ဆေးကုပေးရန် အကြောင်းပြ၍လည်းကောင်း၊ ဒုက္ခသည် အဖြစ်လည်း ကောင်း လျှောက်ပေးရန် ခေါ်ဆောင်သွားပြီး စခန်းသို့ ပြန်ရောက်လာသည့်အခါ မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြသည် ကို မြင်တွေ့ခဲ့ရသည်။ ထို့အတူ အချို့ မစို့တစို ယောင်္ကျားလေးများပင် အခြောက်ဘ၀သို့ သက်ဆင်းခဲ့ရသည်။ နဂါချိဆန် (ရွှေဝါရောင် တော်လှန်ရေးတွင် ကျဆုံးသွားသော ဂျပန်သတင်းထောက်)နှင့် အဖွဲ့ ဘုရားသုံးဆူစခန်းသို့ လာစဉ် အမဲ သားဝယ်ကျွေးသဖြင့် ရဲဘော်များ တယောက်တတုံး ရကြသည်၊ ထွန်းနိုင် တို့ ညီအကိုက တတုံးပဲ မျှစားကြပြီး ကျန်တ တုံးကို သိမ်းထားရာတွင်၊ ဘောကြီးဆိုသူက ခိုးစားသည်ကိုသိပြီး ထိုးမည်လိုက်သည့်အခါ ကြောက်လန့်စွာထွက် ပြေး သဖြင့် ရန်သူဖမ်းမိကာ အသတ်ခံလိုက်ရသည့် ဖြစ်ရပ်မှာ ရင်နာစရာကောင်းသည်။
စိတ်မကောင်းစရာ ဒီအကြောင်းကို ပြန်ပြောရတာက အဲဒီအချိန်က စခန်းရှိကျောင်းသားတွေရဲ့ ဆင်းရဲခေါင်းပါးလှတဲ့ အချိန်မှာ လူလည်လူလိမ် ဇော်ဦး တယောက်ကတော့ ဘယ်သူတွေ ဘာဖြစ်နေနေ ကိုယ်သက်သာရာ သက်သာကြောင်း
ကောင်းကောင်းနေ ကောင်းကောင်းစားရဖို့ အရှက်မရှိ အဲဒီလို လုပ်ခဲ့တယ်ဆိုတာကို သိစေချင်လို့ တင်ပြရခြင်းဖြစ်ပါ သည်။

ထိုကဲ့သို ရဲဘော်များ ငတ်လွန်မက ငတ်နေသည်၊ ဆားများလွန်သဖြင့် ယင်ကောင်ပင်မနားသည့် “ယင်မနားငပိ” ကို စားခဲ့ရသည့် ဘဝ၊ ဘုရားသုံးဆူတဝိုက် ပေါက်နေသော စိမ်းစိမ်းအပင်မှန်သမျှကို စားနေရသောဘဝ၊ ဝတ်စရာမရှိသဖြင့် မဲနှိုက်၍ ထမီပေါက်လျင် ရသောထမီကိုသာ ဝတ်ရသောဘဝနှင့် ဖြစ်သလိုနေခြဲ့ကသော ရဲဘော်များဘဝကို ဇော်ဦး တို့ က ဂရုမစိုက် အရေးပင်မလုပ်ခဲ့ချေ။
ထိုကဲ့သို့ ABSDF ရဲဘော်များအပေါ် ခုတုံးလုပ်ကိုယ်ကျိုးရှာ အမြတ်ထုတ်သွားသည့် ဇော်ဦးသည် မြန်မာနိုင်ငံသို့ပြန်ပြီး သတင်းမီဒီယာကို အသုံးချ၍ သူသည် ABSDF ခေါင်းဆောင်ဟု ပြောသည်ကို ကြားရသည့်အခါ ကျနော်အပါအဝင် ရဲ ဘော်များ အလွန်ခံပြင်းဒေါသ ထွက်ခဲ့ကြရပါသည်။ ထိုကဲ့သို့ ရဲဘော် ရဲမေများ အားနည်းချက်၊ ငွေကြေး ချို့တဲ့မှုများကို အခွင့်ကောင်းယူခဲ့သည့် တကိုယ်ကောင်းသမား၊ တော်လှန်ရေးရဲဘော်၊ ရဲမေများများအပေါ် စည်းမထားဘဲ လူမှုရေးအရ
အကျင့်ပျက်ဖေါက်ပြန်နေသော ဇော်ဦးအကြောင်းကို၊ ကိုအောင်သူငြိမ်း တို့ (ယခု ဗဟုအဖွဲ့ဝင်များ) မှ သိရှိပြီး စခန်းတွင် စတင်ဆန့်ကျင်လာပြီး ပြဿနာများ တက်လာခဲ့သည်။
ဇော်ဦးနှင့် သူပေးကျွေးထားသော အခွင့်ထူးခံအဖွဲ့နှင့် အခြေအတင်ဖြစ်ပြီးနောက် စခန်းမတည်မငြိမ် စဖြစ်လာခဲ့သည်။
ထို့နောက် ဇော်ဦးအား စခန်းဥက္ကဋ္ဌအဖြစ်မှ ဖြုတ်ချကာ အောင်သူငြိမ်းအား ဥက္ကဋ္ဌအဖြစ် တင်ခဲ့သည်။
ဤအချိန်တွင် အလှူရှင်တချို့မှ စစ်သင်တန်းဆင်းပွဲအတွက် အချိန်မီလှူထားသည့် ယူနီဖောင်းများကို ဇော်ဦးမှ လက်ခံ ထားရှိပြီးဖြစ်သော်လည်း ၎င်းဥက္ကဋ္ဌမဟုတ်တော့သည့်အတွက် စခန်းသို့ နောက်ကျမှ ပေးပို့ခဲ့သည်။ ထို့ကြောင့် ရဲဘော် များ ပုဆိုးများနှင့် ခါးတောင်းကျိုက်၍ သင်တန်းဆင်းခဲ့ကြရသည်။ သင်တန်းဆင်းပွဲ ဓါတ်ပုံဖလင်များကိုလဲ မတော်တဆ ဟုဆိုကာ သမိုင်းဝင် ဖလင်မှတ်တမ်းများကို ယုတ်မာစွာ ဖျက်ဆီးပစ်ခဲ့သည်။

ထိုမှစ၍ အောင်သူငြိမ်း တို့သည် ဇော်ဦး၏ ဆန့်ကျင်ဘက် အုပ်စုတစုအနေဖြင့် ရပ်တည်သွားတော့သည်။ ဤပြသနာများ ကြောင့် စခန်းတွင်းရှိ ရဲဘော်အချင်းချင်း အာပီဂျေနှင့် ပစ်ခတ်သည့်အဆင့်သို့ ရောက်ရှိပြီး ဗုံးသီးမပေါက်ကွဲခဲ့သဖြင့်သာ ရဲဘော်များ အသေအပျောက် မဖြစ်ခဲ့သော်လည်း ကြီးမားသည့် စိတ်ဝမ်းကွဲသည့် ပြဿနာဖြစ်ပေါ်ခဲ့ပါသည်။
ထိုကြောင့် …
ဗဟိုမှ တာဝန်ရှိသည့် ဒေါက်တာ သောင်းထွန်းမှ လာရောက်စစ်ဆေးရာ ဒညတမှ ပိုက်ဆံများယူပြီး လူတွင်ကျယ် လာ လုပ်သည့် ဇော်ဦး ကြောင့် ထိုပြဿနာများဖြစ်သည်ကို သိရှိသွားသည်။ ထို့အတူ စခန်းမှ လူများသည်လည်း ဖရိုဖရဲဖြစ် ကာ ဒုက္ခသည်လျှောက်သူများ၊ ပြည်တွင်းပြန်ဝင်သူများ၊ အခြားစခန်းသို့ ပြောင်းရွှေ့ သူများ၊ စခန်းမှ ထွက်၍ ထိုင်းနိုင်ငံ
တွင်းသို့ ၀င်ရောက်အလုပ်လုပ်ကိုင်သူများ အများအပြားဖြစ်လာပြီး စခန်တွင် မိုးဗြဲဒယ်အိုး (၆) အိုးချက်ကနေရာမှ (၂) အိုးသာ ချက်ရတော့သည့် အဖြစ်သို့ ရောက်ခဲ့ရသည်။

ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) ပြိုကွဲသွားခြင်း
နောက်ပိုင်းတွင် ငွေကြေးတောင့်တင်းသည့် ဒညတအဖွဲ့တွင် လျှို့ဝှက်အဖွဲ့ဝင်ဘဝမှ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဗြောင် လုပ်ကိုင်လာသည်ကို တွေ့ခဲ့ရသည်။ ဇော်ဦး ဒညတ တွင် နေထိုင်စဉ် ကာလတွင်လည်း အောက်ခြေရဲဘော်များအား ထိုင်းရဲမှ မကြာခဏဖမ်းခံရချိန်တွင် ဇော်ဦးမှ မြန်မာနိုင်ငံကူး လက်မှတ်အတု (Passport) ကို သူကိုယ်တိုင် အတုလုပ် ကိုင်ပြီး (Passport) အတုများကို ထည်လဲကိုင်ဆောင်နေသဖြင့် ရဲဖမ်းခြင်းမှ လွတ်အောင်နေခဲ့သည်။ ထိုသို့ ဇော်ဦး ဒညတ ၀င်ရောက်သွားသည်နှင့် ဒညတတွင်လည်း ငွေကြေးချစားမှုများ၊ မညီညွတ်မမျှတမှုများ ဖြစ်ပေါ်တိုးတက်လာ ကာ အောက်ခြေရဲဘော်များဖြင့် ညီညွတ်ရေး ပြိုကွဲခဲ့ကြရသည်။
နိုင်ငံရေးကျောင်းသားများ၏ အညွန့်ကို ခူးစားခြင်း
၁၉၉၃ ခုနှစ်ကာလများအတွင်း ကျောင်းသားများသည် တောတွင်းတိုက်ပွဲအပြင် ဘန်ကောက်၌ နိုင်ငံရေးတိုက်ပွဲများကို စတင်ဖေါ်ဆောင်လာခဲ့ပေသည်။ ၎င်းကာလများ၌ ထိုင်းနိုင်ငံတွင် နိုင်ငံရေးတိုက်ပွဲများ ဖြစ်သည့် သံရုံးရှေ့ဆန္ဒပြခြင်းများ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများ၊ ထောင်တွင်းအစာငတ်ခံဆန္ဒပြတိုက်ပွဲများကို ဖေါ်ဆောင်ခဲ့ကြသည်။
ထိုအချိန်ကာလတွင် ၎င်းမှ တော်လှန်ရေးနိုင်ငံရေး အသိုင်းအ၀ိုင်းမှ မဟုတ်သောသူများအား ဒုက္ခသည်အဖြစ် လိမ်လည် ၍ ကူညီလျှောက်ထားပေးခြင်းများဖြင့် အဂတိ လိုက်စားခဲ့သည်။ ထိုသို့လျှောက်ထားပေးရာတွင် အမျိုးသမီငယ်များလည်း ပန်းကောင်းအညွန့်ချိုး ခံခဲ့ရသည်။

မြန်မာကျောင်းသားများ၏ ထိုင်းနိုင်ငံတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် Open Society အဖွဲ့ မှ သိရှိလာကာ မြန်မာ ကျောင်းသားများအတွက် ပညာတော်သင် (Scholarship) စကောလားရှစ် အစီအစဉ်များ ပေါ်ပေါက်လာခဲ့သည်။ ထို အစီစဉ်ပေါ်လာခဲ့ရာတွင်လည်း ဇော်ဦးမှ အညွန့်ခူးသွားခဲ့ပြန်သည်။ သူတဦးတည်းမဟုတ် တော်လှန်ရေးကျောင်းသား များအတွက် ပညာသင်ဆုကိုဖြတ်ယူ၍ ပြင်ပအသိုင်းအ၀ိုင်းမှ သူခြေတော်တင်ထားသည့် မိန်းခလေးငယ်များအပါအ၀င် သူနှင့် လက်သင့်ရာများကို ထည့်သွင်းလျှောက်ထားရယူစေခြင်းဖြင့် အညွန့်ခူးစေသည်။
ကပ်ပါးသံသရာလည်ခြင်း
ထို့နောက် ဇော်ဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီး အလုပ်အကိုင်မရ ဖြစ်နေချိန်တွင် အင်န်စီဂျီယူဘ်ီထံတွင် အလုပ်သွားလျှောက်ရာ ဒေါက်တာသောင်းထွန်း (ဒညတအား အလွန်မုန်းတီးခဲ့သူ) ဦးစီးသည့် ၎င်းအဖွဲ့မှ ဒညတ ခေါင်း ဆောင်တဦးဖြစ်ခဲ့သည့် ဇော်ဦးအား အလုပ်ခန့်လိုက်သည်။ ထိုမှတဆင့် မြန်မာ့ငွေကြေးရန်ပုံငွေအဖွဲ့  (Burma Fund) ဘာမားဖန်တွင် ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်ပြန်သည်။ ဤအချိန်တွင် အိမ်ယာမြေဈေး အကြီးဆုံးဖြစ် သည့် ၀ါရှင်တန်ဒီစီ နေရာတွင် မည်သို့ကြံဖန်လိုက်သည်မသိ ဇော်ဦး အိမ်တလုံး ပိုင်ဆိုင်သွားတော့သည်။ (ထိုအချိန်က ဒေါက်တာစိန်ဝင်း အိမ်ဌား၍ နေထိုင်နေရဆဲဖြစ်သည်)။
ထိုကာလမှာပဲ ကျနော့် မိတ်ဆွေတဦးဖြစ်သူ အမေရိကန်လူမျိုး မစ္စတာစကော်ဒီ (မြန်မာဗုဒ္ဓဘာသာလေ့လာနေသူ University of Pennsylvania) သည် ဇော်ဦး အိမ်၌ ဇော်ဦး မရှိခိုက်တွင် ဇော်ဦး၏ အဒေါ်ဆိုသူနှင့် အမှတ်မထင်တွေ့ခဲ့ ပြီး ထိုအဒေါ်ဆိုသူမှ သူသည် နအဖအစိုးရမှ ပညာရေးအစီအစဉ်ဖြင့် လွတ်လိုက်သည့် ကိုယ်စားလှယ်ဖြစ်ကြောင်းနှင့် US State Department နှင့် တွေ့ရန် လာသည်ဖြစ်ကြောင်းကို ပြောပြခဲ့သဖြင့် ဇော်ဦးဟာ ထိုစဉ်ကပင် နအဖအသိုင်း အ၀ိုင်းနှင့် အဆက်အသွယ် ရှိကြောင်း သိရှိခ့ရဲသည်။ ထိုကိစ္စကို ကျနော်မှ အင်စီဂျီယူဘီနှင့် ကိုမောင်မောင် တို့ကို သ တင်းပေးပို့ခဲ့သော်လည်း မည်သည့်အရေးယူဆောင်ရွက်ကိုမျှ မပြုလုပ်ခဲ့ကြပါ။
နောက်ပိုင်းတွင် ဘာမားဖန် ဒါရိုက်တာ မြန်မာ့ရံပုံငွေအဖွဲ့ ဦးဆောင်ညွန်ကြားရေးမှူး ရာထူးနှင့်အတူ ဇော်ဦး မည်သို့ လုပ် လိုက်သည်မသိ တိုတောင်းသော အချိန်ကာအတွင်း နောက်ထပ် အိမ် (၁) လုံးနှင့် ကား (၁) စီးကို ပိုင်ဆိုင်ခဲ့တော့သည်။
Burma Fund ဒါရိုက်တာအဖြစ် လုပ်ကိုင်နေစဉ် နှစ် ၂၀ တိုင်တိုင် ငွေစာရင်းရှင်းတမ်းကို သူပြည်သူသို မချပြသည့် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ညွန့်ပေါင်းအစိုးရ ဝန်ကြီးများအဖွဲ့အရှိန်ဖြင့် ပေးလာသော ထောက်ပံ့ငွေများ၊ အဆက်အသွယ်များ၊ ဒိုနာများနှင့် ချိတ်ဆက်မိပြီးသည့်နောက် ဟန်ညောင်ရွှေက အင်န်စီဂျီယူဘီမှ ခွဲထွက်ပြီး Euro-Burma Office ဆိုကာ တစင်ထောင်သလို၊ ဇော်ဦးကလည်း အင်န်စီဂျီယူဘီကို ခြေစုံကန်ပြီး ဘားမားဖန်မှ နှုတ်ထွက်သွားကာ ဟားဗတ်အုပ်စု အားငွေပေးဝယ်ယူခါ ဗဟုအဖွဲ့ကို ဖွဲ့စည်းပြီး တစင်ထောင်လိုက်ပြန်သည်။
ယခင်က ဇော်ဦး ရဲ့ အကျင့်ပျက်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ကိုအောင်သူငြိမ်း၊ ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦး တို့သည် ယနေ့ တွင် ဇော်ဦး ကို အလုပ်အကျွေး ပြုနေကြသည့် လခစားများ ဖြစ်နေကြသည်မှာ နားမလည်နိုင်စရာ သံဝေဂတရားလို့ပဲ မှတ်ရပါတော့သည်။

ဤနောက်ပိုင်းတွင် …
ဘားမားဖန်မှ ဇော်ဦးနှင့် ဥရောပ ဟန်ညောင်ဝေတို့ ချိတ်ဆက်ကာ ဘဏ္ဍာရေးသော့ တချောင်းစီ ဖလှယ်လိုက်ကြသည်။ ယခုအချိန်တွင် ဘာမားဖန် ဒါရိုက်တာနေရာတွင် ဇော်ဦး အစား ဒေါက်တာသောင်းထွန်းမှ လုပ်ကိုင်စားသောက်နေသည်။ ဤအချက်များကို ကြည့်လျင် လူ့ဝမ်းထဲမှ မစင်နှင့် ရော၍ကျလာသော ကပ်ပါးကောင် တုတ်ကောင် သန်ကောင် (Paras ites) များကို ကြက်၊ ၀က် ဘဲ ငါး သတ္တ၀ါများမှ စား၍ ထိုသတ္တ၀ါများအား လူများမှပြန်စားကြကာ မစင်နှင့်အတူ သံသရာ လည်နေသော သံကောင်တုတ်ကောင် ကပ်ပါးကောင်များ သကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။
၎င်း မစင်သံသရာလည် ကပ်ပါးကောင်များဖြစ်ကြသည့် ဇော်ဦးနှင့် ဗဟုအဖွဲ့ဝင်တို့သည် ဟန်ညောင်ဝေတို့နှင့် ပေါင်းစည်း မိကာ မြန်မာ့နိုင်ငံရေးတွင် အရေးကြီးလှသော Vote No, No Vote ကိစ္စတွင် ပညာရှင်များအဖြစ် တစခန်းထ ၀င်ရောက် စွက်ဖက်ကာ ဂန်ဘာရီထံ ၀င်ရောက်ဆက်နွယ်၍ ဂန်ဘာရီ မစင်ပါချရာမှတဆင့် ကြပ်ပြေးအိမ်သာထဲသို့၎င်း ကပ်ပါး ကောင်များ ရောက်သွားတော့သည်။
ထိုမှတဆင့် အီလစ်အဖွဲ့ ကို ၀င်ရောက်ကာ အသက်သွင်း၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ထောက်ခံရန် ကမ္ဘာပတ်၍ စည်းရုံးခဲ့သည်။ ထိုအချိန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာနေသည့်အတွက်ကြောင့် တွေ့ဆုံဆွေးနွေးရေးက ခက်နေတာဟု ဇော်ဦးမှ ကျနော့်အား လော့စ်အိမ်ဂျယ်လီမြို့တွင် ပြောခဲ့ပါသည်။ ဗဟုအဖွဲ့ဝင် အောင်နိုင်ဦး ကလည်း ဆရာ့လေသံနင်းပြီး ဒေါ်စု ခေါင်းမာနေတာကြောင့်ဟု ဆောင်းပါးများရေးခါ ဒေါ်စုကို ဆရာဇော်ဦး အလိုကျ ပုတ်ခတ် တိုက်ခိုက်ခဲ့သည်။
မစင် ကပ်ပါးသံကောင် ဇော်ဦးသည် သူ၏ မိဘ (၂) နှစ်ပါး စစ်တပ်အရာရှိကြီးများ၊ ဦးလေးတော်သူ ဦးလင်းမြိုင် (နအဖ၊ န၀တ သံအမတ်ဟောင်း USA) တို့၏ အရှိန်အ၀ါ အဆက်အသွယ်များနှင့် ဆွေမျိုး မိသင်္ဂဟများမှတဆင့် နိုင်ငံတော် အ ကြံပေးအဖွဲ့၊ အခြားနိုင်ငံရေး ပါတီအဖွဲ့ အစည်းများ၏ အတွင်းသို့ ၀င်ရောက်ကာ တိုင်းပြည်တွင်း၌ ဒုက္ခပေးရန်အတွက် စတင်နေသည်။


ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ) ရိုဟင်ဂျာ ဥက္ကဋ္ဌ နရူးအစ်စလမ်၊ ကိုတင်မောင်မောင်သန်းနှင့် ဇော်ဦး
ပထမဆုံး ခြေလှမ်းအဖြစ် ကြပ်ပြေးနေပြည်တော်၌လုပ်သည့် အမျိုးသားစီးပွားရေး အလုပ်ရုံအစည်းဝေးတွင် အာဆီယံ စီးပွားရေး ကွန်မြူနတီ (Asian Economic Community)မှ ရေးထားသည့် “အခွင့်အလမ်းနှင့် စိန်ခေါ်မှု” (Opportunity and Challenging) ဆိုသည့်စာတမ်းကို သူရေးထားသယောင်နှင့် ခတ်တည်တည်တက်၍ ဖတ်ခဲ့ပါသည်။
ထိုကဲ့သို့ ပညာခိုးမှု (Plagiarism) လုပ်ဆောင်ခြင်းကို ဘာမှမသိသောနိုင်ငံ ရေးအကြံပေးအဖွဲ့ ဆိုသူများမှ အထင်တကြီး နှင့် ခွင့်ပေးခဲ့သည်ကိုလည်း သတိထားသင့်ပါသည်။
ထို့အတူ သတင်းမီဒီယာများနှင့် ပူးပေါင်းလုပ်ကြံ၍ ဇော်ဦးသည် ABSDF ကျောင်းသားခေါင်းဆောင်ဟု သုံးစွဲထုတ်လွှင့် အင်တာဗျူးနေခြင်းများသည်လည်း လွန်စွာမှ စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ အတွင်း၌ ယခုကဲ့သို့ ပညာရှင်များဟု အရေခြုံကာ မစင်ကပ်ပါး သံကောင်များမှ ၀င်ရောက်လာခြင်းကို ကြီးစွာသတိထားရှိရန် အသိပေးလိုသည်မှာ ၎င်းတို့သည် မည်သည့်လုပ်ငန်း သက်တမ်း အတွေ့အကြုံများ စိုးစဉ်းမျှမရှိခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြားနေခြင်း၊ ရဲဘော်ရဲဘက် မောင်နှမသားချင်း စာ နာစိတ်မရှိခြင်း၊ ငွေကြေးချစားခြင်း စသည့်အချက်များနှင့် ပြည့်စုံနေသူများဖြစ်ကြောင်းကို သတိပေးအပ်ပါသည်။
ထို့အတူ ပညာရှင်ဟုဆိုရာတွင်လည်း ဘွဲ့ရကျောင်းပြီးသူများအားလုံးကို ပညာရှင်ဟု မသတ်မှတ်နိုင်သလို ဘွဲ့မရဘဲ ပညာရှင်ဖြစ်သူများလည်း ရှိကြပေသည်။ ဥပမာ အမေရိကန်နိုင်ငံ ကွန်ပြူတာပညာရှင် Steve Job စတီ့ဗ်ဂျော့ ဆိုလျင် တက္ကသိုလ်ဘွဲ့ ကောင်းကောင်း မရရှိခဲ့ဘဲ ကမ္ဘာကျော် ကွန်ပြူတာပညာရှင်တဦး ဖြစ်ခဲ့သည်မှာ သူ၏ကျိုးစားစိတ်၊ ရိုး သားစိတ်နှင့် လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့် ဖြစ်ပေသည်။ ထို့အတူ ကွန်ပြူတာပညာရှင် Microsoft တီထွင်သူ Bill Gate ဘေးလ်ဂိတ် သည်လည်း အပါအ၀င်ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင် (Phil Maung) (အမေရိကန်နိုင်ငံတွင် ဘွဲ့မရသူ) ကို အမေရိကန်နိုင်ငံ စီးပွား ရေးကျနေချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများ တိုးတက်၍ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်လာသည့် အတွက်ကြောင့် အမေရိ ကန်သမတ အိုဘားမားနှင့် လွတ်တော်အဖွဲ့တို့မှ ခေါ်ယူတွေ့ဆုံ ဂုဏ်ပြု၍ စီးပွားရေးပညာရှင်ဟု သတ်မှတ် လိုက်ပါသည်။ ထို့ကြောင့် ကျနော်တို့ တိုင်းပြည်တွင် ခေတ်နောက်ကျနေသည့် အတွေးအခေါ် တချို့ကို ယနေ့အချိန်ကာလမှာ ပြင်သင့်သည်ကို ပြင်ရမည် ဖြစ်ပါသည်။
နိဂုံးအားဖြင့် ဇော်ဦး တို့လို မစင်စား သံကောင်များရှိသည့် အစာကို စားမိလျင် စားမိသည့် သူများအားလုံး ဒုက္ခဘေးနဲ့ သာ ကြုံတွေ့ရမည်ကို အထက်ဖေါ်ပြပါ အချက်များအရ ဆင်ခြင်သုံးသတ် သတိထားပြီး ဤအန္တရာယ်ကို ကာကွယ်ရန်မှာ တာဝန်သိသူများတွင် တာဝန်ရှိကြောင်းနှင့် နောင်အနာဂတ် တိုင်းပြည်အန္တရာယ်များအတွက် ကြိုတင်ကာကွယ်နိုင်ရန် အသိပေး တင်ပြအပ်ပါသည်။
မူးသာ
၁၀၁ ဘုရားသုံးဆူစခန်း
အောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်။
မှတ်ချက်။
နောင်အနာဂတ်တိုင်းပြည် ဒီမိုကရေစီပြန်လည်ထွန်းကားချိန်တွင် သန့်ရှင်းစင်ကြယ်စွာဖြင့် လုပ်ဆောင်နိုင်ရန် ဖေါ်ပြပါ မစင်စားသံကောင်များကဲ့သို့ နိုင်ငံရေးအကြောင်းပြု အကျင့်ပျက်ချစားနေသူများအား မိမိအနေဖြင့် ဆက်လက်ဖေါ်ထုတ် တင်ပြသွားမည်ဖြစ်ပါသည်။
http://www.naytthit.net/?p=21304


ဗိုလ်ချုပ်မှူးကြီး သမီး ၂ယောက်က မြေဧက ၅၀ တောင်းခံ





2 daughters of Than Shwe – မြေဧက ၅၀ တောင်းခံ


ဗိုလ်ချုပ်မှူးကြီး သမီး ၂ယောက်က မြေဧက ၅၀ တောင်းခံ

မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၂၈၊ ၂၀၁၁
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး ၂ ဦးဖြစ်သူ အေးသောင်းရွှေနှင့် သိင်္ဂရွှေတို့က ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်အနီး မြေဧက ၅၀ ရရှိရန် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ထံ တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမည်မဖေါ်လိုသော အရာရှိတဦးက ပြောသည်။
ထိုသို့ တောင်းခံလာခြင်းအပေါ် မြို့တော်ဝန် ဦးလှမြင့် အနေဖြင့် မည်သို့ ဆုံးဖြတ်မည် မသိရသေးကြောင်း၊ မြို့တော်ဝန် ဦးလှမြင့်သည် ဗိုလ်ချုပ်မှူးကြီးက ရွေးချယ် ခန့်အပ်ထားသူအဖြစ် သိရှိထားကြပြီး ယခုနှစ်ဆန်း နအဖ အစိုးရ အာဏာလွှဲအပ်ခြင်း မပြုမီ မြို့တော်ဝန် ဦးအောင်သိန်းလင်းအစား လဲလှယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ပါတီရန်ပုံငွေအဖြစ် လုပ်ကိုင်ရန် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်တွင် ဈေးရုံတရုံ တောင်းခံထားသည်ဟု ၎င်းအရာရှိကပင် ပြောသည်။ ကြံ့ခိုင်ရေး ပါတီအား ဈေးရုံတရုံ ရောင်းချပေးရန်ကိစ္စနှင့် ပတ်သက်၍ ၎င်းပါတီအားပေးလျင် အခြားသော နိုင်ငံရေးပါတီများကိုပါ ရောင်းချပေးရမည့် သဘောဖြစ်သဖြင့် ခေတ္တဆိုင်းငံ့ထားသည်ဟု စည်ပင် အရာရှိကပြောပြသည်။
လှိုင်သာယာ စက်မှုဇုန်သည် ရန်ကုန်မြို့ရှိ အခြားသော စက်မှုဇုန်များအနက် အကွာအဝေးအရ၊ လမ်းပန်းဆက်သွယ်ရေးအရပါ အဆင်ပြေဆုံး စက်မှုဇုန်တဇုန်ဖြစ်ပြီး စီးပွားရေး
လုပ်ငန်းရှင်များ နှစ်သက်ဆုံး စက်မှုဇုန်ဖြစ်သည်။ လှိုင်သာယာ စက်မှုဇုန်မြေကွက် ၁ ဧက ဈေးနှုန်းမှာ သိန်း ထောင်ဂဏန်း ထိရှိသည်ဟု သိရှိရသည်။ အဆိုပါဈေးအရတွက်လျင် သန်းရွှေ၏ သမီး ၂ ယောက်က လက်ရှိနိုင်ငံတော်အစိုးရထံက မြန်မာကျပ်ငွေ သိန်းထောင်ပေါင်း ၁၀၀ နီးပါးကို တောင်းခံသည့် သဘောဖြစ်နေသည်။

အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှုနှင့် အခွန်အကောက်ဆိုင်ရာ ဖြေလျော့မှု လက္ခဏာများ မြင်တွေ့လာရခြင်းနှင့် အတူ ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု ပိုမိုလာနိုင်သည့် အလားအလာရှိနေသဖြင့် လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်နှင့် အခြားသောစက်မှုဇုန် မြေကွက်များအပေါ် လုပ်ငန်းရှင်ကြီးများ ပိုမို စိတ်ဝင်စားလာကြသည်။

ဧပြီလ ၃၀ ရက်နေ့ တွင် နအဖ အစိုးရဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရားဝင်မည်သည့် ရာထူးမျှတာဝန်ယူမထားတော့ သော်လည်း တပ်မှ အနားယူ၊ မယူကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။ ထို့အတူ ယခုအစိုးရသစ်အား နောက်ကွယ်မှ ကြိုးကိုင်လျှက်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူ အများစုက ယုံကြည်လျက်ရှိကြသည်။
(ဓာတ်ပုံ – သန်းရွှေမိသားစုပြုပြင်နေစဉ် ၂၀၀၉ ဇွန်လကပြိုကျပျက်စီးခဲ့သော သမိုင်းဝင်ဓနုတ်စေတီကို ထီးတင်ခဲ့စဉ်ကတွေ့ရသော သန်းရွှေမိသားစု၊ ဧရာဝတီသတင်း)
http://moemaka.com/2011/10/2-daughters-of-than-shwe-%e1%80%b1%e1%80%bb%e1%80%99%e1%80%a7%e1%80%80-%e1%81%85%e1%81%80-%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%b6/


လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဒေါ်စု ဆုချီးမြှင့်မည်


ညီသစ် | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော် (The art of freedom film festival) ဟု အမည်ပေးထားသည့် ရုပ်ရှင်ပြိုင်ပွဲကို လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်ရာ ဆုရရုပ်ရှင်ကားများကို ဒေါ်အောင်ဆန်းစုကြည်မှ ဆုချီးမြှင့်မည် ဖြစ်သည်ဟု ပြိုင်ပွဲကို အကဲဖြတ်မည့်သူ ကိုဇာဂနာက မဇ္ဈိမကို ပြောသည်။

ဆုသတ်မှတ်ချက် အဖြစ် အကောင်းဆုံး မှတ်တမ်းတင် ဇာတ်ကားဆု၊ အကောင်းဆုံးရုပ်ရုပ်ရှင် ဇာတ်ကားတို့ဟူ၍
သတ်မှတ်ထားပြီး ပါဝင်ယှဉ်ပြိုင်သည့် ရုပ်ရှင်ကား အရေအတွက်ပေါ် မူတည်ကာ ဒုတိယဆုနှင့် တတိယ ဆုများလည်း
ပေးအပ်သွားမည်ဟု သိရသည်။

ပြိုင်ပွဲဝင် ရုပ်ရှင်ကားများသည် လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် “လွတ်လပ်ခြင်း” ဟူသည့် အဓိပ္ပါယ်ကို ထင်ဟပ်စေ
မည့် ပြသချိန် တနာရီကြာ ရုပ်ရှင်ပြကွက်များကို ရိုက်ကူး တင်ပြနိုင်ရမည်ဟုလည်း ကိုဇာဂနာက ဆိုသည်။

အဆိုပါ ရုပ်ရှင်ပြိုင်ပွဲကို ၂ဝ၁၂ ဇန်နဝါရီလ တရက်နေ့မှ လေးရက်နေ့အထိ သတ်မှတ်ထားကာ ဇန်နဝါရီလ လေးရက်
နေ့တွင် ဆုချီးမြှင့်မည် ဖြစ်သည်။ ဆုရ ရုပ်ရှင်ကားများကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သို့ ဆက်သွယ်ပေးပို့မည်
ဖြစ်ကြောင်းလည်း သိရသည်။

ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကားများသည် အင်္ဂလိပ် စာတန်းထိုး ပါဝင်ရမည်ဖြစ်ပြီး ဒီဗီဒီဖြင့် ပေးပို့ ယှဉ်ပြိုင်နိုင်ရမည်
ဖြစ်ပြီး စိတ်ပါဝင်စားသူများသည် အီးမေးဖြင့်လည်းကောင်း၊ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှ လည်းကောင်း
ပြိုင်ပွဲ အကဲခတ်များဖြစ်သည့် ဒါရိုက်တာ ကိုသူရ (ဇာဂနာ) နှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ထံ ဆက်သွယ် စုံစမ်းနိုင်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ထက် နောက်မကျစေဘဲ ရုပ်ရှင်ကားများကို ပေးပို့ရမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8554-2011-10-28-12-01-52.html

ပစ်မှတ်ထဲက မြန်မာပြည်



ဂျိုးဆက်ဖ် ဘော | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၄၁ မိနစ်

(စာအုပ်ဝေဖန်ချက်)

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ သီပေါမြို့ကလေးတွင် မွန်းလွဲချိန်၌ လက်ဖက်ရည်ဆိုင်၊ သို့မဟုတ် စားသောက်ဆိုင် တခုခုအတွင်းထိုင်၍ လမ်းမပေါ် ဖြတ်သန်းသွားလာသည့် လူစီးကားသစ် SUV ယာဉ်တန်းကို ထိုင်ကြည့်နေကြရသည်က လူအများအဖို့ ဝါသနာတခုလို ဖြစ်လာသည်။

ကားများကို ပလတ်စတစ်စဖြင့် အလုံပိတ်ထားကြပြီး၊ မြန်မာနိုင်ငံတွင် ပြန်ရောင်းချကြ ရန်ဖြစ်သည်။ တရုတ်ပြည်မှ
နေ၍ တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ မောင်းနှင်သွားကြသည်။ ထိုမျှသာမက ဈေးချိုချိုဖြင့် ဝယ်ယူလာသည် ဟု ယူဆရသည့် လိမ္မော်သီးကားတန်းများလည်း ပြည်တွင်းဘက် ဆင်းသွားကြသလို၊ ဆန့်ကျင်ဘက်သို့ ကျွန်းသစ် ယာဉ်တန်းကြီးက ပြန်ဖြတ်သွားကြသည်။ နောက် ၁၅-နှစ်ကြာသည့်အခါ တရုတ်၏စီးပွားရေး မြန်မာနိုင်ငံ အတွင်း သို့ ချဲ့ထွင်လာသည့် အခြေအနေက အဓိကပြောဆိုစရာ အကြောင်းကိစ္စတခု ဖြစ်လာခဲ့သည်။

သမိုင်းပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဦးသန့်မြင့်ဦးက သူ၏ နောက်ဆုံးစာအုပ် "တရုတ်ပြည်နှင့် အိန္ဒိယ တွေ့ဆုံ သည့် နေရာ" (Where China Meets India) တွင် သူ၏အဆိုကို တင်ထားသည်။ သူ့အမြင်က အသစ်တော့ မဟုတ်။ ၁၉၉ဝ ခုနှစ်များ နှစ်လည်ပိုင်းမှစ၍ စတင်ဖြစ်ထွန်းလာခဲ့သည့် ရေစီးကြောင်းကို ချဲ့ထွင် မွမ်းမံ၍ တင်ပြ
ခြင်းသာ ဖြစ်သည်။ ရာစု နှစ်ပေါင်းများစွာ တရုတ်ပြည်နှင့် အိန္ဒိယအကြားတွင် မြန်မာနိုင်ငံက ဆက်စပ်ပေါင်းကူး တံတားထိုး၍ မဖြစ်နိုင်သည့် အခြေအနေရှိခဲ့သည်။

သန့်မြင့်ဦးတင်ပြသည့် သမိုင်းကြောင်းအရဆိုလျှင် မြန်မာနိုင်ငံက များမကြာမီနှစ်များတွင် ပြောင်းလဲလာသည့် အာရှမြေမျက်နှာသွင်ပြင်က ဝိုင်းပတ်ထားသည့် ဗဟိုချက်မတွင် ရောက်ရှိနေခဲ့ပြီဟု ဆိုသည်။ အကြောင်းမှာ အာရှ၏ မဟာလူဦးရေ ပိုင်ဆိုင်ထားသည့် အင်အားကြီးနိုင်ငံ နှစ်ခုက လာတွေ့ဆုံသည့် မြန်မာနိုင်ငံကို ခေတ်သစ် တခုအသွင်သို့ တွန်းထိုး ပို့ဆောင်တော့မည် ဖြစ်သောကြောင့်ပင်။
wherechinameetsindia
"တရုတ်ပြည်နှင့် အိန္ဒိယတွေ့ဆုံသည့်နေရာ" အမည်ရ စာအုပ်သည်
ပြောင်းလဲနေသည့် မြေပုံများနှင့် လူဦးရေများ အကြောင်းကို အများစု ပုံဖော်တင်ပြ ထားခြင်း ဖြစ်သည်။ ကက်ပလန်ဆန်ဆန် ခရီးသွာ
အတွေ့အကြုံ ဇာတ်ကြောင်း ကို ပြန်ပြောပြရင်း စာအုပ်ကိုသယ်ဆောင်
သွားရာ၊ အချို့သော စာသားများက ထိုနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဘူးသူများအတွက် အထူးအကျိုး ဖြစ်စေမည်မှာ မလွဲပေ။

သို့မဟုတ် တကြိမ်တခါ ရောက်ဖူး၊ တွေ့ကြုံဖူးခဲ့သူများကလည်း နောက်ဆုံး အခြေအနေကို ပြန်၍ နှိုင်းယှဉ်ကြည့်နိုင်လိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်
စေ ဦးသန့်မြင့်ဦးက တင်ပြသည့် သုံးသပ်ချက်များ၊ အဆိုပြုချက်များက ယင်း
ဒေသ၏ ပြောင်းလဲဖြစ်ပေါ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် ပတ်သက်၍ အတွင်းကျကျလှုံ့ဆော်မှု အတွေးကို ပေးနိုင်လိမ့်မည် ဖြစ်သည်။

စာအုပ်ကို ကဏ္ဍများခွဲခြားထားပြီး စာရေးသူက သက်ဆိုင်ရာနိုင်ငံများအလိုက် အချိန်ကာလကို အခြေပြု၍ အခန်းခွဲ တင်ပြထားခြင်း ဖြစ်သည်။ တင်ပြထားသည့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အခန်းသည် ကြီးထွားလာ သည့် တရုတ်တို့ခြေရာနှင့် မြန်မာပြည်အပေါ် မည်သို့သက်ရောက်စေသည့် အကြောင်းကို အလေးပေး တင်ပြထား သည်။ သို့သော်လည်း မြန်မာနိုင်ငံကို ယခုအခြေအနေသို့ ဆိုက်ရောက်စေခဲ့ရသည့် အဓိက အကြောင်းအချက်များ ကိုမူ အနည်းအကျဉ်းမျှသာ တို့ထိတင်ပြထားသည်။

စာရေးသူကမူ ခေတ်သစ်မြန်မာနိုင်ငံ၏ ကျရှုံးမအောင်မြင်ဖြစ်ရမှုများကို ကိုလိုနီခေတ် နိုင်ငံတော် ကျရှုံးခန်းနှင့် ဒုတိယ ကမ္ဘာစစ်၏ အကျိုးဆက်အဖြစ် ခြေရာကောက် တင်ပြထားသည်။ ဦးသန့်မြင့်ဦးက "ဗြိတိသျှတို့အနေဖြင့် ဆက်၍ကျန်နေပြီး စီးပွားရေးနာလံထူနိုင်စေရန် ကူညီနိုင်ဖို့ရှိသည်။ သို့သော်လည်း ဤသို့ မဖြစ်ခဲ့သည်မှာ ပြင်ပ အကြောင်းအချက်များကြောင့် မဟုတ်။ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှု အားကောင်းလာခဲ့ပြီး၊ ၎င်းတို့က မည်သည့်တန်ဖိုးဖြင့် ဖြစ်စေ ဗြိတိသျှတို့ကို မောင်းနှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်" ဟု ဆိုထား သည်။

မည်သို့ဖြစ်စေ မြန်မာနိုင်ငံက လွတ်လပ်ရေးပြီးချိန်တွင် ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနိုင်ခဲ့သော်လည်း၊ လက်ရှိ
နိုင်ငံ၏ အခြေအနေကမူ သူ၏အဆိုအရ ၁၉၉ဝ ခုနှစ်များ အဆန်းပိုင်းနှင့် အလယ်ပိုင်းကာလ ပေးလာသည့် အခွင့်အလမ်းကောင်းများကို မဆုပ်ကိုင်မိသည့် ဖြစ်ရပ်သာဟု သုံးသပ်ဖော်ပြထားသည်။ မြန်မာနိုင်ငံကို သူသုံးသပ်
ကြည့်သည့်အချိန်က အခြားနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဗီယက်နမ်၊ အခြားသော အာရှကျားများနှင့် အလားအလာ အရ တန်းတူနီးပါး ပြေးနေခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံက စီးပွားရေး တံခါးဖွင့်ရာ လမ်းတွင် ကွဲပြားနေသည့်၊ အပျက်လမ်းသို့ ဦးတည်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ခြင်း မရှိခဲ့၊ ပြင်ပကမ္ဘာနှင့် မချိတ်ဆက်နိုင်ခဲ့ဟု ဆိုသည်။

ဤသုံးသပ်ချက်က ပြောရမည်ဆိုလျှင် စာအုပ်တခုလုံး ဖော်ပြထားသည့် ပင်မ အကြောင်းအရာ အတွက် ဖြည့် ဆည်း ထောက်ပံ့ပေးသည့် အဆိုမျှသာ ဖြစ်သည်။ သူဆိုလိုချင်သည့်အချက်မှာ မြန်မာနိုင်ငံနှင့် စစ်တပ်အပေါ် ချမှတ်ထားသည့် ပစ်ဒဏ်ခတ်ပိတ်ဆို့မှု အကျိုးမဖြစ်ထွန်းပုံနှင့် ဆိုးကျိုးသက်ရောက်စေပုံများ၊ ၎င်းနှင့်အတူ တွဲရှိနေသည့် "အနောက်နိုင်ငံ များမှ လူများကြိုက် ကမ်ပိန်းများ"၊ စစ်အစိုးရကို လူဆိုးဗီလိန်ရုပ်ပုံ ဖော်နေပြီး ပို၍ ပြင်းထန်စွာဒဏ်ခတ်ရန် ဆက်လက် တောင်းဆိုနေမှု စသည့်အချက်များက ပို၍ခိုင်မာသည့် ဆက်ဆံမှုများ
ဖြစ်ပေါ်လာစေမည့်ကိစ္စများအပေါ် အထူးသက်ရောက် ရိုက်ခတ်မှု ရှိနေစေသည်ဟု ဆိုသည်။ စာမျက်နှာ အများစု တွင် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်အပေါ် စိတ်ပျက်မကျေ နပ်မှုများဖြင့် ပြည့်နေသည်။ ၂ဝဝ၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း ကာလတွင် အကူအညီကိစ္စများကို အဟန့်အတား ဖြစ်စေမှုမှ နေ၍၊ မန္တလေးမြို့ကို တရုတ်စွန့်စား စီးပွားရင်းနှီးမြှုပ်နှံသူများ အကြား ပြိုင်ဘက်မရှိ ပေလျကံ ပစ်ထားခဲ့ရမှုများ အဆုံး ပတ်သက် ဖော်ပြထားသည်ကို
တွေ့ရသည်။

ထို့အပြင် ဆက်လက်အားပြိုင်နေဆဲဖြစ်သည့် တိုင်းရင်းသားအင်အားစုများကို သိမ်းကျုံးစုစည်းနိုင်ရေး ဆက်လက် လှုပ်ရှား ကြိုးပမ်းနေနှင့် ပတ်သက်၍လည်း ဦးသန့်မြင့်ဦးက သူ့အမြင်ကို တင်ပြထားသည်။ တဖက်က ပိတ်ဆို့ ဒဏ်ခတ်ထားချိန်တွင် ကုလသမဂ္ဂက ဖြည့်ဆည်းလှုပ်ရှားမည့် ချည်းကပ်မှု ရှိမနေခြင်း၊ ကမ္ဘာ့ဘဏ် အကူအညီများ ရှိမနေခြင်းတို့ကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများအပြီး၊ ၎င်းနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ တန်းတူ ယှဉ်၍ လက်တွေ့မလိုက်နိုင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

စာအုပ်က ပြောလိုသည့် အဓိကအကြောင်းအရာကို ပြန်၍ သွားရမည်ဆိုလျှင် လက်ရှိအိမ်နီးချင်းနိုင်ငံ နှစ်ခုက လုပ်ဆောင်နေပုံမှာ မြန်မာနိုင်ငံကို ဘေဂျင်းနှင့် နယူးဒေလီက လုယက်ခိုးယူနေကြခြင်း ဆိုသည်ထက် ပိုမို
ပြောင်မြောင်မည့် စကားအသုံးအနှုန်း မရှိနိုင်တော့ပါ။ မြန်မာနိုင်ငံ ဇာတ်ကြောင်းတလျှောက်လုံးတွင် တရုတ်က ပါဝင် ပတ်သက်နေသော်လည်း၊ အိန္ဒိယကမူ လွမ်းမောစရာ ကိုလိုနီခေတ် အတိတ်က ဆက်နွယ်ခဲ့မှုများ၊ အစော ပိုင်း လူ့ယဉ်ကျေးမှု ဖြစ်ထွန်းစဉ်ကာလ ဆက်သွယ်မှုများမှလွဲ၍ ပြောစရာ မရှိသလောက် ဖြစ်နေသည်။

အာဏာဆက်၍ ကြီးထွားလာနိုင်မှုနှင့် ပတ်သက်၍ ဖော်ပြ ထားချက်များတွင် လုံခြုံမှုမရှိဟု ခံစားနေရသည့် အိန္ဒိယက လုံခြုံစိတ်အပြည့်ရှိနေသည့် တရုတ်နှင့် ရင်ဆိုင်နေရသည့် ဝန်းကျင်စိတ်ခံစားမှုကို ထင်ဟပ်နေသည်။ တနည်းဆိုရသော် မြန်မာနိုင်ငံ ရှေ့တန်းမျက်နှာစာအတွက်မူ မြင်ရသည့်ပုံကားချပ်မှာ ထိုးစစ်ဆင်နေသည့် အရှေ့အာရှ အင်အားကြီးနိုင်ငံနှင့် ခုခံကာကွယ်နေရသည့် တောင်အာရှ မဟာအင်အားကြီးကို တွေ့မြင်နိုင်သည်။
Thant-Myint-Uယခင်က ကုလသမဂ္ဂ သံအရာရှိ တဦး
 ဖြစ်ခဲ့ဖူးသည့် ဦးသန့်မြင့်ဦးက ယခု
အခါ ဘန်ကောက်မြို့တွင် နေထိုင်၍ စာရေးဝမ်း ကျောင်း>နေပြီး၊ မြန်မာ၊
အိန္ဒိယ၊ တရုတ် နိုင်ငံများသို့ ခရီးလှည့် လည်ခဲ့သည်။ သူက "မြန်မာပြည်နှင့်
ပတ်သက်၍ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သမိုင်း
ကြောင်း- ခြေရာပျောက် မြစ်တစင်း"
 အမည်ရ စာအုပ်>ရေးသားခဲ့သူလည်း
ဖြစ်သည်။  ဓာတ်ပုံ။ Macmillan

တရုတ်နိုင်ငံကို နှိုင်းယှဉ်၍ ဖော်ပြရလျှင် ၂၁ ရာစု၏ ပထမဦးဆုံး ဆယ်စုနှစ် တွင် အခြေခံ အဆောက်အဦ စီမံကိန်း များ တည်ဆောက်နေမှုမှာ ပြီးခဲ့သည့် ရာစုနှစ်များရှိ အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်း စီမံကိန်းများထက် များပြားနေသည်ကို မြင်နေရသည်။ အိန္ဒိယကမူ သူ့နိုင်ငံနေရာ အနှံ့အပြား
တွင် ပင် ခေတ်သစ် အခြေခံ အဆောက် အဦးများ ကင်းမဲ့နေသေး သည်။ "တရုတ်နိုင်ငံ၏ ပြည်နယ်တခု ဖြစ်သည့် (ယူနန်က များမကြာမီတွင် မန္တလေး သို့ အမြန်ပြေး ကျည်ဆံရထားလမ်း ပေါက်တော့မည် ဖြစ်သော်လည်း၊ အိန္ဒိယ ၏ အရှေ့မြောက်ပိုင်း ပြည်နယ်မြို့ ဖြစ်သည့်) အင်ဖာတွင် ကျေးလက်လမ်း မျှသာ ရှိနေသေးသည်" ဟု ဦးသန့်မြင့်ဦးက သူ၏ လေ့လာတွေ့ရှိချက်ကို
ဖော်ပြထား သည်။

ယခုအချိန်တွင်မူ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အတွေ့အကြုံများ၊ လက်ရှိ သူတို့၏ အကျပ်အတည်းများက မြန်မာနိုင်ငံ အတွက်မူ နောက်ထပ် အခွင့်အလမ်း တံခါးပေါက် ဖြစ်နေစေသည်။

လက်ရှိ ဖြစ်နေဆဲ ဖြစ်သလို၊ မြင်သာနေသည့် တရုတ်နိုင်ငံ တိဘက်နှင့် ရှင်ကျန်းဒေသများမှ မတည်ငြိမ်မှုများနှင့် နှိုင်းယှဉ်၍ ယူနန်က လက်ရှိ
ကာလ တွင် တည်ငြိမ်နေမှုကိုလည်း သူက ဆွေးနွေးထားသည်။ ဦးသန့်မြင့်ဦးက တွက်ဆဖော်ပြရာ၌ တိဘက်နှင့် ရှင်ကျန်းတွင် ပြောရ
လျှင် တသားတည်း လူမျိုးဝိသေသတူ အတိုက်အခံများ ထက်စာလျှင် ယူနန်ပြည်နယ်ရှိ ကွဲပြားနေသည့် ဝိသေသလက္ခဏာပိုင်ဆိုင်ထားသည့် လူမျိုးများအကြား ယှဉ်ကြည့်ပါက လုံခြုံရေးရှုထောင့်ဘက်မှ ကွဲပြားခြားနားမှုများ မြင်နေရသည်ဟု သုံးသပ်သည်။

သို့ဆိုလျှင် မြန်မာနိုင်ငံအတွက် မည်သို့ အဓိပ္ပါယ် ရသနည်းဟု ဆက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တရုတ်
နိုင်ငံထက် သေးငယ်သည့် ပထဝီဒေသရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အုပ်စုများကို တသားတည်း ဝိသေသ တူဟု တွက်ချက်မည်လော၊ ရှုပ်ထွေးသည့် ပြဿနာဟု တွက်ဆမည်လောဟု စောကြောစရာ ဖြစ်စေသည်။
သေချာ သည်မှာ ဘေဂျင်းအစိုးရအတွက်မူ နေပြည်တော်၏ ခြောက်အိပ်မက်သည် သူတို့အဖို့ ဆိုဗီယက်ယူနီယံ
မှ ခွဲထွက်ခဲ့သည့် ပြည်နယ်တခု၏ ပြဿနာအဖြစ်သာ မြင်ပေလိမ့်မည်မှာ မလွဲပင်။

တဖန် မြန်မာနိုင်ငံရှိ လက်ငင်း တိုင်းရင်းသားအကျပ်အတည်း အက်ကြောင်းကိုလည်း ဒုတိယကမ္ဘာစစ်ပြီးကာလ သမိုင်းကို သူက ပြန်၍ထောက်ပြပြောဆိုခဲ့သည်။ ဘေဂျင်းက ၁၉၅ဝ ခုနှစ်များတွင် သူ၏နယ်မြေများကို ပြန်၍ ချုပ်ကိုင်ရယူခဲ့ရာ တိုင်းလူမျိုးများ နေရာဒေသများလည်း အပါအဝင် ဖြစ်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရ
နှင့် တပ်မတော်ကမူ ဤသို့ အဆုံးအဖြတ်ပေးနိုင်သည့် ကြိုးပမ်းမှုမျိုး မလုပ်ဆောင်နိုင်ခဲ့သလို၊ အစွန်အဖျားရှိ လူမှုအသိုင်းအဝိုင်းမှာ မသိမ်းသွင်းနိုင်ဘဲ သည်အတိုင်း ကျန်နေခဲ့သည်။

ယခုတိုင် မြန်မာနိုင်ငံရှိ ဗဟိုအစိုးရအနေဖြင့် ကျင့်သုံးနေဆဲ လက်ကျန်နည်းဗျူဟာများမှာ အပန်းဖြေ ဥယျာဉ် သဖွယ် တိုင်းရင်းသားများကို လူပြစားသည့် ချည်းကပ်မှုမျိုးသာ ဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ဖော်ပြသည်။ တချိန်တုန်းက ဘေဂျင်း အစိုးရက ကွဲပြားသော်လည်း ညီညွတ်သည့်လူထုများအဖြစ် စုစည်း ဂုဏ်ယူဖော်ပြ ခဲ့ကြ သည့် လုပ်ရပ်နှင့်အလားတူ ဖြစ်သည်ဟုဆိုသည်။ ဥပမာတခုအနေဖြင့် မြန်မာအစိုးရ၏ အုပ်ချုပ်ရေး မြို့တော်
နေပြည်တော်တွင် မြန်မာနိုင်ငံတိုင်းနှင့် ပြည်နယ်များကိုယ်စားပြု ဆောက်လုပ်ထားသည့် ဥယျာဉ်ကျယ်ကြီး တခု လည်း ရှိသေးသည်။ အဝင်ဝတွင် မစ်ကီးမောက်စ် ကာတွန်းဇာတ်ကောင်က ကြိုဆိုနေပြီး၊  မြင်းလှည်းဖြင့် နိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များကို လှည့်လည်ကြည့်ရှုနိုင်ရန် စီစဉ် ထားသည်။ တိုင်း/ပြည်နယ်ကိုယ်စားပြု အထိမ်းအမှတ် များ အပန်းဖြေဆွဲဆောင်မှုအဖြစ် တည်ဆောက်ထားပြီး၊ အမှန်တကယ် ခက်ခဲနက်နဲသည့် ပြဿနာများ၊ ဒေသ အခြေအနေများကို လုံးဝထင်ဟပ်နေခြင်း မရှိပေ။

အိန္ဒိယနိုင်ငံအတွက်မူ ဦးသန့်မြင့်ဦးက ၎င်း၏ အရှေ့မြောက်ဒေသကို "မြန်မာပြည်အငယ်စား" ဟု ဖော်ပြပြီး၊ "မည်သူမျှ သူတို့အိန္ဒိယရှိ အဆင့်အနေကို ပျော်ရွှင်မှုမရှိ၊ ဤသို့ လူအားလုံးက ကိုယ်စီခံစားနေရသော်လည်း ဘုံလှုပ်ရှားမှုအဆင့် တိုးတက်လာခြင်း မရှိ" ဟု ဖော်ပြထားသည်။ သူက နာဂလူမျိုးများအတွင်းရှိ အခြေအနေ ကိုလည်း ထပ်၍လေ့လာတင်ပြ ခဲ့သေးသည်။ ၎င်းတို့အတွင်း နိုင်ငံတကာ ထောက်ခံမှုရစေရန် ဖက်ဒရယ်
ပြည်ထောင်စု အဖြစ် ပြောဆိုနေကြသော်လည်း လုံးဝ လွတ်လပ်ရေးကို ဖုံးကွယ်ပြောဆိုနေမှုအဖြစ် သူတင်ပြ သည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ ဖက်ဒရယ်ပြည် ထောင်စု တည်ထောင်ရန် တိုင်းရင်းသား အုပ်စုများက
ပြောဆိုနေကြသော်လည်း၊ အမှန်သိနိုင်ရန် ခက်ခဲသည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံတွင်းရှိ တိုင်းရင်းသားနှင့်
နိုင်ငံရေးအင်အားစု အမျိုးမျိုးအကြား မညီညွတ်ကွဲပြားနေကြသည်မှာလည်း ငြင်း ဖွယ်မရှိဟု သူက ဆိုထားသေး သည်။

"တရုတ်ပြည်နှင့် အိန္ဒိယတွေ့ဆုံသည့် နေရာ" အမည်ရ စာအုပ်သည် ဖွံ့ဖြိုးမှုဆိုင်ရာ၊ စီးပွားရေး အကျိုးစီးပွား ဆိုင်ရာ၊ နိုင်ငံရေး ပထဝီဖွဲ့စည်းပုံတို့ကြောင့် သက်ရောက်ထိခိုက်မှုရှိရာ ဇာတ်ကြောင်းလည်း ဖြစ်သည်။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ပထဝီအပြောင်းအလဲများ ဖြစ်ပေါ်လာသည်နှင့်အမျှ ဖန်တီးရယူနိုင်သည့် ဖွံ့ဖြိုးရေး ဇာတ်လမ်းဟုလည်း ဖော်ပြထား သည်။ ကျမ်းရိုးနိုင်ငံရေး ကိစ္စများကို ဤဖြစ်စဉ်တွင် သူက တစုံတရာ ထည့်သွင်း
ဖော်ပြထားသော်လည်း၊ သူ၏နောက်ဆုံး စကားကိုမူ လားရှိုးတွင် သူတွေ့ဆုံခဲ့သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်
၏ စကားလုံးများဖြင့်သာ ဖော်ပြရလိမ့်မည် ဖြစ်သည်။ "သူတို့ (မြန်မာ) တွေက ဒီမိုကရေစီ မလိုပါဘူး။ တချက်လေး
တောင် မလိုပါဘူး။ သူတို့လိုတာက သူတို့အစိုးရကို ဖွံ့ဖြိုးတိုးတက်စေအောင် လုပ်ဖို့ပါ" ဟု ဆိုသည်။ သူပြောလို သည်ကို အတိအကျ ချုပ်၍ ဖော်ပြထားသလို ဖြစ်နေသည်။ လက်ရှိနေပြည်တော်ရှိ စဉ်းစားချက်ကလည်း ဤအတိုင်းပင် ဖြစ်ဖို့ ရှိနေသည်။

သို့ဆိုလျှင် တရုတ်နှင့် အိန္ဒိယက တဖက်တချက် ဝိုင်းပတ်နေသည့် ၂၁ ရာစု မြန်မာနိုင်ငံကို မည်သို့ တည်ဆောက် ကြမည်နည်း။ ဦးသန့်မြင့်ဦးအတွက်မူ ကွဲပြားနေသည့် ယေဘုယျလမ်းကြောင်း နှစ်ခု ချပြစဉ်းစားခိုင်းဖို့ ရှိနေသည်။

ပထမလမ်းကြောင်းမှာ စီးပွားဒဏ်ခတ် ပိတ်ဆို့မှုကို သက်သေပြုထားသည်။ ဤသို့သော အခြေအနေအောက်တွင်
မြန်မာစီးပွားရေးက တိုးတက်လာဖို့ ရှိသည်။ သို့သော် ပဋိပက္ခများကို မဖြေမရှင်းနိုင်ဘဲ ကျန်နေပြီး၊ အာရှ၏ လမ်းဆုံ လမ်းခွအသစ်သည် အာရှနိုင်ငံများ၏ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်တွင် တိုး၍ ဆက်စပ် ချိတ်ဆက်လာမည် ဖြစ်သော်လည်း၊ အန္တရာယ်များ ပြည့်လျှမ်းနေမည့်လမ်းသာ ဖြစ်သည်။ ဒုတိယရွေးလမ်းမှာ အံ့သြဖွယ်မဟုတ်သည့် သူ၏ တောင်းဆိုချက်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အမြန်အဆုံးသတ်ရေး ဖြစ်ပြီး၊ သို့မှသာ ညီမျှသည့် ဖွံ့ဖြိုးမှုဖြစ်ပေါ် လာနိုင်မည်ဟု ဆိုသည်။ တပြိုင်တည်းတွင် တိုင်းရင်းသားတို့၏ နစ်နာချက် များကို ဖြေရှင်းပေးသွားပြီး အာရှကမ္ဘာ၏ ဗဟို ချက်မအသစ်အဖြစ်၊ သဟဇာတရှိ ငြိမ်းချမ်းစွာ၊ မတူကွဲပြားသော လူမျိုးများစုစည်း ရပ်တည်နိုင်ရေးပင် ဖြစ်သည်။

မည်သို့သော ရွေးလမ်း အခြေအနေကို ရွေးချယ်သည်ဖြစ်စေ၊ အခြား ထည့်သွင်းတွက်ချက်ရမည့် ကိန်းရှင်များ လည်း အများအပြား ရှိနေသေးသည်။ အခြားထည့်သွင်းစဉ်းစားရမည့် အချက်များတွင် တခုအပါအဝင်ဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ထူးထူးခြားခြား ခြိမ်းခြောက်မှုများ မကြုံတွေ့ရဘဲ တည်ငြိမ်စွာ စီးပွားဆက်၍ တက်နေဦးမည်ဟု ပွင့်ပွင့်လင်းလင်း မှန်းဆထားခဲ့သည်။ အိန္ဒိယနိုင်ငံအတွက်မူ အထူးသဖြင့် အရှေ့မြောက် ပြည်နယ်များကို စုစည်းရေးအတွက် အဓိကအခက်အခဲများ ရင်ဆိုင်ဖြေရှင်းရန် ကျန်နေသေးပြီး၊ အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းသည် ကျန်ဒေသများအတွက် စီးပွားဖွံ့ဖြိုးမှုကို ပို၍ခံစားတွေ့ကြုံရသည်ဟု ဆိုသည်။ ထို့အပြင် ဒက္ကာ (ဘင်္ဂလားဒေ့ရှ်) တွင် ရွေးကောက်ပွဲများအပြီး တက်လာသည့် အစိုးရတွင် နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များက နယူးဒေလီနှင့် ဆက်ဆံရေးတွင် အဆင်မချောသူများ ဖြစ်နေနိုင်သေးသည်။

နောက်ဆုံးအနေဖြင့် ဖော်ပြရလျှင် ဦးသန့်မြင့်ဦး တင်ပြခဲ့သည့် ခရီးလမ်းကြောင်း၊ များစွာသော ယဉ်ကျေးမှုများကို ယခု စာရေးသူ (မိမိ) ကိုယ်တိုင် တွေ့ကြုံခဲ့ရဖူးသူ ဖြစ်သည်။ စာအုပ်ဆုံးသွားသည့်အခါ ကျနော်က တကိုယ်ကောင်း ဆန်ဆန် အမြင်တရပ်ဖြင့် ပြင်းပြင်းထန်ထန် ကျန်ရစ်ခဲ့ရသည်။ ကူမင်းနှင့် ရမ်းဗြဲကျွန်းကို ဆက်သွယ်သည့် ကျည်ဆံရထားကို ကျနော် မြင်လိုပါသလား။ ဒေသတခုလုံးအတွင်း လုံးဝ သိသိသာသာပြောင်းလဲသွားမည့် ဘဝများ၊ ယဉ်ကျေးမှုများကို  မြင်တွေ့လိုပါသလား။

မေးခွန်းထုတ်ကြည့်မိသလို မမြင်လိုပါဟု ဖြေမိသည်။ ဤသို့ အနည်းဆုံးသော ခံစားမှုမျှနှင့်ပင် ယနေ့မြန်မာ့ လူမှု အဖွဲ့အစည်းကို ယက်ဖောက်ထားသည့် ဆက်နွယ်မှုများကို ကျော်လွန်လုပ်ဆောင်မည့် အခြေခံ အဆောက်အဦနှင့် ဖွံ့ဖြိုးရေးစီမံချက်များက သက်ရောက်လာမည့် ဆိုးကျိုးများအပေါ် စိုးရိမ်လာမိသလို၊ မြန်မာနိုင်ငံ လုံခြုံရေးကဏ္ဍ အတွက်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်၊ များစွာသော တိုင်းရင်းသား အုပ်စုများ အတွက်လည်း စိုးရိမ်ပူပန်နေမိ ပါတော့သည်။

စာအုပ်အမည်Where China Meets India: Burma and the New Crossroads of Asia (တရုတ်နှင့် အိန္ဒိယတို့ တွေ့ဆုံသည့် နေရာ။ အာရှ လမ်းဆုံလမ်းခွရှိ မြန်မာပြည်)
စာရေးသူ- Thant Myint-U
ပုံနှိပ်ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်Farrar, Straus and Giroux, 2011.
Joseph Ball  ရေးသားသည့် စာအုပ်ဝေဖန်ချက် Burma in the crosshairs ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။
http://www.mizzimaburmese.com/edop/songpa/8552-2011-10-28-06-26-55.html

ကနေဒါမူဝါဒ ပြောင်းလိမ့်မည် မဟုတ်ဟု လေ့လာရေးလူငယ်ပြော


ကိုပေါက် | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၃ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။        ။ ကနေဒါ အစိုးရ အနေဖြင့် မြန်မာပြည်အပေါ် ထားရှိသည့် ၎င်းတို့၏ မူဝါဒအား
ပြောင်းလဲလိမ့်မည်ဟု မယူဆကြောင်း ကနေဒါနိုင်ငံသို့ နှစ်ပါတ်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေသည့် မြန်မာ လူငယ်နှစ်ဦးက သုံးသပ်သည်။

လက်ရှိ ချမှတ်ထားသည့် မြန်မာပြည်အပေါ် ပိတ်ဆို့ရေးမူဝါဒအား ပြန်လည် သုံးသပ်ဦးမှာ မဟုတ်ကြောင်း ကနေဒါ အစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့သည့် မွန်လူငယ် တိုးတက်ရေးအဖွဲ့ MYPO မှ မိအိုက်စွန်းက မဇ္ဈိမကို ပြောသည်။

“အရင်အတိုင်း ဆက်ထားလိမ့်မယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ တိုင်းရင်းသားဒေသတွေမှာ အပစ် ရပ်တာ၊ အစိုးရရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တိုင်းရင်းသားတွေအကြား စကားပြောမယ် ဆိုရင်တော့ ဆန်ရှင် ကိစ္စကို ပြန်လည် သုံးသပ်ပါလိမ့်မယ်။ ခုအခြေအနေ အတိုင်းဆို ဒီအတိုင်း ဆက်ထားမယ်လို့ ကတိပေးထားပါ တယ်” ဟု ပြောသည်။

Canada
ပါလီမန်ဆိုင်ရာ မြန်မာ မိတ်ဆွေများ အသင်း (PFOB) ယာယီ ဥက္ကဌ Hon. Jim Jerygennis(ယာဘက်. ဒုတိယ) အား Ottawa ရှိ ပါလီမန်တွင် တွေ့ရစဉ်။ ဝဲမှယာ… တင်မောင်ထူး (ကနေဒါ မြန်မာမိတ်ဆွေများအသင်း)၊ Keltie Cameron (ကနေဒါ အလုပ်သမား သမ္မဂ္ဂ CUPE)၊ မိအိုက်စွန်း ( MYPO) ၊ Jim Jerygennis ၊ အောင်နိုင်စိုး (တိုင်းရင်းသားလူငယ်များဖိုရမ်) Photo: Tin Maung Htoo face book

ခရီးစဉ်အတွင်း South-East Asia relation ဌာန ညွှန်မှူး၊ ဒုညွှန်မှူးနဲ့ နိုင်ငံရေး အရာရှိတို့နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး လွှတ်တော်ဒုဥက္ကဋ္ဌ၏ အထူးဧည့်သည်တော် အဖြစ် ပါလီမန်ထဲ၌ လေ့လာခွင့်ရခဲ့ကြသည်။

အောက်တိုဘာ ၂၂ ရက်နေ့မှ စတင်ခဲ့သည့် ခရီးစဉ်တွင် MYPO မှ မိအိုက်စွန်းနှင့် တိုင်းရင်းသားလူငယ်များဖိုရမ် NY Forum မှ ရခိုင်လူငယ် ကိုအောင်နိုင်စိုးတို့ ပါဝင်သည်။

“လက်ရှိအစိုးရဟာ ဒီမိုကရေစီ နိုင်ငံတော်ကို သွားနေတာ မဟုတ်ဘူး ဆိုတာ၊ နောက်ပြီး တိုင်းရင်းသား ဒေသတွေ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်ထိ ဆိုးရွားနေဆဲဆိုတာ ကနေဒါအစိုးရနဲ့ ကနေဒါ ပြည်သူလူထု သိအောင် ပြောဖို့ပါ။ နောက်တခုက နိုင်ငံရေး အကျဉ်းသား လွှတ်ရေးဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် မဖြစ်မနေ လုပ်ရမှာဖြစ်လို့ နိုင်ငံတကာ ဖိအားလိုတယ်လို့ ယုံကြည်လို့ ဒီကနေဒါကို လာရောက်ရခြင်းပါ” ဟု မိအိုက်စွန်းက ပြောသည်။

ခရီးစဉ်အား စီစဉ်ပေးသည့် အဖွဲ့ကြီးတခု ဖြစ်သည့် ကနေဒါ အလုပ်သမားသမဂ္ဂ CUPE ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးအား မြန်မာလူငယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ရမည်ဖြစ်ကာ လူထု တွေ့ဆုံပွဲများလည်း
ပြုလုပ်သွားရန် စီစဉ်ထားကြောင်း “ကိုယ်စားလှယ် ၂၀၀၀ လောက်တက်မယ်။ မြန်မာလူငယ် ခေါင်းဆောင်ပိုင်း အနေနဲ့ တက်ကြပြီး မြန်မာပြည် လက်ရှိအခြေအနေကို ရှင်းပြနိုင်မယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို လှုပ်ရှားမှုတခုအနေနဲ့ စီစဉ်ထားတယ်။ အင်္ဂါနေ့ကလည်း Ottawa ဗဟိုစာကြည့်တိုက်ကြီးမှာ လူထုတွေ့ဆုံပွဲ လုပ်နိုင်ခဲ့ပါတယ်” ဟု ကနေဒါ မြန်မာမိတ်ဆွေများအသင်း CFOB မှ တာဝန်ရှိသူ ကိုတင်မောင်ထူးက ပြောသည်။

ကနေဒါ အစိုးရအနေဖြင့် မြန်မာပြည်အရေးနှင့် ပတ်သက်၍ ရပ်တည်ချက် ထက်သန်လှသော်လည်း နယ်စပ်ဒေသ အရေးများတွင် သိမြင်မှု အားနည်းနေသေးကြောင်း “မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အတွက် ကနေဒါ
နိုင်ငံခြားရေး ပေါ်လစီက တအားကောင်းတယ်။ အဲဒါကို ဆက်ပြီးထိန်းထားဖို့ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား
တွေ လွှတ်ပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ဖို့အတွက် ဖိအားပေးဖို့ တောင်းဆို ခဲ့ပါတယ်။ နောက်ပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကို အရေးပေါ် အကူအညီပေးဖို့ တအားလိုအပ်နေတယ်လို့ ဘဏ္ဍာရေး အရာရှိချုပ်ကို ပြောဖြစ်အောင်ကို ပြောခဲ့တယ်။ ဒီ ကချင်တို့၊ ရှမ်းတို့ ကိစ္စက သူတို့က မသိသေးဘူး
ဖြစ်နေတယ်” ဟု မိအိုက်စွန်းက ပြောသည်။

စစ်မက်ဖြစ်ပွားရာတွင် အမျိုးသမီးနှင့် ကလေးငယ်များ ဒုက္ခအခံရဆုံးဖြစ်သည်ကို ရှင်းလင်းပြောပြခဲ့ပြီး အဲန်ဂျီအို များ၊ လူမှုအဖွဲ့အစည်းများ၊ ကနေဒါရောက် မြန်မာနိုင်ငံသားများနှင့်ပါ တွေ့ဆုံပွဲများ စီစဉ်ထားကြောင်း သိရသည်။
http://www.mizzimaburmese.com/news/regional/8553-2011-10-28-09-21-23.html

နိုဗဲလ်ဆု နှစ် ၁၀၀ ပြည့် နော်ဝေနိုင်ငံတံဆိပ်ခေါင်း




http://www.irrawaddyblog.com/ မှ

မျှော်လင့်ချက်များစွာနဲ့ …



By , on October 28, 2011 5:42 pm

“သားက ငါးသလောက်ပေါင်း သိပ်ကြိုက်တာ၊ ထောင်ဝင်စာသွားတွေ့တိုင်း ငါးသလောက်ပေါင်း ထည့်သွားတယ်”လို့ ဒေါ်ဌေးဌေးဝင်း က ပြောပြောဆိုဆိုနဲ့ ငါးသလောက် ပေါင်းအိုး ကို အငွေ့လုံအောင်ပြန်ဖုံးရင်း ပြောပြနေပါတယ်။



သမ္မတ လွတ်ငြိမ်းချမ်းသာ အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုချစ်ကိုလင်း (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် စိန်ရတနာလမ်းထဲက နှစ်ထပ်တိုက်အိမ်လေးရဲ့အောက်ဘက် မီးဖိုချောင်အခန်း လေးထဲမှာ အသက် ၄၀ ကျော်အရွယ် အသားအဖြူဖြူ၊ မျက်မှန်နဲ့ ဒေါ်ဌေးဌေးဝင်း တယောက် စစ်ကိုင်းတိုင်း မုံရွာထောင်မှာ အကျဉ်း ကျခံနေရတဲ့ သားဖြစ်သူ ဒီငြိမ်းလင်း ဆီကို ထောင်ဝင်စာသွားတွေ့ဖို့အတွက် တလှုပ်လှုပ်နဲ့ ချက်ပြုတ်နေတာပါ။
“ငါးသလောက် ကလည်း တခါတလေဆို ၀ယ်လို့တောင်မရဘူး၊ မနည်းရှာဝယ်ပြီး လုပ်ပေးရတယ်”လို့လည်း ဒေါ်ဌေးဌေးဝင်းက ဆိုပါတယ်။
ဒေါ်ဌေးဌေးဝင်း အနေနဲ့ ကိုယ်တိုင်ကအကြောတက်တတ်လို့ ငါးသလောက်မစားပေမယ့် သားဖြစ်သူအတွက် ငါးသလောက် ပေါင်း ကိုတော့ နူးအိမွှေးကြိုင်နေအောင် သေသေချာချာပေါင်းပေးနေတယ်။
မုံရွာထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရတဲ့ သားဖြစ်သူ ဒီငြိမ်းလင်း နဲ့ တောင်ငူထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရ တဲ့ ခင်ပွန်းသည် ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဇော်မင်း တို့ဆီကို လစဉ်ပုံမှန်သွားရောက်ပြီး ထောင်ဝင်စာတွေ့လေ့ရှိပါတယ်။
ထောင်ဝင်စာ သွားတိုင်းလည်း သား နဲ့ ခင်ပွန်းသည်အကြိုက် အစားအသောက်လေးတွေကို စီစဉ်ချက်ပြုတ်ပြီး သယ်ယူသွားတတ် တယ်လို့ ပြောပါတယ်။
“သားက ကိုယ့်နားမှာ အမြဲတမ်းရှိနေသလိုပါပဲ။ သားကလည်း ရှားရှားပါးပါး နှစ်ယောက်တည်းရှိတယ်၊ သားကြီးမရှိတဲ့အခါမှ
သားကြီး သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းသင်းတွေကိုတွေ့ရင် သားကို အရမ်းသတိရတာပဲ၊ ကိုယ့်သားလေးကို ထမင်းစားတာ ကအစ သူကြိုက်တာလေးတွေ အမေကချက်တယ်၊ ထောင်ဝင်စာ သွားတွေ့တဲ့ အခါလည်း သားကြိုက်တဲ့ ဟာလေးတွေပဲပို့ပေး တယ်”လို့ ပြောပြောဆိုဆို နဲ့ ငါးသလောက်ပေါင်း ဒယ်အိုးလေးကို မီးဖိုပေါ်မှ ချရင်း ဒေါ်ဌေးဌေးဝင်းက ပြောနေပြန်တယ်။
အိမ်ခန်းထိပ်မှာ ဒီငြိမ်းလင်းပုံ နဲ့ သူ့ဖခင် ကိုဇော်ဇော်မင်း ရဲ့ ဘွဲဝတ်စုံနဲ့ဓာတ်ပုံကို တွဲလျက် ချိတ်ထားတယ်။
“ကျမ ခင်ပွန်းရဲ့ အဖေကလည်း နိုင်ငံရေးသမားပါ၊ သာယာဝတီ ထောင်ထဲမှာ ဆုံးသွားခဲ့တယ်၊ ပြီးတော့ ဒီငြိမ်းလင်းရဲ့ ဦးလေး က လည်း နိုင်ငံရေးသမားပဲဆိုတော့ ဒီကလေးရဲ့ဗီဇထဲမှာကို မဟုတ်မခံချင်တဲ့စိတ်ကပါနေခဲ့ပြီလေ”လို့လည်း ဒီငြိမ်းလင်း မိခင်ကပြော ပြပါသေးတယ်။
ဓာတ်ပုံထဲက အသားဖြူဖြူ၊ လူပုံနုနု၊ ပိန်ပိန်ပါးပါး နဲ့ သပ်သပ်ရပ်ရပ် ၀တ်းစားဆင်ယင်ထားတဲ့ ဒီငြိမ်းလင်းရဲ့ပုံပန်းသဏ္ဌာန်က နိုင်ငံ ရေးသမားတဦးထက် ဆယ်ကျော်သက်အရွယ် လူငယ်လေးတယောက်နဲ့ ပိုပြီး တူနေတယ်။
ဒါပေမယ့် အဲဒီလူငယ်လေးက ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ကျောင်းသားလူငယ်တွေကို ဦးဆောင်သူတွေထဲက တဦး ဖြစ်ခဲ့တယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ သံယာတော်တွေနဲ့အတူ မေတ္တာပို့လမ်းလျှောက်ခဲ့တဲ့ လူငယ်လေး တဦးကို ဖမ်းဆီးပြီး  ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်တာ မတရားဘူးလို့ ခံစားရကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။
ကိုဇော်ဇော်မင်းကို ရွှေဝါရောင် အရေးအခင်းကာလ မတိုင်ခင်၂၀၀၇  သြဂုတ်လ၂၁ ရက် ည ၁၂ နာရီလောက် အိမ်ကနေ ခေါ်သွားပြီး ဒီငြိမ်းလင်းကတော့ ရှောင်တိမ်းနေရင်းနဲ့၂၀၀၇ အောက်တိုဘာ၂၃ ရက် ရန်ကုန် ပါရမီတိုက်ခန်းမှာ အဖမ်းခံခဲ့ရတယ်လို့ သိရပါ တယ်။
“နှစ်ယောက်စလုံး မတရားခံကြရတာပဲ။ သူတို့မှာ အကြမ်းဖက်တာလည်း မဟုတ်ဘူး၊ လူထုကို ဆူပူအောင် လှုံ့ဆော်တာမျိုးလည်း မရှိဘဲနဲ့ ခံကြရတာ”လို့ ဒေါ်ဌေးဌေး ၀င်းက ခင်ပွန်းနဲ့ သား ဓာတ်ပုံကို ငေးကြည့်ရင်း ပြောနေပြန်ပါတယ်။
ဒီငြိမ်းလင်းက ငယ်ရွယ်ပေမယ့် စိတ်ဓာတ်ပြင်းထန်လို့ အချုပ်ကျစဉ်ကာလ တလျှောက်လုံး ရိုက်နှက် စစ်ဆေးခံခဲ့ရတဲ့ ဒဏ်နဲ့ ခေါင်း မှာ ဒဏ်ရာရခဲ့ပြီး အာရုံကြော ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
“သားကြီးက စိတ်ဓာတ်ပြင်းတယ်။ အရင်ကဆို ပိန်ပိန်လေးရယ်။ သား ခန္တီးထောင် ရောက်သွားပြီးတော့ အရမ်းကို ၀မ်းနည်းရ တယ်။ စိတ်မကောင်းဘူး။ ရက်စက်လိုက်တာလို့၊ ကျမသွားတဲ့ လမ်းခရီးတောင် ဒီလောက်ကြမ်းတမ်းနေတာ၊ သားကလက်ထိပ်နဲ့ ခြေချင်းနဲ့ ဖမ်းပြီးခေါ်သွားတာဆိုတော့ အစားဘယ်လိုစားမလဲဆိုတော့၊ သားက ပြောတယ်၊ ဘေးက လူတွေက သားကိုခွံ့ကျွေး
ကြပါတယ်တဲ့”လို့လည်း ဒေါ်ဌေးဌေးဝင်းက ပြောပြပါတယ်။



ကိုချစ်ကိုလင်းနဲ့ သားတဦး (ဓာတ်ပုံ - ဧရာဝတီ)
ခင်ပွန်းရော သားကြီးပါ အဖမ်းခံရပြီးနောက် သူလုပ်ကိုင်နေတဲ့ အမှတ် ၁ စက်မှု ၀န်ကြီးဌာနက နိုင်ငံရေးနဲ့ပတ်သက်မှု မရှိပေမယ့် လည်း မိသားစုဝင်ဖြစ်နေလို့ ဆိုပြီး ဒေါ်ဌေးဌေးဝင်းကို အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။
အလုပ်လည်းပြုတ် သားနဲ့ ခင်ပွန်းကလည်း နယ်အဝေး ထောင်တွေမှာ ရောက်နေပေမယ့် ထောင်ဝင်စာ ပုံမှန် တွေ့နိုင်ဖို့ကို တော့ ဒေါ်ဌေးဌေးဝင်း ကြိုးစားနိုင်ခဲ့ပါတယ်။ လက်ရှိ နေထိုင်တဲ့ နှစ်ထပ်တိုက်လေးရဲ့ အောက်ထပ်ကို ငှားနေတဲ့အတွက် လစဉ်အိမ်ငှားခငွေ၊ ထောင်ဝင်စာ ပုံမှန်သွားဖို့အတွက် ကုန်ကျစရိတ်နဲ့ ထောင်ဝင်စာစရိတ် စတာတွေက သူ့ကို ဖိဆီးစေခဲ့ပါတယ်။
“ကျမတို့ ညီအစ်မက အပ်ထည်တွေကို လက်ခံပြီး ချုပ်ရိုးလိုက်ပေးတာတွေ လုပ်ကြတယ်၊ သားက မုံရွာထောင်ကျတော့ မုံရွာသွားရင် မုံရွာထည်လေးတွေကို ၀ယ်လာပြီး ဒီကဈေးမှာ ပြန်သွင်းနဲ့လုပ်ကြရတာပဲ၊ ကိုယ်က ခြိုးခြံပြီး နေထိုင် စားသောက်တယ်၊ သူတို့ သားအဖ အတွက်တော့ ပြည့်စုံအောင် လုပ်ပေးတယ်”လို့ ဌေးဌေးဝင်းက မျက်ရည်စတွေကို သိမ်းရင်း ပြောပြတယ်။
ပုံမှန်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် ရုန်းကန်နေရတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတယောက်အနေနဲ့ ခက်ခဲကြမ်း တမ်းလှပေမယ့် ခင်ပွန်သည်နဲ့ သားအတွက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။
“သူတို့သားအဖက နိုင်ငံအတွက် လုပ်နေတာပဲ၊ အဲဒါကို ကျမ ဂုဏ်လည်း ယူပါတယ်။ တခုပဲ စိတ်မကောင်းဖြစ်မိတာ၊ ထောင်တွေမှာကမပြည့်စုံတော့ သူတို့ဒုက္ခရောက်တာကို ၀မ်းနည်းမိတယ်၊ စိတ်မကောင်းဖြစ်ရတယ်”လို့ ဒေါ်ဌေးဌေးဝင်းက ဆက်ပြောပြ ပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် မိသားစုဝင်တွေက အခုလို အနစ်နာခံ ပံ့ပိုးပေးနေလို့သာ နိုင်ငံရေးလုပ်နိုင်တာလို့ ၈၈ မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းကလည်း ပြောဆိုပါတယ်။
“အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေက စာနာနားလည်ပြီးတော့ ကျားကန်ပြီး ကူညီပေးကြလို့သာ ကျနော်တို့လည်း ကြံ့ကြံ့ခံနိုင်တာပါ။ အဲဒီအတွက် မိသားစုဝင်တွေကို ကျနော်တို့က အများကြီး ကျေးဇူးတင်ရပါတယ်”လို့ ကိုချစ်ကိုလင်းက ပြောပါတယ်။
ကိုချစ်ကိုလင်းဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပခုက္ကူထောင်ကနေ ပြန် လည် လွတ်မြောက်လာသူ ဖြစ်ပါတယ်။
သမ္မတအမိန့်အရ ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးထဲမှာ ကိုချစ်ကိုလင်း တို့လို နိုင်ငံရေး အကျဉ်းသား၂၀၀ ကျော်ပဲ ပါဝင်ခဲ့ပါတယ်။
၁၉၈၈ အရေးခင်း ကာလ ကျောင်းသားလှုပ်ရှားမူတွေမှာ စတင်ပါဝင်ခဲ့ပြီးနောက် ကိုချစ်ကိုလင်းဟာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမို ကရေစီရေး လှုပ်ရှားမူ အစည်းရုံးမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရဆဲဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်တို့နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် သြဂုတ်လထဲမှာပဲ ကိုချစ်ကိုလင်းကို ကုန်ဈေးနှုန်းကျဆင်းရေး ဆေန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပြီးနောက် ဇနီးဖြစ်သူ မသက်သက်အောင်လည်း ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။
မသက်သက်အောင်ဟာ ၈၈ မျိုးဆက်ကျောင်းသူတဦး ဖြစ်ပြီး လက်ရှိ မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရဆဲဖြစ်တယ် လို့ သိရပါတယ်။
ကိုချစ်ကိုလင်းက“စာထဲမှာတော့ ရှိတယ်၊ အပျော်ဆုံးရက် သုံးရက်ထဲမှာ ထောင်ကလွတ်တဲ့ ရက်လည်း ပါတယ်ပေါ့၊ ဒါပေမယ့် ကျနော့် အနေနဲ့လုံးဝ မပျော်နိုင်ပါဘူး။ မပျော်တဲ့အပြင် အင်မတန်မှ ကြေကွဲဝမ်းနည်း ခံစားရပါတယ်။ ဘာလို့လည်း ဆိုတော့ ကျနော့်ရဲ့ဘ၀ တသက် တာ လက်တွဲဖော် ချစ်ဇနီးက အခုထက်ထိ အုတ်တံတိုင်း လေးဘက်သံတိုင်တွေရဲ့နောက်မှာ ကျန်ခဲ့ပါတယ်။ ပြီးတော့ မိတ်ဆွေ သူငယ်ချင်းတွေလည်း ကျန်ခဲ့တဲ့အတွက် စိတ်မကောင်းဘူး”လို့ ပြောပြတယ်။
ကိုချစ်ကိုလင်းဟာ ထောင်က ထွက်လာပြီးနောက် ၁၂ နှစ်ရွယ်၊ ၈ နှစ်အရွယ်နဲ့ ၄ နှစ်အရွယ်ရှိတဲ့ သား ၃ယောက် အတွက် စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတာတွေကို ဖခင်ရော မိခင်နေရာကပါ စောင့်ရှောက်ပေး နေရတယ်လို့ လည်း သိရပါတယ်။
ထောင်မကျမီက နေထိုင်ခဲ့တဲ့ မအူပင်လမ်းက ၁၅ ပေ၊ ပေ ၇၀ အိမ်ခန်းကို ရောင်းလိုက်ရပြီး အခုအခါမှာတော့ စမ်းချောင်းက မင်္ဂလာ လမ်း၊ ၅ လွှာ၊ ၁၂ ပေ၊ ပေ ၅၀ တိုက်ခန်းလေးမှာ သား ၃ ယောက်၊ ယောက္ခမ၊ ယောက်ဖ၊ ခယ်မ၊ အဒေါ်ဖြစ်သူတို့နဲ့အတူ နေ ထိုင်ကြပါတယ်။
ခုလိုတိုက်ခန်းကျဉ်းကျဉ်းမှာ စုနေရတဲ့အခါ ကလေးတွေအနေနဲ့ အနေထိုင်ကျဉ်းကြပ်တာကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ် လို့ ကိုချစ်ကိုလင်းက ပြောပါတယ်။ ဒါ့အပြင် ထောင်ကျနေစဉ်မှာ ထောင်ဝင်စာအတွက်ကုန်ကျစရိတ်တွေကိုလည်း အိမ်ရောင်းပြီး သုံးခဲ့ရတဲ့အတွက် မိသားစု စီးပွားရေးပြန်လည်ထူထောင်ဖို့လည်း အခက်အခဲရှိတယ်လို့ ဆိုတယ်။
ကိုချစ်ကိုလင်းကဆက်ပြီး“အစကတော့ စိုးရိမ်စိတ်ရှိတယ်။ ဘယ်လို စိုးရိမ်စိတ်ရှိလဲဆိုတော့ ကိုယ့်ရဲ့ရင်သွေးတွေကများ အပြစ်တင်ကြ မလား၊ ဖေဖေတို့ မေမေ တို့က သူတို့ကိုထားခဲ့တယ် ဆိုတဲ့ အတွေးများရှိမလား ဆိုပြီး စိတ်ပူပါတယ်။ ဒါပေမယ့် သားတွေက နားလည်မှု ပေးပါတယ်။ သားကြီးနဲ့ သားလတ်က နားလည်တဲ့အရွယ်ရောက်နေတော့ သူတို့အဖေအမေ နိုင်ငံရေးလုပ်လို့ သူတို့ကို ထားခဲ့ရတယ်ဆိုတာ နားလည်နေပြီ”လို့ ပြောပြပါတယ်။
ကိုချစ်ကိုလင်းနဲ့ မသက်သက်အောင်တို့ဟာ သူတို့အတွက် ဂုဏ်ယူစရာ ဖခင်နဲ့ မိခင်ဖြစ်တယ်လို့လည်း သားဖြစ်သူတွေက ပြော ဆိုကြတယ်။



အကျဉ်းစံ နိုင်ငံရေး လှုပ်ရှားသူ ဒီငြိမ်းလင်းရဲ့ အမေ ဒေါ်ဌေးဌေးဝင်း (ဓာတ်ပုံ - ဧရာဝတီ)

“သားဖေဖေ နိုင်ငံရေးလုပ်တာကို သားက ဂုဏ်ယူပါတယ်။ သားကြီးလာရင်လည်း လုပ်မှာပဲ”လို့ အလယ်တန်း အဆင့် ပညာ သင်
ကြား နေတဲ့ ကိုချစ်ကိုလင်းရဲ့ သားကြီးကပြောပါတယ်။
ကိုချစ်ကိုလင်းကလည်း မိသားစုကို ထားခဲ့ရပြီး နိုင်ငံရေးလုပ်ကိုင်နေတဲ့ ဖခင်တယောက်ရဲ့ သားသမီးနဲ့ဇနီးသည်တို့အပေါ် ပူပန်မှု တွေ နဲ့ စိတ်မအေးချမ်းနိုင်ပေမယ့်လည်း နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးဖြစ်လို့ ဆက်လက်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
“နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်း ဆိုင်တဲ့ ကိစ္စလည်း ဖြစ်တော့ ဆက်လုပ်သွားဦးမှာပါ”လို့လည်း သူက ဆိုပါတယ်။
ဒေါ်ဌေးဌေးဝင်းကလည်း နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ တိုင်းပြည်အတွက်၊ ဒီမိုကရေစီရေးအတွက် အနစ်နာခံ ပေးဆပ်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“မိသားစုတွေကိုလည်း ပေးဆပ်ရတယ်၊ ဆင်းဆင်းရဲရဲနဲ့ ဒုက္ခခံပြီး နေနေတာပါ၊ မြန်မာပြည်က နိုင်ငံရေးသမားဘ၀ ဘယ်လောက်ကြမ်း သလဲ။ မိသားစုတွေကော ဘယ်လောက် ဒုက္ခရောက်သလဲ၊ ဒါတွေကို သိတဲ့ နားလည်တဲ့ သူတွေကတော့ အားပေးကြပါတယ်၊ လူအများစုကတော့ နားမလည်ကြဘူး၊ ဒီအိမ်က သူပုန့်အိမ်ဆိုပြီး အိမ်ကိုတောင် မ၀င်ရဲ၊ အဆက်အဆံ မလုပ်ရဲတဲ့သူတွေလည်း ရှိတယ်”လို့ ဒေါ်ဌေးဌေးဝင်း က ပြောဆိုခဲ့ပါတယ်။
တကယ်တော့ ဒေါ်ဌေးဌေးဝင်းဟာ ဒီငြိမ်းလင်းနဲ့ ကိုဇော်ဇော်မင်း တို့အတွက် မျှော်လင့်ချက်နဲ့ လောကဓံကိုရင်ဆိုင်ရင်း ရှင်သန် နေ ရသူ တဦးပါပဲ။   ။

http://burma.irrawaddy.org/?p=1718

NLD ပါတီ မှတ်ပုံတင်ရေး မကြာမီ ဆုံးဖြတ်မည်


By , on October 28, 2011 5:16 pm
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စကို လာမည့် သီတင်းပတ်အတွင်း ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း NLD ခေါင်းဆောင်ဦးဝင်းတင်က ပြောသည်။


NLD ခေါင်းဆောင်တချို့ကို နိုင်ငံရေးအကျဉ်းသား များ၏ သားသမီးများအား ပညာရေးထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ဥပဒေက အတည်ပြုလိုက်ပြီ ဆိုပေမယ့် စီအီးစီ အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးမှ အဖြေထွက်လာမှာပါ။ NLD မှတ်ပုံတင်ရေး ကိစ္စဟာ အရေးကြီးတဲ့ ကိစ္စဖြစ်လို့ သေချာ ဆွေးနွေးကြရဦးမှာပါ။ နောက်တပတ်အတွင်း အစည်းအဝေး အပြီးမှာ ဆုံးဖြတ်ချက်တခု ထွက်လာနိုင်ပါမှာ” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ယမန်နေ့က ကျင်းပခဲ့သော  ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုပေးခဲ့သည်။ ထိုဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲထားခြင်းကို ပြန်လည်ပြင်ဆင် ရေးဆွဲကာ လွှတ်တော် အသီးသီးမှ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ပြင်ဆင်လိုက်သော အချက်များ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသည့်အချက် အစား လေးစားလိုက်နာရမည် ဟူ၍ ပြင်ဆင်လိုက်သည်။
ဥပဒေ၏ အချက်တချို့ ပြင်ဆင်လိုက်ခြင်းနှင့် ပတ်သက်၍ ဦးဝင်းတင်က “ထိန်းသိမ်း စောင့်ရှောက် ရမယ် ဆိုတာ အစား လေးစားလိုက်နာရမယ် ဆိုတာက အတော်လေး သက်သာရာ ရသွားတယ်။ ဥပဒေ ဆိုတာ နိုင်ငံသားတိုင်းက လေးစား လိုက်နာရမယ့် ကိစ္စဖြစ်လို့ပါပဲ” ဟု ဆိုသည်။
ထို့အတူ အကျဉ်းကျခံဖူးသူများ နိုင်ငံရေး ပါတီတည်ထောင်နိုင်ခွင့်နှင့် လက်ရှိအကျဉ်းကျ ခံနေရသူများကိုလည်း ပါတီဝင်အဖြစ် သတ်မှတ်ပိုင်ခွင့်ရှိသော အခွင့်အရေးများ ပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
အမျိုးသားလွှတ်တော်မှ ပြင်ဆင်ဆွေးနွေးပြီး ပေးပို့လိုက်သည့်အချက်များ ပြည့်စုံနေ၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမှု ထပ်မံ မလုပ်တော့ဘဲ အတည် ပြု ပေးလိုက်ကြောင်းသိရသည်။
“NLD ကိုတော့ မှတ်ပုံတင်ပြီး ပါဝင်စေချင်ပါတယ်။ ကျနော့် ပါတီ တရားဝင်မဖြစ်ခင်က ပြောသလိုပါပဲ၊ ကျနော့် ပါတီတောင် ဖျက်ပေးမယ်လို့ ပြောပြီးပါပြီ၊ တခြားတော့ မပြောလိုတော့ပါဘူး” ဟု ဦးသိန်းညွန့်က ဆိုသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီတရပ်တည်ထောင်၍ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ၀င်ရောက်စေလိုကြောင်း၊ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အခန်း ကဏ္ဍသည် အလွန်ပင် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီတခု ထောင်ပြီးတော့ နိုင်ငံရေး ကစားကွင်းအတွင်းကို ၀င်လာမယ်ဆိုရင် ပိုလှမယ်။ နိုင်ငံရေးလုပ်ကွက်ထဲ ခြေမချဘဲ ဘေးတီးနေကြရင်တော့ ဘာမှထိရောက်မှု ရှိလာမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား တချို့ လွှတ်ပေးခြင်း၊ ပါတီနိုင်ငံရေး မှတ်ပုံတင်ခြင်းနှင့် ဆိုင်သည့် ဥပဒေတချို့ ပြင်ဆင်ခြင်းများ ရှိလာကြောင်း၊ NLD ပါတီအား တရားဝင် မှတ်ပုံတင်စေလိုသည့်ဆန္ဒ အစိုးရတွင် ရှိပုံရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ဒေါ်အောင်ဆန်းစုကြည်သာ ပါတီထောင်ပြီး နိုင်ငံရေးလောကထဲ ၀င်ရောက်လာမယ် ဆိုရင် ဒီမိုကရေစီ အင်အားစုတွေ အင်အား ကောင်းလာမှာ၊ ကြီးထွားလာမှာ ဖြစ်လို့ ကြိုဆို နေတယ်” ဟု ဆိုသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထွက်လာပြီး နောက်ပိုင်းကာလတွင် NLD ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး၊ မဝင်ရေးတို့နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ၌ သဘောထား အမျိုးမျိုး ထွက်ပေါ်လာသည်။
ပြည်တွင်းသဘောထားနှင့် ပတ်သက်၍ ဦးအေးသာအောင်က “တချို့ရဲ့ အမြင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြင်စရာတွေ၊ တခြား လုပ်ဆောင်ဖို့ လိုအပ်တာတွေကို ပြုပြင် လုပ်ဆောင်ပြီးမှ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်စေချင်ကြတယ်။ တချို့ကတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ ရသလောက် ပါဝင်ပြီး လွှတ်တော်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားနဲ့ လုပ်သွားချင်နေကြတယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှု၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံနွေးမှုများသည် NLD ပါတီ တခုတည်း အတွက်မဟုတ်ဘဲ တနိုင်ငံလုံးရှိ မဟာမိတ် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများ၊ တနိုင်ငံလုံးရှိ ဒီမိုကရက်တစ် အင်အားစုများနှင့်လည်း သက်ဆိုင်နေကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အပါအဝင် နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုများပေါ်တွင် မူတည်၍ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင် ပြင်ဆင်လိုက်သော အချက်တချို့သည် အခြေအနေ ကောင်းမွန်သည်ဟု ပြောဆိုနိုင်ပြီး NLD အနေဖြင့် ပါတီမှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲဝင်ခြင်း နှစ်ခုစလုံးကို သေချာစဉ်းစား ဆုံးဖြတ် သွားမည်ဟု ဦးဝင်းတင်က ဆိုသည်။
NLD ပါတီဝင်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိလည်း ဖြစ်သော ဦးဝင်းထိန်က “NLD ပါတီ မှတ်ပုံတင်တာနဲ့ပတ်သက်လို့ တနိုင်ငံလုံးက မြို့နယ်တွေရဲ့ ဆန္ဒသဘောထားတွေကို ယူရဦးမှာပါ။ ၂၀၁၀ တုန်းကတော့ မှတ်ပုံတင်မယ့် ကိစ္စကို မြို့နယ် ၁၀၀ မှာ ၉၉ မြို့နယ်က သဘောမတူခဲ့ကြပါဘူး။ ဒါပေမယ့် အခုက ဥပဒေ ပြင်ဆင်လိုက်တော့ အခြေအနေက မတူတော့ဘူးပေါ့” ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသား လွှတ်တော်၌ အဆိုပြု တင်သွင်းကာ ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုပြီး ပြည်သူ့လွှတ်တော် သို့ပေးပို့၍ အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။
http://burma.irrawaddy.org/?p=1715

လယ်ယာမြေ နိုင်ငံပိုင်ပြုရေး ဥပဒေ ဖျက်ရန် ဆန္ဒပြသူ ခုနှစ်ဦး အာမခံဖြင့်လွတ်


ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၆ မိနစ်


ချင်းမိုင်(မဇ္စျိမ) ။       ။ ရန်ကုန်မြို့ အိုးအိမ်ဖွံ့ဖြိုးရေးရုံးရှေ့တွင် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို ပယ်ဖျက်ပေးရန် ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုဖြင့် ရဲကဖမ်းဆီးခဲ့သော ရှေ့နေ ကိုဖိုးဖြူ အပါအဝင် ခုနှစ်ဦးတို့ကို အာမခံဖြင့် သောကြာနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။

ဗိုလ်တထောင် ရဲစခန်း အချုပ်တွင် တညတာ နေခဲ့ရပြီးနောက် လယ်သမား ၁၂ ဦးက စုစုပေါင်း အာမခံ ကျပ်သိန်း ၅၀ ဖြင့် အာမခံပေးရာက ခုနှစ်ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။

farmer
ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့ လယ်သမားတစုက မြေပိုင်ဆိုင်ခွင့်ပေးရေး ဆန္ဒပြနေစဉ် ကြည့်ရှု့နေကြသူများကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ၇က်၊ ၂၀၁၁ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမလယ်သမားတစုက ခေတ္တဆန္ဒပြပြီးနောက် လုံထိန်းရဲများ ကင်းလှည့် စောင့်ကြပ်နေသည်ကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လယ်သမားတစုက ခေတ္တဆန္ဒပြပြီးနောက် လုံထိန်းရဲများ ကင်းလှည့် စောင့်ကြပ်နေသည်ကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကျီစုကျေးရွာသား လယ်သမားများ ဖြစ်သော ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦးအောင်မြင့်၊ ဦးသိန်းထွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးညို နှင့် ဟင်းချက်သင်တန်း ကျောင်းဆရာ
တဦးဖြစ်သူ ဦးသီအောင်တို့ကို ရဲက ဥပဒေမဲ့ လူစုလူဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ အမိန့်ဖီဆန်မှု ၁၄၅ နှင့်
တရားစွဲဆိုထားပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တွင် တရားရုံး ရုံးချိန်း ပေးထားသည်။

“လွှတ်တော်မှာ တင်သွင်းပေမယ့် လွတ်တော်မှာ အလိမ်အညာတွေပဲ ဖြစ်လာတယ်။ လယ်ယာမြေ ဥပဒေ မူကြမ်းတွေ ထွက်လာတယ်။ ဥပဒေမဲ့ လယ်လက်လွတ် ဆုံးရှုံးတဲ့ သူတွေအတွေကို ဘယ်လို အဖြေမျိုးမှ ပါမလာဘူး။ တကယ်တမ်းမှာ ကျနော်တို့ တောင်သူတွေ စားဝတ်နေရေး ကျပ်တည်းတာတွေ ပိုမိုပြင်းထန်
လာလို့ ကျနော်တို့ ဒီလမ်းကို ရွေးလိုက်ရတာပါပဲ” ဟု ကိုဖိုးဖြူက ပြောသည်။

ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနရုံးရှေ့တွင် လယ်သမားတစု ပါဝင်သည့် ဆန္ဒပြသူများက ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည် “လယ်သမားမြေ ပိုင်ဆိုင်ခွင့် ဥပဒေ” အရ မြေအားလုံး ကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းကို ဖျက်သိမ်းပေးရန်နှင့်  သိမ်းဆည်းခံ လယ်မြေများ
ပြန်လည်ခွဲဝေပေးရန်တို့ကို လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့သည်။

မိနည်းအနည်းငယ်အတွင်း ရဲအင်အား ၁၀၀ ခန့်ရောက်ရှိလာရာ ဆန္ဒပြမှု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ဦးဆောင်သူများကို  သတင်းရဲတပ်ဖွဲ့မှ  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖမ်းဆီး ခေါ်ဆောင်သွား
၍ နှစ်နာရီခန့်ကြာ စစ်ဆေး မေးမြန်း ပြီးနောက် ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ စစ်ဆေးတဲ့ နည်းလမ်းက မျက်နှာကို အုပ်တယ်။ အိတ်အမဲကို ခေါင်းကိုစွပ်ပြီး အုပ်တယ်။ စစ်တယ်။ အသက်ရှုကျပ်တယ်။ စစ်ဆေးနေချိန်မှာ တိုက်တဲ့ ရေထဲမှာ ဆေးဝါးပါတယ်လို့ ကျနော်ထင်တယ်။ ကျနော်မူး တယ်။"ဟု ကိုဖိုးဖြူက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/8560-2011-10-28-15-08-31.html