Friday, November 4, 2011

ဒိုင်ဗင်ကျွန်းမှ Fight Star ဂီတပွဲတော်(၂) (Zသိမ်း)


by ဖိုး သိကြား on Friday, November 4, 2011 at 8:39am


ဇော်မင်းဖွတ် ကိုယ်တိုင်ရေးထားပြီး ကိုယ်တိုင်သီဆိုထားသည့် သီချင်းတပုဒ်က "ပြောင်းပြန်စီးသော..မြစ်တစင်း"
သီချင်းရဲ့ အဓိကအကြောင်းအရာမှာ ဧရာဝတီမြစ်ကို မြောက်မှတောင်သို့ မစီးဆင်းစေပဲ တောင်မှမြောက်သို့ စီး
ဆင်းစေလျှင် မည်သို့အကျိုးဖြစ်ထွန်းနိုင်ကြောင်း ဖြစ်နိုင်လျှင် တရုတ်တို့ထံအရောက် မြစ်ဖောက် ပေးလိုကြောင်း

မြန်မာပြည်မှ ထိန်ထိန်ညီးနေတဲ့ မီးတွေဖြင့် တရုတ်တို့ကို ပံ့ပိုးပေးလိုကြောင်း ရူးကြောင်ကြောင် အတွေးအခေါ်များကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။ နောက်တပုဒ်ကတော့ ဒေါ်လာများရဲ့ သတို့သမီး ဖြစ်ပါတယ်..။

"အားလုံးပဲ အဆင်ပြေရင် အီးပေါက်သံလေးတွေ ကြားချင်ပါတယ်.."

VIP အဖွဲ့ဝင်များနဲ့ တရုတ်ဧည့်သည်များကတော့ နှစ်သက်လို့ အီးများ အပြိုင်အဆိုင်ပေါက်ကြလေ၏ တီဗွီမှ ကြည့်ရှု့
နေကြသည့် ပရိတ်သတ်များမှာတော့ ဒေါသတွေ တချောင်းချောင်း နှာခေါင်းတရှုံ့ရှုံ့..ဇော်မင်းဖွတ်မှာ ရာဇ၀င်များရဲ့
သတို့သမီးကို ခံစားချက်ပါပါနှင့် ဆိုနေပြန်ပေသည်..။

♪ ♥ ♫ ♥ ♪ကွယ်လွန်ပြီးသောအိပ်မက်များ..ဒီတခါနိုးထ အသစ်ဖြစ်လာ..♪ ♥ ♫ ♥ ♪
♪ ♥ ♫ ♥ ♪အိမ်တွေကားများရဖို့ ဒေါ်လာငွေတို့အတွက်ဖြစ်စေ..♪ ♥ ♫ ♥ ♪
♪ ♥ ♫ ♥ ♪ဖြတ်သန်းရင်းနဲ့စီးဆင်း.. သူဟာဒေါ်လာများရဲ့♪ ♥ ♫ ♥ ♪
♪ ♥ ♫ ♥ ♪လျှို့ဝှက်ချက်တို့သိမ်းဆည်းထား..ဧရာဝတီ♪ ♥ ♫ ♥ ♪
♪ ♥ ♫ ♥ ♪ဒေါ်လာများရဲ့ သတို့သမီး.. ငါတို့ရဲ့ ရောင်းကုန်..ဧရာဝတီ♪ ♥ ♫ ♥ ♪
♪ ♥ ♫ ♥ ♪ဒေါ်လာများရဲ့ သတို့သမီး.. ငါတို့ရဲ့ ရောင်းကုန်..ဧရာဝတီ♪ ♥ ♫ ♥ ♪

သို့ကလို Fight Star အဖွဲ့ဝင် ဇော်မင်းဖွတ်(လျှပ်စစ်) မှ အားပါးတရ ဖြေဖျော်သွားလေသည်.။



ဤသို့ဖြင့်စတိတ်ရှိုး အစီအစဉ်ပြီးနောက် Fight Star အဖွဲ့ခေါင်းဆောင် ပြဇာတ်မင်းသား သောနုတ္တိုရ်ကျော်ဆန်းရဲ့
"မုဆိုးကျတဲ့ မျက်ရည်စ"ဇာတ်လမ်းကိုကပြပါတယ်။ဇာတ်လမ်းမှာ ဆန္ဒန်ဆင်မင်းဇာတ် ဖြစ်သော်လည်း ယခုဇာတ်
မှာ ဆန္ဒန်ဆင်မင်းက ဇာတ်လိုက် မဟုတ်ဘဲ မုဆိုးညစ်ထွေးငမိုက်ခွေး..မုဆိုးပေတလူ အခေါက်ထူ ဖြစ်တဲ့ သော
နုတ္တိုရ်မုဆိုးက ဇာတ်လိုက်အဖြစ် သရုပ်ဆောင်သွားသည်.။ ကောင်းလေစွ(စိတ်ညစ်ဖို့)

ဇာတ်လမ်းအမှန်မှာ လက်ဆောင် ပဏ္ဏာလိုချင်၍ ဆင်စွယ်လာယူခြင်း ဖြစ်သော်လည်း ယခုဇာတ်လမ်းတွင် မိဖုရား
ကြီးနှင့် ဘုရင်ကြီးတို့၏ သောကကို မကြည့်ရက်၍ သေလိုကသေစေတော့ ဟူသော သဘောဖြင့် တောထဲသို့လာရပုံ
ဆန္ဒဆင်မင်းနှင့် တွေ့ချိန်မှာလည်းဆန္ဒဆင်မင်းကို မသတ်လိုကြောင်း အလွန်တရာ ချစ်မြတ်နိုး သနားမိပါကြောင်း
အဆိုကောင်း အငိုကောင်း ပြဇာတ်မင်းသားပီပီ မျက်ရည် ဘူးသီးလုံးလောက်ကျပြပြီး ကျနော်လည်း အကြီးကြီးကို
ချစ်ပါတယ်ဗျာ. ချစ်ပါတယ်ဗျာနဲ့. ဘာကို ချစ်မှန်းမသိ. ရာဇာနေ၀င်းစတိုင်နဲ့ စင်ပေါ်မှာဂနာမငြိမ် ရှုပ်ရှက်တွေခက်
မိုက်ကြိုးကို ခလုတ်တိုက် လဲလိုလဲ အောက်မှ VIP အဖွဲ့သားများမှာလည်း မျက်လည်လည်ရွဲနှင့် ကျနော်တို့လည်း
ချစ်ပါတယ်.. လို့ဂယောင်ဂတမ်းဖြင့် လိုက်ရွတ်လိုရွတ်နှင့် အလွမ်းဇာတ်တွေ ခင်းနေချိန်မှာ တီဗွီကြည့် ပရိတ်သတ်
တွေကတော့ တ၀ါးဝါး တဟားဟားနဲ့ ဟာသဇာတ်ကြည့်နေရသလို.. ဤသို့ဖြင့် VIP အကယ်ဒမီဆုရှင် သောနုတ္တိုရ်
ကျော်ဆန်း တယောက် ကပေါက်တိကပေါက်ချာနှင့် ကပြသွားလေ၏။

နောက်ဆုံးအစီအစဉ်မှာ အငြိမ့်ဖြစ်သည်..။

ဒီဘက်က ကိုအပုလေးလားခင်ဗျာ..

ရှိပါ့.. ကိုဇော်မင်းဖွတ်ရေ

ကျနော်တို့ Fight star အဖွဲ့ကြီးခုလို ရပ်တည်လာတာဟာ ပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာတွေကြာင့် မဟုတ်ဘူးလား
ခင်ဗျာ..

ဟုတ်တာပေါ့ဗျာ..အဲဒီမေတ္တာတွေနဲ့သာ အုတ်စီလို့ရမယ်ဆိုရင် ကျနော်တို့ ဒီထက်မက ချမ်းသာပြီပေါ့ဗျာ..ကျနော်
တို့ကိုခုလိုအခြေအနေမျိုးရောက်အောင် သင်ကြားပေးခဲ့တဲ့ ဖွတ်သဘင်အဖွဲ့ကြီးက ဇာတ်ဆရာကြီး ဆရာ ရွှေဝဒတ်
ကိုလည်းဒီနေရာက ကန်တော့လိုက်ရပါတယ်ဗျာ. ငှီး..အီး..အီး ဟုဆိုကာ မျက်ရည်များ တတောက်တောက်နဲ့ ငိုချ
လိုက်ပြန်လေသည်။

ကျန်လူများလည်း ဘာလုပ်ရမှန်းမသိ ဖြစ်ကာ ပိတ်ကားကိုချရန် အချက်ပေးလိုက်ရ၏။ ပိတ်ကားနောက်ကွယ်မှာ
ဟေ့လူ..ဘာလို့ငိုတာလဲဗျ.. ခင်ဗျားကလည်း.. ကျုပ်တို့ ဆရာကြီးက ရှောမှ မရှောသေးတာ.. ဟိုမှာပရိတ်သတ်
တွေ ကြည့်နေတယ်.. မရှက်ဖူးလား..

အရင်ကတော့ ကျုပ်မှာ အရှက်ရှိပါတယ်ဗျာ. ဒါပေမယ့် သဘင်သည်မရှက်ရ ဆိုတဲ့အတိုင်း ဖွတ်ရွှေမဟာသဘင်
ရောက်ပြီးတဲ့နာက်ပိုင်း အရှက်မဲ့လာတယ်ဗျာ.. အလုပ်က သင်ပေးလိုက်တယ်လို့ ဆိုရမယ်။ ခုငိုတယ်ဆိုတာလည်း
ဟိုသတင်းကို သတိရပြီး ကျုပ်တို့ ဆရာကြီးလည်း ခုလိုဖြစ်ခဲ့ရင်ဆိုတဲ့အတွေး တွေးမိပြီး ၀မ်းနည်းလို့ ငိုမိတာပါဗျာ..

ဘယ်သတင်းလဲဗျ..

ကဒါဖီသတင်း.လေ..ဟုဆိုကာ.. မျက်ရည်များ ကျလာပြန်သည်။။

သို့ဖြင့်. အတန်ကြာမှ ဂီတပွဲအား ပြန်စနိုင်လေသည်။

ကိုအပုလေးရေ့.. ခင်ဗျားက Fight Star ခေါင်းဆောင် ပြဇာတ်မင်းသားဆိုတော့ ပညာစုံတတ်မှာပေါ့..

ဒါပေါ့ဗျ.. ပညာတတ်တာကတော့ ကျုပ်တို့က မျိုးနဲ့ရိုးနဲ့ဗျ

ဆိုစမ်းပါဦး..ခင်ဗျားတို့မျိုးရိုး

ဂျပန်ခေတ်က နာမည်ကြီးခဲ့တဲ့ သောက်တလွဲအေးမောင်ဆိုတာ ကျုပ်အဖေဗျ

ဟင်..ခင်ဗျားဟာ ထန်းတက်လက်မှတ်ရတဲ့ သောက်တလွဲအေးမောင် သားကိုးဗျ..

ဒါပေါ့.. သိတယ်မဟုတ်လား ကျုပ်တို့မျိုးရိုးက အလုပ်လုပ်ရင် သူများအထက်ကပဲလုပ်တာ..ကျုပ်အဖိုးအလုပ်
ဆိုရင်လည်း အထက်ကပဲဗျ

ဘာအလုပ်လဲဗျ

သက်ကယ်မိုးတာလေ

အင်း.ဟုတ်ပေသားဗျ.. ဒီလိုဆို ခင်ဗျားကို ပညာစမ်းမယ်..။

ကြိုက်တဲ့ဘက်ကစမ်း.. ဘယ်ဘက်ကစမ်းစမ်း..ညာဘက်ကစမ်းစမ်း.. ချိုင်းမွှေးကြီးပဲ

ဇော်မင်းဖွတ်မှ အပုလေးအား နရင်းတီးလိုက်လေ၏..ခွပ်

ကဲဒါဆိုရင် ကျုပ်က ၁ကနေ၁၀ အထိ မေးမယ်..ခင်ဗျားက ဖြေ

ရတယ်လေ..စိန်လိုက်..

ကဲစပြီ..တစ်

တစ်.. တစ်ကောင်တည်း ဒါပေမယ့်ဖွတ်
နှစ်. နှစ်ကောင်ရှိရင်ပြန်ကိုက်လိုက်မယ်..ဟွန်း
သုံး..သုံးမရတဲ့ အတွေးအခေါ် တွေက ခေါင်းထဲမှာအပြည့်..ငှဲ.ငှဲ..
လေး.. လေးလေးနက်နက် ကတ္တရာပုံးထမ်းပြီးပြောနေတာနော်
ငါး..ငါးပုတင်းဟင်းစားတာများလို့ ငါပုပြီး တင်းတာ ဘာဖြစ်လဲကွ
ခြောက်..ခြောက်နေတာဟုတ်ဘူး..
ခုနစ်..ခုနစ်ထွေအကလည်း ကတတ်ပြီးသား
ရှစ်..ရှစ်ခိုးတောင်းပန်ပါတယ်..ငါငိုတာ ပြန်မဖွကြပါနဲ့
ကိုး.ကိုးပါးသီလအသာထား ငါးပါးသီလတောင် မမြဲချင်ဘူး..ဟီး..ဟီး
ဆယ်..ဆည်အကြောင်းလာမမေးကြပါနဲ့. ကျနော်မျက်ရည်မခိုင်လို့ပါ..ဟင့်

ဟား..ဟား..ကိုအပုလေးက တယ်ဟုတ်ပါလားဗျ.

ထို့နောက် ငပုတင်းကျော်ဆန်းမှ ကိုဇ်ာမင်းဖွတ်အား

ဒါနဲ့ပြောရဦးမယ်ဗျ.. ခုတလော အပြင်မှာ ခင်ဗျားလည်းနာမည်ကြီးနေတယ်နော်

လုပ်ပါဦး..ဘယ်လိုနာမည်ကြီးတာလဲ?ခင်ဗျားက မီဒီယာကို မီဒီယာနဲ့ပြန်ကိုက်မယ်ဆိုတော့ သိမှာပေါ့

ဘာဗျ.. ပြန်တိုက်မယ်လုပ်စမ်းပါဗျ..ခွပ်

အပုလေးမှ ကိုဇော်မင်းဖွတ်အား နရင်းပြန်တီးလိုက်၏။

ကျုပ်လည်း တခြားမီဒီယာတွေကိုတော့ ပြန်ကိုက်..ပြန်တိုက်နိုင်ပါတယ်ဗျာ.. ဒါပေမယ့် ဖေ့ဘွတ်ဆိုတဲ့ ကောင်
ကိုတော့ ကျုပ်ပြန်မတိုက်နိုင်ဘူးဗျာ..ဒီကောင်က ကျုပ်တို့ VIPဖွတ်တွေကို အရမ်းတိုက်ခိုက်တာဗျ..။ ကျုပ်ကောင်လေးတွေကိုတော့ ပြန်ကိုက်ခိုင်းထားပါတယ်ဗျာ.. ဒါပေမယ့် ထင်သလောက် မလွယ်ဘူးဗျ..။
ခုတောင် ကျုပ်တို့ Fight Star ဂီတပွဲတော်ကို ဘယ်လို ဆော်ဦးမလဲ မသိဘူး..ရင်တထိတ်ထိတ်နဲ့ ကနေရတာ

ဟုတ်ပါ့နော်..ခုန ကျုပ်ရဲ့သတင်းတွေဆိုတာ ပြောပါဦး..

ဒီလိုလေ..ခင်ဗျားက မီးတွေ ရောင်းစားနေတယ်တဲ့..ကျုပ်တို့နှစ်ယောက်ပေါင်းလို့ သတင်းစာတွေလည်း အကုန်
မီးလောင်ကုန်ပြီတဲ့

ဘာလို့လဲဗျ..

သတင်းစာထဲက သတင်းတွေမှာ လျှပ်စစ်ဓါတ်အားတွေ များလို့ လျှော့ဖြစ်ပြီး လောင်ကုန်တာဆိုပဲ

ခင်ဗျားကလည်း ကြံကြံဖန်ဖန်ဗျာ..

နောက်တခုက သူတို့က ပြောနေတယ်.. သူများတိုင်းပြည်မှာ မီးကြိုး က ၃ကြိုးတဲ့.။ အပူကြိုး(Phase)၊ အအေးကြိုး(Neutral) မြေစိုက်(Earth)ကြိုးဆိုးပြီး ၃ချောင်းသုံးတယ်တဲ့ ဒီမှာ ဘာလို့ ၂ချောင်းပဲ သုံးတာလဲတဲ့

ဒီမှာလည်း ၃ချောင်းပါဗျ..

ဘယ်မှာလဲဗျ..ရှင်းစမ်းပါဦး..

ကျုပ်ရှင်းပြမယ်.. ဒီကမီးကြိုး ၃ချောင်းမှာ တချောင်းက အပူးကြိုးအတွက် တချောင်းက အအေးကြိုးအတွက်
နောက်တချောင်းက ကျုပ်အတွက်..

သြော်..သဘောပေါက်ပါပြီဗျာ..နောက်တခုက ခင်ဗျားပြောတဲ့ လျှပ်စစ်ဓါတ်တွေပိုလျှံလို့ ရောင်းတယ်ဆိုတာလည်း
ပြည်သူတွေက မကျေနပ်ဘူးဗျ..ဒီအတိုင်းဆို ဒီနှစ် VIP အကယ်ဒမီပေးပွဲမှာ ခင်ဗျားပဲ ရမယ်ထင်တယ်။

ဟာ.. လျှပ်စစ်တွေကိုလည်း တကယ်ပိုလို့ရောင်း..ရောင်း..ဟာ..

ထိုထို မီးရောင်းစားသော လူကြီးစကားပင်မဆုံးချေ.. လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားသဖြင့် ဇာတ်ရုံတခုလုံး
မှောင်အတိ ကျသွားလေတော့သည်..။

တီဗွီမှ ကြည့်နေကြသည့် ပရိတ်သတ်များမှာလည်း နှစ်ထောင်းအားရစွာ လက်ခုပ်သြဘာများ ပေးလိုက်ကြလေ
သတည်း..။
 ရွှီး..ဖြောင်း..ဖြောင်း..ဖြောင်း..


ယုံကြည်ချက်အတွက် အကျဉ်းကျနေရသူများအား ချွင်းချက်မရှိ ပြန်လွှတ်ပေးပါ..။
တိုင်းရင်းသား သွေးချင်းများအပေါ် ဆင်နွဲနေသော စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးပါ..။

အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား (04/11/2011)

ဒိုင်ဗင်ကျွန်းမှ Fight Star ဂီတပွဲတော်(၁)

ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား(ထွန်းအောင်ကျော်)

ဗိုလ်ချုပ်မြကို ၁၉၉၇ ခုနှစ်ကတောထဲမှာတွေ့တဲ့အခါသူက DABရဲ့သဘောတူညီချက်ကိုမလိုက်နာဘဲ တော်လှန်ရေးအဖွဲ့တွေတဖွဲ့ခြင်းငြိမ်းချမ်းရေးယူကြလို့အင်အားချိ့နဲ့သွားခဲ့တာကိုထောက်ပြသွားတယ်၊ အခုUNFC ဟာအရင်ကအမှားတွေကိုသင်္ခန်းစာယူပြီးဖဲ့စည်းရုံးတာမခံဘဲအဖွဲ့လိုက်ဆွေးနွေးပွဲကိုခိုင်ခိုင် ရပ် ပြီးတောင်းဆိုနိုင်ဘို့လိုတယ်။ ဗိုလ်ချုပ်မြက ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တွေကိုခေါင်းဆောင်နဲ့ငယ်သားခွဲ ပစ်လိုက်တော့ခေါင်းဆောင်လုပ်သူတွေကိုစီးပွားရေးလုပ်ကွက်တွေပေးပြီးဖျက်စီးလိုက်တော့သာယာပြီး ငယ်သားတွေနဲ့ကွာဟသွားတယ် တဲ့ဒီစကားဟာသွေးထွက်အောင်မှန်တယ်လို့ဆိုရမယ်၊ အခုကြည့် ဗိုလ် စောချစ်သူဘယ်လောက်ချမ်းသာနေလဲ၊ DKBA တွေအခုမတရားတာကိုငုံမခံဘဲပြန်ချတော့မပါတော့ဘူး မရဘူးတဲ့စည်းစိမ်ကိုမစွန့်နိုင်တော့ဘူးလေ။

ရာထူးကြီးကြီး ၂ခုယူထားတဲ့ဟန်ညောင်ဝေဟာအခုရန်သူနယ်မြေမှာ အေးအေးချမ်းချမ်းရှမ်းပြည် အထိသွားပြီးလည်ပတ်နေပြီ၊ စဉ်းစားကြပါ၊ EBO ရဲ့ညွှန်ကြားရေးမှူး၊ DVB ရဲ့ ညွှန်ကြားရေးမှူး(ပူပူနွေးနွေးဖြစ်ခါစ) အနေနဲ့အစိုးရဆန့်ကျင်ရေးအတွက်အောက်ခြေမဟုတ်ဘဲ ထိပ် ဆုံးကနေရာယူထားသူကဘာသဘောတူညီချက်မှပေးစရာမလိုဘဲ ပြန်သွားနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မ လား၊ UNFC အနေနဲ့အထူးသတိထားဘို့လိုပြီ၊ ENC လည်းသတိရှိဘို့လိုပြီ၊ တပ်ပေါင်းစုမူအတိုင်းသွား နိုင်ဘို့လိုသည်။
ထွန်းအောင်ကျော်

မဟာချိုင်အရေးပေါ်သတိပေးချက်




~အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက်မှ နိုင်ငံတော်ပိုင်မြေအဖြစ် မတရားအသိမ်းခံရသည့် ပြည်သူများ၏ တိုင်ကြားစာ~

"အင်းစိန်မြို့နယ် ပေါက်တောဝ မှတ်တိုင်အနီး ကွက်သစ်ရပ်ကွက်မှ နိုင်ငံတော်ပိုင်မြေအဖြစ် မတရားအသိမ်းခံရ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသော အိမ်ထောင်စု(၁၀)စုခန့်မှ မိဘ၊ သားသမီး၊ ကလေး၊ လူကြီး (၅၀)ကျော်မှ နိုင်ငံတော် သမ္မတထံ တိုင်ကြားစာ"

By Ko Myoe(Face book)




စစ်အာဏာရှင်စနစ်ကိုဇာတ်သိမ်းစေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသမီး ( မောင်မောင်ဝမ်း )

ခေါင်းစဉ်ကိုရုတ်တရက်ကြည့်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းလိုလိုဘာလိုလိုနဲ့….ဒါပေမဲ့ ရိုးတိုးရိပ်တိတ်အဆင့်ထက်ကျော်လွန်တဲ့တူညီမှု့တွေရှိနေတဲ့ …အာဖရိကတိုက်..လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးသမ္မတ…အယ်လင်ဂျွှန်ဆင်ဆာလိ..ရဲ့တစိတ်တဒေသပါ……လိုက်ဘေးရီးယားနိုင်ငံရဲ့သမိုင်းက လည်းစိတ်ဝင်စားဘို့ကောင်းလှတယ်ဗျ။ရင်ခုန်စရာတွေအသဲယားစရာတွေကြောက်စရာတွေအပြည့်နဲ့။ယူတတ်မယ်ဆို သင်ခန်းစာတွေ တပုံကြီး ။

၁၉၈၀ အထိ လိုက်ဘေးရီးယားနိုင်ငံဟာ တပါတီအုပ်ချုပ်ရေးပုံစံနဲ့အုပ်ချုပ်တယ်။၁၉၈၀ မှာတော့ စစ်တပ်ကအာဏာသိမ်းယူပြီးအပြင်းအထံနှိပ်ကွပ်မှု့တွေ၊သတ်ဖြတ်မှု့တွေအမြောက်အများကိုကျူးလွန်တော့တာပါပဲ ၊ စစ်အာဏာသိမ်းမှု့ကို ဦးဆောင်သူက ဆင်မြူရယ် ဒိုး ဆိုသူဖြစ်တယ်….သူဟာ..အရင်အစိုးရလက်ထက် သမ္မတ…၀ီလျှံတျွှိုင်းဘတ်ဆိုသူအပါဝင် အစိုးရအဖွဲ့ဝင်တော်တော်များများကို လိုက်ဘေးရီးယားနိုင်ငံရဲ့မြို့တော် မွန်ရိုးဗီးယားဆိုတဲ့မြို့ရဲ့ကမ်းခြေတခုမှာ..သစ်လုံးတိုင်မှာကပ်တန်းစီပြီးသေနပ်နဲ့ပစ်သတ်လိုက်တယ်….နောက်များမှာလည်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု့တွေ….လာဒ်ပေးလာဒ်ယူမှု့တွေ၊အာဏာအလွှဲသုံးစားလုပ်မှု့တွေတပြုံကြီးကိုဆက်လက်ကျူးလွန်ရင်း……တိုင်းပြည်ဟာလုံးပါးပါးလာခဲ့တော့တယ်။စစ်အာဏာသိမ်းခေါင်းဆောင် ဆင်မြူရယ်ဒိုး ဟာ အရင်အစိုးရလက်ထက် သမ္မတဟောင်း နဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို သတ်ဖြတ်ခဲ့တုန်းကများဆိုရင်…အဲဒီညမှာအောင်သေအောင်သား…စားပွဲသဘင်တောင်ကျင်းပရင်း…တရားသောစစ်ပွဲကိုဆင်နွဲခဲ့တဲ့စစ်သူကြီးတဦးပမာ….ဂုဏ်ယူဝံ့ကြွားမှု့အပြည့်နဲ့ပေါ့။

ဒီလိုနဲ့….ဆင်မြူရယ်ဒိုးအစိုးရအဖွဲ့ထဲက…ချားတေလာဆိုသူကို..သူက..ဒေါ်လာတသန်းလာဒ်စားမှု့နဲ့ ထောင်ချပစ်လိုက်တယ်…ချားတေလာက..ထောင်ကလွတ်လာတော့…လိုက်ဘေးရီးယားနိုင်ငံမှာမနေတော့ပဲ…နိုင်ဂျီးယားနိုင်ငံထဲကိုထွက်ပြေးသွားခဲ့တယ်…လူသူလက်နှက်စုဆောင်းပြီး…ဆင်မြူရယ်ဒိုးကိုတော်လှန်တော့ တာပဲ…အဲဒီမှာတင်..လိုက်ဘေးရီးယားနိုင်ငံပြည်တွင်းစစ်ဟာအကြီးအကျယ်စတင်ဖြစ်ပွားခဲ့တယ်…ပြည်သူလူထုတရပ်လုံးကလည်း ဆင်မြူရယ်ဒိုး အစိုးရကို မကျေနပ်တော့ဘူး….တော်လှန်သူ ချားတေလာကိုလည်း သွားလေသူ…..လစ်ဗျားခေါင်းဆောင်ကဒါဖီကသွေးထိုးမြှောက်ပေးတယ်….ချားတေလာရဲ့လက်နှက်ကိုင်တပ် တွေဟာ..တဖြည်းဖြည်းနဲ့လိုက်ဘေးရီးယားနိုင်ငံကိုသိမ်းပိုက်လာရင်း…ချားတေလာနဲ့လက်တွဲဖော်…မင်းသား ဂျွှန်ဆင်..ဆိုသူကတခါ…ချားတေလာနဲ့လမ်းခွဲလိုက်ပြန်ရော……ဒါပေမဲ့…သူတို့နှစ်ဦးကသဘောထားမတဲ့ကြပေမဲ့…ဆင်မြူရယ်ဒိုးကိုတော်လှန်တဲ့နေရာမှာတော့တပြိုင်နက်ထဲတော်လှန်တိုက်ခိုက်ကြတယ်…..လိုက်ဘေးရီး ယားနိုင်ငံကြီးတခုလုံးဟာစစ်တလင်းပြင်ဖြစ်ခဲ့ရတယ်လေ…တနေ့မှာတော့….မင်းသားဂျွှန်ဆင်ရဲ့သူပုန်တပ်တွေက…မြို့တော် မွန်ရိုးဗီးယားကို ၀င်တိုက်ခိုက်ရာက…စစ်အာဏာရှင် သမ္မတ..ဆင်မြူရယ်ဒိုး ကိုအရှင် လက်ရဖမ်းဆီးနိုင်ခဲ့တယ်…..ဒီတခါ အောင်သေအောင်သား အစားခံရသူက ဆင်မြူရယ်ဒိုး…..

အခန်းကျယ်ကျယ်တခုမှာ…မင်းသား ဂျွှန်ဆင်က..စားပွဲခုံနောက်က ထိုင်ခုံပေါ်မှာထိုင်ရင်း ဘီယာသောက်အမြည်းစားမပျက်..စကားတွေခြွေလို့…ယက်ခပ်ပေးသူနဲ့…မျက်နှာသုတ်ပေးသူနဲ့…..သမ္မတ ဟောင်း ဆင်မြူရယ် ဒိုး ခမျာ..အ၀တ်စားမဲ့ ခန္ဓာကိုယ် ကိုလက်ပြန်ကြိုးတုတ်ရင်း…ကြမ်းပြင်ပေါ်မှာ ရာဇ အိနြေ္ဒ မရှိ…အရူးကြီးတယောက်လိုပဲ….မင်းသားဂျွှန်ဆင်ကိုလည်း….မင်းသား..မင်းသားနဲ့ခေါ်ရင်းဆင်ခြေပေးနေရတာလည်း အမောသား…ဒီလိုနဲ့အပြန်အလှန်ပြောနေရင်းက…မင်းသားဂျွှန်ဆင် ရဲ့တပ်သားတွေက…သမ္မတဟောင်း ဆင်မြူရယ်ဒိုး ကိုဆွဲလှဲပြီး…နားရွက်တဘက်ကို အစိမ်းလိုက်ဖြတ်…သူ့ဗိုက်ပေါ်တင်ထားလိုက်တယ်….ခန္ဓာကို တခုလုံးကိုလည်း ဓါးနဲ့ခပ်ပါးပါးလိုက်မွှမ်း……ရဲဘော်တွေက ခြေထောက်တွေနဲ့ သူ့ခေါင်းပေါ်…သူ့ပုခုံးပေါ်ကို တက်နင်းထားရင်း ဂုဏ်ယူလို့…အပြုံးတွေကိုယ်စီနဲ့……( တခါက ဆင်မြူရယ်ဒိုးလည်း…သူ့အရင် သမ္မတဟောင်းကို ဒီလိုသတ် ဒီလိုပျော်ခဲ့ဘူးပါတယ်….) နောက်တော့ သတ်ပစ်လိုက်တယ်။



ဆင်မြူရယ်ဒိုး ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး လိုက်ဘေးရီးယားနိုင်ငံကို ချားတေလာက ဆက်လက်အုပ်ချုပ်ခဲ့တယ်…..ချားတေလာက တခါ မင်းသားဂျွှန်ဆင်နဲ့တပ်ဖွဲ့တွေကို နှိပ်ကွပ်လို့ ပြည်တွင်းစစ်က မဆဲ….မင်းသားဂျွှန်ဆင်လည်း မနိုင်တော့တဲ့ အဆုံး သူလည်း နိုင်ဂျီးရီးယား နိုင်ငံထဲကိုထွက်ပြေးခဲ့ရတယ်လေ….အဲဒီရောက်တော့…သူတော်တော်တရားကျသွားပုံရတယ်….ခရစ်ယာန်ဘာသာကိုလေးလေးနက်နက်ခံယူယုံကြည်ပြီး…ဘာသာရေးအဆုံးအမတွေနဲ့ကျင့်ကြံနေထိုင်ခဲ့တယ်….သူရက်စက်ခဲ့တဲ့…ဆင်မြူရယ်ဒိုး မိသားစုနဲ့ နိုင်ဂျီးရီးယားမှာ ဆုံလိုက်ရတဲ့အခါမှတော့…သူတော်တော်ကျေကွဲသွားတယ်လို့ စာထဲမှာဖတ်လိုက်ရပါတယ်။

အာဏာရှင်ကို လက်နှက်ကိုင်ဆန့်ကျင်တော်လှန်ရင်း အာဏာရယူခဲ့တဲ့ ချားတေလာ လည်း သူ့ထက်သူလူစွမ်းကောင်းဖြစ်လာတယ်လေ……ပထမပိုင်းမတော့…လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ တွေဘာတွေကျင်းပပေးသေးတယ်ဗျ…..အဲဒီရွေးကောက်ပွဲမှာအခုသမ္မတဖြစ်နေတဲ့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အဲလင်….လည်းဝင်ယှဉ်ပြိုင်ခဲ့သေးတယ်…..ဒါပေမဲ့သူမနိုင်ဘူး…လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆို တာကိုတော့နိုင်ငံတကာကလေ့လာသူများက…၀န်ခံခဲ့တယ်……တဖြည်းဖြည်းနဲ့….ချားတေလာရဲ့အာဏာရှင် စရိုက်တွေဟာတော်တော်ဆိုးလာတယ်….သူလည်းရှေ့က….ဆင်မြူရယ်ဒိုးလိုလူတွေအများကြီးသတ်…ထောင်ချ….ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တာ…..( ဒီလိုလူကို လူထုက ဘာလို့ ထောက်ခံမဲတွေပေးပြီး နိုင်ငံတော်အကြီးအကဲအဖြစ်ရွေးချယ်ခဲ့တာလည်းဆိုတော့…သူ့ကိုသာအနိုင်မပေးရင်ပြည်တွင်းစစ်ဟာ…နောက်တကျော့ ကြီးကြီးကျယ်ကျယ်ပြန်ဖြစ်လာမှာကို လူထုက သိနေတယ်လေ )။



လိုက်ဘေးရီးယားနိုင်ငံမှာ အဲဒီကာလများစွာက….လူငယ်တွေရဲ့ခေါင်းထဲမှာစွဲနေတာ…လက်နှက်ရှိရင် အာဏာရှိတယ်…တလက်ရှိရင် တလက်အာဏာ…နှစ်လက်ရှိရင် နှစ်လက်အာဏာ…အများကြီးရှိရင် အများကြီးအာဏာတည်တယ်တဲ့…အာဏာရှိသူက အာဏာမဲ့သူကို အရာရာအနိုင်ကျင့်တယ်….သူတို့နဲ့ အင်တာဗျူးတဲ့…ဗွီဒိယို ကိုကြည့်လိုက်ရတဲ့အချိန်မှာ ကိုယ့်နိုင်ငံအတွက် ရတက်မအေးဖြစ်မိတာအမှန်ပဲ။

ချားတေလာ လက်ထက်မှာ ကမ္ဘာမှာနံမည်ကြီးတာတခုရှိတယ်…အဲဒါဘာလည်းဆိုတော့ လိုက်ဘေးရီးယားနိုင်ငံက ထွက်တဲ့စိန်ကို သွေးစွန်းနေသောစိန်များဆို သတ်မှတ်ပြီး သပိတ်မှောက်ခံရတာပါပဲ။ ချားတေလာ ရဲ့တပ်သားတွေဟာ..စိန်ထွက်ရာ အရပ်တွေမှာ…စိန်ရှာဖွေလို့ရတဲ့ နိုင်ငံသားတွေကို ပစ္စည်းလည်းယူ လူလည်းအပျောက်ရှင်း ဆိုတာမျိုးတွေ…လူတွေကို မတရားခိုင်းစေပြီး စိန်အရှာခိုင်းတဲ့အတွက် သေကြေကြတဲ့လူဦးရေဆိုတာ သိန်းနဲ့ချီရှိခဲ့ပါတယ်။ နောက်တော့ ချားတေလာကို ဆန့်ကျင်တဲ့ လက်နှက်ကိုင် သူပုန်တွေကတိုက်ခိုက်ကြပြန်တော့….ပြည်တွင်းစစ်မီးဟာတဟုန်ငြီးငြီးတောက်လောင်ရပြန်ရှာတယ်…သူက လည်း….ပတ်ဝန်းကျင်နိုင်ငံတွေနဲ့မတဲ့ဘူး…အဲဒီနိုင်ငံတွေကိုဆန့်ကျင်တဲ့အင်အားစုတွေကိုသူကအထောက်အပံ့ပေးတယ်…သူကိုယ်တိုင်ကလည်း ကဒါဖီလို နံမည်ဆိုးနဲ့ ကျော်ကြားတဲ့သူရဲ့အထောက်အပံ့တွေကို စဉ်ဆက်မပြတ်လက်ခံတယ်။ အဲဒီတော့ ပါတ်ဝန်းကျင်နိုင်ငံတွေက သူ့ကိုအမြင်ကပ်လို့ ဆန့်ကျင်တဲ့ သူပုန်အင်အားစုတွေကို အထောက်အပံ့ပြုတယ်…သူပုန်အင်အားစုတွေက အင်အားကောင်းလာပြန်တယ်။ လိုက်ဘေးရီးယားရဲ့ပြည်တွင်းစစ်မီးမှာ ထပ်တခါ ပြည်သူတွေ အများအပြားသေကျေပျက်စီး ။ အငတ်ဘေးဆိုက်နဲ့…နိုင်ငံတကာငြိမ်းချမ်းရေးတပ်များအပါဝင်…အကူညီတွေနဲ့ဝင်ရတဲ့အခြေနေကိုဆိုက်ရောက်လာတော့မှ…ချားတေလာလည်း နိုင်ဂျီးယား နိုင်ငံဆီကို ထွက်ပြေးသွားတော့တယ်…နိုင်ငံကို သူ့လက်အောက်က..ဒုသမ္မတနဲ့လွှဲပြောင်းထားပေးခဲ့တယ်။ အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်တွေဖြစ်ကုန် နောက်ထပ်အာဏာရှင်လုပ်ချင်နေသူများကပြည်တွင်းစစ်ကိုဖန်တီးနဲ့လိုက်ဘေးရီးယားနိုင်ငံဟာ…ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တနိင်ငံဖြစ်ခဲ့တယ်။ချားတေလားလည်း နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ စစ်ရာဇ၀တ်မှု့တွေနဲ့ တရားစွဲခံရပြီး ရင်ဆိုင်နေရတာ ခုထိပါပဲ။ တရားကျစရာတခုက နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာတရားစွဲဆိုဘို့ သူ့ကိုဖမ်းဆီးပြီး ပို့တော့ လေယာဉ်ပေါ်က အဆင်းရိုက်ထားတဲ့ ပုံထဲမှာ လက်ထိပ်ကလည်း ခပ်ထားခံရတော့ သူ့မျက်နှာဟာ ဇီးရွက်လောက်လေးပဲရှိတယ်……။





နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်လင်ဂျွှန်ဆင်ဆာလိ

သူ့ကို တချို့က အယ်လင်လို့လည်းခေါ်တယ် တချို့ကတော့ ဆာလိလို့ခေါ်ကြတယ်။ ပညာတတ်တယောက်ဖြစ်ပြီး ၊ အမေရိကန် ဟားဗတ် တက္ကသိုလ်က စီးပွားရေး ပညာရပ်နဲ့ မဟာဘွဲ့ရခဲ့သူဖြစ်တယ်။သူက….သမ္မတ….၀ီလျှံတွိုင်းဘတ်….လက်ထက်မှာဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန် ထမ်းရွက်ခဲ့ဘူးသူ။၁၉၈၀….မှာစစ်အာဏာသိမ်းတော့….ဆင်မြူရယ်ဒိုးကသူ့ကိုဖမ်းဆီးထောင်ချပစ်လိုက်တယ်။ထောင်ကလွတ်လာတော့လည်း….အကြိမ်ကြိမ်နေအိမ်အကျယ်ချုပ်နဲ့နေထိုင်ခဲ့ရတယ်။ ဖိအားတွေအမျိုးမျိုးနဲ့ လိုက်ဘေးရီးယားနိင်ငံထဲမှာနေနေရစဉ် …..ဘယ်လိုမှ ကိုယ့်တိုင်းပြည်ကိုနေလို့မရတဲ့ အကြောင်းတရားတွေက ပေါ်ပေါက်လာခဲ့တယ်။ဒါတွေအားလုံးကိုစစ်အာဏာသိမ်းခေါင်းဆောင်……ဆင်မြူရယ်ဒိုးကအကွက်ကျကျဖန် တီးခဲ့တာတွေပါ။သူ့အသက်အန္တယာယ်ကိုစိုးရိမ်ရတဲ့အခြေနေထိဖြစ်လာခဲ့တယ်……ဆင်မြူရယ်ဒိုးရဲ့တပ်သား တွေက သူမကို မုဒိန်းကျင့်ဘို့ထိ ကြိုးစားခြင်းခံခဲ့ရတယ်……အားလုံးက သူမကိုဝိုင်းဖမ်းပြီး မုဒိန်းကျင့်လုဆဲဆဲ အချိန်မှာ သူမကပြောလိုက်တယ်……

“ ငါ မင်းတို့ လက်ထဲမှာရောက်နေပြီ…ငါ့မှာ ခုခံနိုင်တဲ့အင်အားလည်း မရှိဘူး…ငါက မိန်းမသားပဲ…..ဒါပေမဲ့ တခုတော့ ပြောပရစေ….ငါ့ကို မင်းတို့ မိခင် တယောက်လို့ စဉ်းစားကြည့်ပေးစမ်းပါ…..” ဒါနဲ့ သူလည်း မုဒိန်းကျင့်ခံရဆဲဆဲအချိန်လေးကလွတ်မြောက်သွားခဲ့တယ်….သူဆက်ပြီး……လိုက်ဘေးရီးယားနိုင်ငံထဲမှာဆက်လက်နေထိုင်လို့မရနိုင်တော့ဘူးဆိုတာသဘောပေါက်ခဲ့တယ်..ဒါ့ကြောင့်ပြည်ပကိုထွက်ပြေးတိမ်းရှောင်လာပြီး…ပြည်ပြေးဘ၀ကိုရောက်သွားတယ်….

ပြည်ပမှာနေထိုင်နေစဉ်ကာလတွေအတွင်းမှာ….ကမ္ဘာ့ဘဏ်နဲ့ကုလသမဂ္ဂမှာအဆင့်မြင့်တာဝန်တွေကိုထမ်းဆောင်ခဲ့တယ်……စစ်အာဏာရှင်….ဆင်မြူရယ်ဒိုးကို တော်လှန်နေတဲ့ နောက်ထပ်အာဏာရှင် ဖြစ်လာမဲ့…ချားတေလာကို သူမက အထောက်အပံ့တွေ အကူညီတွေပေးခဲ့ဘူးတယ်……ချားတေလာ အာဏာရလာပြီး…..၁၉၉၇မှာတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပပေးပါမယ်ဆိုလို့…ပြန် လာပြီး မဲဝင်ရောက်အရွေးချယ်ခံရာမှာ…ဒုတိယမြောက် မဲအများဆုံးရရှိသူဖြစ်ခဲ့တယ်………ဒါပေမဲ့ ချားတေလာက…သူမဟာ..သူ့ရဲ့အာဏာကိုခြိမ်းခြောက်နေသူတစ်ယောက်ဖြစ်တယ်လို့ယုံကြည်ခဲ့အပြီး…သူမကိုဖိအားတွေအမျိုးမျိုးပေးလာပြန်တယ်….ထုံစံအတိုင်း..အသက်အန္တယာယ်အထိပါနီးစပ်လာတဲ့အတွက်…. တိုင်းပြည်ကထွက်ခွာခဲ့ရပြန်တယ်……အဲဒီကာလတွေမှာ….အိုင်ဗိုရီကို့စ်နိုင်ငံမှာနေထိုင်ခဲ့ပြီးလိုက်ဘေးရီးယား နိုင်ငံ အာဏာရှင်လက်အောက်ကလွတ်မြောက်ဘို့နဲ့…ပြန်လည်ထူထောင်ရေးတွေလုပ်ဘို့…နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု့တွေလုပ်ဆောင်ခဲ့တယ်…..သူ့ကို နိုင်ငံတ၀ှမ်းမှာရှိတဲ့ အထူးသဖြင့် အမျိုးသမီးထုကြီးက အလွန်မှ ချစ်ခင်ကြတယ်။

အာဏာရှင်….ချားတေလာ…တိုင်းပြည်မှစွန့်ခွာထွက်ပြေးပြီး…..အမျိုးသားအသွင်ကူးပြောင်းရေးအစိုးရကိုဖွဲ့စည်းခဲ့တယ်။ အဲဒီ့ အစိုးရအဖွဲ့မှာ သူမကို အစိုးရပြန်လည်ပြုပြင်ရေးကော်မရှင် ရဲ့ ဥက္ကဌ အဖြစ်ခန့်အပ်ခြင်းခံရတယ်….အာဏာအလွဲသုံးစားလုပ်မှု့တွေ…တိုင်းပြည်ချစားမှု့တွေ..အထွေထွေဆင်းရဲကျပ်တည်းမှု့တွေကို ကျော်လွန်ဘို့ နေ့မအားညမအား လုပ်ဆောင်ခဲ့တယ်…..၂၀၀၅ ခုနှစ်မှာတော့ အောင်မြင်စွာလုပ်ဆောင်နေတဲ့ အဲဒီ့အဖွဲ့ကနေ နှုတ်ထွက်လိုက်တယ်…ဘာဖြစ်လို့လည်းဆိုတော့…သူမဟာ သမ္မတ အဖြစ်အရွေးချယ်ခံဘို့ ဆုံးဖြတ်လိုက်ပြီ…..

ရွေးကောက်ပွဲစည်းရုံးရေးကာလတွေမှာ……သူမပြောခဲ့တဲ့စကားတွေဟာ..စိတ်ဝင်စားစရာအလွန် ကောင်းလှပါတယ်……..လိုက်ဘေးရီးယားရဲ့၁၄..နှစ်တာပြည်တွင်းစစ်ကာလများမှာ…အာဏာရှင်ကိုမကြိုက်လို့ တော်လှန်ရင်းအာဏာရှင်ပေါ်ပေါက်ခဲ့ရတယ်…တိုင်းပြည်စစ်တလင်းဖြစ်ခဲ့ရတယ်….တိုင်းပြည်ဟာအထွေထွေ အကြပ်အတည်းတွေနဲ့ရင်ဆိုင်နေရဆဲပဲဖြစ်တယ်…..လျှပ်စစ်မီးဆိုတာမရှိဘူး….ရေသွင်းရေနှုတ်မြောင်းစနစ်ဆို တာမရှိဘူး…ဆေးရုံတွေစာသင်ကျောင်းတွေဆိုတာလည်းပျက်စီးနေပြီ…အဲဒီတော့….ကျမတို့…အာဏာရှင်စနစ်ဆိုးကိုမြေမြူတ်သဂြိုလ်ပစ်ရမယ်…..ဒီလိုလုပ်ဘို့ဆိုတာ…အကြမ်းဖက်တဲ့စနစ်နဲ့သွားလို့မရဘူး….အကြမ်းမဖက်တဲ့စနစ်နဲ့သွားမှရမယ်…ကျမသင်ခန်းစာရလိုက်တာက…အကြမ်းဖက်တော်လှန်တိုင်း…အာဏာရှင်ပြန်ဖြစ်တယ်ဆိုတဲ့…သာဓကပဲ….ဒါကို….ကျမလက်မခံတော့ဘူး…အကြမ်းမဖက်တဲ့လမ်းစဉ်နဲ့….ဒီမိုကရေစီကို ထူထောင်မယ်…တိုင်းပြည်ကိုထူထောင်မယ်…နိုင်ငံသားတွေဘ၀လုံခြုံအောင်စီမံမယ်…..ကျမကိုချစ်တဲ့သူတွေ သာလျှင်မကဘူး…မုန်းတဲ့သူတွေအတွက်လည်းတိုးတက်နိုင်ရေးကိုဦးတည်မယ်…..အားလုံး..အားလုံး…လိုက် ဘေးရီးယားနိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက်ကျမကြိုးစားချင်တယ်…..အရေးကြီးဆုံးတချက်က…အာဃာတတွေဖယ်ဖျောက်ပါ…..ဒါအလုပ်မဖြစ်ဘူး…အပြန်အလှန်သတ်ဖြတ်မှု့တွေအလုပ်မဖြစ်ဘူး…..တိုင်းပြည်နစ်နာလှပါတယ်…..ဒီလိုပြောလိုက်လို့…..ကျမက….မစာမနာပြောတယ်လို့မယူဆပါနဲ့…ကျမကိုယ်တိုင်လည်း…ဘယ် လောက်ထိနစ်နာခဲ့တယ်ဆိုတာ အားလုံးသိပါတယ်…..”

သမ္မတလောင်းအတွက်မဲဆွယ်စည်းရုံးရေးခရီးစဉ်တလျှောက်မှာသူမကိုအားပေးကြတဲ့ပရိပ်သတ်ကြီး ဟာကြောက်ခမန်းလိလိပါပဲ……လူထုဟာ သူမကို အားကိုးတယ်……ဒါပေမဲ့ ဒီကြားထဲမှာ ချားတေလာ လက်ထက်အသတ်ခံခဲ့ရတဲ့….မိသားစုဝင်တွေဟာ..ချားတေလာကိုထောက်ခံခဲ့တဲ့..အင်အားစုတွေ…တပ်သား ဟောင်းတွေကိုလက်တုန့်ပြန်လိုကြတယ်…..အကြမ်းဖက်လိုကြတယ်…….ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းရာမှာ…သူမရဲ့ဖြေရှင်းပုံလေးဟာ……အတုယူစရာပါ…အဲဒီ့မိသားစုတွေကိုစုဝေးစေခဲ့ပြီး…ထပ်တူဝမ်းနည်းကျေကွဲတယ်….ကောင်းရာဘုံဘ၀ရောက်ဘို့ဆုတောင်းတယ်….နောက်တခါဒါမျိုးအဖြစ်ဆိုးတွေနဲ့မကြုံတွေ့ရဘို့ဆုတောင်းတယ်……ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို မေးခွန်းမေးတယ်………

“ သေဆုံးသွားတဲ့သူတွေဟာ…ကောင်းရာဘုံဘ၀မှာ ပျော်ရွင်နေကြလောက်ပါပြီ……..ကျန်နေသေးတဲ့သူတွေ ဘာဆက်လုပ်ကြမလည်း….လက်တုန့်ပြန်ရင်းနဲ့ပြည်တွင်းစစ်ကိုပြန်သွားရင်းအငတ်ခံကြမလား…တိုင်းပြည်ပြန် လည်ထူထောင်ရေးကို လုပ်ကြမလား…ရွေးချယ်ကြရအောင်…လက်တုန့်ပြန်တိုက်ခိုက်ခြင်းကြောင့်ရရှိလာမဲ့ ခံစားရမဲ့ အကျိုးဆက်က စိတ် အာသာပြေခြင်းတခုပါပဲ…ကျန်တာ ဘာမှ အကျိုးအမြတ်မရှိပါဘူး……” ကျန်ရှိနေကြတဲ့အားလုံးသောမိသားစုဝင်တွေဟာသူနဲ့အတူထပ်တူခံစားခဲ့ရတယ်……….သူမကပရိပ်သတ်ကိုမေးခွန်းမေးခဲ့တယ်

“ ကျမတို့တတွေ ငုတ်တုတ် အငတ်ခံကြမလား………( မခံပါဘူး )

“ ကျမတို့တတွေ မလုံခြုံတဲ့ဘ၀တွေနဲ့ နေချင်ကြသလား……..( မနေချင်ပါဘူး )

“ အဲဒီတော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်ရအောင်ပါ………

၂၀၀၆ ခု ဇန်န၀ါရီလ ၁၆ ရက်နေ့မှာတော့ အယ်လင်ဂျွှန်ဆင်ဆာလိ ဟာ အာဖရိကတိုက်မှာ ပထမဆုံးအမျိုးသမီးသမ္မတ အဖြစ် လိုက်ဘေးရီးယားနိုင်ငံလူထုကရွေးချယ်ခဲ့ပါတယ်……

သူမရဲ့သမ္မတ သက်တမ်းကာလအတွင်းမှာ လိုက်ဘေးရီးယားနိုင်ငံကို လွတ်လပ်မှု့၊ တရားမျှတမှု့ ၊ တန်းတူညီမျှမှု့ ၊ ဆိုတဲ့ မူတွေ ကိုင်ဆွဲပြီး အထွေထွေပြသနာတွေကိုရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်…။၂၀၁၀ မှာတော့ လိုက်ဘေးရီးယားနိုင်ငံရဲ့နိုင်ငံခြားရင်းနှီးမြူတ်နှံငွေဟာ……ဒေါ်လာ…၁၄ဘီလျှံဖြစ်လာခဲ့ပါတယ်…GDP..တိုး တက်မှု့နှုံးဟာ ၅ ရာနှုံးမှ ၉.၅ ရာခိုင်နှုံးကြားကိုရောက်ရှိလာခဲ့တယ်….။

၂၀၁၀..မှာTmes…မဂ္ဂဇင်းကနေသူမကို….ကမ္ဘာ့အကောင်းဆုံး…..အမျိုးသမီးခေါင်းဆောင်လို့သတ်မှတ်ပေးခဲ့ တယ်…..သူမနဲ့ အင်တာဗျူးမှာ မှတ်သားစရာကောင်းတဲ့ စကားလေးကတော့…..

“ကျမ…….လိုက်ဘေးရီးယားနိုင်ငံတိုးတက်ဘို့အတွက်…..ပေးလာတဲ့အခွင့်ရေးတွေကိုမလွတ်တန်းအသုံးချခဲ့ တယ်….ဒီအတောအတွင်းတွေမှာ..အန္တယာယ်တွေလည်းရင်ဆိုင်တိုးခဲ့ရတယ်…မတတ် နိုင်ဘူး …ဒီလမ်းတွေမှ မရွေးချယ်ရင်း…တခြားလမ်းကကြမ်းတယ်…ဆိုပါတော့…ကျမ…..ချားတေလာနဲ့မဲယှဉ်ပြိုင်ရွေးဘို့ဆုံးဖြတ်တုန်းက…ကျမကို…..တားတဲ့သူတွေရှိခဲ့တယ်…အန္တယာယ်များတယ်…မယုံကြည်ရဘူး…..စသဖြင့်ပေါ့လေ…. .တကယ်လည်းဖြစ်ခဲ့ပါတယ်…ကျမတခါ…ပြည်ပကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြန်တယ်….ဒါပေမဲ့စဉ်းစားကြည့်မိ တယ်….ဒီလိုလမ်းကိုမှမရွေးချယ်ရင်…ကျန်တဲ့လမ်းတွေက..တိုင်းပြည်အထိနာမယ်…မသေချာမှု့များတယ်… ဒါ့ကြောင့်…ကျမ……သမ္မတအဖြစ်ဝင်ရောက်အရွေးချယ်ခံဘို့မှာလည်း…ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီး…အရွေးခံခဲ့တယ်…”

သူမရဲ့သမ္မတ…သက်တမ်းကာလအတွင်းမှာ….သူမအကျေနပ်ဆုံးလုပ်ရပ်ကတော့..အမျိုးသားပြန် လည်သင့်မြတ်ရေးကို အကောင်းဆုံးလုပ်ဆောင်ပေးခြင်းဖြင့် ပြည်တွင်းစစ်၊ နဲ့ အာဏာရှင် စနစ်ဆိုးကို အဆုံးသတ်စေခဲ့တာပဲလို့ ဆိုပါတယ်….။

လိုက်ဘေးရီးယားနိုင်ငံ အမျိုးသမီး သမ္မတ အယ်လင်ဂျွှန်ဆင်ဆာလိ ကို ၂၀၁၁ ခုနှစ်မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ်ရွေးချယ်ခြင်းခံရပါတယ်။သူမဟာ…ယခုဆိုရင်…သားသမီးလေးယောက်မိခင်…မြေး ၁၁ ယောက်ရဲ့အဖွားဘ၀နဲ့ တိုင်းပြည်တာဝန်များကိုထမ်းဆောင်ရင်း ဂုဏ်ယူဝမ်းမြောက်လျှက်ရှိပါတယ်။ လိုက်ဘေးရီးယားနိုင်ငံ….မြို့တော်….မွန်ရိုးဗီးယားမြို့ကိုအခုချိန်မှာသွားကြည့်မယ်ဆိုရင်တော့ လျှပ်စစ်မီးတွေတထိန်ထိန်…ကားတွေတ၀ီဝီ၊တိုက်တာအဆောက်ဦအကောင်းစားတွေနဲ့အလုပ်လက်မဲ့ ၈၆ ရာခိုင်နှုန်းရှိခဲ့တဲ့ တိုင်းပြည်ဟာ..အခုတော့ အလုပ်အကိုင်ကိုယ်စီနဲ့…..

အတိတ်ကသမိုင်းတွေဟာ…….လိုက်ဘေးရီးယားနိုင်ငံရဲ့စက်ရုံတွေပေါ်ကထွက်လာတဲ့…မီးခိုးလှိုင်းများနဲ့လွင့်မြောရင်း…..နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သမ္မတ…အယ်လင်ဂျွှန်ဆင်ဆာလိ ရဲ့စကားလုံးတွေက ပဲ့တင်သံထပ်လျှက်…….အာဃာတတရားနဲ့လက်တုန့်ပြန်ခြင်းဟာ…..စိတ်အာသာပြေပျောက်ဘို့ကလွဲလို့ တိုင်းပြည်တိုးတက်ရေးကို အကျိုးမဖြစ်ထွန်းဘူးတဲ့………



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

၀၄.၁၁.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ




http://www.ziddu.com/download/17178348/04Nov2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/17178349/04Nov2011Yeyintngesdiary.doc.html

         http://www.scribd.com/doc/71636719/04-Nov-2011-Yeyintnge-s-Diary

04 Nov 2011 Yeyintnge's Diary

မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် ဘယ်လောက်ရှိနေပြီလဲ


Published on November 4, 2011 by တိုင်းကျော်

ခုတလော ပြည်တွင်းမှာ အပြောများနေတဲ့ ကိစ္စတခုကတော့ မီဒီယာလွတ်လပ်ခွင့်ပါ။ မီဒီယာတွေ ဘယ်လောက် လွတ်လပ်ပြီလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ဒီနေရာမှာ အားလုံး တ​ညီ​တ​ညွတ်​တည်း​​ပြော​ကြတာကတော့ အရင်စစ်အစိုးရ လက်ထက်တုန်းကနဲ့စာရင် အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ်တွေမှာ သတင်း၊ ဆောင်းပါးတွေ ပိုပြီး ​ရေးသား​ ​ဖော်ပြခွင့်ရလာတယ် ဆိုတာပါပဲ။ ဒါကလည်း မှန်ပါတယ်။ အသိသာဆုံး ကိစ္စကတော့ ​ဒေါ်အောင်ဆန်းစုကြည်​ ​အင်​တာ​ဗျူး​​တွေ​ ​ဖော်​ပြခွင့်ရလာတာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ဆောင်းပါး ဖော်ပြခွင့်ရတာ၊ ဓာတ်ပုံတွေကို ဖော်ပြခွင့် ရလာတာတွေပဲ ဖြစ်ပါတယ်။

ဒီအတွက်လည်း အရင်ကနဲ့စာရင် ပြည်သူတွေဟာ တစောင် ကျပ် ၅ဝဝ အထက် ဈေးကြီးပေးဝယ်ရတဲ့ သတင်းဂျာနယ်တွေကို ပိုပြီး ဝယ်ယူ ဖတ်ရှုလာကြတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်တွင်းက မီဒီယာ လွတ်လပ်ခွင့် အတော်ခရီးရောက်နေပြီလားလို့ မေးစရာ ရှိနေပါတယ်။

တကယ်တော့ မီဒီယာ လွတ်လပ်ခွင့်အကြောင်းပြောရင် အတော်ကျယ်ပြန့်ပါတယ်။ ပုံနှိပ်မီဒီယာ အကြောင်းတင်မက အခြား အကြောင်းအရာတွေကိုပါ ပြောမှ ပြည့်စုံပါလိမ့်မယ်။ မီဒီယာထဲမှာ အရေးအကြီးဆုံးကတော့ ရုပ်သံမီဒီယာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရုပ်သံ ထုတ်လုပ်၊ ထုတ်လွှင့်ခွင့်လုပ်ငန်းကို အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၊ စစ်တပ်ပိုင် မြဝတီ၊ အစိုးရနဲ့ နီးစပ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့သားပိုင် mrtv- 4 နဲ့ ရွှေသံလွင် ဦးကျော်ဝင်းပိုင် Skynet တို့ပဲ ဖြစ်ကြပါတယ်။

ဒီရုပ်သံလုပ်ငန်းအားလုံးဟာ အစိုးရကို ပံ့ပိုးတဲ့ သတင်းတွေကလွဲရင် အခြားသတင်းတွေ ဖော်ပြလေ့မရှိဘဲ ဖျော်ဖြေရေးနဲ့ အားကစားလိုင်း တွေလောက်သာ ထုတ်လွှင့်ပါတယ်။ ဒီလို ရုပ်သံလိုင်း ထုတ်လုပ် ထုတ်လွှင့်ခွင့်နဲ့ ပတ်သက်ရင် နိုင်ငံသားတွေကို လုပ်ကိုင်ခွင့် မပေးသလို နောင် ပေးလာမယ့် အလားအလာတွေလည်း လုံးဝ မမြင် မတွေ့ရသေးပါဘူး။

ရေဒီယို ထုတ်လုပ်ခွင့် ထုတ်လွှင့်ခွင့်လည်း အလားတူပါပဲ။ အစိုးရ စစ်တပ်နဲ့ အစိုးရက လုပ်ခိုင်းထားတဲ့ သူဌေးကြီးတွေရဲ့ အသံလွှင့်လုပ်ငန်းတွေသာ ရှိပြီး သာမန်ပြည်သူတွေ လုပ်ကိုင်ခွင့်ကိုတော့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။ ဒါကို နောင် ဖွင့်ပေးမလား ဆိုတာလည်း လုံးဝ မသေချာပါဘူး။

နောက်တချက် လူပြောများတဲ့ ကိစ္စတခုကတော့ သတင်းစာ ထုတ်ဝေခွင့်ပါ။ ဒါကိုလည်း အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားရုံမက နောင် ခွင့်ပြုမယ် မပြုဘူး။ ဘယ်သူတွေကို ဘယ်လို ခွင့်ပြုမလဲ ဆိုတာကိုလည်း မယ်မယ်ရရ မသိနိုင်သေးပါဘူး။ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အခြေအနေအရ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်ပြုဖို့ဆိုတာ ဝေးလို့ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ ထုတ်ဝေခွင့်ကိုတောင် ပိတ်ပင်ထားလို့ အခက်အခဲ တွေ့သူတွေလည်း တွေ့နေကြပါတယ်။

ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက နိုင်ငံရေးအသားပေး သတင်းဂျာနယ်တစောင် ထုတ်ဝေဖို့ ပြင်ဆင်နေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ခေါင်းဆောင်တွေဆိုရင် ဂျာနယ်ထုတ်ဝေခွင့်တင်ထားတာ ပြန်ကြားရေးကလည်း ခွင့်မပြု၊ ကြားထဲမှာ ငွေကလည်း သိန်းရာချီကုန်နဲ့ အတော်ကို အခက်အခဲ တွေ့နေပါတယ်။

ဒီအတွက် အခြား အစိုးရက ခွင့်ပြုပြီးသား သတင်းဂျာနယ် ထုတ်ဝေခွင့် လက်မှတ် တစောင်စောင်ကို ဝယ်ယူဖို့ကြိုးစားရာမှာလည်း အဆင်မပြေ ဖြစ်နေရပါတယ်။

ဒီနေရာမှာ ပြည်သူတွေကို ရှင်းပြဖို့ လိုလာပါတယ်။ အရင်စစ်အစိုးရနဲ့ လက်ရှိ အစိုးရက ထုတ်ဝေခွင့်နဲ့ ပတ်သက်ပြီး ကျင့်သုံးနေပုံကတော့ ဂျာနယ်ထုတ်ဖို့ လျှောက်လာသူတွေကို ထုတ်ခွင့်ပြုတဲ့သူတွေကို ခွင့်ပြုမယ်၊ ခွင့်မပြုချင်ရင်လည်း ရတယ်ဆိုတဲ့ မူကျင့်သုံးနေမှုပါပဲ။ နောက် အရေးကြီးတာ တချက်က ခွင့်ပြုတဲ့ ဂျာနယ် အမျိုးအစားပဲ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ သတင်းဂျာနယ် အဖြစ် ခွင့်ပြုထားတဲ့ ဂျာနယ်တွေကသာလျှင် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ရေးသားဖော်ပြခွင့်ပြုပြီး အခြား အနုပညာ၊ သုတ၊ ရသ၊ စီးပွားရေး၊ ပညာရေး၊ အားကစား၊ မှုခင်း၊ ဘာသာရေးလို အမျိုးအစားတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်တာ လုံးဝ ဖော်ပြခွင့် မရှိပါဘူး။

ပြောရရင် လက်ရှိ ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းလိုမျိုး လုံးဝ ဖော်ပြခွင့် မရှိပါဘူး။ အစိုးရဟာ အဲဒီလောက်အထိ တင်းကျပ် ချုပ်ကိုင်ထားတာပါ။ ဒါက ထုတ်ဝေခွင့် တမျိုးတည်းကို ပြောနေတာ ဖြစ်ပါတယ်။ ထုတ်ဝေခွင့်ရပြီး စာပေစိစစ်ရေးက ကန့်သတ် ချုပ်ချယ်တာမျိုးတွေကတော့ လက်ရှိ အချိန်အထိ ပုံစံ အမျိုးမျိုး နဲ့ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်ပါတယ်။

ဒီနေရာမှာ နောက်ထပ် တခု ပြောပြချင်ပါသေးတယ်။ ဒါကတော့ ရုပ်ရှင်ဗွီဒီယို လုပ်ငန်းနဲ့ ပတ်သက်တဲ့ လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က အပတ်စဉ် ဂျာနယ်တစောင်မှာ ဖော်ပြခဲ့တဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ဖော်ပြချက်အရ ဆိုရင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးမှာလည်း လွတ်လပ်ခွင့် အတော်လေးကို ဆိပ်သုဉ်းနေတာ တွေ့နိုင်ပါတယ်။ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဇာတ်လမ်းကို ကြိုပြီးတင်ပြရတာ၊ ရိုက်မယ့် ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးက အစ တင်ပြပြီး ခွင့်ပြုချက်ရမှ ရိုက်ရတာ၊ ရိုက်ပြီးရင်လည်း အဆင့်ဆင့် ပြန်တင်ပြရတာ၊ ခွင့်ပြုချက် မရဘဲ ပိတ်ပင်ခံရရင် ငွေရေးကြေးရေးကအစ လုပ်ကိုင်ထားသမျှတွေအားလုံး ဆုံးရှုံးရတာ စတာတွေ ပြောဆိုထားပါတယ်။

ဒီနေ့လို အစိုးရက ဒီမိုကရေစီအကြောင်းပြော၊ မီဒီယာကို စတုတ္ထမဏ္ဍိုင်ဆိုပြီးတင်စားနေတဲ့ အချိန်မှာကို ရုပ်ရှင်ဗွီဒီယိုလောကမှာ မီဒီယာလွတ်လပ်ခွင့် လုံးလုံး ဆိတ်သုဉ်းနေတာကို ပြတဲ့ အင်တာဗျူးတခု ဖြစ်ပါတယ်။

ပြောရရင် အနောက်နိုင်ငံတွေမှာ မီဒီယာ လွတ်လပ်ခွင့် ၁ဝဝ ရာခိုင်နှုန်း ရှိတယ်ဆိုရင် မြန်မာမီဒီယာလောက လွတ်လပ်ခွင့်ဟာ ၅ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းအထိ ကြားလောက်ပဲ ရှိပြီး ဒီထက် မပိုပါဘူး။ အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်တွေမှာ နည်းနည်းပါးပါး ရေးသားခွင့်ရလာတာကလွဲရင် ကျန်တဲ့ အလွန်ကျယ်ပြန့်တဲ့ မီဒီယာ နယ်ပယ်တွေ အတွက်ကတော့ လွတ်လပ်ခွင့် လုံးလုံး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ဝ ရက် နေပြည်တော်မှာ လွှတ်တော်ကော်မတီ တခုနဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ မီဒီယာတွေ မလွတ်လပ်ဘဲနဲ့ ဒီမိုကရေစီလည်း မရှိနိုင်ဘူး ဆိုတဲ့ စကား ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ ပြည်တွင်းမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝနီးပါး မရှိသေးတာမို့ ဒီမိုကရေစီ ဆိုတာလည်း ဘယ်ကိုမှ ခရီး မရောက်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/archives/17385

မြန်မာပြည် ရေကြီးမှုအကြောင်း

သောကြာ, 04 နိုဝင်ဘာ 2011

By ဦးအောင်ခင် & မညိုညိုလွင်

မုတ်သုံရာသီဖြစ်တဲ့ ဇွန်လနဲ့ အောက်တိုဘာလအတွင်းရွာတဲ့ မိုးရေချိန်ကိုလိုက်ပြီး ရေကြီးတာဟာ အရှေ့ တောင်အာရှဒေသမှာ နှစ်စဉ်ဖြစ်နေကြ သဘာဝဘေးအန္တရာယ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ဘန်ကောက်မြို့ တော်ရေလျှံမှုနဲ့ မကွေးတိုင်းရေကြီးမှုမှာ ဒေသခံတွေရာနဲ့ချီ သေဆုံးကြပြီး လုပ်ငန်းကိုင်ငန်းတွေ ပျက်စီးတဲ့အတွက် ကမ္ဘာကအာရုံစိုက်တဲ့သတင်း ဖြစ်လာပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ရေကြီးလို့ လူနှစ်ရာကျော်သေဆုံးကြောင်း သိရပါတယ်။

အောက်တိုဘာလမှာ ရက်ဆက်မိုးသည်းထန်တဲ့အတွက် မကြုံစဘူးချောင်းရေလျှံလာလို့ မကွေးတိုင်း ပခုက္ကူ၊ မြိုင်၊ ပေါက် နဲ့ ဆိပ်ဖြူမြို့ နယ်တွေမှာ လူ (၁၀၆) ဦးသေဆုံးပြီး အိမ်ခြေ (၂၀၂၃) လုံး၊ တိရစ္ဆာန်မျိုးစုံ (၂၄၀၀) ကျော်နဲ့ သီးနှံစိုက်ခင်းဧက (၃၀၀၀) ကျော် ပျက်စီးဆုံးရှုံးတယ်လို့ အောက်တိုဘာလ (၂၇) ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ အတိအကျဖော်ပြထားပါတယ်။ ဒါပေမဲ့ တခြားသတင်းဌာနတွေကတော့ နှစ်ရာကျော်သေဆုံးဖွယ်ရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းတာကို ဖော်ပြပါတယ်။ ရေဘေးဒုက္ခဖြစ်တဲ့နေရာကို သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ သွားရောက်ကြည့်ရှုပြီး အကူအညီပေးတဲ့သတင်းနဲ့ အစိုးရစစ်တပ်က အကူအညီပေးတဲ့ သတင်းတွေကို အစိုးရသတင်းဒီမီယာတွေမှာ အဓိကဖော်ပြထားပါတယ်။

တိုင်းနဲ့ပြည်နယ်တွေမှာ ဇူလိုင်လကစပြီး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပါတယ်။ ဇူလိုင်လနှောင်းပိုင်းမှာ မိုးသည်းထန်တဲ့အတွက် ဟင်္သာတမြို့ မှာ ရေကြီးပေမယ့် အသေအပျောက်မရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း တိုက်ကြီးမြို့ နယ် ဥက္ကံမှာ သြဂုတ်လ (၇) ရက်နေ့က ရေကြီးတော့ လူအသေအပျောက်ရှိပါတယ်။ ပဲခူးမြို့ မှာ နေရာအတော်များများ ရေလျှံလို့ လှေကိုသုံးရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဖြစ်လေ့ရှိပေမယ့် ဒီနှစ်ဟာ အဆိုးဆုံးလို့ဆိုပါတယ်။ ဧရာဝတီရေလျှံလို့ မန္တလေးမြို့ ရပ်ကွက်အချို့  ရက်အတော်ကြာ ရေဘေးဒုက္ခကြုံတွေ့ ကြရပါတယ်။ ရခိုင်ပြည်နယ်မှာ သံတွဲနဲ့ တောင်ကုတ်၊ စစ်ကိုင်းတိုင်းမှာ တမူး၊ ကလေးနဲ့ ကလေးဝ စတဲ့ နေရာတွေမှာလည်း ရေလျှံကြောင်းသိရှိရပါတယ်။ မြစ်ရေလျှံမှု၊ မိုးသည်းထန်မှုကြောင့် ရေဘေးဒုက္ခရောက်ကြတာဟာ ဖြစ်ရိုးဖြစ်စဉ် နှစ်စဉ်အတွေ့အကြုံလို ဖြစ်နေပါတယ်။

မိုးသည်းထန်ပြီး မြစ်ချောင်းတွေရေလျှံလို့ ရေဘေးဒုက္ခရောက်ရတာဟာ သဘာဝအန္တရာယ် ဖြစ်ပါတယ်။ ရေလျှံတဲ့ဆည်ကို ဖောက်ချတဲ့အတွက် ရုတ်တရက်ရေလျှံပြီး ဒုက္ခရောက်ရတာဟာ လူလုပ်တဲ့ ရေကြီးမှုဖြစ်ပါတယ်။ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ စတဲ့ မြို့ နယ်တွေမှာ တောင်ကျရေကြောင့် ချောင်းရေအလုံးအရင်း ကျဆင်းလာတဲ့အတွက် ရေဘေးကြုံတွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥက္ကံ၊ ယင်းမာပင် နဲ့ ကျောက်ဆည်မှာ ရေဘေးဒုက္ခရောက်ရတာဟာ ဆည်တွေကို ဖောက်ချလိုက်လို့ ဖြစ်ပါတယ်။ ဥက္ကံမှာ မိုးသည်းထန်လို့ စိုးရိမ်ရေမှတ်ကျော်လာတဲ့ တဘူးလှဆည် ကို ဆည်မြောင်းဌာနက ဖောက်ချတဲ့အတွက် အနီးက ကျေးရွာတွေကို ရေလွှမ်းမိုးပြီး သေကျေပျက်စီးမှုရှိကြောင်း သိရပါတယ်။ ကျောက်ဆည်မှာတော့ မြစ်ရေလျှံတဲ့ဒဏ်ကိုရော ဆည်ဖောက်ချတဲ့ဒဏ်ကိုရော ခံကြရပါတယ်။ ဆည်ဖောက်ချလို့ ဒုက္ခရောက်ရုံတင်မကပဲ သေဆုံးသူပါရှိကြောင်း သိရပါတယ်။ ယင်းမာပင်မြို့ နယ်မှာ ယမားဆည်ကို ဆည်မြောင်းဌာနက ဖောက်ချမှုကြောင့် အသေအပျောက်နဲ့ အပျက်အစီးတွေ ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း စလင်းမြို့ နယ်မှာ ရေကြီးလာလို့ ဆည်ကိုဖောက်ချလိုက်တဲ့အတွက် ကျေးရွာ (၂၀) လောက် ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံလိုက်ရပါတယ်။ ၂၀၀၆ အောက်တိုဘာလက မန္တလေးတိုင်း၊ ကျောက်ဆည်၊ မြစ်သာ၊ မြစ်ငယ် နဲ့ ပုသိမ်ကြီးမြို့ နယ်တွေမှာ ဆည်တွေရေလျှံကုန်တဲ့အတွက် အသေအပျောက်ရှိတာကို အစိုးရသတင်း မီဒီယာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဆည်ရေ လွှမ်းနိုင်တဲ့နေရာက ပြည်သူလူထုကို ဆည်ဖောက်မယ့်အကြောင်း ကြိုတင်သတိမပေးတာဟာ ဆည်မြောင်းဦးစီးဌာနရဲ့  ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ မြန်မာပြည်မှာ အများအပြားဆောက်လုပ်ထားတဲ့ ဆည်တွေ၊ ရေကာတာတွေဟာ ပြည်သူလူထုကို အချိန်မရွေး အန္တရာယ်ပေးနိုင်တာကို သတိပြုဖို့ လိုပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာလည်း မိုးသည်ထန်လို့ ဆည်ရေဟာ စိုးရိမ်ရေမှတ် ရောက်လာရင်ရေကို ဖောက်ချရပါတယ်။ ဒီလို ဖောက်မချလို့ ဆည်ကျိုးရင် ပိုပြီးဒုက္ခရောက်နိုင်တာကြောင့် ဖောက်ချရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆည်ဖောက်မယ့်အကြောင်း ရေလွှမ်းမယ်နေရာတွေကို ကြိုတင်အသိပေးရပါတယ်။ ကြိုတင်အသိပေးထားတဲ့အတွက် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပြီး အပျက်အစီးသက်သာတာ တွေ့ရပါတယ်။ မြစ်ရေတက်လာလို့ စိုးရိမ်ရေမှတ်ကျော်လာရင် မြစ်ကမ်းပါးဒေသကို ရေလွှမ်းနိုင်ကြောင်း တရက်နှစ်ရက်လောက် ကြိုပြီး သတိပေးနိုင်ပါတယ်။

ဒါပေမဲ့ ရုတ်တရက် မိုးသည်းထန်လာတဲ့အတွက် တောင်ကျရေအပြင်းအထန် စီးဆင်းလာတာကို ကြိုတင်သတိပေးဖို့ မဖြစ်နိုင်ပါဘူး။ မြစ်ငယ်ချောင်းငယ်တွေမှာ တရှိန်ထိုးရေတက်လာပြီး တရှိန်ထိုး ရေကျသွားတာကို ‘လျှပ်တပြက် ရေကြီးမှု’ လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဆိုပါတယ်။ မြစ်ဖျားချောင်းဖျား ရေဝေကုန်းတန်းမှာ မိုးသည်းထန်လာရင် လျှပ်တပြက်ရေကြီးလာနိုင်တာကို ကြိုတင်သတိပေးနိုင်ဖို့ ခက်ခဲ့ပါတယ်။ ဆည်ရေလျှံလာလို့ ဖောက်ချတာဟာလည်း လျှပ်တပြက် ရေကြီးမှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူကလုပ်တဲ့ လျှပ်တပြက် ရေကြီးမှု ဖြစ်တာကြောင့် တာဝန်ရှိသူတွေက ကြိုတင်အသိပေးနိုင်ရင် ဒေသခံတွေ အသက်ချမ်းသာနိုင်ပါတယ်။

http://www.voanews.com/burmese/news/news-analysis/news_analysis_11-05-2011-133273788.html

နိုင်ငံရေးအကျဉ်းသားများ မိသားစုနဲ့နီးအောင် ရွှေ့ပေးနေ


သောကြာ, 04 နိုဝင်ဘာ 2011
By ဒေါ်ခင်စိုးဝင်း

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ ဒေါ်ခင်စိုးဝင်းတို့ ဘန်ကောက်မြို့တွင်တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ၊ ဗွီအိုအေ၊ နိုဝင်ဘာ ၄ ရက်။၊ ၂၀၁၁)
ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက တာဝန်သိမှုနဲ့အတူ စာပေလွတ်လပ်ခွင့်တွေ ရှိလာတာနဲ့အမျှ နောက်ဆုံးမှာ စာပေစိစစ်ရေးအဖွဲ့ဆိုတာ စာပေရေးသားမှုတွေကို စောင့်ကြည့်တဲ့အဖွဲ့ အဖြစ်နဲ့သာ ရှိကောင်းရှိတော့မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးဖို့ရှိမရှိနဲ့ ပတ်သက်လို့ မှတ်ချက်မပေးပေမဲ့ နယ်ဝေးထောင်ရောက် အကျဉ်းသားတွေကို မိသားစုတွေနဲ့ နီးတဲ့အရပ်တွေကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေတယ်လို့ ၀န်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ဘန်ကောက်ကနေ ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ဒီကနေ့ သီးသန့်တွေ့ဆုံ မေးမြန်ထားပါတယ်။
ကမ္ဘာပေါ်မှာ စာပေလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံတွေ စာရင်းထဲမှာ မြန်မာနိုင်ငံ မပါဝင်တော့အောင် တာဝန်အရှိဆုံး ပြန်ကြားရေးဝန်ကြီးတစ်ယောက် အနေနဲ့ ဘယ်လိုကိုင်တွယ်နေလဲဆိုတာ မေးဖြစ်ခဲ့ပါတယ်။ ဝန်ကြီးဦးကျော်ဆန်းကတော့ သူရဲ့ဆောင်ရွက်ချက်တွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးခဲ့ပြီးတော့ စာပေစိစစ်မှု ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးနေပြီးတော့ သတင်းလွတ်လပ်ခွင့်တွေ ပိုပြီးရှိလာအောင်လည်း ကြိုးပမ်းနေတယ်တဲ့အကြောင်းကို အခုလိုပြောပြပါတယ်။
“နောက်ဆုံးကျရင်တော့ ဒေါ်ခင်စိုးဝင်းပြောတဲ့ သတင်းလွတ်လပ်ခွင့်တို့၊ စာအုပ်စာစောင်ထုတ်ဝေခွင့် ဆိုတာတွေက စောစောက ဥပဒေနဲ့အညီ သတ်မှတ်ပေးထားတဲ့ ဘောင်တွေအတွင်းက လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ဆင်ခြင်တုံတရား ဘောင်အတွင်းက လွတ်လပ်စွာ ရေးသားဆောင်ရွက်ခွင့်တွေ ရသွားမှပဲဖြစ်ပါတယ်။”
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည်ဖော်နေတဲ့နေရာမှာ စာပေစိစပ်ရေးအဖွဲ့ ဆိုတာ မရှိသင့်တော့ဘူးလို့ စာပေစိစစ်ရေး အကြီးအကဲက ပြောဆိုခဲ့တဲ့အပေါ် ဝန်ကြီးဦးကျော်ဆန်းကလည်း သူ့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။
“နောင်ကျရင်တော့ အဲ့ဒီစာပေစိစစ် ဆိုတာက စာပေရေးသားမှုတွေကို စောင့်ကြည့်ယုံလောက်ပဲ လုပ်တဲ့အလုပ်မျိုးကို လုပ်ဖို့ရှိပါတယ်။ အဲဒီလောက်ပဲ ရှိကောင်းရှိတော့မှာပါ။”
ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေတင်မကပဲ အိမ်နီးချင်း အာဆီယံနိုင်ငံတွေတောင်မှ သမ္မတပဲဖြစ်ဖြစ်၊ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနအလိုက် စသဖြင့် ပြောခွင့်ရပုဂ္ဂိုလ်တွေ သတ်သတ်မှတ်မှတ် ထားရှိပြီးတော့ သတင်းထူးရင်ထူးသလို သတင်းဌာနတွေက အချိန်မရွေး ဆက်သွယ်လို့ရကြပါတယ်။ မြန်မာနိုင်ငံတွင်းက သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် သတင်းဌာနတွေအနေနဲ့ အဆက်အသွယ်ရရှိဖို့ အခက်အခဲရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဝန်ကြီးဦးကျော်ဆန်းက အခုလိုဖြေပါတယ်။
“ဝန်ကြီးဌာနအလိုက် သတင်းနဲ့ပတ်သတ်ပြီးတော့ contact person (ဆက်သွယ်ရမယ့်သူ) တွေ စပြီးတော့ ဖွဲ့စည်းတာဝန်ပေးနေပြီ။ ပြီးလို့ရှိရင် သူနဲ့အတူ သူ့မှာ သတင်းနဲ့ပတ်သတ်ပြီးတော့ ဆောင်ရွက် ထုတ်ပြန်ပေးရန် အတွက် သူ့ရဲ့ media group၊ team လေးတွေ စတင်ဖွဲ့စည်းပေးနေပြီ။ ဒါ့ကြောင့် နောက်ပိုင်းကျရင် ဝန်ကြီးဌာနအလိုက် contact person တွေ စောစောကဒေါ်ခင်စိုးဝင်းပြောတဲ့ ဝန်ကြီးဌာနအလိုက် spokesman တွေက ဒါလေးတွေကို သူတို့ဘက်ကလည်း သူတို့ဝန်ကြီးဌာနနဲ့ အဓိကဆိုင်တဲ့ကိစ္စတွေမှာ မေးမြန်းလာရင် ပြောဆိုပြီးတော့ ပြန်ကြားပေးမယ်။ မမေးမြန်းသည့်တိုင် သူ့ဝန်ကြီးဌာနကထုတ်ပြန်သင့်တဲ့ အကြောင်းအရာ သတင်းတွေဆိုရင်လည်း သူတို့က ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။”
မြန်မာအစိုးရဝန်ကြီးတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးလို့ ပြောလေ့ရှိတာကြောင့်
ဝန်ကြီးဦးကျော်ဆန်းရဲ့ အမြင်ကိုသိရအောင် မေးကြည့်ပါသေးတယ်။
“ကနေ့ ကျနော်တို့ အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်။
သို့သော်လည်း အဲ့ဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတကြီးက သူ့ကိုအခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်။”
သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးခဲ့ပြီးတော့ အကျဉ်းသား ၁၆,၀၀၀ ကျော် လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးဦးကျော်ဆန်းက ရှင်းပြပါတယ်။ ဒီလိုလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား မဆိုသလောက်ပဲ ပါခဲ့တဲ့အတွက် နောက်ထပ် ထပ်လွှတ်ဖို့ရှိမရှိ မေးမြန်းရာမှာတော့ အခုလို မှတ်ချက်ပေးပါတယ်။
“ဥပမာ ရပ်ဝေးမှာပေါ့၊ ရပ်ဝေးဆိုတာထက် အစွန်အဖျား အကျဉ်းထောင်တွေမှာ ရောက်နေကြတဲ့ တချို့သော အကျဉ်းကျပုဂ္ဂိုလ်တွေကိုဆိုရင် ကနေ့အခါမှာ သူတို့တွေပိုပြီးတော့ မိသားစုနဲ့ထိတွေ့ဖို့ အဆင်ပြေပြေ ဖြစ်ဖို့ရန်အတွက် သွားရေးလာရေးလွယ်ကူတဲ့ အကျဉ်းထောင်တွေကို ပြန်ရွှေ့ပေးတာတွေလုပ်နေပါတယ်။”
မြန်မာအစိုးရက ဒီမိုကရေစီရေးကို ရှေးရှုပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည် ဖော်နေတဲ့နေရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် အခြေခံအဆောက်အအုံတွေ၊ လူသားအရင်းအမြစ်ရဲ့ အရည်အသွေး မြင့်မားရေး စတာတွေဟာ နိုင်ငံတကာရဲ့အကူအညီတွေ လိုအပ်နေတယ်လို့ ဝန်ကြီးဦးကျော်ဆန်းက အခုလိုပြောပါတယ်။
“ကျနော်တို့ ကနေ့ မီဒီယာပိုင်းဆိုင်ရာတွေရော၊ ကျန်တဲ့အပိုင်းတွေရော၊ အနာဂတ်အတွက် ပြင်ဆင် ပြုပြင် တည်ဆောက်မှုတွေ လုပ်နေတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်မှုတွေ၊ အကူအညီတွေ ပေးမယ်ဆိုလည်း ကျနော်တို့က ကြိုဆိုတယ်။ အလားတူပဲ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ကိုယ့်နိုင်ငံရဲ့ အဆင့်မြင့်မားရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြမယ်၊ အကူအညီတွေ ပေးကြမယ်ဆိုရင်လည်း ကျနော်တို့က ကြိုဆိုပါတယ်။”
ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ဒီကနေ့ သီးခြားတွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Media-Kyaw-San-11-04-11-133235023.html


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထုတ်ပြန်ပြီ


မျိုးသန့် | သောကြာနေ့၊ နိုဝင်ဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြင်ဆင်မှု သုံးခုပြုလုပ်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို သမ္မတ ဦးသိန်းစိန်မှ လက်မှတ်ထိုးကာ သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်ဟု မြန်မာ့ရုပ်မြင်သံကြား၏ ညရှစ်နာရီ သတင်းတွင် ပါရှိသည်။

သမ္မတဦးသိန်းစိန်က လွှတ်တော်နှစ်ရပ်လုံးက ပြန်လည်ပြင်ဆင်ခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေမူကြမ်း
ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဥပဒေသစ်တွင် “အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့်နေရာတွင် “ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစားလိုက်နာ” ဟုပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုသည် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဆိုသော ကန့်သတ်ချက်နှင့် ထောင်ဒဏ် ကျခံနေသူများ
နိုင်ငံရေး ပါတီဝင် မဖြစ်ရ ကန့်သတ်ချက်များ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ထားသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8595-2011-11-04-14-13-21.html

ရန်ကုန်တွင်လိုအပ်နေသည့် ရေဖူလုံရေးအတွက် အဆိုကို ကန့်ကွက်


ညီသစ် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၄၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယမန်နေ့က စတင်ကျင်းပနေသော လွှတ်တော်အစည်းအဝေးများတွင် အဆိုများနှင့် မေးခွန်းများ တင်သွင်းနေကြရာ သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းသည့် မြို့တော်အတွင်း သောက်သုံးရေဖူလုံအောင် ဖြန့်ဖြူးပေးရေး အဆိုကို တက်ရောက်သူ အမတ် ၁၂၂ဦးအနက် ၉၈ဦးက ကန့်ကွက်၍ ပျက်ပြားသွားသည်။

နိုဝင်ဘာ ၂ရက်နေ့က တင်သွင်းသည့် ဦးကျော်၏ အဆိုကို နိုဝင်ဘာ ၃ရက်နေ့တွင် ဆွေးနွေးကြရာ ယင်းအဆိုကို ကိုယ်စားလှယ်သုံးဦးက ထပ်မံအဆိုပြုဆွေးနွေးကြသော်လည်း လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရေးထက် လွှတ်တော်ဆန္ဒခံယူရန် ပြောဆိုသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူ ၉၈ဦးရှိနေပြီး ထောက်ခံသူ ၂၄ဦးသာ ရှိခဲ့ကြောင်း သတင်းတက်ရောက်ရယူခဲ့သူများက ပြောသည်။

ဦးကျော်က ဆွေးနွေးပြောဆိုခဲ့ရာတွင် သင်္ဃန်းကျွန်းမြို့နယ် အပါအ၀င် ရန်ကုန်မြို့ရှိ ဆင်ခြေဖုန်းမြို့နယ်များတွင် စည်ပင်သာယာရေးကော်မတီမှ ပေးဝေသော သောက်သုံးရေမလုံလောက်မှုများရှိနေသောကြောင့်
သောက်သုံးရေဖူလုံအောင် ဖြန့်ဖြူးပေးပါရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ မြို့နယ်ဆိုတာက ဆင်းရဲသားအများစုနေကြတာပါ။ အခုဆို ရေရဖို့အတွက် ညမအိပ်ပဲလည်း စောင့်ပြီး ရေယူရတယ်။ မဗေဒါရေခပ်ဆင်းသလိုပဲ။ အခုဆိုဒီလို ရေလုံလောက်လောက်မရလို့ ကျန်းမာရေးအတွက်လည်း ထိခိုက်ရပါတယ်“ ဟုလည်း ဦးကျော်က သူ့အဆိုနှင့် ပတ်သတ်ပြီး လွှတ်တော်တွင်ပြောကြားခဲ့သည်။

ယင်းတင်သွင်းခဲ့သည့်အဆိုကို ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော ရေပမာဏသည် နေ့စဉ် ဂါလံ သန်း၁၆၀ခန့်ရှိကြောင်း၊ ဆက်လက်ပြီး ရေပေးဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း၊ စည်ပင်က လက်ရှိဆောင်ရွက်နေသည့် ရေပေးဝေနေမှုများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

“ရေကိစ္စဆိုတော့ အားလုံးက စိတ်ဝင်တစားနားထောင်ကြတာပေါ့။ ဒီအဆိုကို ဆောင်ရွက်ဖို့ မဲလည်းခွဲဆုံးဖြတ်ရော ထောက်ခံသူက ၂၄ဦးပဲရှိတယ်။ ကန့်ကွက်သူက ၉၈ဦး၊ တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ အကုန်ထတာပဲ။ “ ဟု လွှတ်တော်သတင်းရယူခဲ့သည့် သတင်းသမားတ ဦးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လက်ရှိတွင် မြို့နယ် ၃၃မြို့နယ်အတွက် သောက်သုံးရေဖူလုံမှုရှိစေရန် ချိုးဖြူ၊လှော်ကား၊ဖူးကြီးနှင့် ငမိုးရိပ်ရေလှောင်တမံ စီမံကိန်းများမှ ရေများကို ရေတွန်းစက် ၁၁ရုံမှ တဆင့် တ မြို့လုံးကို ဖြန့်ဖြူးပေးနေကြောင်း၊ မြေအောက်ရေများကိုလည်း စက်ရေတွင်းများမှတဆင့် ဖြန့်ဖြုးပေးကြောင်း မြို့တော်ဝန် ဦးလှမြင့်ကပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို နိုဝင်ဘာ ၂ရက်နေ့က စတင်ကျင်းပနေပြီး လာမည့် နိုဝင်ဘာ ၈ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းထားသည့် မေးခွန်းအားလုံးကို လွှတ်တော်ကျင်းပနေချိန်တွင် ဖြေဆိုနိုင်ခြင်းမရှိသော်လည်း လွှတ်တော်ပြီးပါက ဆက်လက်ဖြေကြားသွားမည်ဟု လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက မီဒီယာများကို ပြောခဲ့သည်။
http://www.mizzimaburmese.com/

နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ


2011-11-03

နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။

အမည်မဖေါ်လိုတဲ့ အရာရှိ တစ်ဦးကတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဖြစ်နိုင်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

နေပြည်တော် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးကလည်း သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံတော် တည်ဆောက်ရေးမှာ အကျိုးများစွာ ဖြစ်ထွန်းမယ်လို့ ယုံကြည်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

လွတ်လာမယ့်သူတွေထဲမှာ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဦးခွန်ထွန်းဦး စသူတွေ ပါဝင်ပြီး အခု လွှတ်ပေးမယ့် နိုင်ငံရေး အကျဉ်းသား စာရင်းကို သမ္မတ ဦးသိန်းစိန်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို တင်ပြခဲ့တယ်လို့လည်း သတင်းရပါတယ်။

အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် တပ်မတော်သားများ အပါအဝင် ပြည်သူပြည်သား အားလုံး အတွက် များစွာ အကျိုးရှိမှာ ဖြစ်ပါတယ်လို့ အန်အယ်လ်ဒီ ဒု-ဥက္ကဌ ဦးတင်ဦးက မှတ်ချက်ချပါတယ်။

အန်အယ်လ်ဒီက ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၇၀၀ လောက်ရှိပြီး မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန စာရင်းအရ ၆၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီကွာခြားချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ပြီးခဲ့တဲ့လက တွေ့ဆုံ ဆွေးနွေးရာမှာ ညှိနှိုင်းခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင် တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
http://www.rfa.org/burmese/news/political-prisoner-11032011210446.html

You are You I am Me - Burma Story


ကျွန်းပင်ရောင်းစားပြီး ကိုယ်ကျိုးရှာတဲ့ ဗျူဟာမှူး

သင်္ကန်းညီနောင်က စာ ၂ စောင်
Friday, November 04, 2011 Sithu Linn

ကျွန်းပင်ရောင်းစားပြီး ကိုယ်ကျိုးရှာတဲ့ ဗျူဟာမှူး

မြ၀တီမြို့နယ်၊ အမှတ် (၃) အခြေကျ စစ်ဗျူဟာ သင်္ကန်းညီနောင်ရဲ့ လက်ရှိဗျူဟာမှူးဟာ စစ်ဗျူဟာဝင်းအ တွင်းက လုံးပတ် ၇ ပေကျော် သက်တမ်းရင့် ကျွန်းပင်ကြီးသုံးပင်ကို မိမိကိုယ်ကျိုးအတွက် ခုတ်လှဲရောင်းချ လိုက်ပါတယ်။ ၀ယ်သူကတော့ ၀ိရှမ်းရွာ (သင်္ကန်းညီနောင်အနီး) တွင် နေထိုင်သူ လောပု (ကိုးကန်း-၀ ငြိမ်း ချမ်းရေးအဖွဲ့ဝင်ဟောင်း) ဆိုသူ သစ်ကုန်သည် ဖြစ်ပါတယ်။ ဗျူဟာမှူးအဆက်ဆက် ထိန်းသိမ်းစောင့်ရှောက် ခဲ့တဲ့ အဆိုပါ ကျွန်းပင်ကြီးတွေကို ခုတ်လှဲလိုက်တဲ့ အတွက် ဒေသခံလူထုများ မကျေမနပ်ဖြစ်နေကြပါတယ်။

သစ်တောဥပဒေပုဒ်မ(၈)၊ ပုဒ်မခွဲ(က) မှာ မည်သည့်နေရာမဆို ပေါက်ရောက်သည့် ကျွန်းပင်သည် နိုင်ငံတော် ပိုင်ဖြစ်သည်။ ခုတ်လှဲသူများအား ပုဒ်မ ၄၃ (က) အရ ထောင်ဒဏ် ၇ နှစ် (သို့) ငွေဒဏ်ငါးသောင်းလို့ ဖော်ပြ ပါရှိပါတယ်။ အဆိုပါ ဗျူဟာမှူးဟာ သစ်ကားတင်ကား၊ ခရီးသည်ကား၊ ကုန်ကားများက ဂိတ်ကြေးကောက်ခံ သလို လိုင်စင်မဲ့ကားများလည်း ကုန်သည်များနဲ့ အပေးအယူလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာနေသူဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ စီမံဆောင်ရွက်နိုင်ဖို့ ပြည်သူများ ကိုယ်စား တင်ပြလိုက်ပါ တယ်။

သင်္ကန်းညီနောင် တာဝန်သိပြည်သူတစု


နောက်ဆက်တွဲသတင်း

အထက်ဖေါ်ပြပါ သတင်းဖြစ်ရပ်နောက်ပိုင်း၊ အမှတ်(၃) စစ်ဗျူဟာမှုး ဗိုလ်မှုးကြီးတင်အေးကို သက်ဆိုင်ရာက ယနေ့ထိ တစုံတရာ အရေးယူတာ မရှိလို့ ဒေသခံများ၊ ပိုပြီး ခံပြင်းစရာဖြစ်နေပါတယ်၊ သစ်ကုန်သည် လောပု (ခ) စိုးနိုင် (ကိုးကန့်-၀ ငြိမ်းချမ်းရေး အဖွဲ့ဝင်ဟောင်း) ဟာ ပြီးခဲ့တဲ့ ၂၆.၁၀.၁၁-ရက်နေ့က မြ၀တီ သစ်တောဋ္ဌာနကို လာရောက်ပြီး သစ်တောဋ္ဌာနအရာရှိများကို အရက်/အစားအသောက်တွေနဲ့ ဧည့်ခံပြီး မိမိရဲ့ဥပဒေပြင်ပလုပ်ရပ်တွေကို အကာအကွယ်ယူ လုပ်ဆောင်နေပါတယ်။

သစ်တောဋ္ဌာန ရှောင်တခင်ဖမ်းဆီး စစ်ဆေးမှုတွေကို ရှောင်ရှားတိုင်း လောပု (ခ) စိုးနိုင်ဟာ ဝှေ့ရှမ်းရွာ-
ဝှေ့ရှမ်းဘုန်းကြီးကျောင်းနှင့်၊ မဲ့ပလဲ့ရွာ-မဲ့ပလဲ့ဘုန်းကြီးကျောင်းတွေမှာ ၎င်းပိုင် သစ်ခွဲစက်နှင့် သစ်ခွဲသား/သစ်လုံးများကို ဘုန်းကြီးကျောင်း အကာအကွယ်ယူပြီး ပြုလုပ်နေတာကို ကျွန်တော်တို ဒေသခံပြည်သူ လူထုကို မထေမဲ့မြင်ပြုတာ ဖြစ်တဲ့အပြင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်နေတဲ့ အရပ်သားအစိုးရသစ်ရဲ့၊ ဥပဒေနဲ့ အပြောနဲ့အလုပ် ညီညွတ်မရှိတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။

ဗျူဟာမှူး ဗိုလ်မှုးကြီးတင်အေးဟာ ဒေသဆိုင်ရာ စစ်ဘက်အကြီးအကဲဖြစ်တာကြောင့် စစ်ဘက်ဆိုင်ရာစည်း
ကမ်းနှင့် တည်ဆဲဥပဒေကို စံပြအနေဖြင့် ထိမ်းသိမ်းလိုက်နာရမဲ့အပြင် အခြား ဋ္ဌာနဆိုင်ရာ စည်းကမ်း-ဥပဒေများကိုလည်း လေးစား တန်ဖိုးထားဖို့ လိုအပ်ကြောင်း၊ သို့မှသာလျှင် အောက်ခြေ အုပ်ချုပ်ရေးရဲ့ ရှင်းလင်းမြင်သာတဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လုပ်ဆောင်ချက်တွေကို အထက်က အပြောနှင့်အောက်ခြေ အဖြစ်အပျက် လက်တွေ့အပြောနှင့် အလုပ် ညီညွတ်မှာဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြပါတယ်။

သင်္ကန်းညီနောင် တာဝန်သိပြည်သူတစု
http://www.irrawaddyblog.com/2011/11/blog-post_4158.html

သမ္မတထံ စာတင်သည့် လယ်သမားများ စစ်ဆေးခံရ



By featured, ရန်ပိုင် on November 4, 2011 11:15 am


မကွေးတိုင်း ကံမမြို့နယ်အတွင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တည်ဆောက်မည့် ကော့စတစ် စက်ရုံနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသားတိုင်ကြားခဲ့သည့် ထောက်မကျေးရွာမှ လယ်သမား ၈၈ ဦးကို ဒေသအာဏာပိုင်များက ခေါ်ယူစစ် ဆေးနေကြောင်း စုံစမ်းသိရသည်။

ဧရာဝတီမြစ်နံဘေးတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တည်ဆောက်မည့် ကော့စတစ်စက်ရုံနှင့် ပတ်သက်၍ လယ်သမား ၈၈ ဦးက လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်ဝန်းကျင် ပျက်စီးမှု ဖြစ်ပေါ်လာမည့်အရေး တားဆီးပေးရန်၊ လယ်သမားများဘက်မှ ရပ်တည်ပေးရန် သမ္မတနှင့် အဖွဲ့အစည်း အသီးသီးထံသို့ စက်တင်ဘာလအတွင်းက စာရေးသားပေးပို့ တိုင်ကြားခဲ့သည်။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ ယခင်တပတ် သောကြာနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ကံမမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း လယ်သမား ဦးငွေကြီးက ဧရာဝတီသို့ ပြောသည်။

“လက်မှတ်ထိုးတဲ့ သူတွေကို ထမင်းမကျွေးဘဲ ညလုံးပေါက် စစ်တယ်၊ အားလုံးက အလုပ်ခွင်က လာကြရတာ ပင်ပန်းတယ်၊ နှိပ်စက်သလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ တောင်သူပေါင်း ၃၅ ယောက်ကို စစ်ဆေးပြီးသွားပြီ ဖြစ်ကြောင်း၊ တောင်သူများက တိုင်ကြားခဲ့သည်ဟု ၀န်ခံပြောဆိုခဲ့ရ ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာကို သမ္မတဦးသိန်းစိန်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်၊ မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်တို့ကို စာရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်မြို့မှ လူအခွင့်အရေး စောင့်ကြည့်သူ တဦးကလည်း တောင်သူများအနေဖြင့် ၎င်းတို့၏ အခက်အခဲများကို ပြည်သူ့ ၀န်ထမ်းများ ထံသို့ တင်ပြခြင်းသာဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုပ်ရပ်သည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဘက်မှ ရပ်တည်သကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြပြောဆိုသည်။

ကံမမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အဆိုပါ ခေါ်ယူစစ်ဆေးမှုနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ရုံးတာဝန်ခံက ဟုတ်မှန်ကြောင်း၊ သို့သော် မည်သည့်အတွက် ခေါ်ယူစစ်ဆေးသည်ကိုမူ မပြောပြနိုင်ကြောင်း ပြန်လည်ပြောဆိုသည်။

ဧရာဝတီမြစ် တဘက်ကမ်းရှိ ပြည်မြို့နယ်နှင့် ကံမမြို့နယ်တို့ ထိစပ်နေသည့် ၀ဲကြီး၊ ထောက်မ၊ တောင်ဘို့တရာ စသည့် ကျေးရွာ ပေါင်း ၂၀ ကျော်ရှိ လယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေ ဧက ၈၀၀၀ ခန့်ကို သိမ်းဆည်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က ပြီးခဲ့သည့်နှစ်အတွင်း ကော့စတစ်စက်ရုံ တည်ဆောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံတည်ဆောက်ရန် ကြိုးစားမှုကြောင့် ဆောက်လုပ်ရေး လုပ်သားများနှင့် လယ်သမားများ အချင်းများကာ မကွေးတိုင်း တရားရုံးတွင် တရားရင်ဆိုင် ခဲ့ကြရသေးသည်။
http://burma.irrawaddy.org

စီးပွားရေးဖွံ့ဖြိုးမှု ရန်ကုန် ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်





By ဧရာဝတီ on November 4, 2011 4:34 pm

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနိုင်ငံတကာညီလာခံသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့မနက်ပိုင်းက
တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


စီးပွားရေးဖွံ့ဖြိုးမှု ညီလာခံသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဦးမြင့်တို့အား ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
နေပြည်တော်နှင့် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း အစည်းအဝေး၏ နောက်ဆုံးနေ့တွင်မှ ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် လာတက်တော့ တအားပေါ့။ အားလုံးက တက်တက်ကြွကြွ ရှိကြတယ်။ အရင်နေ့က အစည်းအဝေးမှာ လူသိပ်မရှိဘူး။ ဒီနေ့တော့ သတင်းထောက်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ စုံစုံညီညီ စည်စည်ကားကား ရှိတယ်” ဟု အစည်းအဝေး ပုံမှန် တက်ရောက်နေသော ပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်၊
ဒေါက်တာသန့်မြင့်ဦး၊ ကုလသမဂ္ဂတွင် လက်ထောက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ နေထွန်းအပါအ၀င် နိုင်ငံပေါင်းစုံမှ သံအမတ်များ၊ နိုင်ငံတကာမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို ထွန်းဖောင်ဒေးရှင်းဘဏ်၊ Myanmar Development Resource Center (MDRC)၊ Myanmar Academy For Agriculture, Forestry, Livestock and Fisheries Sciences ၊ Myanmar Engineering Society (MES)၊ Association of Myanmar Architects(AMA)၊ Environmental Economic Research Institute (ERRI)၊ Yangon Media Group၊ Forest Resource Environmental Development and Conservation Association (FREDA)၊ Water, Research and Training Center (WRTC)၊ Myanmar Agribusiness and Rural Development Consultants (ARDC) စသည့် အဖွဲ့အစည်းများက ကူညီပံ့ပိုးကြကြောင်း သိရသည်။
“ပွဲရဲ့အဓိက ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိစ္စတွေ လုပ်ဖို့ မြန်မာအစိုးရ၊ NGO၊ INGO တွေ ပါဝင်တဲ့ ကောင်စီတခု ဖြစ်လာတဲ့အထိ ရည်ရွယ်တယ်။ ဒါနဲ့ ပတ်သက်လို့ နည်းပညာတွေ၊ အတွေ့အကြုံ တွေကို ရဖို့လည်း ရည်ရွယ်ပါတယ်။ အခုလိုပွဲမျိုးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့အတွက် နိုင်ငံတကာမှာ ဒီညီလာခံရဲ့ Image က ပိုပြီး ပေါ်လွင် ထင်ဟပ်စေမှာပါ” ဟု ပွဲစီစဉ်သူတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ အစည်းအဝေး တက်ရောက်ခဲ့ပြီး ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် အစည်းအဝေး တက်ရောက်ရန်နှင့် အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံ ရန် ရှိသောကြောင့် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အစိမ်းရောင် စီးပွားရေးဆိုင်ရာ နိုင်ငံတကာညီလာခံသို့ အိန္ဒိယ၊ နော်ဝေ၊ ဂျပန်၊ အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊
မလေးရှားနိုင်ငံ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံမှ ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း အဆောက်အုံတွင် ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည့်နောက်ပိုင်း နိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်ရေး ကဏ္ဍနှင့် ပတ်သက်၍ ပိုမို ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်။
ိုနိင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်
ပြီးခဲ့သည့် သြဂုတ်လအတွင်းက နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲ မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့ပြီး နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့ စက်မှုဖွံဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မြန်မာ့စီးပွားရေးပညာရှင် ဦးမြင့်နှင့် တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများအား တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ မကြာသေးမီက စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးရာတွင် လည်း တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက်လာစေရန် လွတ်လပ်စွာ ကုန်သွယ် ကူးသန်းရောင်းဝယ်ခွင့်၊ လွတ်လပ်စွာ ငွေကြေး လည်ပတ် သုံးစွဲခွင့်တို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာ့စီးပွားရေးကဏ္ဍတွင် ကျပ်ငွေ တန်ဖိုးမြင့်တက်နေမှုကြောင့် ပြည်ပပို့ကုန်များ ကျဆင်းလျှက် ရှိနေရာ ငွေကြေးတန်ဖိုး တည်ငြိမ်စေရန်အတွက် အစိုးရက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို အကူအညီ တောင်းခံခဲ့သည်။
ထိုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက IMF ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲရေးနှင့် လွတ်လပ်စွာ ငွေကြေးလည်ပတ် သုံးစွဲခွင့်ရှိရေးတို့နှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းပိုင်းတွင် အကူအညီပေးရန် လာရောက်လေ့လာခဲ့သည်။
ယခုတလော အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ်များ၊ ဆွေးနွေးပွဲများ မြန်မာနိုင်ငံ၌ လက်ခံကျင်းပမှု များပြားလာရာ ၃၇ ကြိမ် မြောက် အာဆီယံ – ဂျပန် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပလျှက်ရှိသည်။
ဥရောပသမဂ္ဂမှ စီးပွားရေး ပညာရှင်တချို့ ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့သည်လည်း မြန်မာ့ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို လာမည် နိုဝင်ဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။
http://burma.irrawaddy.org/archives/1961

အစာငတ်ခံ ဆန္ဒပြသူတွေအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်


2011-11-04

အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြကြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သောက်ရေ ဖြတ်လိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဆန္ဒပြသူတွေ ရေဓာတ်ခန်းခြောက်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ဒီကိစ္စအတွက် အကျဉ်းထောင် အာဏာပိုင်တွေမှာ တာဝန်ရှိကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အစာငတ်ခံ ဆန္ဒပြသူ ၈ ဦးကို စစ်ခွေးတိုက်လို့ခေါ်တဲ့ အလုံပိတ် တိုက်ခန်းတွေမှာ အိပ်ရာတွေ ဖျာတွေ မပေးဘဲ ပိတ်လှောင် ထားတယ်လို့ ရထားတဲ့ သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေကို အခုလို သောက်ရေမပေးဘဲ ထားတာဟာ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ အကျဉ်းသားတွေကို ဆက်ဆံရမယ့် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်တွေကို ချိုးဖောက်ရာ ရောက်သလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ “လူသားတိုင်း အသက်ရှင်သန်ခွင့် ရှိရမယ်” ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြကြတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့တယ်လို့ လူရွှင်တော် ကိုဇာဂနာက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။

“ကိုကြီးနဲ့ကိုအာကာဗိုလ်တို့က သေသေချာချာ ရှင်းပြကြပါတယ်။ ဥပမာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံထားရသူတွေဟာ ဥပဒေအရ ရရမယ့် လျှော့ရက် မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေတယ် ဆိုတာကိုပေါ့”

Amnesty International က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထောင်ဒဏ် ၆၃နှစ် ကျခံနေရတဲ့ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာ အရှင်ဂမ္ဘီရဟာ အကျဉ်းထောင်တွင်း နှိပ်စက် ညှဉ်းပန်းမှု ဒဏ်ကြောင့် ဆေးရုံတင် ကုသပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မိသားစုဝင်တွေ ပြောပြချက်အရ သိရကြောင်းလည်း ဖော်ပြထားပါတယ်။
http://www.rfa.org/burmese/news/hunger-strike-11042011111254.html