Monday, November 21, 2011

၉၁ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပ




Burma VJ Media Network

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၉၁ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
အခမ်းအနားမှာ လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာမှာ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် ပညာရေးဟာအလွန်အရေးကြီးတယ်လို့ဆိုပါတယ်။
အခမ်းအနား အစီအစဉ်အရ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်မှာ ကျဆုံးခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားလူငယ်များအား ၀မ်း နည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်တဲ့ ၉၁ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့ ကြေငြာချက်ကို ဗဟိုအလုပ်အမှုဆောင် ဦးအုံးကြိုင်ကဖက်ကြားသွားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပပြုလုပ်တဲ့ ဒီအခမ်းအနားမှာ အမျိုးသားအောင်ပွဲနေ့ ကာတွန့်ပြပွဲ ကိုပါ ထည့်သွင်းပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲမှာ ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုအတွက် နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်ရှိ ထောင်အသီးသီးမှာအကျဉ်းကျနေဆဲဖြစ်တဲ့ ဦးဝေရသူ ၊ ဦးစိုင်းလှအောင် ၊ ကိုသန်းဇော် ၊ မမာမာဦး တို့ကို ရွေးချယ်ချီးမြင့်ခဲ့ပါတယ်။
(၉၁) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အဖြစ်ပြုလုပ်တဲ့ ဒီအခမ်းအနားကို အန်အယ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ၊ စီအီးစီအဖွဲ့ဝင်တွေ ၊ အန်အယ်ဒီပါတီဝင်တွေ ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ ၊ နိုင်ငံခြားသံရုံးက သံတမန်တွေ ၊ ကာတွန်းဆရာတွေ အပါအ၀င် လူဦးရေ ၁၀၀၀ ကျော်လောက် တက်ရောက်လာခဲ့ကြ တယ်လို့သိရပါတယ်ခင်ဗျာ။
















၉၁ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ဗိုလ်တထောင် ဘုရားမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မေတ္တာပို့ ဆုတောင်း ရုပ်သံ




Burma VJ Media Network

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၉၁ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှာ လက်ရှိအကျဉ်းထောင် အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်စေဖို့နဲ့ ပြည်တွင်း စစ်ရပ်စဲဖို့ အတွက် ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မေတ္တာပို့ ဆုတောင်း ခဲ့ကြပါတယ်။
ဒီဆုတောင်းပွဲကို မကြာသေးခင်က အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆာင် စမ်းချာင်းကိုကိုကြီး နဲ့ မစုစုနွေးတို့ အပါအ၀င် လူဦးရေ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆုတောင်းပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ၊ ၂၀၀၇ မျိုးဆက် ဗမာတပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များအစည်အရုံး တို့က အချက်နှစ်ချက်ပါ ပူးတွဲကြေငြာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖော်ဆောင်ပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုထားတာပါ။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ရာဇ၀တ်သားပုံစံအဖြစ် သမ္မတဦးသိန်းစိန်က ပြောဆိုသွားခဲ့ တာနဲ့ ပက်သက်လို့ ဒီဆုတောင်းပွဲကိုတက်ရောက်လာတဲ့ စမ်းချောင်းကိုကိုကြီးက အခုလို တုန့်ပြန်ပြော ဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၀၀ ကျော်ရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားကြောင်းပါခင်ဗျာ။










(၉၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဗကသ+၈၈+Generation Waveတို့မှ ပူးပေါင်း၍ အချက်နှစ်ချက်ပါဝင်သော Statement ထုတ်


by Burma VJ Media Network on Monday, November 21, 2011 at 4:51am
(၉၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ ဗကသများ အဖွဲ့ချုပ်(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ)၊၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် Generation Wave(မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)တို့မှ ပူးပေါင်း၍ အချက်နှစ်ချက်ပါဝင်သော Statement တစ်ခုကို လူအယောက် (၃၀) ပါဝင်လက်မှတ်ရေးထိုးပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ မှာ ပြုလုပ်တဲ့ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါ Statement ထုတ်တာနဲ့ ပတ်သက်ပြီး ဗကသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်ကို ဘားမားဗီဂျေမှ နိုဝင်ဘာလ ၂၀ ရက်နေ့ညက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - Statement ထုတ်တဲ့အကြောင်း ပြောပေးပါ။
ဖြေ-ဒီကနေ့ (၉၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ GW(Generation Wave)နှင့် ၈၈မျိုးဆက်ကျောင်းသားများရယ်၊ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ရယ် Statement ထုတ်ပါတယ်။Statement မှာ ပါတဲ့အကြောင်းအရာက လက်ရှိမြန်မာ့နိုင်ငံရေးရဲ့ အရေးအကြီးဆုံးအချက်နှစ်ခုဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေး၊အနယ်နယ်အရပ်ရပ်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အဲနှစ်ချက်ကို အစိုးရဆီမှာ တောင်းဆိုထားပါတယ်။

မေး -  Statement ထုတ်ရတဲ့ ရည်ရွယ်ချက် ပြောပြပေးပါ။
ဖြေ - အဓိက  ရည်ရွယ်ချက်က ကျွန်တော်တို့ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အစိုးရက အပြောင်းအလဲတွေ ပြောင်းလဲဖြစ်နေပြီဆိုပြီး နိုင်ငံတကာမှာရော ပြည်တွင်းထဲမှာရော အော်နေပါတယ်။တကယ်တမ်း ထင်သာမြင်သာတဲ့ အပြောင်းအလဲပြဖို့ဆိုရင်တော့ ခုဏက ပြောထားတဲ့အချက်နှစ်ချက်ဖြစ်တဲ့ ကချင်ပြည်နယ်မှာတိုက်နေတဲ့ တိုက်ပွဲတွေ၊ကရင်ပြည်နယ်မှာ တိုက်နေတဲ့တိုက်ပွဲတွေ အဲဒီပြည်တွင်းစစ်တွေကို ရပ်ပြီး ပြည်ထောင်စုအစိုးရက တိုက်ရိုက်ဖြေရှင်းပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ပေးဖို့၊ဒီဟာကို လုပ်ပေးမယ်ဆိုရင်တော့ အစိုးရ တကယ်ပြောင်းလဲနေပြီဆိုတာကို ထင်သာမြင်သာတဲ့ ခြေလှမ်းသက်သေဖြစ်တယ်။ နောက်တစ်ချက်ကတော့ လက်ရှိအကျဉ်းကျ ခံနေရဆဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ဒီနှစ်ချက်လုပ်မှသာလျှင် အစိုးရက တကယ်တမ်းပြောင်းလဲချင်စိတ်ရှိတယ်ဆိုတာကို ဂုဏ်သိက္ခာထူနိုင်မယ်၊ကျွန်တော်တို့ ပြည်သူတွေကလည်း လက်ခံနိုင်မယ်၊အဲတာကြောင့် ဒီနှစ်ချက်ကို တောင်းဆိုထားတာပါ။

မေး -  ဒီ Statement ကို ဒီနေ့မှာ ထုတ်ရတဲ့အကြောင်းအရင်း ပြောပြပေးပါ။
ဖြေ - ဒီနေ့မှာ ထုတ်ရတဲ့အကြောင်းအရင်းက လွန်ခဲ့တဲ့ ၁၉၂၀ ခုနှစ်က စခဲ့တဲ့ ပထမကျောင်းသားသပိတ်ပေါ့၊ အင်္ဂလိပ်အစိုးရကို ပထမဆုံး တော်လှန်ခဲ့တဲ့ ၉၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်တဲ့အတွက်ကို ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး အတွက်ကို အစိုးရကို တောင်းဆိုတဲ့တစ်ပြိုင်နက်ထဲမှာပဲ ပြည်သူတွေကို မီးမောင်းထိုးပြလိုက်တဲ့ ပုံစံမျိုးဖြစ်လို့ ဒီနေ့မှာ ဒီ Statement ထုတ်ရတာပါ။

မေး -  အခု Statement ထုတ်ရတဲ့အပေါ် ဗကသ အဖွဲ့ကနေပြီး ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ - ကျွန်တော်တို့ ဗကသများ အဖွဲ့ချုပ်အနေနဲ့ ပြောရရင် ကျွန်တော်တို့ ပြည်သူတွေ၊ကျောင်းသားတွေအားလုံးက သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဖို့ကို မျှော်လင့်ထားတယ်။နောက်တစ်ချက်က ကျွန်တော်တို့ နိုင်ငံမှာ တကယ်တမ်း အစိုးရက  စေတနာမှန်မှန်နဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ပေးစေချင်တယ်ဆိုရင် ကျွန်တော်တို့ ဒီ Statement မှာ ဖော်ပြထားတဲ့ အချက်(၂) ချက်ကို နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဒါကတော့ အမျိုးသားနိုင်ငံရေးလမ်းစဉ် အရေးအကြီးဆုံ ၂ ချက်ပါ။ အဲဒီနှစ်ချက်ကို  မဖြစ်ဖြစ်အောင် လုပ်ပေးပါလို့ အစိုးရကို ပြောချင်ပါတယ် ဗကသများ အဖွဲ့ချုပ်အနေနဲ့ ပြောချင်ပါတယ်။

မေး -  အခု Statement ကို သမ္မတကြီး ဦးသိန်းစိန်ထံသို့ ပို့မယ့်အစီအစဉ်ကော ရှိပါသလား။
ဖြေ -ကျွန်တော်တို့ အခု Statement ကို သမ္မတကြီး ဦးသိန်းစိန်ထံသို့ ပို့မယ့်အစီအစဉ်တော့ လောလောဆယ်မရှိသေးပါဘူး။အဓိကကတော့ ဒီ Statementကို ပြည်သူတွေထံ ထုတ်ပြန်မယ်၊သမ္မတကို မီဒီယာတွေက တဆင့် တောင်းဆိုပါမယ်။


Post By - ဇာဏီ ( Burma VJ Media Network)






ဦး​ခွန်ထွန်း​ဦး​နှင့်​ ကိုမင်း​ကိုနိုင် ကို မိသား​စု​တွေ့​ခွင့်​ရ


Published on November 21, 2011 by နော်နိုရင်း  
အခုလ ၁၆ ရက်​နေ့​တုန်း​က ​ထောင်​ပြောင်း​ရွှေ့ခံထား​ရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တချို့​ကို မိသား​စုဝင်​တွေက ဒီ​နေ့​ ​ထောင်ဝင်စာ သွား​ရောက် ​တွေ့​ဆုံ​ပါတယ်။

မင်းကိုနိုင်

အခုလ ၁၆ ရက်​နေ့​က ရှမ်း​ပြည်နယ် ကျိုင်း​တုံ​ထောင်က​နေ သရက်​ထောင်ကို ​ပြောင်း​ရွှေ့​ထား​တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်ကို မိသား​စုဝင်​တွေက ဒီက​နေ့​ ​တွေ့​ခွင့်​ ရရှိခဲ့​ပါတယ်။
ကိုမင်း​ ကိုနိုင်ကို ​ထောင်ဝင်စာ သွား​တွေ့​ခဲ့​တဲ့​ အစ်မတဦး​က “​တွေ့​ခွင့်​ရပါတယ်။ မိနစ် ၂၀ ​ကျော်​ကျော် စကား​ပြောခွင့်​ရပါတယ်။ အခုပဲ​တွေ့​ပြီး​ ထွက်လာတာပါ။ ကျမလည်း​ ​ပြောင်း​လိုက်​ရွှေ့​လိုက်နဲ့​ဆို​တော့​ ဘယ်လို​ရွှေ့​လည်း​ ဘယ်လမ်း​ကလာလည်း​ပေါ့​၊​ ​နေ​ကောင်း​ရဲ့​လား​၊​ ဘာပစ္စည်း​တွေ လိုအပ်သလဲ။ အဲဒါ​တွေပဲ ​မေး​လိုက်ရပါတယ်။ ​အောင်လံက​နေ သရက်ကို သဗ္မာန်နဲ့​ ကူး​ရလား​လို့​ ​မေး​တော့​ မဟုတ်ဘူး​တဲ့​။ သူ့​ကို မင်း​တုန်း​၊​ ကံမဘက်က​နေ ကား​နဲ့​ပတ်​ခေါ်တာတဲ့​။ နည်း​နည်း​တော့​ ပင်ပန်း​တာ​ပေါ့​။ ခရီး​ဆက်တိုက်ဖြစ်သွား​တော့​။”
ထောင်​ပြောင်း​ရွှေ့​မှု​ကြောင့်​ အနည်း​ငယ်ပင်ပန်း​တာကလွဲရင် ကိုမင်း​ကိုနိုင် ​နေ​ကောင်း​ ကျန်း​မာတယ်လို့​ ​ပြောပါတယ်။
ရှမ်း​တိုင်း​ ရင်း​သား​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​ကိုလည်း​ ပူတာအို​ထောင်က​နေ ​တောင်ငူ​ထောင်ကို ​ပြောင်း​ရွှေ့​ထား​တယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ပြောခွင့်​ရ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

ခွန်ထွန်းဦး

“ပူတာအိုက​နေ မြစ်ကြီး​နား​ကို ​လေယာဉ်နဲ့​ပို့​တယ်။ မြစ်ကြီး​နား​မှာ နှစ်ည နား​တယ်။ ပြီး​တော့​ မြစ်ကြီး​နား​က​နေ မန္တ​လေး​ကို ​လေယာဉ်နဲ့​ပို့​တယ်။ မန္တ​လေး​မှာ တည ထပ်နား​ပြီး​တော့​ စ​နေ​နေ့​ ကား​နဲ့​ပြန်ထွက်လာတယ်။ မ​နေ့​ကမနက်ပဲ ​တောင်ငူကို ​ရောက်ပါတယ်။”
ဦး​ခွန်ထွန်း​ ဦး​ကို ​တောင်ငူ​ထောင်မှာ မိသား​စုဝင်​တွေက ဒီက​နေ့​ သွား​ရောက် ​တွေ့​ဆုံ​နေပြီး​ ပြန်လာမှ အကျိုး​အ​ကြောင်း​ သိရမယ်လို့​ ဆိုပါတယ်။
၂၀၀၇ သံဃာ့​သပိတ်​ခေါင်း​ဆောင် အရှင်ဂမ္ဘီရကိုလည်း​ အာဏာပိုင်​တွေက စစ်ကိုင်း​တိုင်း​ က​လေး​ထောင်က​နေ ဧရာဝတီတိုင်း​ ​မြောင်း​မြ​ထောင်ကို ​ပြောင်း​ရွှေ့​ထား​ပါတယ်။
အရှင်ဂမ္ဘီရနဲ့​ ​တွေ့​နိုင်ဖို့​ အစ်မ​တော်ဖြစ်သူ မခင်သူ​ဌေး​ ဒီက​နေ့​ ​မြောင်း​မြ​ထောင်ကို သွား​တယ်လို့​ သိရပါတယ်။
အရှင်ဂမ္ဘီရကို အခုလ ၁၆ ရက်​နေ့​က က​လေး​ထောင်က​နေ အင်း​စိန်​ထောင်၊​ အဲဒီ​နောက် ​မြောင်း​မြ​ထောင်ကို ထပ်​ပြောင်း​လိုက်တာဖြစ်ပါတယ်။
အရှင်ဂမ္ဘီရကို ​မြောင်း​မြ ​ထောင်မပို့​ခင် အင်း​စိန်က စစ်​ခွေး​တိုက်မှာ ထား​တယ်လို့​ ​သောကြာ​နေ့​က အင်း​စိန်​ထောင်က လွတ်လာတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တဦး​က ​ပြောပါတယ်။
http://burmese.dvb.no/archives/18118

မြန်မာအစိုး​ရနှင့်​ ​ကေအန်ယူ , ရှမ်း​ပြည်တပ်မ​တော်ဆွေးနွေးပွဲပြုလုပ်

မြန်မာအစိုး​ရနှင့်​ ​ကေအန်ယူ ​ဆွေး​နွေး​ပွဲပြီး​ဆုံး
Published on November 21, 2011 by နော်နိုရင်း

ထိုင်း​ – မြန်မာနယ်စပ်တ​နေရာမှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က စတင်ခဲ့​ကြတဲ့​ မြန်မာအစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (ကေအန်ယူ) တို့​ရဲ့​ ​ဆွေး​နွေး​ပွဲ ဒီကနေ့​ ပြီး​ဆုံး​သွား​ပြီဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲမှာ ​ကေအန်ယူဘက်က စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ် မူတူး​စေး​ဖိုး​ ဦး​ဆောင်ပြီး​ မြန်မာအစိုး​ရဘက်က ရထား​ပို့​ဆောင်​ရေး​ဝန်ကြီး​ ဦး​အောင်မင်း​က ဦး​ဆောင် ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။

ဆွေး​နွေး​တဲ့​ အ​ကြောင်း​အရာ​တွေကို အ​သေး​စိတ် ထုတ်​ဖော် ​ပြောဆိုခြင်း​ မရှိ​သေး​ပါဘူး​။

ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ပြီး​ ​ကေအန်ယူက ဒု-ဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သက​ပေါက “အလွတ်သ​ဘော​တွေ့​တာပဲ။ ဒါတရား​မဝင်ဘူး​၊​ တရား​ဝင်ဖြစ်တာ မဟုတ်ဘူး​။

သူ့​ဘက် ကိုယ့်​ဘက် တီး​ခေါက်ကြည့်​တဲ့​ အဆင့်​ပဲ” လို့​ ​ပြောပါတယ်။

ကေအန်ယူအဖွဲ့​ကို ဘား​အံမြို့​မှာ ရုံး​စိုက်ခွင့်​၊​ လက်နက်မကိုင်​ဆောင်ဘဲ လွတ်လပ်စွာ သွား​လာခွင့်​၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေ လုပ်ကိုင်ခွင့်​၊​ ဗဟိုအစိုး​ရနဲ့​ဆွေး​နွေး​ခွင့်​ စတာ​တွေအပြင် ဖွဲ့​စည်း​ပုံဥပ​ဒေပြင်ဆင်​ရေး​မှာလည်း​ ပါဝင်ခွင့်​တွေ​ပေး​မယ်လို့​မြန်မာအစိုး​ရဘက်က စကား​ကမ်း​လှမ်း​ခဲ့​တယ်လို့​လည်း​ ​ကေအန်ယူက ​ပြောပါတယ်။

မြန်မာအစိုး​ရက ​ကေအန်ယူ အပါအဝင် တိုင်း​ရင်း​သား​ အဖွဲ့​အစည်း​တွေကို တဖွဲ့​ချင်း​ခွဲပြီး​ ​တွေ့​နေတာဟာ တိုင်း​ရင်း​သား​အား​လုံး​ ညီညွတ်​ရေး​နဲ့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ မရနိုင်ဘူး​လို့​ ပဒို​ဒေး​ဗစ်သက​ပေါက ​ပြောပါတယ်။

“အခုဟာက ထိုး​ခွဲ​နေတဲ့​ပုံစံမျိုး​ပဲ။ ကျ​နော်တို့​က​တော့​ ရပ်တည်ရမှာပဲ။ အပစ်အခတ်ရပ်စဲ​ရေး​က တပြည်လုံး​အတိုင်း​အတာ တိုင်း​ရင်း​သား​တွေအ​ပေါ် စစ်ပြု​နေတာ​တွေ အား​လုံး​ရပ်ပြီး​တော့​ အ​သေး​စိတ်​ဆွေး​နွေး​ရမယ်။ ​နောက်ပြီး​တော့​ အနှစ်သာရရှိရှိ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို ယူအန်အက်ဖ်စီနဲ့​ဆွေး​နွေး​…”

ယူအန်အက်ဖ်စီ ​ခေါ် ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီအဖွဲ့​ကို ​ကေအန်ယူ၊​ ​ကေအန်ပီပီ (ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ)၊​ အက်စ်အက်စ်ပီပီ (ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ) နဲ့​ ​ကေအိုင်အို (ကချင်အမျိုး​သား​လွတ်​မြောက်​ရေး​အဖွဲ့​) စတဲ့​ တိုင်း​ရင်း​သား​အဖွဲ့​အစည်း​ ၁၂ ဖွဲ့​နဲ့​ ဖွဲ့​စည်း​ထား​တာပါ။

ကေအိုင်အိုကို အပြင်း​အထန် ထိုး​စစ်ဆင်​နေချိန်မှာ ကျန်အဖွဲ့​ဝင်​တွေကို မြန်မာအစိုး​ရက ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဝန်ကြီး​ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရ ကိုယ်စား​လှယ်အဖွဲ့​ဟာ ​ကေအန်ယူနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​နေတဲ့​ စ​နေ​နေ့​က ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ (အက်စ်အက်စ်​အေ -အာစီအက်စ်အက်စ်)၊​ စီအန်အက်ဖ် (ချင်း​အမျိုး​သား​တပ်ဦး​) တို့​နဲ့​လည်း​ သီး​ခြား​စီ​တွေ့​ဆုံပြီး​ ​နေပြည်​တော်မှာ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်နိုင်​အောင် ပဏာမအဆင့်​ ညှိနှိုင်း​ဆွေး​နွေး​မှု​တွေ ပြုလုပ်​နေတာ ဖြစ်ပါတယ်။



ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရ ပဏာမ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး

Published on November 21, 2011 by ဒီဗွီဘီ

ရှမ်း​ပြည်လွတ်​မြောက်​ရေး​အတွက် လက်နက်ကိုင်တိုက်ပွဲဝင်​နေတဲ့​ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည် ထူ​ထောင်​ရေး​ကောင်စီ SSA- RCSS ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က ထိုင်း​-မြန်မာ နယ်စပ် တ​နေရာမှာ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စ ပဏာမ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။


ဒီ​ဆွေး​နွေး​ပွဲကို မြန်မာအစိုး​ရဘက်က မြန်မာ့​မီး​ရထား​ပို့​ဆောင်​ရေး​ ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်ပြီး​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ ​ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး​ ရွက်စစ်က ဦး​ဆောင်ပြီး​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

စ​နေ​နေ့​ မနက် ၉ နာရီ က​နေ ၁၀ နာရီခွဲထိ အချိန် တနာရီခွဲကြာ ပြုလုပ်ခဲ့​တဲ့​ ​ဆွေး​နွေး​ပွဲမှာ အစိုး​ရကိုယ်စား​လှယ်​တွေဘက်က နှစ်ဘက် အပစ်အခတ်ရပ်စဲ​ရေး​၊​ နှစ်ဖက်ဆက်ဆံ​ရေး​ရုံး​တွေ ဖွင့်​လှစ်ထား​ရှိ​ရေး​၊​ နှစ်ဖက်နယ်​မြေထဲမှာ လက်နက် မကိုင်​ဆောင်ဘဲ ဖြတ်သန်း​သွား​လာခွင့်​ပြု​ရေး​နဲ့​ ဗဟိုအစိုး​ရနဲ့​ တိုက်ရိုက်​ဆွေး​နွေး​ဖို့​ အချိန်​နေရာ သတ်မှတ်​ရေး​ အချက် ၄ ချက် တင်ပြခဲ့​ပါတယ်။

ရှမ်း​ပြည်တပ်မ​တော်ဘက်က​တော့​ နှစ်ဘက် အပစ်ခတ် ရပ်​ရေး​၊​ နိုင်ငံ​ရေး​ပြဿနာကို ​ဆွေး​နွေး​ညှိနှိုင်း​ ​ဖြေရှင်း​ရေး​၊​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆောင်ရွက်ဖို့​ ကိုယ်ပိုင်နယ်​မြေ သတ်မှတ်​ရေး​၊​ မူး​ယစ်​ဆေး​ဝါး​ ပူး​ပေါင်း​တိုက်ဖျက်​ရေး​ ကိစ္စ​တွေ တင်ပြခဲ့​ပါတယ်။

နှစ်ဘက်တင်ပြချက်​တွေဟာ အပြုသ​ဘော​ဆောင်တယ်လို့​ ရှမ်း​ပြည် တပ်မ​တော်ဘက်​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ခုလို​ပြောပါတယ်။

“ပထမအချက်မှာ​တော့​ ကျ​နော်တို့​မူအား​ဖြင့်​ တိုက်ဆိုင်မှု​တွေ၊​ သ​ဘောထား​ခြင်း​လည်း​ တူညီတယ်ဆိုပြီး​တော့​ မူအား​ဖြင့်​ သ​ဘောတူလက်ခံတဲ့​ အ​ကြောင်း​တော့​ ကျ​နော်တို့​ အကြမ်း​ဖျဉ်း​ပြောကြား​ထား​တယ်။ ကျ​နော်တို့​ အချက်သုံး​ချက်မှာဆိုရင်​တော့​ အပြုသ​ဘော​ဆောင်တဲ့​ ပုံစံမျိုး​တွေ ​တွေ့​ရတယ်။ ​နောက်ပြီး​တော့​ ပထမအချက်မှာ ​ဆောင်ရွက်ဖို့​ အချက်တချက်မှာလည်း​ အပြုသ​ဘော​ဆောင်တဲ့​ သ​ဘောထား​မျိုး​ကို ကျ​နော်တို့​တွေ့​ရှိရတယ်။ လုပ်ငန်း​စဉ် အပြီး​ဆွေး​နွေး​တဲ့​နေရာမှာ သ​ဘောတူညီချက်​တွေ ရရှိမယ့်​ တရား​ဝင်လက်မှတ်​ရေး​ ထိုး​ဖို့​ စဉ်း​စား​ထား​ပါတယ်။”

ဆက်ဆံ​ရေး​ရုံး​ဖွင့်​ရေး​ကိစ္စမှာ​တော့​ မြန်မာအစိုး​ရဘက်က ​တောင်ကြီး​၊​ ခိုလမ်၊​ မိုင်း​တုံစတဲ့​ မြို့​ ၃မြို့​မှာ ဖွင့်​လှစ်ဖို့​တင်ပြပြီး​ ရှမ်း​ဘက်က​တော့​ ရှမ်း​ပြည် ​တောင်ပိုင်း​မြောက်ပိုင်း​ ကူး​သန်း​ရေး​ အချက်အချာကျတဲ့​ မန္တ​လေး​မြို့​ အပါအဝင် ရှမ်း​ပြည်အ​ရှေ့​ပိုင်း​၊​ ​တောင်ပိုင်း​၊​ ​မြောက်ပိုင်း​နဲ့​ အ​ရှေ့​ပိုင်း​တွေမှာရှိတဲ့​ စုစု​ပေါင်း​ ၁၀ မြို့​မှာ ဆက်ဆံ​ရေး​ရုံး​တွေဖွင့်​ဖို့​ တင်ပြခဲ့​တယ်။

အပစ်အခတ်ရပ် နယ်​မြေနဲ့​ ကိုယ်ပိုင်ဖွံ့​ဖြိုး​ရေး​ဆောင်ရွက်ဖို့​ နယ်​မြေ​တွေ သတ်မှတ်ပြီး​ရင် ဒုတိယအကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို ​နေပြည်​တော်မှာ လုပ်မယ့်​အ​ကြောင်း​ တတိယအဆင့်​အ​နေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​အား​လုံး​ ပါဝင်တဲ့​ ညီလာခံတခု ​နေပြည်​တော်မှာ ကျင်း​ပမယ်လို့​လည်း​ အစိုး​ရဘက်က ​ပြောခဲ့​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ဆက်​ပြောပါတယ်။ ဒါ​ပေမယ့်​ ​နေ့​ရက် အချိန် မသတ်မှတ်ရ​သေး​ပါဘူး​လို့​ဆိုပါတယ်။

ထိုင်း​-မြန်မာနယ်စပ် လွိုင်တိုင်း​လျဲန်း​ အ​ခြေစိုက် ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ SSA- RCSS ဟာ ယခင် ဦး​ခွန်ဆာ ​ခေါင်း​ဆောင်တဲ့​ အမ်တီ​အေ အဖွဲ့​က​နေ ခွဲထွက်ခဲ့​တဲ့​ အဖွဲ့​တဖွဲ့​ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ် ဦး​ခွန်ဆာ လက်နက်ချအလင်း​ဝင်​ရောက်ခဲ့​တဲ့​အထဲ မပါဝင်ခဲ့​ဘဲ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​အ​နေနဲ့​ ဆက်လက်တိုက်ပွဲဝင်ခဲ့​ပါတယ်။ ၂၀၁၁ ​မေလမှာ ရှမ်း​ပြည်တပ်မ​တော် ​တောင်ပိုင်း​နဲ့​ ​မြောက်ပိုင်း​အဖွဲ့​ မူအရ တဖွဲ့​တည်း​ ​ပေါင်း​စည်း​ခဲ့​တယ်။

ဒါ​ပေမယ့်​ ဝမ့်​ဟိုင်း​ အ​ခြေစိုက် ရှမ်း​ပြည် တပ်မ​တော် ​မြောက်ပိုင်း​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ SSA- SSPP က​တော့​ ညီညွတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​ မူဝါဒအတိုင်း​ ​ဆွေး​နွေး​သွား​မယ်လို့​ ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီက ​ပြောပါတယ်။
http://burmese.dvb.no


KNU ငြိမ်းချမ်းရေးကော်မတီဝင်များ အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့

Submitted by admin on Monday, 21 November 2011--
နိုဝင်ဘာလ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယခုလ နိုဝင်ဘာလ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုစောအားတိုးက “အခုသွားတာ သဘောတူညီချက် လက်မှတ် သွားထိုးဖို့ သွားတာမဟုတ်ဘူးနော်။ Informal အနေနဲ့သွားတာပဲနော်။ ဒါကြောင့် ဒီတွေ့ဆုံမှုမှာ သဘောတူချက် လက်မှတ် ထိုးတာတို့ လုံးဝ မပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတွေ့ဆုံမှုတွင် (၁)အပစ်အခတ်ရပ်စဲရေး (၂)ဆက်ဆံရေးရုံးများ အပြန်အလှန်ထားရှိရေး (၃)လက်နက်မပါဘဲ နယ်မြေ ကျော်ဖြတ်ခွင့်ပြုရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့ပေါင်းစုံပါဝင်သည့် ဗဟိုအဆင့် ဆွေးနွေးပွဲအတွက် နေရာ၊ သတ်မှတ် ရေး စသည့် အချက်လေးချက်ကို ပဏာမအဆင့် သဘောတူညီခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကိစ္စတွင် ကရင်ဒေသအခြေအနေနှင့် တခြားတိုင်းရင်းသား ဒေသအခြေအနေနှင့် မတူညီသော ကြောင့် အချေအတင် ဆွေးနွေးသွားရမည့်သဘောရှိသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိမှာသာလျှင် ကျန်သည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအားတိုးက ပြောသည်။

ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်မှ သမ္မတဦးသိန်းစိန် တိုက်ရိုက် ခန့်အပ်စေလွှတ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းတစ်ဦးသာ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကေအဲန်ယူဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပဒိုစောဒေးဗစ်ထော၊ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောအားတိုးတို့ ပါဝင်သည်။
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် နောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပဒိုစောအားတိုးက ယခုလို ပြောသည်။

“ကျနော်တို့ ကေအဲန်ယူက သက်ဆိုင်ရာ ကော်မတီတွေ အားလုံးပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်ရအုံးမယ်။ ဆွေးနွေးရအုံးမယ်။ အဲဒီကိစ္စမှာ ကျနော်တို့ သတ်မှတ်ရက်အပေါ်မှာ ဦးအောင်မင်းကိုယ်တိုင် လက်ခံပြီးတော့ လာပြီးကြိုဆိုမယ်လို့ ပြောထားတာ ရှိတယ်”ဟု ၎င်းက ပြောသည်။

ယခုတွေ့ဆုံမှုမှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ မူအရ တွေ့ဆုံဆွေးနွေးခြင်း မဟုတ် ဘဲ ကေအဲန်ယူ ကိုယ်စားလှယ်အရ တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု သိရသည်။

ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာအစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ကေအဲန်ယူနှင့် တရားဝင် တွေ့ဆုံမှုသည် ယခုအကြိမ် နှင့်ဆိုလျှင် (၂)ကြိမ်မြောက်ဖြစ်သည်ဟု ကေအဲန်ယူဘက်က အတည်ပြု ပြောကြားခဲ့သည်။


KNU ငြိမ်းချမ်းရေးကော်မတီဝင်များ အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့
Submitted by admin on Monday, 21 November 2011--
နိုဝင်ဘာလ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
http://www.kicnews.org/
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယခုလ နိုဝင်ဘာလ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုစောအားတိုးက “အခုသွားတာ သဘောတူညီချက် လက်မှတ် သွားထိုးဖို့ သွားတာမဟုတ်ဘူးနော်။ Informal အနေနဲ့သွားတာပဲနော်။ ဒါကြောင့် ဒီတွေ့ဆုံမှုမှာ သဘောတူချက် လက်မှတ် ထိုးတာတို့ လုံးဝ မပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတွေ့ဆုံမှုတွင် (၁)အပစ်အခတ်ရပ်စဲရေး (၂)ဆက်ဆံရေးရုံးများ အပြန်အလှန်ထားရှိရေး (၃)လက်နက်မပါဘဲ နယ်မြေ ကျော်ဖြတ်ခွင့်ပြုရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့ပေါင်းစုံပါဝင်သည့် ဗဟိုအဆင့် ဆွေးနွေးပွဲအတွက် နေရာ၊ သတ်မှတ် ရေး စသည့် အချက်လေးချက်ကို ပဏာမအဆင့် သဘောတူညီခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကိစ္စတွင် ကရင်ဒေသအခြေအနေနှင့် တခြားတိုင်းရင်းသား ဒေသအခြေအနေနှင့် မတူညီသော ကြောင့် အချေအတင် ဆွေးနွေးသွားရမည့်သဘောရှိသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိမှာသာလျှင် ကျန်သည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအားတိုးက ပြောသည်။

ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်မှ သမ္မတဦးသိန်းစိန် တိုက်ရိုက် ခန့်အပ်စေလွှတ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းတစ်ဦးသာ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကေအဲန်ယူဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပဒိုစောဒေးဗစ်ထော၊ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောအားတိုးတို့ ပါဝင်သည်။
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် နောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပဒိုစောအားတိုးက ယခုလို ပြောသည်။

“ကျနော်တို့ ကေအဲန်ယူက သက်ဆိုင်ရာ ကော်မတီတွေ အားလုံးပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်ရအုံးမယ်။ ဆွေးနွေးရအုံးမယ်။ အဲဒီကိစ္စမှာ ကျနော်တို့ သတ်မှတ်ရက်အပေါ်မှာ ဦးအောင်မင်းကိုယ်တိုင် လက်ခံပြီးတော့ လာပြီးကြိုဆိုမယ်လို့ ပြောထားတာ ရှိတယ်”ဟု ၎င်းက ပြောသည်။

ယခုတွေ့ဆုံမှုမှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ မူအရ တွေ့ဆုံဆွေးနွေးခြင်း မဟုတ် ဘဲ ကေအဲန်ယူ ကိုယ်စားလှယ်အရ တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု သိရသည်။

ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာအစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ကေအဲန်ယူနှင့် တရားဝင် တွေ့ဆုံမှုသည် ယခုအကြိမ် နှင့်ဆိုလျှင် (၂)ကြိမ်မြောက်ဖြစ်သည်ဟု ကေအဲန်ယူဘက်က အတည်ပြု ပြောကြားခဲ့သည်။
http://www.voanews.com/burmese/news/Burma-peace-talk-11-21-11-134232693.html

တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရ ဆွေးနွေးပွဲများ ပြုလုပ်
ဖနိဒါ | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၁ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။ ။ နှစ်ဘက်အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးခုတို့ နိုဝင်ဘာ ၁၉ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S ) ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် ချင်းအမျိုးသား တပ်ဦးတို့သည် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ရထားပို့ဆောင်ရေး ဝန်ကြီးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းက အပစ်ခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ မိမိနယ်မြေမှ ကျော်လွန်၍ လက်နက် ကိုင်ဆောင် သွားလာခြင်း မပြုလုပ်ရေး၊ ဗဟိုအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက်တို့ကို တိုင်းရင်းသားအဖွဲ့များအား ရှင်းလင်း ပြောကြားခဲ့သည်။

KNU ဘက်မှ ဗဟိုကော်မတီဝင် ဒေးဗစ်ထော၊ ပဒို အားတိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူတူးတို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ရထားပို့ဆောင်ရေး ဝန်ကြီးတက်ရောက်ခဲ့သည်။ Euro Burma Office မှ ဦးဟန်ယောင်ဝေ နှင့် Myanmar Egress မှ ဦးတင်မောင်သန်း၊ ဒေါက်တာကျော်ရင်လှိုင်တို့လည်း တက်ရောက်ခဲ့သည်။
“ကျနော်တို့ရဲ့ လိုလားချက် ကျနော်တို့ သဘောထားနဲ့ တူညီရင် လက်မှတ်ထိုးဖို့ ရှိပါတယ်။ ဒါပေမယ့် အသေးစိတ်
ဆွေးနွေးဖို့ ရှိပါသေးတယ်" ဟု SSA-S ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်းက မဇ္စျိမကို ပြောသည်။

ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင် ဆောင်ရွက်ပေးသူများတွင် Euro Burma Office မှ ဦးဟန်ညောင်ဝေနှင့် ရန်ကုန်အခြေစိုက် Myanmar Egress အဖွဲ့မှ ဦးနေဝင်းမောင်၊ ဦးတင်မောင်သန်း၊ ဒေါက်တာ
ကျော်ရင်လှိုင်နှင့် ဦးဆန်နီ တို့လည်း ပါဝင်သည်။

ငြိမ်းချမ်းရေးအတွက် အဆင့်သုံးဆင့် သတ်မှတ်ထားပြီး ရှေးဦးစွာ အပစ်ခတ်ရပ်ရေး၊ သက်ဆိုင်ရာ ပြည်နယ် မြို့တော်များတွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရေး၊ သက်ဆိုင်ရာ ဒေသလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းများ ရေးဆွဲရန်နှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ပြီး တိုင်းရင်းသား အားလုံး၏ သဘောတူညီချက်များ ရရှိပါက လွှတ်တော် ကိုယ်စားလှယ်များရှေ့တွင် သဘောတူညီချက် လက်မှတ်
ရေးထိုးကာ ပင်လုံညီလာခံကဲ့သို့ လုပ်ဆောင်ရေးတို့ ပါဝင်သည်ဟု နှစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

ရှမ်းအဖွဲ့မှ စိုင်းလောဝ်ဆိုင်းကလည်း “ပင်လုံ ညီလာခံကြီးလိုမျိုး နောက်ထပ် အမျိုးသား ညီလာခံ ကျင်းပပေးမယ် ဆိုတဲ့ အကြောင်း ပြောကြားသွားပါတယ်။”ဟု မဇ္စျိမကို ပြောသည်။

SSA အဖွဲ့က အပစ်အခတ် ရပ်ရေး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနှင့် အဖြေရှာရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ အစိုးရ
နှင့် ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မူးယစ်ဆေးဝါး ပြဿနာများကို ပူးပေါင်းတိုက်ဖျက်သွားရေး စသည့် အချက် များ တင်ပြထားသည်ဟု ဆိုသည်။

သဘောတူညီချက်များတွင် ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း တောင်ကြီး၊ မိုင်းတုံနှင့် ခိုလမ် စသည့် မြို့နယ်သုံးခု တွင် SSA-S ဆက်ဆံရေးရုံး ဖွင့်ရန်လည်း သဘောတူထားသည်။ သတင်းရပ်ကွက်တခုက ရှမ်းတောင်ပိုင်း
နောက်ထပ် အစည်းအဝေးကို တောင်ကြီးတွင် ပြုလုပ်ရန် သဘောတူညီချက် ရထားသည်ဟု သိရသည်။

အလားတူပင် KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထောနှင့် သစ်တောဌာန တာဝန်ခံ ပဒိုစောအားတိုးတို့က ဝန်ကြီး ဦးအောင်မင်းတို့နှင့် စနေနေ့တွင် ဒုတိယတကြိမ် တွေ့ဆုံခဲ့သည်။

“အပစ်အခတ် ရပ်ရေးကိစ္စ၊ အပစ်အခတ် ရပ်ရေးကိစ္စ ဆွေးနွေးပြီးလို့ ရှိရင် နှစ်ဘက် ဆက်ဆံရေး ကိုယ်စားလှယ်ရုံး ထားရှိဖို့၊ အပစ်အခတ် ရပ်စဲပြီးသွားရင် လက်နက်မပါဘဲ နှစ်ဘက်လုံးကနေ လက်နက်မပါဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုရေးကိစ္စ၊ နိုင်ငံရေးနဲ့ ပတ်သက်နဲ့ ကိစ္စတွေ ဆွေးနွေးမယ်ဆိုရင် တိုင်းရင်းသား လူမျိုးစု အားလုံး စုစုစည်းစည်း ပါဝင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စု အစိုးရရယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ရယ် ပါဝင် ဆွေးနွေးပွဲ လုပ်ဖို့ ပါဝင်တယ်။”ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ ကိုယ်စားလှယ် တဦးဖြစ်သူ ပဒိုအာတိုးက ပြောသည်။


“တိုင်းရင်းသား တစုနဲ့တစုက အခြေအနေချင်း မတူဘူး။ နယ်မြေဒေသချင်း တည်ဆောက်ပုံ မတူဘူး။ ကျနော်တို့
ကေအန်ယူ စစ်ရေးကိစ္စမှာ ဖြစ်တဲ့ အပစ်အခတ် ရပ်ရေးမှာ ကျနော်တို့ အချိန်ယူပြီးတော့ ဆွေးနွေးဖို့ လိုမယ်လို့
မြင်တယ်။ ဒီဆွေးနွေးမှုကို သိပ်ပွင့်လင်းတာပေါ့”ဟု ပဒိုအားတိုးက ပြောသော်လည်း ယုံကြည်မှု တည်ဆောက်မှုနှင့် ပတ်သက်၍ “အစိုးရအပေါ် ဘာဘဲဖြစ်ဖြစ် အကောင်အထည်ပေါ်လာမှပဲ၊ ယုံကြည်နိုင်လောက်တဲ့ အခြေအနေကျ မှ (ယုံကြည်ရပြီဆိုတာ) ပြောရမှာပေါ့နော်။” ဟု ဆိုသည်။

တနေ့တည်းမှာပင် CNF ဥက္ကဋ္ဌ ဦးဇိန်ရွှန် (U Zing Cung) နှင့် တွဲဘက် အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးတို့ ဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့တို့ ပြီးခဲ့သည့် နှစ် နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးအပြီး ပမာဏ အပစ်အခတ် ရပ်ရေးကို မူအားဖြင့် သဘောတူထားသည်။

“သမ္မတက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး လုပ်ချင်လို့ ဖိတ်စာပေးခဲ့တယ်ပေါ့။ အဲဒါကို လူကိုယ်တိုင် လာပေးတာပါ။ ပြီးတော့ ကျနော်တို့ အရင်တုန်းက အပစ်အခတ် ရပ်စဲတာက နိုင်ငံရေး ပြဿနာကို ဘာမှမဆွေးနွေးခဲ့လို့ မအောင်မြင်ဘူးပေါ့၊ အဲဒါကြောင့် ဒီတခေါက်တော့ ကျနော်တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်မယ်ဆိုတာလည်း သူက ပြောပြတယ်။”ဟု ဦးရွှေခါးက မဇ္စျိမကို ပြောသည်။

ဆက်လက် ဆွေးနွေးရန် လာမည့်နှစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ဟားခါးမြို့၌ ထပ်မံ ဆွေးနွေးသွားရန် သဘောတူထားပြီး ချင်းပြည်နယ်တွင် ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ စီးပွားရေးဇုံ ဖွင့်လစ်ရေး စဉ်းစားရန် ဦးအောင်မင်းက အကြံပြုသည်ဟု ဆိုသည်။


KNPP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီတူးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထဲဘူးတို့ နှစ်ဦးနှင့် ဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့ ပဏာမ တွေ့ဆုံခဲ့ကြပုံကို ပါတီ၏ အတွင်းရေးမှူး ခူဦးရယ်က ပြောလိုက်ပြီး “ကျနော်တို့ ထူးထူးထွေထွေ တင်ပြထားတာ မရှိဘူး။ ကျနော်တို့ တွေ့သင့်တယ်ဆိုတဲ့ သဘောထားပေါ်မှာပဲ သွားတွေ့ လိုက်တာပါ။”ဟု သူက မဇ္စျိမကို ပြောသည်။

ဆွေးနွေးမှုများမှာ အစပင်ရှိသော်လည်း အလားအလာကောင်းသည်ဟု ယုံကြည်ကြောင်း Myanmar Egress တည်ထောင်သူ တဦးဖြစ်သော ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။

“အရင်အစိုးရတွေတုံးက အပစ်ခတ် ရပ်စဲရေးတွေ လုပ်တာမှာ ပြည်သူအတွက် မပါဘဲ အပေါ်ကပဲ လုပ်တာ၊
အောက်ခြေက မပါလာဘူး။ ပြည်သူတွေကို အကျိုးမပြုတဲ့ အတွက် အပစ်ခတ် ရပ်စဲရေးက မအောင်မြင်ခဲ့ဘူးလို့ ထင်တယ်။ အခုတခါတော့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အခြေခံပြီးတော့ အဖြေရတဲ့အထိ ကြိုးစားမယ်လို့
ဝန်ကြီး ဦးအောင်မင်းကကော၊ သမ္မတကြီး ဦးသိန်းစိန်ကောက ခိုင်မာမှု ရှိတယ်။” ဟု သူက ပြောသည်။

“ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ သမ္မတတို့တွေ့တော့ အန်တီက သူ့ဘဝမှာ အလိုချင်ဆုံးအရာ တခုက နိုင်ငံရဲ့ ငြိမ်းချမ်းရေးလို့ ပြောတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သမ္မတကြီး လုပ်ဆောင်သွားရင် သူအမြဲတမ်း ရပ်တည်ပြီး
ထောက်ခံမယ် ပြောတယ်။” ဟု သူက ထပ်ပြောသည်။

တဖွဲ့ချင်းစီနှင့် တွေ့ဆုံပြီး နောက်နေ့တွင် KIO အဖွဲ့ ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသားအဖွဲ့ ငါးဖွဲ့က ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ဦးအောင်မင်းတို့နှင့် နံနက် ၁၀ နာရီ မှစ၍နှစ်နာရီခန့်ကြာ ထပ်မံတွေ့ဆုံခဲ့သေးသည်။

မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည့် အသေးစိတ်ကို ပြောဆိုခြင်း မရှိသော်လည်း အစိုးရ ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးရေး ဦးဆောင်နေသော ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ အစား ပြည်ထောင်စုအဆင့် ဝန်ကြီးများနှင့် ပြောင်းလဲ ခန့်အပ်ပေးရန် ဦးအောင်မင်းသို့ စာတစောင် ပေးပို့ ထားသည်ဟု ဆိုသည်။ ဦးအောင်သောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး (၁)ဖြစ်ပြီး ဦးသိန်းဇော်မှာ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဖြစ်သည်။

တွေ့ဆုံမှုတွင် KIO မှ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဦးလဖိုင်လတို့ ပါဝင်သည်ဟု ဆိုသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေကြသော တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်နိုင်ရန် နေပြည်တော်က ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့တဖွဲ့နှင့် ဦးအောင်မင်း တဖွဲ့ခွဲကာ ကြိုးစားနေခဲ့သည်။

KIO နှင့် အစိုးရတို့ နောက်ဆုံး ဆွေးနွေးသည်မှာ သြဂုတ်လ နှစ်ရက်နေ့ကဖြစ်ပြီး သဘောတူညီချက် မရဘဲ တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေခဲ့သည်။


ရခိုင်မှ လျို့ဝှက် ယူဆောင်သွားသော ဆင်ဖြူ နေပြည်တော်သို့ ရောက်ရှိ


News Date:11/21/2011
မောင်ရမ္မာ
---------
ရခိုင်ပြည်နယ်မှ လျို့ဝှက် ယူဆောင်သွားသော ဆင်ဖြူမှာ နိုဝင်္ဘာလ ၂၀ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆင်ဖြူမှာ ရခိုင်မှ ဆဌမမြောက် ဖမ်းဆီးရမိသော ဆင်ဖြစ်ပြီး ယခု တခေါက်တွင် ဆင်ဖြူကို လျို့ဝှက်စွာ ယူဆောင်သွားကြောင်း သိရသည်။

white-elephan-capture-in-Arakan-state-Burmaphoto by Eleven
" ဆင်ဖြူရတိုင်း ဗမာပြည်သို့ ယူဆောင်သွားတော့ ဒီတခေါက်မှာ ရခိုင်ပြည်သူတွေ ဆန့်ကျင် ကန့်ကွက်မှာကို စိုးရိမ်ပုံရပါတယ်။ ဒါကြောင့် ဘူးသီးတောင် ဆိပ်ကမ်းကနေ ယူသွားတာ ဦးဇင်းတို့တောင် မသိလိုက်ဘူး။ အခုက ဒီမိုကရေစီ အစိုးရ ဖြစ်နေပြီဆိုတော့ ရခိုင်လူထုတွေ ကန့်ကွက်မှာ စိုးရိမ်ပုံရတယ်။ ဒါကြောင့် ဆင်ဖြူ ယူသွားတာ တစုံတရာ သတင်းထုတ်ထုတ်ပြန်မူ မလုပ်ဘဲ ယူဆောင်သွားပါတယ်။ အရင်ကတော့ ဖမ်းမိတာနဲ့ တိုင်းသိ ပြည်သိ ကျေညာပါတယ်" ဟု ဘူးသီးတောင်မှ ဦးဇင်း ၀ရသာမိက ပြောသည်။

ဆင်ဖြူတော် ဖမ်းဆီးရမိပြီးနောက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အဆိုပါ ဆင်ဖြူတော်အား ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထားရှိရန် တောင်းဆိုသွားမည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ဒက္ကားမြို့ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းမှ ဆင်ဖြူ ဖမ်းဆီး ယူဆောင်သွားခြင်းနှင့် ပတ်သက်ပြီး သူမ အမြင်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။

" ရခိုင် အမျိုးသားတွေက ဆင်ဖြူတော်ကို အမြဲတမ်း တန်ဖိုးထားတယ်။ ဆင်ဆိုတာ ရခိုင်နမ်လို့လည်း ပြောလို့ရပါတယ်။ အဲဒီလို ရခိုင် သားတွေ တန်ဖိုးထားတာကို ယူနေတာဟာ ရခိုင်သားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ နမ်နှိပ်တာ တမျိုး ဖြစ်ပါ တယ်။ အဲဒါကြောင့် ခုလို ယူဆောင်တာကို ကျွန်မအနေနဲ့ လုံးဝရှုပ်ချပါတယ်။ ဒီကိစ္စတွေကို ရခိုင်ပြည်သူတွေအနေနဲ့ မျက်စိဖွင့်၊ နား စွင့်ပြီးတော့ အားလုံး ကန့်ကွက်ကြဖို့လည်း ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။"

မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော ဆင်ဖြူတော် ၇ စီးအနက် ရခိုင်ပြည်မှ ဖမ်းဆီးရမိသော ဆင်ဖြူတော်မှာ ၆ စီး ဖြစ်သည်။

ရခိုင်ပြည်မှ ပထမဆုံး ဖမ်းဆီးရမိသော ဆင်ဖြူတော်ကို ၂၀၀၀ ပြည့်နှစ် ဇန္န၀ါရီလ ၂၀ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အထက်နန်းရာမှ၎င်း၊ ဒုတိယ ဆင်ဖြူတော်ကို ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မောင်တောမြို့နယ် အတွင်းမှ၎င်း၊ တတိယ ဆင်ဖြူတော်ကို ၂၀၀၂ ခုနှစ် ဒီဇင်္ဘာလ အတွင် ကိုင်းကြီးရွာမှ၎င်း၊ စတုတ္ထ ဆင်ဖြူတော်ကို ၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်းမှ၎င်း၊ ပဉ္စမမြောက် ဆင်ဖြူကို ၂၀၁၀ ခုနှစ် စက်တင်္ဘာလ ၂၃ ရက်နေ့တွင်၎င်း၊ ဆဌမမြောက် နောက်ဆုံးဖမ်းဆီးရမိသော ဆင်ဖြူကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် မောင်တောမြို့နယ် လောင်းဒုံ ဆင်သေပြင် ကျေးရွာတွင်၎င်း ဖမ်းဆီးရမိပြီး သတ္တမမြောက် ဆင်ဖြူတော်ကို ဧရာဝတီတိုင်းမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ဖမ်းဆီးရမိခဲ့သည်။

တိုင်းပြည်ကို အုပ်ချုပ်သူများက ဆင်ဖြူများ ဖမ်းမိရရှိခြင်းမှာ တိုင်းပြည် တိုးတက် သာယာ ၀ပြောရန် အတွက် အတိတ်နမိတ်များကောင်းများ ဖြစ်ကြောင်း တိုင်းပြည်သို့ ၀ါဒ ဖြန့် ပြောကြားလေ့ရှိသည်။

ယခုအခါ ဆင်ဖြူ ဖမ်းမိရရှိသည်မှာ မြန်မာ နိုင်ငံ၌ (၇) ကောင် ရှိခဲ့ပြီ ဖြစ်သော်လည်း တိုင်းပြည်မှာ ငြိမ်းချမ်းမူ မရှိသည့် အပြင် ဆင်းရဲ သထက် ဆင်းရဲလာသဖြင့် ဆင်ဖြူ ရရှိပါက တိုင်းပြည် တိုးတက်သာယာအေးချမ်းလာသည်ဆိုသော စကား အပေါ် လူအများက ယုံကြည်မူ မရှိ ဖြစ်နေကြကြောင်း သိရသည်။ 

http://www.narinjara.com/detailsbur.asp?id=3609

နိုင်ငံခြားရောက် မြန်မာ တွေ နဲ့  စိတ်ကျရောဂါ (အပိုင်း ၁) စင်္ကာပူ


by FNG on November 21, 2011
for-colored-girls-dvd
FNG။       ။နိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ် ကိုင် နေရသည့် မြန်မာ များ သည် ကမ္ဘာ
လုံးစီးပွားရေးပျက်ကပ်၏ အကျိုးဆက် ဖြင့် အလုပ် အကိုင် များ ရှား ပါး လာခြင်း ၊ ၀င်ငွေ ထွက်
ငွေ မမျှ တခြင်းစသည့် အကြောင်း များ ကြောင့် မွန်းကျပ်မှု ၊ စိတ်ထွက် ပေါက်မှု နှင့် စိတ်ဓာတ်
ကျဆင်း မှု နှင့်စိတ်ဖိစီးမှု များ ဖြစ်ပေါ် လာခဲ့ သည်။
အထူးသဖြင့် စိတ်ဓာတ် ကျဆင်း မှု ရောဂါ မှာ စင်္ကာပူ လို ၊ တောင် ကို ရီးယား လို နိုင်ငံ များ တွင်
အဖြစ်များ သည်။ နိုင်ငံ သေးငယ် ပြီး အပန်း ဖြေစရာ နည်းပါးသော ကြောင့် ဌာနေ နိုင်ငံ သား များ
ကိုယ် တိုင် စိတ်ဓာတ် ကျဆင်း မှု ရောဂါ များ ကြုံ တွေ့ နေရ ပြီး မိမိ  ကိုယ် ကို သတ်သေခြင်းများ
၂၀၀၇ ခုနှစ် မှ စတင် ကာ စင်္ကာပူ တွင် သုံး ဆ တိုးပွား လာပြီး ၊ တောင် ကိုရီးယား တွင် နှစ်ဆ
တိုး ပွား လာခဲ့ Time မဂ္ဂဇင်း ၏ မေလ ပထမပတ် ထုတ်  စစ်တမ်း တစ်ရပ် တွင် ဖော် ပြထား သည်။
စင်္ကာပူရောက် မြန်မာ လူမျိုး တို့  လည်း အဆို ပါ လူမှု အကျပ်အတည်း ၏ ဒဏ် က တစ်နည်းတစ်
ဖုံ ရိုက်ခတ် မှု ရှိရာ စင်္ကပူ နိုင်ငံ တွင် ၁၀ နှစ် နီးပါးကြာ ဟိုတယ်နှင့် ခရီး သွား လာရေး ၀န် ဆောင်
မှု လုပ်ငန်း တွင် လုပ် ကိုင် နေသည့်  မ အေးထက်စံ က ” ဒီမှာ က အပြိုင် အဆိုင် များ တယ် အလုပ်
ကို ပြိုင် ကြတယ်၊ နောက် အ၀တ် အစား ၊ လူနေ မှု အပြင်  …ငါ့ ဘဲက ဘယ် လို …သူ့ ဘဲ က ဘယ်
လို စသည် ဖြင့် ပြိုင်ကြတယ်။ တစ်ချို့  အလုပ်လာလုပ် တဲ့ မြန်မာ ကောင် မလေး တွေ ဒီမှာ အဆင်
ပြေ ပြီး အိုင်တီ နယ်ထဲ မှာ ကျင်လယ် နေတဲ့ ဘဲ မိုက်မိုက် ကလေး တွေ ရရင် ဂုဏ်ရှိ တယ် လို့  ထင်
နေကြတယ်။  ကလပ် တွေ သွား ကြ ၊ ရွှေ တွေ စု ရပ် မှာ အချင်း ပြန်ကြွား ကြ နောက် ပြတ် လို့ ရှိ
ရင် ရှက် ပြီး အလုပ် တွေ မဆင်း နိုင် ၊ အလုပ် တွေ ပြုတ် ကြ   တစ်ချို့ လည်း မြန်မာ ပြည်ကို ပြန်
လမ်းဘေး ရောက် သွား တာ တွေ လဲ ရှိ တယ် လို့  FNG ကို ပြောသည်။
ယခင် ကစင်္ကာပူရှိ  မြန်မာ သံရုံး ၏ အခွန် နှစ်ထပ် စနစ် က လည်း စင်္ကာ ပူ ရောက် မြန်မာ တို့  ကို
ပိုပြီး ဖိစိးမှု ဖြစ်စေသည် ဟု သိရသည်။ “ကျွန်တော် တို့ က သက်ဆိုင်ရာ နိုင်ငံ အတွက် လည်း ဆောင်
ရတယ်။ မြန်မာ သံရုံး ကိုလည်း ဆောင်ရတယ်။ ရှာသမျှ ငွေ ဘာမှ မကျန် ဘူး ဟု ပြောသည်။မကျေ
နပ် လို့  မြန်မာ ပြည် ပြန် မယ် ဆို လဲ အလုပ် မရှိ ဘူး ” စင်္ကာပူ ရှိ သင်္ဘော ကျင်း တွင် တာဝန်ထမ်း
ဆောင် နေ သည့် ကို ဌေးဇော်ဦး က သူ၏ ခံစား ရမှု ကို ပြောသည်။
စင်္ကာပူ နိုင်ငံ တွင် အလုပ်လုပ် ကိုင် နေသည့် မြန်မာ အများစု မှာ မြန်မာ နိုင်ငံ ၏ လူလတ်တန်းစား
အလွှာ မှ အများဆုံး ဖြစ်ပြီး အများစု မှာ ၎င်း တို့  ၏ လုပ် ခ လစာ များ ကို မြန်မာ နိုင်ငံ ရှိ ဆွေ မျိုး
သားချင်း နှင့် မိဘ များ ထံ သို့  ပြန်လည် ပို့ ဆောင် ကြရ ပြီး အချို့ က မူ ၎င်း တို့ လာရောက် စဉ်က
ငွေချေး ငှား လာကြသည့် ဘဏ် များ နှင့် အကျိုးဆောင် ဧဂျင် စီ များ ကို ပြန်လည် ပေး ဆပ်ရ
သည်။
ငွေကြေး တတ် နိုင်စွာ လာရောက် သူ တို့  အတွက် အခက် အခဲ မရှိ သော် လည်း ငွေ ကြေး အဆင်
မပြေ မှု ကြောင့် ချို့  တဲ့ စွာ လာရ သူ များ မှ အခက် အခဲ အချို့ ကို ပို ရင်ဆိုင်ရ ပြီး ထိုကြုံတွေ့ ရမှု
များ ကို ခံနိုင်ရည် စွမ်း မရှိ သည့် အခါ ဒုက္ခရောက် ကြရသည် ။
စင်္ကာပူ နိုင်ငံ တွင် မြန်မာ စားသောက် ဆိုင် ဖွင့် လှစ် ထား သူ တစ်ဦးက ဒီမှာ ရောက်လာတဲ့ လူငယ်
တွေ မှာ တစ်ချို့  က အပျော်ဘက် ရောက် သွား ပြီး အသုံး အဖြုန်း များကြ ရာ ကနေ မဖြစ်သင့်တာ
တွေ ဖြစ်တယ်။  စင်္ကာ ပူ ထောင် ထဲ မှာ မြန်မာ တွေ ရှိတယ်၊ ဒီမှာ အဆင် မပြေ လို့  မလေးရှားဘက်
ကို စတေးရှောင် သွား တဲ့ သူ တွေ ရှိတယ်။
နိုင်ငံ ရပ်ခြား ဆိုတော့ ကိုယ့် မြန်မာ ပြည်လို မဟုတ် ဘူး ၊ သတိထားရတယ် ၊ အသွား မတော်တစ်
လှမ်း ပဲ ” သူက FNG သို့  ပြောသည်။
စင်္ကာပူ ရှိ မြန်မာ အသိုင်း အ၀ိုင်း တွင် လတ်တလော ဉ် ရေပန်း စား နေသည့် သတင်း မှာ တိုက်ပေါ်
မှ ခုန် ချကာ မိမိကိုယ် ကို သတ်သေသွား သည့် မရင်ငြိမ်းပွင့် ၏ သတင်း ပင် ဖြစ်သည်။
မရင်ငြိမ်းပွင့် ၏ သတင်း နှင့် ပတ်သက် ပြီး စင်္ကာပူ  SAE ရှိ ကိုအောင် က ” ကြားတယ်ဗျာ၊ စိတ်မကောင်း
ဘူး ၊ ဒီမှာ က အခန်း တွေ ဌား ပြီး စု နေကြရတာ လေ တသီးပုဂ္ဂလ လွတ်လပ် မှု သိပ်မရှိဘူး ၊စိတ်
ညစ်ပြီ ဆိုရင် ပိုပြီး ညစ်ဖို့  ဘဲ ရှိတယ်။ ပျော်စရာ ရှိ ရင် လဲ ပို ပျော်ရတယ် ” ဟု သူ၏ စင်္ကာပူ အတွေ့ 
အကြုံ ကို ပြောပြသည်။
မြို့  ပြ ၏ မွန်းကျပ်မှု ဒဏ် မှာ အရှေ့ တောင် အာရှ နိုင်ငံ များ ဉ် စင်္ကာ ပူ သည် အဆိုးရွား ဆုံး ဖြစ်ပြီး
အထူး သဖြင့် မြန်မာ မိန်းကလေး ငယ် များ မှာ ကွဲပြား ခြားနား သော ယဉ်ကျေး မှု ၊ လုပ်ငန်းခွင်
ဖိ စီး မှု တို့  ၏ သားကောင် များ ဖြစ်ရသည်။
အချို့  က ထိုမွမ်းကျပ် မှု မှ လွတ်မြောက် ရန် တဒင်္ဂ သာ ယာ မှု များ နောက် လိုက်ရင်း မိမိ ကိုယ်
ကို လောင်မြိုက် ခံ သွား ကြ ရသည်။ စင်္ကာပူ ရှိ မြန်မာ ဘလောက်ဂါ တစ်ဦး ကမူ ” မရင် ငြိမ်းပွင့် ၏
သ တင်း က သူ တစ်ဦး တည်း ကို ကိုယ်စား ပြုတာ မဟုတ် ဘူး စင်္ကာ ပူ က မြန်မာ လူမျိုး တစ်ချို့ 
အထူး သဖြင့် မြန်မာ လူငယ်တွေ ရဲ့  ဘ၀ သရုပ် မှန် ပဲ ဟု သူ ၏ အမြင် ကို FNG သို့ ပြောသည်။
မြန်မာ နိုင်ငံ ကဲ့ သို့  ပင် နိုင်ငံရေး ရာသီဥတု မျိုး ဖြစ်သည့် စင်္ကာပူ သည် မြန်မာ လူငယ် တို့ အတွက်
လွတ်လပ် သည့် နေရာ တစ်ခု မဟုတ် ပဲ မိခင် တိုင်း ပြည်၏ ချွတ် ချုံ ကျသည့် စီးပွား ရေး ကြောင့်
ခရီး တစ်ထောက် နားရာ နေရာ ဖြစ်သည် ကို အစဉ် နှလုံး သွင်းထား ရမည် ဖြစ်သည်။
http://freedomnewsgroup.com/2011/11/21/burmese-depression/

ပြောင်းလဲလာတဲ့ NLD နိုင်ငံရေးလမ်းစဉ်



By ဦးသန်းလွင်ထွန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင် က အန်အယ်လ်ဒီပါတီ အနေနဲ့ ဘာကြောင့် ပါတီမှတ်ပုံတင်ဖို့ နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေး၊ ရှင်းလင်းချက်ကို တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပြန်လည် မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရေးကိစ္စဟာ ပြင်ပမှာ အငြင်းပွားမှုတွေ ရှိနေပေမယ့် နိုဝင်ဘာလ (၁၈) ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မျက်နှာစုံညီ အစည်းအဝေးပွဲမှာတော့ ကန့်ကွက်သူမရှိ တခဲနက် အတည်ပြုနိုင်ခဲ့တယ်လို့ အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းတင်က ပြောဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့  ရှေ့ လုပ်ငန်းစဉ်အလားအလာတွေအပြင် မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အကြောင်းကိုပါ ဦးဝင်းတင် က သုံးသပ်ပြောဆိုထားပါတယ်။

ဦးဝင်းတင် ။ ။ အပြင်မှာ သတင်းတွေမျိုးစုံဖြစ်တာပေါ့။ ဥပမာဆိုတော့ ကွဲလွဲကြတဲ့အသံလေးတွေ ဘာလေးတွေ ထွက်ကြတယ်။ အယူအဆလေးတွေ ရှိကြတယ်။ အမြင်လေးတွေ ရှိကြတယ်ဆိုတဲ့ အနေနဲ့ ဆိုတဲ့အခါကြတော့ ဒီအစည်းအဝေးကြတော့ ဘာများဆိုကြပြောကြမလဲပေါ့။ အဲဒီလိုတောင် တွက်နေကြတာ။ ဒါပေမဲ့လို့ အစည်းအဝေးကြတော့ တက်ရောက်လာကြတဲ့ ဗဟိုကော်မတီဝင်တွေက တခဲနက်ဆိုတဲ့ စကားပဲပြောရမှာပဲ။ တခဲနက်ကို ဆုံးဖြတ်လိုက်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တယောက်ဆိုတယောက်မှ ကွဲလွဲတဲ့အမြင်တွေ၊ အယူအဆတွေ ဘာတွေပြောတာတွေ သိပ်မရှိဘူး။ ထောက်ခံတာကတော့ အကုန်လုံး တခါတည်း မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကိုတော့ တခဲနက်ထောက်ခံလိုက်တာပါ။ အဲဒါက သိသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တခြားအမြင်တွေ။ သူတို့မြင်တာတွေ ရှိတာတွေ မပြောဖြစ်ဘူး။ မပြောကြဘူး။

ဦးသန်းလွင်ထွန်း ။ ။ ပြောဆိုဖို့ အခွင့်အရေး ရခဲ့ကြသလား။

ဦးဝင်းတင် ။ ။ ရတယ် ရပါတယ် အဖွဲ့ဝင်တိုင်း ရပါတယ်။ တခုရှိတယ် မပြောဖြစ်တဲ့ လူတချို့ တော့ ရှိပါတယ်။ ဥပမာ ကျနော်တို့ ဆိုပါစို့။ ကျနော်ဆိုရင် ခင်များတို့ အားလုံး သိကြတဲ့အတိုင်း ရွေးကောက်ပွဲဝင်ရေးနဲ့ ပတ်သက်လို့ ကျနော်မှာ ဒွိဟသံသယတွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း အရင်တုန်းကလည်း မီဒီယာတွေမှာ ပြောဘူးပါတယ်။ သို့သော် ကျနော်တို့ ထုံစံရှိတာကတော့ CEC လူကြီးတွေကတော့ မပြောကြဘူး။ ထိုင်နားထောင်ကြတယ်။ ကျနော်တို့လည်း ဦးစီးအဖွဲ့ဝင်ပဲ သို့သော် ကျနော်တို့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကတော့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကျနော်တို့ ကျန်တဲ့လူ (၁၀) ယောက် စုစုပေါင်း - ဒါတွေကတော့ ဘာမှမပြောကြပါဘူး။ သို့သော် ပြောလို့ရတဲ့လူတွေ အားလုံးကတော့ ဒီဟာကို တခဲနက် ထောက်ခံတယ်လို့ပဲ ယူဆနိုင်လောက်အောင် တသံတည်းထွက်ခဲ့ကြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်များ။ အထူးသဖြင့်ပေါ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေမှာ လှုပ်ရှားတက်ကြွတဲ့ အရင် ဒေါ်နော်အုန်လှတို့လို အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရာနဲ့ချီတဲ့လက်မှတ်တွေကို စုဆောင်ပြီးတော့ ပါတီပြန်ပြီး မှတ်ပုံမတင်ရေးကိစ္စကို တင်ပြထားတာတွေလည်းရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆွေးနွေးဆုံးဖြတ်ခဲ့ကြသလဲ။

ဦးဝင်းတင် ။ ။ အဲဒါတွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ဆွေးနွေးခြင်းမရှိဘူး။ သူတို့တွေအားလုံးဟာ ဗဟိုကော်မတီဝင်ရဲ့  ပြင်ပက ပုဂ္ဂိုလ်များဖြစ်ကြတော့ ပြင်ပ ပုဂ္ဂိုလ်များရဲ့  သဘောထားတွေ၊ အသံတွေ၊ အယူအဆတွေကိုတော့ ကျနော်တို့ အစည်းအဝေးမှာတော့ ထည့်ပြီးတော့ ဆွေးနွေးနိုင်ခြင်း မရှိဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီရဲ့  လုပ်ထုံးလုပ်နည်းမှာတော့ များသောအားဖြင့်ကတော့ အကြောင်းအရာတရပ်ကို သဘောတူတယ်ဖြစ်စေ၊ သဘောမတူဘူးဖြစ်စေ ဆန္ဒတွေကို တင်ပြိုင်ပိုင်ခွင့်ရှိကြတယ်။ ဒါပေမဲ့ ဒီလို ဆုံးဖြတ်ချက်တစုံတရာ ကျကျနန ကျပြီးပြီဆိုရင် ပါတီအဖွဲ့ဝင်တွေအားလုံးအနေနဲ့ ပါတီရဲ့  ရပ်တည်မှုအောက်မှာ ဘယ်လိုဆက်ပြီး လုပ်သွားဖို့ ဆရာအနေနဲ့ တိုက်တွန်းချင်ပါသလဲ။ ယူဆချက် ရှိပါသလဲ။

ဦးဝင်းတင် ။ ။ ဒါကတော့ ဒီလိုရှိတယ်ဗျ။ ကျနော်တို့ ဒီအစည်းအဝေး မတိုင်ခင်ကလည်း သဘောထား ပေးပြီးသာဖြစ်ပါတယ်။ ဥပမာဆိုရင် ကွဲလွဲတဲ့အယူအဆတွေ ရှိတာရှိမရှိ။ ရှိတာတွေကို ကိုယ့်ရဲ့  အယူအဆတွေကို ပြောကြဆိုကြ၊ ဆွေးနွေးကြ၊ တင်ပြကြ၊ ငြင်းခုံစရာရှိလည်း ငြင်းခုံကြပေါ့။ အဲဒါတွေ လုပ်ပြီးတယ်ဆိုတာနဲ့ တပြိုင်နဲ့ ဆုံးဖြတ်ချက်ကျပြီးတဲ့အချိန်၊ သို့မဟုတ်လည်း ဆုံးဖြတ်ချက်ချတဲ့ အချိန်မှာတော့ အားလုံးရဲ့  အများသဘောတူ ဆုံးဖြတ်ချက်နောက် လိုက်ကြဆိုတဲ့ သဘောထား နဂိုကတည်းက ရှိပါတယ်။ အဲဒီဟာမှာ ကျနော်တို့ အခုပြောချင်တာကတော့ ဒီနေ့ အစည်းအဝေးပုံသဏ္ဍာန်အရကတော့ ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့  သဘောထားတွေကို သူ့ရဲ့  မိန့်ခွန်းတွေထဲမှာ သူပြောတဲ့ စကားတွေထဲမှာ ထည့်ပြောပါတယ်။ သူ့ရပ်တည်ချက်၊ သူအနေနဲ့ မှတ်ပုံတင်ချင်တဲ့ဆန္ဒ၊ နောက် ရွေးကောက်ပွဲ ဝင်ချင်တဲ့သဘောထား ဆိုတာတွေကို ပြောပါတယ်။ အဲဒီတော့ ဒီမှာကြတော့ ဘာကိုသွားတွေ့ရသလဲဆိုတော့ အားလုံးသော ဗဟိုကော်မတီဝင်များဟာ ခေါင်းဆောင်ရဲ့  ဆုံးဖြတ်ချက်၊ ပါတီရဲ့  ဆုံးဖြတ်ချက်နောက်ကနေ တခါတည်း ရပ်တည်ပြီးတော့ တသံတည်းထွက်အောင်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရပ်တည်ခဲ့ကြတယ်လို့ အဲဒီလိုပဲ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးပါတီတခုအနေနဲ့ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်တယ်။ ရပ်တည်ရေးအတွက် မှတ်ပုံတင်တယ်ဆိုတာကတော့ တပိုင်းပေါ့။ ဒီနေရာမှာ ရွေးကောက်ပွဲဝင်မယ်။ အခုလောလောဆယ် ချမှတ်ထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ နေရာမှာကြတော့ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေကို ဒါက လုံးဝဘေးဖယ်ထားလိုက်ပြီဆိုတဲ့ သဘောမျိုး ရောက်သွားသလား။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် ရှင်းပြထားတာကို ကျနော်တို့ ကြားသိရပါတယ်။ ဦးဝင်းတင်ရဲ့  သဘောထားကိုလည်း သိချင်ပါတယ်။

ဦးဝင်းတင် ။ ။ ကျနော်တို့ကတော့ ဒီလိုရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကျနော်တို့ရဲ့  ရွှေဂုံတိုင်မှာ နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းမှာ ပြောခဲ့တယ့် ရပ်တည်ချက်က ဘာလဲဆိုတော့ ဒီရွှေဂုံတိုင်ကို ပစ်ပယ်လို့မရဘူး။ ကျနော်တို့ကို ပြည်သူလူထုက ယုံမှတ်ပြီးတော့ ကျနော်တို့ကို တာဝန်ပေးအပ်လိုက်တာ။ ကျနော်တို့ အမွေရတဲ့ ပစ္စည်းလည်း မဟုတ်ဘူး။ သူများဆီက တောင်းယူရရှိတဲ့ပစ္စည်းလည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီဆုံးဖြတ်ချက်တွေကို မြောင်းထဲလည်း ပစ်မချနိုင်ဘူး။ ဒီဟာတွေကို စွန့်ပစ် အဝေးကိုလည်း လွှင့်ပစ်တဲ့ပုံစံမျိုးလည်း မလုပ်နိုင်ဘူးဆိုတဲ့ အနေနဲ့ ကျနော်တို့ ကိုင်တွယ်ရပ်တည်ခဲ့တယ်။ အဲဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုတော့ စွန့်ပစ်ခြင်း မပြုနိုင်ဘူး။ ဒီဟာကို ဖယ်ရှားခြင်းလည်း မပြုနိုင်ဘူး။ ဒီရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရမယ်ဆိုတဲ့ တောင်းဆိုချက်က ကျနော်တို့ တချိန်လုံးတောင်းဆိုချက်ပဲ။ အဲဒါနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအစည်းအဝေးမှာ အများကြီးရှင်းပြသွားပါတယ်။ အဲဒါတွေကလည်း ပြေလည်တဲ့သဘောတော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဝေဖန်သူတွေ ဥပမာအားဖြင့် ဆုံးဖြတ်ချက်ကို ပြင်ပက ဆန့်ကျင်သူတွေ ထောက်ပြနေတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အဓိက ရပ်တည်ချက်တခုက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတဲ့နေရာမှာ အခု ဒီအချိန်မှာ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများဟာ ထောင်တွေထဲမှာ ရှိနေဆဲပါ။ ဒီအချက်ကို ပြေလည်အောင် မရသေးဘဲနဲ့။ လောလောဆယ်အားဖြင့် မှတ်ပုံတင် ပြန်တင်ဖို့၊ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ လုပ်လိုက်တယ်ဆိုတာဟာ ကိုယ့်ရဲ့  ရပ်တည်ချက်ကို လျှော့ပေးလိုက်တဲ့သဘောမျိုး ဖြစ်မနေဘူးလား။

ဦးဝင်းတင် ။ ။ ဒီလို တွက်ရင်လည်း တွက်ကြပေါ့။ ယူဆနိုင်ပါတယ်။ မယူဆရဘူးလို့ ကျနော် မပြောပါဘူး။ သို့သော် တဖတ်က ပြန်ကြည့်မယ်ဆိုရင်တော့လည်း ဒီ အကျဉ်းသားကိစ္စတို့ ဘာတို့ ရှိနေခြင်းကြောင့်သည်ပင်လျှင် ဒီလို မှတ်ပုံတင်မယ်။ ပါတီက ရွေးကောက်ပွဲဝင်မယ်ဆိုလို့ရှိရင် ပါတီဟာ တရားဝင်ပါတီဖြစ်လာမယ်။ နောက်တခါ လွှတ်တော်တို့ ဘာတို့မှာ ပြောခွင့်ဆိုခွင့် ရှိလာမယ်ဆိုရင် ဒီ အကျဉ်းသား လွှတ်ရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပိုပြီး ထိထိရောက်ရောက် ပြောဆိုနိုင်မယ်၊ ရပ်တည်နိုင်မယ်လို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာဦးဝင်းတင် ပြောတဲ့သဘောအရဆိုရင် လွှတ်တော်အတွင်း ရောက်လာပြီဆိုတဲ့စကားပါပါတယ်။ ဆိုတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ။ အခုလောလောဆယ်တော့ မကြေညာရသေးဘူး။ စုစုပေါင်း နေရာပေါင်း (၅၀) လောက် လစ်လှပ်မယ့် အနေအထားရှိပါတယ်။ အဲဒီအထဲမှာ ဝင်ပြိုင်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဝင်ပြိုင်မယ်ဆိုလို့ရှိရင် ဒီနေရာတွေ အကုန်လုံးမှာ အနိုင်ယူထားပါအုံးတော့ လွှတ်တော်ထဲမှာ ရမယ့်နေရာက တော်တော်လေးနေရာ ခပ်ကျဉ်းကျဉ်းပဲ ရှိပါလိမ့်မယ်။ အဲဒီတော့ အဲဒီအထဲမှာ ဝင်ပြီးဆောင်ရွက်နိုင်မယ့် အလားအလာကို ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။

ဦးဝင်းတင် ။ ။ ဒီလို ပြောရမယ်ထင်တယ် ရတာကတော့ ဒါကတော့ ရွေးချယ်တဲ့ မဲဆန္ဒရှင်လူထုရဲ့  ဆန္ဒသဘောထားပေါ်မှာ မူတည်တာပေါ့။ ဒါပေမဲ့လို့ အကြောင်းအားဖြင့် ရွေးတင်ပြီဆိုပါတော့ ရွေးတင်တဲ့အခါမှာ။ ဥပမာ အန်အယ်လ်ဒီ က (၄၀) ရတယ်ဆိုပါတော့ အလွန်နည်းတယ်ပေါ့။ ကျနော်တို့ သဘောတူပါတယ်။ သို့သော် အဲဒီနည်းပေမယ့်လို့ နည်းတဲ့ဟာကို ကျနော်တို့ ပွါးယူနိုင်တဲ့အား၊ ပွါးယူနိုင်တဲ့ စည်းရုံးရေအား၊ စည်းရုံးနိုင်တဲ့အား၊ ဆွေးနွေးနိုင်တဲ့အား ကျနော်တို့မှာ ရှိသလားလို့ ကြည့်တဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို့ ပုဂ္ဂိုလ်မျိုး ရှိနေရင် ခေါင်းဆောင်နေတဲ့ လွှတ်တော်အတွင်း အမတ်များရဲ့  ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေမယ်။ သို့မဟုတ်လည်း ဒီလွှတ်တော်အမတ်များကို ဒေါ်အောင်ဆန်းစုကြည် ကနေ ဦးဆောင်မှု ပေးနေနိုင်မယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပွများနိုင်သော အင်အားများနဲ့ ကျနော်တို့ လွှတ်တော်အတွင်းမှာရှိတဲ့ အခုန (၄၀) လောက် အမတ်များအားဟာ တစ်ဆ၊ နှစ်ဆ၊ သုံးဆ၊ လေးဆ စသည်ဟာမျိုး တိုးပွါးနိုင်တာမျိုး ရှိတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ပါတီမှတ်ပုံပြန်လည်တင်ရေး ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တဖတ်တလမ်းက ကြည့်မယ်ဆိုလို့ရှိရင် ဗမာပြည်ထဲမှာ လက်ရှိအစိုးရ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်တမ်းကို အပြုသဘောကို စွဲဆောင်ယူဆပြီးတော့ အသိအမှတ်ပြုလိုက်တဲ့ သဘောဖြစ်နေပါတယ်။ ဒါအပြင်လည်း ဗမာပြည်ထဲမှာ လက်ရှိ အစိုးရရဲ့  လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အာဆီယံ ဥက္ကဋ္ဌ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ၂၀၁၄ ခုနှစ်မှာ ဥက္ကဋ္ဌနေရာပေးရေး။ အဲဒါအပြင် မကြာသေးခင်ကပဲ သမ္မတ Obama ကနေ အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကိုယ်တိုင်ကို ဗမာပြည်ကို စေလွှတ်မယ်ဆိုတဲ့အကြောင်း ဒါတွေ ကြေညာထားပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ခြုံငုံပြီးတော့ သုံးသပ်ပြပါလား။ ဘယ်လိုများ အလားအလာကောင်းတွေ မြင်စရာရှိသလဲဆိုတာကို။

ဦးဝင်းတင် ။ ။ ဒီလိုတော့ ပြောလို့ရမယ်ခင်များ။ ကျနော်တို့ဟာ ဒီလို မှတ်ပုံတင်ခြင်း။ ရွေးကောက်ပွဲဝင်ရခြင်းဟာ ဒါဟာ ပြောင်းလဲလာတဲ့ အခြေအနေ။ ဥပဒေအကြောင်းအရ ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာတည်ပြီးတော့ ကျနော်တို့ပါတီမှာရှိတဲ့ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို ကိုင်စွဲပြီးတော့ ကျင့်သုံးခြင်းတာ ဖြစ်တယ်။ ဒီ အစိုးရရဲ့  လုပ်ငန်းတွေကို အသိအမှတ်ပြုရာ ရောက်တယ်ဆိုတဲ့သဘောနဲ့တော့ အဲဒီလိုမျိုးနဲ့တော့ မပြောသင့်ဘူးလို့၊ မပြောသာဘူးလို့ အဲဒီလိုပဲ ထင်ပါတယ်။ ဒါကတချက်ပေါ့။ နောက်တချက်ကတော့ Clinton လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ ဘယ်လိုတွက်သလဲဆိုတော့ ဒီအစိုးရက ဒီအခွင့်အရေးတွေအများကြီး။ အခြေအနေတွေ အများကြီး။ နိုင်ငံရေး အခြေအနေတွေ အများကြီးကို ပြောင်းလဲပေးတဲ့အတွက် လာတယ်လို့ဆိုတဲ့မျိုးကိုလည်း အဲဒီလို မတွက်ဘူး။ တွက်တာကတော့ ဘာလဲဆိုတော့ Mr. Obama ပြောသွားတဲ့ စကားအတိုင်းပဲ အများကြီး နှစ်ပေါင်းများစွာ ပိတ်စို့နေတဲ့နေရာကနေ အလင်းရောင်လေးဟာမျိုး မြင်လာတဲ့ဟာ။ အဲဒီလို အလင်းရောင်လေးမျိုး မြင်လာတဲ့အခါမှာ ဒါကို အင်္ဂလိပ်စကားနဲ့ပြောမယ်ဆိုရင် light in the tunnel ပေါ့။ ဥမင်လှိုဏ်ခေါင်ထဲက အလင်းရောင်ဆိုတဲ့ သဘောမျိုးနဲ့ သတ်မှတ်ရမယ့် ဗမာပြည်ရဲ့  အခြေအနေက။ အဲဒါကို Mrs. Clinton လာပြီးတော့ လေ့လာမယ်၊ ကြည့်ရှုမယ်၊ သုံးသပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်လို့ အဲဒီလိုပဲ ယူဆပါတယ်။ ဒါတချက်ပေါ့ နောက်တချက်ကတော့ Mrs. Clinton လာခြင်းဟာ ဒီ စစ်တပိုင်းအစိုးရ စစ်တဖြစ်လည်း အစိုးရရဲ့ အပေါ်မှာ အကျိုးကျေးဇူးတွေ ဘယ်လောက်ရှိမလဲ မရှိမှာကိုတော့ ကျနော်တို့ မသိဘူး။ သို့သော် ဗမာပြည်အတွက်တော့ အကျိုးများနိုင်တယ်။ ဘာလည်းဆိုလို့ရှိရင် Mrs. Clinton လာခြင်းအားဖြင့် ဗမာပြည်မှာ ဖြစ်နေတဲ့ကိစ္စတွေ ဥပမာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဒီနေ့အထိ ရှိနေတုန်းပဲ။ အလားတူပဲ တိုင်းရင်းသားများနဲ့ ပတ်သက်လို့ ပဋိပက္ခတွေကလည်း ဒီနေ့အထိ ရှိနေတုန်းပဲ။ ပြည်တွင်းစစ်ဆိုတာလည်း ရှိနေတုန်းပဲ။ ပြည်တွင်းစစ် မီးတောက်ကလည်း တိုးပွါးနေတဲ့ အနေအထားမှာရှိနေတယ်။ အဲဒီလို အနေအထားတွေအားလုံးကို Mrs. Clinton လို ပုဂ္ဂိုလ်မျိုးကလာပြီး ကြည့်ရှုမယ်၊ လေ့လာမယ်၊ သုံးသပ်မယ် ဆိုလို့ရှိရင် ဒါက ဒီအစိုးရ ဦးသိန်းစိန်အစိုးရက ပြောင်းလဲနိုင်တာ၊ မပြောင်းလဲနိုင်တာ တပိုင်း။ Mrs. Clinton တို့လာပြီး လေ့လာခြင်းအားဖြင့်ကို ပြောင်းလဲရမယ့် အနေအထားမျိုးတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်က ယူဆတယ်။ ဒါဟာ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးများစေမယ့် ကိစ္စဖြစ်တယ်လို့ အဲဒီလိုမျိုးပဲ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းတင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ခဲ့တာပါ။

http://www.voanews.com/burmese/news/



U Win Tin – စွန့်လွှတ် စွန့်စားရမယ့် စိန်ခေါ်မှုဆီသို့



စွန့်လွှတ် စွန့်စားရမယ့် စိန်ခေါ်မှုဆီသို့
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ နိုဝင်ဘာ ၂၁၊ ၂၀၁၁

            နိုဝင်ဘာ ၁၈ ရက်နေ့က အင်န်အယ်ဒီပါတီက ဗဟိုဦးစီးအစည်းအဝေးနဲ့ ထုတ်ပြန်ချက်ပြုတဲ့ဆီမှာ လက်ရှိအစိုးရရဲ့ ပြဋ္ဌာန်းချက်များနဲ့ ပါတီကို မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ပြည်တွင်း ပြည်ပက ပရိသတ်တွေ၊ အင်အားတွေ၊ အစုအဖွဲ့တွေက စိတ်အားထက်သန်စွာ၊ စိတ်လှုပ်ရှားစွာ ထိုဆုံးဖြတ်ချက်ကို စောင့်မျှော်ခဲ့ကြတာဖြစ်ပါတယ်။ အဲသည်နောက်ပိုင်းမှာ အဲသည် နိုဝင်ဘာ ၁၈ နောက်ပိုင်း မေးခွန်းထုတ်နေတဲ့ အချက်တချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

 အခု ပါတီမှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ကို ဆုံးဖြတ်လိုက်တော့၊ လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှုများကနေ လွှတ်တော်တွင်းနိုင်ငံရေးလှုပ်ရှားမှုဆီကို ဦးတည်တယ်လို့ ပြောရတော့မှာပေါ့။ အဲဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ သဘောထားတယ်လို့ ပြောသလဲ။

- ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ အချက်ကတော့ ယခင်တုန်းက ရွှေဂုံတိုင်ကြေညာချက်မှာက အခြေခံပဒေကို လက်မခံနိုင်လို့ ရွေးကောက်ပွဲကို မ၀င်ခဲ့ဘူး။ အဲသည်တုန်းက အခြေအနေတွေ အဖြစ်အပျက်တွေကို သူကိုယ်တိုင်လက်ခံတယ်၊ သဘောပေါက်တယ်။ သို့သော် အခုနောက်ပိုင်းမှာ၊ အခုအချိန်မှာက အခြေအနေတွေ အပြောင်းအလဲတွေရှိလာလို့ အခြေခံဥပဒေကို ပြောင်းလဲနိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်မယ်။ လွှတ်တော်ထဲကနေ အခြေခံဥပဒေပြောင်းလဲနိုင်ဖို့ ကြိုးစားမယ်လို့ ပြောတာဖြစ်တယ်။

 နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဗဟိုဦးစီးအစည်းအဝေးမှာ အားလုံး ကန့်ကွက်သူမရှိဘူးဆိုရင် ပါတီမှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်ဆိုတာကို အားလုံးကလည်း ၀ိုင်းလုပ်ကြရမယ်လို့ ဒေါ်စုကပြောလိုက်တော့ ဆရာတို့အားလုံးမှာ ဒါကို ၀ိုင်းလုပ်ကြဖို့ တာဝန်ရှိသွားပြီပေါ့။ ပါတီခေါင်းဆောင်၊ ပါတီဝင်နဲ့ ကွန်ယက်တွေမှာ ဒါ တာဝန်ရှိသွားပြီပေါ့။

- အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ထဲကို သယ်ဆောင်သွားမယ် ဆိုတဲ့ အဓိကအချက် ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေးသဘောထားအရ ထူးခြားတဲ့အချက်လို့ ပြောနိုင်ပါတယ်။

 အဲသည်လိုမျိုး အပြောင်းအလဲပေါ့လေ၊ ဒေါ်စုပြောတဲ့အတိုင်း စွန့်လွှ့တ် စွန့်စားမှုကို ဆောင်ရွက်ကြတော့မယ်ဆိုတော့ ဆရာ့ပတ်ဝန်းကျင်မှာ ဘယ်လိုမျိုး ထူးထူးခြားခြား အပြောင်းအလဲတွေ တွေ့ရသလဲ။

- သိပ်မရှိပါဘူး။ ခုချိန်မှာတော့ ပါတီထဲကတော့ သည်အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း အားလုံးက ပြီးတာပါပဲ။ အားလုံးက ပျော်ပျော်ပါးပါးပါပဲ။ ထပ်ပြီး ဆွေးနွေးတာတွေလည်း မရှိပါဘူး။ ပါတီက ဒါကို ဆုံးဖြတ်တယ်၊ ရွေးကောက်ပွဲဝင်ကြမယ် ဆိုတော့ အဲသည်အတွက် လက်ခံလိုက်ကြတယ်။ အဲလိုပဲ တွေ့ရပါတယ်။

            ဘာပဲပြောပြောပေါ့လေ၊ အခုဆုံးဖြတ်ချက်ကို ကျနော်တို့ကတော့ အကောင်းမြင်ပါတယ်။ အပြောင်းအလဲတခုခုအတွက် အခြေအနေပေးတဲ့ဆီမှာ စွန့်လွှတ် စွန့်စားမှုတခုကို လုပ်လိုက်တယ်။ စိန်ခေါ်မှုတခုကို လုပ်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအင်အးစုတွေ၊ ကွန်ယက်တွေဟာ ဒီအပြောင်းအလဲအတွက် စိန်ခေါ်မှုအတိုင်း လုပ်ကိုင်နိုင်မလားဆိုတာက သိပ်မကြာခင်အတွင်း အဖြေပေါ်လာမှာပေါ့နော်။

            - ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ညှိနှိုင်းနိုင်တဲ့ အရည်အချင်းတွေရှိတယ်။ ဒီမိုကရေစီအင်အားတွေနဲ့ လက်တွဲပြီး လုပ်နိုင်သလို၊ အခြား အဖွဲ့အစည်းတွေ၊ အင်အားတွေနဲ့လည်း အလုပ်လုပ်နိုင်လိမ့်မယ်၊ ဆွေးနွေးနိုင်လိမ့်မယ်လို့ ထင်တယ်။ တဆညတွေ၊ ကြံ့ဖွံ့တွေ၊ ပြီးတော့ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ စသည်ဖြင့် အားလုံးနဲ့ တွေ့ဆုံ စကားပြောနိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာမယ်။ သူကိုယ်တိုင်ကလည်း အခုအချိန်မှာက ကြီးမားတဲ့သြဇာရှိတယ်ဆိုတာကိုလည်း သိတယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ထဲမှာလည်း ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်နေတယ်လို့ ပြောနိုင်မယ် ထင်တယ်။

 အဲသည်တော့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင် နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လာနိုင်ဖို့၊ ကြားဖြတ်ရွေးကောက်ပွဲဝင်နိုင်ဖို့၊ နောက်တခါ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ဥပဒေပြုအခွင့်အရေးတွေသာမက အုပ်ချုပ်ရေးကိစ္စတွေမှာပါ ဆောင်ရွက်လာနိုင်ဖို့တွေကို စဉ်းစားနေပြီဆိုရင် အခုလက်ရှိ လူကြီးတွေ၊ လူငယ်တွေနဲ့တင်သာမဟုတ်ပဲ အင်အားသစ်တွေ၊ မျိုးဆက်သစ်တွေ ခုကတည်းက ထူထောင်ရတော့မှာပေါ့နော် ဆရာ။

- ဟုတ်ပါတယ်။ ပါတီ ပြန်လည်တည်ဆောက်ရေးတွေ၊ ထူထောင်ရေးတွေ လုပ်လာကြလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ဖို့ကိုလည်း လူငယ်တွေ၊ လူရွယ်တွေ၊ ကွန်ယက်ထဲက အင်အားတွေထဲကနေ ထွက်ပေါ်လာလိမ့်မယ် ထင်ပါတယ်။

 သံဃာတော်တွေက မြန်မာပြည်အရေးကိစ္စတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတယ်။ မန္တလေးမှာ အရေးဆိုမှုဖြစ်တယ်။ အခုကျတော့ မဟနတွေက ဒီကိစ္စကို အချိန်ဆွဲပြီး ရှင်းလင်းလိုက်တယ်။ သူတို့တွေကို လူစုခွဲပြီး နယ်တွေ ရွာတွေ ပြန်ပို့ဖို့ လုပ်တယ်။ ဒါတွေကို အစိုးရအဆက်ဆက်က လုပ်ခဲ့ဖူးတဲ့ နည်းတွေပဲ မဟုတ်လားဆရာ။

-       ဦးသန့်အရေးအခင်းမှတုန်းက မန္တလေးမှာ သံဃာတော်တွေနဲ့ လူထုတွေ စုဝေးပြီး ဟောပြောပွဲတွေ ကျင်းပကြတယ်။ အဲသည်တော့ အဲသည်တုန်းက မန္တလေးမှာ မဆလခေါင်းဆောင်က ဦးအေးကို နဲ့တူတယ်။ သူတို့က ဘာတွေလွှတ်ပြီး ဟောပြောပွဲတွေထဲကို ၀င်ဖျက်ခိုင်းသလဲ ဆိုတော့ ပြည့်တန်ဆာခေါင်းတွေ၊ ပြည့်တန်ဆာတွေကိုပါ ဟောပြောပွဲထဲမှာ ၀င်ပြီး ပြောဟောခိုင်းတယ်။ လူတွေက ၂၄ နာရီ အစောင့်ချ ကာကွယ်နေရာကနေပြီးတော့ အဲသည်လိုဖြစ်လာတော့ အယုံအကြည်တွေလျော့ပြီး လူစုတွေ ခေါင်းကွဲကုန်တော့မှ စစ်တပ်ကို လွှတ်ပြီး သပိတ်စခန်းကို စီးနင်းလိုက်တယ်။ အခုကျတော့ အာဏာပိုင်တွေက လုပ်စရာမလိုဘဲနဲ့ သံဃာ့မဟာနာယကတွေ အဆင့်ဆင့်နဲ့ ပြီးကုန်ကြတယ်။

-       အခုအချိန်မှာကလည်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားလူငယ်ခေါင်းဆောင်တွေ၊ သံဃာတော်တွေ မလွှတ်သေးဘူး၊ လွှတ်ပေးရမယ့်အစား ထောင်နေရာတွေတောင် ရွှေ့ပေးဦးမယ်လို့ ဆိုတယ်။ သူတို့မလွတ်မြောက်သေးတာဟာ လက်ရှိအာဏာပိုင်တွေက သူတို့အပေါ်မှာ အဃာတတွေ မဖြေဖျောက်နိုင်သေးလို့လို့ ပြောနိုင်တယ်။ သူတို့တွေ လွတ်မြောက်ဖို့ အရေးဆိုတာတွေဟာ ဆက်ပြီးတော့ တောင်းဆိုမှုတွေ ဖြစ်နေဦးမယ်လို့ ထင်ပါတယ်။

 ကျေးဇူးတင်ပါတယ်ဆရာ။
http://moemaka.com

အစရဲ့ တကယ့်အစ



မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၂၆ မိနစ်


၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက်မျှသာ မဟုတ်၊ ကျန်အတိုက်အခံ ဒီမိုကရေစီအင်အားစုများ အားလုံးနှင့် မြန်မာပြည်သူများအတွက် အမှန်ကတယ် သမိုင်းဝင် ခရီးတခု စတင်တော့ မည့်ရက်ဟု သတ်မှတ်နိုင်ပေသည်။

ပြီးခဲ့သည့် ၂၃ နှစ်တာ ကာလတလျှောက်လုံး ပြည်သူများက ဒီမိုကရေစီပြည့်ဝသည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာစေ
ရန် သွေးချွေးနှင့် ရင်း၍တိုက်ပွဲဝင်ခဲ့ကြသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်
သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တရားဝင် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြင့်၊ သမိုင်းတွင်မည့် ခြေလှမ်းတရပ် စလိုက်ပြီး နိုင်ငံ၏ အအောင်မြင်ဆုံး ဒီမိုကရေစီပါတီ တရပ်အဖြစ် မြင်တွေ့နိုင်ရန် ယင်း၏အခန်းကဏ္ဍကို ဆက်လက်လှုပ်ရှား ဦးဆောင်သွားလိမ့်မည်ဟု ယူဆရသည်။

NLD ပါတီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ဗဟိုကော်မီတီအဖွဲ့ဝင် ၁ဝ၆ ဦးက တခဲနက် အတည်ပြုခဲ့ကြသည်။ သို့သော် အချို့ ပါတီခေါင်းဆောင် အနည်းစုက ယခု အပြောင်းအလဲများ အပေါ် အသိအမှတ်ပြုရန်နှင့် ယခင် ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အပေါ် ယုံကြည်မှုပေးရန် အချိန်စောလွန်းသေးသည်ဟု အမြင်ရှိကြသည်။

nend2
ပါတီ တရားဝင်ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ပြီးသည့်နောက် ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့ရှိ ထောက်ခံသူများအကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)
သို့သော်လည်း လူတိုင်းလိုလိုက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီမိုကရေစီ ရှေ့တိုးဖော်ဆောင်နိုင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍက ဦးဆောင်ဦးရွက်ပြုနိုင်သည်ကို သဘောတူထားကြသည်။

မည်သို့ပင်ဖြစ်စေ နှင်းခဲပျော်ချိန် သေချာရောက်ပြီဟု ယူဆရတော့မည်။ အဓိကကျသည့် အတိုက်အခံ ပါတီကြီးက
ပြန်၍မှတ်ပုံတင်မည် ဆိုခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အရှိန်အဟုန် အားကောင်း မြန်ဆန်လာစေမည်
ဖြစ်ပြီး၊ ၈၈- ကျောင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွတ်မြောက်လာဖို့ မျှော်လင့်ရသည်။

နိုင်ငံရေးအကျဉ်းသားများသည် အစိုးရနှင့် အတိုက်အခံ အုပ်စုအကြား ညှိနှိုင်းရေးတွင် ဈေးခေါ်လျှော့တင်းလုပ်
နေကြသည့် ကိစ္စဟု ဆို၍ရနိုင်သည်။လေ့လာသူများ၏ အဆိုအရ ဒီဇင်ဘာလဆန်းတွင် လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟေလာရီ ကလင်တန်မလာမီ နိုင်ငံရေး အကျဉ်းသားများ ထပ်မံ လွတ်မြောက်လာဖွယ် ရှိမည်ဟုလည်း ပြောဆိုနေကြသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဥက္ကဋ္ဌ တာဝန်ကို ယူရတော့မည်ဖြစ်ရာ  လာမည့်နှစ်များတွင် ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ဖို့ ရှိနေသည်။ မြန်မာ အစိုးရအနေနှင့် ဒေသအရေး ကိစ္စများကို အတိုက်အခိုက် ကင်းကင်းဖြင့် ဦးဆောင်ရန် အရေးသာခဲ့ပြီဖြစ်၍၊ ဒေသ ဆိုင်ရာ စီးပွားရေးပူးပေါင်းမှုအတွက် ချီတက်နိုင်ရန် တိုးမြှင့်ကြိုးပမ်းရန်သာ ရှိတော့သည်။

အစောပိုင်းကာလများက စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနှင့် ပတ်သက်၍ NLD ပါတီအတွင်း
နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သလို၊ NLD ပါတီ တရားဝင် ပြန်လည်မှတ်ပုံတင်သင့်၊ မတင်သင့် ကိစ္စနှင့် ပတ်သက်၍လည်း ပါတီတွင်းရော၊ ပါတီပ၌ပါ ဆွေးနွေးငြင်းခုံမှုများ အပြင်းအထန်ရှိခဲ့ရာ အကွဲအပြဲရလဒ်များလည်း ရှိခဲ့သည်။

ရွေးကောက်ပွဲ ကာလ NLD ပါတီ၏ အချို့ခေါင်းဆောင်များ ပါတီမှနှုတ်ထွက်ကာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) အမည်ဖြင့် ပါတီသစ်တရပ် ထူထောင်ခဲ့ကြသည်။ သူတို့က ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ်နေရာ ၁၆ နေရာ အနိုင်ရခဲ့ကြသည်။ ထိုအချိန်က NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင် မည်ဆိုပါက၊ ထောင်ကျခံနေရသူများကို နိုင်ငံရေးပါတီများတွင်ပါဝင်ခွင့် ပိတ်ပင်ထားသည့် ထူးခြားဆန်းကျယ်သည့် ဥပဒေရှိခဲ့သည်။

မည်သို့ပင် ဖြစ်စေ၊ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံခြင်း၊ သမ္မတ၏ မိသားစုနှင့်အတူ ညစာဖိတ်ခေါ်ဧည့်ခံကျွေးခဲ့ခြင်း စသည့်ဖြစ်ရပ်များအပါအဝင်၊ အပြုသဘော ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ဆိုနိုင်သည်။

နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွတ်မြောက်လာသည့်ကိစ္စ၊ သတင်းစာ လွတ်လပ်ခွင့်များ ဖြေလျော့
ပေးလာခြင်း၊ အစိုးရက တိုင်းရင်းသား အပစ်ရပ်အုပ်စုများကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်
အတင်းအကျပ် တောင်းဆိုနေသည့် မူဝါဒများကို ရပ်ဆိုင်းခဲ့ခြင်း စသည့်တိုးတက်မှုများကိုလည်း တွေ့လာရသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ကြီးလေးပြီး မဖြေရှင်းနိုင်သေးသော ပြဿနာအရေး များစွာရှိနေသေးသည်။ ကချင် တိုင်းရင်းသား အုပ်စုများအပေါ် စစ်ရေးထိုးစစ်များ ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း အကျယ်အပြန့် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသား များစွာလည်း မလွတ်မြောက်သေးဘဲ ရှိနေကြသေးသည်။

အမှန်ကတယ် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့ဆိုလျှင် အစိုးရအနေဖြင့် ယင်းပြဿနာများကို စောလျင်စွာ အမြန်ဆုံး ဖြေရှင်းရမည် ဖြစ်သည်။ ယခုအခါ NLD ပါတီက ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ခန့်မှန်းရသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သူတို့၏ကိုယ်စားလှယ်များကို ထည့်သွင်းယှဉ်ပြိုင်တော့မည် ဖြစ်သည်။

ဖြစ်လာနိုင်သည့် နောက်တဆင့်မှာ အတိုက်အခံနိုင်ငံရေးပါတီများ အနေဖြင့် ထိရောက်သည့် ညွန့်ပေါင်း အင်အားစု ကို စုစည်း၍ ပါလီမာန်အတွင်း၌ လွှမ်းမိုးထားသည့် ယခင်စစ်အစိုးရနွယ်ဖွား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစိုးရကို ဖိအားပေးနိုင်တော့မည် ဖြစ်သည်။

NLD ပါတီ၏ ဆုံးဖြတ်ချက်သည် အပေးအယူရလဒ်မှ ထွက်ပေါ်လာခြင်း မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ယခင်မူများကို ပြောင်းပြန်၊ ပြန်လှည့်ခဲ့ခြင်းလည်း မဟုတ်ပါ။ ဆက်လက် ကျန်ရှိနေသေးသည့် နိုင်ငံ
ရေး အိပ်မက်အတွက် ကဏ္ဍမျက်နှာစာတခု ဖွင့်လှစ်လိုက်ခြင်းသာ ဖြစ်သည်။

ဒေါ်စုက မကြာသေးမီက "ယခုသည် အစ၏ အစ" ဟု ပြောဆိုခဲ့သေးသည်။ သို့သော် ဆက်၍ ရင်ဆိုင်ရန် စိန်ခေါ်မှု
ပြဿနာများစွာ ရှိနေပါသေးသည်။ ဒီမိုကရေစီနည်းမကျသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ တိုင်းရင်းသားဒေသများတွင် သွေးထွက်သံယိုမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းနိုင်ရန်၊
နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ပြည်သူများကို စွမ်းရည်အာဏာ မြှင့်ပေးရန် စသဖြင့် လုပ်ဆောင် စရာ ကိစ္စ များစွာကျန်နေပါသေးသည်။ ယင်းအိပ်မက်များအတွက် နိုင်ငံရေးကွင်းပြင်အတွင်း ထိုက်တန်စွာ တိုက်ခိုက်ယူရဦးမည်လည်း ဖြစ်ပေသည်။
http://www.mizzimaburmese.com/edop/editorial/8655-2011-11-21-06-07-09.html

NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည်



သဲသဲ | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၃ မိနစ်

နယူးဒေလီ(မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။

“ဘာကိုပြောင်းမယ်ဆိုတာ စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့် ခမောက်တံဆိပ် လိုဂို ကတော့ ကျနော်တို့ သုံးမှာ မဟုတ်တော့ဘူး၊ ဝိဝါဒ ဖြစ်စရာတွေရှိနေလို့။” ဟု NLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ပါတီတံဆိပ် ပြောင်းမည်ဖြစ်သော်လည်း ပါတီအလံအား ပြောင်းလဲရန် မရှိဟုဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသည့် အခြားပါတီတခုက ခမောက်တံဆိပ် အသုံးပြုထားသဖြင့် NLD ပါတီ၏ အမှတ်တံဆိပ်ကို အခြားတံဆိပ်ဖြင့် ပြောင်းလဲ မှတ်ပုံတင်ရန်  စီစဉ်နေခြင်းဟုလည်း သိရသည်။

NLDlogo
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရ

ပါတီ၏ အမှတ်တံဆိပ် ပြောင်းရန်နှင့် ပါတီမှတ်ပုံတင်ရေး လုပ်ငန်းစဉ်များအတွက် လာမည့် သီတင်းပတ်အတွင်း ဗဟိုအလုပ်မှုဆောင်များ အစည်းအဝေး ကျင်းပမည် ဖြစ်သည်။ ပါတီ ပြန်လည်မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်
ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် NLD၏ ဗဟိုကော်မတီဝင်များက ဆုံးဖြတ် ခဲ့ကြသည်။

NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၉၃ ပါတီအနက် ခမောက်ကို ရွေးကောက်ပွဲ ဝင် သင်္ကေတအဖြစ် အသုံးပြုသည့် တခုတည်းသော ပါတီဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့သည့် ပါတီသက်တမ်းတလျှောက်တွင်လည်း ခမောက်တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။

သို့သော် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်  ရွေးကောက်ပွဲတွင် NLD ပါတီ ခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF)က ခမောက်ပုံအား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုသဖြင့် NLDက ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရာ ရှုံးနိမ့်ခဲ့သည်။

ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ရာတွင် မှတ်ပုံတင်ပြီးသည့် အခြားပါတီတခု၏ အမည်၊ အလံ၊ အမှတ်တံဆိပ်တို့နှင့် တူညီလျှင် သို့မဟုတ် ဆင်တူရိုးမှား ဖြစ်နေလျှင် ကွဲပြားစေ ရန် ကော်မရှင်က ညွှန်ကြားရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
http://www.mizzimaburmese.com/news/inside-burma/8656-nld---.html

NLD ဆုံးဖြတ်ချက်ကို ထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည် ပြော


By , on November 21, 2011 5:02 pm
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် မကြာသေးခင်က ဆုံးဖြတ်လိုက်ခြင်းမှာ နိုင်ငံအတွက် စွန့်စား လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး လူထု ထောက်ခံမှု လိုအပ်သည်ဟု  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့  ပြောလိုက်သည်။
ယနေ့ နံနက် ရန်ကုန်တက္ကသိုလ်အနီးရှိ ယုဒဿန်ရိပ်သာတွင် ပြုလုပ်သော ပညာရေးကွန်ရက် တနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

ယုဒဿန်ရိပ်သာတွင် ပြုလုပ်သော ပညာရေးကွန်ရက် တနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

“ဒီလိုစွန့်စားပြီး လျှောက်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှု ရလိမ့်မယ်လို့ မျှော်လင့်လို့ ကျမတို့ လျှောက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမတို့နဲ့ မတူတဲ့သဘောထားတွေကိုလည်း နားလည်ပါတယ်။ မတူတဲ့ သဘောထားတွေကိုလည်း နားထောင်ပါတယ်။ ဒါပေမဲ့လည်း လမ်းတလမ်းကို လျှောက်ဖို့ ဆုံးဖြတ်တဲ့အခါမှာ ကောင်းမယ်ထင်တဲ့ လမ်းကို ကျမတို့ လျှောက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား ဖွင့်ပွဲတွင် ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည် မှတ်ပုံတင်ပြီး အချိန်ဇယား မသတ်မှတ်ရသေးသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သောကြာနေ့တွင် ပြုလုပ်သော NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ထားသည်။
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ရန်ကုန်အခြေစိုက် သတင်းထောက်များနှင့်  ယနေ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မည်ဟု ပြောဆိုလိုက်သည်။ သို့သော်လည်း မဲဆန္ဒနယ်မြေကို ရွေးခြယ်ခြင်း မပြုရသေးဟု ဆိုသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သော ပညာရေးကွန်ရက် တနှစ်ပြည့် ဈေးရောင်းပွဲတော်သို့ ဆောင်းဦးလှိုင်၊ မီးမီးခဲ၊ ထူးအယ်လင်း၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ရင်ဂို၊ ကိုရဲလွင်၊ အနဂ္ဂ၊ သံသာဝင်း အစရှိသော ဂီတလောကမှ နာမည်ကျော်များ အပါအ၀င် ပရိတ်သတ် ရာပေါင်းများစွာကို တွေ့ရသည်။
ပညာရေးကွန်ရက်သည် ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီး မကြာမီ ဖော်ဆောင်ခဲ့သည့် ဒီမိုကရေစီကွန်ရက်၏ အစိတ်အပိုင်းတခု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ မိန့်ခွန်းတွင် ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်ပြီး  ပညာနှင့်သာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တည်ဆောက်နိုင်ကြောင်း၊ ပညာကို ရသည့်နည်းဖြင့် လေ့လာ သင်ယူရမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
http://burma.irrawaddy.org/archives/2598


တနိုင်ငံလုံး ညီညွတ်ရေး NLD ကြေညာချက် ထုတ်ပြန်


2011-11-20

အမျိုးသားညီညွတ်ရေးဆိုတာ ခေါင်းဆောင်များသာ ညီညွတ်တာကို မဆိုလိုဘဲ တနိုင်ငံလုံး စိတ်ရော ကိုယ်ပါ ညီညွတ်တာကို ဆိုလိုတယ်လို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ ကြောင်း ဒီနေ့ ကျရောက်တဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

နယ်ချဲ့အစိုးရ ပြဋ္ဌာန်းတဲ့ တက္ကသိုလ် အက်ဥပဒေကို ကျောင်းသား ၁၁ ဦးက ငြိမ်းချမ်းတဲ့နည်းနဲ့ သပိတ်မှောက် ဆန္ဒပြရာက ပေါ်ပေါက်လာတဲ့ အမျိုးသားအောင်ပွဲနေ့ သမိုင်းကို ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ညီညွတ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသား ညီညွတ်ရေးဆိုတာ တနိုင်ငံလုံးက လူမျိုး ဘာသာ၊ ယောက်ျား မိန်းမ၊ ဂိုဏ်းဂဏ မရွေး လူထုတရပ်လုံး အပြောသာမဟုတ် အလုပ်နဲ့တကွ အမျိုးသားတွေရဲ့ အလိုဆန္ဒတွေ ပြည့်ဝနိုင်ဖို့ အမျိုးသားတို့ရဲ့လုပ်ငန်းတွေမှာ သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြတာကို ဆိုလိုကြောင်း ၁၉၄၆ ခုနှစ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို ခံယူပြီး စည်းလုံးညီညွတ်စွာ လိုက်နာဆောင်ရွက်ခြင်း၊ အမျိုးသားရေး တာဝန်တရပ်ကို ထမ်းဆောင်ခြင်း၊ စည်းစနစ် ရှိခြင်းနဲ့ ပြည်သူက ထောက်ခံခြင်းတို့ကြောင့် ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ် အောင်မြင်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။ ညီညွတ်မှ လွတ်လပ်မှု ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တက္ကသိုလ်ကျောင်းသား သပိတ်ကြီးက ပြသခဲ့တဲ့ ညီညွတ်သွေးစည်းမှု၊ စည်းကမ်းရှိမှုကို နမူနာယူ၊ အမျိုးသားသင်ြ့မတ်ရေး၊ ငြိမ်းချမ်းရေးတို့ကို အမြန် တည်ဆောက်ပြီး ဒီမိုကရေစီ နိုင်ငံတော်ကို တက်ညီလက်ညီ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။
http://www.rfa.org/burmese/news/nld-statement-11202011102558.html

အမျိုးသားနိုင်ငံအတွက် ပညာရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

2011-11-20

နိုင်ငံ တနိုင်ငံ တိုးတက်လာဖို့ ပညာရေးက အင်မတန် အရေးကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမမှာ ဒီကနေ့ ကျင်းပတဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မိန့်ခွန်းမှာ အလေးပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။


AFP
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်မြို့ ဌာနချုပ်တွင် ကျင်းပသည့် ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။

အမျိုးသားနေ့ရဲ့ မူလအစဟာ ပညာရေးတောင်းဆိုမှုက စတင်ခဲ့တာ ဖြစ်ကြောင်း၊ တိုင်းပြည်မှာ ပညာတတ်သူတွေ ပေါများဖို့၊ လူအများ ပညာသင်ကြားနိုင်ဖို့ အရေးတကြီး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

အဖွဲ့ချုပ်ရဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကာတွန်းပြပွဲနဲ့အတူ စာပေဟောပြောပွဲ ကျင်းပခဲ့ရာမှာ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူနဲ့ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့က အမျိုးသားနေ့အကြောင်း ဟောပြောခဲ့ကြပါတယ်။

ဒီနေ့ အခမ်းအနားမှာ ဒုတိယအကြိမ် “အညတရ သူရဲကောင်းဆု” ပေးအပ်ချီးမြှင့်ခဲ့ရာမှာ လက်ရှိ အကျဉ်းကျ ခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ချီးမြှင့်ခဲ့ပါတယ်။ သရက်ထောင်မှာ ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်၊ ဗန်းမော်ထောင်က မမာမာဦး၊ ကျောက်ဖြူထောင်က ဦးစိုင်းလှအောင်နဲ့ မြစ်ကြီးနားထောင်က ဦးဝေရသူ တို့ကို အညတရ သူရဲကောင်း ဆုရှင်တွေအဖြစ် ရွေးချယ်လိုက်ပြီး ဆုရှင်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ဆု ချီးမြှင့်ခဲ့ပါတယ်။ ဆုရှင်တဦးကို ကျပ်ငွေ ၁ဝ သိန်း ပေးအပ်ချီးမြှင့်ကြောင်း သိရပါတယ်။

ဒီ အခမ်းအနားကို ပရိသတ် တထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။ အမျိုးသားနေ့ အထိမ်းအမှတ် ကာတွန်းပြပွဲကို သုံးရက်ကြာ ပြသမယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/nld-national-day-11202011100527.html

အခုတပတ် သောကြာနေ့မှာ NLD ပါတီ မှတ်ပုံတင်ဖို့ရှိ


2011-11-20
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခုသီတင်းပတ် အတွင်း ပါတီ ပြန်လည် မှတ်ပုံတင်မယ်လို့ သိရပါတယ်။ အသေးစိတ် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး ဒီတပတ် သောကြာနေ့ မှတ်ပုံတင် လျှောက်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။


RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်တွင် မတ်လ ၂၉ ရက်က ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး ခေါင်းဆောင်များ ဆွေးနွေးနေစဉ် ရုံးအပြင်တွင် ပါတီဝင်များက ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။ (Photo: RFA)
အန်လ်အယ်ဒီ ပါတီ အနေနဲ့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ရာမှာ လူငယ်တွေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးမယ်လို့ သိရပါတယ်။ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ရှိပေမယ့် ဘယ်မြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်မယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်သူ့ လွှတ်တော်မှာ နေရာ (၄၀)၊ အမျိုးသားလွှတ်တော်မှာ (၆)နေရာနဲ့ တိုင်းဒေသကြီးမှာ (၂) နေရာ - စုစုပေါင်း (၄၈) နေရာ လစ်လပ်လျှက် ရှိပြီး၊ အန်အယ်လ်ဒီ ပါတီ အနေနဲ့ လစ်လပ်နေရာ (၄၈) ခုလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ပါတီမှတ်ပုံတင်မယ့် ကိစ္စ၊ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှု အခြေအနေတွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်။


NLD ဆုံးဖြတ်ချက် ENC အဖွဲ့ ကြိုဆို
2011-11-20

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ချက်ကို တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC က ကြိုဆိုလိုက်ပါတယ်။ NLD ပါတီ ခေါင်းဆောင်တွေရဲ့ အခုလို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တဲ့ နိုင်ငံရေး စိတ်ဓါတ်ကို အသိအမှတ်ပြု လေးစားတဲ့ အနေနဲ့ အခုလို ကြိုဆိုရတာ ဖြစ်ကြောင်း ENC အတွင်းရေးမှုး ဒေါက်တာရွှေခါးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြသနာတွေကို တွေ့ဆုံ ဆွေးနွေးရေး ကသာ ဖြေရှင်းနိုင်မယ်လို့ ENC အနေနဲ့ ယုံကြည်ကြောင်း၊ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံမှုက အပြန်အလှန် နားလည်မှု အဆင့် ရောက်ခဲ့ပြီး NLD ပါတီ ပြန်လည် မှတ်ပုံတင်ရေး အထိ ရလဒ်ကောင်း တစ်ခု ထွက်ပေါ်လာခဲ့ သလို မြန်မာ အစိုးရ အနေနဲ့ အလားတူ ချဉ်းကပ် ဆက်ဆံမှုမျိုး ကျင့်သုံးပြီး ကချင်ပြည်နယ် အတွင်းက စစ်ပွဲတွေ ချက်ချင်း ရပ်ဆိုင်းကာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ENC က တိုက်တွန်းထားပါတယ်။

2014 မှာ မြန်မာ အာဆီယံ ဥက္ကဋ္ဌ နိုင်ငံ အဖြစ် တာဝန်ယူဆောင်ရွက်ခွင့်ရတဲ့ အပေါ်လည်း ENC က ကြိုဆိုသလို မြန်မာအစိုးရ အနေနဲ့ အာဆီယံ နိုင်ငံတွေ၊ နိုင်ငံတကာ အစိုးရတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ဖို့လည်း ENC က တောင်းဆိုလိုက် ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား ပဋိပက္ခတွေ အဆုံးသတ်ရေး၊ ဆင်းရဲ မွဲတေမှု ပပျောက်ရေး၊ လူမှောင်ခိုကူးမှုနဲ့ မူးယစ်ဆေး မှောင်ခို ရောင်းဝယ်မှုတွေ ပပျောက်ရေး တွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာကို ထိခိုက်စေနိုင်တဲ့ အတွက် မြန်မာ အစိုးရ အနေနဲ့ ဒီကိစ္စတွေကို အရေးတကြီး ဖြေရှင်း ဆောင်ရွက်ပေးဖို့၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း မြန်မာ အစိုးရရဲ့ ဒီဆောင်ရွက်ချက်တွေကို ၀ိုင်းဝန်း ပံ့ပိုးပေးဖို့ ENC က တောင်းဆို ထားပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လည်း ENC က တောင်းဆိုလိုက် ပါတယ်။

http://www.rfa.org/burmese

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာရင် ဦးဆောင်မှု ခံယူမည်


2011-11-21

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် သူ့ဦးဆောင်မှုကို အပြည့်အ၀ ထောက်ခံသွားကြမှာပါလို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော် အမတ် တချို့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေဟာ အများ အတွက် အကျိုးရှိမယ် ဆိုရင်ထောက်ခံကြတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကလည်း အများ အကျိုးရှိတဲ့ လုပ်ငန်းကိုပဲ ပြောမှာဆိုမှာ ဆိုတော့ ၀ိုင်းဝန်း ထောက်ခံကြမှာပါလို့ အမျိုးသား ဒီမိုကရေစီသစ် ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အာရ်အက်ဖ်အေကိုပြောပါတယ်။

အလားတူ ရခိုင်အမျိုးသားတိုးတက်ရေးပါတီက အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ အေးမောင် ကလည်း လွှတ်တော်ထဲ ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက် ထိုက်တန်တဲ့ ရာထူးနေရာ ပေးဖို့ လိုအပ်ကြောင်း၊ ပြည်ထောင်စုကြီးကို ဆွဲခေါ် မ တင်နိုင်ဖို့ အားကို သူဖန်တီးနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို လာမဲ့ ဒီဇင်ဘာလ အကုန်ပိုင်းလောက်မှ ကျင်းပဖို့ ရှိတယ်လို့ အများက ခန့်မှန်းထား ပါတယ်။ လစ်လပ်နေတဲ့ မဲဆန္ဒ နယ်မြေတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ၀င်ရောက် အရွေးခံမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာရ်အက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေကို လေ့လာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာရောက်ဖို့ ရှိပါတယ်။
http://www.rfa.org/burmese/news/assk-parties-11212011102143.html

ကိုယ်တိုင် ရွေးကောက်ပွဲဝင်ခြင်းသည် ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည်ဟု ပြောသောစကားကို လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်ပြောဆို



ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ခြင်းသည် ၎င်း၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည်ဟု ပြောသောစကားကို လက်မခံနိုင်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော လူငယ်ရေးရာတာဝန်ခံဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်/တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။ “သိက္ခာဆိုတာ ကျမပြောခဲ့ဖူးပါတယ်။ တစ်ချို့ကပြောတယ် ရွေးကောက်ပွဲမှာကျွန်မဝင်ခဲ့လို့ရှိရင် ကျွန်မရဲ့ ဂုဏ်သိက္ခာများထိမလားပေါ့။ ဒီလိုမျိုးစဉ်းစားတာကိုပြောတာမဟုတ်ဘူး။ အဲဒါမျိုးက ကိုယ့်ရဲ့အကျိုးကို လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလမ်းစဉ်ထက် ပိုပြီးတော့ အလေးထားရာရောက်ပါတယ်။ အဲလိုသိက္ခာမျိုးဆိုတာ တကယ်တော့ အမှန်ပြောရရင် အင်မတန်မှ တစ်ကိုယ်ကောင်းဆန်တဲ့ သိက္ခာမျိုးပါ။ ကလေးစကားနဲ့ပြောရရင် ငါအကောင်ကြီးဖြစ်ရေးပေါ့နော်။ အဲလိုဟာမျိုးဟာ မရှိသင့်တဲ့စိတ်ဓာတ်မျိုးပါ ” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်သူအများလိုချင်သော သာယာသောနိုင်ငံကြီးဆီသို့ ရောက်ရန်နီးကပ်လာပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့

အဆိုပါ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနှင့် ပတ်သက်ပြီး လူတိုင်းလူတိုင်းသည် စာဖတ်တတ်စေရန် အရေးကြီးကြောင်း ၊ နိုင်ငံတိုးတက်မှုအတွက် လုပ်ဆောင်ခြင်းသည် စွန့်စားမှုဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထောက်ခံအားပေးမှုများကို လိုအပ်နေကြောင်းနှင့် ပြည်သူများလိုအပ်နေသော သာယာသော နိုင်ငံကြီးဆီသို့လည်း ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ “အများလိုချင်တဲ့ သာယာတဲ့နိုင်ငံကြီးဆီ ရောက်ဖို့ဟာ နီးလာပါပြီ နောက်ဆုံးကျလို့ရှိရင် အားလုံးဟာ အေးအေးချမ်းချမ်းနဲ့ တကယ့်ကိုလုံခြုံမှုရှိတဲ့ တိုင်းပြည်ကြီးမှာ နေထိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့ လိုက်ပါတယ်”ဟု ပညာရေးကွန်ယက် တစ်နှစ်ပြည့် ဈေးရောင်းပွဲတော် အခမ်းအနားတွင်
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။


ရည်ရွယ်ချက်(၃)ရပ်ကြောင့် ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း ပြည်နယ်နှင့်တိုင်းလူငယ်အကူညီပေးရေးအဖွဲ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား


“အခုကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို တင်ပြသွားတာတွေရှိပါတယ်။ ဒါကိုလည်း ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အဓိကအရေးကြီးတဲ့ကိစ္စတစ်ခုဟာ ပြည်တွင်း ငြိမ်းချမ်းရေးပါ။ အဲဒါကြောင့်အဲဒါကို အဓိကလုပ်သွားဖို့လိုတာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ အစည်းဝေးတွင် တိုင်းနှင့်ပြည်နယ်များမှ လူငယ်များမှ မြန်မာနိုင်ငံတော်အလံပြောင်းခြင်းအပေါ် သိရှိလို သောအချက်၊ နိုင်ငံရေးအကျဉ်းသားများအကြောင်း၊ ပြည်တွင်းစစ်ရပ်ဆိုင်းရန်ကိစ္စ၊ တိုင်းရင်းသားများအကြား ဖြစ်ပေါ်နေသော ပဋိပက္ခပြသာနာများ၊နှင့် ပညာရေးအခြေအနေ၊ ထောင်တွင်းအကျဉ်းကျခံ နေရသော အကျဉ်းသားများ၏ ကျန်းမာရေးကူညီစောင့်ဆောက်မူအခြေအနေ စသည့်အချက်ဖြင့် မိမိတို့သိရှိလိုသော အချက်များအား ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။


http://www.myitmakhamediagroup.com/


တနင်္လာ, 21 နိုဝင်ဘာ 2011
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်
By ကိုမိုးဇော်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပနိုင်ဖွယ်ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ရွေးချယ်ခံဖို့ ရည်ရွယ်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နေရာတိုင်းမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်နဲ့ နေရာတွေကို တိတိကျကျ မကြေညာသေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်နေရာက ၀င်ရောက်ယှဉ်ပြိုင်မယ်၊ NLD ပါတီက ဘယ်သူတွေ ၀င်ရောက်မယ်ဆိုတာတော့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ ဒီအကြောင်း အပြည့်စုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ သပိတ်မှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ ပါတီကို ပြန်လည်မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် အရင်တပတ်ထဲမှာပဲ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အခုနောက်ဆုံး ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ NLD ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ တွေမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီနောက်မှာတော့ အခုနှစ်ကုန်ပိုင်းလောက်မှာ ကျင်းပဖွယ်ရှိတဲ့ လစ်လပ်သွားတဲ့ လွှတ်တော်တွင်းနေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်အရွေးခံသွားမှာ ဖြစ်တယ်လို့ NLD ရဲ့ ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပါဝင်ယှဉ်ပြိုင်ဖို့ သူ ရည်ရွယ်ချက်ရှိပါတယ်။ ဘယ်နေရာက ပြိုင်ရမယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ဘာမှ မဆုံးဖြတ်ရသေးဘူး။ ကော်မရှင်ကလည်း ကြေညာချက် မထွက်သေးပါဘူး။”

လောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၂ နေရာ လစ်လပ်နေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရင် ဒီလစ်လပ်နေတဲ့ နေရာ ၄၀ ကျော်ကို NLD ပါတီကပါဝင်ဖို့ ရည်ရွယ်ထားပြီး ဘယ်သူတွေ ပါဝင်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ အားလုံး ၀င်နိုင်ဖို့ စဉ်းစားထားပါတယ်။ အဲဒါ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ညှိနှိုင်းပါဝင်မယ်ဆိုတာလဲ မဆုံးဖြတ်ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို လက်မခံတာကြောင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် ပါတီကို ပြန်လည် မှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲမှာလည်း မဲမပေးဘဲနေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့သလို အစိုးရဘက်ကလည်း ဒီမိုကရေစီရေးကို ဦးတည်တဲ့ ပြောင်းလဲမှုတချို့ရှိလာတဲ့နောက်မှာတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ နေရာရှိတဲ့အနက် ၃၉၂ နေရာ အနိုင်ရခဲ့တာဖြစ်ပေမဲ့ စစ်အစိုးက ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတာဖြစ်ပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်အရွေးခံမယ်ဆိုရင်တော့ ဒါဟာ ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/DASSK-11-21-11-134227988.html