Sunday, November 13, 2011

ဦးဝင်းတင်ကို သူရသတ္တိ ရွှေတံဆိပ်ဆု ချီးမြှင့်ပွဲ



Burma VJ Media Network

အကျဉ်းချခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာတဲ့ သံဃာတော် အသျှင်သူမြတ်တွေ အတွက် သိမ်ထပ်မင်္ဂလာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို သူရသတ္တိ ရွှေတံဆိပ်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၂ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မကွေးပရိယတ္တိ စာသင်တိုက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
သိမ်ထပ်မင်္ဂလာ ပြုလုပ်မယ့် အသျှင် ၁၂ ပါးနဲ့ ပင့်သံဃာ ၁၅ ပါး စုစုပေါင်း သံဃာတော် အသျှင်သူမြတ် ၂၇ ပါးတို့အား သာသနဝိဇာတ မဟာသိမ်တော်မှာ သိမ်ထပ်မင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီနောက် မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော်မှ သူရသတ္တိ ရွှေတံဆိပ်ဆုကို ဦးဝင်းတင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒီအခမ်းအနားကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင် ကွန်ယက်က ဦးစီး ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစု ၄၇ ဦးအတွက် စာအုပ်စာတမ်းတွေ ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ပွဲကို နိုင်ငံရေး အကျဉ်းသား မိသားစုတွေနဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဟန်ညောင်ဝေကိုတွေ့ဖို့ ငြင်းဆို

ဦးဟန်ညောင်ဝေဟာ ရန်ကုန်မှာရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေးအတွက် ကြိုးစားခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဖို့ ငြင်းဆိုခဲ့တယ်လို့ သျှမ်းသံတော်ဆင့် သတင်းက ဖော်ပြပါတယ်။

ဦးဟန်ညောင်ဝေဟာရန်ကုန်မှာရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုပ်ဖော်ကိုင်ဘက်တဦး အကူအညီနဲ့ အပြင်းအထန်ကြိုးစားခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုပ်ဘော်ကိုင်ဘက်ရဲ့ အမည်ကို ပြောပြဖို့ ဦးဟန်ညောင်ဝေက ငြင်းဆန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုပ်ဖော်ကိုင်ဘက်က ဦးဟန်ညောင်ဝေကို ပြန်ပြောတာက ဒေါ်အောင်ဆန်းစုအနေနဲ့ ဦးဟန်ညောင်ဝေကို ယုံကြည်ဖို့လိုသေးတယ်လို့ ပြောတဲ့အကြောင်း ဦးဟန်ညောင်ဝေက သျှမ်းသံတော်ဆင့်ကို ပြောပြပါတယ်။

(ဦးဟန်ညောင်ဝေ မြန်မာပြည်မှ ပြန်သည့်သတင်းကို ဖော်ပြသည့် သျှမ်းသံတော်ဆင့်သတင်းမှ )

ဦးဝင်းမြရဲ့  သမ္မတထံပေးစာ