Friday, November 11, 2011

STRAND HOTEL တွင်ဖွင့်လှစ်ပြသသော SHWEDAGON & KYAIK HTEE YOE ပန်းချီပြပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု

By: Burma VJ Media Network

ကိုဇာဂနာ့ကို နားရွက်တံတွေးဆွတ်ကြသူများ..



Maung Thura
မိတ်ဆွေများခင်ဗျာ၊ဇာဂနာ ဟာ အမြဲမပြတ်ပြည်သူဖက်ကရပ်တည် ထောင်ကျခံ ပြောဆိုခဲ့သူပါ၊ခုတော့ ပြည်ပ အသံလွှင့်မီဒီယာအချို့က ဇာဂနာ့ကို တိုက်ခိုက်နားရွက်တံတွေးဆွတ်လိုကြတဲ့အတွက်ဒီနေ့ဒီအချိန်က စ ပြီး အင်တာဗျူးဖြေကြားခြင်းများကို ယာယီ(ယာယီ)ရပ်ဆိုင်းထားလိုက်ပါပြီခင်ဗျား။

"စု" ကြောက်လိုက်ပုံက...













MrMaung KoThet


သင်ဘယ်လိုနားလည်ပါသလဲ။
ရှင်းရှင်လေးပဲ.... "စု" ဆိုတဲ့စကားလုံးကို သတင်းထဲ ဂျာနယ်ထဲကို မထည့်ဖို့ ဘယ်လောက်ဖိအားပေးခံရနေလည်းဆိုတာ။ အားလုံးအကျင့်ပါပြီး စု မြင်တာနဲ့ အလိုအလျှောက် စာလုံးပေါင်းပြင်ပြီးသား ဖြစ်သွားရော။ :)

နအဖအီလက်ထရောနစ်ကြီးဖေ့စ်ဘွတ်ခ်ပေါ်ရောက်လာပြီ..













































MrMaung KoThet

မြန်မာပြည်အတွင်းမှ အသုံးပြုသူများနည်းနည်း ဂရုပြုပေးကြပါ။ ဒီကောင်တွေက တကယ်လုပ်မှာပါ။ မယုံမရှိကြပါနဲ့။

၁၁.၁၁.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.ziddu.com/download/17286768/11Nov2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/17286769/11Nov2011Yeyintngesdiary.doc.html

http://www.scribd.com/doc/72436217/11-Nov-2011-Yeyintnge-s-Diary 

11 Nov 2011 Yeyintnge's Diary

အိုးအိမ်ဖွံ့ဖြိုးရေးရှေ့ လယ်ယာမြေကိစ္စအား ဆန္ဒပြခဲ့သော ရှေ့နေဖိုးဖြူနှင့် အပေါင်းအပါ များအား အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်းသိရှိရ




ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup on 11 Nov, 2011
 
ယနေ့ဗိုလ်တထောင် တရားရုံးမှ နိုဝင်ဘာလ ၁၁ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ တရားရုံးချုပ်တွင် ၁၉၅၃ ခုနှစ်တွင်ပြဋ္ဌာန်း ထားသော လယ်သမားမြေပိုင်ဆိုင်ခွင့် ဥပဒေ ဖျက်သိမ်းပေးရန် အိုးအိမ်ဦးစီးဌာန ရုံးချုပ်ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သူ ၇ဦးအား တရားစွဲဆိုခဲ့သော အမှုနှင့်ပတ်သက်ပြီး အမိန့်ချမှုအပေါ်တွင် ကျေနပ်မှု မရှိသော်လည်း လက်ခံခဲ့ရကြောင်း အဆိုပါဆန္ဒပြပွဲအား ဦးဆောင်ခဲ့သူ ရှေ့နေရန်နိုင်အောင် (ခေါ်) ဖိုးဖြူက ပြောသည်။
“တရားသူကြီးက  ရုံးချိန်းတော့ အာမခံနဲ့လွှတ်ပေးလိုက်မယ် ဒါပေမဲ့ နောက်ရုံးချိန်းကျရင်တော့ တရားစွဲခံရသူတစ်ယောက်က ခံဝင်သူ အာမခံသူနှစ်ယောက်နှင့် တင်ရမယ်ဆိုပြီးတော့ အမိန့်ချလိုက်တယ် အခုလောလောဆယ်တော့ အာမခံနဲ့ လွှတ်လာပါပြီ ”ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ရှေ့နေရန်နိုင်အောင် (ခေါ်) ဖိုးဖြူက ပြောသည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာ၂၇ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနရုံးရှေ့တွင် ၁၉၅၃ ခုနှစ်တွင်ပြဌာန်း ထားခဲ့သော `လယ်သမားမြေ ပိုင်ဆိုင်ခွင့် ဥပဒေ´ နှင့်ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုရာတွင်ပါဝင်ခဲ့သော  (၇)ဦးအား ရဲမှဥပဒေမဲ့လူစုလူဝေးပြုလုပ်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၃၊ အမိန့်ဖီဆန်မှု ၁၄၅ တို့ဖြင့်တရားစွဲဆိုထားပြီး ဗိုလ်တထောင်မြို့နယ်ရှိတရားရုံးတွင် ၂၀၁၁ခုနှစ်၊နိုဝင်ဘာ၊ ၁၁ ရက်နေ့၌ ရုံးချိန်းဖြစ်သတ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တရားစွဲဆိုခံထားရသူများမှာ ရှေ့နေ ကိုဖိုးဖြူ၊ ဒဂုံမြို့သစ်တောင်ပိုင်း ကျီစုကျေးရွာမှ လယ်သမားများဖြစ်ကြသော ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦးအောင်မြင့်၊ ဦးသိန်းထွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးညို နှင့် ဟင်းချက်သင်တန်း ကျောင်းဆရာ ဦးသီအောင်တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြခြင်းကြောင့် လယ်သမားများ အသိမ်းခဲ့ရသော ဧက၃၀၀ ကျော်မှ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိသော ၁၇၆ ဧကကိုသာ ပြန်လည်ပေးအပ်ပြီး စိုက်ပျိုးခွင့်ပေးရန် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
` လယ်သမားတွေအတွက်ကတော့ ဧက ၁၇၆ ဧကပဲ ပြန်ရတယ် ဒါပေမဲ့ ကျွန်တော်အနေနဲ့တော့ ကျေနပ်မှုမရှိပေမဲ့ လက်ခံလိုက်ပါမယ် မရှိတာထက်စာရင်ပေါ့`ဟု ရှေ့နေကိုဖိုးဖြူက ပြောသည်။
 
ဒဂုံမြို့သစ် တောင်ပိုင်းတွင်လည်း ရွှေနဂါးကုမဏီမှ သိမ်းဆည်းထားသော လယ်သမားများ၏ လယ်ဧက ၁၅၀ ခန့်ကိုလည်း သိမ်းဆည်းထားသောကြောင့် လယ်သမားများအား ပြန်လည်ထုတ်ပေးရန်နှင့် စိုက်ပျိုးခွင့် ပေးစေလိုကြောင်း အဆိုပါ ရှေ့နေမှ ဆက်လက်ပြောဆိုသည်။
“ဒဂုံတောင်မှာလည်း ရွှေနဂါးကုမဏီက သိမ်းထားတာတွေ ရှိသေးတယ် ဧက ၁၅၀လောက်ရှိတယ် အဲ့ဒါတွေကိုလည်း လယ်သမားတွေထံကိုပေါ့ ပြန်ပြီး ပေးအပ်ပြီး စိုက်ပျိုးခွင့်ပေးစေချင်တယ်”ဟု ရှေ့နေ ရန်နိုင်အောင် (ခေါ်) ဖိုးဖြူက ပြောသည်။
တောင်သူလယ်သမား တစ်ထောင်ကျော်၏ လယ်မြေများကို ကုမဏီ ၁၆ခုမှ သိမ်းပိုက်ထားကြောင့် လယ်သမားမိသားစုဝင် တစ်သောင်းကျော်မှာလည်း စားဝတ်နေရေးအတွက် အဆင်မပြေမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။

http://www.myitmakhamediagroup.com/

ခင်ဗျားတို့ ဘာတွေလုပ်နေလဲ (ဇာဂနာ)


Posted by on November 11, 2011 


တိုင်းပြည် နိုင်ငံရေးအကြောင်းပြောရင် ခေါင်းဆောင်တွေ ဘာလုပ်နေသလဲဆိုတာ အမြဲပြောလေ့ပြောထ ရှိကြပါ တယ်။ ငယ်သားတွေ နောက်လိုက်တွေကော ဘာလုပ်နေလဲလို့ ပြောကြစေချင်ပါသေးတယ်။ တဆိတ်ရှိ အစိုးရကို အပြစ်တင် လိုက်၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဝေဖန်လိုက်နဲ့ ပြည်သူတွေကရော ကိုယ့်တာဝန်ကိုယ် ကျေကြပါ ရဲ့လား။
နိုင်ငံသားဆိုတာ
(သူနဲ့သူ့ နိုင်ငံအကြားမှာ တာဝန်နဲ့အခွင့်အရေးဆိုတဲ့ ကြိုးနှစ်ကြိုး ချည်နှောင်ခံထားသူပါ)
ကိုယ့်တာဝန် ကိုယ်မယူဘဲ ကိုယ့်တာဝန်ကို သူများအပေါ် ပုံထားတဲ့ သူတွေက နိုင်ငံသားအခွင့်အရေးဆိုတာကို တစာ စာ တောင်းသင့်ရဲ့လား။ သားသမီးဝတ် မကျေပွန်ဘဲ သားသမီးအခွင်းအရေးကို ဇွတ်အတင်းတောင်းနေတာ တရားနည်း လမ်း ကျပါရဲ့လား။
နိုင်ငံသားဆိုတာ …
(၁) တဦးချင်းစီးရဲ့ အရေးနဲ့
(၂) အစုအဖွဲ့ရဲ့ အရေးဆိုတဲ့ တာဝန် နှစ်ရပ် ရှိပါတယ်။
ခရစ်တော် မပေါ်ခင် ဘီစီ ၄၃၁ တုန်းက ပရီကယ်လိစ်ရဲ့ စကားလေး တခွန်း ဖောက်သည်ချပါရစေ။
(လူဟာ ကိုယ့်အိမ် ကိုယ့်မိသားစုကို စောင့်ရှောက်ရမယ့် ဝတ္တရားရှိသလို ပြည်သူ့အရေးအရာကိုလည်း မျက်ကွယ်မပြုရ ဘူး။ နိုင်ငံသားတိုင်းဟာ သူ့နိုင်ငံရဲ့ တရားသူကြီးတွေပါပဲ) တဲ့။
ဒီတော့ ခေါင်းဆောင်မဟုတ်တဲ့ နိုင်ငံသားတွေက …
(၁) နိုင်ငံသားအခွင့်အရေးနဲ့ တာဝန်
(၂) နိုင်ငံရေး အခွင့်အရေးနဲ့ တာဝန်
(၃) လူမှုရေး အခွင့်အရေးနဲ့ တာဝန် သုံးမျိုးလုံး ကျေပွန်ကြဖို့ လိုပါတယ်။
နိုင်ငံသား အခွင့်အရေးဆိုတာ တဦးချင်း တယောက်ချင်းနဲ့ ဆိုင်တာပါ။ လွတ်လပ်စွာ ပြောခွင့်ရေးခွင့် စီတန်းလှည့်လည် ခွင့် ဆိုတာမျိုးတွေပေါ့။ ကိုယ့်သဘောနဲ့ကိုယ် ပါပဲ။ ဒါတွေကို လုပ်ချင်လုပ် မလုပ်ချင်နေပေါ့။ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း နေပိုင်ခွင့်ရှိကြပါတယ်။ ဒီတော့ ဒီအခွင့်အရေးကို အနုတ်လက္ခာဆောင်တဲ့ အခွင့်အ ရေးလို့ ဆိုကြရအောင်ပါ။
နိုင်ငံရေး အခွင့်အရေးဆိုတာ ကျတော့ မဲပေးခွင့်၊ ရွေးကောက်ပွဲ ဝင်ခွင့်၊ တနိုင်ငံလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်း မယ့် ကိစ္စရပ်တွေမှာ ပါဝင်ခွင့် စတာတွေပါပဲ။ ရွေးကောက်ပွဲမှာ ဝင်ခွင့်မရရင် ရွေးကောက်ပွဲကို သပိတ်မှောက်ခွင့်ရှိတာ နိုင်ငံသားတိုင်း တာဝန်ပါပဲ။
လူမှုအခွင့်အရေး ဆိုတာကျတော့ စာသင်ကြားခွင့်၊ ကုသခွင့်၊ နိုင်ငံရေး ဝေဖန်ဆွေးနွေးခွင့်၊ တန်းတူညီမျှ စီးပွားရှာခွင့် ဆို တာတွေ ပါပဲ။ စီးပွားရေးမှာ လက်ဝါးကြီးအုပ် မောင်ပိုင်စီးတာကို ဝိုင်းပြီး ကန့်ကွက်ဆန့်ကျင်ဖို့က နိုင်ငံသားတိုင်းရဲ့ တာ ဝန် ပါပဲ။
အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုအခွင့်အရေးကိုတော့ အပေါင်းလက္ခဏာဆောင်တဲ့ အခွင့်အရေးလို့ ဆိုကြရအောင်ပါ။
ဒီတော့ဗျာ လွတ်လပ်စွာ ဆန္ဒပြခွင့်လောက်နဲ့တင် နိုင်ငံသား တာဝန်မကျေပွန်သေးဘူးလို့ ကျနော်ကတော့ ပြောရမှာပဲ။ ဒီနေ့ကမ္ဘာမှာ အခွင့်အရေးနဲ့ တာဝန်ကို တွဲပြီး ပြောနေကြရပါပြီ။ (အခွင့်အရေးအတွက် နိုင်ငံရေး) ဆိုတဲ့ စကားကို (အား လုံးကောင်းဖို့ နိုင်ငံရေး) ဆိုတဲ့ စကားနဲ့ အစားထိုး သုံးစွဲကြပါစို့။ အားလုံးကောင်းစေချင်ရင် ကိုယ်ကလည်း ကောင်းကြ ပါ။ ဒီမိုကရေစီဆိုတာ ပြည်သူပိုင် အုပ်ချုပ်ရေးပါ။
ကိုယ်အပါအဝင် ကိုယ့်အသိုက်အဝန်းရဲ့ တာဝန်ကို နိုင်သလောက် ဝိုင်းထမ်းကြမှ နိုင်ငံသား ပီသတော့မှာပေါ့။ Autonomy ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ၊ ခင်ဗျားတို့ ကျနော်တို့ နိုင်ငံသားတွေ ကိုယ့်တာဝန်နဲ့ကိုယ် အုပ်ချုပ်တတ်ကြ ဖို့ လိုပြီ။ ဒါမှလည်း ကျနော်တို့နိုင်ငံ တိုးတက်မှာပေါ့။ လူ့အခွင့်အရေး ချက်ချင်းပေး၊ လူ့အခွင့်အရေး ချက်ချင်းပေးလို့ အော်တိုင်းသာ ပြည့်ဝမယ် တိုးတက်မယ်ဆိုရင် ကျနော်တို့ ကမ္ဘာကြီး အသံဝင်တာ ကြာရောပေါ့။
ဇာဂနာ
(ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၆၈၊ ၁၀ နိုဝင်ဘာ ၂၀၁၁ မှ ကူးယူဖေါ်ပြပါသည်)
http://www.naytthit.net/?p=21697


ထိုင်း စက်မှုဇုန်တွေ ရွှေ့ မယ့် သတင်းကြောင့် ရွှေပေါက်ကံ နဲ့  ရွှေပြည်သာ မြေဈေးထိုးတက်


by FNG on November 11, 2011
Three Storeys Buiding Under Construction
FNG၊ ၊ထိုင်းနိုင်ငံ မှာ ရေကြီး နစ်မြုပ်ပြီး ပျက်စီး ကုန် တဲ့ စက်ရုံ့ တွေ ကို ရင်းနှီးမြုပ် နှံထား
တဲ့ နိုင်ငံတကာ လုပ်ငန်း ရှင် တွေ ဟာ သူ တို့  ရဲ့  စက်ရုံ တွေ ကို မြန်မာ နိုင်ငံ ရန်ကုန် မြို့  ကို
ရွှေ့ မယ်ဆိုတဲ့ သတင်း ကြောင့် ရန် ကုန် မြို့  က စက်မှုဇုန် ပါ ရှိ ပြီး လူနေအိမ်ငြိမ် နဲ့  နီးတဲ့ ရွှေပေါက္ကံ၊
ရွှေပြည်သာ စတဲ့ နေရာ တွေ မှာ အိမ်ခြံဈေး တွေ ဟာ အဆမတန် မြင့် တက် သွား ကြောင်း
FNG မှ သတင်း ရရှိ သည်။

ရွှေပြည်သာ မြို့ နယ် နှင့် ရွှေပေါက်ကံ မြို့ နယ် များ တွင် ထိုင်းနိုင်ငံ မှ လုပ်ငန်း ရှင် သူဌေးများ
၏ ကိုယ်စားလှယ် များ က မြေနေရာ လွတ် များ နှင့် စက်ရုံများ ကို လာရောက်ကြည့် ရှု ကြ
သဖြင့် ယခု ကဲ့ သို့  ဈေးတက် သွား ခြင်း ဖြစ်သည်။

မိုးရာသီ ကာလ က သိန်း ၅၀၀ ခန့် တန် သည့် ရွှေပေါက်ကံ မြို့ ရှိ လုံးချင်း အိမ် တစ်လုံးမှာ
ယခု သိန်းတစ်ထောင် ခန့် ထိ ဈေး ခေါ် နေသည် ဟု သိရသည်။

ရန်ကုန် ရှိ ရတနာထွန်း အကျိုးဆောင် လုပ်ငန်းမှ တာဝန် ရှိ သူ တစ်ဦး က လူ အိမ်၊ခြံမြေ ဈေး
တက်ရခြင်း မှာ ဂျပန် မှာ မော်တော် ကား များ ၀င်လာ ပြီး ကား ဈေး ပြုတ် ကျ ခြင်း နှင့် သက်
ဆိုင် သည် ဟု လည်း သုံးသပ် ပြောကြားသည်။

ပြီးခဲ့ သည့် သီတင်း တစ်ပတ် ကျော်က ရန်ကုန် မြို့ မင်္ဂလာ တောင်ညွှန့် ရှိ ကန်ထရိုက် တိုက် တစ်
လုံး ပြိုကျရာမှ ၀ယ်လက် များ က ကန် ထရိုက် တိုက် ကို ရှောင် ပြီး မြေပါ သည့် လုံးချင်း များ
ကို အဆွဲ များ ခြင်း ကြောင့် ဟု ဆို သည်။

ထိုင်း နိုင်ငံ တွင် လာရောက် ရင်းနှီးမြုပ် နှံ ထား သည့် စီးပွားရေး လုပ်ငန်း ရှင် များ ကလည်း
ဆိုးရွား လှသည့် ရေဘေးကြောင့် ထိတ်လန့် ခြောက် ခြာားကာ တစ်ပြည်တစ်ကျေး သို့  ပြောင်း
လဲအခြေစိုက် ရန် ကြိုးပမ်းလာကြသည်။
http://freedomnewsgroup.com/2011/11/11/myanmar-mortgage-bloom/

မြန်မာပြုပြင်ရေးရှေ့တိုးဖို့ အချိန်လို

သောကြာ, 11 နိုဝင်ဘာ 2011
By ဒေါ်ခင်စိုးဝင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာအစိုးရအနေနဲ့ ပြည်သူလူထုအကျိုးအတွက် အနှစ်သာရရှိတဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုကို မိတ်ဖက်နိုင်ငံအဖြစ် တွေ့မြင်ရမှာပါလို့ ပြောဆိုလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးကတော့ အရပ်သား အစိုးရ တက်လာပြီးတဲ့ ၇ လတာကာလအတွင်းမှာ အနှစ် ၅၀ ကြာ ရှင်းမရခဲ့တဲ့နိုင်ငံရေးကို အပြုသဘောနဲ့ အပြောင်းအလဲကို ရှေ့ရှုပြီးတော့ ဖြေရှင်းနေပါကြောင်း၊ ကျန်နေသေးတဲ့နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့လည်း လွတ်လာပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နည်းတူပဲ အမြန်ဆုံးအခွင့်အရေး ရရှိမယ်လို့ ယူဆရတဲ့အကြောင်း၊ တိုင်းရင်းသားဒေသတွေက ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းနေပါကြောင်း ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

APEC ခေါ် အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံ အကြိုအဖြစ်နဲ့ ဟာဝိုင်အီကျွန်းစု ဟိုနိုလူလူမြို့ Eastpark Centre တက္ကသိုလ်မှာ ဝန်ကြီးကလင်တန် မိန့်ခွန်းပြောဆိုခဲ့ရာမှာ အမေရိကန်ရဲ့ အာရှနိုင်ငံတွေအပေါ် ရပ်တည်တဲ့မူဝါဒနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အာရှနိုင်ငံတွေမှာ ပွင့်လင်းတဲ့စီးပွားရေးရာသာမက ပွင့်လင်းတဲ့ လူ့ဘောင် အသိုင်းအဝိုင်းကို တည်ဆောက်ဖို့ပါ အားပေးထောက်ခံနေပြီးတော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလို ကိစ္စတွေမှာ သဘောထားမတူညီတဲ့ နိုင်ငံတွေနဲ့လည်း ထဲထဲဝင်ဝင် ဆက်ဆံနေပြီး ပြုပြင်ပြောင်းလဲရေး အတွက် တွန်းအားပေးတဲ့ထဲမှာ မြန်မာနိုင်ငံကလည်း အပါအဝင် ဖြစ်ပါတယ်လို့ အခုလို သွားဆိုသွားတာပါ။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက်အောင် အမေရိကန် ပြည်ထောင်စုက တစိုက်မတ်မတ် အားပေးခဲ့ပါတယ်။ ဒါကြောင့် ဆယ်စုနှစ်တွေနဲ့ချီ မတွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေကို အခု ပထမဆုံးအနေနဲ့ လှုပ်လှုပ်ရှားရှား မျက်ဝါးထင်ထင် တွေ့နေရပါတယ်။ အပြောင်းအလဲတွေ တွေ့နေရပြီဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေဆဲပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်းထားတာ၊ ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတဲ့နေရာမှာ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်ရေးဆိုတဲ့အချက်တွေ မေးခွန်းထုတ်စရာ ရှိနေသေးတယ်၊ ပြည်သူလူထု အကျိုးအတွက် အနှစ်သာရရှိတဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်သွားမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုကို မိတ်ဖက်နိုင်ငံအဖြစ်နဲ့ တွေ့မြင်ရမှာပါ။” - လို့ ပြောဆိုသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေးတွေ ရေရှည်တည်တံ့မှာလား။ အပေါ်ယံကြောပဲ ပြောင်းလဲနေတာလား ဆိုတာနဲ့ပတ်သတ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်က အခုလိုမှတ်ချက်ပေးပါတယ်။

“အဟောင်းကနေ အသစ်ကူးတဲ့အခါမှာ ကျနော်တို့ အချိန်တစ်စုံတရာ အတိုင်းအတာ လိုပါတယ်ခင်ဗျ။
နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုရင် အဦးဆုံးကတော့ နိုင်ငံရေးကို စပြီးဖွင့်လိုက်တာမျိုးပေါ့နော်။ ပြီးတော့မှ တခြား sectors တွေကို သွားတာပေါ့ခင်ဗျာ။ အခု speed အရ ကြည့်မယ်ဆိုရင်ပဲ အခု အစိုးရတက်လာတာ ၇ လပိုပိုလောက်ပဲ ရှိသေးတယ်ပေါ့နော်။ အဲ့ဒီ ၇ လပိုပိုမှာကို ကျနော်တို့ နှစ် ၅၀ လောက် ရှင်းမရခဲ့တဲ့ နိုင်ငံရေးအရွေ့က တကယ့် အပြုသဘော အများကြီး အပေါင်းလက္ခဏာဆောင်တဲ့ ဘက်ကို ရွေ့သွားပြီးပြီပေါ့။ အခုကျနော်တို့ချထားတဲ့ မူဝါဒတွေဆိုတာကလည်း တကယ့် sustainable reform နဲ့ sustainable development ကို ရှေ့ရှုတဲ့ဟာတွေ ဖြစ်ပါတယ်။”

ဝန်ကြီးကလင်တန်က မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာတွေ အများကြီးရှိတဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့တော့ ဒေါက်တာနေဇင်လတ်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောပြပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကလေ တွေးကြည့်လို့ရတာလေးတွေ ရှိတယ်ဗျ။ မှန်းကြည့်လို့ရတာလေးတွေ ရှိတယ်ပေါ့။ ကျနော်တို့ကတော့ ဘယ်အချိန် ဘယ်ကာလ ဘယ်လိုဆိုတဲ့ ကိစ္စရပ်မျိုးကိုတော့ ကျနော်တို့က အတိအကျပြောပိုင်ခွင့် ရှိတဲ့သူတွေတော့ မဟုတ်ဘူးလေ။ သို့သော်လည်း ဥပမာအားဖြင့်ပေါ့ဗျာ နိုင်ငံရေးကြောင့် အကျဉ်းသားအဖြစ် ခံစားရတဲ့အခါမှာ တချို့ကလွတ်လာပြီး တချို့ကကျန်တယ် ဆိုလို့ရှိရင်တော့ ကျန်တဲ့လူတွေမှာလည်း ဒီအခွင့်အရေးက ရှိနိုင်တယ်လေ။ ရှိရမှာပေါ့။ အဲဒီအတွက်ကြောင့်မိုလို့ လွတ်လာပြီးတဲ့လူတွေထဲက တချို့တဝက်ဆိုရင် သူတို့နဲ့အလားတူပေါ့ဗျာ။ အခုလို အကျဉ်းကျခံနေရတဲ့လူတွေရဲ့ အနာဂတ်ကလည်း ပထမလူတွေနဲ့ အတူတူတော့ ဖြစ်ပါလိမ့်မယ်ခင်ဗျ။ သူတို့ရဲ့အနာဂတ်ကလည်း ကျနော်ထင်တယ် အမြန်ဆုံးပေါ့ဗျာ၊ အမြန်ဆုံး ပထမလူတွေနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ တတ်နိုင်သမျှတော့ ကျနော် ထင်ပါတယ် စောနိုင်ပါလိမ့်မယ်။”

ဝန်ကြီးကလင်တန်ရဲ့ မေးခွန်းတွေထဲက နောက်တစ်ချက်ကတော့ မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးဟာလည်း အဓိက ပါဝင်နေတယ်ဆိုတာနဲ့ ပတ်သတ်လို့ ဒေါက်တာနေဇင်လတ်ရဲ့ ဖြေရှင်းချက်က ဒီလိုပါ။

“ကျနော်တို့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက စခဲ့တဲ့ပြဿနာတွေ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ သူတို့အတွက်ကတော့ အချိန်လေး နည်းနည်းလေး ပိုလိုပါလိမ့်မယ်။ အခုလည်း ညှိနှိုင်းတဲ့ကိစ္စရပ်တွေ လုပ်တဲ့အခါမှာ တိုးတက်မှု တစ်စုံတရာရနေတယ် ဆိုတာကိုလည်း ကျနော်တို့ သိနေရပါတယ်ခင်ဗျ။”
လာမယ့်တနင်္ဂနွေနေ့ ၁၃ ရက်နေ့မှာ အဖွဲ့ဝင်၂၁ နိုင်ငံပါဝင်တဲ့ APEC ထိပ်သီးညီလာခံကြီးကို သမ္မတအိုဘားမားက အိမ်ရှင်အဖြစ် ဟာဝိုင်အီကျွန်းမှာ လက်ခံကျင်းပပေးမှာဖြစ်ပြီးတော့ အင်ဒိုနီးရှားနိုင်င၊ ဘာလီကျွန်းမှာ ရှေ့သီတင်းပတ်အကုန်မှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံကို သမ္မတအိုဘားမား တက်ရောက်ဖို့ရှိပါတယ်။

သမ္မတအိုဘားမားဟာ အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ပထမဆုံး အရှေ့အာရှ ထိပ်သီးညီလာခံကို
တက်ရောက်မှာဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။ ဒီထိပ်သီးညီလာခံကို မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖို့ရှိပါတယ်။
http://www.voanews.com/burmese/news/Burma-APEC-11-11-11-133685918.html

ဒိုက်ဦးမှ တိုင်စာ


Friday, November 11, 2011 Khet Htan





http://www.irrawaddyblog.com/2011/11/blog-post_4940.html