Saturday, November 12, 2011
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုတနှစ်ပြည့်(One for a hundred)
ဒေါ်အောင်ဆန်းစုကြည်တနှစ်အတွင်းဟောပြောပွဲ၊မိန့်ခွန်းနဲ့အမေးအဖြေရုပ်/သံအနည်းဆုံး၁၀၀ကျော်
ရှိခဲ့ရာမှရဲရင့်ငယ်ယူကျူ့မှာစုဆောင်းထားတာတင်ပြအပ်ပါတယ်။။
Long live Daw Aung San Suu Kyi !
http://www.youtube.com/watch?v=Ln5poWNveNQ&list=PL8459EB67B775BBB3&feature=plpp_play_all
ပျော်တာပေါ့ အမေရယ်
by Ko Baloi on Friday, November 11, 2011 at 7:46am<
ဒီနေ့.....ဒီရက်ကို
စောင့်နေတာ ကြာခဲ့ပေါ့....အမေရယ်။
အမေဟာ....
တမျိုးသားလုံးလွတ်မြောက်ရေးအတွက်
စံပြုထိုက်တဲ့ စပြပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့်
ကျနော်တို့ကတော့
အမေအားထားလောက်တဲ့
စံပြပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြဘူး။
အမေ့ရဲ့ ပြရုပ်
အမေ့ရဲ့ ကြိုးစားအားထုတ်မှု
အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှု
အမေ့ရဲ့ တည်ကြည်ရိုးသားမှု
အမေ့ရဲ့ မွန်မြတ်တဲ့ စေတနာမှန်တွေဟာ
ကျနောတို့အတွက် ခွန်အားတွေပါ။
နောက်တွန့်  ကြောက်ရွံ့မှု စိုးစဉ်းမှမရှိ
ရေအဆန်မှာ လေထန်လည်း
ရေအဆန်ကို ဆန်တက်မယ့်
အံ့လောက်တဲ့သတ္တိ အမေ့ဆီမှာရှိတယ်။
အမှန်တရားကို ကျောပိုးထားတဲ့
အမေ့ရဲ့ ရဲရင့်ခြင်းတိုက်ပွဲတွေကို
စောကြွေခဲ့တဲ့ တမလွန်ရောက်ဝိဥာဏ်တွေ
သောင်းသောင်းဖျဖျပါပဲ
လက်ခုပ်သြဘာတွေတီးပြီး ကြိုဆိုသမှုပြုနေကြတယ်....အမေ။
မရေရာတဲ့အတွေးတွေက
တခါတလေ ပိုပြီးသေချာနေသလို
ရင်တွင်းခံစားမိတဲ့ အချိန်ခါတွေဆို
ကျနော်တို့တတွေ
အမေနဲ့များ ပြန်ဆုံနိုင်ပါ့မလား....လို့
လွန့်လူးနေတဲ့ အတွေးကွန်ခြာထဲ
စိုးရိမ်ကဲနေမိတယ်....အမေ။
ကဲ....တွေဝေငေးမောခြင်းကိုစွန့်ကြ
ငါတို့အားလုံး အမေနဲ့အတူ
အာဏာရူးတွေ ကျဆုံးတဲ့အထိ
ငါတို့ရဲ့ ခန္ဓာတွေ
သေစမ်းပါစေ ကြွေစမ်းပါစေ၊
ရဲရင့်ခြင်းနဲ့
ရန်သူကို ဘယ်တော့မှအရူံးမပေးဘူး၊
တွေဝေခြင်းနဲ့ ငါတို့တတွေ
ငေးမောလက်ပိုက်ကြည့်နေကြမယ် ဆိုရင်
စောကြွေတဲ့ တမလွန်ရောက် ဝိဥာဏ်တွေ
ငါတို့ကို ဆဲဆိုနေကြလိမ့်မယ်။
ကဲ....တွေဝေငေးမောခြင်းကို စွန့်ကြ
ငါတို့ဟာ ငါတို့ရဲ့
ရဲရင့်ခြင်း ဇွဲမာန်ဟုန်နဲ့
ချောက်နက်နက်ထဲ ခုန်းဆင်းနေကြတဲ့
အာဏာရူးတွေကို သဂြိုလ်စက်ထဲပို့ကြမယ်။
ပျော်တာပေါ့....အမေရယ်
အကြားချင်ဆုံးစကား အကြားချင်ဆုံးသတင်း
အဲ- ဒီနေ့  အဲ- ဒီရက်
အမေလွတ်ရက်စေ့တဲ့နေ့ကို...ပေါ့၊
အမေ သက်တော်ရာကျော်....ရှည်ပါစေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁ နှစ်ပြည့်  နေအိမ်အကျယ်ချုပ်မှလွတ်လာသည့်  
ဒေါ်အောင်ဆန်းစုကြည်အား   မနှစ်ကရေးဆိုခဲ့သည့်
ကဗျာဖြင့်    အမှတ်တရ      ထပ်မံ ဂုဏ်ပြုအပ်ပါသည်။
လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းနဲ့ ပြည်ပမှ မြန်မာနိုင်ငံရေးကို လက်ညိုးထိုးရောင်းစားနေကြသူများ (၂)
by ဒီမိုကရေစီ ဘက်တော်သား on Friday, November 11, 2011 at 2:45pm
ဤဆောင်းပါးဟာ  ပြည်ပမှ မြန်မာနိုင်ငံရေးကို လက်ညိုးထိုးရောင်းစားနေကြသူများကြောင့် ပြည်တွင်းမှလူထုခေါင်းဆောင်တွေ လုပ်ရကိုင်ရပိုမိုခက်ခဲပြီး အရာရာကိုသတိကြီးစွာနဲ့ ခြေလှမ်းတိုင်းကိုလှမ်းနေရပါတယ်။ မသမာသူ တစ်ကိုယ်ကောင်းဟန်ဆောင်နိုင်ငံရေးသမားတွေကတော့ အခွင့်အရေးရဖို့၊ နေရာယူဖို့ဆိုရင် ရှေ့ဆုံးကပါဘဲ ဆိုတာကို အဓိကဇောင်း ပေးပြီးတော့ရေးသားမှာဖြစ်ပါတယ်။
ဒီ ၂၀၁၁ခုနှစ်ဟာ မြန်မာနိုင်ငံရေးရဲ့ အချိုးအကွေ့တစ်ခု။ ၂၄နှစ်ကျော်ကာလတစ်ခုမှာ ထူးခြားတဲ့နှစ် တစ်သက်လုံး ဘူးခံငြင်းနေတဲ့ စစ်အုပ်စု၊ အတိုက်အခံတွေနဲ့ စတင်ညိုနှိုင်း အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ ခြေလှမ်းတွေကိုတွေ့လာရတော့ အကောင်းဘက်ကိုလုံးဝမရောက်သေးသော်ငြား ပန်းတိုင်ကိုရောက်ဖို့ လှေခါးထစ်လေးများရဲ့အစပိုင်းကို ရောက်ရှိနေပြီဆိုတာကိုတော့ မည်သူမှမငြင်းနိုင်တဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။
ဦးသိန်းစိန်အစိုးရဘက်က တစ်ရစ်ခြင်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးလာတာတွေ၊  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD နဲ့အပြုသဘောကြတဲ့ ဆွေးနွေးမူတွေကို စတင်လုပ်ဆောင်လာတာကို တွေ့ရတော့ မြန်မာနိုင်ငံရေးကို အကောင်းဘက်စတင်ရောက်ရှိနေပြီလို့ သုံးသပ်ရမှာပါ။ သို့သော်လည်း နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလူမျိုးစုတွေ အပေါ်ထိုးစစ်ဆင်နေမူတွေ မရပ်တန့်သေးတာတွေဟာ စိတ်မကောင်းစရာတွေပါ။  ဦးသိန်းစိန်အစိုးရဘက်က မြန်မာပြည်မှာ ဒီမိုကရေစီဖော်ဆောင်နေတဲ့ နေရာမှာ အားနည်းနေသေးတဲ့ အပိုင်းတစ်ခုပါဘဲ။ ပြည်တွင်းစစ်တွေရဲ့ ကိုယ့်လူမျိုးအချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ်နေတာတွေဟာ တစ်ကယ်တော့ ကိုယ့်လက်အချင်းချင်းပြန် ရိုက်နေသလိုမျိုးပါဘဲ ဘယ်ဘက်ကကျဆုံးဆုံး အားလုံးဟာမြန်မာပြည်သားတွေပါဘဲ။
တစ်ကယ်တော့ ဦးသိန်းစိန်ဟာ အရင်စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကိုရှက်တတ်သူတစ်ဦး ဖြစ်ပုံရပါတယ်။ ဦးသိန်းစိန် ဝန်ကြီးဘဝနဲ့ အမေရိကန်နိုင်ငံကို သံတမန်ရေးနဲ့ လာရောက်စဉ်က ဖိနှပ်နဲ့ ဝိုင်းပြီး အပေါက်ခံရတော့ နောက်နောင် နိုင်ငံတစ်ကာ ကို ရောက်တိုင်းဒီလိုမျိုး သွားလေရာမှာဖိနှပ်နဲ့အပေါက်ခံရရင် ရှက်မိကြောင်း အတွင်းစကားများက တစ်ဆင့်ကြားသိရပါတယ်။ လက်ရှိနိုင်ငံရဲ့ အခြေအနေမှာလည်း ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ ပိတ်ဆို့အရေးယူမူတွေခံနေရတဲ့ တစ်ချိန်ထဲမှာဘဲ တရုတ်ရဲ့ အတိုင်းအဆမရှိ စီးပွားရေး၊ နိုင်ငံရေး၊ လူမူရေး နဲ့ ဒေသတွင်း စစ်ရေးအရလွမ်းမိုးမူတွေကို ခံစားနေရတာပါ။ မြန်မာနိုင်ငံရဲ့ သဘာဝ မြေပေါ်၊ မြေအောက် သယံဇာတ တွေကို တရုတ်ကစိတ်တိုင်းကြ တူးဆွယူငင်နေတာပါ။ တစ်ဖြေးဖြေးနဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဩဇာခံ မှီခိုရသူ ပြည်နယ်လေးတစ်နယ် လောက်ကို ရောက်မှန်းမသိရောက်လာရပါတယ်။
မြန်မာပြည်ကရသမျှ အကုန်အချောင်ယူမဲ့ တရုတ်များ
တရုတ်နိုင်ငံဟာ မြန်မာပြည်ကို ကူညီသလို အသံကောင်းဟစ်နေပေမယ့် တစ်ကယ်တမ်းကြတော့ မြန်မာပြည်ကြီး အဘက်ဘက်က ချုတ်ချုံကျပြီး စစ်အာဏာရှင်စနစ်ဆိုးကြီး တာရှည်တည်မြဲစေခဲ့တဲ့ ဧရာမ ဒေါက်တိုင်ကြီးဖြစ်နေပါတယ်။ ဒီလိုမျိုးမြန်မာနိုင်ငံရေး အမှောင်မိုက်မှာ ဆက်ပြီးတော့ အမိုက်မှောင်နေမှသာ တရုတ်နိုင်ငံအတွက် အကျိုးအမြတ်ထွက်နေမှာဖြစ်လို့ မြန်မာပြည်သူလူထု သန်း၆၀ရဲ့ နာကျင်ခံစားချက်တွေကို လှစ်လှုရှူပြီးတော့ နှစ်ပေါင်းများစွာ စတေးခဲ့တာပါ။
အရင်းစစ်တော့ အမြစ်မြေ၊ လူတွင်ပါလို့ နွားကျားကိုက်တာဖြစ်လို့ စစ်အာဏာရှင်တွေ ဟာအဓိက တရားခံတွေပါ။ လူတိုင်းကနားလည်ပြီးသားပါ။ သို့သော်  မြန်မာပြည်သူလူထု သန်း၆၀ရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲအတိ ဒုက္ခရောက်စေမူမှာ ပါဝင်ပတ်သက်မူများစွာနဲ့ ပြည်ပက တော်လှန်ရေးအမည်ခံ အသံကောင်းဟစ်နေတဲ့ ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်းဟန်ဆောင်နိုင်ငံရေးသမားတွေကြောင့် တော်လှန်ရေးကြီး အဒွန့်ရှည်ကြာမူမှာ များစွာသောအကျိုးသက်ရောက်မူတွေရှိနေပါတယ်။
DVB ဘီလူးခေါင်းဆောင်းမင်းသားကြီး၊ ငွေရရင်ဘာမဆိုအကုန်လုပ်တယ်။
ရှင်းအံ့။  ပြည်ပက တော်လှန်ရေးသမားတွေကို နှစ်ပိုင်းခွဲရရင် တစ်အုပ်စုက အမှန်တစ်ကယ်ကိုမျိုးချစ်စိတ်ဓာတ်ရှိပြီး ကိုယ့်ဝမ်းကိုကျောင်း အလုပ်တစ်ဘက်၊ ကျောင်းတစ်ဘက်နဲ့ ရသမျှအချိန်လေးတွေနဲ့ မြန်မာပြည်လွတ်မြောက်ရေးအတွက် တတ်စွမ်းသ၍ လုပ်ဆောင်နေကြတဲ့ အုပ်စု။ နောက်တစ်အုပ်စုကတော့ ရနိုင်သမျှနေရာပေါင်းစုံက ထောက်ပံကြေးတွေကို ရယူပြီးတော့ တော်လှန်ရေးကြီးအဒွန့်ရှည်ကြာနေမှသာ အချောင်စား၊ အစားချောင်နေမယ့် ဘီယာသောက် ဟန်ဆောင်တိုက်ပွဲဝင် သူရဲကောင်းကြီးတို့ တစ်စုပါဘဲ။
ငွေရရင် အလိမ်တိုင်းရင်းသားအတု ကုလားအရေးလည်း ကူညီမဲ့ BBC ကမျိုးချစ်စိတ်မဲ့ ဝန်ထမ်းစုရဲ့ လက်ချက်
ထို  အချောင်စားသူတို့ သည် မြန်မာပြည်ကြီး မြန်မြန် ဒီမိုကရေစီရ ပြည်သူတွေအားလုံး ဆင်းရဲတွင်းမှလွတ်ရန် မလိုလားကြပါ။ ငွေကြေးရလိုမူ အဓိကသာဖြစ်လို့ ရေရှည်စားပေါက်ချောင်ရန် မြန်မာပြည်ကြီးဒုက္ခဆင်းရဲမူ အချိန်ကြာစေရန် တတ်နိုင်သမျှအချိန်စွဲ စားပေါက်ချောင်ရန် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြသည်သာ။  ငွေကြေးရမည်ဆိုလျှင် အင်္ဂလိပ်ခြေသလုံးကိုဘဲ ဖက်ရဖက်ရ၊  မြန်မာပြည်သူလူထု သန်း၆၀ရဲ့ နာကျင်ခံစားချက်တွေကို လှစ်လှုရှူပြီးတော့ တစ်ကိုယ်ကောင်းဆန် အတ္တလွန်ကျူးရဲကြသည်။ လေးစားဖွယ် တစ်ဘဝလုံး စတေးခံ၊ နှိပ်စက်ညှင်းပမ်းခံ မွန်မြတ်သော လူထုခေါင်းဆောင်များကိုလည်း အော့နှလုံးနာဖွယ် ဆဲရေးမူများဖြင့် ကျူးလွန်ရန်လည်းဝန်မလေးတတ်ကြပါ။
ကုလားမကကုလားအရေးလုပ်တာမဆန်းပါဘူး၊ ဆန်းတာကဘာမှမသိဘဲနဲ့ စွတ်အထင်ကြီးတတ်တဲ့သူတွေပါ။ ဘယ်သူမဆို၊ ရေးပေး ထားတာကို နုတ်တိုက်အလွတ်ကျက်တက်ပြောနိုင်မှာပါ။
လက်ရှိမြန်မာနိုင်ငံရေးဟာ စစ်အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ပွဲတွေနဲ့ လစ်ဗျားတို့ အီဂျစ်တို့လိုမျိုး အနိုင်ယူလိုက်တာမဟုတ်ပါဘူး။ ဒီတော့ နားလည်မူ၊ အဓိက  မြန်မာပြည်သူလူထု သန်း၆၀ရဲ့ ဘဝတွေကို အမြန်ဆုံးလွတ်မြောက်ရန်မှာ တစ်ဖြေးဖြေးနဲ့ ပြုပြင်ပြောင်းလဲမှသာ အဖြစ်နိုင်ဆုံးအခြေအနေပါ။ ဒါကို ပြည်ပကနေ ဘီယာသောက်၊ ထောပတ်စားပြီးတော့ ထိုင်ဆဲနေရင်တော့ လက်ရှိမြန်မာပြည်ရဲ့ ညင်သာစွာပြောင်းလဲမူရဲ့ ဖြစ်စဉ်ကို မရှူစိတ်မူပါဘဲ။ အမှန်တစ်ကယ် ပြုပြင် ပြောင်းလဲနိုင်တာက ပြည်တွင်းကဘဲလုပ်ဆောင်နိုင်တာပါ။ ပြည်ပကနေပြီး ပြည်တွင်းက လူထုခေါင်းဆောင်တွေရဲ့ အာဘော်တွေကို ကျယ်လောင်စေရမှာပါ။ အခုတော့ ငွေရပေါက်တွေကိုဘဲ စွတ်အော်နေတော့မခက်ဘူးလားဗျာ။
နောက်ထက် အန္ဒရယ်ရှိစေတာတွေကတော့ မြန်မာလူမျိုးအချင်းချင်း၊ ဗမာတိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသားတွေနဲ့ သွေးခွဲ မိုင်းတိုက်တာတွေ၊ မီဒီယာကို ငွေနဲ့ ပေါက် ရေရှည်စားပေါက်တွေကိုအော်ခိုင်းနေတာတွေဟာ တော့တော့ကို အ ရုပ်ဆိုးလှပါတယ်။ အခုလည်း ပြည်ပက စားပေါက်ဂွင်တွေ ပိတ်မှာဆိုးလို့ လက်ရှိ ပြည်တွင်းခေါင်းဆောင်တွေ လက်နဲ့ရေးနေတာကို ကဖျက်ယဖျက်နဲ့ လုပ်နေတာတွေက မြင်မကောင်းအောင်ပါဘဲ။ ဒါတွေကို ပြည်တွင်းပြည်ပက မြန်မာပြည်မျိုးချစ်စိတ်ရှိသူတိုင်းကို သိစေချင်ပါတယ်။
ဆက်ရန်........
 ဒီမိုကရေစီ ဘက်တော်သား
 မှတ်ချက်။ ။ ဤဆောင်းပါးအား မည်သူမဆိုလွတ်လပ်စွာ ကူးယူနိုင်ပါသည်။
အကြမ်းဖက်သမား တွေနဲ့လည်း လည်ပင်းဖက်ပေါင်းမှာပါဘဲ
ခေါင်းညိမ့် ငိုက်ပြန်ပြုမည်လား၊ အစစ်အမှန်ရွှေးကောက်ပွဲ ထပ်လုပ်ရင် ဒီလူတွေ ပြန်နိုင်လာပါ့မလား။
ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံပေးပါ ( မောင်မောင်ဝမ်း)
by Maung Maung Wann on Friday, November 11, 2011 at 7:35pm
X80001s
ကမ္ဘာကြီးကို နိုင်ငံရေး အမြင်နဲ့ ဖြန့်ကျက် ကြည့် မယ် ဆိုရင် တချို့ ကိစ္စရပ် တွေမှာ လုံးလုံး မတူနိုင်သည့်တိုင်… အခြေ နေတွေ…ဖြစ်စဉ်တွေဟာ အနည်းနဲ့အများ တူညီနေတာတွေ ကိုတွေ့ရ တတ် ပါတယ်… ဒါကလည်း သိပ်မဆန်း ပေဘူး ပေါ့…. လူသားတွေ နေထိုင် နေကြ တဲ့… ဒီလောကကြီးမှာ….အသွင်ပြင် သဏ္ဍန်သာ ကွဲပြား ခြားနား နိုင်ပေမဲ့ အတွင်းအနှစ်သာရ ပိုင်းဖြစ် တဲ့ လောဘ၊ ဒေါသ ၊ မောဟ ထူပြောမှု့မှာ… .အနည်းနဲ့ အများဆို တော့ လူဟာ လူ ပါပဲလေ။
တောင်အာဖရိက နိုင်ငံက အသားရောင်ခွဲခြားမှု့ ဆန့်ကျင်ရေး လှုပ်ရှားမှု့ခေါင်းဆောင်လည်းဖြစ်၊ သမ္မတဟောင်းတဦးလည်းဖြစ် ၊နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လည်းဖြစ်တဲ့ နယ်လ်ဆင် မင်ဒရဲလား ဆိုတာကိုတော့ တော်တော်များများ သိနေကြပါတယ်။ သူ့ရဲ့လှုပ်ရှားမှု့တွေ အကြောင်းကိုလည်း သိကြပါတယ်… ကျနော် တင်ပြချင် တာက အဲဒါတွေမဟုတ်ပါဘူး…။ နှစ်ပေါင်း ၃၈ နှစ်တိုင် ချစ်ကြိုးတွေသွယ်ကာ ရစ်ခါနဲ့ ခရောင်းလမ်းကို အတူလျှောက်ခဲ့ပြီးခါမှ…..လမ်းခွဲခဲ့ကြတဲ့…မင်ဒရဲလား နဲ့ သူ့ ဇနီး ၀င်နီမင်ဒရဲလား အကြောင်းပဲဖြစ်ပါတယ်….သာမာန်ကြည့်မယ်ဆို လင်မယားကွဲတာ များ အဆန်း လုပ် နေရ သလား လို့ ထင် စရာ အကြောင်း ရှိပါတယ်…ဆန်း ပါတယ် သိပ်ကို ဆန်း ပါတယ်…တကယ်တော့ သူတို့ လင်မယားနှစ်ယောက်ကွဲပြဲ လမ်းခွဲရခြင်း အကြောင်းတရား အခြေခံ ဟာ….နိုင်ငံရေး ကြောင့်ပါလို့ပြောရင် သိတဲ့သူနည်း နေပါသေးတယ်….။ သိတဲ့သူတွေ လည်း သိနေပြီး ဖြစ်ပါလိမ့်မယ်
သို့သော် မသိသေးတဲ့ သူတွေအတွက် နိုင်ငံရေး အတွေ့အကြုံကို လက်ဆင့်ကမ်း ယူကြတာပေါ့…….စာရေးဆရာ အောင်သင်း ခနခဏ ပြောတဲ့ စကား ကိုပဲ ထပ်မံကိုးကား ပြောပရစေ..လူမိုက်ဆိုတာ ကိုယ်တိုင်မှားမှ နောင်တရတယ်တယ်တဲ့ လူလိမ္မာ ဆိုတာ သူများအမှားကို  သင်ခန်းစာ  ယူတယ်တဲ့….အလွန်  မိုက်မဲသော  သူများ က ကိုယ်တိုင် မှားတာ တောင် သံဝေဂ မယူကြဘူးတဲ့။ အဲဒီတော့ စောစောက ဟာခရီးဆက် ကြည့်ရ အောင် ဒီအကြောင်း မပြောခင် တောင်အာဖရိက လှုပ်ရှားမှု့ အကြောင်း လေး အကြမ်း သဘောတင်ပြ ချင် သေးတယ်
� AP
ကို လုပ်ဆောင်ခဲ့ ပါတယ်။  အဲဒီလှုပ်ရှား မှု့ကို အဓိက ဦးဆောင်ခဲ့တာ ကတော့ အေအင်စီ ပါတီ ဆိုတာပဲ ဖြစ် ပါတယ် ၊ နယ်လ်ဆင်မင်ဒရဲလား ဟာ အဲဒီ့ပါတီ ရဲ့ ခေါင်းဆောင် တဦးပါ။  လူဖြူ အစိုးရဟာ သူ့ကိုဖမ်းပြီး ထောင်သွင်းအကျဉ်းချထားလိုက်တာ ( ၂၇ ) နှစ်တောင်ကြာခဲ့ပါတယ်……ဒီလိုနဲ့ နေလာရင်းက အကျဉ်းစခမ်းထဲမှာ မင်ဒရဲလားဟာ စဉ်းစားလာတယ်  တောင်အာဖရိကနိုင်ငံရဲ့ အသား ရောင် ခွဲခြား မှု့ ဆန့်ကျင်ရေး အပေါ်သုံးသပ် မိလာတယ်…… လူမဲတွေ  အများစုဟာ သေကျေ ပျက်စီးခဲ့ ရပြီ ထောင်တွင်း မှာလည်း  နှစ်ရှည်လများ အကျဉ်းချခံ နေရသူတွေ ဘ၀ပျက်သွား သူပျက် နေ သူ တွေဆိုတာ လည်းဒုနဲ့ဒေး၊ အခုထိလူမဲ လွတ်မြောက်ရေးလမ်းစ ဆိုတာ သဲသဲကွဲကွဲ မမြင်နိုင် သေးဘူး…… ကမ်းမမြင် လမ်းမမြင်ကူးခပ်နေဆဲ…. တဘက် လူဖြူအစိုးရကိုလည်းကြည့် အချိန်နဲ့ အမျှ လူမဲတွေရဲ့အနုနည်း အကြမ်းနည်းတွေနဲ့ ဆန့်ကျင်ခံရ မှု့ နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ၀ိုင်းဝန်း ကဲ့ရဲ့ရှုတ်ချ ခံရမှု့  တိုင်းပြည်ရဲ့အထွေထွေ စီးပွားကျဆင်းမှု့ဒါတွေ အားလုံးဟာ နှစ်ဘက်စလုံး အတွက်အနှုတ် လက္ခဏာ ဆောင်သော ဖြစ်စဉ်တွေလို့ရှုမြင်မိလာတယ်……… .ရယ်ဒီကယ်လစ်ဇင် (တော်လှန်အမြစ်ဖြုတ်ဝါဒ) အပေါ်သံသယရှိလာတယ်..။ တိုက်ပွဲနဲ့အောင်ပွဲမှာတခုပဲရှိရမယ်.. အောင်ပွဲမရှိရင်တိုက်ပွဲ… တိုက်ပွဲမရှိရင်အောင်ပွဲဆိုတဲ့…လမ်းရိုးလမ်း ဟောင်းကနေခွဲထွက်ဘို့ကို… အားသန် လာတယ်…နိုင်ငံရေး ဖြစ်စဉ် တခုမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ခြင်းဖြင့် လည်း လှမ်းလို့ရနိုင်တယ်ဆိုတဲ့…. အတွေးအခေါ်က မြစ်တွယ်လာတယ်……ဒါပေမဲ့… ဒီကိစ္စဟာ ထင်သလောက်တော့မလွယ်နိုင်ဘူး…. အရင်ဆုံးရင်ဆိုင်ရမှာက…. သူ့ရဲ့လုပ်ဖော်ကိုင် ဘက်ရဲ ဘော် တွေ….ဒါကို နားလည်အောင်ရှင်းပြရမယ်….
          ဒီလိုနဲ့မင်ဒရဲလားဟာ.. အကျဉ်းထောင်အတွင်းက နေလူဖြူအစိုးရနဲ့ ဆက်ဆံရေးလမ်းကြောင်း ကိုစတင် ဖွင့်လှစ်ခဲ့တယ်…..။ ဘာပဲဖြစ်ဖြစ်အခက်အခဲ ဆိုတာ ရင်ဆိုင်ရမယ် ဆိုတာ သူက ကြိုတင် ခန့်မှန်းပြီး သားပါ…ဒေါသ တွေထွက်ခဲ့ရ တယ်…အံကြိတ်ခဲ့ရ တယ်… သီးခံခဲ့ရတယ်… ဇွဲရှိခဲ့ရ တယ်….. သူရဲ့ကြိုးစားမှု့တွေ ဟာ အတိုင်းတာ တခုမှာအရာထင်လာခဲ့တယ်… လူဖြူအစိုးရက သူ့နဲ့ လာရောက် ဆွေးနွေးမှု့တွေ စတင်လာခဲ့တယ်…… တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ကပွင့်လာပြီ… အဲဒီမှာပြသနာက….သူ့ရဲဘော်တွေကသူ့ကိုအယုံအ ကြည်မရှိ ဖြစ်လာ ကြ တယ် လေ…ဖောက်ပြန် သွေဖီသူအဖြစ်မြင်လာကြ တယ်…..အဆိုးဆုံး ဖြစ်ရပ်က တော့ သူသိပ်ချစ် သိပ်အားကိုး အားထား နေရတဲ့ ဇနီးဖြစ်သူ ၀င်နီမင်ဒရဲလား ကိုယ်တိုင်က. .ငြိငြင်ခြင်းကိုခံခဲ့ရတယ်…..၀င်နီ ခံယူထားတာ က “ သွေးစွန်းသောလက်တွေနဲ့ဘယ်တော့မှ လက်ဆွဲနှုတ်မဆက်ဘူးတဲ့ ” ……….
ဝင်နီမင်ဒရဲလားဟာ တောင်အာဖရိက လူမဲလူထုအပေါ်မှာ နိုင်ငံရေးသြဇာရှိ သူတယောက်ပါ… အထူးသ ဖြင့် လူမဲလူငယ်ထုရဲ့မိခင်ဖြစ်ခဲ့တယ်…..သူက မင်ဒရဲလားရဲ့စေ့စပ် ဆွေးနွေးညှိနှိုင်းမှု့ အယူအဆကို လုံးလုံးလက်မခံခဲ့ဘူး….. လူငယ်တွေက သွေးထိုး လှုံ့ဆော် မြှောက်ပေးခဲ့တယ်….. ဆက်လက်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို အစဉ်ဆက်မပြတ်လုပ် ဆောင်လာခဲ့တယ်… .အဆိုးဆုံး ကိစ္စကတော့…Necklace လို့ခေါ်တဲ့ အကြမ်းဖက်လုပ်ငန်းစဉ်ပဲ ( Necklace ဆိုတာ အင်္ဂလိပ် ဝေါဟာရ မှာ လည်ဆွဲ ဆိုတဲ့ဖွင့်ဆိုချက်နဲ့ လှပ သလောက် နိုင်ငံရေး နယ်ပယ်မှာ ကြောက်စရာ ကောင်းတယ်….…  အုပ်ချုပ်သူအစိုးရရဲ့ အာဏာစက် ပျောက်ပြီး…လူအုပ်ကြီးက သူ့တို့ သဘောထား သူ့တို့ဆုံးဖြတ်ချက်နဲ့စီရင် အကြမ်းဖက်တာ ကို ခေါ်တယ်… ဒါကတောင်အဖရိကမှာ တင်မကပါဘူး…. နိုင်ငံ တော်တော် များများမှာ ဖြစ်ပျက် နေစဲပါ…   ဥပမာထိုင်းနိုင်ငံမှာ  မြန်မာ နိုင်ငံသား ရွေ့ပြောင်း အလုပ်သမားတွေ ကို ထိုင်းလူမျိုးတချို့က ကားတာယာတွေ စွပ် လည်ပင်းလေးပဲဖော်ထားပြီး ဓါတ်ဆီလောင်း  မီးရှို့သတ်တာ မျိုး… .တောင်အာဖရိကမှာလည်း  Necklace တွေ က ဒီနည်းကို အသုံးပြု တတ်ကြတယ် ) သူတို့ရဲ့ ပစ်မှတ်က လူဖြူ အစိုးရနဲ့  လူဖြူတွေတင် မကတော့ ဘူး သူတို့ လူမဲအချင်းချင်း တွေ ပါ အသတ် ခံ ရတဲ့ အထဲမှာ ပါဝင် လာတယ်…ကမ္ဘာမှာတော့ (Black..on..Black…violence)      လို့ကျော်ကြားတယ်…..လူမဲ အချင်းချင်းလည်း တယောက်ကိုတယောက် မယုံကြည်ကြတော့ ပဲ… စိတ်မထင်ရင် မထင်သလို အစိုးရဘက်တော်သား ၊ အစိုးရကိုထောက်ခံသူ သတင်းပေး ဆို သတ်ဖြတ် ကြတယ်။ အပြစ်မဲ့ လူမဲပြည်သူတော်တော် များများ Necklace တွေလက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြရတယ် ။ နောက်ဆုံးမတော့ ၀င်နီမင်ဒရဲလား ကိုယ်တိုင် ၁၄ နှစ်သားလေး တစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်မှု့မှာ နောက်ကွယ်က ပါဝင်တယ်ဆို….အရေးယူအပြစ်ပေးခြင်းခံခဲ့ရပြီး…ထောင်နန်းစံခဲ့ရတယ်လေ။ အရင်ကထဲက အေအင်စီ ပါတီအနေနဲ့ ၀င်နီမင်ဒရဲလား ကိုသဘောမတွေ့ ခဲ့ပါဘူး…..ဒါပေမဲ့ မင်ဒရဲလားရဲ့ပုဂ္ဂိုလ်ရေး အရ မေတ္တာ  ရပ်ခံ ချက် အ ပေါ်မှာသီးခံ  နေကြတယ်…နောက်တော့ မင်ဒရဲလား  ကိုယ်တိုင် လုံးဝ ခွင့်မလွှတ် နိုင်တော့တဲ့ အနေထားကို  ရောက်ရှိ လာတော့တယ်……. တဘက်က  လူဖြူ  အစိုးရ ဟာအခုလို အကြမ်းဖက် လှုပ်ရှားမှု့များကို လက်ညှိုးထားလာကြ တယ်….လူမဲတွေဟာ …နိုင်ငံ ရဲ့ အုပ်ချုပ်ရေး ကိစ္စတွေ မှာဝင်ရောက်နိုင်လောက်အောင် ယဉ်ကျေးသူတွေ မဟုတ် ဘူးတဲ့………
© Reuters
           တကယ်တော့ ၀င်နီမင်ဒရဲလား ဟာ မင်ဒရဲလား ထောင်သွင်းအကျဉ်းကျခံနေရ ဆဲ ကာလ များမှာ အေအင်စီ ပါတီကို ဦးဆောင်ခဲ့သူ အသားရောင်ခွဲခြားမှု့ဆန့်ကျင်ရေးလှုပ်ရှား မှု့များ ကို စဉ် ဆက်မပြတ် လုပ်ဆောင်ပေးခဲ့သူ…မင်ဒရဲလား လွတ်မြောက်ရေးနဲ့ …နိုင်ငံရေးနယ်ပယ်မှာ သြဇာ သိက္ခာရှိရေး ကို အစွမ်းကုန် လုပ်ဆောင်  ပေးခဲ့သူ … .ဇနီးကောင်း တဦးဖြစ် ခဲ့ပါတယ်… သို့သော် လည်း… အချစ်တွေ မေတ္တာတရားတွေ…အနစ်နာခံမှု့တွေနဲ့ရစ်နှောင် လာခဲ့တဲ့  အိမ်ထောင် သက်  ၃၈နှစ် တာကာလအရောက်မှာတော့… .ယုံကြည်မှု့တွေ ကွဲပြားခဲ့ကြတဲ့ ဇနီးမောင်နှံဟာ လမ်းခွဲခဲ့ကြ ပါတယ်…..။
သူတို့နှစ်ဦးလမ်းခွဲအပြီး သတင်းဌာန  တွေကို  ပြောကြ ဆိုကြတဲ့စကား  တွေ တချို့က လည်း စိတ်ဝင်စားစရာပါ ။  ၀င်နီက ပြောတယ်……… “ကျမ…သူ့အပေါ်ကိုဘယ်လောက် အနစ်နာ  ခံ  ပေးဆပ်ခဲ့ သလည်း  ဆိုတာ…. အားလုံး သိ  ပါတယ်… လင်သား      တယောက်အနေနဲ့ရော… ခေါင်းဆောင်တယောက် အနေ နဲ့ပါ…ရိုသေ လေးစားခဲ့ပါတယ်…ဒါပေမဲ့… လူဖြူအစိုးရ နဲ့ လက်ကမ်း ပြီး…စေ့စပ် ဆွေးနွေး အပေး အယူလုပ် ကထဲက သူ့  အပေါ်ကို  ကျမ တော်တော် ငြိုငြင် မိတယ်….အဆိုးဆုံး ကတော့…ငြိမ်းချမ်းရေးနိုဘယ်ဆုကို… သွေးစွန်းတဲ့ လူသတ်လက်တွေနဲ့….. ယှဉ်တွဲယူတဲ့ အပေါ် ကျမ  လုံးဝ မကျေနပ် ဘူး…ဒီကိစ္စ ကို တားတယ်…… မင်ဒရဲလား ဟာ…တောင်အာဖရိကရဲ့လူမဲတော်လှန် ရေးကို အမြတ် ထုတ်သွားသူတယောက်ပါ……
မင်ဒရဲလားကတော့ သိပ်ရှည်ရှည်  ဝေးဝေး  မပြောခဲ့ဘူး……ဒီအထဲက   လိုရင်းလေး  တချက်က သိပ်ကောင်းတယ်…..မျိုးချစ်မျက်ကန်း  ဆိုတာ…မျိုးချစ်မဟုတ် ပါဘူးတဲ့…….. တောင်အာဖရိက မှာရှိတဲ့  လူထုဟာ မင်ဒရဲလားရဲ့စွမ်းဆောင်ရည်တွေကို တဖြေးဖြေးခြင်း  နားလည်လာ ကြ  တယ်…. နယူးယောက်တိုင်း(မ်)  သတင်းစာမှာ ဖော်ပြခဲ့တဲ့….တောင်အာဖရိက ကလူမဲ ဆရာဝန် တယောက်ရဲ့ ထင်မြင်ချက်က  လည်း….
“ကျနော်အစပထမ မင်ဒရဲလားရဲ့လုပ်ဆောင်ချက် များ အပေါ်သံသယရှိခဲ့တယ်… သတိကြီး စွာနဲ့ စောင့်ကြည့်နေခဲ့တယ်…. တကယ်က သူ့ရဲ့လုပ်ရပ်ကမှန်ကန်တယ်ဗျ…… ဒီနေ့တောင် အာဖရိကမှာ အစစအရာရာ နိမ့်ကျ နေတဲ့….လူမဲထုရဲ့  ဘ၀ကို လက်တွေ့ ကျကျ မြှင့်တင်  လိုတယ်…. အဲဒီလို မြှင့်တင်ဘို့ဆိုတာ… တော်လှန်ရေးနဲ့   တဘက်ကို  တဘက်  အမြစ်ပြတ် ချေမှုန်း  သွားလို့ မဖြစ်နိုင် ဘူး… လူမဲ ပြည်သူတွေအနေနဲ့  ကလည်း ဒါတွေကို  စိတ်ကုန်  နေပါပြီဗျာ….. ကျနော်  ကတော့… ၀င်နီမင်ဒရဲလား ရဲ့ Necklace တွေကိုကြည့်ပြီး…တော်တော် အော့နှလုံးနာမိတယ်….. ဒီနေ့လူထု  လိုလား တာ… တန်းတူ  အခွင့်ရေးတွေရ ဘို့နဲ့. နိမ့်ကျနေတဲ့ဘ၀တွေကို မြှင့်တင်ပေးဘို့ပဲ…ဒါတွေသာ ပြည့်စုံအောင်လုပ်ပေးနိုင်မယ်ဆို ကျေနပ်  တယ်…..  တဘက်နဲ့တဘက် အငြိုးအာဃာတကြီးတွေနဲ့ ချေမှုန်း တိုက်ခိုက်  နေမှု့တွေကိုလည်း  စိတ်မ၀င်စားဘူး…….ကျနော်ကတော့ မင်ဒရဲလား လုပ်ရပ်ကို အကြွင်းမဲ့  ထောက်ခံတယ်….”
                                         တခါက တောင်အာဖရိက နိုင်ငံရဲ့လူမဲပြည်သူတွေအပေါ်မှာ နိုင်ငံရဲ့မိခင် လို့တင်စားသတ်မှတ်ခြင်းခံခဲ့ရတဲ့ ၀င်နီမင်ဒရဲလားတစ်ယောက်ကတော့…ခုတော့သူ့ကို အများစုက (the woman once called the "mother of the Nation" by many black South Africans but now called the "mugger of the Nation" ) မုဆိုးတပိုင်း မိန်းမရိုင်းလို့ သတ်မှတ်ခေါ်ဝေါ်နေကြပါပြီ
အနှစ်ချုပ်အားဖြင့်တင်ပြလိုတာ ကတော့….. ယနေ့မြန်မာနိုင်ငံမှာလည်း…. ဒေါ်အောင်ဆန်းစုကြည် ဟာ. . လက်ရှိ
အစိုးရသစ် နဲ့ပူးပေါင်းဆွေးနွေး လုပ်ဆောင်ခြင်း အပေါ်….ဝေဖန် တိုက်ခိုက် နေသူများ လည်းရှိနေပါတယ်….ဒါကလည်းသူတို့ယုံကြည်ချက်သူတို့ရှုဒေါင့်နဲ့ပဲလေ…..ကျနော်တို့ပြည်သူလူထုဟာ.ခေါင်းဆောင်ကို အားကိုးတယ်….. ဒါပေမဲ့  မျက်စိမှိတ်ပြီး..အားကိုး ကြ တာတော့ မဟုတ် ပါဘူး…ဒေါ်အောင်ဆန်းစုကြည်  ဟာ အားကိုး ထိုက်တဲ့  ခေါင်းဆောင်  ဖြစ်နေလို့  အားကိုး  ကြတာ…အနိမ့်ဆုံး လူတွေမှာ  ဘယ်ဟာ အကောင်း လည်း  ဘယ်ဟာ  အဆိုးလည်း  ဆိုတာခွဲခြားနိုင်တဲ့… အတွေးအခေါ် လောက်တော့ ရှိနေပါတယ်…. .  ဒေါ်အောင်ဆန်းစုကြည် အပေါ်  ဝေဖန် တိုက်ခိုက် နေ မှု့များ ဟာ လည်း… တကယ်တော့… ၀င်နီမင်ဒရဲလား…  မင်ဒရဲလား ကို တိုက်ခိုက် တာလောက် မဆိုးသေးပါဘူး…. ၀င်နီမင်ဒရဲလား လောက် လည်း  စွမ်းစွမ်း တမံ… မနှောက်ယှက်နိုင်လောက်ပါဘူး… .၀င်နီမင်ဒရဲလားလောက်လည်း နိုင်ငံရေးသြဇာမရှိပါဘူး…ဒီလို နိုင်ငံရေးသြဇာရှိတဲ့သူကတိုက်တာတောင် မင်ဒရဲလား ဆိုးဆိုးဝါးဝါးဘာမှဖြစ်မသွားပါဘူး..ဒီတော့… ကြီးကြီးမားမားစိုးရိမ်ဖွယ်ရာ မှာမရှိပါဘူး….ဝေဖန်တိုက်ခိုက်နေသူများကလည်း…ဝေဖန်တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်….ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံခွင့်ရှိပါတယ်…..
                    ပြည်သူလူထုတရပ်လုံးရဲ့တာဝန်က 
                   ဒေါ်အောင်ဆန်းစုကြည် ကို ၀န်းရံပေးဘို့ပါပဲ………….
                                                အားလုံးကိုလေးစားစွာဖြင့် 
                                                      ( မောင်မောင်ဝမ်း )
ရည်ညွန်းကိုးကားချက်များ
http://www.dailymail.co.uk/news/article-1256425/Nelson-Mandelas-ex-wife-accuses-President-betraying-blacks-South-Africa.html
http://www.theroot.com/views/mandelas-obama-tavis-and-black-expectations
http://news.bbc.co.uk/2/hi/2115644.stm
http://en.wikipedia.org/wiki/Necklacing
http://allafrica.com/view/group/main/main/id/00011206.html
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၄)
စနေ, 05 နိုဝင်ဘာ 2011
By ရော်နီညိမ်း
တပ်မှူးတပ်သား ပြောစကား (၀၈၅)
မကြာခင်မှာ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတော့မယ်လို့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA ခေါ်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက၊ ပြည်ပအခြေစိုက်မြန်မာမီဒီယာတွေ ကို ပြောနေကြပါတယ်။ ခုရက်ပိုင်း မွန်ပြည်သစ်ပါတီ(NMSP)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ဟာ လည်း သက်ဆိုင်ရာပြည်နယ်အစိုးရတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တိုးတက်သောကရင် ဗုဒ္ဓဘာသာအဖွဲ့ (DKBA)နဲ့ အစိုးရတို့ကြားမှာ၊ အပစ်အခတ်ရပ်စဲလိုက်ပြီလို့လည်း သတင်းတွေ ထွက်လာခဲ့ပါ ပြီ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ကြားမှာ၊ ထာဝရငြိမ်းချမ်းရေးရရှိနိုင်မှုအလားအလာတွေ ကို၊ အရင်စစ်အစိုးရ အချိန်အခါက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖူးသူ၊ စစ်ထောက်လှမ်းရေးနဲ့ သံ တမန်အရာရှိဟောင်းဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက ဆက်သွယ်ဆွေးနွေးပြီး၊ ဒီသီတင်း ပတ် တပ်မှူးတပ်သားပြောစကားကဏ္ဍမှာ၊ စီစဉ်တင်ဆက် ထားပါတယ်။
ဦးရော်နီညိမ်း ။ ။ UNFCအဖွဲ့ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က၊ ပြန်ကြည့်ကြရအောင်။ နောက်တဘက်ကနေ ကြည့်ကြည့်တာပေါ့။ UNFCထဲက တိုင်းရင်းသားအဖွဲ့တွေက၊ အခုလိုတပ်ပေါင်းစုအနေ နဲ့ တစ်ခုရှိနေမှ၊ သူတို့မှာက အင်အားအနေနဲ့လည်း ပိုကောင်းမယ်၊ အစိုးရနဲ့ ဆက်ဆံရတာလည်း ပိုကောင်း မယ်၊ လူရိုသေရှင်ရိုသေ ရှိမယ်၊ တနည်းအားဖြင့် အချင်းချင်းကြားက ညီညွတ်မှုကိုလည်း တည်ဆောက်နိုင် မယ်၊ ဆိုတဲ့ ဒီရည်ရွယ်ချက်တွေအပေါ်မှာ သူတို့က ရပ်တည်နေတာဖြစ်တော့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က၊ ပြန်ကြည့်ရင် UNFC ဖွဲ့ရတာက၊ သူတို့မှာလည်း လုံလောက်တဲ့အကြောင်း ရှိနေပါတယ်။ UNFC အဖွဲ့အနေနဲ့ ရပ်တည်ပြီး အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ ကြိုးစားတဲ့ကိစ္စဟာ၊ အကျိုးမဖြစ်နိုင်ဘူးလို့ မြင် ကြည့်လို့ ရပေမယ့်၊ တကယ်တမ်းမှာ၊ သူတို့မှာ ဘုံလုပ်ငန်းစဉ် မရှိသေးတာကို ရှိအောင် လုပ်ပြီးရင်တော့၊ ဘုံ မူဝါဒဘုံလုပ်ငန်းစဉ် ရှိသွားပြီဆိုရင်၊ အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ပိုပြီးတော့ အဆင်ပြေလာမယ်လို့ ယူဆပါသလား။
ဦးအောင်လင်းထွဋ် ။ ။ ကျနော်ပြောချင်တာက၊ UNFC အနေနဲ့ အကျိုးမဖြစ်ဘူးလို့ ကျနော် မဆိုလိုဘူး၊ မပြောလိုပါဘူး။ သူတို့ချင်း တကယ်ညီညွတ်ကြဖို့ လိုတယ်လို့၊ ကျနော်ပြောချင်တာပါ။ ဘုံလုပ်ငန်းစဉ်တစ်ရပ် နဲ့ ညီညီညွတ်ညွတ်ရှိပြီးတော့မှ၊ နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းကြမယ် ဘယ်လိုတောင်းဆိုကြမယ်၊ ဆိုတာ မျိုး ဖြစ်စေချင်တာပါ။ နိုင်ငံရေးအရ ဘုံမူဝါဒ၊ ဘုံရပ်တည်ချက်ရှိရပါမယ်။ ဒါတွေမရှိပဲနဲ့ တစ်ဖွဲ့က တစ်မျိုး ပြော၊ နောက်တစ်ဖွဲ့က တစ်မျိုးလုပ်၊ အဲဒီလို မဖြစ်သင့်ပါဘူး။
ဦးရော်နီညိမ်း ။ ။ တဖွဲ့ချင်းကတော့ သူတို့မှာ၊ မူဝါဒတွေ ရပ်တည်ချက်တွေ ရှိနေကြတာကိုး။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်၊ ဘုံမူဝါဒချမှတ်ပြီးရင်၊ ဒါကို လိုက်နာကြဖို့လည်း လိုပါတယ်။ အခုပဲ ကြည့်ပါ။ တစ်ဖွဲ့ချင်းတော့ မဆွေးနွေးဘူး၊ အများနဲ့ပဲ UNFCအနေနဲ့ပဲ၊ ဆွေးနွေးမယ်လို့ ပြောနေကြပြီးတော့ မှ၊ ဒါပေမယ့် NMSP မွန်အဖွဲ့က၊ အစိုးရနဲ့ စပြီး ဆွေးနွေးတော့မယ်။ အရင်တုန်းကလည်း ဒီလိုပဲ၊ DAB (Democratic Alliance of Burma - မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့) နဲ့မှ၊ ဆွေးနွေးမယ် ဆိုပြီး တော့၊ ဖြစ်ခဲ့ကြဖူးတယ်။ ဦးဘရန်ဆိုင်းရဲ့ KIO က ဖေါက်ပြီးတော့မှ၊ စစ်အစိုးရ ကမ်းလှမ်းတာကို လက်ခံခဲ့ တယ်။ နောက် ဦးနိုင်ရွှေကျင်ရဲ့ NMSP လိုက်လာတယ်။ အန်ကယ်မြကြီး (KNU ခေါင်းဆောင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြ) တစ်ယောက်ပဲ ကျန်ခဲ့တယ်။ နောက်ဆုံး အန်ကယ်မြကြီးပါ လိုက်လာခဲ့တဲ့ အနေအ ထားမျိုးကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် UNFCအနေနဲ့မှ အစိုးရနဲ့ ဆွေးနွေးမယ် ဆိုတဲ့ မဖြစ်နိုင်တဲ့ကိစ္စကို ရှေ့ တန်းကို မတင်စေချင်ဘူး။ UNFC မရှိရဘူး မဟုတ်ဘူး၊ UNFC ရှိရမယ်၊ ဘုံမူဝါဒဘုံလမ်းစဉ် ရှိရမယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာတော့၊ ပထမဦးဆုံးတော့ ကိုယ့်တစ်ဖွဲ့ချင်း အစိုးရနဲ့ ဆွေးနွေးပြီးမှ၊ ကိုယ့်တစ်ဖွဲ့ချင်းနဲ့ အစိုးရနဲ့ ကြားမှာ၊ ငြိမ်းချမ်းရေးရပြီးတော့မှ၊ တိုင်းရင်းသားအဖွဲ့တွေ အားလုံးစုပြီးတော့မှ၊ တချိန်က အမျိုးသားညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ ပြောခွင့်မရခဲ့တာတွေကို တိုင်းရင်းသားအခွင့်အရေး တွေကို အများကြီး ပြောကြရမယ်။ အဲဒီအချိန်မှာ နိုင်ငံရေးအရ တောင်းဆိုမှုမျိုးတွေကို ဦးတည်စေချင်တယ်။
ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးတို့က တပ်မတော်ထောက်လှမ်းရေးအဖွဲ့ ရှိစဉ်က၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်း ရေးကိစ္စမှာ၊ ပါဝင်ထိတွေ့ခဲ့ဖူးတာ ဆိုတော့၊ ဘယ်လို သုံးသပ်လို့ ရပါသလဲ ခင်ဗျ။ အခု အစိုးရဘက်ကနေ ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သွားသွားပြီးတွေ့နေတာမှာ၊ ကချင်နဲ့ သွားတွေ့တာ အဆင်မပြေဘူး။ ‘၀’တို့ ကိုးကန့်တို့နဲ့ သွားတွေ့တာမှာတော့၊ ဒီနေရာမှာ ဗိုလ်မှူးပြော သလို negotiator တရုတ်က ပါဝင်နေလို့၊ အဆင်ပြေနေကြသလားတော့ မပြောတတ်ဘူး။ အခု အစိုးရဘက် က ငြိမ်းချမ်းရေးကိစ္စမှာ၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ဘက်ကို လှည့်လာတယ်၊ သူကလည်း သူကိုယ် တိုင် UNFCအဖွဲ့ဝင် မဟုတ်ပဲနဲ့၊ UNFC အနေနဲ့မှ အစိုးရနဲ့ ဆွေးနွေးမယ်လို့၊ ပြောလာတယ်။ ဒါက UNFC အဖွဲ့ဝင် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နဲ့၊ သူတို့နဲ့ ပေါင်းပြီးတဲ့ သဘောမျိုး ဆောင်နေတာလား။ ဒါတွေက မရှင်းလင်းဘူး။ ဗိုလ်မှူး ဘယ်လိုသုံးသပ်ပါ သလဲ ခင်ဗျ။ ဒီတခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက် က မဟုတ်ပဲ၊ အစိုးရဘက်ကနေ သုံးသပ်ပေးပါ။ ရိုးရိုးသားသားနဲ့၊ တကယ်ပဲ ငြိမ်းချမ်းရေး ရချင်ရင်၊ အစိုးရ ဘက်က ဘာလုပ်သင့်ပါသလဲ။
ဦးအောင်လင်းထွဋ် ။ ။ အစိုးရဘက်ကို သုံးသပ်ပြရရင်၊ ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့ဆိုတာ၊ လူ ရိုသေ ရှင်ရိုသေပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ လူတွေလို့လည်း သတ်မှတ်လို့ မရပါဘူး။ သူတို့ ထက် တော်တဲ့တတ်တဲ့သူတွေ၊ မြန်မာအစိုးရရဲ့ပတ်ဝန်းကျင်မှာ အများကြီး ရှိကြပါတယ်။ လူ့အခွင့်အရေး ကော်မရှင်မှာပါတဲ့ ပါမောက္ခဦးထွန်းအောင်ချိန်တို့ ဆိုရင်၊ တကယ့်လူတော်လူကောင်းတွေ သမာသမတ် ရှိတဲ့ လူကြီးလူကောင်းတွေပါ။ ကျနော်ပြောချင်တာက အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းတယ်ဆိုပြီး ကြေညာ နေရုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်တွေ့နေရုံနဲ့၊ မရပါဘူး ခင်ဗျ။ တချိန်တုန်း က ဗိုလ်ချုပ်မှူး ကြီးသန်းရွှေတောင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲတယ်၊ ဆိုတာကို ကြေညာခဲ့ ဖူးပါတယ်။ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တကယ်စစ်စစ်မှန်မှန် ငြိမ်းချမ်းရေး ရချင် တယ်ဆိုရင်၊ သူနာတယ် ကိုယ်နာတယ် မတွက်ပဲနဲ့၊ နံပါတ်(၁)အနေနဲ့၊ တစ်ပြည်လုံးအတိုင်းအတာ အပစ်အ ခတ် ရပ်စဲသင့်ပါတယ်။ အပစ်အခတ် ရပ်စဲပြီးမှသာ၊ ဒုတိယအဆင့် ငြိမ်းချမ်းရေးစကားပြောကြတာကို သွား ရပါမယ်။ ဒီလို စကားပြောတဲ့နေရာမှာလည်း၊ အစိုးရကိုယ်တိုင် ၀င်ပြောဖို့ မလိုသေးပါဘူး။ ဥပမာ - ကချင်နဲ့ ဆိုရင် ဘယ် negotiatorတွေက တဆင့် ဆွေးနွေးမယ်၊ ဆိုတာမျိုး အဖွဲ့လေးတွေ အရင်ဖွဲ့ရမယ်။ ကရင်ဆို ကရင်အလျောက်၊ မွန်ဆို မွန်အလျောက်၊ ရှမ်းဆို ရှမ်းအလျောက် စတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သီးခြား negotiator တွေ ပါဝင်တဲ့ အဖွဲ့တွေ ဖွဲ့ပြီးမှ deal (အပေးအယူ) လုပ်ရပါလိမ့်မယ်။ ဒါကလည်း သိပ် ခက်ခက် ခဲခဲ မဟုတ်ပါဘူး၊ အရင် တချိန် ၂၀၀၉ ခုနှစ်မတိုင်ခင်က၊ အားလုံး သဘောတူညီမှုတွေနဲ့ လက်နက်ကိုင်ပြီး အေးအေးချမ်းချမ်းနေလာခဲ့ကြ ပြီးပြီပဲ။
ဦးရော်နီညိမ်း ။ ။ အဲဒီတုန်းက ဗိုလ်မှူးတို့ လုပ်ခဲ့တုန်းက၊ တစ်ပြည်လုံးမှာ အပစ်အခတ်ရပ်စဲပြီးမှ၊ လုပ်ခဲ့ ကြတာလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ကျနော်တို့ စပြီး ငြိမ်းချမ်းရေးဆွေးနွေးတာတွေ လုပ်ကြတဲ့ အချိန်မှာ၊ တိုက်ခိုက်မှုတွေ မလုပ်ကြတော့ပဲ၊ အပစ်ရပ်လိုက်ကြပါတယ်။ အစိုးရဘက်ကလည်း သွားမတိုက် တော့ဘူး၊ ဟိုဘက်ကလည်း လာမပစ်ကြနဲ့ဆိုပြီး၊ သတ်သတ်မှတ်မှတ်တော့ ထားရတာပေါ့ဗျာ။ ကိုယ့်ဘက် လည်း မင်းမလာနဲ့၊ မင်းဘက်လည်း ငါမကျူးကျော်ဘူး ဆိုတာမျိုးတော့၊ ရှိရတာပေါ့။
ဦးရော်နီညိမ်း ။ ။ အဲဒါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့၊ တပြည်လုံးအတိုင်းအတာနဲ့ လုပ်ခဲ့တာလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ပါ။ ဥပမာ KNU နဲ့ဆိုရင်၊ အစိုးရက KNU နဲ့ အပစ် အခတ်ရပ်စဲတယ်လို့ ကြေညာပြီးမှ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ရပါတယ်။ ‘၀’တွေ ကိုးကန့်တွေနဲ့ ဆို ရင်၊ နဂိုက အပစ်အခတ်ရပ်ထားပြီးသားမို့၊ ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ကြတာပါ။ KIA နဲ့ လည်း ဒီအတိုင်းပါပဲ။ နှစ်ဘက်တိုက်ခိုက်နေကြရင်းနဲ့၊ ငြိမ်းချမ်းရေးစကားပြောလို့ မရပါဘူး။ အခုလည်း KIA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်ရင်၊ ပထမဆုံး အပစ်အခတ်ရပ်စဲဖို့ လိုပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒီကိစ္စကို၊ တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်သွားတဲ့၊ အခု NLD ဒုတိယဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကိုလည်း၊ တပ်မှူးတပ်သားပြောစကားကဏ္ဍ၊ အင် တာဗျူး တစ်ခုမှာ ကျနော် မေးကြည့်ခဲ့ပါတယ်။ သူရဲ့ ပြောကြားချက်က ရှင်းတယ်။ နဂိုက ရောက်ရှိနေကြတဲ့ နေရာကို အားလုံးပြန်သွားကြ၊ မောင်ပိုနေမြဲ ကျားနေမြဲ၊ status quo ပေါ့။ ဗိုလ်မှူးတို့ ၁၉၉၄-၉၅ တိုင်းရင်း သား တပ်ဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလုပ်ကိုင်ကြတဲ့အချိန်က၊ အခြေအနေမျိုးကို ပြန်သွားကြ၊ အဲဒါပြီး တော့မှ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီးမှ၊ ဆွေးနွေးကြ၊ ဒါဆိုရင် မခက်ဘူးလို့၊ ဗိုလ်ချုပ်ကြီးတင်ဦးက မြင်တယ်၊ အဲဒါကို သဘောမတူတဲ့သူတွေ တချို့လည်း ရှိသေးတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးပြောသလောက် မလွယ်ဘူး ဆိုပြီး၊ VOA ကို ပို့လာတဲ့သဘောထားမှတ်ချက်တွေကိုလည်း၊ ကျနော်တို့ ဖတ်ရပါတယ်။ ဗိုလ်မှူး အနေနဲ့ကော၊ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ အယူအဆနဲ့ သဘောထား အမြင်ပေါ် ဘယ်လို သဘောရပါသလဲ။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ကြီးတင်ဦးမြင်တဲ့ အမြင်ကို၊ ကျနော် ထောက်ခံပါတယ်ခင်ဗျ။ ဘာဖြစ်လို့ လဲဆိုတော့၊ ကျနော်တို့က အားလုံးကို လုပ်ခဲ့ပြီးပြီ။ အားလုံးနဲ့ အပစ်အခတ်ရပ်ခဲ့ပြီးပြီ။ နောက်ဆုံးတစ်ဆင့်ပဲ ကျန်တယ်။ နိုင်ငံရေးကိစ္စတွေကို၊ နောက်ဖြစ်ပေါ်လာမယ့်အစိုးရနဲ့မှ ဆွေးနွေးကြမယ်လို့၊ ကျနော်တို့က တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ကတိပေးခဲ့ဖူးတယ်။ နောက်တခါ အမျိုးသားညီလာခံတက်တဲ့ တိုင်းရင်း သားအဖွဲ့တွေကို၊ အမျိုးသားညီလာခံထဲမှာ နိုင်ငံရေးဆွေးနွေးခွင့်ပေးမယ်လို့၊ ကတိပေးခဲ့ဖူးတယ်။ ဒီကတိ တွေကို ပေးခဲ့ပြီးမှ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကုန်ဖျက်ခဲ့တယ်။ ဒါကြောင့် ဒီကနေ့ဖြစ်နေတဲ့ ပြဿနာ တွေ၊ အကုန်တက်လာခဲ့တာ။ နောက်ဖြစ်ပေါ်လာမယ့်အစိုးရနဲ့မှ ဆွေးနွေးကြမယ်ဆိုတာကို၊ ပြောခြဲ့ပီးသား။ မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ခုတည်းရှိရမယ် ဆိုတာကိုလည်း၊ တိုင်းရင်းသားအဖွဲ့တွေ အားလုံးက လည်း လက်ခံခဲ့ပါတယ်။ အသွင်ပြောင်းတဲ့ ပုံစံကိုတော့၊ နောက်ဖြစ်ပေါ်လာမယ့် အစိုးရနဲ့မှ ညှိယူကြမယ်၊ နိုင် ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်လို့၊ ပြောခဲ့တယ်။ KIOနဲ့ ငြိမ်းချမ်းရေး လုပ်တုန်းကဆိုရင်၊ KIO ခေါင်းဆောင် ဦးဇော်မိုင်ကို ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ KIO/KIA ဟာ၊ ကချင်ပြည် နယ်မှာ ခင်ဗျားတို့ စည်းရုံးနိုင်တယ်ဆိုရင်၊ နောက်ဖြစ်ပေါ် လာမယ့်အစိုးရမှာ၊ KIO/KIA ခေါင်းဆောင်က ၀န် ကြီးချုပ် ဖြစ်လာမှာပေါ့ဗျာ၊ ဆိုပြီး အဲလောက်ထိ အာမခံချက်ပေးတဲ့ အနေအထားတွေ ရှိခဲ့တယ်။
ဦးရော်နီညိမ်း ။ ။ ကချင်ပြည်နယ်ဝန်ကြီးချုပ် (Chief Minister) ကို ဆိုလိုတာပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဒါပေမဲ့ စည်းရုံးတယ်ဆိုတဲ့နေရာမှာ၊ သေနတ်နဲ့တော့ စည်းရုံး လို့ မရဘူးပေါ့ဗျာ။ တကယ့်နိုင်ငံရေးသမားတွေအနေနဲ့ စည်းရုံးကြဖို့ပါ။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပြီးရင်၊ ဖြစ်လာရမယ့် အနေအထားတွေပါ။ အခုဟာက လှမ်းခဲ့တဲ့ခြေလှမ်းက၊ အဲဒီဘက်ကို ရောက် မလာပဲနဲ့၊ ၂၀၀၉ခုနှစ် အစပိုင်းလောက်က စပြီး ဘယ်တုန်းကမှ ပြောဆိုခဲ့ဖူးခြင်းမရှိတဲ့၊ နယ်ခြားစောင့်တပ် ဆိုတဲ့ ကိစ္စပေါ်လာတယ်။ အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေက နိုင်ငံရေးအရ ဆွေးနွေးမယ်လုပ်တော့ လည်း၊ လုံးဝခါးခါးသည်းသည်း ငြင်းခဲ့တယ်။ ဒါတွေအားလုံးရဲ့ တရားခံဟာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို့ပဲ၊ ပြောရမှာပဲ။ အကုန်လုံး သူ ဖျက်ပစ်တာချည့်ပဲ။ ကောင်းပြီကောင်းရက်နဲ့ နှစ်(၂၀)လောက်၊ အားလုံးလုပ်ခဲ့ကြ တာတွေကို၊ (၂) နှစ်လောက်နဲ့ သူ အကုန်ဖျက်ပစ်တာ ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒါက နိုင်ငံရေးပရိယာယ်၊ စစ်ရေးပရိယာယ်ကော၊ မဖြစ်နိုင်ဘူးလား။ ဒီလို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ မငြိမ်းမချမ်းဖြစ်နေအောင် လုပ်ထားမှ၊ ဒီတပ်မတော်ကို စည်းရုံးထားလို့ ရမယ်၊ ပြည်သူလူထုကိုလည်း၊ တိုင်းပြည်မှာ ဒီလိုအန္တရာယ်ရန်စွယ်တွေ ရှိနေပါတယ်လို့၊ ပြထားပြီး၊ ကျုပ်တို့စစ်တပ် က မရှိရင်၊ အင်အားမကောင်းရင်၊ မရဘူး ဆိုတာမျိုးပေါ့။ ဟိုတုန်းက စကားမျိုးနဲ့ပြောရင်၊ တမင်သက်သက် သူပုန်မွေးထားသလို ဖြစ်မနေဘူးလား။ ပုန်ကန်တိုက်ခိုက်နေတဲ့သူတွေကို၊ မပုန်ကန်ချင်အောင်၊ လုပ်ကိုင် ဆောင်ရွက်ပေးရင် အားလုံး လက်နက်စွန့်ပြီးတော့၊ အားလုံးဟာ ဒီတိုင်းပြည်အတွက် ကောင်းရာမွန်ရာတွေ ကို ၀ိုင်းပြီးလုပ်ကြမယ့် အခြေအနေတွေကို၊ ဖန်တီးနိုင်ရဲ့သားနဲ့၊ တမင်သက်သက် သူပုန်မွေးထားတဲ့အခြေ အနေကို ဖန်တီးထားတာ ဖြစ်မနေဘူးလား။ ကိုယ့်အာဏာ မြဲနေအောင်။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်ခေါင်းဆောင်ပဲ ပြောပြော၊ နိုင်ငံရေးခေါင်းဆောင် ပဲ ပြောပြော၊ ဘာပဲပြောပြော မြန်မာအယူအရ ဘုရင်မင်းပေါ့။ မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုတဲ့ မြန်မာစကား ပုံ ရှိနေတယ်။ ကတိတစ်ခု ပေးပြီးသား၊ သစ္စာတစ်ခု ပြုပြီးသား၊ လွယ်လွယ်ကူကူ ရှောက်ပြီးဖျက်နေတာက တော့၊ ခုနပြောသလို သူပုန်ရှိနေမှ စစ်တပ်ရဲ့ အခန်းကဏ္ဍက ရှိနေမယ်ဆိုတဲ့၊ ဒီအတွေးအခေါ်မျိုး၊ ကျနော် တို့မှာလည်း ရှိခဲ့ဖူးပါတယ်။ ဒီအတွေးအခေါ်မျိုး ရိုက်သွင်းခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ပြောင်းလဲနေ ပြီ ဗျ။ ကျန်တဲ့ နိုင်ငံတွေမှာ ဘယ်သူပုန်သူကန်တွေမှ၊ ကျနော်တို့နဲ့ အိမ်နီးနားချင်းပတ်ဝန်းကျင်နိုင်ငံတွေမှာ၊ ဘယ်သူမှ မရှိတော့ ဘူး။ ကျနော်တို့နိုင်ငံမှာပဲ နှစ်(၅၀) ကျော်နေပြီ။ တိုင်းပြည်ကလည်း အောက်တန်းနောက် တန်းကို ဟိုး-နောက်ဆုံးကို ရောက်နေကြပြီဗျ။ ဒီအတွေးအခေါ် မျိုးတွေကို စွန့်လွတ်သင့်ကြပြီ။ ဒီအခုရှိကြတဲ့ လူတွေလည်း ဒီအတွေးအခေါ် မျိုးကို မထားသင့်ကြတော့ဘူး။ စစ်တပ်အုပ်ချုပ်တာလည်း၊ နှစ်ပေါင်းများစွာ ၁၉၆၂ ခုနှစ်ကနေ အုပ်ချုပ်တယ်။ မြန်မာပြည်ဘယ် အဆင့်ရောက်သွားပြီးဆိုတာလည်း၊ ကျနော်တို့ကိုယ်တိုင် စစ်တပ်ထဲမှာနေခဲ့တဲ့ကောင်ဆိုတော့၊ အားလုံးလည်းသိတယ်။ ဘယ်လိုမှမအောင်မြင်နိုင်တဲ့ဥစ္စာကြီး။ ဘာဖြစ် လို့ဆက်လုပ်ချင်နေကြတာလဲ။
ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese/news/soldier-talk/11_05_11_soldiers_talk085-133675628.html