Tuesday, November 29, 2011

ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့်အခမ်းအနား သာယာဝတီမြို့ သီရိမင်္ဂလာ ဘုန်းကြီးကျောင်းမှာကျင်းပ

Burma VJ Media Network

မြန်မာ့သမိုင်းမှာ နယ်ချဲ့တော်လှန်ရေးသမားကြီးအဖြစ် မော်ကွန်းတင်ခဲ့တဲ့ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင်ကြီး ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့်အခမ်းအနားကို ပဲခူးတိုင်း သာယာဝတီမြို့ သီရိမင်္ဂလာ ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
ဒီပွဲမှာ တောင်သူလယ်သမားနေ့အဖြစ် အရင်ကသက်မှတ်ပေးထားတဲ့ မက်လ ၂ ရက်နေ့အစား ဆရာစံကျဆုံးတဲ့နေ့ကို သက်မှတ်ပေးစေလိုကြောင်း တောင်းဆိုသွားကြပါတယ်။
ပထမဆုံးအကြိမ်အဖြစ် မြို့ခံလူငယ်တွေစုပေါင်းပြီးပြုလုပ်တဲ့ ဒီဆွမ်းကျွေးအလှူအခမ်းအနားကို မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့တာပါ။
ဒီပွဲကို နိုင်ငံရေးခေါင်းဆောင်တွေ ဂဠုန်မျိုးဆက်မိသားစုဝင်တွေ ၊ တောင်သူလယ်သမားတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေအပါအ၀င် လူဦးရေ ၇၀၀ ကျော်လောက်လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီပွဲမှာ ဆရာစံအတွက် ဂုဏ်ပြုကဗျာတွေကိုလည်းရွတ်ဆိုခဲ့ကြသလို အမှတ်တရကျောက်တိုင်ကိုလည်း စိုက်ထူခဲ့ကြပါတယ်။
ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့သူ ဂဠုန်ရာဇာဘွဲ့ခံ ဆရာစံဟာ ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခံခဲ့ရတာပါ။
ဒီပွဲဟာ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဆရာစံနဲ့အတူ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ကြိုးမိန့်ပေး ခံခဲ့ရတဲ့ တော်လှန်ရေးသမားတွေကို အမှတ်ရစေဖို့အတွက်လည်းဖြစ်တယ်လို့သိရပါတယ်။
တဆက်ထဲမှာပဲ ဆရာစံကျဆုံးခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်မြို့ မြောက်ဒဂုံ မြိ့နယ်က မကွေးကျောင်းတိုက်မှာလည်း ကျင်းပပြုလုပ်သွားခဲ့ကြပါတယ်ခင်ဗျာ။










ဂဠုန်ဆရာစံ ကျဆုံးခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုအခမ်းအနား ရန်ကုန်မြို့ တွင်ကျင်းပ
by Burma VJ Media Network on Tuesday, November 29, 2011 at 12:40am

ကိုလိုနီအင်္ဂလိပ်အစိုးရ ကို ခေါင်းဆောင်တော်လှန်ခဲ့သူ ဆရာစံ ကျဆုံးခြင်း အနှစ်(၈၀)ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားနဲ့ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံက မကွေးပရယတ္တိစာသင်တိုက်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို တောင်သူလယ်သမားများ၊ ရဟန်းရှင်လူများ နဲ့  နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ကျော် တက်ရောက်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်အာဏာသိမ်း တော်လှန်ရေးအစိုးရတက်လာပြီး နောက်ပိုင်းမတ်လ(၂)ရက်နေ့ ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခဲ့တာကို ပြန်လည် ပြန်ဆင် သတ်မှတ်ရန် လက်မှတ်ရေးထိုး ဆန္ဒပြုမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

တောင်သူလယ်သမားနေ့အဖြစ် ပြန်လည် ပြင်ဆင်သတ်မှတ်ရန် အောက်ပါနေ့ များကို အကြမ်းအားဖြင့် ရွေးချယ်ထားကြောင်း သိရပါတယ်။

(က) တောင်သူလယ်သမားတော်လှန်ရေးစတင်သည့်နေ့ရက် ၁၉၃၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂)ရက်
(ခ) တောင်သူလယ်သမားတော်လှန်ရေးခေါင်းဆောင် ဆရာစံ မွေးဖွားသည့်နေ့၊ ၁၈၇၆ခု၊ အောက်တိုဘာလ (၂၄) ရက်
(ဂ) တောင်သူလယ်သမားတော်လှန်ရေးခေါင်းဆောင် ဆရာစံအား နယ်ချဲ့အစိုးရက ကြိုးပေးကွပ်မျက်ခဲ့သည့်နေ့ရက် ၁၉၃၁ခု နိုဝင်ဘာလ (၂၈) ရက်နေ့စသည့်နေ့ရက်များဖြစ်ပါသည်။

တောင်သူလယ်သမားနေ့ ပြင်ဆင်သတ်မှတ်ရေး အဆိုလွှာကို အခမ်းအနား တက်ရောက်လာသူ (၅၆) ယောက် က လက်မှတ်ရေးထိုးခဲ့ ကြပြီးတောင်သူလယ်သမားနေ့ ပြင်ဆင်သတ်မှတ်ရေးအတွက် ကော်မတီတရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရပါတယ်။

တောင်သူလယ်သမား အခွင့်အရေးများကို ဖေါ်ထုတ်ကာကွယ်သွားရန်နဲ့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားများ အရေးကို ဆက်လက်လုပ်ဆောင်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အလားတူဆရာစံအတွက်ဂုဏ်ပြုပွဲကိုဆရာစံရဲ့ နေထိုင်ခဲ့တဲ့သာယာဝတီမြို့မှာ နိုင်ငံရေးလှုပ်ရှားသူများနှင့် ဆွေမျိုးအသိုင်းအ၀ိုင်းများမှ စည်စည်ကားကား ကျင်းပခဲ့ကြောင်း သိရပါတယ်။

မိုက်လို့ မပြီးသေး


တိုင်းပြည်ကလည်း မကောင်းသေး
အမေလည်း အသက်ကြီးပြီ
ခက်တာက
ငါက မိုက်လို့ မပြီးသေး
ရတာထက် ပိုလိုချင်နေသေးတာ
ငါကိုယ်တိုင်ပဲ ကျိန်စာ ဖြစ်နေသလား ...။

ကိုသင်ကာ

face book မှ

ကျက်သရေမင်္ဂလာရှိလှတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီလရှင်များ...

Min Kyaw Khine facebook








နိုင်ငံ​ရေး​အကျဉ်း​သား​ ၉၀၀ စာရင်း​ ထုတ်ပြန်ရန်ရှိ


Published on November 29, 2011 by ရွှေအောင်

အကျဉ်း​ထောင်အသီး​သီး​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၉၀၀ ခန့်​ ရှိတဲ့​အ​ကြောင်း​ စာရင်း​ထုတ်ပြန်ပြီး​ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်ထံ ​ပေး​ပို့​ညှိနှိုင်း​သွား​မယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှုကွန်ရက်က ​ပြောပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​လှုပ်ရှား​မှု ကွန်ရက်က ပြုစုထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​စာရင်း​ဟာ လက်ရှိ အကျဉ်း​ထောင်ထဲရှိ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​စာရင်း​နဲ့​ အနီး​စပ်ဆုံး​ဖြစ်တယ်လို့​လည်း​ ကွန်ရက်အဖွဲ့​ဝင် ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

မကြာခင်က ​ထောင်အသီး​သီး​မှ လွတ်​မြောက်လာသူ​တွေ၊​ ​ဒေသခံ​တွေကို ဖုန်း​အကြိမ်​ပေါင်း​ ရာနဲ့​ချီ ဆက်သွယ်​မေး​မြန်း​ စိစစ်ထား​တယ်လို့​ ဆိုပါတယ်။

အကျဉ်း​သား​စာရင်း​ပြုစုတဲ့​နေရာမှာ ​ထောင်တာဝန်ရှိသူ​တွေကို​ရော ဆက်သွယ်​မေး​မြန်း​ စုံစမ်း​တာမျိုး​ ရှိ၊​ မရှိဆိုတာနဲ့​ပတ်သက်လို့​ ကိုတိုး​ကျော်လှိုင်က ခုလို ​ပြောပါတယ်။

“​ထောင်အာဏာပိုင်​တွေနဲ့​ ဆက်သွယ်ပြီး​ ရယူဖို့​ကလည်း​ ခက်ပါတယ်ဗျ။ ​ထောင်အာဏာပိုင်ဘက်ကလည်း​ပဲ နိုင်ငံ​ရေး​အကျဉ်း​သား​ကို ဘယ်လိုဥပ​ဒေ​တွေနဲ့​ အကျုံး​ဝင်တယ်ဆိုတာလည်း​ သူတို့​သေချာ ​ပြောရခက်ပါလိမ့်​မယ်။ တချို့​ကျ​တော့​လည်း​ နိုင်ငံ​ရေး​လှုပ်ရှား​မှုနဲ့​ အဖမ်း​ခံရ​ပေမယ့်​လည်း​ နိုင်ငံ​ရေး​ပုဒ်မ တပ်ထား​ခံရတာ မဟုတ်တာ​တွေလည်း​ ရှိပါတယ်။”

နိုင်ငံ​ရေး​အကျဉ်း​သား​ ၉၀၀ စာရင်း​ကို ဒီအပတ်ထဲ ထုတ်ပြန်ဖို့​ရှိပြီး​ လူ့​အခွင့်​အ​ရေး​ကော်မရှင်ဥက္ကဋ္ဌ ဦး​ဝင်း​မြနဲ့​ အကျဉ်း​သား​လွတ်​မြောက်​ရေး​ ကွန်ရက်အဖွဲ့​တို့​ ​တွေ့​ဆုံသွား​ဖို့​ရှိတယ်လို့​လည်း​ ​ပြောပါတယ်။

“လက်ရှိနိုင်ငံ​ရေး​အကျဉ်း​သား​ စာရင်း​။ ကျ​နော်တို့​ စာရင်း​က အန်အယ်လ်ဒီ စာရင်း​နဲ့​လည်း​ မတူဘူး​။ အစိုး​ရရဲ့​ စာရင်း​နဲ့​လည်း​ မတူဘူး​။ ​အေ​အေပီပီ စာရင်း​နဲ့​လည်း​ မတူဘူး​။ ကျ​နော်တို့​ စာရင်း​က​တော့​ အနီး​စပ်ဆုံး​ ဖြစ်နိုင်တယ်။ ​သေ​သေချာချာလည်း​ လုပ်ထား​ပါတယ်။ ပြီး​ရင် မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကော်မရှင် ဥက္ကဋ္ဌ ဦး​ဝင်း​မြနဲ့​ ကျ​နော်တို့​အဖွဲ့​ ​တွေ့​မယ်။ ​တွေ့​ပြီး​ရင် ဒီစာရင်း​အတိုင်း​လေး​ တိုက်​ပေး​ဖို့​ရာ ကျ​နော်တို့​ ​မေတ္တာရပ်ခံမယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စ စကား​ပြောမယ်ဆိုရင် ဒီစာရင်း​ကို ကိုင်ပြီး​ပြောဖို့​ရာ ကျ​နော်တို့​ ညှိမယ်ဗျ။”

အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ထုတ်ပြန်တဲ့​စာရင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅၉၀ ခန့်​၊​ ထိုင်း​နိုင်ငံအ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​ အသင်း​ ​အေ​အေပီပီ-ဘီရဲ့​ စာရင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၆၀၀ ​ကျော်ရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့​ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်ရဲ့​ ​ကြေညာချက်မှာ​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅၀၀ ​လောက်ပဲရှိပြီး​ အဲ့​ဒီထဲက ၂ဝဝ​ကျော် ပြန်လွှတ်​ပေး​ပြီး​ ဖြစ်တယ်လို့​ ​ဖော်ပြပါရှိပါတယ်။
http://burmese.dvb.no/archives/18338

အသစ်ကပြန်စ (ဦးဝင်းတင်နဲ့ မေးခွန်းများ)

Interview with U Win Tin



မိုးမခ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၁

မေး။     ။ နိုဝင်ဘာ ၂၄က အင်န်အယ်ဒီက လူ ၂၁ ဦးစာရင်းနဲ့ နေပြည်တော်မှာ ပါတီမှတ်ပုံတင်ဖို့ လျောက်ထားတယ်လို့ ပြောတယ်။ အဲသည်ထဲမှာ စီအီးစီထဲက ၆ ဦင်္းပါတယ်။ ကျန်တဲ့ ၁၉  ဦးက လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားတွေ အစုံတွေ့ရတယ်။ အဲဒါက စီအီးစီအသစ်လား၊ တာဝန်ခံအသစ်တွေလား၊ ဘာတွေလဲ ဆရာ။

- ကျနော်တို့အပါအ၀င် ၂၁ ဦးစာရင်းက ပါတီကို မှတ်ပုံတင်ဖို့အတွက် ဆန္ဒပြုတဲ့ အဖွဲ့သာ ဖြစ်ပါတယ်။ တခြား ဘာမှ မဟုတ်ဘူး။ စီအီးစီအသစ်တွေ၊ ဖောင်ဒါတွေ၊ တာဝန်ခံတွေ၊ ခေါင်းဆောင်တွေ ဒါမျိုး မဟုတ်ဘူး။ အဲသည်မှာ ပြသလိုတဲ့ နိုင်ငံရေးအသွင်သဏ္ဍန်က နောင်ဖွဲ့စည်းမယ့် အင်န်အယ်ဒီပါတီမှာ လူကြီးတွေတင်သာမကဘူး၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပါတီဖြစ်တယ်ဆိုတာကို ပြသတာ သက်သက်ပါပဲ။

မေး။     ။ ပါတီမှတ်ပုံတင်ဖြစ်တဲ့အခ်ါမှာ ပါတီရဲ့ ဖွဲ့စည်းပုံတွေ၊ မူဝါဒတွေ၊ လမ်းစဉ်တွေမှာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီအောင် ရေးဆွဲတာမျိုးတွေ ရှိသလား။

- မူလဘူတ မူဝါဒတွေ ပြောင်းလဲစရာမရှိပါဘူး။ အာဏာရှင်ဆန်တဲ့ အစိုးရတွေကို လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတာက ဆက်လက်ပြီး ရှိနေမှာပါပဲလို့ ပြောနိုင်ပါတယ်။

မေး။     ။ အသစ်ကပြန်စကြတယ်ဆိုတော့ လက်ရှိပါတီဝင်တွေနဲ့ ၉၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေကို ဘယ်လို သဘောထားသလဲ။

- သူတို့တွေကိုယ်တိုင်ကော၊ ကျနော်တို့တွေကိုယ်တိုင်ပါ ပါတီဝင်အဖြစ် အစကနေ ပြန်ပြီး လျောက်ထားရမှာဖြစ်ပါတယ်။ ပါတီတာဝန်တွေ ထမ်းဆောင်လိုပါတယ် ဆိုတာကို ပြန်ပြီးတော့ အဆိုပြုကြရမှာပဲ။

မေး။     ။ ဒီမေးခွန်းက နည်းနည်းတော့ ရှည်တယ် ဆရာရေ။ ခွင့်လွှတ်ပါ။ ဆရာကိုယ်တိုင်ကော ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျဉ်းကျနေစဉ်၊ အကျယ်ချုပ်ကျနေစဉ်မှာ ပါတီကနေ အကြောင်းကြောင်းကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ အခြေအနေတွေ ရှိခဲ့တယ်။ ယခင်ခေါင်းဆောင်မှုတွေအဆင့်ဆင့်ကနေ ပါတီဝင်တွေနဲ့ ယခင်ရွေးကောက်ပွဲကအမတ်တွေထဲမှာ  ပါတီထုတ်ပယ်ခံထားရတဲ့သူတွေ၊ အရေးယူခံထားရသူများ၊ ဝေးကွာနေသူတွေရှိတယ်။ သူတို့တွေကိုကော ဆရာတို့က ကြိုဆိုမှာလား။ ဘာကြောင့် မေးရသလဲဆိုတော့ တနေ့က ကွယ်လွန်သွားတဲ့ ဦးအေးသန်း၊ ပေါင်းတည် မဲဆန္ဒနယ် အမှတ် ၂ အမတ်ဆိုရင် ပါတီကနေ အထုတ်ခံထားရတယ်။ ပြန်လည်ခေါ်ယူတော့လည်း အကြောင်းကြောင်းကြောင့် အဝေးမှာပဲ ရပ်တည်နေခဲ့တယ်။ သူ့ရဲ့ နာရေးမှာ ကွယ်လွန်ချိန်အထိ   ပြည်သူများမှရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်အဖြစ် ခိုင်ခိုင် မာမာ ရပ်တည်သွားခဲ့ ပါတယ်လို့ ရေးထားတယ်။ အခုပါတီဝင်အဖြစ် မှတ်ပုံတင်တဲ့အခါ ပါတီက အရေးယူခံထားခဲ့သူတွေကို ပါတီဝင်အဖြစ် ပြန်လည် လျောက်ထားခွင့်ရှိပါ့မလား။

- ကျနော့်သဘောကတော့ ပါတီက ယခင်တုန်းကထုတ်ထားတယ်ဆိုပေမယ့် ဘာအကြောင်းကြောင့် အရေးယူခံရသလဲ၊ ထုတ်ထားသလဲဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ရမယ်၊ ပြန်ပြီးတော့ ရှင်းလင်းခွင့် ရှိရမှာပဲလို့ ထင်ပါတယ်။ သူတို့တွေကို ပါတီက ထုတ်ထားလို့၊ အရေးယူခံထားရလို့ ပါတီဝင်အဖြစ် လျောက်ထားခွင့်မရှိရဘူးဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

မေး။     ။ အင်န်အယ်ဒီရဲ့ လက်ရှိအခြေအနေနဲ့ အပြောင်းအလဲတွေအရ ပြည်တွင်းမှာရော ပြည်ပမှာပါ အဖွဲ့အစည်းတွေ၊ လူတဦးချင်းပုဂ္ဂလတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနေတယ်။ ရပ်တည်မှုအရ ယုံကြည်ချက်အရ၊ နိုင်ငံရေးပုံသဏ္ဍန် စသည်ဖြင့်ပေါ့လေ။ အဲဒါတွေကို ဆရာက ဘယ်လိုမျိုး ပြောချင်သလဲ။

- အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားတွေ အားလုံးမှာ သက်ရောက်မှုတွေ ရှိတယ်။ အဲသည်မှာ အားလုံးက လွတ်လွတ်လပ်လပ်စဉ်းစားကြစေချင်တယ်။ သမိုင်းအရ နိုင်ငံရေးအရ နိုင်ငံရေးပုံသဏ္ဍန်အရ မိမိရဲ့ ယုံကြည်ချက်တွေ ရပ်တည်ချက်တွေပေါ်မှာ မူတည်ပြီး စဉ်းစားကြရမှာပဲ။ ကျနော်တို့နဲ့လည်း ဆွေးနွေးတာ၊ သဘောထားတောင်းတာတွေလည်း လုပ်ကြရမှာပဲ။ စီအာရ်ပီပီ (လွှတ်တော်ကိုယ်စားပြုကော်မီတီ) နဲ့ အင်န်အယ်ဒီပါတီဆိုရင် ၉၀ ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီး တိုင်းရင်းသားအဖွဲ့တွေ၊ မဟာမိတ်ပါတီတွေနဲ့ လက်တွဲပြီး လုပ်ခဲ့တာတွေ အများကြီး ရှိတယ်။ မဟာမိတ်တွေ တိုင်းရင်းသားတွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်စရာတွေ ရှိတယ်။ တိုင်ပင်ဆွေးနွေးစရာတွေ ပေါ်ထွန်းလာမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။     ။ နိုင်ငံတကာဆက်ဆံရေးအနေနဲ့ပေါ့လေ၊ အင်န်အယ်ဒီပါတီက လွှတ်တော်ထဲ ၀င်ရောက်သွားမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရမယ်။ ဒါဆိုရင် လက်ရှိ အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ၊ ယန္တယားတွေနဲ့ သက်ဆိုင်သွားပြီ၊ ပတ်သက်မှုတွေ ရှိသွားပြီ။ အစိတ်အပိုင်းတခုဖြစ်လာပြီ ဆိုရင် တရုတ်၊ အမေရိကန်၊ ဥရောပ၊ အာရှ၊ အာဆီယံစတဲ့ ဆက်ဆံရေးပေါ်လစီတွေမှာ ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။

- ဒါကတော့ အဲသည်အခြေအနေကို တကယ်တမ်းရောက်လာမှပဲ သိကြရမှာပါ။ ခုချိန်မှာ ပြောဖို့ လိုပါသေးတယ်။

မေး။     ။ ကျေးဇူးတင်ပါတယ် ဆရာ။      

(ဓာတ်ပုံ – ဒေါ်စုလွတ်မြောက်လာသည့်နေ့ ၊ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်နေ့က ရွှေဂုံတိုင် ပါတီရုံးချုပ်အပေါ်ထပ်တွင် ပြင်ဆင်ထားသော ဒေါ်စုအတွက် ရုံးခန်းစာပွဲမြင်ကွင်း၊ မိုးမခ 

http://moemaka.com/2010/11/daw-suus-office-room/ )

http://moemaka.com

ဦးအောင်သိန်းလင်း ဦးကျော်ဆန်းကို ကြောက်ရွံ့

Tuesday, November 29, 2011  Sithu Linn  


...

ဦးအောင်သိန်းလင်းက ဦးကျော်ဆန်းကို လေးစား ကြောက်ရွံ့တဲ့အကြောင်း မြန်မာ့အလင်း သတင်းစာမှာ ဒီနေ့ ဖော်ပြပါတယ်။

အရပ် အမောင်း နိမ့်သွားအောင် ဖိနပ်ချွတ်လိုက်တာဖြစ်တယ်လို့ ထင်ရပေမယ့် အရိုအသေပေးတဲ့အနေနဲ့ ဖိနပ်ချွတ်ထားတာပါ တဲ့။

ထိတ်လန့် နေတဲ့ ဦးအောင်သိန်းလင်းက ပြန်ကြားရေးဝန်ကြီးလက်ထဲ စက္ကူဘူးလွတ်တဘူး ပေးနေတဲ့ပုံကို မြန်မာ့အလင်းဓာတ်ပုံဆရာက အမိအရ မှတ်တမ်းတင်ထားပါတယ်။ အနားမှာရှိသူတွေက ဦးအောင်သိန်းလင်းရဲ့ ခြေထောက်ကို ကြည့်ရှုစစ်ဆေးနေတာ တွေ့ရပါတယ်။

"ပြန်ကြားရေးဝန်ကြီးက ဖိနပ်ချွတ်ခိုင်းလိုက်တာပါ၊ မင်းရဲ့ ဆင်ကြယ်ဖိနပ်ကြီးနဲ့ ဆိုရင် ယတြာခြေတယ်လို့ ထပ်ပြီး အပြောခံနေရအုံးမယ်၊ ချွတ်လိုက် ချွတ်လိုက် ဆိုပြီး ခိုင်းလိုက်တာ" လို့ ဓာတ်ပုံရိုက်တဲ့အချိန်က သူတို့နဲ့ မလှမ်းမကမ်းအကွာ်အဝေးမှာ ရှိနေသူတဦးက ပြောပါတယ်။


ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ရန်ကုန်မြို့တော်ခန်းမ အခမ်းအနားတခုတွင် ဆင်ကြယ်ဖိနပ်ဖြင့် တွေ့ရသော ဦးအောင်သိန်းလင်း
ဓာတ်ပုံ - ဧရာဝတီ

http://www.irrawaddyblog.com/2011/11/blog-post_3668.html

ယူအက်စ်မှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ ဦးကျော်ဝင်း



Tuesday, November 29, 2011 Sithu Linn
အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခဲ့တဲ့ သံတမန် ဦးကျော်ဝင်းအကြောင်း ၀ါရှင်တန်ပို့စ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး “It’s a good thing” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ မကြာသေးမီက ဖြစ်ပျက် နေတာတွေဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဟုတ်မဟုတ် ဆိုတာကိုတော့ လာမယ့်နှစ်မှပဲ ပြောနိုင်ပါလိမ့်မယ် တဲ့။

ဦးကျော်ဝင်းရဲ့ ၀န်ထမ်းဘ၀ အစပိုင်းကာလအကြောင်းလည်း ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ပြင်က သင်တန်းကျောင်းတခုမှာ ကြုံခဲ့ရတဲ့ သင်ကြားမှုတွေက စစ်ဘက်ဝန်ထမ်းဘ၀နဲ့ ပိုသက်ဆိုင်ပြီး သံခင်းတမန်ခင်းနဲ့ မဆိုင်လှဘူးလို့ ဆိုတယ်။ သင်တန်းမှာ ကြုံခဲ့ရတဲ့ စည်းကမ်းချက်တွေအကြောင်း ပြောပြရာမှာတော့ -

“နောက်ပိုင်း ကျနော်တို့ တဖြည်းဖြည်း နားလည်လာတာက အမိန့်တွေ နာခံဖို့ ကျနော်တို့ကို သင်ပေးနေပါလား ဆိုတာပါပဲ။ ကွန်ပလိန်းမတက်နဲ့၊ ပြန်မမေးနဲ့၊ ခိုင်းတာလုပ် ပေါ့ဗျာ” လို့ ဆိုပါတယ်။ ဒီလို အနေအထားမျိုးကို သူ့ရဲ့ အနှစ်သုံးဆယ်သက်တမ်း ၀န်ထမ်းဘ၀တလျှောက်မှာ အသားကျခဲ့ရတယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့် တောင်းပြီး ကတည်းက မြန်မာပြည်သား အများအပြား နေထိုင်တဲ့ မေရီလန်းပြည်နယ် Gaithersburg မြို့ မိတ်ဆွေတယောက်ရဲ့ အိမ်မှာ နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ၀ါရှင်တန်ပို့စ် - http://www.washingtonpost.com

ဆက်စပ်သတင်း - ဒု သံရုံး တာဝန်ခံ ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့်တောင်း http://bur.irrawaddy.org//index.php/news/6758-2011-07-04-06-27-39

http://www.irrawaddyblog.com/2011/11/blog-post_4413.html

အရှိန်မြှင့်၍ မောင်းနှင်ပါ



By featured, ဧရာဝတီ on November 29, 2011 5:32 pm


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်လာမည့်ကိစ္စကို မြန်မာပြည်သား အများစုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ မြန်မာအစိုးရနှင့် အမေရိကန် အစိုးရတို့၏ ဆက်ဆံရေး ပြန်လည်ကောင်းမွန် စေမည့် ပထမဆုံး ခြေလှမ်းကောင်းတခုဟု သုံးသပ်ရပေမည်။

အမှန်တကယ်အားဖြင့် ဤခရီးစဉ်ကို သွားရသည့် ရည်ရွယ်ချက်မှာ မြန်မာပြည်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အရှိန်မသေရန် ဆက်လက်တွန်းအားပေး တိုက်တွန်းရန်အတွက်ဟု ပြောဆိုခဲ့သည်။

သို့ရာတွင် သမ္မတဦးသိန်းစိန် အစိုးရ တာဝန်စထမ်းဆောင်သည့် ဧပြီလမှယခုကာလအထိ ကြည့်မည်ဆိုပါက မြန်မာအစိုးရသည် ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သောအပြောင်းအလဲများ၏ အရှိန်ကို လတ်တလော လျှော့ချလိုက် လေသလားဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။

ဦးသိန်းစိန် သမ္မတတာဝန် စတင် ထမ်းဆောင်ခါစ ပြောခဲ့သော မိန့်ခွန်းသည် အပြောသက်သက်မဟုတ်ဘဲ အလုပ်ပါ တွဲလျက်ပါသည်ဟု အများယူဆစရာ ဖြစ်ခဲ့သောကြောင့် ပြည်တွင်းပြည်ပက ကြိုဆိုခဲ့သည်ကို လျစ်လျှူမရှုသင့်ပါ။

မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ပေးခြင်းက သမ္မတအပေါ် လူအများ ယုံကြည်မှု တိုးပွားစေခဲ့သည်။ ပြည်သူ့သမ္မတကြီး ဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည်များ ရှိခဲ့သည်။ သို့သော် ထိုကဲ့သို့ ခေါ်ဝေါ်ရန်မှာ စောသေးသည်ဟု ဆိုရမည်။

သမ္မတ အကြံပေးအဖွဲ့တွင်းမှ စီးပွားရေးပညာရှင်များ အပါအဝင် ပြည်တွင်း ပြည်ပ စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်း၍ ဆင်းရဲမွဲတေမှု လျှော့ချရေး အလုပ်ရုံအစည်းအဝေးပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံခြားငွေလဲလှယ် ရာတွင် ပုဂ္ဂလိက ဘဏ် များအား လုပ်ပိုင်ခွင့်ပေးလာခြင်း၊ အမေရိကန် ဒေါ်လာတန်ဖိုး တက်လာစေရန် ဆောင်ရွက်ခြင်း အပါအဝင် စီးပွားရေးကိစ္စရပ်များတိုးတက်မှု ရှိလာရေးအတွက် ဦးသိန်းစိန်အစိုးရက အားထုတ်ခဲ့သည်ကိုလည်း ငြင်းနိုင်မည် မဟုတ်ပါ။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပြင် တခြားသော နိုင်ငံရေး၊ လူမှုရေး အစရှိသည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း တွေ့ခဲ့ရပြီး ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြုသဘောဆန်သောတွေ့ဆုံဆွေးနွေးရေးများ ပြုလုပ်နိုင်ခဲ့ပြီး ၎င်း၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကပင် ပြန်လည်မှတ်ပုံတင်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဟု ပြောဆိုခြင်းတို့ဖြင့် အစိုးရကို အပြုသဘောတုံ့ပြန်ခဲ့သည် မဟုတ်ပါလား။

လွှတ်တော်ထဲမှ ဆွေးနွေးမှုများသည်လည်း တိုးတက်မှုများ ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ လူထုဆန္ဒထုတ်ဖော်ခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်ခြင်းအပေါ် ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်ကို တွေ့ရပါသည်။

အစိုးရကိုယ်တိုင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့၍ ထိုကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများအား လွှတ်ပေးရေး အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းပေးရန် သတင်းစာများထဲ၌ ထည့်သွင်းတောင်းဆို လာသည်အထိ တိုးတက်မှု ရှိခဲ့သည်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝ မရသေးသော်လည်း ယခင် နအဖ အစိုးရ လက်ထက်နှင့်စာလျှင် များစွာ လွတ်လပ်လာသည်၊ လွတ်လပ်စွာ သတင်းယူခွင့်များ ရလာသည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာအစိုးရ၏ တိုးတက်ပြောင်းလဲမှုများကို ကြိုဆိုသည့်အနေဖြင့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးကိုလည်း လွှဲပြောင်းရယူနိုင်ခဲ့ပြီဖြစ်သည်။ တချိန်တည်းတွင် ဟီလာရီကလင်တန် မြန်မာပြည်လာမည် ဆိုသည့်သတင်းကြောင့် သား ရွှေအိုးထမ်းရုံမက ရေကန်အသင့်ကြာအသင့် ဆိုသလို မြန်မာအစိုးရအနေဖြင့် လိုတရသည်ဟူ၍ပင် တင်စားပြောရမလို ဖြစ်ခဲ့ပြီ။

သို့ရာတွင် အာဆီယံထိပ်သီး အစည်းအဝေးတွင် အဘယ်ကြောင့် သမ္မတဦးသိန်းစိန်၏ လေသံများ ပြောင်းလဲသွားရသနည်း၊ တိုးတက်ပြောင်းလဲ နေသော အခြေအနေများကို ရပ်တန့်ချင်သောကြောင့်လား၊ သို့မဟုတ် ကိုယ်ရှိန်သတ်ကာ နောက် ပြန်လှည့်ချင်သော ကြောင့်လား ဆိုသည့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။

အစိုးရအဖွဲ့ စတင်တာဝန်ယူသည့် အချိန်မှစ၍ ယခုအထိ သမ္မတက ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်အတွင်း နိုင်ငံရေးအကျဉ်းသား အရေအတွက် အနည်းငယ် ပါဝင်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအား နောက်ထပ် ဖမ်းဆီး ထောင်ချသည် ဆိုသည့်သတင်း မကြားရသည့် အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။

သို့သော်လည်း အကျဉ်းထောင်များထဲ၌ ကျန်ရှိနေသေးသည့် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦးအစရှိသော တိုင်းရင်းသား ခေါင်းဆောင်များ၊ ဦးဂမ္ဘီရကဲ့သို့သော သံဃာ့ခေါင်းဆောင်များ၊ ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား လွှတ်မပေးဘဲ အကျဉ်းထောင် ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ခဲ့ရသည်။

အကျဉ်းထောင်များထဲတွင် အနေကြာခဲ့သော ကိုမင်းကိုနိုင်က ၎င်းအနေဖြင့် လွတ်မြောက်ရန် အလားအလာ မမြင်ဟု မကြာခင်က ခန့်မှန်း ပြောဆိုခဲ့သည်။

အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသော ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုလျှင်လည်း စစ်ကြောရေး ကာလက ရိုက်နှက်ခံရသောကြောင့် ခါးရိုးကို ထိခိုက်သွားရာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးရွားလျက် ရှိသည်၊ မိသားစုက စိုးရိမ်ပူပန်နေရသည်။ ထောင်ဝင်စာတွေ့ချိန်တွင်ပင် ပက်လက် အနေအထား အတွေ့ခံနေရကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့က ပေးခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ကျန်းမာရေးအခြေအနေ ဆိုးရွားသူများ၊ အသက်အရွယ်ကြီးရင့်သူများအား လွှတ်ပေးမည်ဟု ပါဝင်ခဲ့သော်လည်း သြဂုတ်လက အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် ချမှတ်ခံရသော ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကဲ့သို့ နိုင်ငံရေး အကျဉ်းသား များမပါဝင်ခဲ့ပေ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ မရှိဟု သမ္မတက ပြောခဲ့သည်။

လွန်ခဲ့သော နိုဝင်ဘာလဆန်းပိုင်းတွင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများအား လွှတ်ပေးရန် အိတ်ဖွင့်ပေးစာ ထွက်ပေါ်ခဲ့သည်။ ၎င်းနောက် မကြာမီရက်ပိုင်းအတွင်း မြန်မာပြည် အာဆီယံဥက္ကဋ္ဌ ရာထူး အတွက် အဖြေထွက်ပေါ်ခဲ့ရာ အကျဉ်းသားများ ထပ်မံလွှတ်ပေးတော့မည်ဟု ပြည်တွင်းပြည်ပက မျှော်လင့်မိ ကြသော်လည်း သမ္မတက မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဟု မယုံကြည်ကြောင်း၊ ပြစ်ဒဏ်ကြောင့် ကျခံနေရခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ကြားရသူတိုင်း အံ့အားသင့်ကာ မျှော်လင့်ချက်များ ပျက်ပြယ်ခဲ့ရတော့သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များအား သောင်းကျန်းသူများဟုလည်း ခေါ်ဝေါ်ခဲ့သေးသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်ကို ယခင်က နိုဝင်ဘာအတွင်းဟု ပြောခဲ့ပြီးမှ ယခုအခါ မည်သည့်ရက်တွင် ကျင်းပမည်ကို မသိရသေးကြောင်း သမ္မတက ပြောဆိုလိုက်ခြင်းသည်လည်း အရှိန်လျှော့ခြင်း တခုဟု ယူဆသည်။ တိုင်းရင်းသားဒေသများရှိ ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

အမေရိကန်နိုင်ငံကဲ့သို့သော ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးမှ နိုင်ငံခြားရေးဝန်ကြီး ရောက်လာတော့မည့် ယခုကာလသည် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိလွှတ်ပေးခြင်း၊ တိုင်းရင်းသား ဒေသများရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်ဆိုင်းပေးခြင်း စသည့် ဂီယာများ ချက်ချင်းချိန်း၍ အရှိန်မြှင့်ကာ မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေ အနေများ တိုးတက်ပြောင်းလဲရေး အတွက် အားကုန် မောင်းနှင်ရတော့မည့် အချိန်အခါဖြစ်ပေသည်။

မြန်မာအစိုးရ၏ အရှိန်ရနေသော ပြုပြင်ပြောင်းလဲမှုများကို မတွန့်မဆုတ် ဆက်လုပ်ရန် ဤ အယ်ဒီတာ့အာဘော်မှ တိုက်တွန်း လိုပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်းတွင် လိုအပ်နေသော ထောက်ခံမှု တစိတ်တဒေသကို ရပြီဆိုကာ မရပ်လိုက်စေလိုပါ။ ရပ်ဆိုင်းလိုက်မည် ဆိုလျှင် ရိုးသားမှုမရှိသည့် ပြုပြင်ပြောင်းလဲမှုဟုသာ ဆိုရပေလိမ့်မည်။
http://burma.irrawaddy.org/archives/2990

ထိပ်တန်း အတွေးအခေါ်ရှင် များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်


By , on November 29, 2011 6:31 pm
ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။
“အာဏာရှင်အုပ်ချုပ်မှုအောက်မှ မြန်မာပြည် ရုန်းထွက်နိုင်ပြီ ဆိုပါက ထိုဖြစ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ ပါးနပ်လိမ္မာမှု နှင့် ကြံ့ကြံ့ခံရပ်တည်လှုပ်ရှားမှုကြောင့် ဖြစ်ပေလိမ့်မည်” ဟု ယခုလထုတ် Foreign Policy မဂ္ဂဇင်းတွင် ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို မဂ္ဂဇင်း၏ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများစာရင်း အမှတ်စဉ် ၃၁ တွင် တွေ့ရသည်။
အာရပ်နွေဦးတော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် အီဂျစ်နိုင်ငံမှ Mohamed ElBaradei and Wael Ghonim တို့ကို အမှတ်စဉ် ၁ တွင် ဖော်ပြထားသည်။ အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၁၁ တွင် ရှိနေသည်။
Foreign Policy မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနှစ် ၂၀ ကျော် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ထိုကာလအတွင်း ထိန်းသိမ်းခံရသည့် ကာလ ၁၅ နှစ် ရှိခဲ့သည်ဟု ရေးထားသည်။
ယမန်နှစ်က အချုပ်အနှောင်မှ ပြန်လွတ်လာသော်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်မှုအောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှေ့သို့ တက်လှမ်းနေပုံ ရှိကြောင်း ဖော်ပြထားသည်။
အစိုးရသစ်၏ သမ္မတ ဦးသိန်းစိန်သည် စာနယ်ဇင်းချုပ်ကိုင်မှုများ ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ကြောင်းလည်း Foreign Policy မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။
http://burma.irrawaddy.org/archives/3014




၂၀၁၁ ခုနှစ် ကမ္ဘာ့တွေးခေါ်ရှင် (၁၀၀) စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်

Tuesday, 29 November 2011 12:56 ၀င့်ထန်း

ဩဇာအရှိန်အ၀ါ ကြီးမားသည့် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ် ကမ္ဘာ့အတွေးအခေါ်ရှင် (၁၀၀) အတွက် စစ်တမ်းကောက်ယူရာမှာ၊ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က အမှတ်စဉ် (၃၁) နေရာတွင် ရွေးချယ်ဖော်ပြခံရသည်။
 ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်ပြီး Foreign Policy မဂ္ဂဇင်းက "အကယ်၍ မြန်မာနိုင်ငံ စစ်အာဏာရှင် တံပိုးအောက်မှ နောက်ဆုံး ရုန်းထွက်နိုင်ခဲ့တယ်ဆိုလျှင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ကျွမ်းကျင်တတ်ပွန်မှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေလိမ့်မည်" ဟု ရေးသားထားသည်။
ယခုနှစ် ကမ္ဘာ့တွေးခေါ်ရှင်အဖြစ် နံပါတ် (၁) နေရာ ရွေးချယ်ခံရသူ မှာ အီဂျစ်နိုင်ငံသား သွားဆရာဝန်ကနေ ကမ္ဘာကျော် စာရေးဆရာဖြစ်လာသူ အလ်လာ အလ် အက်စ်ဝါနီ (Alla Al Aswany) ဖြစ်သည်။ သူ့ရဲ့ ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေတဲ့ စာအုပ် The Yacoubian Building က ကိုလိုနီသံခြေချင်းအဖြုတ်ခံရပြီးနောက် အီဂျစ်နိုင်ငံ လူမှုရေးနဲ့ ယဉ်ကျေးမှု တစစယိုယွင်းလာခဲ့ပုံကို ထူးခြားစွာ တင်ပြထားသည်။
နောက်ပြီး အက်စ်ဝါနီ က အီဂျစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ မျိုးရိုးဆက်ခံတဲ့ အုပ်စိုးမှုစနစ်ကို အဆုံးသတ်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ထူထောင်ဖို့အတွက် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ပြီး လူငယ်တွေ တဟရီရာ ရင်ပြင်ပေါ် ထွက်လာအောင် လှုံဆော် စည်းရုံးခဲ့သည်။ လူငယ် စာရေးဆရာတွေနဲ့ ကော်ဖီဆိုင်မှာ အမြဲ တွေ့ဆုံစည်းဝေးတာကြောင့် အီဂျစ်ရဲတွေက သူ့ကို အမျိုးမျိုး အနှောင့်အယှက်ပေးခဲ့သည်။
အီဂျစ်တော်လှန်ရေးမှာ ဆန္ဒပြသူတွေနဲ့ မူဘာရခ် ဘက်တော်သားတွေ အပြန်အလှန် ရိုက်နှက်နေစဉ်မှာ အက်စ်ဝါနီ အဖို့ သုံးကြိမ်တိတိ သေဘေး ကြုံခဲ့ရသည်။ ဒါပေမဲ့ တော်လှန်ရေး လမ်းကြောင်း ပျောက်မသွားအောင် အမြဲဦးဆောင်မှုပေးခဲ့ပြီး၊ မူဘာရခ် အစိုးရကို အပြီးတိုင် မြင်ကွင်းကနေ ဖယ်ရှားပစ်ဖို့ စစ်တပ်ကို ဖိအားပေးခဲ့သည်။
အက်စ်ဝါနီ က နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အီဂျစ်လူထုရဲ့ အသံတွေထွက်လာအောင် မီးထိုးခဲ့သူ ဖြစ်သည်။ သူက "တော်လှန်ရေးဆိုတာ အချစ်ဇာတ်လမ်းလိုပါပဲ။ တကယ် ချစ်မိတဲ့အခါ လူကောင်းတစ်ယောက် ဖြစ်လာသလိုပဲ၊ တော်လှန်ရေးအပေါ် တကယ်ချစ်မိပြီဆိုရင်လည်း အနစ်နာခံမှု စွန့်စားမှုတွေ စွမ်းအားတွေနဲ့ လူကောင်းတစ်ယောက် ပိုဖြစ်လာတယ်" ပြောခဲ့သည်။
Foreing Policy က ရွေးချယ်တဲ့ အတွေးအခေါ် ပုဂ္ဂိုလ်ကျော် ၁၀၀ စာရင်းမှ တစ်ဦးချင်းစီအကြောင်းကို မူလဆိုဒ်တွင် လေ့လာနိုင်ပါသည်။ မောက္ခတွင်လည်း အချို့ကို အလျဉ်းသင့်သလို ဖော်ပြပေးပါမည်။
ဝင့်ထန်း
http://www.maukkha.org/index.php?option=com_content&view=article&id=2008:2011-11-29-13-03-06&catid=120:2010-10-11-07-37-22&Itemid=374

(မြန်-ကန် ပေါင်းချုပ်)အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် တရုတ်ကို သတိပေးချက်ဖြစ်


2011-11-29
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကမ္ဘာ့အကြီးဆုံး စူပါ ပါဝါ အင်အားကြီး နိုင်ငံတစ်ခု မြန်မာနိုင်ငံကို ဝင်လာပြီဆိုတာ တရုတ်အစိုးရကို သိသိသာသာ အချက်ပြလိုက်တာလို့ နယူးယောက် အခြေစိုက် Asia Society က မနေ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအပေါ် ၁၀ စုနှစ် အတန်ကြာ လွှမ်းမိုးထားတဲ့ တရုတ်အစိုးရ အနေနဲ့ အမေရိကန်အစိုးရ အခုလို ဝင်ရောက်လာတာကို လိုလားမှာ မဟုတ်ဘူးလို့ Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယို (Susan Digaggio) က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အလေးထား ပါဝင်ဆောင်ရွက် လာတော့မယ်ဆိုတာ တရုတ်အစိုးရကို အသိပေးလိုက်တာပါ၊ သဘာဝ သယံဇာတ အရင်းအမြစ် ပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံကို အမေရိကန် အစိုးရက အထီးကျန်ဖြစ်အောင် စီးပွားရေး ပိတ်ဆို့ရေး မူဝါဒချထားခဲ့တဲ့ ကာလအတွင်း တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအကျိုးအမြတ်တွေ အလုံးအရင်းနဲ့ ချဲ့ထွင်ဆောင်ရွက်ခဲ့ပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်လာတဲ့အပြင် အဓိက လက်နက်ရောင်းချတဲ့ နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ အခုတော့ မြန်မာအစိုးရဟာ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်လိုက်မှု အပါအဝင် တရုတ်အစိုးရရဲ့ အကျိုးစီးပွား ကိစ္စတွေနဲ့ ပတ်သက်လို့ ခေါင်းခါဖို့ အဆင့်သင့် ဖြစ်နေပြီလို့ Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယို (Susan Digaggio) က ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် အစိုးရက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်မှုဟာ အာရှပစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ ဦးဆောင်မှုကို ပြန်လည် ခိုင်မာအောင် အလေးထား ဖော်ထုတ်တဲ့ မဟာဗျူဟာ အစိတ်အပိုင်း တစ်ရပ်လို့လည်း Asia Society အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယိုကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/asia-society-11292011092654.html




စစ်ရာဇ၀တ်မှုတွေ ရပ်တန့်အောင် ဖျောင်းဖျဖို့ အမေရိကန် အဖွဲ့အစည်း ၁၂ ခု တိုက်တွန်း
2011-11-28
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်တဲ့အခါ မြန်မာ စစ်တပ်က Crime Against Humanity လူသားတွေကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာ ရပ်တန့်အောင် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းဖို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၂ ဖွဲ့က ပူးတွဲ တောင်းဆိုလိုက် ပါတယ်။


Photo: Courtesy of Free Burma Rangers

မြန်မာအစိုးရတပ်၏ လိုက်လံတိုက်ခိုက် သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ အဓမ္မပေါ်တာဆွဲ ခိုင်းစေခြင်း၊ ဖမ်းဆီးမုဒိမ်းကျင့်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက် ရက်စက်မှုများကြောင့် တောတောင်များတွင် ထွက်ပြေး ပုန်းရှောင်နေကြသည့် ကရင်ရွာသူရွာသားများ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

လာမယ့် နိုဝင်ဘာ ၃၀ မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို သွားရောက်တဲ့ အခါ အမေရိကန် အစိုးရနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ အချက်တွေကို ပြည့်မီတဲ့ အထိ သမ္မတ ဦးသိန်းစိန် အစိုးရက အကောင်အထည် ဖေါ်ဖို့ တိုက်တွန်းပေးပါလို့ ဒီအဖွဲ့တွေက တောင်းဆိုထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံတစ်ဝန်း အပစ်အခတ် ရပ်ဖို့၊ အစိုးရနဲ့ ဒေါ်အောင်စုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့၊ စစ်ဘေး ဒုက္ခသည်တွေဆီကို နိုင်ငံတကာက လူသားချင်း စာနာမှု အကူအညီတွေ ရောက်နိုင်ဖို့ ဆိုတဲ့အချက်တွေ ပြောပေးဖို့ တိုက်တွန်းထားကြောင်း ပါဝင် လက်မှတ် ရေးထိုးခဲ့တဲ့ US Campaign for Burma အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပြပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြုမူ လုပ်ဆောင်မှုတွေကို ပြောင်းလဲလာအောင် အခုထိ မလုပ်ဆောင်သေးဘူးလို့ ဒီအဖွဲ့တွေက ပေးပို့တဲ့စာမှာ ရေးထားပါတယ်။ တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာ စစ်တပ်က လူ့အခွင့်အရေးတွေ ဆက်လက် ချိုးဖောက်နေကြောင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ ရွာဖျက်မှု စတဲ့ အမှုတွေကို စစ်တပ်က ဆက်လက် ကျူးလွန်နေပြီး ပြည်တွင်း ဒုက္ခသည်တွေ အပါအ၀င် စစ်ပြေး ဒုက္ခသည်တွေလည်း တိုးလာနေဆဲပဲလို့ ရေးထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်တဲ့ အနေနဲ့ နိုင်ငံရေး လုပ်ရှားသူတွေကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခွင့် ပြုထားတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို ပယ်ဖျက်ပစ်ဖို့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီး နှိပ်စက်သူတွေ၊ သေဆုံးတဲ့ အထိ ညှဉ်းပန်း နှိပ်စက်သူတွေကို အရေးယူပေးဖို့၊ ဒါ့အပြင် လွတ်လပ်စွာ ရေးသား ဖေါ်ပြခွင့် လွတ်လပ်စွာ စုဝေးခွင့်စတဲ့ အခွင့်အရေးတွေကို ရအောင် သမ္မတ ဦးသိန်းစိန် အနေနဲ့ လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။ ဒီတောင်းဆိုချက်တွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ထံ စာရေးသား ပေးပိုခဲ့တာ ဖြစ်ပြီး US Campaign for Burma အဖွဲ့နဲ့ အတူ Freedom House, Open Society Foundations စတဲ့အဖွဲ့တွေ ပါဝင်သလို Brooking Institution က နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ တစ်ဦးလည်း ပါဝင် လက်မှတ် ရေးထိုးထား ပါတယ်။ ဒီအကြောင်း ဦးအောင်ဒင်နဲ့ အာရ်အက်ဖ်အေ ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/crime-investigation-11282011210653.html


မြောက်ကိုရီးယား နျူကလီးယား ကိစ္စ ထုတ်ဖော် ပြောကြားရေး ဖိအားပေးသင့်

2011-11-28

မြောက်ကိုရီးယားနဲ့ နျူကလီးယားစီမံကိန်း ကိစ္စတွေကို မြန်မာအစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားရေးဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပိုကောင်းမွန်လာဖို့ လိုအပ်ချက်တစ်ခုအနေနဲ့ ထားသင့်တယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် Richard Lugar က မနေ့က ပြောလိုက်ပါတယ်။

အထက်လွှတ်တော်မှာ သြဇာရှိတဲ့ နိုင်ငံရေးခြားရေးရာ ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ထိပ်တန်း ရီပါပလစ်ကန် အထက်လွှတ်တော် အမတ် Mr. Lugar က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာခရီးစဉ် မတိုင်ခင် အခုလို ပြောလိုက်တာပါ။

မြန်မာ အမေရိကန် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ဖို့ အတွက် ဦးစားပေးရမယ့် အချက်တွေထဲမှာ မြန်မာနိုင်ငံက နျူကလီးယား စီမံကိန်း ဘယ်အဆင့်ရှိနေပြီး ဘယ်လို ရည်ရွယ်ချက်တွေ ရှိတယ် ဆိုတာ အပြည့်အစုံ ထုတ်ဖော် ပြသတာမျိုး ဖြစ်သင့်တယ်လို့ Mr. Lugar က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ လက္ခဏာရပ်တွေကို စုံစမ်း လေ့လာတာဟာ အချိန်အခါသင့် လုပ်ရပ် ဖြစ်ပေမယ့် အခုလို ဆက်ဆံရေး ပြန်ထူထောင်ဖို့ စဉ်းစားချိန်မှာ နီးနီးကပ်ကပ် ရှိခဲ့တဲ့ မြောက်ကိုရီးယားနဲ့ မြန်မာ အကြား ဆက်ဆံရေး၊ ၂ နိုင်ငံ စစ်တပ် ဆက်ဆံရေးတွေ အကြောင်း အမေရိကန် ပြည်ထောင်စု အနေနဲ့ ထည့်သွင်း မေးမြန်းသင့်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ အစိုးရက ပြုပြင် ပြောင်းလဲရေး ကတိက၀တ် ပေးထားတာဟာ ဘယ်အတိုင်းအတာထိ ရိုးသားမှု ရှိတယ် ဆိုတာကို လက်တွေ့ လုပ်ဆောင်မှုတွေနဲ့သာ အဆုံးအဖြတ် ပေးသင့်တယ်လို့လည်း အထက် လွှတ်တော် အမတ် Mr. Lugar က ပြောကြားပါတယ်။

တစ်ချိန်တည်းမှာ အမေရိကန် အစိုးရ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF ကလည်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ဖမ်းဆီး ထောင်ချထားတာ၊ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ဖမ်းဆီးထားတာ၊ တိုင်းရင်းသားတွေရဲ့ ဘာသာရေး ယုံကြည်မှုကို ဖိနှိပ်တာတွေ ရှိနေဆဲ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံကို စိုးရိမ်စရာ နိုင်ငံအဖြစ် သတ်မှတ်ထားတာကို ဖယ်ရှားဖို့ မသင့်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အမေရိကန် အစိုးရရဲ့ ဘာသာရေး ဆိုင်ရာ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့ အခွင့်အခါ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ တိုက်တွန်းထား ပါတယ်။
http://www.rfa.org/burmese/news/senator-lugar-11282011205240.html


အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာနိုင်သေးကြောင်း စီးပွားရေးသမားများ ပြောဆို

By featured, ရန်ပိုင် on November 29, 2011 6:21 pm


အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်ကို မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကြိုဆိုသော်လည်း စီးပွားရေး ရင်းနှီးမြှုပ်နှံများ ဝင်ရောက်လာရန်မှာ လက်တွေ့အားဖြင့် ဖြစ်နိုင်ချေ မရှိသေးကြောင်း ပြောဆိုမှုများ ရှိသည်။

ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် မစ္စ ကလင်တန်နှင့်အတူ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာတော့မည် ဖြစ်ကြောင်း ပြောဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က “အများကြီးတော့ မျှော်လင့်မထားဘူး။ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းမှပဲ အားလုံး အလုပ်လုပ်လို့ ရမယ်” ဟု ဆိုသည်။

အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် အကျိုးရှိမည်ဟု မျှော်လင့်ကြောင်း၊ သို့သော်လည်း အမေရိကန် အစိုးရအနေဖြင့် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် အချိန်ယူလုပ်ဆောင်လိမ့်မည်ဟု ထင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လာမည့် ၂၀၁၂ ခုနှစ်၌ ပြုလုပ်မည့် အမေရိကန်ရွေးကောက်ပွဲ အခြေအနေကိုလည်း စောင့်ကြည့်ရမည်ဟု ဦးချစ်ခိုင်က ဆိုသည်။

Eleven Media Group ၏ facebook စာမျက်နှာတွင် အမေရိကန် လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံမှတဆင့် ကမ်းလှမ်းမှုများ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

မစ္စ ကလင်တန်၏ ယခုခရီးစဉ်တွင် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများနှင့် တွေဆုံမည်ဟု သိရသော်လည်း မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) မှ တာဝန်ရှိသူများနှင့်မူ တွေ့ဆုံရန် ပြောကြားထားခြင်းမရှိကြောင်း သိရသည်။

အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း “အမေရိကန်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဒေါ်အောင်ဆန်းစုကြည်က ရုပ်ပါလို့ ပြောရင်တောင်မှ ပြန်ရုပ်ဖို့ မလွယ်သေးဘူး။ ဒီဥပဒေက အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်တွေက ပြဌာန်းထားတာ” ဟု ဆိုသည်။

စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် မြန်မာအစိုးရ အပေါ်တွင်လည်း မူတည်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းရင်းသားဒေသ များ၌ အစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှုများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး နိုင်ငံတကာမှ တောင်းဆိုထားသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေးကိုလည်း အစိုးရက ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ ထိုကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ မလွယ်ကူကြောင်း ၎င်းက ထောက်ပြသည်။

လက်ရှိအခြေအနေတွင် မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စေ့စပ်ဆွေးနွေးရေးများ ပြုလုပ်နေသော် လည်း လက်တွေ့ကျပြီး ခိုင်မာသည့် သဘောတူညီချက် မရရှိသေးပေ။

UMFCCI ဒု ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ယခုအစိုးရသစ်လက်ထက် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြား လာကြောင်း၊ အမေရိကန်အစိုးရ အနေဖြင့်လည်း တဖြည်းဖြည်းချင်း ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးကို လုပ်ဆောင် လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

နိုင်ငံရေး လေ့လာသူများကမူ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုမှာ ချက်ခြင်းရုပ်သိမ်း၍ မရနိုင်ကြောင်း၊ ထိုကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ လာရောက်မည်ဟု မထင်ကြောင်း၊ သို့သော် ယခု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး၏ ခရီးစဉ်အပြီးတွင် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးအပ်ခြင်း ရရှိလာနိုင်ကြောင်း ထင်မြင်ချက်ပေးသည်။

ရန်ကုန်အခြေစိုက် သတင်းသမားများကမူ မြန်မာအစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်း လိမ့်မည်ဟု မျှော်လင့်နေကြောင်း ခန့်မှန်း ပြောဆိုကြသည်။

ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ခေတ်မီသော အဆောက်အဦ၊ လမ်း၊ တံတားများ ဖြစ်စေရန် အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ရန် ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲနေသည်ဟု သတင်းထောက်များအား ပြောခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးသည် မနက်ဖြန် နိုဝင်ဘာ ၃၀ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ဟိုတယ်ဇုန်ရှိ သင်္ဂဟ ဟိုတယ်တွင် တည်းခိုကာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ သွားရောက်ကာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်ကောင်း၊ တခြားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။
http://burma.irrawaddy.org/archives/3009


ဟီလာရီကို ဘာသာရေးလွတ်လပ်ခွင့် ဆွေးနွေးရန် တိုက်တွန်း

By featured, ဧရာဝတီ on November 29, 2011 3:12 pm


မြန်မာ အစိုးရနှင့် တွေ့ဆုံရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အနေနှင့် ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာကိုလည်း အဓိကထည့်သွင်းဆွေးနွေးရန် အမေရိကန်နိုင်ငံမှ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) က တိုက်တွန်း လိုက်သည်။

မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လူနည်းစုများအပေါ် ဘာသာရေးအရ ဖိနှိပ်မှုများ အဆုံးသတ်၍ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာစေရေးနှင့်ပတ်သက်ပြီး မစ္စ ဟီလာရီ ထံသို့ USCIRF က တနလာင်္နေ့တွင် စာတစောင်ပေးပို့၍ တိုက်တွန်းထားခြင်းဖြစ်သည်။

USCIRF သည် အမေရိကန် အစိုးရက ဖွဲ့စည်းထားသည့် ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အဖွဲ့ဖြစ်သည်။

USCIRFဥက္ကဌ လီယိုနာ့ဒ် လီယိုက“မြန်မာပြည်မှာ စိုးရိမ်ဖွယ်ရာလူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်လိုရှိနေတဲ့အတွက် မကြာ သေးခင်က အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုခြေလှမ်းတွေဟာ အလွယ်တကူ နောက်ပြန်လှည့်သွားနိုင်ပါတယ်”ဟု မစ္စ ဟီလာရီ သို့ ပေးသည့်စာတွင် ပြောဆိုထားသည်။

ဘာသာရေး လွတ်လပ်ခွင့် တိုးတက်ရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရသည် နှစ်များစွာကပင် ဆောင် ရွက်ခြင်းမရှိခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်က စတင်၍ ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုများ ဆိုးရွားလာပြီး စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိလာခဲ့ကြောင်း လည်း USCIRF က ဆိုသည်။

အစိုးရ စစ်တပ်က ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ရှိနေပြီး အလားတူ ကရင်၊ ကရင်နီ နှင့် နာဂ တိုင်းရင်းသားများသည်လည်း ကြုံတွေ့ရသည်ဟု USCIRF ၏ စာတွင် ဖော်ပြထားသည်။

ထို့အပြင် ရိုဟင်ဂျာများ၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ခွဲခြားတင်းကျပ်မှုများ ပြုလုပ်ကြောင်း၊ ၎င်းတို့သည် ဘင်္ဂလား ဒေ့ရှ် နှင့် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ဒုက္ခသည်များအဖြစ် တနေရာမှ အခြားတနေရာသို့ ရွှေ့ပြောင်းနေရသည့် ပြဿနာ များနှင့် ရင်ဆိုင်နေကြရကြောင်းလည်း USCIRF က ထည့်သွင်းပြောဆိုထားသည်။

USCIRF ၏ စာတွင်“အရှင် ဂမ္ဘီရ နှင့် ရာချီရှိသည့် ဗုဒ္ဓဘာသာ သံဃာများကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ထားမှုများ အပါအ၀င် စိုး ရိမ်ဖွယ်ရာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံနေရမှုများနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန် နှင့် မွတ်စလင် အသိုင်းအ၀ိုင်း များ၏ ကိုယ်စား မစ္စ ဟီလာရီက မြန်မာအစိုးရနှင့် ဆွေးနွေးရန်လည်း ထပ်လောင်း တိုက်တွန်းလိုက်သည်”ဟု ရေးထားသည်။

အရှင် ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်လှုပ်ရှားခဲ့သည့် အတွက် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၆၃ နှစ်ချမှတ်ခံထားရသည်။ ၎င်းအား စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင်ထားရှိရာမှ မကြာသေး ခင် က ဧရာဝတီတိုင်း မြောင်းမြ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ နိုင်ငံရေး အကျဉ်းသား ၁၆၆၈ ဦး အကျဉ်းကျခံနေရပြီး သံဃာတော် အပါး ၂၀၀ ကျော် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။

USCIRF ၏ စာထဲ၌ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲ ရေး ပြုလုပ်ရန်အတွက် မြန်မာအစိုးရကို မစ္စ ဟီလာရီ အနေနှင့် ဆက်လက် ဖိအားပေးမည်ဟု မျှော်လင့်ကြောင်းလည်း ပါရှိသည်။

မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ သွားရောက်မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။


ဟီလာရီ ကလင်တန် နှင့် ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ လုပ်မည်

By ဧရာဝတီ on November 29, 2011 12:07 pm


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် လာမည့် ဒီဇင်ဘာ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သတင်းယူရန် သတင်းထောက်ဦးရေကို နေရာထိုင်ခင်းအခြေအနေအရ ကန့်သတ်ထား သည်ဟု NLD အသိုင်းအ၀ိုင်းက ပြောသည်။ မစ္စ ဟီလာရီ ကလင်တန်သည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ၂ရက်နေ့အထိ မြန်မာ
နိုင်ငံကို သွားရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ် သည်။
http://burma.irrawaddy.org/archives/category/news

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ သမိုင်းတွင် ခရီးစဉ်
ကိုဝိုင်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့သို့
ရောက်ရှိလာမှာဖြစ်ရာ နှစ်ငါးဆယ်ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ မြန်မာနိုင်ငံသို့ လည်ပတ်မှု ဖြစ်လာပေလိမ့်မည်။

ရန်ကုန်ရှိ သတင်းရပ်ကွက်များ အဆိုအရ လက်ရှိ တောင်ကိုရီးယား နိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသော မစ္စ ကလင်တန်သည် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ Chatrium ဟိုတယ်တွင် တည်းခိုမှာ ဖြစ်ပြီး ခရီးစဉ် အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှာ
ဖြစ်သလို ရွှေတိဂုံစေတီတော်သို့ သွားရောက်မှာ ဖြစ်သည်။

မစ္စ ကလင်တန်နှင့်အတူ အရှေ့အာရှနှင့် ပစိတ်ဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ် Kurt Campbell, ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စ်နာ Michael Posner၊ ကောင်စစ်ဝန် Cheryl Mills, မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲ Derek Mitchell, မူဝါဒရေးရာစီမံချက်ရေးဆွဲရေး ဒါရိုက်တာ ဂျိတ် ဆာလီဗန် Jake Sullivan တို့လည်း ပါဝင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ကြာသပတေးနေ့တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး နံနက်ပိုင်းတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံပြီးနောက် သမ္မတရုံးတွင် ဦးသိန်းစိန်နှင့် ဆွေးနွေးမည်ဖြစ်သည်။ ထိုနေ့တွင်ပင် လွှတ်တော် နှစ်ရပ်လုံးမှ ဥက္ကဋ္ဌများဖြစ်သော သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့နှင့်လည်း ဆွေးနွေးရန်ရှိသည်ဟု သတင်းရပ်ကွက်များက ပြောသည်။

သောကြာနေ့တွင် ရန်ကုန်မြို့သို့ ပြန်လာမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆွေးနွေးရန် စီစဉ် ထားကြသလို တိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်ဟု သိရသည်။

အရပ်ဝတ် အမေရိကန် လုံခြုံရေး အရာရှိများက မစ္စကလင်တန်တည်းခိုမည့်ဟိုတယ်နှင့် သွားရောက်မည့် နေရာများ အတွက် ကြိုတင်၍ လုံခြုံရေး စိစစ်မှု လုပ်ထားခဲ့ကြသည်။

၁၉၅၅ ခုနှစ်က လာရောက်လည်ပတ်ခဲ့သော မစ္စတာ ဂျွန်ဖော်စတာဒူးလက်စ် John Foster Dulles ပြီးလျှင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်မှာ တရုတ်၏ သြဇာကို ချိန်ခွင်ညှိနိုင်ရန် ရည်ရွယ် သည်ဟု လေ့လာသူများက သုံးသပ် ထားကြသည်။

“အမေရိကန်ရဲ့ သူ့ရဲ့သြဇာ အရှေ့တောင်အာရှိရော အာရှပိစိဖိတ်မှာရော ကျလာတဲ့အတွက် အင်နဲ့အားနဲ့ပြန်လာဖို့ သူစဉ်းစားတာကိုး။ မြန်မာပြည်ရဲ့ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့ အင်အားကို ချိန်ခွင်လျှာညှိချင်ရင် မြန်မာပြည်ဟာ မုချစည်းရုံးရမယ့် Target (ပစ်မှတ်) ဖြစ်နေတာ။” ဟု တရုတ်နိုင်ငံ အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီမှ
ဒေါက်တာ လှကျော်ဇောက ပြောသည်။

ဝါရှင့်နိုင်ငံရေးသမားကြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းကလည်း အမေရိကန် အနေ
ဖြင့် မြန်မာနိုင်ငံကို ပြိုင်ဘက် တရုတ်နိုင်ငံ၏ နောက်လိုက် မဖြစ်စေလိုသဖြင့် ရွေးကောက်ပွဲကို ဖြတ်သန်းပြီး ပေါ်
ပေါက်လာသည့် အစိုးရအသစ် လက်ထက်တွင် ဆက်ဆံရေးကောင်းစေရန် ပြန်လည်ကြိုးစားလာသည်ဟု သုံးသပ်
ပြောဆိုသည်။
http://www.mizzimaburmese.com/news/regional/8691-2011-11-29-14-54-47.html


ကလင်တန် ခရီးစဉ် လုံခြုံရေး ပြင်ဆင်မှုများလုပ်
ထွန်းထွန်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၂ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ် အတွက် လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။

သူ၏ ခရီးစဉ်အတွင်း လူမှုအခြေပြုအဖွဲ့များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပြီး တွေ့ဆုံခံရဖွယ်ရှိသည့် လူမှုအခြေပြု အဖွဲ့အစည်းများ၏ အဆောက်အဦးများ၊
ဘေးပတ်ဝန်းကျင်များအား လွန်ခဲ့သည့် တပတ်ခန့်မှပင် စတင်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သူတို့ အိမ်ကို လာပြီး စစ်ဆေးသွားတယ်။ စစ်ဆေးတယ်ဆိုတာ လုံခြုံရေး စစ်ဆေးမှု လာကြည့်တယ်။ ဘယ်လို
ကြောင့်လဲဆိုတော့ ကျမတို့က ရပ်ကွက်ထဲ ဖြစ်နေတယ်လေ။ လူနေအိမ်ခြေနဲ့လည်း နီးတယ်။ နောက်တခုက သူတို့ ဒီမှာက လုံခြုံရေးတောင်မှ သူတို့လူနဲ့သူတို့ လာကြမှာ။”ဟု စစ်ဆေးခံခဲ့ရသည့် တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS
ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

စစ်ဆေးရာတွင် ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးဝန်ထမ်းများအပြင် ကန်နိုင်ငံခြားရေး ဝန်ကြီး၏ လုံခြုံရေး တာဝန်ယူထားသူများလည်း ပါဝင်ကာ အနီးပတ်ဝန်းကျင် အားလုံးကိုလည်း ဓာတ်ပုံရိုက်ယူ သွားသည်ဟု သိရသည်။

မစ္စစ်ဟီလာရီကလင်တန်မှာ နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်ပြီး ၁၉၅၅ နှစ်က ကန်နိုင်ငံရေးဝန်ကြီး John Foster Dulles နောက်ဆုံးအကြိမ် လာရောက်ခဲ့ဖူးသည်။ သူမ၏ မြန်မာပြည်ခရီးစဉ်မှာ နိုဝင်ဘာလ ၃ဝ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။

“သူတို့ ရှေ့ပြေးအဖွဲ့ကတော့ ပြီးခဲ့တဲ့အပတ်က လာတယ်။ ဟီလာရီကလင်တန်ရဲ့ အဖွဲ့ပဲ။ သံရုံးအဖွဲ့ကနေ လာတာ။ သူလာရင် အဆင်ပြေအောင်ဆိုပြီး လေ့လာတာပေါ့။ ဒီမှာတော့ ဓာတ်ပုံတော့ နည်းနည်းရိုက်တယ်။ ဓာတ်ပုံရိုက်ပြီး
တော့ နည်းနည်းပါးပါး လိုက်ပြရတာပေါ့။” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြန်ပြောပြသည်။

ယင်းကဲ့သို့ စစ်ဆေးပြီးနောက် လာရောက်မည်၊ မလာရောက်မည်ကိုမူ ပြန်လည်အကြောင်းကြားမည်ဟု သံရုံး တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ ဆက်သွယ်မှု မရှိသေးဟု သိရသည်။ မစ္စစ် ကလင်တန်၏ ခရီးစဉ်အတွင်း နေပြည်တော်မှတဆင့် ရန်ကုန်သို့ လာရောက်ရာ၌ ရန်ကုန်မြို့ နက်မောက်လမ်းရှိ ချက်ထရီယမ် ဟိုတယ်တွင် တည်းခိုမည်ဟု သိရပြီး ဟိုတယ်ပြင်ပတွင်လည်း မြန်မာ အာဏာပိုင်များဘက်မှ လုံခြုံရေး ချထားမှုများ ရှိနေသည်။

“အစိုးရပိုင်းက လုံခြုံရေး အဖွဲ့တွေကတော့ ရှိတာတော့ သိတယ်။ ကိုယ်က အာဏာပိုင် အဖွဲ့အစည်း မဟုတ်တော့ ကွန်ဖမ်းတော့ မလုပ်ပေးနိုင်ဘူး ဖြစ်နေတာ။ အပြင်စည်း ဘာစည်းကျတော့ အဲဒီလို နေတာတော့ ရှိတယ်။” ဟု ယင်းဟိုတယ်ဝန်ထမ်းတဦးက လုံခြုံရေးယူထားမှုနှင့်ပတ်သက်၍ ပြောပြသည်။

ယခုကဲ့သို့ လုံခြုံရေးယူထားခြင်းမှာ ဟိုတယ်အတွက် ယူခြင်း ဖြစ်နိုင်သည့်အပြင် ဟိုတယ်နံဘေးတွင် ရှိသည့် ကုလသမဂ္ဂဆိုင်ရာ ရန်ကုန်ရုံးအတွက် ယူထားခြင်းလ ည်း ဖြစ်နိုင်ကြောင်း သူက ခန့်မှန်းသည်။

ယင်းချက်ထရီယမ်ဟိုတယ်မှာ နိုင်ငံတကာအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ လာရောက်တည်းခိုလေ့ရှိသည်။

သူမ၏ ခရီးစဉ်အတွင်း နေပြည်တော်၌ သမ္မတအပါအဝင် လွှတ်တော်ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များနှင့်လည်း
တွေ့ဆုံမည် ဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားရာတွင်မူ နိုင်ငံခြား ဧည့်သည်တော် တဦးအား တွေ့ဆုံရန်ရှိသည်ဟုသာ ဖိတ်ကြားထားသည်ဟု သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံရမည်ဖြစ်ကာ အစီအစဉ် အသေးစိတ်ကို ယခုအချိန်အထိ အာဏာပိုင်များက အသိပေးခြင်း မရှိသေးပေ။

“အခု ကျနော်တို့ကို ပေးတဲ့ ဖိတ်စာထဲမှာတောင် ဘာမှ မပြောသေးပါဘူး။ နိုင်ငံခြားဧည့်သည်လို့ပဲ ပြောပါတယ်။ ဘယ်သူ ဘယ်ဝါလို့တောင်မှ ကျနော်တို့ကို မပြောသေးဘူး” ဟု အမျိုးသားဒီမိုကရေစီသစ် ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

တွေ့ဆုံခွင့်ရမည့် ကိုယ်စားလှယ်များအနေဖြင့်လည်း နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိပြီ
ဖြစ်ကြောင်း လွှတ်တော်သို့ အကြောင်းကြားရမည် ဖြစ်ကာ၊ ယင်းနောက်မှသာ မည်သို့ စီစဉ်ထားသည်ကို သိရမည်
ဖြစ်သည်။

ယင်းအပြင် ကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း သတင်းရယူလိုသည့် သတင်းထောက်များ စာရင်းကိုလည်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးမှ ကောက်ယူထားရန်နှင့် လိုအပ်ပါက စစ်ဆေးမည်ဖြစ်ကြောင်းလည်း အာဏာပိုင်များက ညွှန်ကြားထားကြောင်းလည်း သိရသည်။

မည်သည့်အတွက်ကြောင့် ကောက်ခံခြင်းဟု တိတိပပ မသိရသေးသော်လည်း သတင်းယူလိုသည့် သတင်းထောက် များ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူထားပြီးဖြစ်သည်ဟု သံရုံးနှင့် နီးစပ်သည့် အသိုင်းအဝန်းထံမှ သိရသည်။

မစ္စစ်ကလင်တန်မှာ ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏
နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ယခင် နိုင်ငံတကာ ကိုယ်စားလှယ်များ လာရောက်စဉ်ကနည်းတူ လုံခြုံရေးယူထားသည်ဟု သိရသည်။

သို့သော် အမေရိကန်ဘက်မှလည်း သီးခြားလုံခြုံရေးယူဦးမည်ဖြစ်ကာ မည်သို့မည်ပုံ လုပ်ဆောင်မည်ကိုမူ “နေအိမ် ခြံထဲမှာ လုပ်တာကတော့ ကျနော်တို့ရဲ့ ပုံမှန်လုံခြုံရေးပါပဲ။ တဖက်က ဘယ်လိုလုံခြုံရေး အစီအမံတွေ လာလုပ်မယ် ဆိုတာကိုတော့ ကျနော်တို့ မသိပါဘူး။” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။

ကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း တိုက်ရိုက်ထိတွေ့မှုပေါ်လစီကို အလေးအနက်ထား ဆောင်ရွက် သွားမည်ဖြစ်ပြီး အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ဆောင်ရာတွင် အမေရိကန်အနေဖြင့် ပါဝင်နိုင်မယ့် ကဏ္ဍရပ်များကို ဆွေးနွေးသွားမည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သူ၏ ခရီးစဉ်အတွင်း ကောင်စစ်ဝန် Cheryl Mills, လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်၊ မိုက်ကယ်
ပေါ့စနာ၊ မြန်မာနိုင်ငံဆိုင်ရာ ကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲလ် အပါအဝင် မူဝါဒ ချမှတ်ရေး ဒါရိုက်တာ Jake Sullivan တို့လည်း ပါဝင်မည် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8693-2011-11-29-15-19-40.html



အင်္ဂါ, 29 နိုဝင်ဘာ 2011
နိုင်ငံရေးအကျဉ်းသားလွှတ်ရေး ပြောဖို့ ကလင်တန်ကို ဝိုင်းဝန်းတိုက်တွန်း

By မနန္ဒာချမ်း

မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတချို့ အနည်းငယ်ရှိလာတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ သွားရောက်မယ့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်အတွင်း - မြန်မာအစိုးရဘက်က ဒိထက်ပိုပြီး တိုးတက်အောင် လုပ်ပြဖို့ လိုမယ်လို့ မြင်ကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလို - ခိုင်မာတဲ့ အပြောင်းအလဲတွေကို လုပ်ဖို့ လိုမယ်ဆိုပြီး မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ သံတမန်တွေက ပြောဆိုနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို သွားရောက် တဲ့အထိ ဆက်ဆံရေးတိုးတက်လာပေမဲ့လည်း ဒီထက်ရှေ့ဆက်နိုင်ဖို့အတွက် - သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာမျိုးလို အဓိကကျတဲ့ကိစ္စကို လုပ်ပြဖို့လိုတယ်ဆိုပြီး ပြောဆိုနေတာဖြစ်ပါတယ်။ ဒီလဆန်းပိုင်းကပဲ အစိုးရကနေ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတချို့ ပြင်ဆင်ခဲ့ပြီးတဲ့နောက် ပါတီမှတ်ပုံ ပြန်တင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်း - ၀န်ကြီး ကလင်တန်နဲ့ တွေ့ဆုံတဲ့အခါ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အဓိက ဆွေးနွေးပြောဆိုသွား ဖို့ရှိတယ်လို့ ပြောပါတယ်။

“ သူတို့အားလုံးက လွှတ်သင့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ခြင်းအားဖြင့် တိုင်းပြည်အတွက်ရော အစိုးရ အတွက်ရော အကျိုးရှိနိုင်ပါတယ်ဆိုတာကို ကျနော်တို့ ပြောသွားမှာပါ”

ဒါပေမဲ့လည်း အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်မလွှတ်ပေးသေးတာဟာ အစိုးရအနေနဲ့ တဆင့်ပြီးတဆင့် အပြောင်းအလဲ လုပ်နေပေမဲ့ ဒီပြောင်းလဲမှုဖြစ်စဉ်ဟာ နှေးကွေးနေသေးတာဖြစ်နိုင်တယ်လို့လည်း NLD က သုံးသပ်ပါတယ်။ တခါ ရခိုင်အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း ၀န်ကြီးကလင်တန်နဲ့ တွေ့ဆုံဖို့ရှိပြီး - သူ့အနေနဲ့ ဆွေးနွေးခွင့်ရခဲ့မယ်ဆိုရင် - မြန်မာ့ နိုင်ငံရေးမှာ အဖုအထစ်ဖြစ်နေဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့အတူ - အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“တိုင်းရင်းသားရေးရာကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခကိစ္စအပါအဝင် နိုင်ငံသားအခွင့်အရေးဆုံးရှုံးတဲ့ ကိစ္စလေးတွေကို ကြုံရင်ကြုံသလို မိမိဒေသနဲ့ယှဉ်ပြီး တင်ပြကြရမှာပေါ့။ တချက်လေးပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ဒီဘက်ကလည်း လွှတ်ပေးရမယ်လေ။ လွှတ်ဖို့လည်း နိုင်ငံတော်အစိုးရကို ကျနော်တို့က တိုက်တွန်းမယ်။ အဲသလိုပဲ ဒီဟာနဲ့ဆက်နွယ်နေတဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ထားမှုတွေကိုလည်း ကျနော်တို့က မေတ္တာရပ်ခံပေးရမှာပေါ့။ အမတ်တဦးအနေနဲ့လေ”

ဒါ့အပြင် ဒီလို အမေရိကန် နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတဲ့အခြေအနေကို ဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် - သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံသားအကျဉ်းသားလွှတ်ပေးတာမျိုးလို ဒီမိုကရေစီနိုင်ငံအတွက် အဓိကကျတဲ့ ကိစ္စကို လုပ်ပြဖို့လိုတယ် ဆိုပြီးတော့ - ရန်ကုန် - အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် အမှုထမ်းခဲ့သူ သံတမန်ဟောင်း ပရစ်စီလာ ကလပ် ကလည်း ပြောပါတယ်။

“ ရာထောင်ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတုန်းပဲ ဆိုတဲ့ အချက်ကလည်း ရှိနေပါတယ်။ နေပြည်တော်ကလူတွေလည်း ဒါကို သတိထားမိပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်မချင်း ဆက်ဆံရေးမှာ နောက်ထပ် တိုးတက်မှုတွေရဖို့ အဟန့်အတား ဖြစ်နေလိမ့်ဦးမယ် ဆိုတာကိုလည်း သူတို့အနေနဲ့ ကောင်းကောင်း သိထားတယ်လို့ ကျမထင်ပါတယ်”

အမေရိကန်အစိုးရရဲ့ - မြန်မာအစိုးရနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေး မူဝါဒအရ - မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို သွားရောက် လေ့လာ အကဲခတ်ဖို့ သွားရောက်မယ့် ၀န်ကြီး ကလင်တန်ရဲ့ ဒီခရီးစဉ်အတွင်းမှာ - မြန်မာအစိုးရအနေနဲ့ နောက်ထပ် အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းသွားမှာဖြစ်တယ်လို့လည်း - အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း မစ္စစ် ပရစ်စီလာ ကလပ် က -

“ သူ့အနေနဲ့ ၂ နိုင်ငံ ဆက်ဆံရေးမှာ ကျန်နေသေးတဲ့ အဟန့်အတားတွေကို ဆွေးနွေးသွားမှာကတော့ သေချာပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အမေရိကန်ပြည်ထောင်စုက ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် - အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေက မြန်မာအစိုးရအပေါ် စီးပွားရေး၊ သံတမန်ရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာတာနဲ့အမျှ ဒီအရေးယူဒဏ်ခတ်မှုတွေကို အမေရိကန်ဘက်က ရုပ်သိမ်းပေးဖို့ကို မျှော်လင့်နေတာပါ။ ဒီအခြေအနေမှာ NDF အမျိုးသားဒီမိုကရေစီအင်အားစုကတော့ -

“အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ အပြုသဘောဆောင်တဲ့ဟာတွေ ဖြစ်ပေါ်လာပြီလို့ အပြောင်းအလဲတွေရှိလာပြီလို့ မြင်ရလို့ ကြိုဆိုတဲ့အတွက်ကြောင့်မို့လို့ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံတမန်ကိုလည်း ထားသင့်ပြီလို့ အယူအဆတွေကို ကျနော်တို့ ပြောပါတယ်။ နောက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေကို အကျိုးမဖြစ်ဘူးလို့ ခင်ဗျားတို့သိနေပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ့ထက်ပိုပြီး ပြောင်းလဲမှုတွေ လျှင်မြန်လာအောင် တွန်းအားပေးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေထဲက တစချင်း တစချင်း ရုပ်သိမ်းသွားဖို့ကို စဉ်းစားသင့်ဖို့ အချိန်တန်ပါပြီလို့ ကျနော်တို့ စကားလက်ဆောင်ပါးလိုက်ပါတယ်”

နိုဝင်ဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားရောက်မယ့် ၀န်ကြီး ကလင်တန်ရဲ့ ခရီးစဉ်မှာ - အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner)၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံ ဒဲရက်မစ်ချဲလ် (Derek Mitchell)၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခဒ့် ကမ့်ဘဲ (Kurt Campbell) တို့လည်း သူမနဲ့အတူ လိုပါသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ နေပြည်တော်မှာ အစိုးရ၀န်ကြီးတွေအပြင် လွှတ်တော်ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး - ၂ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်ရှင်။
http://www.voanews.com/burmese/news/--11_29_11_my-news-burma----134674258.html

ဟီလာရီ ကလင်တန် ခရီးစဉ် အတွက် လုံခြုံရေး တင်းကျပ်ထား
by FNG on November 29, 2011

မြန်မာ နိုင်ငံ ကို မနက် ဖြန် မှာ လာရောက် လည် ပတ်မယ့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီ
လာရီ ကလင်တန် ခရီးစဉ် အတွက် ရန်ကုန် နဲ့  နေပြည်တော် မြို့ တွေ မှာ လုံခြုံရေး အထူးတင်း
ကျပ် ထား တယ် လို့  သိရပါတယ်။ ရန်ကုန် မြို့  နဲ့  နေပြည်တော် မြို့  ရဲ့  လုံခြုံရေး ကို ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး လှဌေးဝင်း ကိုယ်တိုင် ဦးဆောင် စီမံ ခန့် ခွဲ နေတာ
ဖြစ်တယ်လို့  FNG က သတင်း ရရှိ ပါတယ်။

ရန်ကုန်မြို့  က ရဲစခန်း အချို့  ကတော့ ဟီလာရီ ကလင်တန် ရဲ့  ခရီးစဉ် လုံခြုံရေး အတွက် ဟု
အကြောင်း ပြ ကာ ရာဇ၀တ် မှု နဲ့  ထောင်ကျ ခဲ့ ဖူး သူ တွေ ကို လိုက်လံ ဖမ်းဆီး တာ တို့ ခြေ
ချုပ် ခံ ၀န် ချက် လုပ် တာတို့  ရှိ နေတယ် လို့  သိရ ပါတယ်။

တောင်ဥက္ကလာပ မြို့ နယ် မှာ ရာဇ၀တ် မှု နဲ့  ထောင်ကျ ခဲ့ ဖူး သူ တစ်ဦး လုံခြုံရေး အရ ဟု
အကြောင်း ပြ ကာ တစ်ပတ် ခန့် အချုပ် ထဲ မှာ နေဖို့  ရဲ ကဖမ်းဆီး သွား ပေမယ့် မိသားစု က
ငွေ သုံး သိန်း လိုက်ပေး နိုင်လို့  အချုပ် ကနေ လွတ် ပြီး ခြေချုပ် လက်မှတ် ထိုး ဖို့  ပြောင်း လဲ
ပေး ခဲ့ တယ် လို့  သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီ လာရီ ကလင်တန် ရဲ့  မြန်မာ ပြည် ခရီးစဉ် ဟာ ကြိုတင်
ကြေငြာ ပြီး လာရောက် လည် ပတ် တာ ဖြစ်ကြောင်း အီဂျစ် နဲ့  လစ်ဗျား နိုင်ငံ တွေ ထက် ပိုပြီး
လုံခြုံ စိတ် ချ ရတဲ့ အခြေ အနေ ရှိတယ် လို့  ရန်ကုန် မြို့  က တပ်မတော် အရာ ရှိ ဟောင်း တစ်
ဦး က FNG ကို ပြောပါတယ်။

အီဂျစ် နဲ့  လစ်ဗျား နိုင်ငံ တွေ အတွက် ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ် ကို ကြိုတင် အသိပေး
ခဲ့ ခြင်း မရှိ ပဲ သက်ဆိုင်ရာ နိုင်ငံ ခေါင်းဆောင် တွေ လောက်သာ အသိပေး ခဲ့ ပါတယ်။

ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံ ခရီးစဉ် မှာ သတင်းထောက် တွေ သတင်း ယူခွင့် ကို လည်း
ကန့် သတ် ထား ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ် အောင်ဆန်း စုကြည် နဲ့ ဟီလာရီ ကလင်တန် တို့  နှစ်ဦး
သီးသန့် တွေ့ ဆုံ မှု ကို တက္ကသိုလ် ရိပ်သာ လမ်း က ဒေါ်အောင်ဆန်းစုကြည် နေအိမ် မှာ ပြု
လုပ် မှာ ဖြစ် ပြီး အဲဒီ အိမ် မှာ ပဲ သူမ တို့  နှစ် ဦး ရဲ့  ပူး တွဲ သတင်း စာရှင်း လင်း ပွဲ ကို ကျင်း
ပမှာ ဖြစ်ပါတယ်။

နေ ပြည်တော် မြို့  မှာ တော့ ဟီလာရီ ကလင် တန် ရဲ့ ခရီးစဉ် အတွက် မြို့ ဝင် မြို့ ထွက် လမ်း
တွေ ကို ပိတ် ဆို့  စစ်ဆေး မှု တွေ ပြု နေ တယ် လို့  သိရပါတယ်။

ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံ ကို လာရောက် လည်ပတ် ချိန် ဟာ သူ မရဲ့  မိခင် ဖြစ်သူ
အသက် ၉၂ အရွယ် ရှိ ဒေါ်ရော်သီ ရောဒ်ဟမ် ကွယ်လွန် တာ တစ်လ ပြည့် တဲ့ အချိန် နဲ့  လည်း
တိုက် ဆိုင် နေပါတယ်။
http://freedomnewsgroup.com/2011/11/29/security-tightned-amid-hilary-clinton-visit-burma/