Saturday, December 3, 2011

ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာခွင့်ပြုရန် ဟီလာရီ ကလင်တန် မေတ္တာရပ်ခံ


by Yangon Press International on Friday, December 2, 2011 at 12:28pm
Clinton ask to accept international observer during coming bi-election
ဒီဇင်ဘာ ၂၊ ၂၀၁၁ (YPI) 

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်  ယမန်နေ့က တွေ့ဆုံစဉ် မကြာမီ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး မျှော်လင့်ပါကြောင်းနှင့် ယင်းရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာရေး အဖွဲ့များ လာရောက်ခွင့်ပြုရန်မေတ္တာ ရပ်ခံလိုပါကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောကြားချက်ကို ရွေးကောက်ပွဲဝင် ပါတီအချို့က သဘောတူပြီး ၎င်းတို့အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲကို  နိုင်ငံတကာ လေ့လာရေးအဖွဲ့များ လာစေချင်ကြောင်းနှင့် ထိုသို့လာရောက်ပါက  တရားမျှတမှုပိုရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

၎င်းတို့က လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပမည့်ဟု မျှော်လင့်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲအား နိုင်ငံတကာ လေ့လာရေးအဖွဲ့များက လာရောက်အကဲဖြတ်စေလိုသည့် ဆန္ဒလည်း ရှိကြသည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်ကြသည်။

"၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ မသမာမှုတွေရော အခက်အခဲ အကျပ်အတည်းတွေ တွေ့ခဲ့ရတယ်၊ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ လာမယ်ဆိုရင် နိုင်ငံတကာကိုလည်း သတင်းတွေပြန်ရောက်မယ် အဲဒီတော့ မသမာမှုတွေ ကျူးလွန်ချင်ဦးတော့ကျူးလွန်ဖို့ အကြောင်းမရှိဘူး၊ အဲဒီတော့ အာမခံချက် ပိုရှိသွားတာပေါ့" ဟုအမျိုး သားဒီမိုကရေစီအင်အားစု (NDF) ပါတီမှနိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေ ကYPI သို့ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်ပွဲမသမာမှုနှင့် ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းထားသော်လည်း ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်သည့် မဲမသမာမှုများ ဖြစ်ပွားခဲ့သဖြင့် တကယ့်လက်တွေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ကို မရှုံးသင့်ဘဲ ရှုံးခဲ့သည့် ကိုယ်စားလှယ်လောင်းများရှိသည်ဟု ၎င်းကပင် ပြောသည်။

အခြား ဒီမိုကရေစီအင်အားစုဘက်မှ ပါတီတပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ပါတီခေါင်းဆောင် ဦးသုဝေကလည်း နိုင်ငံတကာလေ့လာရေးအဖွဲ့များလာပါက ကြားဖြတ်ရွေးကောက်ပွဲ ကပိုပြီးပွင့်လင်းမှုရှိပြီး တရားမျှတမှု ပိုရှိမည်ဟု မျှော်လင့်သည်ဟုဆိုသည်။

 မကြာခင်ကမှ ကရင်ဒီမိုကရက်တစ်ပါတီ အမည်ရှိ ပါတီသစ် တည်ထောင်ခွင့် လျောက်ထားသူ  ယခင် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးစောသန်းကျော်ဦး ကလည်း နိုင်ငံတကာလေ့လာရေးအဖွဲ့များ လာရောက်ပါက ကြားဖြတ် ရွေးကောက်ပွဲသည် တရားမျှတမှု ပိုမိုရှိလာမည်ဟု ဆိုသည်။


 ၂၀၁၀ရွေးကောက်ပွဲ တွင် မသမာမှုနှင့်ပတ်သတ်သည့်အချက် ၅၀ ခန့်ကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဒီမိုပါတီများက တင်ပြထားရာ ကော်မရှင်ဥက္ကဋ္ဌမှ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတပြီး လွတ်လပ်မှုပိုရှိအောင် ပြုလုပ်မည်ဟု ကတိပေးထားသည့် အချက်ကြောင့်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပသည် မျှတ၍ လွတ်လပ်မှုပိုရှိလာမည်ဟု မျှော်လင့်ကြောင်း ဦးသုဝေကဆိုသည်။

"ဥက္ကဋ္ဌက အရင်လိုမဖြစ်အောင် ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကိုလည်း သင်တန်းတွေပေးမယ်လို့ပြောတယ်၊ အကယ်လို့သူတို့က အမှန်ပဲ ကြားဖြတ်ရွေးကောက်ပွဲကို မျှတမှု ရှိအောင်လုပ်မယ်ဆိုရင် နိုင်ငံတကာကို ခေါ်ပြတာ ဂုဏ်တောင်ရှိသေးတယ်၊ မပြနိုင်စရာအကြောင်းလည်း မရှိဘူးလေ" ဟု၎င်းကဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲသည် ကြိုတင်မဲများဖြင့် ပြည်ခိုင်ဖြိုးပါတီ မှကိုယ်စားလှယ်လောင်း အများအပြား အနိုင်ရရှိခဲ့သောရွေးကောက်ပွဲ ဖြစ်သည့်အတွက် လွတ်လပ်မှုနှင့်တရားမျှတမှု မရှိသည့်ရွေးကောက်ပွဲဟု ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် ဒီမိုပါတီအချို့ကပြောဆိုကြသည်။

အဆိုပါနိုင်ငံတကာလေ့လာရေးအဖွဲ့များလာရောက်ခြင်းနှင့်ပတ်သတ်၍ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်အားဆက်သွယ်မေးမြန်းရာတွင် ၄င်းအနေနှင့် မည်သည့်မှတ်ချက်မှ မပေးခြင်းကြောင်းသာ ဖြေကြားခဲ့သည်။

နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး၏ ၃ ရက်တာခရီးစဉ်အတွင်း နိုင်ငံသမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။     ။

Clinton & ASSK joint Press Conference (NLD Burma)

ထိုင်း​-မြန်မာ ချစ်ကြည်​ရေး​တံတား​ပြန်ဖွင့်​မည်



Published on December 3, 2011 by ပီတာအောင်   ·   No Comments
လွန်ခဲ့ ​တဲ့​ တစ်နှစ်​ကျော်ကတည်း​က ပိတ်ထား​ခဲ့​တဲ့​ မြဝတီ-မဲ​ဆောက် ချစ်ကြည်​ရေး​ တံ တား​ကိုလာမယ့်​ ဒီဇင်ဘာ ၅ ရက်​နေ့​ ထိုင်း​ဘုရင်ကြီး​မွေး​နေ့​မှာ ပြန်လည်ဖွင့်​လှစ်မယ်လို့​ မြန်မာနယ်စပ်နဲ့​ကပ်​နေတဲ့​ တပ်ခရိုင်က ထိုင်း​ အာဏာပိုင်​တွေက အတည်ပြု​ပြောကြား​ လိုက်ပါတယ်။
မြဝ​တီ​တံ​တား
တပ်ခရိုင် ဒုအုပ်ချုပ်​ရေး​မှူး​ ဝူသီ ဆီသီဆူရတ် ကထိုင်း​မီဒီယာ​တွေကို ​ပြောကြား​လိုက် တာဖြစ်ပြီး​ မြဝတီ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​က ပြန်ဖွင့်​လှစ်​ပေး​မှာဖြစ်တယ်လို့​ ဒီက​နေ့​ ထိုင်း​နိုင်ငံထုတ် ဘန်​ကောက်ပို့​စ်သတင်း​စာ အွန်လိုင်း​သတင်း​မှာ​ဖော်ပြပါတယ်
တံတား​ဖွင့်​ ပွဲကို ​နေပြည်​တော်က အဆင့်​မြင့်​မြန်မာအစိုး​ရ တာဝန်ရှိသူ​တွေ တက်​ရောက်ဖိုရှိပြီ့း​​ တပ်ခရိုင်ကုန်သည်ကြီး​များ​ အသင်း​နဲ့​ ထိုင်း​စက်မှုလုပ်ငန်း​ အသင်း​ချုပ်က တာဝန်ရှိသူ​တွေကိုလည်း​ မြန်မာဘက်က ဖိတ်ကြား​ထား​တယ်လို့​ သတင်း​က ဆိုပါတယ်
ဒီသတင်း​နဲ့​ ပတ်သက်ပြီး​ မြန်မာဘက်ကို ဆက်သွယ်လို့​ မရ​သေး​ပေမယ့်​ ပြည်တွင်း​ထုတ် 7Day News ဂျာနယ်မှာ​တော့​ မြန်မာ နယ်စပ် ကုန်သွယ်​ရေး​ ညွှန်ကြား​မှုဦး​စီး​ဌာန ဒုတိယညွှန်ကြား​ရေး​မှူး​ ​ဒေါ်ချယ်ရီ​မောင်က ဒီဇင်ဘာ ၅ ရက်​နေ့​မှာ တံတား​ပြန်ဖွင့်​ပေး​ဖို့​ ရှိတယ်လို့​ ​ပြောတဲ့​အ​ကြောင်း​ ​ဖော်ပြပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့​နဲ့​ ထိုင်း​နိုင်ငံ မဲ​ဆောက်မြို့​တို့​ကို ဆက်သွယ်တဲ့​နှစ်နိုင်ငံ ချစ်ကြည်​ရေး​တံတား​ကို ပြီး​ခဲ့​တဲ့​နှစ် ဇူလိုင်လ ၁၈ ရက်က မြန်မာဘက်က ပိတ်ထား​ခဲ့​တာပါ။ ပြီး​ခဲ့​တဲ့​လပိုင်း​တွေက​တော့​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ ဝန်း​ကျင်မှာ ​ရေ​ဘေး​ကြုံ​တွေ့​နေရစဉ် ​နေရပ်ပြန်တဲ့​ မြန်မာ အလုပ်သမား​တွေအတွက် မြန်မာဘက်က တံတား​ကို ​ခေတ္တဖွင့်​လှစ်​ပေး​ခဲ့​ဖူး​ပါတယ်။
တံတား​ပိတ်ထား ​တာ​ကြောင်း​ တရား​ဝင် နယ်စပ်ကုန်သွယ်​ရေး​လုပ်ငန်း​တွေ ရပ်ဆိုင်း​သွား​ပြီး​ အထူး​သဖြင့်​ ထိုင်း​ကုန်သည်​တွေ ဘက်က ​နေ့​စဉ် ဘတ်​ငွေသန်း​နဲ့​ချီ ထိခိုက်နစ်နာခဲ့​ရတာ ဖြစ်ပါတယ်။
လက်ရှိ ထိုင်း​ဝန်ကြီး​ချုပ် ယင်လပ်ရှင်နာဝပ်​ရော ဝန်ကြီး​ချုပ်​ဟောင်း​ အဘိဆစ်ဝိချာချီဝတို့​ပါ မြန်မာနိုင်ငံကို လာ​ရောက်ခဲ့​တဲ့​ ခရီး​စဉ်​တွေအတွင်း​ ထိုင်း​-မြန်မာ ချစ်ကြည်​ရေး​တံတား​ကို ပြန်ဖွင့်​ပေး​ဖို့​ မြန်မာနိုင်ငံအစိုး​ရထံ ​မေတ္တာရပ်ခံခဲ့​ဖူး​ပါတယ်။ ​သောင်ရင်း​မြစ်ကိုဖြတ်ပြီး​ မြဝတီနဲ့​ မဲ​ဆောက်မြို့​ကို ဆက်သွယ် ​ဖောက်လုပ်ထား​တဲ့​ တံတား​ကို ၁၉၉၇ ခုနှစ်မှာ ဖွင့်​လှစ်ခဲ့​တာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/18498

တိုင်းရင်းသားတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းပြီ


2011-12-03

ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်ကနေ ၃ဝရက်နေ့ထိ ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ကျင်းပခဲ့တဲ့ UNFC အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အသစ်ဖွဲ့မယ့် ပြည်ထောင်စုတပ်မတော်ရဲ့ ကာကွယ်ရေးကော်မီတီဝင် KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ က ပြောပါတယ်။

“ပြည်နယ် တပြည်နယ်၊ သို့မဟုတ် အခုအဆင့်မှာ ဆိုရင်တော့ အဖွဲ့တဖွဲ့က တရာဆိုရင်လည်းတရာ၊ တထောင်ဆိုရငလည်း တထောင်ပေါ့ ပြည်ထောင်စုတပ်ကို ပို့ပေးမယ်။ ပြည်နယ်မှာလည်း သူ့တပ်သူ ရှိမယ်လေ။ ပြည်ထောင်စုတပ်ကတော့ တပြည်လုံး အတိုင်းအတာနဲ့ စစ်ရေးတာဝန်ကို ထမ်းဆောင်ရမယ်။ အစတည်းက ဒီရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတပ်ကြီး ဖွဲ့မယ်ဆိုရင် ဦးသိန်းစိန်တို့ပဲဖြစ်ဖြစ် နအဖ ပဲဖြစ်ဖြစ် နည်းနည်း တွန့်ဆုတ်သွားမလား ဆိုပြီး နည်းနည်း စောင့်ကြည့်နေတာ။ အခုဟာက အပစ်အခတ် ရပ်ပါ ရပ်ပါ ပြောတာကို မရပ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ရှေ့ရေးလည်း ပြင်ဆင်ရမယ်၊ ဆက်လုပ်ရမယ်ဆိုတဲ့ သဘော”

ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စကို UNFC ကောင်စီထဲမှာ ပါတဲ့ ၁၂ ဖွဲ့စလုံးက သဘောတူတယ်လို့ သိရပါတယ်။

ပြည်ထောင်စု စစ်တပ်နဲ့ ပတ်သက်ပြီး တပ်ဖွဲ့စည်းပုံကို အကြမ်းဖျင်း ရေးဆွဲထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာတော့ ပြည်ထောင်စုစစ်တပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် KNU က ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို ရည်ရွယ်ထားခဲ့ပြီး အသက်အရွယ် အရရော အလုပ်တာဝန် များပြားတာကြောင့် သူက ငြင်းပယ်ခဲ့တဲ့အတွက် အခုတော့ စစ်ဦးစီးချုပ် အသစ်တဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် KNPP ကရင်နီတပ်က စစ်ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်ချုပ်ဘီတူးကို လျာထားတယ်လို့လည်း သိရပါတယ်။
http://www.rfa.org/burmese/news/union-army-12032011111821.html

တရုတ် နျူကလီးယားအင်အား ထင်တာထက်ပိုကြီးနိုင်

စနေ, 03 ဒီဇင်ဘာ 2011
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံမှာရှိတဲ့ နျူကလီးယားလက်နက်တွေဟာ တရားဝင်ခန့်မှန်းထားတဲ့ အရေအတွက်ထက် အဆပေါင်းများစွာ ပိုနိုင်တယ်လို့ အမေရိကန်တက္ကသိုလ် ပါမောက္ခတစ်ယောက်နဲ့ သူ့ရဲ့ ကျောင်းသားတွေက လေ့လာအစီရင်ခံထားတာကို လက်နက်ရေးရာ ကျွမ်းကျင်သူတွေက မေးခွန်း ထုတ်နေကြပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ မြေအောက်ဥမင်လှိုင်ခေါင်းတွေဟာ ဒုံးပျံတွေနဲ့ နျူကလီးယားလက်နက်တွေကို လျို့ဝှက်ထားဖို့ ရည်ရွယ်ထားတာလို့လည်း လေ့လာချက်က ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံမှာ နျူကလီးယားလက်နက် ၂၅၀ လောက်ရှိမယ်လို့ တရားဝင် ခန့်မှန်းထားပေမဲ့ ၃,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ဂျော့ဂ်ျတောင်းတက္ကသိုလ် ပါမောက္ခ ဖိလစ်ကာဘာ (Philip Karber) ဦးဆောင်တဲ့ သုတေသနက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကြောင့် တရုတ်နိုင်ငံရဲ့ နျူကလီးယား ပိုင်ဆိုင်မှုအပေါ် အချေအတင် ဖြစ်စရာတွေလည်း ထွက်ပေါ်လာပါတယ်။ အစီရင်ခံစာကိုတော့ တရားဝင် မထုတ်ပြန်ရသေးပေမဲ့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေကြား ဖြန့်ဝေထားပြီး အမေရိကန် သတင်းမီဒီယာတွေကလည်း ဖော်ပြနေကြတာပါ။

အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်မှာ အကြီးတန်းအရာရှိတစ်ဦးအဖြစ် တာဝန်ယူဖူးသူ ပါမောက္ခ ကာဘာ ကို ဗွီအိုအေက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဒါပေမဲ့လည်း Union of Concerned Scientists သိပ္ပံပညာရှင်အဖွဲ့က ကျွမ်းကျင်သူ ဂရေ ဂိုရီ ကူလာကီ (Gregory Kulacki) ကတော့ ဂျော့ဂ်ျတောင်း တက္ကသိုလ်ရဲ့ အစီရင်ခံစာ ပြုစုထားပုံဟာ နည်းလမ်းမကျဘူးလို့ သူယူဆတဲ့အကြောင်း ဗွီအိုအေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/China-Nuclear-12-03-11-134959023.html

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ပဏာမညှိနှိုင်း




စနေ, 03 ဒီဇင်ဘာ 2011
By ကိုဇော်ဝင်းလှိုင်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး ကော်မီတီတရပ် ဖွဲ့စည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်း ရုပ်ရှင်ရိုက်လိုတဲ့ ဆန္ဒရှိတာကြောင့် နံမည်ကြီး အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမ နေအိမ်မှာ ခေါ်ယူ တိုင်ပင်ခဲ့တာပါ။
သရုပ်ဆောင်တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုနေတိုးက ပြောပါတယ်။
“အန်တီစုက ဗိုလ်ချုပ် သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ movie တည်ဆောက်ချင်လို့ ကျနော်တို့ဆီကနေ အကြံဉာဏ်လေးတွေ တောင်းတယ်။ အန်တီစု ဖြစ်ချင်တဲ့ပုံစံမျိုးလေးတွေကို လာပြီးတော့ ဆွေးနွေးတဲ့ သဘောပါပဲ။ ရုပ်ရှင်ရိုက်ဖို့အတွက်ပါ။ ဗိုလ်ချုပ်ရဲ့ biography ကို ရုပ်ရှင်အဖြစ် အန်တီစု ရှိနေတဲ့အချိန် အတွင်းမှာ ဖြစ်သွားစေချင်တဲ့ဆန္ဒလေးပေါ့။ သူ့ရဲ့ ဆန္ဒလေးကို ကျနော်တို့ ရုပ်ရှင်သရုပ်ဆောင်တွေရော၊ ဒါရိုက်တာပိုင်းတွေရောကို ခေါ်ပြီးတော့ ပြောတာပါ။ ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းတစ်ခုကို ကျနော်တို့ မြန်မာ့ရုပ်ရှင်နဲ့ နိုင်ငံတကာက အကူအညီတွေနဲ့ပေါ့နော် ဘယ်လို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မလဲ ဆိုတဲ့ သဘောတရားနဲ့ ကျနော်တို့ဘက်က လုပ်ချင်တဲ့ပုံစံလေးနဲ့ ဖြစ်ချင်တဲ့ပုံစံလေးကို အန်တီစုကနေ ကျနော်တို့ရဲ့ အိုင်ဒီယာလေးတွေကိုလည်း ခေါ်မေးပြီးတော့ အန်တီစုဖြစ်ချင်တဲ့ ပုံစံလေးတွေကိုလည်း ပြောပြတဲ့သဘောပါပဲခင်ဗျ ဒီနေ့ကတော့။”
အခြေခံအားဖြင့်တော့ ဗိုလ်ချုပ်ဆောင်ဆန်းမွေးဖွားခဲ့တဲ့ နှစ်တစ်ရာပြည့်အမှီ ၂၀၁၅ ခုနှစ်မှာ ဒီဇာတ်ကားကို ထုတ်နိုင်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ကိုနေတိုးက ဆက်ပြောပါတယ်။
“ဒီမှာက အခုကတော့ ဒီကားရိုက်ဖို့အတွက် အဓိကက ကျနော်တို့ ကဒ်တူး ရေးပြီးတော့မှ ဇာတ်ကားဖြစ်မြောက်ရေး ကော်မတီလေးတစ်ခု ဖွဲ့ဖို့အကြောင်းလေးကိုတော့ နောက်ဆုံး ပြောဖြစ်သွားတာပေါ့။ ဆိုတော့ အဓိက ကတော့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှာ ဒီ နောက်ထက်လာမယ့် နှစ်နှစ် သုံးနှစ်အတွင်းမှာ ဒီကားလေးကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားဖို့အတွက် အန်တီစုက ကျနော်တို့ကို ဆွေးနွေးတာပေါ့နော်။”
ကော်မီတီဖွဲ့တယ်ဆိုပေမဲ့လည်း ဘယ်သူက ဘယ်လိုအခန်းကဏ္ဍမှာ ပါကြမယ်၊ ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်မယ့် ရန်ပုံငွေကို ဘယ်လို ရှာကြမယ်ဆိုတဲ့ အသေးစိတ် တာဝန်ခွဲဝေမှုတွေကတော့ အတိအကျ မဆုံးဖြတ်ရေးသေးဘူးလို့ ဆိုပါတယ်။
တကယ်လို့ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် မြန်မာ့လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ပထမဆုံးရုပ်ရှင် ဖြစ်လာမှာပါ။
အရင် န၀တ စစ်အစိုးရတက်လာပြီး မကြာသေးခင်ကာလအထိ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်ထားခဲ့တယ်လို့ လူအများက သုံးသပ်ခဲ့ကြတာပါ။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်လို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သို့လောသို့လော ပြောဆိုမှုတွေ အနုပညာရှင် အသိုင်းအ၀ိုင်းကြားမှာရော၊ မြန်မာလူထုအကြားမှာပါ ရှိခဲ့ပေမဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရိုက်ဖို့ ဆန္ဒရှိတဲ့အတွက် ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတာပါ။
ဗိုလ်ချုပ်လို ကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ရိုက်ကူးမှာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံက သန့်ရှင်း ကောင်းမွန်စေချင်တဲ့အကြောင်း ဒီကနေ့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေက ပြောပါတယ်။
“ဗိုလ်ချုပ်ရဲ့သမိုင်းကို ရိုက်မှာဆိုတော့ အရမ်းကို historical ဖြစ်တယ်။ အတ္ထုပ္ပတ္တိတစ်ခု ရိုက်မှာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာရော အနုပညာပိုင်းဆိုင်ရာရော အရာအားလုံးကို သန့်ရှင်းသော၊ စည်းလုံးသော၊ ရိုးသားသောအရာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အတ္ထုပ္ပတ္တိမျိုးကို တည်ဆောင်ချင်တယ်ပေါ့။ ငွေကြေးပိုင်းကအစပေါ့။ ကျနော်တို့တွေ အများကြီး စုပေါင်း ကြိုးစားလိုက်မယ်ဆိုရင် အတ္ထုပ္ပတ္တိကောင်း Art တစ်ခု ထွက်ပေါ်လာမယ်လို့ မျှော်လင့်တယ်။ အချိန်တော်တော်ယူရမှာပါ။”
အဆိုတော် ချစ်သုဝေ ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ပြုလုပ်ခဲ့တဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ရုပ်ရှင်လောက က အထင်ကရပုဂ္ဂိုလ်တွေ၊ ဂီတပညာရှင်တွေ အများအပြား တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
http://www.voanews.com/burmese/news/Aung-San-movie-12-03-11-134958983.html



ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်

2011-12-03
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို နောက်ခံထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးနိုင်ဖို့အတွက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရုပ်ရှင်နယ်ပယ်က ထင်ရှားတဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေကို နေအိမ်မှာ ဖိတ်ခေါ်ပြီး ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


AFP>
မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လန်ဒန်မြို့တွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးရာမှာ အနုပညာမြောက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ရုပ်ရှင်ကားတကား ဖြစ်ဖို့ လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ စတင်ချိန်မှာ ပြောကြားခဲ့ပါတယ်။

“ကျမတို့ရဲ့ လွတ်လပ်ရေးသမိုင်းကို သရုပ်ဖော်တဲ့ ရုပ်ရှင်တခု ဖြစ်စေချင်တယ်။ ကျမတို့နိုင်ငံအတွက် သမိုင်းမှာ တကယ့်ကို အနုပညာအရရော သမိုင်းအရရော မှတ်တမ်းတင်လောက်တဲ့၊ အနုပညာမြောက်တဲ့ အလုပ်တခု ဖြစ်စေချင်တယ်။ တခါမှ မြန်မာနိုင်ငံမှာ ဒီလောက်အထိ မြောက်တဲ့ဟာ မဖြစ်ဖူးသလို၊ နောက်ဆုံးမဟုတ်ဘူး ပထမဦးဆုံး၊ နောက်လည်း အများကြီးလာမယ်။ တခါမှ ဒီလောက်တောင် သမိုင်းကို တိတိကျကျ အခြေခံတဲ့ ဟာမျိုး မရှိသေးဘူးဆိုတာ ဖြစ်စေချင်တယ်။ ဆိုတော့ အဲဒါကို အားလုံးဝိုင်း ကူညီမှဖြစ်မယ်။ ပြောရမယ်ဆိုရင် ဒီလို ရုပ်ရှင်အတွက် သုံးနှစ်ဆိုတာ အင်မတန်နည်းတယ်ဆိုတာ ကျမ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ၂ဝ၁၅ ကလည်း ဖေဖေ့ရဲ့ နှစ်တရာ ပြည့်နှစ်ဆိုတော့ အဲဒီအချိန်မှာ ထုတ်နိုင်ချင်တယ်”

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနိုင်ဖို့ သုတေသန ကော်မီတီတရပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ဦးဆောင် ဖွဲ့စည်းခဲ့ပြီး ဝါရင့် ဒါရိုက်တာကြီးတွေ ဖြစ်ကြတဲ့ မောင်မိုးသူ၊ စံရွှေမောင် (ခေါ်) ဦးအောင်လွင်နဲ့ ကိုဇာဂနာ၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဦးဇင်ဝိုင်း စသူတွေ ပါဝင်ပြီး လိုအပ်မယ့် ကုန်ကျငွေအတွက် ရုပ်ရှင်လောကသားတွေက ဝိုင်းဝန်း ရှာဖွေပေးမယ်လို့ ကတိပေးကြကြောင်း သိရပါတယ်။

ဒီဇာတ်ကားကို လာမယ့် ၃ နှစ်အတွင်း အပြီး ရိုက်ကူးမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနှစ် ၁ ရာပြည့် မွေးနေ့ဖြစ်တဲ့ ၂ဝ၁၅ ခုနှစ်မှာ ရုံတင်ပြသနိုင်အောင် စီစဉ်ကြမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ ရုပ်ရှင်ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူ စုစုပေါင်း လူ ၁ ရာကျော် တက်ရောက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/gen-aung-san-12032011090928.html


ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

Saturday, December 03, 2011  Khet Htan 


၂၀၁၅ ဖေဖော်ဝါရီလမှာ နှစ် ၁၀၀ ပြည့်အထိမ်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီးကို ရိုက်ကူးဖို့ ဒေါ်အောင်ဆန်းစုကြည်က နာမည်ကြီး ဒါရိုက်တာများ၊ သရုပ်ဆောင်များနဲ့ ဒီနေ့ညနေက တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ရုပ်ရှင်လောကမှ အနုပညာရှင် ၁၀၀ ကျော် တက်ရောက်ပြီး ဗိုလ်ချုပ်ရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းမှုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို ရိုက်ကူးစေလိုကြောင်း၊ သရုပ်ဆောင်ရွေးချယ်ရေး စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က အကြံတောင်းခဲ့ကြောင်း ဆဲဗင်းဒေး သတင်းဂျာနယ်က ရေးသားထားပါတယ်။


ဓာတ်ပုံများ - Eleven Media Group ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ








http://www.irrawaddyblog.com/2011/12/blog-post_2574.html



ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်များနှင့် တွေ့ဆုံ
ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup on 3 Dec, 2011

ဒီဇင်ဘာလ ၃ရက် နေ့လည် ၂နာရီခွဲဝန်းကျင်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်ပေါင်း ၄၀ ကျော်နှင့်တွေ့ဆုံပြီး  ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တစ်ရာပြည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိကို ဇာတ်လမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် တွေ့ဆုံ ဆွေးနွေးတိုင်ပင်ကြကြောင်းသိရှိရသည်။

“ကဲအားလုံးဘဲ ၀ိုင်းစဉ်းစားပေးကြပါ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ လူငယ်တွေလည်းထည့်ချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ အနုပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များတွေ့ဆုံရခြင်းသည် ဗိုလ်ချုပ်အတ္တုပတ္တိကို ဇာတ်လမ်းရိုက်ကူးရန်ဖြစ်ကြောင်း ကိုဇာဂနာထံမှ သိရှိရသည်။

“ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အတ္တုပတ္တိအကြောင်းကို ရိုက်မှာပါ အဲ့ဒါကြောင့် အနုပညာရှင်တွေနဲ့ တွေ့ဖြစ်တာပါ”ဟု ရုပ်ရှင် သရုပ်ဆောင်ကိုသူရ (ခေါ်) ဇာဂနာက ပြောသည်။

အဆိုပါရုပ်ရှင်အတွက် ဇာတ်လမ်း ဖြစ်မြောက်ရေးအတွက် ကိုဇာဂနာမှ တာဝန်ယူထားပြီး ဇာတ်လမ်းကော်မတီ ဖွဲ့ရာတွင်လည်း ၊ မောင်မျိုးမင်း ၊ အောင်လွင် ၊ ၀ိုင်း ၊ ဦးမိုးသူ နှင့် ဇင်ဝိုင်း ၊ ကိုလူမင်း နှင့် ကိုကျော်ဇောလင်းတို့ ပါဝင်ကြောင်း သိရှိရသည်။

“ကျွန်တော်ကိုယ်တိုင်ကလည်း ထောင်ထဲမရောက်ခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပတ္တိကို ရိုက်ချင်တဲ့ဆန္ဒ ရှိတယ် ကျွန်တော်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရေးနေတာဆိုတော့ ပွဲဖြစ်မြောက်ရေးမှာလဲ ကျွန်တော်ပါဘဲ ဒီကော်မတီမှာ ဘကြီးမိုးတို့ ၊ ဦးအောင်လွင် ၊ ၀ိုင်း ၊  ၊ ဇင်ဝိုင်း ၊ ကိုလူမင်း ၊ ကိုကျော်ဇောလင်း နောက် မောင်မျိုးမင်းတို့ ပါတယ်” ဟု အဆိုပါပွဲဖြစ်မြောက်ရေး တာဝန်ယူထားသော ကိုသူရ (ခေါ်) ကိုဇာဂနာက ပြောသည်။

အဆိုပါ ဇာတ်လမ်းရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဒါရိုက်တာ မောင်မျိုးမင်း ၊ လူမင်း၊ ဦးမိုးသူ ၊ ကျော်သူ ၊ နေဆန်း ၊ ရန်အောင် ၊ရဲအောင် ၊ကိုလူမင်း ၊ ပြေတီဦး ၊ ရဲတိုက်၊ နေတိုး ၊ ဇေယျာသော် ၊ ကင်းကောင် ၊ အရိုင်း ၊ ကောင်းကျော်၊ မင်းမော်ကွန်း၊ နန္ဒ ၊ သီးလေးသီးမှ ညီအကိုမောင်နှမများ ၊ အိနြေ္ဒကျော်ဇင် ၊ ထွန်းအိနြေဗိုလ် ၊ ချိုပြုံး ၊ မြင့်မြင့်ခင် ၊ ခင်လေးနွယ် ၊ ဖွေးဖွေး ၊ သျှီ ၊ ပုလဲဝင်း ၊ သင်ဇာဝင့်ကျော် နှင့် အခြားသော အနုပညာရှင်များလည်း လာရောက် တွေ့ဆုံခဲ့သည်။


http://www.myitmakhamediagroup.com/detail.php?newid=398



Burma VJ Media Network

ဒေါ်အောင်ဆန်းစုကြည်နှင့်ရုပ်ရှင်အနုပညာရှင်များ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေး........


၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ဖေါ်ပြ




TIME, NewsWeek ကို အင်းဝစာအုပ်တိုက်မှ မှာပြီး အပတ်စဉ် ဖတ်ပါတယ်။ တစ်ခါတစ်လေ စာအုပ်အလယ်က စာရွက်တွေ စုတ်ဖြဲထားတာတွေ့ ရလို့  မေးကြည့်တော့ မြန်မာပြည်သတင်း ပါလာလို့  လို့ ပြောပါတယ်။ တစ်ပတ်မှာ NewsWeek ပဲလာပို့ ပြီး TIME လုံးဝပါမလာလို့  မေးကြည့်လိုက်တဲ့အခါ Cover Story အနေနှင့် ပါလာလို့ လို့  ပြောပါတယ်။ ဒီတစ်ခေါက် ဒီစာအုပ်ကို ဒီအတိုင်း ဖတ်ရမလား၊ မဖတ်ရဘူးလား ဆိုတာစောင့်ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့  နိုင်ငံရေးမီဒီယာရေချိန်ကို ခန့် မှန်းကြတာပေါ့။

(မောင်မြေဇာ-ရန်ကုန်)

ဦးခင်ရွှေ မှ စာနယ်ဇင်း သမားများအား စော်ကား ပြောကြားချက်




"(သမိုင်းကို ငွေနဲ့ ဝယ်လိုသူများ) ဦးခင်ရွှေ မှစာနယ်ဇင်း
သမားများအား စော်ကား ပြောကြားချက်
by demowaiyan

Download..
http://www.mediafire.com/?s4jp6a3c5sa0c17