Sunday, November 6, 2011

တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ မိခင်ကွယ်လွန်


Aung Min (face book)
ချစ်ခင်မြတ်နိုးလေးစားရတဲ့ တေးသံရှင် ဆောင်းဦးလှိုင်ရဲ့  ကျေးဇူးရှင်မိခင်ကြီး ဒီနေ့ ညနေ ၄ နာရီက ကွယ်လွန်သွားပါတယ်.. ပြည်သူ့ အနုပညာရှင်တယောက်အနေနဲ့  ရပ်တည်ရင်း ကင်ဆာဖြစ်နေတဲ့ မိခင်ကြီးကို (အမေ ကင်ဆာဖြစ်နေတယ်ဆိုတာ မပြောရက်ပဲ) စောင့်ရှောက်ခဲ့တဲ့ ကိုဆောင်းဦး သားတယောက် တာဝန် ကျေပွန် ပါတယ်.... ဒီနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က ထုတ်ခဲ့တဲ့ အခွေသစ်ထဲမှာ ဂုဏ်ပြူခဲ့တဲ့ အမေ့အတွက်သီချင်း ပြန် မျှဝေလိုက်ပါတယ်.

Thida သီတာ Face book မှ
(အမေတယောက်ကော တောင်းဆုတွေ ပြည့်ဝရဲ့ လား.. ဘယ်သူမှ မရှိတဲ့ကမ္ဘာမှာ) - ဆောင်းဦးလှိုင်နဲ့  သမီးသံစဉ်ဦးလှိုင်တို့  သီဆိုဂုဏ်ပြု ထားတာပါ..

အတိုက်အခံများ နိုင်ငံရေးလောကထဲ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာအစိုးရ လမ်းဖွင့်ပေး

by Save Irrawaddy on Sunday, November 6, 2011 at 10:52am

(Monster and Critics မှ၊ 5 Nov 2011 ရက်စွဲပါ Myanmar paves way for opposition to rejoin politics ကို ဘာသာ ပြန်ဆိုသည်)

အခရာကျသော မြန်မာအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် အမျိုးသားနိုင်ငံရေးတွင် ပြန်လည်ပါဝင်နိုင်စေမည့် ဥပဒေပြင်ဆင်ချက်တစ်ရပ်ကို သမ္မတဦးသိန်းစိန်က အတည်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း မီဒီယာ သတင်းပေးပို့ချက်များအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် NLD ဝင်ရောက်ယှဉ်ပြိုင်မှုပြုနိုင်အောင် တားဆီးထားသည့် ဥပဒေ အပိုဒ်ငယ်တစ်ခုကို ဖယ်ရှား ပေးသည့် ပြင်ဆင်ချက်အား သမ္မတကြီးက အတည်ပြုပေးခြင်း ဖြစ်သည်။ ဖယ်ရှားလိုက်သော အဆိုပါ ဥပဒေအပိုဒ်ငယ်အရ ဖမ်းဆီးအကျဉ်းချ ခံထားရသူများအနေဖြင့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများတွင် ပါတီဝင်ဖြစ်ခွင့် မရှိပေ။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရပြီး ရွေးကောက်ပွဲကျင်းပပြီး မကြာမီရက်ပိုင်းတွင် လွတ်မြောက် ခဲ့သည်။

သို့အတွက်ကြောင့် NLD ပါတီက ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ခြင်း မပြုတော့ဘဲ ရွေးကောက်ပွဲကိုသာ သပိတ်မှောက်ခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က အနိုင်ရရှိခဲ့သည်။

NLD သတင်းရင်းမြစ်များအဆိုအရ ပါတီအနေဖြင့် တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သင့်၊ မသင့်ကိစ္စကို မကြာမီ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကာလတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အလားအလာ ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၂၁ နှစ်တာကာလတွင် ၁၅ နှစ်တာကြာမျှ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ယင်း ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟူသည့်သဘောမျိုးကို အရိပ်အမြွက် ပြောဆိုထားသည်။ အဆိုပါ ပါတီရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်သတ်မှတ်ခြင်းသည် ကုလသမဂ္ဂ အထူးသံတမန် ဗီဂျေနမ်ဘီးယား မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့်ခရီးစဉ်အတွက် ဦးစားပေး သဘောဖြင့် လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

"ဒီလိုအနေအထားမျိုးမှာ ဒီလိုကိစ္စမျိုးထွက်ပေါ်လာတာဟာ မြန်မာနိုင်ငံရဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ရပ်တည်ချက်အတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စပါ။ ဒီလို အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့လည်း အရေးကြီးပါတယ်" ဟု မြန်မာနိုင်ငံသို့ ငါးရက်တာမျှ လာရောက်ခဲ့သူ မစ္စတာ ဗီဂျေနမ်ဘီးယားက ပြောကြားသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ပြန်လည်သင့်မြတ်မှုများ ရရှိအောင် လုပ်ဆောင်မှုများကိုလည်း ၎င်းက အားပေး အားမြှောက်ပြုသလို ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေး လက်အောက်သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံးပါဝင်နိုင်မည့် နိုင်ငံရေးဖြစ်စဉ် တစ်ရပ် ပေါ်ထွန်းလာရေးအတွက် နောက်ထပ်ကနဦး လုပ်ဆောင်ချက်များ လုပ်ကိုင်သွားရန်လည်း တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံ အစိုးရသစ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ခန့်ကို လွှတ်ပေးခဲ့သည်။ သို့သော် နိုင်ငံရေး အကျဉ်းသား ၁၉၀၀ ခန့်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲပင် ဖြစ်သည်။

Yangon Chronicle

အိန္ဒိယ၏ အရှိန်မြင့်လာသည့် အရှေ့မျှော်ပေါ်လစီ

by Save Irrawaddy on Sunday, November 6, 2011 at 11:00am

(The Japan Times သတင်းစာမှ၊ 2 Nov 2011 ရက်စွဲပါ India’s Look East policy in top gear ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆောင်းပါးရှင် Harsh V Pant မှာ လန်ဒန်မြို့၊ King’s College ကာကွယ်ရေး လေ့လာမှုဌာနမှ ပေါမောက္ခတစ်ဦး ဖြစ်သည်)

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံက မြန်မာနှင့် ဗီယက်နမ်မှ ခေါင်ဆောင်ကြီးများကို ကော်ဇောနီခင်းကာ လက်ခံကြိုဆိုခဲ့ပြီး အရှေ့မျှော်ပေါ်လစီအပေါ် မည်မျှအတိုင်းအတာအထိ အလေးအနက်ထားကြောင်း ထပ်မံ ထုတ်ဖော်ပြသလိုက်သည်။ အိန္ဒိယသည် အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသမှ သိသာထင်ရှားသော နိုင်ငံနှစ် နိုင်ငံနှင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အခိုင်အမာ ဖြစ်ပေါ်လာရန် ကြိုးပမ်းလျက်ရှိသလို အာရှဒေသတွင်း တရုတ် သြဇာလွှမ်းမိုးမှုအပေါ် တန်ပြန်ချိန်ညှိနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည့်အားလျော်စွာ အရှေ့မျှော် မူဝါဒကို ယခုကဲ့သို့ အလေးအနက်ထား ထုတ်ဖော်နေခြင်းလည်း ဖြစ်သည်။

အရှေ့မျှော်မူဝါဒသမှာ စစ်အေးခေတ် ကာလတစ်လျှောက်လုံး အရှေ့အာရှဒေသအပေါ် ဥပက္ခာပြုခဲ့သည့် အိန္ဒိယအနေဖြင့် အဆိုပါ ဒေသမှ နိုင်ငံများနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ဒီဇိုင်းဆင်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်သည် အာရှဒေသ၏ မဟာဗျူဟာအခင်းအကျင်းတွင် ဝရုန်းသုန်းကား အခြေအနေ ဆိုက်ရောက်နေချိန်ဖြစ်ပြီး အိန္ဒိယနိုင်ငံက ၎င်းနှင့် ကိုက်ညီမှုရှိမည့် ဒေသတွင်းနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့်စီးပွားရေး အင်အားကောင်းမွန်လာသည့်အားလျော်စွာ ၎င်း၏ အိမ်နီးချင်းနိုင်ငံများ နယ်နိမိတ်ဆိုင်ရာ အရေးကိစ္စများတွင် ငါသိငါတတ်သဘောမျိုးဖြင့် သတ်မှတ်ပြဋ္ဌာန်းမှုများ လုပ်ဆောင်လျက်ရှိရာ အရှေ့အာရှ၊ အာရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်များနှင့် ဘေဂျင်းအကြား နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်သော တင်းမာမှုများမှာလည်း မြင့်တက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် သူ၏ မဟာမိတ်များမှာ အာရှဒေသတွင်း မဟာဗျူဟာများကို ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီဖြစ်ပြီး ညွှန်ပေါင်းဖွဲ့မှုတွင် အရေးနိမ့်သလိုဖြစ်နေသည့် အိန္ဒိယမှာမူ တရုတ်၏ ကြီးထွားလာသောပါဝါကို တန်ပြန်ချိန်ညှိရန်အားယူနေရသည်။

အဆိုပါ အခြေအနေများနှင့် ဆက်စပ်စဉ်းစားကြည့်မည်ဆိုလျှင် အိန္ဒိယနိုင်ငံသို့ ဗီယက်နမ်နှင့် မြန်မာခေါင်းဆောင်များ သွားရောက် လည်ပတ်မှုမှာ ဒေသတွင်း ပါဝါချိန်ခွင်လျှာနှင့် ပတ်သက်သော ထူးခြားသော အရွေ့တစ်ခုအဖြစ် ယူဆနိုင်သည်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဖိအားပေးမှုများ ရှိနေသည့်တိုင် လတ်တလောနှစ်များအတွင်း မြန်မာ-အိန္ဒိယ ဆက်ဆံရေးများကြောင့် နယူးဒေလီအစိုးရ၏ မဟာဗျူဟာ အကျိုးစီးပွားမှာ အောင်မြင်ဖြစ်ထွန်းမှုများ ရှိသည်ကို တွေ့ရသည်။ ယမန်နှစ် အစောပိုင်းကာလအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယသို့ သွားရောက်လည်ပတ်ရာ အိန္ဒိယအစိုးရကလည်း ၎င်းကို ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။

အိန္ဒိယသည် အစောပိုင်းကာလများက မြန်မာစစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်တိုင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလမှစ၍ အရှေ့မျှော်ပေါ်လစီကို လက်ကိုင်ကျင့်သုံးရန် အလို့ငှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံပြောဆိုမှုများကို ရပ်ဆိုင်းခဲ့သည်။ နယူးဒေလီအစိုးရအတွက် အရေးတကြီး ဖြစ်လာသည့်ကိစ္စမှာ မြန်မာပြည်တွင်း တရုတ်နိုင်ငံ၏အခန်းကဏ္ဍ ကြီးမားလာခြင်းပင် ဖြစ်သည်။

အိန္ဒိယနိုင်ငံအတွက်အလွန် နီးကပ်သော အိမ်နီးချင်းလည်းဖြစ်ပြီး သဘာဝဓာတ်ငွေ့ ရရှိရေးအတွက်ပင် ရင်းမြစ်သဖွယ် ဖြစ်နေသည့် မြန်မာနိုင်ငံသည် တရုတ်ပြည်၏ စက်ကွင်းထဲသို့တဖြည်းဖြည်းချင်း ဝင်ရောက်နေပြီဟူသောအချက်ကို သဘောပေါက်လာသည့် နယူးဒေလီ အစိုးရက ယခင်ကကျင့်သုံးခဲ့သည့် မြန်မာပြည် အထီးကျန်ဖြစ်ရေးပေါ်လစီကို စွန့်လွှတ်ကာ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ် ညှိနှိုင်းသည့် ပေါ်လစီကို စတင်ကျင့်သုံး လာသည်။

အိန္ဒိယက အနောက်နိုင်ငံများဘက်မှ ရပ်တည်သည့်ကိစ္စမှာ ၎င်းအတွက် များစွာခက်ခဲသည်ကို တွေ့ရှိခဲ့သည်။

ထိုသို့ရပ်တည်ခြင်းကြောင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတည်းဟူသော ၎င်း၏ ဂုဏ်သိက္ခာနှင့် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်သည့် မဟာဗျူဟာ အကျိုးစီးပွားအကြား ညှပ်ပူးညှပ်ပိတ်ဖြစ်စေသည်ကို ကောင်စွာနားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်း မြန်မာဒုက္ခသည် ကွန်မြူနစ်တီရှိနေခြင်းမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို စစ်အစိုးရက ပြင်းပြင်းထန်ထန် ဖြိုခွဲနှိမ်နင်းမှု၏ ရလဒ်တစ်ခုပင်ဖြစ်၏။ သို့သော် အိန္ဒိယအီလစ်အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားမှုများကို ကာလကြာရှည်စွာ နှစ်သက်သဘောကျခဲ့သည်။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင် အိန္ဒိယ၏ အမြင့်ဆုံးဆုတစ်ခု ဖြစ်သော Civilian Awards ကို ၁၉၉၃ ခုနှစ်တွင် ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယနေ့အချိန်ထိ ကျင့်သုံးဆဲဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ပေါ်လစီမှာလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖော်ဆောင် နိုင်ရေးပင် ဖြစ်သည်။ သို့သော် လတ်တလော နှစ်များအတွင်း မြန်မာနှင့် တရုတ်အကြား ကုန်သွယ်ရေး၊ စွမ်းအင်တူးဖော်ရေးနှင့် ကာကွယ်ရေး အစရှိသည့် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာသည့် အားလျော်စွာ မြန်မာပြည်တွင်း အိန္ဒိယ၏ မဟာဗျူဟာ အကျိုးစီးပွားမှာလည်း သိသိသာသာပင် အရေးပါ အရာရောက်လာသည်။

မဟာဗျူဟာ အကျိုးစီးပွားများကြောင့် နယူးဒေလီအစိုးရအနေဖြင့် ဒီမိုကရေစီအရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် နူးညံ့ ပျော့ပျောင်းသည့် ပြောဆိုမှုမျိုး လုပ်ဆောင်ရန်သာ ရှိတော့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၏ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ၏ ယုံကြည်မှုကို ရရှိထားပေရာ အဆိုပါ အနေအထားကို မည်သို့မျှဆုံးရှုံးခံနိုင်သည် မဟုတ်ပါ။ သို့အတွက်ကြောင့် မြန်မာအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သောနိုင်ငံအနေဖြင့် ဆက်လက်ကျန်ရှိနေခြင်း ဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမအနေဖြင့် မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်မည့် အခြားသောနည်းလမ်းများကို ရှာဖွေရန်နှင့် အိန္ဒိယအတွက် ကြီးမားကျယ်ပြန့်သော မဟာဗျူဟာနေရာ ခင်းကျင်း ပေးရန် စစ်အစိုးရကို ဆက်လက်ပြောဆိုမည်ဟူသော အရိပ်အမြွက်မျိုး ထုတ်ဖော်ပြသထားသည်။

အိန္ဒိယသို့ ဗီယက်နမ် သမ္မတ Truong Tan Sam ပြီးခဲသည့် အောက်တိုဘာလက သုံးရက်တာမျှ သွားရောက် လည်ပတ်ခဲ့မှုသည် နှစ်နိုင်ငံ အကြား ကြီးထွားလာသော ရင်းနှီးချစ်ကြည်မှုအနေအထားကို ဖော်ပြလိုက်ရာရောက်ခဲ့ပါသည်။ အိန္ဒိယက တရုတ်နိုင်ငံကို အရေးမစိုက်ဘဲ မိမိ၏ ONGC Videsh Limited(OVL) အနေဖြင့် တောင်တရုတ် ပင်လယ်ပြင်တွင်းရှိ ဗီယက်နမ်နိုင်ငံ လုပ်ကွက် ၂ ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်အသိပေးလိုက်ပြီးနောက် ထွက်ပေါ်လာသော နယူးဒေလီနှင့် ဟနွိုင်းအစိုးရ နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှာ စောင့်ကြည့်လေ့လာသူများကို အတော်ပင်မျက်ခုံးလှုပ်စေခဲ့သည်။

အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတွင် အိန္ဒိယ၏အခန်းကဏ္ဍ မြင့်တက်လာပြီး တရုတ်ကလည်း တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာ ဒေသတွင် ခြေကုပ်ယူမှုများ တိုးမြှင့်လုပ်ဆောင်လာချိန်၌ နယူးဒေလီအစိုးရက အရှေ့အာရှ ဒေသတွင်း ၎င်း၏ဝေစုများ ဆက်လက်ရရှိရန် ကြိုးပမ်းလာသလို အရှေ့အာရှဒေသ ရေပြင်တွင် တရားဝင်ဖြစ်မည့် အကျိုးစီးပွားများ ပေါ်ထွက်ရန် အခိုင်အမာ လုပ်ဆောင်လာသည်။ အိန္ဒိယသည် တောင်တရုတ်ပင်လယ်မှ အရှေ့မြောက် အာရှဒေသနှင့် အမေရိကန်ပြည်ထောင်စုသို့ ဆက်သွယ်သည့် ပင်လယ်ရေကြောင်းလမ်းများ အကာအကွယ်ပေးရေးတွင်လည်း အကျိုးစီးပွားများ ရှိနေသည်။

အိန္ဒိယသည် နယူးဒေလီ-ဟနွိုင်းလုံခြုံရေးမဟာမိတ်ဖွဲ့တည်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်နှင့်ပူးပေါင်းပြီး အိန္ဒိယရေတပ်များ ဒေသတွင်း တည်ရှိနေရေးကို လုပ်ကိုင်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ပင်လယ်ရေကြောင်းလမ်း လုံခြုံရေးနှင့် ပင်လယ်ဓားပြအန္တရာယ် ကာကွယ်ရေးတွင်လည်း အိန္ဒိယနှင့် ဗီယက်နမ် ၂ နိုင်ငံစလုံး တူညီသည့် အကျိုးစီးပွားများ ရှိနေသည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် ဝင်ရောက်မှုနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံစလုံးတွင် တူညီသည့် စိုးရိမ်ပူပန်မှုများရှိနေသည်။

အိန္ဒိယ၏ မဟာဗျူဟာအကျိုးစီးပွားမှာ ဗီယက်နမ်နိုင်ငံကို ဒေသတွင်း အဓိကကျသော ပလေယာနိုင်ငံအဖြစ် ပေါ်ထွန်းလာစေရန် ဖြစ်သည့် အားလျော်စွာ အဆိုပါ ဦးတည်ချက် အကောင်အထည် ပေါ်လာနိုင်ရေးအတွက် ဟနွိုင်းအစိုးရကို အကူအညီပေးရန် အသင့်အနေအထားတွင်ရှိပါသည်။ အာရှဒေသတွင်း ပါဝါချိန်ခွင်လျှာကိစ္စ ကြီးမားမှုအပေါ် တူညီသည့် ချဉ်းကပ်မှုမှာ နှစ်နိုင်ငံစလုံးအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ချစ်ကြည်ရင်းနှီးမှု ပြန်လည်တည်ဆောက် သွားရန် ဖြစ်သည်။

ဆိုပါက အိန္ဒိယသည် အရှေ့နှင့် အရှေ့တောင်အာရှဒေသတွင်း ခိုင်မာပြတ်သားသော ပေါ်လစီတစ်ရပ်ကို အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ အဆိုပါ ပေါ်လစီအရ တရုတ်၏ သြဇာလွှမ်းမိုးမှု အရှိန်လျော့ကျသွားစေရန် ဒေသတွင်း နိုင်ငံငယ်များမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ များစွာမဝေးတော့သည့် အနာဂတ်တွင်မူ အမေရိကန်တပ်ဖွဲ့ဝင်အင်အားများ ဒေသတွင်းမှ လျှော့ချသွားဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ အကယ်၍ အိန္ဒိယ ကသာ ဒေသတွင်း ၎င်း၏ အခန်းကဏ္ဍနှင့် အလားအလာများကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက အာရှဒေသ အိန္ဒိယ သြဇာကြီးမားမှုများကို ပို၍ တွေ့မြင်လာရမည် ဖြစ်သည်။

*************************************************************

၁၉၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆုံးရှုံးမှုအများဆုံး ဖြစ်ပေါ်ခဲ့သော သဘာဝ ဘေးအန္တရာယ် ၁၀ ခုစာရင်း ထုတ်ပြန်


Sunday, 06 November 2011 13:48


၁၉၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များ အနက် ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ၁၀ ခုစာရင်း ကို ထုတ်ပြန်လိုက်ကြောင်း သတင်း ရရှိပါသည်။

အဆိုပါစာရင်းများကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ နိုင်ငံတစ်ခုချင်းစီအလိုက် သတင်းအချက်အလက် များကို ထုတ်ပြန်ပေးနေသည့် International Disaster Database (emdat.be) တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
၁၉၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆုံးရှုံးမှု အများဆုံးဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ၁၀ ခုတွင် မုန်တိုင်းက ဖြစ်စဉ်ရှစ်ခုဖြင့် အများဆုံးဖြစ်ပြီး ငလျင်တစ်ကြိမ်နှင့် ရေကြီးမှုတစ်ကြိမ် ပါဝင်ခဲ့ . . .

ဖော်ပြထားသည့် အချက်အလက်များသည် သဘာဝဘေးကြောင့် လူ ၁၀ ဦးနှင့် အထက်သေဆုံးမှု၊ လူ ၁၀၀ နှင့်အထက် သက်ရောက်ခံစား ရမှု၊ နိုင်ငံတကာမှ အကူအညီများ လက်ခံရမှု၊ နိုင်ငံတွင်အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ရမှု စသည်တို့ အပေါ်တွင် အခြေခံထားခြင်းဖြစ် သည်ဟု သိရှိရသည်။

၁၉၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဆုံးရှုံးမှုအများဆုံး ဖြစ်ပွားခဲ့သော သဘာဝ ဘေးအန္တရာယ် ၁၀ ခုတွင် မုန်တိုင်းက ဖြစ်စဉ် ရှစ်ခုဖြင့် အများဆုံးဖြစ်ပြီး ငလျင်တစ်ကြိမ်နှင့် ရေကြီးမှုတစ်ကြိမ် ပါဝင်ခဲ့ခြင်းဖြစ်သည်။


ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ ကြုံတွေ့လာရသော သဘာဝ ဘေးအန္တရာယ်များ၌ ရေကြီးမှုဖြစ်စဉ်မှာ အများဆုံးကြုံတွေ့လာရကြောင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးလာမှု၊ မြေဆီလွှာပြုန်းတီး လာမှုတို့သည် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ချိန်တိုင်း ရေကြီးရေ လျှံမှုများကို အလွယ်တကူဖြစ်ပေါ် စေလာကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိ ရသည်။

“ရာသီဥတုတွေ ပြောင်းလဲလာ လို့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ မုန်တိုင်းဝင်လိုက်၊ ရေကြီးလိုက်နဲ့ ကြုံ တွေ့နေရတယ်။ တူရကီမှာ ငလျင်လှုပ်တယ်။ ထိုင်းမှာလည်းရေကြီးလို့ လေဆိပ်တွေတောင် ပိတ်ထားရတယ်။ ဒီနှစ်ထဲမှာ ရေကြီးတာကို သတိပြုနေရပါတယ်။ မြန်မာနိုင်ငံမှာလည်း အောက်တိုဘာ ၁၉၊ ၂၀ ရက်ကကြုံခဲ့တဲ့ ရေကြီးမှုကြောင့် လူအသေအပျောက်ရှိခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေလည်း များတယ်။ မနှစ်က ဂီရိမုန်တိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရေကြီးတယ်။ ဒီနှစ်ကျ ပြန်တော့လည်း အပူပိုင်း မုန်တိုင်းငယ်ကြောင့် အလယ်ပိုင်းမှာ ရေဘေးသင့်ခဲ့ရတယ်။ ရေဘေးဟာ မြစ်ဝကျွန်းပေါ်လို ဒေသတွေတင်မဟုတ်ဘဲ အလယ်ပိုင်းဒေသတွေမှာ တောင် ကြုံတွေ့နေရပါတယ်” ဟုလည်း ရန်ကုန်တက္ကသိုလ် ပထ၀ီဝင်ဌာနမှ အငြိမ်းစားပါမောက္ခ ဦးမောင်မောင် အေးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ်များ အတွင်း ရာသီဥတုပြောင်းလဲမှုများ ကို ရင်ဆိုင်လာရကာ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ခြောက်နှစ်ဆက်တိုက် မုန်တိုင်းဝင်ရောက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးမှုများ ကြုံတွေ့ လာရခြင်းတို့ ရှိလာခဲ့သည်။

ဆုံးရှုံးမှုအများဆုံး သဘာဝဘေးဖြစ်စဉ် ၁၀ ခု


မင်းအောင်လှိုင်နှင့်ဒဲရက်မစ်ချဲလ်တို့တပ်မတော် ကိစ္စရပ်များ ဆွေးနွေး



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ နေပြည်တော်၌ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ Sunday, 06 November 2011 10:50
762
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန်အစိုးရ၏  မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်း ရေးမှူး ဒဲရက်မစ်ချဲလ်တို့သည် နိုဝင်ဘာလ ၃ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံမှကာကွယ်ရေး ဦးစီးချုပ်အဆင့်ရှိ တာဝန်ရှိသူနှင့် အမေရိကန် အဆင့်မြင့်အရာရှိတို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခုတစ်ကြိမ်သည် ပထမဆုံးအနေဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးမှုများကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေ ပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ပြု လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေး လုပ်ငန်းများ အပြင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဒဲရက်မစ်ချဲလ်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ တက်ရောက်ခဲ့ကြပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အမေရိကန်နိုင်ငံ စစ်သံမှူး Colonel Brey Sloan၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Mr.Eric Barborlak နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အမေရိကန်သံရုံး ပထမအတွင်းဝန် Mr. Machut Shishak တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ထားပြီး အောက်တိုဘာလ ၂၅ရက် နေ့တွင် ဒုတိယအကြိမ် လာရောက်ခဲ့ ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် တတိယအကြိမ်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ အချိန် နှစ်လအတွင်း သုံးကြိမ်မြောက် ရောက်ရှိလာသည့် ဒဲရက်မစ်ချဲလ်၏ တတိယ ခရီးစဉ်၌ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပိုစနာလည်း လိုက်ပါခဲ့ပါသည်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့၏ခရီးစဉ်ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် အဆုံးသတ်ခဲ့ပါသည်။
http://www.weeklyeleven.com

နောက်လိုက်

ဦးသိန်းစိန်နဲ့ညှိတာတွေရှိတယ်။ယူအက်၊ကုလနဲ့ညှိတာတွေရှိတယ်။
ဒေါ်စုမ၀င်ရင်မ၀င်တဲ့နောက်လိုက်မယ်..၀င်ရင်ဝင်တဲ့နောက်လိုက်ဝန်းရံပေးရမှာပဲ..
ဘာလို့လဲဆိုတော့သူဟာတဦးတည်းသောအာဏာရှင်တွေကြောက်တဲ့သူမို့လို့ပဲ..

What a great turn out! Burmese Night at the International Diaspora Film Festival.




Thank you very much for supporting the Burmese Night at the International Diaspora Film Festival. What a great turn out! The event was mentioned in yesterday edition of the Globe and Mail Newspaper (Globe T.O. section, page M4).
I would like to take this opportunity to inform you that we are collection donation to support the political prisoners and their families in Burma. As you know, comedian activist Zarganar is campaigning to support the political prisoners. He started touring across country to visit prisons and providing the necessities to the political prisoners.  Your donation will be a great help for this noble cause. Please contact me at 416 358 2318 zaw.w.kyaw@gmail.com  or Ko Kyaw Sithu at 416 230 0901 drivingforburma@gmail.com for further details.
Thank you.

RFA က ထုတ်လွှင့်တဲ့  ဘင်္ဂလာေးဒ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာက မြန်မာနိုင်ငံ လာမဲ့ သတင်းဖေါ်ပြချက်ကို ကန့် ကွက်စာ ပေးပို့ ခြင်း



ဘ၈င်္လားဒေ့ရှင်္နိုင်ငံ ၀န်ကြီးချုပ်-ရှိတ်ဟာစီနာက မြန်မာနိုင်ငံကို လာဖို့ ဒီဇင်ဘာလ-၅-ရက်ကနေ ရ-ရက်နေ့အထိ သမတဦးသိန်းစိန် ရဲ့  ဖိတ်ကြားချက်အရ ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှင်္သံရုံးက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတယ်လို့  ဆိုတဲ့သတင်းဖေါ်ပြရာမှာ ရေပိုင်နက်အကြောင်းတွေနဲ့  ရိုဟင်ဂျာ အရေး ဆွေးနွေးမယ်လို့  ကြေညာဖေါ်ပြထားတာကို RFA ၀ပ်ဆိုက်မှာ တွေ့ ရတယ် ။ ဒါကြောင့် ခင်ဗျားတို့  အသံလွှင့်ဋ္ဌာနကို ကန့် ကွက်စာ ရေးပို့ လိုက်တာဖြစ်ပါတယ်။ သတင်းဋ္ဌါနဆိုတာဟာ ခိုင်လုံတဲ့  သတင်းဋ္ဌါနတွေကိုသာ လွှင့် ထုတ်ရမှာဖြစ်တယ်။ အခုပြောနေတဲ့  ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိပါဘူးလို့  မြန်မာနိုင်ငံအစိုးရက ဟိုတရက်ကလဲဘဲ ပြောတာကြားလိုက်ရပြီးပြီ ။ အစိုးရ ခေတ်အဆက်ဆက်ကလဲဘဲ ကြေညာထားတယ်။ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုး ရှိတယ်လို့ လဲ ကမ္ဘာသိ ကြေညာထားတယ်။ နောက် ရခိုင်သမိုင်းပညာရှင်တွေ-မြန်မာသမိုင်းပညာရှင်တွေက အတိအလင်း ရှင်းရှင်းလင်းလင်း ပြောဆို ထားတယ် ။ ဒီလိုကြေညာထားတဲ့  အစိုးရက ကြေညာတာရယ် ။ ဒိလိုသမိုင်းပညာရှင်တွေက ပြောဆိုရေးသားထားတာတွေရယ် ရှိနေပါရဲ့ သားနဲ့  ခင်ဗျားတို့  အသံလွှင့်ဋ္ဌါနက ပိုလို့ တောင် အသိအမှတ်ပြုလေးစားပြီး လွှင့်ထုတ်ရမှာဖြစ်တယ်။ ခင်ဗျားတို့ တွေဟာ မြန်မာနိုင်ငံလူမျိုးတွေ ဖြစ်ပါလျက်ကယ်နဲ့  မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိတာကို ဘာကြောင့် လက်မခံဘဲ သမိုင်းလိမ် ဘဂိလီ လူမျိုးတွေကို အဘယ်နိုင်ငံရေးသမားက အကဲခတ်နေကြတယ်လို့ ဆိုရုံလောက်နဲ့  မရဘူး ။ ဘယ်နိုင်ငံရေးသမားက အကဲခတ်နေတယ် ဆိုတာကို လွှင့်ထုတ်ပးရလိမ့်မယ် ။ သတင်းဋ္ဌါနဆိုတာဟာ ကိုယ်က မိုက်တလုံးကိုင်ထားလို့  လွှင့်ချင်တိုင်း လွှင့်လို့  မရဘူး.။ တိကျခိုင်မာတဲ့  သတင်းအရင်းအမြစ်ကို ရမှသာ အတည်ပြုပြီးမှသာ လွှင့်ထုတ်ပေးရပါလိမ့် မယ် ။ အခုလို RFA က ဒီလူမျိုးတွေရဲ့  နာမည်တွေကို ထုတ်ဖေါ်လွှင့်ထုတ်နေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာ ပြောပါရစေ ။ နောက်ကို ဒီလို အတည်ပြုချက် မရှိတဲ့  သတင်းမျိုးကို ဘယ်တော့မှ မထုတ်လွှင့်ပါနဲ့ တော့ ။ ဒီလိုသတင်းကို အတည်ပြုချက် ယူချင်သပဆိုရင် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနနဲ့  မှတ်ပုံတင်ဋ္ဌါန -သန်ကောင်စာရင်းဋ္ဌါန ဆိုတာဘဲ ရှိတယ်။ နာမည်မဖေါ်ပြရဲတဲ့  နိုင်ငံရေးသမားတွေက အကဲခတ်နေကြတာလောက်နဲ့  လုပ်လို့ မရဘူးဗျို့ ။

ခိုင်အောင်ကျော်
နယူးယောက်

အကျဉ်းကျနေတဲ့ မြန်မာအမျိုးသမီးသူရဲကောင်း မစန္ဒာမင်း(ခ)ရွီး




by ဒီမို ဖက်တီး face book on Sunday, November 6, 2011 at 5:29am

မြောင်းမြထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ၈၈ မျိုးဆက် (သုံးရောင်ခြယ်) ကျောင်းသူခေါင်းဆောင်
မစန္ဒာမင်း ကထောင်ဝင်စာ လာတွေ့တဲ့ သူငယ်ချင်းတွေနဲ့ သတင်းစကားပါးလိုက်ပါတယ်။

- ထောင်ထဲမှာ ဂျာနယ်နဲ့ သတင်းစာအချို့ကို ဖတ်ရကြောင်း ၊
- အန်တီစု ရဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ အပေါ် အလွန်အားရကျေနပ်မိကြောင်း ၊
- အမျိုးသား အရေး ၊ တိုင်းရင်းသား အရေးကို လုပ်ဆောင်နေတာတွေကို ဖတ်ရတော့ အလွန်ပင် လေးစားဂုဏ်ယူမိပါကြောင်း ၊
- ထောင်က လွတ်လာလျှင် လွတ်လာသည့်နေ့မှစပြီး အန်တီကို ၀ိုင်းရံမည်ဟုလည်း စကားလက်ဆောင်ပါး လိုက်ပါတယ်

၎င်းနှင့် လက်တွဲဖော် လက်တွဲဖက် ပြည်တွင်းပြည်ပမှာ ရှိတဲ့ သုံးရောင်ခြယ် မောင်နှမများအားလည်း စဉ်းစားတဲ့
အလုပ်ကို တခါတလေ ဘေးမှာချထားပြီး ကိုယ့်ခေါင်းဆောင်နောက်ကို အတွေးရှင်းရှင်း ဆုံးဖြတ်ချက်
ခိုင်မာစွာ လိုက်ပါနိုင်မှ အမျိုးသားတရပ်လုံး တိုက်ယူနေရသည့် ပန်းတိုင်ကို ရောက်မည်လို့ ပြောလိုက်ပါတယ်။

" လူတိုင်း စဉ်းစားတတ်ပါတယ် ။ ငါတို့က ထောင်ထဲမှာ တနေ့ကို ၁၆ နာရီ စဉ်းစားချိန်ရှိတယ်။ ငါ အများကြီး စဉ်းစားပြီးပြီ။ အန်တီ လုပ်နေတာတွေ အကုန် မှန်တယ် "

အသက် ၇၀ နားနီးနေပြီဖြစ်တဲ့ အမေအိုကြီး အပင်ပန်းခံ အနစ်နာခံ ဖောက်ထားတဲ့လမ်းကို ရဲရဲကြီး တွဲဖက်လျောက်မယ့်
မစန္ဒာမင်းကို ဂုဏ်ပြုလျက် -

" မွေးနေ့ (၅ နိုဝင်ဘာ) တွင် ထောင်ဝင်စာ သွားတွေ့တဲ့ သူငယ်ချင်း တစု "



( မစန္ဒာမင်းကို လေးစားသောအားဖြင့် ထပ်ဆင့် ရှယ်ပေးကျပါ )

Sandar Min @ Shwee

ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းသို့အကြံပေးချက်။



ဗီအိုအေနဲ့ ၁၁လ ပိုင်း ၄ရက်နေ့ က အင်တာဗျူး မှာဝန်ကြီး ကျော်ဆန်းက “ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက်လာတဲ့ကျွန်တော်တို့အစိုးရလက်ထက်မှာလဲဘဲ……….” လို့ဆိုထားပြီး နောက်ဆက်ပြီး

“အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတကြီးက သူ့ကိုအခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။

အမဲရောင်ဆိုးထားတဲ့အပိုဒ်နှစ်ခုကိုနှိုင်းယှဉ်ပြီးပြောချင်ပါတယ်၊ အပေါ်ပိုဒ်မှာပြောတာက ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက်လာတဲ့ကျွန်တော်တို့ အစိုးရလက်ထက်မှာ…..လို့ဆိုတော့ယ္ခင်စစ်အာဏာရှင်အစိုးရနဲ့လားလားမျှမဆိုင်ဘူးလို့ဆိုလိုတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။

ဒါပေမဲ့နောက်အပိုဒ်ကြတော့ “အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်” ဆိုတော့အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယ္ခင်စစ်အစိုး ရ ဘဲဖြစ်ပါတယ်ဆိုပြီးဝန်ခံသလိုမျိုးဖြစ်နေပြန်တယ်၊ ကျော်ဆန်းဟာသူ့ကိုယ်သူ ယ္ခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိမ်းပြီးဆက်လက်ကျင့် သုံးရ မယ် လိုယူဆထားသူ ဖြစ်တယ်ဆိုတာ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ် ဆိုတဲ့ သူ့ပြောစကား အရထင် ရှားတယ်။ နောက်တခုက သန်းရွှေတို့ လမ်းစဉ်အတိုင်း တိုင်းပြည်မှာနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ဗြောင်ငြင်း နေတုန်းဘဲ ဖြစ်တယ်။

တကယ်ဖြစ်သင့်တာက ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက် လာတဲ့ ကျွန်တော်တို့ အစိုးရလက်ထက်မှာယ္ခင်အစိုးရလုပ်ရပ်တွေဟာတရားမျှတမှုမရှိဘဲအလွန်အကျွံအာဏာသုံးစွဲ မှုတွေရှိ ခဲ့ တဲ့အတွက်သဘောထားအမြင်မတူလို့ထိမ်းသိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်ဆိုတာမျိုးဖြစ်သင့်တယ်။ နိုင်ငံတွင်းမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကိုသတ္တိရှိရှိဝန်ခံရဲသလို၊ သတ္တိရှိရှိလွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့တချိန်ချိန်မှာနိုင်ငံရေးနဲ့ထောင်ထဲရောက်သွားခဲ့ရင်ရောက်သွားနိုင်တဲ့အတွက်၊ အမျှော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာလက်ခံထားသင့်တယ်လို့အကြံပြုလိုက်တယ်။

ထွန်းအောင်ကျော်။

ဂွဒ် ဂါးဘားမင့်ဖြစ်ချင်ရင်

ကျွန်တော်လည်း ကျူးပစ်ကြီးထဲ စာ မရေး ဖြစ် ရ တာ ၊ ကြာ သွားပေါ့ ဗျာ ။ ဟိုတလော က အညာမှာ
ရေ ကြီး ကတဲက အဲဒီဘက်မှာ ဘဲ ဒုတ်ခတွေ ပင်လယ်ဝေနေလို့ပါ။ ကျူးပစ်ကြီးများလဲ သတင်းစကား
ကြားပြီး ဖြစ်မှာပါ ၊ ရေဒီယိုတွေ ဂျာနယ်တွေ အင်တာနက် သတင်းတွေ မှာ အညာမှာ ရေကြီးတဲ့
သတင်းတွေ စီစီ ဝေ ပြီး ဖြစ်နေ တာမို့ ၊ ကျွန်တော် က ထပ် စာဖွဲ့လဲ ၊ ပြပြီးသား ဇတ်ကားဟောင်း ၊
အထူးနှုန်း ကော်ပီသစ် သတင်းကြီး မို့ ထပ် မရေး ချင် တော့ ပါ ခင်ဗျာ ။

သတင်းတွေ ထဲပါသလို လူတွေ မှာ အင်မတန် စိတ်ညစ်ရ ၊ ဒုတ်ခ ရောက် ရ တာ ကို ၊ ဟုတ် ပ မလား
မောင်ကာလု လို့ မေးရင် ၊ အ လို ဗျာ ၊ ဒါ ထက် တောင် ပို သေး လို့ ပြော ရ မှာ ပါ။ ကျူး ပစ် ကြီး
များ အနေပျက် အစားပျက် ၊ အအိပ်ပျက်ရ တဲ့ ဒုတ်ခ တွေ အသာ ထား ၊ ကိုယ် ရေ ချိုးထား တဲ့ ရေစို
ပုဆိုး ၊ ရေထည်လေး မလဲ ဘဲ ၊ နေ့ တဝက်လောက် ဒီ အတိုင်း ပုဆိုး အစို အတိုင်း ဝတ်ထား ကြည့်ပါ
ခင်ဗျာ၊ ကျွန်တော် ပြော ချင်တဲ့ ရေ ဘေး ဒုတ်ခ နိဒါန်း လောက် ကို သဘော ပေါက် လာ မှာ ပါ။

အခု အချိန် ထိ လူတွေ ဒုတ်ခ ရောက် ကြ တုံးပါ ခင်ဗျာ ၊ လာ ကူညီ တဲ့ သူတော် ကောင်း အဖွဲ့ ကြီး
တွေ ရှိ ပါ တယ် ၊ တကယ် ကို စိတ် ပါ လက် ပါ ကူ ညီကြတာပါ ၊ အခု ကိုကျော်သူတို့ အဖွဲ့ တွေ
ဝင်ကူနေတာ အားရ စရာ ကြီး ပါခင်ဗျာ ၊ သူတို့ အဖွဲ့ လဲ လုပ်ငန်း တွင်ကျယ် အောင် အကူညီတွေ
လို နေ ပါ တယ် ၊ တကယ် လုပ် တဲ့ လူ တွေ ၊ အလုပ် တွင် အောင် ၊ ဝိုင်း ကူ ပေး ကြ ပါ ခင်ဗျာ ။

အခု ရန်ကုန် ခန ပြန်ရောက် လို့ သတင်းစာ အဟောင်း လေး တွေ ဖတ် ၊ ဂျာနယ် အဟောင်း လေး
တွေ လိုက် ဖတ် ရင်း နဲ့ ၊ စိတ် ထဲ မှာ မကောင်း ၊ ဝမ်း နည်း စိတ် တွေ ဖြစ် ရ ပါ ပ ဗျာ။
အခု တခေါက် ရေ ကြီး တာ အရှေ့တောင်အာရှ တခွင် ပါ လား ဗျာ ။ လာအို ၊ ကဘောဒီးယား
ယိုးဒယား ဗီယက်နမ် နိုင်ငံ အတော်များများ မှာ ဖြစ် ကြ သကိုး ခင်ဗျ။ ဟော ကဘောဒီးယား မှာ
ရေကြီးတော့ ဒီ က နေ ၊ လေယဉ်ပျံ စင်းလုံး နဲ့ ဆန်တို့ ခေါက်ဆွဲခြောက် တို့ မျက်နှာလုပ် သွားလှူ
ကြတာ ဖတ်ရ သလို ၊ ဟို တနေ့ က ယိုးဒယား ရေ ကြီး တာ ကို နေပြည်တော် မှာ အခမ်းအနား နဲ့
ငွေ လှူ နေတာ ဖတ်ရ ပါတယ် ၊ ဟို တလော က လဲ လာအို ရေ ကြီးတာ ကို ဝန်ကြီးတွေ ကိုယ် တိုင်
ဆန်တွေ သွား လှူ တာ တွေ့ ရ ပါ တယ်။

သာဓု ပါ ခင်ဗျာ ၊ ပေး လို့ မ ကုန် လှူ လို့ မ ခန်း ရှိ ကြ ပါ စေ ၊ ဒီ နိုင် ငံ တွေ မှာ ရေ ကြီး တဲ့
ဒု တ်ခ ကို ၊ အညာ မှာ ရေ ကြီး တဲ့ ဒုတ် ခ က၊ ရီ တာ ပေါ့ ဗျာ ၊ ဒီ ဒေသ က လူ တွေ က နဂို
ကတဲ က စိုက်ပျိုး ရေး က မကောင်း ၊ မြေဆီ သြဇာ က လည်း မပြည့် စုံ တော့ ၊ နဂို အခံ ကတဲက
နွမ်း ပါး လှ သပေါ့ ဗျာ ၊ အခု လို ဒုတ် ခ ဖြစ် တော့ နူရာ ဝဲ စွဲ ၊ လဲ ရာ သူခိုး ထောင်း တာ ပေါ့ဗျာ
ဟို သဌေးတွေ ရေကြီး တာ ကို မျက်နှာ ကြီးရာ ဟင်းဖတ်ပါ ၊ သူဌေး သင်္ဘော မှောက် တာ ကို
ပုဆိုး အကူ သွား ပေး မဲ့ အစား ၊ ကို ကျော် သူ တို့ ကို ၊ လေယဉ်ပျံ စင်း လုံး မကူ နိုင် တောင်
တီ အီး ၊ ကား လေး ၂ ခေါက် ၃ ခေါက် လောက် ကူ ညီ ပေး စေ ချင် ပါ တယ်။
အာဆီယံ ဥက္ကဌ ဖြစ်လိမ့် နိုး နဲ့ ဒီ ပ လို မေ စီ သဘော ဆိုရင် တော့ တမျိုး ပေါ့ ခင် ဗျာ။
အညာ က လူ တွေ ဒီ လို သတင်းမျိုး ဖတ် ရ လို့ က တော့ ၊ ကလော် တုပ် ကြ မယ်ထင်ပါတယ်။

ပြီးတော့ ဗျာ ၊ အခု ဖြစ် ရ တဲ့ ရေ ဘေး ဒုတ်ခ က ၊ သဘာ ဝ ဘေး ထက် ၊ လူ တွေ စီ မံ ခန့် ခွဲ
မှု ညံ့ လွန်း လို့ ဖြစ် ရ တာ က ပို များ ပါ တယ် ၊ မန်းတလေးဘက် လွယ်ကော်ဘက် ကျောက်ဆည်
ဘက် တွေ မှာ ဒီ အတိုင်း ပါ ဘဲ ၊ မိုး များ တာ က ၇ ရက် တပါတ်ပါ၊ မိုး ရွာ လို့ ရေ ကြီး တာထက်
ဆည် တွေ ဖောက်ချ လို့ ဒုတ်ခ ရောက် ရ တာ က ၁ဝဆ ပို ပါ တယ်။ ဆည် ရေ က စိုက် ချိန် ပျိုး
ချိန် မှာ သာ ရေ မရှိ တာ ၊ ရေ များ ကြီး ပလား ဆို ရင် ၊ ဆည် ရေ က အလျံ အပါယ် ပါ ဘဲ။

လူ တွေ ရေ ကြီး ပြီ ဆို ရင် ဆည် ရေ ဖောက် ပြီး ဒုတ် ခ ကို ထပ် ဆင့် လောင်း နေ တာ ၅ နှစ်
မ က တော့ ပါ ဘူး ခင် ဗျာ ၊ နဲ နဲ လေး စဉ်းစား ပေး ကြ ပါ။ ဒီ လို မျိုး သာ ပုံ မှန် ဆိုရင်
ဆည် ရေ ဆို တာ ဘာ လုပ် ရ မှာ လည်း ခင် ဗျာ ။ မိုးတွင်း မှာ ဆည် ထဲ ရေ မထည့် ကြ နဲ့ ပေါ့
ခင် ဗျာ ။ အင်း မြစ်ဆုံ ဆည် ဆိုတာက လဲ ဒီ အတိုင်း ဆို ၊ ဒုတ် ခ ပါဘဲ ၊ ငလျင် မလှုပ် ဘဲ
မိုး ရွာ တာ နဲ့ တင် ဆည် ရေ ဖောက် လို့ ၊ မြစ်ကြီးနား ရေ အောက် ရောက် ဘို့ ကိန်း ရှိ ပါတယ်။

ပိုက်ဆံ တွေ အများကြီး အကုန် ခံ ဆောက်ထား တဲ့ ၊ ဒီ ဆည် တွေ ကို ၊ လူ တွေ ကို ဒုတ် ခ
ပေး ဘို့ မဟုတ် ဘဲ ၊ အ ကျိုး ရှိ ရာ ရှိ ကြောင်း သုံး နိုင် အောင် စဉ်းစား ပေး ကြ ပါ ခင် ဗျာ။
ရေ ကြီး ရင် ၊ အေ အီး ပျော် သည် ၊ ရေ နဲ ရင် အေ အီး မွဲ သည် ဆို စကား ရှိ ပေ မဲ့
လူ တွေ အတွက် တော့ စေ တနာ လေး ထား ပေး ကြ ပါ ခင် ဗျာ ။

စီး ပွား ရေး ဘက် ကြည့် ပြန် တော့ ၊ လူ တွေ လဲ ကား ဟောင်း ကား သစ် ဈေး ကွက်
တနေ့ ကို သတ်မှတ် ချက် တမျိုး ၊ မရိုး ရ အောင် ချာ လည် လိုက် ရင်း မော နေ ကြ ပေါ့ ဗျာ
အစိုးရ က အရင် လို ကား အဟောင်းတွေ ဖျက်တာ ကို လူ တွေ နစ် နာ မှာ စိုး လို့
ကား ဟောင်းလေး တွေ လဲ ပိုင်ရှင် မနစ်နာ စေ ဘဲ ၊ သံ ရေကြို ရုံ ပို့ ၊ ကား သစ် လေး တွေ
လဲ သွင်း ကြ ရ အောင် စီစဉ် ပုံ ပေါ်ပါ တယ်။

ဒါ ပေ မဲ့ လူ တွေ က ခေါက် ရိုး ကျိုး နေ ပါ တယ် ၊ ဘာ ဘဲ အပြောင်း အလဲ လုပ် လုပ်
အဲဒီ အပေါ် မှာ လူ လည် တွေ ဝိုင်း အုံ ပြီး အမြီး ရရ ၊ ခေါင်း ရရ ၊ လည် တဲ့ ဈေး ခွေး
အချောင် ဆွဲ သလို လုပ် ချင် ကြ ပါ တယ်။ အခု ကား ဟောင်း အပ် စာ ရွက် တွေ ဈေး ကောင်း
ရ တယ် ဆို ပေ မဲ့ ၊ မူလ ကားဟောင်း အုံနာ အစစ် တွေ က ဘာ မှ မရ ရှာ ပါဘူး ။

ဒီ သတင်း ကို ကြို သိ တဲ့ စီးပွား ရေး အုပ် စု တွေ က ကြေငြာချက် မထွက် ခင် တပါတ်လောက်
ကတဲက ပွဲစား နဲ့ ဒလန်နဲ့ အောက်ဈေး နဲ့ အကုန် ကြုံး ဝယ် ထား ကြ ပါ တယ်။ ပြီး တော့ မှ
ပွဲစား အချင်း ချင်း ၊ ကိုယ့် တွက် ကိန်း နဲ့ ကိုယ် ဈေး ကစား ကြ ရင်း ၊ ဈေး မြောက် သွားတာပါ
အခု လဲ ဒီ ကား အသစ် သွင်း တဲ့ ကိတ်စ အတွက် ၊ သဌေး ဖြစ် သူ ဖြစ် ၊ ခွေး ဖြစ်သူ ဖြစ် နဲ့
သတင်း တွေ အမျိုး မျိုး ကြား ရ ပါ တယ်။

ကဘာ့ ကားဈေးကွက် မှာ ၂ဝဝ၂ အထက် မိုဒယ် တွေ လက်ဦး အောင် စရံပေး ကြုံး ဝယ်ထား သူ
တွေ ရှိ သလို ၊ အခု မှ ခါတော် မီ အေဂျင်စီ ထောင် ပြီး ပိုက် ဆံ တွေ ဘုံးပြေး တဲ့ သတင်း က
လဲ မကြာ ခန ကြား ရ ပေါ့ ဗျာ ၊ အခု တော့ ၁၃ဝဝ စီစီ အင်ဂျင်ပါဝါ နဲ့ ထိန်း လိုက် တော့
တွက် ကိန်းေ တွ အကုန် လွဲ ပြီး ၊ ဂျပန် အနုမြူ ငလျင် သင့် ထား တဲ့ ကား တို့ ၊ ယိုးဒယား မှာ
ရေ မြုပ်ထား တဲ့ ကား တို့ ၊ စင်္ကာပူ မှာ နံပါတ် ဖျက်ထား တဲ့ ကား တို့ ၊ တရုပ် မှာ ခိုး လာ တဲ့
ကား တို့ ကို ဝယ် စု ထား တဲ့ လူ တွေ ငါး ပါး မှောက် ပါ တယ် ခင် ဗျာ။

ဒီ ကြား ထဲ လက် ကြီး ပွဲ စား တစု လဲ ရှိ ပါ သေး တယ် ။ သူ တို့ က အထက် ကား အုပ် စု ကို
ကိုင် တဲ့ လူ တွေ ပါ ။ ဒီ လူ တွေ ပိုက် ဆံ စု ပြီး ၊ ပထမ ပိုင်း သွင်း မဲ့ အထက် ကား အုပ် စု ကို
ဈေး ထိမ်း မယ် ဆို ပြီး ၊ ပထမ ပိုင်း ကား ဟောင်း အပ် တဲ့ စလစ် တွေ အကုန် နီး ပါး ကို ကြုံး
ဝယ် ပြီး လှောင် ထား တဲ့ အုပ်စု ရှိ ပါ သေး တယ်။ အကြံ တော့ အတော် ကြီး ကြ သဗျ။
လက် ထဲ မှာ လဲ အထက် ကား တွေ အများ ကြီး ၊ နောက် ဝင် လာ မဲ့ အထက် ကား ဈေး ကို လဲ
သူ တို့ ဘဲ ထိမ်း ပြီး ၊ အပီ ရိုက် မယ် ဆို တဲ့ လူ တစု ပါ။

အခု လူ တွေ ယောက် ယက် ခတ် နေ တာ မှန် သမျှက ၊ ကား စီး ချင် လို့ မဟုတ် ဘဲ ၊ ဒီ ကား သွင်း
ခွင့် အပေါ်က ပြန် ရောင်း ရင် မြတ် ချင် စွန်း ချင် စိတ် က အဓိက ပေါ့ ဗျာ ၊ ဒါ က အရင် ခေတ် ရဲ့
အကျင့် ဆိုး အဟောင်း ပါ။ ပြင် သင့် ပါ တယ် ၊ လူ လည် လုပ် ပြီး မှ မြတ် ချင် စွန်း ချင် စိတ်
လက် ကြော မတင်း ဘဲ ၊ အချောင် ရ ချင် စိတ် တွေ ရှိ ဆဲပါ။

အမှန် မှာ က ၊ အစိုး ရ က ညံ့ လွန်း ပါ တယ် ၊ ခု ခေတ် ပြည် တွင်း က လူ တွေ ၊ တီဗွီ တို့
အယ်စီဒီ တို့ ၊ ကွန်ပျူတာ တို့ လက် တော့ပ် တို့ ၊ ဂျီအက်အမ် ဟန်းဆက် တို့ ၊ လက် ပါတ် နာရီ
တို့ ဘယ် လို ဝယ် နေ ကြ လဲ ၊ ကိုယ့် စိတ် ကြိုက် ကိုယ် ကြည့် ပြီး ၊ ကိုယ် ကြိုက် တာ၊
ကိုယ် တတ် နိုင် တာ ၊ စိတ် ကြိုက် ဝယ် နေ ကြ တာ ပါ ခင် ဗျာ။ ဟို အရင် မဆလ ခေတ် က တီဗွီ
ဝယ်ကြည့် ရ တာ မှတ်မိပါ သေး တယ် ၊ အမ်အက်တီဘီ မှာ တရားဝင် ဒေါ်လာ အကောင့် ဖွင့်
ပြီး မှ ဘဏ်စာရွက်လေး နဲ့ ပန်းဆိုးတန်း က စင်္ကာပူ ကုန် တိုက်သွား ၊ အဲဒီ မှာ တိုရှိဘာ တီဗွီ
ကိုကြည့် ၊ မိုဒယ် က ၃ မျိုး လောက် ဘဲ ရှိ တာ ပါ ၊ ၁၄ လက် မ ၊ လက် မ ၂ဝ နဲ့ ၂၆ လက်မ ပါ။
ဒီ လို ဘဝ မျိုး မှာ အင်မတန် လူ ဖြစ် ရှုံး ခဲ့ ပါ တယ်။

အဲဒီ တုံးက တီဗွီ ဆို တိုရှိဘာ တမျိုးဘဲ ကဘာ ပေါ် မှာ ရှိ တယ် ထင် ခဲ့ ရ ပါ တယ်။
စင်္ကာပူကုန်တိုက်က ရောင်းပေးလိုက် တဲ့ တီဗွီလေး ဝယ်ပြီး ထမ်း ထွက် လာ ရင် ၊ ပြန် ရောင်း မလား
တစာ စာ လိုက် မေး တဲ့ ပွဲစား အုပ် လိုက် က အိမ် ရောက် တဲ့ အထိ မပြတ် တော့ ပါ ခင် ဗျာ။
အခု တော့ ဒီ လို အဖြစ် ဆိုး တွေ က အိမ် မက် လို ဖြစ် သွား ပါ ပြီ။

အခု ကား လဲ ဒီ အတိုင်း ပါ ဘဲ ၊ ပြန် ရောင်း ရင် မြတ် မဲ့ ပစ္စည်း ဘဝ က ပြောင်း သင့် ပါဘီ။
ဒီ လို မျိုး အခွင့် အရေး လို အခွင့်ထူး ခံ လို စိတ် သဘော ထားပြီး လူ အုံ နေ သမျှ တော့ ၊
ခွေး ဆွဲ သလို ၊ လည် သလို လုပ် နေ ခွင့် ရ နေ လို့ က တော့ ၊ အစိုးရ က အင်အတန် ညံ့
လွန်း ပါ တယ် ၊ ကား ဆို တာ သုံး ကုန် ပစ္စည်း ဘဲ ဖြစ် သင့် ပါ တယ်။ ဘယ် လို ကား အမျိုး
အစား ကို သွင်းခွင့် ပြု မယ် ဆိုတာ ကို ကြိုက် သလို အရင် ဆုံး ဖြတ်ပါ။

ပြီး ရင် ဘယ် သူ က သွင်း သွင်း ၊ ကား အရောင်း ပြခန်း တွေ ကို ၊ သူ တို့ စရိတ် နဲ့ သူ တို့
ခွင့် ပြု လိုက် ပါ။ ဒီ ပြည် တွင်း က ကား ဝယ် ခွင့် ရ သူ ကိုယ် တိုင် က ၊ စိတ် ကြိုက် ရွေး ခွင့်
ရ ပါ စေ ၊ ကြိုက် ရင် ၊ ရော့ ပတ္တမြား ရော့ နဂါး ဝယ်ပါ စေ ဗျာ ။ မျက့်စေ့ နဲ့ မျက်မြင် သေချာ
တာ ရွေး ဝယ် ခွင့် ရ စေချင် ပါ တယ် ။ ကား လာ ရောင်း တဲ့ လူ တွေ ဘယ် နိုင်ငံ က ဖြစ် ဖြစ်
အပြိုင် အဆိုင် များ လာ လေ ၊ ကား ဝယ် စီး ချင် တဲ့ ပြည် သူ တွေ မှာ အကျိုး များ လေ ပါ ဘဲ။
ဝယ်သူ့ ဈေးကွက် စိတ်ကြိုက် ဖြစ် လာ စေ ချင် ပါ တယ် ခင် ဗျာ ။

လျောက်လွှာ တင် ရ တဲ့ ခေတ် ၊ တန်းစီ တိုး ရ တဲ့ ခေတ် ၊ ပြန် ရောင်း ရင် မြတ် တယ် ဆို တဲ့
ခေတ် ရှိ နေ သမျှ ၊ ဘယ် တော့ မှ ကလင်းဂါးဘားမင့် ၊ ဂွဒ် ဂါးဘားမင့် ဖြစ် မလာ ပါ ခင် ဗျာ။

အေးဗျာ ၊ ရေ ကြီး တဲ့ နေ ရာ ၊ နေ ခဲ့ ရ တုံး က နေ့ တိုင်း ရွှံ့ တွေ ဘွက် တွေ ပေ နေ ပြီး
လူ ရုပ် မပေါ်ခဲ့ ပေ မဲ့ ၊ ရန် ကုန် ပြန် ရောက် တော့ ၊ ဟို သတင်း အကြောင်းဖတ် ၊
ဒီ သတင်း အကြောင်း ဖတ် ရ နဲ့ စကား က၊ ကား ဈေး ကွက် အကြောင်း ရောက် သွား ရ ပါ တယ်။

ဂါးဘားမင့်ကြီး ခင်ဗျာ ၊ ရန်ကုန် က သူဌေးတွေ ကားသွင်းခွင့် ရရေး ၊ မူဝါဒ အမျိုမျိုး ချမှတ်
စဉ်းစားပေး နေ သလို ၊ အညာ က လူမွဲ တွေ နောင် နှစ် တွေ မှာ ၊ ဆည် ရေ ဖောက် ချ ခံ ရ လို့
ဒုတ် ခ တွေ ပင်လယ် မဝေ ရ အောင် ၊ ကြီး ကြပ် မှု လေး ၊ ကူ ညီ စဉ်း စား ပေး ပါ ပ ခင် ဗျား ။

အေဇော်ကြီး(မြန်မာကျူ့ပစ်ဖိုရမ်မှ)

အမေရိကန်အဖွဲ့ဒေါ်အောင်ဆန်းစုကြည်အားလာရောက်တွေ့ဆုံ

Burma VJ Media Network

မြန်မာနိုင်ငံဆိုင်ရာ အမေရီကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် နဲ့ အမေရီကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပို့စနာ တို့ဟာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာပဲ တွေ့ဆုံတာဖြစ်ပြီး အဲဒီမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး အပါအ၀င် အဖွဲ့ချုပ်ရဲ့ဦးဆောင်ကော်မတီဝင်တွေနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီလိုတွေ့ဆုံရာမှာ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ချို့က လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ပက်သက်လို့ လိုအပ်ချက်တွေကိုထောက်ပြပြောဆိုခဲ့တယ်လို့သိရပါတယ်။
အကျိုးရှိတဲ့ဒီလိုတွေ့ဆုံမှုမျိုး နောက်ပိုင်းမှာလည်းဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ တွေ့ဆုံပွဲအပြီးမှာ အမေရီကန်အထူးသံတမာန် ဒဲရစ်မစ်ချယ်အဖွဲ့က သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။
အမေရီကန်အစိုးရရဲ့ ကိုယ်စာလှယ်နှစ်ဦးဟာ သူတို့ရဲ့ခရီးစဉ်အတွင်း မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ လူရွှင်တော် ကိုဇဂနာအပါအ၀င် မစုစုနွေး ၊ ကိုညီညီဦး ၊ ကိုအာကာဗိုလ် ၊ မထက်ထက်ဦးဝေ ၊ စမ်းချောင်း ကိုကိုကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ထောင်တွင်းအခြေအနေတွေနဲ့ပက်သက်လို့ မေးမြန်းသွားခဲ့ပါသေးတယ်။


၆.၁၁.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/17197961/6Nov2011Yeyintngesdiary.doc.html

http://www.ziddu.com/download/17197962/6Nov2011Yeyintngesdiary.pdf.html

http://www.scribd.com/doc/71762475/6-Nov-2011-Yeyintnge-s-Diary 


6 Nov 2011 Yeyintnge's Diary

အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းနွဲ့နှင့် အင်တာဗျူး


Published on November 5, 2011 by နန်းမြနဒီ

မြန်မာပြည်မှာ စက်တင်ဘာလဆန်းပိုင်းက အမျိုးသား လူ့အခွင့်အရေးကို ဖွဲ့စည်းခဲ့ပါတယ်။ကော်မရှင်အဖွဲ့ဝင်တွေဟာ စစ်အစိုးရလက်ထက် ၀န်ထမ်းတွေ​ ​ဖြစ်ခဲ့တာကြောင့် ကော်မရှင်ရဲ့ လွတ်လပ်မှုနှင့် သမာသမတ်ကျမှုအပေါ်မှာ မေးခွန်း ထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ လအတွင်း ကော်မရှင်က အနယ်နယ်အရပ်ရပ်က တိုင်ကြားချက်ပေါင်း ၃၀၀ အထိ လက်ခံရခဲ့ပြီး၊ ၁၀၀ ကျော်ကို အရေးယူ ဆောင်ရွက်ပေးခဲ့တယ်လို့​ ​ကော်မရှင်အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ခင် ရက်ပိုင်းစောပြီး၊ လူ့အခွင့်ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးဖို့ သမ္မတဆီကို​ ​မေတ္တာရပ်ခံတဲ့စာကို သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

နောက်ထပ်​ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို​ ​ပြန်လွတ်လာဖို့ ကော်မရှင်အနေနဲ့ အစိုးရကို ထပ်မံတောင်းဆိုသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့ကို နန်းမြနဒီက မေးမြန်းထားပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုတွေက သူတို့ရဲ့ အကျဉ်းကျနေတဲ့ ခေါင်းဆောင်တွေကို အမှုကိုပြန်ပြီး စိစစ်ပေးဖို့ တင်ထားတယ်လို့ပြောတယ်။ အဲဒါ ဆရာမတို့ လက်ခံရရှိပြီးပြီလားရှင့်။

“အဲဒီစာရင်းတော့ ကျမဆီမှာ မရှိဘူးရှင့်။ တင်လာတာတော့ တနေ့တနေ့ အများကြီးပဲ ၀င်လာနေတယ်။ ရှိသမျှတော့ အမြန်ရှင်းနေတယ်။”

အခုဆရာမတို့ ဘယ်နှစောင်လောက် ခန့်မှန်းခြေ လက်ခံရရှိပါသလဲ။

“၃၀၀ ကျော်ရှင့်။ ဒါတောင် မနေ့ကစာရင်းပါ။ ကျမတို့လည်း ဖြေရှင်းပြီးတာတွေ များပါတယ်။ ၁၀၀ ကျော်တော့ ဖြေရှင်းပြီးပါပြီ။”

အဲဒီ ၁၀၀ ကျော်ထဲမှာ ယေဘုယျအားဖြင့် ဘယ်လိုအမှုတွေ ပါပါသလဲ။

“ပုဂ္ဂိုလ်ရေးတွေရော၊ သာမန်အခွင့်အရေးရော၊ လူ့အခွင့်အရေးရော သူတို့ရဲ့ မိသားစုကိစ္စ၊ နောက် မြေနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ အစုံပါပဲ။ လူတွေက သိပ်နားမလည်သေးဘူး။ များတယ်ဆိုတာ ဟိုးပြီးခဲ့တဲ့ဟာ အများကြီးတွေ၊ ဆယ်နှစ် အနှစ် နှစ်ဆယ်။ အစုံပဲ။ ပြေလည်အောင်တော့ individually attention (တဦးချင်း အထူးဂရုစိုက်) ပေးပြီး တတ်နိုင်သမျှ ကြိုးစားပြီးလုပ်ပေးနေပါတယ်။”

နောက်ပြန်ဆုတ်တဲ့အမှုတွေမှာ ဘယ်နှနှစ်ထိ လက်ခံလဲရှင့်။ ဥပမာ လွန်ခဲ့တဲ့ ၅ နှစ်လား။ လွန်ခဲ့တဲ့ ၁၀ နှစ်လား၊ အနှစ် ၂၀ လား။

“စောစောကတော့ သတ်သတ်မှတ်မှတ် မလုပ်ရသေးဘူးပေါ့။ နောက်ပိုင်းတော့ ကျမတို့ ရည်ရွယ်ထားတာတော့ ဖွဲ့စည်းပုံကို ရေးဆွဲပြီးတော့ အတည်ပြုတဲ့ referendum (ပြည်သူ့ဆန္ဒခံယူပွဲ) ရှိတယ်။ တိတိကျကျလည်း ပြောလို့မရဘူး။ ဒီနေ့ သတ်မှတ်လို့လည်း မရဘူး။ တချို့ကိစ္စတွေက ဆက်နေတာတွေလည်း ရှိတယ်။”

ဆရာမတို့ ဖြေရှင်းပေးတဲ့ ကိစ္စတွေထဲမှာ​ ​ပြည်သူတွေအနေနဲ့​ ​ကျေနပ်မှုရသွားတယ်လို့​​တွေ့ရပါလား။

“ဒါတော့ ကျမတို့ အပြင်က ပြန်လာတဲ့အသံတော့ သိပ်မသိသေးပါဘူး။ ဒါပေမယ့် သူတို့ဆောင်ရွက်ပေးသမျှတော့ တတ်နိုင်သလောက်တော့ ဆောင်ရွက်ပေးနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်ကပဲ ကိုယ်ကြည့်တာတွေ များတယ်။ ကျမတို့ကတော့​ ​ဘောင်ထဲဝင်တဲ့ဟာကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးတာပဲ။”

ဆရာမတို့ရဲ့ လုပ်ငန်းစဉ်လေးကို အကြမ်းအားဖြင့် ဗဟုသုတအနေနဲ့ ပြောပြပေးပါလားရှင့်။ စာတစောင် ရပြီဆိုရင် ဆရာမတို့ ဘယ်လိုဆက်လုပ်လဲဆိုတာ။

“စာရရင် စာလက်ခံဌာနပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်ပဲ လာပို့ပို့၊ ထုံးစံအတိုင်း စာရင်းလုပ်လိုက်တာပေါ့။ first come first နဲ့ပဲဖောက်ပြီး အဖွဲ့လိုက်ပဲ ထိုင်ဆွေးနွေးပြီးတော့ ပို့စရာရှိတဲ့စာတွေဘာတွေ ပို့ပါတယ်။ ခေါ်ယူမေးမြန်းသင့်တာ လည်း ခေါ်ယူမေးမြန်းပါတယ်။ ဒါတွေလုပ်နေပါတယ်။ စလုပ်တဲ့အခါမှာ တချို့လည်း တကယ်အခွင့်အရေး ရသင့်တဲ့ဟာလား၊ ဘာလားဆိုတာ အားလုံးပဲ လူကြီးတွေ အကုန်လုံးတိုင်ပင် ဆွေးနွေးပါတယ်။ အကုန်လုံးပဲ ဒါကိုလုပ်တဲ့အခါမှာ ဥပဒေကြောင်းလည်း ပါတာပေါ့။ အားလုံးတိုင်ပင်ပြီး ရှိရှိသမျှ ဗဟုသုတတွေနဲ့ ဥပဒေကြောင်းနဲ့ အကုန်လုံး ဆွေးနွေးပြီး ဆောင်ရွက်တာပဲ။”

ဆရာမတို့ဆီကို အမှုတခု တင်တော့မယ်ဆိုရင် ဘယ်လိုအခြေခံအချက်တွေနဲ့ ပြည့်စုံရမလဲ။

“အဲဒါတော့ ကျမတို့လည်း သတင်းစာထဲမှာလည်း ထည့်ပြောထားတယ်။ အဓိက ရည်ရွယ်တာတော့ ၂၀၀၈ မှာ အတည်ပြုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခန်း ၈ မှာ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်ဆိုပြီးတော့ ရှိပါတယ်။ အဲဒါကို မူတည်ပြီးတော့ ဖြေရှင်းပေးဖို့၊ မရရှိသေးတဲ့ အခွင့်အရေးတွေ ရရှိအောင်လို့၊ ဒါပေမယ့် တရားရုံးမှာ တရားသူကြီး ဆုံးဖြတ်ရမယ့် ကိစ္စမျိုးကိုတော့ ပြီးသွားတာပဲ ဖြစ်ဖြစ်၊ တရားစီရင်ရေးရဲ့ စီရင်ပိုင်ခွင့်နဲ့ တရားစီရင်ရေးနဲ့ ဆောင်ရွက်ရမယ့် ကိစ္စဆိုရင် မဆိုင်ပါဘူးလို့ ပြောထားပါတယ်။”

ဆရာမတို့ နိုင်ငံတကာ စံချိန်မီတွေနဲ့ရော ယှဉ်ပြီးတော့မှ လုပ်နေတာလားရှင့်။

“ဟုတ်ကဲ့ရှင့်။ ကျမတို့ အာရှမှာတော့ ကျမတို့ကော်မရှင်ရောဆို ၅ ခု ဖြစ်သွားပြီပေါ့။ ဆယ်နိုင်ငံမှာ။ အဲလိုလုပ်တဲ့နေရာမှာ မလေးရှားတို့၊ အင်ဒိုနီးရှားတို့လည်း သူတို့လုပ်ထားတဲ့ ပုံစံတွေလည်း ကျမတို့ မှီပါတယ်။ ကျမတို့တောင်မှ ပိုပြီးတော့ ပြည့်ပြည့်စုံစုံ လုပ်ပါသေးတယ်။”

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနိုင်မယ်လို့ ဆရာမတို့ မျှော်လင့်ထားလားရှင့်။

“ဟုတ်ကဲ့ အတတ်နိုင်ဆုံးတော့ အတော်လေးတော့ ပြေလည်ပါလိမ့်မယ်။ ဒီလိုပဲ မျှော်လင့်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ပုံမှန် ဆရာမတို့ ဆောင်ရွက်ခဲ့တာတွေ ရှိသလားရှင့်။

“ကျမတို့ သတင်းစာထဲမှာလည်း ထည့်ထားပါတယ်။ ပြီးခဲ့တဲ့တခေါက်က ရေးထားတယ်လေ။ သမ္မတကြီးထံကို ကော်မရှင်ကနေ အိတ်ဖွင့်ပေးစာ တောင်းဆို ထားတာတွေလည်း တွေ့မိမှာပါ။”

ဒီတခေါက် လွတ်ငြိမ်းချမ်းသာခွင့်မှာ တောင်းလိုက်တာတော့ အကျဉ်းသားတွေ တော်တော်များများ ထွက်လာတာပေါ့။ နောက်ထပ်ကျန်ရှိနေတဲ့ အကျဉ်းသားတွေအတွက်ကော တောင်းဖို့ရှိသလားရှင့်။

“အဲဒါတွေလည်း ကျမတို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။”
http://burmese.dvb.no/archives/17446

ကျော်ဆန်း ရဲ့  ၀ါဒဖြန့် ချိရေး အင်ပါယာ





(Special Report)

by FNG on November 5, 2011
ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း ဆိုသည် မှာ သူကို့  အများ က သိသောရာထူး ဂုဏ်ပုဒ် ဖြစ်ပြီး သူ၏ မီဒီယာ နှင့် ၀ါဒဖြန့် ချိရေး အင်ပါယာ ကို မူ မည် သူမှ မသိကြ ဟု ဆိုသည်။ ယုတ် စွ အဆုံး သမ္မတ ဦးသိန်းစိန်း ပင် လျှင် သူ ၏ ယန္တယား မည် သို့  လည် ပတ်ကြောင်း မသိ ဟု မျက်စေ့ ကြီးနားကြီး စာနယ်ဇင်း သမား များ က ဆို သည်။

တင်ကျော်ကျော်စိုး ၊
၂၀၀၂ ခုနှစ် စက်တင်ဘာလ တွင်  ဗိုလ်မှုးချုပ် ဘ၀ ဖြင့်
ပြန်ကြားရေး ၀န်ကြီး ရာထူး ကို စတင်ရယူ စဉ်ကသူ၏ နိုင်ငံ တကာ မီဒီယာ ဗဟု သု တ
မှ အတော် ပင် နည်း ပုံ ရသည်။ ဆိုးဆိုးရွားရွား ဖြစ်နေသည့် သူ၏ ဗဟုသုတ က ဘရစ်
တနီ စပီးယား နှင့် ရှိတ် စပီးယား ကို ပင် သား အဖ ဟုထင်ထား ပုံ ရသည် ဟု သူ နှင့်
လက်ပွန်း တတီး နေ ခဲ့ ဖူး သူ တို့  က ဆိုကြသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် မပြုတ်ခင် အချိန်
အထိ သူ၏ ပြန်ကြား ရေး ၀န် နေရာ မှာ ထောက်လှမ်း ရေး တပ်မှုး တစ်ယောက် လောက်
ပင်သြဇာ အာဏာ မရှိ ခဲ့ ပေ။ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ တစ်နေ့ တာ သတင်း များ
နှင့် စစ်ထောက်လှမ်း ရေး မှ ပေးသည့် သတင်း များ ကိုသာ ဦးစား ပေး ဖော် ပြ ရ ပြီး မည်
သည့် သတင်း ကို မည်ကဲ့ သို့  ဖော်ပြ ရမည် ဆို သည့် ထောက်လှမ်းရေး ၏ လမ်းညွှန် မှု
ကို လည်း နေ့ စဉ် ပင် ဗိုလ်ကျော်ဆန်း တစ်ယောက် လိုက် နာ ရ သည် ဟု ဆိုသည်။
နောက် ၀န်ကြီးချုပ် အဖြစ် မှ သည် ထောင်နန်းစံ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ဘဝ
ပြောင်းသွား သည့်အခါ  ဗိုလ်ကျော်ဆန်း တစ်ယောက် အကြီး အကျယ် ပျော် ရသည်။
ဗိုလ်ချုပ် သူရ ရွှေမန်း က ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွန့် ကို လာဘ်စား ၍ အမိန့် မနာခံ ၍
ဖြုတ် လိုက်သည် ဆိုသည့် သတင်း ကို ကြေး မုံ နှင့် မြန်မာ့ အလင်း တွင် သူ ကိုယ်တိုင်
သေသေချာ ထည့်သွင်း ဖော် ပြ ခဲ့ သည်။
ဗိုလ်ခင်ညွန့် အင်ပါယာ ပျက် သုဉ်း မှု သည် ဗိုလ် ကျော်ဆန်း ၏ အာဏာ နှင့် လုပ် ပိုင် ခွင့်
ကို ပို ပြီး ကြီးမား လာစေခဲ့ ကြောင်း MRTV 4 မှ အရာရှိ တစ်ဦး က FNG  သို့  ပြောသည်။
ဗိုလ်ကျော်ဆန်း သည် ဗိုလ်ခင်ညွန့် ဖြုတ် ချရေး တွင် အင်တိုက် အား တိုက် ပါဝင် ခဲ့ သည့်
အတွက် ဆုတော် လာဘ်တော် အဖြစ် စစ်ထောက်လှမ်းရေး ပိုင် စေတမန် တေးထုတ်လုပ်
ရေး နှင့် မော်ကင်း ဥဒါန်း ရုပ်ရှင် ကား ကို ရိုက်ကူး ခဲ့ သည့် သိန်းထောင် ချီတန် သည့် ရုပ်
ရှင် လုပ်ငန်း သုံး ပစ္စည်းများ ရရှိ ခဲ့ သည်။
ထောက်လှမ်းရေး အရာရှိ တစ်ဦး ဖြစ်သည့် ဗိုလ်မှုးချုပ် သိန်းဆွေ ပိုင် သည့် အော်ဒီ အမျိုး
အစား မော်တော် ကား ကို ပင် ဗိုလ်ကျော်ဆန်း ရရှိ လိုက် သည် သတင်း များ ထွက် ပေါ်
ခဲ့သည်။
ထိုစဉ် က ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက် တွင် ရှိ မနေ ခဲ့ သည့် စာပေ စီစစ်ရေး
ကို ပြန်ကြား ရေး ၀န်ကြီးဌာ န လက်အောက် ခံ အဖြစ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ်
တိုင် က ပြောင်း ရွှေ့ ပေး ခဲ့ သည့် အခါ ဗိုလ်ကျော်ဆန်း မှာ ပြည်တွင်း သတင်းဂျာနယ်
ဈေးကွက် ကို ချုပ် ကိုင် နိုင် ရန် မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ် ခဲ့ ရသည်။
အရပ် ပု သော်လည်း အကွက် မြင်လှသည့် ဗိုလ် ကျော်ဆန်း က စာပေ စိစစ်ရေး ကို မောင်
ပိုင် စီးပြီး မရှေး မနှောင်းမှာ ပင် သွားလေသူ ဗိုလ်ခင်ညွန့် က လက်ရွေးစင် စိတ်ကြိုက် ခန့် 
ထား သည့် စာပေ စိစစ်ရေး ညွှန်ကြား ရေး မှု ဗိုလ်မှုး အေးထွန်း ကို ရာထူးမှ ဖယ်ရှား ပစ်
ခဲ့ သည်။
စာပေ စိစစ်ရေး ကို သူ့  သြဇာ လွှမ်းမိုး မှု ရာ နှုန်းပြည့် ဖြစ်ချိန် တွင် ပြည်တွင်း သတင်း ဂျာ
နယ် နှင့်  မီဒီယာများ ကို သတင်းစာ ရှင်းလင်း ပွဲ များ ၊ သတင်း ထုတ် ပြန်မှု များ နှင့် အစိုးရ
၇ ပွဲလန်း သဘင် များ သတင်းယူ ခွင့် ကို စာပေ စိစစ်ရေး မှ တစ်ဆင့် ပေး ရာ ပြန်ကြားရေး
ဝန်ကြီးဌာန ၏ သြဇာ ပို ကြီးလာ သည်။
ဗိုလ်ခင်ညွန့် အလွန် တွင် ပြည်တွင်း စာနယ်ဇင်း များ အတွက် စစ်အစိုးရ သတင်း စာရှင်း
လင်းပွဲ သတင်း များ ရေး ခွင့် နှင့် စာပေ စိစစ်ရေး မျက် နှာ သာ ပေး ခံ ရခွင့် ရရှိ ရေး တို့ 
အတွက် မီဒီယာ များ က သူ့  ကို အကြီး အကျယ် ဂါကြ ရသည်။
ဤနည်းဖြင့် ဗိုလ်ကျော်ဆန်း သူ၏ အင်ပါအတွက် ပထမ ဆုံး အုတ်မြစ် ကို ချခဲ့ သည်။
သည့် နောက်တော့ မီဒီယာ ကို မီဒီယာ နှင့် တိုက် မည် ဟု သူက ကြွေးကျော် ခဲ့ သည်။
လန်ဒန် မြို့ တွင် ဆေးရုံတွင် ဆေး ကုသခံရင်း ကွယ်လွန် ခဲ့ သည့် ဗိုလ်ချုပ် အေးကျော် လက်
ထက် ပြန်ကြား ရေး ၀န်ကြီးဌာန မှာ နေ့ စဉ် မြန်မာ ဘာသာဖြင့်  သတင်း စာ နှစ်စောင် အင်္ဂ
လိပ် ဘာသာ ဖြင့် သတင်းစာ တစ်စောင် ကို ထုတ် ရုံ လောက် သာ တာဝန် ရှိ ပြီး ရံဖန်ရံခါ
တွင် မြန်မာ့ ရုပ်မြင် သံကြား တွင် ဆိုကြမယ် ပျော်ကြ မယ် လို မျိုး ကဏ္ဍ တစ်ခု နှစ်ခု လောက်
ပါရှိ ရင် လုံ လောက် သွားပြီ ဖြစ်သည်။
ထိုစဉ် က မြန်မာ့ ရုပ်မြင် သံ ကြား နှင့် စစ်အစိုး ရ အာ ဘော် သတင်း စာ များ ကို မည် သူ မျှ
မည် သည့် သတင်း ဌာ န မှ ကိုးကား ကြခြင်း မရှိ သေး ချေ။
နောက်ပိုင်း တွင် အကွက် မြင်သည့် ဗိုလ်ကျော်ဆန်း က မြန်မာ့ ရုပ်မြင်သံကြား မှ သတင်းထူး
များ ထုတ် လွှင့် ရန် ရှိ က နိုင်ငံခြား သတင်း ထောက် များ  ၊ ပနံ သင့် သည့် မီဒီယာ အချို့  ကို
လက်တို့ ကာ နိုင်ငံ တကာ မီဒီယာ များ တွင် MRTV နှင့် စစ်အစိုးရ သတင်း စာများ ကို ကိုး
ကား ရန် ဆောင် ရွက် ခဲ့သည်။
၂၀၀၇ ခုနှစ် နှစ်ဆန်း ပိုင်း တွင် တိုင်းမှုး နှင့်  ၀န်ကြီး ရာထူး အပြောင်းအလဲ များ ဖြစ်လာ ခဲ့ သည့်
အခါ သူ လည်း ရာထူး မှ ဖယ်ရှား ခံ ရမည် ဟု သတင်း ထွက် ပေါ် လာသော် လည်း သူ ပါဝင်
ခြင်း မရှိ ခဲ့ ပါ။
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ ကို သူက အပိုင် ပေါင်းထား ပြီး  ဗိုလ်ကျော်ဆန်း
က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ လူ ယုံ ဟု ပင် ဆိုကြသည်။
ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ  နှင့် ဗိုလ်ကျော်ဆန်း တို့ ၏ ဆက်ဆံ ရေး ကို သတိပြု မိသည့် ရန်ကုန်
မြို့  မှ ဆောက်လုပ်ရေး လုပ်ငန်း ရှင် တစ်ဦး က ” ဦးကျော်ဆန်း ရှိ နေ သမျှ ဦးသန်းရွှေ ရဲ့  အာဏာ
ဟာ ခိုင်မာ နေ တုန်း ပဲ လို့  ယူ ဆ လို့  ရတယ်။ ဦးသန်း ရွှေ က တိုက်လောယာဉ် တွေ စစ်လက်
နက် တွေ ၀ယ် သလို မီဒီယာ  ဟာ အရမ်းအရေး ပါတယ် ဆိုတာ သူ ကောင်းကောင်း သဘော
ပေါက်တယ် ဟု သုံးသပ် ပြောသည်။
သူ၏ ၀ါဒဖြန့် ချိရေး ဉ် ပထမ ဦးဆုံး အောင် မြင် မှု ရရှိ သည် က နာဂစ် လေမုန် တိုင်း တိုက်ခတ်
ခဲ့ သည့် အချိန် က ဖြစ်သည်။ ပြည်ပ မီဒီယာ များ က (သတင်း ရယူ ရန် အခက် အခဲ ရှိ သည့် အ
လျှောက် ) သေဆုံး သူ ဦးရေ ငါးထောင် ထက် ပို ၍ ကြေငြာခြင်း မလုပ် ခင် က ပင် ဗိုလ်ကျော်ဆန်း
က မြန်မာ့ အသံ ဉ် ကြားဖြတ် သတင်း အနေဖြင့် သေဆုံး သူ ခြောက်သောင်း ကျော် ရှိ ကြောင်း
ကြေငြာခဲ့ သည်။
နိုင်ငံ တကာ မီဒီယာ တို့  က MRTV ထုတ်လွှင့် မှု များ ကို ကိုးကား လာရသည်။ နိုင်ငံခြား သတင်း
ထောက်များ ကို ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ သွားခွင့် မပြု ခဲ့ ဖြင့် NHK, Al Jazera,
CNN အစရှိ သည် တို့ မှာ ထို အချိန် က MRTV ၏ ထုတ်လွှင့် မှု များ ကို သာ ကိုးကား ခဲ့ရသည်။
၂၀၀၉ ခုနှစ် လောက် တွင် ပြည်ပ မီဒီယာ များ ကို တန် ပြန် ချေဖျက် နိုင် မည့် အား ကောင်း သော
ပြည်တွင်း မီဒီယာ များ ကို ပိုမို မြေတောင် မြှောက် ပေး ရန် ရည် ရွယ် ခဲ့ သော် လည်း ကျကျ နန လုပ်
တတ် ကိုင် တတ် သည့် မီဒီယာများ မှ ပြည်တွင်း ဉ် မရှိ ဟု သူ ကိုယ်တိုင် နိုင်ငံခြားသတင်း ထောက်
တစ်ဦး ကို သူ၏ မွေး နေ့  ဧည့် ခံ ပွဲ ဉ် ပြောခဲ့ သည်။
ထို ဧည့် ခံ ပွဲ ဉ် အဆို ပါ ပြည်တွင်း အခြေစိုက်  နိုင်ငံခြား သတင်း ထောက် က ” ၀န်ကြီး ရဲ့  ကို မြတ်
ခိုင် က အား မကိုး ရ ဘူး လား ဟု မေးသည့် အခါ သည့် လူ ဦးဏှောက် နဲ့  ဘာသွား လုပ် လို့  ရမလဲ
အပြင်က ကောင် တွေ က အယား တောင် ပြေ မှာ မဟုတ် ဘူး ” ဟု ပြောခဲ့ သည်။
နောက်ပိုင်း တွေ သူ စာ တွေ ပိုဖတ်လာ သည် နိုင်ငံ တကာရုပ် သံ ထုတ်လုပ် မှု နှင့် သတင်း တင်ဆက်
မှု များ ကို ပို လေ့လာ လိုက်စား လာ သည် ဟောင် ကောင် နှင့် ဂျပန် မှ ရုပ်သံ ထုတ် လုပ်မှု ပညာရှင်
များ ကို နေ ပြည်တော် သို့  ပင့် ဖိတ် ပြီး လေ့လာခဲ့ သည် ဟု ဆို သည်။
သတင်း ပညာ နှင့် ပတ်သက် သည့် စာ အုပ် များ ကို ပို လေ့လာ လာပြီး သူ့  ရုံးခန်း သို့  ရောက်ဖူးသူ
တစ်ဦးက ဖတ်လား မဖတ် လား တော့ မသိဘူး သိုးဆောင်း ဘာသာ နဲ့  ရေး ထား တဲ့ စာအုပ်
ဓတွေ အများ ကြီး ပဲ ဟု FNG ကို ပြောသည်။
ပြည်တွင်း သတင်းမီဒီယာ နယ် ကို လွှမ်း မိုး နိုင်ခဲ့ သလို မြန်မာ နိုင်ငံ ရုပ်ရှင် ထုတ်လုပ်
ရေး နယ် ပယ် တွင် လည်း သမာသမတ် မကျ သော ရုပ်ရှင် ထူးချွန် ဆု ပေး မှု စနစ်
ကြောင့် သူ့ ခြေ သူ့ လက် ဖြစ်ခဲ့ ရသည်။
တပ်တွင်း ရှိ စစ်ခေါင်းဆောင် ငယ်များ ၏ သားသမီးများ စစ်တပ် မှ အရာ ရှိ ငယ် များ ပြန်
ကြားရေး ၀န်ကြီးဌာ န သို့ ရောက်လာ ပြီး ချိန် တွင် ဖျော်ဖြေရေး နယ်ပယ် မှ သရုပ်ဆောင်
ငယ် အချို့  နှင့် စုံစဖီ နဖာ ဇာတ်လမ်း တွေ ဖြစ် ကုန် တော့ သည် ထို ဇာတ်လမ်း များ ကို
မီးလောင် ရာ လေပင့် ပေး သူက ဗိုလ် ကျော်ဆန်း က မီးဗျို့ ….မီးဗျို့  ဟု အော်သူက
ပွဲ တိုင်း ကျော် မြတ် ခိုင် ဟု ပြောကြ သည်။
(အပြည့် အစုံ ကို ဆက်လက် ဖော်ပြ ပါမည်)
ဤဆောင်းပါ ဖြစ်မြောက်ရေး အတွက် အကူညီ ပေးသည့် ပြည်တွင်း သတင်းစာဆရာများ၊
MRTV 4 မှ ၀န်ထမ်းများ ၊ ရုပ်ရှင် နယ်ပယ် တွင် အသက် မွေးဝမ်းကျောင်း နေသူ အချို့ ၊
မြန်မာ စစ်တပ် အရာရှိ များ နှင့် မြန်မာ ၀ီကီလိခ် ကို အထူး ကျေးဇူးတင် ရှိပါသည်။
ဒေါက်တာနေဇင်လတ် နှင့် Wall Stret Journal တွေ့ ဆုံ မှု ကို သူက စီစဉ် ပေး သည် ဟု သိရသည်။
The Brief history of Ministry of Information of Myanmar
ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း ဆိုသည် မှာ သူကို့  အများ က သိသောရာထူး ဂုဏ်ပုဒ် ဖြစ်ပြီး သူ၏ မီဒီယာ နှင့် ၀ါဒဖြန့် ချိရေး အင်ပါယာ ကို မူ မည် သူမှ မသိကြ ဟု ဆိုသည်။ ယုတ် စွ အဆုံး သမ္မတ ဦးသိန်းစိန်း ပင် လျှင် သူ ၏ ယန္တယား မည် သို့  လည် ပတ်ကြောင်း မသိ ဟု မျက်စေ့ ကြီးနားကြီး စာနယ်ဇင်း သမား များ က ဆို သည်။ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း ဆိုသည် မှာ သူကို့  အများ က သိသောရာထူး ဂုဏ်ပုဒ် ဖြစ်ပြီး သူ၏ မီဒီယာ နှင့် ၀ါဒဖြန့် ချိရေး အင်ပါယာ ကို မူ မည် သူမှ မသိကြ ဟု ဆိုသည်။ ယုတ် စွ အဆုံး သမ္မတ ဦးသိန်းစိန်း ပင် လျှင် သူ ၏ ယန္တယား မည် သို့  လည် ပတ်ကြောင်း မသိ ဟု မျက်စေ့ ကြီးနားကြီး စာနယ်ဇင်း သမား များ က ဆို သည်။ အမေရိကန် အခြေစိုက် Fox သတင်းဌာန ၏ ရှယ်ယာ ကိုပါ ၀ယ်ယူဖို့  စိတ်ဝင်စား သူ News Corp သတင်း အုပ်စု မှ Wall Street Journal လို သတင်းစာ အပါ အ၀င် ၊ နောက်ပိုင်း တွင် အမေရိကန် စာနယ်ဇင်းများ နှင့် ထိထိ စပ်စပ် ရှိ လာ သည်  ဟု သိရသည်။ အမေရိကန် အခြေစိုက် Fox သတင်းဌာန ၏ ရှယ်ယာ ကိုပါ ၀ယ်ယူဖို့  စိတ်ဝင်စား သူ News Corp သတင်း အုပ်စု မှ Wall Street Journal လို သတင်းစာ အပါ အ၀င် ၊ နောက်ပိုင်း တွင် အမေရိကန် စာနယ်ဇင်းများ နှင့် ထိထိ စပ်စပ် ရှိ လာ သည် ဟု သိရသည်။
http://freedomnewsgroup.com/2011/11/05/how-kyaw-san-propaganda-machine-work/#more-22317


မြန်မာပြည်က အနုပညာသမားတွေ နိုင်ငံရေးနဲ့ကင်းကြရဲ့လား

Interveiw with Zarganar Collection 5

ဇာဂနာနဲ့ အင်တာဗျူးများ ကောက်နုတ်ချက် (၅)

(Yangon PressInternational )မှ ကူးယူဖော်ပြပါသည်

နိုဝင်ဘာ ၆၊ ၂၀၁၁

ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

(ဇာဂနာဟာ လူရွှင်တော် ၊ ဒါရိုက်တာ အနေနဲ့ နိုင်ငံကျော် လူသိများသလို လူတွေကြားထဲ ခံစားနေရတဲ့ ခံစားချက်၊ အမြင်မတော်တဲ့ နိုင်ငံရေး အဖြစ်အပျက်တွေကို ပျက်လုံးအဖြစ်နဲ့ ပြောဆိုရာမှာ ထိမိလွန်းတဲ့အတွက်လည်း ထင်ရှားသူ တဦးဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်းကလုံး တိုက်ခတ်ပြီးနောက် မကြာခင်မှာ ဇာဂနာဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်၆၀ နီးပါး အပြစ်ပေးလိုက်ပါတယ်။ ဒီနောက် ၂၄နှစ်လျော့ပေါ့ပေးပြီး ၃ နှစ်ကျော် အကျဉ်းထောင်ထဲမှာ နေထိုင်ပြီး ယခင်လဆန်းက လွတ်မြောက်လာပါတယ်။ သူလွတ်မြောက်လာပြီး မကြာခင်မှာပဲ နိုင်ငံရေး အကျဉ်းသား ကူညီရေးကိစ္စ၊ အနုပညာနွယ်တဲ့ နိုင်ငံရေး ကိစ္စတွေ စတင် လုပ်ဆောင်နေပါပြီ။ သူနားလည်ယုံကြည်တဲ့ အနုပညာနဲ့ နိုင်ငံရေးအကြောင်းနဲ့ ဆက်နွယ်ပုံကို YPI ကယခု သီတင်းပတ်အတွင်း မေးမြန်းထားတာကို ဖေါ်ပြလိုက်ပါတယ်။)

YPI: Art Flavored Politics ဆိုတဲ့စကားကို “The Art of Freedom Film Festival” သတင်းစာရှင်းလင်းပွဲမှာတုန်းက သုံးသွားခဲ့ပါတယ်။ အဲဒီ စကားလုံး ဖြစ်ပေါ်လာပုံလေး ပြောပြပါလား၊

Zarganar: ဒါကတော့စကားလုံးပေါ့၊ စကားလုံးကတော့ အနုပညာ အရသာပါတဲ့ နိုင်ငံရေးလို့ ပြောရမှာပေါ့။ ဘယ်လိုလဲလို့ဆိုတော့ နိုင်ငံရေးနွယ်တဲ့ အနုပညာလား၊ အနုပညာနွယ်သော နိုင်ငံရေးလားလို့ စဉ်းစားကြည့်တော့ အနုပညာနွယ်သော နိုင်ငံရေးဖြစ်ရမယ်လို့ ကျွန်တော်က လေယာဉ်ပျံပေါ်မှာကတည်းက စဉ်းစား လာတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို တစ်ကယ့်တစ်ကယ် စဉ်းစားမိတာကတော့ ထောင်ထဲမှာ စဉ်းစားမိတာ။ ဘယ်လိုစဉ်းစား မိလည်းဆိုတော့ အနုပညာနဲ့နိုင်ငံရေးကို မတွဲဘူးလို့ ပြောပြောနေကြတဲ့လူတွေက သနားစရာလေးတွေပဲလို့ အဲဒီမှာ စဖတ်မိတာ။

အနုပညာသမားတွေက နိုင်ငံရေးကို ကင်းကင်းရှင်းရှင်း နေရမယ်လို့ သူတို့က ပြောကြတယ်၊ တော်တော်သနားစရာ ကောင်းပါလားလို့ ဆိုပြီးတော့ ကျွန်တော်က သူတို့ကို သနားနေတာ ထောင်ထဲမှာ။ ထောင်ထဲမှာနေရင်း သနားနေတော့ ဒုက္ခပဲပေါ့၊ ဒီလူတွေကို ဘယ်လိုရှင်းပြရမလဲ၊ သူတို့လုပ်နေတဲ့ ရုပ်ရှင်အနုပညာပဲဖြစ်ဖြစ်၊ ဂီတအနုပညာပဲဖြစ်ဖြစ်၊ ဇာတ်သဘင်အနုပညာပဲ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ ဘယ်လိုမှ မကင်းနိုင်ဘူး၊ ဒီလိုကင်းလို့မရဘူးလို့သူတို့ကိုပြောနေတာ ပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောနေတာမဟုတ်ဘူး၊

နိုင်ငံရေးက ဘယ်လိုလူမျိုးမှ မကင်းဘူး၊ ပြီးတော့ သူတို့နားလည်အောင် ကျွန်တော် ဘယ်လိုရှင်းပြရမလဲဆိုတော့ ပါးစပ်ကရှင်းပြနေလို့ကြာတယ်။ အလုပ်ကနေ သက်သေပြတာ ကောင်းပါတယ်လို့ စဉ်းစားမိတယ်။

အနုပညာ အရသာပါနေတဲ့ နိုင်ငံရေးဆိုတော့ အခု ကျွန်တော်တို့တွေ ဟိုတစ်နေ့က ကန့်တော့ပွဲပေးတဲ့ Film Festival ကိစ္စက ဒါ အနုပညာနွယ်တဲ့ နိုင်ငံရေးပဲ၊ တစ်ကယ့်တစ်ကယ်ပြောရရင် လူတွေဟာလွပ်လပ်မှုကို မြတ်နိုးကြတယ်လို့ ပြောတယ်၊

လွပ်လပ်မှုကိုလိုချင်ကြတယ်လို့ ပြောတယ်၊ သို့သော် လွပ်လပ်မှုကို လုပ်ရမယ်ဆိုပြီး ကျွန်တော်တို့ လက်သီးလက်မောင်းတန်းပြီး တရားဟောလည်း လာနားထောင်နေမှာ မဟုတ်ဘူး။ဒီအနုပညာလေးနဲ့ ပြလိုက်တဲ့အခါကျတော့ လွပ်လပ်မှုဆိုတာကို နားလည် လာမယ်၊ မသိတဲ့လူလည်း သိလာမယ်၊ သိတဲ့လူလည်း ပိုသိလာမယ်။

နေ့ခင်းတုန်းကဆိုရင် ရုပ်ရှင်လုံးဝမရိုက်ဖူးတဲ့ မိန်းကလေးက ကျွန်တော့်ကိုပြောတယ်၊ ဘာပြောလည်းဆိုတော့ သူလုပ်ထားတဲ့ဟာလေး တစ်ခုကို လာပြချင်တယ်တဲ့၊ ပြပါဆိုတော့ ဒီခလေးက ပညာရှင်၊ ဘာပညာရှင် လဲဆိုတော့ ကွန်ပျုတာပညာရှင်၊ ရုပ်ရှင် တစ်ခါမှမရိုက်ဖူးဘူး၊ ဘာမှနားမလည်ဘူး၊ ဒါပေမဲ့ သူဟာ လွပ်လပ်မှုအကြောင်းကိုသူ ဖီလင်ရှိနေတယ် ဆိုတာကို သူပြောတာကို နားထောင်ရင်းနဲ့ သိတယ်၊ ဆိုတော့ ဒီခလေးတွေမှာ နိုင်ငံရေး Sense ရှိနေတာပေါ့။ အဲဒါလေး ကနေ ကျွန်တော်က ခုန( Art Flavored Politics ) ဆိုလိုက်ခြင်းအားဖြင့် ဒီ အနုပညာကနေတစ်ဆင့် နိုင်ငံရေး၊ နိုင်ငံရေးကနေ တစ်ဆင့် အနုပညာ ရောယှက်ပြီးတော့ ပါဝင်လာကြမယ်လို့ တွေးမိတော့ ဒါ အလုပ်နဲ့အရင် သက်သေပြလိုက်တဲ့ သဘောပါပဲ။ ဒီ့အတွက်ကြောင့် ကျွန်တော် ဟိုနေ့ကလည်း ( Art Flavored Politics ) ဆိုတာကို ကျွန်တော်ဇောင်းပေးပြီး ပြောသွားတာပါ။

YPI: အင်တာဗျူးတွေမှာ နံမည်ကြီး အနူပညာသမားတွေက နိုင်ငံရေးစိတ်မ၀င်စားဘူး လို့မကြာခဏ ပြောကြတာ ကြားဖူးတယ်။ အဲဒါနဲ့ပါတ်သက်လို့ရော ဘယ်လိုမြင်လဲ၊

Zarganar: ကျွန်တော်တို့ဆီက အနုပညာသမားတွေရဲ့သနားစရာ ကောင်းတဲ့ အဖြစ်အပျက်ဆိုတာ အဲဒါပဲ။ ကျွန်တော်တို့က နိုင်ငံရေးကိုစိတ်မ၀င်စားပါဘူး ကျွန်တော်တို့နိုင်ငံရေးနဲ့ ကင်းကွာပါတယ်၊ နိုင်ငံရေးဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ပြောတဲ့လူတွေက ပြီးခဲ့တဲ့ န၀တအစိုးရရဲ့ကြော်ငြာမှန်သမျှ သူတို့ ရိုက်ပေးတယ်၊ အဲဒီ ပြောတဲ့လူတိုင်းက န၀တအစိုးရရဲ့ ဆည်တွေပေါ်လည်း တက်ခုန်ကြတယ်၊

သူတို့ ဆောက်တဲ့ တံတားတွေပေါ်မှာလည်း တက်ကပြတယ်၊ ပြောတော့ သူတို့က နိုင်ငံရေး မလုပ်ဘူး ၀ါသနာမပါဘူးပြောတယ်။ န၀တအစိုးရလက်ထက်မှာ လုပ်သမျှကိစ္စအကုန် သူတို့ ကြော်ငြာလုပ်ပေးတယ်၊ အဲဒါ သူတို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဖူးလား။ နိုင်ငံရေး လုပ်တာ မဟုတ်ဘူးဆိုရင် န၀တအစိုးရ လက်ထက်တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ နှစ်ပတ်လည်ကားမှာဆိုရင် မပါရမှာတောင် ကြောက်နေတယ်။ မပါများ မပါရရင် သူတို့ကိုယ်သူတို့ သတ်သေမလား တောင်မသိဘူး အနုပညာသည်တွေက။

အဲဒီတုန်းကကျတော့လည်း လုပ်လိုက်ကြတဲ့ဟာ၊ အဲဒါ နိုင်ငံရေး မဟုတ်ဘူးလား။ သူတို့ အစိုးရရဲ့ဝါဒဖြန့်ချီရေးမှာ သူတို့ပါဝင်ခဲ့ကြတာပဲ။ အဲဒီတော့ မဆလခေတ်တုန်းကလည်း ဒီတိုင်းပဲ မဟုတ်ဘူးလား၊ ပြောတော့လည်း ကျွန်တော်တို့က နိုင်ငံရေးဝါသနာမပါပါဘူး၊ မလုပ်ပါဘူးဆိုပြီးတော့ ဒီအလုပ်တွေလုပ်ခဲ့တာဟာ ဒါနိုင်ငံရေးနည်းအရ ၀ါဒဖြန့်ချီရေးကို ထဲထဲဝင်ဝင် မက်မက်သက်သက် ၀င်လုပ်ခဲ့ကြတာ ဒီ အနုပညာသည်တွေပဲ။

အခုကျတော့မှအဲဒီတုန်းက အဲလိုတွေလုပ်ပြီး တစ်ဖက်မှာကျတော့ ကျွန်တော်တို့က နိုင်ငံရေး ၀ါသနာမပါဘူး၊ နိုင်ငံရေးဝါသနာမပါဘူးဆိုလို့ ကျွန်တော်က သြော် သနားစရာလေးတွေပါလားလို့ သူတို့ကိုမြင်တာ။

သူတို့ စာလည်း မဖတ်ကြဘူးဗျ၊

နိုင်ငံတကာအမြင်လည်း မရှိကြပဲနဲ့ ရမ်းပြောနေကြတာမျိုးတော့ မဖြစ်စေချင်ဘူးလို့၊ ဒါကြောင့် ကျွန်တော်ဒါတွေ လုပ်ရတာ။ ဆိုတော့ သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချီရေးရဲ့ Instrument လေးတွေဖြစ်ခဲ့တာ ကိုလည်းသိပုံမပေါ်ဘူး၊ကိုယ့်ကိုကိုယ် နားမလည်ရှာသောသူများသည် မြန်မာ့ရုပ်ရှင်လောကမှ ပညာရှင်များ ဖြစ်နေသည် ဆိုတာမျိုးကျတော့ ကျွန်တော်စိတ်မကောင်းဘူး။

YPI: ဒါကရော နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြောက်စရာ လန့်စရာဖြစ်အောင် စနစ်တကျ ဖန်တီးထားခဲ့ တာကြောင့်မဖြစ်နိုင်ဘူးလား၊ ၈၈ နောက်ပိုင်းမှာ ကျောင်းသားတွေကျောင်းပြန်တက်ခွင့်ရဖို့ ၀န်ထမ်းတွေ ရုံးပြန်တက်ခွင့်ရဖို့ နိုင်ငံရေးနဲ့မပတ်သက်ပါဆိုပြီး လက်မှတ်တွေထိုးခဲ့ရတာမျိုးတွေ ရှိခဲ့တယ်လေ။ အဲဒီဟာတွေရဲ့ Impact က တော်တော်ကြီးခဲ့လို့ရော မဖြစ်နိုင်ဘူးလား။

Zarganar: အဲဒီကြောင့်ပေါ့၊ စဉ်းစားကြည့်။ အဲဒီဟာကြီးရဲ့ Impact က ဘယ်လောက်ကြီးသွားသလဲ ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ရိုးရိုးသာမန် ဈေးသည်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ ဥပမာကိုယ့်အချင်းချင်းကြားထဲမှာတောင် လ္ဘက်ရည်ဆိုင်မှာ ၀င်ထိုင်ပြီးပြောရင် တစ်ခုတစ်ခု ပြောရင် နိုင်ငံရေးမပါနဲ့နော် လူတိုင်းလူတိုင်း။ တစ်ခုတစ်ခုလေးပေါ့၊ ဥပမာဆိုပါတော့၊ ကျွန်တော်တို့က လ္ဘက်ရည်ဆိုင်ထိုင်ပြီးတော့ ရ၀တက ဘာညာလို့ပြောမိတာလေးနဲ့ကို…ဟာ… နိုင်ငံရေး မပါနဲ့နော်၊ အဲဒီတော့ တဖြည်းဖြည်းနဲ့ အဲဒီနိုင်ငံရေးမပါနဲ့နော် ဆိုတဲ့စကားက တော်တော်ရွံစရာကောင်းလာတယ်။ ဘယ်လောက်ထိ ဆိုးလာလည်းလို့ဆိုရင် ကိုယ့်အိမ်မှာပြဿနာဖြစ်လာလို့ ပြောတာတောင်မှ နိုင်ငံရေးမပါနဲ့နော်လို့ ကိုယ့်အချင်းချင်းက ပြောရတဲ့ ဘ၀ ရောက်တော့တယ်။

သူတို့ Impact က ဘာဖြစ်လာလည်းလို့ ဆိုရင် တော်တော်ကြီးလာတယ်။ နိုင်ငံရေးဆိုတာက ကြောက်စရာကြီး တစ်ခုဖြစ်အောင်၊ နိုင်ငံရေးဆိုတာ လုပ်ရင်ဘ၀ ပျက်မယ်၊ မိသားစုပျက်မယ်၊ နိုင်ငံရေးဆိုတာသည် မထိရဘူး မကိုင်ရဘူး၊ ကြောက်စရာ အကောင်းဆုံး ရွံစရာအကောင်းဆုံး ဖြစ်အောင် ပုံဖော်လိုက်တာကို ကျွန်တော်တို့လူတွေ အကုန်လုံးခံလိုက်ရတာပဲ။ အနုပညာသည်တွေတင် မကပါဘူး၊ အရပ်ထဲကလူတွေပါ ခံလိုက်ရတယ်။ အခုတော့ ကျွန်တော်ထင်တယ်လေ၊ နည်းနည်းပြန်ပြီးတော့ ပွင့်လာပြီထင်တယ်။

အဲဒီအချိန်တုန်းကတည်းက ကျွန်တော်တို့ကတော့ နိုင်ငံရေးဆိုတာကို ထိနေမှာပဲ၊ ကိုင်နေမှာပဲ၊ လုပ်နေမှာပဲ ဆိုတဲ့စိတ်နဲ့သာ ကျွန်တော်တို့ တောင့်ခံခဲ့ကြရတာ၊ ကျွန်တော်တို့သာ တစ်ကယ်လို့ အဲဒီတုန်းကသာလဲခဲ့ရင် ခုချိန်မှာ ဒီလိုဒီလိုတောင် ပြောနေနိုင်တော့မှာမထင်ဘူး။ ကျွန်တော်ထောင်ထဲမှာ ဖတ်ရပါတယ် လူပြက်တစ်ယောက်ကလည်း ကျွန်တော်တို့က လူပြက်သန့်သန့်လုပ်တာပါ၊ နိုင်ငံရေးမပြောပါဘူးဆိုတာ။ အဲဒါဆိုရင် ဘာဖြစ်လို့အစိုးရပေါ်လစီကား တွေကျ သူတို့ဝင်ရိုက်နေတုန်း၊

ဗမာပြည်မှာ ပထမဦးဆုံးပေါ်လာတဲ့ လူပြက်က ဦးချစ်ဖွယ်ဆိုတဲ့ လူပြက်၊ သူ့ကို ၀ံသာနုကြီးဦးချစ်ဖွယ် လို့တောင်ခေါ်တယ်။ သူပြက်ခဲ့တဲ့ပြက်လုံးတွေက အင်္ဂလိပ်ကိုချည်းဆော်တာပဲ။ ၀ံသာနုကြီးလို့ခေါ်ရတဲ့အကြောင်းရင်းက သူက “နုဝံသာ” ဆိုတဲ့သီချင်းကိုဆိုတယ်ဗျ။ ဒါကြောင့်သူ့ကို ၀ံသာနုကြီး ဦးချစ်ဖွယ်လို့ခေါ်ရတယ်။ မန္တလေးလူရွှင်တော်ကြီး၊ ဘယ်လောက်တောင်ပြောလည်းဆိုရင် “ဟိုတယ်ဆိုင်ကိုမသွားရဘူး၊ ဘီးဟိုက်ဘရန်ဒီ မသောက်ရဘူး၊ ဘီးဟိုက် ဘရန်ဒီ သောက်မဲ့အစား ချက်အရက် ၊ ထန်းရည်ကိုသောက်၊ ဟိုတယ်ဆိုင်ကိုမသွားနဲ့ ပဲနဲ့ထမင်းနဲ့စား၊ စီးကရက်မသောက်နဲ့ ဆေးပေါ့လိပ်ကိုတွယ် ” စသဖြင့်ဒီလိုတွေ ပြောကြတာဟာ အင်္ဂလိပ်ကို သူ့နည်းသူ့ဟန်နဲ့ မရရအောင် ဆန့်ကျင်တာပဲ။ ဒါဟာ နိုင်ငံရေးပဲပေါ့၊

ဒါလောက်ကလေးတောင်မှ တာဝန်မယူချင်တဲ့ အနုပညာသမားတွေ ဘာဖြစ်လို့ဗမာပြည်မှာ ရှိနေတာလဲ အသက်ဘာပြုလို့ရှင်နေကြတာလဲ၊ ကျွန်တော်နားမလည်ဘူးသူတို့ကို၊ အဲဒီကနေ အခုပိုပိုဆိုးလာတာက လူပြက်တွေတင် မကပဲ ရုပ်ရှင်မင်းသား မင်းသမီးတွေရော ဒါရိုက်တာတွေရော ဒီစကားမျိုးပြောလာတော့ ဒါတော့မှားပြီလို့၊ သေချာတာက သူတို့လိုလူတွေက ပြောလိုက်ရင် သူတို့ကို နည်းနည်း အထင်ကြီးနေတဲ့ သူတို့နားပတ်ဝန်းကျင်က ခလေးတွေပါ ဆက်မှားတော့မယ်။

ကျွန်တော်ထောင်ထဲမှာ တုန်းက ဖတ်ရတယ် “ ပြည်သူ့ခေတ်” ထဲမှာပဲလို့ ထင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် အင်တာဗျူးတွေကို ဖတ်လိုက်တော့ ဟာ ဆိုးလိုက်တာလို့ ဒီခလေးတွေ မင်းသားမင်းသမီး အသစ်ကလေးတွေ၊ ဘုမသိဘမသိတွေ လျှောက်ပြော၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရှေ့က ဒါရိုက်တာတွေက ထင်ရာမြင်ရာ လျှောက်ပြောထားတယ်။ မင်းသားကြီးတွေက ထင်ရာမြင်ရာလျှောက် ပြောတော့ ခလေးတွေကလည်း ထင်ရာမြင်ရာ လျှောက်ပြောတယ်။ ခလေးတွေ ဦးနှောက်တွေပါ ကြောင်ကုန်တယ်။ အဲဒီတော့ ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

Yangon Press International
http://moemaka.com/2011/11/interveiw-with-zarganar-collection-5/