Sunday, December 4, 2011

စုနဲ့ဖွေးဖွေး

by Phwe phwe face book.


one of the happiest day of my life...i met with my superhero!!! ~______~


၈၈၈၈ကာလမှာသူမကိုမွေးခဲ့တယ်...
၈၈၈၈သွေးတချို့သူမမှာရှိနိင်ပါတယ်။

yayyyy!!!!!!!!i got her autograph!!!! ~__________~





India perspective on Clinton's visit to Burma

ဒေါ်အောင်ဆန်းစုကြည်က မင်ဒဲလား၊ ဦးသိန်းစိန်က ဒီကလက် ဖြစ်နိုင်သလား




Sunday, 04 December 2011 03:03 ညီစောလွင်


တခါတရံ မမျှော်လင့်သော အခြေအမျိုးမှာ မမျှော်လင့်သော အပြောင်းအလဲများ ဖြစ်သွား တတ်ပါသည်။
ဆိုဗီယက်ပြည်ထောင်စုက မီးခေးဂိုဘာ့ချော့၏ ဂလက်စနော့စ်ဒ်၊ ပယ်ရီစထွိုက်ကာ ဆိုသည့် ဖြေလျှော့မှုများ (လစ်ဘရယ်လိုက်ဇေးရှင်း) သည် စစ်အေးခေတ်၏ အမှောင်မိုက်ဆုံးကာလတွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ အဲဒီအချိန် အမေရိကန်သမ္မတ ရော်နယ်ရေဂင်၏ မဟာဗျူဟာမြောက် ဒုံးကျည် ကာကွယ်ရေး၊ အမေရိကန်နှင့် ဆိုဗီယက်တို့ကြား အာဖဂန်နစ္စတန်နှင့် တခြားဒေသတို့တွင် ကြားခံစစ်ပွဲများ တိုက်၍ကောင်းဆဲ အချိန်မျိုးတွင် ဖြစ်ပါသည်။
တရုတ်ပြည်က တိန်ရှောင်ပင်၏ စီးပွားရေးတံခါးပွင့်မှုသည်လည်း တရုတ်၏ ဗီယက်နမ်ကို မအောင်မြင်သော ကျူးကျော်မှု (၁၉၇၈ ခုနှစ်) နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
တောင်အာဖရိကတွင် အသားအရောင် ခွဲခြားမှုစနစ်၏ ခေါင်းဆောင် အက်ဖ် ဒဗလျူ ဒီကလက် ကိုယ်တိုင်ကိုလည်း အသားရောင်ခွဲခြားမှု စနစ်ဘက်က ရပ်ခံကာကွယ်ပေးသူအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ သူလို လူမျိုးက လူမည်းခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားကို လွှတ်ပေးပြီး၊ လူဖြူလူနည်းစုအုပ်ချုပ်ရေးကို အဆုံးသတ်စေမည့်သူဖြစ်လာမည်ဟု ယုံမှတ်ရန် ခဲယဉ်းလှပါသည်။
ယခုလည်း မြန်မာပြည်မှာ အမှန်တကယ်ပဲ ပြောင်းလဲမည်လားဆိုသည့် မေးခွန်းကို တကမ္ဘာလုံးက သိချင်နေကြသည်။ မြန်မာပြည်သည် ဒီကလက် ခေတ် တောင်အာဖရိက ဖြစ်မည်လား။ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ နှစ်ဦးကရော ၁၉၉၀ ပြည့်လွန်နှစ်များဆီက တောင်အာဖရိက၏ နယ်ဆင် မန်ဒဲလားနှင့် ဒီကလက်တို့ ဖြစ်နိုင်မည်လား။ စိတ်ဝင်စားစရာပါ။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက တောင်အာဖရိကနိုင်ငံ၊ ဂျွန်ဟန်နာစဘက် တက္ကသိုလ်မှာ သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်သော အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ဗီဒီယိုမိန့်ခွန်း ပြောခဲ့ပါသည်။
"မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုချင်တယ်၊ လွတ်လပ်မှုကို တောင့်တတယ်၊ လုံခြုံမှုကို လိုချင်တယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင့်တတယ်၊ သတ္တိနဲ့ ၀ိရီယနဲ့ ကြိုးစားမယ် ဆိုရင် ဒါတွေကို တကယ်ရနိုင်တယ်ဆိုတာကို တောင်အာဖရိက ကျမတို့ကို သင်ကြား ပေးခဲ့ပါတယ်၊ ကျမတို့ဟာ တောင်အာဖရိကရဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ နယ်ဆင်မင်ဒဲလား၊ ဒက်စမွန် တူးတူးတို့ကို လေးစား အားကျကြပါတယ်"
ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလားတို့ တူသည့်အချက်မှာ တည်ကြည်ဖြောင့်မတ်မှုနှင့် အာဃာတစိတ်ကင်းမှုတို့ ဖြစ်မည်။ နှစ်ဆယ်ခုနစ်နှစ်ကြာ အကျဉ်းကျခံရသည့် မင်ဒဲလားနှင့် အနှစ်နှစ်ဆယ်နီးပါး နေအိမ်အကျဉ်းကျခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မတူသည့်အချက်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယခင်ကလည်း မျှော်လင့်ချက် မြင့်မားသော အချိန်ရှိခဲ့သလို၊ စိတ်ပျက်အားလျှော့စရာ အချိန်များလည်း ရှိခဲ့ပါသည်။
၁၉၉၀ ပြည့်လွန်နှစ်အလယ်ပိုင်းက တကြိမ်၊ ၂၀၀၂-၂၀၀၃ ခုနှစ်များကတကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်တပ်ကြားက ရင်ကြားစေ့ရေး ဖြစ်နိုင်ခြေများ အလားအလာ ကောင်းခဲ့သည်၊ နှစ်ကြိမ်စလုံးတွင် အစိုးရအဖွဲ့အတွင်းမှ သဘောထားတင်းမာသူများဘက်က အသာစီးရခဲ့ပြီး ပြုပြင်ပြောင်းလဲရေး အလားအလာလည်း တစစီပျက်စီးခဲ့ရသည်ဟု ယူဆကြသည်။
ယခုတကြိမ်တွင်လည်း သဘောထားတင်းမာသူများအတွက် စိုးရိမ်စရာ ရှိနိုင်မလား၊ စဉ်းစားစရာ ရှိပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌက သူရဦးရွှေမန်းက..
" ဒီနေ့ ဒီစနစ်ကို ပြောင်းလိုက်တယ်၊ စနစ်ဟောင်းကို တွယ်တာတဲ့လူတွေက လက်မခံသေးဘူး၊ အဲဒီအားကလည်း အတော်ကြီးတယ်.. လွှတ်တော်အတွက် အခက်အခဲမဟုတ်ဘူး၊ နိုင်ငံအတွက် အခက်အခဲပဲ..." ဟု ဆိုပါသည်။
သို့သော်လည်း လက်ရှိအပြောင်းအလဲများသည် နောက်ကြောင်းမပြန်နိုင်ပါဟု သူရဦးရွှေမန်းက အာမခံသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နှင့် အတိုက်အခံ တော်တော်များများကလည်း အစိုးရသစ် တက်လာသည့်နောက်ပိုင်း ဖြေလျှော့မှုတချို့ကို အစစ်အမှန်ဖြစ်နိုင် ကောင်းသည်ဟု ယုံကြည်ချင်နေကြသည်။
မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် လူသူသူရှေ့မှာ တစွန်းတစမျှ ပြောလေ့ပြောထ မရှိသည့်အတွက် သူတို့ကို နားလည်ရန် ခက်ခဲပါသည်၊ ဘာ့အတွက် ရွေးကောက်ပွဲလုပ်သည်၊ တလျှောက်လုံး ဖိနှိပ်ထားသည့် အတိုက်အခံနှင့် ဘာအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ရန် လမ်းဖွင့်ပေးရသည် တို့ကို နားလည်နိုင်ရန် ခက်ခဲပါသည်။
လက်ရှိအဖြစ်အပျက်များအပေါ် အခြေခံပြီး ဖြစ်နိုင်ခြေတရပ်ကို ကောက်ချက်ဆွဲရမည်ဆိုလျှင် မြန်မာအစိုးရသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ကင်းကွာခဲ့သည့်နှစ်များတွင် တရုတ်၏ လွှမ်းမိုးမှုကို အသက်ရူကျပ်မတတ်ခံစားလာရသည့်အပေါ် စိုးရိမ်မှုတိုးလာသောကြောင့် ဖြစ်လာသည်ဟု ကောက်ချက်ဆွဲနိုင်ပါသည်။
မြန်မာအစိုးရသည် တရုတ်အရင်းအနှီးဖြင့် တည်ဆောက်နေသည့် ဧရာဝတီမြစ်ဆုံ ရေကာတာကို ဆိုင်းငံ့ရန် ကြေညာခဲ့သည်၊ ယင်းဆုံးဖြတ်ချက်သည် အရေးကြီးသည့် ပေါ်လစီ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း ပြသလိုက်ရာလည်း ရောက်သည်။ တကမ္ဘာလုံးကိုလည်း မြန်မာအစိုးရသစ် သည် ယခင်အစိုးရနှင့်မတူ၊ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ဖိအားကို အလေးဂရုပြုသည် ဆိုသည်ကို အချက်ပြလိုက်ရာလည်း ရောက်သည်။
တချိန်တည်းလိုလိုမှာပင် ဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပြီး တိုက်ရိုက်စကားပြောခဲ့သည်၊ ယခုအထိ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဘယ်အချိန်နှင့်မှ မတူသည့် လွတ်လပ်မှုကို ရရှိလာသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်း ကြားဖြတ်ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။
အကယ်၍ ကျန်နေသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးလျှင်၊ တိုင်းရင်းသား ဒေသက စစ်ပွဲများကို ရပ်ဆိုင်ပြီး တန်းတူရည်တူ တွေ့ဆုံဆွေးနွေးပွဲဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်လျှင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နှင့် အန်အယ်ဒီပါတီက အမတ်လောင်းများ ရွေးကောက်ပွဲအတွက် လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ရပြီး၊ ရွေးကောက်ပွဲများလည်း လွတ်လပ်တရားမျှတလျှင် ဦးသိန်းစိန်နှင့် သူ့အစိုးရအဖွဲ့တွင် အမှန် တကယ်ပဲ အပြောင်းအလဲကို ဦးတည်လုပ်ရန် ဆုံးဖြတ်ထားပြီး ဆိုသည့်အချက်က ပိုရှင်းသွားပါလိမ့်မည်။ အမေရိကန်အပါအ၀င် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပို၍ရမှာသေချာပါသည်။
သမ္မတဦးသိန်းစိန်က မြန်မာပြည်အပေါ် ချမှတ်ထားသည့် စီးပွားရေးနှင့် နိုင်ငံရေး ဒဏ်ခတ် ပိတ်ဆို့မှုများ အားလုံးကို ချက်ချင်းလက်ငင်းရုပ်သိမ်းစေချင်မည်မှာ သံသယဖြစ်စရာ မရှိသော်ငြား၊ ယင်းကဲ့သို့ အထွေထွေရုပ်သိမ်းပေးမှုမျိုးမှာ ယခုအချိန်တွင် စောလွန်းပါသေးသည်ဟု ပြောသည်။
သို့သော်လည်း မြန်မာအစိုးရဘက်က ရှင်းလင်းသည် နိုင်ငံရေး ဖြေလျှော့မှုတခုလုပ်တိုင်းမှာ နိုင်ငံတကာကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများကို ဟန်ချက်ညီညီ ဖြေလျှော့ပေးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကတိပေးသွားခဲ့သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို စေလွှတ်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ခိုင်းသည့် ကိစ္စကလည်း ကမ္ဘာကြီးက မြန်မာကို အထီးကျန်ထားသည့် ဘ၀ကို အဆုံးသတ် စေချင်ကြောင်း ပြသလိုက်သည့် လက္ခဏာပင်ဖြစ်သည်၊ အလားတူ မကြာခင်ကပဲ အာဆီယံကလည်း မြန်မာပြည်ကို ၂၀၁၄ မှာ အာဆီယံဥက္ကဌ တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်၊
သို့သော် ပြည်တွင်းမှာ နှစ်ဖက်စလုံးက မတူညီမှုများကို ညှိယူပြီး ရှေ့သို့ ချီတက်သည့်နေရာတွင် တချိန်က တောင်အာဖရိက၏ မင်ဒဲလားနှင့် ဒီကလက်တို့ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ အောင်မြင်နိုင်မလား စိုးရိမ်စရာဖြစ်သည်။
ယခုအထိ မြန်မာပြည် ကိစ္စနှင့်ပတ်သက်လျှင် ဘယ်သူမှ ယတိပြတ်မပြောရဲကြသေးပါ၊ သမ္မတဦးသိန်းစိန်၏ ယခုအချိန်အထိ လုပ်ဆောင်ချက်တချို့ကို တောင်အာဖရိကမှာ ဒီကလက်၏ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းများနှင့် ဆင်တူသည်ဟု ယူသော်ရနိုင်ပါသည်။
အောက်တိုဘာလကုန်ပိုင်းမှာ ဝေါစထရိဂျာနယ်က အင်တာဗျူးသောအခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်၏လက်ရှိအခြေအနေသည် တောင်အာဖရိ၏ ၁၉၉၀ ပြည့်နှစ်တုန်းက အခြေအနေမျိုးနှင့်ဆင်တူသည်ဟု နှိုင်းယှဉ်ခဲ့ပါသည်။
မြန်မာပြည်ကံကောင်းသည့်အချက်မှာ အတိုက်အခံဘက်တွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်ရှိနေသဖြင့် မြန်မာပြည်၏ နယ်ဆင် မင်ဒဲလား မှာ ရှိနေပြီးသားဖြစ်သည်၊ သို့သော် ယခင်စစ်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်း၊ လက်ရှိသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကရော မြန်မာပြည်၏ ဒီကလက် ဖြစ်၊ မဖြစ်က မသေချာသေးပါ။
မြန်မာပြည် ကံဆိုးသည့်အချက်မှာ ထိုမသေချာသေးသည့် ဦးသိန်းစိန်ကိစ္စ (Thein Sein Factor) သည် မြန်မာပြည် အသွင်ကူးပြောင်းရေး အောင်မြင်ရေး၊ မအောင်မြင်ရေးကို အဆုံးအဖြတ် ပေးရာတွင် အခရာ ကျနေသည်။
ညီစောလွင်
ဒီဇင်ဘာ ၄၊ ၂၀၁၁
ရည်ညွန်း - A Democratic Burma? By Yuriko Koike

http://www.maukkha.org

အဖွဲ့​ချုပ်​ခေါင်း​ဆောင် ဦး​တင်ဦး​ ​ရွေး​ကောက်ပွဲဝင်ပြိုင်မည်မဟုတ်


Published on December 4, 2011 by ပီတာအောင်

လာမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ​တွေမှာ လွှတ်​တော် ကိုယ်စား​လှယ်​လောင်း​အဖြစ် ဝင်​ရောက်ယှဉ်ပြိုင် အ​ရွေး​ခံမှာ မဟုတ်ဘူး​လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ဦး​တင်ဦး​က ​ပြောကြား​လိုက်ပါတယ်။

“အသက်ကြီး​ပြီဗျာ။ လူငယ်​တွေကို အစား​ထိုး​ချင်ပြီဗျာ၊​ လူငယ်​တွေ ရှိပါတယ်ခင်ဗျ။ ကျ​နော်က​တော့​ မဝင်ပါဘူး​ခင်ဗျ။ ​တော်​လောက်ပါပြီ၊​ လွှတ်​တော်ထဲမှာ ​ပြောချင်ဆိုချင်စိတ်လည်း​ မရှိပါဘူး​ခင်ဗျာ” လို့​ အသက် ၈၅ နှစ် အရွယ် ဦး​တင်ဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

ဒါ​ပေမယ့်​ ပါတီရဲ့​ ရည်မှန်း​ချက်​တွေ ​အောင်မြင်​အောင် ကိုယ်စွမ်း​ဉာဏ်စွမ်း​ ရှိသ​လောက် ဝန်း​ရံပံ့​ပိုး​ ကူညီသွား​မယ်လို့​ ​ပြောပါတယ်။

ကာကွယ်​ရေး​ဦး​စီး​ချုပ်​ဟောင်း​နဲ့​ အန်အယ်လ်ဒီ စတင်ထူ​ထောင်ရာမှာ ပါဝင်ခဲ့​တဲ့​ ဦး​တင်ဦး​ဟာ ပြီး​ခဲ့​တဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲနဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲ ကျင်း​ပချိန်​တွေမှာ ​နေအိမ် အကျယ်ချုပ်နဲ့​ ထိမ်း​သိမ်း​ခံခဲ့​ရတာပါ။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​နေနဲ့​ မှတ်ပုံပြန်တင်ပြီး​ ​ရွေး​ကောက်ပွဲ​တွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့​ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ ၁၈ ရက်​နေ့​က ဆုံး​ဖြတ်လိုက်ပြီး​နောက်မှာ ဦး​တင်ဦး​ အပါအဝင် ၂၁ ဦး​က ပါတီထူ​ထောင် လို​ကြောင်း​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှာ ​လျောက်ထားဆဲ ဖြစ်ပါတယ်။

ပါတီအ​နေနဲ့​ တည်​ထောင်ခွင့်​နဲ့​ မှတ်ပုံတင်ခွင့်​ ရပြီး​ပါက ပါတီဝင်​တွေကို ပြန်လက်ခံဖို့​ ပြင်ဆင်မှု​တွေ ပြုလုပ်​နေတယ်လို့​ သိရပါတယ်။
ပါတီဝင်အ​ရေအတွက် တသန်း​လောက်ထိ ​လျောက်ထား​နိုင်တယ်လို့​လည်း​ ပြည်တွင်း​ထုတ်ဂျာနယ်​တွေမှာ ခန့်​မှန်း​ချက်​တွေ ထွက်​ပေါ်​နေပါတယ်။ ဒါ​ပေမယ့်​ ဒီအ​ရေအတွက်ကို အန်အယ်လ်ဒီပါတီက​တော့​ အတည်ပြု ​ပြောဆိုခြင်း​ မရှိပါဘူး​။

ပါတီ ​ပြောခွင့်​ရသူ ဦး​ညဏ်ဝင်း​က “ကျ​နော်တို့​ အ​ရေအတွက်ကို အဲဒီလို ဆုံး​ဖြတ်ချက် သတ်မှတ်ချက် မရှိပါဘူး​။ မြန်မာနိုင်ငံတွင်း​က စည်း​ကမ်း​နဲ့​ ညီညွတ်တာ ကျ​နော်တို့​သတ်မှတ်ချက်နဲ့​ ညီညွတ်တာ ဝင်လာသမျှ လက်ခံရမှာပဲ​လေ အ​ရေအတွက် ​ပြောတာက​တော့​ ကိုယ့်​ဘာသာကိုယ် ခန့်​မှန်း​ပြီး​ ​ပြော​နေကြတဲ့​သ​ဘောပါ။”လို့​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ပြည်နယ်နဲ့​တိုင်း​ မြို့​နယ်​တွေမှာ ရုံး​ခွဲ​ပေါင်း​ ၃၀၀ ​လောက် ဖွင့်​လှစ်ထား​တာ ဖြစ်ပါတယ်။ ၁၉၉၀ ​ရွေး​ကောက်ပွဲ ကျင်း​ပတဲ့​ ကာလဝန်း​ကျင်မှာ ပါတီဝင် အ​ရေအတွက် ၂ သန်း​လောက် ရှိတယ်လို့​ ခန့်​မှန်း​ခဲ့​ကြဖူး​ပါတယ်။ ​နောက်ပိုင်း​မှာ အာဏာပိုင်​တွေက ပါတီရုံး​တွေကို ဝင်​ရောက် စီး​နင်း​ချိတ်ပိတ်ပြီး​နောက် ပါတီဝင်​တွေရဲ့​ အ​ထောက်အထား​ မှတ်တမ်း​တွေ ဆုံး​ရှုံး​သွား​ခဲ့​ရတာပါ။

မြန်မာအစိုး​ရက​တော့​ အန်အယ်လ်ဒီကို တည်​ထောင်ခွင့်​ပြု ​လျှောက်ထား​ချက်ကို ခွင့်​ပြုခြင်း​ မရှိ​သေး​တဲ့​အပြင် ၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​ လစ်လပ် မဲဆန္ဒနယ်​တွေအတွက် ကြား​ဖြတ်​ရွေး​ကောက်ပွဲ​တွေကိုလည်း​ လာမယ့်​ ၃ လ အတွင်း​ ကျင်း​ပဦး​မှာ မဟုတ်ဘူး​လို့​ကြေညာထား​ပါတယ်။ http://burmese.dvb.no/archives/18524

လှည်းကူးမြို့ နယ်ရှိ NDF ပါတီရုံးခွဲဆိုင်းဘုတ်ဖြုတ်ပြီး ပါတီဝင်များ NLD ပါတီသို့ ပြန်လည်ဝင်ရောက်

by Burma VJ Media Network on Sunday, December 4, 2011 at 2:07am

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် ကြိုဆိုထောက်ခံသည့်အနေနှင့် လှည်းကူးမြို့နယ်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDFပါတီရုံးခွဲဆိုင်းဘုတ်ကို ဒီဇင်ဘာလ၂ရက်နေ့က ဖြုတ်ချလိုက်ပြီလို့ သတင်းရရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီအနိုင်ရမှာစိုးတဲ့အတွက် NDFပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုလို NLD ပါတီရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်တဲ့အတွက် NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကိုအင်အားတရပ်အနေနဲ့ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။အခုလိုဆိုင်းဘုတ်ဖြုတ်ပြီး NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကို ဝင်ရောက်တော့မှာ ဖြစ်တဲ့အကြောင်းကို NDF ဗဟိုအပါအဝင် လှည်းကူးမြို့နယ် ကော်မရှင်ရုံးနဲ့ လှည်းကူးမြို့နယ် မယကကိုလဲ အကြောင်းကြားစာပေးပို့ထားတယ်လို့ ဆိုပါတယ်။

လှည်းကူးမြို့နယ် NDF ပါတီက EC ၁၀ ယောက်နဲ့အဖွဲ့ဝင်တွေ အပါအဝင် လျာထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အနီးအနားကျေးရွာတွေကိုပါ လှည့်လည်စည်းရုံးပြီး အခုလိုဆုံးဖြတ်ချက် ချခဲ့ကြတာဖြစ်ပါတယ်။

ကျန်တဲ့ပါတီအဖွဲ့ဝင်တွေကလဲသဘောတူညီနေကြပြီးကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီရွေးကောက်ပွဲဝင်ဖို့အတွက် အင်အားအနေနဲ့ ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ သိရပါတယ်။

လှည်းကူးမြို့နယ် အင်းတိုင်တပ်နယ်ကလှည်းကူးမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဝင် ဒေသခံ ၅၇ ယောက်ကလည်း NLD ပါတီနဲ့ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိတဲ့အတွက် လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးNLD ပါတီကိုဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လာရောက်အကြောင်းကြားထားတာရှိတယ်လို့လဲလှည်းကူးမြို့နယ် NLD ပါတီဝင်တစ်ဦးက ဘားမားဗီဂျေကို ဆက်သွယ်ပြောဆိုပါတယ်။



By ဇာဏီ ( Burma VJ Media Network)

မြို့နယ် ၃ ရာကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည်

2011-12-04

ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ၊ ရုံးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်းကျတော့ အမျိုးမျိုး နှိပ်ကွပ်ခံရတာနဲ့၊ အချင်းချင်းထဲမှာ ဟိုဟာ မဖြစ်တာနဲ့၊ နောက် မြို့နယ်တချို့က ဆိုင်းဘုဒ်တွေဘာတွေ ပြုတ်ကျ ဆိုတာနဲ့ ရုံးတွေ မဖွင့်နိုင်တော့တာ။ အခု ပြန်ပြီး စည်းရုံးမယ်ဆိုရင် ရည်ရွယ်ထားတာတော့ မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ ဖွဲ့နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ မြို့နယ်ပေါင်းက တပြည်လုံးမှာ ၃၁၄ မြို့နယ်၊ အခု ထပ်ပြီး ပြင်ဆင်တာနဲ့ဆိုရင် ၃၂ဝ ကျော်မယ် ထင်တယ်”

တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ရှိနေတာကြောင့် အခုကတည်းက ကြိုတင်စီမံထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

NLD အနေနဲ့ ပါတီဝင်လျှောက်လွှာ ၁ သန်းကိုလည်း ရိုက်နှိပ်ပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်အွန်လိုင်းက တဆင့်လည်း လျှောက်လွှာတင်နိုင်အောင် စီစဉ်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။
http://www.rfa.org/burmese/news/nld-reorganize-12042011084159.html

ပြောင်းအသေးနဲ့ချိန်လို့သာပေါ့အစိုးရသစ်ကြီးရယ်




by Maung Maung Wann on Saturday, December 3, 2011 at 9:06pm

အောင်မိုးဝင်း


(ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟယ်လာရီကလင်တန် တို့တွေ့ဆုံဆွေးနွေးကြတာတွေ၊ အနုပညာရှင်တွေနဲ့ ဆုံဆည်းကြတာတွေကို ကြည့်ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်။ အရောင်အသွေးစုံလင်းလက်တောက်ပနေကြတာမြင်တော့ ကျနော်တို့ပြည်သူတရပ်လုံးလည်း အဲ့သလို ပေါ့ပါးလန်းဆန်းနေကြရင်ဘယ်လောက်ကောင်းမလဲ လို့တွေးမိတယ်။ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ မလွတ်မြောက်သေးသရွေ့၊ ကျနော်တို့ ရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေကို လွှတ်မပေးသေးသရွေ့ကတော့၊ ရေးစရာရှိတာတွေကို ဆက်ပြီးရေးနေဖြစ်အုံးမှာပါ။)
ပြောင်းအသေးနဲ့ ချိန်လို့သာပေါ့ အစိုးရသစ်ကြီးရယ်
မကြာသေးခင်ရက်များအတွင်းက အမေရိကန်ပြည်ထောင်စုဆီကို ခဏအလည်ရောက်လာတဲ့ မြန်မာနိုင်ငံသားမိတ်ဆွေတဦးက ရန်ကုန်မြို့အတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေတွေကို ပြောပြတယ်။ “ ပုဇွန်တောင်၊ ရေကျော်၊ တောင်ဥက္ကလာပ လို နယ်မြေတွေအပါအဝင် ရပ်ကွက်တော်တော်များများမှာ၊ ညနေစာ စားစရာ မရှိတော့ ပဲကြီးလှော်တွေကို အစာပြေစား ရေနဲ့မျောချကြတယ်။ လူမြင်တဲ့အခါကျတော့ သိတ်မစာလို့ ညနေစာ မစားဖြစ်တော့တာ လို့ ပြောကြရှာတယ်။ ကျနော်တို့အချင်းချင်းသိနေတာပေါ့ဗျာ။ သူတို့ဆာလောင်မှုတွေကို ဖော့ပြောနေကြတယ် ဆိုတာ”
သူ့စကားကို နားထောင်ပြီး ချားရပတ်တခုဆီက ပြုတ်ကျသွားသလိုမျိုးခံစားရပါတယ်။ “အေးဗျာ။ ကျနော်တို့လူမျိုးတွေက သည်းခံစိတ်တွေက များတယ်။ ကိုယ့်ကို စော်ကားသွားတာတောင် ခွင့်လွှတ်စိတ်နဲ့ကြည့်တာမျိုးတွေလည်း များတယ်” လို့ စကားဆက်လိုက်မိတယ်။  ကျနော်တို့ အညာရွာဘက်က အဖြစ်အပျက်တခုကို ပြောပြခဲ့တယ်။
(၁)
ကျနော်တို့အမျိုးထဲမှာ ဦးထွန်းအေး ဆိုတဲ့ ဦးလေးကြီးတယောက်ရှိတယ်။ သူက မြို့ကိုမကြာခဏတက်တက်လာပြီး အမျိုးတွေအိမ်မှာလာရောက်တည်းလေ့ရှိတယ်။ သူ အိမ်ကိုရောက်ပြီး သိတ်မကြာခင်မှာ  သူ့ရဲ့အနားကို အမျိုးတွေက ဝိုင်းဖွဲ့လာရပ်ကြတယ်။ သူ့ဆီက ပုံတိုပတ်စ၊ ဟာသတွေကို ကြားရတော့မှာဆိုတာ မျှော်လင့်ထားကြတော့ လူတိုင်းက ရယ်မော ဖို့ အသင့်ပြင်ထားတယ်။ ဒီတခါ သူပြောပြတဲ့ ဇာတ်လမ်းကတော့ မှတ်လောက်သားလောက်အောင်ပါပဲ။
တရက်မှာ ဘုတလင်ဘက်က ရွာတရွာကို ဓါးပြ ဝင်တိုက်တယ်။ ဓါးပြတွေက ရွာက လူတွေ အားလုံးကို ကွင်းပြင်တခုမှာထုတ်ပြီး နားကပ်၊ဆွဲကြိုးကအစ အကုန်ဖြုတ်ခိုင်းတယ်။ “ အဘွားကြီး သေချင်သလား၊ ပြောနေတာကို အေးအေးဆေးဆေး နားထောင်၊ လက်ထဲမှာ ဖွက်ထားတာ တွေ့လို့ကတော့ လက်ဖြတ်ယူပစ်မယ်။ တခြားနေရာမှာဖွက်ထားရင်လည်း ရှစ်ခြမ်းခြမ်းပစ်လိုက်မယ်။”        “ေ-ွးမသား၊ မင်းမိန်းမ မုဆိုးမဖြစ်သွားချင်လို့ ယောင်တောင်ပေါင်တောင်လုပ်နေတာလား အိမ်ထဲက ဖွက်ထားတဲ့ မင်းမိန်းမရဲ့ လက်ကောက်ကို သွားထုတ်” “ ဟို အဖွားကြီး မေးလေးရမ်းရမ်း ရမ်းရမ်း၊ မျက်ရည်လေးစမ်းစမ်း စမ်းစမ်း လုပ်မနေနဲ့။ သနားတတ်ရင် ဘုန်းကြီးဝတ်မယ်။ မသနားတတ်လို့ ဓါးပြလုပ်တာ၊ မျက်ရည်ခံထိုးမနေနဲ့ ခေါင်းဖြတ်ပစ်လိုက်မယ်။”
-ဟား---အစုံပဲ။ ဆဲဆို ခြိမ်းခြောက်တော့တယ်။ တချို့က ငှက်ကြီးရောင်ဓါးတဝင်းဝင်း၊ တချို့က တော့ နှစ်လုံးပြူးသေနတ်ကို မောင်းတင်သံလုပ်လိုက်၊ သေနတ်ဒင်နဲ့ ရွာသားတယောက်ရဲ့ ခေါင်းကို ထုလိုက်သေးတယ်။ ရွာမှာရှိသမျှပစ္စည်းအကုန်လုံးလည်းတိုက်ယူပြီးရော၊ ဓါးပြတွေလည်း အမှောင်ထဲမှာပျောက်သွားကြတယ်။
နောက်တနေ့မနက်မှာ ဦးထွန်းအေးတို့က ဓါးပြတိုက်ခံရတဲ့ ရွာကို အလည်ရောက်သွားတယ်။ သူနဲ့ရင်းနှီးတဲ့ အဒေါ်ကြီးတယောက် အိမ်ရှေ့ကိုလည်းရောက်ရော၊ အဒေါ်ကြီးက ညက ဓါးပြတိုက်ခံရတဲ့အကြောင်းကို ဇာတ်စုံခင်းတော့တာပဲ။ ဒါပေမဲ့ အဲ့ဒီ အဒေါ်ကြီးရဲ့မှတ်ချက်က တော်တော်လေးထူးဆန်းတယ်။
“ အောင်မလေး ငါတူရယ်၊ ဓါးပြတွေက သဘောကောင်းရှာပါတယ်။ အဒေါ်တို့ကို ပြောင်းအသေးနဲ့ပဲ ချိန်ရှာတာ။ ပြောင်းအကြီးနဲ့သာ ချိန်လို့ကတော့ အဒေါ်တို့ မလွယ်ဘူး” တဲ့။
ဝိုင်းဖွဲ့နားထောင်နေတဲ့ အမျိုးတွေက မေးတယ်။
“ ဘာလဲဗျ၊ ပြောင်းအသေးနဲ့ချိန်တယ်ဆိုတာ----”
ဦးထွန်းအေးကလည်း မေးတာကို မဖြေသေးဘူး။ ရေနွေးကြမ်းတခွက်သောက်ပြီး အက်တင်ခံနေသေးတယ်။ ပြီးမှာ အားရပါးရပြုံးပြီး
“ ဟာ့ ဟေ့ကောင်တွေရေ- ရွာက လူတွေက နှစ်လုံးပြူးသေနတ်ပြောင်းအဝ ကို ပြောင်းအသေး၊ သေနတ်ဒင် ကို ပြောင်းအကြီး လို့ ထင်တာကွ၊” တဲ့။
ကျနော်တို့မှာ ရယ်သာရယ်နေရတာ စိတ်ကမကောင်းဘူး။ အော်- ဖြစ်မှ ဖြစ်ရလေ လို့သာ မှတ်ချက်ချနေလိုက်မိတယ်။
(၂)
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့၊ အန်ဒီအက်ဖ်ပါတီ၊ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမြတ်ညာဏစိုး ရဲ့ အင်တာဗျူးကိုနားထောင်ပြီးတော့ ဦးထွန်းအေးပြောတဲ့ ရွာက အဒေါ်ကြီးကို သွားသတိယမိတယ်။
 “ဒေါက်တာမြတ်ညာဏစိုး” က ဟယ်လာရီ ကလင်တန် အလည်လာတဲ့ ခရီးစဉ်၊ တွေ့ဆုံပွဲ နဲ့ ပတ်သက်ပြီး ၊ ကြံ့ဖွံ့စစ်ခေါင်းဆောင် တယောက်ပြောတဲ့စကားကို ပြန်ဖောက်သည်ချတယ်။ ။ “ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းမှု လုပ်တဲ့အလုပ်ကို နောက်တခါ မလုပ်မိအောင်ကြိုးစားမယ်သွားမယ်” ဆိုတဲ့စကားပါ။
ဘုရား-ဘုရား-- ဟုတ်ပါ့မလား။ အမှောင်ထဲမှာ ငှက်ကြီးရောင်ဓါး မိုးထားတဲ့ မျက်လုံးတွေကို မြင်နေရတယ်။ ;ဓါးပြတိုက်ခံရတဲ့ ညမှာ ဘာတွေမျှော်လင့်လို့ရနိုင်သလဲ။ “သနားတတ်ရင် ဘုန်းကြီးလုပ်မယ်။ မသနားတတ်လို့ ဓါးပြလုပ်တာကွ” တဲ့။ ခြိမ်းခြောက်သံကြီးက အသံလွှင့်ဋ္ဌာနတွေဆီမှ လျှို့ဝှက်ပြီး ကြားနေရသလိုမျိုး၊
ကျနော့စိတ်ထဲမှာ၊ မေးခွန်းနှစ်ခုမေးကြည့်နေမိတယ်။
(၁)၂၀၀၈ အခြေခံဥပဒေအရ၊ အနာဂတ်နိုင်ငံရေးကို စစ်အုပ်စုက လွှမ်းမိုးဦးဆောင်သွားမယ်။ “အရေးပေါ်အခြေအနေတွေမှာ စစ်အာဏာသိမ်းမှုကို အချိန်မရွေးလုပ်ခွင့်ရှိတယ်” ဆိုတဲ့ အချက်က ပါပြီးသားမို့လား။
(၂) စစ်တပ်က လွှတ်တော်ကို အာဏာသိမ်းထားပြီးသားကိစ္စ၊ အာဏာသိမ်းစရာလို လို့လား။
 (၃) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ စာတင်ခဲ့တယ်။ ဘယ်သူက မလွှတ်တာလဲ။ ဘယ်သူက အာဏာချုပ်ကိုင်ထားတာလဲ။ ဘဝရှင်မင်းတရားကြီး ဦးသန်းရွှေလား၊ ပြည်သူ့လွှတ်တော်အမတ်တွေလား။
အော်-- ဒေါက်တာ မြတ်ညာဏစိုး လည်း ရွာက အဒေါ်ကြီးလိုဖြစ်နေပြီ။
“အောင်မလေး ငါ့တူရယ်၊ ဓါးပြလေးတွေက သဘောကောင်းရှာပါတယ်။ အဒေါ်တို့ ကို ပြောင်းအသေးနဲ့ချိန်လို့သာပေါ့၊ ပြောင်းအကြီးနဲ့များချိန်ရင် အဒေါ်တို့ မလွယ်ဘူး” တဲ့။

ဆန္ဒပြမည့် နေ့စွဲ ၊ အချိန်၊ လူစာရင်း အပြောင်းအလဲကို ကြေငြာခြင်း

သို့
မြို့နယ်မှူး
ဒဂုံမြို့နယ်ရဲတပ်ဖွဲ့
ရက်စွဲ ။ ၅ . ၁၂ . ၂၀၁၁
အကြောင်းအရာ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြော ဆန္ဒဖော်ထုတ်ခွင့် တောင်းခံခြင်း
(၁) ရည်ရွယ်ချက် - အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်သတင်းစကားပေးလိုခြင်း
- ဖွံ့ဖြိုးတိုးတက်ရေးအတွက်သတင်းစကားပေးလိုခြင်း
- တရားမျှတမှုအတွက်သတင်းစကားပေးလိုခြင်း
(၂) နေ့ရက် - ၁၀ . ၁၂ . ၂၀၁၁
(၃) အချိန် - နံနက်(၉း၀၀)နာရီ မှ နေ့လည်(၁၂း၀၀)နာရီ ထိ
(၄) နေရာ - မြို့နယ်မှူး ခွင့်ပြုသတ်မှတ်သော နေရာ
(၅) ဦးဆောင်ဟောပြောမည့်ပုဂ္ဂိုလ်များ - ဦးဝင်းချို ၊ ဦးထောင်ကိုထန်း၊
ဦးဝေဠု ၊ ဦးနေမျိုးဝေ
၎င်းတို့၏ကိုယ်ရေးအချက်အလက်များ ပူးတွဲပေးပို့ပါသည် ။
(၆) ပါဝင်ဆောင်ရွက်မည့်သူများ - ဦးစိုးကြည် ၊ ဦးမင်းအောင် ၊ ဦးဝင်းချို၊
ဦးထောင်ကိုထန်း၊ ဦးဝေဠု၊ ဦးနေမျိုးဝေ၊ ဦးအောင်မျိုးဦး
(၇) ခန့်မှန်းလူဦးရေ - ၅၀ ဦးရေခန့်
(၈) အစီအစဉ် - စီတန်းလှည့်လည်ခြင်းပြုလုပ်မည်မဟုတ် / စာရွက်ဝေခြင်း နှင့်
ဟောပြောခြင်း ပြုလုပ်မည် ။
(၉) ၀န်ခံချက် - ခွင့်ပြုမိန့်ရရှိပါက “ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” နှင့်ခွင့်ပြုမိန့်ပါ
စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း
လေးနက်ခိုင်ကြည်စွာ ၀န်ခံကတိပြုပါသည်။


(၁၀) ၀န်ခံကတိပြုသူများ၏လက်မှတ်များ -
(က) လက်မှတ် - ……………..………………………………………
အမည် - ……………..………………………………………
နိုင်ငံသားစိစစ်ရေးအမှတ် - ………………………………………………………
ဆက်သွယ်ရန်လိပ်စာ - ………………………………………………………
………………………………………………………
………………………………………………………
ဖုန်းနံပါတ် - ………………………………………………


ဆန္ဒပြခွင့် ဥပဒေ သည် ဒီမိုကရေစီ နည်းမကျ သေး

by FNG on December 4, 2011


သီရီထက် ၊ ၊မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သောကြာ နေ့ က
ဥပဒေ အဖြစ် လက် မှတ် ရေး ထိုး အတည် ပြု လိုက် သည့် ဆန္ဒပြ ခွင့် ဥပဒေ မူကြမ်း
သည် ဒီမိုကရေစီ နည်း လမ်း မကျသေးဟု ရန်ကုန် မြို့  မှ တက်ကြွ လှုပ်ရှား သူ များ
က သုံးသပ် ပြောကြား သည်။

စုဝေး ဆန္ဒပြ ခွင့် ကို ၅ ရက် ကြိုတင် အကြောင်း ကြား ရခြင်း မှာ အိမ်နီးချင်း ထိုင်း နိုင်ငံ ၊ အမေ
ရိကန် နိုင်ငံ တို့  နှင့် လေးရက် ခွဲ ပင် ပို နေ သည် ဟု သူတို့  က ထောက် ပြ ကြ သည်။အစိုးရ၏
မလျှော်ကန် မှု နှင့် တရား နည်း လမ်း မကျ မှု များ အတွက် အစိုးရ ဆီ မှ ခွင့် ပြု ချက် ယူစရာ
မလို ပဲ ပြ သ နိုင် သည် ဟု ယခု ကာလီဖိုးနီးယား ပြည်နယ် အော်ကျူပိုင်း အုခ်လန် ဆန္ဒပြပွဲ
တွင် ပါဝင်သည့် မြန်မာ လူမျိုး ကို ရစ်ချတ် ထွန်းနိုင် က ပြောသည်။သူက ” ဒီမှာ လေ အမေရိ
ကန် တစ်နိုင်ငံ လုံး ဆန္ဒပြ နေတာ ပဲ မြို့ တိုင်းပဲ ဘာမှ ခွင့် ပြု ချက် ယူစရာ မလို ဘူး ၊ အစိုး ရ
အဆောက် အဦ တွေ ၊ အများ ပြည်သူ နဲ့  သက် ဆိုင် တဲ့ နေရာ တွေမှာ ပြ သ မယ့် ဆန္ဒ ပြ ပွဲ
တွေ အတွက် က တော့ ခွင့် ပြု ချက် မဟုတ် ဘူး ၊ တစ်ရက် ကြို အကြောင်း ကြား ရင် ရတယ်။
မနက် အကြောင်း ကြား ပြီး နေ့ လည် ပြ လို့ လဲ ရတယ် ဟု ပြောသည်။

ထိုင်းနိုင်ငံ တွင် လည်း ပြီး ခဲ့ သည့် နှစ် က ရှပ် နီ ၊ ရှပ် ၀ါ ဆန္ဒပြ ပွဲ များ ဖြစ်ရာ တွင် မည်
သည့် အဖွဲ့  အစည်း က မျှ ကြို တင် ခွင့်ပြုချက် တောင်းခံ ခြင်း မရှိ ဟု အဆိုပါ ဆန္ဒပြ ပွဲ
များတွင် ပါဝင် သည့် ဘန်ကောက် အခြေစိုက် ဒေသခံ ရှပ် နီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ
ကရာဝခ် ၀ါတနာ က FNG ကို ပြောသည်။

စုဝေး ဆန္ဒပြ ခွင့် ကို အခြေအနေအကြောင်းကြောင်း များ ကြောင့် ဆိုကာ ခွင့် မပြု ပေး နိုင်
သည့် အချက် လည်း ပါဝင် နေသဖြင့် ထို အချက် မှ ဥပမာ အား ဖြင့် အစိုးရ ၏ မလျှော်ကန်
သည့် လုပ် ရပ် များ ကို ဆန့် ကျင် ကန့် ကွက် လိုသူများ အနေဖြင့် ခွင့်ပြုချက် တောင်းပါက
အာဏာ ပိုင် များ က ခွင့် မပြု ပဲ နေနိုင် သည်။

ဆန္ဒပြ ခွင့် အတွက် ပါဝင်မည့် လူဦးမည် ၊ မည် သည့် ရည်ရွယ် ချက် နှင့် တာဝန်ခံ စီစဉ်မည့်
သူများ ၏ ကိုယ်ရေး ရာဇ၀င် ကို လည်း ဆိုင်ရာ သို့  ပေး ရမည် ဟု ဥပဒေ တွင် ပါရှိ သည်။

ဆန္ဒပြခွင့် အား သက်ဆိုင်ရာ သို့  မတင် ပဲ ဆန္ဒပြ လျှင် ဥပေဒ ကို ချိုးဖောက် သည် ဆိုကာ
ဥပေဒေ အရ အရေးယူ ခံရ နိုင် သည့် အနေ အထား မျိုးလည်း ယခု ဆန္ဒပြ ခွင် ဥပဒေ တွင်
တွေ့ ရ သည် ဟု နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်များ ကွန်ယက် မှ တာဝန် ရှိ သူ တစ်
ဦး က သုံးသပ် သည်။

မြန်မာ နိုင်ငံ တွင် စစ်တပ် က နိုင်ငံရေး အာဏာ မှာ ပါဝင်ပတ် သက်နေသမျှ ဆန္ဒပြ မှု ၊ လူထု
အုံကြွမှု တွေ ဟာ တစ်ချိန် မဟုတ် တစ်ချိန် ပေါ်လာ နိုင်စရာ အကြောင်း ရှိတယ် လို့  ၂၀၀၇
မျိုး ဆက် ကျောင်း သား တစ်ဦး က ပြောသည်။

လွှတ်တော် ကိုယ်စား ပြု ကော်မတီ မှဦးထောင်ဂိုထန်း ၊ ဦးဝင်းချို၊ ဦးနေမျိုးဝေ စသည့်
နိုင်ငံရေး လှုပ်ရှား သူ လူပုဂ္ဂိုလ် များ သည် ယခု လ ၁၂ ရက်နေ့ တွင် ဆန္ဒပြကြ မည် ဖြစ်
သည်။
http://freedomnewsgroup.com/2011/12/04/protests-bill/