Wednesday, November 30, 2011

စက်မှုဇုံအလုပ်သမားသမဂ္ဂ (ရန်ကုန်စက်မှုဇုံ)

Burma VJ Media Network
မြန်မာနိုင်ငံ စက်မှုဇုံအလုပ်သမားသမဂ္ဂ (ရန်ကုန်စက်မှုဇုံ) ရဲ့ ပထမအကြိမ်ညီလာခံနဲ့ အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီက တောင်ဒဂုံမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
၂၀၁၁ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ သမဂ္ဂကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲ့ဒီညီလာခံမှာ လုပ်ငန်းအမျိုးအစားများအလိုက် သမဂ္ဂတွေက အစီရင်ခံစာတွေကို အသီးသီး တင်သွင်းခဲ့ကြပါတယ်။
အဲ့ဒီနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြားဆွေးနွေးခဲ့ပြီး စက်မှုဇုံသမဂ္ဂရဲ့ သဘာပတိက အတည်ပြုခဲ့ပါတယ်။
ဥက္ကဌ၊ အတွင်းရေးမှုးနဲ့ ဘဏ္ဍာရေးမှုးတို့အပါအဝင် အမှုဆောင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်တဲ့ အဲ့ဒီသမဂ္ဂမှာ တာဝန်တွေအတွက် တက်ရောက်လာတဲ့သူတွေက ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ခဲ့ကြပါတယ်။
စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် ခံစားချက်တူညီတဲ့အလုပ်သမားတွေစုစည်းကာ စက်မှုဇုန်အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး တရားဝင်အဖွဲ့အစည်းအနေနဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မှတ်ပုံတင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဟီလာရီ ကလင်တန် ကို ကြိုရန် မြန်မာ ဗိုလ်ချုပ် လူထွက် များ မိတ်ကပ် ဖို့ နေ


by FNG on November 30, 2011
File picture of Myanmar's Prime Minister Thein Sein attending the Armed Forces Day ceremony in Naypyitaw

နေမျိုးဦး ၊          ၊အမေရိကန်  နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်  ကို ကြိုဆိုရန်
အတွက် စစ်ဗိုလ်ချုပ် တစ်ဖြစ်လဲ မြန်မာ အစိုးရ ခေါင်းဆောင် များ သည့် ရန်ကုန် မြို့  မှ နာ
မည် ကြီး မိတ်ကပ်ဆရာ များ၊ဒီဇိုင်နာ များ ကို ခေါ်ယူထား ပြီး မျက်နှာ ပေါင်းတင်ခြင်း
၊ရွှေသွင်းခြင်း၊ ချေးချွတ်ခြင်း တို့  ကို၎င်း တို့  ၏ ဇနီး မယား များ သာ မက ၊ ဗိုလ်ချုပ်
လူထွက် များ ကိုယ် တိုင် ပြုလုပ် နေသည် ဟုနေပြည်တော် ရောက် နာမည် ကြီး အလှဖန်
တီး ရှင် တစ်ဦးက FNG သို့  ပြောသည်။
ရန်ကုန် နှင့် မန္တလေး မြို့ များ မှ နာမည် ကြီး မိတ်ကပ် အလှဖန်တီး ရှင် များ ဖြစ်သည့်
မိတ်ကပ် ခင်စန်းဝင်း ၊ ဒီဇင်ဘာ နှင်း ၊ ကိုဦး အစ ရှိ သည့် မိတ်ကပ် ပြင်ဆရာ များ နှင့်
ပြည်စိုးအောင် ၊ မပုံ့  အစ ရှိ သည့် ဒီဇိုင် နားများ သည် နေပြည် တော် မြို့ သို့ ရောက်
ရှိ နေသည် ဟု သိရသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အား ယနေ့  ည နေပြည်တော်
ဉ် တည်ခင်း ဧည့် ခံ မည့် ညစား စား ပွဲ တော် မြန်မာ အစိုးရ အရာရှိ ကတော် များ အပြိုင်
ကျဲရန် အတွက် နာမည် ကျော် မိတ်ကပ် အလှ ဖန်တီး သူ များ နှင့် ဒီဇိုင် နာ များ ကို
ခေါ်ယူပြီး ပြင်ဆင် နေခြင်း ဖြစ်သည်။
နေပြည်တော်ရောက် မိတ်ကပ် အလှ ဖန်တီး ရှင် တစ်ဦး က မိန်းမတွေ တင် ပြင်ရတာ
မဟုတ်ဘူး ၊ ယောင်္ကျား တွေ ပါ ပြင်ရတာ ရွှေတွေ စိန်တွေ ဆို လဲ ဆင်ထား လိုက်တာ
မနည်းဘူး  ၊ လူတွေက အဆီအစ် ပြီး အားကစား လဲ မလုပ် တော့ အလှဆင် ရတာ
မလွယ် ဘူး ဟု ပြောသည်။
ယခင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒီလီဇာ ရိုက် ၊ ဟီလာရီကလင်တန် ၊ မစ်
ရှလ် အိုဘား မား တို့ သည် အများ ပြည်သူ ရှေ့  ၀တ်ဆင် မည့် ဖက်ရှင် များ အတွက်
ဂျော်ဂျီယို အာမီနီ ၊ ဒေါ်နာ တယ်လာ ဗာဆက်ချီ ၊ ဒေါ်နာ ကာရင်း စ သည့် ဒီဇိုင် များ
နှင့် ပြင် ဆင် သလို မိတ် ကပ် နှင့် ဆံပင် အလှ အတွက် ဖက်ရှင် ဒီဇိုင်း အင်စတီ ကျူ
များ မှ ထူး ချွန် ဆု ရရှိ သည့် ကျောင်းသူ များ ကို သာ ၎င်း တို့  ခရီးစဉ် တွင် ခေါ်ဆောင်
ခြင်း ဖြစ်သည်။
ရန်ကုန် မြို့  ရှိ အလှအပ ရေးရာ မဂ္ဂဇင်း တစ်စောင် မှ အယ်ဒီတာ တစ်ဦး က မူ ဘာပုံ
တွေ ထွက် လာ မလဲ မသိဘူး ဟု ပြောသည်။



http://freedomnewsgroup.com/2011/11/30/makeup-artist-goes-to-npt/

NLD မှတ်ပုံတင်ခြင်း ကောင်းကျိုးဆိုးကျိုး

NLD မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းအပေါ် ကောင်းကျိုးဆိုးကျိုး ကျနော့်အမြင်နှင့် လူထုတိုက်ပွဲ

by Ko Baloi (facebook)on Wednesday, November 30, 2011 at 4:09pm

NLD မှတ်ပုံတင်ခြင်း မတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း၊ မဝင်ခြင်းအပေါ် မြန်မာ့နိုင်ငံရေးလောကမှာ ဂယှက်ရိုက်နေခြင်းအပေါ်ထင်ကြေးအမျိုးမျိုးပေးပြီး သုံးသပ်ဝေဖန်မှုတွေရှိနေကြပါတယ်။ ဒါကလည်း သဘာဝကျပါတယ်၊ သူ့အမြင် ကိုယ့်အမြင် အမျိုးမျိုးအပေါ်သဘောထားတွေတင်ပြကြတာဟာ ဒီမိုကရေစီရဲ့ ကျင့်စဉ်ကောင်းတခုပါပဲ။ ကိုယ့်အမြင် ကိုယ့်သဘောထားကြီး ထင်ဟတ်လို့ ဘယ်ဖြစ်မှာလဲ...နော့။

NLD မှတ်ပုံမတင် ရွေးကောက်ပွဲမဝင်လျှင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးကို ကျနော်အရင်ထောက်ပြပါ့မယ်။

( ၁ ) နိုင်ငံရေးလှုပ်ရှားမှု၊ လူမှု့ရေးလှုပ်ရှားမှုလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာလျှင်....တရားမဝင်ပါတီဆိုပြီး အချိန်မရွေး ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်း။

( ၂ ) အမြို့မြို့အနယ်သို့ သွားရောက်၍ နိုင်ငံရေးစည်းရုံးရေးတရားဟောပြောခြင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များပြုလုပ်ရန် အခွင့်အရေးများဆုံးရှုံးနိုင်ခြင်း။

( ၃ ) ပါတီလုပ်ငန်းဆောင်တာများ ပြုလုပ်ရန် အခက်ခဲများစွာ တွေ့ရှိနိုင်ခြင်း။

( ၄ ) လူထုကွန်ယက်၊ လူငယ်ကွန်ယက် လုပ်ငန်းဆောင်တာများ၏ လုပ်ငန်းများတွင် အနှောက်အယှက် အဟန့်အတားများ ဖြစ်ပေါ်လာနိုင်ခြင်း။

( ၅ ) လူထုနှင့် နီးစပ်လာသည်နှင့်အမျှ လူထုတိုက်ပွဲကို စိုးရိမ်ကြောက်ရွံ့နေသည့် လက်ရှိအစိုးရမှ သူတို့အဆို နိုင်ငံတော်တည်ငြိမ်ရေးကို နှောက်ယှက်ဖျက်ဆီးသည်ဟုဆိုကာ....အချိန်မရွေး ဥပဒေ အမျိုးမျိုးတပ်ဆင်ကာ ခေါင်းဆောင်ပိုင်းတွေကို ဆွဲစေ့ ထိမ်းသိမ်းထားနိုင်ခြင်း။

( ၆ ) တိုင်းရင်းသားရေးရာဆောင်ရွက်မှုလုပ်ငန်းများ သွင်သွင်ကျယ်ကျယ်လုပ်ဆောင်ရာတွင် မမြင်နိုင်သော အန္တရာယ်များ ကျရောက်လာနိုင်ခြင်း။

( ၇ ) NLD ၏ စည်းရုံးလှုပ်ဆော်မှုအားကောင်းလာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်စိုးရိမ်လာရခြင်း စတဲ့ဆိုးကျိုးတွေကို အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်လျှင် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးတွေကို ကျနော်ထောက်ပြပါ့မယ်။

( ၁ ) တရားဝင်ပါတီဖြစ်လာသည့်အတွက် အမြို့မြို့အနယ်နယ်သို့ သွားရောက်ပြီး နိုင်ငံရေးအရ စည်းရုံးရေးတရားဟောပြောခြင်း၊
နိုင်ငံရေးလုပ်ငန်းဆောင်တာများ တရားဝင်ပြုလုပ်ခွင့်ရရှိလာမည်။

( ၂ ) ပါတီ၏ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်များပြုလုပ်သည့်အခါ အနှောက်အယှက် အခက်ခဲမရှိ အဆင်ပြေ ချောမွေ့စွာပြုလုပ်လို့
ရရှိလာမည်။

( ၃ ) လူမှု့အထောက်အကူပြုလုပ်ငန်းများကို အဟန့်အတား အနှောက်ယှက်မရှိ လွယ်လင့်တကူ ပြုလုပ်လို့ရလာမည်။

( ၄ ) လူထု ကွန်ယက်နဲ့ လူငယ်ကွန်ယက်လုပ်ဆောင်သည့်အခါ သွင်သွင်ကျယ်ကျယ် ပြုလုပ်လို့ရရှိလာမည်။

( ၅ ) လွှတ်တော်တွင် ပြည်သူ့ဆန္ဒမှန်တွေကို တင်ပြဆွေးနွေးခွင့်ရရှိလာမည်။

( ၆ ) ပြည်သူလူထုနှင့် ပိုမိုနီးစပ်ခွင့်ရှိလာမည်။

( ရ ) တိုင်းရင်းသားရေးရာဆောင်ရွက်မှုများ တရားဝင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်မည်။

( ၈ ) ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များကို ဦးဆောင်ပြီး လုပ်ပိုင်ခွင့်များ ရရှိလာနိုင်သည်။

( ၉ ) လူငယ်နှင့် ပြည်သူထူထုတစ်ရပ်လုံးကို နိုင်ငံရေးသဘောတရားရေးရာသင်တန်းများနှင့် လူ့အခွင့်အရေးသင်တန်းများ တရားဝင်ကျယ်ကျယ်ပြန့်ပြန့် ပို့ချနိုင်ပြီး တော်လှန်ရေး- နိုင်ငံရေးအတွေးအခေါ်များ တပ်ဆင်ပေးနိုင်သည်။

( ၁၀ ) နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှုမျာရရှိလာမည်ဖြစ်ပြီး...ပြည်သူများ၏ စားဝတ်နေရေး အထိုက်အလျှောက်ပြေလည်လာခြင်းဖြင့် ပြည်သူတွေအနေနဲ့ နိုင်ငံရေးစိတ်ပါဝင်စားမှု ပိုမိုများပြားလာမည်။

( ၁၁ ) နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပွင့်ပွင့်လင်းးလင်း ထိတွေ့ဆက်ဆံလာခြင်းဖြင့်....တရုတ်သြဇာခံအောက်မှ ရုန်းထွက်လာနိုင်သည်။

( ၁၂ ) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု စိုးရိမ်မှု တနည်းအားဖြင့် စိတ်အေးရမည်။

( ၁၃ ) အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်- သွင်သွင်ကျယ်ကျယ်လုပ်လာနိုင်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသား များအားလုံးကို လွှတ်ပေးလာမည်ဟု မျှော်လင့်ပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လူထုတိုက်ပွဲဆိုရာတွင်....မိမိလူထုရဲ့ လက်ရှိအခြေအနေကို ဓမ္မ္ဒိဌါန်ကျနစွာ သုံးသပ်နိုင်ဖို့ ဒီနေရာမှာအရေးကြီးပါတယ်။

ဆန်အိုးမှာဆန်မရှိ၊ ဆီပုလင်းမှာဆီမရှိ၊ တနေ့လုပ်လို့ တနေ့မစားနိုင်တဲ့ အခြေအနေမှာ ပြည်သူလူထုအများကို လမ်းပေါ်တက်ခိုင်းပြီး အသေခံခိုင်းတာ ရက်စက်ရာကျမနေဘူးလား၊။ လူထုတွေကိုကော ဘယ်နှစ်ခါ အသေခံခိုင်းဦးမလို့လဲ၊ တနေ့လုပ်လို့ တနေ့မစားနိုင်တဲ့ပြည်သူတွေကကော လမ်းပေါ်တက်နိုင်ပါ့မလား။ တချို့နိုင်ငံရေးသမားတွေက ရိုးသားတဲ့ ပြည်သူလူထုကို စတေးခံသတ္တဝါအဖြစ်သတ်မှတ်ထားသာ ကျနော်အမုန်းဆုံးပဲ။ အဲဒီ- အချို့ နိုင်ငံရေး၊ တော်လှန်ရေးသမားတွေရဲ့ ပါးစပ်ထဲကပဲ လျှာရိုးမရှိတိုင်း ရှောက်ပြောနေ
တာတခုက ကျနော်တို့ဟာ ပြည်သူတွေအတွက်အသက်ပေးထားတယ်တဲ့....ရီစရာတော့အကောင်းသားပဲ။

ကျနော်တို့ အောက်ခြေရှိ အခြေခံပြည်သူတွေဟာ စားဝတ်နေရေးပြေလည်လာလို့ရှိရင်...လမ်းပေါ်တက်ဖို့ ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး၊။ တနေ့လုပ်လို့တနေ့မစားနိုင်တဲ့ ပြည်သူတွေဟာ နိုင်ငံရေးကိုစိတ်ပါဝင်စားပေမယ့်ဝမ်းရေးကြောင့်နိုင်ငံရေးနဲ့အလှမ်းဝေး
နေရတော့ ဘယ်လိုလုပ်ပြီး နိုင်ငံရေးကိုစိတ်ဝင်စားနိုင်မှာလဲ..။ ဒီ့- အတွက် ကျနော်တို့တတွေ
ပြည်သူတွေစားဝတ်နေရေးပြေလည်နိုင်မယ့် နိုင်ငံရေးကို အရင်အကောင်အထည်ဖော်ရမယ်။ ဒါမှ- လူတချို့ ဖြစ်ချင်တဲ့ တိုနီးရှားတို့လိုအာရပ်ကမ္ဘာတော်လှန်ရေးကြီးလည်း အကောင်အထည်ဖော်လို့ရတာပေါ့..။ လေဒီယို တလုံးတောင် အိမ်စေ့မရှိတဲ့ ကျနော်တို့ နိုင်ငံမှာအာရပ်ကမ္ဘာလို တော်လှန်ရေးမျိုး အကောင်ထည်ဖော်ချင်တဲ့ လူတွေလည်းရှိသေးတယ်၊။ အရင်- ကွန်မြူနစ်ခေတ်လို လူထုတွေငတ်ပြတ်မှ လမ်းပေါ်တက်မယ်ဆိုတဲ့ အတွေးအခေါ် ခေတ်လည်း မဟုတ်တော့ဘူး..။ အခုခေတ်က အတွေးခေါ်ခြင်း စီးခြင်းထိုးနေတဲ့ ခေတ်ကိုရောက်နေပါပြီး၊လူ့အတွေးအခေါ်တွေက တခေတ်နဲ့ တခေတ်မပြောနဲ့ တနေ့နဲ့ တနေ့တောင် မတူတော့ပါဘူး..။ ခေတ်ရေစီးကြောင်းနောက်ကို လိုက်တတ်ဖို့အရေးကြီးပါတယ်၊။ စာအုပ်ကြီးတွေဖတ်ပြီး လက်တွေ့မပါတဲ့သဘောတရားတွေကို ချပြပြီး
ရှေ့စခန်းသွားနေလို့ကတော့ ပိုးသာကုန် မောင်ပုံစောင်းတီးတတ်လာမှာမဟုတ်ဘူး၊။

ဒါကြောင့်....ကျနော်တို့တတွေ ပြည်သူတွေစားဝတ်နေရေးပြေလည်စေနိုင်မယ့် နိုင်ငံရေးလမ်းစဉ်ကို အရင်အကောင်အထည်ဖော်ရမယ်၊

အဲဒါပြီးမှ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ပြည်သူတွေကို တွန်းတင်ပေးရမယ်။ တိုင်းပြည်အထိုက်အလျှောက် တိုးတက်ပြောင်းလဲလာသည်နဲ့ အမျှ ပြည်သူတွေရဲ့ နိုင်ငံရေးအတွေးအခေါ်- တော်လှန်ရေးအတွေးအခေါ်တွေဟာ အထိုက်အလျှောက် တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း ဒီနေရာမှာသိစေအပ်ပါသည်။ ကျနော်တို့ တော်လှန်ရေး၊ နိုင်ငံရေးသမားတွေဟာ ပြည်သူတွေကိုတကယ့်စေတနာမှန်နဲ့ ချစ်ပြီး တကယ်တမ်းအသက်ပေးလှူရဲရင်....ပြည်သူမပါလည်း ဒီပွဲဟာ ပြတ်တယ်..။ တော်လှန်ရေး- နိုင်ငံရေသမား
တွေ စုစုပေါင်း အယောက် တစ်သောင်းလောက်ရှိမယ်ထင်တာပဲ...အသက်ပေးရင် ကျနော်ထိပ်ဆုံးကပါပေးပါ့မယ်..။ ကျနော်တို့
တော်လှန်ရေး နိုင်ငံရေးသမားတွေဟာ ပြည်သူ့ဘဝကောင်းစားစေရေးအတွက်တော်လှန်ရေး နိုင်ငံရေးတွေလုပ်နေကြရင်း ပြည်သူတွေရဲ့ဘဝတွေဟာ ကောင်းမစားလာပဲ- တောင်းစားနေရာတဲ့ဘဝကို ရောက်ရှိသွားနေတာကိုလဲ သတိပြုကြဖို့ အရေးကြီးပါတယ်..။

ကျနော်တို့တတွေဟာ မဝင်းမော်ဦးပြောသလိုမျိုး....အမာခံတွေမဟုတ်ဘူးအသေခံဖြစ်ဖို့လိုတယ်ဆိုတာကိုပြောကြားရင်း....
NLDမှတ်ပုံတင်ခြင်း- မတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်း- မဝင်ခြင်းအပေါ် ကျနော့်အမြင်နှင့် လူထုတိုက်ပွဲ ပုံသဏ္ဍန်ကို ရေးသားတင်ပြလိုက်ပါသည်။

အ​မေရိကန်ပါသည်ဖြစ်​စေ၊​ မပါသည်ဖြစ်​စေ ​နောက်​ကြောင်း​ကို မပြန်နိုင်​တော့​ပါဘူး


Published on November 30, 2011 by နေသွင်   
အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်ဟာ နှစ်ရက်တာ ခရီး​အဖြစ် မြန်မာပြည်ကို ဒီ​နေ့​ ​ရောက်ရှိလာပါတယ်။
ဒီခရီး​စဉ်ဟာ ရာစုနှစ်ဝက်အတွင်း​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​တ​ယောက် ပထမဆုံး​ မြန်မာပြည် လာ​ရောက်တဲ့​ ခရီး​စဉ်ဖြစ်ပါတယ်။
အ​ မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ ခရီး​စဉ်က​နေ၊​ မြန်မာပြည်ရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​အ​ပေါ် အကျိုး​သက်​ရောက်လာနိုင်တာ​တွေ၊​ နိုင်ငံတကာ ဆက်ဆံ​ရေး​အ​ပေါ် အကျိုး​သက်​ရောက်နိုင်တာ​တွေနဲ့​ ပတ်သက်လို့​ သမ္မတဦး​သိန်း​စိန်ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​လည်း​ဖြစ်၊​ နိုင်ငံတကာဆက်ဆံ​ရေး​ ​လေ့​လာသူလည်း​ဖြစ်တဲ့​ ဦး​နေဇင်လတ်ကို ​မေး​မြန်း​ထား​ပါတယ်။


ဦးနေဇင်လတ်

“ပိတ်ဆို့​အ​ ရေး​ယူမှု​တွေ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ နိုင်ငံက အ​နောက်ကမ္ဘာ နဲ့​ ကျ​နော်တို့​က အလုပ်​ကောင်း​ကောင်း​ လုပ်လို့​ မရခဲ့​ဘူး​ပေါ့​နော်။ ကမ္ဘာမှာလည်း​ အ​မေရိကန်က ​ခေါင်း​ဆောင်မှု​နေရာမှာ ဆက်ရှိ​နေ​သေး​တယ်။ အ​မေရိကန်က ကျ​နော်တို့​နဲ့​ ဆက်ဆံ​ရေး​ တစုံတရာ ​ကောင်း​မယ်ဆိုခဲ့​လို့​ရှိရင် ဘာပဲ​ပြော​ပြော​ပေါ့​ အ​နောက်နိုင်ငံဘက်က ကျ​နော်တို့​က ရင်း​နှီး​မြှုပ်နှံမှု​တွေ​ပေါ့​ဗျာ။ ကျ​နော်တို့​ ရနိုင်တယ်​ပေါ့​။ အဲဒီမှာ ကျ​နော်တို့​က ဘာ​ပြောမလဲဆိုရင် ရင်း​မြှုပ်နှံမှု တခုတည်း​ကိုပဲ ကျ​နော်တို့​က သိပ်ပြီး​တော့​ အား​မပြုချင်ဘူး​ဗျ။ investment (ရင်း​နှီး​မြှုပ်နှံမှု) နဲ့​အတူ ဘာလာမလဲဆို​တော့​ နည်း​ပညာ​တွေ လာမယ်ဗျ။ innovation (ဆန်း​သစ်​ပြောင်း​လဲခြင်း​) ​တွေရှိလာမယ်။ ​နောက်တခါ management (စီမံအုပ်ချုပ်မှု) ​တွေပါလာမယ်၊​ market ​တွေ ရှိလာမယ်ဗျ။ အဲဒါ​တွေကို ကျ​နော်က ပိုပြီး​ အား​ရတယ်​ပေါ့​။ ကျ​နော်တို့​က ကိုယ့်​ကိုယ်ကိုယ် ရုန်း​နေကြရတယ်ဗျ။ အစိုး​ရဆီမှာလည်း​ အစီမံ​ကောင်း​တွေ မရှိဘူး​လား​လို့​ ​မေး​လို့​ရှိရင် ရှိပါတယ်။ အခု​လော​လောဆယ် သူ့​ရဲ့​ တနိုင်တပိုင်နဲ့​ လုပ်​ဆောင်​နေပါပြီ။ ကျ​နော်တို့​က မရှိမဲ့​ ရှိမဲ့​နဲ့​ ကိုယ့်​ဟာကိုယ် ရုန်း​နေရ​သေး​တဲ့​ အဆင့်​ပေါ့​ဗျာ။ ခရီး​က လိုသ​လောက် သိပ်မ​ရောက်​သေး​ဘူး​ပေါ့။ အ​နောက်ဘက်က​နေပြီး​ ကျ​နော်တို့​ ဆက်ဆံ​ရေး​တွေ ​ကောင်း​လာခဲ့​ပြီ။ အ​နောက်ဘက်က အကူအညီ​တွေ ရခဲ့​ပြီ ဆိုခဲ့​ရင် ကျ​နော်တို့​က အဲဒါကို အပံ့​ပိုး​ တစုံတရာနဲ့​ အဆင့်​တခုကို ​ရောက်တဲ့​ ပုံစံမျိုး​ကို ​ရောက်သွား​မယ်ဗျ။ အဲ့​ဒီအတွက်​ကြောင့်​မို့​လို့​ ကျ​နော်တို့​ သန်း​ ၆၀ ရှိတဲ့​ နိုင်ငံသား​တွေအတွက်ကို အခွင့်​လမ်း​ကောင်း​တွေက ​ရှေ့​လျှောက်မှာ အများ​ကြီး​ ​ကောင်း​ကောင်း​နဲ့​ ရလာပါလိမ့်​မယ်လို့​ ကျ​နော်က ​ပြောချင်ပါတယ်။”
လက်ရှိ မြန်မာပြည် အကူး​အ​ပြောင်း​ကာလမှာ ဒီလို အ​မေရိကန်နဲ့​ နီး​လာတဲ့​အတွက် အ​ပြောင်း​အလဲ​တွေအ​ပေါ်မှာ ဘယ်လိုများ​ အကျိုး​သက်​ရောက်မှု ရှိလာနိုင်ပါသလဲ။

“အပံ့​ပိုး​ တခုဖြစ်တယ်လို့​တော့​ ကျ​နော် ​ပြောနိုင်တယ်​ပေါ့​။ အခုဆိုရင် ဒါ ကျ​နော်​ပြောချင်တဲ့​ ဥစ္စာက ​နောက်​ကြောင်း​ ပြန်နိုင် မပြန်နိုင်ကို သုံး​သပ်ပြတာ​ပေါ့​နော်။ law (ဥပ​ဒေ) ဆယ်စုနှစ်တခု​လောက်ကို လုံး​ဝ ထိ​တွေ့​လို့​ မရပါဘူး​၊​ ပြင်ဆင်လို့​ မရပါဘူး​ ဆိုတဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဟာ လသား​အနည်း​ငယ်မှာ ပြင်လိုက်ပြီဗျာ။ ပြင်ပြီး​တော့​ အန်အယ်လ်ဒီကို ကျ​နော်တို့​က ပါလီမန်ထဲမှာ ပါဝင်ခွင့်​ပေး​လိုက်ပြီ။ အန်အယ်လ်ဒီသည် မကြာခင်မှာ လအနည်း​ငယ်အတွင်း​မှာ​ပေါ့​ဗျာ သူတို့​ စည်း​ရုံး​ရေး​ဆင်း​ပြီး​တော့​ ​ရွေး​ကောက်ပွဲဝင်ကြမယ်။ အဲဒါဆိုရင်​တော့​ ကျ​နော်တို့​ တကမ္ဘာလုံး​လည်း​ သိသွား​ပြီဗျ။ ဆို​တော့​ အ​မေရိကန် ပါသည်ဖြစ်​စေ မပါသည်ဖြစ်​စေ ဒီအဆင့်​မှာကိုက ​နောက်​ကြောင်း​ကို မပြန်နိုင်​တော့​ဘူး​ဆိုတာကို ပြထား​တာ ဖြစ်သွား​ပြီ။ အဲဒီ​တော့​ ​နောက်​ကြောင်း​ပြန်ဖို့​ မပြန်ဖို့​မှာက​တော့​ ကျ​နော်က အမြဲတမ်း​ သံတမန်​တွေကိုလည်း​ပြောတယ်။ လုံး​ဝမစိုး​ရိမ်ပါနဲ့​ ဘာ​ကြောင့်​လဲဆို​တော့​ သမ္မတကြီး​နဲ့​ ကျ​နော်တို့​က စကား​ပြောခွင့်​ ရှိတဲ့​အချိန်မှာ ကျ​နော်တို့​က ဘာ​ကောင်း​ကောင်း​သတိထား​မိလဲဆိုရင် သမ္မတကြီး​က မဟာဗျူဟာ အမြင် ​ကောင်း​ကောင်း​ကြီး​ သူ့​မှာ ရှိပါတယ်။ ဒီ​နေ့​ကမ္ဘာမှာ သွား​ဖို့​ အ​ကောင်း​ဆုံး​ နည်း​စနစ်က​တော့​ ဒီမိုက​ရေစီ နိုင်ငံ​ရေး​ဘက် မှာ​ပေါ့​နော်။ စီး​ပွား​ရေး​ဘက်မှာဆိုရင်​တော့​ အရင်း​ရှင်စနစ်ကို အ​ခြေခံတဲ့​ ​ဈေး​ကွက်စီး​ပွား​ရေး​ပေါ့​။ ဒီနှစ်ခုရဲ့​ combination (​ပေါင်း​စပ်ခြင်း​) က​တော့​ ကျ​နော်တို့​ မသွား​လို့​ကို မရတဲ့​ဟာပဲဗျ။ အဲဒါက သူ့​စိတ်ထဲမှာ ​ကောင်း​ကောင်း​ရှိတဲ့​အတွက်​ကြောင့်​မို့​လို့​ အ​ပြောင်း​အလဲ ​နောက်​ကြောင်း​ပြန်ဖို့​က​တော့​ သူကိုယ်တိုင်က​တော့​ မလုပ်​တော့​ဘူး​သေချာတယ်။ အစိုး​ရဘက်က လုံး​ဝမ​ပြောင်း​ဘူး​ ​သေချာတယ်။ အန်အယ်လ်ဒီကလည်း​ အခုဝင်ပြီ။ အဲဒီ နှစ်ခုအတွက်​ကြောင့်​မို့​ ကျ​နော်တို့​ မ​ပြောင်း​တော့​ဘူး​။ သို့​သော်လည်း​ တတိယ အင်အား​စုလို့​ပဲ​ပြော​ပြော၊​ ပြင်ပအင်အား​စုလို့​ပဲ ​ပြော​ပြော​ပေါ့​ အဲဒီလူ​တွေရဲ့​ အ​နှောင့်​အယှက်​ကြောင့်​ နည်း​နည်း​လေး​ Delay (​နှောင့်​နှေး​) ဖြစ်သွား​မှာ​တောင် ကျ​နော်က ပြန်စိုး​ရိမ်​နေပါတယ်ခင်ဗျ။”
အ ​မေရိကန်နဲ့​ တရုတ်နဲ့​ အား​ပြိုင်တဲ့​နေရာဟာ မြန်မာပြည် လာဖြစ်​နေတယ်ဆိုတာမျိုး​ တွက်ကြပါတယ်ဆရာ။ အ​တွေး​ခေါင်တဲ့​ ကိစ္စလို့​ ​ပြောမလား​။ ဖြစ်နိုင်​ခြေ မဖြစ်နိုင်​ခြေ ဆရာတို့​ ဘယ်လို ယူဆပါသလဲ။

“ကျ​နော့်​အ​ နေနဲ့​ ​ပြောရင်​တော့​ နည်း​နည်း​လေး​ပေါ့​ အစိုး​ရိမ်လွန်တယ်လို့​ပဲ ကျ​နော်က သုံး​သပ်ချင်တယ်​လေ။ မြန်မာအ​နေနဲ့​က​တော့​ တရုတ်ရဲ့​ ဖင်ပိုင်း​မှာ လာရှိတဲ့​အတွက်​ကြောင့်​ လူ​တွေက သုံး​သပ်တယ်လို့​ ကျ​နော်က ယူဆတယ်​ပေါ့​။ ပထဝီနိုင်ငံ​ရေး​အရ အား​ပြိုင်မယ့်​နေရာဟာ ကျ​နော်တို့​ဆီမှာ ဖြစ်မယ်ဆိုရင် ထိုင်း​က​ရော မဖြစ်နိုင်ဘူး​လား​။ သူလည်း​ ဖြစ်လာနိုင်တာ​ပေါ့​။ ဒါက နည်း​နည်း​လေး​ စိုး​ရိမ်စိတ်များ​သွား​တယ်လို့​ပဲ ကျ​နော်က ယူဆပါတယ်။”
မြန်မာပြည်က နိုင်ငံကြီး​တွေ ကြား​ထဲမှာ ​ရောက်​နေတဲ့​ဟာ​ပေါ့​။ တရုတ်နဲ့​လည်း​ နီး​နေတယ်၊​ အိန္ဒိယ စသည်ဖြင့်​ပေါ့​လေ။ အခု အ​မေရိကန်လည်း​ ဝင်လာ​တော့​ အ​ကောင်း​နဲ့​ အဆိုး​မှာဆိုရင် ဆရာက​တော့​ အ​ကောင်း​ဘက်ကို ​ပြောသွား​တာ​ပေါ့​။ အဆိုး​တွေအတွက် ဘာ​တွေများ​ ပြင်ထား​ဖို့​ လိုတယ်လို့​ ယူဆပါသလဲ။

“အဲဒါ​တော့​ ကျ​နော်က​လေ မဟာဗျူဟာ​ကောင်း​ရင်၊​ plan (အစီအစဉ်) ​ကောင်း​မယ် ဆိုလို့​ရှိရင်​တော့​ အဲဒီနိုင်ငံက အ​ကောင်း​ဘက်ကို ပိုပြီး​ ရတတ်တယ်ဗျ။ ပထဝီနိုင်ငံ​ရေး​အရပဲ​ပြော​ပြော။ ဘယ်​လောက်ပဲ အား​သာသာ planning (အစီအစဉ်​ရေး​ဆွဲတာ) မ​ကောင်း​ဘူး​ဆိုရင်​တော့​ အဲဒီနိုင်ငံက ရလဒ်က​တော့​ နည်း​တယ်​ပေါ့​ဗျာ။ ကျ​နော်တို့​က ဒီဘက်မှာ တရုတ်ကဆိုရင် ၁.၃ ဘီလီယံ လူဦး​ရေအရ​ရောဗျာ။ စီး​ပွား​ရေး​အရ​ရော အကြီး​ကြီး​ပေါ့​နော်။ အ​နောက်ဘက်က အိန္ဒိယဆိုလည်း​ ၁.၁။ ဆို​တော့​ ကျ​နော်တို့​ stress က ဘာလဲဗျာ။ သာမန်အား​ဖြင့်​ နယ်စပ်​တွေ ထိဆက်ပြီး​တော့​ ကျ​နော်တို့​ ထိစပ်​နေတယ်။ အ​ကြောက်ဆုံး​ ကျုး​ကျော်တိုက်ခိုက်မှု (Physical Invasion) ကို ကျ​နော်တို့​က နည်း​နည်း​လေး​ ပို​ကြောက်ကြတယ်​ပေါ့​။ Physical Invasion ကလည်း​ ကျ​နော်တို့​က သံတမန်ဆက်ဆံ​ရေး​ (diplomatic tie) ​တွေ ​ကောင်း​ကောင်း​ထား​မယ်ဆိုလို့​ရှိရင်​တော့​ ဒီ​ခေတ်မှာ ဖြစ်နိုင်​ခြေက အလွန်နည်း​သွား​ပြီး​ဗျ။ သို့​သော်လည်း​ပေါ့​ဗျာ စဉ်း​စား​ထား​ရမယ့်​ အချက်ထဲမှာ​တော့​ တခုရှိတယ်​ပေါ့​နော် ကျ​နော်တို့​မှာ ရှိတဲ့​ ဥပမာအား​ဖြင့်​ ပင်လယ်ဆိပ်ကမ်း​တွေ ​နောက် ကျ​နော်တို့​ရဲ့​ မဟာဗျူဟာကျတဲ့​နေရာမှာရှိတာ​တွေ ဒါ​တွေကို ကျ​နော်တို့​က အသုံး​ချခဲ့​မယ်ဆိုခဲ့​ရင် ကျ​နော်တို့​ရဲ့​ အခွင့်​အ​ရေး​များ​တယ်လို့​ပဲ ကျ​နော် ယူဆပါတယ်။”
လော ​လောဆယ် နိုင်ငံတကာအခင်း​အကျင်း​ထဲမှာ ဗမာပြည်က နိုင်ငံတကာ ဆက်ဆံ​ရေး​မှာ ပြည်သူ​တွေအတွက် အကျိုး​ရှိမယ့်​ လမ်း​ကြောင်း​ဘက်ကို ​ရွေ့​နေတယ်လို့​ ​ပြောလို့​ ရမှာ​ပေါ့​ဆရာ။

“​သေချာ​ပေါက် ရသွား​ပြီ။ မနက်က ကျ​နော်နဲ့​ Wall Street က လူနဲ့​ ကျ​နော်နဲ့​ အင်တာဗျူး​လုပ်​တော့​ အဲဒါ​ပေါ့​ဗျာ။ ကျ​နော်တို့​က အလျင်နှုန်း​ပိုမြန်တယ်။ ဆယ်စုနှစ် တခု​ကျော်​လောက်မှာ ကျ​နော်တို့​က တကယ့်​ တန်း​ဝင်နိုင်ငံ တခု ဖြစ်လာမယ်လို့​ ကျ​နော်က ရဲရဲ​ပြောထုတ်လိုက်တယ်ဗျ။”
http://burmese.dvb.no/archives/18381

ရုပ်ရှင်အဖွဲ့ နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​မည်


Published on November 30, 2011 by ရွှေအောင်   
ရုပ်ရှင် ​လောကသား​တွေနဲ့​ ရင်း​ရင်း​နှီး​နှီး​ရှိဖို့​ ရည်ရွယ်ပြီး​ မြန်မာ့​ရုပ်ရှင်​လောကသား​တွေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဒီဇင်ဘာ ၃ ရက်​နေ့​ ​တွေ့​ဆုံကြမှာဖြစ်ပါတယ်။
ရုပ်ရှင်၊​ ဂီတနယ်ပယ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဆက်ဆံ​ရေး​ ​ဝေး​နေတာ​ကြောင့်​ အခုလို​တွေ့​ဖို့​လုပ်တာဖြစ်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီ​အောင်နိုင်​ရေး​ သီချင်း​ဆိုဖို့​၊​ ရုပ်ရှင်ရိုက်ဖို့​ စတဲ့​ကိစ္စ​တွေ ​ဆွေး​နွေး​ဖို့​မဟုတ်ဘူး​လို့​ သရုပ်​ဆောင် ဒါရိုက်တာ ကိုဇာဂနာက ​ပြောပါတယ်။
ဂီတအဖွဲ့​နဲ့​ မ​တွေ့​ခင်ကတည်း​က ရုပ်ရှင်အဖွဲ့​နဲ့​ အရင်​တွေ့​ဖို့​ရှိတယ်လို့​ ​ပြောပါတယ်။
“အမှန်က​တော့​ ရုပ်ရှင်​လောကက လူ​တွေနဲ့​ အရင်​တွေ့​ဖို့​ပါ။ ဒါ​ပေမယ့်​ ရုပ်ရှင်​လောကက လူ​တွေက များ​သောအား​ဖြင့်​ ​နေ့​ခင်း​နေ့​လယ် မအား​တာ များ​တယ်​လေ။ ရုပ်ရှင်ရိုက်​နေကြတာများ​တော့​ အချိန်ညှိရတာ ကြာသွား​လို့​ ဂီတနဲ့​အရင် ​တွေ့​ဖြစ်သွား​တာပါ။ ရုပ်ရှင်သမား​တွေနဲ့​ ရင်း​ရင်း​နှီး​နှီး​ဖြစ်ချင်တာက နံပါတ်တစ်။ နှစ်က ဂီတ​လောက၊​ ရုပ်ရှင်​လောကနဲ့​ အန်တီက ​ဝေး​ကို ​ဝေး​နေတာ။ ​နောက်​တော့​ ကျ​နော်လည်း​ ပြန်​ရောက်လာပြီး​ ဖြစ်တဲ့​အခါကျ​တော့​ ရုပ်ရှင်​လောကက လူ​တွေနဲ့​ရော၊​ ဂီတ​လောက၊​ တတ်နိုင်ရင် ဇာတ်သဘင်​လောက​ပေါ့​လေ။ အဲဒီလူ​တွေ​ရော အကုန်လုံး​ အနုပညာ​လောကက လူ​တွေနဲ့​ အန်တီနဲ့​ နီး​နီး​ရှိ​စေချင်တယ်။ တခါ အဲဒီလူ​တွေကလည်း​ ကျ​နော့်​ သူငယ်ချင်း​တွေ ဖြစ်​နေ​တော့​ ​တောင်း​ဆိုကြတယ်​လေ။ သူတို့​ကလည်း​ အန်တီနဲ့​ ​တွေ့​ပါရ​စေဆို​တော့​ အလကား​သပ်သပ်နဲ့​ တ​ယောက်တ​ပေါက်ဆီ ​လျှောက်​တွေ့​နေမယ့်​အစား​တော့​ စုစုစည်း​စည်း​ ချစ်ချစ်ခင်ခင်​လေး​ ​တွေ့​လိုက်တာ ပိုပြီး​သင့်​တော်မယ်လို့​ ယူဆပြီး​ စီစဉ်လိုက်တာပါ။”
တက္ကသိုလ်ရိပ်သာလမ်း ​နေအိမ်မှာ ​တွေ့​ဆုံကြမှာဖြစ်ပြီး​၊​ ရုပ်ရှင်မင်း​သား​ မင်း​သမီး​၊​ ဒါရိုက်တာ​တွေ ဇာတ်ပို့​ဇာတ်ရံ၊​ ကင်မရာမင်း​၊​ ဇာတ်ညွှန်း​ရေး​ဆရာ၊​ အသံဖမ်း​သူများ​စတဲ့​ ရုပ်ရှင်​လောက အလွှာစုံက ပါဝင်တက်​ရောက်နိုင်​အောင် ဖိတ်ကြား​ထား​တယ်လို့​ဆိုပါတယ်။
ဒီလ ၂၅ ရက်​နေ့​ကလည်း​ ဂီတ​လောကသား​ ၅၀ ​ကျော်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ​တွေ့​ဆုံခဲ့​ကြပါ​သေး​တယ်။ ​တွေ့​ဆုံကြတုန်း​က အန်အယ်လ်ဒီပါတီ ​အောင်နိုင်​ရေး​ သီချင်း​ကိစ္စလုပ်ဖို့​ ​ဆွေး​နွေး​ခဲ့​ကြတာမဟုတ်ဘူး​လို့​လည်း​ ကိုဇာဂနာက ​ပြောပါတယ်။
“အန်အယ်လ်ဒီ​ အောင်နိုင်​ရေး​အတွက်ဆိုတဲ့​ အစီအစဉ် မဟုတ်ပါဘူး​ခင်ဗျ။ အမျိုး​သား​ရေး​နဲ့​ပတ်သက်တဲ့​ သီချင်း​တွေ။ ဒီသီချင်း​တွေက မ​ပျောက်မပျက် ရှိသင့်​ရှိထိုက်တယ်လို့​ ယူဆတဲ့​ သီချင်း​တွေ လုပ်တာပါခင်ဗျ။ အဲဒါ နံပတ်တစ်​ပေါ့​နော်။ ​နောက်တခုက ထွန်း​အိန္ဒြာဗိုလ်တို့​ ဘာတို့​ဆိုလို့​ရှိရင်လည်း​ပဲ သူတို့​ရဲ့​ အစီအစဉ်​တွေနဲ့​ အဲဒါ​တွေကို Live Show ရိုက်မလို့​ပါဗျ။ Show ဆိုတာလည်း​ သီချင်း​တွေ ​ရွေး​ထား​ပြီး​ပြီ။ အဲဒီသီချင်း​တွေထဲမှာ တခါ ဒါရိုက်တာ ဝိုင်း​က​နေပြီး​တော့​ ဦး​ဆောင်ပြီး​တော့​ ဗွီစီဒီ ကာရာအို​ကေ သ​ဘောမျိုး​ အဲဒါ​လေး​ကို Live Show လုပ်ဖို့​ အစုံပါပါတယ် သီချင်း​တွေက။ သို့​သော် အန်အယ်လ်ဒီ​ရွေး​ကောက်ပွဲ မဲဆွယ်တဲ့​ သီချင်း​ မဟုတ်ပါဘူး​ခင်ဗျ။”
လွတ်လပ်​ရေး​ တိုက်ပွဲ ဝင်ခဲ့​ကြတဲ့​အချိန်က ​ပြောင်​မြောက်တဲ့​ ​တေး​သီချင်း​တချို့​ကို ​ခေတ်​ပေါ်အဆို​တော်​တွေက ပြန်ဆိုကြမယ့်​ အစီအစဉ်ဖြစ်ပြီး​ စတင်အသံသွင်း​နေကြပြီလို့​ သိရပါတယ်။
http://burmese.dvb.no/archives/18362

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇ ​တွေ့​ဆုံ


Published on November 30, 2011 by မင်းလွင်

မြန်မာစီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေထဲမှာ စစ်အဏာရှင်​ဟောင်း​ ဦး​သန်း​ရွှေရဲ့​ မိသား​စုနဲ့​ ရင်နှီး​ကျွမ်း​ဝင်သူလို့​ လူသိများ​တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇဟာ ဒီက​နေ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ​တွေ့​ဆုံခဲ့​တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်​နေအိမ်နဲ့​ နီး​စပ်သူ​တွေဆီက သိရပါတယ်။

ဒီ​တွေ့​ဆုံမှုနဲ့​ ပတ်သက်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အ​နေနဲ့​ တရား​ဝင် အတည်ပြုချက်မ​ပေး​ပါဘူး​။ အ​မေရိကန်နဲ့​ ဥ​ရောပ နိုင်ငံ​တွေက ဦး​တေဇနဲ့​ သူရဲ့​ ကုမ္ပဏီဖြစ်တဲ့​ ထူး​ထ​ရေး​ဒင်း​နဲ့​ ဆက်စပ် ကုမ္ပဏီ​တွေကို စီး​ပွား​ပိတ်ဆို့​ ဒဏ်ခတ်ထား​ပါတယ်။

အ​မေရိကန် နိုင်ငံခြား​ဝန်ကြီး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မ​တွေ့​ဆုံခင် ရက်ပိုင်း​အလိုမှာ အခုလို့​ ဦး​တေဇက ​ဒေါ်​အောင်ဆန်း​စုကြည်ဆီ သွား​ရောက်​တွေ့​ဆုံခဲ့​တာ ဖြစ်ပါတယ်။

http://burmese.dvb.no/archives/18366

ရွှေအိုရောင်ဆံပင်နှင့် ပန်းရောင်အကျီ င်္၊ အနက်ရောင်ဘောင်းဘီဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး



နေပြည်တော်လေဆိပ်ရောက် ဟီလာရီကလင်တန်
Wednesday, November 30, 2011  zarny win 


နေ့လည်ခင်းခြစ်ခြစ်တောက်ပူ နေသော နေရောင်အောက်ကွန်ကရစ် ကားလမ်းမကြီးပေါ်မှာ လူအသွားအလာ၊ ကားအသွားအလာ ကင်းမဲ့နေသော်လည်းဝတ်စုံပြည့်ဝတ်ဆင်ထားသော လုံထိန်းရဲများ၊ ယာဉ်ထိန်းရဲများကို
လမ်းမဘေးပတ်လက်ဖောင်းပေါ်တွင် တွေ့မြင်နေရသည်။

နေရောင်အောက်တွင် အရိပ်အကာအကွယ်မဲ့ မတ်တပ်ရပ်နေကြပြီး တစုံတဦးကိုစောင့်ဆိုင်းနေကြသည်။

နေပြည်တော်လေဆိပ်၏ နားနေဆောင် တခုအတွင်းတွင် ၁၅၀ နီးပါးရှိသောလူစုလူဝေး တခု ရှိနေကြပြီး သူတို့အားလုံးက လေယာဉ်ပြေးလမ်းရှိရာသို့လှမ်းမျှော်ကြည့်နေကြသည်။သူတို့ အားလုံး လက်ထဲတွင် ကင်မရာများ၊
ဗီဒီယို ကင်မရာများ၊ အသံဖမ်းစက်များ ရှိနေကြသည်။

လေယာဉ်ကွင်း အတွင်းတွင် အနက်ရောင်ဝတ် အမျိုးသား၊ အမျိုးသမီးများပျာပန်းခတ် လှုပ်ရှားသွားလာ နေကြပြီး အနက်ရောင် စပို့ရှပ်အင်္ကျီနှင့်အ၀ါရောင်သန်း ဘောင်းဘီရှည် ၀တ်ဆင်ထားသော နိုင်ငံခြားသား တဦးက
ခွေးတကောင်နှင့် နေရာအနှံ့ကို လမ်းလျှောက်နေသည်။ သူ၏ခွေးကား မြင်မြင်သမျှအရာတိုင်း နမ်းရှုံ့နေသည်။

ယနေ့ ညနေ ၄ နာရီ ၂၂ မိနစ်တွင် နှစ်ပေါင်း ၅၀ အတွင်းအမေရိကန် ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်သော
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံ၏ မြို့တော်သစ်နေပြည်တော် သို့ လာရောက်မည် ဆိုခြင်းကြောင့်
လုံခြုံရေး တင်းကျပ်ထားခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းထောက်တရာ့ငါးဆယ် နီးပါးက သတင်းယူရန် လာရောက် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

“အားလုံးပဲ ကျနော်ပြောမယ်။ သေချာနားထောင်။ လေယာဉ်နားမှာ ကပ်ပြီးသတင်းယူမယ့် သတင်းထောက်တွေက ဒီဘက်ကို စုပါ။ လေယာဉ်ကွင်းအစပ်မြက်ခင်းပြင်ကနေ သတင်းယူမယ့် သတင်းထောက်တွေက ဟိုဘက်မှာ စုပါ။
သတ်မှတ်နေရာကလွဲပြီး ဘယ်ကိုမှသွားခွင့်မရှိဘူး။ သွားလို့ရှိရင် အားလုံးမျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ်။ နောက်နောင် သတင်းယူခွင့် ပေးမှာမဟုတ်ဘူး” ဟုပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတဦးက
ခက်ထန်သော လေသံနှင့် ညွှန်ကြားနေသည်။

နိုင်ငံခြားသားသတင်းထောက်များက မြန်မာလို ပြောသံကို နားမလည်သဖြင့်အခြားမြန်မာ သတင်းထောက်များကို ဘာသာပြန်ပေးရန် အကူအညီတောင်းနေသည်။

နေပြည်တော်လေဆိပ်တခုလုံးတွင် လုံခြုံရေး ယူထားသော အရပ်ဝတ်ရဲများ၊ယူနီဖောင်းဝတ်ရဲများ အားလုံးက လုံခြုံရေးလစ်ဟာမှုမရှိအောင်အထူး ဂရုစိုက်လုပ်နေကြပြီး အားလုံးမျက်နှာက ပင်ပန်းနွမ်း နယ်နေကြသည်။

ညနေ ၄ နာရီခန့် ပြည်တွင်းပြည်ပသတင်းထောက်များကို ရဲအရာရှိများကဦးဆောင်ပြီး လေယာဉ်ကွင်း အတွင်းသို့ သတင်းရယူရန် ခေါ်ဆောင်သွားသည်။အနီရောင် ဖဲကြိုး တားဆီးထားသော သတ်မှတ်နေရာ များတွင်သာ
သတင်းရယူရန် အထူး အလေးပေးညွှန်ကြားလျက်ရှိသည်။

ခဏအကြာ ခွေးတစ်ကောင်နှင့်ပျာပန်းခတ်လှုပ်ရှားနေသောအမေရိကန်နိုင်ငံသားတဦးက သတင်းထောက်များကို ကင်မရာများနှင့်
အိတ်များ လေယာဉ်ကွင်းရှိ ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် ချခိုင်းလိုက်ပြီးသတင်းထောက်များ အားလုံးကို နောက်သို့ ခြေလှမ်း ၁၀ လှမ်း ဆုတ်ခိုင်းသည်။

“မိုင်းရှာမလို့ပါ။ အားလုံးနားလည်ပေးကြပါ” ဟုရန်ကုန်အမေရိကန်သံရုံးမှလုံခြုံရေးဝန်ထမ်း မြန်မာအမျိုးသမီးက ပြောဆိုနေသည်။

သတင်းထောက်များအားလုံးက သူတို့၏ ကင်မရာ၊ အိတ်များအားလုံးကိုအောက်သို့ချပြီး ညီညီညာညာပင် ခြေလှမ်း ၁၀ လှမ်း ဆုတ်ပေးလိုက်ကြသည်။

ယင်းနောက် ခွေးက အိတ်များ၊ ကင်မရာများကို အနံ့ခံ ရှာဖွေပြီးမိုင်းရှာခွေးမှာလည်း ပူပြင်းသော နေရောင် လျှာထွက် မောဟိုက်နေသဖြင့်အချို့အိတ်များကို အနံ့ပင် မခံတော့ပေ။ အမေရိကန်နိုင်ငံသားက သူ၏ ခွေးကို
အိတ်တိုင်းကို အနံ့ခံရန် ပုံစံအမျိုးမျိုးဖြင့် စေခိုင်းလျက်ရှိသည်။

၁၅ မိနစ်ခန့်အကြာ သတင်းထောက်များ အားလုံး အောက်ချထားသော ကင်မရာများ၊
အိတ်များအားလုံးကို ပြန်လည် ကိုင်လိုက်ကြသည်။
ညနေ ၄ နာရီ မိနစ် ၂၂ မိနစ်တွင် Untied States of America စာတမ်းပါလေယာဉ်ကြီး နေပြည်တော် လေဆိပ်သို့ ဆိုက်ရောက်လာပြီး မြန်မာအစိုးရဘက်မှအရာရှိကြီးများက လာရောက် ခရီးကြိုပြုကြသည်။

၁၀ မိနစ်ကျော် ကြာသည့် တိုင်အောင်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လေယာဉ်ပေါ်မှ
ဆင်းမလာသည့် အတွက် မြန်မာအစိုးရ အရာရှိများ နေပူထဲတွင် ချွေးသုတ်သူ သုတ်၊
စိတ် မသက်သာသော မျက်နှာများဖြင့် လေယာဉ် အ၀ပေါက်ကိုသာလှမ်းမျှော်ကြည့်နေကြသည်။

ယင်းနောက် ရွှေအိုင်ရောင်ဆံပင်နှင့် ပန်းရောင်အကျီ င်္၊ အနက်ရောင်
စတိုင်ဘောင်းဘီရှည်ကို စမတ်ကျကျ ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦး
လေယာဉ်ပေါ်မှ တဖြည်းဖြည်း ဆင်းလာသည်။ သတင်းထောက်များ အားလုံး၏ ကင်မရာများက
တဖျပ်ဖျပ် အသံများ ထွက်ပေါ်လာပြီး အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာအရာရှိများကို တဦးချင်းစီ
လိုက်လံနှုတ်ဆက်ပြီးနောက် အမေရိကန် သံရုံးကားပေါ်ကို တက်သွားသည်။

ကားပေါ်မှ သတင်းထောက်များအားလုံးကို တည်ကြည်သော အပြုံးဖြင့်
လက်ပြ နှုတ်ဆက်သွားသော်လည်း သူ၏ မျက်နှာကား အနည်းငယ် နွမ်းလျနေပုံပေါက်နေသည်။
အာဏာရှင် စစ်ခေါင်းဆောင်များဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းကခေါ်ဝေါ်ခဲ့ကြသော အရပ်သားအစိုးရ ခေါင်းဆောင်များနှင့် သူ မနက်ဖြန်
တွေ့ဆုံတော့မည်ဖြစ်သည်။

(ဓာတ်ပုံများ - ဧရာဝတီ)
http://www.irrawaddyblog.com/2011/11/blog-post_397.html



ဗုဒ္ဓဟူး, 30 နိုဝင်ဘာ 2011
ဝန်ကြီးကလင်တန် နေပြည်တော်ရောက်

By ကိုကျော်ကျော်သိန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနိုင်ငံ၊ နေပြည်တော်ဆီ ဒီကနေ့ ညနေပိုင်းက ရောက်သွားပါပြီ။ မြန်မာနိုင်ငံခရီးစဉ်အပေါ် မျှော်လင့်ချက်ထားပေမဲ့ နောက်ထပ် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ရလိမ့်ဦးမယ်လို့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင် တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့အချိန် မစ္စစ်ကလင်တန်က ပြောခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဘဲ အမေရိကန်-မြန်မာ ဆက်ဆံရေး ကိစ္စသက်သက်ပဲ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေကလည်း ပြောနေပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေဖို့အတွက် မြန်မာအစိုးရဘက်က လုပ်ဖို့လိုအပ်တဲ့ အပြောင်း အလဲ အတိအကျအသေးစိတ်ကို သူ့ရဲ့ သမိုင်းဝင် ခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အကြံပြု ပြောဆို သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက် တာပါ။

သူ့ရဲ့ခရီးစဉ်အပေါ် သတိနဲ့ အကောင်းမြင် မျှော်လင့်ထားပေမဲ့ အမေရိကန်ဘက်က တုန့်ပြန် လုပ်ဆောင်ချက်တွေ မလာခင်မှာ မြန်မာအစိုးရက နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါလိမ့်မယ်လို့ မြန်မာနိုင်ငံဆီ မထွက်ခွာခင် တောင်ကိုရီးယားနိုင်ငံ မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံတခုအတွင်း သတင်းထောက်တွေကို မစ္စစ်ကလင်တန်က ပြော ခဲ့ပါတယ်။

“သမ္မတ အိုဘားမားက ဘာလီကျွန်းမှာပြောခဲ့သလိုပါပဲ၊ လက်ရှိ တိုးတက်မှု အရိပ်အယောင်လေး တွေကနေ မြန်မာလူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအလဲအတွက် လှုပ်ရှားမှုတခုဖြစ်လာအောင် လှုံ့ဆော်ပေး နိုင်လိမ့်မယ်လို့ ကျမတို့နဲ့ တခြားနိုင်ငံ အများအပြားက အတော်လေး မျှော်လင့်ထားကြတယ် ဆိုတာကတော့ သိသာထင်ရှား ပါတယ်။”

အမေရိကန်ဘက်က တုန့်ပြန် လုပ်ဆောင်ချက်လို့ မစ္စစ်ကလင်တန်က ပြောခဲ့တာဟာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကိစ္စ ဖြစ်ဖွယ်ရှိပါတယ်။ ဒဏ်ခတ် အရေးယူမှု တွေကို ပြန်ပြီးရုပ်သိမ်းဖို့ အကဲဖြတ် သုံးသပ်ရမယ့် အဆင့်ထိ မရောက်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက အစောပိုင်းကတည်းကိုက ပြောထားတာပါ။

ဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စ၊ ပဲ့ထိန်းဒုံးနဲ့ နျူကလီးယားဆိုင်ရာတွေမှာ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သံသယရှိ ထားတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အကန့်အသတ် ထားဖို့ကိစ္စ၊ တရုတ်တို့ သြဇာ ကြီးထွားလာနေတာကို အမေရိကန်နဲ့ မဟာမိတ်တွေက စိုးရိမ်နေတဲ့ ဒေသတခုမှာ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု လျော့သွားစေဖို့ စတဲ့ အကျိုးအမြတ် တွေရလာစေဖို့ အိုဘားမားအစိုးရက တွက်ချက် လုပ်ဆောင်နေပုံရှိပါတယ်။

ဒါပေမဲ့လည်း ဒီခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာအကြား ဆက်ဆံရေးနဲ့ ဘာမှ မပတ်သက်ဘဲ မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေကသာ အဓိကဖြစ်တယ်လို့ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာ့ခ် တုန်နာ (Mark Toner) က ပြောခဲ့ပါတယ်။

“၀န်ကြီးကလင်တန်ရဲ့ အခု မြန်မာခရီးစဉ်ဟာ တရုတ် ဆက်ဆံရေးနဲ့ မပတ်သက်ပါဘူး။ သမ္မတ အိုဘားမား ပြောခဲ့သလိုပါပဲ၊ မြန်မာခေါင်းဆောင်မှုအတွင်းမှာ တိုးတက်မှု ပြိုးပြိုးပျပျ မြင်နေရတဲ့ အချိန်မှာ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ ကြိုးပမ်းတာပါ။ မြန်မာနိုင်ငံဟာ အပြုသဘော လားရာဘက်ကို ဦးတည် ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်လာဖို့ မြန်မာ အာဏာပိုင်တွေကို ဖြောင်းဖျ ဆွေးနွေးနိုင်မလားဆိုတာ အခု ကျနော်တို့ရဲ့ ထိစပ် ဆက်ဆံရေး မူဝါဒနဲ့ ဆောင်ရွက်ကြည့်တာဖြစ်ပါတယ်။ တရုတ်ဆက်ဆံရေးနဲ့ မပတ်သက်ပါဘူး။”

တရုတ်တို့ကလည်း မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးတက်အောင် လုပ်တဲ့ကိစ္စကို ကြိုဆိုတယ် ဆိုပေမဲ့ တရုတ်အကျိုးစီးပွားကို ထိခိုက်ပြီး မလုပ်ဖို့တော့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာ နိုင်ငံအပေါ် တရုတ်က သြဇာလွှမ်းမိုးနေတာကို ထိန်းညှိဖို့ ရည်ရွယ်ချက်လည်း ပါတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို တရုတ်တို့ ကိုယ်တိုင်ကလည်း သတိပြုမိနေပါတယ်။

မြန်မာနဲ့ မြောက်ကိုရီုးယား နိုင်ငံအကြား ဆက်ဆံရေးကိစ္စကတော့ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါဝင်မယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ အရှိန်အဟုန် ကောင်းလာစေဖို့ အမေရိကန်ဘက်ကရည်ရွယ်တယ်လို့လည်း မာ့ခ် တုန်နာက ပြောပါတယ်။

“နိုင်ငံရေးပါတီတွေ အတွက် ဒီမိုကရေစီ အခွင့်အရေး ပိုမိုရရှိစေဖို့၊ နိုင်ငံရေးပါတီတွေ အားလုံး နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ရဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ ကိစ္စ ရပ်တွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ လိုလား စိုးရိမ်ချက်တွေဖြစ်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံ ရောက်နေပြီဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်အသီးသီးနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်
2011-11-30
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော် လေဆိပ်ကို ရောက်လာခဲ့ပြီး မနက်ဖြန်မှာ သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။



အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (အလယ်) ၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်ကို ဆိုက်ရောက်လာခဲ့ရာ ကြိုဆိုသူ မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမျိုးမြင့် (၀ဲ) နှင့် အတူ နေပြည်တော် လေဆိပ်တွင် တွေ့ရစဉ်။

နိုင်ငံခြားရေး ၀န်ကြီးဟာ သင်္ဂဟ ဟိုတယ်မှာ တည်းခိုနေပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းမှာတော့ သင်္ဂဟ ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမယ်လို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ ဆရာ ဦးဖေမြင့်က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ တောင်ကိုရီးယား နိုင်ငံက တစ်ဆင့် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ မြန်မာနိုင်ငံကို မထွက်ခွာခင် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သွားရောက်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ လက်ရှိ အစိုးရရဲ့ သဘောထား အမှန်ကို ကိုယ်တိုင်ကိုယ်ကျ သိမြင် ဆုံးဖြတ်နိုင်ဖို့ ဖြစ်ကြောင်း မိမိတို့နဲ့တကွ နိုင်ငံအများ အနေနဲ့ မြန်မာပြည်မှာ ခပ်စိပ်စိပ်လေး ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေဟာ မြန်မာပြည်သူတွေ အတွက် အကျိုးကျေးဇူး များမယ့် ပြောင်းလဲ လှုပ်ရှားမှုကြီး တစ်ရပ် အသွင်ကို ကူးပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ နေပြည်တော်မှာ အစိုးရ အဖွဲ့နဲ့ တွေ့ဆုံပြီးရင် ရန်ကုန်မြို့ကို ဆက်လက် ထွက်ခွာပြီး ဒီဇင်ဘာ ၂ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာပါ။ တွေ့ဆုံအပြီးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပဦးမယ်လို့ သိရပါတယ်။ ဟီလာရီ ကလင်တန်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စ၊ နိုင်ငံရေး လုပ်ဆောင်ရာမှာ ပိုပြီး ချောချောမောမော ဖြစ်ဖို့ ကိစ္စ၊ တိုင်းရင်းသား အရေး ပြေပြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့ ကိစ္စ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေ ဆက်လက် တိုးတက်ဖို့ ကိစ္စတွေ အဖွဲ့ချုပ်ဘက်က ဆွေးနွေး တင်ပြဖို့ ရှိတယ်လို့ ပြောပါတယ်။ အမေရိကန် သမ္မတ အိုဘားမား အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံကိုအသွား လေယာဉ်ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်း ပြောဆိုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာပြည် ခရီးစဉ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးကို ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/hillary-arrives-burma-11302011102850.html





ဟီလာရီ ကလင်တန် နေပြည်တော်သို့ ရောက်ရှိ

By , on November 30, 2011 6:51 pm

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် ယနေ့ ညနေပိုင်းတွင်  နေပြည်တော်သို့ ရောက်ရှိလာသည်။
မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦး နှစ်ပေါင်း ၅၆ နှစ် အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်သည်။
မစ္စကလင်တန်နှင့် အဖွဲ့သည်  ကြာသပတေးနေ့တွင် သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် တွေ့ဆုံမည်ဟု သိရသည်။
သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က “ဒီခရီးစဉ်က အမေရိကန်- မြန်မာဆက်ဆံရေးမှာ သမိုင်းတခုပဲ၊ >

နေပြည်တော်ရောက် မစ္စ ဟီလာရီကလင်တန်(ဓာတ်ပုံ - ဧရာဝတီ)

အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ဆက်လွှတ်ပေးမည်ဟု ဦးကိုကိုလှိုင်က ဆက်ပြောသည်။
နိုင်ငံခြားရေး ၀န်ကြီးသည် ခရီးစဉ်အတွင်း မြန်မာ့ နိုင်ငံရေး အခြေအနေ၊ နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ လူအခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည် မဟုတ်ဟု မစ္စကလင်တန်က ယခု ခရီးစဉ် မတိုင်မီကတည်းက ပြောဆိုထားခဲ့သော်လည်း  အနာဂတ် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ သံတမန် ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
သမ္မတအိုဘားမားကလည်း  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို အသိ အမှတ် ပြုကြောင်း၊ သို့သော် နယ်စပ် တိုင်းရင်းသား ဒေသ တိုက်ပွဲများ၊ နိုင်ငံရေး အကျဉ်းသားများကိစ္စ၊  မြောက်ကိုရီးယားနှင့် မြန်မာ ဆက်စပ်မှု စသည်တို့မှာ စိုးရိမ်စရာ အခြေအနေ ဖြစ်ကြောင်း မကြာသေးမီက  ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မစ္စကလင်တန် လာရောက်ချိန်နှင့် တိုက်ဆိုင်စွာ မီးရထား ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယမန်နေ့က တွေ့ဆုံပြီး ကချင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သေးသည်။
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က “မစ္စကလင်တန် အနေနဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးကို ဖြေရှင်းဖို့ လိုတယ် ဆိုတာကိုတော့ မြန်မာ အစိုးရကို ရှင်းရှင်းလင်းလင်း ပြောပြစေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်လည်း  တွေ့ဆုံမည် ဖြစ်သည်။
အမေရိကန် မြန်မာဆက်ဆံရေးသည် မင်းတုန်းမင်း လက်ထက်မှ စတင်သည်ဟု ပြောဆို နိုင်သော်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက်တွင် ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ကို တွေ့ရသည်။
လွတ်လပ်ရေးရပြီးခေတ်တွင် အားကောင်းလာသည့် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တခြားသော လက်ဝဲ ပါတီများကို ဆန့်ကျင်နိုင်ရန် အတွက် ၀န်ကြီးချုပ် ဦးနု ခေါင်းဆောင်သည့် ဖဆပလအစိုးရနှင့် အမေရိကန်အစိုးရတို့ ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပြီး အာရှဖောင်ဒေးရှင်း၊ ဖို့ဒ် ဖောင်ဒေးရှင်း စသည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး လူမှုရေး အကူအညီများကို လက်ခံခဲ့သည်။
၁၉၅၂ ခုနှစ် အမေရိကန် ဒုသမ္မတ ရစ်ချတ်နစ်ဆင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ၀န်ကြီးချုပ် ဦးနု အမေရိကန်သို့ အပြန်အလှန် သွားရောက် လည်ပတ်ခဲ့သည် အထိ ဆက်ဆံရေး တိုးတက်ခဲ့သည်။
သို့သော် ၁၉၅၀ ပြည့်နှစ်ခန့်တွင် ရှမ်းပြည်နယ်သို့ ကျူးကျော် ၀င်ရောက်လာသည့် တရုတ်ဖြူ ကူမင်တန် တပ်များကို  အမေရိကန်အစိုးရက ကူညီသောအခါတွင် နှစ်နိုင်ငံ ဆက်ဆံရေး အနည်းငယ် ယိုယွင်းခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေးမှာမူ ၁၉၈၈ ခုနှစ်မတိုင်မီအထိ ဆက်လက် ရှိနေခဲ့သည်။
တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနကို ဦးဆောင် ဖွဲ့စည်းခဲ့သည့် ဗိုလ်မှူးချုပ် မောင်မောင် လက်ထက်တွင် အမေရိကန် စစ်တပ် နှင့် သာမက အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA နှင့်ပါ အနီးကပ် ဆက်ဆံခဲ့သည်။
၁၉၆၀ ပြည့်နှစ် တ၀ိုက် ဗိုလ်မှူးချုပ်မောင်မောင် ရာထူးမှ အနားပေးခံခဲ့ရပြီး နောက်ပိုင်းတွင်လည်း  မြန်မာ့တပ်မတော် အရာရှိများကို အမေရိကန် စစ်တက္ကသိုလ်များနှင့် စစ်သင်တန်းများသို့ ဆက်လက် စေလွှတ်ခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ် ဉာဏ်လင်း၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး တို့သည် အမေရိကန် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည့် ထင်ရှားသည့် စစ်ဘက် အရာရှိကြီးများ ဖြစ်သည်။
၁၉၆၆ ခုနှစ် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း အမေရိကန်သို့ သွားရောက်ကာ သမ္မတ ဂျွန်ဆင် နှင့် တွေ့ဆုံခဲ့သော်လည်း နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး အေးစက်သွားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး နှိမ်နင်းမှုအစီအစဉ်များအတွက် အမေရိကန်၏ အကူအညီများကို လက်ခံခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို အဆက်မပြတ် နှိမ်နင်းခဲ့ခြင်း၊ လူအခွင့် အရေးချိုး ဖောက်ခြင်းများကြောင့်  သံတမန်ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။
http://burma.irrawaddy.org/archives/3056




ကလင်တန်ရဲ့ နေ့လည်စာ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်၏  ဒုတိယမြောက်နေ့ သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမည့် နေ့လည်စာ အစားအသောက်များကို ဖေါ်ပြလိုက်သည်။

တရုတ်အစားအစာ အများစုဖြစ်သော “ဂဏန်းကြွပ်ကြော်၊ ကြက်တောင်ပံ အစာသွပ်ကြော်၊ ငါးရှဥ့်ကြော်၊ ပြောင်းဖူး ဟင်းချို၊ ထိုင်ဝမ် မုန့်ညှင်းခရုဆီ၊ ကျောက်ငါးပေါင်းနှင့် ပဲငံပြာရည်၊ ပင်လယ်ခရုနှင့် ခရုဆီ၊ ဂျပန်တို့ဟူး ကညွတ်နှင့် မဟူရာမှိုနက်၊ ပင်လယ်စာနှင့် ခေါက်ဆွဲကြော်၊ ကြက်ဥ ပဲသီးထမင်းကြော်၊ ရာသီပေါ်သီးစုံ၊ လက်ဖက်ရည်နှင့်
ကော်ဖီ” တို့ ဖြစ်သည်။

အထူးလေယာဉ်ဖြင့် ရောက်လာသော ဝန်ကြီးကလင်တန်အတွက် အစားအသောက်များကို ဧဒင်စီးပွားရေး အုပ်စု ပိုင်ရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သော သင်္ဂဟ ဟိုတယ်မှ ချက်ပြုတ်ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမှာ
ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ သင်္ဂဟ ဟိုတည်သည် နေပြည်တော် ဟိုတည်ဇုန်အတွင်း တည်ရှိ သည်။

အဆိုပါ အစားအသာက်များကို စီစဉ်ရန်အတွက် သင်္ဂဟ ဟိုတယ် စားသောက်စီမံရာဌာနသို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

United States of America စာတန်းကပ်ထားသော အထူးလေယာဉ်ဖြင့် လိုက်ပါလာသည့် မစ္စကလင်တန်နှင့် အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်နှင့် မိုက်ကယ်ပေါ့စနာတို့လည်း လိုက်ပါလာရာ မြန်မာ ဒုတိယ
နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

မစ္စကလင်တန်သည် ကြာသပတေးနေ့မှာ  မြန်မာသမတဦးသိန်းစိန်နှင့် တွေ့ဆုံမှာဖြစ်သလို အထက် အောက် လွှတ်တော်များက ဥက္ကဋ္ဌများဖြစ်သော ဦးသူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံမှာဖြစ်သည်။
 http://www.mizzimaburmese.com/news/inside-burma/8700-2011-11-30-12-44-16.html


ဗုဒ္ဓဟူး, 30 နိုဝင်ဘာ 2011

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့
By မစုမြတ်မွန်
နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံးအကြိမ် သမိုင်းဝင် မြန်မာနိုင်ငံခရီးကို စတင်တဲ့ အနေနဲ့ ဒီကနေ့ ညနေပိုင်းက နေပြည်တော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ဒီခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်မှာ ဒီခရီးကို သတင်းယူဖို့ရောက်နေတဲ့ မစုမြတ်မွန်ကို ၀ါရှင်တန်ကနေ မနန္ဒာချမ်းက တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ဒီနေ့ညနေမှာပဲ ရောက်လာပါတယ်။ အမေရိကန်ပိုင် လေယာဉ်နဲ့ပဲ နေပြည်တော် လေဆိပ်ကို တိုက်ရိုက် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီကို နှစ်ပေါင်း ၅၀ ကျော်အကြာမှာ ပထမဆုံး ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေဝန်ကြီးကို မြန်မာဖက်က ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က လာကြိုပါတယ်။ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုယ်တိုင် လာမကြိုတဲ့ အပေါ်မှာတော့ ဘာကြောင့် မကြိုတာလဲဆိုပြီး သတင်းထောက်တွေကြားမှာ သုံးသပ် ပြောနေကြပါတယ်။ ဘယ်သူကမှတော့ ဘာကြောင့်လဲဆိုတာ သိနိုင်မယ် မထင်ပါဘူး။

တိုက်ဆိုင်ချင်တော့ မြန်မာနိုင်ငံကို Belarus ဝန်ကြီးချုပ်ကလဲ မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရောက်ဖို့ ရှိနေတော့ နေပြည်တော်လေဆိပ်နဲ့ လမ်းတွေပေါ်မှာတော့ Belarus ဝန်ကြီးချုပ်ကို ကြိုဆိုပါတယ်ဆိုပြီး ဆိုင်းပုဒ်ကြီးတွေပေါ်မှာ ရေးထားတာကိုတော့ တွေ့ခဲ့ရပါတယ်။

ဒီတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုယ်တိုင် အခုလိုမျိုး ထူးထူးခြားခြား လာရောက်တဲ့ ဒီခရီးစဉ်မျိုးမှာ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ရော ဘယ်လိုတွေ မြင်တွေ့ရသလဲရှင့်?

လုံခြုံရေးဆိုရင်တော့ ဒီနေ့လေဆိပ်မှာ ၂ မျိုးကြုံခဲ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာတဲ့အတွက် အမေရိကန် သံရုံးကယူတဲ့ လုံခြုံရေးနဲ့ မြန်မာ အာဏာပိုင်တွေယူတဲ့ လုံခြုံရေး ၂ မျိုးပါ။ မြန်မာအာဏာပိုင်တွေယူတဲ့ လုံခြုံရေးကတော့ တော်တော်လေး တင်းကြပ်ပါတယ်။ ဥပမာ သတင်းထောက်တွေကို သတ်မှတ်ပေးထားတဲ့ နေရာမှာပဲ သတင်းယူဖို့ ပြောတာတောင်၊ သူတို့ ပြောတာက မလိုလားအပ်တဲ့ အပြုအမူ၊ စည်းကမ်းဖေါက်ဖျက်တဲ့ အပြုအမူဖြစ်ရင် အဲဒီသတင်းဌာနဟာ Black list ၊ နာမည်ပျက် စာရင်းအသွင်းခံရမယ်၊ နောက်ထပ် လာခွင့်ပြုမှာ မဟုတ်တော့ဘူး ဆိုတဲ့အထိကို လုံခြုံရေးအရာရှိက တင်းတင်းကြပ်ကြပ်ကို ပြောတာပါ။ ဒါကတော့ အစိုးရဖက်က ယူတဲ့လုံခြုံရေးပါ။

အမေရိကန် သံရုံးဖက်ကတော့ ပုံမှန်ထက်ထူးပြီး လုံခြုံရေး ယူတယ်လို့တော့ မမြင်ပါဘူး။ တင်းထောက်တွေရဲ့ စက်ပစ္စည်းတွေမှာ ပေါက်ကွဲစေတဲ့ ပစ္စည်းပါ မပါ အနံ့ခံခွေးနဲ့ လိုက်ရှာတာလောက်ကိုပဲ ကြုံခဲ့ရပါတယ်။ လေဆိပ်ပါတ်လည်မှာ မြင်ရသလောက်တော့ လုံခြုံရေးယူတာကတော့ SB သတင်းတပ်ဖွဲ့ကပါ။ အခုကျွန်မတို့ တည်းနေတဲ့ ဟိုတယ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တည်းနေတဲ့ ဟိုတယ်နဲ့ ကပ်ရက်မှာ ရှိတာဆိုတော့ သူတည်းတဲ့ သင်္ဂဟဟိုတယ်မှာရော ဒီဖက်ဟိုတယ်မှာပါ ရဲအစောင့်တွေ တော်တော်များများကို တွေ့နေရပါတယ်။ ဆိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအတွက် လုံခြုံရေးကို အိမ်ရှင်အစိုးရက တင်းတင်း ကြပ်ကြပ် ယူထားတယ်လို့ ပြောလို့ရပါတယ်။

နေပြည်တော်မှာ သတင်းယူရတဲ့ အခြေအနေရော ဘယ်လိုရှိလဲ?

ဘယ်လိုလဲဆိုတော့ တင်းကြပ်တဲ့ လုံခြုံရေးအောက်မှာ သတင်းယူရတယ်လို့ပဲ ပြောရမယ်ထင်တယ် မနန္ဒာရေ။ ဥပမာ နက်ဖြန်မှာ သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ သမ္မတအိမ်တော်မှာ တွေ့မယ်။ အဲဒါကို သတင်းယူချင်တဲ့ သတင်းထောက်တွေ အနေနဲ့ ပြန်ကြားရေးက စီစဉ်ပေးထားတဲ့ ကားတွေနဲ့ပဲ ပြန်ကြားရေးရုံကနေ စုပြီး သွားရမှာမျိုးပါ။

တခုရှိတာက အခု Mrs. Clinton လာတဲ့အတွက် ကျွန်မတို့ ဗွီအိုအေ အပါအဝင် နိုင်ငံတကာက သတင်းဌာန တော်တော်များများက သတင်းထောက်တွေကလဲ သတင်းယူဖို့ မြန်မာနိုင်ငံမှာ ရောက်နေကြတော့ ဒီသတင်းထောက်တွေ အားလုံးအတွက် သိချင်ကြတာကို သက်ဆိုင်ရာက ဖြေကြားပေးနိုင်ဖို့ အစီအစဉ် မကျတာ တချို့တော့ရှိပါတယ်။ ဒါပေမဲ့လဲ ပြည်တွင်းက အထာသိနေတဲ့ သတင်းထောက်တွေကလဲ တော်တော်လေး အကူအညီပေးကြပါတယ်။

နောက်တခုက အင်တာနက်သုံးရတဲ့ အခက်အခဲပါ။ နေပြည်တော်မှာပါနော်၊ ဒါကတော့။ အခုကျွန်မတည်းတဲ့ ဟိုတယ်ကြီးမှာဆိုရင် ဘယ်လိုကြောင့်လဲတော့ မသိဘူး အင်တာနက်ကို Proxy ခံပြီး သုံးရပါတယ်။ အခု Gmail လဲဖွင့်လို့ မရ၊ အလုပ် Email လဲ ဖွင့်လို့ မရတော့ မနန္ဒာတို့ဆီတောင် ပို့ချင်တဲ့ အသံဖိုင်တချို့ မပို့နိုင် ဖြစ်နေပါတယ်။

ဒီတော့ သူ့ရဲ့ ၃ ရက်ကြာမယ့် ခရီးစဉ် အတွင်းမှာပေါ့လေ သူ ဘယ်သူတွေနဲ့ တွေ့မလဲ၊ ဘာတွေ စီစဉ်ထားတာ ရှိလဲရှင့်?

ဒီနေ့ညမှာတော့ သူ့အနေနဲ့ ဘယ်သူနဲ့မှ တွေ့ဖို့ အစီအစဉ် မရှိတော့ဘူး။ နက်ဖြန်မှာတော့ အရင်ဆုံးက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နိုင်ငံခြားရေးရုံးမှာ တွေ့မယ်။ ပြီးသွားရင် သမ္မတဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ သမ္မတ အိမ်တော်မှာ တွေ့ကြပါမယ်ပေါ့လေ။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ သူတို့ ၂ ယောက် တံခါးပိတ် ဆွေးနွေးကြမယ်လို့ သိရတယ်။
နောက်ပြီးသွားရင်တော့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့မယ်။ နောက်တခါ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့အပြင် ပေါ့လေ လွှတ်တော် ကိုယ်စားလှယ် တချို့နဲ့လဲ မနက်ဖြန်မှာ တွေ့ဖို့ရှိပါတယ်။ နေ့လည်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကနေပြီးတော့ ရန်ကုန်ကို မသွားခင်မှာတော့ သတင်းစာရှင်းလင်းပွဲ ခနလေး လုပ်ဖို့ရှိတယ်လို့ သိထားပါတယ်။

ရန်ကုန်မှာတော့ သောကြာနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ရောက်မှပဲ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ဆုံး တွေ့မှာပါ။ နောက် တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ တွေ့ဖို့ရှိတယ်။ နောက် အရပ်ဖက် အခြေပြု အဖွဲ့တချို့နဲ့လဲ တွေ့ဖို့ရှိပါတယ်။ ပြီးရင်တော့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကနေ ပြန်သွားမှာပါ။ ရန်ကုန်မြို့က အထင်ကရ ရွှေတိဂုံစေတီတော်ကိုလဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဖူးဖို့ရှိတယ်လို့ အစီအစဉ် သိရပါတယ်။
http://www.voanews.com/burmese/news/Hillary_Day1_TS_Live_Report_Nov30_2011-134757418.html


လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကလင်တန် တိုက်တွန်းသင့် ဟုဆို
2011-11-30

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာ့ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ဖို့ အဓိကထား တိုက်တွန်းသင့်တယ်လို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

AI အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ သုတေသနမှူး Benjamin Zawacki က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတိုးတက်မှု တွေ့နေရပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ရှိနေဆဲပဲလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဖို့၊ အဓိပ္ပာယ် ပြည့်ဝတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာ အစိုးရကို မစ္စစ် ကလင်တန် တိတိကျကျ တိုက်တွန်းသင့်တယ်လို့ သူက ပြောပါတယ်။

ကရင်၊ ကချင်၊ ရှမ်းပြည်နယ်တွေ အပါအဝင် တိုင်းရင်းသား ဒေသ အတော်များများမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖေါက်နေတာတွေ ဆက်လက် တွေ့နေရသေးတယ်လို့ AI ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ မြန်မာ အစိုးရအတွက် ဂုဏ်ယူဖွယ် ခရီးသက်သက် မဖြစ်သင့်ဘူးလို့ မစ္စတာ ဇာဝါ့ကီးက ပြောပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရေး အကျဉ်းသား ၃၁၈ ဦးကို ဒီနှစ် အတွင်းမှာ ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမယ့် ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား တစ်ထောင်ကျော် ကျန်နေသေးပြီး နိုင်ငံရေး အကျဉ်းသားတွေကို အခုလို အသုတ်ခွဲပြီး လွှတ်ပေးနေတာကလည်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေထဲက လုပ်ငန်းစဉ် တစ်ခု အနေနဲ့ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
http://www.rfa.org/burmese


ကလင်တန် ခရီးစဉ် မြန်မာ လွှတ်တော် အမတ်တွေ အကောင်းမြင်
2011-11-29

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန် ခရီးစဉ်ကြောင့် ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီးနိုင်ငံ ဖြစ်တဲ့ အမေရိကန် နိုင်ငံနဲ့ မြန်မာနိုင်ငံ အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန် တိုးတက်လာတဲ့ ခြေလှမ်းအဖြစ် လွှတ်တော်အမတ်တွေက ကြိုဆိုကြပါတယ်။

တဖက်မှာလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာကို ရုပ်သိမ်းပေးအုံးမှာ မဟုတ်ဘူးလို့ ဟီလာရီ ကလင်တန် ကလည်း ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကြောင့် အမေရိကန် မြန်မာ ဆက်ဆံရေး အခြေအနေကောင်းတွေ အများကြီး ဖြစ်လာဖို့ မြန်မာ လွှတ်တော်အမတ်တွေက မျှော်လင့်နေကြပါတယ်။
http://www.rfa.org/burmese/news/hillary-clinton-senators-11292011221709.html


ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ မျှော်လင့်

2011-11-29
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။


State Department
၂၀၁၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အနှစ်တရာမြောက် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမျိုးသမီး သတ္တိရှင်ဆုပေးပွဲကို ဦးဆောင် ကျင်းပနေစဉ်။ (Photo curtesy of State Department/Michael Gross)

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ သမ္မတထံ မေတ္တာရပ်ခံထားပြီး ဖြစ်တဲ့ အတွက် အခုလို မျှော်လင့်ရတာလို့ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမြက အာရ်အက်ဖ်အေကို ပြောပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေကို နောက်တစ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့နဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ထည့်မပေးနိုင်တဲ့သူတွေ ရှိခဲ့ရင် မိသားစုနဲ့ တွေ့ဆုံမှု အဆင်ပြေအောင် သွားလာရ လွယ်ကူတဲ့ အကျဉ်းထောင်တွေကို ပြောင်းရွှေ့ပေးဖို့ အခုလ ၁၂ ရက် ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီးက ထုတ်ပြန်တဲ့ စာရင်းတွေ အရ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အရေအတွက် အမျိုးမျိုး ကွဲပြားနေပေမယ့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်း လေ့လာချက် အရတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၃၀၀ လောက်ပဲ ရှိတော့ကြောင်း ဦးဝင်းမြက ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို အငြိမ်းစား သံအမတ်ကြီးတွေ၊ တက္ကသိုလ် ပါမောက္ခဟောင်းတွေ၊ အစိုးရ အရာရှိဟောင်းတွေနဲ့ အခုနှစ် စက်တင်ဘာ လဆန်းပိုင်းက စတင် ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင် အနေနဲ့ လောလောဆယ်မှာ မြေယာ သိမ်းယူမှု ကိစ္စ တိုင်တန်းချက်တွေကို အဓိက ကိုင်တွယ် ဖြေရှင်းပေးနေရတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် အလားအလာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/hillary-clinton-prisoners-release-11292011213952.html


မြန်မာနိုင်ငံခရီး တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဟု အမေရိကန် အစိုးရ ပြော
2011-11-30

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်မှု မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို အမေရိကန် ချဉ်းကပ်မှုဟာ တရုတ်နိုင်ငံနဲ့ သြဇာချဲ့ထွင်ဖို့ ပြိုင်ဆိုင်နေတဲ့ သဘောလားလို့ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က “အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ သမ္မတ အိုဘားမား ပြောခဲ့သလို မြန်မာ ခေါင်းဆောင်ပိုင်းမှာ တိုးတက်မှု အများအပြား တွေ့လာရတဲ့ အတွက် ဒီအခွင့်အရေးကို အရယူပြီး အပြောင်းအလဲတွေ ပိုတိုး လုပ်ဆောင်နိုင်အောင် အားပေး တိုက်တွန်းဖို့ပါ။ တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ပါဘူး”လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့တွေ အားလုံး ပါဝင်လာနိုင်အောင် နောက်ထပ် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဆက်လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို လောလောဆယ် အလေးထားပါတယ် လို့လည်း Mr. Toner က ပြောကြားသွားပါတယ်။
http://www.rfa.org/burmese/news/us-trip-and-china-11302011110855.html


ရွှေတိဂုံ တနေ့ ခြောက်ကြိမ် ဗုံးရှာ

မျိုးသိဏ်း | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၄၇ မိနစ်



ရန်ကုန် (မဇ္ဈိမ) ။        ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သွားရောက်မည့် နေရာတခုဖြစ်သော ရွှေတိဂုံ စေတီတော်တွင် လုံခြုံရေး အစီအစဉ်များ အထူးတိုးမြှင့်ထားပြီး ဗုံးရှာဖွေမှု တရက် ခြောက်ကြိမ်ခန့်အထိ ပြုလုပ်နေကြောင်း ဂေါပက အဖွဲ့ဝင်တဦးက ပြောသည်။

ဒီဇင်ဘာ ၁ ရက်နေ့၌ ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ လုံခြုံရေးအတွက် အမေရိကန်သံရုံးနှင့် စစ်ဘက်အရပ်ဘက် ထောက်လှမ်းရေးများ သာမက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကပါ လုံခြုံရေးအတွက် အားဖြည့် အစီအစဉ်များ ချမှတ်ထားသည်ဟု ဆိုသည်။

 အမေရိကန် ဝန်ကြီး လာရောက်ချိန်တွင် ဘုရားဖူးများကို ပိတ်ပင်ထားမည် မဟုတ်သကဲ့သို့ ပြည်တွင်း သတင်းထောက်များကို ဝန်ထမ်း ကတ်ပြားချိတ်ဆွဲ သတင်းယူခွင့် ပြုမှာဖြစ်သည်။

s2
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ခရီးစဉ်အတွင်း သွားရောက်မည့် နေရာတခုဖြစ်သော ရွှေတိဂုံ စေတီတော်တွင် လုံခြုံရေး အစီအစဉ်များ အထူးတိုးမြှင့်ထားပြီး ဗုံးရှာဖွေမှု တရက် ခြောက်ကြိမ်ခန့်အထိ ပြုလုပ် (ဓါတ်ပုံ မဇ္ဈိမ)

ဟီလာရီကလင်တန်သည် ဒီဇင်ဘာ ၁ ရက်တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး၊
ပြည်ထောင်စု လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့နှင့် သီးခြားစီ တွေ့ဆုံမည်ဟု သိရပြီး ယင်းတွေ့ဆုံမှုများကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ တခုလျှင် ကိုယ်စားလှယ် တဦးကျစီ တက်ရောက်ခွင့်
ပေးထားသည်။

နေပြည်တော်သို့ လိုက်ပါ သတင်းယူမည့် သူများအား ပြန်ကြားရေးက ကိုယ်ရေးရာဇဝင် အပြည့်အစုံနှင့် ဓါတ်ပုံလေးပုံ
တောင်းခံထားပြီး ယင်းတို့အနေဖြင့် ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီထက် နောက်မကျစေဘဲ နေပြည်တော်
ပြန်ကြားရေးဝန်ကြီးဌာနသို့ သတင်းပို့ရမည် ဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန် တွေ့ဆုံမှု၌ လူဦးရေ ၅၀ သာ သတင်းယူခွင့် ပြုမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ အချို့သော တွေ့ဆုံမှုများတွင် ထိုင်ခုံ အကန့်အသတ်သာ ထားမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်



http://www.mizzimaburmese.com/news/inside-burma/8694-2011-11-30-05-33-24.html



ဗုဒ္ဓဟူး, 30 နိုဝင်ဘာ 2011
မြန်မာ အမေရိကန်ဆက်ဆံရေးအပေါ် တရုတ်အမြင်

By ကိုအောင်လွင်ဦး

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အထိ မြန်မာအစိုးရက အနောက်နိုင်ငံတွေနဲ့ နီးစပ်ဖို့ ကြိုးပမ်းနေတာကို ကြိုဆိုပေမဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုတော့ အထိခိုက်ခံနိုင်မှာ မဟုတ်တဲ့အကြောင်း တရုတ်အစိုးရပိုင် သတင်းစာရဲ့ ဆောင်းပါးတစောင်မှာ သတိပေး ရေးသားထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတဦး မြန်မာနိုင်ငံသွားမယ့် ခရီးစဉ်ဟာ သံတမန် မဟာမိတ် ဆက်ဆံရေးတွေမှာ တရုတ်နိုင်ငံထက် အမေရိကန်နဲ့ ပိုမို နီးစပ်မှု ရှိလာ စေရေး ကြိုးပမ်းမှုအဖြစ် ပြောဆိုချက်တွေလည်း ရှိလာနေတယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဒီကနေ့ပဲ ရေးသားလိုက်တာပါ။

ဒါပေမဲ့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei ကတော့ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးတွေဟာ တိုးတက်ဖို့ လိုအပ်သလို၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုတွေ အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရရဲ့ အဓိက မဟာမိတ်အဖြစ် အများက မြင်နေကြတဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တက်လာမယ့်သူလို့ အများက ခန့်မှန်းနေကြတဲ့ လက်ရှိ ဒုသမ္မတ ရှီဂျင်ပင်း (Xi Jinping) နဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ ဒီတပတ် အစောပိုင်း တရုတ်နိုင်ငံမှာ တွေ့ဆုံရာမှာတော့ စစ်ရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ တရုတ်အစိုးရဘက်က ကမ်းလှမ်းခဲ့ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သံတမန်ရေး သြဇာ ကြီးထွား လာနေတာကို တန်ပြန်သွားနိုင်ဖို့ အမေရိကန်က ကြိုးပမ်းနေတယ်လို့ အများက ခန့်မှန်းနေပေမဲ့လည်း အမေရိကန် အစိုးရအနေနဲ့ တရုတ်နိုင်ငံဟာလည်း မဟာမိတ်တိုင်းပြည် တခုဖြစ်တာကြောင့် ဒီလိုရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ၀န်ကြီးကလင်တန် ခရီးစဉ် မစမီ မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါ, 29 နိုဝင်ဘာ 2011
အောက်လွှတ်တော်အမတ်တချို့ ကလင်တန်ခရီးစဉ်အပေါ် သတိပေး

By မအေးသန္တာကျော်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ ဟန်ပြပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို ထောက်ခံသလိုဖြစ်သွားမှာ စိုးရိမ်တဲ့အကြောင်း အမေရိကန်အောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌက ပြောကြားသွားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီဆိုတဲ့ မြန်မာအစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျကျူးလွန်နေတာတွေ၊ အန္တရာယ်ကြီးလှတဲ့လက်နက်တွေ ပြန့်ပွားအောင် ဆက်ပြီးလုပ်နေတာတွေ တွေ့နေရတယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေက ပြောနေကြတာပါ။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် ဖြစ်တဲ့ မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ၂ ရက်တာ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ အလီယာနာ ရော့စ် လစ်တီနန် Ileana Ros-Lehtinen က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးတာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ပြန်ပြီးတော့ ခြေချခွင့်ရတာတွေဟာ ပြည့်စုံပြီလို့ ပြောလို့ မရပေမယ့်လည်း ဒီတိုးတက်ဖြစ်ပေါ်မှုတွေကို ထောက်ခံပါတယ်လို့ မစ္စစ် ရော့စ် လစ်တီနန် Ileana Ros-Lehtinen က ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်က သမ္မတအိုဘားမား တလောကပဲ ပြောသွားသလို မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အမေရိကန်တို့ဘက်က ထိတွေ့ဆက်ဆံမှုလုပ်ဆောင်ဖို့ လုံလောက်တဲ့သဘောမျိုး ဖြစ်သွားမှာကို စိုးရိမ်မိကြောင်း မစ္စစ် ရော့စ်လစ်တီနန်ကပဲ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ရရှိဖို့ကို ကွယ်လွန်သူ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌဟောင်း တွမ်လန်းတို့စ် လုပ်ဆောင်ခဲ့တဲ့ တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုမျိုးတွေ ဆက်ပြီးတော့ ဆောင်ရွက်ရပါမယ်လို့လည်း ဆိုပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့အကြမ်းဖက်မှု၊ နျူကလီယားလက်နက် မပြန့်ပွားရေးနဲ့ ကုန်သွယ်ရေး အာရှကော်မတီခွဲရဲ့ဥက္ကဋ္ဌ အက်တ်၊ ရွိုက်စ် Ed Royce ကလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ပတ်သက်ပြီးတော့ တနင်္လာနေ့ကပဲ မေးခွန်းထုတ်သွားတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်က မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေ လက်မခံတဲ့ မြန်မာအစိုးရဟာ ၃ နှစ်ကြာလာတဲ့အခါမှာ ဘယ်လောက်တောင်မှ အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်မလဲ၊ စဉ်းစားမိပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာခေါင်းဆောင်တွေ တကယ့် လက်တွေ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်တာ အသေအချာ တွေ့ရမှ ဖြစ်မှာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ မြန်မာဟာ တကယ်ပဲ ဒီမိုကရေစီနည်းကျ နိုင်ငံရေးစနစ်နဲ့ ပြောင်းလဲမလားဆိုတာ သေချာ စုံစမ်းရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ အခြေခံလူ့အခွင့်အရေးကို အကာအကွယ်ပေးတာတွေ ဖြစ်မဖြစ်ဆိုတာ သေချာ စစ်ဆေးဖို့ တာဝန်ရှိပါတယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီခွဲရဲ့ ဥက္ကဋ္ဌအက်တ် ရွိုက်စ် Ed Royce က ပြောသွားပါတယ်။

http://www.voanews.com/burmese/news/



မြန်မာပြည်ရောက် ဟီလာရီ ကလင်တန်

Wednesday, November 30, 2011  Sithu Linn 


အလဲဗင်းမီဒီယာဂရုပ် ဖေ့စ်ဘုတ်တွင် တွေ့ရသော ဓာတ်ပုံများ ဖြစ်သည်။
အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီး တဦး မြန်မာနိုင်ငံသို့ ရာစု နှစ်ဝက်အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်း






http://www.irrawaddyblog.com/2011/11/blog-post_9970.html



“ဟဲလို… အားလုံးကောင်းသွားမှာပါ”
Wednesday, November 30, 2011 zarny win


http://www.irrawaddyblog.com/2011/11/blog-post_7784.html

တရုတ်-မြန်မာ စစ်ရေးစာချုပ် ချုပ်

By , on November 30, 2011 6:08 pm

အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးပမ်းနေသည့် မြန်မာအစိုးရက အင်အားကြီး တရုတ်နိုင်ငံနှင့် စစ်ရေးစာချုပ်တခုကို အင်္ဂါနေ့တွင် ချုပ်ဆိုလိုက်သည်။

မြန်မာ-တရုတ် စစ်ဘက်ဆိုင်ရာ ပူးပေါင်းရေး စာချုပ်ကို တရုတ်နိုင်ငံတွင် ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်  General Chen Bingde တို့က လက် မှတ်ရေး ထိုးခဲ့ကြခြင်း ဖြစ်သည်။


တနင်္လာနေ့က ပီကင်းမြို့တော်တွင် တွေ့ရသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တရုတ် ဒုသမ္မတ Xi Jinping (ဓာတ်ပုံ - Xinhua)

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကမ္ဘာ့နိုင်ငံများ၏ အခြေအနေ မည်သို့ပင် ပြောင်းလဲနေစေကာမူ မြန်မာ-တရုတ် ဆက်ဆံရေး ပြောင်းလဲသွားမည် မဟုတ်ဟု  တရုတ်ဦးစီးချုပ်အား ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရ ဆင်ဟွာဌာနက ဆိုသည်။
ဗဟို စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ဇူချိုင်းဟူကလည်း စာချုပ် ချုပ်ဆိုရခြင်းသည် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းစေရန်၊ စစ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်ဟု  ပြောဆိုကြောင်း ဆင်ဟွာသတင်းတွင် ယနေ့ ရေးသားထားသည်။
စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ယမန်နေ့က တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံ စစ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ရေး စာချုပ် ချုပ်ဆိုချိန်သည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ အမြင် အမျိုးမျိုး ထွက်ပေါ်နေသည်။
မစ္စ ကလင်တန် မြန်မာနိုင်ငံသို့ ယနေ့  ရောက်ရှိလာခြင်းသည် အမေရိကန် အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီး တဦးအဖြစ် နှစ်ပေါင်း ၅၆ နှစ် အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်းဖြစ်သည်။
အမေရိကန်-မြန်မာ ဆက်ဆံရေး ကောင်းမွန်လာခြင်းကြောင့်  တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်နိုင်စရာ အကြောင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုသကဲ့သို့၊ မြန်မာအစိုးရ သတင်းစာများကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ကိစ္စများအား အကျယ်တ၀င့် ရေးသား ဖော်ပြနေသည်ကို တွေ့ရသည်။
မြန်မာအာဏာပိုင်တို့က ၁၉၈၈ လူထုအုံကြွမှုအား အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် ဆက်ဆံရေး ပျက်ခဲ့ရသည်။ ထိုအချိန်မှစတင်၍ မြန်မာ တရုတ် နှစ်နိုင်ငံ စီးပွားရေး၊ စစ်ရေး ကဏ္ဍ များ၌ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်လာကြသည်။
နှစ်ပေါင်း ၂၀ ကာလအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများကို ဒေါ်လာ ဘီလီယံနှင့်ချီကာ ရောင်းချခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ၂၇ ရက်က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်သစ်တဦး၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗီယက်နမ်နိင်ငံသို့ ယခုလလယ်ပိုင်းက သွားရောက်ခဲ့ပြီး ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သေးသည်။
ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းသည်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းက သွားရောက်ကာ နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
http://burma.irrawaddy.org/

အီရန် သံတမန်တွေ ဗြိတိန် မောင်းထုတ်

အင်္ဂါ, 29 နိုဝင်ဘာ 2011
အီရန်က ဗြိတိသျှသံရုံးကို ဆန္ဒပြသူတွေစီးနင်း

By ဗွီအိုအေ(မြန်မာဌာန)

မသင်္ကာဖွယ်ရာ အီရန်ရဲ့ နျူကလီယားလက်နက်အစီအစဉ်ကြောင့် ဗြိတိန်နိုင်ငံက အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက် တာကို မကျေနပ်ကြတဲ့သူတွေက မနေ့ကအင်္ဂါနေ့မှာ တဟီရန်မြို့တော်က ဗြိတိသျှသံရုံးကို စီနင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ဗြိတိသျှသံရုံးရဲ့ ပြူတင်းပေါက်တွေကို ချိုးဖဲ့ဝင်ရောက်ပြီး သံရုံးထဲက စာရွက်စာတမ်းတွေနဲ့ ယူနီယံဂျက်ဗြိတိသျှအလံတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ သံရုံးထဲက အဲလစ္စဘက်ဘုရင်မကြီးရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖြုတ်ယူသွားကြပါတယ်။ သံရုံးအပြင်ဘက်မှာလည်း ဗြိတိန်နိုင်ငံ ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြ လူအုပ်က ဗြိတိသျှသံရုံးရဲ့ ကားတစ်စီးကိုလည်း မီးရှို့ခဲ့ကြပါတယ်။

တဟီရန်မြို့မြောက်ဘက်က ဗြိတိသျှသံရုံးဝန်ထမ်းတွေနဲ့ ဗြိတိသျှကျောင်းသားတွေ နေထိုင်ရာ အိမ်ခြံဝင်းကို စီးနင်းခဲ့တဲ့ ဆန္ဒပြသူတွေက သံရုံးဝန်ထမ်း ၆ ဦးကို ၀ိုင်းထားခဲ့တာကိုတော့ အီရန်ရဲတပ်ဖွဲ့က အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအိမ်ခြံဝင်းကို စီးနင်းထားတဲ့သူတွေကို ရဲတပ်ဖွဲ့က မောင်းထုတ်ခဲ့ပေမယ့် ဆန္ဒပြသူတွေ ပြန်ရောက်လာပြီး ဗြိတိသျှသံရုံးကို ဆန္ဒပြလို့ ရဲတပ်ဖွဲ့က ဖမ်းထားသူတွေကို ပြန်လွှတ်ပေးမှ သူတို့က ဒီအိမ်ခြံဝင်းထဲက ပြန်ထွက်ပေးမယ်လို့ တောင်းဆိုနေကြပါတယ်။

အီရန်အစိုးရ အခုဖြစ်ရပ်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဗြိတိသျှဝန်ကြီးချုပ် David Cameron က လန်ဒန်မြို့က အီရန်သံအမတ်ကြီးကို ဖုံးဆက်ပြီး တဟီရန်က ဗြိတိသျှနိုင်ငံသားတွေရဲ့လုံခြုံရေး ကို အီရန်အစိုးရက အပြည့်အဝ တာဝန်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးရုံးကလည်း အီရန်သံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်ပြီး ဒီဖြစ်ရပ်အတွက် ဗြိတိသျှအစိုးရရဲ့ မကျေနပ်မှုကို တရားဝင်ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Willam Hague က ပြောပါတယ်။

နိုင်ငံတကာဥပဒေအရ အမြင့်ဆုံးအရေးပေါ် လုပ်ထုံးလုပ်နည်းတွေနဲ့ တဟီရန်မြို့က ဗြိတိသျှ သံဝန်ထမ်းတွေရဲ့ နေအိမ်ခြံဝင်းကို ကာကွယ်စောင့်ရှောက်ဖို့ အီရန်အာဏာပိုင်တွေကို ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးရုံးက တိုက်တွန်းခဲ့ပါတယ်။

ဗုဒ္ဓဟူး, 30 နိုဝင်ဘာ 2011
အီရန် သံတမန်တွေ ဗြိတိန် မောင်းထုတ်

By VOA (မြန်မာပိုင်း)

ဗြိတိန်နိုင်ငံမှာရှိတဲ့ အီရန်သံတမန်တွေ နိုင်ငံက ထွက်ခွာသွားဖို့နဲ့ လန်ဒန်မှာရှိတဲ့ သံရုံးကိုလည်း ချက်ခြင်းပိတ်လိုက်ဖို့ ဗြိတိသျှ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့တော်က ဗြိတိသျှသံရုံးကို လူစုလူဝေးနဲ့ မနေ့တုန်းက ၀င်ရောက် တိုက်ခိုက်တာ ခံခဲ့ရပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီး William Hague က ကြေငြာ လိုက်တာပါ။

ရဲလုံခြုံရေးတွေ ရှိနေတဲ့ကြားက သံရုံး အဆောက်အဦး မှန်တွေကို ရိုက်ခွဲ၊ ဖျက်ဆီးမှုတွေ လုပ်ခဲ့တာကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အီရန် အစိုးရအနေနဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ စွပ်စဲချက်တွေနဲ့အတူ အီရန်နိုင်ငံအပေါ် ဖိအားပေးတဲ့ အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ ဗြိတိန် အစိုးရက ကြေငြာလိုက်တာကို တုန့်ပြန်တဲ့ အနေနဲ့ အစ္စလာမ်ဝါဒီတွေ တီဟီရန်မြို့တော်က ဗြိတိသျှ သံရုံးပြင်ပမှာ စုဝေးဆန္ဒပြရာက တိုက်ခိုက်တဲ့အထိ ဖြစ်ပွားခဲ့တာပါ။

အီရန်နိုင်ငံက ဗြိတိသျှသံရုံး ၀န်ထမ်း တချို့ကို ပြန်လည် ဆင့်ခေါ်နေတယ်လို့လည်း ဗြိတိန်နိုင်ငံက အစောပိုင်းမှာ ကြေညာထားတာဖြစ်သလို၊ နော်ဝေးနိုင်ငံကလည်း သူ့သံရုံးကို ပိတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ကြေငြာခဲ့ပါတယ်။

တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အတွက် မနေ့နှောင်းပိုင်းကစလို့ သံရုံးကို ပိတ်ထားလိုက်ပြီး သံတမန် တချို့ပဲ အီရန်မှာ ဆက်ရှိနေဦးမယ်လို့ နော်ဝေးနိုင်ငံက ကြေညာခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/



ဗြိတိသျှ သံရုံး ကို အိုင်ရန် အစိုးရ လိုလားတဲ့ ကျောင်းသား တွေဝင်စီး
by FNG on November 30, 2011
isv0fkOpQXCI
အိုင်ရန် အစိုးရ ကို လိုလားတဲ့  ကျောင်းသား တွေ က တီဟီရန် မြို့ ထဲက ဗြိတိသျှ သံတမန် တွေ
နဲ့  သက်ဆိုင် တဲ့ ခြံဝန်း နှစ် ခု ကို ၀င်ရောက် ပြီး ဗြိတိသျှ ယူနီယံ ဂျက် အလံ ကို မီးရှို့ ခြင်း ၊
ကျောက်ခဲတွေ နဲ့  ပစ်ခြင်း ၊ မီးရှို့ ထား တဲ့ ဓာတ်ဆီ ပုလင်း တွေ နဲ့  ပစ်ပေါက် ခြင်း တွေ ကိုပြုလုပ် တယ် လို့  ရိုက်တာ သတင်း တစ်ရပ် မှာ ဖော် ပြထား ပါတယ်။
သံရုံး အနီး မှာ လုံခြုံရေး ယူထား တဲ့ အိုင်ရန် ရဲ တွေ က ဆန္ဒပြ သူ တွေ ကို တာဆီး မှု မရှိ ပဲ
သံရုံးရဲ့ အုတ် တံ တိုင်း နံ ရံ ကို ကျော်ဖြတ် ခွင့် ပေး လိုက်တယ် လို့  မျက်မြင် သက်သေ
တွေ က ဆိုပါတယ်။
အိုင်ရန် ရဲ့  နူကလီးယား လက်နက် ထုတ်လုပ် မှု အစီအစဉ် အတွက် အမေရိကန် နဲ့  ဗြိတိသျှ
က အရေးယူ ပိတ် ဆို့  ဖို့  ပြင် ဆင် နေ ချိန် မှာ အိုင်ရန် ကျောင်း သား တွေ က သံရုံး အရှေ့ 
ဆန္ဒပြ ရာ ကနေ ဒီဖြစ်ရပ် ပေါ်ပေါက် လာ ခဲ့ တာ ဖြစ်ပါတယ်။
ကမ္ဘာ ပေါ် မှာ ပဉ္စမ မြောက် ရေနံ ထုတ်လုပ် မှု အများ ဆုံး နိုင်ငံ ဖြစ်တဲ့ အိုင်ရန် က အမေရိကန်
နဲ့  ဗြိတိသျှ ဟာ ရန်စ တိုက် ခိုက် ချင် လို့  အကြောင်း ရှာ နေတာ ဖြစ် တယ် လက်ရှိ အိုင်ရန်
ရဲ့  နူကလီးယား အစီအစဉ် ဟာ လျှပ်စစ် မီး ရရှိ ရေး အတွက် သာ လို့  ပြောပါတယ်။
အိုင်ရန် ကျောင်းသား တွေ ဟာ တီဟီရန် မြို့ မြောက်ပိုင်း ကိုဟခ်  မှာ ရှိ တဲ့ ဗြိတိသျှ ကောင်စစ်
ဝန် တစ်ခု ကို လည်း ၀င်ရောက် စီးနင်းပြီး ဂျာမန် နိုင်ငံ တကာ စာသင် ကျောင်း တစ်ခု ကို
လည်း ဖျက် ဆီး ခဲ့ ပါတယ်။
အိုင်ရန် အစ္စလာမ်မစ် အစွန်း ရောက် အစိုးရ ဟာ အခု လို့  အကြမ်းဖက် လုပ် ငန်း တွေ အတွက်
အမြဲ တမ်း နောက် ကွယ်က နေ အား ပေး အား မြှောက် ပြု ပြီး ၁၉၇၉ ခုနှစ် တီဟီရန် က အမေ
ရန်ကန် သံရုံး ကို ရက်ပေါင်း ၄၄၄ ရက် စီနင်း ထား ပြီး အမေရိကန် နိုင်ငံသား ဓားစာခံ
၅၂ ဦး ကို ဖမ်းဆီး ထာခဲ့ ပါတယ်။
ဗြိတိသျှ နိုင်ငံခြား ရေး ၀န်ကြီး ၀ီလျှံ ဟိဂ် က အိုင်ရန် ဟာ ထိုက်တန် တဲ့ အဖိုးအခ ကို ပြန်ပေး
ရလိမ့် မယ် လို့  ပြောကြား ခဲ့ ပြီး အစိုးရ ရဲ့  ထုတ် ပြန် ကြေငြာ ချက် မှာ တော့ အိုင်ရန် အစိုးရ
အနေနဲ့  အဲဒီမှာ ရှိ တဲ့ ဗြိတိသျှ လူမျိုး တွေ အတွက် အပြည့် အ၀ တာဝန် ရှိ တယ် လို့  ဆို
ပါတယ်။


http://freedomnewsgroup.com/2011/11/30/pro-iran-gov-student-occupy-embassy/#more-22855

အိမ်ခြံမြေ၊ ကား ဈေးကွက်ကြောင့် ရွှေအရောင်းကျ



By featured, ဧရာဝတီ on November 30, 2011 11:32 am

အိမ်ခြံမြေနှင့် ကားဈေးကွက် အပြောင်းအလဲ ကြီးမားမှုကြောင့် ရန်ကုန်မြို့တွင် ရွှေဝယ်သူ အလွန် နည်းပါးပြီး ပြန်လည် ရောင်းချသူ များပြားနေကြောင်း သတင်းရရှိသည်။

ဈေးကွက် အပြောင်းအလဲ ကာလတွင် ရွှေစုဆောင်းထားသူတို့က စီးပွားရေးလုပ်ငန်းသစ်များ လုပ်ကိုင်ရန် ငွေပြန်ဖော်နေကြသည်ဟု သိရသည်။

ရန်ကုန်မြို့ တရုတ်တန်းရှိ ရွှေဆိုင် တဆိုင်တွင် ရွှေထည်ပစ္စည်းများ ခင်းကျင်းနေပုံ။ ရန်ကုန်တွင် အိမ်ခြံမြေ ၀ယ်ယူ ရင်းနှီးမြုပ်နှံသူ များပြားနေပြီး၊ ပြည်ပမှ ကားသစ် တင်သွင်းလာနေချိန်တွင် ရွှေဝယ်သူက နည်းပါးလာသည်။ (ဓာတ်ပုံ - AFP)

“နေ့စဉ်တိုင်း လိုလို ရွှေဝယ်သူထက် ရွှေရောင်းတဲ့သူတွေချည်းပဲ။ ရွှေဝယ်သူက မရှိသလောက်ကို နည်းတယ်။ အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်တွေမှာ သွားပြီး ရင်းနှီးကြ၊ အလုပ်လုပ်ကြနဲ့ အဲဒီဘက်မှာပဲ အရမ်း လှုပ်ရှားတယ်။ အဲဒီနယ်ပယ်ကိုပဲ လူတွေက စိတ်ဝင်စားကြတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သူ ရွှေကုန်သည် တဦးက ပြောသည်။

အကျိုးအမြတ် သေချာသော အိမ်ခြံမြေဈေးကွက်ဘက်သို့ လှည့်သွားကြခြင်းမှာ ကျပ်ငွေတန်ဖိုးတက်လာခြင်း၊ ဒေါ်လာတန်ဖိုး မတည်မငြိမ် ဖြစ်လာခြင်း တို့နှင့်လည်း သက်ဆိုင်သည်ဟု ဆိုသည်။

ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ထပ်မံ ၀င်ရောက်လာခြင်း၊ စက်မှုဇုန်အသစ်များ ဖော်ထုတ်လာခြင်းတို့ကြောင့် စက်မှုဇုန် မြေကွက်များ ကြိုတင် ၀ယ်ယူ ရင်းနှီးမြုပ်နှံနေကြကြောင်း ရန်ကုန်မှ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ရန်ကုန်မြို့တွင်း အိမ်ခြံမြေများလည်း ဆက်တိုက်ဆိုသလို ဈေးနှုန်းများ မြင့်တက်နေသည်။

“ဈေးက ပိုတက်ဖို့ပဲ ရှိတယ်။ အကျ မရှိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သိန်းငါးရာလောက်ပဲ ဈေးရှိတဲ့ မြေကွက်က အခုအချိန် သိန်းနှစ်ထောင် ခေါ်ရောင်းတယ်၊ ၀ယ်သူလည်း ရှိတယ်။ အိမ်ခြံမြေက ရင်းနှီး မြုပ်နှံပြီး ရှုံးတယ် ဆိုတာ မရှိတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ရန်ကုန်မြို့၏ နာမည်ကျော် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ ပိုင်ရှင် တဦးက ဆိုသည်။

ကားသစ် တင်သွင်းခြင်းကို အစိုးရက ခွင့်ပြုလာသဖြင့် ငွေကြေးတတ်နိုင်သူများက ရွှေဝယ်ယူရန် စိတ်ဝင်စားမှု လျော့ကျသွားကြောင်း သိရှိရသည်။

“ကားဟောင်းကို ကားသစ် လဲချင်ကြတယ်။ ကားဟောင်း(အောက်ကားတွေ)ကို တစီး သိန်းတရာ ပေးဝယ်ကြတယ်။ ဘဏ်မှာ နိုင်ငံခြားငွေ အခွန်ဆောင် အပ်ထားတဲ့သူတွေလည်း ကားသစ် သွင်းဖို့ စိတ်ဝင်စားကြတယ်” ဟု ကား ၀ယ်ရောင်း အကျိုးဆောင် လုပ်ငန်းကို နှစ်ပေါင်းများစွာ လေ့လာ သတင်းရယူ ရေးသားခဲ့သူ အပတ်စဉ်ထုတ် သတင်းဂျာနယ်ကြီးတခုမှ အယ်ဒီတာတဦးက ပြောသည်။

“ကားသတင်းပါတဲ့ ဂျာနယ်တိုင်း ရောင်းအား တက်သလို ဂျာနယ်တိုင်းကလည်း ကားသတင်း မဖြစ်မနေ ပါအောင် ထည့်နေရတာကို ကြည့်ရင် လူတွေရဲ့ ကားသစ်တွေ ရှုးသွပ်တဲ့ စိတ်တွေကို သိနိုင်တယ်” ဟု ၎င်းအယ်ဒီတာက ဆက်ပြောသည်။

ကား နှင့် အိမ်ခြံမြေဈေးကွက်၏ ဂယက်ကြောင့်သာမက အမေရိကန်ဒေါ်လာတန်ဖိုးနှင့် ကမ္ဘာ့ရွှေဈေး အတက် အကျအပေါ် မူတည် ပြောင်းလဲနေသော ရွှေဈေးကွက်သည် လာမည့် ၂၀၁၂ ခုနှစ်တွင် အရောင်းအ၀ယ် ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း မန္တလေးနှင့် ရန်ကုန် ရွှေကုန်သည်များက သုံးသပ်နေကြသည်။

ပြည်တွင်းရွှေဈေးကွက်တွင် တနင်္လာနေ့က အကယ်ဒမီအခေါက်ရွှေ တကျပ်သား ၇၂၃ ၀၀၀ ကျပ် ရှိကြောင်း သိရှိရသည်။
http://burma.irrawaddy.org/archives/3021