Thursday, November 10, 2011
ဒေါ်စု ဖက်ကို မျှားဦး လှည့်ချင်သူများ
by Udp Myanmar on Wednesday, 09 November 2011 at 05:38
ဒေါ်စု ဖက်ကို မျှားဦး လှည့်ချင်သူများ
ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦး လှည့်ပြီး တိုက်ခိုက် ဝေဖန်ဖို. စတင် ခြေလှမ်းတွေ ပြင်ဆင်နေပါပြီ။။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့်သူတွေဟာ လူတချို. ထောက်ပြနေသည့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမှာတဲ့ Hard Liners အုပ်စုတွေတွေ စစ်ဗိုလ်ချုပ်တွေ မဟုတ်ပဲ ဒေါ်စုကို တချိန်က ပွဲထုတ်ပြီး ရှေ.တန်းတင်ကာ လုပ်စားခဲ့သည့် အတိုက်အခံ အုပ်စုတွေဖက်က ဖြစ်ပါသည်။ အများစုကတော့ ပြည်ပ အခြေအစိုက် အဖွဲ.အစည်းတွေနဲ. သတင်း မီဒီယာတွေက များပါမည်။
ရန်ကုန်မှာ လုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဟာ “ ဟန်ပြသက်သက် လုပ်တာ မဟုတ်လားလို.” BBC မြန်မာပိုင်း သတင်းထောင် ကိုချိုက မေးခွန်း ထုတ်လာပါသည်။
ဒီမေးခွန်းကို ခင်မောင်ညို( ဘောဂဗေဒ)ကို မမေးသင့်ပဲ သတင်းထောက်အနေဖြင့် သတ္တရှိရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ.က ထိပ်ပိုင်း ခေါင်းဆောင်တွေကို မေးကြည့်ပါလား။ ဟန်ပြသက်သက်လုပ်တာလား။ ဘာလားဆိုတာ သူများကို တဆင့်ခံပြီး စကားလုံးနဲ. ထောက်မည့်အစား။
ပြည်ပ အခြေစိုက် Mizzima သတင်းဌာနကလဲ “The Fall of a Symbol, The Rise of the Politician” ဆိုတဲ့ ခေါင်းစဉ်တခုနဲ. နိုင်ငံခြားသူ ဒိန်းမတ် ကျောင်းသူတဦး- Lea Friedberg ရေးတဲ့ ဒေါ်စု၏ အနာဂတ်ကို ခပ် ဖွဖွလေးနဲ. စကားလုံးတွေနဲ. ခြေထိုးလိုက်ပြန်ပါသည်။ တကယ်လို. လက်၇ှိ အစိုးရနဲ. ပူပေါင်းဆောင်ရွက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲတွေ ၀င်မယ်။ အစိုးရ ၀န်ကြီးတာဝန်တွေ ယူလာမယ်ဆိုရင် နိုင်ငံရေးသမားတဦးအနေဖြင့်တော့ မြင့်တက်လာနိုင်ပေမယ့် တချိန်းတည်းမှာ ဒေါ်စုဟာ တိုင်းပြည်အတွက် သင်္ကေတ တခုအဖြစ်ကနေ ကျဆုံးသွားမယ်လို. သုံးသပ်လာတာပါ။ ဒါဟာလဲ ဒေါ်စုကို Democracy Icon & Freedom Icom အဖြစ် တင်စားပြီး နိုင်ငံတကာ ဈေးကွက်မှာ ပြစား လုပ်စားခဲ့သူတွေအတွက် တကယ်လို.သာ ဒေါ်စုက ဦးသိန်းစိန် အစိုးရနဲ. လက်တွဲပြီး ပူးပေါင်းသွားမယ်ဆိုရင် အခုလိုမျိုးနဲ. ဆွဲချဖို. Icon တခုအဖြစ် ဆက်မထားချင်တဲ့ မမြင်လိုတဲ့သူတွေရဲ့ ခပ်ပါးပါး လမ်းကြောင်းပေး ပြောဆိုရေးသားချက်တွေပါ။ ဒီအထဲမှာ နိုင်ငံခြားသားတွေ မြန်မာ့အရေး လုပ်နေပါတယ်ဆိုတဲ့အဖွဲ.တွေ NGOs တွေဟာလဲ ဒေါ်စုကို လက်ရှိ အစိုးရနဲ. တစားထဲ ထားပြီး တန်းညိကာ အိုက်ကွမ်-ICOM စံပြ သင်္ကေတာ-Symbolic Leader နေရာကနေ ဖယ်ရှားလိုတဲ့ သဘောထားတွေကို ထင်ဟတ်နေပါသည်။
“မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးကို ပြောင်းလဲဖို. လိုတယ်” လို. NCGUB ပြည်ပရောက် အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ဒေါက်တာ သောင်းထွန်းကလဲ ပြည်ပ သံလွင့်ဌာနတခုကနေ စတင်ပြီး ဒေါ်စုကို ဗဟိုပြုတဲ့ နိုင်ငံရေးကို ဝေဖန်လာပါပြီ။ သူကိုယ်တိုင်ကတော့ ပြည်ပ အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးကို ရာသက်ပံ ရယူထားတဲ့အပြင် တကယ်ဆိုရင် UN အထွေထွေ အတွင်းရေးမှူးချုပ်တွေသာ ပြောင်းသွားတယ် သူကတော့ ဒီရာထူး UN Shadod Ambassador နေရာကို NCGUB အစိုးရအဖွဲ. စပြီး ဖွဲ.ကတည်းက ယူထားသူပါ။
ဒီထက် စိတ်ဝင်စားဖို.ကတော့ လက်ရှိ NGGUB အစိုးရအဖွဲ.၏ ၀န်ကြီးချုပ်ရာထူးကို ဒေါက်တာ စိန်ဝင်းဟာ စပြီးဖွဲ.စည်းခဲ့တဲ့ ၁၉ ၉ ၀ ကနေ ၂၀၁၁ ခုနှစ်အထိ ပေးထားခဲ့ ယူထားခဲ့ ခန်.ထားခဲ့တာကရော ဒေါက်တာ စိန်ဝင်းက ထွက်သွားတဲ့ အမတ်တွေထဲမှာ အတော်ဆုံး အရည်အချင်း အရှိဆုံးမို. NCGUB ၀န်ကြီးချုပ်ရာထူးကို ရာသက်ပံ ပေးထားတာလား ဒေါက်တာ သောင်းထွန်းတို. ပြောသလို လူပုဂ္ဂိုလ်အရ ပေးထားတာလား ရှင်းပြဖို. လိုပါမည်။ ဒေါက်တာ စိန်ဝင်းဟာ ဗိုလ်ချုပ် အောင်ဆန်း၏ တူ၊ အာဇနည် ဦးဘ၀င်း၏ သား၊ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး အစဉ်အလာ ကြီးမားမှုကြောင့် ပုဂ္ဂိုလ်ရေးကို အခြေခံပြီး နေရာ ပေးထားခြင်း မဟုတ်ပါလား။ တကယ်လို. ဒေါက်တာ သောင်းထွန်းအနေဖြင့် မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေး လုပ်သင့်တယ်လို. တကယ် ယုံကြည်လိုက်ခံနေရင် တခြားသူတွေကို ထောက်ပြတာထက် ကိုယ့်အဖွဲ.အစည်း ကိုယ် ကိုယ်တိုင် ကိုယ်စားပြုနေတဲ့ အဖွဲ.အစည်းကို ဒီအတိုင်းဖြစ်အောင် အရင် လုပ်ပြလိုက်ပါ။
မြန်မာနိုင်ငံရှေ.နေများကောင်စီ-BLC အဖွဲ.က ခေါင်းဆောင်ဆိုတဲ့ ဦးအောင်ထူးက လက်ရှိ အစိုးရ အဖွဲ.ကနေ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ပြင်ဆင်ချက်တွေနဲ. ပတ်သက်ပြီး ဝေဖန် ထောက်ပြရာမှာလဲ “ဥပဒေမှာ မပါတဲ့အချက်အလက်တွေကို ပြောဆိုရာ ရောက်တယ်”လို. NLD အဖွဲ.၏ ပြောရေးဆိုခွင့်ရှိသူ ရှေ.နေ ဦးဥာဏ်ဝင်းက ပြည်ပ သတင်းဌာနတခု၏ အပြန်အလှန် ဆွေးနွေးမှုမှာ ထောက်ပြခဲ့ပါသည်။ BLC ဦးအောင်ထူးရဲ့ အဆိုရ ပြောရင်တော့ အခု ပြောင်းလဲ ပေးလိုက်တဲ့ အချက်တွေဟာ ဘာမှ မထူးခြားတဲ့အပြင် ၂၀၀၈ ကို လေးစားလိုက်နာမယ်လို. ခံဝန် လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်၏ ဒီမိုကရေစီ လူ.အခွင့်အရေးနဲ. တရားဥပဒေ စိုးမိုးရေးတွေကို ဥက္ခာပြုလိုက်ရာရောက်တယ် ဆိုပြီး နိုင်ငံရေးအရ ကြည့်ကာ ဥပဒေကြောင်းအရ မသုံးသပ်ဖဲ ကိုယ်လိုရာကို ဆွဲပြောသွားပြန်ပါတယ်။
ဒါကြောင့် NLD အဖွဲ.နှင့် ဒေါ်အောင်ဆန်းစုကြည်တို. ပါတီ တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်လို. ဆုံးဖြတ်လိုက်ရင်ဖြင့် ဒေါ်စုကို မျှားဦးလှည့် ပြီး ဝေဖန် တိုက်ခိုက်ကာ နိုင်ငံရေး နယ်ပယ်ကနေ စွန်.ခွာအောင် လုပ်မည့်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန်.ကျင်ခဲ့ပြီး အစိုးရ လုပ်သမျှ NO NO NO လုပ်ခဲ့တဲ့ ပြည်ပ အခြေစိုက် အတိုက်အခံ အဖွဲ.တွေက ခေါင်းဆောင်တွေက ပိုများမည် ဖြစ်ပါသည်။ လူတွေ ပြောတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမာသူတွေရဲ့ ထိုးနက်ချက် ဝေဖန် တိုက်ခိုက်မှုတွေထက် ဒေါ်စုကို အကြောင်းပြုပြီး လုပ်စားခဲ့သူ လုပ်စားနေသူ လုပ်စားဖို. ဆက် ကျိုးစားနေသူ နေရာ ရရှိနေတဲ့ Status Quote ဖြစ်နေသူတွေသာ ဖြစ်ပါမည်။ မကြာခင် စောင့်သာ ကြည့်ပါ ဒီ ခန်.မှန်း ပြောဆိုချက်တွေ မှန် မမှန်ကိုပေါ့။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့် နိုင်ငံရေး ပြိုင်ဖက်တွေဟာ အစိုးရအဖွဲ.အတွင်းက သဘောထား တင်းမာသူ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ မဟုတ်တော့ပဲ ဒေါ်စုကို တချိန်က ခေါင်းပေါ်တင်ခဲ့ပြီး ကမ္ဘာ ပတ် လုပ်စားသူတွေ ဒေါ်စု မျက်နှာ စွပ်ပြီး နိုင်ငံတကာမှာ အကူအညီတွေ အထောက်အပံ့တွေ ယူခဲ့သူတွေဟာ ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ပစ်မတ်တွေထားပြီး ဖယ်ရှားဖို. စတင် ခြေလှမ်းလာခြင်း ဖြစ်ပါသည်။
အဲဒီ အုပ်စုတွေထဲမှာ သေခြာပေါက် ပါလာမည့်သူတွေကတော့ အစိုးရ လုပ်သမျှကို NO လုပ်တာပဲ သိတဲ့ NO အုပ်စုက သဘောထား တင်းမားသူတွေ၊ လက်ရှိ ပြည်ပ နိုင်ငံရေးကို အနှစ် ၂၀ ကျော် ဦးဆောင်မှု ခေါင်းဆောင်ပိုင်းနေရာကို ရရှိထားတဲ့ နယ်စပ်နဲ. ပြည်ပ အခြေအစိုက် မြန်မာအတိုက်အခံ အဖွဲ. တချို.နဲ. အဲဒီ အဖွဲ.တွေက ခေါင်းဆောင်ဆိုသူတွေ။ NDDP ဒေါ်ခင်ဥမ္မာတိုလို၊ အမျိုးသမီးအဖွဲ.ချုပ်က ဒေါ်သင်းသင်းအောင်တို.လို၊ နောက်တခုကတော့ တိုင်းရင်းသား လက်မှတ် ကိုင်ပြီး ကမ္ဘာပတ်နေသူတချို. ဇိုရာဖန်တို. နမ်း ချန်ထောင်းတို. အုပ်စုတွေ၊ မြန်မာ့အရေး လုပ်နေတယ်ဆိုတဲ့ နိုင်ငံခြားသား အဖွဲတွေ=AlterAsean က မလေးရှားသူ ဒေဗီစတောဟတ်တို.အုပ်စု၊ Burma Campaign For UK က Mark Fermanar Anna Robertတို.၊ US Campaign For Burma က နိုင်ငံခြားသား ၀န်းထမ်းတချို.၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပညာရှင်လို. ဆိုတဲ့ ဒေါက်တာ ဇာဏီတို. လို မကြက် တကြက် ပေါင်မှုံ. အုပ်စုတွေ၊ ပြည်ပ သတင်းဌာနနဲ. အသံလွင့်ဌာနက လခစား ဖားတပိုင်း ငါးတပိုင်း သတင်းထောက် လိုလိုနဲ. နိုင်ငံရေး လုပ်နေတဲ့ အုပ်စုတွေ ဖြစ်ပါမည်။
ဒီလူတွေက တချိန်က ပြောခဲ့သလိုပဲ ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလဲ ဖြစ် ကိုယ်တိုင်လဲ အရည်အချင်းရှိတဲ့ နိုင်ငံတကာနဲ. ပြည်သူတွေ၏ ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသမီးဖြစ်လို. ဦးနေ၀င်းတို. ဦးသန်းရွှေတို.ဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကို မနာလိုဖြစ်ပြီး အခုလို နေရာ မပေးပဲ ဖယ်ရှားထားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသား မြန်မာပြည်က ပြသာနာတွေ အမျိုးသား စည်းလုံးညွတ်ညွတ်ရေးတွေကို ဖြေရှင်းပေးနိုင်မည့် တိုင်းရင်းသားတွေပြည်သူတွေ၏ ယုံကြည်မှုကို ရရှိထားတဲ့ Burma Trusted Icon Leader ဆိုပြီး ချီးမြှောက်ခဲ့ ဂုဏ်ပြုခဲ့သူတွေပါ။ အခုတော့ အဲဒီ လူတွေပဲ ဒေါ်စုကို ဆွဲချဖို. အရောင် ဆိုးဖို. ဘေးခြောင်ထိုးဖို. ကျိုးစားမည့်သူ ဝေဖန် တိုက်ခိုက် ထိုးနက်မည့်သူတွေ ဖြစ်ပါသည်။ 2010 ရွေးကောက်ပွဲတုန်းက အဖွဲ.ချုပ်က NO လုပ်ခဲ့လို. သဘောကျပြီး အားပေး လက်ခုတ် တီးခဲ့သော်လဲ အခု တချိန် ပါတီ ပြန်ပြီး မှတ်ပုံတင်မယ် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို အရင်ဆုံး အပစ်တင်ပြီး ဆဲချင်သူတွေကတော့ သဘောထား တင်းမာတဲ့ ထိပ်ပိုင်း အတိုက်အခံ ခေါင်းဆောင်တွေပဲ ဖြစ်ပါသည်။
ထိပ်ပိုင်းလောက်သာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ယုံနဲ. မရဖူး။ ဒေါ်စုတို. အဖွဲ.ချုပ် NLD တို.လောက်နဲ. အစိုးရတို.အကြား ရင်ကြားစေ့ ပူးပေါင်းဆောင်ရွက်ယုံဖြင့် မပြီးဘူး ဆိုတဲ့ အရာတွေနဲ. ထောက်ပြကာ ဒေါ်စုကို ကြပ်ဖို. အဖွဲ.ချုပ်ကို မီးကင်မည့်သူတွေသာ ဖြစ်လာမည်။ နောက်တခုကတော့ လူအခွင့်အရေးဆိုတဲ့ အချက်တွေနဲ. ဘင်္ဂါလီကိစ္စတို. အမျိုးသမီးအရေးတို. ပြည်တွင်း စစ်ရပ်စဲရေး စတဲ့ ပြောဆိုချက်တွေနဲ.ပဲ ဒေါ်စုတို. အစိုးရနဲ. အတူတူ လက်တွဲ လုပ်သွားပေမည့် အဖွဲ.ချုပ် NLD တို. ပါလီမန်ထဲသာ ရောက်သွားပေမည့် မြန်မာပြည် ပြသာနာတွေ လူ.အခွင့်အရေးတွေ ဒီမိုကရေစီနဲ. ငြိမ်းချမ်းတွေက ဘာမှ မတိုးတက်လာဖူး မပြောင်းလဲ လာဖူး။ သာမန် ပြည်သူတွေ၏ လူနေမှုဘ၀ ဆင်းရဲ မွဲတွေမှုတွေ ၀န်ထမ်းတွေ၏ အဂတိလိုက်စားမှုတွေက အရင်အတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ကိုင်ပြီး ဒေါ်စုကို ချိုင်ဖို. ခြေလှမ်း စတင်နေပါပြီ။ ပါတီအတွင်းမှာ ဒီမိုကရေစီ မရှိဘူး။ ဒေါ်စု ဘေးမှာ အနီးကပ် ၀ိုင်းရံနေသူတွေဟာ အောက်ခြေ လူထု၏ အသံတွေကို နားမထောင်ဘူး စတဲ့ စွပ်စွဲချက်တွေ ဝေဖန်ချက်တွေ မကြာခင် ဒီထက် ပိုပြီး ညံလာတော့မည် ဖြစ်ပါသည်။
ဒေါ်စုနဲ. အဖွဲ.ချုပ်ကို သူတို.အတွက် ဈေကွက်ဝင်ပြိုင်မည့် ဈေးကွက် ၀င်လုမည့် သူတွေလို. ယူဆလာမည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတကာ Market ကို လက်ရှိ ပြည်ပ အဖွဲ.အစည်းတွေ ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတာတွေကို ၀င်ပြိုင်ဖို. ၀င်ပြိုင်နိုင်စွမ်း မရှိပါ။ သို.သော် ဒေါ်စုနဲ. အဖွဲ.ချုပ်သာလျင် နိုင်ငံတကာ ဈေးကွက်ကို လက်တွေ. ထိုးဖေါက်လာမယ် နေရာယူလာမယ် ပြည်တွင်းကနေ တိုက်ရိုက် လူငယ်တွေ ကိုယ်စားလှယ်တွေ စေလွတ်ပြီး နိုင်ငံတကာ စင်ကို ၀င်လာနိုင်တာမို.လဲ ဒီလို ဖြစ်လာမှာကို သိနေတဲ့ ကြောင်ပါးတွေက စားကျက် ပျောက်မယ်ထင်ပြီး ကန်.ကွက်တာလဲ ဖြစ်နိုင်ပါသည်။ ဒေါ်စုအရှိန် အဖွဲ.ချုပ် အရှိန်နဲ. ပြည်တွင်းမှာ တရားဝင် နေထိုင်ပြီး တရားဝင် ရပ်တည်နိုင်တဲ့ ပါတီလဲ ဖြစ်မယ် အစိုးရကလဲ နှောက်ယှက်တာ ဟန်.တားတာတွေ မလုပ်ဖူးဆိုရင် အခုအခါ ပြည်ပမှာ မင်းမူနေတဲ့ ကြက်ဆူပင် ခေါင်းဆောင်များဟာ ပြည်တွင်းက လာမည့် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ဘယ်လို လုပ်ပြီး နိုင်အောင် လုပ်နိုင်မှာလဲ။ ဒီတော့ ထိပ်တိုက် တွေ.ပြီပေါ။ ဒါကြောင့်လဲ လက်ဦးမှု ရအောင် စကားတွေ လမ်းကြောင်းပေးပြီး ခပ် ပါးပါးလေးနဲ. ထိုးစစ် ဆင်လာတဲ့သဘောပါ။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး နိုင်ငံရေးအရ စင်ပေါ်ကနေ ဆွဲချဖို. လုပ်နေတဲ့ ပြည်ပ အခြေစိုက် အင်အားစု တချို.နဲ. ခေါင်းဆောင်တချို.၏ သံစဉ်တီးဝိုင်းရဲ့ ဖျော်ဖြေမှုတွေ မကြာခင် ဆူဆူညံညံ အသံဗလံတွေ ပေးပြီး တီးခတ်လာတောမည်မှာ မုတ်ချအမှန် ဧကန် မြင်ရတော့မည့် အခြေအနေ ဖြစ်ပါကြောင်း နိုင်ငံရေး ဗေဒင် ဟောလိုပါသည်။
Letter from concerned groups in Canada
http://www.scribd.com/doc/72317828/Letter-to-President-U-Thein-Sein
Letter to President U Thein Sein
၁၀.၁၁.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://www.ziddu.com/download/17271081/10Nov2011Yeyintngesdiary.doc.html
http://www.ziddu.com/download/17271082/10Nov2011Yeyintngesdiary.pdf.html
http://www.scribd.com/doc/72315901/Nov-2011-Yeyintnge-s-Diary 
မိုက်ခရိုဖုန်းပြန်သိမ်းဖို့ စောင့်နေသူ
ခြောက်ယောက်တယောက်
Kyaw Win Khine facebook မှ...
အထက်ညွှန်ကြားချက်ကို မလိုက်နာဘဲ လမ်းတံတားကြေးများ တိုးမြှင့်ကောက်ခံနေ
Published on November 10, 2011 by ဒီဗွီဘီ · No Comments
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းတံတား အသုံးပြုခတွေကို တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ အရင်နှစ်အတိုင်းသာ ​ကောက်ခံဖို့ ကြေညာချက် ထုတ်ပြန်ထားပေမယ့် ရန်ကုန်-သံလျှင်​ တံတားကြေးကို အသစ်နှုန်းအတိုင်း ခရီးသည်တင် ကားကြီးတွေအတွက် မက်စ်မြန်မာ ကုမ္ပဏီက ၀န်ထမ်းတွေဟာ အရင် ကျပ်တရာမှ ကျပ်နှစ်ရာသို့ ဆက်လက် ကောက်ခံနေဆဲ ဖြစ်ပါတယ်။
တံတားကြေး ကောက်ခံတဲ့နေရာမှာလည်း ပြေစာကို တောင်းမှ ပေးပါတယ်။ ပေးတဲ့အခါမှာလည်း ငွေပမာဏကို ထည့်ပေးဖို့ ထပ်ပြောမှ ထည့်ပေးပါတယ်။ လမ်းတံတားကြေး ကောက်ခံတဲ့ နေရာတွေအနက် ရန်ကုန်-သံလျင် တံတားမှာ တော်တော်နာမည်ဆိုး ထွက်နေပါတယ်။ ပြည်သူတွေက ကန့်ကွက်ပြောဆိုနေပေမယ့် လုံးဝ ဂရုမစိုက်ပါ။
အခုလိုအစိုးရအဖွဲ့ရဲ့ ကြေညာချက်ကို ဆန့်ကျင်တာဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ဖျက်ဆီးနေတာလို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒိကိစ္စများကို သိလျက်နဲ့ အရေးမယူတာဟာ မက်စ်မြန်မာ ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ အရှိန်ကို မလွန်ဆန်ရဲတဲ့အတွက်လို့ ယူဆနိုင်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားတာကို မလိုက်နာဘဲ အခုလို ကောက်ခံနေတာဟာ ပြည်သူတွေနဲ့ အစိုးရအဖွဲ့ကြား ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန်မှာ ကြားခံ အတားအဆီးတွေကြောင့် တိုးတက်မှု နှေးကွေးစေနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အောက်ခြေနဲ့အထက် အချိုးမျှတစွာ လုပ်ဆောင်သွားမှ ထိရောက်မှု ရှိနိုင်မယ်လို့ ယူဆပါတယ်။
အခုလို ညွှန်ကြားချက်တွေကို မလိုက်နာဘဲ လမ်းတံတားကြေးတွေကို တိုးမြှင့်ကောက်ခံနေတဲ့ကိစ္စကို သက်ဆိုင်ရာ ကုမ္ပဏီ အကြီးအကဲတွေ မသိပါက သိရှိစေဖို့နဲ့ သိရှိပါက အများပြည်သူနဲ့ ကုမ္ပဏီအကြား ယုံကြည်မှု မပျက်ယွင်းစေဖို့ ဒီဗွီဘီကနေတဆင့် တင်ပြလိုက်ပါတယ်။
ကုန်ကားပိုင်ရှင်တဦး
http://burmese.dvb.no/archives/17599
ကျနော် လုပ်ပိုင်ခွင့်မရှိတော့ ကျေနပ်မှု မရှိဘူး (သစ်တောရေးရာဝန်ကြီးနှင့် မေးမြန်းချက်)
Published on November 10, 2011 by မင်းလွင် · No Comments
ပထမအကြိမ် ချင်းပြည်နယ် လွှတ်တော်ရဲ့ ဒုတိယအစည်းအဝေးကို ချင်းပြည်နယ် မြို့တော်ဟားခါးမှာ နိုဝင်ဘာ ၈၊ ၉ ရက်နေ့တွေက ကျင်းပခဲ့ရာ အစည်းအဝေး ကြာချိန် နှစ်ရက် စုစုပေါင်း ၇ နာရီပဲရပြီး ချင်းပြည်နယ်ရေးရာ ကိစ္စတွေ ဆွေးနွေးဖို့ အချိန်မလုံလောက်တဲ့အတွက် ချင်းလွှတ်တော်အမတ်တွေ မကျေမနပ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းကတော့ လွှတ်တော်အစည်းအဝေးနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ လုပ်ပေးနိုင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုပေးနိုင်တာပဲ ရှိပြီး သူ့အနေနဲ့ လုပ်ပိုင်ခွင့် မရှိတော့ ကျေနပ်မရှိဘူးလို့ ပြောပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့က သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ၀န်ကြီး ဦးကျော်ငြိမ်းကို ကိုမင်းလွင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဝန်ကြီးတို့ သစ်တောရေးရာ ကိုင်ရတဲ့အခါကျတော့ အခြေအနေ ဘယ်လိုများ ထူးခြားလဲခင်ဗျ။ ဘာတွေ လုပ်ဖြစ်ခဲ့လဲ။
“ကျနော်တို့ ပထမ ၆ လတော့ ပြည်ထောင်စုက ကိုင်တယ်၊ ၆ လနောက်ပိုင်း ၇ လ အောက်တိုဘာက စမှ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် ပေးမယ်ဆိုပြီးမှ ပြောထားတယ်။ သို့သော်လည်းပဲ အခုထိ ကျနော်တို့ ပြည်ထောင်စုက ချမပေးသေးပါဘူးခင်ဗျ။”
အဲဒါဆို ချင်းပြည်နယ် သစ်တောဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးပဲ လုပ်နေတဲ့ သဘောပေါ့ အဲဒီလို ပုံစံလား။
“ဟုတ်ပါတယ်ခင်ဗျ ညွှန်ကြားရေးမှူးကပဲ ဦးဆောင်နေတာ အခု လောလောဆယ်တော့။”
အခု အဲဒါဆို ပုံမှန်ဆိုရင် ဘာတွေ လုပ်ပေးရသေးလဲ သူတို့ကို သွားပြီး ကြည့်ရတာမျိုးတွေ ရှိသေးလား။
“အဲဒါတော့ ရှိပါတယ် ကျနော်တို့က ကျနော်တို့ မိုးရာသီတုန်းက စိုက်ထားတဲ့ စိုက်ခင်းတွေ လက်ဘက်စိုက်ခင်းတွေ၊ နောက် ကျနော်တို့ ဆင်းရဲနွမ်းပါး လျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှာ ကျနော်တို့ စီမံချက်တွေ ထည့်ထားပါတယ်။ အဲဒီစီမံချက်တွေကို ကျနော်တို့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လုပ်ရမယ့် စီမံချက်တွေ ဆွဲထားပါတယ်။ အဲဒါ ကျနော်တို့က လူထုကို နားလည်သဘောပေါက်အောင် လူထုကလိုက်လျောမှသာလျှင် ဘယ်အရာမဆို အောင်မြင်မယ်ဆိုတာ ကျနော် ခံယူထားပါတယ်။ ဒါကြောင့် လူထုကို ကျနော်တို့က စည်းရုံးပါတယ်။ သစ်တော့ဥပဒေအရ ဘာဥပဒေအရ ဘယ်လောက်ပဲ လုပ်လုပ် ကျနော်တို့က အဲဒီ စည်းကမ်းဥပဒေကို မလိုက်နာလို့ရှိရင် ဘာမှ အောင်မြင်မှု ရှိမှာ မဟုတ်ဘူး။ ကိုယ့်ပြည်နယ်ကို ထိန်းသိမ်းဖို့၊ ကိုယ့်ပြည်နယ်ကို တိုးတက်ဖို့ လုပ်တဲ့ နေရာမှာ ဥပဒေတင် မဟုတ်ဘူး ကျနော်တို့ ဒေသခံတွေက တကယ့်တကယ် ကြိုးစားပမ်းစားနဲ့ လုပ်မှသာလျှင် အောင်မြင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ သဘာဝပတ်ဝန်းကျင်ကို ကျနော်တို့ ဒေသတိုင်းရင်းသားတွေက မိမိအသိနဲ့ ထိန်းသိမ်းကြဖို့ ကျနော်တို့ အမြဲတမ်း ကျနော် ဟောပြောပေးပါတယ်။”
အဲဒါဆို ဝန်ကြီးနဲ့ လုပ်တဲ့အခါကျတော့ ပြည်ထောင်စု အစိုးရရဲ့ သစ်တောဦးစီးဌာနနဲ့ရော ပူးတွဲ ဆောင်ရွက်လို့ ရတာမျိုးတွေရော ရှိလား။
“အဲဒါ တိုက်ရိုက်အဆက်အသွယ်တော့ မရဘူးခင်ဗျ လောလောဆယ်။”
အဲဒါဆို ဥပမာ ဝန်ကြီးက ဝန်ကြီးဘာသာလုပ်၊ ကျန်တဲ့ ပြည်နယ်သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးက သူ ပုံမှန်လုပ်တဲ့ အလုပ်ကို သူလုပ်တဲ့ သဘောဖြစ်နေတာပေါ့။
“ကျနော်က လိုအပ်လို့ရှိရင် သူတို့ကို ခိုင်းပါတယ်ခင်ဗျ။”
နောက်တခုက ပြည်နယ်ညွှန်ကြားရေးမှူးနဲ့ ဝန်ကြီးနဲ့ရော အမြဲတမ်း တွေ့ဖြစ်လား။
“တွေ့ပါတယ်ခင်ဗျ၊ အချိန်မရွေး ရပါတယ်။”
နောက်တခုက ဝန်ကြီး အစိုးရအနေနဲ့ ဒါမှမဟုတ် ပြည်နယ်အစိုးရ အနေနဲ့ ဘာတွေ လုပ်ပေးထားတာ ရှိလဲခင်ဗျ။
“အဲဒါ ကျနော်တို့ ပထမတကြိမ် ကျနော်တို့ ဝန်ကြီးဌာနချုပ်က သိန်း ၂၀ ပေးပါတယ်။ အဲဒီတကြိမ်ပဲ ရပါသေးတယ်။ တနှစ်အတွင်းမှာ အခုလောလောဆယ်အထိ နောက်ထပ်မရသေးဘူး။ ကျနော်တို့ ရတာက ရေအခမဲ့ ရတယ်၊ မီးအခမဲ့ ရတယ်၊ အိမ်အခမဲ့ နေလို့ ရတယ်။ လောလောဆယ်တော့ သီးသန့်ချပေးတယ် ကျနော်တို့ကို။ ဝန်ကြီးတွေ ဒီမှာ တိုက် ၉ လုံးတန်းမှာ နေရတယ်။ တချို့ အိမ်ရှိတဲ့ ဝန်ကြီး ၃ ပါးကတော့ မြို့ထဲမှာ နေပါတယ်။ ကားက ရုံးတက်ဖို့ ကားတစီး၊ အိမ်သုံးကားတစီး ပေးထားပါတယ်။”
အဲဒါ ဝန်ကြီးတယောက်ကို ကား ၂ စီးပေးတဲ့ သဘောပေါ့။
“ဟုတ်ကဲ့ပါ။ စက်မှု ၂ ထုတ်တဲ့ကားပေါ့။ အဲဒီကားတွေက အသစ်ပါ။”
အဲဒါဆိုတော့ တယောက်ကို ကား ၂ စီးပေးတော့ ဒရိုင်ဘာကလည်း ၂ ယောက်ပေါ့။
“ဟုတ်ပါတယ်ခင်ဗျ။”
နောက် သူတို့ စက်သုံးဆီနဲ့ ပတ်သက်တာရော ဘာတွေ ထောက်ပံ့တာ ရှိလဲ။
“စက်သုံးဆီက တလကို ဂါလန် ၆၀ ပေးပါတယ်ခင်ဗျ။”
အဲဒီလိုဆို ဝန်ကြီးတို့အနေနဲ့ သုံးရတာ ဘယ်လိုအနေအထားရှိလဲ။
“ဆီတော့ လောက်ပါတယ်ခင်ဗျ။ ကျနော်တို့က မြို့ကြီးလို့ သွားဖို့နေရာ သိပ်မရှိဘူးလေ။“
နောက်တခုက ကျေးရွာတွေ၊ နယ်တွေမှာ လိုက်ပြီးတော့ သစ်တော ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လိုက်လုပ်တာမျိုးဆိုရင် နယ်ခံတွေ ရွာသားတွေကရော ဘယ်လိုအနေအထား ရှိလဲ။
“အဲဒါကတော့ ကျနော်တို့ လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လူထုကလည်း လက်ခံပါတယ်ခင်ဗျာ။”
နောက်တခုက ချင်းပြည်နယ် တချို့နေရာတွေမှာ သစ်ထုတ်လုပ်တဲ့ ကိစ္စမျိုးတွေ ရှိတယ်။ တကယ်လို့ ဥပမာ ဝန်ကြီးတို့အနေနဲ့ သစ်တော့ပြုန်းတီးမှာ ကြောက်လို့ မထုတ်တော့တာမျိုး လုပ်တာမျိုးရော ရှိလား၊ လုပ်မယ့် စီမံချက်မျိုးရောည ရှိလား ရေရှည်မှာပေါ့။
“အဲဒါတွေက သစ်တောထုတ်တာတွေမှာ ကျနော်တို့ ကလေးမှာ ထုတ်တဲ့ သစ်ထုတ်လုပ်ရေး ရှိပါတယ်။ ကျနော်တို့ ချင်းပြည်နယ်က သစ်တာက ထုတ်တာလေ။ အဲဒါကိုကျတော့ ကျနော်တို့ ပြည်ထောင်စုအစိုးရက တာဝန်ယူထားပါတယ်။”
ကျန်တဲ့နေရာတွေရော မင်းတပ်တို့ ဘာတို့။
“မင်းတပ်၊ ကန်ပတ်လက်တွေကလည်း ကျနော်တို့ မကွေးတိုင်းက တာဝန်ယူထားတယ်။ ဒီဘက်က ဟာခါးရယ်၊ ဖလန်းရယ်၊ တီးတိန် ကျတော့ စစ်ကိုင်းတိုင်းက တာဝန်ယူထားတယ် သစ်ထုတ်ရေးက။”
ဝန်ကြီးတို့ သစ်တောတွေ ပြန်စိုက်ဖို့အတွက် ဘာဂျက်ရော သီးသန့် ပေးထားတာ ရှိလား။ ဥပမာ ဘယ်လောက်ရှိလဲ သစ်တောဌာနအတွက်ကို။
“အဲဒါ အခုလောလောဆယ် ကျနော် ဝန်ကြီးလုပ်တဲ့အချိန်ထိတော့ ဘာမှ ခွင့်ပြုချက် မရသေးဘူးခင်ဗျ။”
ဝန်ကြီးဌာနရှိပြီး ဘက်ဂျက်မရှိဘူး ဆိုတဲ့အခါကျတော့။
“အဲဒါ ကျနော်က အခုသစ်ထုတ်လုပ်ရေးအဖွဲ့တွေကို သစ်ထုတ်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အဲဒီ ကုမ္ပဏီတွေကို ကျနော် ခေါ်ပြီးတော့မှ ခင်ဗျားတို့က ချင်းပြည်နယ်က သစ်တွေ ထုတ်သွားတယ် ပြန်မစိုက်ဘူးဆိုတာ မဖြစ်ရဘူး။ ခင်ဗျားတို့ ပြန်စိုက်ပေးမှာလား၊ မစိုက်ဘူးလားဆိုတာ ကျနော်က ခေါ်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဖို့အစီအစဉ် ရှိပါတယ်။”
ပြည်နယ်အစိုးရကနေပြီးတော့ သီးခြားလုပ်မယ့် အနေအထားမျိုးပေါ့။
“ဟုတ်ကဲ့ပါခင်ဗျ ကျနော်တို့ ကြိုးစားနေပါတယ်။”
ဝန်ကြီး အနေနဲ့ တခြားဘာများပြောစရာ ရှိပါသေးလဲ။
“ကျနော် လုပ်ပိုင်ခွင့်မရှိတော့ ကျေနပ်မှု မရှိဘူးပေါ့။”
http://burmese.dvb.no/archives/17631
ကျောင်းသားအချို့ ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေး
Published on November 10, 2011 by ရွှေအောင်
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ကျောင်းသားအရွယ်ကလေးတချို့ ပျောက်ဆုံးနေတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာ ရဲစခန်းတွေက ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်း မရှိပါဘူး။
ဒဂုံမြို့သစ် မြို့နယ်တွေ အပါအ၀င် မြို့နယ်တချို့မှာ ကျောင်းသားအရွယ် ကလေးတွေ ပျောက်ဆုံးနေတာပါ။
ကျောင်းသားတွေ ပျောက်ဆုံးနေတဲ့အကြောင်း မိဘတွေက အကူအညီတောင်း အကြောင်းကြားထားတာ သုံးဦးရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ ပါတီသစ်က ရုံးတာဝန်ခံ ဦးမျိုးထွန်းက ပြောပါတယ်။
“၂၀ ရက်၊ ၉ လ၊ ၂၀၁၁ ခုပေါ့နော်။ အဖေနာမည်က ဦးသိန်းဝင်း၊ ပျောက်သွားတဲ့ ကလေးက အောင်ကျော်ဖြိုးတဲ့။ ၈ ရက်၊ ၉ လ၊ ၂၀၁၁ မှာ ပျောက်တာ။ အသက်က ၁၈ နှစ်ကျော်၊ သင်္ချာ ဒုတိယနှစ် ကျောင်းကနေ အပြန်မှာ ပျောက်သွားတယ်။
“နောက်တဦးက တောင်ဥက္ကလာ ၉ ရပ်ကွက်က အဖေနာမည်က ဦးအောင်ခင်ထွန်း၊ ကလေးနာမည်က ကိုကိုဟိန်း ခေါ် ဖိုးသင်္ကြန်တဲ့။ အသက်က ၁၂ နှစ်၊ အထက ၅ တောင်ဥက္ကလာ ၇ တန်းကျောင်းသား။ သူက မနက်ဘက်ကို ၇ နာရီ ၁၅ လောက်။ ၄ ရက်၊ ၉ လ၊ ၂၀၁၁ တနင်္ဂနွေနေ့ မုန့်သွားထွက်ဝယ်စားရင်းနဲ့ ပျောက်သွားတယ်ခင်ဗျ။
“နောက် ကျောင်းသူလေး တယောက်ပေါ့နော် သူကတော့ ပြန်တွေ့သွားတယ်ခင်ဗျ။ မစုလဲ့လဲ့ဝေတဲ့ အသက်က ၁၉ နှစ်၊ ဒုတိယနှစ် စီးပွားရေး တက္ကသိုလ်ခင်ဗျ။ သူကလည်း အဲဒီလိုပဲ ကျောင်းကနေ ပြန်လာပြီးတော့ ပျောက်သွားတယ် ဆိုပြီးတော့ ပြောတယ်။ နောက်ကျတော့ ပြန်တွေ့ပြီ ဆိုပြီးတော့ သူ့အကိုကနေ ကျနော်တို့ကို လာပြီး ပြန်အကြောင်းကြားတယ် ခင်ဗျ။”
သားဖြစ်သူ မောင်အောင်ကျော်ဖြိုး ပျောက်ဆုံးနေတာ သုံးလ ကြာသွားပြီဖြစ်လို့ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားထားတယ်လို့ သုဝဏ်ဏ နှင်းဆီကုန်းရပ်ကွက်၊ အောင်တံခွန်လမ်းနေ ဦးသိန်းဝင်းက ပြောပါတယ်။
“ရဲစခန်းကတော့ အားနေရင် ကျနော့်ကို ဒါပဲ လှမ်းလှမ်းမေးနေတာ။ ဘာသတင်းရလား၊ ဘယ်ကသတင်းရလဲ ကျနော့်လာမေးနေစရာ မလိုဘူး။ ကျနော်ပဲ သတင်းရသလား။ ကျနော်တို့လည်း ရှာပါတယ်ဗျာတဲ့။ ကျနော်တို့ကို အပေါ်က အပေါ်က အရမ်းထုနေတယ်တဲ့ ကျနော်တို့လည်း အပြင်မှာ ရှာပါတယ် မတွေ့ဘူးဘာညာ ပြောတာပေါ့လေ သူတို့က။ နေဗျာလို့။ ဒါတွေက ကိုယ့်ဟာ့ကိုယ် ရှာရမလို ဖြစ်သွားပြီလို့။ ခင်ဗျားလည်း ဘာမှ လုပ်မပေးနိုင်တော့ဘူး။ ကျနော်လည်း အဲဒီအတိုင်းတော့ ပြောခဲ့လိုက်တယ်။”
သားပျောက်ဆုံးတဲ့ကိစ္စကို ရဲစခန်းအပြင် အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၊ ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့ကို တိုင်ကြားထားတယ်လို့လည်း ပြောပါတယ်။
သက်ဆိုင်ရာ သုဝဏ်ဏရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “ကျနော်တို့က ပြောခွင့် မရှိပါဘူးနော်။ ပြောခွင့်မရှိလို့ပါနော်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ကလေးပျောက်တိုင်ကြားတာကို ဆောင်ရွက်ပေးခြင်း မရှိတဲ့ ရဲစခန်းတွေကို ထိရောက်စွာ အရေးယူသွားမယ်၊ ကလေးပျောက်တာရှိရင် သူ့ကိုလည်း လာပြောနိုင်တယ်၊ တွေ့အောင်ရှာပေးမယ်လို့ ပြောတဲ့အကြောင်း နိုဝင်ဘာ ၈ ရက်နေ့ထုတ် ဖလားဝါးနယူးစ်ဂျာနယ်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ရန်ကုန်မြို့ မြို့နယ်တချို့မှာ ကလေးပျောက်ဆုံးမှုတွေ၊ ဖြားယောင်း သွေးဆောင် ခေါ်ယူသွားမှုတွေ ဖြစ်ပွားနေတဲ့အကြောင်း၊ ဂျာနယ်တွေမှာ ကလေးပျောက်တယ် ဆိုတာ ကောလာဟလတွေ ဖြစ်တယ်ဆိုလို့ မိဘတွေအနေနဲ့ ဘာကိုယုံရမလဲ မသိတော့တဲ့ အကြောင်း၊ ဒါကြောင့် ကလေးပျောက်သတင်းတွေကို သတင်းစာတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်ကနေ မိဘတွေ စိတ်အေးရအောင် သိသင့်သိထိုက်တာတွေ ဖော်ပြပေးစေချင်တဲ့ အကြောင်း သတင်းဖော်ပြထားတာ တွေ့ရပါတယ်။ကျောင်းသားအချို့ ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေး
ရွှေအောင်
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ကျောင်းသားအရွယ်ကလေးတချို့ ပျောက်ဆုံးနေတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာ ရဲစခန်းတွေက ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်း မရှိပါဘူး။
ဒဂုံမြို့သစ် မြို့နယ်တွေ အပါအ၀င် မြို့နယ်တချို့မှာ ကျောင်းသားအရွယ် ကလေးတွေ ပျောက်ဆုံးနေတာပါ။
ကျောင်းသားတွေ ပျောက်ဆုံးနေတဲ့အကြောင်း မိဘတွေက အကူအညီတောင်း အကြောင်းကြားထားတာ သုံးဦးရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ ပါတီသစ်က ရုံးတာဝန်ခံ ဦးမျိုးထွန်းက ပြောပါတယ်။
“၂၀ ရက်၊ ၉ လ၊ ၂၀၁၁ ခုပေါ့နော်။ အဖေနာမည်က ဦးသိန်းဝင်း၊ ပျောက်သွားတဲ့ ကလေးက အောင်ကျော်ဖြိုးတဲ့။ ၈ ရက်၊ ၉ လ၊ ၂၀၁၁ မှာ ပျောက်တာ။ အသက်က ၁၈ နှစ်ကျော်၊ သင်္ချာ ဒုတိယနှစ် ကျောင်းကနေ အပြန်မှာ ပျောက်သွားတယ်။
“နောက်တဦးက တောင်ဥက္ကလာ ၉ ရပ်ကွက်က အဖေနာမည်က ဦးအောင်ခင်ထွန်း၊ ကလေးနာမည်က ကိုကိုဟိန်း ခေါ် ဖိုးသင်္ကြန်တဲ့။ အသက်က ၁၂ နှစ်၊ အထက ၅ တောင်ဥက္ကလာ ၇ တန်းကျောင်းသား။ သူက မနက်ဘက်ကို ၇ နာရီ ၁၅ လောက်။ ၄ ရက်၊ ၉ လ၊ ၂၀၁၁ တနင်္ဂနွေနေ့ မုန့်သွားထွက်ဝယ်စားရင်းနဲ့ ပျောက်သွားတယ်ခင်ဗျ။
“နောက် ကျောင်းသူလေး တယောက်ပေါ့နော် သူကတော့ ပြန်တွေ့သွားတယ်ခင်ဗျ။ မစုလဲ့လဲ့ဝေတဲ့ အသက်က ၁၉ နှစ်၊ ဒုတိယနှစ် စီးပွားရေး တက္ကသိုလ်ခင်ဗျ။ သူကလည်း အဲဒီလိုပဲ ကျောင်းကနေ ပြန်လာပြီးတော့ ပျောက်သွားတယ် ဆိုပြီးတော့ ပြောတယ်။ နောက်ကျတော့ ပြန်တွေ့ပြီ ဆိုပြီးတော့ သူ့အကိုကနေ ကျနော်တို့ကို လာပြီး ပြန်အကြောင်းကြားတယ် ခင်ဗျ။”
သားဖြစ်သူ မောင်အောင်ကျော်ဖြိုး ပျောက်ဆုံးနေတာ သုံးလ ကြာသွားပြီဖြစ်လို့ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားထားတယ်လို့ သုဝဏ်ဏ နှင်းဆီကုန်းရပ်ကွက်၊ အောင်တံခွန်လမ်းနေ ဦးသိန်းဝင်းက ပြောပါတယ်။
“ရဲစခန်းကတော့ အားနေရင် ကျနော့်ကို ဒါပဲ လှမ်းလှမ်းမေးနေတာ။ ဘာသတင်းရလား၊ ဘယ်ကသတင်းရလဲ ကျနော့်လာမေးနေစရာ မလိုဘူး။ ကျနော်ပဲ သတင်းရသလား။ ကျနော်တို့လည်း ရှာပါတယ်ဗျာတဲ့။ ကျနော်တို့ကို အပေါ်က အပေါ်က အရမ်းထုနေတယ်တဲ့ ကျနော်တို့လည်း အပြင်မှာ ရှာပါတယ် မတွေ့ဘူးဘာညာ ပြောတာပေါ့လေ သူတို့က။ နေဗျာလို့။ ဒါတွေက ကိုယ့်ဟာ့ကိုယ် ရှာရမလို ဖြစ်သွားပြီလို့။ ခင်ဗျားလည်း ဘာမှ လုပ်မပေးနိုင်တော့ဘူး။ ကျနော်လည်း အဲဒီအတိုင်းတော့ ပြောခဲ့လိုက်တယ်။”
သားပျောက်ဆုံးတဲ့ကိစ္စကို ရဲစခန်းအပြင် အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၊ ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့ကို တိုင်ကြားထားတယ်လို့လည်း ပြောပါတယ်။
သက်ဆိုင်ရာ သုဝဏ်ဏရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “ကျနော်တို့က ပြောခွင့် မရှိပါဘူးနော်။ ပြောခွင့်မရှိလို့ပါနော်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ကလေးပျောက်တိုင်ကြားတာကို ဆောင်ရွက်ပေးခြင်း မရှိတဲ့ ရဲစခန်းတွေကို ထိရောက်စွာ အရေးယူသွားမယ်၊ ကလေးပျောက်တာရှိရင် သူ့ကိုလည်း လာပြောနိုင်တယ်၊ တွေ့အောင်ရှာပေးမယ်လို့ ပြောတဲ့အကြောင်း နိုဝင်ဘာ ၈ ရက်နေ့ထုတ် ဖလားဝါးနယူးစ်ဂျာနယ်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ရန်ကုန်မြို့ မြို့နယ်တချို့မှာ ကလေးပျောက်ဆုံးမှုတွေ၊ ဖြားယောင်း သွေးဆောင် ခေါ်ယူသွားမှုတွေ ဖြစ်ပွားနေတဲ့အကြောင်း၊ ဂျာနယ်တွေမှာ ကလေးပျောက်တယ် ဆိုတာ ကောလာဟလတွေ ဖြစ်တယ်ဆိုလို့ မိဘတွေအနေနဲ့ ဘာကိုယုံရမလဲ မသိတော့တဲ့ အကြောင်း၊ ဒါကြောင့် ကလေးပျောက်သတင်းတွေကို သတင်းစာတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်ကနေ မိဘတွေ စိတ်အေးရအောင် သိသင့်သိထိုက်တာတွေ ဖော်ပြပေးစေချင်တဲ့ အကြောင်း သတင်းဖော်ပြထားတာ တွေ့ရပါတယ်။
http://burmese.dvb.no/archives/17621
ကဒါဖီ ဘယ်လို သေဆုံး ခဲ့ သလဲ (ဇာတ်သိမ်း)
by FNG on November 10, 2011
A Libyan National Transitional Council (Battle of Sirte ဆိုသည် မှာ လစ်ဗျား နိုင်ငံ ၏ နောက်ဆုံး ကျန် ရှိ နေ သည့် အာဏာရှင် ထိမ်းချုပ်
ထား ရာ မြို့ ကို လစ်ဗျား တော် လှန် ရေး သက်တမ်း နှင့် အတူ တိုက် ယူ ရခြင်း ကို ပြောခြင်း
ဖြစ်သည်။ အာဏာရှင် အသိုင်း အ၀ိုင်း ၊ လစ်ဗျား စစ်တပ် အရာ ရှိ များ ၊ လစ်ဗျား အစိုးရ
ခေါင်းဆောင် များ နှင့် ကဒါဖီ မွေးဖွား ရာ မြို့ ဖြစ်သောကြောင့် အဆိုပါ မြို့  ကို လစ်ဗျား လက်နက်
ကိုင် တော်လှန်ရေး သမား များ ထရီပိုလီ မကျ မခြင်း သိမ်း ပိုက် နိုင် ခဲ့ ခြင်း မရှိ ကြ ချေ။
ဆာတ် သည် အသေဆိုး ဖြင့် အလ္လဟာ အရှင်မြတ် အမိန့် တော် ခံယူ သွား သည် အာဏာရှင်
ကဒါဖီ ၏ နောက် ဆုံး ခို လှုံ ရာ ဖြစ် ခဲ့ သည်။
ကဒါဖီ နှင့်  အတူ အဖမ်းခံရ ခဲ့ ရပြီး ယခု မစ်ဆရာတာမြို့ ရှိ  အကျဉ်းထောင် (ယခင်က နိုင်ငံရေး တက်ကြွ
လှုပ်ရှား သူ များ ကို ကဒါဖီက ဖမ်းဆီး ထားရာအကျဉ်း ထောင်) ထဲ တွင် ထိမ်းသိမ်း ခံထား ရသည့် ကဒါဖီ၏
ထိပ်တန်း လက်ထောက် တစ်ဦး ဖြစ်သူ မွန်ဆာ ဒေါ က CNN သတင်း ဌာန နှင့် တွေ ဆုံ ရာတွင်
“ ကဒါဖီ ဟာ ဆာတ် ကို ရောက် တော့ အတော်လန့် နေ ပြီ ဒီကို ထွက် ပြေးလာတဲ့ ကားတန်း တွေ
မှာ ရိက္ခာ တွေ ပါမလာ တော့ ဘူး ၊ သူတို့  သား အဖ လူတွေ မနေ တော့ တဲ့ အိမ်တွေ ၀င်ပြီး နံပြား
တို့  တို ရှည် တို့ လို စာကြွင်းစားကျန် တွေ ရှိ မလား ၀င် ပြီး ရှာ စား ရတယ် “ ဟု ပြောသည်။
ဆာတ် ရဲ့  အနောက်ဘက် ကီလိုမီတာ ၂၀ လောက်မှာ Jaref ဆို တဲ့ ရွာလေး ရှိတယ်ဗျ။ အဲဒါ သူ့ မွေး ရပ်
မြေပဲ ၊ သူ အဲဒီ ကို သွား ချင်တယ်။ သူ အဲဒီ မှာ ပဲ အသက် ထွက် ချင် တယ် ပြောတယ်။ နောက် ကျတော့
ဒီမြို့  မှာ စီအိုင်အေ နဲ့  NTC အင်ဖော်မာ တွေ ခြေချင်း လိမ် နေတယ် ကြားတာ နဲ့ သူ မသွား ရဲ တော့ ဘူး၊
ဆိုတာ သိလိုက်တယ် ဟု ထရီပိုလီ မြို့  မှ ကဒါဖီ နဲ့  အတူ ထွက် ပြေး လာ သည့် လစ်ဗျား အာဏာရှင် ၏
လက်ရုံးက CNN ကို ပြောပြသည်။
အခုတော့ သူ လည်း မစ်ဆရာ တာ အကျဉ်းထောင် ထဲ က နေ ပြီး အမိန့် ချမယ့် ရက် ကို လက် ချိုး ရေတွက်
နေရ သည်။
epa02975220 The body of dead former Libyan Leader Muammar Gaddafi is seen inside a storage freezer in Misrata, Libya, 21 October 2011. According to media reports on 21 October, NATO denied that it had deliberately targeted Libya's Muammar Gaddafi, but admitted bombing his convoy. NATO Secretary General Anders Fogh Rasmussen said on 20 October that the defence organization would soon end its mission in Libya now that Gaddafi's 'rule of fear has finally come to an end'. EPA/MOHAMED MESSARA ATTENTION EDITORS: THIS PICTURE CONTAINS GRAPHIC CONTENT
သူက “ လူ တွေ က ခက် သားဗျ ရှင် နည်း ရာ အဂ္ဂ လူထွက် NTC တပ် တွေ က အရေး မယူ ဘူး ၊ မူလရာ
ထူး ပြန်ပေး မယ် ဆို ပြီး မက် လုံး ပေး ခေါ် တဲ့ အခါ ကြ တော့ တစ်ချို့  သစ္စာ ဖောက် သွား ကြတယ် ၊
ခေါင်းဆောင် ကြီး ကို ချီးထုပ် ကြီး ၊ လူသတ်ကောင် ကြီး ဆို ပြီး ဘက်ပြောင်း သွား ကြတယ်ဗျာ ဟု  အချုပ်
ခန်း တွင်း မှ နေ ၍ ကဒါဖီ ၏ နောက်ဆုံး နေ့  များ ကို သံဝေဂ ရဖွယ်ရာ ပြောပြ သည်။
နောက်ပိုင်း တွင် တော့ မွန်ဆာ ဒေါ လက်အောက် မှ ကဒါဖီ ကို ရာနှုန်း ပြည့် သစ္စာ ခံ သူများ က ဘက်ပြောင်း
မည့်  သူများ ကို ပစ်သတ် ခြင်း ၊  ခြေလက် များ ဖြတ်တောက် ခြင်း တို့  ကို ကဒါဖီ ၏ အမိန့်  အတိုင်း ရက်
ရက် စက်စက် လုပ် ခဲ့ သည် ဟု New York Times သတင်း စာ နှင့် တွေ့ ဆုံ ခန်း တွင် ပြောပြသည်။
မွန်ဆာ ဒေါ သည်  ထရီပိုလီ မြို့ ထဲ မှ ကဒါဖီ နှင့် အတူ “ ထွက်တော် မူ နန်း က ခွာ” သူ များ  တွင် လိုက်
ပါ လာသူများ အနက် အကြီးဆုံး တစ်ဦး ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီး အဘူ ဘာကာ ယူနစ် ကမူ ကဒါဖီ နှင့်
အတူ ကန္တာရ ထဲ တွင် အသက် ပျောက် သွား ခဲ့ ပြီ ဖြစ်သည်။
ကဒါဖီ က နောက်ပိုင်း နေတိုး ၊ နေတိုး ကို တော်တော် လန့် လာ တယ်။ တစ်ခါ တစ်လေ သူ ကုရ်အန် ကျမ်း
စာ ကိုင် ရင်း နေတိုး … နေ တိုး ဆို ပြီး ရွတ် နေတတ် တယ်။ မသိရင် ကုရ် အန် ထဲ မှာ နေ တိုး နဲ့  ပတ်သက်
တဲ့ နှုတ်ကပတ် တော် ကို အလ္လာ က ပြောဆို သွား ပုံ ပဲ ဟု သူ ကြုံ ရတဲ့ အဖြစ် များ မစ်ဆရာတာ ရှိ
လစ်ဗျား ကြားဖြတ် အစိုးရ ထောက်လှမ်းရေး ဌာန ခွဲ ရှိ အခန်း ထဲ မှာ နေ ၍ Human Rights
Watch သို့  ပြောပြ သည်။
အောက်တိုဘာ လ ၁၉ ရက်နေ့  ညတွင် NTC တပ်များ ကဒါဖီ တို့  စခန်း ချရာ ဆာတ်မြို့  ထဲမှ အမှတ်
၂  ခရိုင် အထိ ချီတက် လာ နေပြီ ဆို သည့် သတင်း ကို ရလိုက် သည်။ ထိုနေ့ ကား အမေရိကန် နိုင်ငံ
ခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ထရီပိုလီ သို့ လာရောက် လည်ပတ်ပြီး နောက်တစ်နေ့ တွင် ဖြစ်
သည်။
ယခု ထောင်သွင်း အကျဉ်းချ ခံထားရသည့် ကဒါဖီ ၏ ညာလက်ရုံး နှင့် လစ်ဗျား စွမ်း အား ရှင် ခေါင်းဆောင် မူဆာဒေါ Photo : New York Times
ဒါဆို သူတို့  အမြန်ဆုံး ဒီမြို့  က ထွက်ပြေးမှ ဖြစ်တော့ မည် ကဒါဖီ က ညတွင်းချင်း ထွက် ပြေး ချင် နေသည်။ မနေ့ ကတော့ သူ့ သမီးလတ်အယ်(လ)ဂျီးရီးယား နယ်စပ် မှာ ကလေး မွေး တယ် ဆို တာ သူ သိလိုက် သည်။ သူ ဒီမြို့  က အမြန် ဆုံးလွတ် မြောက်ရန် တပ် ပြန် စု သော်လည်း ချက်ခြင်း တပ်ပြန် စု ၍ မရ။ အားလုံး တစ်ကွဲ တစ်ပြား စီဖြစ်နေသည်။ အချို့  က ကဒါဖီ နှင့် မလိုက် လို တော့ ၍ NTC တွင် လက်နက် ချသွား ပြီး အချို့  က ပုန်းအောင်းနေကြသည်။ ကဒါဖီ က တပ်ပျက် နေသည် ဟု ပြောလျှင် မှန်ပေမည့် ဟု မူဆာ ဒေါ နှင့် အတူ အဖမ်းခံ
ရသည့် 2011 လစ်ဗျား အုံကြွမှု ကို နှိမ်နှင်း ခဲ့ သည့် ကဒါဖီ ၏ စွမ်းအားရှင် တပ်မှ ဗိုလ်မှုး ခါလစ် အယ်
မူလက နံနက်  လေးနာရီ ဝေလီ ဝေလင်း အချိန်  တွင် ဆာတ် မှာ ထွက်ပြေး ရန် စီစဉ်ထား သော်လည်း
လက်နက်ကြီးတင် ကားများ ကို ဆီဖြည့် နေပြီး လမ်းခရီး ဉ် စက်သုံးဆီ ပြတ်လပ်မှု မရှိရန် စီစဉ်နေရ
သောကြောင့် သတ်မှတ် ချိန် ထက် လေးနာရီ နောက် ဆုတ် ပြီးမှ မြို့  က ထွက် ခွာ နိုင် ခဲ့ သည်။
ရုရှား လုပ် မြေပြင်မှ မြေပြင် ပြစ် ဒုံးလက်နက် တင်ဆောင်ထား သည့် ကား ခြောက်စီး နှင့် မြေပြင်မှ ဝေဟင်
ပြစ် ဒုံး လက်နက်ကို တင်ဆောင် ထား သည့် ကား နှစ် စီး ကို ဆီ အပြည့် ဖြည့်ပြီး ထိုကားများ အတွက် ထပ်
မံ လို အပ် မည့် လောင်စာ ဆီ ကို တိုယိုတာ ပစ်ကပ် ကားများ ပေါ် တွင် အပြည့် တင်ဆောင် ရခြင်းကြောင့်
ကဒါဖီ တို့  ဆာတ်မြို့  က ထွက် ချိန် တွင် မိုး စင်စင် လင်းနေ ပြီ ဖြစ်သည်။
မော်တော်ကား ၇၅ စီးဖြင့် ဆာတ်မြို့ ပြင် နှစ် ကီလို မီတာ လောက် အရောက်မှာ ကဒါဖီ ၏ ဂြိုလ်တုဖုန်း ခေါ်
ဆို မှု ကို နေတိုး က အတိအကျ ခြေရာ ခံ မိပြီး နောက်ဆယ် မိနစ် လောက် အရောက် မှာ တော့ မိုင်ထောင်
ချီ ဝေး သည့် အမေရိကန် နိုင်ငံ နီဗားဒါး ပြည်နယ် ရှိ လေတပ် စခန်း မှ ထိမ်းချုပ် မောင်းနှင် နေသည့် ပရီဒေ
တာ ဒရုမ်း ဖြင့် တစ်နာရီ ၇၅ မိုင်နှုန်း အရှိန် ခန့်  မောင်းနှင်လာသည့် ကဒါဖီ တို့  ကားတန်း မှာ ရှေဆုံးည ပစ်
ကပ်ကား နှင့် စစ်ကား နှစ် စီး ကို ပစ်ချလိုက်သည်။
ဆယ်မိနစ် လောက်အကြာတွင် ပြင်သစ် လေတပ်မှ တိုက်လေယာဉ်များ က ယာဉ်တန်းများ ကို ဆက်
လက် ပစ် ချ ရာ ယာဉ် အစီး ၂၀ ခန့် က မူလ ကားတန်း နှင့် ကွဲ ပြီး ကစဥ့် ကလျှား ဖြစ်ကုန်သည်။ အချို့ 
ပစ်ကပ် များ မှာ မီးလောင် ပေါက်ကွဲ နေပြီး ယာဉ်ပေါ် ပါလာ သည့် ကဒါဖီ ၏ သစ္စာ ခံ ၂၀ ကျော် သေ
ဆုံးခဲ့ ပြီး ဖြစ်သည်။  နေတိုးလေယာဉ် ၂ စီးက ထပ်မံ ပစ်ခတ် ပြီး နောက် တွင် NTC မြေပြင် တပ် ဖွဲ့  များ
က ရောက်ရှိလာပြီး ပစ်ခတ် ရာ ကဒါဖီ ၏ တပ်ဖွဲ့  များ မော်တော်ကာ တန်း များ ကို ၀ိုင်းဝန်း ပစ်ခတ် မှု ကြောင့်
ယာဉ်တန်း တွင် ပါလာ သူတို့  ခွေးပြေး ၀က်ပြေး ဖြစ်ကုန် သည်။
နံနက် ကိုး နာရီ ဆယ်မိနစ် ခန့် တွင် တိုယိုတာ ထရပ် ကား တစ်စီးမှ လူ ကိုးယောက် ခန့် ပြေးဆင်းလာ ပြီး
ကားလမ်းဘေးရှိ ရေပိုက်မြောင်းများ ထဲသို့  ၀င် ပုန်းကြသည်။ NTC တပ် ဖွဲ့  က ထွက် လာ ဖို့  ပြောသည့် အခါ
အထဲက ပြန်လည် ပစ်ခတ် သဖြင့် NTC တပ်ဖွဲ့  ၀င် နှစ်ဦး သေဆုံး ခဲ့ သည်။
ရေမြောင်းထဲ မှာ ပစ်ခတ် နေသူ အား NTC လက်ဖြောင့် သမား နှစ် ဦး က လေးချက် ပြန်လည် ပစ်ခတ် ပြီး
နောက် အထဲ မှ ပစ်ခတ် မှု များ ငြိမ်သွား ခဲ့ သည်။
လေး မိနစ် လောက်ကြာ တော့ ရေမြောင်း ထဲ မှ လူ ခြောက် ဦး ထွက် လာသည်။
ကဒါဖီ ၊ သူ ၏ သားဖြစ်သူ မူတာဆင် ကဒါဖီ ၊ ကာကွယ်ရေး ၀န်ကြီး နှင့် နောက်ထပ် လက်နက် ကိုင် သုံးဦး
ဖြစ်သည်။ NTC တပ်ဖွဲ့  ၀င်များ က ကဒါဖီ ကို ဖမ်းဆီး ပြီး သူတို့  ၏ ယာဉ်တန်းဆီ သို့  ခေါ်ဆောင် သွား
ကြသည်။
CNN သတင်းဌာန ကို မူဆာဒေါ က ပြန်ပြောင်း ပြော ပြ ချိန် တွင် သူ တို့  ခေါင်းဆောင် ကြီး ရဲ့  ဖင်ထဲကို
ဘက်နက် နဲ့  ထိုးတယ်။ ကျွန်တော်လည်း တိုက်လေယာဉ် ကျဉ်ဆန် မှန် ထား တော့ သတိ မေ့ သွားတယ်။
ပြန်သတိရလာ တော့ မစ်ဆရတာ ဆေးရုံ အချုပ်ခန်း ထဲမှာ ဖြစ်ပျက် ခဲတာ တွေ အတွက် အလွန်
ဝမ်းနည်း ပါတယ် လို့  ပြောပါ ရစေ လို့  သူက ညှိုးငယ် တဲ့ အသံ နဲ့  CNN သတင်းဌာန ကို ပြောပါတယ်။
ကဒါဖီ နောက်ဆုံး ပုန်းအောင်ခဲ့ရာ ရေသွန်မြောင်းကြီး ၊ ယခု ဆာတ် မြို့ ခံ များ က ကမ္ဘာ လှည့် ခရီးသွား တို့  ကို ဆွဲဆောင် မှု တစ်ခု ဖြစ်အောင် လုပ်နေပြီ ဟု ဆိုသည်။
ကဒါဖီ ဘယ်လို သေဆုံး ခဲ့ သလဲ (Special Report) II
ကဒါဖီ ဘယ်လို သေဆုံး ခဲ့ သလဲ (Special Report)
ဤဆောင်း  ပါး ဖြစ် မြောက် ရေး အတွက် အယ်(လ)ဂျာဇီးယား ၊ ရိုက်တာ ၊ AFPAP
Huffington Post၊ New York Times  Times ၊ France 24CNN ၊ လစ်ဗျား သတင်း
ဌာ န များနှင့် ၀ီကီ ပီဒီယား တို့  ကို ကို ကား ခဲ့ ပါသည်။
Freedom News Group မှ နိုင်ငံ တကာ သတင်း အဖွဲ့  က ဘာသာ ပြန်ဆို တင်ဆက်ခြင်း ဖြစ်ပါသည်။
http://freedomnewsgroup.com/2011/11/10/agony-of-gaddafi/#more-22448
နိုင်ငံရေးပုံသဏ္ဍန်တွေ
Interview with U Win Tin
နိုင်ငံရေးပုံသဏ္ဍန်တွေ ဆက်လက်ထုတ်ဖော်တည်ဆောက်ကြရမယ်
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၁
နိုဝင်ဘာ ၄ ရက်နေ့စွဲနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေထွက်လာတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာရေးဆိုတဲ့စကားရပ်ကို ပြောင်းလဲသုံးစွဲတယ်။ အနည်းဆုံး ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှု ပြုနိုင်၊ မပြုနိုင် ဆိုတဲ့စကားရပ်ကို ထည့်သွင်း ရှင်းလင်းလိုက်တယ်။ နိုင်ငံရေးအကျဉ်းသား(ဟောင်း) တွေကို နိုင်ငံရေးပါတီများမှာ ၀င်ရောက်ခွင့်မရနိုင်အောင် ကန့်သတ်ထားတာတွေကို ပြင်ဆင်လိုက်တယ်။ အဲဒီ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ လက်ရှိလွှတ်တော်ပြင်ပမှာ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်ဒီပါတီအနေနဲ့ အဆိုပါဥပဒေနဲ့အညီ ပါတီမှတ်ပုံတင်ရန်၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရန်နဲ့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာမှုများကို ရင်ဆိုင်ရန် ဆွေးနွေးဆုံးဖြတ်ကြဖို့ လာမည့် နိုဝင်ဘာ ၁၈၊ သောကြာနေ့ကို ပါတီခေါင်းဆောင်များအသီးသီးနဲ့ အစည်းအဝေးကျင်းပမယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယမန်နေ့က ဆရာဦးဝင်းတင်နဲ့ မေးမြန်းခဲ့သည်များကို တင်ဆက်လိုက်ပါတယ်။
မေး။။၂၀၁၀ မတ်လ ၈ ရက်နေ့လောက်က ရွေးကောက်ပွဲဥပဒေထွက်လာခဲ့တုန်းက အင်န်အယ်ဒီမှာ စီအီးစီတွေ အစည်းအဝေးထိုင်ချိန်နဲ့ တိုက်ဆိုင်ခဲ့တယ်။ အဲသည်တုန်းက တခါတည်း ဆုံးဖြတ်ခဲ့တာ ရှိသလားဆရာ။
-       မရှိပါဘူး။ ဘယ်သူမှလည်း သေချာ မသိကြသေးဘူး။ ဘယ်သူမှ မဆွေးနွေးနိုင်ကြဘူး။ နောက်တပတ်ဖြစ်တဲ့ မတ် ၁၅ ရက်နေ့ကျမှ အရေးပေါ်ဆွေးနွေးနိုင်ခဲ့တယ်။
မေး။။ အဲသည်နောက် ၂၀၁၀ မတ် ၁၅ နောက်ပိုင်းမှာ ပါတီက ကန့်ကွက်သူမရှိတဲ့ ဆုံးဖြတ်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ပါတီကို ထပ်မံမှတ်ပုံမတင်ခဲ့ဘူး။ အဲသည်တုန်းက ဆရာတို့က ပြည်သူလူထုရဲ့ထောက်ခံမှုကို ရရှိထားတဲ့ နိုင်ငံရေးအင်အားစုကြီးဖြစ်တယ်လို့ သဘောထားပြောဆိုပြီးတော့ ရပ်တည်ခဲ့တယ်။ တရားဝင်ပါတီတို့ တရားမ၀င်ပါတီတို့လို့တောင်မှ မသုံးနှုန်းတော့ဘူး။ အဲသလို ရပ်တည်ခဲ့တာတွေကနေ တဆင့်ပြီး တဆင့် အခုလိုမျိုး တဖက်က စစ်အုပ်စုနဲ့ လက်ရှိကြံ့ဖွံ့အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဆီ ဦးတည်နိုင်ခဲ့တယ်လို့ ပြောလို့ ရမလားဆရာ။
-       ပြောနိုင်ပါတယ်။ ပါတီဟာ အဲသည်တုန်းကတည်းက တရားမ၀င်ပါတီအဖြစ်နဲ့ ရပ်တည်ခဲ့ကြတယ်။ မြေအောက်လည်း မသွားဘူး၊ လက်နက်လည်း မကိုင်ဘူး။ လူထုတရပ်လုံးကလည်း ပါတီနဲ့ အတူတူရပ်တည်ခဲ့ကြတဲ့အတွက် အဲသည်တုန်းကတည်းက အစိုးရက ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အဲသည်ကတည်းက ရပ်တည်ချက်မှန်လို့၊ မူပေါ်မှာ ရပ်လို့ လူထုရဲ့ နိုင်ငံရေးအင်အားစုကြီးအဖြစ် အောင်မြင်မှုတွေ ရခဲ့တယ်။
မေး။။ ဟိုလွန်ခဲ့တဲ့ ၂၀၁၀ မတ်လမှာ ကျနော်တို့ မေးခဲ့သလိုပေါ့လေ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဥပဒေတွေကြောင့် အင်န်အယ်ဒီဟာ ဟိုးတုန်းက လွတ်လပ်ရေးခေတ်ဦးကာလ ဖဆပလကြီး ၂ခြမ်းကွဲသလို အန်အယ်ဒီဟာ ကွဲမှာလားလို့ မေးခဲ့တော့၊ ဆရာတို့က မကွဲပါဘူးလို့ ပြောခဲ့တယ်။ ပါတီဟာ အဲသည်ကာလကို တစုတစည်းတည်း ရပ်တည်ပြီး ရင်ဆိုင်ခဲ့တယ်။ အခုအချိန်မှာလည်းပဲ လက်ရှိအစိုးရဖက်က ပြုပြင်ပြောင်းလဲမှုတွေအရ ပါတီအနေနဲ့ တရားဝင်မှတ်ပုံတင်ဖို့ အခြေအနေကို ရောက်လာပြီလို့ အများက ပြောနေကြတယ်။ အဲသည်နေရာမှာ ဆရာတို့က အင်န်အယ်ဒီပါတီကြီးကို ၉၀ရွေးကောက်ပွဲဆိုတာနဲ့အတူ ထားရစ်ခဲ့ပြီး ပါတီအသစ် လူအသစ်တွေနဲ့ ရင်ဆိုင်ကြလိမ့်မယ်တော့ မဟုတ်ဘူးလို့ ထင်ပါတယ်။
-       အဲလိုမျိုး မဟုတ်ပါဘူး။ အင်န်အယ်ဒီပါတီဟာ ပြည်သူလူထုနဲ့အတူ ရပ်တည်တဲ့ နိုင်ငံရေးအင်အားစုဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးအခြေအနေတွေကို တစုတစည်းတည်း ရပ်တည်ပြီး ရင်ဆိုင်သွားမှာ ဖြစ်တယ်ဆိုတာက သေချာပါတယ်။ အဲသည်လိုပဲ ကျနော်တို့တွေ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့ပြီး ဖြစ်တယ်။ အဲသည်အတွက် အင်န်အယ်ဒီဟာ မိမိရပ်တည်ချက်အတိုင်း၊ မူအတိုင်း ဆက်လက်ပြီး စုစုစည်းစည်း သွားကြမှာဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
အဲသည်မှာ ကျနော်တို့က မြေပေါ်မှာ ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတရပ်ဖြစ်တဲ့အတွက် မှတ်ပုံတင်ဖို့ အခြေအနေရှိလာတယ်လို့ ဖြစ်လာတယ်လို့ ပြောရင်ရပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့ဆိုတာကတော့ အခုအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး စတိဝင်မလား မ၀င်ဘူးလားဆိုတာ စဉ်းစားကြရမယ့် အချက်တခု ရှိနေတာပေါ့ကွာ။
နောက်ပြီးတော့လည်း လက်ရှိလွှတ်တော်ခေါင်းဆောင်တွေကနေပြီးတော့ ၉၀ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုပါတယ်တို့ ဘာတို့ ထုတ်ပြောလာတယ် ဆိုတာကလည်း ဘယ်လိုအတိုင်းအတာနဲ့ ပြောနေတာလည်းဆိုတာကို ပြန်ကြည့်ကြရမယ်လေ။ လွှတ်တော်ကခေါင်းဆောင်တွေက ထုတ်ပြောတယ်ဆိုတာ ကျနော်တို့တောင်းဆိုနေတဲ့ ၉၀ရွေးကောက်ပွဲကို တနည်းနည်းနဲ့ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်ကို ပြောနေတာလား၊ ဒါက တရားဝင်ရဲ့လား၊ လုံလောက်သလား၊ လွှတ်တော်မှာ တင်ပြပြီး ထုတ်ပြန်ဖို့ လိုသလား စတာတွေက ဆွေးနွေးစရာ အချက်တွေ ဖြစ်တယ်လို့ ပြောနိုင်တယ်။
မေး။။ ကျနော်တို့ မေးချင်တာကတော့ ဆရာရယ်၊ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်တယ်ဆိုရင် အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေက အဲသည်ရွေးကောက်ပွဲကနေ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခြင်း ခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီတွေဖြစ်တယ်ဆိုတာပါ တပါတည်း အသိအမှတ်ပြုသလိုဖြစ်သွားတယ်။ သို့သော် သူတို့တွေရဲ့ လွှတ်တော်ခေါ်ဆိုနိုင်ခွင့်တွေ၊ အစိုးရတရပ်ဖွဲ့စည်းနိုင်ခွင့်တွေ မရရှိခဲ့ကြဘူး။ သူတို့ကို ကျော်လွန်ပြီးတော့ အခုကျတော့ ၂၀၁၀ ရွေးကောက်ပွဲတခုနဲ့ အခု ကြံ့ဖွံ့လွှတ်တော်တွေ အစိုးရတွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့် အခုလက်ရှိ အစိုးရနဲ့ လွှတ်တော်က အဲသည်အပေါ်မှာ တစုံတရာ ထုတ်ပြန်ဖို့ လိုမယ် မဟုတ်ဘူးလား လို့  ကျနော်တို့က မေးခွန်းထုတ်နေကြတယ် ဆရာ။
-       အဲဒါတွေက ပြောစရာတွေ အများကြီး ရှိတာပေါ့။ ဒါပေမယ့်လည်း အခုအချိန်မှာ ပြင်ဆင်မှုတွေလုပ်ပေးလာတာတွေတော့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ်ပစ်ရမယ်လို့ ပြောခဲ့တာတွေ ရုတ်သိမ်းလိုက်တယ်။ လက်ရှိအခြေခံဥပဒေကို လေးစားလိုက်နာရမယ်လို့ ပြောင်းပေးတယ်။ ဥပဒေဆိုတာကလည်း ဘာပဲဖြစ်ဖြစ် လေးစား လိုက်နာရမယ်ဆိုတာ the law ပဲလေ။ ဒါကြောင့် လက်ခံနိုင်စရာ ရှိတယ်လို့ ပြောနိုင်တယ်လေ။ ရွေးကောက်ပွဲကို စတိပဲဖြစ်ဖြစ် ၀င်ဖို့ဆိုတာကတော့ ရွှေဂုံတိုင်ကြေညာချက်ထဲမှာ အခြေခံဥပဒေကို ပြင်ဆင်ပေးရန်တို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရန်တို့ ပါနေတော့ အခုအခြေအနေမှာက ဒါတွေက အပြည့်အ၀ မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ သမ္မတကြီး ဦးသိန်းစိန်က အခြေခံဥပဒေကို လိုအပ်ရင် ပြင်ဆင်ကြမယ်လို့ ပြောဆိုတာ ရှိသော်လည်း တကယ်တမ်း လွှတ်တော်မှာ မမြင်ရသေးဘူး။ နိုင်ငံရေးအကျဉ်းသားလွှတ်တာကလည်းပဲ နည်းနည်းပဲ ရှိသေးတယ်။ ဒါတွေကိုလည်း စဉ်းစားစရာ ဖြစ်နေတယ်။
မေး။။ မှတ်ပုံတင်ခြင်းက တပိုင်း၊ ရွေးကောက်ပွဲဝင်ခြင်းက တပိုင်းလို့ ဖြစ်နေတာပေါ့ဆရာ။
-       အဲဒါကို ပတ်ဝန်းကျင်မှာလည်း ပြောဆိုဆွေးနွေးနေကြတာတွေ ရှိတာပေါ့။ မှတ်ပုံပဲတင်ကြမယ် ဆိုတာက တပိုင်း၊ မှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တယ်ဆိုတာ တဆက်တည်းဖြစ်တယ်၊ တခါတည်း ဆက်စပ်စဉ်းစားရမယ်လို့ ပြောကြတာလည်း တပိုင်းပေါ့ကွာ။ ရွေးကောက်ပွဲဝင်ခြင်းဟာ အခြေခံဥပဒေအောက်ကို ၀င်ပြီးတော့ လွှတ်တော်ထဲကို ၀င်တာဖြစ်တယ်လို့ စဉ်းစားကြတာလည်း တပိုင်း။ ၃ မျိုးရှိတယ် လို့ပြောရင်ရတယ်။ ၁ မျိုးကတော့ မှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းကို ခွဲခြားပြီး စဉ်းစားမယ့်ဟာ ရှိမယ်။ နောက် ၁ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ခုချိန်မှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တခါတည်း ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ထဲကနေ လုပ်ဆောင်စေချင်တဲ့ သဘောထားရှိတဲ့သူတွေကတော့ မှတ်ပုံတင်ခြင်းကို ရွေးကောက်ပွဲဝင်တာနဲ့ တပါတည်း ဆုံးဖြတ်မယ်လို့ စဉ်းစားတဲ့ အပိုင်းလည်း ရှိမှာပေါ့ကွာ။ နောက်တပိုင်းကတော့ ပါတီကို မှတ်ပုံတင်သော်လည်း လက်ရှိအခြေခံဥပဒေကို ခေါင်းလျိုဝင်ရမယ့် လွှတ်တော်တက်ဖို့အတွက်တော့ ရွေးကောက်ပွဲမ၀င်နိုင်ဘူးလို့ စဉ်းစားတာကလည်း တပိုင်း ရှိနိုင်တယ်လို့ စဉ်းစားရင် ရမယ် ထင်ပါတယ်။
မေး။။ အဲသည်လို အပိုင်းတွေရှိသော်လည်း ဆွေးနွေး ငြင်းခုံ စဉ်းစားကြတာတွေရှိသော်လည်း အင်န်အယ်ဒီဟာ အစိတ်စိတ် အပိုင်းပိုင်း အကွဲကွဲ အပြားပြားနဲ့ ဖြစ်လာလိမ့်မယ် မဟုတ်ဘူးလို့ ပြောရင် ရမလားဆရာ။
-       ရပါတယ်။ ဟိုးလွန်ခဲ့တဲ့ ၂၀၁၀ မတ်လမှာတုန်းက ကျနော်တို့ပါတီကအင်အားစုတွေတရပ်လုံးက ၂၀၁၀ ရွေးကောက်ပွဲကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့စဉ်က စနစ်တကျ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နဲ့ တစုတစည်းတည်း ဆုံးဖြတ်နိုင်ခဲ့သလိုမျိုး အခုလည်းပဲ ဒီလိုပဲ ကျနော်တို့တတွေက ရင်ဆိုင်ကြမယ်၊ ဆုံးဖြတ်ကြမယ်၊ လိုက်နာကြမယ်ဆိုတာကို ပြောနိုင်ပါတယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နေအိမ်အကျယ်ချူပ်ကျနေခဲ့တယ်။ အခုအချိန်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရှေ့ထွက်ပြီး ဦးဆောင်မှုပေးနေတဲ့အချိန်ဖြစ်တယ်။ အဲလို ပြောနိုင်ပါတယ်။
မေး။။ ဟုတ်ကဲ့ပါဆရာ။ တဆက်တည်းပဲ မနေ့က အကျဉ်းထောင်ထဲမှာ နှစ်ရှည်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အင်န်အယ်ဒီပါတီဝင် မဏီက ပြင်ပက ရဲဘော်တွေ၊ မိတ်ဆွေတွေဆီ ထောင်ထဲက ပေးစာလေးတခု ပို့ပါတယ်။ ကျနော်တို့ မိုးမခမှာ တင်ထားတယ်။ သူကတော့ အတိုချူံးပြောရင် အန္တရာယ်ကင်းဖို့၊ နိုင်ငံရေးပါးနပ်ဖို့၊ စည်းလုံးညီညွတ်ကြဖို့နဲ့ ပန်းတိုင်တူပြီး နည်းနာကွဲနေမယ်ဆိုရင် ခွန်အားတွေ နည်းမယ်လို့ ပြောထားပါတယ်။ အဲသည်ပန်ကြားစာလေးကို ဆရာကို တင်ပြပါတယ် ဆရာ။
-       ကောင်းပါတယ်။ အဲသည်လိုကြားရတာ ၀မ်းသာပါတယ်။ ကျနော်တို့တွေက စနစ်တကျနဲ့ စည်းကမ်းတကျနဲ့ ညီညီညွတ်ညွတ် ရင်ဆိုင်ကြမယ် ဆိုတာကို တိုက်တွန်းနေပါတယ်။ ကိုဇာဂနာတို့၊ ကိုစိုးထွန်းတို့၊ ၈၈ မျိုးဆက်တွေ၊ လူငယ်မျိုးဆက်သစ်တွေကိုလည်း တညီတညွတ်တည်း လုပ်ကြရမှာပဲလို့ တိုက်တွန်းနေတာပါပဲ။ သဘောထားတွေ အယူအဆတွေကလည်း ကွဲပြားတာတော့ ရှိကြမှာပဲ။ နားလည်မှုကို တည်ဆောက်ကြရမှာပဲ။ လှေလှော်နေကြသလိုမျိုးပေါ့လေ။ အားလုံးက တည့်မတ်အောင် ထိန်းသိမ်းပေးနေရတယ်လို့ ပြောချင်တယ်။
မေး။။ အခုလိုမျိုး အပြောင်းအလဲမှာ ကျနော်တို့က ပြောချင်တာတခုကတော့ အစတုန်းက ဒေါ်စုလွတ်လာပြီးတော့ အင်န်အယ်ဒီနဲ့ ဒေါ်စုရဲ့ လှုပ်ရှားမှုတွေကို ကြံ့ဖွံ့အစိုးရရဲ့ ပြည်ထဲရေးကနေ ကန့်သတ်ဖို့ ကြိုးစားတယ်။ ဒေါ်စုက အစိုးရနဲ့ စကားပြောချင်တယ်လို့ တောင်းဆိုတယ်။ နောက်တော့ ဦအောင်ကြည်နဲ့ တွေ့ဆုံတယ်။ အဲသည်တုန်းကလည်း ဒေါ်စုကိုပဲ အသိအမှတ်ပြုပြီး ခေါ်တာဖြစ်တယ်။ ပါတီကို ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ဘူး။ နောက် အားလုံးက၀ိုင်းပြီးပြောဆိုကြလို့ ပါတီခေါင်းဆောင်အနေနဲ့ ဒေါ်စုကို တွေ့ဆုံတာ၊ ပါတီနဲ့ပတ်သက်ပြီး လက်ခံတယ် ဘာညာ ဖြစ်လာတယ်လေ။ အခုကျတော့ ပါတီနဲ့ ဒေါ်စုကို လက်ရှိအစိုးရက အရေးတယူလက်ခံပြီး မှတ်ပုံတင်တာတွေ ဘာတွေ လုပ်လာသော်လည်း အစိုးရနဲ့ အာဏာပိုင်အဆင့်ဆင့်က ပါတီရဲ့ လူကြီး၊ လူငယ်၊ ပါတီဝင်စတဲ့ အဆင့်ဆင့်ကို အသိအမှတ်ပြုပြီး ဆက်ဆံတာတွေ မမြင်ရသေးဘူး။ ဖြစ်သင့်တာက လက်ရှိအစိုးရ၊ လွှတ်တော်နဲ့ အာဏာပိုင်တွေဟာ မဲဆန္ဒရှင်ပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ၊ တိုင်းရင်းသားတွေအားလုံးကို သာတူညီမျှ အရေးထားပြီး ဆက်ဆံရမယ်၊ သူတို့ဆန္ဒတွေကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အဆင့်တွေ ဖြစ်ထွန်းလာဖို့ လိုသေးတယ်လို့ တင်ပြလိုပါတယ် ဆရာ။
- ဟုတ်ပါတယ်။ ဒါကို ကျနော့်အနေနဲ့ လက်ခံပါတယ်။
မေး။။ ဒီမေးခွန်းကတော့ နည်းနည်းရှည်တယ်။ ခွင့်ပြုပါဆရာ။ အခုက နိုင်ငံရေးအပြောင်းအလဲကာလတခုကို သွားနေတဲ့အချိန်လို့ ပြောကြတယ်ဆရာ။ ကျနော်ကတော့ ၁၉၆၂ စစ်တပ်အာဏာမသိမ်းခင် ဖဆပလကြီးကွဲခဲ့တာကို မြင်ယောင်ခဲ့တယ်။ ဒါကို ဆရာ့ကို မေးခဲ့ဘူးတယ်။ အခု မြင်ယောင်တဲ့ဖြစ်ရပ်တခုကတော့ ၁၉၇၄ မှာ စစ်တပ်က ဆိုရှယ်လစ်တပါတီ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားမိတယ်။ အဲသည်မှာ စစ်အာဏာရှင်တဖြစ်လည်း တပါတီအာဏာရှင်နိုင်ငံရေးအောက်မှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ ရပ်တည်မှုတွေ အားနည်းကုန်တယ်၊ လျော့ကျတယ်၊ ပျောက်ပျက်ကုန်တာတွေရှိတယ်။ စာပေ အနုပညာနဲ့ ဘာသာရေး၊ လူမှုရေးလွတ်လပ်ခွင့်တွေ ဖိနှိပ်ခံခဲ့ရတယ်။ ဥပမာ ဆရာတို့ကိုယ်တိုင် ဟံသာဝတီသတင်းစာ အယ်ဒီတာအဖြစ်က ဖယ်ရှားခံရတယ်။ ကိုကိုးကျွန်းပြန်တွေ နိုင်ငံရေးသမားတွေကို လူထုနဲ့ ပြန်လည်ဆက်စပ်မှုမရှိအောင် အာဏာရှင်တွေက ကန့်သတ်တာတွေ၊ ဖိနှိပ်ထားတာတွေ လုပ်ခဲ့တယ်။ အဲသည် ၇၅၊ ၇၆ ကာလတွေမှာ ကျောင်းသား၊ အလုပ်သမားနဲ့ ဦးသန့်အရေးအခင်းတွေ ဖြစ်ပွားခဲ့သော်လည်း စစ်တပ်က ချေမှုန်းဖျက်ဆီးပစ်ခဲ့လို့ ၁၉၈၈ အရေးတော်ပုံကြီး  မပေါ်ခင်စပ်ကြားမှ နိုင်ငံရေးအင်အားစုတွေ မျိုးဆက်တွေ အဆက်ပြတ်ခဲ့ရတာကို ပြန်တွေးမိတယ်။  အခုအချိန်မှာလည်းပဲ မတော်တဆပေါ့လေ၊ အခန့်မသင့်လို့ပဲ ထားပါတော့ ကျနော်တို့တတွေရဲ့ အတိုက်အခံနိုင်ငံရေးလှုပ်ရှားမှုတွေ၊ လွတ်လပ်ခွင့်တွေ၊ လှုပ်ရှားခွင့်တွေဟာ ပုံသဏ္ဍန်အရ အားနည်းကုန်တာ၊ ပြောင်းလဲ လျော့နည်းကုန်တာတွေ ဖြစ်မလာဘူးလို့ ပြောနိုင်သလား။
-       ကျနော် ယခင်ကအင်တာဗျူးတွေမှာ ပြောခဲ့ဘူးပါတယ်။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ၊ ထောင်ထွက်တွေ၊ ၈၈ မျိုးဆက်တွေ၊ မျိုးဆက်သစ် လူငယ်တွေ ကျောင်းသားတွေဟာ မိမိတို့ရဲ့ မူလနိုင်ငံရေးဘ၀တွေကို ဆက်လက်တည်ဆောက်ကြရမယ်။ ပတ်ဝန်းကျင်ကလူတွေကလည်း ၀ိုင်းဝန်းအားပေး ထောက်ခံမှုတွေ ပြုရမယ်လို့ ပြောဖူးတယ်။ ကျနော်ကတော့ ခင်ဗျားပြောသလိုမျိုး မပြောချင်ဘူး။ အခုအချိန်မှာ မိမိရဲ့ ယုံကြည်ချက်နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံရေးဘ၀ကို စွန့်လွှတ်ပြီးတော့ အခြားဘ၀တခု ထူထောင်တာမျိုးထက် ဆက်လက်ပြီး နိုင်ငံရေးပုံသဏ္ဍန်ကို ဖြစ်ထွန်းလာအောင် ထူထောင်ကြရမယ့် အချိန် ဖြစ်တယ်လို့ ပြောနေတာ ဖြစ်တယ်။ ၁၉၇၄ ခုနှစ်နောက်ပိုင်းက ပုံသဏ္ဍန်ကို ပြောတာထက်၊ ကျနော်ပြောချင်တဲ့ ပုံသဏ္ဍန်ကတော့ – ကိုလိုနီခေတ် ၁၉၃၈ နောက်ပိုင်း၊ ၁၃၀၀ ပြည့်အရေးတော်ပုံကာလနောက်ပိုင်းမှာ သခင်အောင်ဆန်းတို့ သပိတ်မှောက်ကျောင်းသားမျိုးဆက်တွေဟာ သခင်ကိုယ်တော်မှိုင်းတို့ရဲ့ ဒို့ဗမာအစည်းအရုံးထဲကို ခြေစုံပစ်ဝင်ပြီးတော့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးထဲကို နိုင်ငံရေးနယ်ပယ်ထဲမှာ  ၀င်ရောက်လာတာမျိုးလိုပဲ ကျနော်က ပြောချင်တယ်။ ယခုအချိန်မှာ အားလုံးကို ဒီလိုပဲ တိုက်တွန်းပါတယ်။ ယခုအချိန်မှာက နိုင်ငံရေးအကြောင်းအရာတွေက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ နိုင်ငံရေးအကြောင်းအရာတွေ လုပ်စရာတွေ အများကြီး ဆက်လက်ရှိနေတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးပုံသဏ္ဍန်တွေကို ဆက်လက်ထုတ်ဖော်ရမယ်၊ ထူထောင်တည်ဆောက်ကြရမယ်လို့ ပြောနေတာဖြစ်ပါတယ်။  ဒါကို မိသားစုတွေ ပတ်ဝန်းကျင်တွေက အားပေးရမယ်။ ၀န်းယံတည်ဆောက်ပေးကြရမယ်လို့ ပြောချင်ပါတယ်။
မေး။။ ကျေးဇူးတင်ပါတယ် ဆရာ။
http://moemaka.com
အထ္ထုပ္ပတ္တိရေးသူ Peter Popham ဒေါ်စုအကြောင်း ဘယ်လိုသုံးသပ်
ဗုဒ္ဓဟူး, 09 နိုဝင်ဘာ 2011
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ The Lady and the Peacock ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အထ္ထုပ္ပတ္တိစာအုပ်တအုပ် စတင်ဖြန့်ဖြူးတဲ့ အခမ်းအနားကို ပြီးခဲ့တဲ့တပတ်က ဗြိတိသျှပါလီမန်မှာ ပြုလုပ်ခဲ့ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆိုရှင် Anglican ဘုန်းတော်ကြီး Desmond Tutu, ဗြိတိန်ရုပ်ရှင်မင်းသမီးကြီး Joanna Lumley စတဲ့ ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်များက ချီးကျူးပြောဆိုထားတဲ့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး စာရေးဆရာ Peter Popham ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Peter ပထမဦးဆုံး စာအုပ်နံမည်က စပြီး ဆွေးနွေးကြရအောင်ပါ။ The Lady and the Peacock ဆိုတော့ the Lady က ဒေါ်အောင်ဆန်းစုကြည် ကို ပြောမှန်းအားလုံး လူတိုင်းသိပါတယ်။ Peacock ဆိုတဲ့ ဥဒေါင်းငှက်က ဘာကိုတင်စားပြီး ပြောလိုတာပါလဲ။ မြန်မာနိုင်ငံမှာ ဥဒေါင်းနဲ့ ပတ်သက်တဲ့ သင်္ကေတတွေက အများကြီးရှိပါတယ်။ ကျောင်းသားတွေဆိုလည်း သူတို့ရဲ့  လှုပ်ရှားမှုကို ခွပ်ဒေါင်း striking peacock လို့ တင်စားပြီး ပြောဆိုကြပါတယ်။ Peter ရဲ့  စာအုပ်ထဲမှာ peacock ဆိုတာ ဘာကိုရည်ရွယ်ပြောသလဲဆိုတာကို ပထမဦးဆုံး ရှင်းပြပေးပါ။
Peter Popham ။ ။ ဒေါင်းဟာ မြန်မာနိုင်ငံမှာ သိပ်အရေးပါတဲ့ အဓိပ္ပါယ်ကြွယ်ဝတဲ့ နမိတ်ပုံတခု၊ သင်္ကေတတခုလို့ ကျနော်ယူဆပါတယ်။ လွန်ခဲ့သော ရာစုနှစ်တွေဆီက ဘုရင်တွေရဲ့  သင်္ကေတပါ။ ဗြိတိသျှလက်ထက်မှာတော့ တော်လှန်သောကျောင်းသားတွေရဲ့  အမှတ်အသားပါ။ နောက်ပိုင်းမှာတော့ ဒါဟာ အန်အယ်လ်ဒီရဲ့  သင်္ကေတ ဖြစ်လာပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ လွှမ်းခြုံသုံးသပ်မိတာက ဒေါင်းဟာ မြန်မာနိုင်ငံရဲ့  သမိုင်းခေတ်တွေအရ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ တော်လှန်အုံ့ကြွမှုတွေကို ကိုယ်စားပြုတယ့်အချက်ပဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ Peter ရဲ့  အခုစာအုပ်မတိုင်မီကလည်း ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားကြတာတွေ တွေ့ရပါတယ်။ ဆိုတော့ အခု Peter ရေးတဲ့စာအုပ်က အရင်ရှိတဲ့ စာအုပ်တွေနဲ့ ဘာခြားနားမှု ရှိပါသလဲဆိုတာကို ရှင်းပြပေးပါ။
Peter Popham ။ ။ ဟုတ်ပါတယ်။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အကြောင်း အထ္ထုပ္ပတ္တိ လေးငါးအုပ်လောက် ရှိပါတယ်။ ဘာခြားနားသလဲဆိုရင် ကျနော်စာအုပ်က up to date ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေအထိ ရေးထားတာပါ။ ဒေါ်စုကို ၂၀၀၂ ခုနှစ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ်။ တခါ ဒီနှစ် အစောပိုင်းမှာလည်း ထပ်တွေ့ခဲ့ပါတယ်။ သူထိန်းသိမ်းခံရက လွတ်လာပြီးခါစမှာပါ။ ပြီးတော့ ကျနော်က မြန်မာနိုင်ငံကို ခြောက်ကြိမ် ခုနှစ်ကြိမ် ရောက်ဘူးပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး စတင်သွားရောက်ခဲ့တာပါ။ Tourist အနေနဲ့ သွားခဲ့တာပါ။ ကရင်နယ်မြေ မာနယ်ပလောကိုလည်း ရောက်ခဲ့ဘူးပါတယ်။ ဒါကြောင့် ကျနော်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အတွေ့အကြုံအတော်လေး များပါတယ်။ တခြားတခြားသော biographer အထ္ထုပ္ပတ္တိ ရေးသူတွေထက်သာပါတယ်။ ဘယ်သူမှ မမြင်မတွေ့ဘူးသေးတဲ့ အထောက်အထားတွေလည်း အများကြီး ကျနော်မှာ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ပြီးတော့ Peter ဟာ သတင်းထောက်တယောက်အနေနဲ့လည်း မြန်မာပြည်အကြောင်းကို စောင့်ကြည့်ရေးသားခဲ့တယ်ဆိုတာ ဟုတ်ပါတယ်နော်။
Peter Popham ။ ။ မှန်ပါတယ်။ ကျနော် မြန်မာပြည်ကို ၁၉၉၁ ခုနှစ်တုန်းက သွားခဲ့တာ Independent မဂ္ဂဇင်းအတွက် သတင်းဆောင်းပါးရေးဖို့ သွားခဲ့တာပါ။ နောက်ပိုင်းမှာ ကျနော်က the Independent သတင်းစာအတွက် တောင်အာရှဆိုင်ရာ သတင်းထောက်ဖြစ်လာခဲ့ပါတယ်။ ဒေလီမှာ အခြေစိုက်ပါတယ်။ မြန်မာပြည်ဟာ ကျနော် cover လုပ်ရမယ့် သတင်းယူရမယ့် နယ်မြေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ၂၀၀၂ ခုနှစ်က ဒေါ်စု လွတ်လာတုန်းကလည်း ကျနော် ရန်ကုန်သွားပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းသမား ရှုထောင့်က မေးခွန်းတခုကို ကျနော် စမေးချင်ပါတယ်။ Objectivity လို့ခေါ်တယ့် ဓမ္မဓိဋ္ဌာန်ကျတဲ့ မေးခွန်းပါ။ ကမ္ဘာပေါ်မျာ သူတော်စဉ်လိုမျိုး လေးစားကြည်ညိုခြင်း ခံကြရတဲ့ Nelson Mandela လို့လို၊ ဒေါ်အောင်ဆန်းစုကြည် တို့လို ပုဂ္ဂိုလ်တွေအကြောင်းကို ရေးရတာ ပြောရတာ ကျနော်တို့ journalists တွေအတွက် အင်မတန် တာဝန်ကြီးပါတယ်။ သူတို့ကို ဝေဖန်တာတွေ၊ အားသာချက်တွေနဲ့အတူ အားနည်းချက်တွေကို ထည့်ပြောဖို့ဆိုတာ အင်မတန် အခက်အခဲ တွေ့ရတတ်ပါတယ်။ ဒီလို အခက်အခဲမျိုး အခုအခါ Peter တွေ့ရပါသလား။ Peter ရဲ့  စာအုပ်ဟာ ဓမ္မဓိဋ္ဌာန်ကျတယ်လို့ အခိုင်အမာ ပြောနိုင်ပါသလား။
Peter Popham ။ ။ ခင်များ သိတဲ့အတိုင်းပါပဲ သတင်းလောကမှာ ဓမ္မဓိဋ္ဌာန်ဆိုတာ ခက်ခဲတဲ့ကိစ္စရပ်တခုပါ။ လုံးဝဥဿုံမျှမျှတတ ဖြစ်ဖို့ဆိုတာ ခက်ခဲပါတယ်။ တဘက်ဘက်ရဲ့  အယူအဆ၊ အမြင်ကို ပြတ်ပြတ်သားသား မတင်ပြရင် ကိုယ့်ရဲ့  ထင်မြင်ချက်ကို ပီပီပြင်ပြင် ဖော်ပြနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီစာအုပ်မှာ ကျနော့်ရဲ့  ထင်မြင်ချက် ရှင်းရှင်းလင်းလင်း တင်ပြထားပါတယ်။ စာအုပ်တအုပ်လုံးဟာ လုံးဝဓမ္မဓိဋ္ဌာန် မကျပါဘူး။ ကျနော်အမြင်မှာ ဒေါ်စုဟာ အလွန်အရေးပါ အရာရောက်ပြီး အာဏာပိုင်တွေရဲ့  ဆိုးဝါးတဲ့ အပြုအမှု ဆက်ဆံခြင်းကို နှစ်ပေါင်းများစွာ ခံလာခဲ့ရသူပါ။ ဒါကြောင့် ကျနော်ဟာ ဒီကိစ္စမှာ ဓမ္မဓိဋ္ဌာန်ကျအောင် မလုပ်နိုင်ခဲ့ပါဘူး။ မလိုအပ်တော့ဘူးလို့လည်း ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုရင် မြန်မာနိုင်ငံက အာဏာပိုင်တွေကိုရော ဒီစာအုပ်ထဲမှာ ဘယ်လို ပုံဖော်ခြယ်မှုန်းထားပါသလဲ။
Peter Popham ။ ။ တဆင့်ပြီးတဆင့်ပါပဲ။ ၁၉၈၈ အုံကြွမှုနဲ့ ဗိုလ်ချုပ်ကြီးနေဝင်း က ပြုပြင်ပြောင်းလဲရေး လုပ်ရတော့မယ်ဆိုတာ လေသံပြစ်လာကတည်းကစရင်ပေါ့။ ပြီးတော့ ဗိုလ်ချုပ်ကြီးစောမောင် ခေတ်၊ သူစိတ်ဓါတ်ချို့ ယွင်းလာတာ၊ ဖယ်ရှားခံရတာ။ အဲဒီနောက် ဗိုလ်ချုပ်ခင်ညွှန့် နဲ့ ဗိုလ်ချုပ်သန်းရွှေရဲ့  အားပြိုင်ပွဲကာလက ဆယ်နှစ်လောက်ရှိမယ်။ အခုတခါတော့ မျက်နှာသစ်တွေ တက်လာတဲ့အချိန်။ အခု ဦးသိန်းစိန်တို့ရဲ့  စိတ်ဝင်စရာအချက်အလက်တွေပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီး လူမျိုးစုံနဲ့ တတ်နိုင်သမျှ တွေ့ဆုံပြီး ပြီးခဲ့တဲ့ နှစ် (၂၀) ကျော် ကာလကို ဖော်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို အာဏာပိုင်တွေ ခေတ်အဆက်ဆက်ကို နောက်ခံကားလို ခြယ်မှုန်းပြီး ဒီအပေါ်မှာမှ ဒေါ်အောင်ဆန်းစုကြည် ကို အကောင်းဆုံး၊ အလှပဆုံး၊ အပြစ်ကင်းဆုံးဖြစ်အောင် ပုံဖော်ထားတဲ့ သဘောလား။ သူကို ဝေဖန်တဲ့၊ အားနည်းချက်ကို ထောက်ပြတဲ့အချက်တွေ ဘာလုပ်ထားပါသလဲ။
Peter Popham ။ ။ မဟုတ်ပါဘူး။ ကျနော်က သူကို အတော်လေး ဝေဖန်ထားပါတယ်။ ဗြိတိန်နိုင်ငံထုတ် သတင်းစာတချို့ က ဒါကို သတိပြုမိကြပါတယ်။ သတင်းစာတစောင်ကဆိုရင် ကျနော်စာအုပ်ဟာ warm, but objective လို့ ဖော်ပြပါတယ်။ သူတို့က ဓမ္မဓိဋ္ဌာန်ကျတဲ့ ရေးသားချက်လို့ ဆိုထားပါတယ်။ ကျနော်ကလည်း သူ့ရဲ့  နိုင်ငံရေးလုပ်ရပ်ကို ဝေဖန်ဖို့ဆိုတာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီစာအုပ်ဟာ ချီးမွမ်းထောပနာပြုထားတဲ့ စာအုပ်တအုပ်၊ ကြည်ညိုကိုးကွယ်ဖွယ်ဖြစ်အောင် ရေးထားတဲ့ စာအုပ်တအုပ် မဟုတ်ပါဘူး။ သရုပ်မှန်အတိုင်း ခြယ်မှုန်းထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထဲ ဝင်ရောက်လာတုန်းက သူဟာ နိုင်ငံရေးဆိုတာ တလုံးမှ နားမလည်းပါဘူး။ ဒါပေမဲ့ သူစတင် သင်ယူပါတယ်။ သင်ယူတာကလည်း အင်မတန်မှ လျှင်လျှင်မြန်မြန်နဲ့ သင်ယူနိုင်ပါတယ်။ ကျနော့် စာအုပ်မှာလည်း သူမရဲ့  နိုင်ငံရေးနဲ့ အတွေးအခေါ်တွေ ဘယ်လိုတိုးတက်လာတယ်ဆိုတာ ပေါ်လွှင်စေတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုလက်ရှိ ဦးသိန်းစိန် အစိုးရက လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို လူတော်တော်များများက အပြုသဘောဆောင်တယ်လို့ လက်ခံနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒါကို လက်ခံတယ်။ ပိုမိုပြီးတော့ ဒါတွေ အရှိန်ရအောင် လုပ်ရမယ်ဆိုတဲ့ သဘောနဲ့ သူပူးပေါင်းပါဝင်မယ်ဆိုတဲ့ သဘောနဲ့ ခြေလှမ်းတွေလည်း လှမ်းလာတာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုသုံးသပ်ထားပါသလဲ။
Peter Popham ။ ။ အခု အချိန်က သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အချိန်ပါ။ ကျနော် သတိထားမိသလောက် ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစပြီး ဒေါ်စုဟာ သိပ်သတိထား ပြောဆိုလုပ်ကိုင်တာကို တွေ့ရပါတယ်။ ဥပမာ ပဲခူးကို သွားတာ၊ ပုဂံကို သွားရောက်လည်ပတ်တာလောက်ပဲ လုပ်ပါတယ်။ နယ်လှည့် စည်းရုံးရေးလုပ်ဖို့ သိပ်အလောတကြီး မလုပ်ပါဘူး။ ဒါကို သူသိပ်သတိထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါဟာ အစိုးရသစ်ထဲက သဘောထားပျော့ပျောင်းသူတွေရဲ့  မေတ္တာရပ်ခံချက်ကြောင့် ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဆုံးဖြတ်ချက်မှန်ကန်ရေးအတွက် ဒေါ်စုအပေါ်မှာ အင်မတန် ကြီးမားတဲ့ တာဝန်ကြီး ရှိနေပါတယ်။ အခုအချိန်က မြန်မာ့နိုင်ငံရေးမှာ ၁၉၈၈ နောက်ပိုင်းကစပြီး အရေးအကြီးဆုံးအချိန် ရောက်နေတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။
ဦးကျော်ဇံသာ ။ ။ ခင်များရဲ့  စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ကိုယ်ကျင့်သိက္ခာ ပြည့်ဝသော ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် အားထုတ်နေတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ လူ့ဘောင်ဆိုတာကတော့ ဟုတ်ပါပြီ။ ကိုယ်ကျင့်သိက္ခာ ပြည့်ဝသောဆိုတဲ့ အသုံးအနှုန်းကို ရှင်းပြပါ။
Peter Popham ။ ။ အစကတည်းက သူက စိတ်ဓါတ်ရေးရာ တော်လှန်ရေးဆိုတာ ပြောခဲ့ပါတယ်။ သူ့ရဲ့  မြန်မာပြည်က ပေးစာများထဲမှာ မြန်မာနိုင်ငံကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပြည်သူတွေက ကြောက်ရွံမှုကို တိုက်ဖျက်နိုင်ရမယ်။ စိတ်ဓါတ်ရေးရာ တော်လှန်ရေးတရပ် ဆင်နွှဲရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သူ့ရဲ့  လုပ်ဆောင်ချက်ထဲမှာ ကိုယ်ကျင့်သိက္ခာပိုင်းဟာ သိပ်အရေးကြီးတဲ့ နေရာက ပါဝင်နေတယ်လို့ ထင်ပါတယ်။ ဥပမာ သူဟာ အကြမ်းဖက်မှုကို အစဉ်တစိုက် ဆန့်ကျင်ပြီး non violence အကြမ်းမဖက်ရေးကိုသာ ပြောဆိုလာပါတယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လေ့လာချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အနာဂတ်အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။ ကိုယ်ကျင့်သိက္ခာတော်လှန်ရေးလို ကိစ္စမျိုးကို အလေးထားတဲ့ ပြယုဂ်ခေါင်းဆောင်တဦးပဲ ဖြစ်လာမလား။ ဒါမှမဟုတ် တိုင်းပြည်ကို ဦးဆောင်စီမံခန့်ခွဲရတဲ့ တကယ့် ထိရောက်တဲ့ နိုင်ငံရေးခေါင်းဆောင်တယောက် ဖြစ်လာနိုင်သလားဆိုတာကို ခန့်မှန်းပေးပါ။
Peter Popham ။ ။ ကျနော်က အထ္ထုပ္ပတ္တိ ရေးသားသူပါ။ ဗေဒင်ဆရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်စုဟာ တက်ကြွတဲ့ နိုင်ငံရေးအခန်းကဏ္ဍက ဆက်လက်ပါဝင်သွားဖို့ လမ်းကို ရွေးထားတယ်ဆိုတာကတော့ သိသာပါတယ်။ သူဟာ သူ့ရဲ့  အနာဂတ်ကို အင်္ဂလိပ်ဘုရင်မကြီးလို အခန်းကဏ္ဍမျိုးအတွက် ရည်ရွယ်လိမ့်မယ်လို့တော့ မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဗေဒင်ဆရာ မဟုတ်ပေမယ့် biographer အနေနဲ့ ဖြေနိုင်မယ့် မေးခွန်းတခုကိုတော့ ကျနော် ထပ်မေးချင်ပါသေးတယ်။ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အနာဂတ်မှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘယ်အရာလို့ ထင်ပါသလဲ။
Peter Popham ။ ။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ အစိုးရအဖွဲ့ထဲ ပါလာတဲ့အခါ အဲဒီ အစိုးရအဖွဲ့ကို သူလိုချင်တဲ့ လမ်းကြောင်းဆီ၊ ဦးတည်ချက်ဆီ တည်မတ်ပေးရမယ့် အရေးဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ရုံနဲ့ နှစ်ပေါင်း (၅၀) ကျော် ရက်ရက်စက်စက်၊ ကြမ်းကြမ်းကြုတ်ကြုတ် အုပ်စိုးလာတဲ့ အုပ်ချုပ်ရေးတရပ်ရဲ့  အပြုအမှုတွေ၊ မူဝါဒတွေကို ပြောင်းလဲရေးဟာ ဘာမှမဆိုင်သေးပါဘူး။ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရအုံးမယ့် ပြဿနာတွေက ကျန်နေပါသေးတယ်။
ဦးကျော်ဇံသာ ။ ။ သူလိုချင်တဲ့ ဦးတည်ချက်လမ်းကြောင်းဆိုတာကို နည်းနည်း အသေးစိတ်ပြောပါ။
Peter Popham ။ ။ တိုင်းရင်းသားများ သဟဇာတဖြစ်ရေး၊ လူထုသာယာဝပြောရေး၊ ကျန်းမာရေး၊ ပညာရေး အများကြီးပါပဲ။ များမြောင်းလာတဲ့ မူဝါဒတွေကို သူပြောင်းလဲချင်မှာပါ။ ဒါကြောင့် သူ့အတွက် နိုင်ငံရေး စိန်ခေါ်မှုတွေက ကြီးမားလွန်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါနဲ့ တိုင်းရင်းသားများ သဟဇာတဖြစ်ရေးဆိုလို့ Peter အင်တာဗျူးလုပ်ခဲ့တဲ့အထဲမှာ၊ ဒီစာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  တိုင်းရင်းသားရေးရာ မူဝါဒကို တိတိကျကျ ဖော်ပြထားပါသလား။
Peter Popham ။ ။ သိတဲ့အတိုင်းပါပဲ ပြီးခဲ့တဲ့ တနှစ်ကျော် သူပြန်လွတ်လာခဲ့တဲ့အချိန်ကစပြီး တိုင်းရင်းသားတွေ ပါဝင်တဲ့ ပင်လုံညီလာခံတရပ် ခေါ်ယူရေးကို ကြွေးကြော်လာခဲ့တာပါ။ ဒီတိုင်းရင်းသားပြဿနာဆိုတာ အာဏာပိုင်တွေက သိပ်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ ပြဿနာပါ။
ဦးကျော်ဇံသာ ။ ။ အဲဒီ ဒုတိယ ပင်လုံညီလာခံကိစ္စကို အခု သိပ်မပြောတော့ပါဘူး။ ဒါဟာ လက်ရှိ အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ချင်လို့ အဲဒါကို စတေးလိုက်တယ်လို့ ဆိုနိုင်ပါသလား။
Peter Popham ။ ။ ဒီလို ယူဆတာ မှန်တယ်လို့ မထင်ပါဘူး။ ဒေါ်စုဟာ မူဝါဒရေးရာ အလျှော့ပေးမှု အကြီးအကျယ် တစုံတရာ မလုပ်ဘဲ စေ့စပ်ဆွေးနွေးနိုင်ဖို့ အင်မတန်ခက်ခဲတဲ့ ပွဲတပွဲကို ကစားနေရတာပါ။ ဒါကြောင့် ဒီအချိန်မှာ ဒါကို တစုံတရာ ပြောဆိုဝေဖန်နေဖို့ အင်မတန် စောလွန်နေပါသေးတယ်။ အခုအထိ သူဘက်က ချဉ်းကပ်မှုဟာ သိပ်မှန်သိပ်ကောင်းနေပါတယ်။ ဒီအချိန်မှာ အဓိက စိန်ခေါ်မှုက ဒီအစိုးရကို အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်နေသော အစိုးရတရပ်ဖြစ်လာအောင် ဆွယ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_11-09-2011-133586323.html
ပုဂံခေတ်ကသူရဲကောင်း၎ယောက်တောင်လိုတယ်...
ဒီသတင်းမဖတ်ခင်ရဲရင့်ငယ်အမြင်တင်ပြချင်ပါတယ်..
ဒေါ်အောင်ဆန်းစုကြည်မလွတ်ခင်လှုပ်ရှားမှုတွေမှာ NLD ဟာ(မင်းကအကောင်ကြီးတယ်..၂ခါလျောက်)လို့ပဲပြောပြော
မှတ်ကျောက်အတင်ခံနိုင်တယ်လို့သမိုင်းရိုးသားမှုကိုဖက်တွယ်ခဲ့တယ်...
ဦးသန်းရွှေခေတ်အလွန်မှာထိပ်တိုက်ရင်ဆိုင်တာရဲရင့်ငယ်လည်းခေတ္တရှောင်ကျဉ်ပါတယ်...
မှတ်ပုံတင်ပြီးရင်ရွေးကောက်ပွဲဝင်ရမယ်...လွှတ်တော်ထဲမှာအမေစုတယောက်ထဲပေးပြီးလမ်းကြောင်းရှင်းတာလက်ခံလိုက်ပါ။
နောက်သက်တမ်းအတွက် NLD တပြုံလုံးခေါင်းထိုးဝင်နိုင်အောင်ပြင်ဆင်ပါ..
ပုဂံခေတ်ကသူရဲကောင်း၎ယောက်တောင်လိုတယ်..ဒီခေတ်ကြီးမှာတယောက်ပဲလိုတယ်...
NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်
ကြာသပတေး, 10 နိုဝင်ဘာ 2011
By မသင်းသီရိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး မတင်ရေး ကိစ္စကို နိုင်ငံတ၀ှန်းက ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်မချခင် တချို့ပြည်နယ်နဲ့တိုင်းတွေမှာ ဆွေးနွေးနေကြတဲ့အထဲ မတူကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။ အများစုကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ သဘောတူကြပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့နေရာမှာ မတူတဲ့ အမြင်တချို့ ရှိနေတာပါ။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးအပြီး လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ တနိုင်ငံလုံးက NLD ဗဟိုဦးစီးတွေနဲ့ ထပ်မံတွေ့ဆုံပြီး ဆုံးဖြတ်ချက်ချဖို့ NLD က စီစဉ်ထားတာပါ။ ဒါ့ကြောင့်မို့ ၁၈ ရက်မတိုင်ခင် တချို့ပြည်နယ်တိုင်းတွေမှာ NLD အဖွဲ့ဝင်တွေရဲ့ သဘောထားတွေနဲ့ ဆွေးနွေးတိုင်ပင် နေတာတွေရှိနေပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက nld ပါတီဝင်တွေကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့မှာ သဘောတူကြတာများပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့မှာတော့ မတူတဲ့အမြင်တွေ ရှိတာမျိုး သိရတယ်လို့ မိတ္ထီလာခရိုင်က NLD ဗဟိုဦးစီးတယောာက်ဖြစ်တဲ့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
“မေးကြည့်တဲ့အခါမှာ တချို့ကလည်း မတင်ချင်ဘူးပေါ့။ တချို့ကလည်းတင်ချင်တယ်ပေါ့။ ပါတီမှတ်ပုံတင်ဖို့ကိစ္စနဲ့ ပတ်သက်လို့ကတော့ တော်တော်များများက သဘောတူပါတယ်။ ရွေးကောက်ပွဲဝင်ရေးကိစ္စကတော့ တကဏ္ဍတဖြစ်နေတယ်လေ။ တချို့ကျတော့လည်း ရတဲ့အခွင့်အရေးကို ရတဲ့နေရာမှာ ရတဲ့ပုံစံနဲ့ လုပ်ရတဲ့အခါမှာ NLD က ရသလောက် ၀င်ယူကြမယ်ဆိုတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ လိုရင်းကတော့ တင်ရေးနဲ့ ၀င်ရေးပေါ့။ မှတ်ပုံလည်းတင်၊ ၀င်စရာရှိတာလည်း ၀င်လိုက်တော့။ ၀င်လိုက်တော့ဆိုတာက ကျနော်တို့ကြားထဲမှာ လုပ်ရမယ့်အလုပ်တွေက အများကြီးရှိသေးတယ်။ အတိုင်းအတာတခုအထိ ပါတီထဲမှာ တစိတ်တပိုင်းဝင်ထားခြင်းအားဖြင့် အကျိုးရှိမယ်လို့မြင်တယ်”
တခါ ကရင်ပြည်နယ်က NLD ပါတီဝင်တွေဟာ ဆိုရင်လည်း ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်သူမရှိ လက်ခံပေမယ့် ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့မှာတော့ တချို့က သဘောမတူတာရှိတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီမိုကရေစီနည်းအရ အများဆန္ဒအတိုင်း လိုက်နာဆောင်ရွက်မှာ ဖြစ်သလို တိုင်းရင်းသားအရေး အားလုံး ပြေလည်ဖို့အတွက် ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုမျိုးမဆို လိုက်နာဆောင်ရွက်မယ်လို့ ကရင်ပြည်နယ် NLD ပါတီက ခေါင်းဆောင် တဦးဖြစ်တဲ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
“အဲဒီအပေါ်မှာတော့ နည်းနည်းကွဲပြားမှုရှိတယ်။ ဒါပေမယ့် အဲဒါကျတော့လည်း ရန်ကုန်ကျမှပဲ ပြန်ပြီးတော့စုစည်းပြီးတော့ ပြန်ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ကြမယ်လို့ တိုင်ပင်ထားကြတယ်။ တချို့ကလည်း မ၀င်ချင်ဘူး။ သူတို့တဦးထဲဆန္ဒပေါ့နော်။ မ၀င်ချင်ဘူးဆိုပေမယ့် အများဆန္ဒ အတိုင်းပါပဲ။ အများဆန္ဒက ၀င်မယ့်ဘက်ကဖြစ်တယ်ဆိုလို့ရှိရင် အန်တီတို့ကလည်း ကျေကျေနပ်နပ်ပဲလက်ခံမှာပါ။ လောလောဆယ် ဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့စစ်ပွဲတွေကလေ တိုင်းရင်းသားတွေရော၊ ဒေသခံ ရှိတဲ့လူတွေ၊ မြို့ပေါ်မှာရှိတဲ့လူတွေက ဒီလောက် မသိသာပေမယ့် နယ်စပ်မှာနေတဲ့ တိုင်းရင်းသားတွေက အင်မတန်ဒုက္ခရောက်ပါတယ်။ အဲဒီလို အန်တီတို့ ဒီဘက်မှာ တင်းနေလို့ရှိရင် အဲဒီလို ရေရှည်ကြီးဖြစ်နေလိမ့်မယ်အတွက် အဲဒါကို တထစ်လျှော့တဲ့အနေနဲ့ အန်တီတို့လည်း လျှော့ပေးမယ်လို့ စိတ်က ကူးထားပါတယ်”
မန္တလေးတိုင်းကတော့ လတ်တလော ဗဟိုဦးစီး အစည်းဝေးလုပ်ပြီး သဘောထား မမေးမြန်းရသေးပေမယ့် NLD ပါတီကို ဦးဆောင်နေကြတဲ့ ဗဟိုနဲ့အတူ တခြား ပြည်နယ်၊ တိုင်းတွေရဲ့ သဘောထားအတိုင်း လုပ်ဆောင်မယ်လို့ NLD မန္တလေးတိုင်းဒုဥက္ကဋ္ဌ ဦးသိန်းတန်ကဆိုပါတယ်။
“အမျိုးမျိုးတော့ ရှိရမှာပေါ့ခင်ဗျာ။ ယတိပြတ်တော့ ပြောလို့မရပါဘူး။ တခြားတိုင်းတွေ ဘယ်လိုလုပ်ထားသလဲ၊ ဘာပြောမလဲဆိုတာ ကျနော်တို့လည်း unseen လေ။ ဘာမှ မသိရသေးဘူးလေ ခင်ဗျာ။ အဲဒီကျမှပဲ ကျနော်တို့ ဆွေးနွေးကြရမှာပေါ့။ ”
မန္တလေးတိုင်းရဲ့ သဘောထားပါရှင်။
တခါ ရှမ်းပြည်နယ်ကတော့ ဖြစ်ချင်တဲ့ ဆန္ဒတွေထက် ဖြစ်သင့်တာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ လိုက်ပါဆောင်ရွက်မယ်လို့ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲဝင် ဒေါ်ခင်မိုးမိုးကဆိုပါတယ်။
“ကျမတို့ ရှမ်းပြည်နယ်သဘောထားကတော့ ဒီအချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင်လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မှတ်ပုံတင်ရေးကို ကျမတို့ ရှမ်းပြည်က လက်ခံပါတယ်။ ဒါပေမဲ့ ကျမတို့က ကြားဖြတ်ရွေးကောက်ပွဲဝင်တာကိုလည်း လက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ဆက်လက်ပြီးပါတီရှင်သန်အောင် လုပ်ရမှာမို့လို့ကို အသွင်တွေပြောင်းလာတယ်။ အဲဒီလိုပဲ ကျမတို့ကလည်း တိုးတက်မှုအတွက် ပြောင်းလဲတာကို လက်ခံတဲ့သဘော ဖြစ်ပါတယ်။”
ဒါကတော့ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲဝင် ဒေါ်ခင်မိုးမိုးဖြစ်ပါတယ်။
လာမယ့် ၁၈ ရက်နေ့ အစည်းဝေးကိုတက်မယ့် ဧရာဝတီတိုင်းက ဗဟိုဦးစီအဖွဲ့ဝင် ဦးမန်းညွန့်သိန်းကတော့ လက်ရှိအစိုးရကို ဘယ်လောက် ယုံကြည်ရမလဲဆိုတဲ့ စဉ်းစာချက် သူ့မှာ ရှိနေတဲ့အတွက် ပါတီရဲ့ ရှေ့ရပ်တည်ချက်ဆိုင်ရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။
“မှတ်ပုံတင်လိုက်ပြီးတော့ မ၀င်ဘဲနေလို့ရရင်လည်း နေစေချင်တယ်။ ၁၉၉၀ ခုနှစ်က ရှိသေးတာကိုး။ တကယ်လို့ မတော်တဆများ ယိုင်သွားမယ်ဆိုရင် တို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာလေးလည်း ပြန်စဉ်းစားရတယ်။ တို့ရဲ့အတွေ့အကြုံနဲ့ပေါ့လေ။ နှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ဟာ အမျိုးမျိုး အလှည့်ပတ်ခံပြီးတော့ သံသယအကျိုးကတော့ ရှိနေတယ်။ အခြေခံမှာ ပြောင်းလဲမှုတွေ မရှိသေးဘူးလား ဆိုတော့ အခြေခံမှာ ဒီ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတွေရွေးတာကျတော့ နဂိုရ်မူလလူတွေပဲ သို့မဟုတ် သူတို့ကြံ့ခိုင်ရေးကလူတွေ၊ သို့မဟုတ် အာဏာပိုင်နဲ့ဆက်စပ်တဲ့လူတွေချည့်ပဲ။ ဒီလိုပဲ ငွေများတရားနိုင်၊ ငွေနည်းတရားရှုံးနေတာတွေလည်း ရှိနေတယ်”
ဧရာဝတီက ဦးမန်းညွန့်သိန်းပါ။ NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီနှစ်မကုန်ခင် ကျင်းပပေးမယ်ဆိုတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဥပဒေအရ ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀င်နိုင်ခြေရှိတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက VOA မြန်မာပိုင်းကို ပြောခဲ့ပါတယ်။
http://www.voanews.com/burmese/news/--11_10_11_my_news-burma----133607333.html
အဖွဲ့ချုပ် တရားဝင်ဖြစ်ရေး အောက်ခြေထုက လိုလားဟုဆို
Published on November 10, 2011 by နေသွင် · No Comments
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ကို​ ​ပြန်လည်မှတ်ပုံတင်ဖို့ တရားဝင် မဆုံးဖြတ်ရသးပေမယ့် နယ်မြို့တွေက ပါတီဝင်တွေ​ အများစုကတော့ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်စေ​ ချင်နေကြတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကွန်ရက်အဖွဲ့ဝင်တွေက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲက မြို့ကြီးပေါင်း ၁၂ မြို့လောက်ကို ခရီးထွက်ခဲ့ပြီး သဘောထားကို မေးမြန်းခဲ့တာပါ။
လူငယ်ကွန်ရက် ဆက်သွယ် ညှိနှိုင်းရေးမှူးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက “၅၀၀၊ ၆၀၀ လောက်ထိ တက်တဲ့ပွဲတွေရှိတယ်။ လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထောက်ခံမှုက တကယ်ကို ရှင်းရှင်းလင်းလင်း ရှိပါတယ် နယ်မြို့တွေမှာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်၊ ဦးသိန်းစိန်တို့ကြား တွေ့ဆုံဆွေးနွေးနေမှုတွေကို ပြည်သူလူထုကြားမှာ ကျနော်တို့က ရှင်းရှင်းလင်းလင်း ဖြစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကနေ အားလုံး တညီတညွတ်တည်း လိုက်ပါကြဖို့ဆိုတဲ့ သဘောထားအမြင် ရှင်းလင်းချက်တွေလုပ်တယ်။
“နောက်တခုကတော့ ဒီမိုကရေစီ ကွန်ရက်အတွင်းမှာ လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်ခြင်းအားဖြင့် ဒီမိုကရေစီကွန်ရက်ထဲမှာ ချိတ်တွဲကြဖို့၊ ဒီအကြောင်းအရာ နှစ်ခုကို အဓိကထားပြီး ဆွေးနွေးတာ။ နိုင်ငံရေး နိုးကြားမှု အခြေအနေကတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေထက် ပိုမိုနိုးကြားလာတာကို ​တွေ့ရတယ်။ ​ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပြည်သူလူထုက မျှော်လင့်ချက် ကြီးကြီးမားမားထားတယ်။ အဲဒီအပေါ်ကနေ အပြောင်းအလဲတွေ ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် သယ်ဆောင်နိုင်တယ်လို့ ယုံကြည်နေကြတယ်။”
ရန်ကုန်က လူငယ်ကွန်ရက်ခေါင်းဆောင်တွေဟာ နယ်မှာလည်း ကွန်ရက်ကို ချဲ့ထွင် တိုးချဲ့နိုင်ဖို့ ရက် ၂၀ ကြာ ခရီးထွက်ခဲ့တာဖြစ်ပြီး နယ်လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“နယ်မြို့တွေ တော်တော်များများကတော့ မှတ်ပုံတင်စေချင်တယ်။ သူတို့ရဲ့တရားဝင်ရပ်တည်မှု မရှိရင် နယ်မြို့တွေမှာ ဆောင်ရွက်ရတာ အခက်အခဲရှိတယ် ဆိုတဲ့ သဘောထားအမြင်တွေကတော့ ကျနော်တို့ တင်ပြထားပါတယ်။ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်တာတို့၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတာတို့၊ မြစ်ဆုံဆည်ကိစ္စတို့နဲ့ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲလာမှု အခြေအနေသစ်တွေ အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီပန်းတိုင်ကို ရောက်သည်အထိပေါ့ သယ်ဆောင်သွားနိုင်ဖို့ အဖွဲ့ချုပ် ရှိသင့်တယ်ဆိုတဲ့သဘောထားကတော့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကျနော် အဲဒီလိုမျိုး တွေ့ရတယ်ခင်ဗျ။”
လောလောဆယ်မှာတော့ မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ နိုင်ငံရေး လုပ်ငန်းတွေထက် ပညာရေးလုပ်ငန်း၊ သွေးလှူအသင်း၊ နာရေးအသင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကိစ္စလို ပရဟိတလုပ်ငန်းတွေကိုပဲ အဓိက တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း သာယာဝတီမြို့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုကျော်နိုင်ဦးကလည်း သာယာဝတီမြို့ပေါ်က အခြေအနေကို အခုလို ပြောပါတယ်။
“တဦးချင်းကို တွေ့ကြည့်လိုက်တဲ့ အချိန်မှာတော့ ရွေးကောက်ပွဲ ဝင်ဖို့ မဝင်ဖို့ထက်စာလို့ရှိရင်တော့ ကျနော်တို့က ဒီဘက်က ဖြစ်တဲ့ဥစ္စာက အန်တီလုပ်သမျှ တော်တော်များများကို မှန်တယ်ဆို အန်တီကို ယုံကြည်စွာနဲ့ပဲ လက်ခံတဲ့ ဥစ္စာကိုပဲ ထောက်ခံတာပါ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မနှစ်မတ်လတုန်းက မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေကို လက်မခံနိုင်တဲ့အတွက် ပါတီကို မှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တဲ့နောက် အစိုးရက တရားဝင်ပါတီ အဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။
မကြာခင်တုန်းက ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ကန့်သတ်ချက်ကို အစိုးရ လျှော့ပေါ့ပေးလိုက်တဲ့ နောက်မှာ ဒီဇင်ဘာမှာ ကျင်းပဖို့ ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် ပါတီမှတ်ပုံတင်ရေး ပြန်လည်ဆွေးနွေး လာကြတာပါ။
နိုဝင်ဘာ၁၈ ရက်နေ့မှာတော့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ခေါင်းဆောင်တွေနဲ့ တိုင်းနယ်ပြည်နယ်တွေက ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ မှတ်ပုံတင်ရေးကိစ္စနဲ့ ရွေးကောက်ပွဲကိစ္စကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/17624
ဒေါ်အောင်ဆန်းစုကြည်၏အင်းယားအလွမ်းပြေ
မုန်တိုင်းထဲမှာ ကြွေတဲ့ ကြယ်တပွင့်
ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အမှတ်တရ အလှူဒါနပွဲအပြီး ပြန်လည်ထွက်ခွာလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၉ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ)
ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အမှတ်တရ အလှူဒါနပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်အားနှုတ်ဆက်နေသည့် ဟာသသရုပ်ဆောင် ဇာဂနာအား နိုဝင်ဘာလ ၉ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကန်ဖျားကျောင်းတိုက်တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင် ဦးမောင်ကိုသည် ၁၉၉ဝ ခုနှစ်က နိုင်ငံရေးအမှုဖြင့် ထိမ်းသိမ်းခံရစဉ် ရေကြည်အိုင် စစ်ကြောရေးစခန်း နိုဝင်ဘာ ၉ ရက်၌ ကွယ်လွန်သွားခဲ့သူဖြစ်သည်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကန်ဖျားကျောင်းတိုက်တွင် ပြုလုပ်သည့် ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အမှတ်တရ အလှူဒါနပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကန်ဖျားကျောင်းတိုက် ဆရာတော်၏ သြဝါဒခံယူနေသည်ကို နိုဝင်ဘာလ ၉ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အရာရှိဟောင်းတဦးဖြစ်သူ ဦးမောင်ကိုသည် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကန်ဖျားကျောင်းတိုက်တွင် ပြုလုပ်သည့် ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အမှတ်တရ အလှူဒါနပွဲတွင် ကန်ဖျားကျောင်းတိုက် ဆရာတော်အား ဆွမ်းကပ်လှူဒါန်းနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၉ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ)
ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အမှတ်တရ အလှူဒါနပွဲ ပြုလုပ်ရာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကန်ဖျားကျောင်းတိုက်ပေါ်မှ အင်းယားကန်ရှုခင်းအား ကြည့်ရှုနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၉ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ)
http://www.mizzimaburmese.com/multi-media/photo-essay.html
လက်နက်ကိုင်များနှင့် တွေ့ဆုံရန် NLD ဆန္ဒရှိသော်လည်း အခက်တွေ့
ကိုပေါက် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရနှင့် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံရန် ဆန္ဒရှိသော်လည်း အခက်အခဲများ ရှိနေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ထုတ်ဖော် ပြောကြားလိုက်သည်။
“(တွေ့ဆုံဖို့ဆန္ဒ) သိပ်ရှိတာပေါ့ဗျာ။ တွေ့ဆုံချင်လို့ ဒုတိယ ပင်လုံညီလာခံ ပြောပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စု စိတ်ဓါတ် ညီလာခံ ဆိုတာတွေလည်း လုပ်ကိုင်နေ၊ သွားနေတာတွေ ရှိတယ်။ သို့သော်လည်း NLD ကိုယ်စားလှယ်
တွေက သွားပြီး ကြားထဲမှာ စေ့စပ်တာ၊ ညှိနှိုင်းတာ လုပ်ကိုင်ပေးနိုင်မယ့် အနေအထားကတော့ ခုချိန်မှာ မရှိသေး ဘူးဗျ” ဟု NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ ကြေညာချက်ပါ
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား တိုင်းရင်းသားခေါင်းဆောင် အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန် အကြံပြုချက်အား တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
nldanww
တပြည်လုံး အတိုင်းအတာဖြင့် အပစ်ရပ်ရန် တောင်းဆိုလိုက်သည့် အဆိုပါ ကြေညာချက်တွင် တိုင်းရင်းသား အားလုံးနှင့် စေ့စပ်ညှိနှိုင်းနိုင်ရန် NLD ၏ စွမ်းဆောင်နိုင်ရည်အား အသိအမှတ်ပြုရန်နှင့် ကြိုးပမ်းမှုအား ပံ့ပိုးပေးရန် ဦးသိန်းစိန် အစိုးရ အား NCUB က တိုက်တွန်းထားသည်။
မြေပေါ် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးနိုင်မှုများ ရှိခဲ့သော်လည်း လက်နက်ကိုင် အင်အားစုများ
နှင့် တွေ့ဆုံနိုင်ရန်မှာ အာဏာပိုင်များနှင့် ကြိုတင် ညှိနှိုင်းရန် လိုကြောင်း  “အခြေအနေ ပေးသလောက်ပဲ လုပ်နိုင် စွမ်းရှိမယ်။ သွားမယ် ဆိုရင် အာဏာပိုင် အဖွဲ့အစည်းတွေက သူတို့နဲ့ ပတ်သက်တာ ပြေပြေလည်လည် လုပ်ရမယ့် ကိစ္စ အများကြီးရှိတာပေါ့။ တခါတုန်းက ကျနော်တို့ဆီက CRPP က ဦးအေးသာအောင်တို့ တိုင်းရင်းသား
ခေါင်းဆောင်တွေ ကချင်ပြည်နယ်ဘက် သွားတဲ့အခါ ဖိတ်လို့သွားတာပဲလေ။ ဟိုရောက်တော့ အာဏာပိုင်တွေက ဖမ်းပြီး ထောင်ထဲ ထည့်ပစ်လိုက်တာလည်း ရှိတာကိုးဗျ” ဟု ဦးတင်ဦးက ပြောသည်။
ဇူလိုင်လ ၂၈ ရက်စွဲပါ ‘အိတ်ဖွင့်ပေးစာ’ တွင် ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိပါသည်” ဟု သမ္မတ ဦးသိန်းစိန်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအား ကမ်းလှမ်းထားသည်။
NLD အနေဖြင့် ပါတီရပ်တည်ရေး ကိစ္စရပ်များ အတွက် ဗဟိုဦးစီးအဖွဲ့ဝင်များ ဆွေးနွေးရန် ရှိနေပြီး ဆုံးဖြတ်ပြီး
နောက်တွင် ပါတီ၏လုပ်နိုင်ရည် ပိုရှိလာမည်ဟုလည်း ဦးတင်ဦးက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ တိုင်းရင်းသားအရေးကို အဓိက ဦးစားပေးထားတာ ဒီနေ့အထိ တစက်မှ မလျော့ပါဘူး ခင်ဗျ။ အခု ဦးသိန်းစိန်နဲ့
ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ကိစ္စရပ် အပေါ်မှာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့
 ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားတယ်။
အခု ပါတီကိစ္စနဲ့ ပါတ်သက်လို့ မှတ်ပုံတင်တဲ့ ကိစ္စတို့၊ ရွေးကောက်ပွဲ ဝင်မယ်/ မဝင်ဘူးဆိုတဲ့ ကိစ္စတို့ကလည်း
အခု လောလောဆယ်မှာ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရမှာဖြစ်ပြီးတော့ အဲဒီအခါမှာ လုပ်နိုင်ကိုင်နိုင်မှုဟာ ပိုမိုထိရောက်မှု ရှိနိုင်မယ်” ဟု ပြောသည်။
NLD က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်အပြင် ပါတီတွင်း ကျယ်ပြန့်သော ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အစီအစဉ်အား NCUB က ကြိုဆိုလိုက်သည်။
NCUB ကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် NDF ၊ ဒီမိုကရေစီအင်အားစုများ
လည်း ပါဝင်သည့် DAB ၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ)တို့ ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8617---nld--.html
လှေ ၃ စီး ဗုံးကွဲပြီး မြင်ကွင်း
Thursday, November 10, 2011  Sithu Linn  
ဧရာဝတီမှာ အင်္ဂါနေ့က ဖော်ပြခဲ့တဲ့ သတင်းပါ။
နောက်ဆက်တွဲ ရောက်လာတဲ့ ဓာတ်ပုံတွေနဲ့အတူ သတင်းကို ဖော်ပြပေးလိုက်ပါတယ်။
ထိုင်းနယ်စပ် ဗုံးကွဲမှု စက်လှေ သုံးစင်းပျက်စီး
သန်းထိုက်ဦး November 8
ထိုင်း-မြန်မာ နယ်စပ် မယ့်စံမလဲ့ (ခေါ်) သော်လဲ့ထကျေးရွာ ဆိပ်ကမ်းတွင် အင်အားပြင်းသော ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့ပြီး အကြီးစားစက်လှေတစင်း အပါအ၀င် စက်လှေသုံးစင်း ထိခိုက်ပျက်စီးသွားသည်ဟု မျက်မြင်သက်သေနှင့် ဒေ သ ခံ စီးပွားရေးသမားများက ပြောသည်။
ဘတ်ငွေ တသိန်းရှစ်သောင်း ခန့် တန်ဖိုးရှိသော စက်လှေကြီးတစင်းနှင့် ဘတ်ငွေ တသိန်းနှစ်သောင်းခန့် တန်ဖိုးရှိသည့် စက်လှေငယ် နှစ်စင်းတို့ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
နံနက် ၉ နာရီခန့်တွင် ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း သိရသည်။ သော်လဲ့ထ ကျေးရွာသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် မယ့်စရီးယမ်း မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ်ကမ်း နံဘေးတွင် တည်ရှိသည်။
သော်လဲ့ထရွာနှင့် မျက်နှာချင်းဆိုင်တွင် မြန်မာ အစိုးရက တပ်စွဲထားသည်။ ပျက်စီးသွားသည့် လှေကြီးမှာ ကုန်တင်စက်လှေ ဖြစ်ပြီး နွားအကောင်ရေ ၃၀ နှင့် ၄၀ ခန့် တင်ဆောင်နိုင်သည်ဟု သိရသည်။ စက်လှေကြီးသည် ခါးလယ်မှ နှစ်ပိုင်းကျိုး သွားပြီး အနီးအနားရှိ လှေငယ် နှစ်စီးလည်း အနည်းအငယ် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ထိုင်းနိုင်ငံ သော်လဲ့ထရွာတွင် နေထိုင်သည့် ဖိုးသောကြာ ဆိုသူက ပျက်စီးသွားသော စက်လှေကြီးကို ပိုင်ဆိုင်ကြောင်း ဒေသခံ ကုန်သည် နော်ဒါးက ဧရာဝတီသို့ ပြောသည်။
“အသံကတော့ အကျယ်ကြီးပဲ၊ မနက် ၉ နာရီလောက်မှာ ပေါက်တယ်၊ အိမ်ထဲမှာ နေတာတောင်မှ အိမ်က တုန်သွားတယ်”ဟု ၎င်းက ဆိုသည်။
ဖိုးသောကြာသည် သော်လဲ့ထ တဖက်ကမ်းတွင် တပ်စွဲထားသည့် မြန်မာအစိုးရတပ်များနှင့် ရင်းနှီးပြီး စားနပ်ရိက္ခာများကို လည်း သယ်ယူပို့ဆောင်ပေးလေ့ ရှိသည်။
အခင်းဖြစ်ပွားသည့် နေ့တွင် အစိုးရတပ် အပြောင်းအလဲ လုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အစိုးရပ်တပ်များ အပြောင်း အလဲလုပ်ရန်အတွက် ဖိုးသောကြာကို အကူအညီ တောင်းထားကြောင်းလည်း သိရသည်။
သို့သော် ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်း မရှိပေ။
“တချို့ကလည်း KNU လုပ်တာလား၊ စီးပွားရေးသမား အချင်းချင်း မကျေနပ်လို့ ပေါင်းပြီးတော့ခွဲတာလား ဆိုပြီးတော့ အမျိုးမျိုး
ပြောနေကြတယ်”ဟု ဒေသခံတဦးက ပြောသည်။
ထိုင်း ဒေသခံ အာဏာပိုင်များကလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။ စစ်အစိုးရတပ် အပါအ၀င် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့တို့ကလည်း ယင်း နယ်မြေတွင် လှုပ်ရှားနေကြသည်။
http://www.irrawaddyblog.com/2011/11/blog-post_1504.html
မြန်မာ ၇ ဦးကို တရုတ်စက်ရုံမှာ လှောင်ပိတ် ခိုင်းစေ
Thursday, November 10, 2011 Khet Htan
တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရှေ့ပိုင်း Yuyao မြို့ ချည်ထည်စက်ရုံတခုမှာ ကျွန်အဖြစ်ခိုင်းစေခံထားရတဲ့ မြန်မာနိုင်ငံသား ဆယ်ကျော်သက် ၇ ဦးကို တရုတ်ရဲတွေက ကယ်ဆယ်ခဲ့ကြောင်း ရှန်ဟိုင်းနေ့စဉ် သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဲဒီစက်ရုံက ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာဆယ်ကျော်သက် နှစ်ယောက် (ကျား မ ဖော်ပြမထား) အဝေးပြေးလမ်းပေါ်မှာ ၃ ရက်ကြာလမ်းလျှောက်ပြီး ငတ်ပြတ် အားနည်းနေတာကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။
ဒီကလေးနှစ်ယောက်ကို အလုပ်ပေးမယ်ဆိုပြီး တရုတ်-မြန်မာ နယ်စပ်ကနေ ခေါ်ခဲ့ကြောင်း၊ စက်ရုံရောက်တဲ့အခါ နိုင်ငံကူးလက်မှတ်ကို သိမ်းထားလိုက်ပြီး မိုဘိုင်းဖုန်းတွေကိုလည်း အလုပ်ရှင်က သိမ်းယူထားလိုက်ကြောင်း၊ ထွက်ပြေးလို့ မရအောင် အစောင့်တွေ ချထားကြောင်း သိရပါတယ်။
တခြား မြန်မာအလုပ်သမားတွေနဲ့အတူ ပိတ်လှောင်ခံထားရပြီး လုပ်ခလည်း မရရှိကြပါဘူး။ လုပ်ခတောင်းမိရင် အရိုက်ခံရတယ်လို့ ဆယ်ကျော်သက်တွေက ပြောပါတယ်။
တရုတ်ရဲတွေက ချည်ထည်စက်ရုံကို ဝင်ရောက်စီးနင်းခဲ့ကြပြီး အသက်မပြည့်သေးတဲ့ တခြားမြန်မာ အလုပ်သမား ၅ ဦးကို ထပ်တွေ့ခဲ့ကြပါတယ်။
“အလုပ်အခြေအနေက တော်တော်ဆိုးတယ်။ စက်ရုံက ရွံ့တွေ အမှိုက်တွေနဲ့ ဝက်ခြံလိုပဲ” လို့ တရုတ်ရာအရာရှိက ပြောပါတယ်။
စက်ရုံပိုင်ရှင်က ရဲတွေ မရောက်ခင် ထွက်ပြေးသွားပါတယ်။ ဒီကိစ္စကို တရုတ်ရဲတွေက ဆက်လက်စုံစမ်းနေပါတယ်။
Source: Shanghai Daily
http://www.irrawaddyblog.com/2011/11/blog-post_6748.html
အလွဲများနဲ့ မျဉ်းပြိုင် (အပိုင်း ၃)
By on November 10, 2011 5:37 pm
၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်း ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ကို ဆန္ဒပြသတင်း သွားယူတုန်းက အငှားကားထဲမှာ ကြုံခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တခုပါ။
နည်းပညာ တန်ဆာဆင်၊ ရင်မောအောင် လှနေတဲ့ ဘန်ကောက်မြို့ကြီးက ရိသဲ့သဲ့အပြုံးနဲ့ မျက်နှာစိမ်း သမီးကညာကို အချဉ်ဖမ်းဖို့ စောင့်နေတယ်။
“ပိုင် စထန်ထွတ်ဖမာ့ခါး” (မြန်မာသံရုံးကို သွားချင်လို့ပါရှင့်)
“ခပ်ဖုန်” (ဟုတ်ကဲ့ ခင်ဗျား)
အနံကြီးပြီး ကွင်းကျယ်လွန်းလို့ မြင်မြင်သမျှ မွန်းကျပ်စရာ ကောင်းလိုက်တာ။
ထိုင်းစကားမပြောတတ်သူ လူအ ဖြစ်တဲ့ ဒီမြို့မှာ အရေးပါတဲ့ စကားတခွန်း ရွတ်ဖတ်နေမိတယ်။ “ စထန်ထွတ်ဖမာ့” ..” စထန်ထွတ်ဖမာ့” ။
စရိုက်အစုံစုံ ကာလာတွေပုံနေတဲ့ ဒီဘန်ကောက်ကြီးမှာ ဆန္ဒတွေဖော်ပြ၊ သပိတ်မှောက်ကြတဲ့ မြန်မာပြည်သားတွေစုဝေးရာ မြန်မာသံရုံးရှေ့ကို သတင်းရရေး လက်မနှေးအောင် တက္ကစီကားကို ကျမ ငှားပြီး ခရီးအသော့နှင်လာခဲ့ပါပြီ။ တကယ်လို့သာ ဒီခရီးမှာ လိုရာကို မပို့ပေးဘဲ လူမှောင်ခိုတို့ ပျော်စံ ငရဲလမ်းကို ပို့ဆောင်နေတယ် ဆိုတာ ကျမကြိုသိခဲ့ရင်၊ ဒရိုင်ဘာက လူကုန်ပွဲစား ချိုကားယားနဲ့ အသားစား ဘီလူးတကောင် ဆိုတာ ကျမသိခဲ့ရင်။
ကမ္ဘာကြီး အိုမင်းလာတာနဲ့အမျှ လူသားတွေ အကြံများ၊ ဉာဏ်များလာတယ်။  လူကုန်ကူးခံ ရတာတွေ၊ ရောင်းစားခံရတာတွေ၊ အမျိုးသမီးတွေ ပြည့်တန်ဆာဘ၀ သွပ်သွင်းခံရတာတွေ အင်တာနက်မှာ ဖတ်လို့မကုန်အောင် များပြားနေတယ်။ ခုတော့ သတင်းမုဆိုးကျမ သားကောင် လုံးလုံး ဖြစ်ခဲ့ရ။ စာဖတ်သူတို့လည်း ကျမနဲ့အတူ ဒီအန္တရာယ်ကနေ ကူပြီးရုန်းထွက်ပေးပါ။ ကူပြီးတိုက်ခိုက်ပေးကြပါ။ ကျမနဲ့အတူ ဒီကားထဲမှာ လိုက်ပါပေးကြပါ။ သတိ! ဦးနှောက် အလန်းများ မိုင်ကုန်ဖွင့်ထားပါ။
လူပွဲစား ဒရိုင်ဘာက ပိုက်ထဲ တိုးဝင်မိလာတဲ့ ကျမကို သားကောင်စစ်မစစ် ခန့်မှန်းတော့တယ်။ Where from … ? ကျမပြန်ဖြေပါတယ်။ From Burma..။ ဖမာ့..ဖမာ့..အိုး ဖမာ့…။ အရောင်လဲ့နေတဲ့ မျက်လုံးနဲ့ ကျမကို ကြည့်ပြီး တတွတ်တွတ် ရွတ်နေလိုက်တာ ဖမာ့..ဖမာ့…ဖမာ့..။ တမာ့ တည်း မာ့နေပြီ။ သူ ဘာကြောင့် ဒီလောက် ပျော်မြူးနေပါလိမ့်။
အနေအထားအရ ကားထဲမှာ ကျမနေရာယူတာ မှန်နေပါတယ်။ သူ့နောက်တည့်တည့်မှာ ထိုင်ပြီး လိုက်လာပါတယ်။ ဒီကားထဲမှာ ယာဉ်မောင်းသူနဲ့ ခရီးသည် ဒီနှစ်ယောက်တည်း။ မသိလိုက်တဲ့ အချက်က သူဟာ လူပွဲစား၊ လူကုန်ကူးသမားဆိုတာပါပဲ။ ကျမကို ချည်တုပ်နိုင်ဖို့ သူ့ရဲ့ ဒုတိယ စမ်းသပ်ချက် လာပါပြီ၊ ထိုင်းစကား တတ်လား ဆိုတာ မေးနေပါတယ်။ ကျမ မတတ်ပါဘူး။ ဟင့်အင်း No ..။ သေချာသွားပြီ နောက်ဆုံးတခုပဲ ကျန်ပါတော့တယ်-  သားကောင်ဖြစ်ခွင့် ရမရ စမ်းသပ်ဖို့။ သူ့ရဲ့ နိုင်ငံသားကတ်ကို ထုတ်ပြပါတယ်။ သူပြောချင်တာက ထိုင်းမှာ နေထိုင်ခွင့် အထောက်အထား ဘတ်လက်မှတ် ရှိလားပေါ့။ ကျမမှာ မရှိဘူး။
ဟင့်အင်း No again..။ ကားသမား ထခုန်မတတ် ပျော်မြူးနေတယ်။ But I have passport လို့ ပြောလိုက်ပေမယ့် သားကောင်ကို ရလာပြီဆိုတဲ့ အသိနဲ့ အူမြူးနေလို့ ကျမပြောတဲ့ စကား သူမကြားတော့။
လူပွဲစားမုဆိုးဟာ သားကောင်ကို ရလို့ လာရာလမ်းကို တန်းတန်းကြီး ပြန်ခဲ့သလို အရှိန်ကိုမြှင့် မောင်းနှင်လိုက်ပါပြီ။ ကားဟာ မြို့လယ်ကနေ တဖြည်းဖြည်း မြို့စွန်ကို ပြေးကပ်ဖို့ ကြိုးစားနေပါတယ်။ ကျမ ဘန်ကောက် မရောက်ဖူးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ်။ သတင်းထောက်ဖြစ်ဖို့ အရည်အချင်း ရှိမရှိ စမ်းသပ်ခဲ့တဲ့ ၂ လ ဆိုတဲ့ ကာလကို လွတ်လွတ်ကျွတ်ကျွတ် အောင်ပွဲဆင်ခဲ့ပြီးလို့ သတင်းထောက်လက်မှတ် ရလာတဲ့ ကျမ။
ကိုယ်တိုင် သတင်းယူ၊ ကိုယ်တိုင် သတင်းရေး၊ သတင်းတပုဒ် ကောင်းကောင်း လွှင့်ထုတ်နိုင်ပြီလေ။ ခုလည်း ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအတွက် ရုန်းရင်းဆန်ခတ်တွေကို မမှုတဲ့ကျမ ကင်းလျှောက်သလို ဘ၀ကိုလျှောက်၊ တောင်ကိုလည်း ဖောက်၊ မှောင်ခိုလည်း လျှောက်၊ သတင်းထောက်။
သူက ကားကို လက်တဖက်နဲ့ မောင်းရင်း ကျန်လက်တဘက်က ဖုန်းပြောနေပါတယ်။ ဘာပြောမှန်း နားမလည်ပေမယ့် ဖမာ့..ဖမာ့..ဖမာ့ တွေ ထပ်နေတယ်။ ဒီအချိန်ထိ  အန္တရာယ်လို့ အတိအကျ မမြင်သေးပေမယ့် ကျမ ဦးနှောက်က အလုပ် နည်းနည်း ရှုပ်သွားတယ်။ သူပြောတာတွေကို အသံဖမ်းစက်နဲ့ ဖမ်းထားလိုက်တယ်။ ကားခေါင်းခန်းမှာ ချိတ်ထားတဲ့ သူ့ဓာတ်ပုံနဲ့ ယာဉ်မောင်းလိုင်စင်၊ နံပါတ်၊ ကားအမျိုးအစားနဲ့ သူ့ရဲ့ အမူအယာတွေကို နောက်ကျောကနေ ရနိုင်သမျှ အမိအရ ကျမ ကင်မရာနဲ့ ရိုက်ကူးနေတယ်။ ကျွမ်းကျင်ရာ အလိမ္မာ၊ အလုပ်က သင်ကြားသွားတာပါ။
ကျမ ဘန်ကောက်ကို မရောက်ဖူးပေမယ့်၊ မြန်မာသံရုံးက ဒီလောက် မဝေးဘူး ဆိုပြီး သံသယ ၀င်လာတယ်။ ထိုးထိုးထောင်ထောင် တိုက်ခန့်ခန့်တွေကလည်း စန့်စန့်ကြီး၊ ကျမကို လှမ်းကြည့်နေလေရဲ့။ လမ်းတွေ ကျပ်နေတယ်။ ကားတွေ ရှုပ်နေတယ်။ မီးပွိုင့်မှန်သမျှ ကားသမားကို ဒေါသထွက်အောင် လုပ်နေတယ်။ ကျမ  အမှတ်တမဲ့ နောက်ကို လှည့်ပြီး ကြည့်မိတယ်။ Oh my God! ကားနောက်မှာ ဆိုင်ကယ် တက္ကစီ ၈ စီး ထက်ကြပ်မကွာ လိုက်ပါလာတယ်။ အားလုံးက အစိမ်းရောင် လက်ပြတ် ယူနီဖောင်းတွေနဲ့။ ဒါက ထိုင်းနိုင်ငံက ဆိုင်ကယ် တက္ကစီ မောင်းသူတွေရဲ့ ယူနီဖောင်းပါပဲ။ ဒီတက္ကစီတွေ ဘာကြောင့် အစုလိုက်၊ အပြုံလိုက် ကျမကားနောက်ကို လိုက်ပါနေရတာလဲ။ တချို့က ပိန်ပိန်၊ တချို့က တုတ်တုတ်၊ တချို့ နှုတ်ခမ်းမွေးကားကား၊ တချို့ ဆံပင်ဖားလား။ ကြည့်စမ်း၊ ဘယ်လမ်းကြားတွေ မောင်းနေတာလဲ။
အဆောက်အအုံဟောင်း၊ လမ်းကြိုလမ်းကြား၊ သံရုံးက ဒီနေရာမှာ ရှိနိုင်မတဲ့လား။
ရုတ်တရက် ကားသမားက ကားကို ထိုးရပ်လိုက်ပါတယ်။ ကျမကို ပိုင်..ပိုင်..ပိုင် ဆိုပြီး အဓမ္မ မောင်းထုတ်နေပါတယ်။ “ပိုင်”ဆိုတာ မြန်မာလိုတော့ သွား.. ပေါ့။ ခုနက ပါလာတဲ့ ဆိုင်ကယ် တက္ကစီတွေလည်း အနား ရောက်လာကုန်ကြပါပြီ။ သူက ကျမကို အဲဒီဆိုင်ကယ်တွေထဲက တစီးစီးကို တက်စီးဖို့ ခိုင်းနေပါတယ်။ အော်ကြီးဟစ်ကျယ် ခိုင်းနေတာပါ။ နောက်ကျော မလုံတဲ့ ပုံစံမျိုးနဲ့ ပျာယာခတ်နေတာပါ။ ကားက လမ်းဟောင်းတနေရာ လူပါးတဲ့ အကွေ့တခု၊ အိုအိုမင်းမင်း အဆောက်အအုံတွေနားမှာ ထိုးရပ်ထားပါတယ်။ သေချာတာက သူတို့လိုချင်တဲ့နေရာကို မရောက်သေးတာ ဖြစ်ဖို့များပါတယ်။ ဒါကြောင့် လွယ်လင့်တကူ ခေါ်ထုတ်သွားလို့ အဆင်ပြေအောင် ဆိုင်ကယ်သမားတွေကို အကြောင်းကြားလိုက်တာ ဖြစ်နိုင်ပါတယ်။ ဆိုင်ကယ်က တစီးတည်းဆိုရင် ကျမကို အဓမ္မ စီးခိုင်းနေမှန်း ရိပ်မိမှာစိုးလို့ ကြိုက်ရာရွေးစီးပြီး လိုက်သွားဆိုတဲ့ သဘောပါ။
ကျမ ဘာတခွန်းမှ မပြော၊ ထလည်း ထမသွား၊ ကားထဲမှာနေပြီး အရင်ဆုံး လက်ကိုင်ဖုန်းကို ကိုင်လိုက်ပါတယ်။ ပြီးတော့ ဘန်ကောက် ကြမ်းပိုးကြီး ကျမသူငယ်ချင်း ကိုထိုက်ဆီကို လှမ်းဆက်လိုက်ပါတယ်။ ဟလို..ကိုထိုက်လား။
ငါ အဲမလီပါ။ ငါ ငှားလာတဲ့ တက္ကစီက သံရုံးကိုမပို့ဘဲ ငါ့ကို ဘယ်နေရာခေါ်လာမှန်း မသိဘူး။ ခုလည်း တခြား ဆိုင်ကယ်သမားတွေနဲ့ လိုက်ခိုင်းနေတယ်။ နင်မေးလိုက်ပါ ဘာပြဿနာ တတ်နေလဲ ဆိုတာ။ ကျမ ဖုန်းကို အဲဒီ ကားဆရာကို လှမ်းပေးလိုက်ပါတယ်။ ကားဆရာက ကျမဖုန်းနဲ့ စကားတွေ အော်ကျယ်အော်ကျယ်ပြောပါတယ်။ သူဘာတွေပြောနေလဲ ကျမနားထောင်နေလိုက်တယ်။ ခဏကြာတော့ ကျမဖုန်းကို ကျမဆီ ပြန်ထိုးပေးတယ်။
ကျမ နားထောင်လိုက်တယ်။ ကိုထိုက် သူဘာပြောလဲ။ အေး.. အဲမလီ လမ်းက အရမ်း ရှုပ်နေတယ်လို့ ပြောတယ်။ နင်သွားချင်တဲ့ နေရာကို အချိန်မီ ရောက်မှာ မဟုတ်ဘူး တဲ့။ နင်လည်း သိသားနဲ့ ဘန်ကောက်မှာ ဒီလောက် လူ ထူထပ်တာ၊ ဒီအချိန်ဆို ကားတွေ ကြိတ်ကြိတ်တိုး၊ ဘယ်လိုမှ အချိန်မမီဘူး၊ အဲဒါနင့်ကို စေတနာနဲ့ ပြောနေတာ။ လိုက်သာသွား၊ ဘာမှ မဖြစ်ဘူး။ ဆိုင်ကယ်နဲ့ဆို မြန်မြန်ရောက်မယ်။ တော်ကြာ နင်သတင်း မမီဘဲ နေဦးမယ်။
သွေးအေးနေတဲ့ လူတယောက်လို ကျမ စကားတွေ ပြောဆိုနေရပါတယ်။ ဒါပေမယ့် ကျမကိုယ်ကျမတော့ သိနေတယ်။ ကျမ သွေးလန့်လုမတတ် ဖြစ်နေတယ်။
ဟဲ့ ကိုထိုက်.. ငါမယုံဘူး။ သူတို့ကို ငါ လုံးဝ မယုံဘူး။ သူတို့မျက်လုံးတွေ သူတို့ ပုံစံတွေကို ငါ ထိပ်တိုက် ရင်ဆိုင် နေရတာ၊ ငါ သူတို့ ခိုင်းတိုင်း မလုပ်နိုင်ဘူး။ သူတို့နဲ့လည်း အတူ မလိုက်နိုင်ဘူး။ ကျမ စကားမဆုံးသေးဘူး ကားသမားက စိတ်မရှည်တဲ့ပုံစံနဲ့ ကျမကို ကျသင့်သလောက် မီတာခကို ရှင်းခိုင်းပြီး ဆိုင်ကယ်တစီးကို အထာပြလိုက်တယ်။ ကျမလည်း တက္ကစီခ ဘယ်လောက်ကျသလဲ သိရအောင် မီတာဘောက်ကို ကြည့်လိုက်တယ် ဘတ် ၈၀။ ကျမ ပိုက်ဆံအိတ်ထဲက ၂၀ တန်  ၄ ရွက်ကို ပစ်ပေးလိုက်တယ်။ ရှေ့ထိုင်ခုံကြား လွှင့်ကျသွားတဲ့ ငွေစက္ကူတွေကို သူ လှမ်းကောက်တုန်း ကားတံခါးကို ဆောင့်တွန်းပြီး အတင်း ပြေးဆင်းခဲ့တယ်။ ပြီးတော့ ဂျိမ်း ဆိုတဲ့ အသံကြီးထွက်အောင် တံခါးကို ပြန်ပိတ်ပစ်လိုက်တယ်။ အဲဒီအသံကြောင့် ခပ်ဝေးဝေးက လူတချို့လှမ်း ကြည့်လာတယ်။ လူတွေ လှမ်းကြည့်မှန်း သိလို့ ဒီလူတသိုက်လည်း ဟန်မပျက် ခရီးသည် စောင့်နေသလိုလို ဟန်ဆောင်လိုက်ကြတယ်။
ကျမ နောက်လှည့် မကြည့်စတမ်း ခပ်သွက်သွက် ပြေးလာခဲ့ပါတယ်။ လက်ထဲ ကိုင်ထားတဲ့ အသံဖမ်းစက်က  ပွင့်သွားပြီး ကားသမားပြောတဲ့ စကားသံတွေ ကျယ်ကျယ် လောင်လောင် ထွက်နေပါတယ်။ ဆိုင်ကယ်သမား တယောက် ရိပ်မိသွားတယ် ထင်တယ်။ ဘာအော်ပြော လိုက်တယ် မသိဘူး။
ဘုရား..ဘုရား..၊ ကျမ တန်းနေအောင် ပြေးတယ်။ ပြေးတယ်…။
နောက်ကနေ လိုက်ပါလာတဲ့ ဆိုင်ကယ်တစီးရဲ့အသံ အနီးကပ်ဆုံး ကြားလိုက်တဲ့အချိန်မှာ တခြား တက္ကစီတစီး လမ်းမအတိုင်း မောင်းလာတာ တွေ့ရတယ်။ ကျမ အလျင်စလို တားလိုက်ပါတယ်။ I want to go to Myanmar Embassy.
Come on.
အချိန်မီလေး လွတ်မြောက်သွားပါပြီ။
သူတို့ကို လူကုန်ကူးသမား ဆိုတာ ကျမ တကယ် မသိခဲ့ပါဘူး။ မြန်မာမှန်းသိလို့ လိုက်မပို့ချင်တာလားလို့ပဲ တွေးမိခဲ့တာပါ။ မြန်မာမှန်းသိလို့ အထင်သေး အမြင်သေး ပြောဆိုအော်အစ် နေတာလားလို့ပဲ ထင်မှတ်ခဲ့တာ။
လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားတဲ့ အသံဖမ်းစက်က ဖွင့်လျက်သားအတိုင်း အသံတွေက ညံနေဆဲ။ ကားမောင်းသမားက တအံ့တသြ နားထောင်နေပါတယ်။ ပြီးတော့ သူက အင်္ဂလိပ်လို ဖြည်းဖြည်းချင်း ပြောလာပါတယ်။
You are lucky girl တဲ့။
http://burma.irrawaddy.org/archives/2142
တရားမဝင်ကား ဂယက်ကြောင့် အကောက်ခွန်ညွှန်မှူး ပြေးပြီ
By ဧရာဝတီ on November 10, 2011 4:59 pm
တရားမ၀င် ကားတင်သွင်းမှုများကို အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိနေချိန် အေးရှားဝေါလ် ဆိပ်ကမ်းတွင် တာဝန် ထမ်းဆောင်နေသော အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ်မှာ အကြောင်းပြချက်မရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားပြီး ကျန်အရာရှိတချို့လည်း ထွက်ပြေးရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
ပုဂ္ဂလိက ဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းများတွင် လိုင်စင်မဲ့ကားများ တရားမ၀င် ဖမ်းဆီးချိန်မှစ၍ ဦးအောင်ရဲထွဋ်မှာ ရုံးမတက်တော့ကြောင်း၊ ၎င်းနှင့်ရင်းနှီးသော အကောက်ခွန် ညွှန်ကြားရေးမှူးများက ဦးအောင်ရဲထွဋ် ကိုယ်စား ခွင့်တိုင်ခဲ့ကြကြောင်း၊ သို့သော်လည်း အစိုးရ၏ ခွင့်ပြုထားသည့် ခွင့်ရက် ကျော်လွန်သည်အထိ ဦးအောင်ရဲထွဋ်မှာ ရုံးပြန်မတက်တော့ကြောင်း၊ ထို့ကြောင့် လစာမဲ့ခွင့်အဖြစ် ဆက်လက် တင်ပြထားသော်လည်း သက်ဆိုင်ရာအကောက်ခွန်ရုံးချုပ်သို့ ဆက်သွယ်ခြင်းမပြုကြောင်း အကောက်ခွန်ရုံးနှင့် နီးစပ်သူများက ပြောသည်။
“ဆိပ်ကမ်းမှာ ကားတွေစပြီးဖမ်းတဲ့ ဒီနှစ်လယ် လောက်ကတည်းက ဦးအောင်ရဲထွဋ် ရုံးမတက်တော့တာ၊ အခုဆိုရင် ၄ လကျော် ၅ လလောက် ရှိနေပြီ။ ကားတွေ တရားဝင် သွင်းတဲ့အမှုနဲ့ သူက တိုက်ရိုက် ပတ်သက်နေတော့ မရှင်းနိုင်လို့ ထွက်ပြေးသွားတာ။ တချို့အရာရှိတွေလည်း ပြေးဖို့ ပြင်နေကြပြီ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးမှ အရာရှိတဦးက ပြောသည်။
လိုင်စင်မဲ့ကားများ တရားမ၀င် တင်သွင်းမှုတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးမှူး၊ ဒု ဦးစီးမှူးအပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀ ကျော် ပါဝင်ပတ်သက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ် ထားသော စုံစမ်းစစ်ဆေးချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
“အကောက်ခွန် ဦးစီးဌာနညွှန်ချုပ်ဟောင်း ဗိုလ်မှူးကြီးစံသောင်း (ယခုမြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး) လက်ထက်မှာ အကျင့်ပျက် ခြစားတာတွေ အုပ်စုဖွဲ့ကျူးလွန်တာမျိုး အများကြီးဖြစ်ခဲ့တယ်။ အခုညွှန်ချုပ် ဦးထွန်းသိန်း လက်ထက်မှာလည်း ဆက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းက သူ့လူတွေကို အထိမခံဘူး။ ကာကွယ်ပေးထားတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရုံး အရာရှိက ဆိုသည်။
ဦးထွန်းသိန်းသည် ယခင်က နေပြည်တော်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ရုံးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၀န်ကြီးဦးလှထွန်း၏ လူယုံလည်းဖြစ်ကာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ယခုနှစ်ဆန်းပိုင်းတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။
ယခုနှစ် သြဂုတ်လအတွင်းက ကား ၇ စီး တရားမ၀င် သယ်ဆောင်လာသည်ဟု ဆိုကာ ACE အမည်ရှိ ၀န်ဆောင်မှု အေဂျင်စီ တခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ရုပ်သိမ်းခဲ့သည့်အပြင် အဆိုပါအေဂျင်စီတွင် လုပ်ကိုင်နေသူများ၏ လုပ်ကိုင်ခွင့် ကတ်များကိုပါ ၇ ရက်တွင်း အကောက်ခွန်ဦးစီးဌာနသို့ ပြန်အပ်စေခဲ့သည်။
ထိုကိစ္စကို မကျေနပ်သော အေးဂျင့်များက လာဘ်ယူခဲ့သော အကောက်ခွန်အရာရှိများ အကြောင်း သမ္မတ ဦးသိန်းစိန်ထံသို့ တိုင်စာများပေးပို့ခဲ့ကြသည်။
“လက်ခုပ်ဆိုတာ တဘက်တည်း တီးလို့ မမြည်ပါဘူး။ အေးဂျင့်တွေမှာ အပြစ်မရှိဘူးလို့ မပြောဘူး၊ အေးဂျင့်တွေရော၊ ကားခိုးသွင်းတဲ့သူရော၊ အစိုးရ၀န်ထမ်းတွေပါ ပေါင်းလုပ်ကြတာ။ ဒါပေမယ့် အစိုးရ၀န်ထမ်းတွေက အပြစ်မရှိသလိုလိုနဲ့ တခြားလူတွေကို အပြစ်ပုံချတာ၊ ထိုးချတာကတော့ လုံးဝ လက်မခံနိုင်ပါဘူး” ဟု ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ အကောက်ခွန် ရှင်းလင်းရေး အေးဂျင့်တဦးက ပြောသည်။
၂၀၀၆ ခုနှစ်က အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် ၀န်ထမ်း ၆၀၀ ကျော်ကို အကျင့်ပျက်ခြစားမှုဖြင့် အရေးယူ ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် ယင်းနှစ်တွင်ပင် အကောက်ခွန်ဦးစီးမှူး ၁၀၀ ကျော် ခန့်ထားရန် အလုပ်ခေါ်ယူခဲ့ရာ လူ ၈၀၀၀ ကျော် အလုပ်လျှောက်ထားခဲ့ပြီး စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူများမှာ အထူးဦးစားပေးအဖြစ် အလုပ် ခန့်အပ် ခံခဲ့ရကြောင်း သိရသည်။
http://burma.irrawaddy.org/archives/2137