Wednesday, November 16, 2011

ဦးဝဏ္ဏမောင်လွင်အိမ်သာထဲကထွက်ခဲ့ပါ၊ ။

The Voice Weekly
မြန်မာကို ၂၀၁၄ ဥက္ကဋ္ဌ ရာထူးပေးရန် အာဆီယံ ညှိနှိုင်းရေးကောင်စီ (ACC) တွင် ယနေ့ တရားဝင် ဆွေးနွေးလျက် ရှိပြီး ညနေပိုင်း အစည်းအဝေး ပြီးဆုံးချိန်တွင် တရားဝင် ထောက်ခံမှု ပေးမည် ဖြစ်သည်။ အစည်းအဝေး ပြုလုပ်နေချိန် သန့်စင်ခန်းသို့ ခေတ္တ သွားချိန်တွင် ဝန်ကြီးကို မေးမြန်းရန် ကြိုးစားခြင်း ဖြစ်သည်။


မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို မေးမြန်းရန် သန့်စင်ခန်း အထွက်တွင် စောင့်နေသာ မြန်မာနှင့် နိုင်ငံတကာ သတင်းသမားများ။

အမေရိကန်ဒေါ်လာ ၅၅၀တန် download speed











ရတနာပုံ တယ်လီပို.ကယူထားတဲ့ ဖိုင်ဘာကွန်နက်ရှင်ပါ။ 1Mbits per second အမြန်နှုန်းပါ။
ပေးရတဲ့ လစဉ်ကြေးကတော့ တစ်လကို အမေရိကန်ဒေါ်လာ ၅၅၀ ဖြစ်ပါတယ်။
အပေါ်က ဒေါင်းလုပ် လုပ်နေတဲ့အမြန်နှုန်းကိုတစ်ဆိတ်မျက်လုံးပြူးပြီးကြည့် ပေးပါ။

တန်ရာတန်ကြေး ဆိုတာ ကိုယ်ကတစ်ကျပ်ပေးရင် တစ်ကျပ်တန်တာကိုပဲလိုချင်တာကိုဆိုလိုတာပါ။ လျော့လည်းမရချင် ၊ပိုလည်းမလိုချင်ရပါဘူး။ အပေါ်က download speed ကိုကြည့်ပြီးတော့ တစ်လဒေါ်လာ ၅၅၀ ပေးရတာနဲ. ပြန်ရတာဘယ်လိုမှလျော်ညီမှုမရှိပါဘူး။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နဲ. ရတနာပုံတယ်လီပို.တို. အနေနဲ. ၀န်ဆောင်မှုလုပ်ငန်းများကို အသစ်ထွက်ပေါ်လာတဲ့ အစိုးရနဲ.အတူ လိုက်လျောညီထွေပြောင်းနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါ။ ဒီလိုမဟုတ်ပဲ ဆားဗစ်ပရိုက်ဗိုက်ဒါ ဒီတစ်ခုတည်းရှိတာ ၊ သုံးချင်ရင်သုံး မသုံးချင်ရင်နေ ဆိုတဲ့ အရင်လိုစိတ်ဓါတ်တွေကျန်နေမယ်ဆိုရင်တော့.....

(မြန်မာကျူ့ပစ်ဖိုရမ်တွင်အသင်းဝင်တဦးတင်ထားသောပို့စ်ကိုပြန်လည်ဖေါ်ပြပေးပါသည်။)

ရင်ချင်းဆက် အမွှာယောက်ျားလေး ရန်ရှင်းနှင့် ရန်ကင်း

The Voice Weekly

မြန်မာနိုင်ငံ၏ ပထမဆုံး ရင်ချင်းဆက် အမွှာယောက်ျားလေး ရန်ရှင်းနှင့် ရန်ကင်းကို ရန်ကုန်တိုင်း ဒေသကြီး ကလေးအထူးကု ဆေးရုံကြီးတွင် ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) နံနက် ၇ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၃၄ မိနစ်ထိ အချိန် ၃ နာရီကျော်ကြာ အောင်မြင်စွာ ခွဲစိတ် ပေးနိုင်ခဲ့သည့် မြင်ကွင်းဓာတ်ပုံများ။

မခွဲစိတ်မှီက









မန္တလေး မစိုးရိမ်ဟောင်းမှ မေတ္တာသုတ် သံပြိုင်ရွတ်ဆိုသံများ၊

Nyo Gyi

ငြိမ်းချမ်းမေတ္တာ မန္တလေး မစိုးရိမ်ဟောင်းမှာ...

မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) နေ့လည် ၁ နာရီမှ ၂ နာရီအထိ ကျင်းပခဲ့သော ငြိမ်းချမ်းရေးဆန္ဒပြုတရားပွဲမှ မေတ္တာသုတ် သံပြိုင်ရွတ်ဆိုသံများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာစာ သံပြိုင်ရွတ်ဆိုသံများ။


Nyo Gyi

မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)က ငြိမ်းချမ်းရေး တရားပွဲ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)

ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။

ပရိသတ် ဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။

အခမ်းအနားအပြီးတွင် "သမ္မတကြီးအားတောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ" အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရရှိပါသည်။





လွှတ်​တော်ထဲက မူး​ယစ်ရာဇာ အမည်ရ အစီရင်ခံစာထုတ်ပြန်



Published on November 16, 2011 by webteam 
ရှမ်း ​ပြည်မူး​ယစ်​ဆေး​ဝါး​ ​စောင့်​ကြည့်​အဖွဲ့​က​နေ လွှတ်​တော်ထဲက မူး​ယစ်ရာဇာ (Druglords in Parliament) လို့​ အမည်ရတဲ့​ အစီရင်ခံစာတစ်​စောင် ဒီက​နေ့​ ​နေ့​စွဲနဲ့​ထုတ်ပြန်လိုက်ပါတယ်။
ဒီတ​ခေါက်ထုတ် ​ဝေတဲ့​ စတုတ္ထ​မြောက် အစီရင်ခံစာမှာ​တော့​ ​ရွေး​ကောက်ပွဲဝင် လွှတ်​တော်အမတ် ၇ ဦး​ ဘိန်း​စိုက်ပျိုး​ရေး​လုပ်ငန်း​နဲ့​ မဲဆွယ်မှုရှိခဲ့​တဲ့​ အ​ကြောင်း​တွေကို ဦး​စား​ပေး​ ​ဖော်ပြခဲ့​တယ်လို့​ မူး​ယစ်​ဆေး​ဝါး​စောင့်​ကြည့်​ ​လေ့​လာ​ရေး​အဖွဲ့​ ဥက္ကဋ္ဌ ဦး​ခွန်း​ဆိုင်က ​ပြောပါတယ်။
“ပြီး​ခဲ့​တဲ့ ​နှစ်မှာ ​ရွေး​ကောက်ပွဲ ဖြစ်တဲ့​အခါကျ​တော့​ မဲဆွယ်မှု​တွေ ရှိတယ်။ ဒီမဲဆွယ်မှု​တွေထဲမှာ ဘိန်း​စိုက်ပျိုး​မှုနဲ့​ ပတ်သက်ပြီး​တော့​မှ အခွင့်​အ​ရေး​ပေး​ဖို့​ မဲဆွယ်တာ​တွေ ရှိခဲ့​တယ်။ မဲဆွယ်ပြီး​တော့​မှ ​နောက်ပိုင်း​ တကယ်တမ်း​ ​ရွေး​ကောက်ပွဲဖြစ်ပြီး​တော့​ အနိုင်ရတဲ့​အခါကျ​တော့​ ဘိန်း​စိုက်ပျိုး​မှုက ပိုပြီး​တော့​တိုး​တက်လာတယ်ဆိုတာကို တင်ပြထား​ပါတယ်။”
ရှမ်း​ပြည်​ မြောက်ပိုင်း​ နမ့်​ခမ်း​မြို့​နယ်၊​ ကွတ်ခိုင်မြို့​နယ်၊​ မိုင်း​ပေါ့​နဲ့​ ​လောက်ကိုင်​ဒေသ ကိုး​ကန့်​ဒေသက အမျိုး​သား​လွှတ်​တော်အမတ် ၁ ဦး​၊​ ပြည်သူ့​လွှတ်​တော်အမတ် ၂ ဦး​၊​ ပြည်နယ်လွှတ်​တော်အမတ် ၄ ဦး​တို့​ဟာ ၂၀၁ဝ​ရွေး​ကောက်ပွဲ ကာလ​တွေတုန်း​က ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီက​နေ အမတ်​နေရာရဖို့​အတွက် ​ဒေသခံပြည်သူ​တွေကို ဘိန်း​စိုက်ပျိုး​ခွင့်​ ​ပေး​မယ်လို့​ပြောပြီး​ မဲဆွယ်ခဲ့​ပါတယ်။
အာဏာရပြီး​တဲ့ ​အခါမှာလည်း​ ဘိန်း​စိုက်ပျိုး​တဲ့​သူ​တွေဆီက​နေ အခွန်​ငွေ​တွေယူသလို ကိုယ်တိုင်လည်း​ လုပ်ငန်း​တွေမှာ သွယ်ဝိုက်ပြီး​ ပတ်သက်​နေပါတယ်။ ဒါ​ကြောင့်​ ​ဒေသထဲမှာ အရင်နှစ်ထက် ဘိန်း​အထွက်တိုး​နှုန်း​မြင့်​မား​ပြီး​ လူငယ်လူရွယ်​တွေ ကြား​မှာလည်း​ မူး​ယစ်​ဆေး​ဝါး​သုံး​စွဲမှု​တွေ များ​ပြား​လာတယ်လို့​ အဲဒီအစီရင်ခံစာထဲမှာ ​ဖော်ပြထား​ပါတယ်။
ဦး​ခွန်း​ ဆိုင်က ရှမ်း​ပြည်နယ်ထဲက “မူး​ယစ်​ဆေး​ဝါး​ တိုး​ပွား​မှုပြသနာဟာ တိုင်း​ပြည်က နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ပြသနာ​တွေ အ​ပေါ်မှာမူတည်ပြီး​ဖြစ်လာရတယ်၊​ နိုင်ငံ​ရေး​ မတည်ငြိမ်​တော့​ တိုင်း​ရင်း​သား​လက်နက်ကိုင် တိုက်ပွဲ​တွေဖြစ်တယ်။ ဒါ​တွေနဲ့​ ဆက်နွှယ်ပြီး​ မူး​ယစ်​ဆေး​ဝါး​နဲ့​ မပတ်သက်ချင်လည်း​ ပတ်သက်​နေရတာ ရှိတယ်။ မူး​ယစ်​ဆေး​ဝါး​လုံး​ဝ ပ​ပျောက်ဖို့​အတွက် အကြမ်း​ဖက်နှိမ်နင်း​ နည်း​မသုံး​ဘဲ နိုင်ငံ​ရေး​တည်ငြိမ် ငြိမ်း​ချမ်း​မှုရှိ​အောင် အစိုး​ရက ကြိုး​စား​သင့်​တယ်လို့​ ဆက်​ပြောပါတယ်။
လွှတ်​တော်ထဲက မူး​ယစ်ရာဇာလို့​ အမည်​ပေး​ထား​တဲ့​ ဒီအစီရင်ခံစာနဲ့​ ပတ်သက်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲကို ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​မှာ ဒီက​နေ့​ မနက် ၁ဝနာရီက​နေ မွန်း​တည့်​ ၁၂ နာရီအထိ ပြုလုပ်ခဲ့​ပါတယ်။
ရှမ်း​ပြည်မူး ​ယစ်​ဆေး​ဝါး​စောင့်​ကြည့်​ရေး​အဖွဲ့​ဟာ ၂၀၀၃ ခုနှစ်ကစပြီး​ မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်တဲ့​ အစီရင်ခံစာ​တွေ အလျဉ်း​သင့်​သလို စု​ဆောင်း​တင်ပြခဲ့​တာမှာ အစိုး​ရက​ကြေညာထား​တဲ့​ မူး​ယစ်​ဆေး​ဝါး​ပ​ပျောက်​ရေး​ ၁၅ နှစ်စီမံကိန်း​ပေါ် အ​ခြေခံပြီး​ ရှမ်း​ပြည်ထဲက ဘိန်း​စိုက်ပျိုး​ထုတ်လုပ်မှု အ​ခြေအ​နေ​တွေကို တင်ပြခဲ့​တာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/17880

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု – အပိုင်း ၃


Published on November 14, 2011 by ထက်​အောင်

အထူးစီးပွားရေးဇုန်ရဲ့ အသွင်လက္ခဏာတွေနဲ့ တည်ဆောက်နေမှု အခြေအနေ

မြန်မာပြည်​တောင်ဘက်​ ​မောင်းမကန်​ ကမ်းရိုးတန်းက စက်မှုတော်လှန်ရေးဟာ အန်ဒမန်​ ပင်လယ်ပြင်မှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်လို့ ဒါမှမဟုတ် အင်အားပြင်း​ ငလျင်တခု လှုပ်ခတ်လို့ ဖြစ်ပေါ်လာတဲ့ ဆူနာမီ ဒီလှိုင်းကြီးအလား စတုရန်း ကီလိုမီတာ ၂၅၀ ကျယ်ဝန်းတဲ့ မြေပြင်တခုလုံးကို လုံး​ ၀ပြောင်းလဲသွားစေမှာပါ။ ဒီလောက်​ အကျယ်အ၀န်းရှိတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က စီးပွားရေး​ အချက်အချာ မန်ဟန်တန် (Manhattan) ထက် လေးဆလောက် ကျယ်ဝန်းပြီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံး မတ်တဖွတ် (Map Ta Phut) စက်မှုဇုန်ထက် ဆယ်ဆလောက် ကျယ်ဝန်းပါတယ်။

မောင်းမကန်​ ကမ်းခြေကို ၀င်ရောက်လာမယ့် နိုင်ငံခြား​ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI – Foreign Direct Investment) ဟာ မြန်မာ့စီးပွားရေးသမိုင်းမှာ စီးပွားရေး​ စီမံကိန်းတခုရဲ့ အရွယ်အစားနဲ့ ရင်နှီးမြှုပ်နှံမှုပမာဏအရ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။ ထားဝယ်နိုင်ငံတကာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ အဲဒီဒေသမှာ တည်ဆောက်မယ့် စက်မှုလုပ်ငန်းတွေဟာ ပြည်ပတင်ပို့မှုကို အဓိကထားမှာဖြစ်ပြီး အကြီးစား၊ အလတ်စားနဲ့ အငယ်စား စက်မှုဇုန်တွေ ခွဲခြားထားတဲ့အပြင်၊ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာကုမ္ပဏီတွေအတွက် ကျယ်ဝန်းကြီးမားတဲ့ ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်နိုင်တဲ့ စီးပွားရေး​ စင်တာတခုနဲ့ ခေတ်မီမြို့ပြအိမ်ရာစခန်းတွေ ပါဝင်တဲ့ အဆင့်မြင့် စက်မှုမြို့တော်တခုကိုလည်း တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။

ဒီစီမံကိန်းရဲ့ နောက်ကြောင်းရာဇ၀င်ကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉၆ ခုနှစ်ကတည်းက ဂျပန်နိုင်ငံက Nippon Koei Co., Ltd က ထားဝယ်နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဆက်သွယ်မယ့် ကားလမ်းဖောက်လုပ်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကတည်းက ထိုင်းနိုင်ငံက ထားဝယ်ဒေသမှာ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ပြီး ဒေသတွင်း ကုန်သွယ်လမ်းကြောင်းအသစ်တခု ဖောက်လုပ်မှုကို စိတ်ဝင်စားခဲ့ပြီး​ ​မြန်မာစစ်အစိုးရနဲ့​ ​ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာရှစီးပွားရေး​ အကျပ်အတည်းကြောင့် ထိုင်းစီးပွားရေးကို အကြီးအကျယ် ထိခိုက်ခဲ့တဲ့အတွက်​ ​ပြည်တွင်းစီးပွားရေး ပြန်လည်နာလန်ထူရေးကို ဦးစားပေးနေရလို့​ ​ထားဝယ်စီမံကိန်း​ ကိစ္စ ဆွေးနွေးမှုတွေကို ရပ်ထားခဲ့တာပါလို့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ Marine Division က နိုင်ငံရပ်ခြားစီမံကိန်း​ ညှိနှိုင်းရေးမှူး Sirapat Trinvuthipong နဲ့ တွေ့ဆုံစဉ်တုန်းက သူက ရှင်းပြခဲ့ပါတယ်။ အခုလည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး စီမံကိန်းပုံစံ ရေးဆွဲတဲ့အထဲမှာ Nippon Koei Co., Ltd လည်း ပါဝင်ပါတယ်။

၂၀၀၈ ခုနှစ် မေလထဲမှာ မြန်မာနဲ့ထိုင်းအစိုးရတို့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်ဆောက်လုပ်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး နောက်တလအကြာ ဇွန်လမှာ အီတာလျံ-ထိုင်း​ ကုမ္ပဏီနဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး အီတာလျံ-ထိုင်း​ ကုမ္ပဏီဟာ​ ​ရေနက်ဆိပ်ကမ်း​ တည်ဆောက်မယ့်​ ​မောင်းမကန် ကမ်းရိုးတန်းတလျှောက်နဲ့ ထားဝယ်-ကန်ချနဘူရီ​ ​အဝေးပြေးကားလမ်း ဖောက်လုပ်ရေးအတွက် မြေပြင်လေ့လာ တိုင်းထွာမှုတွေ​ ​ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့​ ​မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အကြား လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ စာချုပ်လက်မှတ်ထိုးခဲ့ပြီး တပြိုင်နက်တည်းမှာပဲ တည်ဆောက်မှုလုပ်ငန်းတွေကို စတင် အကောင်အထည်​ ​ဖော်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အီတာလျံ-ထိုင်းကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ဖို့ ၁၀၀ ရာခိုင်နှုန်း အခွင့်အာဏာရရှိသွားတဲ့ ပထမဆုံးနိုင်ငံခြားကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။


ဘန်ကောက်ရှိ အီတာလျံ-ထိုင်းကုမ္ပဏီရုံးချုပ်တွင် ပြသထားသော ထားဝယ်စီမံကိန်း ပုံစံငယ်အဟောင်း (၀ဲ) နှင့် ထားဝယ်စီမံကိန်းရုံးတွင် ပြသထားသော ပုံစံအသစ် (ယာ)

အောက်မှာဖော်ပြထားတဲ့ စီမံကိန်းပုံစံဟာ အီတာလျံ-ထိုင်းကုမ္ပဏီက ၂၀၁၁ ခုနှစ် ဇွန်လမှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ပုံစံဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက ပထမရေးဆွဲခဲ့တဲ့ပုံစံနဲ့ ကွဲလွဲချက်တချို့ ရှိပါတယ်။ နဂိုမူလတုန်းက ရေနက်ဆိပ်ကမ်းကို သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ခံ ၂ ခုပဲ ရေးဆွဲခဲ့ပြီး အခုပုံစံမှာ ၃ ခု ပြောင်းလဲတည်ဆောက်မှာ ဖြစ်ပါတယ်။ တန်ချိန်ကြီးမားတဲ့ ရေနံတင်သင်္ဘောကြီးတွေနဲ့ ကုန်တင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မှာ​ ​ဖြစ်ပါတယ်။


ရင်းမြစ် – အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ

ရေနက်ဆိပ်ကမ်းနဲ့အတူ သင်္ဘောတည်ဆောက် ပြုပြင်ထိန်းသိမ်းနိုင်တဲ့ သင်္ဘောကျင်းတခုလည်း တွဲရက်တည်ဆောက်မှာ ဖြစ်ပါတယ်။ ​ရေနက်ဆိပ်ကမ်းရဲ့ မြောက်ဘက်အစွန်းမှာ အကြီးစားရေနံဓာတုစက်မှုလုပ်ငန်း (Upstream Petrochemical Industries) တွေဖြစ်တဲ့ ရေနံချက်စက်ရုံနဲ့ ရေနံသိုလှောင်ကန်ကြီးတွေ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ဓာတ်ငွေ့သိုလှောင်ကန်တွေနဲ့ သဘာဝဓာတ်ငွေ့နဲ့ထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အား ၆၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်တဲ့ Combined-cycle Power Plant တခုတို့ကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီနေရာမှာ ကမ်းစပ်တောင်ကုန်းတခု ရှိနေတဲ့အတွက် ဒီတောင်ကုန်းကိုဖြိုချပြီး ထွက်ရှိလာတဲ့ ကျောက်တုံးတွေကို ရေနက် ဆိပ်ကမ်း ဆောက်လုပ်တဲ့နေရာမှာ အသုံးပြုမယ်လို့ သိရပါတယ်။

ရေနက်ဆိပ်ကမ်းနဲ့ကပ်ရက် အတွင်းပိုင်းမှာ အကြီးစားရေနံဓာတုစက်မှုလုပ်ငန်း (Downstream Petrochemical Industries) တွေ တည်ဆောက်မှာ​ ​ဖြစ်ပါတယ်။ ရေနံဓာတုစက်မှုလုပ်ငန်းတွေကို Upstream နဲ့ Downstream ဆိုပြီး ခွဲခြားလေ့ရှိရာမှာ Upstream စက်မှုလုပ်ငန်းတွေမှာ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သိုလှောင်၊ သန့်စင်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ Downstream စက်မှုလုပ်ငန်းတွေကတော့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တို့ကို သန့်စင်ပြီး ထွက်ရှိလာတဲ့ ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ၊ ချောဆီ၊ သဘာဝဓာတ်ငွေ့အရည်နဲ့ တခြား ရေနံဓာတု အခြေခံ ကုန်ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်၊ သားရေတု၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ ကုန်ပစ္စည်းအများအပြားကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

ရေနက်ဆိပ်ကမ်းရဲ့တောင်ဘက်အစွန်း ပင်လယ်ကမ်းစပ်မှာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကျောက်မီသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မှာဖြစ်ပြီး မူလအစီအစဉ်မှာ မီဂါဝပ် ၄,၀၀၀ ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထုတ်လုပ်မှုပမာဏကို လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၀,၀၀၀ အထိ တိုးချဲ့ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားရဲ့ မီဂါဝပ် ၃,၆၀၀ ကို ထိုင်းနိုင်ငံကို လျှပ်စစ်တာဝါတိုင်ကြီးတွေနဲ့ သွယ်တန်းပြီး တင်ပို့ရောင်းချဖို့ အခုအခါ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ချိနေတဲ့ အများပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ EGAT (Electricity Generating Authority of Thailand) နဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။

ဓာတ်အားပေးစက်ရုံအတွက် လိုအပ်တဲ့ ကျောက်မီးသွေးကုန်ကြမ်းကို ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံပိုင်ဆိုင်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကျောက်မီးသွေးမိုင်းကနေ ရယူမှာဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ Marine Division က နိုင်ငံရပ်ခြားစီမံကိန်း ညှိနှိုင်းရေးမှူး Sirapat Trinvuthipong က ရှင်းပြခဲ့ပါတယ်။ (ကျောက်မီသွေးဓာတ်အားပေးစက်ရုံကြောင့် ဖြစ်ပေါ်တတ်တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ပြည်သူ့ကျန်းမာရေးထိခိုက်မှုတွေကို နောက်အပိုင်းတွေမှာ ရေးသားဖော်ပြသွားပါမယ်။)

အထက်က ဖော်ပြထားတဲ့ စီမံကိန်းပုံစံကို လေ့လာကြည့်ရင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံရဲ့တောင်ဘက် ပန်းဒက်အင်းနဲ့ မောင်းမကန်ရွာတို့ တည်ရှိတဲ့ အစိမ်းနုရောင်ချယ်ထားတဲ့ မောင်းမကန်အပန်းဖြေစခန်းနေရာမှာ နိုင်ငံတကာအဆင့်မီ ဂေါက်သီးကစားကွင်းနဲ့ အထူးစက်မှုဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမယ့် နိုင်ငံတကာကုမ္ပဏီကြီးတွေက အဆင့်မြင့်အရာရှိကြီးတွေ နေထိုင်ဖို့ အိမ်ယာစခန်းတွေ တည်ဆောက်ပါလိမ့်မယ်။


(ပုံစာ) ရင်းမြစ် – အီတာလျံ-ထိုင်းကုမ္ပဏီ၏ ထားဝယ်မြစ်တကြော တည်ဆောက်မည့် အဆင်မြင့်အိမ်ယာစခန်းများနှင့် စီးပွားရေးအဆောက်အအုံများပုံစံ။

ဒါ့အပြင် စီမံကိန်းဒေသရဲ့ ထားဝယ်မြစ်အနောက်ဘက်ခြမ်း အစိမ်းရောင်ချယ်ထားတဲ့ မြစ်ကမ်းရိုးတလျှောက်မှာ နိုင်ငံခြားက လာရောက်အလုပ်လုပ်ကိုင်ကြမယ့် ကျွမ်းကျင်လုပ်သား (ကော်လာဖြူ) တွေ၊ ထားဝယ်အထူးစီးပွားရေးဇုန်က ရရှိမယ့် စီးပွားရေးအခွင့်ထူးတွေကြောင့် မြန်မာပြည်အရပ်ရပ်က ပြောင်းရွှေ့အခြေချ ရင်းနှီးမြှုပ်နှံကြမယ့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူလတ်တန်းစားအလွှာတွေကို ပစ်မှတ်ထားနိုင်ဖွယ်ရှိတဲ့ ခေတ်မီအိမ်ရာစခန်းတွေ တည်ဆောက်ပြီး အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်မှာဖြစ်ပါတယ်။

ရေဖြူမြို့ရဲ့ တ၀က်လောက်ဟာ ထားဝယ်မြစ်အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး အဲဒီ ခေတ်မီအိမ်ရာစခန်းမြို့သစ်နေရာရဲ့ မြောက်ဘက်အစွန်းမှာ ကျရောက်နေပါတယ်။ ဒါ့အပြင် ကျောက်တောင်နဲ့ ဆင်ပုနစ်ကျေးရွာတို့ တည်ရှိနေပြီး အီတာလျံ-ထိုင်းကုမ္ပဏီ ကတော့ ရပ်ရွာတွေကို မရွှေ့ပြောင်းဘဲ ဆက်လက်ထားရှိဖို့ သူတို့ရဲ့ စီမံကိန်းပုံစံထဲမှာ ဖော်ပြထားပါတယ်။ အဲဒီအိမ်ရာစခန်းတွေနဲ့ကပ်လျက် မြောက်ဘက်ကို ဆက်သွားရင် အပြာရောင်ချယ်ထားတဲ့ ထားဝယ်မြစ်ကမ်းရိုးနဘေးမှာ တည်ဆောက်မယ့် အလတ်စားနဲ့ အငယ်စား စက်မှုဇုန်တခု ရှိပါတယ်။

စီမံကိန်းရဲ့အလယ်ပိုင်း ကြီးမားကျယ်ပြန့်တဲ့ အစိမ်းနုရောင်နဲ့ လိမ္မော်ရောင်ချယ်ထားတဲ့ မြေနေရာတွေမှာ အလတ်စားနဲ့ အငယ်စား စက်မှုလုပ်ငန်းတွေ တည်ဆောက်ဖို့ဖြစ်ပါတယ်။ အလတ်စားစက်မှုဇုန်မှာ မော်တော်ကားတပ်ဆင်ထုတ်လုပ်တဲ့စက်ရုံတွေ၊ ကားတာယာ စက်ရုံတွေ၊ အနည်ကျကျောက်လွှာတွေမှာ တွေ့ရှိရတတ်တဲ့ ဂျစ်ပဆမ်(Gypsum) ကနေ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ထုတ်လုပ် တဲ့ စက်ရုံတွေ ပါဝင်တယ်လို့ အီတာလျှံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းအစီအစဉ်မှာ ဖော်ပြထား ပါတယ်။ အငယ်စားစက်မှုဇုန်မှာ ကွန်ပျူတာအစိတ်အပိုင်းတွေထုတ်လုပ်တဲ့ စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ၊ အစားအသောက်ထုပ်ပိုးတင်ပို့ တဲ့စက်ရုံ၊ ဆေးဝါးစက်ရုံတွေ ပါဝင်ပါတယ်။

အဲဒီလောက် ကြီးမားများပြားတဲ့စက်ရုံတွေ တည်ဆောက်ဖို့ လျှပ်စစ်မီးနဲ့ ရေ အလုံအလောက် ရရှိရေးဟာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းအထောက်အထားတွေအရ ထုတ်လုပ်မှုစရိတ်သက်သာတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနဲ့ တနင်္သာရီမြစ်ပေါ် မှာ တည်ဆောက်မယ့် လျှပ်စစ်ဓာတ်အားမီဂါဝပ် ၁,၀၄၀ ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ် စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ရယူမှာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရေအရင်းအမြစ်ကို ထားဝယ်မြစ်ရဲ့အရှေ့ဘက်ခြမ်းက ထားဝယ်မြစ်ထဲ စီးဝင်မယ့် တလိုင်းရာချောင်းကိုပိတ်၊ ရေကာတာတခု တည်ဆောက်ပြီး ရေသိုလှောင်ဖြန့် ဖြူးဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။

အခုလောလောဆယ်မှာ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်အတွင်းရှိ လမ်းတွေကို မြေသားလမ်းချောအဖြစ် ပြုပြင်ပြီးဖြစ်သလို ရေနက်ဆိပ်ကမ်းနဲ့ ထိုင်း နိုင်ငံနယ်စပ် Puh Nam Ron ရွာအထိ ဆက်သွယ်မယ့် ၈ လမ်းသွား အဝေးပြေးလမ်းမ ကြီးရဲ့ ပထမအဆင့် လမ်းအူကြောင်း မြေသားလမ်း ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အခုအခါ စီမံကိန်းဒေသရဲ့ တချို့အပိုင်းတွေမှာ လမ်းဖောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။ လုပ်ငန်းရပ်ဆိုင်ထားရတဲ့ အကြောင်းရင်း နှစ်ခုရှိနိုင်ပါ တယ်။ တခုက မိုးရွာသွန်းမှုကြောင့် ဖြစ်နိုင်ပြီး၊ တခြားအကြောင်းရင်းကတော့ အဝေးပြေး ကားလမ်းမရဲ့ နယ်စပ်ဒေသ အစိတ်အပိုင်းတချို့ဟာ ကရင်အမျိုးသားအစည်းအရုံး (Karen National Union) ရဲ့ နယ်မြေတွေဖြစ်တဲ့အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာ ကြောင့် ဖြစ်နိုင်ပါတယ်။

အဲဒီလောက်ကြီးမားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကြီးကို အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံလောက် ရင်းနှီးပြီး တည်ဆောက်မယ့် ထိုင်းအစိုးရနဲ့ ကုမ္ပဏီတွေရဲ့ ထားဝယ်ဒေသက မဟာဗျူဟာအကျိုးစီးပွားတွေကို ရှေ့တပတ်မှာ တင်ပြ သွားပါမယ်။
http://burmese.dvb.no/archives/17731

အာဆီယံဥက္ကဋ္ဌဖြစ်ရင် မြန်မာနိုင်ငံနဲ့​ ပြည်သူ​တွေအတွက် ဘာ​တွေအကျိုး​ရှိမလဲ


(​ဒေါ်ခင်ဥမ္မာနှင့်​မေး​မြန်း​ချက်)
Published on November 16, 2011 by ပီတာအောင်

၂၀၁၄ မှာ မြန်မာကို အာဆီယံဥက္ကဋ္ဌ တာဝန်​ပေး​ဖို့​ အာဆီယံနိုင်ငံခြား​ရေး​ဝန်ကြီး​တွေက သ​ဘောတူထား​ပေမယ့်​ တရား​ဝင် ဆုံး​ဖြတ်ချက်ကို​တော့​ ထွက်မလာ​သေး​ပါဘူး​။


ဒေါ်ခင်ဥမ္မာ

ဒီအ​ခြေအ​နေမှာ မြန်မာအာဆီယံဥက္ကဋ္ဌဖြစ်ခြင်း​ဟာ မြန်မာနိုင်ငံနဲ့​ပြည်သူ​တွေအတွက် ဘာ​တွေ အကျိုး​ရှိမလဲဆိုတာနဲ့​ပတ်သက်လို့​အင်ဒိုနီး​ရှား​မှာ ကျင်း​ပမယ့်​ အာဆီယံ လူထုအ​ခြေပြု အဖွဲ့​တွေရဲ့​အစည်း​အ​ဝေး​ပွဲကို တက်​ရောက်မယ့်​ Burma Partnership ​ခေါ် မြန်မာ့​အ​ရေး​ပူး​ပေါင်း​ဆောင်ရွက်သူများ​အဖွဲ့​ တာဝန်ခံ ​ဒေါ်ခင်ဥမ္မာကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။



မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခြင်း​မယူခြင်း​ ကိစ္စက မြန်မာနိုင်ငံ ဒီမိုက​ရေစီအ​ပြောင်း​အလဲအတွက် ဘာ​တွေများ​ထူး​ခြား​ သက်​ရောက်မှု ရှိမယ်လို့​ ထင်ပါသလဲ။

“အာဆီယံက တကယ်လို့​သာ ဥက္ကဋ္ဌ​ပေး​ဖို့​ ဆုံး​ဖြတ်ချက်ကို အ​ဆောတလျင်သာ ချလိုက်မယ်ဆိုလို့​ရှိရင် ကျမတို့​နိုင်ငံ ဒီမိုက​ရေစီ အ​ပြောင်း​အလဲ ဖြစ်ဖို့​အတွက် သွား​မယ့်​နှုန်း​က စိတ်ပူစရာ ဖြစ်ပါတယ်။ ကျမမြင်တာက​တော့​ တကယ်တမ်း​ အာဆီယံဟာ အခုလိုမျိုး​ ဆုံး​ဖြတ်ချက်ကို မချ​သေး​ဘဲနဲ့​ ထပ်ပြီး​တော့​မှ ​စောင့်​ကြည့်​ဖို့​ လို​သေး​တယ်လို့​ မြင်တယ်။ အထူး​သဖြင့်​တော့​ ဦး​သိန်း​စိန်အစိုး​ရဟာ တကယ်တမ်း​ ဘယ်​လောက်အထိ ​ပေး​နေတဲ့​ ကတိ​တွေကို ဘယ်​လောက် အမှန်တကယ် လက်​တွေ့​ အ​ကောင်အထည်​ဖော်နိုင်သလဲဆိုတဲ့​ ဥစ္စာက အချိန်က အရမ်း​ကို ​စောလွန်း​နေတယ်။

“အခုကာလဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့​ အ​ပြောင်း​အလဲဖြစ်ဖို့​အတွက် အ​ခြေခံလိုအပ်ချက်မှာ အထူး​သဖြင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​နဲ့​၊​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​၊​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ဆိုတဲ့​ဥစ္စာက လက်​တွေ့​အ​ခြေအ​နေမှာ မဖြစ်​နေ​သေး​တဲ့​ အ​နေအထား​မျိုး​ ဖြစ်​တော့​ အာဆီယံအ​နေနဲ့​ တကယ်လို့​သာ အ​ဆောတလျင်သာ ဆုံး​ဖြတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဦး​သိန်း​စိန်အစိုး​ရဆီမှာက တကယ်တမ်း​ စစ်​ခေါင်း​ဆောင်​တွေကသာလျှင် နိုင်ငံရဲ့​ အာဏာကို ချုပ်ကိုင်ထား​နေ​သေး​တယ်ဆိုတာကို ကျမတို့​ ​တွေ့​နေရတယ်​လေ။ ဒါ​ကြောင့်​မို့​လို့​ မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီအ​ပြောင်း​အလဲဖြစ်ဖို့​အတွက်ကို လိုအပ်တဲ့​ အ​ပြောင်း​အလဲ​တွေကို မဖြစ်ခင်မှာ သူတို့​ပေး​လိုက်လို့​ရှိရင် အာဆီယံက ကျန်ခဲ့​တဲ့​ ၁၄ နှစ်တုန်း​က မြန်မာနိုင်ငံ အဖွဲ့​ဝင်အဖြစ် ဝင်ခွင့်​ပြုလိုက်တုန်း​ကလိုပဲ အမှား​ကြီး​တခုကို ကျူး​လွန်တဲ့​ဟာမျိုး​ ​ရောက်သွား​နိုင်တယ်လို့​။”

နောက်​ကြောင်း​ပြန်ကြည့်​မယ်ဆိုရင် ၂၀၀၆ တုန်း​ကဆိုရင် မြန်မာနိုင်ငံမှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေရှိ​နေတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ လွတ်မလာ​သေး​ဘူး​ပေါ့​။ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေလည်း​ မ​တွေ့​သေး​တဲ့​အ​ပေါ်မှာ အဲဒီတုန်း​က လာအိုနိုင်ငံမှာ ၂၀၀၅ ခုနှစ်တုန်း​က ဆုံး​ဖြတ်ခဲ့​တာ​ပေါ့​နော်။ ၂၀၀၆ မှာ အာဆီယံဥက္ကဋ္ဌမယူဖို့​၊​ ဆိုင်း​ငံ့​ထား​ဖို့​ ဆိုပြီး​တော့​ ဆုံး​ဖြတ်ခဲ့​တာ။ အခုအချိန်မှာကျ​တော့​ အဲဒီတုန်း​က လိုအပ်ချက်​တွေက ပြည့်​မီလို့​ အာဆီယံ ​ခေါင်း​ဆောင်​တွေအ​နေနဲ့​ ဒီလို တာဝန်​ပေး​လိုက်တာလို့​ ထင်လား​။ ဘာ​ကြောင့်​ မြန်မာကို ဥက္ကဋ္ဌတာဝန် ​ပေး​ဖို့​ ဆုံး​ဖြတ်ဖို့​ ဖြစ်လာတယ်လို့​ ထင်လဲ။

“ကျမမြင်တာက​တော့​ အရင်တ​ခေါက်တုန်း​က မ​ပေး​နိုင်တဲ့​အ​နေအထား​မျိုး​မှာ မပြည့်​စုံ​သေး​တဲ့​ အချက်​တွေက အခုပြည့်​စုံသွား​လို့​ ​ပေး​ဖို့​စဉ်း​စား​တယ်ဆိုတာမျိုး​ လို့​တော့​ ကျမထင်ဘူး​။ အရင်တုန်း​က အ​ခြေအ​နေဲ့​ အခုအ​ခြေအ​နေမှာ အ​ပေါ်ယံကြည့်​ရင် အမြင်မှာ ​ပြောင်း​လဲတဲ့​ဟာ​တွေ​တော့​ ရှိတာ​ပေါ့​။ ဥပမာ နိုင်ငံရဲ့​ နံပါတ်တစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်သန်း​ရွှေ ရှိတဲ့​အ​ခြေအ​နေမျိုး​က​နေ အခုက​တော့​ စစ်ဗိုလ်ချုပ်မဟုတ်​တော့​ဘဲနဲ့​ အရပ်သား​ ဖြစ်သွား​တယ် ဆိုတဲ့​ဥစ္စာမျိုး​နဲ့​ ဗိုလ်ချုပ်သိန်း​စိန်က အရပ်သား​ ဝတ်စုံ​ပြောင်း​လိုက်တဲ့​ကိစ္စလို၊​ တစုံတရာ သတင်း​မီဒီယာကို လွတ်လပ်ခွင့်​ ​ပေး​လာတဲ့​ဟာမျိုး​တို့​ စသည်ဖြင့်​ ဒီလိုကိစ္စမျိုး​တွေကို ကြည့်​လိုက်ပြီး​တော့​ သူတို့​က အရင်တ​ခေါက်က ထက်စာရင်​တော့​ နည်း​နည်း​တော့​ သာပါတယ် ဆိုတာမျိုး​တော့​ တွက်နိုင်တာ​ပေါ့​။ သို့​သော်လည်း​ပဲ နိုင်ငံတခုမှာ အ​ခြေခံအကျဆုံး​ တည်ငြိမ်မှု ရှိခြင်း​မရှိခြင်း​၊​ ငြိမ်း​ချမ်း​မှု ရှိခြင်း​ မရှိခြင်း​၊​ တိုင်း​ပြည်ရဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေ တည်ငြိမ်မှု ဘယ်​လောက်ရှိလဲ ဆိုတဲ့​ဟာကို ကြည့်​ရင်​တော့​ ကျမ မြင်တာက ၂၀၀၆ နဲ့​ အခုကြား​ထဲမှာ ဘာမှ သိသိသာသာ ထူး​ထူး​ခြား​ခြား​ ကွာဟချက်ကို မ​တွေ့​ရဘူး​ ဖြစ်တယ်​လေ။”

မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူလိုက်ရလို့​ မြန်မာနိုင်ငံနဲ့​ မြန်မာပြည်သူ​တွေအတွက် ဘာများ​ အကျိုး​ရှိမယ်လို့​ ထင်ပါသလဲ။ ဆိုလိုတာက ​ကောင်း​ကွက်​လေး​ တခုခု​လောက် ရှိမယ်လို့​ မထင်ဘူး​လား​ခင်ဗျ။

“ကျမမြင်တာက​တော့​ တကယ်တမ်း​ ၂၀၁၄ မှာ ဒီ ဥက္ကဋ္ဌရသွား​ပြီဆိုရင်လည်း​ ကျမတို့​ ပြည်သူ​တွေအ​နေနဲ့​က အာဆီယံဥက္ကဋ္ဌဖြစ်ရခြင်း​ရဲ့​ အထူး​အခွင့်​အ​ရေး​ ဘယ်သူက ခံစား​ရမလဲ ဆိုရင်​တော့​ အုပ်ချုပ်သူ လူတန်း​စား​လို့​ပဲ ကျမ မြင်ပါတယ်။ တကယ်တမ်း​က ကျမတို့​ ပြည်သူ​တွေရဲ့​ အကျိုး​ခံစား​ခွင့်​ ဆိုတာက အုပ်ချုပ်သူက ပြည်သူရဲ့​ အကျိုး​အတွက်ကို လုပ်​ပေး​မှပဲ အဲဒီအကျိုး​ကရမှာကိုး​။ ဆို​တော့​ အာဆီယံဥက္ကဋ္ဌ ဖြစ်လိုက်ခြင်း​အတွက်​ကြောင့်​မို့​လို့​ တကယ်တမ်း​ ရမယ့်​အကျိုး​ကို ကြည့်​လိုက်မယ်ဆိုရင် နိုင်ငံတကာက​နေပြီး​တော့​မှ အစိုး​ရ​တွေ လာကြမယ်၊​ ​နေပြည်​တော်မှာ အစည်း​အ​ဝေး​တွေ လုပ်ကြမယ်ဆို ဒါ​တွေက​တော့​ အစိုး​ရချင်း​ ဆက်ဆံ​ရေး​ ဆိုတာက​တော့​ ဖြစ်မှာ​ပေါ့​။ အဲဒီ​နေရာမှာ နိုင်ငံအတွက်​ရော တစုံတရာ ဂုဏ်မရှိဘူး​လား​လို့​ ဆို​တော့​ ကိုယ့်​နိုင်ငံက တကယ်တမ်း​ ​ဒေသရဲ့​ ဥက္ကဋ္ဌ​ခေါင်း​ဆောင်​နေရာမျိုး​ကို ယူခွင့်​ရတယ် ဆိုလို့​ရှိရင် ဒါ ကိုယ့်​နိုင်ငံ ပြည်သူပြည်သား​တွေအတွက် ဂုဏ်ယူစရာ တခုလို့​တော့​ ကျမတို့​ မြင်ကြည့်​လို့​ ရတာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီလိုမျိုး​ ဂုဏ်ယူနိုင်ဖို့​ ကိုယ့်​ပြည်သူပြည်သား​တွေက ဂုဏ်ယူနိုင်ဖို့​ ​ခေါင်း​ထောင်နိုင်ရဲ့​လား​၊​ ​ခေါင်း​မော့​နိုင်ရဲ့​လား​ ဆိုတာက​တော့​ ခုနက အုပ်ချုပ်သူက ပြည်သူကို ဘယ်လိုမျိုး​ ​ခေါင်း​မော့​နိုင်​အောင် လုပ်​ပေး​လဲ။ သူတို့​ရဲ့​ တကယ်တမ်း​တွေ့​နေတဲ့​ လက်ရှိပြဿနာ​တွေကို ဘယ်​လောက်အထိ ​ဖြေရှင်း​ပေး​သလဲဆိုတဲ့​ အ​ပေါ်မှာ မူတည်တယ်။”

နောက်တခုက ​ဒေါ်​အောင်ဆန်း​စုကြည် မ​နေ့​က သတင်း​စာရှင်း​လင်း​ပွဲမှာ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့​ အ​ရေး​ထက် မြန်မာပြည်သူ​တွေရဲ့​ ဘဝ​တွေ ဖွံ့​ဖြိုး​တိုး​တက်​ကောင်း​မွန်ဖို့​ အ​ရေး​ကြီး​တယ်ဆိုပြီး​ ​ပြောသွား​တာ​ပေါ့​။ ဒီမိုက​ရေစီအ​ရေး​လှုပ်ရှား​သူ​တွေ ဒီ အာဆီယံဥက္ကဋ္ဌမဖြစ်​ရေး​ ​တောင်း​ဆို​နေတဲ့​ သူ​တွေ အ​နေနဲ့​ရော ဘယ်အရာက ပိုပြီး​တော့​ အ​ရေး​ကြီး​တယ်လို့​ ထင်ပါသလဲ။

“ကျမ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်စုကြည်​ပြောတာကို ​ထောက်ခံပါတယ်။ ကျမတို့​ ​ပြောပြ​နေတာ အဲဒါပါပဲ။ တကယ်တမ်း​ဆိုလို့​ရှိရင် ဒီကာလမှာ ဦး​သိန်း​စိန်အစိုး​ရအတွက် အ​ရေး​ကြီး​ဆုံး​က ဘာဖြစ်သင့်​လဲ။ ပြည်တွင်း​မှာ ရှိတဲ့​ ကိုယ့်​ပြည်သူ ပြည်သား​တွေရဲ့​ စား​ဝတ်​နေ​ရေး​ ဘဝ​တွေ ​ကောင်း​လာဖို့​အတွက်ကို ​ဖြေရှင်း​ဖို့​ အတွက်ကိုပဲ ကိုယ့်​နိုင်ငံထဲမှာ ရှိ​နေတဲ့​ ပြဿနာ​တွေကို ​ဖြေရှင်း​ပြီး​တော့​မှ အမျိုး​သား​ပြန်လည်ရင်ကြား​စေ့​ရေး​၊​ တိုင်း​ပြည်နိုင်ငံ​ရေး​ တည်ငြိမ်မှုရ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ ဒါ​တွေအတွက်ပဲ ကြိုး​စား​ပြီး​ လုပ်ရမှာ။ ဒါမှ ၂၀၁၄ မှာ အတင်း​ကြီး​ ရ​အောင်လို့​ လိုက်ပြီး​တောင်း​နေစရာ မရှိတာ။ ဒါ​ကြောင့်​မို့​လို့​ ကျမတို့​ကလည်း​ အာဆီယံကို မ​ပေး​နဲ့​လို့​ ကျမတို့​ မ​ပြောဘူး​။ ဒါ​ပေမယ့်​ ​ပေး​ခြင်း​ မ​ပေး​ခြင်း​ ဘယ်ဆုံး​ဖြတ်ချက်ကိုပဲ ဖြစ်ဖြစ် ​လော​လောဆယ် မလုပ်ပါနဲ့​ဦး​လို့​ ကျမတို့​ ​ပြောတာ။”

နောက်ဆုံး​အ​နေနဲ့​ မြန်မာနိုင်ငံက လူထုအ​ခြေပြုအဖွဲ့​အစည်း​တွေရဲ့​ အခန်း​ကဏ္ဍ​ရော လာမယ့်​ အာဆီယံထိပ်သီး​အစည်း​အ​ဝေး​ပွဲမှာ ဘယ်​လောက်အထိ ထင်ဟပ်မှု ရှိမလဲ​ပေါ့​နော်။ သူတို့​ ဘယ်​လောက်အထိ ပါဝင်ခွင့်​ ရှိမလဲ။

“အာဆီယံရဲ့​ ပြဿနာတခုက အာဆီယံထိပ်သီး​အစည်း​အ​ဝေး​ပဲဖြစ်ဖြစ် တခြား​ အစည်း​အ​ဝေး​တွေမှာပဲ ဖြစ်ဖြစ် ရှင်း​ရှင်း​ပြောရရင် သူတို့​က အစိုး​ရ အစိုး​ရချင်း​ ဆက်သွယ်ပြီး​တော့​ပဲ လုပ်ကြတာ ကျမတို့​ ​တွေ့​ရတယ်​လေ။ အစိုး​ရ​ခေါင်း​ဆောင်​တွေပဲ ​တွေ့​ကြတယ်။ သူတို့​ အလွန်ဆုံး​ ခွင့်​ပေး​လို့​ရှိရင် အစိုး​ရ မျက်နှာသာ​ပေး​တဲ့​၊​ အစိုး​ရ ​ထောက်ခံတဲ့​ NGO အဖွဲ့​အစည်း​တွေပဲ အစည်း​အ​ဝေး​တွေထဲမှာ ပါဝင်ခွင့်​၊​ ပူး​ပေါင်း​ခွင့်​ ဒါမျိုး​တွေ ​ပေး​တာကိုး​။ တကယ် လူထုကို အ​ခြေပြုပြီး​တော့​မှ လွတ်လပ်တဲ့​ အစိုး​ရ​တွေရဲ့​ လုပ်ဟန်လုပ်နည်း​တွေ အ​ပေါ်မှာ မကြိုက်ရင် မကြိုက်တဲ့​အတိုင်း​ လွတ်လွတ်လပ်လပ် ​ပြောပိုင်ခွင့်​ရှိတဲ့​ ​ပြောနိုင်တဲ့​ လူထုအ​ခြေပြု အင်အား​စု​တွေကျ​တော့​ ထိပ်သီး​အစည်း​အ​ဝေး​မှာပဲ ဖြစ်ဖြစ်၊​ တခြား​အစိုး​ရ​တွေ လုပ်တဲ့​ သက်ဆိုင်ရာအစည်း​အ​ဝေး​တွေမှာပဲ ဖြစ်ဖြစ် သူတို့​ ​ပေး​ပါတာမျိုး​ မရှိပါဘူး​။ ဒါဟာ ကျမတို့​ အာဆီယံ လူထုအ​ခြေပြု အင်အား​စု တခုလုံး​က ကြုံ​နေရတဲ့​ စိန်​ခေါ်မှုအကြီး​ကြီး​ တခုဖြစ်ပါတယ်။ ဆို​တော့​ အခုလာမယ့်​ ထိပ်သီး​ညီလာခံ အစည်အ​ဝေး​မှာလည်း​ လူထုအ​ခြေပြု အဖွဲ့​အစည်း​အ​တွေအတွက် ​နေရာဆိုတာ တကယ်တမ်း​ သူတို့​ မရှိပါဘူး​။ ကျမတို့​ အခု​တောက်​လျှောက် ၄၊​ ၅၊​ ၆နှစ် ကြိုး​စား​ကြတယ် ဆိုတာက လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေ ဘက်က​နေပြီး​တော့​သာ ကြိုး​စား​ပြီး​တော့​မှ ကိုယ့်​ရဲ့​ ရပိုင်ခွင့်​ရှိတဲ့​ ​နေရာ။ ကိုယ်ရဲ့​ ရပိုင်ခွင့်​ရှိတဲ့​ ​နေရာနဲ့​ မြှင့်​တင်နိုင်တဲ့​ ​နေရာကို ကိုယ် ကြိုး​စား​ပြီး​တော့​မှ ယူ​နေကြရတဲ့​ အ​ခြေအ​နေမျိုး​ပဲ ဖြစ်တယ်။ အစိုး​ရ​တွေဘက်က လမ်း​ဖွင့်​ပေး​တယ်ဆိုတာက​တော့​ အာဆီယံမှာ ကျမ မ​တွေ့​ဘူး​ရှင့်​။”

လူပါးက ဝလွန်းလာလို့ နည်းနည်းတော့ ပြောလိုက်ဦးမယ်။

အခုလို ခေတ်ကြီးထဲ လူတစ်ချို့က လူလည် လုပ်စားရတာ ချောင်နေတော့ သူတို့ကိုယ် သူတို့ သိပ်လည်တယ်ထင်ပြီး တွေ့သမျှလူကို လူအထင်နေတော့ပါတယ်။
ပြောတော့ မပြောချင်ဘူး။ မပြောပါဘူး ဆိုပြီး ကြည့်နေတာ။ လူပါးက ဝလွန်းလာလို့ နည်းနည်းတော့ ပြောလိုက်ဦးမယ်။

သတင်းတွေထဲမှာ ဖတ်မိတာပါ။ ခင်ရွှေက ဟိုတယ် ကိစ္စ သတင်းစာ ရှင်းလင်းပွဲလုပ်ရင်း ဝန်ကြီးများ ရုံးကိစ္စ အစာမကြေတော့ ပြည်တွင်းဂျာနယ်တွေကို မာန်မဲသလိုပြောရင်းနဲ့ ဆက်ပြောတာက,

“သူ့အနေနဲ့ စင်ကာပူ၊ အမေရိကား စတဲ့ နိုင်ငံများမှာ ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း
နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း
တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။ ”

လူတွေများ ငတုံးတွေမှတ်နေလားမသိဘူး။ ပြောပုံကိုက။ ဒီမြန်မာပြည်မှာ တိုင်းပြည်က သယံဇာတ နဲ့ ရေမြေကို ခေါင်းပုံဖြတ် အမြတ်ကြီးထုတ်စား ဖို့ချောင်းနေတာမို့ ဒီမှာနေ နေတာကိုများ။
ဟိုသွားရင် ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ကြောက်နေရမှာမို့ မသွားရဲတာကိုများ။ ဟိုသွားပြီး သုံးဖြုန်းတော့လည်း ခဏပေါ့။ ဘယ်နားပိုက်ဆံသွားရှာမှာတုန်း။

စကားကို ဘယ်ရောက်လို့ရောက်မှန်း ဘာတွေပြောမိနေမှန်းမသိ အောင် ပြောနေပေမယ့် လည်တာတော့ အတော်လည်တဲ့ ကိုခင်ရွှေ ( ဇေကမ္ဘာ ခင်ရွှေ လို့ လူသိများပါတယ်။ သူ့ကိုသူတော့ ဒေါ်လာ ငါးထောင် နဲ့ ဝယ်ထားတဲ့ ဘယ်အရူးချီးပန်း လိမ်ဆင် တွေ့ကရာပေါက်ကရ ကျောင်းကပေးတဲ့ ဒေါက်တာဘွဲ့ ဆိုတာတပ်ပြီး ဒေါက်တာခင်ရွှေ လို့ သုံးပါသဗျ။ အခုများ ပိုဆိုးလာတာကတော့ လွှတ်တော်ထဲလည်း ယောင်တောင်ပေါင်တောင် ပါလာရတော့ သူ့ကိုသူ ဝန်ကြီး လယ်ဗယ် ဖြစ်လာပြီဆိုပဲ။ အင်္ဂလိပ်လိုများ ရေးရင် နာမည်ရှေ့မှာ H.E ဆိုတာ ပါတပ်လိုက်ပါသေးသဗျ။ တော်တော် တော့ သောက်မြင်ကတ်စရာ ကောင်းနေတာပါ။ ခေတ်ကြီး ဖြစ်နေပုံများ။ မှောင်ခို ချလာတဲ့ကောင်၊ အရင်က မော်လမြိုင်မှာ ရဲပေါက်စ က အစ မီးရထားဝန်ထမ်းအထိ အစ်ကိုကြီး ခေါ်ပြီး နည်းနည်း တက်လာတော့ ၁၉၈၅လောက်မှာ (ခင်ညွန့်ဆရာဖြစ်တဲ့) ဗိုလ်ချုပ်တင့်ဆွေ တိုင်းမှူးအဖြစ် ဝင်လုံးလိုက်တော့တာက စပြီး ထွက်ရပ်ပေါက်သွားတာပါပဲ။ ဦးတင့်ဆွေကြီး စက်မှုဝန်ကြီးဖြစ်တော့ လည်း စားကွက်တွေ ထွင်ပြီး ရန်ကုန်တက်လိုက်လာတော့တာပေါ့။ ဘယ်လောက်တောင် လုံးသလည်းဆိုရင် ကိုတင့်ဆွေကြီးရဲ့ ဘဝအကြောင်း ကိုယ်တိုင်ရေးစာအုပ် ကျောပိုးအိတ်လေး ချီကာလွယ် ထဲမှာတောင် မောင်ခင်ရွှေကို ကျေးဇူးတင်ပါသတဲ့။ အာဏာရှိတဲ့သူက သူအာဏာရှိတုန်း လုပ်ပိုင်ခွင့်ပေးလို့ မျှစားကြတဲ့အပြင် သူဘာမှ အာဏာ မရှိတော့တာတောင် ဆက်ပြီးကြည့်ရှု ထောက်ပံ့လို့ အိုကြီး အိုမ ဘဝမှာ ကျေးဇူးတင်ပါတယ် ပြန်ပြောရတာပေါ့လေ။ ( တကယ်တော့ ကိုတင့်ဆွေကြီး တပည့် ကိုခင်ညွန့်က ကောင်းစားနေတော့ မောင်ခင်ရွှေလည်း ကိုခင်ညွန့်နဲ့ ဆက်ပေါင်းပြီး လုပ်စားနေတုန်း သကာလ မှာ မူလ ကျေးဇူးရှင်ဆရာကြီးကို ဘယ်ပစ်ရက်ပါ့မတုန်း။ ခင်ညွန့်နဲ့ ခင်ရွှေ ပေါင်းလုပ်လိုက်ကြတဲ့ မြရိတ်ညို တို့ မင်္ဂလာဒုံဥယျာဉ်အိမ်ရာတို့ပေါ့။ အဲဒီတုန်းက ဦးကိုလေးက မြို့တော်ဝန် သူနေမယ့် ခြံကြီးကို ခင်ညွန့်အားကိုးနဲ့ မြရိတ်ညို လုပ်လိုက်လို့ တင်းပြီး အတေးထားတုန်းမှာ မောင်ခင်ရွှေက လူလည်လို့ သူ့ဖာသာ ထင်ပြီး မင်္ဂလာဒုံဥယျာဉ်အိမ်ယာ ထလုပ်လိုက်တာမှာ သူ့အိမ်ယာဘေး ဦးကိုလေးက သင်္ချိုင်းကုန်း ကို စေတနာ ဗလပွနဲ့ ရွှေ့ပေးလိုက်တာပါပဲ။
အဲဒီမှာပဲ မောင်ခင်ရွှေ အသွားရှာတာ ဟိုလုပ်ရမလို ဒီလုပ်ရမလိုဖြစ်ပြီး အူလည်လည်နဲ့ ခံလိုက်ရတယ်။ တစ်ဖန် ကိုခင်ညွန့် ကန်တော်ကြီး ပြင်တော့ သူ့ကို ကရဝိတ် အပိုင်စားပေးလို့ ဝင်ကြေး ကောက်စားစေနဲ့ ပြန်တက်လာတုန်း မှာ အတိတ် သင်ခန်းစာ အရ မိတ်လိုက်ဖွဲ့တာမှာ ဦးရွှေမန်း သားနဲ့ သူ့သမီးကို ထိုးကျွေးပြီး မဟာမိတ်အားကို ယူတော့တာပါပဲ။ ဦးရွှေမန်း ကတော့ ဘာကြီးပေးလိုက်တယ် ညာကြီးပေးလိုက်တယ် မရှိပေးမယ့် ခမည်းခမက်ဆိုတဲ့ အရှိန်နဲ့ တော်ရုံလူက၊ တော်ရုံအစိုးရဝန်ထမ်းက ဒီခင်ရွှေကို ကြောက်ရတော့တာပါပဲ။ အဲဒီမှာ အကျင့်ပျက် ဝန်ထမ်းကို ဟောက်ဟမ်း သိမ်းသွင်း ပြီး မရှိဆင်းရဲသားတွေ လယ်မြေကို သိမ်းလို့ တစ်ဧက သိန်း ၇၀၀ – ၉၀၀ လောက်နဲ့ ရောင်းစားလိုက်တာ အလွန်ကိုထောသွားတော့တာပါပဲ။ သူ အထောနောက်ကျလို့ သူ့သားတောင် မင်းသမီးအမည်ခံ ပြည့်တန်ဆာအိုမ ဆီက ကပ်စားရင်း ဟိုက အမ်းတာကို ကျပြီး နာမည်ပါ တစ်ခါတည်း ဝင်ပစ်လိုက်သေးတာ။ အခုတော့ ပြန်ထောလာပါပြီ။
အခုတော့ သူက ပဲ ကြီးကြီးကျယ်ကျယ် တွေ ထပြောနေတော့တာပဲ။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည် တဲ့။
အင်းလေ ရိုးရိုးသားသား လုပ်စားနေကြသူတွေမှာ တစ်သိန်း လောက်လွယ်ချင်မှ လွယ်ပေမှာပေါ့။ ဒင်းလို မြန်မာပြည်သား အများစု စားရမယ့် ဟာကို တစ်ယောက်တည်း ခေါင်းပုံဖြတ်စားထားတဲ့ကောင်ကတော့ တစ်သိန်းလောက်ပြန်အန်ပြတာကို လူအများစုက အထင်ကြီးမယ်ထင်သလား။ သိန်းတစ်ထောင်ပြန်အန်ပြတောင်မှ မျက်လှည့်အကွက်လောက်တောင် အထင်မကြီးဘူး။

တစ်လောကလည်း လုပ်သေးတယ်။ ဟိုတယ်နဲ့စားသောက်ဆိုင်တွေ သူတို့အသင်းမဝင်ထားရင် နိုင်ငံခြားသားကို မရောင်းရ ဆိုပါလား။ ဝင်စားနေရင် ဘယ်ဥပဒေနဲ့ ဖမ်းမှာတုန်း။ ရဲတွေကို သူ့ပါးစပ်ထဲခိုင်းချင်ရာ ခိုင်းဖို့များ မှတ်နေလား။ အခုတော့ ဧည့်လမ်းညွှန်တွေကို တူညီဝတ်စုံ ဝတ်ရမယ်တဲ့ ထွင်တာ။ ချုပ်ချင်လို့ ရှုပ်နေအောင်လုပ်တာ။ အဲဒီတုန်းကလည်း နည်းနည်း အသံထွက်လာလို့ ပြန်ငြိမ်နေရသေးတယ်။

ပိုရယ်စရာကောင်းတာက ရွေးကောက်ပွဲကာလတုန်းက မဇ္ဇိမ မှာပဲတွေ့တာထင်ပါရဲ့။ ရွေးကောက်ပွဲဝင်ပြီး ရင် ဘာလုပ်မှာပါလဲ မေးတော့။
“ဘာမှ မလုပ်ပါဘူး။ စီးပွားရေးပဲ စောက်ချလုပ်မှာပါတဲ့။” ဘယ်လောက်ရယ်ရတုန်း။ စီးပွားရေးလုပ်ချင်တာများ နိုင်ငံရေးထဲပါလာတော့မှာ ကိုယ်ကျိုးရှာ အာဏာပြသမား သေချာပေါက်ဖြစ်မှာပေါ့။
သူ့လို ဘာစကားမှန်းမသိ ဘာမှန်းမသိ ပြောချင်ရာ ပြောနေတဲ့ကောင်ကို ဦးရွှေမန်း မျက်နှာနဲ့ နေရာတွေပေးနေကြတာလားမသိ။ အရပ်ရပ် ကြားလို့မှ မတော်။ ကြံ့ဖွံ့အစိုးရတော့ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းပြနေတာပါပဲ။ သူတို့ အပေါင်းအပါတွေက ဘယ်လို ငပေါ ဘယ်လို အခွင့်အရေးသမား ဆိုတာကို ထင်ထင်ရှားရှားမြင်အောင် ထုတ်ပြနေသလိုဖြစ်နေပါပြီ။

ကဲပါ ဒီခွေးသရမ်းကောင်ကြီး လွတ်ပြီး လိုက်ရမ်းနေတာကို အပြည့်အစုံသိရအောင်လို့ အောက်က မဇ္ဇိမ သတင်းကို သာ အပြည့်အစုံဖတ်ပါတော့။



အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နေရာဖြစ်သော ရန်ကုန်မြို့
ကျောက်တံတား မြို့နယ်ရှိ ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ငှားရမ်းမည်ကို ကန့်ကွက် ရေးသားခဲ့ကြသည့် ပြည်တွင်း မီဒီယာများအား အဆိုးမြင် ရေးသားကြသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ ပြစ်တင် ပြောဆို လိုက်သည်။

ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများကဲ့သို့ပင် မကောင်းသည့်ဘက်မှ ရှု့မြင်ရေးသားကြသည်ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ ပြစ်တင်ပြောသွားခြင်း ဖြစ်သည်။

“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်သည့် ဦးခင်ရွှေက ဝန်ကြီးများ ရုံးကိစ္စအပေါ် ကာကွယ်ပြောဆိုသူများကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆို သွားခဲ့သေးသည်။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည်။

“ပြည်တွင်းဂျာနယ်တွေက နုပါတယ်။” ဟု သုံးနှုန်းပြောဆိုခဲ့သည့် ဦးခင်ရွှေက အဆိုပါ ဝန်ကြီးကြီးများရုံးနှင့် ပတ်သက်သည့် မော်နီတာ ဂျာနယ်တွင် ပါရှိသော “ဘယ်ပေတံနဲ့ တိုင်းမှာလဲ” အမည်ရှိ ဆောင်းပါး တပုဒ်ကိုမူ ကွဲလွဲသည့် အမြင်ရှိသည်ဟု ချီးကျူးပြောဆိုခဲ့ပြီး ယင်းဆောင်းပါးကို သတင်းစာ ရှင်းလင်းပွဲတွင် ဝေငှခဲ့သည်။

ဆောင်းပါးတွင် “ ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လပိုင်းသာ ရုံးထိုင်ခဲ့ကြောင်း
နှင့် မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုးများသာ ထိန်းသိမ်းသင့်
ကြောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမည် ဖြစ်ကြောင်း” ရေးသား ထားသည်။

ဦးခင်ရွှေက မိမိအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း
နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

သူ့နည်းတူ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှာ ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ သုံးစွဲခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

ဦးဂမ္ဘီရ နှင့် အခြားနိုင်ငံရေး အကျဉ်းသားတို့ကို သယ်ဆောင်လာသည့် လုံခြုံရေး ယာဉ်တန်း

ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့ အင်းစိန်ထောင်သို့ ခေါ်ဆောင်
by Yangon PressInternational on Wednesday, November 16, 2011 at 2:00pm


ရန်ကုန်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၁ (YPI)

လေယာဉ်ဖြင့် ကလေးထောင်နှင့် ကျောက်ဖြူထောင်များမှ ခေါ်ဆောင်လာသည့် ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသားများအား ယနေ့ညနေ ၆ နာရီ ၃၈ မိနစ်တွင် မင်္ဂလာဒုံလေဆိပ်မှ တဆင့် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအနက် ရွှေဝါရောင်သံဃာ့အရေး အခင်း ဦးဆောင်သူ ဦးဂမ္ဘီရ ၊ ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပု၊ ကျောက်ဖြူထောင်မှ ကိုသူရိန်အောင် တို့ပါဝင်သည်ကို အတည်ပြုနိုင်သော်လည်း အခြား နိုင်ငံရေး အကျဉ်းသား ပါရှိသည် မပါရှိသည်ကိုမူ အတည်မပြုနိုင်သေးပါ။


ဦးဂမ္ဘီရ နှင့် အခြားနိုင်ငံရေး အကျဉ်းသားတို့ကို သယ်ဆောင်လာသည့် လုံခြုံရေး ယာဉ်တန်း မင်္ဂလာဒုံလေဆိပ်မှ အင်းစိန်ထောင်သို့ ထွက်ခွာစဉ် (ဓါတ်ပုံ -YPI)

ဦးဂမ္ဘီရအား ကလေးမြို့ထောင်မှ ရွှေ့ပြောင်းမည်ဆိုသည့် သတင်းထွက်ပေါ်ပြီးနောက် ၎င်း၏ မယ်တော် ဒေါ်ရေးက ကလေးမြို့ လေဆိပ်တွင်သွားရောက် စောင့်ဆိုင်းသော်လည်း ၀င်ခွင့်မရပဲ လုံခြုံရေး တင်းကြပ်စွာဖြင့် မွန်းလွဲ ၄ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

မိခင်ဖြစ်သူ ဒေါ်ရေးက “ မတွေ့ လိုက်ရဘူး၊ လေဆိပ်ထဲ ၀င်ခွင့်မပေးဘူး၊ လှမ်းလည်းမမြင်လိုက်ရဘူး၊ သူ့ပစ္စည်းတွေကိုတော့ ကားတစီးနဲ့ သယ်လာတာသိလိုက်တယ်” ဟုပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လေယာဉ်ဖြင့် ခေါ်ဆောင်လာမည့် သတင်းကြောင့် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်၌ သတင်းထောက်များနှင့် မိတ်ဆွေ ရဲဘောရဲဘက်များ သွားရောက်စောင့်ဆိုင်းနေကြသော်လည်း ပြောင်းရွှေ့လာသူများအား ရဲ လုံခြုံရေး တင်းကျပ်စွာဖြင့် ညနေ ၆ နာရီခွဲသာသာတွင် ခေါ်ဆောင်သွားကြောင်းသာ မြင်တွေ့လိုက်ရသည်။

ရန်ကုန် အင်းစိန်ထောင်သို့ ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအား အင်းစိန်တွင်ပင် ထားရှိမည် သို့မဟုတ် အခြားနယ်ထောင် တခုသို့ပို့ဆောင်မည်ဆိုသည်ကို အတည်မပြုနိုင်သေးပါ။ ကျိုင်းတုံထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုမူ သရက်ထောင်သို့ ပြောင်းရွှေ့ရန် ရှိပြီးမနက်ဖြန်တွင် ကျိုင်းတုံထောင်မှ ခေါ်ဆောင်လာမည်ဟု ယူဆကြောင်း မိသားစုဝင်များကပြောသည်။

ယနေ့ စတင်လိုက်သည့် နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြောင်းရွှေ့ခြင်းတွင် သရက်ထောင်မှ မနီလာသိန်း (သာယာဝတီထောင် သို့) ၊ ပူတာအိုထောင်မှ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး (တောင်ငူထောင်သို့) တို့ပါဝင်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ က အတည်ပြုပြောဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်က ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း ဘန်ကောက်မြို့၌ ဗွီအိုအေ မြန်မာဋ္ဌာနနှင့် တွေ့ဆုံစဉ် နယ်ဝေးရောက်နေသည့် နိုင်ငံရေး အကျဉ်းသားများအား မိသားစုနှင့် နီးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

ယခုလို ထောင်ပြောင်းရွှေ့မှု ပြုလုပ်ချိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား ၁၆၀၀ ကျော် ရှိနေသေးသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ထားသလို၊ အစိုးရ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကမူ အောက်တိုဘာ ၁၂ ရက်နေ့ လွှတ်ပေးပြီးနောက် ၃၀၀ ၀န်းကျင်သာရှိတော့သည်ဟု ယင်းအဖွဲ့၏ အိတ်ဖွင့်ပေးစာတွင်ဖေါ်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သီးခြားကောက်ယူထားသည့် စာရင်းအရမူ နိုင်ငံရေး အကျဉ်းသား ၅၉၀ ကျော်သာရှိသည်ဟု ယခုပတ် တနင်္လာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ။

ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ထောင်ပြောင်း
2011-11-16

ကိုမင်းကိုနိုင်၊ မနီလာသိန်းစတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ဒီကနေ့ ထောင်ပြောင်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီလို ထောင်ပြောင်းတဲ့ အထဲမှာ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းကျ အရှင် ဂမ္ဘီရနဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် လွှတ်တော် အမတ် ဦးညီပု တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဘယ်ထောင်ပြောင်းတယ် ဆိုတာ အတိအကျ မသိရပေမဲ့ ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းတယ်လို့ ထင်ကြေးပေးနေကြ ပါတယ်။

အရှင် ဂမ္ဘီရနဲ့ ဦးညီပုတို့ကို အများ မမြင်အောင် လေယာဉ်နား အထိ ကားနဲ့ ခေါ်သွားတဲ့ အကြောင်း အရှင် ဂမ္ဘီရရဲ့မယ်တော် ဒေါ်ရေးက ကလေးမြို့ လေဆိပ် အနီးကနေ အာရ်အက်ဖ်အေကို ပြောပါတယ်။

အခုလို အကျဉ်းသားတွေကို ပြောင်းရွှေ့တာ မိဘ ဆွေမျိုးတွေကို အကြောင်းကြားခြင်း မရှိဘူးလို့ သိရပါတယ်။ အာရ်အက်ဖ်အေက လက်လှမ်းမှီသမျှ စုံစမ်းရရှိတဲ့ သတင်းတွေ အရ ကျိုင်းတုံထောင်က ကိုမင်းကိုနိုင်ကို သရက်ထောင်၊ ပူတာအိုထောင်က ဦးခွန်ထွန်းဦးကို တောင်ငူထောင်၊ ကိုစည်သူဇေယျကို အင်းစိန်ထောင် ကနေ ဟင်္သာတထောင်၊ ကျောက်ဖြူထောင်က ကိုသူရိန်ကျော်ကို ဖားအံထောင် အသီးသီး ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

အခုလ ၁၃ ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ နယ်ဝေးထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်မှာ ထည့်မပေးနိုင်သေးရင် မိသားစုနဲ့ နီးစပ်တဲ့ နေရာတွေက ထောင်တွေကို ပြောင်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံခဲ့ပါတယ်။
http://www.rfa.org/burmese/news/prisoner-move-11162011121851.html

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တချို့ ထောင်ပြောင်း

By featured, ရန်ပိုင် on November 16, 2011 6:22 pm

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ မနီလာသိန်းနှင့် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့ကို ယနေ့တွင် ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ကြောင်း သတင်း ရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က အကျဉ်းသားများလွှတ်မည်ဆို၍ အင်းစိန်ထောင် ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် မိသားစုဝင်များ(ဓာတ်ပုံ - AP)

မကွေးတိုင်း သရက်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းသည် ယနေ့နံနက် ပိုင်းက သာယာဝတီထောင်သို့ ရောက်ရှိလာကြောင်း ထောင်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောပြသည်။

“မနီလာသိန်း ရောက်လာပါပြီ၊ ကိုမင်းကိုနိုင်ကိုတော့ သရက်ရွှေ့မယ်ကြားတယ်၊ ဒီည သာယာဝတီမှာ ညအိပ်ဖို့ ပြင်ဆင် ထားတယ် လို့လည်း ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

မနီလာသိန်းမှာ၂၀၀၇ ခုနှစ် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီး၍ ထောင် ဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဂျင်မီမှာလည်း တောင်ကြီး ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရ၍ သမီးငယ်နှင့်လည်း ခွဲခွာနေရသည်။

အလားတူ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်ပါဝင်ခဲ့သည့် အတွက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်၌ ထောင် ဒဏ် ၆၃ နှစ် ကျခံနေရသော အရှင်ဂမ္ဘီရ အပါအ၀င် ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီပုတို့နှစ်ဦး လည်း ထောင်ရွှေ့ပြောင်းရာတွင် ပါဝင်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင် ဒေါ်ရေးက ပြောသည်။

“ကလေး လေဆိပ်မှာ သူတို့ကား ၀င်လာတာတွေ့တယ်၊ လူချင်းမတွေ့ရဘူး၊ ခရီးသည်စာရင်းမှာ အရှင်ဘုရားရဲ့ လူနာမည်ပါတယ်” ဟု ၎င်းက ဆိုသည်။

အရှင် ဂမ္ဘီရနှင့် ဦးညီပုကိုမူ မည်သည့် အကျဉ်းထောင်သို့ ပြောင်းရွှေ့မည်မသိရကြောင်း၊ သို့သော်လည်း အင်းစိန်ထောင်ဟု ပြော ဆိုမှုများလည်း ရှိနေကြောင်း ဒေါ်ရေးက ဆက်လက်ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅နှစ် ချမှတ်ခံထားရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လည်း ယခုထောင်ပြောင်းရွှေ့မှုတွင် ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ယနေ့ညနေ ရန်ကုန်လေဆိပ်တွင် ပြည် တွင်းရှိ စာနယ်ဇင်းသမားများနှင့် ၈၈ မျိုးဆက်ကျောင်းသားများ သွားရောက် စောင့်မျှော်နေကြသည်။

ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“သတင်းတွေကတော့ ထွက်နေတယ်၊ အိမ်ကိုတော့ တရားဝင်အကြောင်း မကြား သေးဘူး၊ ကိုပေါ်ကို သရက်ကိုရွှေ့မယ်လည်း ပြောတယ်”ဟု ဆိုသည်။

မကြာမီရက်ပိုင်းအတွင်း ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို စသည့် ကျန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကိုလည်း ထောင် ပြောင်းရွှေ့မှု ဆက်လက်လုပ်နိုင်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

ပြီးခဲ့သည့် စနေနေ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ထံသို့ ယုံကြည်ချက်ကြောင့်အကျဉ်း ကျ ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန်၊ ထိန်းသိမ်းရန် လိုအပ်သေးသည့်သူများကို မိသားစုနှင့်တွေ့ဆုံနိုင် ရန် သွားလာရလွယ်ကူသည့် အကျဉ်းထောင်များကို ပြောင်းရွှေ့ပေးရန် တင်ပြထားသည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် မည်ဟု အများက မျှော်လင့်နေကြသော်လည်း ယခုအချိန်အထိ လွတ်မြောက်ခြင်းမရှိသေးပေ။

၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို သွားရောက်ဓာတ်ပုံရိုက် သတင်းယူခဲ့ သည့်အတွက် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ကိုစည်သူဇေယျကိုလည်း ယနေ့နံနက် ၇ နာရီခွဲခန့် က အင်းစိန်ထောင်မှ ဟင်္သာတ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၀နှစ် ကျခံနေရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ ကျန်းမာရေး အခြေအနေဆိုးရွားလာ နေ သည့် အတွက်မိသားစုက စိုးရိမ်ပူပန်နေကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်သီက ဧရာဝတီသို့ ပြောသည်။

“ခါးဒဏ်ရာက အခြေအနေကတော်တော်ဆိုးတယ်၊ ထောင်ဆရာဝန်ကိုယ်တိုင်က အပြင်မှာကုမှ ကောင်းမှာလို့ပြောတာ၊ ဒါပေမယ့် ခွင့်မပေးဘူး”ဟု ၎င်းကဆိုသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ လက်ရှိအခြေအနေမှာ မိခင်ဖြစ်သူ ထောင်ဝင်စာတွေ့လျှင်ပင် ပက်လက်အနေအထားဖြင့် စကားပြော ဆိုရကြောင်း၊ ဆေးကုသခွင့်ရရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ဒေါ်ခင်သီက ဆက်လက်ပြောသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် BG သွေးလှူဘဏ် တာဝန်ခံ ဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် ရန်ကုန်မြောက် ပိုင်း ခရိုင် အင်းစိန်ထောင်တွင်း တရားရုံးမှ ပြီးခဲ့သည့် သြဂုတ်လက အီလက်ထရွန်နစ် ပုဒ်မ ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကြောရေးကာလက ရိုက်နှက်စစ်ဆေးမှုများ ရှိခဲ့သည့်အတွက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ ခါးရိုး၌ ဒဏ်ရာရရှိပြီး အိပ်ရာထက် တွင် လှဲလျောင်းနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်ထံမှ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်နှင့် သော့ချိတ်ကို ရှာဖွေတွေ့ရှိသည်ဟု ဆိုကာ ထောင်စည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်အာဏာပိုင်များက ထပ်မံတရားစွဲရန်စီစဉ်နေသည်ဟု ရှေ့နေဖြစ်သူ ဦးလှမျိုးမြင့် က ပြောသည်။

“ကိုနေမျိုးဇင်က ထိုင်လို့မရဘူး၊ ကပ်ပေါ်မှာပဲနေရမှာ၊ ရုံးထုတ်ရင် အင်းစိန်တရားရုံးထုတ်ရမှာ ဆိုတော့ သူတို့ဘယ်လိုလုပ်မယ် မသိဘူး”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂ရက်နေ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ အယူခံကို ရန်ကုန်တိုင်းတရားရုံးချုပ်က ပယ်ချခဲ့သည့်အတွက် နေပြည် တော်ရှိ တရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်ရန် ရှိကြောင်း ဦးလှမျိုးမြင့်က ဆက်လက်ပြောသည်။

မကြာသေးမီကလည်း အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်နှင့် ရဟန်းနှစ်ပါးဖြစ်သည့် ဦးစန္ဒိမာ၊ ဦးဝိသုဒ္ဓိ စသည့် နိုင်ငံရေးအကျဉ်းသား ၁၅ဦး က သီးသန့်နှင့် သာမန်သီးသန့် အကျဉ်းသားများ လျှော့ရက် ခံစားခွင့်ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ လက်ရှိ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသား ၁၆၆၈ ဦး ရှိနေသေးကြောင်း သိရှိရသည်။
http://burma.irrawaddy.org/archives/2381

ကလေးထောင်မှ အရှင်ဂမ္ဘီရကို အင်းစိန်ထောင်ပြောင်းဟု မိခင်ပြော

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ကလေးထောင်တွင်
ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည့် အရှင်ဂမ္ဘီရကို အာဏာပိုင်များမှ ဗုဒ္ဓဟူးနေ့ညနေတွင် အင်းစိန်ထောင်သို့
ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်သို့ ပျံသန်းသည့် မြန်မာ့လေကြောင်း လေယာဉ် (MAI) ဖြင့် အရှင်ဂမ္ဘီရကို ညနေ လေးနာရီတွင် ပင့်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေါ်ရေးက သူရရှိထားသည့် လေယာဉ်ခရီးသည် စာရင်းအရ အတည်ပြုပြောဆိုသည်။

“ အန်တီသေချာတာက လေဆိပ်ခရီးသည် စာရင်းမှာ အန်တီ့သား ဦးညီညီလွင်တဲ့။ ဦးညီညီလွင်ဆိုတာ အရှင်ဂမ္ဘီရ
လေ။ လေယာဉ်ခရီးသည် စာရင်းကတော့ ဒေသခံတွေ ကူညီမှုပါ။” ဟု ဒေါ်ရေးက ပြောသည်။
inseinprison

ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည့် အရှင်ဂမ္ဘီရကို အာဏာပိုင်များမှ မြန်မာ့လေကြောင်း လေယာဉ် (MAI) ဖြင့် ကလေးထောင်မှ အင်းစိန်ထောင်သို့ ပင့်ဆောင် ပြောင်းရွှေ့ (ဓါတ်ပုံ မဇ္ဈိမ)

အရှင်ဂမ္ဘီရကို ထောင်ပြောင်းမည်ဟူသည့် သတင်းကို ကြိုတင်ရရှိထားသည့် ဒေါ်ရေးက ကလေး လေဆိပ်တွင် သွားရောက် စောင့်နေခဲ့သော်လည်း လေဆိပ်အတွင်းသို့ ဝင်ခွင့်မရခဲ့ဟု မဇ္ဈိမကိုပြောသည်။

သို့သော် လေဆိပ်အတွင်းတွင် ထောင်ဝန်ထမ်းများ ပစ္စည်းသယ်ယူနေသည်ကိုလည်း တွေ့ခဲ့ရကြောင်း ဒေါ်ရေးက
ပြောသည်။

“ လေယာဉ်ကွင်းထဲကို အန်တီသိတဲ့ ထောင်ဝန်ထမ်း သုံးယောက်လောက်နဲ့ ပစ္စည်းတွေကို ကားနဲ့ သယ်လာတာတွေ့တယ်။” ဟု ဒေါ်ရေးက မဇ္ဈိမကိုပြောသည်။

ဒေါ်ရေး လက်ခံရရှိသည့် ကလေးမှ ရန်ကုန်သို့ ပျံသန်းသည့် (MAI) လေယာဉ်ခရီးသည် စာရင်းတွင် နိုင်ငံရေး အကျဉ်းသား ဦးညီပုလည်း ပါဝင်ကြောင်းလည်း ဒေါ်ရေးက ပြောသည်။ ဦးညီပုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဂွမြို့နယ်၏ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသူဖြစ်သည်။
http://www.mizzimaburmese.com/

ဗုဒ္ဓဟူး, 16 နိုဝင်ဘာ 2011
နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနီးရာထောင်ရွေ့

By မသင်းသီရိ
မြန်မာနိုင်ငံထဲက နိုင်ငံရေးအကျဉ်းသားတချို့ကို ဝေးလံခေါင်သီတဲ့ ထောင်တွေကနေ မိသားစုနဲ့ နီးရာ ဒေသတွေမှာ ရှိတဲ့ အကျဉ်းထောင်တွေကို စတင် ပြောင်းရွေ့ နေပါတယ်။ နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေနဲ့အတူ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူ တချို့လည်း နို်င်ငံရေးအကျဉ်းသားများထောင်ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောပြ ထားပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

သရက်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသူမနီလာသိန်းကို မိသားစုနဲ့ နီးတဲ့ သာယာဝတီထောင်ကို ဒီကနေ့ ရွေ့လိုက်ပါတယ်။ အာဏာပိုင်တွေက မိသားစုဆီကို တရားဝင် အကြောင်းကြားတာ မဟုတ်ပေမယ့် ထောင်ပြောင်း ထောင်ရွေ့တွေ ဒီရက်ပိုင်းအတွင်း ဖြစ်လာနိုင်တယ်ဆိုလို့ စုံစမ်း မေးမြန်းရာကနေ မနီလာသိန်းဟာ ဒီကနေ့ မနက် ၁၀ နာရီက သာယာဝတီထောင်ကို ရောက်နေပြီလို့ မနီလာသိန်းရဲ့ ခင်ပွန်း ဖြစ်တဲ့ ကိုဂျင်မီခေါ် ကိုကျော်မင်းယုရဲ့အကို ကိုမျိုးမင်းယုက ပြောပါတယ်။

"ဖုန်းဆက် လှမ်းမေးလိုက်တော့ သူတို့ကလည်း ရောက်ရှိကြောင်း အတည်ပြုပါတယ်။ ဒီနေ့မနက် ၁၀ နာရီလောက် ရောက်တယ် ပြောပါတယ်။ ဟုတ်တဲ့အကြောင်း အတည်ပြုတဲ့အတွက် လာတွေ့ချင်ရင် တွေ့လို့ ရပါပြီတဲ့။ ကျနော်တို့ မနက်ဖြန် သွားတွေ့ဖို့ စီစဉ်နေပါတယ်။ နီးသွားတာပေါ့။ ကျနော်တို့ ဒီကသွားရင် ၂ နာရီလောက်ပဲ ကြာတယ်လေ။ သရက်တုန်းကကျတော့ ကျနော်တို့က ညကားသွား၊ မနက်ရောက်။ ည ၇ နာနရီလောက်သွား၊ ဟိုကို မနက် ၄ နာရီ၊ ၅ နာရီရောက်။ နဲနဲ ကသီလင်တ နိုင်တာပေါ့ဗျာ သရက်ကတော့။ ဒီမှာ သာယာဝတီကတော့ ဒီကသွားရင် ၂ နာရီပဲ ကြာတာကို။ နဲနဲတော့ တော်သွားသေးတာပေါ့။"

မနီလာသိန်းရဲ့ ခင်ပွန်းဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဟာလည်း တောင်ကြီး ထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတာ ဖြစ်ပေမယ့် ကိုဂျင်မီနဲ့ ပတ်သက်လို့တော့ ဒီနေ့ထိ အပြောင်းအရွေ့ သတင်းမသိရသေးဘူလို့ အကို ဖြစ်တဲ့ ကိုမျိုးမင်းယုက ပြောပါတယ်။

တခါ SNLD ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဌ ခွန်ထွန်းဦးကိုလည်း ဒီကနေ့ နေ့လည်က ပူတာအိုလေယဉ်ကွင်းကနေ ခေါ်ဆောင်သွားပြီး သူ့ကို လက်ရှိ ပူတာအိုကနေ တောင်ငူထောင်ကို ရွေ့ပြောင်းဖို့ ဖြစ်တယ်လို့ စုံစမ်း သိရှိရတဲ့အကြောင်း SNLD ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"လောလောဆယ်တော့ ဥက္ကဌ ခွန်ထွန်းဦး တယောက်ထဲကိုပဲ ရွေ့တယ်လို့ ကြားရပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်လောက်မှာ ပူတာအို လေယာဉ်ကွင်းကနေ လှမ်းမြင်လိုက်ရတဲ့ ပုဂ္ဂိုလ်က ကျနော့်ကို လှမ်း ဆက်တာပေါ့နော်။ ပူတာအိုထောင်ကနေ ခေါ်ထုတ်လာတာတော့ ဥက္ကဌ ခွန်ထွန်းဦး တယောက်ထဲဘဲ။ မနက်ကတည်းက လေယာဉ်ကွင်းကို ရောက်နေတယ်။ တစ်နာရီ ၃၅ မိနစ်လောက်မှာ လေယာဉ်ပေါ် ပါသွားတယ်။ ကြားသိရတဲ့ သတင်းအရ ဆိုရင်တော့ တောင်ငူထောင်ကို ပြောင်းပေးမယ်လို့ ပြောတယ်။
လောလောဆယ်တော့ ဒီကနေ့တော့ မြစ်ကြီးနားကိုပဲ ပို့ပြီး၊ မနက်ဖြန်ကျမှ မန္တလေးကို ဆက်ပို့မယ်။ မန္တလေးကနေ တောင်ငူကိုတော့ ဘယ်လို အခြေအနေ၊ ဘယ်လို ပုံစံနဲ့ ပို့မယ်ဆိုတာတော့ မသိရသေးပါဘူး ခင်ဗျ။"

ဒါပေမယ့် SNLD ပါတီက အတွင်းရေးမှူး စိုင်းညွန့်လွင်ကလည်း ကလေးထောင်မှာပဲ ရှိနေသေးတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

တခါ ကလေးထောင်မှာ အကျဉ်းကျနေတဲ့ အရှင် ဂမ္ဘီရနဲ့ ဂွမြို့နယ် NLD ပါတီအမတ် ဦးညီပုတို့ ၂ ဦးကိုတော့ ဒီကနေ့ ကလေးကနေ ရန်ကုန်ကိုသွားတဲ့ လေယာဉ် ခရီးသည် စာရင်းမှာ တွေ့ရတယ်လို့ ကလေးမြို့ကို ရောက်နေတဲ့ အရှင်ဂမ္ဘီရရဲ့ မိခင် ဒေါ်ရေးက ပြောပါတယ်။ အရှင်ဂမ္ဘီရနဲ့ ဦးညီပုတို့ ၂ ဦးကို ကလေးကနေ အင်းစိန်ထောင်ကို ရွေ့မယ်လို့ သိရပြီးတော့ မနက်ဖြန်မှာ အင်းစိန်ထောင်မှာ သွားပြီးတော့ စုံစမ်းမယ်လို့လည်း ပြောပါတယ်။

"သတင်း သိုးသိုး သန့်သန့် ကြားတာလေ။ ပါများ ပါနိုင်မလားဆိုပြီးမှ လေဆိပ်ကို သွားကြည့်တာ။ ခရီးသည် စာရင်းထဲမှာ ဦးညီညီလွင်နဲ့ ဦးညီပုတဲ့။ အဲဒီလို ပါတာ။ ဦးညီညီလွင်ဆိုတာက ဦးပဇင်း လူနာမည်လေ။ ဒီ လေဆိပ် ဂိတ်ပေါက်နားမှာ အကျဉ်းဦးစီးဌာနဆိုပြီး ယူနီဖောင်း ၀တ်စုံတွေ ၀တ်ထားတဲ့ ထောင်ဝါဒါတွေပါတဲ့
ပစ္စည်းတင်တဲ့ ကားလေးသွားတယ်လို့။ ဟုတ်ဘက် ပေ ၁၅၀ လောက်ဝေးတဲ့ အဲဒီ ဂိတ်ပေါက်ကမှ ဦးပဇင်းတို့ ပါမယ်ထင်တဲ့ ကားလေးတစ်စင်း ၀င်သွားတာ တွေ့တယ်။ ဦးပဇင်းကို သွားကြည့်လိုက်စမ်းပါ ဆိုပြီးမှ ရန်ကုန် လေဆိပ်ကို ခိုင်းလိုက်သေးတယ်။ ရန်ကုန်မှာလည်း အဲဒီလိုပဲတဲ့ လုံခြုံရေးအပြည့်။ တင်းတင်း ကျပ်ကျပ်ပေါ့။ အဲဒါနဲ့ အမေရယ် မတွေ့ခဲ့ရပါဘူးတဲ့။ ရောက်လောက်ပြီ။ မနက်ဖြန်ခါ မခင်သူဌေး သွားစုံစမ်းမှာ။"

အရှင် ဂမ္ဘီရရဲ့မိခင် ဒေါ်ရေး ပြောပြခဲ့တာပါ။

ဒီလိုသတင်းတွေအပြင် ကျိုင်းတုံထောင်မှာ နှစ်ရှည်အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ ဒီကနေ့ ညနေထိ ကျိုင်းတုံထောင်မှာပဲ ရှိနေပါသေးတယ်။

အထက်အရာရှိတွေရဲ့ ညွန်ကြားချက် တစုံတရာ မသိရသေးပေမယ့် ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးမှုတွေနဲ့ အကျဉ်းကျနေတဲ့ ကိုမျိုးဟန်၊ ကိုညီညီဇော်၊ မောင်သိန်းဇော်တို့ ၄ ဦးရဲ့ ဆေးမှတ်တမ်းတွေကို အထက် အရာရှိတွေဆီကို ပေးရပြီးတော့ ကိုမင်းကိုနိုင်ထောင်ထဲမှာ ဆွဲတဲ့ ပန်းချီကားတွေကိုလည်း သိမ်းဆည်း ထုတ်ပိုးတာတွေ လုပ်နေတာရှိတယ်လို့ ကျိုင်းတုံထောင် အရာရှိတဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။

"တရားဝင် ကျနော်တို့ကို အထက်က ညွန်ကြားလာတာလဲပဲ ဒီအချိန်ထိတော့ ဘာမှ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့် အခုရှိနေတဲ့ အကျဉ်းသား ၄ ယောက်ပေါ့၊ သီးသန့် အကျဉ်းသား ၄ ယောက်ရဲ့ ကျန်းမာရေး စစ်ဆေးထားတဲ့၊ ကျန်းမာရေး ပြန်တမ်း၊ ကျန်းမာရေး စစ်ဆေးမှု အနှစ်ချုပ်ကို ကျနော့်ဆီမှာတောင်းလို့ ကျနော် ဒီကနေ့ အဲဒါလေးတော့ လုပ်ပေးလိုက်ရပါတယ်။ နောက်ပြီးလို့ရှိရင် သူအထဲမှာနေတုန်းက ပန်းချီတွေ ဘာတွေ ဆွဲတယ်လေ။ ပန်းချီဆွဲထားတာတွေကို သူ့ရဲ့ ပန်းချီကားတွေ ဘာတွေကို အကုန်လုံး စုစည်းပြီးတော့ ကျနော်တို့ ဒီကနေ့ ပြင်ဆင်နေတာတော့ ကျနော် တွေ့မိတယ်။ လေယာဉ် ခရီးစဉ်က မနက်ဖြန် ရှိတယ် ဆိုတဲ့အခါကျတော့ တကယ်လို့ ပြောင်းမယ်ဆိုရင်တော့ မနက်ဖြန် ဖြစ်ဖို့များတာပေါ့နော်။"

ကျိုင်းတုံထောင်က အရာရှိ ပြောပြခဲ့တာပါ။

ဒါ့အပြင် အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တချို့ရဲ့ မိသားစုဝင်တွေနဲ့ ဖားအံထောင်က ဘလော့ဂါ (Blogger) ကိုနေဖုန်းလတ် မိသားစုဝင်တွေကို မေးကြည့်တဲ့အခါမှာတော့ သူတို့ဟာ လက်ရှိ သူတို့ရှိနေတဲ့ အကျဉ်းထောင်တွေ အတွင်းမှာဘဲ ရှိနေပြီးတော့ သူတို့အကြောင်းသတင်း မသိရသေးဘူးလို့ ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အကျဉ်းသားတွေကို မိသားစုနဲ့နီးတဲ့ ထောင်တွေဆီကို ရွေ့ပြောင်း ပေးဖို့အတွက် စီစဉ်နေတယ်လို့ ဗီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံခန်းမှာ ပြောခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း ဝေးလံ ခေါင်သီလှတဲ့ နေရာတွေကနေ မြို့ပြ ထောင်တွေဆီကို ရွေ့ပြောင်းပေးဖို့ တောင်းဆိုတဲ့စာ ထွက်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ထောင်အပြောင်းအရွေ့တွေ စပြီးတော့ ဖြစ်ခဲ့တာပါ။
http://www.voanews.com/burmese/news/Prisoners_Move_Nov16_2011-133947998.html


ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား အချို့ထောင်ပြောင်းရွှေ့


မိုးမခ အထောက်တော်၊ ရန်ကုန်။ နိုဝင်ဘာ ၁၆၊ ၂၀၁၁

ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် မင်းကိုနိုင် ၊ အရှင်ဂမ္ဘီရ၊ ဦးခွန်ထွန်းဦး အစရှိသူတို့ကို နယ်ဝေး အကျဉ်းထောင်များမှ မိသားစုနှင့် နီးသည့် ရန်ကုန် နှင့်အခြားမြို့များသို့ ပြောင်းရွှေ့လျှက်ရှိသည်ကို ယနေ့မွန်းလွဲပိုင်းတွင် စတင်ကြားသိရသည်။

ပူတာအိုထောင်မှ အက်စ်အန်အယ်လ်ဒီ ခေါင်းဆောင် ဦးခွန်ထွန်းဦးကို တောင်ငူထောင်သို့၎င်း၊ ကလေး အကျဉ်းထောင်မှ အရှင်ဂမ္ဘီရကို ရန်ကုန်အကျဉ်းထောင်သို့၎င်း၊ သရက်ထောင်မှ မနီလာသိန်းကို သာယာဝတီထောင်သို့၎င်း၊ ကျောက်ဖြူ အကျဉ်းထောင်မှ ကိုသူရိန်အောင်အား ရန်ကုန်သို့၎င်း အသီးသီး ရွှေ့ပြောင်းခဲ့သည်ဟု ယနေ့ညနေ ၀င်လာသည့် သတင်းများအရ သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို သရက်သို့ရွှေ့မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ ယနေ့ညနေပိုင်းအထိ ကျိုင်းတုံအကျဉ်းထောင်တွင် ရှိနေဆဲဖြစ်ကာ ရွှေ့ပြောင်းရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သတင်းထွက်ပေါ်လျှက်ရှိသည်။

ကလေးအကျဉ်းထောင်မှ ရန်ကုန်အင်းစိန်သို့ ရွှေ့ပြောင်းလာသည့် အရှင်ဂမ္ဘီရကို သူ့မိခင်ဖြစ်သူ ဒေါ်ရေးက ကလေးမြို့ လေဆိပ်တွင် သွားရောက်စောင့်ဆိုင်းသော်လည်း တွေ့ခွင့်မရခဲ့ ဟု မိခင်ဒေါ်ရေးက ပြောသည်။

“ အမေ့က လေဆိပ်မှာ တွေ့ရမလားလို့ သွားစောင့်တာ ၊ သူ့ပစ္စည်းတွေသယ်လာတဲ့ ကားတော့ တွေ့တယ်။ ထောင်ဝန်ထမ်းတွေ အပြောအရလည်း သူပါတယ်ဆိုတာ သိတယ်။ ဒါပေမယ့် လေဆိပ်ထဲ ၀င်ခွင့်မရပဲ ဂိတ်ဝမှာစောင့်နေတာ ၊ ပစ္စည်းသယ်လာတဲ့ကားပဲတွေ့ရတယ်။ ဦးဇင်းကိုတော့ တခြား ၀င်ပေါက်ကနေ ခေါ်သွားတယ်ထင်တယ်။ တိတ်တိတ်ပုန်းလေး ခေါ်သွားတာပေါ့” ဟုပြောသည်။

အရှင်ဂမ္ဘီရနှင့် စစ်တွေထောင်မှ ခေါ်ဆောင်လာသည့် အခြားနိုင်ငံရေး အကျဉ်း ၂ ဦး ၃ ဦးကို မင်္ဂလာဒုံလေဆိပ်မှ ညနေ ၆နာရီခွဲတွင် ရဲလုံခြုံရေး၊ စရဖတို့ ခြံရံလျှက် အများမမြင်တွေ့စေရန် ခေါ်ဆောင်သွားသည်ဟု သွားရောက်စောင့်ဆိုင်းနေသူ သတင်းထောက်က ပြောသည်။

“ တီတူးသောင်ဇင်တစီးနဲ့ တောင်းအေ့စ် တစီးနှစ်စီးနဲ့ ကားထဲက ခေါ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရဲတွေက ကိုယ်နဲ့ကွယ်ပြီး ကားအမြန်မောင်းသွားတာ၊ အင်းစိန်ကို လိုက်တော့လည်း မမှီတော့ဘူး ဘယ်သူမှ မတွေ့လိုက်ရဘူး ” ဟု ၎င်းသတင်းထောက် ကပြောသည်။

အရှင်ဂမ္ဘီရအား အင်းစိန်ထောင်တွင် ထားရှိမည် သို့မဟုတ် ခရီးတထောက်နားရန် ခေတ္တထားရှိခြင်းဖြစ်သည် ဆိုသည့်အချက်တို့ကို အတည်မပြုနိုင်သေးပေ။ အရှင်ဂမ္ဘီရ နှင့်အတူ ကလေးထောင်မှ ဂွမြို့ လွှတ်တော် အမတ် ဦးညီပုလည်း ပါလာသည်ဟု ရဲသတင်းရပ်ကွက်မှ သိရှိရသည်။

ယခင်သီတင်းပတ် ပြန်ကြားရေး ၀န်ကြီးက ဗွီအိုအေ သတင်းဋ္ဌာနနှင့်တွေ့ဆုံခန်းတွင် နိုင်ငံရေး အကျဉ်းသားများအား ဝေးလံသည့် အကျဉ်းထောင်များမှ မိသားစုနှင့် နီးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ အာဆီယံထိပ်သီးညီလာခံ ကျင်းပနေပြီး လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံ ဥက္ကဋ္ဌ ဖြစ်ရေးကိစ္စ ဆုံးဖြတ်နေချိန်နှင့် တိုက်ဆိုင်ပြီး နိုင်ငံရေး အကျဉ်းသားများအား မိသားစုနှင့် နီးရာ အကျဉ်းထောင်များသို့ ပြန်လည် ပို့ဆောင်နေခြင်းဖြစ်သည်။

နို်င်ငံတကာအစိုးရနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုလျက်ရှိသော်လည်း ဦးသိန်းစိန် အစိုးရက ယခုနှစ်မေလနှင့် အောက်တိုဘာလတွင် အနည်းငယ်စီသာ လွှတ်ပေးခဲ့သည်။
http://moemaka.com/2011/11/prominent-political-prisoners-relocated/

အသျှင် ဂမ္ဘီရ နှင့် ဦးမင်းကိုနိုင် တို့  ကို ဖိနှိပ်မှု ပိုပြင်းထန် သည့် အကျဉ်းထာင်များ သို့ ပြောင်းရွှေ့ 

by FNG on November 16, 2011

တင်ကျော်ကျော်စိုး၊ ၊ယနေ့ နံနက် အစောပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် အများစု နှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင် ဦးဆောင် ခဲ့ သည့် သံဃာ့
တပ်ပေါင်းစု မှ ခေါင်းဆောင် ဆရာတော် ကို ဖိနှိပ်မှုပိုများပြားပြင်ထန် သည့် အကျဉ်းထောင်
များသို့ ပြောင်းရွှေ့ နေရာချထားလိုက်သည် ဟု FNG မှသတင်းရရှိသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် ကို ရှမ်းပြည်နယ် ကျိုင်းတုံထောင် မှ
သရက်ထောင် ကို ဒီနေ့  ပြောင်းရွှေ့ လိုက်ပြီး ကလေးထောင် မှာ နှစ်ရှည် ထောင်ဒဏ် ကျခံ
နေရပြီး ကျမ္မာရေး မကောင်းတဲ့ အသျှင် ဂမ္ဘီရ ကို တော့ ဧရာဝတီ တိုင်း မြောင်းမြ အကျဉ်း
ထောင် ကို ပို့  ဆောင် လိုက်သည် ဟု သိရသည်။

မြောင်းမြ အကျဉ်းဟောင် ယခင် က နိုင်ငံရေး အကျဉ်းသား အနည်းစု သာရှိ ပြီး အခြား အကျဉ်း
ထောင်များ ထက် ပိုပြီး ဖိနှိပ်မှု နည်းသော် လည်း ၂၀၀၃ ခုနှစ် ထောင်တွင်း အုံကြွမှု နောက်ပိုင်း
သာယာဝတီ၊သရက်၊မြင်းခြံ၊ မန္တလေး ကဲ့ သို့  ဖိနှိပ် မှု များ သည့် ထောင် ဖြစ်လာခဲ့ သည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ဦးခွန်ထွန်း ဦး ကို ပူတာအို ထောင် မှာ တောင်ငူ
ထောင် သို့  ယနေ့ ပြောင်းရွှေ့ လိုက်သည်။ တောင်ငူ ထောင် မှ ထောင် ၀န်ထမ်းများ မှာ ပြီး ခဲ့
သည့် လက နိုင်ငံရေး အကျဉ်းသား မိသာစု များ ထောင်ဝင်စာ တွေ့ ရာတွင် စိတ် အနှောင့်
ဖြစ်စေရန် ဖန်တီးမှုများ ရှိ ခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့  မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ မနီလာသိန်း ကို သရက်ထောင်
မှ သာယာဝတီ ထောင် သို့ ပြောင်းရွှေ့ လိုက်သည် ဟု သူမ၏ ဆွေမျိုးတစ်ဦး က ပြောသည်။

၂၀၁၀ ခုနှစ် သင်္ကြန် ဗုံးကွဲ မှု တွင် ဓာတ်ပုံ ရိုက်ယူခြင်း ပြု ခဲ့ သည့် သတင်းထောင် စည်သူဇေ
ယျ ကို မူ အင်းစိန် မှ နေ၍ ပိုပြီး ဝေး သော ဟင်္သတ ထောင် သို့ ပို့ ဆောင် ထား လိုက်သည်။

နိုင်ငံရေး အကျဉ်းသား များ ထောင် ပြောင်းရွှေ့ မှု နှင့် ပတ်သက် ပြီး ကိုစည်သူ ဇေယျ ၏ မိ
သားစု ၀င် တစ်ဦး က ” ပိုပြီး ညှင်းပန်း နှိပ် စက် သလို ပဲ ၊ ထောင် ပြောင်းတော့ ပစ္စည်း တွေ
ဘာမှ မယူလာခဲ့ ရ ဘူး ၊ ကိုမင်းကို နိုင် ဆိုရင် ကျိုင်းတုံ မှာ အေးတော့ အနွေးထည် တွေ ၀တ်
ရတယ် လေ အင်းစိန် ရောက် တော့ ထောင် ဥပဒေ ဆို ပြီး အကုန် သိမ်း တော့ တာ ပဲ၊ အစိုးရ
က နိုင်ငံ ရေး အကျဉ်းသား တွေ ကို စိတ်ဝေဒနာ ရအောင် ပို နှိပ် စက်သလို နေပဲ ၊ သူ တို့ ကို
ကယ်မယ့် လူ မရှိ တော့ ပါဘူး ၊ NLD နဲ့  ကမ္ဘာ့ အစိုးရ တွေ လည်း အလကား ပါပဲ သူ တို့ 
အကျိုး အတွက် လုပ် နေကြတာ ဟု သူမ၏ ရင်တွင်း ခံ စား ချက် ကို ရိုးသား စွာဖွင့် ဟသည်။

မနက်ဖြန် တွင် နိုင်ငံ ရေး အကျဉ်းသား အချို့  ကို ထပ်မံ ပြောင်းရွှေ့ မှု ပြု နိုင် သည်ဟု
နိုင်ငံရေး အကျဉ်းသား မိသားစု များ က ခန့် မှန်းကြ သည်။

နအဖ စစ်အစိုးရ ၏ နိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင် များ အတွင်း နိုင်ငံရေး အကျဉ်းသား
နှစ်ထောင် နီးပါး ရှိ သည်။စစ်အစိုးရ ၏ ဆိုးရွား လှသော အကျဉ်းထောင် များ အတွင်း နိုင်ငံရေး
အကျဉ်းသား အချို့ မှာ ကျမ္မာရေးချို့  ယွင်းလျှက်ရှိသည်။
http://freedomnewsgroup.com


နယ်အ​ဝေး​အကျဉ်း​ထောင်က နိုင်ငံ​ရေး​အကျဉ်း​သား​အချို့​ ​ထောင်​ပြောင်း​ရွှေ့
Published on November 16, 2011 by မင်းလွင်

ယုံကြည်ချက်​ကြောင့်​ နှစ်ရှည်​ထောင်ဒဏ် အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဒီက​နေ့​မှာ နယ်အ​ဝေး​ထောင်က​နေ မိသား​စုနဲ့​နီး​တဲ့​ ​ထောင်ကို ​ပြောင်း​ရွှေ့​ခဲ့​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုဝင်​တွေက ​ပြောပါတယ်။

ပူတာအို​ထောင်မှာ ၉၃ နှစ်ကြာ ​ထောင်သွင်း​အကျဉ်း​ချခံ​နေရတဲ့​ ရှမ်း​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​ကို ​ထောင်အာဏာပိုင်​တွေက ​တောင်ငူ​ထောင်ကို ​ရွှေ့​ပြောင်း​လိုက်တယ်လို့​ သူ့​ပါတီဖြစ်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် SNLD က အတည်ပြု​ပြောပါတယ်။

ဦး​ခွန်ထွန်း​ဦး​ဟာ ဒီက​နေ့​ ​နေ့​လယ် တနာရီခွဲမှာ ပူတာအို​လေဆိပ်က​နေ မြစ်ကြီး​နား​ ​လေဆိပ်ကိုအသွား​မှာ မျက်မြင်သက်​သေကို ကိုး​ကား​ပြီး​ ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

ဦး​ခွန်ထွန်း​ဦး​ကို မြစ်ကြီး​နား​မှ တဆင့်​ ​တောင်ငူ​ထောင်ကို ပို့​မယ်လို့​ သိရပါတယ်။

ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​စိုင်း​လိတ်က​တော့​ အစိုး​ရဘက်က​နေ အစိုး​ရိမ်မကြီး​ဘဲ အခုလို ​ထောင်​ပြောင်း​ရွှေ့​တာ​တွေ လုပ်မယ့်​အစား​ ခြွင်း​ချက်မရှိ ချက်ချင်း​ လွှတ်သင့်​တယ်လို့​ ​ပြောပါတယ်။

“အစိုး​ရဘက်က အစိုး​ရိမ်ကြီး​နေပြီး​တော့​မှ ချက်ချင်း​လွှတ်မ​ပေး​တာလို့​ပဲ မြင်တယ်​လေ။ ထိပ်တန်း​ခေါင်း​ဆောင်​တွေကိုပဲဖြစ်ဖြစ်၊​ ​ကျောင်း​သား​ခေါင်း​ဆောင် ​တွေကိုပဲ ဖြစ်ဖြစ်၊​ တစုတစည်း​တည်း​ အကုန်လုံး​ကို လွှတ်မယ်ဆိုလို့​ရှိရင် သူတို့​ရဲ့​ လုပ်ငန်း​စဉ်​တွေမှာ တစုံတခုများ​ ထိခိုက်​လေမလား​ဆိုပြီး​ သူတို့​ အစိုး​ရိမ်ကြီး​နေတာလို့​ပဲ ကျ​နော် မြင်တယ်။ အဲဒီအ​ပေါ်မှာ​တော့​ ကျ​နော်တို့​က ဒါ မဖြစ်သင့်​ဘူး​ပေါ့​နော်။ တကယ်ဆိုရင် အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ လုပ်ငန်း​စဉ်မှာ တဖက်တလမ်း​က​နေ ပါဝင်အား​ဖြည့်​နိုင်ဖို့​အတွက်ဆိုရင် တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ သံဃာ​တော်​တွေ အပါဝင်​ပေါ့​ နိုင်ငံ့​အကျိုး​ကို ဝင်​ရောက်ပြီး​တော့​မှ ဖြည့်​ဆည်း​ပေး​နိုင်တဲ့​ ပုဂ္ဂိုလ်​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​မို့​လို့​ သူတို့​အား​လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​လွှတ်​ပေး​ဖို့​ပဲ ကျ​နော်တို့​က လိုလား​တာပါ။”

ကျိုင်း​တုံ အကျဉ်း​ထောင်မှာ အကျဉ်း​ကျခံ​နေတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​အဖွဲ့​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်ကို​တော့​ သရက်​ထောင်ကို ​ပြောင်း​ရွှေ့​လိုက်တယ်လို့​လည်း​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။

ကျိုင်း​တုံ အကျဉ်း​ထောင်ကို ဆက်သွယ်စုံစမ်း​တဲ့​အခါမှာ ​ထောင်အရာရှိတဦး​က ကိုမင်း​ကိုနိုင်ဟာ ကျိုင်း​တုံ​ထောင်ထဲမှာပဲ ရှိ​နေ​သေး​တယ်လို့​ ​ပြောပါတယ်။

“ဒီအချိန်ထိ​တော့​ ဒီသတင်း​ကို လျှို့​ဝှက်ထား​သေး​တယ်လို့​ ​ပြောလို့​ရတာ​ပေါ့​။ ဒီအချိန်ထိက​တော့​ ရှိ​နေ​သေး​တယ်။ အဲဒီသတင်း​က အမှန်ဖြစ်ဖို့​များ​လောက်တယ်လို့​ ခန့်​မှန်း​ရတာ​ပေါ့​လေ။ ဘာလို့​လဲဆို​တော့​ ဒီ​နေ့​ဆိုလို့​ရှိရင် ကျ​နော်တို့​ ကိုမင်း​ကိုနိုင်နဲ့​ ပတ်သက်တဲ့​ ကျ​နော်တို့​ ဒီကျိုင်း​တုံ​ထောင်ကို ​ရောက်ပြီး​ ​ပေါ့​နော် ကျန်း​မာ​ရေး​စောင့်​ရှောက်မှု စာရင်း​ဇယား​စစ်တမ်း​တွေ အား​လုံး​ ပြင်ဆင်​နေတာ​တော့​ ​တွေ့​ရတယ်​ပေါ့​နော်။ ကျိုင်း​တုံ​လေယာဉ်က ဘယ်​နေ့​တွေရှိလဲ ဆိုရင် တနင်္ဂ​နွေ၊​ အင်္ဂါ၊​ ကြာသပ​တေး​၊​ စ​နေ မနက်ဖြန်ဆိုရင်​တော့​ ကွန်ဖန်း​ ဖြစ်​လောက်ပါတယ်။”

ကျိုင်း​တုံ​လေယာဉ်ရှိတဲ့​ မနက်ဖြန်မှာ ​ထောင်​ပြောင်း​ဖို့​များ​တယ်လို့​လည်း​ ​ထောင်အရာရှိက ​ပြောပါတယ်။

သရက်အကျဉ်း​ထောင်မှာ အကျဉ်း​ကျခံ​နေတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​အဖွဲ့​က မနီလာသိန်း​ကိုလည်း​ ဒီက​နေ့​ သယာဝတီအကျဉ်း​ထောင်ကို ​ပြောင်း​ရွှေ့​လိုက်တယ်လို့​ မိသား​စုဝင်​တွေက သယာဝတီ ​ထောင်အာဏာပိုင်​တွေကို ကိုး​ကား​ပြီး​ ဒီဗွီဘီကို​ပြောပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အာဆီယံ အစည်း​အ​ဝေး​ပြီး​မှလည်း​ လွှတ်နိုင်မယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုပြုံး​ချိုရဲ့​ ဖခင် ဦး​ဝင်း​မောင်က ​ပြောဆိုတယ်။

“သတင်း​တော့​ထွက်လာတယ်၊​ ဘာမှ ထိထိ​ရောက်​ရောက် မကြား​ရ​သေး​ဘူး​လေ။ ဘာလို့​လဲဆို​တော့​ သူတို့​က အစီရင်ခံစာ တင်ပြတာပဲ​ပြောတယ်၊​ ဘာမှ အမိန့်​ထွက်မလာဘူး​လေ။ ​နောက်ထပ် သိရတာက​တော့​ သူတို့​ ညှိလို့​ မရ​သေး​ဘူး​လို့​ ကြား​နေတယ်။ အဲဒီ​တော့​ အာဆီယံ ပြန်လာပြီး​မှပဲ အထ​မြောက်မလား​မသိဘူး​။ တသုတ်တည်း​ မလွှတ်ဘဲနဲ့​ ခွဲလွှတ်မယ်လို့​လည်း​ ကြား​နေတယ်။ လွှတ်ဖို့​တော့​ အစီအစဉ်ရှိတယ်လို့​ ကြား​တယ်။”

စစ်ကိုင်း​တိုင်း​ဒေသကြီး​ က​လေး​အကျဉ်း​ထောင်က​နေ နိုင်ငံ​ရေး​အကျဉ်း​သား​ နှစ်ဦး​ကိုလည်း​ ဒီက​နေ့​မှာ က​လေး​အကျဉ်း​ထောင်က​နေ ​ပြောင်း​ရွှေ့​သွား​တယ်လို့​ အဲဒီအကျဉ်း​ထောင်နဲ့​ နီး​စပ်တဲ့​ အသိုင်း​အဝိုင်း​က ​ပြောပါတယ်။

၈၈ အ​ရေး​တော်ပုံ​ကျောင်း​သား​ဟောင်း​ ကိုတိုး​ကျော်လှိုင်က “မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်က​နေပြီး​တာ့​ ထပ်မံလွှတ်​ပေး​ဖို့​ ​တောင်း​ဆိုတာ။ ထပ်မံလွှတ်​ပေး​ဖို့​ ​မေတ္တာရပ်ခံတဲ့​ စာပါလာတယ်။ အဲဒီအ​ပေါ်မှာ အကြမ်း​ဖျင်း​သုံး​သပ်လိုက်ရင် နှစ်ချက် ထွက်လာတယ်။ ထပ်လွှတ်​ပေး​ဖို့​ ရှိတယ် နံပါတ်တစ်။ နံပါတ်နှစ်က အကုန်လုံး​မလွှတ်နိုင်ဘူး​။ အကုန်လုံး​မလွှတ်နိုင်ဘဲနဲ့​ ကျန်ခဲ့​တဲ့​လူ​တွေကို မိသား​စုနဲ့​ နီး​စပ်ရာအကျဉ်း​ထောင်​တွေကို ပြန်ပြီး​တော့​ ​ရွှေ့​ပေး​မယ်လို့​ ဆိုတဲ့​ ​ကောက်ချက် နှစ်ခု ဆွဲလို့​ ရတယ်။ ​ကောက်ချက် နံပါတ်တစ်က အခုန​ပြောသလို အကုန်လုံး​ မပါလာဘူး​။ ဒုတိယ​ကောက်ချက်က​တော့​ မိသား​စုနဲ့​ နီး​စပ်ရာကို ​ရွှေ့​ပေး​မယ် ဒီလို နှစ်ခု ​ကောက်ချက်ဆွဲလို့​ ရတယ်။”
http://burmese.dvb.no/

မြန်မာကို အပြည့်အ၀ ကူညီရေး ဂျပန်စောင့်ကြည့်

ဗုဒ္ဓဟူး, 16 နိုဝင်ဘာ 2011
By Brian Padden

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အရပ်သားအစိုးရဆိုတာ တက်လာပြီးတဲ့နောက်ပိုင်း ဖြစ်လာတဲ့ အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာကတော့ အတော်လေးကို အကောင်းမြင်သဘောနဲ့ တုန့်ပြန်လာကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေက ထောက်ခံထားပြီး ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုနဲ့ ကူညီ ထောက်ပံ့တာတွေလည်း ၀င်လာဖွယ်ရှိနေပြီလို့ ဗွီအိုအေ သတင်းထောက် Brian Padden က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကနေ သတင်းဆောင်းပါး ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတာကနေ လွှတ်ပေးခဲ့ပြီးတဲ့နောက် လူတွေရဲ့ အခြေခံ လိုအပ်ချက်အတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဂျပန်နိုင်ငံက ပြန်ပေးခဲ့တယ်လို့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kimihiro Ishikane က က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးအကြို၊ ၀န်ကြီးအဆင့် အစည်းအဝေးအတွင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တာတွေ ပြန်စတဲ့အဆင့်ထိတော့ ကျနော်တို့ မရောက်သေး ပါဘူး။ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော်တို့ သတိ ကြီးကြီးထားပြီး ဆက်လက် စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရက နည်းလမ်း အမျိုးမျိုးနဲ့ လုပ်ဆောင်နေတဲ့ အခုလမ်းကြောင်း ကို ထောက်ခံပေးသွားဖို့ ကတော့ ကျနော်တို့ အသေအချာကို အဆင်သင့်ရှိနေပါတယ်။”

အဖွဲ့ဝင် ဆယ်နိုင်ငံပါ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ထမ်းဆောင်ရေး အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေက တညီတညွတ်ထဲ ထောက်ခံခဲ့ကြပြီးတဲ့နောက်မှာ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောခဲ့တာပါ။

မြန်မာအစိုးရက ဆက်ပြီး အကျဉ်းချထားဆဲရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အတိုက်အခံ ပါတီတွေအားလုံးကို နိုင်ငံရေးစနစ်ထဲမှာ အပြည့်အ၀ ပါဝင်ခွင့် ပေးရေးတို့ဟာ မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ စီးပွားရေး အကျိုးဖြစ်ထွန်းဖို့ပါပဲလို့ Ishikane က ပြောပါတယ်။

အာဆီယံ ဒေသတခုလုံးအနေနဲ့ ဆိုရင် စီးပွားရေး တိုးတက်နေပြီး ဂျပန်၊ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေဆီကနေ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလန်းတွေ ၀င်လာနေတယ်လို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနိုက ပြောပါတယ်။

အာဆီယံဒေသရဲ့ အားနည်းချက်တခုက အခြေခံအဆောက်အအုံပိုင်း လျော့နည်းတာဖြစ်တယ်လို့ ဂျပန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Ishikane က ပြောပါတယ်။

မြန်မာနိုင်ငံ ကိစ္စမှာဆိုရင် အခြေခံအဆောက်အအုံပိုင်း အားနည်းချို့တဲ့တာနဲ့ စီးပွားရေး အရ တသီးတခြား အထီးကျန် ဖြစ်နေတာတွေက မဲခေါင်ဒေသကနေ အိန္ဒိယနိုင်ငံဆီ တိုက်ရိုက် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်နိုင်ဖို့ရာမှာ အတားအဆီး ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

“လမ်းတွေ၊ ဆိပ်ကမ်းတွေ အများကြီးရှိတယ် ဆိုပေမဲ့ မဲခေါင်ဒေသရဲ့ တခြား အစိတ်အပိုင်းတွေကနေ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ အသုံးပြုနိုင် တဲ့အဆင့်မှာ ရှိမနေပါဘူး။ ဒီ ပျောက်နေတဲ့ အစိတ်အပိုင်းကိုသာ ချိတ်ဆက်နိုင်မယ် ဆိုရင် မာလက္ကာ ရေလက်ကြားကို ဖြတ်စရာ မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာထဲကို တိုက်ရိုက် ရောက်နိုင်ပြီးတော့ အာဆီယံဒေသ၊ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်း ဒေသကို အိန္ဒိယနိုင်ငံနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။”

အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချေးငွေ ဒေါ်လာ ၂၀ ဘီလီယံနီးပါးကို ဂျပန်နိုင်ငံက ထောက်ပံ့နေတယ်လို့ Ishikane က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သိသာထင်ရှားပြီး ရေရှည်ခံတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ်ဆိုရင် အဲဒီထောက်ပံ့ငွေထဲက အများအပြားကို မြန်မာနိုင်ငံအတွက် ပေးချင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရေး အကျဉ်းသားတချို့ကိုလွှတ်ပေးတာ၊ သတင်းမီဒီယာတွေအပေါ် တင်းကျပ်ခဲ့တာတွေကို အတန်ငယ် လျှော့ပေါ့ သက်သာပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ စသည်အားဖြင့် ပြုပြင် ပြောင်းလဲနေပါတယ်ဆိုတာကို ရည်ညွှန်းတဲ့ လုပ်ရပ်တချို့ကို ပြီးခဲ့တဲ့လပိုင်းအတွင်း လုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ကြောင်း ပြန်လှည့်လို့မရအောင် ခိုင်မာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်ဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံအများအပြားက မြန်မာအစိုးရကို ဆက်ပြီး တောင်းဆိုနေပါတယ်။

http://www.voanews.com/burmese/news/Burma_Japan_Nov16_2011-133954323.html

လယ်သမားဆန္ဒပြမှု ဗီဒီယိုရိုက်ကူးသူ ထိန်းသိမ်းခံရ



By featured, ခင်ဦးသာ on November 16, 2011 4:30 pm

ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေရှိ လယ်သမား၊ အလုပ်သမားတို့အတွက် အကျိုးဆောင်ပေးနေသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ကြည့်သူများ ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်နိုင်သည် ဗီဒီယိုရိုက်ကူးမှုဖြင့် တနင်္လာနေ့တွင် ထိန်းသိမ်းခံလိုက်ရသည်။

သူ၏အမှုသည် ထိုဒေသရှိလယ်မြေများ သိမ်းယူခံရခြင်းကို မကျေနပ်သော လယ်သမား ၂၀၀ ၀န်းကျင်က စက်တင်ဘာလအတွင်း ဆန္ဒပြခဲ့မှုနှင့် ဆက်စပ်နေသည်ဟု သိရသည်။

“မကြာခင်ကပဲ ဧရာဝတီတိုင်းဝန်ကြီးချုပ်ရုံးကို ချီတက်ပြီးတော့ သိမ်းထားတဲ့လယ်မြေတွေပြန် ရရှိရေး တောင်းဆိုခဲ့တာကို ဗီဒီယိုအဖြစ် မှတ်တမ်းတင်တယ်၊ သိမ်းဆည်းထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာပါ” ဟု ကိုမြင့်နိုင်၏ ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ဤအတောအတွင်း ပုသိမ်ခရိုင်၊ မြက်တိုမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံနေရသည့် ကိုမြင့်နိုင်သည် ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂ (က)၊ (ခ)တို့ဖြင့် အရေးယူခံနေရပြီး နိုဝင်ဘာလ ၂၅ ရက်နေ့၌ တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဟု ကိုဖိုးဖြူက ရှင်းပြသည်။

ကိုမြင့်နိုင်အား ဖမ်းဆီးခြင်းသည် အာဏာပိုင်တို့က ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လုပ်ဆောင်နေသူများကို နှောင့်ယှက်ခြင်းပင်ဖြစ်ကြောင်း ကိုဖိုးဖြူက ဧရာဝတီသတင်းဌာနကို ပြောသည်။

“အခုစွဲဆိုထားတဲ့ ပုဒ်မတွေဟာ အရင် စစ်အစိုးရ လက်ထက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေကို ဖမ်းဆီး နှိပ်ကွပ်ခဲ့တဲ့ ဥပဒေ ပုဒ်မတွေပါ၊ အခုအစိုးရဟာလည်းပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ရပ်တန့်သွားအောင် တားဆီး ကန့်သတ်ချင်တဲ့ ဆန္ဒရှိနေတုန်းပဲလို့ မြင်ပါတယ်” ဟု ကိုဖိုးဖြူက ဆိုသည်။

ကိုမြင့်နိုင်အား ဖမ်းဆီးအရေးယူထားသော်လည်း သူ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်သော ဆန္ဒပြမှုတွင် ပါဝင်သည့် ဧရာဝတီတိုင်းမှ လယ်သမားများ ထိန်းသိမ်းခံရခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်မှ လယ်သမားတချို့ကလည်း မကြာသေးမီက အလားတူ ဆန္ဒပြခဲ့ကြသေးသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြို့နယ် ၃ ခုမှ လယ်သမား ၅၀ ၀န်းကျင်သည် သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည်ရရှိရေး၊ လယ်ယာမြေ ဥပဒေ တချို့ ဖျက်သိမ်းပေးရေးတို့အတွက် ပြီးခဲ့သည့်လအတွင်း ရန်ကုန်မြို့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ထိုစဉ်က ဆန္ဒပြသည့် ၇ ဦးသည် ဥပဒေမဲ့ လူစုလူဝေး ပြုလုပ်မှု၊ အမိန့်ဖီဆန်မှု တို့ဖြင့် တရားစွဲခံရပြီး နောက်တနေ့တွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်သွားသည်။
http://burma.irrawaddy.org/archives/2367

ပမာဏလျော့ဝယ်မယ့် အရန်ဆန်


သဲသဲ | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စပါးဈေးကျသည့်အတွက် တောင်သူများ အရှုံးမပေါ်စေရန် နိုင်ငံတော်မှ အရန်ဆန် တန်ချိန် တသန်းကို အာမခံဈေးနှုန်းဖြင့် ဝယ်ယူမည့် အစီအစဉ်မှာ ညှိနှိုင်းဆဲဖြစ်ပြီး တန်ချိန်ပြည့် ဝယ်ယူနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်အသင်းက ပြောသည်။

စပါးဈေးကျဆင်းခြင်းမှာ လယ်မြေများ ရေလွှမ်းမိုးခြင်း၊ ဒေါ်လာဈေး ကျဆင်းလာ၍ ပြည်ပတင်ပို့မှု နည်းလာခြင်း
ကြောင့်ဖြစ်ပြီး တောင်သူများ နစ်နာမှုအား ပံ့ပိုးသည့်အနေဖြင့် အရန်ဆန်အဖြစ် ဝယ်ယူရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လအတွင်း နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အရန်ဆန် ဝယ်ဖို့ကို ဒေသအလိုက်တာဝန်တွေ ပေးပြီးလုပ်ဖို့ပေါ့။ သို့သော် ဝယ်မယ်ဆိုရင်တောင် အဲဒီလောက် အများကြီး တခါတည်း မဝယ်နိုင်ပါဘူး။ အခုက ညှိနှိုင်းနေရတုန်းပါပဲ၊ တိုးတက်မှုမရသေးဘူး” ဟု ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ယင်းအရန်ဆန် တသန်းကို အစိုးရနှင့် ဆန်ကုန်သည်များက ငွေကြေးထက်ဝက်စီ စိုက်ထုတ်ဝယ်ယူရမည် ဖြစ်သည်။

ဒီဇင်ဘာလအတွင်း အရန်ဆန်ဝယ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာသို့ တင်ပြားပြီး အာမခံဈေး သတ်မှန်ရနှင့် ဝယ်ယူရေး လုပ်ငန်းစဉ်အတွက် မူဝါဒညှိနှိုင်းရန် ယခုတပတ်အတွင်း ဆန်စပါးလုပ်ငန်းရှင်များ ဗဟိုကော်မတီ အစည်းအဝေးပွဲ ခေါ်ယူသွားရန် စီစဉ်ထားသည်။

သြဂုတ်လနှောင်းပိုင်းကလည်း ဆန်စပါးအထူးပြုကုမ္ဗဏီများက စပါးတင်းတရာလျှင် ကျပ်လေးသိန်းဖြင့် အာမခံ
ပေးကာ ဝယ်ယူမှုများ စတင်ခဲ့သေးသည်။ သို့သော် ဝယ်ယူမှုမှာ ကုမ္ဗဏီမှ မျိုးစပါးနှင့် နည်းပညာ ရယူစိုက်ပျိုး သည့် တောင်သူများအတွက်သာ ဖြစ်ခဲ့သည်။

“အထူးပြုကုမ္မဏီတွေက တောင်သူတွေကို အာမခံထားတာရှိပါတယ်။ လေးသိန်းနဲ့ ဝယ်ဖို့လေ။ အဲဒီမှာ ခြွင်းချက်
တော့ ရှိတာပေါ့။ သူတို့ပေးတဲ့မျိုးကို စပါးမျိုးကိုစိုက်ပြီးတော့ သူတို့ပေးတဲ့ နည်းစနစ်နဲ့ အကူအညီနဲ့ စိုက်တဲ့ စပါး ဆိုရင်ပေါ့” ဟု ဦးစိန်ဝင်းလှိုင်က ဆိုသည်။

ပြည်ပဆန်တင်ပို့မှုလည်း ယခုနှစ်အတွင်း သိသာစွာ ကျဆင်းလျက်ရှိပြီး ၂ဝ၁ဝ ခုနှစ်က တန်ချိန် ရှစ်သိန်းခန့် ရှိခဲ့
သော်လည်း ၂ဝ၁၁ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ တန်ချိန် သုံးသိန်းခွဲသာ တင်ပို့နိုင်ခဲ့သေးသည်။

ယင်းကဲ့သို့ ပြည်ပဝယ်လက် နည်းပါးမှုကြောင့် တောင်သူများ တွက်ခြေကိုက်စေမည့် အာမခံဈေးနှုန်း သတ်မှတ်ရေး မှာ အခက်တွေ့နေသည်ဟု ဆန်စပါးလုပ်ငန်းရှင်များက ပြောဆိုသည်။

ယင်းအပြင် ပြည်ပတင်ပို့မှုနည်းခြင်းကြောင့် ပြည်တွင်းတွင်လည်း တောက်လျောက်ဆိုသလို စပါးဈေး ကျဆင်း လျက်ရှိရာ စပါးပေါ်ဦးစတွင် ဧရာဝတီနှင့် ပဲခူးတိုင်းအတွင်း ဧည့်မထမှာ ကျပ် နှစ်သန်းရှစ်သောင်းနှင့် ဆင်းသွယ် လက်စပါးမှာ သုံးသိန်းနှစ်သောင်းသာ ပေါက်ဈေးရှိသည်။ ယင်းဈေးနှုန်းသည် ယခင်နှစ်ကထက် ကျပ်ငါးသောင်း ခန့် လျော့နည်းသည်။

“အခုကတော့ အစိုးရပေါ်ပဲ မူတည်တော့တယ်။ သုံးသိန်းခွဲနဲ့ ထိန်းပေးမယ်ဆိုပြီး တောက်လျောက် ပြောနေတာ အခုထိတော့ မလုပ်ပေးသေးဘူး” ဟု ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ လယ်သမား တဦးကလည်း “စပါးရိတ်ချိန်မှာ လယ်ထဲရေက ပေါင်လည်လောက် ရှိနေသေးတယ်။ လှမ်းဖို့မရှိတော့ ကားလမ်းပေါ် တက်လှမ်းထားရတယ်။ ရေထိစပါး ဆိုတော့ ပေါက်ဈေးတောင် မရဘူး” ဟု ဆိုသည်။

ယင်းအပြင် အရန်ဆန်ဝယ်ယူမည်ဆိုပါက အာမခံဈေးနှုန်းအား တင်းတရာလျှင် ကျပ်သုံးသိန်းခွဲ အနည်းဆုံး ထားရှိမှသာလျှင် စိုက်ပျိုးစရိတ် ကာမိနိုင်မည်ဟု တောင်သူများက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၌ တနှစ်လျှင် ဆန်တန်ချိန် ၁၇ သန်း ထွက်ရှိသော်လည်း ယခုနှစ်တွင် မိုးဖျက်၍ စပါးအဓိက စိုက်ပျိုး သည့် ဧရာဝတီနှင့် ပဲခူးတိုင်းအပါအဝင် မွန်၊ ကရင်နှင့် ရခိုင်ပြည်နယ်တို့တွင် စပါးခင်းများ ပျက်စီးခဲ့ရသည်။

ယင်းအတွက် ယခုနှစ် ဆန်ထွက်နှုန်းမှာ ၁ဝ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိသည်ဟု ဆန်စပါး လုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။
http://www.mizzimaburmese.com/news/inside-burma/8644-2011-11-16-14-29-07.html

နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်



By featured, ဧရာဝတီ on November 16, 2011 6:56 pm


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သော နေရွှေသွေးအောင်၏ ၁၆ နှစ်မြောက် မွေးနေ့ဧည့်ခံပွဲတွင် တွေ့ရသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နေရွှေသွေးအောင် နှင့် လုပ်ငန်းရှင် ဦးဇော်ဇော်

ဦးသန်းရွှေ၏ မိသားစုဝင်များအပါအ၀င် ယခင် စစ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့နှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်ကြီးများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သော်လည်း နေရွှေသွေးအောင် ရရှိထားသော ဗီဇာသည် ရှန်ကန်းဗီဇာ (Schengen Visa) ခေါ် ဥရောပနိုင်ငံအများအပြားကို သွားရောက်နိုင်သည့် ဗီဇာဖြစ်သည်ဟု ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခုထံမှ သိရသည်။

ဗီဇာထုတ်ပေးသည့် သံရုံးမှာ ပြင်သစ်သံရုံး ဖြစ်သည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။

ဤသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ပြင်သစ်သံရုံးကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သည်။

“မည်သူမည်ဝါကို ဗီဇာထုတ်ပေးလိုက်တယ်ဆိုတာ ကျမတို့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ပြီးတော့ ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြင်သစ်သံရုံး၊ ဗီဇာဌာန အရာရှိတဦးက ဧရာဝတီကို ယနေ့ ပြောကြားသည်။

ဖိုးလပြည့်ဟု လူသိများသည့် နေရွှေသွေးအောင်သည် မြန်မာနိုင်ငံကူးလက်မှတ် ၃ အုပ်ခန့် ကိုင်ဆောင်ထားသူဖြစ်သည်ဟု သူ၏ မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

နေရွှေသွေးအောင် ပြည်ဝင်ခွင့်ဗီဇာလျှောက်စဉ်က မည်သည့် အမည်ဖြင့် လျှောက်ထားကြောင်း၊ ဥရောပခရီးစဉ်တွင် သူနှင့်အတူ မည်သူ လိုက်ပါသွားကြောင်း မသိရသေးပေ။

ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခု၏ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ဥရောပသို့ သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က ရရှိသော သတင်းများအရ နေရွှေသွေးအောင်သည် စီးပွားရေး လုပ်ငန်းအများပြားကို အဘိုးဖြစ်သူ၏ သြဇာသုံးပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

နေရွှေသွေးအောင်က အဘိုး၏ အရှိန်အ၀ါကို စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုခြင်း မဟုတ်ပေ။ ၂၀၀၉ ခုနှစ်ကလည်း ရန်ကုန်မြို့ရှိ စစ်ဗိုလ်ချုပ်မိသားစုဝင်များ၏ “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍ ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ယခင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ တဦးသည် နေရွှေသွေးအောင်၏ ဆုံးမသြ၀ါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ဆိုသည်။

ဦးသန်းရွှေ၏ အချစ်ဆုံးမြေးတဦးဖြစ်သည်ဟု ထင်ရှားသည့် နေရွှေသွေးအောင်သည် ဒေါက်တာ နေစိုးမောင် နှင့် ဒေါ်ကြည်ကြည်ရွှေ တို့၏သား ဖြစ်သည်။
http://burma.irrawaddy.org/archives/2395

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တချို့ စိစစ်ရေးက ဖြတ်


2011-11-16

နိုဝင်ဘာလ ၁၄ ရက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခြင်း တစ်နှစ်ပြည့် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်း အပတ်စဉ်ထုတ် ဂျာနယ်တွေက ဖေါ်ပြခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားရပ်တချို့ကို စာပေစိစစ်ရေးက ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

အဓိကအနေနဲ့ တရားရေး မဏ္ဍိုင် ကျေနပ်လောက်အောင် မရှိသေးဘူးဆိုတဲ့ အကြောင်း အပါအ၀င် စကားရပ် တချို့ ဖြုတ်ပယ်ခံရတယ်လို့ ကြားသိရကြောင်း ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး တစ်စောင်ကိုလည်း စာပေ စိစစ်ရေးက ခွင့်မပြုသေးတဲ့ အတွက် မဖေါ်ပြနိုင်ဘဲ ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ခေတ် ဂျာနယ်မှာ ပုဂံဘုရားဖူး ခရီးသွား ဆောင်းပါးတွေ ရေးသားနေရာမှာ ဆောင်းပါးအမှတ်စဉ် ၁ နဲ့ ၂ ဖေါ်ပြခဲ့ပြီး အမှတ်စဉ် ၃ ကို စာပေ စိစစ်ရေးက တချို့ နေရာတွေကို ဖြုတ်ပယ်ခိုင်းခဲ့ ပါတယ်။

ပညာရှင်တွေကို မတိုင်ပင်ဘဲ ရှေးဟောင်း ဘုရားတွေကို ပြင်ချင်သလို ပြင်ထားတာနဲ့ ပတ်သက်ပြီး ရေးတာကို စိစစ်ရေးက ဖြုတ်ပေးစေချင်ကြောင်း၊ အလားတူ အကြောင်းမျိုး ကွယ်လွန်သူ ဒေါက်တာ သန်းထွန်းက စာအုပ် ရေးသား ထုတ်ဝေဖူးကြောင်း ဆရာမောင်ဝံသက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးသွား ဆောင်းပါး အမှတ် ၁ ဟာလည်း အချိန် အတော်ကြာ စောင့်ဆိုင်းပြီးမှ ဖေါ်ပြခွင့်ရခဲ့ပါတယ်။ လက်ရှိ စာပေ စိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေကတော့ ဒီမိုကရေစီ နိုင်ငံမှာ စာပေ စိစစ်ရေး ဆိုတာ မရှိသင့်တော့ကြောင်း အာရ်အက်ဖ်အေကို မကြာခင်က ပြောဆိုခဲ့ပါတယ်။
http://www.rfa.org/burmese/news/censor-11162011122837.html

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြ သတင်းများ ဆင်ဆာထိ


By featured, ဧရာဝတီ on November 16, 2011 12:36 pm

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲသတင်းကို စာပေစိစစ်ရေးက အကန့်အသတ်ဖြင့် ဖော်ပြခွင့်ပြုခဲ့ပြီး ယမန်နေ့က ဖြစ်ပွားခဲ့သော မန္တလေးသံဃာဆန္ဒပြပွဲ သတင်းကိုလည်း ပိတ်ပင်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အသိုင်းအ၀ိုင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုက်ရိုက် ပြောစကား တွေကို ဖြုတ်တာ”ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ တဦးက ပြောဆိုသည်။

နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပသည့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော“တရား ဥပဒေ စိုးမိုးတဲ့နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာမရှိဘူး” ၊ “အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ မဖြစ်ဖို့ထက် ပြည်သူတွေရဲ့ဘ၀တွေတိုးတက်သာယာ ဖို့အရေးကြီးတယ်” “အခုတရားရေး မဏ္ဍိုင်က သန့်ရှင်းလွတ်လပ်မှု မရှိဘူးဆိုတာ အားလုံး သိတဲ့ အတိုင်း” ဟူသည့် စကားများကို စိစစ်ရေးက ဖြုတ် ပယ် ခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားတွင် ယမန်နေ့က သံဃာတော် ၅ပါး ဆန္ဒပြသည့်သတင်းနှင့် ရှေ့နေ ကိုဖိုးဖြူ ဦးဆောင် သော ရန်ကုန်မြို့ အိုးအိမ် ဦးစီးဌာနရှေ့တွင် အောက်တိုဘာလကုန်ပိုင်းက လယ်သမားများ ဆန္ဒပြသည့် သတင်းများကိုလည်း စိစစ်ရေးက ဂျာနယ်များတွင် ဖော်ပြခွင့်မပေးကြောင်း သတင်းထောက်များက ပြောသည်။

“ဂျာနယ်နောက်ဆက်တွဲအချပ်ပိုအနေနဲ့ မန္တလေးမှာ သံဃာတော် ၅ ပါး ဆန္ဒပြတဲ့သတင်းကို ခွင့်ပြု၊ မပြု စာပေစိစစ်ရေးကို မေး တယ်။ ခွင့်မပြုဘူး။ အရင်တုန်းကလည်း ကိုဖိုးဖြူနဲ့ လယ်သမားတွေ ဆန္ဒပြကြတဲ့သတင်းလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့ တယ်”ဟု ရန်ကုန်မြို့မှ သတင်းထောက်တဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း ပြည်သူ့ခေတ်ဂျာနယ်တွင် ရေးသည့် ခရီးသွားဆောင်းပါးအမှတ် ၃ တွင် NLD ဥပဒေ အထောက် အကူပြုအဖွဲ့အကြောင်း ထည့်သွင်းရေးသားထားသည့် အတွက် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်ခံရသောကြောင့် ပညာရေး၊ နိုင်ငံရေး ဆောင်းပါးများ ဆက်လက်ရေးသားရန်မဖြစ်နိုင်သေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

စီးပွားရေးဂျာနယ် ထုတ်ဝေခွင့်ဖြင့် ထုတ်လုပ်လျက်ရှိသော ဂျာနယ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်စပ်နေသော နိုင်ငံရေးသတင်းများကို စိစစ်ရေးက ဖော်ပြခွင့်မပြုကြောင်း စီးပွားရေးသတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။

“စီးပွားရေးဂျာနယ်ကတ်နဲ့ထုတ်တဲ့ သတင်းဂျာနယ်တွေမှာ စီးပွားရေးသတင်းပဲအကျုံးဝင်တယ် ဆိုပြီး နိုင်ငံရေးသတင်းတွေအဖြုတ် ခံရတယ်။ စာပေစိစစ်ရေးကို မနာခံဘဲ ဒေါ်အောင်ဆန်းစုကြည် သတင်း၊ နိုင်ငံရေးပါတီ သတင်းတွေထည့်ရင်လည်း ခေါ်သတိပေး တယ်။ နောက်ဆက်တွဲ တင်ပြခွင့် ပိတ်ပင်တာမျိုး အရေးယူခံရတယ်”ဟု ၎င်းက ဆိုသည်။

လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခေါ်ယူမည့် လွှတ်တော်အစည်းအဝေးများတွင် သတင်းမီဒီယာဥပဒေကို ရေးဆွဲတင်ပြအတည်ပြုပြီး ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုကာ စိစစ်ရေး၏အခန်းကဏ္ဍကို လျှော့ချမည်ဟု စာပေစိစစ်ရေးဌာန ၀န် ထမ်း တဦးက ပြောဆိုသည်။

ပြည်တွင်းသတင်းထောက်များကမူ သတင်းမီဒီယာဥပဒေမှာ မီဒီယာသမားများ ကိုယ်တိုင် ရေးဆွဲခွင့်ရမည် မဟုတ်ဘဲ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့စသည်တို့က ရေးဆွဲကြမည်ဖြစ်သည့်အတွက် သတင်း လွတ်လပ်ခွင့် ရရှိရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
http://burma.irrawaddy.org/archives/category/news