Thursday, December 1, 2011

Word of a day

Clinton: "... one political prisoner is one too many..."
နိုင်ငံရေးအကျဉ်းသားတယောက်ပဲရှိတယ်ဆိုရင်တောင်အဲဒါအရမ်းများနေပါပြီ...


(ဒေါ်အောင်ဆန်းစုကြည် )
“အစိုးရအဖွဲ့ထဲက တစ်ချို့ကတော့ မြန်မာနိုင်ငံ ဒီလမ်းအတိုင်း သွားလို့မရတော့ဘူးဆိုတာကို သိနေကြပါပြီ။ သူတို့က ပြုပြင်ပြောင်းလဲရေး လုပ်ကြလိမ့်မယ်လို့ ကျွန်မယူဆပါတယ်”

အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာကျင်းပတဲ့ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေး နေ့ 




Burma VJ Media Network

ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေး နေ့ ( World AIDS Day) အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အိုဘားမား မှ ဦးသိန်းစိန် သို့ပေးစာ

Naypyidaw, Myanmar (CNN) -- Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's President Thein Sein Thursday. Here is the letter in full as released by the State Department:

His Excellency

Thein Sein,

President of the Union of Burma,

Naypyidaw

Dear President Thein Sein:

I am pleased we had an opportunity to see each other in Bali (Indonesia), at the U.S.-ASEAN Leaders Meeting two weeks ago. I am encouraged that under your leadership your country has undertaken several encouraging steps on the path toward reform.
U.S. reaches out to Myanmar

I have asked Secretary of State Clinton to visit your country to discuss your vision for reform, explore how the United States can support and advance your efforts to transition to democracy and promote protection of human rights, and talk directly to your government and citizens about prospects for enhancing relations between our two countries. To that end, she will engage your government about our continuing concerns in the spirit of mutual interest and mutual respect. There is much work to be done, and as Secretary of State Clinton and I have said previously, the United States stands ready to serve as a genuine partner in your effort to achieve lasting change.

I appreciate your government's help in planning and preparing for this milestone visit. I look forward to hearing the tangible outcomes of Secretary Clinton's discussions, which we all hope will put us on a path to a new phase in our bilateral relationship.

Sincerely,

Barack Obama

အိုဘားမား မှ အမေစု သို့ပေးစာ

Clinton hands Aung San Suu Kyi letter from Obama

Full text: Obama letter to Aung San Suu Kyi

Yangon, Myanmar (CNN) -- Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:

Aung San Suu Kyi

Rangoon, Burma

Daw Aung San Suu Kyi:

It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.

I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.

I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.

Sincerely,

Barack Obama
Colourful Ones

စုနဲ့ဟီလာရီ


















;">



shwemannmeetcalinton2

 



U.S. Secretary of State Hillary Rodham Clinton gives a press conference following meeting with Burma's officials, including President Thein Sein,  in Naypyidaw, Burma's administrative capital, Dec. 1, 2011.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို သမ္မတ ဦးသိန်းစိန်က ခရီးဦး ကြိုဆို။ ဒီဇင်ဘာ ၀၁၊ ၂၀၁၁။






02diplo-articleLarge


































































နိုင်ငံခြားရေးမူဝါဒအဖွဲ. ပညာရှင်များနှင့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမေးမြန်းချက်များ။

A Conversation with Aung San Suu Kyi

http://www.youtube.com/watch?v=QdiLvKP89yk&feature=player_embedded

နားလည်မှုစွမ်းအားဖြည့်၍ PLHIVကို အားလုံးနှင့်အတူတူပဲဟု မြင်သင့်ကြောင်း World AIDS Day အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား


ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup on 1 Dec, 2011
PLHIV ( HIV နှင့်အတူနေထိုင်သူများ)ကို နားလည်မှုစွမ်းအားတွေကိုဖြည့်၍ သီးခြားမမြင်ပဲ အားလုံးနှင့်အတူတူပဲဟု၍သာ မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ပြုလုပ်သော World AIDS Day အခမ်းအနားတွင် ပြောကြားခဲ့သည်။
̏ အဓိကကတော့ ကိုယ်ခံစွမ်းအားကျခြင်းလို့ ဆိုတယ်။ ငါ့မှာဒီရောဂါရှိလို့ဆိုပြီးတော့ အားနည်းတဲ့စိတ်တွေမရှိပါနဲ့။ ဒါဟာ အပြစ်ကြီးလဲမဟုတ်ဘူး။ ကိုယ့်မှာဒီရောဂါရှိပါတယ်ဆိုပြီးတော့ သူများတွေကို အားငယ်နေစရာလဲ မလိုဘူး။ နားလည်တဲ့ လူတွေအားလုံးဟာ ဒီရောဂါရဲ့အခြေအနေကို သဘောပေါက်တယ်။ ဘယ်လိုမြင်ရမလဲဆိုတာကို သိတယ်။ နားမလည်တဲ့ သူတွေက သူတို့ကိုယ်တိုင် စွမ်းအားနည်းနေတဲ့သူတွေပဲ။ အဲတော့ ကျမတို့အားလုံးဟာ နားလည်မှုစွမ်းအားတွေကိုဖြည့်ပြီး အားလုံးဟာအတူတူပဲဆိုပြီးတော့ လက်တွဲပြီးဆောင်ရွက်သွားရမယ်။ အမှန်ပြောရရင် အမေ့အနေနဲ့ ဘာမှထူးထူးခြားခြား မမြင်ပါဘူး။ အားလုံးဟာ အတူတူပဲလို့ပဲမြင်တယ် ̋ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
လူတိုင်းသည် အသက်အရွယ်တစ်ခုသို့ရောက်လာပါက ရောဂါတစ်ခုမဟုတ်တစ်ခုရှိတတ်ကြောင်း လူသားဆိုသည်မှာ ပြီးပြည့်စုံခြင်း မရှိကြောင်း အဓိကအရေးကြီးသည်မှာ စိတ်ဓာတ်ပင်ဖြစ်ကြောင်း စိတ်ဓာတ်မှန်ကန်ပါက အရာအားလုံးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အားပေးစကားပြောကြားခဲ့သည်။
̏ လူတိုင်းလူတိုင်းဟာ အသက်အရွယ်ရောက်လာလို့ရှိရင်ရောဂါလေးတွေဟာ ရှိတတ်တာပဲ။ အမေတို့လဲရှိတာပဲ လူတိုင်း လူတိုင်းမှာ ဟိုဟာလေးချို့ယွင်းတာ ဒီဟာလေးချို့ယွင်းတာ ပေါ့နော်။ အဲတော့ ရောဂါဝေဒနာဆိုတာ   ချို့ယွင်းချက် တစ်ခုပဲ။ လူသားများဆိုတာ ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ အပြစ်အနာကင်းရှင်းတယ်လို့မရှိပါဘူး။ အရေးကြီးတာက စိတ်ဓာတ်ပဲ စိတ်ဓာတ်ကမှန်ကန်လို့ရှိရင် တခြားဟာတွေအားလုံးကို ကျော်ဖြတ်နိုင်တယ်။ အဲတော့ စိတ်ဓာတ်မှာ ဝေဒနာရှင်တွေရဲ့စိတ်ဓာတ်နဲ့ ဝေဒနာရှင်တွေအပေါ်မှာ ဂရုဏာသက်တဲ့သူတွေ နားလည်မှုရှိတဲ့သူတွေရဲ့ စိတ်ဓာတ် ဒီနှစ်ခုနဲ့ ပေါင်းပြီးတော့ ဆက်သွားမယ်ဆိုလို့ရှိရင်   ဘာမှအားငယ်စရာမရှိဘူး ̋ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အဓိကအားဖြင့် PLHIV ကလေးငယ်များကို ဝိုင်းဝန်း၍ ပံ့ပိုးစေချင်ကြောင်း ထိုကလေးငယ်များတွင် မျှော်လင့်ချက်များ ရှိကြောင်း ထိုမျှော်လင့်ချက်များအားလုံးကို ဖြည့်စည်းနိုင်ရန် ၎င်းနှင့်အတူ ဝိုင်းဝန်းရုန်းကန်ရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
̏ အရင်နှစ်တွေကဆိုရင် ကျမတို့တွေဟာ အနှေက်အယှက်တွေ အမျိုးမျိုးကိုခံခဲ့ရတယ်။ လူနာတွေကို နှင်ထုတ်တာတွေ ဘာတွေပေါ့။ အဲဒီ့မှာဘာတွေ့ရလဲဆိုရင် ကျမတို့အခက်အခဲတွေ့လာတိုင်း အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတဲ့ ကျမတို့ မြန်မာနိုင်ငံတွေထဲမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေက အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတာကို တွေ့ရတယ် ̋ ဟု PLHIV (HIV နှင့် အတူနေထိုင်သူများ) ဂေဟာကို ဦးဆောင်ဖွင့်လှစ်ခဲ့သူ မဖြူဖြူသင်းကပြောသည်။
 
၂၀၁၁ ခုနှစ်တွင် လူငယ်များအနေနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုအခြေအနေသည် ၂၀၁၀ အရှေ့ပိုင်းနှစ် များထက်စာလျှင် ထူးထူးခြားခြား တိုးတက်လာသည်ဟု မြင်ကြောင်း မဖြူဖြူသင်းကပြောသည်။
̏ ဒီနေ့ World AIDS Day အခမ်းးအနားကို လာရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလိုမျိုးပွဲလေးတွေလုပ်ပေးတော့ တစ်ခြားဝေဒနာရှင်တွေနဲ့ တွေ့ရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မိသားစုဝင်တွေလိုဖြစ်ရတယ်လေ။ အဲဒါကြောင့် ဒီလိုပွဲမျိုးလေးတွေ များများ လုပ်ပေးပါလို့ ပြောချင်ပါတယ် ̋ ဟု World AIDS Day အခမ်းအနားသို့ တက်ရောက် လာ သောPLHIV (HIV နှင့် အတူနေထိုင်သူ) တစ်ဦးကပြောသည်။



http://www.myitmakhamediagroup.com/detail.php?newid=391

ကျောင်းသားနိုင်ငံရေး အကျဉ်းသားဟောင်းများထဲမှ လွတ်တော် ကိုယ်စားလှယ်လောင်း (၅)နေရာရွေးချယ်မည်ဟု သတင်းများ ထွက်ပေါ် နေသည့် သတင်းမှာ မှားယွင်းမှုတစ်ခုသာ





ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup on 1 Dec, 2011
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျောင်းသားနိုင်ငံရေး အကျဉ်းသားဟောင်းများထဲမှ လွတ်တော် ကိုယ်စားလှယ်လောင်း (၅)နေရာရွေးချယ်မည်ဟု အင်တာနက်စာမျက်နှာများတွင် သတင်းများ ထွက်ပေါ် နေသည့် သတင်းမှာ မှားယွင်းမှုတစ်ခု သာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံဆွေးနွေး ပွဲရလာဒ်များအရ သိရှိရသည်။
”အရင်ပတ်က လစဉ်ပြန်ဆုံမယ်။သာရေးနာရေးနှင့်အကျဉ်းသားလွတ်မြောက်ရေးကိစ္စများ ဆွေးနွေး မယ်ဆိုပြီး ချိန်းလိုက်တာပါ။အမတ် ၅ နေရာရွေးမယ်တို့ ဘာတို့က အင်တာနက်မှာ ပါလာတယ်။ တကယ်အဲဒီကိစ္စတွေ မဟုတ်ပါဘူး၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သတ်တာလေးတွေ ကူညီနိုင်တာဘာရှိမလဲ မျှဝေကြမယ်။ဒီမှာပူးပေါင်းကြမယ်။ စီစဉ်းပေးမယ်။ချိတ်ဆက်ပေးမယ်။” ဟု ကျောင်းသားနိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ခဲ့သူ ကိုကြည်လွင်က က ပြောသည်။>
ဒီဇင်ဘာလ(၁)ရက်နေ့ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိကျောင်းတိုက်အတွင်းရှိ ရွှေညဝါ ကျောင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံဆွေးနွေးပွဲတခုပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို တလလျှင်တကြိမ်ခန့် ပြုလုပ်သွားမည် ဖြစ်ပြီး၊ တွေဆုံပွဲကျင်းပရခြင်း ရည်ရွယ် ချက်နှင့် ပတ်သက်၍ အဆိုပါပွဲမှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။
 “ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးကို ရှေးရှုတယ်။ တဦးချင်းတဦးချင်းကြားမှာရှိတဲ့ အခက်အခဲတွေကို ကူညီချင်းအား ဖြင့် ညီညွတ်မှု့ကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးဆီကိုသွားကြဖို့” ဟု ၄င်းက ပြောသည်။
အဆိုပါ တွေဆုံဆွေးနွေးပွဲတွင် တက်ရောက်သူ ၁၀၀ ၀န်းကျင်ထဲမှ ဦးဆောင်သူအယောက် ၂၀အား အများဆန္ဒအရ ရွေးချယ်ခဲ့ပြီး ဦးဆောင်သူအဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင်ငါးယောက်ဖြင့် အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့မှာ ဥက္ကဌတွေ အတွင်းရေးမှုးတွေ မရှိပါဘူး။ ဦးဆောင်သူတွေပဲ ရှိပါတယ်။ ဦးဆောင်သူတွေကပဲ သတင်းထုတ်မယ်။ ကျန်သူတွေ သတင်း ထုတ်တာကို နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ ဆိုပြီး တာဝန်ခံလို့ မရပါဘူး။ ဦးဆောင်သူတွေကိုပဲ မေးပါ။သူတို့ထုတ်တဲ့သတင်းသာ အမှန်ပါ”ဟု ဦးဆောင်သူ အဖွဲ့ဝင်များထဲမှ ကိုကြည်လွင် ကပြောသည်။

အဆိုပါ ဦးဆောင်သူ အဖွဲ့ဝင်များထဲတွင်  ကိုကိုကြီး(စမ်းချောင်း)၊ကိုကြည်လွင်၊ကိုဇော်ထက်ကိုကို၊ မနော်အုံးလှ နှင့် မစုစုနွေးတို့ပါဝင်ကြောင်း သိရှိရသည်။

http://www.myitmakhamediagroup.com/detail.php?newid=390

ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့

by Ko Baloi(facebook) on Thursday, December 1, 2011 at 5:53pm

အနှစ် ၅၀ အတွင်း အဆင့်မြင့်ဆုံးအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary clinton ရဲ့ မြန်မာနိုင်ငံကို ပထမ ဦးဆုံးအလည်အပတ်လာတဲ့ခရီးစဉ်ဟာ ထူးထူးခြားခြားပြောင်းလဲမှုတွေရှိလာတယ်လို့ပြောလို့ရပါတယ်။ ဒါဟာ- နှစ် ၅၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍကိုပူးပေါင်း တိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ်၊ ဒါကို ကျနော်တို့ဒီမိုကရေစီအင်အားစုတွေက အားရကျေနပ်မှုတွေရှိပြီး ကြိုဆိုထောက်ခံမှုတွေရှိနေတာကို တွေ့မြင်နေရပါတယ်။ ကျနော့်အနေနဲ့လည်း ဒီခရီးစဉ်ကို အပြည့်အဝထောက်ခံကြိုဆိုပါတယ်..။

ပြုပြင်ပြောင်းလဲမှုတွေအထိုက်အလျှောက်ရှိနေတဲ့ မြန်မာနိုင်ငံကို ပစ်ပယ်မထားပဲ အဆင့်မြင့် သံတမန်တွေ အခုချိန်ခါမှာ မြန်မာနိုင်ငံကိုအဝင်အထွက်များလေ ပိုကောင်းလေပဲလို့ ကျနော်အနေနဲ့ ထင်မြင်ယူဆမိပါတယ်..။ ကုလသမ္မဂ အတွင်းရေးမှူး ဘန်ကီးမွန်းရဲ့ခရီးစဉ်ကိုလည်း ဒုတိယအကြိမ် ကြိုဆိုရဦးမည်ဖြစ်သည်..။ အဆင့်မြှင့် သံသမန်တွေ အဝင်အထွက်များလေ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန် ပိုမိုတိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ လက်ခံယုံကြည်ပါတယ်..။ လက်ရှိ- အစိုးရကို အရပ်သားစကားနဲ့ပြောရရင် လူရာသွင်းရပါ့မယ်....လူရာသွင်းမှ လူ့ကျင့်စဉ်တွေကျင့်ကြံလာပြီး လူ့တန်ဖိုးကို သိရှိနားလည်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ ဒီကောင်
လူရာမဝင်ဘူးဆိုပြီး ရေရှည်ပစ်ထားမယ်ဆိုရင် ဒီလူတွေဟာ လူတွေနဲ့ကင်းဝေးပြီးလူမှု့ဆက်ဆံရေးတွေလုပ်တဲ့အခါ ပြေလည်မှုမရှိပဲ
အဆိုးဖက်ကိုသာ ဦးတည်နေသွါးတတ်ပြီး လူ့အသိစိတ်တွေ တဖြေးဖြေးနဲ့ တိမ်ကောပျောက်ကွယ်သွားတတ်ကြပါတယ်..။ အထူးသဖြင့်အာဏာရှင်တွေဟာစက်တိုင်တက်ရမှာလည်းကြောက်....နိုင်ငံတကာနဲ့ ပြည်သူတွေကဝိုင်းဝန်းကောနေတာကတမှောက်နဲ့ ဂေါက်တောက်တောက် ကြောင်တောင်တောင်ဖြစ်ကာ လူ့အသိစတ်တွေပျောက်သွားကြပါတယ်..။ လူဆိုတာ မိမိဘယ်လောက်ဆိုးဆိုးကောင်းသာပြောတာ ကြိုက်နှစ်သက်ကြပါတယ်၊ မိမိဘယ်လောက်ဆိုးဆိုး မင်းလုပ်တာမမိုက်ဘူးကွာလို့ပြောဆိုရင် စိတ်ထဲမှာ ကသိကအောင့်တော့ဖြစ်သွားတတ်တယ်ဆိုတဲ့ လူ့သဘောသဘာဝကို ဒီနေရာမှာ သတိချပ်စေလိုပါတယ်..။
အခုဆိုရင်...လူကြမ်းမင်းသားတွေလို့ တချိန်ကအမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေ အထိုက်အလျှောက်လုပ်လာတဲ့အတွက် မြန်မာအစိုးရကို အာစီယံ ဥက္ကဌ ပေးလိုက်ပြီး လူရာသွင်းလိုက်တော့ မျှော်မလင့်ထားတဲ့ အလှည့်မကျရာထူးကို ရရှိလိုက်တဲ့အတွက် သူတို့ တော်တော်မြောက်သွားကြပါတယ်..။ ကဲ....အခုကြည့် နှစ် ၅၀ အတွင်း အမေရိကန်အစိုးရက အသိအမှတ်ပြုပြီး လူရာသွင်းတဲ့အနေနဲ့ အမေရိကန်အဆင့်မြင့် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကိုစေလွှတ်လိုက်တဲ့အတွက် သမ္မတ ဦးသိန်းစိန်ကိုတိုင် ၂ နိုင်ငံဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ဆိုလာခဲ့ပါတယ်..။ ကဲ- လွှတ်တော်ဥက္ကဌ ရွှေမန်းကလည်း နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမယ်....လို့ ကတိပြုပြီး- ပြည်တွင်းငြိမ်းချမ်းရေး
ရရှိဖို့ကတိပေးပြောဆိုလိုက်သည့်အပြင်-၂ နိုင်ငံဆက်ဆံရေးကပိုမိုအရေးကြီးကြောင်း ပြောဆိုကာ....မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုးရီးယားမှ နျူးကလီးယားနည်းပညာအကူညီရရှိရေးကြိုးပန်းဆောင်ရွက်ချက်များကိုသူရရွှေမန်းမှ ပြတ်ပြတ်သားသားငြင်းဆိုလိုက်ပါတယ်..။ မိမိသွားရောက်ခဲ့သည့် နျူးကလီးယားခရီးစဉ်သည် လေကြောင်းရန်ကာကွယ်ရေး၊ လက်နက်စက်ရုံ၊ လေယာဉ်ကိစ္စ၊ သဘောင်္ကိစ္စတွေနဲ့ အခြားကိစ္စတွေကိုလေ့လာတာဖြစ်ကြောင်း ....နျူးကလီးယားကိစ္စသည်ကြီးမားသည့်ကိစ္စဖြစ်သည့်အတွက် မိလက်မှတ်ရေးထိုးသည့်အရာလည်း မဟုတ်ကြောင်း....လက်မှတ်ရေးထိုးခဲ့သည့်ကိစ္စမှာ မြောက်ကိုးရီးယားမှာရှိတဲ့ မိမိတပ်မတော်အတွက် နားလည်မှု
စာချွန်ကို ထိုးခဲ့သာဖြစ်ပြီး...လက်မှတ်ရေးထိုးစဉ် အချို့ဝန်ကြီးတွေလည်း မိမိအနားတွင်ရှိနေကြောင်း လက်မှတ်ရေးထိုးစဉ် မိမိအနားတွင်ဓါတ်ပုံပါဝန်ကြီးတွေကို တွေ့မြင်ရမည်ဖြစ်ကြောင်း....ယ္ခုအခါထိုဝန်ကြီးများသည်တာဝန်တွေထမ်းဆောင်နေကြပြီးဖြစ်ကြောင်းပြောဆိုခဲ့ပါသည်..။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကလည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကိုလက်ခံကြောင်း....အပြောင်းအလဲတွေကိုလည်းအသိအမှတ်ပြုကြောင်း....မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုနဲ့အညီစီးပွါးရေးပိတ်ဆို့မှုနဲ့ အခြားအကူအညီများဖြစ်သည့် စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျမ္မာရေး စတဲ့အကူအညီတွေကိုလည်း ပေးသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည့်အပြင်- မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားတွေမရှိသင့်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်..။

Hillary clinton ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ခရီးစဉ်အဖြစ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး...လွှတ်တော်ဥက္ကဌဦးအောင်ခင်မြင့်ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းကို ပြန်လှည့်ဖို့မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ကတိပေးပြောဆိုခဲ့ပါတယ်..။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာဘယ်တော့မှ မရှိစေရတော့ဘူး....စစ်ဘက်အုပ်ချုပ်ရေးတွေကိုလည်း မမြင်စေရတော့ဘူးလို့ လွှတ်တော် ဥက္ကဌ ကပြောဆိုခဲ့ပါတယ်..။
ယ္ခု- လက်ရှိ ၂၀၁၁ ခုနှစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရဲ့ နိုဝင်ဘာအကုန် ဒီဇင်ဘာလအစ ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်လဲရေးအတွက် များစွာအထောက်အကူပြုခဲ့သည့် သမိုင်းဝင်ခရီးစဉ်အဖြစ် စာရေးသူအနေနဲ့ သုံးသပ်ရှုမြင်ကြောင်းယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်ပျက်ပါဘုရားစူးစေ့ဟု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါသည်..။