Friday, November 25, 2011

ဂီတလောက အနုပညာရှင် တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည့် တို့  တကသိုလ်ရိပ်သာလမ်းနေအိမ်မှာတွေ့ ဆုံ




Photo..မခိုင်(ထွန်းအိန္ဒြာဗိုလ်)

DVB TV News







PHOTOS - သံသာဝင်း

ပညာရေးကွန်ယက် (၁) နှစ်မြောက် အထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည် ၏ မိန့်ခွန်း




နိုဝင်ဘာလ (၂၁) ရက်နေ့က ရန်ကုန်၊ ယုဒသန်ရိပ်သာ မှာ ကျင်းပခဲ့တဲ့ ပညာရေးကွန်ယက် (Education Network) ၏ (၁) နှစ်မြောက် အထိမ်းအမှတ်ပွဲ


http://gossip.myanmarcelebrity.com/2011/11/video-daw-aung-san-suu-kyi-speak-at.html





















>




Photos of MyanmarCelebrity.Com

ပြည်မြို့ ညဈေးတန်းဆိုင်ခန်းတွဲများကို စည်ပင်က ဖျက်သိမ်းဖို့ ဖိအားပေးနေ (နောက်ဆက်တွဲသတင်း)



ပြည်မြို့ ရှိ ညဈေးတန်းတခုကို ဖျက်သိမ်းဖို့ ဆိုင်ခန်းပိုင်ရှင်များအား ဒီကနေ့နောက်ဆုံးထား၍ ဖယ်ပေးရန် စည်ပင်က ဖိအားပေးနေ
by Burma VJ Media Network on Monday, October 31, 2011 at 7:50am

ဆိုင်ခန်းပေါင်း၃၀ကျော်ရှိတဲ့ ပြည်မြို့ က ညဈေးတန်းတခုကို စည်ပင်သာယာက ဖျက်သိမ်းပစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပြည်မြို့ နယ် အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်အမှုဆောင်တို့က ၂၉-၉-၂၀၁၁- (ကြာသာပတေးနေ့) နေ့လည် ၁ နာရီမှာ ဆိုင်ခန်းပိုင်ရှင်တွေကို စုဝေးပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကြောင့် ဒီဆိုင်ခန်းတွဲတွေကို တလအတွင်း ဖယ်ပေးရမယ်လို့ ပြောပါတယ်။  ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ပြောင်းရွှေ့ ဖို့ အချိန်မလုံလောက်တဲ့အတွက် အချိန် ၆လလောက် ပေးဖို့ ပြောရာမှာ   အချိန်မပေးတဲ့အပြင် တလအတွင်း မဖယ်ပေးပါက ဘူဒိုဇာနဲ့ ထိုးကော်မှာဖြစ်ကြောင်း ချိန်းခြောက်ပြောဆိုခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ဆိုင်ခန်းပိုင်ရှင် ကိုပုက ဘားမားဗီဂျေကို ပြောပါတယ်။

ဆိုင်ရှင်တွေအနေနဲ့ အခုဆိုင်ခန်းတွဲတွေကို ၁၉၉၆ ကတည်းက ငှားရမ်း နေထိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

“၁၉၉၆ ထဲက ဦးသက်မင်းခိုင်က ကန်ထရိုက်ယူပြီး စည်ပင်ဆီက ခွင့်ပြုမိန့်နဲ့ ဆိုင်ခန်းတွေကို တည်ဆောက်ထားတာပါ။ နဂိုက ၁၂၀၀ ကျပ် ကောက်ရာကနေ လူနေတယ်ဆိုပြီးတော့ ဆိုင်ခန်းပိုင်ရှင်တွေကို တစ်ဆိုင် ၆၀၀၀ဆီ ကောက် ထားထားတာကနေ အခုလို လာဖျက်ခိုင်းတာပါ။” ဟု ဆိုင်ခန်းပိုင်ရှင် ကိုပုက ဘားမားဗီဂျေကို ပြောပါတယ်။

အခု အောက်တိုဘာလအကုန်မှာတော့ ဆိုင်ခန်းပိုင်ရှင်တွေကို စည်ပင်သာယာက ၃၁ ရက်နေ့ နောက်ဆုံးထားပြီ ဖယ်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

“ ကျွန်တော်တို့လို ဆင်းရဲနွမ်းပါးတဲ့လူတွေကို စည်ပင်သာယာမှ အခုလိုဆိုင်ခန်းတွဲတွေကို ဖျက်ခိုင်းဖို့ ညွှန်ကြားပြီးကတည်းက မအိပ်နိုင်မစားနိုင်ဖြစ်သူကဖြစ်၊ ငိုတဲ့လူက ငိုနဲ့ ဆင်းရဲဒုက္ခရောက်နေကြရပါတယ်။ အခုလို ဒီဆိုင်ခန်းတွေ ဖျက်လိုက်ရင် မိသားစု ၃၀၊ လူဦးရေ ၇၀ ကျော်လောက် ဒုက္ခရောက်ရမှာဖြစ်ပါတယ်။” ဟု ဆိုင်ခန်းပိုင်ရှင် ကိုပုက ဘားမားဗီဂျေကို ပြောပါတယ်။

စည်ပင်က ဒီကနေ့ ဘူဒိုဇာနဲ့ကော်ပြီး ဖယ်ပစ်မယ်ဆိုလို့ တချို့  ဆိုင်ခန်းပိုင်ရှင်တွေကတော့ ကြောက်ရွံ့ပြီး ပြောင်းရွှေ့သွားကြပါတယ်။
ဒါပေမယ့် တာဝန်ရှိသူတွေက အခြားနေရာမှာ ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်ပေးတာတွေ မရှိတဲ့အတွက် အချို့ဆိုင်ခန်းပိုင်ရှင်တွေကတော့ မပြောင်းရွှေ့နိုင်ကြပဲ ဆိုင်ခန်းတွေမှာ ဆက်လက်နေထိုင်လျက် ရှိနေကြဆဲ ဖြစ်ပါတယ်။

နောက်ဆုံး စုံစမ်းချက်အရ ဒီနေ့ ညနေ ၆း၀၀ နာရီအထိတော့ လာရောက်ဖျက်သိမ်းခြင်းတော့ မရှိသေးကြောင်း သိရပါတယ်။

Post by ဇာဏီ (Burma VJ Media Network)

Photo Credit to  : http://www.facebook.com/photo.php?fbid=305759802770168&set=o.267614753260633&type=1&theater

ပြည်မြို. ညဈေးတန်းရှိ အတင်း အဓမ္မပြောင်း ရွှေ. ခံရမည် ဆိုသော ဆိုင်ခန်းများ



ပြည်မြို့ ညဈေးတန်းဆိုင်ခန်းတွဲများကို စည်ပင်က ဖျက်သိမ်းဖို့ ဖိအားပေးနေ (နောက်ဆက်တွဲသတင်း)
by Burma VJ Media Network on Friday, November 25, 2011 at 1:53am

ပြည်မြို့  စာတိုက်ဟောင်းလမ်းပေါ်မှာရှိတဲ့ ညဈေးတန်း ဆိုင်ခန်းတွဲတွေကို စည်ပင်သာယာက ဖျက်သိမ်းဖို့ အောက်တိုဘာ ၃၁ ရက်နေ့က last-date သတ်မှတ်ပြီးတဲ့အခါမှာ မီဒီယာတွေမှာ ဒီကိစ္စကို ဖော်ပြသောကြောင့်  ခဏရပ်တန့်သွားခဲ့ပါတယ်။

အခုအခါမှာတော့ ပြည်မြို့  စည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြတ်စိုးက အဖွဲ့ပိုင် ဆိုင်ခန်းများ အပ်နှံရေး ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၁၈-၁၁-၂၀၁၁ ရက်နေ့ နောက်ဆုံးထား အပ်နှံရန် ညဈေးတန်း ဆိုင်ခန်းတွဲမှာ နေထိုင်သူတွေကို နိုဝင်ဘာ ၁၂ ရက်နေ့က စာပို့ခဲ့ပါတယ်။

ညဈေးတန်း ဆိုင်ခန်းပိုင်ရှင်တွေကိုယ်စား  တရားလွှတ်တော်ရှေ့နေ ဦးမြင့်နိုင်နှင့် အထက်တန်းရှေ့နေ ဒေါ်ဇင်မိုးထိုက်တို့က ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ-၃၅၆၊၃၅၇ * နှင့် ခုခံချေပသွားမယ်ဆိုပြီး စည်ပင်မှ ညွှန်ကြားရေးမှူး ဦးမြတ်စိုးထံသို့ အောက်တိုဘာ ၁၄ ရက်နေ့က စာပြန်ပို့ခဲ့ပါတယ်။

ပြည်မြို့ဆိုင်ခန်းတွဲပိုင်ရှင်တွေကနေ စည်ပင်ကို စာပြန်ပို့ပြီးနောက်မှာ အောက်တိုဘာ ၁၈ ရက်နေ့က စည်ပင်မှ ညဈေးတန်းကို လာရောက်ဖျက်ဆီးခြင်း မရှိခဲ့ပါဘူး။ အောက်တိုဘာ ၁၉ ရက်နေ့ညမှာ ညဈေးတန်းမှာနေထိုင်တဲ့ ဦးဌေး ဆိုသူက ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်ထံ ညဈေးတန်းတွင် နေထိုင်သူအားလုံးကိုယ်စား တစ်လတစ်ကြိမ် ပုံမှန်ဧည့်စာရင်း သွားတိုင်ခဲ့ပါတယ်။

အဲဒီလို သွားတိုင်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးဦးမောင်မောင်ခင်ဆိုသူက ဦးဌေးကို အခုလိုပြောပါတယ်။ “သူက စည်ပင်သာယာကနေပြီးတော့ စာပေးထားတယ်။ စာပေးထားတဲ့ အတွက် ဧည့်စာရင်းကိုလက်မခံပါဘူးတဲ့။ စည်ပင်လူကြီးက သူ့ကို နှစ်ခါတောင်ပြောထားပါတယ်။ ဒါကြောင့်သူဧည့်စာရင်းမပေးနိုင်ပါဘူးတဲ့။ တစ်ကယ်လို့ ကျနော့်အနေနဲ့ အခက်အခဲရှိလို့ ဈေးထဲမှာ ဆက်နေပြီးတော့ အိပ်မယ်ဆိုရင် အိပ်ပါတဲ့။ ဧည့်စာရင်းတွေ တစ်ကယ်လို့ စစ်မယ်ဆိုရင် သူတို့ကို လဲလေးစားနေရတယ်။ကျနော်တို့ကိုလဲ လေးစားတဲ့အနေနဲ့ ကြိုတင်လာပြောပါ့မယ်လို့ပြောပါတယ်။ ဧည့်စာရင်းတော့ ရေးမပေးလိုက်ပါဘူး။” လို့  ဦးဌေးက ဘားမားဗီဂျေကို ပြန်ပြောပြခဲ့ပါတယ်။

ဦးဌေးက ဧည့်စာရင်းတိုင်ခွင့် မရလို့ ပြန်လာတဲ့အခါ ညဈေးတန်းဆိုင်ခန်းတွဲတွေမှာ နေထိုင်တဲ့မိသားစုတွေက အောက်တိုဘာ ၁၉ရက်နေ့ည တစ်ညလုံး စာတိုက်ဟောင်းလမ်းပေါ်မှာ ဧည့်စာရင်း လာစစ်မှာ ကြောက်လို့ ထွက်ထိုင်နေကြရပါတယ်။ “ကိုဌေးဝင်းကပေါ့ ဧည့်စာရင်းလဲသွားတိုင်ရော ငါတို့ကို ဧည့်စာရင်းမပေးဘူးတဲ့။ အဲဒီတော့ ငါတို့မအိပ်ရဲဘူးပေါ့နော်။ တစ်ညလုံးလမ်းမှာထိုင်နေရတယ်။ ဧည့်စာရင်းလာစစ်ရင်ဖမ်းမှာဆိုးလို့။ တစ်တန်းလုံးပေါ့ဗျာ အဲဒီလိုပဲညတုန်းကဆို ကျနော်လဲပါတာပေါ့ ကျနော်လဲဘယ်အိပ်ရတော့မလဲ။ တညလုံး အလင်းရောင်အောက်မှာထိုင်နေရတယ်။” လို့ ညဈေးတန်းဆိုင်ခန်းတွဲတွေမှာ ၁၅နှစ်ကျော်ကြာ နေထိုင်လာခဲ့သူ ဦးပုက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဒီဆိုင်ခန်းလေးတွေကို မှီခိုပြီးတော့ ရောင်းဝယ်စားသောက်နေတဲ့ ဆင်းရဲသားအဖွဲ့ပေါ့နော်။ အခုလိုမျိုးဖယ်ရမယ်ဆို ကျနော်တို့စီးပွားရေးက လုပ်ကိုင်မရတဲ့အနေထားဖြစ်သွားမယ်။ အပြင်မှာငှားနေရမယ်ဆိုတာကလဲ မလွယ်ပါဘူး။ ဒါကြောင့်ဒုက္ခရောက်မယ့်အနေထားဖြစ်နေပါတယ်။ ကျနော်တို့ကို တရားစွဲတဲ့အခါကျရင် ကျနော်တို့ဘက်က ကူညီပေးမယ့် ရှေ့နေတွေနဲ့တိုင်ပင်ပြီးတော့ ခုခံကာကွယ်သွားမယ်လို့စဉ်းစားထားပါတယ်။  ”လို့ ဦးဌေးက ဘားမားဗီဂျေကို ညဈေးတန်းဆိုင်ခန်းတွဲနေ မိသားစု အားလုံးကိုယ်စား ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

ဒီကနေ့အထိတော့ စည်ပင်သာယာမှ ပြည်မြို စာတိုက်ဟောင်းလမ်းပေါ်မှာရှိတဲ့ ညဈေးတန်း ဆိုင်ခန်းတွဲတွေကို လာရောက်ဖျက်သိမ်းခြင်း မရှိသော်လည်း ဆိုင်ခန်းတွဲမှာ နေထိုင်နေကြတဲ့ မိသားစုတွေကတော့ သူတို့ ဆိုင်ခန်းတွေကို ဘယ်အချိန်မှာ စည်ပင်တွေက အင်အားသုံးလာဖျက်ဆီးမလဲ ဆိုတာကို စိုးရိမ်ကြောင့်ကြနေကြရပါတယ်။


ပုဒ်မ-၃၅၆၊၃၅၇* -
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အခန်း(၈)နိုင်ငံသားများ၏ မူလအခွင့်အရေး
ပုဒ်မ ၃၅၅  နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။
ပုဒ်မ ၃၅၆ နိုင်ငံတော်သည် နိုင်ငံတော်သားများ၏ တရားဝင်ရရှိထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမယ် ဟု အတိအလင်း ပြဌာန်းထားပါသည်။


By ဇာဏီ (Burma VJ Media Network)
Photo Credit and Thanks to Ye Htin

ပြည်မြို. ညဈေးတန်းရှိ အတင်း အဓမ္မပြောင်း ရွှေ. ခံရမည် ဆိုသော ဆိုင်ခန်းများ
 
ပြည်မြို့  စည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြတ်စိုးက ညဈေးတန်း ဆိုင်ခန်းတွဲမှာ နေထိုင်သူတွေကို အောက်တိုဘာ ၁၂ရက်နေ့က ပေးပို့တဲ့စာ
ပြည်မြို့ဆိုင်ခန်းတွဲများကိုယ်စား ရှေ့နေများမှ စည်ပင်သာယာရုံးကို အောက်တိုဘာ ၁၄ရက်နေ့က ပြန်ပို့တဲ့စာ



“နေပြည်တော်လွှတ်တော် အစည်းအဝေး တက်ရောက်သည့် အမတ်ဦးခင်ရွှေ တစ်လ ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျသုံးစွဲဟုဆို”

ရန်ကုန်၊ နိုဝင်ဘာ ၁၆


နေပြည်တော်တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အမျိုးသားလွှတ်တော်အမတ်ဦးခင်ရွှေက

တစ်လလျှင် ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျခံနေရသည်ဟု ၄င်းကပြောသည်။ ထိုသို့ ကုန်ကျခံနေခြင်းမှာ

အများပြည်သူအတွက်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့် လမ်းကြောင်းမှန်သွားနိုင်ရေးအတွက်

အစည်းအဝေးတက်ရောက်ရာတွင် ဟိုတယ်တည်းခိုစရိတ်ငွေသာဖြစ်သည်ဟု ၄င်းကပြောသည်။

၎င်းက “အမတ်တစ်ယောက် တစ်လရတာမှသုံးသိန်း၊ ဟိုတယ်ငှားနေရတာက တစ်ရက်ကို လေးသိန်း

ကုန်တယ်”ဟု ဆိုသည်။ အမတ်များ လွှတ်တော်အစည်းအဝေးတက်ရောက်ရာတွင် နိုင်ငံတော်မှ နေထိုင်

စားသောက်စရိတ်တာဝန်ယူထားသော်လည်း ဟိုတယ်တည်းခိုစရိတ်ကျပ်လေးသိန်းဖြင့် တည်းခိုနေထိုင်

သူမှာ ဦးခင်ရွှေတစ်ဦးတည်းသာဖြစ်သည်။

ဦးခင်ရွှေသည် ဇေကမ္ဘာစီးပွားရေးလုပ်ငန်းစု၏ ဥက္ကဌဖြစ်ပြီး လွှတ်တော်တွင် စီးပွားရေးလုပ်ငန်းရှင်မှာ

ဦးခင်ရွှေနှင့်ဦးဌေးမြင့် နှစ်ဦးသာရှိသည်ဟု ဦးခင်ရွှေက ပြောသည်။

၎င်းက “ရှိတဲ့ငွေက သားစဉ်မြေးဆက်သုံးလို့ မကုန်ဘူး၊ ဘာမှမလုပ်ဘဲလည်းနေလို့ ရတယ်၊ လူများ

ပြောတာထက်ပိုပြောနိုင်လို့  အချိန်တွေ ငွေတွေအကုန်ခံပြီးလုပ်နေတာ၊ ဒါကိုတော့ အသိအမှတ်ပြုပေးပါ”

ဟု နိုဝင်ဘာ ၁၅ ရက်က ယုဇနဂါးဒင်းဟိုတယ်၌ကျင်းပသည့် မြန်မာ့ခရီးသွားဘုတ်အဖွဲ့ ၏ မဲခေါင်ခရီးသွား

သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။


ဇွဲဝဏ္ဏ (ကျုံပျော် )


(ပြည်တွင်းထုတ်၊ ဧရာဝတီသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၇)

ကိုအောင်မျိုးထွန်းပေးပို့သည်။

အတူပျံသန်းရင်း ပေးဆပ်သူများ

၂၅.၁၁.၂၀၁၁ (သောကြာ)နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ဆထပ်တန်ဖိုး တိုးတတ်၍ ကူညီပံ့ပိုးဖေးမမှုအင်အားများကို တိုးမြှင့်မည့် သွေးသစ်လောင်းခဲ့သော နေ့တစ် နေ့ပင် ဖြစ်တော့သည်။ ထိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကွယ်လွန်သွားပြီဖြစ်သော မိခင်ဖြစ်သူ …… အတွက် ရည်စူးကာ တေးသံရှင် ဆောင်းဦးလှိုင် (မိသားစု)တို့မှ အလှူငွေကျပ် (၅) သိန်း အား လာရောက်လှူဒါန်း၍ Honourable Member Card ပေးအပ်သော အခမ်းအနားအား တစ်ပြိုင်နက် တည်း ကျင်းပပြုလုပ်ခဲ့သည်။

ယင်း Honourable Member Card အား ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့အား ပေးအပ် ခဲ့သည်။ ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့သည် ယခင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် လက်တွဲ၍ အများပြည်သူတို့အပေါ် ကူညီဖေးမမှုများကို ပြုလုပ်ပေးခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်တို့ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူ အလှူရှင်တို့ အပေါ် ပြန်လည်အမှတ်တရ ပေးအပ်သည့် နာရေးလုပ်ဆောင်မှု၊ ကူညီမှု “လူမှုရေးဂီတသူရဲကောင်း MTV” အခွေတွင်လည်း မိမိတို့၏ အချိန်၊ အင်အား၊ ငွေအားတို့ဖြင့် ပံ့ပိုးကူညီလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့သူများ လည်းဖြစ်သည်။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းရပ်အား ထဲထဲဝင်ဝင် လုပ်ကိုင်ပေးဆပ်လိုသော စိတ်ဆန္ဒအရ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားအဖြစ် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်း အခမ်းအနားတွင် ဆောင်းဦးလှိုင်မှ အများပြည်သူတို့ အထူးလိုအပ်နေသော နာရေးကိစ္စရပ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု၊ ပညာရေးကိစ္စရပ်များ ဆုံဆည်းရာနေရာဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ စိတ်ရှင်းရှင်းဖြင့် ကိုယ်တိုင်ပါဝင် ၀င်ရောက်ပံ့ပိုးကူညီမှုများ လုပ်ကိုင်လို၍ဖြစ်ကြောင်းနှင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)မှ ပြောကြားရာတွင် မိမိ၏ မိဘနှစ်ပါးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြောင်း၊ မိဘနှစ်ပါး ကွယ်လွန်သွားသောအချိန်တွင် မိမိသည် ဗုဒ္ဓဘာသာအား လေ့လာခဲ့ပြီး နောက်ဆုံးတွင် “ကံ ကံ၏အကျိုး” ကို ယုံကြည်ကိုးကွယ်မိကြောင်း၊ နောက်ဆုံးတွင် ငြိမ်းချမ်းမှုများရှိရာ ဤနာရေးကူညီမှု အသင်း(ရန်ကုန်)အား ၀င်ရောက်၍ အများပြည်သူတို့အပေါ် ပေးဆပ်လိုစိတ်ဆန္ဒ ဖြစ်ပေါ်လာကြောင်း တို့ကို ပြောကြားသွားခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့ ရေးစပ်သီဆိုပေးထားသော “Share My Love” နှင့် “ပျံသန်းသွား” သီချင်းစာသားများထဲကလို ငြိမ်းချမ်းမှုကို ရှေးရှု၍ ဂီတသူရဲကောင်းများဖြင့် အများပြည်သူတို့အတွက် ကူညီဖေးမမှုများကို အတူ လက်တွဲကာ ပျံသန်းရင်း ပေးဆပ်နေပြီ ဖြစ်ပါတော့သည်။

(ကျော်သူ)










သမ္မတ သတင်း​စာရှင်း​လင်း​ပွဲအဓိပ္ပာယ် ဘာလဲ



Published on November 25, 2011 by တိုင်းကျော်

ပြီး ​ခဲ့​တဲ့​ နိုဝင်ဘာ ၁၉ ရက် ညပိုင်း​က ဘာလီမှာ​ရောက်​နေတဲ့​ သမ္မတ ဦး​သိန်း​စိန်ဟာ အဲဒီကို သတင်း​ယူဖို့​ ​ရောက်​နေတဲ့​ မြန်မာသတင်း​ထောက်​တွေကို သီး​သန့်​ သတင်း​စာရှင်း​ပွဲတခု လုပ်​ပေး​ခဲ့​ပါတယ်။ ဒါဟာ စစ်အစိုး​ရ လက်ထက်က​ရော လက်ရှိ အရပ်ဝတ်အစိုး​ရ လက်ထက်မှာပါ နိုင်ငံ့​နံပါတ် ၁ ​ခေါင်း​ဆောင် တ​ယောက်အ​နေနဲ့​ ပထမဦး​ဆုံး​အကြိမ်အဖြစ် သတင်း​ထောက်​တွေ ​မေး​မြန်း​တာကို ​ဖြေကြား​တာ ဖြစ်ပါတယ်။
ဒီလို ​မေး​တာ ​ဖြေတာ​တွေကို ဘီဘီစီ၊​ ဗွီအို​အေ၊​ အာရ်အက်ဖ်​အေ၊​ ဒီဗွီဘီ အသံလွှင့်​ဌာန​တွေက အသံလွှင့်​ထုတ်ခဲ့​လို့​ ပြည်တွင်း​က ​ရေဒီယို နား​ထောင်သူ​တွေ ကြား​ခဲ့​ကြရပါတယ်။ ​နောက်ပိုင်း​ ရန်ကုန်တိုင်း​မ် ဂျာနယ်က ပုံနှိပ်​ဖော်ပြလို့​ ဖြတ်​တောက်ထား​တာ တချို့​တ​လေကလွဲပြီး​ အများ​စုကို စာဖတ်သူ​တွေ ဖတ်ခွင့်​ရခဲ့​ကြပါတယ်။ အဲဒီမှာ သမ္မတ ဦး​သိန်း​စိန် ဘာ​တွေ ​ပြောခဲ့​လဲ။ အရင် သူ​ပြောခဲ့​တဲ့​ မိန့်​ခွန်း​တွေနဲ့​ နှိုင်း​ယှဉ်ရင် ဘာ​တွေ ကွာခြား​ချက် ရှိ​နေသလဲ ဆိုတာကို ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။
ရန်ကုန်မှာ​ တော့​ ဒီ သမ္မတရဲ့​ ​ဖြေကြား​ချက်​တွေကို ကြား​ခဲ့​ရသူ အများ​စုက​တော့​ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ​တွေ့​ရပါတယ်။ အရင် စစ်အာဏာရှင်လက်ထက်က ဝန်ကြီး​ချုပ်ရာထူး​ ရယူခဲ့​တဲ့​ ဗိုလ်ချုပ်ကြီး​ဟောင်း​တ​ယောက်ရဲ့​ မူလ ဇာတ်ရုပ် ​ပေါ်လာပြီလို့​ ​ဝေဖန်သူ​တွေကလည်း​ ​ဝေဖန်ကြပါတယ်။ တချို့​က​တော့​ သူ့​သ​ဘောထား​ အရင်း​ခံက​တော့​ အခု သတင်း​ထောက်​တွေကို ​ဖြေထား​တဲ့​ အတိုင်း​ပါပဲ။ အရင်အကြိမ်​တွေတုန်း​က​တော့​ ကြိုတင်​ရေး​ထား​တာကို ဖတ်တဲ့​အတွက် အ​တော်​လေး​ယဉ်​ကျေး​နေတာ ဖြစ်ပါလိမ့်​မယ် ဆိုပြီး​ မှတ်ချက်​ပေး​တာမျိုး​လည်း​ ရှိပါတယ်။ ဆို​တော့​ သမ္မတ ဘာ​တွေ ​ဖြေခဲ့​သလဲ ဆိုတာ ကြည့်​ကြရ​အောင်ပါ။
သမ္မတ ဦး​သိန်း​စိန် ​ဖြေထား​တဲ့​ဆီမှာ ပြည်သူ​တွေ သိချင်​နေကြတဲ့​ အဓိက အချက်ကြီး​ ၃ ချက်​လောက် ပါပါတယ်။ ပထမ တချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ထပ်လွှတ်ဦး​မှာလား​။ ​နောက်ထပ် ဘယ်​တော့​လောက် လွှတ်​ပေး​ဦး​မှာလဲ ဆိုတာ။ လက်ရှိ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ စစ်ပွဲနဲ့​ ပတ်သက်ပြီး​ ထား​ရှိတဲ့​ သ​ဘောထား။ ​နောက်ဆုံး​တခုက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​နောက်ထပ် ​တွေ့​ဆုံကြဦး​မလား​ ဆိုတာ​တွေပဲ ဖြစ်ပါတယ်။
ယုံကြည်ချက်​ ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေကို ထပ်လွှတ်​ပေး​မလား​လို့​ ​မေး​တာကို ​ဖြေပုံက ရှင်း​ပါတယ်။ သူ့​စကား​လုံး​ အတိအကျဆိုရင် ယုံကြည်ချက်​ကြောင့်​ဆိုတဲ့​ဟာက​တော့​ ​ပြောရမှာခက်တယ်။ ကျ​နော်တို့​က ယုံကြည်ချက် ဆိုတာက​တော့​ လက်မခံဘူး​။ ဥပ​ဒေတခုခုကို ကျူး​လွန်ထား​တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။ သူ့​လိုပဲ ပြစ်မှု ကျူး​လွန်ထား​တဲ့​သူ​တွေလည်း​ အကျဉ်း​ထောင်ထဲမှာ အများ​ကြီး​ရှိတယ်။ ဒီအဖွဲ့​အတွက်ပဲ ခင်ဗျား​တို့​ပြောမယ်ဆိုရင် ကျန်တဲ့​အဖွဲ့​တွေအတွက်ပါ ခင်ဗျား​တို့​ ကိုယ်ချင်း​မစာရာ ကျမယ် ဆိုပြီး​ ​ဖြေသွား​ပါတယ်။
သူ​ဖြေတာ ရှင်း​ပါတယ်။ ဒါ့​အပြင် သူတို့​ ​ရှေ့​မှာ လုပ်ခဲ့​ကိုင်ခဲ့​သမျှဟာလည်း​ သူတို့​ ​ပြောတဲ့​အတိုင်း​ပဲ ဆိုတာ ရှင်း​ပါတယ်။ ​နောက်ဆုံး​ လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ​ကျော်ထဲမှာ ကိုဇာဂနာ၊​ ဗိုလ်ချုပ်​ဆေထင်နဲ့​ မစုစု​နွေး​ တို့​ ၃ ဦး​ကလွဲရင် ကျန်သူ​တွေအား​လုံး​ဟာ မတရား​ ချမှတ်ထား​တဲ့​ ​ထောင်ဒဏ်​တွေကို အနည်း​ဆုံး​ တဝက်ကျခံပြီး​မှသာ အခြား​ရာဇဝတ်သား​တွေနည်း​တူ လွတ်လာတာပါ။ အများ​စုဆိုရင် ​ထောင်ထဲမှာ နှစ်ရှည်လများ​ ဒုက္ခခံခဲ့​ပြီး​မှ လွတ်လာသူ​တွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရဲ့​ ဒီ​ပြောဆိုချက်​ကြောင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စု​တွေ​ရော၊​ နိုင်ငံ​ရေး​သမား​တွေ အပါအဝင် ပြည်သူ​တွေကို စိတ်ပျက်​စေပါတယ်။ ဒါကိုကြည့်​ခြင်း​အား​ဖြင့်​ လက်ရှိ ဦး​သိန်း​စိန် အစိုး​ရဟာ အမျိုး​သား​ ပြန်လည်စည်း​လုံး​ညီညွတ်​ရေး​ကို လုပ်​ဆောင်မ​နေဘူး​ဆိုတာ ​ပေါ်လွင်​စေပါတယ်။
နောက်တချက်က​ တော့​ လက်နက်စွဲကိုင် ​တော်လှန်​နေတဲ့​ တိုင်း​ရင်း​သား​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ ရ​ရေး​ပါ။ ဦး​သိန်း​စိန် ​ဖြေတာက အ​တော်​လေး​ ဆိုး​ပါတယ်။ တိုင်း​ရင်း​သား​တွေ လက်နက်စွဲကိုင် ​တော်လှန်​နေတာဟာ အလုပ်အကိုင်မရှိလို့​ ထမင်း​မဝလို့​ ဖြစ်ရတယ်။ ထမင်း​ဝ​အောင် အလုပ်အကိုင်​တွေ ရှိလာ​အောင် စက်မှုဇုန်​တွေ ​ထောင်​ပေး​လိုက်ရင် ဒီပြဿနာ ​ပြေလည်သွား​မယ်ဆိုပြီး​ လက်လွတ်စပယ် ​ပြောဆိုခဲ့​တာ ဖြစ်ပါတယ်။ ​နောက်ပြီး​ လက်ရှိ ဖြစ်ပွား​နေတဲ့​ ​ကေအိုင်​အေနဲ့​ တိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ​ကေအိုင်​အေ ကသာ တဖက်သတ် ဆိုး​သွမ်း​နေလို့​ စစ်တပ်က ခုခံ​နေရတယ် ဆိုတဲ့​သ​ဘော ​ပြောပြန်ပါတယ်။ သူ့​စကား​လုံး​ အတိအကျဆိုရင် သူတို့​က လမ်း​တွေ​ပေါ်မှာ ​နေရာယူထား​၊​ ဘာယူထား​လုပ်​နေတယ်။ လုပ်​နေ​တော့​ တပ်ရဲ့​ အကူအညီ ​တောင်း​ရတယ်။ ​တောင်း​တော့​ တပ်က ခင်ဗျား​တို့​ ဖယ်​ပေး​ပါ။ လမ်း​တွေပြင်ဖို့​ ပြုဖို့​ပါဆို​တော့​ မရဘူး​။ မရ​တော့​ ရှင်း​ရင်း​လင်း​လင်း​နဲ့​ တိုက်ပွဲ​တွေဖြစ်​နေတာ၊​ ကျ​နော်တို့​ သူတို့​ကို အပြတ်​ပြောထား​တယ်။ ခင်ဗျား​တို့​ကို တိုက်လို့​ရှိရင် ရက်ပိုင်း​ နာရီပိုင်း​ တိုက်လို့​ ရတယ်၊​ ဒါ​ပေမယ့်​ မတိုက်ပါဘူး​ဆိုပြီး​ ​ပြောခဲ့​ပါတယ်။
ဒီစကား​ တွေကိုကြည့်​ရင် တိုင်း​ရင်း​သား​အခွင့်​အ​ရေး​၊​ လူ့​အခွင့်​အ​ရေး​ ကိစ္စ​တွေကို အသိအမှတ်မပြုတာ စစ်ဗိုလ်ချုပ်​ဟောင်း​ပီပီ စစ်မာန်တက်​နေတာ ​ပေါ်လွင်​နေပါတယ်။ နှစ်​ပေါင်း​ ၅၀၊​ ၆၀ တိုင်​အောင် တိုက်မနိုင်တဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့​တွေကို နာရီပိုင်း​ ရက်ပိုင်း​ တိုက်လို့​ရတယ် ဆိုပြီး​ ​ပြောလိုက်တာဟာ တိုင်း​ရင်း​သား​တွေကို ပိုပြီး​ မခံချိမခံသာ အမုန်း​ပွား​စေရုံကလွဲပြီး​ ဘာမှ ထူး​မလာ​စေပါဘူး​။
နောက်ထပ် အ​ရေး​ကြီး​တာ တခုဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဆက်ပြီး​ ​ဆွေး​နွေး​မလား​ ဆိုတာကိုလည်း​ တိကျတဲ့​ အ​ဖြေ မ​ပေး​ခဲ့​ပါဘူး​။ ဦး​သိန်း​စိန် ​ပြောတဲ့​စကား​ထဲမှာ သူတို့​က ​ပြောင်း​လဲလိုက်​တော့​မှ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင် လိမ္မာ လာသ​ယောင်​ယောင် အ​ပြောမျိုး​ ​ပြောထား​ပါ​သေး​တယ်။ တကယ်​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ နဂိုကတည်း​က ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ တိုင်း​ပြည်ပြဿနာကို ငြိမ်း​ချမ်း​စွာ အ​ဖြေရှာ​ရေး​ ​ပြောဆိုခဲ့​သူပါ။ အခု အရပ်ဝတ်အစိုး​ရက နည်း​နည်း​လေး​ဆွေး​နွေး​လာတာနဲ့​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က တိုင်း​ပြည်နဲ့​ ပြည်သူ​တွေအ​ပေါ်ထား​တဲ့​ သူ့​ရဲ့​ ​စေတနာကို ပြလိုက်တာပါ။ ဦး​သိန်း​စိန် အစိုး​ရ လိုက်​လျောတာထက် အများ​ကြီး​ပိုတဲ့​ ​စေတနာကို ပြ​နေတာသာ ဖြစ်ပါတယ်။>
ခြုံပြီး​ ပြောရရင် သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့​ ထိုင်​နေရင် အ​ကောင်း​သား​ဆိုတာလို သူ့​မိန့်​ခွန်း​နား​ထောင်ပြီး​ ပြည်သူ​တွေ ချီး​ကျူး​နေတာ​တွေတင် ရပ်မထား​ဘဲ သတင်း​စာရှင်း​ပွဲ လုပ်ပြီး​ သ​ဘောထား​ အမှန်​တွေ ​ပြောလိုက်​တော့​မှ ပြည်သူ​တွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ဘာမှ မဆန်း​ပါဘူး​။ စစ်ဗိုလ်ချုပ်​ဟောင်း​ တ​ယောက်ရဲ့​ နဂို ဇာတိရုပ် ​ပေါ်လာတယ်ဆိုပြီး​ ​ဝေဖန်တာ​တွေကိုလည်း​ မှား​တယ်လို့​ မဆိုနိုင်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/archives/18257

အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှုပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ်


Published on November 25, 2011 by နော်နိုရင်း   

မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာ​ပေမယ့်​ အရင် စစ်အစိုး​ရလက်ထက်ကလိုပဲ တိုင်း​ရင်း​သူ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​ပြီး​ စစ်လက်နက်သဖွယ် အသုံး​ပြု​နေဆဲပဲလို့​ အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက ​ပြောဆိုလိုက်ပါတယ်။န့​ အထိမ်း​အမှတ် ​ကြေညာချက်ထုတ်ပြန် ​ပြောဆိုလိုက်တာပါ။

လွေးနွေ နှောင်း (ဓာတ်ပုံ ကေအိုင်စီ)

ဘယ်လိုအ​ ထောက်အထား​တွေနဲ့​ ခုလို​ပြောဆိုတာလဲဆိုတာကို အမျိုး​သမီး​များ​အဖွဲ့​ချုပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)ရဲ့​ သဘာပတိအဖွဲ့​ဝင် ​လွေး​နွေ​နှောင်း​ကို ​မေး​မြန်း​ထား​ပါတယ်။
ဒီ ​နေ့​ ဒဗလျူအယ်လ်ဘီ က​နေပြီး​တော့​ ​ကြေညာချက်တခု ထုတ်ထား​တယ်။ အရင်တုန်း​ကလည်း​ မြန်မာနိုင်ငံအတွင်း​မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ရှိ​နေတယ်လို့​လည်း​ အမြဲတမ်း​လည်း​ ​ကြေညာချက် ထုတ်ထား​တာ ရှိတယ်​လေ။ အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန်လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေက​တော့​ ရှိ​နေတုန်း​ဘဲလား​။
“သမ္မတဦး​သိန်း ​စိန်လက်ထက်မှာ အကြမ်း​ဖက်မှု​တွေက ရှိ​နေတုန်း​ပဲလို့​ ​ပြောလို့​ ရပါတယ်။ အဓိကက​တော့​ ၈ လတာကာလ၊​ ဒီ ၂၀၁၁ မှာ ကချင်​ဒေသမှာပဲ ကြည့်​ကြည့်​၊​ ရှမ်း​ဒေသမှာဖြစ်ဖြစ် ဒီ နှစ်ခု​ပေါင်း​ ဒီအမျိုး​သမီး​ ၈၁ ဦး​လောက်ကို နအဖတပ်က မုဒိမ်း​ကျင့်​ခဲ့​တာမျိုး​တွေ ရှိတယ်။ ၃၆ ဦး​ သတ်ဖြတ်ခံရတယ်။ ဒီဟာဆိုရင်​တော့​ အရမ်း​ကို ဆိုး​ဆိုး​ရွား​ရွား​ဖြစ်​နေတဲ့​ အ​ခြေအ​နေမျိုး​တွေမှာ ရှိတယ်။ မုဒိမ်း​မှုတင်မကဘူး​ မြန်မာနိုင်ငံမှာ အခြား​ အိမ်တွင်း​အကြမ်း​ဖက်မှုတို့​၊​ စိတ်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်မှု​တွေလည်း​ အများ​ကြီး​။ ဥပမာ အမျိုး​သမီး​တ​ယောက်ကို ခြိမ်း​ခြောက်တဲ့​ဟာမျိုး​တွေလည်း​ ကျမတို့​ဆီမှာ အများ​ကြီး​ ​တွေ့​ရတယ်​လေ။ တက်လာတဲ့​ သမ္မတ ဦး​သိန်း​စိန်လက်ထက်ဆိုရင် သူတို့​က​တော့​ ဒီမိုက​ရေစီနိုင်ငံလို့​ ​ပြော​နေ​ပေမယ့်​ တကယ်တမ်း​ကျ​တော့​ ပြုပြင်​ပြောင်း​လဲမှု​တွေက တိုင်း​ရင်း​ဒေသမှာ မရှိ​သေး​ဘူး​ ဆိုတဲ့​ဟာမျိုး​တွေ ကျမတို့​က အဓိက ဒီဟာကို ​ထောက်ပြချင်တယ်။”အစိုး​ရသစ်လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ပိုများ​လာလား​ နည်း​သွား​သလား​။


“ပိုပြီး​တော့​ များ​လာတာကို ​တွေ့​ရှိရတယ်။”
ဘယ်လိုအ​ထောက်အထား​နဲ့​ များ​လာတယ်လို့​ ​ပြောတာလဲ။

“အခု လက်ရှိ ကျမတို့​ ဒီမှာ ကချင်နဲ့​ ရှမ်း​တွေ ထုတ်ထား​တဲ့​ အစီရင်ခံစာ​တွေလည်း​ အများ​ကြီး​ ရှိတယ်​လေ။ ပြီး​တော့​ ပ​လောင်​ဒေသမှာ ဖြစ်ပျက်တဲ့​ဟာ​တွေလည်း​ အများ​ကြီး​ ကျမတို့​ ထုတ်ထား​တယ်။ ဘိန်း​ကိစ္စ၊​ လူကုန်ကူး​မှု ကိစ္စ​တွေ​ရော။ ​နောက်တခု ဒီ​နေ့​ဆိုရင် အစီရင်ခံစာ တ​စောင်ထုတ်ထား​တယ်​လေ။ ဒီအ​ပေါ်မှာလည်း​ အကြမ်း​ဖက်မှုနဲ့​ ပတ်သက်တဲ့​ဟာ​တွေပဲ ကျမတို့​ အများ​ကြီး​ ရှိတာ​ပေါ့​နော်။ ဒီနှစ်အတွင်း​မှာ အမျိုး​သမီး​တွေက ဒီစာက​တော့​ ပ​လောင်ထုတ်တဲ့​ ​ပြောင်း​လဲခြင်း​အတွက် အသံများ​ဆိုတဲ့​ အစီရင်ခံစာ​ပေါ့​နော်။ ဒီမှာလည်း​ အများ​ကြီး​ အမျိုး​သမီး​နဲ့​ အမျိုး​သား​ အင်တာဗျူး​ကြည့်​လိုက်​တော့​ ၆၀၀ ​ကျော်ထဲမှာ ၉၀ က အကြမ်း​ဖက်ခံရတဲ့​ အမျိုး​သမီး​တွေ ​တွေ့​ရှိတယ်ဆိုတဲ့​ဟာ သူတို့​ရဲ့​ ဖွင့်​ပြောချက်​တွေ အများ​ကြီး​ ​တွေ့​ရတယ်​လေ။ ဒီဟာလည်း​ ကျမတို့​အတွက် သက်​သေတခုဖြစ်တယ်လို့​ ​ပြောလို့​ရတယ်။”
အကြမ်း​ဖက်မှု​တွေထဲမှာ ဘယ်လိုအကြမ်း​ဖက်မှုက အဆိုး​ရွား​ဆုံး​ဖြစ်လဲ။

“အဓိကက​တော့​ မုဒိမ်း​မှု​ပေါ့​နော်။ ကျမတို့​ဆီမှာ ​တော်​တော်​လေး​ကို ဖြစ်​နေတဲ့​ဟာ။ ဒီမုဒိမ်း​မှုက​တော့​ ​ပြောမယ်ဆိုရင်​တော့​ တရား​ဥပ​ဒေနဲ့​ ရင်ဆိုင်ရမယ့်​ အမှု​တွေ ဖြစ်တယ်​လေ။ တကယ်တမ်း​ကျ​တော့​ သူတို့​က မလုပ်​ပေး​တဲ့​ အပိုင်း​တွေ ရှိတယ်။ နှစ်အချက်က​တော့​ လူကုန်ကူး​မှု​တွေလည်း​ အများ​ကြီး​ဖြစ်တယ်။ လူကုန်ကူး​မှု ဘယ်​နေရာမှာပဲ ကြည့်​ကြည့်​ ကရင်​ဒေသမှာပဲ ကြည့်​ကြည့်​ စစ်ပွဲ​တွေ ဖြစ်​တော့​ လူ​တွေက အလုပ်လက်မဲ့​တွေဖြစ်တယ်။ ကချင်​ဒေသမှာပဲ ကြည့်​ကြည့်​၊​ ရှမ်း​ပြည်မှာပဲ ကြည့်​ကြည့်​ အဓိက လူကုန်ကူး​ခံရမှု​တွေ ​တော်​တော်များ​များ​ အမျိုး​သမီး​တွေ ခံစား​ရတယ်။ ​နောက်တချက်က​တော့​ အိမ်တွင်း​အကြမ်း​ဖက်မှုမှာ များ​သောအား​ဖြင့်​ လူ​တွေက ​ပြော​နေကြတာက​တော့​ ဒီဟာက​တော့​ မိသား​စုအ​ရေး​ ဖြစ်​နေတယ်။ ပတ်ဝန်း​ကျင်နဲ့​ မဆိုင်ဘူး​ဆိုတဲ့​ဟာ ပစ်ပယ်မယ်တဲ့​ဟာမျိုး​တွေလည်း​ အများ​ကြီး​တွေ့​ရတယ်။”
လူကုန်ကူး​မှု​တွေ၊​ အဓမ္မပြုကျင့်​မှု​တွေ၊​ အိမ်တွင်း​အကြမ်း​ဖက်မှု​တွေ ရှိ​နေတဲ့​ထဲမှာ​ပေါ့​လေ ဘယ်​ဒေသ​တွေက အများ​ဆုံး​ဖြစ်လဲ။

“ဘယ်​ဒေသမှာ အများ​ဆုံး​ဖြစ်လဲဆို​တော့​ စစ်ပွဲဖြစ်တဲ့​နေရာ​တွေမှာ များ​ပါတယ်။ ရှမ်း​ပြည်၊​ ကချင်ပြည်၊​ ကရင်ပြည်​ပေါ့​နော် များ​သောအား​ဖြင့်​ ဖြစ်တယ်။ တခြား​နေရာမှာလည်း​ ကျမတို့​ ခြုံငုံပြီး​ပြောလို့​မရဘူး​။ တခြား​နေရာမှာ အိမ်တွင်း​အကြမ်း​ဖက်မှုဆိုရင် အများ​ကြီး​ ​တွေ့​ရတယ်​လေ။ များ​သောအား​ဖြင့်​ မြန်မာတပြည်လုံး​မှာ ဖြစ်​နေကြတာကိုး​ ဒီဟာက။”
အဓိကအား​ဖြင့်​ ဒီလိုမျိုး​တွေ ဖြစ်ရတာ ဘာ​ကြောင့်​ပါလဲ။

“အဓိကက ဘာ​ကြောင့်​လဲဆို​တော့​ အခုတက်လာတဲ့​ အစိုး​ရသစ်ကိုပဲ ​ပြော​ပြော၊​ အရင်တုန်း​က နအဖ ​ခေတ်ကိုပဲ ​ပြော​ပြော တာဝန်ယူမှု တစုံတရာ မရှိတဲ့​အပြင် သူတို့​က ၉၇ မှာ The Convention on the Elimination of all forms of Discrimination Against Women (CEDAW) (အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ) မှာ လက်မှတ်​ရေး​ထိုး​ထား​ပေမယ့်​ သူတို့​က​တော့​ ဒီ စာရွက်စာတမ်း​ပေါ်မှာပဲ ရှိတယ်​လေ။ တကယ့်​လက်​တွေ့​မှာ သူတို့​ အ​ကောင်အထည် မ​ဖော်ဘူး​ဆို​တော့​ ဒါ​တွေကို လုပ်လို့​မရဘူး​။ ကျမတို့​ ဒီအမျိုး​သမီး​များ​အဖွဲ့​ချုပ်က​တော့​ ကြိုး​စား​ပြီး​တော့​ လုပ်​နေပါတယ်။ ဒီ အမျိုး​သမီး​များ​ ကြား​မှာ​ပေါ့​နော် ပညာ​ပေး​ဟော​ပြောပွဲ​တွေ၊​ ဒီအခမ်း​အနား​တွေ၊​ သိသင့်​သိထိုက်တဲ့​ဟာမျိုး​တွေ အကုန်​တော့​ အလုပ်​တော့​လုပ် တကယ်တမ်း​ကျ​တော့​ ကျမတို့​ ပြည်တွင်း​မှာ ဘယ်​လောက်ပဲလုပ်လုပ် ထိထိ​ရောက်​ရောက် လုပ်နိုင်​ပေမယ့်​ အစိုး​ရရဲ့​ သူတို့​ရဲ့​ ​ပေါ်လစီထဲမှာ မ​ပြောင်း​လဲဘူး​ဆိုရင် ကျမတို့​ ဘယ်လိုမှ ​ပြောင်း​လဲလို့​ မရတဲ့​ အ​နေအထား​တွေ​တော့​ ဖြစ်တယ်ရှင့်​။”
အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်ဖို့​ ဘယ်လို လုပ်သင့်​သလဲ။

“အမျိုး​သမီး​ တွေအ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ် မြန်မာနိုင်ငံမှာ​လေ။ အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ လက်မှတ် ထိုး​ထား​တယ်ဆို​တော့​ တကယ့်​ကို အ​ကောင်အထည်​ဖော်ဖို့​ လိုအပ်တယ် ဆိုတာမျိုး​ ကျမတို့​ မီး​မောင်း​ထိုး​ပြချင်တယ်။ ဒီဟာကိုလည်း​ လက်​တွေ့​လုပ်​ဆောင်ဖို့​ လိုအပ်တယ်ဆိုတဲ့​ဟာမျိုး​တွေ။ ပြီး​တော့​ မြန်မာနိုင်ငံမှာ ကျမတို့​ ပညာ​ပေး​ဟော​ပြောပွဲ​တွေ အများ​ကြီး​လုပ်​ဆောင်ဖို့​လို့​အပ်တယ်။ ၂၀၀၇ တုန်း​က ကျမတို့​ အ​တွေ့​အကြုံ​ပေါ့​နော်။ မြန်မာနိုင်ငံမှာ သူတို့​ အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ (ကုလသမဂ္ဂ) မှာ တင်​တော့​ ဘာ​ပြောလဲဆို​တော့​ အမျိုး​သား​များ​နဲ့​ အမျိုး​သမီး​တွေက တန်း​တူ အခွင့်​အ​ရေး​ခံစား​ခွင့်​ရှိတယ်။ မ​မွေး​ခင်ကတည်း​က အခွင့်​အ​ရေး​တွေက ရှိထား​ပြီး​သား​ဆို​တော့​ သူတို့​ရဲ့​ စာတန်း​ထဲမှာ​တော့​ ရှိတယ်၊​ တကယ့်​ လက်​တွေ့​မှာ သူတို့​လုပ်​ဆောင်​နေတဲ့​ အပိုင်း​တွေ အရမ်း​အား​နည်း​တဲ့​ ဟာမျိုး​တွေ​ပေါ့​နော်။ ဒီဟာကို အစိုး​ရ​တွေ ကိုယ်တိုင်လည်း​ လုပ်​ဆောင်ဖို့​ လိုအပ်တယ်။”
http://burmese.dvb.no/archives/18290

မြောင်းမြ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုစိုးသီဟ လူမဆံစွာ ရိုက်နှက်ခံရ


News Date:11/25/2011
ဧရာဝတီတိုင်း မြောင်းမြ အကျဉ်းထောင်မှ ထောင်တသက် လွှတ်ရက် မရှိ ကျခံနေရသူ နိုင်ငံရေး အကျဉ်းသား ကိုစိုးသီဟ (ခေါ်) ကိုကျော်ဇင်သက်ကို များမကြာမှီက ထောင်အာဏာပိုင် တစ်ဦးက ရိုက်နှက်ခဲ့သဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။



Prison
" သူခေါင်းက ကွဲသွားတယ်။ လက်ကျိုးသွားတယ်။ ဆက်ပြီး နှိပ်စက်ခံရတယ်။ သတိမေ့လု မတတ် ဖြစ်သွားပါတယ်" ဟု များမကြာမှီက မြောင်းမြထောင်မှ လွှတ်လာသူ တစ်ဦးက ပြောသည်။

အဆိုပါ အခင်းမှာ ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၂၃ ရက်နေ့က မြောင်းမြ အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ကိုစိုးသီဟက ထောင်ပိုင်ကြီးကို လိုလားချက်တွေကို တင်ပြနေချိန်မှာ ဒုထောင်မှူး ရဲမင်းအောင် (က ၃၈၈၉)နဲ့ သူ့နောက်လိုက် နောက်ပါတွေက တုတ်တွေနဲ့ ၀င်ရိုက်ပါတယ်။ ရိုက်တာကိုမှ ရန်သူလို သဘောထားပြီး ရိုက်တာပါ"ဟု သူက ပြောသည်။

ကိုစိုးသီဟမှာ ထိုသို့ ရိုက်နှက်ခံခဲ့ရသဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သော်လည်း ဆေးရုံတက်ရောက် ဆေးကုသခွင့် မရခဲ့သလို ထိုကဲ့သို့ ရိုက်နှက် အနိုင်ကျင့်သူ ဒုထောင်မှူး ရဲမင်းအောင်အားလည်း အထက် အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူ အပြစ်ပေးခြင်း မရှိကြောင်း သိရသည်။

ကိုစိုးသီဟမှာ ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ရွှေဘိုမြို့နယ် ဥယျာဉ်တော်ကျေးရွာ ဇာတိ ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦး ဖြစ်ကာ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမိုးသီးဇွန်နှင့် ရင်းနှီးသူ လုပ်ဖေါ်ကိုင်ဘက် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ကိုစိုးသီဟမှာ ရန်ကုန်မြို့တော်ခန်းမ ဗုံးဖေါက်ခွဲရန် ကြံစည်မူဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် မေလတွင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် သေဒဏ်မှ ထောင်တသက် လွှတ်ရက်မရှိ ပြစ်ဒဏ်သို့ ချမှတ်ခံထားရသူ ဖြစ်သည်။

ကိုစိုးသီဟသည် သူ့အား ယခုကဲ့သို့ ထောင်အာဏာပိုင်များက လူမဆံစွာ ရိုက်နှက် ညှဉ်းပမ်းနှိပ်စက်မူ အပေါ် ကဗျာရေးဖွဲ့ကာ ပြင်ပမှ သူ၏ လုပ်ဖေါ်ကိုင်ဘက်များ၊ မိတ်ဆွေများ၊ ဒီမိုကရေစီအရး လူပ်ရှားသူများကို ပေးပို့ခဲ့သည်။

သူရေးသား ပေးပို့ခဲ့သောကဗျာမှာ အောက်ပါ အတိုင်း ဖြစ်သည်။

(သိုးမဲများနှင့် ရင်ဆိုင်ခြင်း)

+ မိစ္ဆာတမာန်ရဲ့ ရိုင်းပြခြင်းက ကြမ်းရှရှပေါ့။

+ ရိုက်စမ်းပါ၊ ရိုက်စမ်းပါ၊ ရိုက်လိုက်စမ်းပါ၊ ငါ၏ ဦးခေါင်းကွဲကြေ။

+သို့ဖြစ်ငြားလည်း အရှုံးမပေး၊ ဒို့မကြောက် ဒူးမထောက်ပါ။

+ကြည့်စမ်းပါ၊ ကြည့်စမ်းပါ၊ ကြည့်လိုက်စမ်းပါ။ ငါ့ကိုယ်အရှင်ရဲ့ သွေးတွေ သွေး….. သွေး…. သွေး

+ ခွပ်ဒေါင်းသခင်ရဲ့ သွေးတွေ တဝေါဝေါကျ

+ ကမ္ဘာမြေပေါ် စီးဆင်းသွား၊ သြဇာမြေဆီ ဖြစ်စေလို့၊ ပန်းမျိုးတရာ ဝေဆာစေဖို့ပ။

(အမှတ်တရ ၂၀၁၁ စက်တင်္ဘာ ၂၃ ကို ဖွဲ့ကျူးခြင်း) 

http://www.narinjara.com/detailsbur.asp?id=3622