Tuesday, November 1, 2011

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်က နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲ

Burma VJ Media Network
Oct 31, 2011 7:23am
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ အတွက် ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်က ဦးစီးပြီး မနေ့ကနေ့လည် ၁ နာရီက ကျင်းပပြုလုပ်သွားခဲပါတယ်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲအပြီး ပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်က ကိုရဲမြတ်ဟိန်းရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
ဒီဆွေးနွေးပွဲကို အန်အယ်ဒီ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း ၊ ကိုတိုးကျော်လှိုင် ၊ ဒေါ်နော်အုန်းလှတို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း တက်ရောက်လာခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ယုံကြည့်ချက်ကြောင့် အကျဉ်းကျခံရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ခွင့်ရရေး အကျဉ်းကျနေဆဲကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်ရရေးကို အဓိကထားဆွေးနွေးသွားခဲ့ကြတာပါ။
ကိုရဲမြတ်ဟိန်းရဲ့မိခင်ကလည်း အကျဉ်းကျခံနေရတဲ့ သားအတွက် ပညာဆက်လက် သင်ယူခွင့်ရဖို့အရေး သက်ဆိုင်ရာဌာနအသီးသီးကို စာတင်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ တက္ကသိုလ်ကျောင်းသားအများစုဟာ ပညာဆက်လက်သင်ယူခွင့်တွေကို ဆုံးရှုံးခဲ့ကြရ တာဖြစ်ပါတယ် ခင်ဗျာ။

သက်ဆိုင်ရာ အာဏာပိုင်များမှ အချိန်မှီရောက်ရှိ မကူညီနိုင်ခြင်းကို တွေ့ရှိရ

Burma VJ Media Network

ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ်တွင် (၃၁.၁၀.၂၀၁၁) ရက်နေ့၊ နေ့လည် (၂း၃၀) အချိန်က နေပြည်တော်နဲ့ မိတ္ထီလာ မြို့ကြား အမြန်ကားလမ်းမကြီးပေါ်၊ (နေပြည်တော်မှ မိတ္ထီလာမြို့အသွားကားလမ်း) မိုင်တိုင် အမှတ် (၂၄၇/၄) နေရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရုံးသုံး ဂျစ်ကား (ပ/၄၅၉၇) အစိမ်းရောင် ကားသည် လမ်းမကြီးအလယ်မှ ပလက်ဖောင်းကို တိုက်ပြီး လမ်းအလယ်တွင် ကားစောက်ထိုးမှောက်ပြီး ကားတစ်စီးလုံး နီးနီး ပျက်စီးသွားပါသည်။ ကားမှောက်သွားစဉ် နီးစပ်ရာမှ ရွာသားများနဲ့ ခရီးသွားလာ ပြည်သူများက ကူညီပြီး တိမ်းမှောက်နေသောကားကို ပြန်လည် အတည့်ဖြစ်အောင် ပြန်လုပ်ပေးပြီး ကားမောင်းသမားကို ဆွဲထုတ်ကူညီခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ကားမောင်းသူကတော့ ပြင်းထန်သော ထိခိုက်ဒါဏ်ရာ ရရှိမှုတော့ မတွေ့ရပါ။ ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ်တွင် ကားများ ပျက်စီးခြင်းသော်လည်းကောင်း၊ ထိခိုက်၊ တိုက်ခိုက်သော်လည်းကောင်း၊ တစ်ခုခု ပြသနာဖြစ်ပေါ်လာခဲ့သော်လည်း တာဝန်ရှိသည့် အစိုးရ၀န်ထမ်းများ၊ သက်ဆိုင်ရာ အာဏာပိုင်များမှ အချိန်မှီရောက်ရှိ မကူညီနိုင်ခြင်းကို တွေ့ရှိရပါသည်။ နီးစပ်ရာ ရွာသားများ မရှိလျှင်သော်လည်းကောင်း၊ ခရီးသွားပြည်သူများမှ မမြင်တွေ့နိုင်ဘဲ မကူညီနိုင်ရင်သော်လည်းကောင်း၊ ထိုသို့သော ပြသနာများ ပေါ်ပေါက်လာပါက ထိခိုက်မှု ဖြစ်ပွါးသော လူများအဖို့ မတွေးဝံ့စရာ အခြေအနေ၊ အချိန်မှီ ဆေးရုံသို့ ရောက်ရှိနိုင်သည့် အခြေအနေ မရှိသည့်အခါ မသေဆုံးသင့်ပဲ သေဆုံးနိုင်သည့် အခြေအနေသို့ ရောက်သွားနိုင်သည်ကို အမြန်လမ်းမကြီးတွင် ခရီးသွားလာသည့် ခရီးသွားပြည်သူတစ်ယောက်အနေဖြင့် ထိုသို့သော ပြသနာကို ဖြေရှင်းနိုင်သည့် နည်းလမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ် ဆောင်ရွက်ပေးနိုင်ရန် အသိပေးနိုးဆော်ခြင်း။....





Silence and Fear - Aung San Suu Kyi

1 to 6
http://www.youtube.com/playlist?list=PL88D9D504F1341511&feature=viewall

ဦးသိန်းစိန်မဟုတ်တာတွေလုပ်ရင်လွှတ်လိုက်မယ်....



ဖရဲသီးလေးလိုဖြစ်သွားမယ်...:D

(ဖေ့စ်ဘုတ်ခ်ကရပါသည်။)

၀၁.၁၁.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ




http://www.ziddu.com/download/17124000/1Nov2011Yeyintngesdiary.doc.html

http://www.ziddu.com/download/17124001/1Nov2011Yeyintngesdiary.pdf.html
 

http://www.scribd.com/doc/71220206/1-Nov-2011-Yeyintnge-s-Diary

1 Nov 2011 Yeyintnge's Diary

သမ္မတကြီးသို့အိတ်ဖွင့်ပေးစာ


http://www.ziddu.com/download/17123862/Untitled-1.pdf.html


http://www.scribd.com/doc/71218419/Untitled-1

Untitled 1

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီသို့ ရောက်ရှိလာသော
အိတ်ဖွင့်ပေးစာအား ပြန်လည်ဝေငှလိုက်ပါသည်။

တင်မောင်အေး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
01-243633

အိုင်ဝေေ၀

တရုတ်ပိသုကာအညာရှင်၊ ဆန့် ကျင်လှုပ်ရှားတက်ကြွသူ အိုင်ဝေေ၀ကို
ပေးရန်ပျက်ကွက်ခဲ့တဲ့အကြွေးတွေနဲ့ ဒဏ်ကြေးများအတွက်
စုစုပေါင်း အမေရိကန်ဒေါ်လာ ၂. ၄ သန်းခန့် ပေးဆောင်ဖို့  တရားရုံးက
အမိန့် ချမှတ်လိုက်တယ်။
ပိုက်ဆံမပေးနိုင်ရင် ထောင်ဒဏ် နှစ် (၈၀)ကျော် ကျခံရမှာဖြစ်တယ်ခင်ဗျ။
ကြံ့ဖွံ့ ပါတီရဲ့ ညီရင်းအစ်ကိုပေါက်ဖော်ကြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ 
အစိုးရအာခံသူများအပေါ် အောက်တန်းကျညစ်ပတ်ပုံများပြောပါတယ်။
ကျွန်တော်တို့ ဆီလည်း ဘာထူးသေးလဲ။
နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်းဆက်သွယ်မှု၊ ဟွန်ဒီလက်ခံမှု၊
ဂျီတော့ဂျီမေးလ်သုံးစွဲမှု၊ ခြေထောက်လှုပ် လမ်းလျှောက်မှုနဲ့  (၆၅)နှစ်တွေ
တန်းစီပြီး ချလိုက်တာ...။
မြန်မာ့ခြေရာ တရုတ်နင်းတယ်ခေါ်ရမလား...။

http://www.guardian.co.uk/world/2011/nov/01/ai-weiwei-ordered-pay-tax-china

အောင်မျိုးထွန်း

ယခင် နဲ့ ယခု ကွာခြားသွားသော သိခြင်း ၂ ခု။


မြန်မာနိုင်ငံကို စေတီဘုရားများပေါများတဲ့နိုင်ငံ လို့တင်စားခေါ်ဝေါ်လေ့ရှိကြသလို၊ တချို့ကလည်း (ရွှေတိဂုံ စေတီတော်ရဲ့ တောက်ပထည်ဝါမှုကိုအကြောင်းပြု၍ဟုထင်ပါသည်)ရွှေနိုင်ငံဟုတင်စားကြတတ်ပါတယ်။ နိုင်ငံ ခြားရောက် မြန်မာများကလည်း မြန်မာအချင်းချင်းကို ရွှေတွေလို့တင်စားပြောဆိုတတ်ကြပါတယ်။ ကိုယ့် နိုင်ငံကို မြင့်မြတ်သူတွေ၊ ယဉ်ကျေးသူတွေနေတဲ့နိုင်ငံ၊ တန်ဖိုးရှိသူတွေနေတဲ့ တန်ဖိုးရှိတဲ့နိုင်ငံလို့ ကမ္ဘာကို သိ စေချင်တာ မြန်မာနိုင်ငံသားတိုင်းရဲ့ဆန္ဒပါ။ မြန်မာကိုကမ္ဘာ အထင်မကြီးခြင်နေပါ။ အထင်သေးအမြင်သေးခံရ မှာကိုတော့ မြန်မာနိုင်ငံသားဘယ်သူကမှ မလိုလားကြပါဘူး။ ၂၇ နှစ်ကြာ တံခါးပိတ်ကာလကြီး ပြိုပျက်ခဲ့ပြီးတဲ့ နောက် ကမ္ဘာ့ပြည်သူအတော်များများ မြန်မာဆိုတာကိုပြန်လည်သိလာကြပါတယ်။ ကြာလေ ပို၍သိလာလေပါ။ သို့သော်…အရင်ကသိခြင်း နဲ့ အခုသိခြင်းက တော့ကွာခြားသွား ပါတယ်။
တချိန်တုန်းကတော့ (လွတ်လပ်ရေးမတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီးစက)အထူးသဖြင့် အိမ်နားနီးချင်းနိုင်ငံတွေက မြန်မာကိုအထင်ကြီးလေးစားတယ်။ လီကွမ်ယု လိုပုဂိုလ်မျိုး ငယ်တုန်းက မြန်မာကိုအားကျခဲ့ဖူးတယ်လို့ဆို တယ်။ ထိုင်းလူမျိုးတော်တော်များများကလည်း မြန်မာနိုင်ငံကို အထင်ကြီးအားကျခဲ့တယ် ဆိုတာကြားဖူးခဲ့ ပါတယ်။ တိုင်းပြည်ကလည်းချမ်းသာ၊ ပညာရေးကလည်း အဆင့်မြှင့်၊ လူတွေကလည်း လောကနီတိတရားကို အလေးထားလိုက်နာတာကြတာကြောင့် ကိုယ်ကျင့်သိက္ခာတွေကောင်းကြတယ်၊ ရိုးသားကြတယ်၊ ဖေါ်ရွေတတ် ကြတယ်၊ သီးခံခွင့်လွှတ်တတ်ကြတယ်၊ စိတ်ထားရေးရာ မှာမြင့်မြတ်တယ်။ ထိုထိုသော အချက်များကြောင့် သိ သိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူတွေအားကျ အထင်ကြီးကြတာအဆန်းတော့မဟုတ်ပါဘူး။
အခုအချိန်မှာတော့ ကံမကောင်းအကြောင်းမလှလို့ တိုင်းပြည်ကအာဏာရှင်လက်အောက်ကျရောက်ပြီး ပြည်သူ တွေဆင်းရဲတွင်းနက်ခဲ့ရတယ်။ တိုင်းပြည်ပတ်ပတ်လည်မှာ ဒုက္ခသည်စခန်းတွေနဲ့ တန်းစီနေခဲ့ရတယ်။ တိုင်း ပြည်ဆင်းရဲတာကတပိုင်း ထားပါတော့၊ အူမမတောင့်လို့ သီလမစောင့်နိုင်တာ ဆိုတာကြီးကလည်းအကျင့် တ ရပ်လိုဖြစ်လာပြီး ကြာတော့စိတ်ဓါတ်ရေးရာ ကျန်းမာရေးကလည်းယိုယွင်း၊ အတွေးအခေါ်ရေးရာ ဖွံ့ဖြိုးမှုအား ကလည်းကျဆင်း၊ ကောင်းသောအတုကိုယူနိုင် တဲ့အမြင်အားကလည်း နည်းသထက်နည်းဖြစ်ခဲ့ရပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုရင်တော့ကြားကောင်းပါသေးရဲ့။ အခုဟာက အကောင် ကြီးကြီး တလှေလုံးနီးပါးပုတ်ကုန် ပြီလို့ဆိုရမလိုပါ။ ဆိုတော့ သိသိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူအတော် များများက မြန်မာဆို နှခေါင်းရှုံ့ အထင်သေးလာတယ်၊ ဒါဟာလည်း အဆန်းတော့မဟုတ်ပါဘူး။
အိမ်တွင်းမှာ စည်းကမ်းမဲ့တာက နည်းနည်းခံသာသေးတယ်၊ အပြင်မှာ ဖိုးသင်းမျောက်လုပ်ပြတာက သူ တကာ အထင်သေးစရာဖြစ်သလို ရှက်စရာလည်းကောင်းလှပါတယ်။ မနှစ်တုံးက ရုရှားမှာ တက္ကသိုလ်ဘွဲ့လွန် သင် တန်း(အဆင့်မြှင့်ပညာရေးသင်တန်း) တက်နေကြတဲ့မြန်မာကျောင်းသားတွေ အဆောင်စည်းကမ်းမလိုက်နာလို့ ပိုးမွှားနဲ့ ရောဂါဘယ အန္တရာယ်ပါစိုးရိမ်လာရတဲ့အတွက် အဆောင်ကထွက်ပေးကြရမယ်၊ မထွက်ပေးရင် တရား စွဲမယ်ဆိုတဲ့ အကြောင်း မြန်မာသံရုံးကိုသက်ဆိုင်ရာတက္ကသိုလ်က အကြောင်းကြားခဲ့ရတယ်လို့ဆိုတယ်။
ဒီနှစ် စင်္ကာပူနိုင်ငံ Pennisula Palza,မှာ Indoor မှာ လုပ်တဲ့ သင်္ကြန်မှာလည်းကြည့်ဦး။ စီစဉ်သူက ရေမ ပက်စေရပါဘူးဆိုတဲ့ အာမခံချက်နဲ့ ပွဲစီစဉ်ပေးတယ်လို့ဆိုတယ်။ သို့သော်လည်း မရဘူး ပက်တာပါဘဲတဲ့။ အီလက်ထရောနစ်စက်များ ပျက်စီးသွားနိုင်ကြောင်း၊ ရေမပက်ရန်အာမခံထားရကြောင်း မေတ္တာရပ်ခံနေတဲ့ကြား က အမူးလွန်နေသူများက ရေပက်ကြတယ်လို့ဆိုတယ်၊ ရဲက သုံးလေးယောက်လောက်ကို ဖမ်းပြလိုက်တော့မှ ရေပက်တာငြိမ်သွားတယ်လို့ဆိုတယ်။ ဒါတောင်မှ အမူးလွန်သူများ ဆက်ကနေကြတာကြောင့် ပွဲထိန်းရခက် လို့ ပွဲသိမ်းစောလိုက်ရပါတယ်တဲ့။ ပွဲသိမ်းပြီးတာတောင်မှ တီးဝိုင်းမပါကသူများ ဆက်ကနေကြပါသတဲ့။ ပွဲပြီး တော့ ပွဲကျင်းပရာနေရာ တဝိုက်မှာ ကွမ်းထွေးတွေ၊ အံဖတ်တွေ၊ အမှိုက်သရိုက်တွေ ပြည့်ကျန်ရစ်ခဲ့ပါ၏..တဲ့။ နောက်နှစ်ဒီနေရာမှာ ပွဲလုပ်ခွင့်ရဖို့ မသေချာတော့ဘူးလို့လည်းဆိုပါတယ်။ နိုင်ငံခြားမှာလုပ်တဲ့ သင်္ကြန်ပွဲကို အများအားဖြင့် Myanmar Traditional Thagyan Festival လို့ နဖူးစည်းတတ်လေ့ရှိကြပါတယ်။ ဖိတ်ထား တဲ့ဧည့်သည်တော်များ၊ ဖြတ်သွားဖြတ်လာ မြန်မာမဟုတ်သူ ပွဲကြည့်ပရိသတ်များ၊ ပလာဇာစောင့်လုံ ခြုံရေးများ၊ ပလာဇာတွင်ဈေးရောင်းကြသည့်မြန်မာမဟုတ်သူများက “အော်….. မြန်မာရိုးရာဆိုတာ.. အလွန်အကျွံမူးရတဲ့၊ သူတပါးပစ္စည်းပျက်စီးမှာကို အလေးမထားတဲ့၊ စည်းကမ်းမဲ့တဲ့ ရိုးရာပွဲပါလား” လို့ မှတ်ယူသွား ကြရင်ဖြင့် ရှက် စရာ ကောင်းပါလား၊ တိုင်းပြည်ရောလူမျိုးဂုဏ်ကိုပါထိခိုက်စေတာပါကလား လို့များမတွေးမိရော့ကြလေသလား မသိပါ။
ဒီနှစ်ဇူလိုင်လက ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲ၊ အိုမန်နဲ့ ကန်တဲ့ပွဲကိုလည်းကြည့်ဦး။ ပထမဆင့် အိုမန်မှာကန်တုန်းက ၂ ဂိုးနဲ့ရှုံး ခဲ့တာကို ကိုယ့်နိုင်ငံမှာ ကစားရမဲ့ပွဲစဉ်ကျရင် ၁၃ယောက်မြောက်ကစားသမားနဲ့ အနိုင်ယူမယ်လို့ဆိုတယ်။ အနိုင်ယူလိုစိတ်ရှိတာကကောင်းပါတယ်။ ဒါပေမဲ့ အနိုင်ယူဖို့ စိတ်စောကာ ပရိသတ် များအောင် ရိုးရိုးတန်းပွဲကြည့်စင်တွေကိုအခမဲ့ဝင်ခွင့်ပေးခဲ့လေတော့ ပြဿနာတက်သွားရပါတော့တယ်။ ပရိ သတ်တွေကမူးနေသူတွေများတယ်လို့ဆိုတယ်။ ကိုယ်ရှုံးတာနဲ့ဘဲစည်းကမ်းမဲ့စွာ ကွင်းထဲကို အရာပေါင်းစုံနဲ့ ပစ် ထည့်ကြပါတယ်။ ယုတ်စွအဆုံး ကိုယ်တုံးလုံးချွတ်ပြီး အော်ဆဲတဲ့သူတွေကလည်း ရှိပါသေးတယ်တဲ့။ အိုမန်လို အသင်းကိုနိုင်မှာမဟုတ်ဘူး ဆိုတာကြိုတွက် ထားတဲ့သူတွေ ကလည်းတွက်ထား ပြီးသားဖြစ်တယ်။ မနိုင်တော့ လည်းဘာမှတော့မဖြစ်ပါဘူး၊ ကစားတယ်ဆိုကတည်းက အနိုင်အရှုံးဆိုတာရှိမှာဘဲ။ ကိုယ့်အသင်းကိုအနိုင်ရ စေခြင်တာက သဘာဝကျပါတယ်။ အားကစား ပြိုင်ပွဲဝင်တယ်ဆိုကတည်းက နိုင်ပြချင်လို့ဝင်တာဘဲ၊ ဒါပေမဲ့ မနိုင်ရင်နိုင်ရာနဲ့ချကွာ ဆိုတာကတော့ စိတ်ဓါတ်ညံ့ဖျင်း လွန်းရာကျပါတယ်။ အခုတော့ကြည့် မြန်မာဘောလုံး အသင်းဟာ ၂၀၁၈ ခုနှစ်မှာကျင်းပမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်တောင် ပိတ်ပင်ခံလိုက်ရတယ်လို့ဆိုတယ်။ အခု လိုဖြစ်တော့ကာ နှစ် ၅၀ ကျော်အတွင်း ကမ္ဘာဖလား ခြေစစ်ပွဲလေးကို ပထမဆုံးအကြိမ် ဝင်ခွင့်ရပါမှအဝင်ဆိုးနဲ့ သမိုင်းတွင်ခဲ့ပါတော့မယ်။ တတိုင်းပြည်လုံး၊ တမျိုးသားလုံးအတွက် သိက္ခာကျစေတဲ့အဖြစ်ပါဘဲ။ မြန်မာတွေ စိတ်ဓါတ် ဒီလောက်တောင်ဘဲ အောက်တန်းကျ ကြောင်းကမ္ဘာကို သိစေလိုက်သလိုဖြစ်တယ်။
တဖက်မှာလည်းကြည့်ဦး။ မကောင်းသတင်းဘက်မှာ မြန်မာနိုင်ငံက ထိပ်ပိုင်းကနေရာယူ ထားပါသေးတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာလည်းလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကတည်းက ရှိနေတုန်း ပါဘဲ၊ လူ့အခွင့်အ ရေး အချိုးဖေါက်ဆုံးနိုင်ငံစာရင်းမှာလည်းပါတာဘဲ၊ ဘာသာရေးခွဲခြားဖိနှိပ်မှု အများဆုံးစာရင်း မှာလည်းပါတာ ဘဲ၊ သတင်းလွတ်လပ်မှု မရှိဆုံးစာရင်းမှာလည်းပါတာဘဲ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးစာရင်း မှာ လည်းထိပ်ကဘဲ၊ ကလေးစစ်သားအသုံးပြုမှုစာရင်းမှာလည်းပါတာဘဲ၊ ချစားမှု အများဆုံးနိုင်ငံများ စာရင်းမှာ လည်းပါတာဘဲ။
အရင်က မြန်မာကို သိကြပုံနဲ့ အခုသိကြပုံက ဒီလိုကွာခြားသွားတာပါ။ ဒီလိုပြောလို့ မကောင်းဘဲမြင်နေတယ် လို့မထင်ဘဲ၊ ပြင်စေခြင်လို့ စေတနာနဲ့ပြောတာလို့ လှည့်မြင်စေလိုပါတယ်။
ပျက်ရင်အစဉ်ပြင်ရင်ခဏပါ။ မကျန်းမမာဖြစ်နေတဲ့စိတ်ဓါတ်ကိုပြင်ပစ်လိုက်သင့်ပါပြီ။ အထူးသဖြင့်တော့ စိတ်ပိုင်းချို့ယွင်းရခြင်းဟာ အတ္တစိတ်တွေကြောင့်ဖြစ်တယ်။ အာဏာကိုလက်မလွတ်ချင်တာ၊ ရာသက်ပန် ခေါင်းဆောင်ဖြစ်ချင်တာ အတ္တစိတ်ကြောင့်ပါ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အမြတ်ထုတ်ခြင်း ဟာလဲအတ္တစိတ်ကြောင့်ပါ။ ဒီမိုကရေစီတော့လိုချင်တယ် ဒီမိုကရေစီကိုမကျင့်သုံးချင်တာလဲ အတ္တကြောင့်ပါဘဲ၊ ကိုယ်ကတော့ လူ့အခွင့်အရေးအပြည့်အဝဆိုတာလိုချင်တယ်၊ သူများကိုတော့ အခြေခံလူ့အခွင့်အရေးတောင် မပေးခြင်တာလည်း အတ္တစိတ်ကြောင့်ဘဲ၊ အဖွဲ့အစည်းတွေအမျိုးမျိုးကွဲပြီး မညီမညွတ်ဖြစ်နေတာလည်း အတ္တ ကြောင့်ပါဘဲ၊ ဝဋ်လိုက်တတ်တယ်ဆိုတာသိလျှက် ဝဋ်လိုက်နေတာကို ဝဋ်လိုက်နေမှန်းမသိတာဟာလည်း အတ္တ စိတ်လွန်ကဲနေတာကြောင့်ပါဘဲ။ အတ္တစိတ်ဟာ အလင်းရောင်ကိုမမြင်နိုင်ပါဘူး။ ပညာတွေဘယ်လောက် ဘဲ တတ်နေပါစေ၊ စာတွေ ဘယ်လောက်ဘဲဖတ်နိုင်နေပါစေ၊ အတ္တစိတ်ဖုံးလွမ်းနေရင် အမှန်ကိုမမြင်နိုင်ပါဘူး၊ စည်းကမ်းကိုလည်းမသိပါဘူး၊ ဥပဒေလည်းမလိုက်နာဘူး၊ တရားမျှတမှုကိုမမြင်နိုင်ဘူး။ အတ္တစိတ်ဟာ ဘုရား ကို လည်းလိမ်တယ်၊ တရားကိုလည်းလိမ်ပါတယ်၊ သူတပါးကိုလည်းလိမ်တယ်၊ ကိုယ့်ကိုကိုယ်လည်းလိမ်ပါ တယ်။ အတ္တစိတ်ဟာ ဒီလိုသိမ်ဖျင်းတဲ့စိတ်ပါ။
သိမ်ဖျင်းတဲ့စိတ်ကြောင့် တိုင်းပြည်က ဆင်းရဲသွားရတာလား၊ ဆင်းရဲမွဲတေတာကြောင့် စိတ်ဓါတ်သိမ်ဖျင်းလာ တာလား။ ဆိုရရင်တော့ အာဏာရှင် ဦးနေဝင်းနဲ့ ဦးနေဝင်းကို ဝန်းရံမြှောက်ပေးနေသူတွေရဲ့ သိမ်ဖျင်းတဲ့ စိတ်ကြောင့် တိုင်းပြည် ဆင်းရဲသွားရတာဖြစ်တယ်လို့ဆိုလို့ရနိုင်ပါတယ်။ အုပ်ချုပ်တဲ့သူများ စိတ်ဓါတ်သိမ် ဖျင်းတော့ကာ၊ အုပ်ချုပ်ခံ၊ အဖိနှိပ်ခံ၊ ဆင်းရဲဒဏ်ခံပြည်သူများကလည်း စိတ်ဓါတ်ပျက်ပြားလာရတယ်ဆိုရမှာပါ။ ဒီ စိတ်ဓါတ်ပျက်ပြားလာမှုကြီးက ကိုယ့်နိုင်ငံရဲ့ဂုဏ် သိက္ခာကြီးကို ဆွဲချသွားနေတာဖြစ်တယ်။
ကမ္ဘာမှာ မြန်မာကွဟေ့… ဆိုပြီး တချိန်တုန်းကလို ဂုဏ်သိက္ခာကြီးပြီး နိုင်ငံတကာက အထင်ကြီးလေးစားရတဲ့ အဆင့်မျိုးပြန်ရအောင်လုပ်ဖို့ ယနေ့ ခေါင်းဆောင်များ( နိုင်ငံရေးပါတီအသီးသီး၏ခေါင်းဆောင်များ၊ နယ်စပ်ရှိတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်နက်မကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ မြှောက်များလှစွာ သော ကျောင်းသားခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းအမျိုးမျိုး၊ အဖွဲ့အသီးသီး၏ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့များ၏ခေါင်းဆောင်များ) မှာ တာဝန်အရှိဆုံးပါ။ ဒါဟာ တိုင်းပြည်ဂုဏ်၊ ပြည်သူတရပ်လုံးရဲ့ဂုဏ် ကိုပြန်လည်မြှင့်တင်ဖို့ ဒီလိုပျက်ပြားနေတဲ့စိတ်ဓါတ်ကိုပြင်သွားကြရန် ခေါင်းဆောင်များက ဦးဆောင်မှုပေး၊ လမ်းညွန် စံပြ လုပ်ဆောင်သွားကြရန်အချိန်တန်ပြီဖြစ်ပါကြောင်းစေတနာရင်းဖြင့်နိုးဆော်တင်ပြအပ်ပါတယ်။
ဝင်းမောင် (ဟဲဟိုးသား)
၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်

ကိုဇာဂနာ အလိမ်ခံလိုက်ရခြင်း


စိန်သံလုံး

ကိုဇာဂနာက ပြောပါတယ်။ အောက်တိုဘာ ၂၄ ရက်ကပေါ့။ သာယာဝတီ၊ ပေါင်းတည်၊ ပြည်အကျဉ်းထောင် တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ထောင်ဝင်စာခရီးစဉ် အတွေ့အကြုံလေးတခုပါ။ အဲဒီမှာ ... “သာ ယာဝတီ ထောင်ပိုင်ကြီးနဲ့ တွေ့ပြီး ပိုက်ဆံနဲ့ ဂျာနယ်တွေ အပ်တာပါ။ အရမ်းအဆင်ပြေပြီး အရမ်းဖော်ရွေလို့ အထူးကျေးဇူးတင်ပါတယ်၊ နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်အတွက် ပိုက်ဆံ ၃ သိန်း ၄ သောင်းနဲ့ ဂျာနယ် ၈၀၊ အထွေထွေစာအုပ် ၃၄ အုပ် လှူခဲ့ပါတယ်။ သာဓုခေါ်ကြပါခင်ဗျာ” တဲ့။



ကိုဇာဂနာရဲ့လုပ်ရပ်ကိုတော့ ထောက်ခံပါတယ်၊ အကျဉ်းသားတွေကို သွားကူညီတဲ့ကိစ္စနဲ့ မင်းသားမင်းသမီး အနုပညာရှင်များက စုပေါင်းလှူဒါန်းမှုကို ဦးဆောင်စီစဉ်တဲ့ ကိုဇာဂနာရဲ့စာနာမှုကို လေးစားမိပါတယ်။

ဒါပေမယ့် ကိုဇာဂနာ သာယာဝတီထောင်မှာ အလိမ်ခံလိုက်ရတာပါ၊ အဲဒီ သာယာဝတီထောင်ပိုင်ကြီး ကျော် နိုင်ဆိုတာ ကိုဇာဂနာ ထင်သလို သဘောကောင်းသူ ဖော်ရွေသူမဟုတ်ပါဘူး။ ခဏလေး တွေ့ကြခိုက်မှာ ဟန် ဆောင်ပြီး ဆက်ဆံပြလိုက်တာပါ၊ အဲဒီထောင်ပိုင်ကြီးနဲ့ အကြာကြီး နေခဲ့သူတွေ သိကြပါတယ်။ နောက်ဆုံး သာယာဝတီထောင်က လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉ ယောက်နဲ့ ကိုဇာဂနာ တွေ့ကြည့်လိုက်ပါ။ အဲဒီထောင်ပိုင်ကြီး ကျော်နိုင် ဘယ်လို ရက်စက်ယုတ်မာသလဲ၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် သူ့ရှေ့က တာဝန်ယူခဲ့တဲ့ ထောင်ပိုင်တွေလို ပြေပြေလည်လည် လေးလေးစားစား မဆက်ဆံဘူး ဆိုတာတွေ သိရမှာပါ။ ခဏတွေ့ရလို့ သဘောကောင်းဖော်ရွေတယ်၊ အဆင်ပြေတယ် ထင်ရတာပါ။ သူနဲ့ အကြာကြီး နေခဲ့သူတွေအ ပေါ် တော်တော်လေး အာဏာပြ အနိုင်ကျင့်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ ခံရသူများအဖို့ ဘယ်တော့မှ မေ့ လို့ရမှာမဟုတ်ပါဘူး။

“အဲဒီ ထောင်ပိုင် ကျော်နိုင်ရဲ့ အဆိုးဆုံးလုပ်ရပ်ကတော့ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စေတနာရှင် ဦးအောင်မြတ်က ရေသန့်စက်ရုံတခု လှူထားတာကို အကျဉ်းသားတွေကို ရိုးရိုးရေပဲတိုက်ပြီး ရေသန့်ဘူးကြီးတွေကို အပြင်ထုတ် ရောင်းစားတဲ့ အလွဲသုံးစားမှုကို အရှက်မရှိ ကျူးလွန်နေတာပါပဲ။”

အဲဒီ သာယာဝတီထောင်ပိုင် ကျော်နိုင်၊ ဒု-ထောင်ပိုင် စောရစ်ချတ်၊ ရိက္ခာကိုင်တဲ့ ဒု-ထောင်မှူး ၀င်းလတ်၊ အ လုပ်ကြီးကိုင်တဲ့ ဒု-ထောင်မှူး ခင်မောင်မြင့်၊ တံခါးကြီးကိုင်တဲ့ ဒု-ထောင်မှူး မောင်မောင်ဌေးတို့ ပေါင်းပြီး မာ ဖီးယားဂိုဏ်းလို ဂိုဏ်းဖွဲ့ပြီး အနိုင်ကျင့်ကြလို့ သာယာဝတီထောင်ထဲက နိုင်ငံရေးအကျဉ်းသားအများစုနဲ့ ပြ ဿနာတွေ ဖြစ်ခဲ့ကြတယ်။

ထောင်ပိုင် ကျော်နိုင် သာယာဝတီထောင်ကို ရောက်ရောက်ချင်း နိုင်ငံရေးအကျဉ်းသားတဦးကို လမ်းမှာတွေ့ တာ သူ့ကို အရိုအသေ မပေးလို့၊ ထိုင်ပြီး ခေါင်းငုံမထားလို့ဆိုပြီး တိုက်ပိတ် ပြစ်ဒဏ်ချတယ်။ အဲဒီ နိုင်ငံရေးအ ကျဉ်းသားက သတင်းစာဆရာတဦးဖြစ်ပြီး သူ့အဖေအရွယ် ရှိပါတယ်။ ထောင်ထဲမှာ ရေးထားတဲ့ စာသား ဆောင်ပုဒ်တခုမှာတော့ (နယ်ချဲ့ကိုလိုနီစရိုက်ကိုဖျောက် - ပြည်သူ့အကျိုးကို စောင့်ရှောက်တဲ့) ကဲ ... အဲဒီ ထောင်ပိုင်ကြီးကတော့ ကိုလိုနီစရိုက်ကို မဖျောက်ချင်သေးဘူးလေ။ သူ့ကို အရိုအသေပေးမှတဲ့၊ မခက်ဘူး လား။
အဲဒီနောက် သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ (၁) တိုက်နဲ့ (၂) တိုက် အပေါ်ထပ်ကို ရွှေ့ဖို့ပြောတာကို မနာခံလို့ဆိုပြီး (၁) တိုက် (၂) တိုက်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ကို တိုက်ပိတ် ပြစ်ဒဏ်ပေးပြန်ရော။ တစတိုက်လုံး လူအကုန်လုံးကို ပိတ်တာနော်။ အာဏာရှိတယ်ဆိုပြီး အနိုင်ကျင့်တာ မခံ နိုင်ကြလို့ ရဲသတင်းတပ်ဖွဲ့ကို တိုင်လို့ အဲဒီကိစ္စ ဖြေရှင်းပေးခဲ့တယ်။

အဲဒီ (၁) တိုက် (၂) တိုက်တွေက အပေါ်ထပ်တွေ ဆောက်ခဲ့တာ နှစ်တရာနီးပါး ကြာနေပြီဖြစ်လို့ အင်ဂျင်နီ ယာတွေက အန္တရာယ်ရှိနိုင်တယ်ဆိုပြီး သတ်မှတ်ထားလို့ နိုင်ငံရေးအကျဉ်းသားတွေက မနေရဲတာပါ။ ထောင် ပိုင်က ရောက်ရောက်ချင်းအာဏာပြတော့တာပဲ၊ တခြားထောင်ပိုင်တွေလို နိုင်ငံရေးအကျဉ်းသားတွေကို လေး လေးစားစား မဆက်ဆံဘူး။


နောက်တခါ ထောင်ပိုင်ကြီးတပည့် ဒု-ထောင်မှူး ၀င်းလတ်နဲ့ နိုင်ငံရေးအကျဉ်းသား စိုးညွန့်ဇော်(ပဲခူး) တို့ ပုံစံ ၀တ်စုံပြာ မ၀တ်တဲ့ကိစ္စနဲ့ စကားများကြတယ်။ ထောင်ပိုင်ကြီး အားကိုးနဲ့ သူ့တပည့် ၀င်းလတ်က နိုင်ငံရေး အ ကျဉ်းသား စိုးညွန့်ဇော်ကို လက်သီးနဲ့ ထိုးတယ်။ ပါးစပ်က ဆဲရေးတိုင်းထွာတယ်။ အဲဒီကိစ္စဖြစ်ပြီး နိုင်ငံရေးအ ကျဉ်းသား ဇော်လင်းဦး (ခ) မောင်ဇော် (ပဲခူး) နဲ့ ထောင်ပိုင် ကျော်နိုင်တို့ ပုံစံဝတ်စုံပြာ မ၀တ်တဲ့ကိစ္စ စကား များကြတယ်။ မောင်ဇော်ကို မချေမငံ ဆက်ဆံတယ်ဆိုပြီး တိုက်ပိတ်တယ်။ စိုးညွန့်ဇော်ကိုလည်း တိုက်ပိတ် တယ်။ တဆိတ်ရှိ တိုက်ပိတ်ဖို့ပဲ စဉ်းစားနေတဲ့ ထောင်ပိုင် ကျော်နိုင် ထောင်ထဲမှာ ပြဿနာ မဖြစ်တဲ့နေ့ မရှိ တော့ဘူး။

မောင်ဇော်နဲ့ စိုးညွန့်ဇော်အိမ်တွေက ထောင်ဝင်စာလာတော့ ထောင်ပိုင် ကျော်နိုင်နဲ့ ဒုထောင်မှူး ၀င်းလတ်တို့ မတရားလုပ်တဲ့ ကိစ္စတွေကို ပြည်ပအသံလွှင့်ဌာနတွေကို ပို့ခိုင်းတယ်။ အဲဒီကိစ္စတွေ ပါလာတော့ မောင်ဇော်နဲ့ စိုးညွန့်ဇော်ကို သီးခြားတိုက်ပို့ပြီး တိုက်ပိတ်လိုက်တာ တလကျော်တယ်။ အဲဒီလို အကျဉ်းသားတွေအပေါ် မ ကောင်းခဲ့ရုံမက အကျဉ်းသားတွေ မ၀တ၀ စားနေရတဲ့ ရိက္ခာတွေကိုလည်း ခိုးပြီးရောင်းသေးတယ်။ ရုံးချုပ်က ပေးတဲ့ ကုလားပဲအကောင်းတွေ ရောင်းပြီး ပိုးတိုးလောက်ကိုက် ကုလားပဲတွေ ချက်ကျွေးတယ်။ (ကုလားပဲ တွေ အပြင်မှာ ရောင်းတာ ၁၅ သိန်း ရတယ်လို့ သိရတယ်။)

အကျဉ်းသား ၁,၄၀၀ ကျော်အတွက် တနေ့စာ ချက်ပြုတ်ဖို့ ပေးထားတဲ့ ဆီ ၉ ပိဿာထဲက ၅ ပိဿာကို ခိုး ရောင်းပြီး ၄ ပိဿာပဲ ချက်ခိုင်းတယ်။ အသားစားနေ့တွေမှာတော့ တပိဿာ ကျပ်ငွေ နှစ်ထောင်နဲ့ ၀ယ်ရတဲ့ ငါးကို ကျွေးပြီး ရုံးချုပ်ကိုတော့ တပိသာ ကျပ်ငွေ ငါးထောင်နဲ့ ၀ယ်ရတဲ့ အမဲသား ကျွေးတယ်ဆိုပြီး စာရင်းပြ တယ်။

အလုပ်ကြီးမှာ ပရိဘောဂ လုပ်တတ်တဲ့ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ပရိဘောဂတွေ လုပ်ခိုင်းပြီး အပြင်မှာ ထုတ်ရောင်းစားတယ်။ အကျဉ်းသားတွေကို မနားမနေ ပင်ပင်ပန်းပန်း ပူပူလောင်လောင်နဲ့ အုတ်ဖုတ်ခိုင်းပြီး တလုံး ၇၅ ကျပ်နဲ့ ရောင်းပြီး ရုံးချုပ်ကိုတော့ ၃၅ ကျပ် စာရင်းတင်တယ်။ အကျဉ်းသားတွေကို အဓမ္မလုပ်အား နဲ့ခိုင်းတဲ့ စပါးစိုက်ခင်းတွေက မျိုးကောင်းစပါးတွေကို ရောင်းပြီး အရည်အသွေးညံ့တဲ့ ဆန်နီတွေ ၀ယ်ပြီး အ ကျဉ်းသားတွေကို ကျွေးတယ်။ ရုံးချုပ်ကိုတော့ အကျဉ်းသားတွေ စပါးစိုက်ပြီး ကျွေးတယ်လို့ တင်ပြတယ်။

အဲဒီ ထောင်ပိုင် ကျော်နိုင်ရဲ့ အဆိုးဆုံးလုပ်ရပ်ကတော့ အကျဉ်းသားတွေ ကျန်းမာရေးအတွက် စေတနာရှင် ဦးအောင်မြတ်က ရေသန့်စက်ရုံတခု လှူထားတာကို အကျဉ်းသားတွေကို ရိုးရိုးရေပဲတိုက်ပြီး ရေသန့်ဘူးကြီး တွေကို အပြင်ထုတ် ရောင်းစားတဲ့ အလွဲသုံးစားမှုကို အရှက်မရှိ ကျူးလွန်နေတာပါပဲ။

ထောင်ပိုင်တပည့် ဒု-ထောင်မှူး မောင်မောင်ဌေးက ထောင်ဝင်စာလာတွေ့တဲ့ မိသားစုတွေကို နည်းပေါင်းစုံနဲ့ စိတ်ညစ်အောင်လုပ်ပြီး ငွေညှစ်တယ်။ ၀န်ထမ်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့အနိုင်ကျင့်ပြီး ငွေတိုးချေးစားတယ်၊ ဒု-ထောင်ပိုင် စောရစ်ချတ်က အဆောင်တန်းစီး အခန်းလူကြီးတွေကို တစ်လနှစ်သိန်း ရှာခိုင်းတယ်။ ရဲဘက် စခန်းကို သွားချင်ရင် ပိုက်ဆံပေးရတယ်၊ မသွားချင်ရင်လည်း ပိုက်ဆံပေးရတယ်။ သွားချင်တဲ့လူက ပိုက်ဆံရှိ လို့ ငွေပေးပြီး မိသားစုနဲ့ နေလို့ရတယ်၊ အလုပ်လုပ်ချင်ရင်တာ မဟုတ်ဘူး။ မသွားချင်တဲ့ လူဆိုတာက ကျန်း မာရေး မကောင်းလို့၊ သာယာဝတီထောင်ဆိုတာ တချိန်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာပါ။ ခုတော့ နာ မည်ဆိုးနဲ့တင်မကဘူး၊ ထောင်ပိုင် ကျော်နိုင်နဲ့ သူ့တပည့်တွေ ဆိုးကြလွန်းလို့ အရင်က အကျဉ်းသားအားလုံး အပေါ် စာနာစိတ်အပြည့်နဲ့ ကောင်းခဲ့ကြတဲ့ ထောင်ပိုင်ကြီး ဦးမင်းစိုး၊ ဦးသိန်းရွှေ၊ ဦးမင်းထူးကျော်နဲ့ ဦးကျော် စိုးတို့ကို တမ်းတသတိရနေကြတာ ကိုဇာဂနာတယောက် တဒင်္ဂအတွင်းမှာ အလိမ်ခံလိုက်ရတာကို ကျုပ်စိတ် မကောင်းဘူးဗျာ။

စိန်သံလုံး

http://drlunswe.blogspot.com/

မြန်မာ့ခေါင်းဆောင်များ လေ့လာရမည့် သဘာဝဘေး သင်ခန်းစာ


Monday, 31 October 2011 01:57 လှရွှေ

ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင် ယနေ့ ပြည့်သွားပါပြီ။ ကမ္ဘာမြေပေါ် နေထိုင်တဲ့ လူသားတွေ ၀မ်းသာစရာလား ၀မ်းနည်းစရာလား မပြောတတ်။ ရှုပ်ထွေးသော ပညာရှင်တွေရဲ့ ဟောကိန်း တွေကလည်း အများအပြား။

ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင် ပြည့်ထုတ်ပြန်ချက်နှင့် အတူ Maplecroft သုတေသန ပညာရှင်များမှလည်း ကမ္ဘာ့လူဦး အဆမတန် များပြားလာခြင်းကြောင့် မြေကမ္ဘာဂြိုဟ်ကြီးကို ထိခိုက် လိမ့်မည် ဟုဟောကိန်း ထုတ်လာသည်။

Maplecroft ၏အဓိက ထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ကြုံတွေ့ နိုင်သော နိုင်ငံများ စာရင်းကို ထုတ်ပြန်ခဲ့သည်။ ပညာရှင်များကိုယ်တိုင် မြန်မာနိုင်ငံ၏ အခြေအနေကို တိုက်ရိုက် ကွင်းဆင်း သုတေသန ပြုလုပ်ခဲ့ခြင်း မဟုတ်သော်လည်း ကမ္ဘာ့နိုင်ငံ အနှုံ့အပြားမှ မြန်မာနိုင်ငံနှင့် ဆိုင်သော သုတေသန စာတမ်းများကို အခြေခံကာ တင်ပြထားခြင်း ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဒုက္ခကို ရင်ဆိုင်ရနိုင်ဖွယ် အဆင့် ၂၀ တွင် မြန်မာနိုင်ငံ ပါဝင်နေသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် သည်အဆင့် ၂ တွင်ရှိပြီး အဆိုးဆုံး ခံစားရနိုင်ဖွယ် ရှိသည်။ မြန်မာနိုင်ငံသည် အဆင့် ၂၀ တွင်ရှိသော်လည်း သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို ဖြေရှင်းရန် ပြင်ဆင်ထားရပါမည်။ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်နေသည့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆိုးဆုံး ခံစားရဖွယ်ရှိသော ပြည်နယ် ဖြစ်နေပါသည်။

ထိုင်းနိုင်ငံနှင့် မြန်မာ ပြည်တွင်းစစ်

ထိုင်းနှင့်မြန်မာနိုင်ငံသည် နယ်စပ်ချင်း ဆက်စပ်သော အိမ်နီးချင်း နိုင်ငံ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ထိုင်းနိုင်ငံ နယ်စပ်ဒေသကို ရိုက်ခတ်လေ့ရှိသည်။ အထူးသဖြင့် ကရင်ပြည်နယ်နှင့် နယ်စပ်ချင်း ဆက်စပ်နေသည့် တာ့ခရိုင် (မဲဆောက်ဒေသ) သည် မြန်မာနိုင်ငံမှ ပြည်တွင်း စစ်ကြောင့် ထွက်ပြေးလာသော မြန်မာနိုင်ငံသား ဒုက္ခသည်များကို လက်ခံထားရလေ့ ရှိသည်။

ဒုက္ခသည်စခန်းရှိ ဒုက္ခသည် တသိန်းခွဲ အပြင် စစ်ဖြစ်မှ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများကို လည်း လူသားချင်းစာနာသော အကူအညီများ ပေးနေရသည်။ ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သော ဒီကေဘီအေနှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲကြောင့် ဒုက္ခသည် သုံးသောင်း ကျော် ထိုင်းနိုင်ငံ ဘက်ထွက်ပြေးလာခဲ့သည်။

တာ့ခရိုင်အစိုးရ၏ ဒုက္ခသည် ၂၀၀၀၀ နှစ်သောင်းကျော် အတွက် အရေးပေါ်စီမံချက်

စီဒီစီ ကျောင်းအုပ်ကြီး ဆရာကြီး မန်းရွှေနှင်းထံမှ တဆင့် တာ့ခရိုင်အစိုးရ၏ အရေးပေါ် စီမံချက်ကို သိရှိရခဲ့သည်။ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် ဖြစ်လာနိုင်ခြေရှိသည့်အတွက် မဲဆောက် ခရိုင်အစိုးရ၏ ပြင်ဆင်ထားပုံမှာ ချီးကျူးဖွယ် အတုယူဖွယ် ကောင်းလှသည်။ ဒုက္ခသည် နှစ်သောင်းကျော်အတွက် ရေးဆွဲထားသော လတ်တလော ဖြေရှင်းမည့် စီမံကိန်းက ပြောစရာမရှိအောင် ကောင်းလှသည်။

ဒုက္ခသည် တဦးအတွက်

၁။ နေရာ (၃.၅) စတုရန်းမီတာအကျယ်အ၀န်

၂။ ဒုက္ခသည် (၁၀၀) အတွက် အိမ်သာ (၁) လုံး

၃။ ဒုက္ခသည် (၂၅၀) အတွက် ရေပိုက်ခေါင်းတခု စသည့်အချက်များ အပါအ၀င် လူတဦးလျင် ရေသုံးစွဲ နိုင်သည့် ရေပမာဏ၊ လူဦးရေ ထူတပ်သည့် အတွက် ရောဂါဖြစ်ပွားမှု ထိမ်းချုပ်ရေး နည်းလမ်းများအပါအ၀င် ကျန်းမာရေးလုပ်သားအရေအတွက်၊ ရိက္ခာ ရရှိနိုင်မှု စည်တို့ကို ပြင်ဆင်ထားသည်မှာ အားကျစရာ ကောင်းလှသည်။

အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ နှင့်မည်ကဲ့သို့ ချိတ်ဆက်မည်၊ ဒေသဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် အရေးပေါ် ကာလအတွင်း ဆက်ချိတ်ရမည့် အနေအထားတို့ကို စနစ်တကျ ပြင်ဆင်ထားကြောင်း တွေ့ရသည်။ စာမျက်နှာ ၁၄ မျက်နှာရှိ အရေးပေါ် စီမံချက်မှာ အစိုးရကောင်း တရပ်၏ ပြင်ဆင်ထားမှု ဖြစ်သည်။

နေပြည်တော် လွှတော်တွင်းမှ မူကြိုအမတ်များ စာများများဖတ်သင့်

ယခုကဲ့ ကမ္ဘာတ၀ှမ်း သဘာဘေးကတ်ကြီး ဆိုက်ရောက်နေသည်ကို မြန်မာ့ ခေါင်းဆောင်များ သတိထားစဉ်းစားရမည့် အချက်ဖြစ်သည်။ ကျနော်ပြောနေသော ခေါင်းဆောင်ဆိုသည်မှာ အာဏာရှိ စစ်ခေါင်းဆောင်များကိုသာ ပြောခြင်းမဟုတ်ဘဲ အတိုက်အခံခေါင်းဆောင်များ၊ လွတ်တော်တွင်းရောက် ခေါင်းဆောင်များ အားလုံးကို ဆိုလိုခြင်း ဖြစ်ပါသည်။

လွှတ်တော်သက်တမ်း မကြာမှီတနှစ် ပြည့်တော့မည်။ လွှတ်တော်အစည်းအဝေး နှစ်ကြိမ်ခေါ်ယူပြီး ဖြစ်သော်လည်း လွတ်တော်ကိုယ်စားလှယ်များမှာ မူကြိုကလေးများပမာ လွှတ်တော်တွင်း ဆွေးနွေးပွဲများတွင် မေးခွန်းမေးလိုက်၊ သက်ဆိုင်ရာဝန်ကြီးများက ဖြေလိုက်နှင့် နိုင်ငံခြား တိုင်းပြည်များမှ မူကြိုကလေးများပမာဖြစ်နေကြသည်။

ရန်ကုန်တိုင်းမှ လွှတ်တော် အမတ်တဦးမှ အကျဉ်းသားလွှတ်ပေးမှုအတွက် သမ္မတကြီးကို ကျေးဇူးတင်သောအဆိုကို တင်သွင်းသွားသည်ကို တွေ့ရပါသည်။ ဤကိစ္စသည် အတိုက်အခံ အမတ်မင်းလုပ်ရမည့် အလုပ်လော။ အဘယ့်အတွက်ကြောင့် ကျေးဇူးတင်ရမည်နည်း ဆိုသည်ကို ပြည်သူများက ရွေးကောက်လိုက်သော သုံးသိန်းစား အမတ်မင်းများ စဉ်းစားရမည်။

ယခုလက်ရှိဖြစ်ပေါ်နေသာ ပခုက္ကူရေဘေးသည် မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း၊ သဘာဝကြောင့် ဖြစ်လာသော ဘေးအန္တရယ်လော၊ လူလုပ်သောဘေးအန္တရာယ် ဟုတ်မဟုတ်ကို စုံးစမ်းစစ်ဆေးမှု ပြုလုပ်ရမည့် တာဝန်မှာ ပြည်သူကိုယ်စားလှယ်များ၏ တာဝန်ဖြစ်သည်။ ဆည်များးမှရေကို ပြည်သူများအား အသိမပေးဘဲ ဖောက်ချခြင်း ဖြစ်ပါက မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်နည်း။ စသော အချက်များကို သိရှိနိုင်ရန် အတွက် လွတ်တော် အမတ်များမှာ စာများများဖတ်ရန်လိုအပ်သည်။ သက်ဆိုင်ရာ ပါတီတို့မှလည်း ရေတိုရေရှည် စီမံကိန်းများကို ပညာရှင်များနှင့် ညှိနှိုင်းရေး ဆွဲထားရပါမည်။

၂၀၀၈ ခုနှင့် ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်၍ စစ်ခေါင်းဆောင်များမှာ မည်သည့် အရေးပေါ် စီမံကိန်းမျှ မရှိသည်ကိုတွေ့ရသည်။ သဘာဝ ဘေးအန္တရာယ်ကျရောက်နေသော ခေတ်ကြီးတွင် လွှတ်တော်ကိုယ်စားလှယ်တဦး၏ တာဝန်မှာ အစည်းအဝေးတက်ခြင်း၊ ဥပဒေရေးဆွဲခြင်းသာမဟုတ်ဘဲ မိမိဒေသန္တရ ပထ၀ီ၊ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် မည်ကဲ့သို့ကာကွယ်မည်၊ ကယ်ဆယ်ရေး လုပ်ငန်းများကို မည်ကဲ့သို့ လုပ်ဆောင်မည်နည်း စသည်တို့ကို စီမံကိန်းများ ရေးဆွဲထားရန် လိုအပ်သည်။

စစ်အစိုးရတွင်သာမက အတိုက်အခံခေါင်းဆောင်များ၊ ပါတီများတွင်လည်း သုတေသနဆိုင်ရာ စာတမ်းများဖြင့် အလုပ်မလုပ်နိုင်သည့်အတွက် မြန်မာနိုင်ငံအတွက် အထူးရင်လေးစရာပင် ဖြစ်သည်။

သတိထားရမည့် သဘာဝဘေး

Maplecroft သုတေသန အဖွဲ့ကြီး၏ သုတေသန စစ်တမ်းအရ ကမ္ဘာ့လူဦးရေ အဆမတန် တိုးပွားမှုနှင့် ဥတုရာသီပြောင်းလဲမှုသည် ကမ္ဘာကြီးအား အဓိက ခြိမ်းခြောက်နေသောအရာများ ဖြစ်သည်။

မြန်မာနိုင်ငံသည် အန္တရာယ်ကျရောက်နိုင်မှု အဆင့် ၂၀ တွင်ရှိနေသော်လည်း၊ အန္တရာယ် ကျရောက်မှု အဆင့် ၂ တွင်ရှိနေသော ဘင်္ဂလားဒေ့ရှ်နှင့် နီးစပ်သည့်အတွက် အထူးသတိ ထားစရာဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ် ပင်ဖြစ်သည်။

ပြည်သူကို လျစ်လျူရှုနေသည့် စစ်အစိုးရကို အားကိုးမနေဘဲ ပြည်နယ်တွင်း အနိုင်ရသည့် ပါတီများမှ လူထုအတွက် အရေးပေါ် စီမံချက်များ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးအတွက် စီမံချက်များကို စနစ်တကျ ပြင်ဆင်ထားရမည့် အချိန်ဖြစ်သည်။ ကမ္ဘာ့အနှုံ့ ဖြစ်ပေါ်နေသည့် အခြေအနေများကို သိရှိနိုင်ရန်အတွက် လွတ်တော်အမတ်များ စာဖတ်ရန် လိုအပ်ပါသည်။

အင်္ဂလိပ်လို မဖတ်နိုင်ပါက ဘာသာပြန်များမှတဆင့် ဘာသာပြန်စာတမ်းများကို လေ့လာရပါမည်။ တီဗွီကြည့်၊ ရေဒီယိုနားထောင်ရုံဖြင့် မလုံလောက်။ တိုင်းပြည်ကို အုပ်ချုပ်လိုသော ပါတီများ အနေဖြင့်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝဘေးအန္တရာယ်တို့သည် သီးခြားဖြစ်တည် နေခြင်းမဟုတ်ဘဲ အဆက်အစပ် ရှိနေသည်ကို သိထားရပါမည်။

ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသာ ရေဘေးကြီးကြောင့် ကမ္ဘာ့တ၀ှမ်း မည်မျှ အထိရိုက်ခတ်မှု ရှိနိုင်သည် ကိုပညာရှင်များ ပြော၍မရနိုင်သေးပေ။ ရေဘေးကြောင့် လူပေါင်း ၄၀၀ နီးပါးသေဆုံးခဲ့သည်။ အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံ ဆုံးရှုံးနိုင်သည် ဟုတွက်ချက်ထားသည်။

ထိုင်းနိုင်ငံသည် စက်မှုလုပ်ငန်း ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် အဓိကနိုင်ငံ ဖြစ်သည်။ ရေလွှမ်းမိုးမှု ကြောင့် မည်ကဲ့သို့ ထိခိုက်လာမည်ကို ခန့်မှန်း၍ မရနိုင်သေးပေ။ ကမ္ဘာ့ ဆန်ဈေးကွက်တွင်လည်း ရိုက်ခတ်မှုများရှိလာနိုင်သည်။ မြန်မာ့ ခေါင်းဆောင်များ အထူး လေ့လာသင့်သည့် သင်ခန်းစာတရပ် ဖြစ်သည်ဟုသုံးသတ်မိပါသည်။

လှရွှေ

Sources;

1. World's fastest growing populations increasingly vulnerable to the impacts of climate change – 4th global atlas reports;

2. The climate changes and environmental risk atlas 2012.

3. Mae Sot District Contingency Plan for Influx.


http://www.maukkha.org

အသက် ၂ နှစ်အောက် ကလေးကို တီဗီ ကွန်ပျူတာ လုံးဝ ပေးမကြည့်နဲ့

Tuesday, 01 November 2011 04:12 ၀င့်ထန်း

ကလေးဆေးဘက်ဆိုင်ရာ အမေရိကန်သမားတော်အဖွဲ့ (American Academy of Pediatrics) က အသက် ၂ နှစ်အောက် ကလေးငယ်တွေကို တီဗီနဲ့ ကွန်ပျူတာ စခရင် လုံးဝ မကြည့်စေဖို့ မိဘများကို သတိပေးခဲ့သည်။

အသက် ၈ နှစ်အောက်တွေကိုလည်း ကွန်ပျူတာနဲ့ တီလီဗေးရှင်း စခရင်တွေရှေ့မှာ အချိန်ဖြုန်းတာကို ကန့်သတ်ထားဖို့ အစီရင်ခံစာတစ်စောင် မကြာခင်က ထုတ်ပြန်ခဲ့သည်။

ငယ်ရွယ်လွန်းသေးတဲ့ ကလေးတွေကို တီဗီ၊ ကွန်ပျူတာ ကြည့်ရှုစေခြင်းဖြင့် မည်သည့်ပညာရေး အကျိုးအမြတ်မှ ရရှိစေမှာ မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

ဘော်စတွန်မြို့မှာ နှစ်စဉ်အစည်းအဝေးလုပ်တဲ့ သမားတော်များအဖွဲ့က တီဗီစခရင် ကြည့်လွန်းတဲ့ ကလေးတွေ ကလေးဆေးခန်းတွေမှာ ပြုံရောက်နေတဲ့အကြောင်း ပြောဆိုခဲ့သည်။ ကလေးငယ်တွေကို တီဗီပြပြီးစာသင်တာ၊ အိမ်နောက်ဖေးမှာ မိဘတွေ အလုပ်ရှုပ်နေလို့ ကလေးကို တီဗီရှေ့ပို့ထားတာတွေဟာ နုနယ်တဲ့ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်မှုဖြစ်စေတယ်ဟု ဆိုသည်။

တက္ကဆပ်ပြည်နယ်မှ ဒေါက်တာ Ari Brown က "လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် အခု ဗီဒီယို စခရင်တွေ နေရာတိုင်းမှာ ရှိနေတယ်။ မက်ဆေ့ခ်ျတွေကလည်း အရမ်းများလွန်းနေတယ်။ တီဗီ၊ ကွန်ပျူတာ၊ အိုင်ပက်၊ စမတ်ဖုန်းတွေ အိမ်တိုင်းမှာ ရှိနေပြီး၊ အနောက်နိုင်ငံတွေက အိမ်တိုင်းမှာ စခရင် ၁၀ ခုမက ရှိနေတယ်။ အဲဒီ အီလက်ထရောနစ် ဖျော်ဖြေမှုက အထူးသဖြင့် နုနယ်တဲ့ ဦးနှောက်တွေကို ဘေးအန္တရာယ် ဖြစ်စေတယ်" ဟု ပြောခဲ့သည်။

နောက် Temple တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Kathryn Hirsh-Pasek ကလည်း ကျောင်းစနေတဲ့ ကလေးတွေကို တီဗီနဲ့ စာသင်တာတွေ သတိထားဖို့ ပြောသည်။ "ကလေးတွေကို ဗီဒီယိုနဲ့ ဘာသာစကား သင်ပေးတာတွေ အရမ်းများလာတယ်။ ကျမတို့ သုတေသနတွေ့ရှိချက်တွေအရ ကလေးဟာ ဘာသာစကားများများ နားလည် လေလေ၊ နောက်ပိုင်းမှာ သူ့ရဲ့ထုတ်လုပ်နိုင်စွမ်း လျော့နည်းလေပဲ။ အဓိကကတော့ မိဘတွေက သူတို့ကလေးတွေရဲ့ မီဒီယာ သုံးစွဲမှုကို လျှော့ချပေးဖို့ပဲ"

နောက်တွေ့ရှိချက်တစ်ခုက အနောက်က ၈ နှစ်အောက် ကလေးတွေဟာ တယ်လီဗေးရှင်းကို ဆင်ကြီးလောက် ကြီးတယ်ဟု ယူဆလာပြီး iPod, iPad နဲ့ အခြားတက်ဘလက်လေးတွေကိုပဲ စွဲစွဲလမ်းလမ်းဖြစ်လာကြသည်။ နေ့စဉ် အဲဒီမီဒီယာ ပစ္စည်းငယ်များနှင့် ကလေးတွေ အချိန်ဖြုန်းလာကြသည်။

ဥပမာ၊ ဘော်စတွန်မြို့က Jeannie Crowley အမျိုးသမီးဆိုရင် သူ့ရဲ့ ၁၉ လအရွယ် သမီးငယ် Maggie ကို iPad ပေးထားသည်။ ခြေမခိုင်သေးတဲ့ သမီးငယ်က ခွေးဟောင်သံနဲ့ ဘဲတွေပါတဲ့ Youtube ဗွီဒီယိုကို ထပ်ခါတလဲလဲ ဖွင့်၊ အကြိုက်ဆုံး သီချင်းသုံးပုဒ်နဲ့ အမြဲကတတ်သည်။ စခရင်ကို ဘယ်လိုကိုင်ရမယ် ဘယ်လိုဖွင့်ရမယ် ဆိုတာ ကလေးက အကုန်သိနေပြီဟု ဆိုသည်။

အမေရိကန် သမားတော်များအဖွဲ့ကတော့ အဲဒီလို ကလေးတွေ မီဒီယာပစ္စည်း စွဲလမ်းတာကို ဂုဏ်ယူမနေဖို့နဲ့ ရေရှည်မှာ ကလေးဘ၀အတွက်ရော သူတို့ပညာရေးအတွက်ပါ ဘာအကျိုးအမြတ်မှမရနိုင်ဟု တားမြစ်ထားသည်။

ဝင့်ထန်း

ရည်ညွှန်း the New York Times
http://www.maukkha.org

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​စီး​ပွား​ရေး​ အနာဂတ် – အပိုင်း​ (၂)


Published on November 1, 2011 by ထက်​အောင်
မောင်း​မကန်ကမ်း​ရိုး​တန်း​က ထား​ဝယ်​ကျေး​လက်​ဒေသရဲ့​ လူမှုစီး​ပွား​ဘဝပုံရိပ်လွှာ
တနင်္သာရီကမ်း​ရိုး​တန်း​က ​မောင်း​မကန်ကမ်း​ခြေဟာ ​ဖြောင့်​တန်း​လှပပြီး​ လူသား​ရဲ့​ပြုပြင်မှု မခံရ​သေး​တဲ့​ ပကတိ သဘာဝ ကမ်း​ခြေတခုပါ။ ဒါ​ပေမယ့်​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲတာ​ကြောင့်​ ရခိုင်ပြည်နယ်က ငပလီကမ်း​ခြေ၊​ ဧရာဝတီတိုင်း​က ​ငွေ​ဆောင်နဲ့​ ​ချောင်း​သာကမ်း​ခြေ​တွေ​လောက် ​မောင်း​မကန် ကမ်း​ခြေဟာ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​မှု မရှိခဲ့​ပါဘူး​။
မောင်း​ မကန်ကမ်း​ခြေရဲ့​ လက်ရှိအ​ခြေအ​နေနဲ့​ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​မှုဟာ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ က ထိုင်း​နိုင်ငံ နဲ့​ ဆင်တူပြီး​ အရိုင်း​လွင်ပြင်သာသာပဲ ရှိတယ်လို့​ အီတာလျှံ – ထိုင်း​ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျာ Surin Vichian က ​ပြောဖူး​ပါတယ်။ ထိုင်း​နိုင်ငံက ကမ္ဘာ​ကျော် ဖူး​ခက်ကမ်း​ခြေနဲ့​ နှိုင်း​ယှဉ်ရင် ​မောင်း​မကန်ဟာ ​တော်​တော် ​ခေတ်​နောက်ကျ ကျန်ရစ်တဲ့​ ကမ်း​ခြေတခု ဖြစ်​နေပါတယ်။
ဒါ​ပေမယ့်​ ထား​ဝယ်​ဒေသမှာ သူရဲ့​ပင်ကိုယ်မူလတန်ဖိုး​တွေ ရှိ​နေပါတယ်။ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်အတွက် အချက်အချာကျတဲ့​ ထား​ဝယ်ခရိုင်၊​ ​ရေဖြူမြို့​နယ်ထဲက နဘုလယ်​ဒေသမှာ ထား​ဝယ်သား​ အချင်း​ချင်း​တောင် နား​လည်ရ ခက်တဲ့​ ​ရှေး​ထား​ဝယ်စကား​အသုံး​အနှုန်း​တွေကို ယ​နေ့​တိုင် ထိန်း​သိမ်း​သုံး​စွဲ​နေတဲ့​ လူ့​အဖွဲ့​အစည်း​တခု ရှိ​နေပါတယ်။ ​ဒေသခံ​တွေရဲ့​ အစဉ်အလာယုံကြည်မှုအရ သည်​နေရာဟာ ထား​ဝယ်လူမျိုး​တွေရဲ့​ ဇစ်မြစ်​နေရာဌာန တခုဆိုတာကို​တော့​ သိသူ ရှား​ပါလိမ့်​မယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်က​နေ တိုင်း​ပြည်အတွက် ရရှိလာမယ့်​ အကျိုး​ကျေး​ဇူး​က ​နောင် ၁၀ နှစ် ခန့်​ကြာမှ မြင်​တွေ့​နိုင်မှာ ဖြစ်​ပေမယ့်​ ​ဒေသခံ​တွေက​တော့​ ပြဿနာ​ပေါင်း​စုံနဲ့​ ရင်ဆိုင်​နေရပါပြီ။ ဘာသာ​ရေး​နဲ့​ ယဉ်​ကျေး​မှု အမှတ်လက္ခဏာ​တွေနဲ့​ ပင်ကိုယ်သဘာဝအတိုင်း​ ရှိ​နေ​သေး​တဲ့​ ​မောင်း​မကန် ကမ်း​ရိုး​တန်း​မှာ ​ဆောက်လုပ်မယ့်​ စက်မှုဇုန် စီမံကိန်း​ကြီး​ဟာ ​ဒေသခံပြည်သူ​တွေရဲ့​ လူ​နေမှုပုံသဏ္ဍာန်နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေကို လုံး​ဝ​ပြောင်း​လဲပစ် လိုက်မှာ ဖြစ်ပါတယ်။ ဘိုး​ဘွား​စဉ်ဆက် ပိုင်ဆိုင်ခဲ့​တဲ့​ ​မြေယာ​တွေကိုလည်း​ စက်မှုဇုန် အတွင်း​ စ​တေး​ပစ်တာ ခံကြရပါ​တော့​မယ်။ ဘာသာ​ရေး​နဲ့​ယဉ်​ကျေး​မှုအ​မွေအနှစ်များ​ ကိန်း​ဝပ်တဲ့​ အ​ဆောက်အဦး​တွေလည်း​ အဖျက်ဆီး​ခံကြရပါ​တော့​မယ်။
နဘုလယ်​ကျေး​ ရွာအုပ်စုဖြစ်တဲ့​ လဲ​ရှောင်၊​ ပရဒတ်၊​ ထိန်ကြီး​၊​ မယင်း​ကြီး​၊​ မူး​ဒူး​ကျေး​ရွာတို့​ကို မကြာခင်မှာ စတင် ​ပြောင်း​ရွှေ့​ရမယ်လို့​ ​ဒေသအာဏာပိုင်​တွေက ရွာသား​တွေကို အ​ကြောင်း​ကြား​ထား​ပါတယ်။ ​ဒေသခံ​တွေရဲ့​ ခန့်​မှန်း​ခြေအရ ရွာ ၅ ရွာ ​ပေါင်း​ လူဦး​ရေ ၁၀,၀၀၀ ​ကျော်တယ်လို့​ ဆိုပါတယ်။ နဘုလယ်​ဒေသဟာ ပင်လယ်ကမ်း​ခြေနဲ့​ နီး​ပေမယ့်​ ရာဘာနဲ့​ သီဟိုဠ်ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​တွေကို အဓိကလုပ်ကိုင်ကြပါတယ်။
ဒေသခံ​တွေ​ ပြောပြချက်အရ ​ပြောင်း​ရွှေ့​ချထား​မယ့်​နေရာက နဘုလယ်ရဲ့​ ​မြောက်ဘက် သိပ်မ​ဝေး​လှတဲ့​ ဘဝါကမ်း​ခြေဖြစ်ပါတယ်။ ​နေရာသစ်ဟာ ငါး​ဖမ်း​ လုပ်ငန်း​ လုပ်ကိုင်ရာ​ဒေသဖြစ်ပြီး​ ​မြေပြန့်​ နည်း​ပါး​ ​တောင်ကုန်း​တွေများ​တဲ့​ အတွက် ဥယျာဉ်ခြံလုပ်ငန်း​နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​တဲ့​ နဘုလယ်သား​တွေအတွက် အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​ အခက်အခဲ ​တွေ့​နိုင်တယ်လို့​ ဆိုပါတယ်။ ဘဝါကမ်း​ခြေဟာ ​မြေလွတ်​မြေရိုင်း​များ​သာဖြစ်တဲ့​အတွက် ​ပြောင်း​ရွှေ့​ခံရသူ​တွေ အတွက် ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​ကို လုပ်မယ်ဆိုရင် အစက​နေ ပြန်လည်ထူ​ထောင်ရမယ့်​ အ​ခြေအ​နေဖြစ်ပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဒေသတွင် ကျရောက်နေသော ကျေးရွာ ၁၉ ရွာကို ပြောင်းရွှေ့နေရာချထားမည့် စီမံကိန်းမြေပုံ

မွေး​ရပ်​ မြေကို စွန့်​ခွာလာရတဲ့​ ​ဒေသခံ​တွေဟာ လူမှုဘဝနဲ့​ ယဉ်​ကျေး​မှု တန်ဖိုး​တွေကို လည်း​ လက်လွှတ်ဆုံး​ရှုံး​မှာဖြစ်ပါတယ်။ ဆုံး​ရှုံး​သွား​တဲ့​ အိုး​အိမ်​မြေယာ​တွေအတွက် မျှတသင့်​လျော်တဲ့​ ​လျော်​ကြေး​ရရှိတဲ့​တိုင်​အောင် ​နေရာသစ်မှာ ဘဝကို ပြန်စရမှာ ဖြစ်တဲ့​အတွက် လူမှုဝန်ထုပ်ဝန်ပိုး​ကြီး​တွေက မိသား​စုများ​စွာရဲ့​ပခုံး​ပေါ် ကျ​ရောက်ဖိစီး​ လာ​တော့​မှာ ဖြစ်ပါတယ်။ ​ခေတ်သစ် စက်မှု​တော်လှန်​ရေး​တရပ်ကို ကိုယ်​တွေ့​ ခံစား​ယုံက လွဲပြီး​ တခြား​ရွေး​ချယ်စရာလမ်း​ မရှိပါဘူး​။
မြန်မာနိုင်ငံရဲ့ ​ကျေး​ရွာတိုင်း​လိုလိုမှာ ဘုန်း​တော်ကြီး​ကျောင်း​များ​နဲ့​ ​စေတီပုထိုး​များ​ ရှိကြပါတယ်။ ဘာသာ​ရေး​ အ​ဆောက်အအုံ​တွေဟာ ​ကျေး​ရွာလူမှုဘဝတခုလုံး​ကို ဟန်ချက်ညီ​အောင် စုစည်း​ထိန်း​ကျောင်း​ထား​နိုင်တဲ့​ လူမှုအ​ခြေခံ အ​ဆောက်အအုံ ​တွေဖြစ်ပါတယ်။ ​ကျေး​ရွာ​တွေကို ​ရွှေ့​ပြောင်း​ခိုင်း​ ​ပေမယ့်​ ဒီလို ဘာသာ​ရေး​ဆိုင်ရာ ဘုန်း​တော်ကြီး​ကျောင်း​တွေနဲ့​ ​စေတီပုထိုး​တွေကို မဖျက်ဆီး​ဘဲ နဂိုအတိုင်း​ ထား​ရှိခွင့်​ပြုမယ်လို့​ ထိုင်း​ကုမ္ပဏီနဲ့​ မြန်မာအာဏာပိုင်​တွေက ​ပြောဆို​နေပါတယ်။ ဒါ​ပေမယ့်​ “ဘုန်း​ကြီး​ကျောင်း​တွေကို ချန်ထား​ခဲ့​ပြီး​ ရွာ​တွေ အကုန်လုံး​ ​ပြောင်း​ရွှေ့​ခိုင်း​တော့​ ဘုန်း​ကြီး​တွေ ဘယ်က ဆွမ်း​၊​ ကွမ်း​နဲ့​ အသက်ဆက်ရမှာလဲ၊​ ဘုန်း​ကြီး​ဆိုတာ ဒကာမရှိတဲ့​နေရာမှာ မရှင်သန်နိုင်ဘူး​လို့​ ​ဝေဖန်​နေကြပါတယ်။
စီမံကိန်း​ ဒေသဟာ သတင်း​မီဒီယာ​လောကနဲ့​ အလှမ်း​ဝေး​နေတာရယ်၊​ လွတ်လပ်တဲ့​ ပြည်တွင်း​ပြည်ပက ဖွံ့​ဖြိုး​ရေး​ သု​တေသီ​တွေ၊​ စီး​ပွား​ရေး​ပညာရှင်​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင်ဆိုင်ရာပညာရှင်​တွေ သွား​ရောက်​လေ့​လာခွင့်​မရတဲ့​အတွက် ထား​ဝယ် ​ဒေသခံ​တွေရဲ့​ လူသား​လုံခြုံမှု (Human Security) ဟာ လူမသိသူမသိ ခြိမ်း​ခြောက်ခံ​နေရပါတယ်။
စီမံကိန်း​ဒေသက ​ကျေး​ရွာ​တွေ ​ပြောင်း​ရွှေ့​ရေး​နဲ့​ ရွာသား​တွေ ဆုံး​ရှုံး​ခဲ့​ရမှုများ​အ​ပေါ် ​လျော်​ကြေး​ပေး​ရေး​ကိစ္စ​တွေက အီတာလျံ- ထိုင်း​ကုမ္ပဏီ ရင်ဆိုင်​ဖြေရှင်း​ရမယ့်​ လတ်တ​လောပြဿနာ​တွေပါ။ မြန်မာစစ်အစိုး​ရက အရပ်သား​ အစိုး​ရကို အာဏာမလွှဲမီ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့​တဲ့​ “ထား​ဝယ်အထူး​ စီး​ပွား​ရေး​ဇုန်ဥပ​ဒေ” ထဲမှာ စီမံကိန်း​ကြောင့်​ နစ်နာဆုံး​ရှုံး​မှုအတွက် ​ဒေသခံ ရွာသား​တွေကို ​လျော်​ကြေး​ပေး​ရန် ရင်း​နှီး​မြှုပ်နှံသည့်​ကုမ္ပဏီများ​က တာဝန်ယူရမယ် လို့​ ဥပ​ဒေရဲ့​ ပုဒ်မ ၃၄ မှာ ​အောက်ပါ အတိုင်း​ ​ဖော်ပြထား​ပါတယ်။
“ဗဟိုအဖွဲ့​က ခွင့်​ပြုထား​သည့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်အတွင်း​ရှိ ​မြေ​ပေါ်တွင်၊​ လူ​နေအိမ်​ခြေများ​၊​ အ​ဆောက်အအုံများ​၊​ လယ်ယာဥယျာဉ်ခြံ​မြေများ​၊​ သီး​ပင်စား​ပင်များ​၊​ စိုက်ခင်း​များ​ စသည်တို့​ကို ​ပြောင်း​ရွှေ့​ရှင်း​လင်း​ပေး​ရန်ရှိပါက ယင်း​တို့​အား​ ​ပြောင်း​ရွှေ့​နေရာချထား​ခြင်း​နှင့်​ ​လျော်​ကြေး​ပေး​ခြင်း​တို့​အတွက် ကုန်ကျစရိတ်များ​ကို ရင်း​နှီး​တည်​ဆောက်သူ သို့​မဟုတ် ရင်း​နှီး​မြှုပ်နှံသူက ကျခံရမည်။ ထို့​အပြင် ​ပြောင်း​ရွှေ့​ရသူများ​အတွက် မူလအဆင့်​အတန်း​ထက် မနိမ့်​ကျ​စေရန်နှင့်​ ယင်း​တို့​၏ အ​ခြေခံလိုအပ်ချက်များ​ ပြည့်​စုံ​စေရန် ​ဆောင်ရွက်​ပေး​ရမည်။ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံခန့်​ခွဲမှု ​ကော်မတီသည် အဆိုပါလုပ်ငန်း​များ​ အဆင်​ပြေ​ချော​မွေ့​စေ​ရေး​အတွက် လိုအပ်သလို ညှိနှိုင်း​ဆောင်ရွက်​ပေး​မည်” လို့​ ​ဖော်ပြထား​ပါတယ်။
ဥပ​ဒေပါစကား​ ရပ်​တွေက ​ဒေသခံ​တွေရဲ့​နစ်နာမှု​တွေကို ကာကွယ်​ပေး​ထား​တာ ​တွေ့​ရ​ပေမယ့်​ ​မြေပြင်​ပေါ်မှာ လက်​တွေ့​အ​ကောင်အထည်​ဖော်​နေတဲ့​ အ​ခြေအ​နေ ​တွေနဲ့​ ကင်း​ကွာ​နေတာ​တွေရှိပါတယ်။ ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်မယ့်​ ကမ်း​ခြေအနား​က သူ့​ရဲ့​နေအိမ် တဲကပြင်​ပေါ်မှာ ထိုင်ရင်း​ အသက် ၆၀ ခန့်​ရှိ ထား​ဝယ်သား​ အဖိုး​အိုက “ကျုပ်ရဲ့​ သီဟိုခြံထဲက​နေ လမ်း​ ​ဖောက်​နေတာ ပြီး​သွား​ပြီ။ ရွာလူကြီး​က​တော့​ ​လျော​ကြေး​ရမယ် ​ပြောတာပဲ၊​ တကယ်က လမ်း​မ​ဖောက်ခင်ကထဲက ​ပေး​သင့်​ တာ​ပေါ့​” လို့​ အီတာလျံ – ထိုင်း​ကုမ္ပဏီရဲ့​ နည်း​လမ်း​မကျပုံကို ရှင်း​ပြပါတယ်။ အာဏာပိုင်​တွေအ​ရေး​ယူမှာ စိုး​ရိမ်တဲ့​အတွက် အဖိုး​အိုက သူ့​ရဲ့​နာမည်ကို မထုတ်​ဖော်​စေချင်ပါဘူး​။

အီတာလျံ - ထိုင်းကုမ္ပဏီက ခန့်ထားသော “ပြန်လည် နေရာချထားမှု ညှိနှိုင်းရေးအရာရှိ” မြန်မာလူမျိုး ဦးအောင်ဇော်ဝင်းက ရွာသားများအား ဤပုံစံကို ဖြန့်ဝေ ပေးပြီး ခုတ်လှဲခံရမည့် သစ်ပင်အမျိုးအစား၊ သက်တမ်း နှင့် အ ရေအတွက်ကို ဖြည့် သွင်းကာ သ ဘောတူ ကြောင်း လက်မှတ် ရေထိုး ခိုင်း ။
စီမံကိန်း​ ဒေသက ထား​ဝယ်​ဒေသခံ​တွေဟာ ​ကျေး​လက်​နေလူတန်း​စား​ အလွှာဖြစ်ပြီး​ အတန်း​ပညာတတ်​မြောက်မှု နည်း​ပါး​ပေမယ့်​ ထိုင်း​နိုင်ငံက အထင်ကရ နိုင်ငံတကာကုမ္ပဏီကြီး​တခုရဲ့​လုပ်ရပ်ဟာ တရား​နည်း​လမ်း​မကျဘူး​ဆိုတာကို​တော့​ သူတို့​ သိ​နေကြပါတယ်။ ဒါ​ပေမယ့်​ ​ဒေသအာဏာပိုင်​တွေရဲ့​ ဖိအား​ပေး​မှု​အောက်မှာ ဘယ်လိုမှ ငြင်း​ဆန်လို့​မရတဲ့​ အ​ခြေအ​နေနဲ့​ ကြုံ​တွေ့​နေရပါတယ်။
မကြာခင်က ပြုလုပ်ခဲ့​တဲ့​ ​ဒေသခံဥယျာဉ်ခြံ​မြေပိုင်ရှင်​တွေနဲ့​ ​တွေ့​ဆုံတဲ့​ အစည်း​အ​ဝေး​တခုမှာ အီတာလျံ – ထိုင်း​ကုမ္ပဏီက ခန့်​အပ်ထား​တဲ့​ ပြန်လည်​နေရာ ချထား​မှု ညှိနှိုင်း​ရေး​အရာရှိ မြန်မာလူမျိုး​ ဦး​အောင်​ဇော်ဝင်း​ (​ခေါ်) Aubrey G. Winbaw က လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲခဲ့​တဲ့​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင် စတဲ့​ ​ဒေသခံ​တွေအတွက် ဝင်​ငွေရရှိတဲ့​ သစ်ပင်အမျိုး​အစား​တိုင်း​ကို ​လျော်​ကြေး​ ​ပေး​မယ်လို့​ အာမခံ ​ပြောဆိုခဲ့​ပါတယ်။ ရွာသား​တွေက သစ်ပင်တပင်ရဲ့​ တန်ဖိုး​နဲ့​ ဘယ်အချိန်မှာ ​လျော်​ကြေး​ပေး​မလဲလို့​ ​မေး​တဲ့​အခါ ဦး​အောင်​ဇော်ဝင်း​က ကုမ္ပဏီအ​နေနဲ့​ မသတ်မှတ်ရ​သေး​ကြောင်း​၊​ အစည်း​အ​ဝေး​ မထိုင်ရ​သေး​ကြောင်း​ ပြန်​ပြောခဲ့​ပါတယ်။
ဒါ​ပေမယ့်​ အထက်က​ဖော်ပြထား​တဲ့​ ဇယား​ကွက်ပုံစံကို အီတာလျံ – ထိုင်း​ကုမ္ပဏီနဲ့​ ​ဒေသခံအာဏာပိုင်​တွေက ​ကျေး​ရွာ​တွေကို တရွာဝင်တရွာထွက် ဥယျာဉ်ခြံပိုင်ရှင် ​တွေနဲ့​ ​တွေ့​ဆုံပြီး​ သူတို့​ခြံ​မြေထဲက ခုတ်လှဲမယ့်​သစ်ပင်​တွေကို စာရင်း​ပြုစုပြီး​ သ​ဘောတူ​ကြောင်း​လက်မှတ်ထိုး​ခိုင်း​ခဲ့​တယ်။
ထိုပုံစံမှာ လက်မှတ်​ရေး​ထိုး​မယ့်​သူဟာ ဥယျာဉ်ခြံပိုင်ရှင်အပြင် အီတာလျံ-ထိုင်း​ ကုမ္ပဏီက အရာရှိတဦး​၊​ မြန်မာ​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဌ ပိုင်ဆိုင်တဲ့​ Max Myanmar ကုမ္ပဏီက အရာရှိတဦး​၊​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​၊​ မြို့​နယ်နှစ်ရှည်သီး​နှံအရာရှိနဲ့​ မြို့​နယ်​မြေစာရင်း​အရာရှိတို့​ ပါဝင်တယ်။ Max Myanmar ကုမ္ပဏီဟာ ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန် ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေမှာ အီတာလျံ-ထိုင်း​ ကုမ္ပဏီနဲ့​ ပူး​ပေါင်း​တည်​ဆောက်မယ့်​ ပြည်တွင်း​ကုမ္ပဏီတခု ဖြစ်ပါတယ်။
အီတာလျံ-ထိုင်း ​ကုမ္ပဏီက လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲရမယ့်​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင်​တွေအတွက် ဥယျာဉ်ခြံ ပိုင်ရှင်ရွာသား​တွေနဲ့​ ​လျော်​ကြေး​တန်ဖိုး​ သတ်မှတ်ခြင်း​ကိစ္စကို အရင်ဦး​ဆုံး​ နှစ်ဦး​သ​ဘောတူညှိနှိုင်း​မှုရယူခဲ့​ခြင်း​မရှိဘဲ သစ်ပင်​တွေခုတ်လှဲပြီး​ လမ်း​ဖောက်လုပ်တာကို သ​ဘောတူညီ​ကြောင်း​ ​ဒေသအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ ဖိအား​ပေး​ လက်မှတ်ထိုး​ခိုင်း​ခဲ့​ပါတယ်။ အဲ့​ဒီအတွက်​ကြောင့်​ ရွာသား​တွေမှာ သူတို့​ဆုံး​ရှုံး​နစ်နာမှု​တွေအတွက် တန်ရာတန်​ကြေး​ရရှိဖို့​ ကုမ္ပဏီနဲ့​ အ​ပေး​အယူလုပ်နိုင်တဲ့​ အင်အား​ (Bargaining Power) ဆုံး​ရှုံး​ခဲ့​ရပါတယ်။
အီတာလျံ-ထိုင်း ​ကုမ္ပဏီအ​နေနဲ့​ တဖက်မှာ ​ဒေသခံအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ စီမံကိန်း​ဒေသက ထား​ဝယ်​ကျေး​လက် လူထုအ​ပေါ် တဖက်သတ် ပြုမူ​ဆောင်ရွက်​နေသလို အခြား​တဖက်မှာ​တော့​ ရင်း​နှီး​မြှုပ်နှံသူ​တွေကို ဆွဲ​ဆောင်​ပြောဆို​နေပါတယ်။ ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​က ဘန်​ကောက်မြို့​မှာကျင်း​ပတဲ့​ ထား​ဝယ်စီမံကိန်း​အ​ပေါ် ရင်း​နှီး​မြုပ်နှံမယ့်​သူများ​ကို ရှာ​ဖွေဆွဲ​ဆောင်တဲ့​ ရှင်း​လင်း​ပွဲတခုမှာ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ စက်ရုံ​တွေ ​ဆောက်လုပ်ဖို့​ ​မြေကွက်​တွေ စတင် စရံသတ်ထား​နိုင်ပါပြီလို့​ ​ကြေညာခဲ့​ပါတယ်။
http://burmese.dvb.no/archives/17221

ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်​ကြော​ရေး​လုပ်ခဲ့​ဟု ကိုဖိုး​ဖြူ ​ပြော


Published on November 1, 2011 by ရွှေအောင်




သက်ဆိုင်ရာက ဖမ်း​ပြီး​ စစ်​ဆေး​တဲ့​အချိန်မှာ ​ဆေး​ရည်တမျိုး​တိုက်ပြီး​ စစ်ခဲ့​ကြတယ်လို့​ ​လယ်သမား​အ​ရေး​ဆောင်ရွက်​နေတဲ့​ ​ရှေ့​နေကိုဖိုး​ဖြူက ​ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်​နေ့​က ရန်ကုန်မြို့​ ဗိုလ်ချုပ်လမ်း​ပေါ်က အိုး​အိမ်ဦး​စီး​ဌာန​ရှေ့​မှာ ​ရှေ့​နေကိုဖိုး​ဖြူနဲ့​ လယ်သမား​တွေ ဆန္ဒပြတာကို သက်ဆိုင်ရာက လာ​ရောက်တား​မြစ်ပြီး​တဲ့​နောက် ကိုဖိုး​ဖြူနဲ့​ လယ်သမား​ငါး​ဦး​တို့​ အဖမ်း​ခံခဲ့​ကြရပါတယ်။

ရှေ့နေ ကိုဖိုးဖြူ

အဲ့​ဒီ​နောက် ကိုဖိုး​ဖြူကို ရန်ကုန်မြို့​ ပြည်လမ်း​ပေါ်မှာရှိတဲ့​ အရင်လွှတ်​တော်အ​ဆောက်အဦထဲက ရန်ကုန်တိုင်း​ ရဲသတင်း​တပ်ဖွဲ့​ ရုံး​ခန်း​ကို​ခေါ်သွား​ပြီး​ စစ်​ကြော​ရေး​လုပ်ရင်း​ ​ရေဆာလို့​ ​ရေ​တောင်း​သောက်တဲ့​ အချိန်မှာ တိုက်ခဲ့​တာဖြစ်တယ်လို့​ ကာယကံရှင်ဖြစ်တဲ့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

“ဖမ်း​လာတဲ့​အချိန်မှာ မျက်နှာကို အုပ်တယ်၊​ အဝတ်နဲ့​ အုပ်တယ်။ ပြီး​တော့​ အသက်ရှူ​ပေါက်​ပေး​ထား​တယ်၊​ ပြီး​တဲ့​အခါမှာတာ့​ အနံ့​အရသာ ရှိ​နေတဲ့​ ​ရေကိုတိုက်တယ်။ ​ရေဆိုတာ သဘာဝအား​ဖြင့်​ အနံ့​အရသာ မရှိရဘူး​။ ကျ​နော့်​ကို စစ်​ကြော​ရေး​ပြုလုပ်​နေတဲ့​ အချိန်မှာ​တော့​ အနံ့​လည်း​ ရှိ​နေတယ်၊​ အရသာ တမျိုး​လို့​လည်း​ ခံစား​နေရတယ် ပြီး​တော့​ မူး​လာတယ်။ ဒီလို ပြုလုပ်တာက​တော့​ဖြင့်​ ရဲတပ်ဖွဲ့​ဝင်များ​ စည်း​ကမ်း​ထိန်း​သိမ်း​ရေး​ဥပ​ဒေနဲ့​ ညီညွတ်ခြင်း​ မရှိဘူး​။ ဒါ တည်ဆဲ ဥပ​ဒေအရဆိုရင် နိုင်ငံတကာ ဥပ​ဒေအရ ​ပြောမယ်ဆိုရင် ကုလသမဂ္ဂက ချမှတ်ထား​တဲ့​ အထိန်း​သိမ်း​ခံထား​ရသူ​တွေကို အ​ခြေခံထား​ရှိရမယ့်​ အဆင့်​အတန်း​ နှုန်း​စံ​တွေနဲ့​လည်း​ ညီညွတ်ခြင်း​ မရှိပါဘူး​။ ဒါ စိတ်ပိုင်း​ဆိုင်ရာကို နာရီနဲ့​အမျှ ကြာ​အောင် ညှဉ်း​ပန်း​ခဲ့​ရာ ​ရောက်တယ်လို့​ ကျ​နော် ​ပြောချင်ပါတယ်။”

ရေ​သောက်ပြီး​တဲ့​နောက် သူခံစား​ရပုံကိုလည်း​ ကိုဖိုး​ဖြူက “​သောက်ပြီး​ပြီး​ချင်း​ မသိသာဘူး​။ ၁ မိနစ်၊​ ၂ မိနစ်အတွင်း​မှာ နှလုံး​တွေတုန်လာတယ်။ အသက်ရှူရတာ ကျပ်လာတယ်။ အရမ်း​မောလာတယ်။ လူကနုံး​ခွေပြီး​ အရမ်း​စိတ်ကျသွား​တယ်။ ဒါမျိုး​တွေခံစား​ရပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြတဲ့​ လယ်သမား​တွေကို ကိုဖိုး​ဖြူက ​ခေါင်း​ဆောင်တယ်ဆိုပြီး​ ဖမ်း​သွား​တဲ့​မနက်ကတည်း​က ညပိုင်း​အထိ အဆိုပါ​နေရာမှာ တ​နေကုန်စစ်​ဆေး​ပြီး​ ညကျမှ ဗိုလ်တ​ထောင်ရဲစခန်း​ကို ပြန်ပို့​တယ်လို့​ ဆိုပါတယ်။

လယ်သမား​တွေကို သူ​ခေါင်း​ဆောင်တာလည်း​ မဟုတ်ဘဲ လယ်သမား​တွေက သူတို့​ရဲ့​ လယ်​တွေ ပြန်​ပေး​ဖို့​ ​တောင်း​ဆိုကြတာ ဖြစ်တယ်လို့​ ကိုဖိုး​ဖြူက ​ပြောပါတယ်။

ဗိုလ်တ​ထောင်ရဲစခန်း​မှာ​တော့​ စခန်း​မှူး​အပါအဝင် သက်ဆိုင်ရာရဲ​တွေက မိသား​စုလို ဆက်ဆံတယ်လို့​ သိရပါတယ်။

ကိုဖိုး​ဖြူပါ လယ်သမား​ခြောက်ဦး​ကို ပြစ်မှုဥပ​ဒေ ပုဒ်မ၁၄၃ တရား​မဝင်လူစုလူ​ဝေး​မှာပါဝင်မှုနဲ့​ ပုဒ်မ၁၄၅ တရား​မဝင်လူစုလူ​ဝေး​ကို ဖြိုခွဲတဲ့​အခါဖီဆန်တယ်ဆိုတဲ့​အမှု စတဲ့​ နှစ်မှုနဲ့​ ဗိုလ်တ​ထောင်တရား​ရုံး​က တရား​စွဲဆိုထား​ပြီး​ စ​နေ​နေ့​က အာမခံနဲ့​ ပြန်လွှတ်​ပေး​ထား​တယ်လို့​ သိရပါတယ်။

လာမယ့်​ နိုဝင်ဘာ ၁၁ ရက်​နေ့​ ရုံး​ချိန်း​ရှိပြီး​ အစိုး​ရသစ်လက်ထက် ငြိမ်း​ချမ်း​စွာ ဆန္ဒပြသူ​တွေကို ပထမဆုံး​အကြိမ် တရား​စွဲဆိုတာလည်း​ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/17251

နေမျိုး​ဇင်ကို အင်း​စိန်​ထောင်​ဆေး​ရုံတွင် ခွဲစိတ်ကုသရန် စီစဉ်



Published on November 1, 2011 by နေသွင်
အင်း ​စိန်​ထောင်မှာ ကျန်း​မာ​ရေး​ဆိုး​ရွား​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​နေမျိုး​ဇင်ကို ​ထောင်တွင်း​ဆေး​ရုံမှာ ခွဲစိတ်ကုသဖို့​ စီစဉ်​နေတယ်လို့​ မိသား​စုက ​ပြောပါတယ်။
အီလက်ထ​ ရောနစ်ပုဒ်မနဲ့​ ​ထောင်ဒဏ် ၁၀ နှစ်ချခံထား​ရတဲ့​ ကို​နေမျိုး​ဇင်ဟာ ​ထောင်တွင်း​အချုပ်မှာ ​ချော်လဲတဲ့​ ဒဏ်ရာ​ကြောင့်​ ခါး​ရိုး​တ​ချောင်း​ပဲ့​သွား​ပြီး​ လှုပ်ရှား​မရ ဖြစ်​နေပါတယ်။
ထောင်​ဆေး​ ရုံမှာ ခွဲစိတ်ကုသမယ့်​ကိစ္စနဲ့​ပတ်သက်လို့​ လာမယ့်​ နိုဝင်ဘာ ၃ ရက်​နေ့​ မိသား​စုက ​ထောင်ဝင်စာ သွား​တွေ့​တဲ့​အခါမှာ မိသား​စုရဲ့​ သ​ဘော တူညီချက်ကို ယူဖို့​ရှိ​နေတယ်လို့​ ကိုမျိုး​ဇင်ရဲ့​ မိခင် ​ဒေါ်ခင်သီက ​ပြောပါတယ်။
“သူ့​ကို ​ဆေး​ရုံး​တင်ပြီး​တော့​ ခွဲပြီး​ ကုရမယ်လို့​ ဆရာဝန်က ​ပြောတယ်တဲ့​။ မခွဲ​သေး​ဘူး​တဲ့​။ အင်း​စိန်​ဆေး​ရုံမှာပဲ လာခွဲခိုင်း​မယ်​ပေါ့​။ ​ကောင်း​ချင်လည်း​ ​ကောင်း​မယ် မ​ကောင်း​ချင်လည်း​ မ​ကောင်း​ဘူး​ပေါ့​လေ။ အဲဒါ ​နေမျိုး​ဇင်ရဲ့​ ​ဆွေမျိုး​သား​ချင်း​တ​ယောက်​ယောက်က လက်မှတ်ထိုး​ပေး​ရမယ်လို့​ ​ပြောတယ်တဲ့​။ သူ့​ရဲ့​ဆန္ဒကို ​မေး​ပြီး​ တိုင်ပင်ပြီး​ လုပ်ရမှာ​ပေါ့​။”
လွန်ခဲ့​တဲ့​ နှစ်ပတ်ကတုန်း​က ကို​နေမျိုး​ဇင်ကို အပြင်​ဆေး​ရုံး​မှာ ​ဆေး​ကုသခွင့်​ပေး​ဖို့​ မိသား​စုက သက်ဆိုင်ရာဆီ စာပို့​ခဲ့​ပါတယ်။ လက်မှတ်ထိုး​ပေး​ရမလား​ဆိုတာ သား​ရဲ့​ ဆန္ဒကို ​မေး​ရဦး​မယ်​လေ။”
ခါး​ရိုး​ ဒဏ်ရာ​ကြောင့်​ ​အောက်ပိုင်း​သေသွား​နိုင်တယ်လို့​ ဆရာဝန်​တွေဆီကတဆင့်​ သိရတဲ့​အတွက် စိုး​ရိမ်တယ်လို့​ ကို​နေမျိုး​ဇင်ရဲ့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က အခုလို​ပြောပါတယ်။
“​ထောင်​ဆေး​ ရုံမှာ ထား​တယ်ခင်ဗျ။ ​ထောင်မှာ ဘာမှ မပြည့်​စုံဘူး​။ သူ့​ကို ကုသနိုင်မယ့်​ ​ဆေး​မရှိဘူး​။ ကြည့်​မြင်တိုင်​ဆေး​ရုံမှာပဲရှိတယ်။ ကြည်မြင့်​တိုင်အရိုး​ကု ​ဆေး​ရုံမှာပဲ ရှိတယ်။ အမှန်သူက ​အော်ပ​ရေး​ရှင်း​လုပ်မှ ရမယ်။ သူက နံပါတ် ၅ အရိုး​က အက်သွား​တော့​ အခုအချိန်ထိ ထိုင်လည်း​ မထိုင်နိုင်ဘူး​။ တုတ်​ထောက်ပြီး​တော့​လည်း​ သူမသွား​နိုင်ဘူး​။ အမြဲတမ်း​ လှဲပြီး​တော့​ ​နေ​နေရတယ်။ အိမ်သာသွား​မယ်ဆိုရင် သူက တုတ်​ထောက်ပြီး​တော့​ ထရတယ်ဗျာ။ အဲဒီလို ပုံစံဖြစ်​နေတယ်။ နှစ်ဘက် တုတ်​ထောက်ပြီး​ ထရတယ်။”
ဗိုလ်ကြီး​ ဟောင်း​ဖြစ်တဲ့​ ကို​နေမျိုး​ဇင်ကို ပြီး​ခဲ့​တဲ့​ ဧပြီလက ဖမ်း​ဆီး​ခဲ့​ပြီး​တဲ့​နောက် ဩဂုတ်လအတွင်း​မှာ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင် ၁၀ နှစ်ချထား​ပါတယ်။
သူ့​ကို ဖမ်း​ဆီး​တဲ့​အချိန်က​နေ တရား​ရုံး​မှာအမိန့်​ချတဲ့​အထိ သက်ဆိုင်ရာ အဆင့်​ဆင့်​ရဲ့​ လုပ်​ဆောင်ချက်​တွေ အား​လုံး​ မှား​ယွင်း​ခဲ့​တယ်လို့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။
“အမှန်တိုင်း​ ပြောရရင် ကွင်း​လုံး​ကွတ် လွှတ်ရမှာ ရှင်း​ရှင်း​လေး​ရယ်။ အပြီး​လွှတ်ရမှာ ဥပ​ဒေနဲ့​မှ မညီဘဲ။ အဲဒါ အစအဆုံး​ ကျ​နော့်​ ​လျှောက်လဲချက်ထဲမှာ အ​သေး​စိတ်ကို တင်ပြထား​ပြီး​တော့​ ဒါကိုလည်း​ သူတို့​ဘက်က သိသွား​ပြီ​လေ။ သိသွား​ပြီး​တော့​ သူတို့​ရဲ့​ ချို့​ယွင်း​ချက်​တွေက အများ​ကြီး​ဖြစ်​နေတယ်။ တခုတည်း​မှ မဟုတ်ဘဲ။ အဆင့်​ဆင့်​ ချို့​ယွင်း​ချက် ဖြစ်သွား​တယ်။ မူလကတည်း​က ပျက်ပြယ်​နေတဲ့​ တရား​စွဲတဲ့​အမှု ဖြစ်တဲ့​အတွက်​ကြောင့်​ သူ့​ကို ပြစ်ဒဏ်က​နေ လွှတ်​ပေး​ရမှာ။ ”
အမှုကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​ရုံး​အမှတ် ၆ မှာ အယူခံတင်ထား​တာ တလ​ကျော်​နေပြီလို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။
ကို​နေမျိုး​ ဇင်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်က​နေ ထွက်ပြီး​တဲ့​နောက် အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​တွေအများ​စုပါဝင်တဲ့​ ​သွေး​ကူညီ​ပေး​ရေး​အဖွဲ့​မှာ ကူညီ​နေရင်း​ ဖမ်း​ဆီး​ထောင်ချခံခဲ့​ရတာပါ။

http://burmese.dvb.no/archives/17258

ဟရေ… နမ်ဗြား၊ နင် ဘယ်လမ်းသွားမလဲ


Posted by on November 1, 2011

သီရိလင်္ကာပြည်တွင်းစစ် နောက်ဆုံးရက်ပိုင်းတွေမှာ တမီးလ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ LTTE ရဲ့ နိုင်ငံရေးခေါင်း ဆောင်ပိုင်းတွေဟာ မိသားစုတွေ၊ အရပ်သားတွေနဲ့အတူ သီရိလင်္ကာအစိုးရတပ်ဆီမှာ အလံဖြူထောင် လက်နက်ချခဲ့ကြ ပါတယ်။ ဒီထဲမှာ ထိပ်သီးခေါင်းဆောင် နာဒီစံ၊ ငြိမ်းချမ်းရေးအတွင်းဝန် ပူလီဒေဝန် နဲ့ ဗိုလ်မှူးကြီးရာမက်ရှ် တို့ပါဝင်ပြီး စု စုပေါင်း လူ ၃၀၀ ကျော်ရှိပါတယ်။
သူတို့ဟာ အစောပိုင်းမှာ စေ့စပ်ဆွေးနွေးဖို့ဘဲ စိတ်အားထက်သန်ပြီး နောက်ပိုင်းမှာ စစ်ရေးအရ အကျဉ်းအကျပ်ဆိုက် လာတဲ့အခါ ခြွင်းချက်မရှိလက်နက်ချဖို့ သဘောတူခဲ့ပါတော့တယ်။ ဒီလိုသဘောတူတဲ့အကြောင်း ကုလသမဂ္ဂအရာရှိ တွေ၊ နော်ဝေးအစိုးရ၊ ဗြိတိန်အစိုးရ၊ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC တို့ကို အကြောင်းကြားခဲ့ပါ တယ်။ ကြားလူနှစ်ယောက်ကတဆင့် သီရိလင်္ကာအစိုးရကိုလဲ အကြောင်းကြားခဲ့ပါတယ်။
သီရိလင်္ကာသမတ မဟိန္ဒရာဇာပတ်ကစာ နဲ့ ညီဖြစ်သူ ကာကွယ်ရေးအတွင်းဝန် ဘာစင်လ်ရာဇာပတ်ကစာတို့က လက် နက်ချမှုကို လက်ခံမယ့်အကြောင်း အာမခံခဲ့ပြီး စောစောကကြားလူနှစ်ယောက်ကတဆင့် ပြန်အကြောင်းကြားခဲ့ပါ တယ်။ အကြောင်းကြားချက်ထဲမှာ အလံဖြူတခုထောင်ပြီး အစိုးရတပ်ရှိတဲ့ဖက်ကို ဖြေးဖြေးလျှောက်လာဖို့ ပြောထား ပါတယ်။ လာဖို့လမ်းကြောင်းကိုလဲ အသေးစိတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ လက်နက်ချမယ့်နေရာမှာ တတိယအင် အားစုတခု သက်သေရှိနေဖို့ တမီးလ်ကျားတွေရဲ့ပန်ကြားချက်ကိုတော့ အစိုးရက မလိုက်လျောခဲ့ပါဘူး။ ကြားလူတဦး ဖြစ်တဲ့ ကုလ သမဂ္ဂကိုယ်စားလှယ်ကလဲ လက်နက်ချပွဲလုပ်မယ့်နေရာမှာ ကုလသမဂ္ဂ ရှိနေဖို့မလိုဘူးလို့ ပြောခဲ့ပါတယ်။
၂၀၀၉ ခု မေလ ၁၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ခေါင်းဆောင်နှစ်ဦးဟာ သူတို့ပုန်းခိုရာကထွက်လာပြီး မိသားစုဝင် တွေ တမီးလ်ရွာသားတွေနဲ့အတူ အစိုးရတပ်မ ၅၈ ထိန်းချုပ်နယ်မြေကို လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ သူတို့နဲ့ အတူ တမီးလ်ကျားဗိုလ်မှူးကြီး ရာမက်ရှ်လဲ နောက်ကပါလာပါတယ်။ တခဏအကြာမှာ ရှေ့ဆုံးက အလံဖြူထောင် တက်လာ တဲ့ တမီးလ် တိုင်းရင်းသားခေါင်းဆောင် သုံးယောက်နဲ့ မိသားစုဝင်တွေ ၁၅ ယောက်လောက်ဟာ ပစ်သတ်ခံ လိုက်ရပါ တယ်။ ကျန်တဲ့နောက်လိုက်ငယ်သားတွေနဲ့ ရွာသား ၃၀၀ ထဲမှာလဲ အနည်းအကျဉ်းလောက်ဘဲ ထွက်ပြေးလွတ်မြောက် အသက်ရှင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ “အလံဖြူလူသတ်ပွဲ” လို့ နာမယ်ကျော်သွားပါတော့တယ်။
ဒီအရေးအခင်းမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူနှစ်ယောက်အနက် တယောက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ရုံးဦးစီးမှူး၊ အခု မြန်မာနိုင်ငံဆိုင်ရာအထူးတမန်ဆိုတဲ့ ပီချေးနမ်ဗြား ဖြစ်ပါတယ်။ ပြည်တွင်းစစ် နောက် ဆုံးအဆင့်တွေမှာ ကုလသမဂ္ဂဘက်က တာဝန်ရှိရှိပါဝင်ပတ်သက်ခဲ့သူဟာ ပီချေးနမ်ဗြားပါဘဲ။ ဒီအဖြစ်အပျက်နဲ့ပတ် သက်ပြီး ဘန်ကီမွန်းက ကျွမ်းကျင်သူများခုံအဖွဲ့ ဖွဲ့၊ စုံစမ်းစစ်ဆေးခိုင်းခဲ့ပေမဲ့ ကျွမ်းကျင်သူတွေရဲ့အစီရင်ခံစာမှာ နမ်ဗြား နာမယ်ကို ဖြုတ်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် သီရိလင်္ကာအစိုးရကို စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC တင်ဖို့ ကိုလဲ ရုရှားနဲ့တရုတ်အလိုကျ ပညာသားပါပါနဲ့ အဟန့်အတားလုပ်နေပါတယ်။
ကြားလူနောက်တယောက်ဖြစ်တဲ့ အင်္ဂလိပ်သတင်းထောက်မ မာရီကိုလ်ဗင် ကတော့ လက်နက်ချမှုလက်ခံဖို့ ကတိ က ဝတ်ကို အစိုးရဘက်က ဖောက်ဖျက်တာလို့ ပြောင်ပြောခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလအတွင်း သီရိလင်္ကာအစိုးရ ကာ ကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဆာရတ်သ်ဖွန်စီကာကလဲ ၂၀၀၉ ခု ဒီဇင်ဘာလမှာ လူသိရှင်ကြားဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ နမ်ဗြားကတော့ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။
ကျွမ်းကျင်သူတွေရဲ့အစီရင်ခံစာထဲမှာ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဌာနတွေ အဖွဲ့အစည်းတွေဟာ သီရိလင်္ကာပြည်တွင်းစစ် နောက်ဆုံးအဆင့်တွေမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပျက်ကွက်ခဲ့တယ်၊ ဒီထက်ဆိုးတာက အရပ် သားအသေအပျောက်စာရင်းတွေကို မထုတ်ပြန်ဘဲ ဖုံးဖိထားခဲ့လို့ သီရိလင်္ကာစစ်တပ်က ပိုအတင့်ရဲခဲ့တယ်လို့ ထောက် ပြထားပါတယ်။ အယ်လ်ဂျာဇီးယားရားသတင်းဌာနက နမ်ဗြားကို အင်တာဗျူးတဲ့အခါ “ဒီလူတွေကို တမီးလ်ကျားတွေ ကဘဲ သတ်တာဖြစ်မှာပေါ့” လို့ တာဝန်မဲ့ လက်လွတ်စပယ်ပြောခဲ့ပါသေးတယ်။ အဲဒါဟာ ကုလသမဂ္ဂရဲ့ ဘက်မလိုက် ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပါပဲ။
ပီချေးနမ်ဗြားရဲ့အစ်ကို၊ အိန္ဒိယတပ်မတော်က အငြိမ်းစားယူထားတဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဆာတစ်ရှ်နမ်ဗြားကလဲ သီရိ လင်္ကာစစ်တပ်အတွက် လခစားအကြံပေးပုဂ္ဂိုလ်အဖြစ် ၃ နှစ်လောက်လုပ်ပြီး တိုင်းရင်းသားတော်လှန်ရေး ချေမှုန်းရေးမှာ အကျိုးပြုခဲ့ပါတယ်။
အနှီ ပီချေးနမ်ဗြား ဟာ ၂၀၁၁ ခု မေလ ၁၁ ရက်နေ့တုံးက ဘန်ကီမွန်းရဲ့ အထူးတမန်အဖြစ် ဗမာပြည်ကိုရောက်လာပြီး စစ်အစိုးရကိုယ်စားလှယ်တွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နဲ့ပါ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။ သူဟာ လက်ရှိသမတလုပ်နေတဲ့ ဗိုလ်ချုပ်သိန်းစိန်ရဲ့မိန့်ခွန်းကို ကြိုဆိုတဲ့အကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားလွှတ်ပေးဖို့ ပြောသွားပေမဲ့ တိုင်းရင်းသားပြဿနာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို ခေါင်းရှောင်သွားခဲ့ ပါတယ်။ ဒါ့အပြင် စစ်အစိုးရဆီမှာတွေ့ခဲ့တဲ့ နိမိတ်လက္ခဏာတွေဟာ “အင်မတန်အားရစရာကောင်းတယ်” လို့လဲ ပြော လိုက်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တွေ့နဲ့ ကင်းကွာနေပြီး ခေါင်းမာလွန်းတယ်လို့လဲ ဘန်ကီမွန်း ဆီ တင်တဲ့ အစီရင်ခံစာထဲမှာ မှတ်ချက်ချခဲ့ပါတယ်။
ဒီ နမ်ဗြားဟာ တတိယအကြိမ်အဖြစ် မြန်မာပြည်ကို ရောက်လာပြန်ပါပြီ။ အခုအကြိမ်မှာ အရင်အခေါက်တွေနဲ့ မတူတာ က ကချင်တွေကို နအ-ကဖအစိုးရက အပြင်းအထန်ထိုးစစ်ဆင်နေချိန်၊ ကရင် ရှမ်း ငြိမ်းအဖွဲ့/မငြိမ်းအဖွဲ့တွေနဲ့လဲ နအ-ကဖ ဘက်က မလျှော့တမ်းတိုက်နေချိန် ဖြစ်ပါတယ်။ တဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တက်မလိုလို အသံထွက်နေတဲ့အချိန်လဲ ဖြစ်ပါတယ်။ နှစ်ဖက်ပဋိပက္ခတွေကြားဝင်ပြီး အတိုက်အခံတွေ လက် နက်ချ ချေမှုန်းခံရဖို့ပဲလုပ်ခဲ့တဲ့ သမိုင်းနောက်ခံရှိနေသူ ပီချေးနမ်ဗြားတယောက် အခုတခါကော ဘယ်လမ်းလျှောက်မှာ လဲလို့ မေးလိုက်ပါရစေ။
ဂါမဏိ
http://www.naytthit.net/?p=21468

နိုင်ငံတော် အကြောင်းပြပြီး ပုဂ္ဂလိက အတွက် သိမ်းယူသွားသော လယ်များ ပြန်ပေးရန် လယ်သမားများ တောင်းဆို

News Date:11/1/2011
နိုင်ငံတော်ကို အကြောင်းပြပြီး ပုဂ္ဂလိက အတွက် သိမ်းယူသွားသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ကျေးရွာသားများပိုင် လယ်မြေ ၇၂ ဧကကို ပြန်လည် ရရှိလိုကြောင်း ကျေးရွာသားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေးပြီး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ကျေးရွာသား တစ်ဦးက "ဒီလ ၂၆ ရက်နေ့က စာရေးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံကို စာရေးပြီးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။


OGT-restriction-area ရခိုင်လယ်သမားများ မိမိတို့ပိုင် လယ်မြေများသို့ သွားရောက် လုပ်ကိုင်ခွင့်ကို ယခုလို ပိတ်ပင်ခံနေကြရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
အဆိုပါ လယ်မြေ ၇၂ ဧကကို ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာမှ အနောက်ပိုင်းတိုင်း တိုင်းမှူး အဖြစ် တာဝန်ကျခဲ့သူ ဗိုလ်ချုပ်ဟောင်း ၀င်းမြင့်နှင့် ဒုတိုင်းမှူး အဖြစ် တာဝန်ကျခဲ့သူ ဗိုလ်မှူးကြီး သီဟသူရ မောင်နီတို့ သိမ်းယူထားသော မြေများ ဖြစ်ကြသည်။ ၎င်းမြေများကို သူတို့၏ ဇနီး နာမည်များဖြင့် ဂရမ်လုပ်ထားကြောင်း သူက ပြောသည်။

" အခု အဲဒီ လယ်မြေတွေကို ဗိုလ်ချုပ်ဟောင်း ၀င်းမြင့်ရဲ့ ဇနီး ဒေါ်ခင်ချိုဦး နာမည်နဲ့ မြေစာရင်း ဦးစီးဌာနမှာ သူတို့ပိုင် စာရင်း ဖေါက်ထားသလို ဗိုလ်မှူးကြီး သူရ မောင်နီကလည်း သူ့ဇနီး ဒေါ် မမြခင် နာမည်နဲ့ မြေဂရမ် လုပ်ထားပါတယ်။ သာမန်လူတွေ ကြည့်ရင် စစ်ဗိုလ်ချုပ်တွေ သိမ်းယူသွားတာကို ရုတ်တရက် မသိအောင် လုပ်ထားတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

မင်းပြင်ကျေးရွာမှ လယ်သမားများ အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေး တောင်းဆိုထားခြင်းမှာ မှန်ကန်ကြောင်း ရခိုင်တိုင်ရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် ဥက္ကဌလည်းဖြစ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သော ဦးတင်ဖေက ပြောသည်။

" ကျွန်တော်ဆီကို ကျေးရွာသားတွေက ပြည်နယ် ၀န်ကြီးချုပ်ဆီကို ပေးတဲ့စာကို မိတ္တူပေးတဲ့ အတွက် ဒီကိစ္စ ဟုတ်မှန်ကြောင်း ကျနော် အတည်ပြု ပြောနိုင်တာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို နာမည်တပ်ပြီး သူတို့ကိုယ်ကျိုး အတွက် စစ်ဗိုလ်တွေက သိမ်းသွားတဲ့ အတွက် ရွာသားတွေ အနေနဲ့ အစိုးရကို အသနားခံတာ ဖြစ်ပါတယ်" ဟု ပြောသည်။

မင်းပြင်ကျေးရွာမှာ ကျောက်ဖြူ မြို့နယ်မှ ရေနံထွက်သော ဒေသ တစ်ခုဖြစ်သဖြင့် အဆိုပါ လယ်မြေများကို ဗိုလ်ချုပ် ၀င်းမြင်းနှင့် သူရ မောင်နီတို့မှ သိမ်းယူထားပြီး ခြံစည်းရိုးကာရံကာ စောင့်ရှောက်ထားကြောင်း သိရသည်။

မင်းပြင်ကျေးရွာမှ တိုင်ကြားသူများ စာရင်းအားလည်း ဦးတင်ဖေက မှတ်မိသလောက် ပြောကြားသည်။

" နံပတ် (၁) ဒေါ် သန်းအေး ပိုင် လယ်မြေ ၂ ဧကနဲ့ နွားစားကွက်မြေ ၄ ဧက။ နံပတ် (၂)ဦး ဇနီဦး လယ်မြေ ဧက ၁ ဧကနဲ့ နွားစားကွက်မြေ၂ ဧက။ (၃) ဦး လှမောင် လယ်မြေ ၁ ဧကနဲ့ နွားစားကျက်မြေ ၄ ဧက။ (၄) ဦး ဘစိန် လယ်မြေ ၁ ဧကနဲ့ နွားစားကျက်မြေ ၁ ဧက။ (၅) ဦး သာထွန်းအောင် ၁ ဧက။ နွားစားကျက် ၁ ဧကနဲ့ နံပတ် (၆) ဒေါ်နန်းခိုင် နွားစားကျက်မြေ ၄ ဧက တို့ ဖြစ်ပါတယ်။ ကျန်တဲ့ လူတွေ နာမည်တော့ လောလောဆယ် မမှတ်မိဘူး" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်အစိုးရ အုပ်ချုပ်စဉ် ဧက ထောင်ချီရှိသော လယ်မြေများကို နိုင်ငံတော်နှင့် စစ်တပ်ကို အကြောင်း ပြကာ သိမ်းယူသွားပြီး နောက်ပိုင်းတွင် တချို့ လယ်မြေများကို စစ်ဗိုလ်များက မြေစာရင်းဌာနကို ငွေပေးကာ သူတို့ပိုင် လုပ်ထားကြောင်း သိရသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အစိုးရထံသို့ ပေးပို့သော တိုင်ကြားစာ များထဲတွင် လယ်မြေသိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားသော စာများမှာ အများဆုံး ဖြစ်ကြပြီး အဆိုပါ စာများထဲတွင် လယ်မြေကို ပြန်ရလိုကြောင်း လယ်သမားများက ပြည်နယ် ၀န်ကြီးချုပ်ထံကို အသနားခံထားကြသည်ဟု အမည်မဖေါ်လိုသူ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးမှ ပြောသည်။

http://www.narinjara.com/detailsbur.asp?id=3574

သရက်ထောင်တွင်း လူ့အခွင့်အရေးချို်းဖောက်မှုများ ဆိုးဝါး



မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်

မိုးမခ၊ နိုဝင်ဘာ ၁၊ ၂၀၁၁

သရက်ထောင်အတွင်း အကျဉ်းသားအချို့ အဓမ္မရိုက်နှက်ခံရမှုများရှိနေခြင်းနှင့် အကျဉ်းသားများ၏ အထွေထွေလိုအပ်ချက်များအား ထောင်အာဏာပိုင်များမှ လစ်လျူရှုနေခြင်း သရက်အကျဉ်းထောင်တွင် ပြီးခဲ့တဲ့ အောက်တိုဘာ(၄)ရက် ၊ အင်္ဂါနေ့ညနေ ၅း၃၀လောက်က မိန်းဂျေးလ် ထောင်မှူး ဦးထိန်ဝင်းနှင့် တပ်ကြပ်ကြီးစောပတီးတို့က အပြင်ဘုတ်အကျဉ်းသား ဇော်မင်းလတ်ထံမှ ဆေးလိပ် (၁၅)လိပ်ရှာဖွေတွေ့ရှိခဲ့လို့ ၀မ်းလျားမှောက်ခိုင်းပြီး ပေါင်၊ခါးနှင့် ကျောကုန်းတို့အား ၀ါးစစ်ပိတ် တုတ်များဖြင့် အချက်(၂၅)ချက်ကျော် ပြင်းထန်စွာရိုက်နှက်ခဲ့ပြီး ညစ်ညမ်းစွာအော်ဟစ်ဆဲဆိုခဲ့ပါတယ်။

ဒါ့အပြင် “မင်းတို့အကျဉ်းသားတွေကို ရိုက်လို့မရတော့ဘူးလို့ ဘယ်ကောင်တွေပြောတာလဲ၊ ရိုက်လို့ရလို့ရိုက်တယ်ကွာ“ဆိုပြီး ဆက်လက်ရိုက်နှက်ခဲ့ပါတယ်။



လက်မရွံ့ ထောင်ဝန်ထမ်း အာဏာရှင်များ

တပ်ကြပ်ကြီးစောပတီိးဟာ ထောင်ပိုင်အဆက်ဆက်အားကိုးရတဲ့ လက်မရွံ့တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အရက်သေစာ သောက်စားမူးယစ်နေသူလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်အပေါ် အကျဉ်းသားများ မကျေမနပ်ဖြစ်နေကြပေမယ့် ထောင်ပိုင် ဦးဝင်းနိုင်လင်းနဲ့ ထောင်ပိုင်လေးတို့က မသိကျိုးကျွံ ပြုနေခဲ့ပါတယ်။ ယခုလို အကျဉ်းသားရဲ့ပြစ်မှုကိုအခြားနည်းနဲ့အရေးယူခြင်းမပြုဘဲ ပုံကြီးချဲ့ပြီး အငြိုးအတေးနဲ့ရိုက်နှက်ခဲ့မှုဟာ ဒီတစ်ကြိမ်တည်းမဟုတ်ပါ။

ပြီးခဲ့တဲ့လများကလည်း အကျဉ်းသားသန်းမင်းထွေးဆိုသူအား ၀န်ထမ်းကို မချေမငံပြန်ပြောလို့ဆိုပြီး

လက်ပြန်ကြိုးတုပ်၊ ခေါင်းကိုအ၀တ်အုပ်ပြီး ထောင်မှူးကြီးဦးလှအေး၊ ထောင်မှူးဦးညိုဝင်း၊ ထောင်မှူး ဦးမောင်မောင်ဝင်းနဲ့ဝန်းထမ်း(၆)ယောက်ခန့်က ၀ိုင်းရိုက်ခဲ့ကြပါတယ်။ (ဤရိုက်မှုကို ဦးဆောင်ခဲ့တဲ့ ထောင်ပိုင်လေး ဦးဝင်းလှိုင်၊ ထောင်မှူးကြီးဦးလှအေးနှင့် ထောင်မှူးဦးမောင်မောင်ဝင်း တို့မှာ ဒီဖြစ်ရပ်နောက်ပိုင်း အခြားတာဝန်များဖြင့် ရဲဘက်စခန်း ၊ အခြားထောင်မျုားသို့ ပြောင်းရွေ့သွားကြပါပြီ) ။

ထို့အတူ တံခါးကြီးတာဝန်ကျဝန်ထမ်း တပ်ကြပ်ကြီးအောင်တင်ဝင်းမှာ ကျသစ်များ (ယခုမှရောက်လာသည့် အကျဉ်းသားသစ်) ရောက်လာပါက တံခါးကြီးရှာဖွေပြုလုပ်ရာတွင် အကျဉ်းသားသစ်များ၏ ကော်ဖီမစ်များဆယ်ထုပ်၊ အထုပ်နှစ်ဆယ်စသည့်ဖြင့် တခြားအစားအသောက်များကိုပါ နှိုက်ယူထားခြင်းများ ရှိနေပါသည်။ တာဝန်ခံ ထောင်အာဏာပိုင်မှ အရေးယူခြင်းမရှိပါ။

ဆက်လက်ပြီး အသက်(၆၀)နီးပါးရှိ သက်ကြီးအကျဉ်းသား ဦးတင်မောင်ဦးကို ထောင်လှန့်သံချောင်းခေါက်ခါနီး စားဖိုဆောင်တွင် ရေနွေးသွားယူလို့ဆိုပြီး ယခင်ထောင်မှူး ဦးမောင်မောင်ဝင်း နဲ့ တပ်သားဇော်ငြိမ်းအေး (ယခုနှတ်ထွက်သွားသူ) တို့က ပါးရိုက်ပြီး ထိုးကျိတ်ခဲ့ကြပါတယ်။ သူ့မိသားစု ထောင်ဝင်စာ လာတွေ့ခါနီးတွင် ကိုယ့်ဘာသာလဲကျလို့ မျက်နှာမှာ ဒဏ်ရာရကြောင်း ပြောဆိုရန် ထောင်ပိုင်ကြီး

ဦးဝင်းနိုင်လင်းက အထက်ပါဥပဒေမဲ့ လူသားချင်း မစာနာပဲရိုက်နှက်ခဲ့မှုများ(၅)ကြိမ်လောက် ဖြစ်ပွားခဲ့ပါတယ်။ သို့သော် မည့်သည့် အမှုထမ်း၊ အရာထမ်း မှ အရေးယူခံရခြင်း မရှိခဲ့ပါ။



သရက်ထောင်မှ ငရဲခန်းများ

သရက်အကျဉ်းထောင်သည် အစဉ်အဆက်မှ ယနေ့တိုင် နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ထောင်ဖြစ်ပါတယ်။ သရက်အကျဉ်းထောင်တွင် အကျဉ်းသားအများစုမှာ ထောင်ဝင်စာ မလာနိုင်သူများ ဖြစ်ပါတယ်။ ထောင်မှကျွေးသော ထမင်းတွင် မကြာခဏ ကျောက်ခဲများပါရှိခြင်း၊ ပဲဟင်းများအရည်ကျဲခြင်း၊ တစ်ပတ်နှစ်ကြိမ်ကျွေးသော အသားတုံးမှာသေုးငယ်ပြီး အလေးချိန် မပြည့်သည့် အပြင် ချက်ပြုတ်ကျွေးမွေးရာမှာလည်း လုံလောက်သည့်အဟာရမပါရှိပါ။ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဆေးဝါး မလုံလောက်ခြင်း၊ ကျန်းမာရေးမကောင်းသူများအတွက် ဘာမီတွန်နှင့် ပါရာစီတမောပင် မလုံလောက်ခြင်း၊ မရရှိခြင်းတို့ကြုံတွေ့နေရပြီး ထောင်ဆေးရုံတွင်လည်းး ဆေးဝါးနဲ့အဟာရချို့တဲ့မှုကြောင့် အကျဉ်းသားအချို့ မကြာခဏ သေဆုံးမှုများရှိနေပါတယ်။

အဓိကပြသနာမှာ ထောင်ဆရာဝန်သည် အပြင်၌ ဖွင့်လှစ်ထားသည့် ဆေးခန်းတွင်သာ အချိန်များနေပြီး ထောင်တွင်းလူနာများအတွက် နေ့စဉ်နံနက်(၈)မှ(၁၀)နာရီ အထိသာ စစ်ဆေးပေးသည့်အတွက် များပြားလှတဲ့ အကျဉ်းသားလူနာများမှာ အခက်ကြုံနေကြရပါသည်။ ဆေးဖိုးမတတ်နိုင်သည့်လူနာများအားထောင်မှစိုက်ထုတ်ကုသပေးခြင်းမပြုလို့ ကျန်းမာရေး မကောင်းသူများ၊ ရောဂါပိုမို ဆိုးရွားသူများ တစ်နေ့တစ်ခြားတိုးပွားနေပါတယ်။



ထောင်တွင်း အကျင့်ပျက်၊ ခြစားနဲ့ ပျက်စီးမှုများ

အကျဉ်းသားများ၏ ဂုဏ်သိက္ခာလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားသောက်မှု ရပိုင်ခွင့်စကေးများအား တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာသော်လည်း ထောင်အရာရှိများမှာ တစ်နေ့တခြား ၀င်ငွေတိုးရန် အချင်းချင်း စားကျက်လုမှုများ၊ ဘောက်ချာ (ပိုက်ဆံရှိ ကျ/ သစ် အကျဉ်းသား) လုမှုများ ၊ ငွေစာရင်းအင်းအတိုး အလျှော့ပြုလုပ်နေမှုများ၊ အကျဉ်းသားရိက္ခာထဲမှ ကိုယ်ကျိုးအတွက်နှုတ်ယူမှုများ စတဲ့လျှို့ဝှက်ကိစ္စများကို အထက်က မရိပ်မိ မသိရှိစေရန် နည်းမျိုးစုံ သုံးလျှက် နိုင်ငံရေးအကျဉ်းသားများနှင့် အခြား အကျဉ်းသားများကို ရန်တိုက်ပေးခြင်း၊ အထင်အမြင်လွဲမှားစေရန် ကောလဟာလများ ထုတ်လွင့်ခြင်း

ပြဿနာများတစ်ခုပြီးတစ်ခုဖန်တီးကာ အာရုံလွဲစေခဲ့ပါတယ်။

ထောင်ပိုင်ကြီးဦးဝင်းနိုင်လင်းဟာ စစ်တပ်မှလာသူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ အပေါ်သဘောထားတင်းမာသူဖြစ်ပါတယ်။ အကျဉ်းထောင်ကိုလည်း စစ်တပ်ပုံစံအတိုင်း အုပ်ချုပ်လိုသူဖြစ်ပြီး အကျဉ်းသားများ၏ တင်ပြချက် မှန်တမျှ စောဒကတက်သည်ဟု မှတ်ယူလေ့ရှိသူဖြစ်သည်။

“ဘာမှအခက်အခဲမရှိ အားလုံးကောင်းပါသည်” ဟုပြောစေချင်သူဖြစ်သည်။

သရက်အကျဉ်းထောင်တွင် ယနေ့တိုင် ကိုလိုနီစရိုက်ဖြင့်အုပ်ချုပ်နေခြင်း၊ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့နေခြင်း။ အကျဉ်းသားတို၏ လူဂုဏ်သိက္ခာကို စော်ကားနေခြင်း၊ လူသားတို့၏ တန်ဘိုးများကို နှိမ့်ချနေခြင်းတို့ကြောင့် “အကျင့်စာရိတ္တသင်တန်းကျောင်းကြီးပမာဖြစ်ရေး” ဆိုသည့်အစိုးရသစ်၏ ရည်ရွယ်ချက်မှာ မည်သည့်အခါမှ အောင်မြင်မည်မဟုတ်ပါ။



သရက်ထောင်အကျဉ်းသားများ (သရက်အကျဉ်းထောင်)

အောက်တိုဘာ ၂၀၊ ၂၀၁၁

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်။ သတင်နှင့်ပြန်ကြားရေးဆပ်ကော်မတီ

(၃၁-၁၀-၂၀၁၁)

မှတ်ချက်။ ။ သရက်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ၏ လက်ရှိ သရက်ထောင်တွင်း

ဖိနှိပ်ခံရမှုများအား ထုတ်ဖော်တင်ပြထားသည့် စာဖြစ်ပါသည်။





သမ္မတဦးသိန်းစိန် အစိုးရအာဏာရယူပြီးနောက် အင်းစိန်အကျဉ်းထောင်တွင်း၌ တတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှုနဲ့ အချက်အလက်များ









မြန်မာနှိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ထုတ်ပြန်ချက်
မိုးမခ၊ နိုဝင်ဘာ ၁၊ ၂၀၁၁
(အစာငတ်ခံဆန္ဒပြမှု ၃ ကြိမ်)
အင်စိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ၂၆.၁၀.၂၀၁၁နေ့ မှစတင်သည့် အစာငတ်ခံဆန္ဒ ပြမှုသည် သမ္မတဦးသိန်းစိန်အစိုးရ အာဏာရယူပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
ပထမအကြိမ်ဆန္ဒပြမှုကို (မေ ၁၇၊ ၂၀၁၁) တွင် နိုင်ငံရေးအကျဉ်းသူ မသန္တာ၊ မခင်ခင်နု၊ ဒေါ်ယဉ်ကြည် စသည်တို့ ပါဝင်ခဲ့သည်။ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အပေါ် အစာငတ်ခံ၍ ဝေဖန်ဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။
ဒုတိယအကြိမ်ဆန္ဒပြမှုသည် (မေ ၂၂၊ ၂၀၁၁) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ကိုဥာဏ်ထွန်းလင်း၊ ကိုညီညီထွန်း၊ ကိုအောင်ကျော်စိုး အပါအ၀င် ၁၇ ဦးက အကျဉ်းသားတို့၏ စာရေး စာဖတ်၊ စားသောက်နေထိုင် မှုများနှင့်ဆိုင်သော၊ အကျဉ်းထောင်လက်စွဲဥပဒေပါ အခြေခံရပိုင်ခွင့်များ (၆) ချက်ကို တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။
ယခု တတိယအကြိမ်ဆန္ဒပြမှုကို (အောက်တိုဘာ ၂၆၊ ၂၀၁၁) (ဗုဒ္ဓဟူး) နေ့ တွင် နိုင်ငံရေးအကျဉ်းသား ကိုဥာဏ်ထွန်းလင်း၊ ကိုသော်ဇင်၊ ကိုကောင်းမြတ်လှိုင် တို့အပါအ၀င် (၁၅) ဦးက၊ အကျဉ်းထောင်လက်စွဲဥပဒေပါ “လျှော့ရက်ခံစားခွင့်များပြန်လည်ရရှိရေး” (၁)ချက်တည်းကို အစာငတ်ခံဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်ပါသည်။
၂၆.၁၀.၂၀၁၁ ရက်နေ့ ဆန္ဒပြမှု၏ တောင်းဆိုချက်ဖြစ်သောလျှော့ပေါ့ရက်များ ခံစားခွင့်ရရေးအစာငတ်ခံဆန္ဒပြမှုသည် ပထမဦးဆုံးအကြိမ်ဆန္ဒပြမှု မဟုတ်ဘဲ ဒုတိယအကြိမ် မြောက်ဖြစ်သည်ဟုသိရှိရသည်။

(လျှော့ပေါ့ရက်များခံစားခွင့်ရရှိရေး ဆန္ဒပြပွဲများ)
လျှော့ပေါ့ရက်များခံစားခွင့်ရရှိရေး ပထမအကြိမ်ဆန္ဒပြမှုမှာ ၁၉၉၈ ခုနှစ်တွင် သာယာဝတီထောင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်းဆိုလှုပ်ရှားမှုဖြစ်ပေါ်လာရသည့်အကြောင်း အရင်းမှာ စစ်အာဏာရှင်တို့၏ အကြွင်းမဲ့ဖိနှိပ်မှုကြောင့်ဖြစ်ပါ သည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြည်သူ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို လက်နှက်ဖြင့်အကြမ်းဖက်ဖြိုခွဲခဲ့ပြီး၊ စစ်ခေါင်းဆောင်တို့မှ အာဏာ သိမ်းပိုက်ခဲ့ပါသည်။ ရေရှည်အာဏာထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး နည်းတွေနှင့် ဆက်လက် တိုက်ခိုက်ဖိနှိပ်ခဲ့ပြီး အထူးသဖြင့်မြို့ပြနိုင်ငံရေးလှုပ်ရှားမှုများကို ဖြိုခွဲရာ၌ အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်သွင်း အကျဉ်းချထားခြင်း စသည့်နည်းလမ်းများကို အဓိက ထားကျင့်သုံးခဲ့ပါသည်။
၁၉၈၈ အာဏာသိမ်းပြီးချိန်မှစတင်၍ ဒီမိုကရေစီရေးလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး ယနေ့အချိန်ထိ နှစ်ရှည်ထောင်ဒဏ်များနှင့်အကျဉ်းချထားခဲ့ပါသည်။ ၁၉၉၈ ခုနှစ် ကာလများ အထိ နိုင်ငံရေး အကျဉ်းသားများအား ( ဂ ) အဆင့် ထောင်လျှော့ပေါ့ရက်များကို ခံစားခွင့်ပေးခဲ့ပါသည်။
နိုင်ငံရေးအကျဉ်းသားများသည် ထောင်မှပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှား မှုများတွင် ဆက်လက်ပါဝင်ခဲ့ ကြပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုအပါအ၀င် စစ်အာဏာ ရှင်တော်လှန်ရေးကို အဆင့်တိုင်းနေရာတိုင်းတွင် ဆင်နွှဲနိုင်ခဲ့ခြင်းတို့ကြောင့် အာဏာပိုင်တို့အနေဖြင့် ဒီမိုကရေစီလှုပ်ရှားမှုအားဟန့်တားနိုင်ရန် နှစ်ရှည်ထောင်ဒဏ်အပြင် ထောင်လက်စွဲဥပဒေပါ လျှော့ရက်ခံ စားခွင့်များဖြတ်တောက်ခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများမလွတ်မြောက်စေရန် အဆင့်တိုးဖိနှိပ်ခဲ့ပါသည်။
လျှော့ရက်ခံစားခွင့်များမရရှိတော့သဖြင့် ကျနှစ်အတိုင်း ၁၀ နှစ်ကျလျှင် ၁၀ နှစ်အပြည့်၊ ထောင်တွင်း အကျဉ်းချထားရေးပေါ်လစီကို စတင်ကျင့်သုံးခဲ့ပါသည်။
၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီး ထောင်ချခံရသည့် ( ၄၈/ ၂၈ ) ယူဂျီ အမှုတွဲများအပါအ၀င် မြေအောက်လှုပ်ရှားသူများအား ပထမဦးဆုံး လျှော့ရက်ခံစားခွင့်များကို ပိတ်ပင်ရာ၌ စတင်ကျင့်သုံးခဲ့ပါသည်။ ၎င်းအမှုတွဲများထဲမှ ၁၀ နှစ်ပြစ်ဒဏ် ( ပြောင်းလဲ ) ကျခံနေရသူများသည်။ ပုံမှန်လျှော့ပေါ့ရက်များကိုရရှိပါက ၁၉၉၆ ခုနှစ် အောက်တိုဘာ လတွင် ပြန်လည်လွတ်မြောက်ရမည်ဖြစ်ပါသည်။ သို့သော်လည်း အကျဉ်းအာဏာပိုင်တို့ မှ ၁၉၉၆ ခုနှစ် သြဂုတ်လတွင် လာရောက်တွေ့ဆုံ၍ ထောင်ကျရုံး၏စာရင်းအရ ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် လျှော့ပေါ့ရက်များနှင့်အညီ ပြန်လည်လွတ်မြောက်မည်ကိုသိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများအား လက်မှတ်ထိုးခိုင်းခဲ့ပါသည်။
၁၉၉၆ ခုနှစ် အောက်တိုဘာလ သို့ရောက်သောအခါ စာရင်းအရ ပထမဦးဆုံး လွတ်မြောက်မည့်သူဖြစ်သည့် ဦးဝင်းကြည် မှ ဘာကြောင့်မလွှတ်ပေးသလဲဟုတင်ပြမေးမြန်းခဲ့ပါသည်။ ထိုအချိန်မှစ၍ အာဏာပိုင်တို့သည် တိကျသည့်အဖြေမပေးဘဲ အချိန်ဆွဲထားခဲ့ပြီး ၁၉၉၇ ခုနှစ် တစ်နှစ်လုံး ထောင် လက်စွဲဥပဒေကိုချိုးဖောက်၍ အကျဉ်းချထားခဲ့ပါသည်။ အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုများကြောင့် ထောင်ပိုင် ကြီးဦးဝင်းမြင့် မှ လျှော့ရက်ခံစားခွင့်များကို မပေးတော့ကြောင်း တရားဝင်ပြောကြားခဲ့ပြီး မိမိတို့ အကျဉ်းဦးစီး ဌာနအနေဖြင့် လွှတ်ပေးရန် စာရင်းတင်ပြီးဖြစ်သောကြောင့် ယခုလိုမလွတ်သေးသည်မှာ မိမိတို့တာဝန်မဟုတ် တားမြစ်မိန့်ညွှန်ကြားထားသည့် စစ်ထောက်လှမ်းရေးအဖွဲ့နှင့်သာ အဓိကသက်ဆိုင် ကြောင်း ပြောကြားခဲ့ပြီး တင်ပြမှုများကို လစ်လျှူရှုထားခဲ့ပါသည်။
(လျှော့ရက်ခံစားခွင့်၊ အစာငတ်ခံဆန္ဒပြပွဲ၊ သာယာဝတီထောင်)
ထိုကဲ့သို့ စစ်အာဏာပိုင်တို့၏ ဖိနှိပ် ယုတ်မာမှုများကို တုန့်ပြန်ရန်အတွက် ၁၉၉၈ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ( အကျဉ်းသား ရပိုင်ခွင့်လျှော့ရက်များရရှိရေး ) တောင်းဆိုချက် (၁) ချက်တည်းကို ကိုအောင်ကျော်မိုး၊ ကိုသိန်းဇော်၊ ကိုခင်မောင်ကြည်၊ ကိုသိန်းထူး၊ ကိုမြင့်ရီ၊ ကိုကျော်ဦးညို၊ ဦးအောင်သန်း တို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။ ထိုသို့ကြေညာလိုက်သည်နှင့် တပြိုင်နက်အကျဉ်းထောင်လုပ်ထုံး လုပ်နည်းပုံစံများတွင် လက်မှတ်ထိုးခိုင်းပြီး တစ်ဦးချင်းစီခွဲထုတ်တိုက်ပြောင်းခဲ့ပါသည်။ ရန်ကုန်ထောင်အုပ်စု မှူးဦးရွှေကျော်မှ လာရောက်ချိမ်းခြောက်ဟန့်တားခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား (၆) ယောက်မှ ဆက်လက်ဆန္ဒပြခဲ့ကြပါသည်။ ထိုအချိန်တွင် အပူလှိုင်းဖြတ်နေသည့်ကာလဖြစ်ပြီး အလွန်နေပူပြင်း ချိန်တို့တွင် ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် အားနည်းချိနဲ့သွားစေရန် ထောင်တွင်းတစ်နေရာမှတစ်နေရာသို့ မေးမြန်းစစ်ဆေးရန်အကြောင်းပြကာ မကြာခဏခေါ်ထုတ်ခဲ့ပါသည်။
ဆာလောင် မွတ်သိပ်မှုဒဏ်၊ ရေငတ်ပင်ပန်းသည့်ဝေဒနာများ ခံစားနေရသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားများ ကို (၂၅ CC) ဆေးထိုးပြွန်ဖြင့်၊ တစ်နေ့လျှင် (၃) ကြိမ်၊ စုစုပေါင်း (၇၅ CC) ရေပမာဏသာ သောက်ခဲ့ရပါ သည်။ မည်သည့်အရာဝတ္ထု မည်သည့်အကျဉ်းသားမှမရှိသော တိုက်ခန်းထဲတွင် ၀ါဒါအစောင့် ၂- ယောက် စောင့်ကြည့် မှုဖြင့်ထားရှိခဲ့ပါသည်။
ဆန္ဒပြတောင်းဆိုသူများသည် အာဟာရပြတ်အားနည်း၍ သတိလစ်မေ့မျှော ကုန်ပါသည်။ ထိုအချိန်ကျမှသာ အာဏာပိုင်တို့မှ ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး၊ ဆန္ဒပြမှုအားရပ် တန့်စေခဲ့ပါသည်။ ၁၉၉၈ ခုနှစ် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အစာငတ်ခံတိုက်ပွဲတွင်ကျန်ရှိနေသူ ကိုအောင်ကျော်မိုး သည် တိုက်ပွဲဝင်လျှက်ကျဆုံးသွားပြီဖြစ်ကြောင်း ၎င်း၏ရဲဘော်များမှ ကြားသိခဲ့ရပါသည်။
အသက်မသေဘဲ ကျန်ရစ်သူများကို ၁၉၉၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဝေးလံလှသောထောင်များသို့ တစ်ဦး ချင်းစီခွဲထုတ်ထောင်ပြောင်းခဲ့ပါသည်။ ထိုအချိန်မှစ၍ ထောင်လက်စွဲဥပဒေပါ လျှော့ပေါ့ရက်များကို အမှုတွဲ၊ ဖြစ်စဉ် အဖွဲ့အစည်းအလိုက် တစ်ဆင့်ချင်းစီ ယနေ့အချိန်အထိ ပိတ်ပင်ခဲ့ပါသည်။
အင်းစိန်အကျဉ်း ထောင်၌လည်း ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် ထောင်ပိုင် ဦးလူလှ ၏ခွင့်ပြုချက်အရ အကျဉ်းတိုက်ကြီး အရာရှိ ဦးမြသိန်း မှ လျှော့ပေါ့ရက်များကို အထက်မှဖြတ်ခိုင်း၍ မပေးတော့ကြောင်း နိုင်ငံရေးအကျဉ်းသားများအားတရား ၀င်ပြောကြားခဲ့ပါသည်။

(သူရဲကောင်းအောင်ကျော်မိုး အသက်စွန့်ခဲ့သည့် လက်ဆင့်ကမ်းတိုက်ပွဲ )
န၀တ/ နအဖ အစိုးရလက်ထက် ကျင့်သုံးခဲ့သော နိုင်ငံရေးအကျဉ်းသားများ ကိုသာလျှော့ပေါ့ရက် ဖြတ်တောက်ခြင်း ပေါ်လစီကို ယနေ့ ဦးသိန်စိန်အစိုးရလက်ထက် ဆက်လက်ကျင့်သုံးနေ ပါသဖြင့် “ တိုင်း ပြည်နှင့်လူထုအပေါ်တကယ်ကောင်းကျိုးလိုလားပါ ” သည်ဆိုသော စကားကိုယုံကြည်ရန်မဖြစ် နိုင်တော့ပါ။
အာဏာသိမ်းစစ်အာဏာရှင်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အာဏာအလွဲသုံးစားမှုများ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်မလွတ်မြောက်နိုင်စေရန် နည်းအမျိုးမျိုးနှင့် တားဆီးခြင်း စသည့်ဖိနှိပ်မှု တို့ကို နိုင်ငံ ရေးအကျဉ်းသားများသည် ဂုဏ်သိက္ခာနှင့်အညီ အသက်စွန့်ခုခံတိုက်ပွဲဝင်ခဲ့ကြပါသည်။
ကိုအောင်ကျော်မိုး သည် ၁၉၈၈ ခုနှစ်မှသည် ယနေ့အချိန်အထိ တရားမျှတသော အခွင့်အရေးအတွက် ရန်သူ့ အကျဉ်းထောင် အတွင်း အစာငတ်ခံတိုက်ပွဲဝင်လျှက် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ကျဆုံးခဲ့သည့် သူရဲကောင်းဖြစ်ပါ သည်။
ယနေ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၆.၁၀.၂၀၁၁ ရက် အင်းစိန်အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်မှုသည် လွတ်လပ်မှု တရားမျှတမှု တို့အတွက် ဂုဏ်သိက္ခာမြင့်မားသော သူရဲကောင်းတို့၏ လက်ဆင့်ကမ်းတိုက်ပွဲဝင်မှုအဖြစ် နိုင်ငံရေး အကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

http://moemaka.com

ဒေါ်အောင်ဆန်းစုကြည်တနှစ်ပြည့်ဖိတ်ကြားလွှာ




ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်ခြင်း​ တနှစ်ပြည့်​ မီဒီယာ​တွေ့​ဆုံပွဲလုပ်မည်
Published on November 1, 2011 by ရွှေအောင်

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်တာ တနှစ်ပြည့်​အထိမ်း​အမှတ်အ​နေနဲ့​ ပြည်တွင်း​ပြည်ပမီဒီယာ​တွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဖိတ်ကြား​လိုက်ပါတယ်။

အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က “တနှစ်ပြည့်​တဲ့​ အထိမ်း​အမှတ်နဲ့​ ပြည်တွင်း​ပြည်ပ သတင်း​စာဆရာများ​ အား​လုံး​ကို သတင်း​စာရှင်း​လင်း​ပွဲတခု ပြုလုပ်ပါ့​မယ်။ ပြည်တွင်း​ဂျာနယ်အသီး​သီး​က သတင်း​ထောက်များ​အာလုံး​၊​ ထို့​အတူပဲ မြန်မာနိုင်ငံအ​ခြေစိုက် ပြည်ပမီဒီယာများ​က သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်ကြား​ပါတယ်။ ဖိတ်ကြား​မှုလည်း​ လုပ်ပါ့​မယ်။ အခုကတည်း​က တခါတည်း​ ဖိတ်လိုက်ပါရ​စေ။ အဲဒီ​နောက်ပိုင်း​ အလွန်အလုပ်များ​တဲ့​အတွက်​ကြောင့်​ အခြား​အ​ရေး​ကြီး​တဲ့​ လုပ်ငန်း​တာဝန်​တွေလည်း​ ထမ်း​ဆောင်ရမှာ ဖြစ်တဲ့​အတွက်​ကြောင့်​ ​ပြောရမယ်ဆိုရင် ၂၀၁၁ ခုနှစ် အတွင်း​မှာ​တော့​ဖြစ်ရင် ​နောက်ထပ် သတင်း​စာရှင်း​လင်း​ပွဲ​တွေ လုပ်နိုင်မှာမဟုတ်ပါဘူး​။ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ အ​နေနဲ့​ လုပ်နိုင်ဖို့​အခွင့်​အလမ်း​ အချိန်သိပ်​ပေး​နိုင်မှာ မဟုတ်​တော့​ပါဘူး​။ ဒါ​ကြောင့်​မို့​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ချင်တယ်ဆိုတဲ့​ ပြည်တွင်း​ပြည်ပ သတင်း​ထောက်များ​အား​လုံး​လည်း​ အဲဒီ​နေ့​ တ​ပေါင်း​တည်း​ ကြွကြပါလို့​ ဖိတ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

လာမယ့်​ နိုဝင်ဘာ ၁၄ ရက်​နေ့​ ရန်ကုန် ​ရွှေဂုံတိုင် အဖွဲ့​ချုပ်ရုံး​မှာ မီဒီယာ​တွေ့​ဆုံပွဲ လုပ်မှာဖြစ်ပြီး​ အန်အယ်လ်ဒီ မှတ်ပုံတင်မတင် ​ကြေညာမယ့်​ပွဲလို့​ ​ပြောဆို​နေတာ​တွေဟာ မမှန်ဘူး​လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။
http://burmese.dvb.no/

မြန်မာပြည်အထက်ပိုင်း ရေကြီးမှုတွင် အာဏာပိုင်တွေဘက်မှ ကားတွေနဲ့လာကြည့်ပြီး ကားတွေနဲ့သာပြန်သွားတယ်.. ဘာအကူအညီမှ မပေးခဲ့



Burma VJ Media Network

ကုလအတွင်းရေးမှူးချုပ် မကြာခင် မြန်မာပြည်သွားမည်

အင်္ဂါ, 01 နိုဝင်ဘာ 2011

By ဦးဇော်ဝင်းလှိုင်

မကြာခင်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ သူ့ရဲ့ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ မစ္စတာ ဗီ ဂျေး နမ်ဘီယား (V. J. Nambiar) က နေပြည်တော်မှာ အမျိုးသား လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ နေပြည်တော်မှာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒုဥက္ကဋ္ဌ ဦးမြငြိမ်းတို့ အပါအ၀င် အမျိုးသားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီလို တွေ့ဆုံစဉ် အတွင်းရေးမှူးချုပ် မြန်မာပြည်လာမယ်ဆိုတာကို မစ္စတာ နမ်ဘီယားက ပြောခဲ့တာဖြစ်တဲ့အကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု လွယ်လင်/လင်းခေး မဲဆန္ဒနယ်မြေက အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းကျော်ဇောသန်းက ပြောပြပါတယ်။

"သူ့အနေနဲ့က ကြားတာ မြင်တာတွေ ပြောင်းလဲမှုတွေကို လက်ခံပါတယ်ပေါ့။ ဒီထက်ပိုပြီးတော့ အရှိန်အဟုန်နဲ့ ပြောင်းလဲဖို့တော့ တိုက်တွန်းတာပေါ့နော်။ နောက် ဒီမိုကရေစီ ဒီထက်ကျအောင် တိုးပြီးတော့ လုပ်ပေးဖို့ တိုက်တွန်းတာပေါ့။ နောက် အကျဉ်းသား ၆၀၀၀ ကျော် လွတ်တဲ့ကိစ္စကိုလည်း ကြိုဆိုပါတယ်၊
ပိုပြီးတော့ ဒီထက် ထင်သာမြင်သာအောင်၊ ပိုပြီးတော့ လွတ်နိုင်အောင် ကြိုးပမ်းဖို့လည်း တိုက်တွန်း ပါတယ်တဲ့။

သူအခုလာတာ တွေ့ရ မြင်ရတာကို အပြန်ကျတဲ့အခါ အထွေထွေအတွင်းရေးမှူးကို ပြန်ပြောပါမယ် တဲ့။ နောက်တခေါက် အထွေထွေအတွင်းရေးမှူး လာမယ်ဆိုရင်တော့ သူ့ကိုလည်း ဒီထက် တိုးတက်တဲ့ အခြေအနေ မြင်သွားလို့ရှိရင် လက်ခံနိုင်သလောက် လက်ခံသွားမှာ ဖြစ်ပါတယ်တဲ့။ အခု သူလက်ခံသလို
အနောက်နိုင်ငံ ဥရောပတို့ အီးယူနိုင်ငံတို့မှာ ပုဂ္ဂိုလ်တွေလည်း အနည်းငယ် ရှိပါတယ်တဲ့။ အများစုကတော့ မြန်မာနိုင်ငံကို အပြစ် ပြောနေဆဲ ဖြစ်ပါတယ်တဲ့။ မြန်မာနိုင်ငံအနေနဲ့ အလျော့ပေးပြီးတော့ ဒီလို ပြောင်းလဲမှုနှုန်း တိုးတက်လာတာနဲ့အမျှ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ အပြောကလည်း လျော့လာမှာ ဖြစ်နိုင်ပါတယ်လို့ သူက ထင်မြင်ချက် ပေးပါတယ်။"

ဟုတ်ကဲ့၊ သူက အတွင်းရေးမှူးချုပ်လာမယ်လို့ ပြောသလားခင်ဗျ၊ မြန်မာပြည်ကို။

"ဟုတ်ကဲ့၊ လာမယ်လို့ ပြောတယ်။ ဒါပေမယ့် အချိန်တော့ မပြောဘူးဗျ။"

မကြာခင်လာမယ်လို့ ပြောသလား။

"ဟုတ်ကဲ့၊ လာမယ်။ လာတဲ့အခါကျရင် ဒီထက် တိုးတက် ပြောင်းလဲတဲ့အခြေအနေ သူမြင်သွားရင် သူလည်း လက်ခံသွားနိုင်တယ် ဆိုတဲ့ဟာကို သူ မျှော်လင့်ပါတယ်ပေါ့။"

ဦးခင်အောင်မြင့်ကရော ဘာတွေများ မေးပါသေးလဲခင်ဗျ၊ သူ့ဘက်က မေးတာ သိချင်တာတွေ ရှိပါသလား။ ဘာတွေများ ဆွေးနွေးပါသလဲ။

"ဦးခင်အောင်မြင့်ကတော့ Sanction လေးတွေ (ပိတ်ဆို့ အရေးယူမှုတွေ) လျော့ပေးဖို့၊ ပြန်သွားရင် ပြန်ပြောပေးပါလို့ အဲဒီလို စကားပါးလိုက်တယ်။ နောက်ပြီးတော့မှာ ကျနော်တို့က ပါလီမန်စံနစ် ချီတက်တာက အင်မတန်မှ နုနယ်သေးတဲ့အတွက်ကြောင့် သိပ် မြန်မြန် ဆန်ဆန်ကြီးတော့ ပြောင်းလဲရင်
အခက်အခဲ တွေ့တာပေါ့။ အခုလိုပဲ တဖြည်းဖြည်းနဲ့ တိုးတက် ပြောင်းလဲသွားဖို့ ရည်ရွယ်ပါတယ်ဆိုပြီးတော့ ပြောပါတယ်။"

မစ္စတာ နမ်ဘီယားဟာ နိုင်ငံခြားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ဖြစ်သလို နေပြန်တော်မှာ ကျင်းပနေတဲ့ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အထူးအကြံပေးပုဂ္ဂိုလ် V J Nambiar နဲ့ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်နေ့မှာ တွေ့ကြမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာ ရောက်လာတဲ့ အမေရိကန်ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စ်နာ (Michael Posner) နဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ ရောက်လာမယ့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Derek Mitchell တို့ဟာ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း NLD ဗဟို ကော်မီတီဝင် ဦးဟန်သာမြင့်က အတည်ပြု ပြောကြားပါတယ်။

"အမေရိကန် ကိုယ်စားလှယ်တွေနဲ့ကတော့ ၄ ရက်နေ့၊ စီအီးစီတွေနဲ့ပါ ချိန်းထားပါတယ်။ ၄ ရက်နေ့မှာ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ ၂ ယောက်လုံး တပြိုင်တည်း တွေ့မှာ။ မစ္စတာ နမ်ဘီယားနဲ့တော့ ဘယ်တော့တွေ့မလဲ မသိဘူး။ တွေ့မှာတော့ သေချာတယ်။"

အမေရိကန်ကိုယ်စားလှယ် ၂ ယောက်ဟာ အစိုးရနဲ့ NLD ကိုယ်စားလှယ်တွေ အပြင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး အကျဉ်းသားတွေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးဖို့ ရှိတယ် ဆိုတာကိုလည်း အမေရိကန်သံရုံးက အတည်ပြု ပြောဆိုပါတယ်။

ဒီကိုယ်စားလှယ် ၂ ယောက်ဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေး မြန်မာအစိုးရနဲ့ အမေရိကန် အစိုးရကြား ဆွေးနွေးနေကြတာတွေရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာကြတာဖြစ်တယ်လို့လည်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အတည်ပြု ပြောဆိုပါတယ်။
http://www.voanews.com/burmese/news/Nambiar_Naypyidaw_Meeting_Nov01_2011-133000298.html

“ကျနော်တို့လူတွေဟာ ပေါင်းကူး တံတားတွေ ဖြစ်ရမယ်”(ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် အင်တာဗျူး)


ထွန်းထွန်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၃ မိနစ်

နိုဝင်ဘာ တရက်နေ့တွင် တည်ထောင်မှုသက်တမ်း ၂၃ နှစ်ပြည့်ပြီဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)သည် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနေဦးမည် ဖြစ်ကြောင်း
ပြောဆိုသည်။

အာဏာရှင် အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်မည်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာ တရက်နေ့ တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ABSDF သည် သက်တမ်း ၂၃ နှစ်အတွင်း ကျောင်းသားရဲဘော်ပေါင်း ၁ဝ,၂၄ ဦး ကျဆုံးခဲ့ရပြီး ဖြစ်သည်ဟုလည်း သိရသည်။

၂၃ နှစ်တာကာလအတွင်း ABSDF ၏ ဖြတ်သန်းမှု၊ ရပ်တည်မှု၊ လက်ရှိအစိုးရနှင့် လွှတ်တော်အပေါ် အမြင်၊ တွေ့ဆုံ
ဆွေးနွေးမှုနှင့် လက်နက်ကိုင် လမ်းစဉ်၊ ဒီမိုကရေစီပေါ်ထွန်းရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်မှုတို့နှင့် ပတ်သက်၍ ABSDF ဥက္ကဋ္ဌဖြစ်သူ ရဲဘော် သံခဲကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။


ကျောင်းသားတပ်မတော် ABSDF ဖွဲ့စည်းဖြစ်ပုံ အကျဉ်းလေး ပြောပြပေးပါ။

“မကဒတ - ကျောင်းသားတပ်မတော်ဆိုတာ ၁၉၈၈ ခုနှစ်က မွေးဖွားခဲ့တာဖြစ်တယ်။ အဲဒီအချိန်က ကျနော်တို့ တိုက်ပွဲသဏ္ဍာန် သုံးခုရှိခဲ့တယ်။ မြေပေါ်၊ မြေအောက်၊ လက်နက်ကိုင်တော်လှန်ရေးဆိုပြီးတော့မှ တိုက်ပွဲသဏ္ဍာန် သုံးခုထဲမှာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမယ်ဆိုပြီးတော့မှ ရောက်ရှိနေကြတဲ့ ကျောင်းသားတွေ၊ ရဟန်းရှင် လူတွေ၊ လူတန်းစားပေါင်းစုံပေါ့ဗျာ။ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လူငယ်ကျောင်းသားတွေဟာ တိုင်းရင်းသား လက်နက်ကိုင် အခြေခံဒေသတွေကို ကျနော်တို့ စတင်ရောက်ရှိတယ်။”

“အဲဒီမှာ အခြေခံယူနစ်တွေ ကျနော်တို့ စပြီးဖွဲ့ကြတယ်။ အဲဒီလို အခြေခံယူနစ်တွေ စတင်ဖွဲ့စည်းပြီးတော့မှ ကချင်
ဒေသ၊ ရှမ်းဒေသ၊ ကရင်နီဒေသ၊ ပအို့ဝ်ဒေသ၊ ပလောင်ဒေသ၊ ကရင်ဒေသ၊ မွန်ဒေသ။ အလားတူပဲ အနောက်ဘက် မှာလည်းပဲ အိန္ဒိယ-မြန်မာနယ်စပ် အဲဒီတလျှောက်မှာ ကျောင်းသားတွေ ရောက်ရှိသွားတယ်။ အဲဒီက အခြေခံ ယူနစ်တွေကနေပြီးတော့ ကိုယ်စားလှယ်တွေ စေလွှတ်တယ်။ စေလွှတ်ပြီးတဲ့အခါကျတော့မှ ဝမ်ခ မှာပေါ့ဗျာ။ မကဒတ ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေက စတင်ပြီးတော့မှ ဆွေးနွေးပွဲတခု ခေါ်တယ်။”

“ကျောင်းသားကိုယ်စားလှယ်တွေ တက်ပြီးတဲ့အခါကျတော့မှ မကဒတ - ကျောင်းသားတပ်မတော် စတင် ပေါ်ပေါက် လာတာ ဖြစ်တယ်။ အဲဒီ စတင်ပေါ်ပေါက်လာတဲ့ ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့က စပြီးတော့မှ အခြေခံယူနစ်တွေက ကိုယ်စားလှယ်တွေကတဆင့် ခုနက ပြောသလို ဗဟိုကော်မတီကို ရွေးရတယ်။ ဗဟို ကော်မတီမှတဆင့် ဗဟို ဦးဆောင်ကော်မတီကို အဆင့်ဆင့် ရွေးချယ်ရတာပါ။”


၂၃ နှစ်ကာလအတွင်းမှာ မကဒတရဲ့ ရည်မှန်းချက်တွေကို ဘယ်လောက်ထိ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါသလဲ။

“နံပါတ် (၁) အခြေခံယူဆချက်ကတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနဲ့ တိုင်းရင်းသား အများစုရဲ့ တန်းတူညီတူ အခွင့်အရေးကင်းမဲ့ခြင်းကို ထပ်တူကျအောင်လို့ ကျနော်တို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အထူးသဖြင့်က ၁၉၈၈ မတိုင်ခင်က ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ တိုင်းရင်းသား တန်းတူရေး လှုပ်ရှားမှုဟာ တသီး တခြားစီ ဖြစ်ပေါ်နေတဲ့ သဏ္ဍာန်မျိုး ရှိခဲ့တယ်။ သို့သော်လည်းပဲ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးမှာ
ရောက်ရှိလာတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားလူငယ်ရဲ့ စွမ်းဆောင်နိုင်ချက် တွေဟာ အစုအစည်းနှစ်ခုကြား
မှာ တဦးနဲ့တဦး နားလည်မှုကို တည်ဆောက်နိုင်တယ်။”

“ကျနော်တို့ သွားမယ့်လမ်းဟာ အတူတကွ လက်တွဲချီတက်သွားရမယ်ဆိုတဲ့လမ်း ဆိုတာကို အခိုင်အမာ ယုံယုံကြည်
ကြည်နဲ့ အလုပ်အတူတူ တွဲလုပ်နိုင်တယ်။ ဒါကြောင့်မို့လည်း ဒီကနေ့ အချိန်အထိ ကျနော်တို့ ကျောင်းသား တပ်မတော်ဟာ ကချင်ဒေသမှာ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့တယ်။ နောက် ကရင်နီဒေသမှာ ဆက်လက်ပြီးမှ လက်တွဲ
ဆောင်ရွက်နေတယ်။ KNU ကရင်နယ်မြေမှာလည်း ဆက်လက် ဆောင်ရွက်နေသလို မွန်ဒေသမှာလည်း အတတ်နိုင် ဆုံး ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။”


သက်တမ်း ၂၃ နှစ်ကြာ ရပ်တည်နေတဲ့နေရာမှာ အခက်အခဲတွေကို ဘယ်လို ရုန်းကန်ခဲ့ရသလဲ။

“အဓိကအားဖြင့် မကဒတ ရပ်တည်ရှင်သန်မှုမှာ နှစ်ပိုင်းခွဲပြောရမယ်။ တခုကတော့ နိုင်ငံရေးအရ ရပ်တည် ရှင်သန်မှု
ပေါ့။ နိုင်ငံရေးအရ ရပ်တည်ရှင်သန်မှုမှာ ကျနော်တို့ အနေနဲ့က မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ ကင်းဝေးလို့ မရဘူး။ အထူး သဖြင့်ကတော့ နအဖရဲ့ လှည့်ကွက်တွေကြားထဲမှာ၊ နိုင်ငံရေးကစားကွက်တွေကြားထဲမှာ ဖြစ်ခဲ့တဲ့ အခင်းအကျင်း တခု ရှိတယ်။ ၁၉၉၂ ကနေပြီးတော့မှ ၂ဝ၁ဝ ကြားထဲမှာ ဖြစ်ခဲ့တဲ့ အခင်းအကျင်းပဲ။ အဲဒါ ဘာလဲဆိုရင် အခြေခံ ယူနစ်တွေရှိတဲ့ တိုင်းရင်းသားဒေသတွေ တော်တော်များများဟာ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ထားတဲ့ ကာလ
ဖြစ်တယ်။ ဒီလို အခြေခံကာလမှာ ကျနော်တို့တွေရဲ့ တချို့သော လှုပ်ရှားမှုတွေဟာ ရပ်တန့်ခဲ့ရတယ်။”

“ဒါပေမဲ့လည်း နိုင်ငံရေးအဖြေ မထွက်တဲ့ အပစ်အခတ် ရပ်စဲရေး လွန်ကာလပေါ့ဗျာ။ နိုင်ငံရေးအဖြေ ရှာမထွက်တဲ့ အပစ်အခတ် ရပ်စဲရေးက ပေါ်လာတဲ့ အချိန်မှာ ၂ဝ၁ဝ လည်း လွန်ကော ကျနော်တို့တွေရဲ့ အလုပ်တွေ၊ ကျနော်တို့
တွေနဲ့ အတူတကွ လက်တွဲတိုက်ပွဲမူတွေဟာ ပြန်လည်ပြီးတော့မှ ပေါ်လာတယ်။ ဒါကြောင့်မို့ ကျနော် မြင်တာက
တော့ မကဒတရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ တောက်လျောက် တည်ရှိနေတာ ဖြစ်တယ်။ ဒါက မကဒတရဲ့ နိုင်ငံရေးရပ်တည်ချက်အပေါ်မှာ ပြောချင်တာပါ။”

“ဒုတိယတချက်ကတော့ ထောက်ပံ့ရေးလို ဟာမျိုး၊ ဖူလုံရေးလို ဟာမျိုး။ ကျနော်တို့တွေအတွက် လုံလောက်နိုင်တဲ့ ရိက္ခာလို ဟာမျိုး။ ဒီလိုကိစ္စမျိုးတွေကျတော့ ကျနော်တို့မှာ တော်လှန်ရေး ပုံသဏ္ဍာန်အရ အကျပ်အတည်း ဆိုတာ အမြဲတမ်း ရှိတယ်။ သို့သော်လည်းပဲ မတူညီတဲ့အခြေအနေကို ကျနော် ပြောပြချင်ပါတယ်။”

“ပထမဆုံး ကျနော်တို့ ရောက်စ အခြေအနေဟာ တိုင်းရင်းသား ဒေသတွေမှာ အခြေခံ မိခင် အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ၊ ဝိုင်းရံမှုတွေက အလုံးအရင်းနဲ့ ရရှိခဲ့တယ်။ နယ်မြေတွေကလည်း ကောင်းတယ်။ နောက်ပြီးတဲ့ အခါကျတော့ ခေတ်ကာလကလည်း အားလုံးက တိုက်ပွဲဖြစ်နေတဲ့ ကာလဖြစ်နေတာ။ နောက် ကြာလာပြီးတော့မှ ဒုတိယအကြိမ် ကာလလို့ ပြောရမယ်။ အဲဒီကာလမှာကျတော့ ဘာဖြစ်လာလဲဆိုရင် ကျနော်တို့လူတွေ၊ တချို့သော
နိုင်ငံတွေကနေပြီးတော့မှ ရိက္ခာလို ကိစ္စမျိုးတွေ၊ လူမှုကူညီထောက်ပံ့ကူညီမှု မျိုးတွေ ရခဲ့တယ်။ ဒီအချိန်ကာလမှာ ကျနော်တို့ တော်ရုံတန်ရုံ အခက်အခဲတွေ ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် တော်လှန်ရေးတခုလုံး ရပ်တည်ဖို့အတွက်က ကျနော်တို့ အဖြေမထွက်ခဲ့ဘူး။”

“နောက်တဆက်တည်းမှာပဲ ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ ကျနော်တို့ကို ခုနက ထောက်ပံ့ခဲ့တဲ့ အဖွဲ့အစည်းတွေ က ထောက်ပံ့မှုတွေ လုံးဝ ရပ်ဆိုင်းလိုက်တဲ့ အချိန်မှာ ကျနော်တို့တွေအတွက် အခက်အခဲက အကျပ်တည်းဆုံးပဲ။ အဲဒီကာလက အခုဆိုရင် ၁၀ နှစ်ကျော်သွားပြီ။ အခုချိန်အထိ ကျနော်တို့ လူတွေ ရပ်တည်နေတာဟာ ပြင်ပနိုင်ငံရဲ့ အကူအညီ၊ အထောက်အပံ့မှ ရရှိထားတာ မဟုတ်ဘူး။ ဒီကနေ့ ကျနော်တို့ ဘဝ ရပ်တည်ချက်ဟာ နိုင်ငံတကာမှာ
ရောက်နေတဲ့ မကဒတ အဖွဲ့ဝင်တွေ၊ နောက် နိုင်ငံတကာမှာ ရောက်နေတဲ့ မျိုးချစ်ပြည်သူတွေ၊ အဲဒီ အင်အားစုတွေ ရဲ့ ထောက်ပံ့မှုနဲ့ပဲ ရပ်တည်နေရတာ ဖြစ်ပါတယ်။”


ဒီလို အခက်အခဲတွေကြားက ဘာ့ကြောင့် ရပ်တည်နေနိုင်ခဲ့တာလဲ၊ ခံယူချက်ကဘာလဲ။

“အဓိက ကတော့ ကျနော်တို့ရဲ့ နိုင်ငံရေး ခံယူချက်ပဲလို့ ပြောရမယ်။ မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေး ခံယူချက်ဟာ ဘာလဲဆိုရင် ဒီမိုကရေစီ ဆိတ်သုဉ်းနေတယ်။ နောက်တခုက တိုင်းရင်းသားတွေရဲ့ တန်းတူရေးတွေက ကင်းမဲ့နေ တယ်။ ဒီအခွင့်အရေးတွေကို မဖော်ဆောင်နိုင်သေးသရွေ့က ကျနော်တို့ရဲ့ တိုက်ပွဲတွေက ဆက်လက်ပြီးတော့ တည်ရှိနေဦးမယ်။”

“ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ၂ဝဝ၈-၂ဝ၁ဝ မတိုင်ခင် အခြေအနေကို ကျနော် ပြောပြီးပါကော။ ဒီအခါမှာ ဘာတွေ့ သလဲဆိုရင် နဝတ၊ နအဖခေတ်က လမ်းပြမြေပုံ ခေတ်ပေါ့ဗျာ။ ညောင်နှစ်ပင် ခေတ်။ အဲဒီခေတ် မှာလည်း ကျနော်
တို့တွေ အတွက်က ဒီမိုကရေစီရေးတွေက အာမခံချက်မရှိခဲ့ဘူး။ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးတွေကလည်း အာမခံချက် မရှိသလို တိုင်းရင်းသားတွေရဲ့ တန်းတူရေးတွေကလည်း အာမခံချက် မရှိဘူး။ ဒါကြောင့် ကျနော်တို့ သူတွေဟာ ဆက်လက် တိုက်ပွဲဝင်ရမယ်။”

“တဘက်မှာလည်း တိုင်းပြည်ရဲ့ အထွေထွေ အကျပ်အတည်းကလည်း တဖြည်းဖြည်းနဲ့ ကြီးလာတယ်။ ဒါကြောင့် ဒီအခက်အခဲကို ကျော်လွန်ဖို့ဆိုရင် သူတို့လုပ်နေတဲ့ ညောင်နှစ်ပင်လို ကိစ္စမျိုးတွေဟာ အတုအယောင်တွေ ဖြစ် တယ်၊ နောက်တခုကတော့ အပစ်အခတ် ရပ်စဲရေးတွေဟာ အတုအယောင်တွေ ဖြစ်တယ်။ ဒီနိုင်ငံရေး အခြေအနေ ကို အဖြေရှာမထွက်သေးသရွေ့ ဒီတိုက်ပွဲတွေဟာ ဆက်လက် တည်ရှိနေမယ်။ မတည်ငြိမ်မှုတွေဟာ ဆက်လက် တည်ရှိနေမယ်။ ဒါလည်း မကဒတ ကျောင်းသား တပ်မတော်ဟာ ဆက်လက် တိုက်ပွဲဝင်ဖို့ လိုအပ်တယ်။ လက်နက်ကိုင် တိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲဖို့ လိုတယ်။ လူထုတိုက်ပွဲတွေနဲ့အတူ ပေါင်းစပ်နေဖို့ လိုတယ်။”

“အထူးသဖြင့် မကဒတမှာ အခန်းကဏ္ဍ နှစ်ခုရှိတယ်လို့ ယူဆတယ်။ တခုကတော့ ဘာလဲဆိုရင် ဖိအားပေးတဲ့ လုပ်ငန်းတွေမှာ ကျနော်တို့ လူတွေဟာ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လိုတယ်။ ဒုတိယ တခုကတော့ အင်မတန်မှ အရေးကြီးတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့လူတွေဟာ ပေါင်းကူးတံတားတွေ ဖြစ်ရမယ်လို့ ခံယူထားတယ်။”


အခု အရပ်သားအစိုးရ တက်လာနေပြီဖြစ်တယ်။ ဒီတော့ကာ လက်ရှိနိုင်ငံရေး အခြေအနေကိုကော ဘယ်လို သုံးသပ်ထားသလဲ။

“ကျနော်တို့ မြင်တဲ့ယူဆချက်ရှိပါတယ်။ ဦးသိန်းစိန်အစိုးရဆိုတာ လမ်းပြမြေပုံ ခုနှစ်ဆင့်ရဲ့ ရလဒ်တခု ဖြစ်တယ်။ အဲဒီ ရလဒ်နောက်ကွယ်မှာ ကျနော်တို့တွေက ကျိုးကြောင်း ဆီလျော်အောင် စဉ်းစားသင့်တယ်လို့ ထင်တယ်။ မြန်မာပြည် မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ကတည်းက တွက်ရင် ၆၃ နှစ်ရှိတယ်။ အဲဒီ ၆၃ နှစ်ထဲမှာမှ နှစ်အပိုင်းအခြားနဲ့ တွက်ကြည့်ရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိတဲ့ ခေတ်တွေ ရှိတယ်။ ဖွဲ့စည်းပုံ မရှိဘဲနဲ့ အုပ်ချုပ်ခဲ့တဲ့ နှစ်တွေ ရှိတယ်။”

“ဆိုကြပါစို့။ ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပါလီမန် ဒီမိုကရေစီခေတ်။ အဲဒီခေတ်မှာလည်း မတည်ငြိမ်ခဲ့ပါဘူး
မြန်မာပြည်ရဲ့ အခြေအနေက။ နောက်တခုက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆလ တပါတီ အာဏာရှင်ခေတ်။ ဒီခေတ်မှာလည်း တိုင်းပြည်တခုလုံးက မတည်ငြိမ်ဘူး။ နောက်တခုကတော့ ဖွဲ့စည်းပုံ လုံးဝမရှိတဲ့ နဝတ၊ နအဖ အစိုးရကောင်စီခေတ်။ နောက် အခု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်တပ် ကျောထောက်နောက်ခံ လက်ရှိ ကြံ့ဖွံ့အစိုးရခေတ်ပေါ့ဗျာ။”

“ဒီလိုမျိုး ခွဲကြည့်လို့ရှိရင် ကျနော်တို့မှာ သင်ခန်းစာထုတ်ကြည့်လို့ရတယ်။ အခြေခံဥပဒေတခုဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို အပြည့်အဝ အာမ, မခံနိုင်ဘူး၊ ပြည်သူ့ဆန္ဒအပေါ်မှာ မမူတည်ဘူး။ နောက် တခုက တိုင်းပြည် ရဲ့ အခြေခံနိုင်ငံရေး လိုအပ်ချက်တွေ အပေါ်မှာ မပြည့်စုံနိုင်ဘူးဆိုရင် တိုင်းပြည်က ဘယ်လိုမှ မတည်ငြိမ်နိုင်ဘူးဆိုတာ စမြင်နေတယ်။ ဒါကြောင့်မို့ ကျနော်မြင်တာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ကလည်း လူထုထောက်ခံမှုနဲ့ တက်လာတာ မဟုတ်ဘူး။ လူထုရဲ့ အကျိုးစီးပွားအတွက် ရေးဆွဲ ထားတာ မဟုတ်ဘူး။ စစ်အုပ်စုအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။”

“ဒါကြောင့် ဒီအခြေခံ ဥပဒေဟာ လူထုအတွက် အာမ မခံနိုင်သလို ကျနော်တို့ရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ ဒီမိုကရေစီ
ရေး၊ အမျိုးသား တန်းတူရေးတွေကိုလည်း အာမ မခံနိုင်တဲ့အတွက် တိုင်းပြည်က တည်ငြိမ်မှုကို မပေးနိုင်သေးဘူးလို့ ထင်တယ်။”


ဒါဆိုရင် ဘယ်လိုလုပ်ငန်းစဉ်မျိုးတွေကသာ မြန်မာပြည် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပေါ်ထွန်းစေမယ်လို့ ထင်ပါသလဲ။

“တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကသာ အကောင်းဆုံး အဖြေပဲ။ ဒီတွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စဖို့ဆိုရင် ဒီကနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ
ဆွေးနွေးပွဲတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တန်းတူညီတူရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ရမယ်။ အားလုံး အဖြေရှာနိုင်တဲ့ အခင်းအကျင်းတွေ ဖြစ်ရမယ်။”

“ဒါပေမဲ့ အခု တွေ့ဆုံ ဆွေးနွေးမှုတွေဟာ အဲဒီအဆင့်တွေကို မရောက်သေးဘူးလို့ ယူဆတယ်။ တဆက်တည်းမှာပဲ ဘာဖြစ်သလဲဆိုရင် တိုင်းပြည်ရဲ့တည်ငြိမ်ရေးကို ပထမ တည်ဆောက်ရမှာ ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေးတည် ငြိမ်မှုကို တည်ဆောက်ချင်တယ်ဆိုရင် လုပ်ရမယ့် ပထမခြေလှမ်းက ဘာလဲဆိုရင် ၈၈ ကျောင်းသား ခေါင်းဆောင်
တွေ အပါအဝင်ပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်။ နောက်တခုက တတိုင်းပြည်လုံးမှာ ပစ်နေ၊ ခတ်နေတဲ့ ထိုးစစ်ဆင်နေတာတွေကို တတိုင်းပြည်လုံး ရပ်ပစ်ရမယ်။ ဒါဟာ နိုင်ငံရေး တည်ငြိမ်မှုရဲ့ ပထမ
ခြေလှမ်းလို့ ယူဆတယ်။”

“အဲဒီကမှတဆင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ပိုပြီး မြင်သာတဲ့ အခင်းအကျင်းတွေ၊ အချိန်ကန့်သတ်ချက် အခင်းအကျင်းတွေထဲမှာ တိုင်းရင်းသားတွေ အရေးအခင်းတွေကို ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးနိုင်တဲ့ အခြေခံကို ရောက်သွားဖို့ လိုတယ်လို့ ထင်တယ်။”


၂၃ နှစ်မြောက်နေ့မှာ ဘာတွေဆက်လုပ်သွားမယ်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ်ကကော။

“အထူးသဖြင့်က ကျနော်တို့ ညီလာခံက သတ်မှတ်ထားတာက လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲ ပေါင်းစပ်
အောင်ပွဲခံရေး ဖြစ်တယ်။ ဒီကြွေးကြော်သံဟာ အခုချိန်ထိ ဆက်လက် ဆွဲကိုင်ထားဖို့ လိုတယ်။ ဒီကြွေးကြော်သံ
အောက်မှာ၊ ဒီသေနင်္ဂဗျူဟာအောက်မှာ ကျနော်တို့တွေဟာ အဘက်ဘက်က ပြင်ဆင်ဖို့ လိုတယ်။”

“ဒါဟာ ဘာလို့ ပြောနေလဲဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ပြောင်းလဲမှုဟာ စသေးတာ မဟုတ်ဘူး။ မြန်မာပြည်ရဲ့
နိုင်ငံရေးဟာ တည်ငြိမ်မှုကို ရနေသေးတာ မဟုတ်ဘူး။ ကျနော်တို့ အားလုံးဟာ တန်းတူညီတူ ဥပဒေ တခုတည်း
အောက်မှာ၊ အားလုံး လိုက်နာနိုင်တဲ့ ဥပဒေရဲ့ လုံခြုံမှုအောက်မှာ ရနေသေးတာ မဟုတ်ဘူး။ ဒီအခြေခံအောက်မှာ ကျနော်တို့တွေဟာ အချိန်မရွေးပေါက်ကွဲ ထွက်လာနိုင်တယ်။ အချိန်မရွေး တိုင်းပြည်ထဲမှာ ကျနော်တို့အားလုံးဟာ အကျဉ်းသားတွေအဖြစ် ဖြစ်သွားနိုင်သေးတဲ့ အခြေအနေရှိတယ်။”

“ဒါကြောင့်မို့ ကျနော်တို့ရဲ့လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေးဆိုတဲ့ သေနင်္ဂဗျူဟာ အောက်မှာ ဆက်လက်ပြီးတော့မှ လုပ်ငန်းစဉ်တွေကို ပြင်ဆင်သွားမယ်လို့ပဲ ပြောချင်ပါတယ်။”


တွေ့ဆုံ ဆွေးနွေးရေး အတွက် ပြောနေကြချိန်မှာ လက်နက်ကိုင် တိုက်ပွဲကကော ဘယ်လောက် အရေးကြီးတယ်လို့ ပြောလို့ရမလဲ။

“တွေ့ဆုံဆွေးနွေးရေးတွေကို မျက်ကွယ်ပြုနေတာ မဟုတ်ဘူး မကဒတ က။ မကဒတ က တွေ့ဆုံ ဆွေးနွေးရေးကို အမြဲတမ်းကြိုဆိုတယ်။ တန်းတူညီတူရှိတဲ့၊ ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ထွန်းဖို့အတွက် အမြဲတမ်း တိုက်တွန်းတယ်။ သို့သော်လည်းပဲ တန်းတူညီတူ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မလာနိုင်တဲ့အခြေခံနောက်မှာ ကျနော် တို့ တိုက်ပွဲသဏ္ဍာန်ပေါင်းစုံ ပြင်ဆင်သွားဖို့ လိုတယ်လို့ ကျနော်တို့အနေနဲ့ မှန်းဆတယ်။”

“အဲဒီမှန်းဆချက်ရဲ့နောက်မှာ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ကျနော်တို့
ပြင်ဆင်နေတယ်။ အားလုံးဟာ ပွင့်လင်းမြင်သာတဲ တွေ့ဆုံဆွေးနွေးပွဲသာဖြစ်ရင်၊ တန်းတူညီတူ ရှိတဲ့ တွေ့ဆုံ
ဆွေးနွေးပွဲသာ ဖြစ်ခဲ့ရင် ဒီပြဿနာတွေဟာ တည်ငြိမ်သွားနိုင်တယ်၊ အေးဆေးသွားနိုင်တယ်။”

“ဒီလိုမှ မဟုတ်ဘဲနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပေါ်မှာပဲ နအဖက အတင်းအကျပ် ဆွဲကိုင်ထားမယ် ဆိုရင်၊ ဒီဘောင်ထဲကိုပဲ ဆွဲသွင်းထားမယ်ဆိုရင် အချိန်မရွေး လူထုတိုက်ပွဲတွေလည်း ဆက်ပေါ်ဦးမယ်၊ လက်နက်ကိုင် တိုက်ပွဲ တွေကလည်း ဆက်ရှိနေဦးမယ်လို့ ယူဆထားတဲ့အတွက် ဒါကို ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။”
http://www.mizzimaburmese.com/interview/8573-2011-11-01-08-26-17.html


ဒီမိုက​ရေစီအသွင်​ပြောင်း​ရေး​အတွက် စိတ်ချရသည့်​ အခင်း​အကျင်း​မဟုတ်​သေး​ဟု ​ကျောင်း​သား​တပ်မ​တော် ​ပြော
Published on November 1, 2011 by ဒီဗွီဘီ · No Comments

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်း​နေမှု​တွေဟာ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​အ တွက် စိတ်ချရတဲ့​ အခင်း​အကျင်း​ မဟုတ်​သေး​ဘူး​လို့​ ​အေဘီအက်စ်ဒီအက်ဖ် ​ကျောင်း​သား​တပ်မ​တော်က ​ပြောကြား​လိုက်ပြီး​ နိုင်ငံ​ရေး​၊​ စစ်​ရေး​တိုက်ပွဲ​တွေ ဆက်လုပ်သွား​မယ်လို့​ ​ကြေညာလိုက်ပါတယ်။

“ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ စစ်တပိုင်း​အစိုး​ရဟာ ၂၀၀၈ ဖွဲ့​စည်း​ပုံအ ​ခြေခံဥပ​ဒေ​ဘောင်ထဲကို အတိုက်အခံ နိုင်ငံ​ရေး​အင်အား​စု​တွေအား​လုံး​ ပူး​ပေါင်း​လာ​အောင် နည်း​ပရိယာယ်နဲ့​ သိမ်း​သွင်း​စည်း​ရုံး​နေတာ” လို့​ ​အေဘီအက်စ်ဒီအက်ဖ် – မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ်တပ်ဦး​ ၂၃ နှစ်ပြည့်​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။

အဓိပ္ပာယ်ပြည့်​ဝတဲ့​ နိုင်ငံ​ရေး​ဖြစ်ထွန်း​မှု ဖြစ်မဖြစ် သတိကြီး​ကြီး​နဲ့​ ​စောင့်​ကြည့်​ဖို့​ လိုသလို စစ်အုပ်စုအလိုကျ ၂၀၀၈ ဖွဲ့​စည်း​ပုံထဲ နယ်မကျွံဖို့​လည်း​ အ​လေး​ထား​ရမယ်လို့​ ​ကျောင်း​သား​တပ်မ​တော်က သတိ​ပေး​ပါတယ်။

ကျောင်း​သား​တပ်မ​တော်ရဲ့​ လက်ရှိရပ်တည်ချက်နဲ့​ ​ဆောင်ရွက်မှု​တွေကို သိရဖို့​ ​အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲ​ဘော်သံခဲကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ကျောင်း​သား​တပ်မ​တော် အ​နေနဲ့​ ဘယ်အချိန် ကာလ​လောက်အထိ လက်နက်ကိုင်​တော်လှန်​ရေး​ လုပ်ငန်း​စဉ်ကို ဆက်ပြီး​တော့​ ဆင်နွှဲသွား​မယ်လို့​ ဆုံး​ဖြတ်ချက် ချထား​ပါသလဲ။


အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ ကိုသံခဲ

“ကျ​နော်တို့​တ​တွေရဲ့​ နိုင်ငံ​ရေး​ဦး​တည်ချက် ​လေး​ရပ်ရှိတယ်။ တစ်က​တော့​ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ပ​ပျောက်​ရေး​။ ဒုတိယ တခုက​တော့​ ဒီမိုက​ရေစီနဲ့​ လူ့​အခွင့်​အ​ရေး​။ တတိယက ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​။ စတုတ္ထက ဖယ်ဒရယ် ပြည်​ထောင်စု ​ပေါ်ထွန်း​ရေး​ ဆိုတဲ့​ ဦး​တည်ချက် ​လေး​ရပ်ကို အ​ကောင်အထည်​ဖေါ်တဲ့​ ​နေရာမှာ အ​ကောင်း​ဆုံး​နည်း​လမ်း​ဟာ နိုင်ငံ​ရေး​အရ အဓိပ္ပာယ် ပြည့်​ဝတဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေကတဆင့်​ ​ဖော်​ဆောင်သွား​တာဟာ အ​ကောင်း​ဆုံး​ပါပဲ။ ဒီနိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေဟာ အဆိုပါဦး​တည်ချက်​တွေကို ​ရောက်ဖို့​အတွက် အလား​အလာ ​ကောင်း​တွေ ရှိ​နေတယ်၊​ အလား​အလာ​ကောင်း​တွေ ​ပေါက်​မြောက်သွား​ပြီ​ဟေ့​ ဆိုရင်​တော့​ ကျ​နော်တို့​တွေရဲ့​ ဒီ ချမှတ်ထား​တဲ့​ တိုက်ပွဲ​တွေ၊​ နိုင်ငံ​ရေး​လုပ်ငန်း​စဉ်​တွေ ပြီး​ဆုံး​တယ်လို့​တောင် မဆိုနိုင်​သေး​ပါဘူး​။ အဲဒါကို​တောင်မှ ကျ​နော်တို့​တွေ အ​နေနဲ့​က အား​လုံး​နဲ့​အတူ လက်တွဲပြီး​တဲ့​ အခါကျ​တော့​မှ တိုင်း​ပြည်တည်​ဆောက်​ရေး​တွေကို ဆက်လက်​ဆောင်ရွက်သွား​ ရမှာဖြစ်ပါတယ်။”

ကျောင်း​သား​တပ်မ​တော်က လူထုတိုက်ပွဲနဲ့​ လက်နက်ကိုင် ​တော်လှန်​ရေး​ကို ​ပေါင်းစပ်ဆင်နွှဲမယ်ဆို​တော့​ အဲဒီ လုပ်ငန်း​စဉ်က​ရော ဘယ်အ​ခြေအ​နေ ရှိပါသလဲ။

“၂၀၁၁ ညီလာခံမှာလည်း​ ကျ​နော်တို့​ ​နောက်ဆုံး​ဆွဲကိုင်တဲ့​ ​သေနင်္ဂဗျူဟာက လူထုတိုက်ပွဲနဲ့​ လက်နက်ကိုင်​တော်လှန်​ရေး​ ​ပေါင်း​စပ် ​အောင်ပွဲခံ​ရေး​ ​သေနင်္ဂဗျူဟာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ အဲဒီ ​သေနင်္ဂဗျူဟာကို ဆွဲကိုင်ထား​ဆဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော်တို့​ ဗမာပြည်ထဲမှာ ဖြစ်​နေတဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေဟာ ကျ​နော်တို့​ ​မျှော်မှန်း​ထား​တဲ့​ အဓိပ္ပာယ်ပြည့်​ဝတဲ့​၊​ တန်း​တူရည်တူရှိတဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေ မဖြစ်​သေး​ဘူး​။ ကျ​နော်တို့​ ​မျှော်မှန်း​ထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ မလွတ်​သေး​ဘူး​။ ကျ​နော်တို့​ ​မျှော်မှန်း​ထား​တဲ့​ တတိုင်း​ပြည်လုံး​ ငြိမ်သက်မှု​တွေ မရှိ​သေး​ဘူး​။ နိုင်ငံ​ရေး​လည်း​ မတည်ငြိမ်သလို စစ်​ရေး​အ​ခြေအ​နေ​တွေကလည်း​ တတည်ငြိမ်ဘူး​။ ဒါဟာ ဘာဖြစ်လို့​လဲဆိုရင် ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံအ​ခြေခံဥပ​ဒေ​နောက်က ​ပေါ်ထွက်လာတဲ့​ ​ရွေး​ကောက်ပွဲလွန်ကာလ အခင်း​အကျင်း​ပဲ ဖြစ်ပါတယ်။ ဒီအခင်း​အကျင်း​ဟာ အခုအချိန်အထိ ဆက်လက်ပြီး​ ရိုက်ခတ်​နေဆဲ ဖြစ်တယ်လို့​ ကျ​နော်တို့​က ယူဆပါတယ်။”

မြန်မာပြည်တွင်း​က အဓိက နိုင်ငံ​ရေး​အင်အား​စုကြီး​တွေ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်တို့​ ဘာတို့​ ​ရွေး​ကောက်ပွဲဝင်ဖို့​ စဉ်း​စား​နေကြပြီ။ ​နောက်ပြီး​ ဒီ ​ရွေး​ကောက်ပွဲ ဥပ​ဒေပြင်ဆင်​ရေး​ကို သူတို့​ ​တောင်း​ဆိုတာလည်း​ ​တွေ့​ရတယ်ဆို​တော့​ ​ကျောင်း​သား​တပ်မ​တော်အ​နေနဲ့​ရော ဘယ်လိုများ​ ​ပြောင်း​လဲဖို့​ ရှိပါသလဲ။

“ကျ​နော်တို့​ အ​နေနဲ့​ ဒီ​သေနင်္ဂဗျူဟာကို ​ပြောင်း​လဲစရာ အ​ကြောင်း​ မရှိ​သေး​ဘူး​လို့​ ကျ​နော်တို့​ ယူဆပါတယ်။ ဒီ​နေ့​ပြော​နေတဲ့​ ​ရွေး​ကောက်ပွဲ ဥပ​ဒေ တခုတည်း​ ပြင်လိုက်ရုံနဲ့​ ကျ​နော်တို့​ တိုင်း​ပြည်ရဲ့​ နိုင်ငံ​ရေး​ပြဿနာဟာ ​ဖြေရှင်း​သွား​နိုင်တာ မဟုတ်ဘူး​လို့​ ထင်ပါတယ်။ ဗမာပြည်မှာ ဒီမိုက​ရေစီ​ရေး​၊​ တန်း​တူအခွင့်​အ​ရေး​တွေ ရရှိဖို့​အတွက် တိုက်ပွဲဝင်တဲ့​အခါမှာ အ​ခြေခံအ​ကြောင်း​ရင်း​ကို ကျ​နော်တို့​ ABSDF က အခုလို ရှုမြင်ပါတယ်။

“၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဟာ ဒီ​နေ့​ ဗမာပြည်နိုင်ငံ​ရေး​ရဲ့​ အဟန့်​အတား​ တခုလို့​ ကျ​နော်တို့​ ယူဆပါတယ်။ အဲဒီ ယူဆချက်ကို ​ကျော်လွှား​ဖို့​ဆိုရင် ကျ​နော်တို့​ အား​လုံး​ဟာ လွှတ်​တော်ထဲက​နေ သွား​ပြီး​တော့​ ​ဖြေရှင်း​ရင် အဲဒီ ​ဖြေရှင်း​တဲ့​ ပုံစံဟာ ၂၀၀၈ ​ဘောင်ထဲကို ဝင်သွား​လိမ့်​မယ်။ လွှတ်​တော် ​ဘောင်အပြင်က​နေပြီး​တော့​မှ အခုလို ​တွေ့​ဆုံပွဲ​တွေမျိုး​ကို ကြိုး​စား​နေတာကို ကျ​နော်တို့​ ကြိုဆိုပါတယ်။ ​နောက် တချက်က​တော့​ ဘာပဲဖြစ်ဖြစ် ဒီ​နေ့​ တိုင်း​ပြည်မှာ တဖက်နဲ့​ တဖက်ကြား​မှာ ယုံကြည်မှု​တွေ ကင်း​မဲ့​နေတာ​တော့​ အမှန်ပါပဲ။ ဒီထက် ယုံကြည်မှု​တွေ တည်​ဆောက်ဖို့​ကို ပထမ​ခြေလှမ်း​အ​နေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​ကို လွှတ်​ပေး​သင့်​တယ်။ တတိုင်း​ပြည်လုံး​မှာ တိုက်ခိုက်​နေတဲ့​ အတိုက်အခိုက်​တွေကို ရပ်စဲသင့်​တယ်လို့​ ကျ​နော် ဒီ​နေရာက ​တောင်း​ဆိုပါတယ်။”

လက်ရှိ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ ဒီ ​ကျောင်း​သား​တပ်မ​တော်နဲ့​ ပူး​ပေါင်း​တိုက်ပွဲဝင်​နေမှု လက်တွဲတိုက်ပွဲဝင်​နေမှု အ​ခြေအ​နေက ဘယ်လို ရှိပါသလဲ။

“ကျ​နော်တို့​ ​ကျောင်း​သား​တပ်မ​တော်​မွေး​ဖွား​ကတည်း​ကိုက အ​ခြေပြုရတဲ့​ ​နေရာ​တွေဟာ တိုင်း​ရင်း​သား​ အမျိုး​သား​ရေး​၊​ ​တော်လှန်​ရေး​အတွက် တိုက်ပွဲဝင်​နေတဲ့​ အဖွဲ့​အစည်း​တွေရဲ့​ အ​ခြေပြုရာ ​ဒေသ​တွေပဲ ဖြစ်ပါတယ်။ ဥပမာ ဆိုကြပါဆို့​ဗျာ ဒီ​ကေဘီ​အေ က​နေပြီး​တော့​မှ နယ်ခြား​စောင့်​တပ်ဖွဲ့​ကို လက်မခံလို့​ နအဖကို ပြန်လည်​တော်လှန်တဲ့​အခါမှာ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ်က သူတို့​နဲ့​ ပြန်ပြီး​တော့​မှ သွား​ပြီး​ ပူး​ပေါင်း​တယ်။ လက်တွဲတိုက်ပွဲဝင်တယ်။ ​ကေအန်ယူ နဲ့​ဆိုရင် ကျ​နော်တို့​က ​တောက်​လျှောက် ​အေဘီအက်စ်ဒီအက်ဖ် စတင် ဖြစ်​ပေါ်လာကတည်း​ကိုက ​ကေအန်ယူ နယ်​မြေထဲမှာ ကျ​နော်တို့​ ဖြစ်​ပေါ်လာတယ်။ အခုအချိန်ထိလည်း​ ကျ​နော်တို့​ ဒီ ​ကေအန်ယူ နယ်​မြေထဲမှာ ဆက်စပ်ပြီး​တော့​ ​ဆောင်ရွက်​နေတယ်။ ​ကေအန်ပီပီ ဆိုလည်း​ အလား​တူပါပဲ။

“​နောက်တချက် ထူး​ခြား​တာက ဒီ ၂၀၁၀ လွန်ကာလမှာ ကျ​နော်တို့​အ​နေနဲ့​ ကချင်လွတ်​မြောက်နယ်​မြေ​ဒေသမှာ ​အေဘီအက်စ်ဒီအက်ဖ် ​မြောက်ပိုင်း​ကို ပြန်လည်း​ စုဖွဲ့​နိုင်ခဲ့​တာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ​ကေအိုင်အို နဲ့​ နဝတ၊​ နအဖ တို့​က အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ပြီး​တဲ့​ ​နောက်ပိုင်း​မှာ ​ကေအိုင်အို နယ်​မြေထဲက​နေ ​ကျောင်း​သား​တပ်မ​တော် ထွက်ခွာခဲ့​ရတယ်။ ဒါ​ပေမယ့်​ အခုအချိန်မှာ ​ကျောင်း​သား​တပ်မ​တော် အလံကို ပြန်ပြီး​တော့​မှ ​ကေအိုင်အို နဲ့​အတူ လက်တွဲ​ဆောင်ရွက်နိုင်ဖို့​ အ​ခြေအ​နေ ကျ​နော်တို့​ ပြန်လည်ပြီး​တော့​ ရရှိခဲ့​တယ်။ အတူတကွ တိုက်ပွဲ​တွေ၊​ အတူတကွ ဘဝ​တွေကို ရင်ဆိုင်ဖို့​အတွက် ကျ​နော်တို့​ အား​လုံး​ ညှိညှိနှိုင်း​နှိုင်း​နဲ့​ ​ဆောင်ရွက်နိုင်တာဟာ ခင်ဗျား​မေး​တဲ့​ ဥပမာ​တွေထဲက အချက်​တွေပဲ ဖြစ်ပါတယ်။”

လက်ရှိ ​ကျောင်း​သား​တပ်မ​တော်ရဲ့​ အင်အား​နဲ့​ ဒီ ရုပ်ပိုင်း​ဆိုင်ရာ ပြည်တွင်း​ပြည်ပ အထောက်အပံ့​ ရရှိမှု အ​ခြေအ​နေ​လေး​ရော ​ပြောနိုင်မလား​။

“ကျ​နော်တို့​ ​ကျောင်း​သား​တပ်မ​တော်အ​နေနဲ့​ ရုပ်ဝတ္ထုပိုင်း​ဆိုင်ရာ၊​ ​ငွေ​ကြေး​ပိုင်း​ဆိုင်ရာ မည်သည့်​နိုင်ငံကမှ ​ထောက်ပံ့​မှု ရရှိတာ မဟုတ်ပါဘူး​။ ကျ​နော်တို့​တွေရဲ့​ ရပ်တည်မှုက နိုင်ငံတကာမှာ ​ရောက်​နေတဲ့​ ကျ​နော်တို့​ တပ်ဖွဲ့​ဝင်​တွေ၊​ ​နောက်တခုက​တော့​ နိုင်ငံတကာမှာ ​ရောက်​နေတဲ့​ မျိုး​ချစ်အင်အား​စု​တွေရဲ့​ တသီး​ပုဂ္ဂလ ​ထောက်ပံ့​မှုနဲ့​ပဲ ကျ​နော်တို့​တွေက ရပ်တည်​နေရတာ ဖြစ်ပါတယ်။ ကျ​နော်တို့​နဲ့​ အတူတကွ လက်တွဲ

ဆောင်ရွက်​နေတဲ့​ မဟာမိတ်တိုင်း​ရင်း​သား​ ​တော်လှန်​ရေး​အင်း​အား​စု​တွေရဲ့​ ကျ​နော်တို့​အ​ပေါ်မှာ တချို့​ရဲ့​ အကူအညီကို ကျ​နော်တို့​ ရရှိပြီး​တော့​ပဲ ကျ​နော်တို့​ ဆက်လက်ချီတက်​နေတာ ဖြစ်ပါတယ်။ ဒီအ​ခြေအ​နေ​အောက်မှာ ကျ​နော်တို့​ရဲ့​ အင်အား​ကို အတိအကျ ​ပြောရတာ ခက်​နေပါ​သေး​တယ်။”

၂၃ နှစ်တာ ​ကျောင်း​သား​တပ်မ​တော်ရဲ့​ ​တော်လှန်​ရေး​ကာလမှာ သင်ခန်း​စာ ယူမယ်ဆိုရင် ဘယ်အချက်ကိုများ​ ​ပြောချင်ပါသလဲ။

“ကျ​နော်တို့​တွေရဲ့​ အကြီး​မား​ဆုံး​ သင်ခန်း​စာအ​နေနဲ့​ ​ပြောချင်တာက ကျ​နော်တို့​ ညီညွတ်​ရေး​က အဓိကလို့​ ထင်ပါတယ်။ ကျ​နော်တို့​ ညီညွတ်​ရေး​ ပြိုကွဲမှု​တွေ ရှိခဲ့​ဘူး​ပါတယ်/ အဲဒီလိုဟာမျိုး​တွေကို ပြန်လည်ပြီး​တော့​ ​ပေါင်း​စည်း​ဖို့​ကိုလည်း​ ကျ​နော်တို့​ လုပ်ခဲ့​ဖူး​ပါတယ်။ ဒါ​ကြောင့်​မို့​ ကျ​နော် ​ပြောချင်တာက ​ကျောင်း​သား​တပ်မ​တော်အတွင်း​မှာ ကျ​နော်တို့​ ညီညွတ်​ရေး​ဟာ အင်မတန်မှ အဓိက ကျတယ်လို့​ ထင်တယ်။”

ကျောင်း​သား​တပ်မ​တော်ရဲ့​ ဒီ​တော်လှန်​ရေး​ သမိုင်း​တ​လျှောက် အနှစ် ၂၀ ​ကျော် သမိုင်း​မှာ ထိခိုက်ကျဆုံး​မှု ဘယ်​လောက်များ​ ရှိခဲ့​ပါသလဲ။

“ကျ​နော်တို့​ ဒီ ၂၃ နှစ်တာ ကာလအတွင်း​မှာ ​သေသွား​တဲ့​လူတွေက သူရဲကောင်းတွေပေါ့ဗျာ။ အင်အား​အ​နေနဲ့​ဆိုရင် စာရင်း​အရ ၁၀၂၄ ​ယောက် ရှိပါပြီ။ ဒီဟာက ကျ​နော်တို့​အတွက် အင်မတန်မှ ​ကြေကွဲဖွယ်ရာ ဖြစ်ပါတယ်။ ဒါ​တွေဟာ ကျ​နော်တို့​အတွက် အာဇာနည်​တွေလို့​ ကျ​နော် ယူဆပါတယ်။ ဒီ​နေ့​ ​ထောင်ထဲမှာ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ် ရဲ​ဘော်​တွေ ရှိပါ​သေး​တယ်။ ဒါ​တွေကလည်း​ သူရဲ​ကောင်း​တွေပါ။ မကြာခင်ကမှပဲ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ် ရဲ​ဘော်​တွေ ပြန်လည် လွတ်​မြောက်လာတာကို ကျ​နော်တို့​ ကြား​ရပါတယ်။ ဒီအ​ပေါ်မှာလည်း​ ကျ​နော်တို့​ အများ​ကြီး​ ဝမ်း​သာကြိုဆိုတဲ့​အ​ကြောင်း​ ​ပြောချင်ပါတယ်။”

အများ​ကြီး​ပါပဲခင်ဗျာ။ စာရင်း​ဇယား​အရ လုံခြုံမှုအရ ကျ​နော်တို့​ အတိအကျ မထုတ်ပြန်နိုင်​ပေမယ့်​ အကျဉ်း​ထောင်​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​အဖြစ် ဆက်လက်ပြီး​တော့​ ကျခံ​နေရတဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ရဲ​ဘော်​တွေ အများ​ကြီး​ ကျန်​သေး​တယ်လို့​ ဒီ​နေရာက ​ပြောချင်ပါတယ်။”

နိုဝင်ဘာ ၁ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ၂၃ နှစ်ပြည့်​ အခမ်း​အနား​ကို ဌာနချုပ်ရှိရာ ထိုင်း​ – မြန်မာနယ်စပ်ရှိ ​ဒေါင်း​ခွင်စခန်း​မှာ ကျင်း​ပသလို နိုင်ငံတကာ​ရောက် ​ကျောင်း​သား​တပ်ဖွဲ့​ဝင်​တွေကလည်း​ အသီး​သီး​ကျင်း​ပကြပါတယ်။ ထိုင်း​နိုင်ငံ မဲ​ဆောက်မြို့​၊​ ချင်း​မိုင်မြို့​တို့​မှာလည်း​ အလား​တူကျင်း​ပရာမှာ ကျဆုံး​ခဲ့​တဲ့​ ​ကျောင်း​သား​ရဲ​ဘော်​တွေအတွက် ​ရေစက်ချ အမျှ​ဝေကြပါတယ်။

ကျောင်း​သား​တပ်မ​တော်ဟာ ၁၉၉၀ ပြည့်​နှစ်ကာလတုန်း​က ထိုင်း​နယ်စပ်၊​ အိန္ဒိယ၊​ တရုတ်၊​ ဘင်္ဂလား​ဒေ့​ရှ် စတဲ့​ နယ်စပ်​ဒေသ​တွေမှာ စုစု​ပေါင်း​အင်အား​ တ​သောင်း​ကျော်အထိ ရှိခဲ့​တယ်လို့​ ​ကျောင်း​သား​တပ်မ​တော် ဥက္ကဋ္ဌ ရဲ​ဘော်သံခဲက ​ပြောပါတယ်။

စစ်အစိုး​ရနဲ့​ လက်နက်ကိုင်အင်အား​စု​တွေ အပစ်အခတ်ရပ်စဲ​ရေး​ စတင်လာပြီး​နောက် ၂၀၀၄ – ၂၀၀၅ ​အေဘီအက်စ်ဒီအက်ဖ်ဟာ အင်အား​အနည်း​ဆုံး​ ဖြစ်လာခဲ့​ပြီး​နောက် ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​နောက်ပိုင်း​မှာ ပူး​ပေါင်း​အင်အား​ ပြန်တိုး​လာတယ်လို့​ ရဲ​ဘော်သံခဲက ​ပြောပါတယ်။

လက်ရှိမှာ ​အေဘီအက်စ်ဒီအက်ဖ်ဟာ ​ကေအန်ယူ၊​ ဒီ​ကေဘီ​အေ၊​ ​ကေအိုင်​အေ၊​ ​ကေအန်ပီပီ စတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ပူး​ပေါင်း​တိုက်ပွဲဝင်​နေပါတယ်။

၁၉၉၃ ခုနှစ်မှာ ​ကေအိုင်အို (ကချင်လွတ်​မြောက်​ရေး​အဖွဲ့​)က စစ်အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲလိုက်ပြီး​နောက်မှာ ​ကေအိုင်အိုနယ်​မြေက​နေ ထွက်ခွာခဲ့​ရတဲ့​ ​အေဘီအက်စ်ဒီအက်ဖ်(​မြောက်ပိုင်း​)ကို အခု ပြန်လည်ဖွဲ့​စည်း​ထား​ပြီး​ ၂၃ နှစ်​မြောက်​နေ့​မှာ ရုံး​ခန်း​ဖွင့်​လှစ်ပွဲ ကျင်း​ပသွား​ပါတယ်။ ​အေဘီအက်စ်ဒီ အက်ဖ်(​မြောက်ပိုင်း​)ဟာ ​ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်)နဲ့​ ပြန်လည်လက်တွဲပြီး​ တိုက်ပွဲဝင်​နေတယ်လို့​ ရဲ​ဘော်သံခဲက ​ပြောပါတယ်။
http://burmese.dvb.no/archives/17245