Monday, December 5, 2011

မထက်ထက်ဦးဝေနှင့်ကိုဝင်းမြင့်မောင်

Burma VJ Media Network
အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ကိုဝင်းမြင့်မောင် (ခ) ကိုပဲပြုတ်ဟာ အပြာကမ်ပိန်းအဖြစ် ထောင်တွင်းဝတ်ဆင်ခဲ့တဲ့ အပြာရောင် အင်္ကျီနှင့်လုံချည်တို့ကို ဆက်လက်ဝတ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ထိရောက်စွာ အကောင်အထည်ဖော်ပေးဖို့ ဆိုတဲ့ အချက် ၂ ချက်ကို တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရှိရပါသည်။
ကိုဝင်းမြင့်မောင် (ခ) ကိုပဲပြုတ်ဟာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂း၄၅ မိနစ်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်တွင် ကျင်းပသော အစည်းအဝေး တက်ရောက်အပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးရေးအတွက် လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့မှုကြောင့် မထက်ထက်ဦးဝေ၊ ကိုထွန်းထွန်းဝင်းတို့နှင့်အတူ အရေးပေါ် ၅ ည ပုဒ်မနဲ့ ထောင်ငါးနှစ် ချမှတ်ြခင်းခံခဲ့ရတာဖြစ်ပါတယ်။
ကိုဝင်းမြင့်မောင်ဟာ ကသာမြို့နယ် ခန္တီးအကျဉ်းထောင်ကို ပို့ဆောင်ခြင်းခံခဲ့ရပြီး ထောင်တွင်း အကျဉ်းကျခံနေရစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ထိရောက်စွာ အကောင်အထည်ဖော်ပေးဖို့ ဆိုတဲ့ အချက် ၂ ချက်အတွက် ၄ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ဖူးပါသည်။
အဲ့ဒီနောက် ၂၀၁၁ အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခန္တီးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါသည်။


၂၀၁၁ အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပူတာအိုအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ရွှေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် မထက်ထက်ဦးဝေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်အပေါ် သူမရဲ့ ရပ်တည်ချက်နှင့် သဘောထား အမြင်တွေကို တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။

တိုင်းအောင်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းတွင်း မြို့ နယ်ပေါင်းစုံ အစည်းအဝေးပွဲ ကျင်းပ

by Burma VJ Media Network on Monday, December 5, 2011 at 3:57am

စစ်ကိုင်းတိုင်းရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့တိုင်းရုံးရှိရာ ရွာထောင်မှာ စစ်ကိုင်းတိုင်း မြို့နယ်ပေါင်းစုံအစည်းအဝေးပွဲကို ဒီဇင်ဘာ ၂ရက်နေ့ နံနက် ၁၀နာရီခွဲမှာ ကျင်းပခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌ ဦးကျော်ဆန်း ကိုယ်တိုင်အပါအဝင် ဒုဥက္ကဌ ဦးဘာဘာ၊အတွင်းရေးမှူး ဒေါက်တာမြင့်နိုင်နှင့် မြို့နယ်အသီးသီးက မြို့နယ်ဥက္ကဌများ၊ စည်းအဖွဲ့ဝင်များ၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ၊ အမျိုးသမီးလူငယ်အဖွဲ့ဝင်များ စုစုပေါင်း ၁၄၀ကျော်ခန့် စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်မှာ တိုင်းအောင်နိုင်ရေး အဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“တိုင်းအောင်နိုင်ရေးအတွက် ယနေ့မှာ ဆုံးဖြတ်ချက်ကတော့ တိတိကျကျ မချသေးပဲ အချိန်လေးနည်းနည်းစောင့်ဖို့လိုနေသေးတဲ့ အနေအထားရှိတယ်။ မှတ်ပုံတင်ဖို့ နေပြည်တော်သွားပြီး လျှောက်ထားတဲ့ကိစ္စက မှတ်ပုံတင်ဖို့က မကျလာသေးတဲ့အခါကျတော့ ဒီ တိုင်းအောင်နိုင်ရေးကိစ္စက မှတ်ပုံတင်ခွင့် အသိအမှတ်ပြုလိုက်ပြီဆိုတဲ့ အနေအထားမျိုှးရှိတော့မှ လျင်လျင်မြန်မြန်ဆောင်ရွက်ကြမယ်ဆိုတဲ့ သဘောထားမျိုး ရှိကြပါတယ်။စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့လွှတ်တော် ၃ နေရာနဲ့ အမျိုးသားလွှတ်တော် ၂နေရာ နေရာလပ်ရှိနေတာဆိုတော့ အားလုံးပေါင်း ၄၈ နေရာ နေရာလပ်ရှိနေတာကို ယှဉ်ပြိုင်မယ်ဆိုတော့ ဒီနေရာလည်း အကျုံးဝင်သွားတယ်။ဒီနေရာတွေအတွက် သက်ဆိုင်ရာ မြို့ နယ်အသီးသီးက အဓိကထားပြီး ကျန်တဲ့ သူတွေက ဝိုင်းပြီးပံ့ပိုးကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစည်းအဝေးလုပ်ဖြစ်ကြတာပါ။”လို့ အစည်းအဝေးတက်ရောက်ခဲ့သူ ကသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဦးမြင့်ကြည်က ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းတွင်းမှာ ၃ လ ၁ ကြိမ် ပုံမှန် ပြုလုပ်နေကြဖြစ်တဲ့ မြို့ နယ်ပေါင်းစုံ စည်းဝေးဖို့ကိစ္စက အခု ဒီဇင်ဘာလ ထဲမှာ ၂၀ရက်နေ့မှာ ပြုလုပ်ဖို့ရှိပေမယ့် ရွေးကောက်ပွဲကိစ္စတွေကြောင့် အစောတလျင် ကျင်းပနိုင်အောင်၊ အကယ်၍ တစ်ပတ်၊နှစ်ပတ်အတွင်းမှာ မကျလာလို့ရှိရင်လည်း ဒီအစည်းအဝေးကို နောက်ဆုတ်ပြီး ၂၀၁၂ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ထပ်မံကျင်းပဖို့ အစည်းအဝေးတက်ရောက်သူ အားလုံး သဘောတူစီစဉ်ထားပါတယ်။

“ရွေးကောက်ပွဲကိစ္စက သဘောထားတွေ အမျိုးမျိုး ရှိကြပါတယ်။ဘယ်လိုပဲ ဖြစ်ပါစေ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က သူ့အမျှော်အမြင်နဲ့ တိုက်တွန်းပြီးတော့မှ သူကိုယ်တိုင် ဆောင်ရွက်နေတဲ့ကိစ္စဖြစ်တော့ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ဝိုင်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံပေးရမယ်၊ ပံ့ပိုးပေးရမယ်၊ထောက်ပံ့ပေးရမယ်ဆိုတဲ့ အနေအထားရှိပါတယ်။ အားလုံးကလည်း ဝိုင်းပြီး ဆောင်ရွက်ပေးနေကြတာပါ။” လို့ အခုကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ် ကသာမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဦးမြင့်ကြည်က သူ့အမြင်ကို ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။



By ဇာဏီ (Burma VJ Media Network)

ဘီဘီစီ၏ မဟာလုပ်ကြံမှုကြီးအား ကန့် ကွက်ပွဲအခမ်းအနား ဖိတ်ကြားလွှာ

>


လက်ရှိ တရားစီရင်ရေးစနစ်ဖြင့် ဒီမိုကရေစီဖော်ဆောင်ရန် ခက်ခဲနိုင်


Sunday, 04 December 2011 12:09

အစိုးရအဖွဲ့သစ်ပြောင်းလဲပြီး ဖြစ်သော်လည်း လက်ရှိတရားစီရင်ရေးစနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းအချို့နှင့် တရားရေးဝန်ထမ်းအချို့၏ လုပ်ဆောင်မှုဆုံးဖြတ်မှုအချို့မှာမူ ဒီမိုကရေစီဖော်ဆောင်နိုင်သည့် အခြေအနေတွင် မရှိနိုင်ကြောင်း အမှုသည်များ၊ ရှေ့နေများထံမှ သိရသည်။

"တရားစီရင်ရေးမဏ္ဍိုင် မတိမ်းစောင်းစေဖို့ ဆိုတဲ့နေရာမှာ အဓိကအားဖြင့်တော့ တရားသူကြီးတွေပေါ်ပဲ မူတည်တာတော့ မဟုတ်ပါဘူး။ ဒီတရားစီရင်ရေး အ၀န်းအ၀ိုင်းကြီးထဲမှာ ပါဝင်ပတ်သက်နေသူတွေ ကိုယ်တိုင်လည်းပဲ ၀ိုင်းဝန်းထိန်းကျောင်းကြရမယ်လို့ ပြောရမှာပါ။ အမှုသည်တိုင်းကတော့ အမှုနိုင်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ လာဘ်လာဘ လမ်းကြောင်းဆိုတာကြီးပေါ် တက်သွားပါပြီ။ ရှေ့နေတွေကလည်း သူ့အမှုသည်ကို နိုင်စေချင်တာပါပဲ။ ဒီမှာလည်း အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လာဘ်လာဘလမ်းကြောင်းကို သွားနေမှာပါပဲ။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း အမှုတိုင်းကို လာဘ်လာဘထက်ဆိုးတဲ့ အဂတိတရား လမ်းကြောင်းပေါ်ကို ရောက်သွားတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုမျိုးဆိုရင် ဒီတရားစီရင်ရေးမဏ္ဍိုင်ဟာ တိမ်းစောင်းသွားမယ့် အခြေအနေဖြစ်ပါတယ်။ အဂတိတရားမှာလည်း ပြန်ကြည့်မယ်ဆိုရင် မောဟဂတိနဲ့ ဘယဂတိက ပိုအရေးကြီးပါတယ်။ သိမ်မွေ့လွန်းတဲ့အတွက် အဂတိတရား လုပ်မိပါလားလို့ မတွေးမိဘဲ အဂတိလိုက်မိ သွားတတ်ပါတယ်။ မိမိကိုယ်တိုင် ဥပဒေကလည်း မကျွမ်းကျင်၊ ထောက်ထားစာနာစရာလည်း ပေါ်လာမယ်ဆိုရင် မိမိဆုံးဖြတ်လိုက်တာဟာ မောဟဂတိနဲ့ ညှိသွားတယ်လို့ မသိဘဲနဲ့ ဆောင်ရွက်သွားမိတတ်ပါတယ်။ အလားတူပါပဲ ဥပဒေပိုင်းအရ ကျွမ်းကျင်သော်လည်း ဖြောင့်မတ်စွာ ဆောင်ရွက်လိုသော်လည်း ဒီလိုဆောင်ရွက်လိုက်ရင် တစ်စုံတစ်ရာသော ဘေးကျမှာကို ကြောက်တဲ့အတွက် စီရင်ဆုံးဖြတ် လိုက်မိတာလည်းပဲ ဘယဂတိနဲ့ ညှိသွားတာပါပဲ။ ဒါကြောင့် အဂတိတရားတွေထဲမှာ ဒီဂတိတရားနှစ်ပါးဟာ သိပ်ကိုအရေးကြီးတဲ့အတွက် တရားသူကြီးတွေ သတိထားပြီး ဆင်ခြင်ဆောင်ရွက် သင့်ပါတယ်"ဟု စာရေးဆရာ တရားလွှတ်တော်ရှေ့နေတစ်ဦးက မျက်မှောက်တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားပါသည်။
တရားစီရင်ရေး မဏ္ဍိုင်ကို ဦးဆောင်သူ အချို့ဟာ လာဘ်လာဘ အခွင့်အရေးနဲ့ အာဏာအတွက် ဝေဖန်မယ့်သူ၊ ထောက်ပြမယ့်သူတွေကိုတောင် နှိပ်ကွပ်ဖို့ အားထုတ်လာတဲ့ သဘောတွေတွေ့နေရတယ်။ တရားရုံး မထီမဲ့မြင်ပြုမှုဆိုတဲ့ ဥပဒေကို တရားသူကြီးအချို့က လက်နက်သဖွယ် အသုံးပြု ခြိမ်းခြောက်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်။ အဝေဖန်မခံနိုင်တာ တင်မကဘဲ ဝေဖန်မယ့်သူတွေ ဝေဖန်နိုင်အောင် ဥပဒေကို အလွဲသုံးစားလုပ် ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးတွေရှိနေတယ်

"တရားသူကြီး တစ်ဦးတည်း တရားစီရင်ဆုံးဖြတ်တာ ထက် တရားသူကြီးတစ်ဦးထက် ပိုပါဝင်တဲ့ခုံအဖွဲ့နဲ့ ဆုံးဖြတ်တာကပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ အဲဒီခုံအဖွဲ့မှာပါဝင်နေတဲ့ တရားသူကြီးတွေရဲ့ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ကိုယ်ကျင့်တရား ရိုးဖြောင့်မှုက ပိုပြီးအဓိကကျနေပါတယ်။ တစ်ခေတ်တစ်ခါတုန်းကလည်း ခုံအဖွဲ့နဲ့ တရားစီရင်ခဲ့တာ ရှိခဲ့ပေမယ့် အဲဒီတုန်းက တရားသူကြီးတွေဟာ တရားသူကြီး တစ်ယောက်ဖြစ်ထိုက်တဲ့ ကိုယ်ကျင့်တရား အရည်အသွေး၊ တရားဥပဒေ ကျွမ်းကျင်မှုမရှိတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်မှာ ကမောက်ကမဖြစ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်"ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။

7104
လက်ရှိတရားစီရင်ရေး စနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း အချို့သည် ဒီမိုကရေစီ ဖော်ဆောင်နိုင်သည့် အခြေအနေတွင်မ ရှိနိုင်ဟု ဆိုရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၀ါရင့်ရှေ့နေကြီးများက ဆိုပါသည်။

လက်ရှိအချိန်အထိ ကျင့်သုံးနေသော တရားစီရင်ရေးနှင့် ဆက်နွှယ်နေသည့် ဥပဒေများထဲတွင် တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေ၊ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ၊ ပြည်ထောင်စုတရား စီရင်ရေး ဥပဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ တရားစီရင်ရေးအခန်းတို့မှာ အဓိကပါဝင်နေကြောင်း သိရသည်။

"တိုင်းပြည်တစ်ပြည်မှာ ပထမမဏ္ဍိုင်၊ ဒုတိယမဏ္ဍိုင်နဲ့ တတိယမဏ္ဍိုင်က အရေးအကြီးဆုံးပဲ။ ဒါကြောင့်နိုင်ငံတိုင်း မဏ္ဍိုင်သုံးရပ်ကို ကောင်းအောင်လုပ်ရတယ်။ ဒီမဏ္ဍိုင်သုံးရပ်ကို စတုတ္ထမဏ္ဍိုင်က ပြန်ထောက်တယ်။ ဒီ ၁၊ ၂၊ ၃ က မမှန်ရင် ၄ ကို ထောင်ချလို့ရတယ်။ အရေးယူလို့ရတယ်။ လောကမှာ မှန်တယ်၊ မှားတယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်က စည်းမပျက်ဖို့ လိုတယ်။ ဒီမဏ္ဍိုင် စည်းပျက်ပြီပဲထား။ အဲဒီတိုင်းပြည်က ဘာကျန်သေးလို့လဲ" တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ရှိနေပြီး ယင်းဥပဒေများထဲတွင် အဂတိလိုက်စားသူ တရားသူကြီးများကို မည်သို့အရေးယူရမည် ဆိုသည့်အချက်တို့ မပါဝင်ခြင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ အားလုံး၏ သက်တမ်းသည် နှစ်၂၀ အထိရှိနေပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၏ သက်တမ်းဖြစ်သည့် ၅ နှစ်နှင့်များစွာ ကွာခြားနေခြင်း၊ တရားသူကြီးများ၏ အရည်အချင်းများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်အချို့သည် အငြင်းပွားဖွယ်ရာ ဖြစ်နေခြင်း၊ အချို့သော ပြဋ္ဌာန်းချက်ပါ စကားလုံးများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိသောကြောင့် ဥပဒေကို လိုက်နာကျင့်သုံးရာ၌ အခက်အခဲရှိနေခြင်းတို့ ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက်မကြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်သစ္စာရှိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ စသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရခြင်း၊ ကွယ်လွန်ခြင်းစသည့် အကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၇၀ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း သိရသည်။

“ယခု တရားစီရင်ရေးတွင်လည်း တရားသူကြီးများ၏ အဂတိလိုက်စားမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ အဆင့်ဆင့်စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်း မရှိသော်လည်း ယခင်တည်ဆဲဥပဒေအရအရေးယူနိုင် . . .”

"ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၁ ကိုကြည့်ရင် အာဏာပိုင်အဆင့် တရားသူကြီးတွေ သက်တမ်းကို နှစ် ၂၀ တောင် ပေးထားတာ တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်  တိုင်းပြည်ရဲ့ တတိယမဏ္ဍိုင် တရားစီရင်ရေးက အာဏာပိုင်တွေက သူတို့အာဏာကို နှစ်ပေါင်းရှည်ကြာ ရယူမဲ့သဘောဖြစ်နေလို့ ကျွန်တော်တို့ တိုင်းပြည်လို ကာလအတော်ကြာ ယိုင်နဲ့ခဲ့တဲ့ တရားစီရင်ရေးမဏ္ဍိုင် အတွက်ဆိုရင် ဒီမိုကရေစီဖော်ဆောင်ရာမှာ အခက်ခဲရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်က အာဏာပိုင်တွေတောင် ဒီမိုကရေစီနည်းကျကျ အာဏာကိုအကြာကြီးယူမထားပဲ ငါးနှစ်တစ်ခါလဲမှာ ဖြစ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၆ တရားစီရင်ရေးအခန်းပါ ဒီအချက်တွေနဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ဒီလိုအချက်တွေကို ပြင်ဆင်သင့်ပါတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှာလည်း တရားသူကြီးတွေ သက်တမ်းနဲ့ ပတ်သက်လို့ ဒီလိုပဲ ပြဋ္ဌာန်းထားလို့ပါ" အထက်တန်း ရှေ့နေတစ်ဦးက သုံးသပ်ပါသည်။

"တရားသူကြီး အရည်အချင်းတွေကို အထက်မှာ ဘယ်လိုဖြင့် ဘယ်နေရာတွေမှာ လုပ်သက်ရှိရမယ် ပါပေမဲ့ ဥပဒေစာကြောင်း အောက်နားရောက်တော့ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူလို့ပါတယ်။ ဒါကြောင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဆိုတဲ့အချက်နဲ့ ပတ်သက်လို့အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုးထည့်ပြီး ပြင်ဆင်မှ ဥပဒေက သရေကြိုးလို လိုသလိုဆွဲလို့ရတယ်လို့ အထင်မြင် မမှားနိုင်မှာဖြစ်ပါတယ်"ဟု ဥပဒေအကြံပေးတစ်ဦးက ရှင်းပြသည်။

တရားရုံးများအား မထီမဲ့မြင်ပြုပါက ပြစ်မှုထင်ရှားသူကို ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ထောင်အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်နိုင်ကြောင်းနှင့် တရားရုံးများအား မထီမဲ့မြင်ပြုမိသူသည် တရားရုံးက  စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါက ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနိုင်ကြောင်း THE CONTEMPT OF COURTS ACT ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

THE CONTEMPT OF COURTS ACT သည်  ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေအတွဲ(၁) (THE BURMA CODE VOLUME 1)တွင် ပါဝင်ပြီး ဥပဒေတစ်ခုလုံးတွင် ပုဒ်မ ၁ မှာ ဖျက်သိမ်းထားပြီး ပုဒ်မ၂နှင့် ၃သာ ပြဋ္ဌာန်းထားသည်ဖြစ်ရာ မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာ ရောက်ကြောင်းကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုပြဋ္ဌာန်းထားချက် မရှိကြောင်း သိရသည်။

ထို့ပြင် THE CONTEMPT OF COURTS ACT ကို မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ ၁၉၂၆ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် INDIA ACT X11 ကို ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်ကြောင်း တရားရုံးများ မထီမဲ့မြင်ပြုမှုနှင့် ပတ်သက်၍လည်း သတိပြုသင့်သည့် စီရင်ထုံးတစ်ခုရှိခဲ့ကြောင်း သိရသည်။

ယင်းစီရင်ထုံးတွင် "တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ တွင် မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာရောက်ကြောင်း ဖွင့်ဆိုပြဋ္ဌာန်းထားခြင်း မရှိချေ။ အမှုတစ်ခုချင်းကို လိုက်၍ပေါ်ပေါက်သည့် အကြောင်းခြင်းရာ ပြသနာကိုအခြေခံပြီး တရားရုံးအား မထီမဲ့မြင်ပြုရာ ရောက်မရောက် သုံးသပ်ဆုံးဖြတ်ရန် ဖြစ်သည်။ တရားရုံးက အဆုံးအဖြတ်ပေးမည့် ကိစ္စတစ်ရပ်ကို တရားရုံးက မဆုံးဖြတ်မီ တရားရုံး(သို့) တရားသူကြီးကို အထင်အမြင် သေးသိမ်စေနိုင်သော သို့မဟုတ် တရားရုံး၏ တရားဖြောင့်မှန်ရေးကို အနှောင့်အယှက်ဖြစ်စေသော သို့တည်းမဟုတ် တရားရုံး၏ အဆုံးအဖြတ်ကို ၀င်ရောက်စွက်ဖက်ရာ ရောက်သော အရေးအသား၊ အပြောအဆို၊ အပြုအမူများ ပြုလုပ်ခြင်း သတင်းစာမှ ကြော်ငြာခြင်းတို့သည် လည်းကောင်း တရားရုံးက တရားသဖြင့် ထုတ်ဆင့်သော အမိန့်စာ၊ ဆင့်စာ၊ ၀ရမ်းစာစသည်တို့ကို အတည်ပြုရာ၌ အနှောင့်အယှက် အကာအကွယ် အတားအဆီး ပြုလုပ်ခြင်းတို့သည် လည်းကောင်း တရားရုံးကို မထီမဲ့မြင့်ပြုမှုများ ဖြစ်သည်။"ဟူ၍ ဦးမောင်မောင်ပါ-၂ နှင့် ဒေါ်ကြူစိန်ပါ-၃ (၁၉၉၂၊ မ.တ.စ၊ စာ-၁၀၂)တွင် ဆိုထားချက်အရ သိရသည်။  

တရားရုံးတွေကို မထီမဲ့မြင်ပြုရင် တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ အရေးယူလေ့ရှိပါတယ်။ တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေက မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတာမဟုတ်ဘဲ ၁၉၂၆ခုနှစ် မေလ ၁ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ INDIA ACT X11 ကို ဆက်လက်ကျင့်သုံးနေတာပါ။ ဥပဒေတစ်ခုလုံးမှာလည်း ပုဒ်မနှစ်ခုပဲပါပြီး ဘယ်လိုကျူးလွန်မှုမျိုးက ပြစ်မှုမြောက်လဲ အတိအကျမပြဋ္ဌာန်းထားပါဘူး။ စီရင်ထုံးပဲရှိပါတယ်။ ဒါကြောင့် ဒီဥပဒေကိုဖျက်သိမ်းသင့်ပြီး ဥပဒေတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့အညီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အစုံအလင်နဲ့ တရားရုံးကို မထီမဲ့မြင်ပြုခြင်းကို အရေးယူတဲ့ သီးခြားဥပဒေတစ်ခုကို မြန်မာနိုင်ငံအနေနဲ့ ပြဋ္ဌာန်းလိုက်နိုင်မယ်ဆိုရင် အငြင်းပွားဖွယ်ရာတွေရှိမှာ မဟုတ်တော့ပါဘူး။  အဲဒီအခါ အပြစ်မရှိသူတွေကိုလည်း THE CONTEMPT OF COURTS ACT ကို အကြောင်းပြ လက်တစ်လုံးခြားလုပ်ပြီး အရေးယူတာတွေ ရှိလာနိုင်မှာ မဟုတ်တော့ဘူး"ဟု ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်ခဲ့ပါသည်။

လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုများ ပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ခဲ့ရခြင်းကြောင့် တရားသူကြီးများသည် အဂတိတရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန်လိုကြောင်း ၂၀၀၉ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ တရားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က ပြောကြားခဲ့ဖူးကြောင်း သိရသည်။

ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ပင် နိုင်ငံတော်ဝန်ကြီးချုပ် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က "တရားစီရင်ရေးစနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သော စနစ်ဖြစ်လာအောင် မိမိတို့ပြုပြင် ထူထောင်သွားရမည် ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘူယျခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံး လုပ်နည်းတို့၏ မပြည့်စုံအားနည်းမှုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချို့ယွင်းချက်များကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ သို့သော်အချို့သော အားနည်းချက်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အကျင့်သိက္ခာနှင့် မဆိုင်ဘဲ လုပ်ငန်းဆိုင်ရာ မကျွမ်းကျင်မှု၊ မသေသပ်မှု၊ ပေါ့လျော့မှု၊ စည်းကမ်းမကျမှုမျိုးများ တွေ့ရခြင်းကြောင့် အဆင့်ဆင့်သော တရားသူကြီးများကို စနစ်တကျ သွန်သင်လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမှု ကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များ ဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမှု၊ ပညာပေးမှုမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း" ပြောကြားခဲ့ပါသည်။

သက်သာချောင်ချိမှု အခက်အခဲနှင့် လောဘကြောင့် လာဘ်ပေးလာဘ်ယူ ဖြစ်ပွားနေရကြောင်း၊ သက်သာချောင်ချိရေးအတွက် မည်သို့ စီမံဆောင်ရွက်မည်ကို စောင့်ကြည့်ပေးစေလိုကြောင်း ပြည်သူများ၏ နစ်နာမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးထံ လိပ်မူတိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ၀န်ကြီးဦးဥာဏ်ထွန်းဦးက ပြောကြားခဲ့ပါသည်။

Clean Government, Good Governmnet ကို ပိပိရိရိ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ Clean Government ဖြစ်ရန် Good Government လိုကြောင်း၊ စနစ်တကျ စီမံအုပ်ချုပ် ကွပ်ကဲမှသာလျှင် လာဘ်ပေးလာဘ်ယူ ကင်းလာမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ ဘာကြောင့်ဖြစ်သလဲဆိုပါက (၁)အချက် လောဘကြီး၍ ဖြစ်ကြောင်း(၂)အချက် သက်သာချောင် ချိမှုအတွက် အခက်အခဲရှိလာ၍ ဖြစ်ကြောင်း၊ အဲဒီအချက်များအား လေ့လာပြီး သက်သာချောင်ချိမှု မရှိသူများကို သက်သာချောင်ချိမှု ရှိအောင် တာဝန်ရှိသူများက ဘယ်လိုအစီအမံများ လုပ်မည်၊လောဘကြီးပြီး မတရားလုပ်နေသူများကို ဘယ်လိုအရေးယူမည်ကို နည်းနည်းစောင့်ကြည့် စေလိုကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၀န်ကြီးဦးဥာဏ်ထွန်းဦးက ဆိုပါသည်။

ထို့အတူ လက်ရှိတရား စီရင်ရေးတွင် အဂတိလိုက်စားသူ တရားသူကြီးအချို့ကြောင့် နစ်နာသူ အမှုသည်များရှိနေပြီး တိုင်ကြားသူများလည်း ရှိနေကြောင်း နစ်နာသူအမှုသည်များ အနေဖြင့် သက်ဆိုင်ရာသို့ ထိထိရောက်ရောက် တိုင်ကြားခြင်း လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်လွှတ်တော်သို့ တင်သွင်းကာ ယင်းတရားသူကြီးအား စွပ်စွဲပြစ်တင်ကာ ရာထူးမှရပ်ဆဲသင့်ကြောင်း နစ်နာသူအမှုသည်များက အကြံပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား မိမိသဘောဖြင့် တာဝန်မှရပ်စဲခြင်း မပြုလုပ်နိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်မှုသာ ပြုလုပ်နိုင်ကြောင်း စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြမှသာလျှင် နိုင်ငံတော်သမ္မတက ရာထူးမှရပ်စဲရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်ရန် အကြောင်းအရာငါးချက်ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်များအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာ ငါးချက်အတိုင်း ပြဋ္ဌာန်းထားပြီး အရည်အချင်း ပျက်ယွင်းခြင်း ဆိုင်ရာအချက်သာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း အချက်နှင့် ကွာခြားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၂ အရ သိရသည်။

ထို့ပြင် အဂတိလိုက်စားသော တရားသူကြီးများအား အရေးယူနိုင်သည့် အချက်ကို ပြည်ထောင်စု တရားစီရင်ရေး ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့တွင် ပြဋ္ဌာန်းမထားသော်လည်း ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအရ သိရသည်။

အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ ပုဒ်မ၄(၁)(ဂ)တွင် ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်သည်အဖိုးတန်ပစ္စည်း သို့တည်းမဟုတ်၊ ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာကို မရိုးမသား အဂတိလိုက်စားသော နည်းဖြင့်ဖြစ်စေ၊ တရားဥပဒေနှင့် ဆန့်ကျင်သော နည်းဖြင့်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းအဖြစ် မိမိ၏အခြေအနေကို အလွဲအသုံးပြု၍ဖြစ်စေ မိမိအတွက်သော် လည်းကောင်း၊ သူတစ်ပါးအတွက် သော်လည်းကောင်း ရယူလျှင် မိမိ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် ရာဇ၀တ်ပြစ်ဒဏ် ထိုက်သင့်အောင် အကျင့်ဖောက်ပြန် ကျူးလွန်သည်မည်၏ ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ယင်းဥပဒေအရ ဖောက်ဖျက်ကျူးလွန်သူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ယခင်ပါလီမန် ဒီမိုကရေစီ လက်ထက်ကတည်းကပင် ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုတရားစီရင်ရေးတွင်လည်း တရားသူကြီးများ၏ အဂတိလိုက်စားမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ အဆင့်ဆင့် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော်လည်း ယခင် တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။

ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးစနစ် ပိုမိုတရားမျှတ လွတ်လပ်လာစေရန် လာဘ်ပေးလာဘ်ယူကိစ္စများ လျော့နည်းရာမှ ပပျောက်သွားစေရန် လိုအပ်ပါက တရားစီရင်ရေးစနစ် တစ်ခုလုံးအား ပြောင်းလဲသင့်ကြောင်း အကျင့်သိက္ခာနှင့် မပြည်စုံသည့် တရားသူကြီးများအား ရှာဖွေဖော်ထုတ် အရေးယူကာ ဖြောင့်မတ်သည့် တရားသူကြီးများနှင့် လဲလှယ် ခန့်အပ်သင့်ကြောင်း ဂျူရီစနစ်ဖြစ်သည့် တစ်ပါးထိုင်မဟုတ်ဘဲ အများထိုင်ဆုံးဖြတ်သည့် စနစ်ဖြင့် လက်ရှိတရားစီရင်ရေး စနစ်အားပြောင်း လဲကျင့်သုံးရန်လိုအပ်ပါကကျင့်သုံးရမည် ဖြစ်ကြောင်း ဂျူရီလူကြီးများ ရွေးချယ်ရာတွင် ဥပဒေကျွမ်းကျင်ကာ သမာသမတ် ရှိသူများသာ ဖြစ်ရန်လိုကြောင်း လက်ရှိ တရားစီရင်ရေးအား လေ့လာသူ ဥပဒေ ပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။ “အခုတိုင်းပြည်မှာဖြစ်နေတဲ့ ကိစ္စ၊ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသားတွေကိစ္စ၊ ယုံကြည်မှု တည်ဆောက်နေရတဲ့ အချိန်မှာ လွှတ်ပေးစေချင်တယ်။ အခုအနေအထားတွေက တချိန်တုန်းက အနေအထားတွေနဲ့ မတူတော့ဘူး။ သက်ဆိုင်ရာဘက်က Sincere ဖြစ်တယ် ဆိုရင် လူထုယုံကြည်မှုကို ရရှိမှာပဲ။ အခုမြစ်ဆုံကိစ္စပြီးသွားပြီ။ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသား ကိစ္စလည်း အဆင်ပြေတယ်ဆိုရင် အရွေ့ကပိုဖြစ်သွားပြီ။ ဖြစ်သွားရင် တစ်နိုင်ငံလုံး အသီးအပွင့်တွေ ခံစားရမယ်။ ဥပမာ တိုင်းရင်းသားကိစ္စလိုဟာမျိုး နှစ်ပေါင်း ၅၀ လောက် ရန်ဖြစ်ထားတာ ချက်ချင်းအဆင်မပြေတာ လက်ခံတယ်။ အပြစ်မရှိတဲ့လူကို အပြစ်စီရင်တာမျိုးက တရားဥပဒေ မှာ မဖြစ်သင့်ဘူး။ တရားရေးမဏ္ဍိုင်က အားလုံးရဲ့ အပေါ်မှာရှိနေရမယ်။ ဒီတရားရေး မဏ္ဍိုင်ကိုတစ်စုံတစ်ဦး၊ အဖွဲ့အစည်းတစ်ခုခုက ထိန်းကွပ်ထားတာ တိုင်းပြည်အတွက် မကောင်းဘူး။ လောကမှာ မှန်တယ်၊ မှားတယ် ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင် စည်းမပျက်ပါစေနဲ့။ စည်းပျက်နေရင်လည်း ဒါကိုဖြစ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ တရားမျှတမှုဆိုတာ ရှိသလို မတရားမှုဆိုတာ ရှိတယ်။ မှန်ကန်တဲ့ တရားရေး မဏ္ဍိုင်ဟာ တရားမျှတမှုဘက် တည်နိုင်ရမယ်။ ဘယ်သူတစ်ဦးတစ်ယောက် ရဲ့မျက်နှာမှ ကြည့်စရာမလိုဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ)က ပြောကြားခဲ့သည်။
၂၀၁၁ခုနှစ် သြဂုတ်လ(၂၉)ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ၁၉၇၄ ခုနှစ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေ၊ ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေနှင့် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေး ဥပဒေများတွင်သတ်မှတ်ထားသည့် တရားသူကြီးများသည် ပြစ်ဒဏ်ကျခံ နေရသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့် အညီရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် အကျဉ်းစခန်များ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ် စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်းနှင့် ထို့အတူ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင်လည်း အဆိုပါကဲ့သို့ပင် ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ် ပါကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ စက်ရှင်တရားသူကြီးများသည် အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေး၍ အစီရင်ခံရန်နှင့် တရားဝင်ထုတ်ပြန်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်ထောင်စု တရားသူကြီးချုပ်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာဖြစ်ဖြစ်၊ ပြည်သူ့ လွှတ်တော် ဒါမှမဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဖြစ်ဖြစ်၊ နိုင်ငံတော် ဒါမှမဟုတ် အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေကို အခါအားလျော်စွာ တင်ပြနိုင်တယ်လို့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၆ မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေတွေကို တင်ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးလာပြီ ဆိုရင်လွှတ်တော်မှာ တင်ပြဖို့လည်း သင့်ပါတယ်။ တရားစီရင်ရေးဆိုင်ရာ အခြေအနေလို့ ဥပဒေမှာဆိုထားတာဖြစ်လို့ အများပြည်သူ သိသင့်သိထိုက်ပြီး ပြည်သူတွေအတွက် သက်ဆိုင်တဲ့ အမှုဆုံးဖြတ်ချက်တွေကိုလည်း လွှတ်တော်မှာ တင်ပြနိုင်တာကို တွေ့ရပါတယ်။ အခုတရားစီရင်ရေး အသစ်ရဲ့ ပြည်ထောင်စုတရားသူကြီးချုပ် အနေနဲ့လည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ အမှု အခြေအနေတွေကို လွှတ်တော်က တစ်ဆင့်တင်ပြဖို့ ပြည်သူတွေကလည်း လိုလားနေပါတယ်”ဟု ဥပဒေ အတိုင်ပင်ခံတစ်ဦးက ဆိုပါသည်။
“ဒီမိုကရေစီဆိုတာ ကျယ်ဝန်းတယ်။ ဒီမိုကရေစီဖော်ဆောင်ဖို့ ဆိုရင် တရားဥပေဒေ စိုးမိုးရေးရှိဖို့ လိုသလိုတရားရေးမဏ္ဍိုင်လည်း ကြံ့ခိုင်ဖို့လိုတယ်။ တရားဥပဒေကို ညွှန်ကြားချက်က လွှမ်းမိုးရင်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးရင်တရားစီရင်ရေးမှာ အဆင်မပြေနိုင်ဘူး။ တရားခံ တစ်ဦးကို တရားသူကြီးက အပြစ်မရှိဘူးလို့ ယူဆရင် အဲဒီတရားခံကို လွှတ်ပေးနိုင်တယ်။ ဒီလိုမှမဟုတ်ဘဲ တရားဥပေဒေကို ညွှန်ကြားချက်က လွှမ်းမိုးမယ်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးမယ်ဆိုရင်တော့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အထောက်အကူ မဖြစ်နိုင်ပါဘူး။ တရားစီရင်ရေးမှာ ပါဝင်သူအားလုံးဟာ ကျွမ်းကျင်သူတွေ ဖြစ်ရမယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ရမယ်။ အရင်တုန်းက အငြင်းပွားမှု အားလုံးကို တရားလွှတ်တော်ချုပ်ကပဲ ဆုံးဖြတ်ခဲ့တယ်။ ဖွဲ့စည်းပုံ နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုပဲ ဖြစ်ဖြစ်၊ သမ္မတလောင်းရွေးချယ်တဲ့ အငြင်းပွားမှုပဲဖြစ်ဖြစ်၊ စစ်ဘက်ဆိုင်ရာ အငြင်းပွားမှုပဲဖြစ်ဖြစ် တရားလွှတ်တော်ချုပ်က သာ ဆုံးဖြတ်ခဲ့တယ်” မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ကျော်က ပြောပါသည်။
“မူလည်းပြောင်းရမယ်။ လူလည်းပြောင်းရမယ်။ ပြောချင်တာကတော့ ဥပဒေတွေကိုလည်း ပြင်ရမယ်။ ဆိုကြပါစို့ နိုင်ငံတော်ဘဏ္ဍာ နဲ့သက်ဆိုင်တဲ့ငွေကြေး၊ ပစ္စည်းတွေ ကို အလွဲသုံးစားပြုခဲ့ရင် တော်လှန်ရေးကောင်စီ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အပက(၃)ဆိုတဲ့ အများပြည်သူ နဲ့ဆိုင်သော ပစ္စည်းကာကွယ်ရေး ပုဒ်မနဲ့ ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချလို့ရတယ်။ အဲဒီဟာကို ပြောင်းလဲလို့ ရတာက ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းတဲ့ အများပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ အခုခေတ် စကားနဲ့ပြောရင် (၆/ ၁)ပေါ့။ အဲဒါနဲ့ လွှဲပြောင်းပြီး စီရင်မယ်ဆိုရင် ထောင်ဒဏ်က တစ်ရက်လည်းချလို့ရတယ်။ တစ်လလည်း ချလို့ရတယ်။ လေး၊ငါး၊ ခြောက်နှစ်လည်း ချလို့ရတယ်။ အများဆုံးကမှ ၁၀ နှစ်ထိပဲချလို့ရတယ်။ ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာက တပ်မတော်ပိုင်၊ ကော်ပိုရေးရှင်းပိုင်ဆိုရင် အပက(၃)ပဲ ကျန် သာမာန်ပြည်သူပိုင် ပစ္စည်း ဆိုရင် (၆/၁)။ ဥပဒေကိုက အားနည်းချက်တွေ ရှိနေတယ်။ ဒါတွေကို ပြင်ရမယ်။ တရားရေးစနစ် ဖြောင့်မတ်မှန်ကန်ဖို့ ဆိုရင် တရားသူကြီးတွေအပြင် ရှေ့နေတွေမှာလည်း တာဝန်ရှိတယ်။ တရားသူကြီးက တရားခွင်မှာ မတရားသဖြင့် လုပ်တယ်ဆိုရင် ရှေ့နေမှာလည်း တာဝန်ရှိတယ်။ အမှုသည်ဆိုတာ အလုပ်သမားရှိတယ်။ ဆိုက်ကားသမားရှိတယ်။ ဆင်းရဲသားရှိတယ်။ သူတို့အနေနဲ့ ဥပဒေကို ဘာမှ နားလည်ကြမှာ မဟုတ်ဘူး။ တရားသူကြီးရဲ့ စီရင်ချက်မှားနေရင် မှားနေတဲ့အကြောင်း ရှေ့နေက သူတို့ကိုရှင်းပြရမယ်။ အဲဒီတော့ ရှေ့နေတွေအနေနဲ့ ကလည်း တစ်အချက် ဥပဒေ တကယ် တတ်ရမယ်။ နှစ်အချက် တတ်သည့် ဥပဒေနဲ့ ပြည်သူ့အကျိုးကို ရဲရဲဝံ့ဝံ့ တင်ပြရဲရမယ်။ သုံးအချက် တရားခွင် စစ်ဆေးတဲ့နေရာတွေမှာ ရှေ့နေတွေ အနေနဲ့ ဥပဒေနဲ့အညီစစ်ဆေး တတ်ရမယ်။ နောက်ပြီးတော့ တရားသူကြီး ခန့်ထားတဲ့နေရာမှာ သီရိလင်္ကာ  နိုင်ငံကို ဥပမာပေးပြီးပြောရမယ် ဆိုရင် ဥပဒေ ဘယ်လောက်တတ်တတ် ယဉ်ကျေးမှုသင်တန်း တက်မထားဘူးဆိုရင် တရားသူကြီးအဖြစ် မခန့်ဘူး။ ဒီမှာလည်း အလားတူစနစ်မျိုး ကျင့်သုံးဖို့လိုတယ်။ တိုင်းပြည် တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့ဆေးပညာက အရမ်းအရေးကြီးတယ်။ ဆရာဝန်တစ်ယောက်ဟာ လူတစ်ယောက်ရဲ့အသက်ကို တန်ဖိုးသိသိ၊ တန်ဖိုးထားတတ်ရမယ်။ ယုတ်မာကောက်ကျစ်တဲ့ စိတ်ရှိသူတွေ ဆရာဝန် မဖြစ်ထိုက်ဘူး။ ယုတ်မာကောက်ကျစ်တဲ့ စိတ်ရှိတဲ့အပြင် ဘာသာရေး ယဉ်ကျေးမှုမရှိတဲ့သူတွေ တရားသူကြီး မဖြစ်ထိုက်ဘူး။ ဆရာဝန်တစ်ယောက် ဆေးကုမှားတာက လူတစ်ယောက်ရဲ့အသက် သေဆုံးရပေမယ့် တရားသူကြီးတစ်ဦး မှားယွင်းပြီး စီရင်ချက်ချမယ်ဆိုရင် သက်ဆိုင်ရာ ကာယကံရှင်အပြင် သူ့နောက်က မိသားစုတစ်စုလုံးနဲ့ ဆွေစဉ်မျိုးဆက်ပါ လူမှုဒုက္ခ ခံစားရပါတယ်။
တရားစီရင်ရေးကဏ္ဍမှာ မူလည်းပြောင်းရမယ်။ လူလည်းပြောင်း ရမယ်။ လူတွေက တော်လှန်ရေး ကောင်စီခေတ်နဲ့ မဆလခေတ်မှာ မကောင်းတဲ့အကျင့်တွေ အရိုးစွဲနေပြီ။ အကျင့်ဆိုးတွေနဲ့လူတွေကို တရားရုံးဝန်းကျင်က ခွာထုတ်ပစ်ရမယ်။ မူအရဆိုရင် တချို့တရားစီရင်ရေး နယ်တွေမှာ ရှေ့နေတွေက တရားရေးလမ်းကြောင်း အမှန်တင်ပြပါလျက်နဲ့ တရားသူကြီးက လိုရာဆွဲတွေပြီး စီရင်ချက်ချတယ်။ ဒီလိုဖြစ်စဉ်တွေမှာ တရားသူကြီးကို ပြန်တရားစွဲဖို့က ခက်တယ်။ စီရင်ထုံးနဲ့ ဥပဒေအတိအလင်း ရှိပါလျက်နဲ့ တရားသူကြီးက အမှားချသွားရင် အဲဒီတရားသူကြီးကို ပြန်တရားစွဲပြီး ပြစ်ဒဏ်ပေးရမယ့် ဥပဒေရှိကို ရှိရမယ်။ တရားသူကြီးတွေကို ထိန်းကွတ်တဲ့ ဥပဒေရှိကို ရှိရမယ်။ မရှိခဲ့ရင် တရားသူကြီးတွေ လုပ်ချင်ရာလုပ်ခွင့် ရနေမယ်။ တရားသူကြီး တစ်ယောက် မကောင်းဘူးဆိုရင် ဒီမြို့နယ်မှာရှိတဲ့ ဒါမှမဟုတ် ဒီတိုင်းခရိုင်မှာ ရှိတဲ့ ပြည်သူအများ အင်မတန် ဒုက္ခရောက်ပါတယ်။ အဲဒါကြောင့် တရားသူကြီးတွေကို ထိန်းကွတ်တဲ့ ဥပဒေရှိကို ရှိသင့်ပါတယ်”ဟု ရှေ့နေလိုင်စင် အသိမ်းခံထားရသူ ဦးစိန်လှ (၂၀၁၀ ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း)က ပြောကြားခဲ့ပါသည်။
“တရားစီရင်ရေးစနစ်ဆိုတာ အမှားတကာ့အမှားတွေကို နောက်ဆုံးပြင်ပေးတဲ့ နေရာဖြစ်တယ်။ လူဆိုတာ မှားတတ်တာပဲ။ ဒီမှားတာကို ပြင်ပေးတဲ့နေရာမှာ တရားစီရင်ရေးက အဓိကပဲ။ ဒီမိုကရေစီနိုင်ငံမှာ တရား ဥပဒေစိုးမိုးဖို့ဆိုရင် တရားစီရင်ရေး တည့်မတ်မှန်ကန်ဖို့က အရမ်း အရေးကြီးတယ်။ တရားစီရင်ရေးမဏ္ဍိုင် ကြံ့ခိုင်မှုမရှိရင် ဒီမိုကရေစီစနစ်ဆိုတာလည်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အုပ်ချုပ်ရေးစနစ်ဘက်က အမှားတွေရှိရင်ထိန်းဖို့ ဖြစ်ပါတယ်။ အခုကတော့ အားလုံးသိတဲ့ အတိုင်းဘဲ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာမှုနဲ့ပါတ်သက်ပြီးရင် မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ်။ ဘယ်လောက်ထိ ရှိလာလဲဆိုရင် ကျွန်တော့်ဆီကို အလှုအတန်းနဲ့ ပတ်သက်ပြီး အင်မတန်မှ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်က လာပြောတယ်။ သူမှတ်ပုံတင်ပြီးဝယ်ထားတဲ့ ခြံစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အမှုဖြစ်တဲ့အခါမှာ သက်ဆိုင်ရာ တိုင်းတရားသူကြီးက သိန်းဆယ်ဂဏန်း ပေါင်းများစွာ တောင်းတာမပေးလို့ ရှုံးခဲ့တဲ့အကြောင်း ပြောတယ်။
အဲဒီလိုပဲ တော်တော်များများမှာ ငွေတောင်းနေတဲ့ကိစ္စတွေ ကျွန်တော်တို့ ကြားနေရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အုပ်ချုပ်ရေးစနစ်နဲ့ ဥပဒေပြုရေးစနစ်မှာ ပြုပြင်ပြောင်းလဲရေး အငွေ့အသက်တွေ လွှမ်းခြုံနေပေမယ့် တရားစီရင်ရေးနယ်ပယ်မှာ ဘာမျှပြုပြင် ပြောင်းလဲမှု မရှိသေးပါဘူး။ အဲဒီလိုပဲကျန်တဲ့ ပြစ်မှုတို့၊ တရားမမှုတို့ ဆိုရင် ငွေပေးတဲ့သူဘက်က တော်တော်များများ လုပ်နေတယ်ဆိုတာ အခုထိ ပါပဲ။ ကျွန်တော်တို့ တရားစီရင်ရေးစနစ်မှာ ဥပဒေတစ်ကယ် စိုးမိုးဖို့လိုပါတယ်။ ခုနကပြောသလို ဥပဒေစိုးမိုးရေးကို တရားစီရင်ရေးနယ်ပယ်မှာ အမှန်တစ်ကယ် ဖြစ်ပေါ်ဖို့ဆိုရင် လွှတ်တော်ကရော၊ အုပ်ချုပ်ရေးပိုင်းကရော ထိန်းကျောင်းပေးဖို့ လိုပါတယ်။ လာဘ်ပေးလာဘ်ယူ တာတို့၊ တရားမ၀င်နည်းလမ်းနဲ့ ၀င်ငွေရရှိမှုတွေကို ထိန်းချုပ်ပေးရမယ့် ကိစ္စတွေက တရားရေးစနစ်ခန့်အပ် တာထက် ပိုအရေးကြီးပါတယ်။ အခု မြန်မာပြည်မှာ ဂျူရီစနစ်နဲ့ တရားစီရင်ရေးအဖွဲ့ ခန့်ရင်လည်း လာဘ်ပေးရမယ့် လူအရေအတွက် ပိုများလာတာပဲ ရှိမယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ ပြဋ္ဌာန်းထားတဲ့ တရားမ၀င် နည်းလမ်းဖြင့် ရရှိသော ငွေကြေးများကို အရေးယူရေး ဥပဒေက အသက်ဝင်ဖို့ လိုတယ်။ အခုဆိုရင်တချို့ တချို့သော တရားရေးလောကက ပုဂ္ဂိုလ်တွေဟာ သိန်း ၅ ထောင် အထက် အိမ်တွေ၊ ကားတွေ၊ တိုက်ခန်းတွေ မြောက်မြားစွာ ၀ယ်ထားတဲ့ သတင်းတွေက လူထုကြားထဲမှာ ပြောဆိုနေကြတယ်။ ရှေ့နေတချို့ကလည်း အဲဒါတွေကို ပြောကြဆိုကြတဲ့ အသံတွေထွက်လာတယ်။ အဲဒါကြောင့် အကောင်းဆုံးကတော့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ လောလောဆယ် လုပ်သင့်တာကတော့ တရားမ၀င်နည်းလမ်းနဲ့ ရှာဖွေထားတဲ့ ငွေများကို သိမ်းဆည်းအရေးယူတဲ့ ဥပဒေနဲ့ တချို့တရားသူကြီးတွေရဲ့ နေမှုထိုင်မှု သုံးစွဲမှုတွေကို ဒီဥပဒေနဲ့ အညီပြန်လည်စိစစ်ဖို့ လိုပါတယ်။ အဲဒီလိုစိစစ်ပြီး လုပ်မှသာ လာဘ်ပေး လာဘ်ယူမှုနဲ့ ပတ်သက်ရင်ချင့်ချင့် ချိန်ချိန်လုပ်မယ်။ အဲဒီလိုလုပ်လို့ရှိရင် ဒီဥပဒေတွေ ရှိနေပါလားဆိုတာ သိမယ်”ဟု ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တရားရုံးချုပ် ရှေ့နေ)က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၆ ပါတရားစီရင်ရေးအခန်းအား ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပုဒ်မ ၄၃၃ မှ ၄၃၆ အထိပြဋ္ဌာန်းထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းရမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၁၂၊ ပုဒ်မ ၄၃၄ နှင့် ၄၃၅ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားစီရင်ရေး အခန်းပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း၊ တိုင်းဒေသကြီး တရားလွှတ်တော်များ သို့မဟုတ် ပြည်နယ် တရားလွှတ်တော်များ၏ စီရင်ပိုင်ခွင့် အာဏာများ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၏ အရည်အချင်း စသည့် ပြဋ္ဌာန်းချက်တို့နှင့် ပတ်သက်၍ ပြင်ဆင်လိုပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန်မလိုဘဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သိရသည်။
ထို့ကြောင့် လက်ရှိတရားစီရင်ရေး စနစ် ဒီမိုကရေစီကျကျ ပီပီပြင်ပြင် အကောင်ထည် ပေါ်လာစေရန် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်သည်များကို အမြန်ဆုံး ပြင်ဆင်သင့်ပြီး ကိုယ်ကျင့်သိက္ခာနှင့် မပြည့်စုံလုပ်ငန်း မကျွမ်းကျင်သော တရားသူကြီးများအား အမြန်ဆုံး လဲလှယ်ခြင်းဖြင့် ဒီမိုကရေစီကို ပိုမိုဖော်ဆောင် လာနိုင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူများ အကျိုးအား ရှေးရှုထား၍ သက်ဆိုင်ရာ လွှတ်တော်များတွင် တရားစီရင်ရေး၏ ချို့ယွင်းချက်များကို ထိထိရောက်ရောက် ဆွေးနွေးသင့်ပြီ ဖြစ်ကြောင်း ဥပဒေပညာရှင်များက အကြံပြုခဲ့ကြပါသည်။
လက်ရှိတရားစီရင်ရေး စနစ်နှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူခြင်း
7104b
တရားစီရင်ရေးစနစ်နှင့် ပတ်သက်၍ Eleven Meida Group ၏ website ပေါ်၌ ဆန္ဒမဲကောက်ယူခဲ့ရာ ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းမှ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် အစောပိုင်းထိ မဲပေးသူ စုစုပေါင်း ၂၀၂၅ ဦး ရှိသည့်အနက် ၁ဒသမ၉ ရာခိုင်နှုန်း (၃၈ဦး)မှာ လက်ရှိတရားစီရင်စနစ် သည် မျှတမှုရှိပြီး မြန်မာနိုင်ငံ၏ လက်ရှိလူနေမှု အခြေအနေ၊ လူမှုအဖွဲ့အစည်းနှင့် ကိုက်ညီသည်ဟု ယူဆကြောင်း၊ ၂၀ ဒသမ ၁ ရာခိုင်နှုန်း (၄၀၇ ဦး)က လက်ရှိတရားစီရင်ရေး စနစ်သည် မမျှမတ ဖြစ်ပေါ်နေရခြင်းသည် ပြဋ္ဌာန်းထားသောဥပဒေများ၏ အားနည်းချက်ကြောင့် ဖြစ်သည်ဟု မဲပေးခဲ့ကြပြီး၊ ၇၈ ရာခိုင်နှုန်း(၁၅၈၀ ဦး)က ၎င်းတရားစီရင်ရေးစနစ်တွင် ပါဝင်သူများအထူးသဖြင့် တရားသူကြီးများ၏ အဂတိ တရားလေးပါး (ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ဘယာဂတိ)လိုက်စားမှုကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ဆန္ဒပေးခဲ့သည်။
လက်ရှိတရားစီရင်ရေး စနစ်အပေါ် သုံးသပ် ပြောကြားချက်များ
ဒေါ်အောင်ဆန်းစုကြည်

အဲဒီလိုပဲယူဆရမှာပဲ။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါအများသိနေတဲ့ကိစ္စပဲလေ။ ကျွန်မတို့ နိုင်ငံရေး အကျဉ်းသား တော်တော်များများဟာလည်း အကျဉ်းထောင်ထဲ ရောက်သွားတာဟာ လွတ်လပ်ပြီးတော့ တရားမျှတပြီးတော့ သန့်ရှင်းတဲ့တရားရေး မဏ္ဍိုင်မရှိလို့ပါ" ဟု ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Eleven Media Group မှ ဒေါ်အောင်ဆန်းစုကြည်အား 'အန်တီပြောသွားတဲ့အထဲမှာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်အတွက် ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။ ဒါဆို လက်ရှိတရားရေး မဏ္ဍိုင်ဟာ လွတ်လပ်သန့်ရှင်းမှုမရှိဟု သဘောယူဆပါသလား'ဟူသော မေးခွန်းအပေါ်ဖြေကြားချက်  . . .
ဒေါက်တာညိုညိုသင်း (ဒီမိုကရက်တစ်ပါတီမြန်မာ) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

"နိုင်ငံရေးအဆောက်အအုံက ပြောင်းလဲနေပြီ။ တစ်ပါတီစနစ်လိုမျိုး တပ်မတော်က အုပ်ချုပ်တဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းနေပြီ။ ဒါပေမဲ့ လက်ရှိတရားစီရင်ရေးကတော့ ပါဝင်တဲ့တရားသူကြီးတွေနဲ့ တရားစီရင်ရေးစနစ်လည်း မပြောင်းသေးပါဘူး။ တရားစီရင်ရေး ယန္တရားမှာပါတဲ့ လူတွေရော မူတွေရော မပြောင်းနိုင်သေးဘူး။ လူတွေဘာလို့ မပြောင်းနိုင်သေးဘူးလဲဆိုတော့ လက်ရှိတိုင်းပြည်မှာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိမယ့် တရားစီရင်ရေးစနစ်ကို ကျင့်သုံးနိုင်မယ့် ပညာရှင်တွေ ရှားနေပါတယ်။ တရားစီရင်ရေး ယန္တရားထဲမှာ တရားသူကြီးနဲ့ ရှေ့နေတွေသာမကဘဲ ရဲနှင့်ဥပဒေအရာရှိ တွေလည်းပါတယ်။ တရားစီရင်ရေးယန္တရားဖြောင့်မတ်မှန်ကန်ဖို့ဆိုရင် တရားသူကြီးတွေနဲ့ ရှေ့နေတွေကိုပဲ ပြောလို့မရဘူး။ ရဲနဲ့ ဥပဒေအရာရှိတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေကိုပါ ပြောရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် နယ်တွေမှာ လယ်သမားတွေကို အာဏာဖီဆန်မှုနဲ့ အုပ်ချုပ်ရေးမှူးတွေက တရားစွဲဆိုတာတွေ ရှိနေတုန်းပဲ။ တရားစီရင်ရေးမှာ ပါတဲ့သူတွေ ဘာကြောင့် မပြောင်းနိုင်သေးလဲဆိုရင် ဥပဒေတွေကလည်း မပြောင်းနိုင်သေးလို့ပါ။ နောက်ပြီး သူတို့တွေရဲ့ခံယူချက်တွေက တစ်ပါတီစနစ်ပုံစံ၊ တပ်မတော် စစ်အစိုးရအုပ်ချုပ်တဲ့ ပုံစံတုန်းကလို ဖြစ်နေတော့ ခေတ်နဲ့လိုက်လျော ညီထွေတဲ့ တရားစီရင်ရေးစနစ်ကို မပြောင်းနိုင်သေးပါဘူး။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ တရားမျှတမှု မရှိတာ၊ ခေတ်နဲ့လိုက်လျောညီထွေမှု မရှိတာတွေ ဖြစ်နေတုန်းပါ။ ပြည်သူတွေအနေနဲ့ နစ်နာပေမယ့် တရားရုံးစရိတ်ကြီးလို့ အမှုမဖွင့်နိုင်တဲ့ သူတွေရှိနေပါတယ်။ အခုလိုအသွင် ကူးပြောင်းရေးကာလမှာ ပြည်သူတွေ နစ်နာတယ်ဆိုတာနဲ့ အလွယ်တကူစရိတ် သက်သက်သာသာနဲ့ အမှုဖွင့်နိုင်တဲ့  တရားစီရင်ရေးစနစ်ကို မပြောင်းလဲနိုင်သေးပါဘူး။ ရဲတွေအနေနဲ့ကလည်း အိတ်ကစိုက်ပြီး စရိတ်စခမထုတ်နိုင်လို့ မဖော်ထုတ်နိုင်တဲ့ အမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခုလက်ရှိ တရားစီရင်ရေးဟာ လူတွေလည်း မပြောင်းနိုင်သလို မူတွေလည်း မပြောင်းနိုင်သေးပါဘူး"။

ကိုဝေဖြိုး  Weekly Eleven News Journal၊ အယ်ဒီတာချုပ်

"ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးမဏ္ဍိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေမှာ ဝေဖန်မှုတွေကို လက်ခံသလို၊ ပြုပြင်ပြောင်းလဲသင့်တာ တွေကိုလည်း တစ်ဆင့်ချင်းစီ လုပ်ဆောင်နေတာ တွေ့ရတယ်။ လွှတ်တော် အစည်းအဝေးတွေမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် ဒီမိုကရေစီနည်းကျသွားနိုင်ဖို့ အားထုတ်လာတာကို သိသိသာသာ တွေ့လာရတယ်။ ဒါပေမယ့်တရားစီရင်ရေး မဏ္ဍိုင်မှာတော့ အပြောင်းအလဲတွေ မတွေ့ရသေးပါဘူး။ ခေတ်နောက်ပြန် ဆွဲနေတာတွေ ရှိတုန်းပါပဲ။ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဟာ ကိုယ့်ရဲ့ အားနည်းချက်နဲ့ လိုအပ်ချက်တွေအပေါ် ပြုပြင်ဖို့ ဝေဖန်မှုတွေကို လက်ခံပေမယ့် တရားစီရင်ရေးမဏ္ဍိုင်ကို ဦးဆောင်သူအချို့ဟာ လာဘ်လာဘ အခွင့်အရေးနဲ့ အာဏာအတွက် ဝေဖန်မယ့်သူ၊ ထောက်ပြမယ့်သူတွေကိုတောင် နှိပ်ကွပ်ဖို့အားထုတ်လာတဲ့ သဘောတွေ တွေ့နေရတယ်။ တရားရုံးမထီမဲ့မြင်ပြုမှုဆိုတဲ့ ဥပဒေကို တရားသူကြီးအချို့က လက်နက်သဖွယ် အသုံးပြုခြိမ်းခြောက်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်။ အဝေဖန်မခံနိုင်တာ တင်မကဘဲ ဝေဖန်မယ့်သူတွေ မဝေဖန်နိုင်အောင် ဥပဒေကို အလွဲသုံးစားလုပ် ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးတွေရှိနေတယ်။ မတရားသဖြင့် ဆုံးဖြတ်တဲ့ အမှုတွေရှိပြီး အရင်စနစ်ဟောင်းက အကြွင်းအကျန်ဖြစ်တဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး မတရားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာတယ်။ ဥပမာတစ်ခုပြောရရင် တာမွေမြို့နယ် တရားရုံးမှာ တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အမှုတစ်ခုမှာ တစ်ဖက်စွပ်စွဲခံရသူအဖြစ် တရားရုံးမှာ လာရောက်ရင်ဆိုင်ရသူက တရားရုံးမှာ ဥပဒေမဲ့စွာ နင်ပဲငဆ အော်ဟစ်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေအရ တရားစွဲဖို့ လုပ်ဆောင်ရာမှာ ဒီဖြစ်စဉ်ကိုသိတဲ့ တရားသူကြီးနဲ့ တရားရေးဝန်ထမ်းအချို့က ကိုယ့်ရှေ့မှာဖြစ်တဲ့ကိစ္စကို သက်သေထွက်မပေးခဲ့ကြဘူး။ ဒါကြောင့် ဒီဖြစ်စဉ်ကို မျက်မြင်သိတဲ့ အခြားအနီးအနားက သူတွေကို သက်သေအဖြစ် ထွက်ဆိုစေခဲ့ရတယ်။ ဒါပေမယ့် ဒီအမှုကို ဆုံးဖြတ်တဲ့တရားသူကြီးက အမှုအတွက် လုံလောက်တဲ့ သက်သေမရှိလို့ အမှုမမြောက်ဘူးလို့ လက်မခံခဲ့ဘူး။ ဒါဟာ ဘာမှမဟုတ်တဲ့ သာမန်အမှုလေးလို့ ထင်ရပေမယ့် ရေးနိုင်ပြောနိုင်တဲ့သူတွေကိုတောင် ဒီလိုတရားမဲ့ လုပ်ရဲတယ်ဆိုတာဟာ ဘာမှပြောနိုင်ဆိုနိုင်ခြင်းမရှိတဲ့ ပြည်သူအများစု ဘယ်လောက်တောင် ဖိနှိပ်ခံထားရပြီလဲဆိုတာ မစဉ်းစားနိုင်လောက်အောင်ပါပဲ။ တကယ်တော့ တရားစီရင်ရေးစနစ် တည့်မတ်မှန်ကန်မှသာ ဒီမိုကရေစီစနစ် ခိုင်မာမှာပါ။ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို ကျန်မဏ္ဍိုင်တွေဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ သတင်းမီဒီယာတွေနဲ့ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေကပါ ကွပ်ညှပ်ပဲ့ပြင်မှ ရတော့မယ်။ သတင်းမီဒီယာတွေကလည်း မတရားမှုတွေကို တိတိကျကျ ဖော်ထုတ်ရေးသားဖို့ လိုပါတယ်။ ပြည်သူတွေကလည်း မိမိတို့ တွေ့ကြုံရင်ဆိုင်ရတဲ့ မတရားခံရတဲ့ ကိစ္စတွေအတွက် အမှုမှန်ကို သတင်းပို့ပြီး ရဲရဲဝံ့ဝံ့ပြောဆို ရင်ဆိုင်ကြဖို့ လိုပါတယ်။ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့နဲ့ နည်းလမ်းစနစ်တကျ တုံ့ပြန်သွားရမယ်။

စမ်းချောင်းကိုကိုကြီး (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြန်လည် လွတ်မြောက်လာသူ)

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က သရေကွင်းလိုပဲ။ လိုရင်ချဲ့လို့ရသလို၊ မလိုရင်ချုံ့လို့ရတယ်။ ငွေပေးရင် လွတ်သလို၊ ငွေမပေးရင် မလွတ်တာလည်း ရှိပါတယ်။ အတွေ့အကြုံတစ်ခုပြောရရင် ကျွန်တော် သံတွဲထောင်မှာ ရှိတုန်းကပါ။ မုဒိမ်းမှုနဲ့ စွပ်စွဲခံရတဲ့ နှစ်ယောက်က တစ်ယောက်က ပြစ်မှုကျူးလွန်ရာမှာ မပါခဲ့ဘူး။ ဒါကို တရားလို အမျိုးသမီးကလည်း မပါဘူးလို့ထွက်တယ်။ စွပ်စွဲခံထားတဲ့ နှစ်ယောက်တည်းမှာ ကျူးလွန်သူ ကိုယ်တိုင်ကလည်း သူ့သူငယ်ချင်းက ဒီပြစ်မှုကျူးလွန်ရာမှာ မပါဘူးလို့ပဲ ထွက်တယ်။ ဒီလိုထွက်ခဲ့ပေမဲ့ တရားရုံးက ငွေခြောက်သောင်းပေးမှ လွှတ်ပေးမယ်လို့ ပြောတယ်။ မပေးနိုင်တဲ့အတွက် ပြစ်မှုကျူးလွန်ရာမှာ မပါတဲ့ တစ်ယောက်ဟာ ထောင်ခြောက်နှစ် ကျသွားတယ်။ အခုချိန်အထိ ထောင်ထဲမှာ ရှိနေတုန်းပဲ။ တရားစီရင်ရေးစနစ်ဟာ ဟိုတုန်းကလည်း မကောင်းခဲ့ပါဘူး။ အခုလည်း မကောင်းသေးပါဘူး။ အခုပဲ ကြည့်လို့ရပါတယ်။ အင်းစိန်ထောင်မှာ အထူးတရားရုံးဖွင့်ပြီး စစ်ဆေးနေတဲ့ အမှုတွေပါ။ ဒီအမှုတွေကို စစ်ဆေးတဲ့နေရာမှာ အများပြည်သူရှေ့မှာ တရားစီရင်တာမျိုး မဟုတ်ဘဲ ဘယ်သူမှ မသိအောင် စစ်ဆေးနေတာ မျိုးတွေပါ။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင်တော့ တရားစီရင်ရေးစနစ်ဟာ မှန်ကန်မျှတမှ ဖြစ်နိုင်မှာပါ။ တရားစီရင်ရေး စနစ်တွေမှာ မမှန်တာတွေ၊ မမျှတတာတွေ ရှိနေမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ တရားသူကြီးတွေ အဂတိမလိုက်စားဖို့ဆိုရင်တော့ တရားသူကြီးတွေ အဂတိ မလိုက်စားနိုင်အောင် လစာငွေပေးထားမှ ဖြစ်နိုင်မှာပါ။ ဒီအချက်က အခြေခံအချက်ဖြစ်ပါတယ်။ ဒီအခြေခံအချက်ကို မဖြေရှင်းနိုင်ဘဲ၊ တခြားလိုအပ်ချက်တွေကို မဖြည့်နိုင်ဘဲနဲ့တော့ အဂတိလိုက်စားမှုတွေ ပျောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို နိုင်ငံတော်ပိုင်းက လုပ်မှဖြစ်နိုင်မှာပါ။

မစုစုနွေး (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြန်လည်လွတ်မြောက်လာသူ)

ကျွန်မတို့တုန်းကကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအမှုတွေမှာတော့ တရားသူကြီးတွေဟာ ချမှတ်ထားတဲ့ ဥပဒေအတိုင်း ချပြပိုင်ခွင့်မရှိဘဲ အပေါ်ကလာတဲ့ အမိန့်နဲ့ အမိန့်ချမှတ်ရတာမျိုးတွေ ဖြစ်ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ သိရသလောက်ကတော့ တရားစီရင်ရေးနယ်ပယ်မှာ အမှန်ကိုအမှန်အတိုင်း ဆုံးဖြတ်မှုမလုပ်နိုင်ဘဲ ငွေများတရားနိုင် ပုံစံမျိုးတွေအများကြီး ရှိနေပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ငွေရှင်ကြေးရှင်တွေနဲ့ ဖြစ်ကြတဲ့အခါမှာလည်း နစ်နာသူတွေဘက်က အမှန်ကို အမှန်အတိုင်း၊ တရားဥပဒေအရ အဆုံးအဖြတ်မရတာတွေ ရှိနေပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတာ သူတို့ပြောနေကြစကားပါပဲ။ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း ပြောတတ်ပါတယ်။ ကျွန်မကတော့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေချင်တာ အမှန်ပါပဲ။ သီးခြားအနေနဲ့ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ယိမ်းယိုင်နေပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့တကွ တရားစီရင်ရေးနယ်ပယ်မှာ ရှိနေတဲ့သူတွေအားလုံးကို ပြောချင်တာကတော့ တရားဥပဒေရဲ့ အထက်မှာအမှန်တကယ်ပဲ ဘယ်သူမှမရှိဘဲ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေအတိုင်း ဆုံးဖြတ်နိုင်အောင် လုပ်ဆောင်ပေးစေ လိုပါတယ်။ ဒီအတိုင်း လုပ်ဆောင်နိုင်ဖို့ကိုလည်း ပြည်သူတွေအတွက် လုပ်ဆောင်နေတဲ့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ကို တောင်းဆိုချင်ပါတယ်။

ဒေါက်တာမောင်မောင်သိမ်း (မန်နေဂျာ၊ မြန်မာ့အာမခံလုပ်ငန်း)
လာဘ်စားမှုဆိုတာ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ကြုံတွေ့နေရတာပါပဲ။ အဲဒီလို လာဘ်စားမှုတွေ ပပျောက်ဖို့ဆိုရင် သုံးဘက်ညီဖြေရှင်းဖို့ လိုတယ်လို့မြင်ပါတယ်။ နံပါတ်တစ်အနေနဲ့ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားလိုပဲ။ ၀န်ထမ်းတွေအနေနဲ့လုံလောက်တဲ့လစာ၊ နေထိုင်မှုတွေလိုအပ်တယ်လို့ ထင်ပါတယ်။ နှစ်အချက်အနေနဲ့ လာဘ်စားမှု ကင်းတဲ့ တရားစီရင်ရေးစနစ် ဖြစ်ဖို့အတွက် တရားသူကြီးတွေ၊ ရှေ့နေတွေ သာမကဘဲ အမှုသည်တွေ ဘက်ကလည်း တရားမျှတမှုကို လေးစားမှုရှိဖို့ လိုပါတယ်။ ကိုယ့်အမှုနိုင်ချင်ဇောနဲ့လာဘ်ထိုးတာတွေ၊ မတရားတာတွေကို လုပ်တာတွေအပေါ်မှာ တရားမျှတမှုဆိုတာကို နားလည်လက်ခံဖို့လဲ အမှုသည်တွေမှာ လိုပါတယ်။ နောက်သုံးအချက်ကတော့ သက်ဆိုင်ရာဝန်ထမ်းတွေကဥပဒေကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရပါမယ်။ ဖောက်ဖျက်မှုရှိရင်လဲ ပေးတဲ့သူရော၊ ယူတဲ့သူကိုပါ ထိထိရောက်ရောက် စုံစမ်းအရေးယူပြီး တိုက်ဖျက်မယ်ဆိုရင်တော့ တရားစီရင်ရေးစနစ်ဟာ ပိုကောင်းလာမယ်လို့ မြင်ပါတယ်။
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
တရားစီရင်ရေးစနစ်ကိုတော့ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိတာပဲ ဖြစ်စေချင်တယ်။ ကျောသားရင်သား ခွဲခြားတာတွေ မရှိစေချင်ဘူး။ ပြည်သူလူထုအတွက် လုံလောက်သော အကာအကွယ်ဖြစ်စေ ချင်တယ်။ လူ့အခွင့်အရေးကို ကာကွယ်နိုင်တာပဲ ဖြစ်စေချင်တယ်။ လက်ဖ၀ါး၊ လက်ဖမိုးလို ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက် မဖြစ်ဘဲနဲ့ ခြေဖ၀ါးလို တစ်ဖက်တည်းမှာပဲ ရှိနေစေချင်တယ်။ ငွေများရင်၊ အာဏာရှိရင် တရားနိုင်တာပဲ ဆိုတာကို ပြောင်းရတော့မယ်။ သမာသမတ်ကျတဲ့ တရားစီရင်ရေးစနစ်ကိုပဲ ပြည်သူလူထုက လိုလားတာ။ တိုင်းပြည်ကို ဘယ်လိုဥပဒေနဲ့ အုပ်ချုပ်မလဲဆိုတာက အရေးကြီးသလို တရားစီရင်ရေးဆိုတာလည်း တိုင်းပြည်ရဲ့အသက်ပဲ။
ဦးစောဝေ (ကဗျာဆရာ)
လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ တရားစီရင်ရေးကို ကြည့်မယ်ဆိုရင် တရားဥပဒေနဲ့အညီ လွတ်လပ်စွာ စီရင်ပိုင်ခွင့်မတွေ့ရသေးဘူး။ တရားလို၊ တရားခံတွေရဲ့ရပိုင်ခွင့်ကို ဘယ်လိုပေးရမှန်း မသိသေးဘူး။ တရားသူကြီးတွေကလည်း သူတို့ရဲ့ကျင့်ဝတ်ကို မသိကြဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျင့်သားမရသေးဘူး။ ဘာလို့ ဒီလိုဖြစ်နေရလဲဆိုနှစ် ၅၀ လောက် အမိန့်ပေးတဲ့ စနစ်အောက်မှာပဲ ရှိခဲ့တော့ ဘယ်လိုလုပ်ရမယ်ဆိုတာ တရားသူကြီးတွေ ကိုယ်တိုင်မသိကြဘူး။ အခု ဒီတရားစီရင်ရေးစနစ်ကို ပြင်မယ်ဆိုရင် ဦးဆုံး ခေါင်ကစရမယ်။ ခေါင်မိုးလုံဖို့ရမယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာ သုံးရပ်ပြဋ္ဌာန်းတဲ့ အစိုးရကပြုသူတွေကို အုပ်ချုပ်ရာမှာ သူ့လူကိုယ့်ဘက်သား မရှိရဘူး။ တန်းတူညီမျှရှိဖို့ လိုတော့။ ဒါတွေကိုပြုပြင်ရမယ်လို့ ထင်တယ်။
http://www.weeklyeleven.com

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ယနေ့ မြန်မာပြည်သွားမည်





News Date:12/5/2011 yle="font-family: Zawgyi-One;">ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ယနေ့ နေ့လည် ၂ နာရီတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်မှ မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ထွက်ခွာမည် ဖြစ်သည်။


Sheikh-Hasina
ယနေ့ ညနေ ၄ နာရီ ကျော်တွင် သူမ စီးနှင်းလိုက်ပါသည့် ဘီမန် ဘင်္ဂလာဒေခ်ျ့ လေကြောင်းလိုင်း လေယာဉ်သည် နေပြည်တော် လေယာဉ်ကွင်းတွင် ဆင်းသက်မည် ဖြစ်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ၀ဏ္ဍဦးမောင်လွှင်က လေဆိပ်တွင် လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်သည် နောက်ပိုင်းတွင် မြန်မာ ဂုဏ်ပြု တပ်ဖွဲ့၏ ဂုဏ်ပြုခြင်းကို ခံယူမည် ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နှင့်လည်း သမ္မတ နေအိမ်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ဘင်္ဂလာဒေချေ့် အရာရှိများက ပြောသည်။

သူမ၏ ခရီးစဉ် အတွင်း ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်သည် စီးပွားရေး ဆိုင်ရာ နားလည်မူ စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မြန်မာနှင့် ဆက်သွယ်မည့် ချစ်ကြည်ရေး လမ်းမဖေါက်လုပ်ရေး၊ ဒုက္ခသည်များ ပြန်ပို့ရေး၊ ရေအားလျှပ်စစ် ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရေးနှင့် ၀ယ်ယူရေး၊ မြန်မာနှင့် ပူးပေါင်းပြီး ဘင်္ဂလာ ပင်လယ်အော်တွင် သဘာဝ ဓါတ်ငွေ့ရှာဖွေရေး၊ ရင်းနှီးမြုပ်နှံရေး၊ နယ်စပ် မူးယစ်ဆေးဝါး အပြင် တခြား လေကြောင်းလိုင်း တိုးချဲ့ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် နေပြည်တော်တွင် တည်ဆောက်မည့် ဘင်္ဂလာဒေခ်ျ့ သံရုံးအတွက် အုတ်မြစ်ချပေးမည် ဖြစ်ပြီး ကျောက်မျက်ရတနာ ပြခန်း၊ ပြည်သူ့လွှတ်တော် အဆောက်အဦးများ၊ ဥပသန္တိ စေတီတော်နှင့် ဆင်ဖြူ ရတနာများ ရှိရာသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်၏ ခရီးစဉ်သည် နိုင်ငံ (၂) ခုအကြား ချစ်ကြည်ရင်းနှီးမူနှင့် စီးပွား ကုန်သွယ်ရေးကို တိုးမြှင့် ရန်အတွက် အဓိကထား သွားရောက်လည်ပတ်သော ခရီးစဉ် ဖြစ်ပြီး ဘင်္ဂလာ-မြန်မာ ကုန်သွယ်ရေးကို တိုးမြှင့်ရေးကို မြန်မာ အာဏာပိုင်များနှင့် အဓိက ဆွေးနွေးမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား နှစ်စဉ် ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၁၆၀ ရှိရာမှ သန်း ၅၅၀ တိုးမြှင့်ရန် နှစ်ငံနှစ်ခု အကြား ယခုနှစ် ဇူလိုင်လက သဘောတူထားသည်။

၂၀၀၈- ၀၉ ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလာဒေခ်ျ့မှ မြန်မာသို့ ပို့ကုန် တန်ဖိုးမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၉ ဒဿမ ၁၇ သန်း ရှိခဲ့ပြီး မြန်မာမှ သွင်းကုန် တန်ဖိုးမှာ ၆၆ ဒဿမ ၆၅ သန်း ရှိခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်သည် မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးပါက အင်ဒိုနီးရှား နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။ 

http://www.narinjara.com/detailsbur.asp?id=3644

ကမ္ဘာ နဲ့  အမြွှာပူး ဂြိုလ် တစ်လုံး ကို တွေ့ ရှိ





by FNG on December 6, 2011
111205041701-kepler-planet-story-topFNG၊               ၊ကမ္ဘာ ဂြိုလ် နှင့် သွင်ပြင် လက္ခဏာ အပြင် ဖွဲ့ စည်း တည်ရှိ မှု ပုံ သဏ္ဍန် ပါ
တူညီ သည့် ဂြိုလ် သစ် တစ်လုံး ကို အမေရိကန် အမျိုးသား အာကာသ သိပ္ပံ (NASA)
နက္ခတ် ပညာရှင် များ ၏NASA’s Kepler mission မှ တွေ့ ရှိ သည် ဟု နာဆာ အင်တာနက်
စာမျက် နှာ တွင် ဖော်ပြထား သည်။
Kepler 22-b ဟု အမည် ပေး ထား သည့် အဆို ပါ ဂြိုလ် သည် ကမ္ဘာ နှင့် အလင်း နှစ် မိုင်
၆၀၀ ° အကွာ တွင် ရှိ ကာ ကမ္ဘာ ဂြိုလ် ထက် နှစ် ဆ ခွဲ ပိုမိုကြီး မား သည်။ ထိုဂြိုလ် သစ် တွင်
ရေ နှင့် ကျောက်ခဲ ၊ မြေကြီး များ ရှိကာ သက်ရှိ သတ္တ ၀ါ တို့  ရှင်သန် ကြီးထွား နိုင် မည် ဟု
သိပ္ပံ ပညာရှင် များ က ပြောသည်။

Kepler 22-b သည် ကမ္ဘာ ဂြိုလ်ကဲ့ သို့ ပင် နေ ကို ဗဟို ပြု ကာ လည့် ပတ် နေ သည့် ဂြိုလ်
တစ်ခု ဖြစ် ပြီး သူ ၏ ဂြိုလ်ပတ်လမ်း ကြောင်း က ကမ္ဘာ ထက်ငယ် ကာ အခြား ဂြိုလ်များ ခြံ
ရံ လျှက် နေ ကို လှည့် ပတ် နေသည်။

ကက်ပလာ မစ်ရှင် ၏ သု တေသန ပညာရှင် တစ်ဦး ဖြစ်သူ William Borucki က “Kepler
22-b က ကမ္ဘာဂြိုလ် ထက် နေနဲ့  ပိုနီးတယ်။ နေ ပေါ် မှာ နေရ သလိုပဲ ။ ဒါပေမယ့် သူ့  နေက
မှိန်ဖျော့ဖျော့ လေးပဲ ၊ ကျွန်တော် တို့  နေလောက် စွမ်းအင် ပေါက်ကွဲ မပြင်းထန် ဘူး ၊ နေက
သေးသေးလေး ပဲ အလင်း ထုတ်လွှင့် မှု လည်း နည်းတယ် ၊ ဒီဂြိုလ် ပေါ် မှာ ပုံမှန် အား ဖြင့်
၂၂ စင်တီဂရိတ် ပဲ ရှိတော့ ကမ္ဘာ ထက် ငယ် တယ် ဟု BBC သတင်းဌာန ကို ပြောသည်။
ကမ္ဘာ နှင့် အလား သဏ္ဍန် တူသည့် ထို ဂြိုလ် သည် သူ၏ နေ ကို တစ်ပတ် ပတ် မိရန် ရက်
ပေါင်း ၂၉၀ ကြာသည်။
Kepler 22-b ကို သိပ္ပံ ပညာ ရှင် များ က ယခု နှစ် ဖောဖော်ဝါရီလ ကတည်း က အားကောင်း
သော Kepler နက္ခတ် ကြည့် မှန် ပြောင်း ဖြင့် တွေ့ ရှိ ခဲ့ ခြင်း ဖြစ်သည်။ ကက်ပလာ မစ်ရှင်
မှ တွေ့ ရှိ မှု တွင် Kepler 22-b ကဲ့  သို့  ပင် အခြား ဂြိုလ် ၅၄ လုံးမှာ လည်း ကမ္ဘာ နှင့် အလား
ဆင်တူ သော် လည်း Kepler 22-b သာ သက်ရှိ များ နေထိုင် ရန် သင့်လျှော် သည်။
သိပ္ပံ ပညာရှင် များ က Kepler 22-b ကို Earth 2.0 (သို့  ) Super Earth ဟု ခေါ် သည်။
ယခင်က ကမ္ဘာ နှင့် အလား သဏ္ဍန် ဆင် သည့် ဂြိုလ် များ တွေ့ ရှိ ခဲ့ သောလည်း သက်ရှိများ
နေထိုင် ရန် သင့် လျှော် ခြင်း မရှိ ဟု ဆိုသည်။
Kepler 22-b ကို ကမ္ဘာ မှ ခရီး နှင် ရန် မူကား များ စွာ အခက် အခဲ များ ရှိ သည် ဟု သိရသည်။



http://freedomnewsgroup.com/2011/12/06/twin-earth-found/

ပြည်တွင်းပြောင်းလဲမှု နဲ့ လူ့ဘောင်သစ်ခေါင်းဆောင် အမြင်

တနင်္ဂနွေ, 04 ဒီဇင်ဘာ 2011

By ဦးစံမိုးဝေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးစံမိုးဝေ က ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နဲ့ မြန်မာပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများ အခြေအနေ နဲ့ အမေရိကန်နိုင်ငံခြားရေးခရီးစဉ်အကြောင်းတို့ကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mrs. Hillary Clinton ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါဟာ ရာစုနှစ်တဝက်ကျော်အတွင်း မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတဦး အနေနဲ့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ သမိုင်းဝင် ထူးခြားတဲ့ ခရီးစဉ်အဖြစ် ရှုမြင်သုံးသပ်ကြပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် တောက်လျှောက်တွန်းအားပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့  နိုင်ငံခြားရေးဝန်ကြီး သွားရောက်လည်ပတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့  ပြောင်းလဲတိုးတက်မှုတွေဟာ တကယ်ပဲ အားရစရာတွေ ရှိနေပြီလား။ ပြည်ပမှာ အခြေစိုက်လှုပ်ရှားနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ခေါင်းဆောင်လည်းဖြစ်၊ ၁၉၈၈ ခုနှစ်ကနေ မြန်မာ့နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့တဲ့ ဦးအောင်မိုးဇော် က သူ့ရဲ့ အမြင်ကို ဗွီအိုအေကို အခုလိုပြောဆိုပါတယ်။

ဦးအောင်မိုးဇော် ။ ။ အဲဒီအခြေအနေအထိတော့ ယူဆလို့မရသေးဘူး။ ကနေ့ အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးဝန်ကြီး ဗမာပြည်သွားတယ်ဆိုတာကို ကျနော် နားလည်းသလောက်ကတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ အရွေ့ တချို့ ၊ အပြောင်းအလဲတချို့ ၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတချို့  စဖြစ်နေပြီ။ အဲဒီအပေါ်မှာ ပိုပြီးမြန်ဆန်အောင်လို့ နောက်ကိုပြန်လှည့်မလာနိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင်လို့ သွားပြီးတိုက်တွန်းတဲ့သဘော။ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျသွားပြီး လေ့လာအကဲဖြတ်တဲ့သဘောလို့ပဲ ကျနော်နားလည်းပါတယ်။

ဦးစံမိုးဝေ ။ ။ ပြီးခဲ့တဲ့နောက်ဆုံး နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတုန်းက မြန်မာနိုင်ငံဟာ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌရာထူးကို အဆိုပြုထားအပေါ်မှာ အထောက်အကူဖြစ်အောင် လွှတ်ပေးတာလို့ ပြောဆိုတိုက်တွန်းမှုတွေ ရှိပါတယ်။ အဲဒီကိစ္စကလည်း အောင်မြင်သွားပြီ။ အခု ဝန်ကြီးကလင်တန် ခရီးစဉ်မတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဖြစ်မလာခဲ့ဘူး။ အဲဒီတော့ မြန်မာအစိုးရဘက်က လုပ်ဆောင်မှုတွေက စိတ်ရင်းစေတနာမှန်နဲ့ လုပ်နေတာမျိုး ဖြစ်နိုင်သလား။

ဦးအောင်မိုးဇော် ။ ။ အကျဉ်းသားကိစ္စနဲ့ ပတ်သက်လို့ကတော့ အခုအချိန်အထိ ဒီနေ့ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အပြောင်းအလဲဖြစ်လာတယ်လို့ ကျနော် မယူဆသေးဘူး။ ဘာကြောင့်လည်းဆိုတဲ့အခါကြတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ နိုင်ငံရေးအရ အကျဉ်းကျခံနေရတဲ့လူတွေ ရှိတယ်ဆိုတာတောင်မှ အခုအချိန်အထိ အသိအမှတ်မပြုသေးဘူးဖြစ်တယ်။ ဒီ position က သူတို့ အာဆီယံဥက္ကဋ္ဌ ရာထူးမယူခင်က position ဖြစ်တယ်။ အာဆီယံဥက္ကဋ္ဌ ယူပြီးတော့လည်း ဒီ Position ကိုပဲ ဆက်ပြီးကိုင်စွဲထားတုန်းပဲဖြစ်တယ်လို့ အဲဒီလိုယူဆတယ်။ ဆိုတဲ့အခါကြတော့ မှန်တယ် ဗမာပြည်ထဲမှာ အပြောင်းအလဲတချို့  အရွေ့ တချို့  နှေးနှေးနဲ့ ဖြစ်ပေါ်နေတာရှိတယ်။ အင်မတန် နှေးကွေးစွာ ဖြစ်ပေါ်နေတာရှိတယ်။ တပြိုင်နက်ထဲမှာပဲ အခုနလိုပြောတဲ့ အခြေခံကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အသိအမှတ်ပြုရေးကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ကိစ္စ အပါအဝင် တခြား သိသာထင်ရှားတဲ့၊ ခိုင်မာတဲ့ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ပြောင်းလဲမှုမျိုးကို လုပ်တာကိုတော့ ကျနော်တော့ အခုအချိန်အထိ မတွေ့ရသေးဘူး။ အဲဒီအခါကြတော့ ယနေ့ စစ်ခေါင်းဆောင်တွေအနေနဲ့ လက်ရှိ အစိုးရအနေနဲ့ တိုင်းပြည်ကို တကယ်ပဲ စစ်စစ်မှန်မှန် အပြောင်းအလဲကို ဦးတည်ပြီးတော့ သွားဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ်လို့ရှိရင် တစုံတရာ အချိန်ဆွဲနေတာလား။ သူတို့ မပြောင်းလဲဘဲနဲ့ သူတို့ နိုင်ငံတကာ ဆက်ဆံရေးတွေ အဆင်ပြေလာအောင်။ သူတို့လုပ်မယ့် လုပ်ငန်းတွေ အဆင်ပြေလာဖို့အတွက်ကို ကြိုးစားနေတာလားဆိုတဲ့ ကိစ္စတွေက အများကြီး စဉ်းစားစရာရှိတယ်။ ဝေဝါးနေဆဲဖြစ်တယ်။ ခိုင်ခိုင်မာမာ ပြောင်းလဲဖို့ လမ်းကြောင်းကို ရောက်နေပြီလို့ ပြောလို့မရသေးဘူး ဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောဆိုမှုတွေလုပ်တယ်။ အန်အယ်လ်ဒီ ပါတီကို ပြန်ပြီး မှတ်ပုံတင်နိုင်အောင်၊ ရွေးကောက်ပွဲဝင်နိုင်အောင် တံခါးဖွင့်ပေးတယ်။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းတာတို့ဘာတို့ရှိတယ်။ အဲဒါတွေကရော အရေးပါတဲ့ ပြောင်းလဲမှုတွေ မဟုတ်ဘူးလား။

ဦးအောင်မိုးဇော် ။ ။ ဒီ အပြောင်းအလဲတွေက အရေးမပါဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီ အပြောင်းအလဲတွေက လိုအပ်ပါတယ်။ ဒီ အပြောင်းအလဲတွေက ရှေ့ ဆက်ပြီးတော့ တိုးတက်သွားဖို့။ ရှေ့ ဆက်ပြီး တကယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားဖို့ အရမ်းလိုအပ်တယ်။ အဲဒီအတွက်ကြောင့်လည်း အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဗမာပြည်ကိုသွားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်က အခုနလို အစရဲ့ အစ ဗမာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေဖို့အတွက် အစဖြစ်တယ်။ သမ္မတကြီးကို ယုံကြည်ပါတယ် စသဖြင့်ပေါ့ အပြောင်းအလဲတွေကို ပိုမြန်ဆန်နိုင်ဖို့အတွက်ကို ပြောဆိုနေကြတာတွေ ဆက်ဆံနေကြတာတွေ ဖြစ်နိုင်တယ်လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ ယူဆတယ်။ ဆိုတဲ့အခါကြတော့ ဒါပေမဲ့လို့ ကနေ့ အပြောင်းအလဲတွေကနေ ရှေ့ ကို မြန်မြန်ဆန်ဆန်ကြီး တိုးတက်သွားမယ် သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့်ကြီး ပြောင်းလဲသွားမယ်ဆိုတဲ့ ပြောင်းလဲသွားနိုင်တဲ့ ခန့်မှန်းချက်မျိုးကတော့ အခုကာလမှာ ပေးဖို့က အရမ်းကို စောသေးတယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။

ဦးစံမိုးဝေ ။ ။ သမ္မတဦးသိန်းစိန် က မစ္စစ် ကလင်တန်နဲ့ စကားပြောတုန်းက သူ့ရဲ့  ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာ အစိုးရထဲမှာ လိုလားသူတွေလည်းရှိတယ်။ သံသယ ရှိနေသူတွေလည်း ရှိတယ်။ ဆန့်ကျင်နေသူတွေလည်း ရှိတယ်ဆိုပြီးတော့ ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့တယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်တာကို ဘယ်လိုယူဆပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အခု နိုင်ငံတော်သမ္မတဆိုတဲ့ ပုဂ္ဂိုလ်က အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးဝန်ကြီးကို အဲဒီလို ပြောတဲ့ကိစ္စက ကျနော်အနေနဲ့ကတော့ ပွင့်လင်းတယ်လို့ မယူဆဘူး။ သူကနေ့ လုပ်နေကိုင်နေတဲ့ကိစ္စတွေက အင်မတန် နှေးကွေးတဲ့အခါကြတော့ အဲဒီအပေါ်မှာ အခုနလို ပြောဆိုလာမယ့်ကိစ္စကို ကြိုပြီးတော့ ကာတယ်လို့ပဲ ကျနော်ယူဆတယ်။

ဦးစံမိုးဝေ ။ ။ နောက်တခုက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့  ပိတ်စို့အရေးယူမှုတွေကို ရုတ်သိမ်းပေးစေချင်တာ ထင်ရှားပါတယ်။ ဒီတော့ ဝန်ကြီးကလင်တန် ပြောသွားတဲ့ ဒီလို ရုတ်သိမ်းပေးဖို့ မြင်ချင်တဲ့အရာတွေဖြစ်တဲ့ လူ့အခွင့်အရေးကိစ္စတွေ၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွေ၊ တိုင်းရင်းသားပဋိပက္ခတွေ ဖြေရှင်းဖို့ ဆိုတာတွေ အပါအဝင်။ မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အသွယ်ဖြတ်ဖို့ စတာတွေ ပြောဆိုခဲ့ပါတယ်။ အဲဒီတော့ အဲဒီအရာတွေကို မြန်မြန်ဆန်ဆန် မြင်တွေ့နိုင်မယ်လို့ ယူဆနိုင်ပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော် ဒီနေရာမှာ တခုပြောချင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့စကားထဲက တခုပြောချင်ပါတယ်။ တခုက ဘာလဲဆိုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျနော်တို့ တိုင်းပြည်အတွက်ဆို အမေရိကန်ပြည်ထောင်စုနဲ့ ပြေလည်ရေး မပြေလည်းရေး၊ အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ရေး၊ မကောင်းမွန်ရေး ဆိုတာထက် ကျနော်တို့ တိုင်းပြည်ထဲက ပြည်သူတွေ ဂုဏ်သိက္ခာရှိရှိနဲ့ နောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ရပ်တည်သွားနိုင်ဖို့က ပိုပြီးတော့ အဓိကကျတယ်လို့ သူပြောသွားတာကို ကျနော် အမှတ်တမဲ့ တွေ့လိုက်ရတယ်။ အဲဒီလိုဆိုတဲ့အခါကြတော့ ကနေ့ လက်ရှိ အစိုးရအနေနဲ့ ကျနော်တို့ တိုင်းပြည်က ပြည်သူတွေ လွတ်လွတ်လပ်လပ် အခြေအနေတွေ ခံစားနိုင်ဖို့၊ လွတ်လပ်စွာ စီးပွားတွေ ရှာနိုင်ဖို့၊ ပျော်ပျော်ရွှင်ရွှင် ရှိနိုင်ဖို့ကိစ္စကို အမှန်တကယ် ဦးတည်မယ်။ ပြည်သူတွေ တကယ်လိုလားနေတဲ့ ငြိမ်းချမ်းရေးကို တကယ် တည်ဆောက်နိုင်မယ်။ ပြည်သူတွေ တကယ် လိုလားနေတဲ့ အခုနလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ရေး။ ဒီကိစ္စတွေကို တကယ် ဆောင်ရွက်နိုင်မယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တကယ် ခိုင်ခိုင်မာမာ လျှောက်နိုင်မယ်ဆိုလို့ရှိရင် အခုန sanction ဆိုတဲ့ကိစ္စတွေက သူအလိုလို လျော့ပါးသွားမှာဖြစ်တယ်။ သူ့အလိုလို ရုတ်သိမ်းသွားမှာဖြစ်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။ အခုန ကိုစံမိုးဝေ မေးတဲ့မေးခွန်းနဲ့ ပတ်သက်လို့ကတော့ ကျနော့် ခန့်မှန်းချက်၊ ယူဆချက်ကတော့ မြောက်ကိုရီးယားလို ကိစ္စမျိုးကို သူတို့ တစုံတရာ အပေးအယူလုပ်နိုင်မယ့် အခြေအနေရှိတယ်။ ကျနော် ယူဆတယ်။ ပြည်တွင်းနိုင်ငံရေးတွေနဲ့ ပတ်သက်လို့ကတော့ အခုအချိန်အထိ နှေးကွေးနေတာ ကိုစံမိုးဝေ တို့လည်း အသိဖြစ်ပါတယ်။ ကျနော်တို့က မြန်မြန်ထက်ထက် ဖြစ်စေချင်တယ်။ ပြောင်းမယ်ဆိုရင်လည်း ပြောင်းတာတွေက ခိုင်ခိုင်မာမာပြောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်စေချင်တယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးစံမိုးဝေ ။ ။ နောက်ဆုံး သိချင်တာတခုကတော့ အခုဆိုရင် အမေရိကန်အစိုးရက မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုနေပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကလည်း တရားဝင်ပါတီအဖြစ်နဲ့ အစိုးရရဲ့  နိုင်ငံရေးဖြစ်စဉ် လမ်းကြောင်းပေါ်မှာ တက်တော့မယ်။ အခုအချိန်အခါမှာ ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာ့အတိုက်အခံ နိုင်ငံရေးအခန်းကဏ္ဍက ဘယ်လိုလုပ်ကြမလဲ။ ဘာတွေ ဖြစ်လာမလဲလို့ ထင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်အထင်ကတော့ ကျနော်တို့ တိုက်ပွဲက မပြီးသေးဘူး။ ကျနော်တို့ တိုင်းပြည်ထဲမှာ အခုနပြောသလို အပြောင်းအလဲဖြစ်နိုင်တဲ့ လက္ခဏာတချို့  ရှိတယ်ဆိုပေမယ့် တောက်လျှောက်တင်ပြခဲ့သလိုပဲ အပြောင်းအလဲဆိုတာ အခိုင်အမာဖြစ်နေတဲ့ အနေအထား မဟုတ်ဘူးဆိုတဲ့အခါကြတော့ အခုတိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ အရွေ့  ပိုပြီးမြန်ဆောင်သွားအောင်လို့၊ ပိုပြီးခိုင်မာသွားအောင်လို့ ကျနော်တို့ လုပ်ရမယ့်အလုပ်တွေ အများကြီးရှိသေးတယ်။ ကျနော်တို့ အဲဒီအလုပ်တွေကို နိုင်ငံတကာကိစ္စတွေမှာပဲဖြစ်ဖြစ် ပြည်တွင်းကိစ္စတွေမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေနဲ့ ပူးတွဲတဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ် လုပ်စရာတွေ အများကြီးကျန်သေးတယ်။ အဲဒီ လုပ်စရာရှိတဲ့ အလုပ်တွေကို သေသေချာချာ ခိုင်ခိုင်မာမာလုပ်သွားနိုင်ဖို့ လိုသေးတယ်။ ဒါမှလည်း တိုင်းပြည်အတွင်းမှာရှိတဲ့ ရွေ့ နေတဲ့အရွေ့ တွေက ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်လိမ့်မယ်။ ပိုပြီးခိုင်ခိုင်မာမာ ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။ ဒါ တပိုင်းပေါ့။ နောက်တပိုင်းက ကျနော်တို့ ဒီလိုပဲ နယ်စပ်ဒေသတွေမှာပဲဖြစ်ဖြစ် နိုင်ငံတကာမှာပဲဖြစ်ဖြစ် ကျနော်တို့ ရပ်တည်လှုပ်ရှားနေရတယ်ဆိုတာက ကျနော်တို့ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေချင်လို့။ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်အောင်လို့ ကျနော်တို့ ရပ်တည်လှုပ်ရှားနေတာဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ထဲမှာ အပြောင်းအလဲတွေ မြင်ရပြီဆိုလို့ရှိရင် ကျနော်တို့ ဝမ်းသာရမှာပေါ့။ ကြည်နူးရမှာဖြစ်တယ်။ ဆိုတော့ ဒီနေရာမှာ ကျနော်တို့ အခန်းကဏ္ဍက ဘာလည်းဆိုတဲ့ကိစ္စကတော့ ဖြေဖို့ခက်တယ်လို့ ထင်တယ်။ ကျနော်တို့ လုပ်နေတာတွေ၊ ရပ်တည်နေတာတွေ ကိုယ်၌က တိုင်းပြည်အတွင်းမှာ အပြောင်းအလဲဖြစ်ဖို့ဆိုတဲ့အခါကြတော့ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲမြန်မြန်ဖြစ်လေ ကျနော်တို့အတွက် စိတ်အေးရလေ။ ကျနော်တို့အတွက် စိတ်ချမ်းသာရလေ ဖြစ်လိမ့်မယ်လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ ယူဆပါတယ်။

ဦးစံမိုးဝေ ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ခေါင်းဆောင်၊ နှစ်ပေါင်း (၂၀) ကျော် အတိုက်အခံထဲမှာ ထည်ထည်ဝင်ဝင် လှုပ်ရှားခဲ့သူ ဦးအောင်မိုးဇော် နဲ့ ဆက်သွယ်မေးမြန်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/democracy-forum/burma_forum_12-04-2011-135006803.html

အီးယူဒဏ်ခတ်ထားသည့်ကြားမှ ဦးတေဇ၏ ဇနီး အီတလီသွားခွင့်ရ


2011-05-05

စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ဇနီး ဒေါ်သီတာဇော်ဟာ ၂၀၁၁ ခုနှစ်အတွက် အီးယူ အဖွဲ့ရဲ့ ပိတ်ဆို့ ဒဏ်ခတ်စာရင်းမှာ ပါနေတဲ့ကြားက အီတလီနိုင်ငံကို မကြာသေးမ်ီက သွားရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။

အီးယူ နိုင်ငံတွေ သွားရောက်ခွင့် ဗီဇာအပိတ်ခံထားရတဲ့ ဒေါ်သီတာဇော်အနေနဲ့ အီတလီကို ဘယ်လို သွားရောက်ခွင့် ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်သံတမန် အသိုင်းအဝိုင်းကို RFA က စုံစမ်းခဲ့ပါတယ်။

ကျန်းမာရေး မကောင်းတဲ့ ဦးတေဇရဲ့ သမီးအငယ်ဆုံးကို အီတလီနိုင်ငံ ရောမမြို့မှာ ဆေးကုသဖို့အတွက် ဒေါ်သီတာဇော်က ဗီဇာလျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ လူလူချင်းစာနာမှု အခြေခံနဲ့ ခုလို ဗီဇာထုတ်ပေးခဲ့တာ ဖြစ်ကြောင်း အီးယူသံတမန်တွေနဲ့ နီးစပ်တဲ့ အရာရှိတဦးက RFA ကို ပြောပါတယ်။

ဒေါ်သီတာဇော်နဲ့ မိသားစုကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားက ရှဲန်းငဲန် ဗီဇာ (Schengen Visa) အမျိုးအစား ဖြစ်ပါတယ်။ သာမန်အားဖြင့် အဲဒီ ဗီဇာမျိုး ရသူတွေဟာ ရှဲန်းငဲန် သဘောတူညီချက်မှာ ပါတဲ့ ဥရောပ ၂၅ နိုင်ငံကို သွားရောက် လည်ပတ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒေါ်သီတာဇော်နဲ့ ခင်ပွန်း ဦးတေဇတို့ မိသားစုဟာ ၂၀၁၁ ခုနှစ် အီးယူဒဏ်ခတ်စာရင်းမှာ ပါနေတဲ့အတွက် အီတလီက လွဲပြီး တခြား ၂၄ နိုင်ငံကို သွားခွင့်မပေးဘူးလို့ အဆိုပါ အရာရှိက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်သီတာဇော်ဟာ ဂျာမနီနိုင်ငံ ခေတ္တရောက်နေတုန်း အမေရိကန်နိုင်ငံက မိတ်ဆွေတချို့ကို ဖုန်းဆက်ခဲ့တယ်လို့ RFA က စုံစမ်းသိရတဲ့အတွက် ဘယ်လိုနည်းနဲ့ ဂျာမနီနိုင်ငံကိုပါ သွားခွင့်ရခဲ့သလဲ ဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒီကိစ္စ မေးမြန်းဘို့ ဒေါ်သီတာဇော်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။

၂၀၁၁ ခု အီးယူ ဒဏ်ခတ်စာရင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ အုပ်စုခွဲပြီး ဒဏ်ခတ်စာရင်းကို ဖော်ပြရာမှာ ဦးတေဇနဲ့ မိသားစုကို အစိုးရ စီးပွားရေးပေါ်လစီများ၊ အစိုးရနဲ့ ဆက်နွယ်နေသူများထံမှ အကျိုးစီးပွား ရနေသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ဒဏ်ခတ်စာရင်းအောက်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဦးတေဇပိုင် လုပ်ငန်းအားလုံးကို လုပ်ငန်းအမည်စာရင်း အသေးစိတ်နဲ့ စာရင်းပြုစုပြီး အီးယူက ဒဏ်ခတ်ထားတဲ့အပြင် ဦးတေဇရဲ့ ဇနီး ဒေါ်သီတာဇော်၊ သား ပြည့်ဖြိုးတေဇ၊ ဦတေဇရဲ့ မိခင် ဒေါ်အုန်း၊ ဦတေဇရဲ့ အစ်ကို ဦးသီဟနဲ့ ဦးသီဟရဲ့ ဇနီး ဒေါ် ရွှေရွှေလင်းတို့ကိုပါ ဒဏ်ခတ်စာရင်းမှာ ဖော်ပြထားပါတယ်။



ကိုပြည့်ဖြိုးတေဇ အယူခံလွှာ အနိုင်ရ
2011-12-05

ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူထားတာကို ဖယ်ရှားပေးဖို့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့ သားအကြီး ကိုပြည့်ဖြိုးတေဇရဲ့ အယူခံလွှာကို ဥရောပ သမဂ္ဂ တရားရုံးက နိုဝင်ဘာလ ၂၉ ရက်က အနိုင်ပေးလိုက်ပါတယ်။


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေတဲ့ စစ်အစိုးရနဲ့ ရောထွေး ယှက်တင် ပါဝင် ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးတေဇနဲ့ မိသားစုကို ဥရောပ သမဂ္ဂ အီးယူက စီးပွားရေး ပိတ်ဆို့ အရေးယူထားပါတယ်။

ဒါကြောင့် ဦးတေဇနဲ့ မိသားစုဟာ အီးယူနိုင်ငံတွေမှာ ခရီးသွားခွင့်၊ ပညာသင်ယူခွင့် ပိတ်ပင်ခံထားရပါတယ်။ ဒါပေမယ့် ဦးတေဇရဲ့ သားကြီး ကိုပြည့်ဖြိုးတေဇက သူ့ကို ပိတ်ဆို့ အရေးယူထားတာနဲ့ ပတ်သက်လို့ အီးယူ တရားရုံးမှာ အယူခံ တင်ခဲ့ပါတယ်။

အခုလို ကိုပြည့်ဖြိုးတေဇကို အနိုင်ပေးလိုက်တဲ့ အပေါ် အလွန်ပဲ စိတ်ပျက်မိတယ်လို့ ဗြိတိန် အခြေစိုက် UK Campaign for Burma ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

အမှုမှာ အနိုင်ရပေမယ့် ဦးတေဇတို့ မိသားစုဟာ အစိုးရ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ စီးပွားရေး အသိုင်းအ၀ိုင်းထဲက ဖြစ်တာကြောင့် မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ၀ိုင်းဝန်း ကန့်ကွက်မှုကိုတော့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ Mr. Farmaner ကဆိုပါတယ်။

"တကယ်လို့ ကိုပြည့်ဖြိုးတေဇ ဥရောပနိုင်ငံတွေကို ရောက်လာတဲ့ သတင်း ကြားတာနဲ့ သူသွားမယ့် နေရာတွေကို လိုက်ပြီး ဆန္ဒပြ ကန့်ကွက်ကြမယ့် ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွတဲ့ မြန်မာတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်။ ကိုပြည့်ဖြိုးတေဇ အမှုကို တရားရုံးက အနိုင်ပေးလိုက်ပေမယ့် ကိုယ်ကျိုးရှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးရဲ့သားအနေနဲ့ ဥရောပမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်လို့ မယူဆသင့်ဘူး” လို့ Mark Farmaner က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ကိုပြည့်ဖြိုးတေဇ လျှောက်ထားတဲ့ အမှုကို ဥရောပ သမဂ္ဂ တရားရုံးက ပယ်ချခဲ့ပြီး တရားရုံး ကုန်ကျစရိတ် အားလုံး ဥရောပသမဂ္ဂ ကောင်စီကို ပေးဆောင်ဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

အဲဒီစီရင်ချက်ကို ကိုပြည့်ဖြိုးတေဇက အယူခံတင်ခဲ့ပြီး မိမိဟာ အရင် စစ်အစိုးရ အဖွဲ့ဝင် မဟုတ်သလို စစ်အစိုးရနဲ့လည်း ဆက်စပ်မှု မရှိကြောင်း ချေပခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အစိုးရ စီမံ အုပ်ချုပ်ရေး ယန္တရားကနေ အကျိုးကျေးဇူး တစ်စုံတစ်ရာ မခံစားခဲ့ရကြောင်း ခုခံချေပ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese

လေယာဉ်ထွက်ပါတော့မယ်...




သီတဂူဆရာတော်ကြီးနှင့် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား

">

သီတဂူဆရာတော်ကြီးအရှင်အရှင်ဉာဏိဿရ နှင့် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ 2011 November 29, Lalit Hotel , New Delhi, မှာ တွေ့ဆုံကြစဉ်

ဒီမို ဖက်တီး face book




တိဘက်ခေါင်းဆောင် ဒလိုင်လားမား ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိ – Dalai Lama wants to visit Shwe Dagon
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၅၊ ၂ဝ၁၁ ကမ္ဘာကျော် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမား နှင့် ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး (ဓာတ်ပုံ – သီတဂူစတားဘလော့)

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက မြန်မာပြည်သို့ လာရောက်ပြီး ဘုရားဖူးလိုသည်ဟု ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးနှင့် အိန္ဒိယနိုင်ငံ တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်တပတ် အင်္ဂါနေ့က နယူးဒေလီတွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးတွင် ယင်းသို့ လျှောက်ထားခြင်းဖြစ်ကြောင်း သီတဂူစတားဘလော့တွင် ရေးသားထားသည်။
ဒလိုင်လားမားက “ကမ္ဘာ အလွန်ကျော်ကြားသည့် ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက် ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်” ဟု ထိုဘလော့တွင် ရေးထားသည်။



ဒလိုင်လားမား၊ ရွှေကျင်သာသနာပိုင် နှင့် သံဃာများ (ဓာတ်ပုံ – Reuters)

ဝါဆိုဆရာတော်ကြီးက “ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျော်သည့်အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှည့်ပါ” ဟု ပြန်လည် မိန့်ကြားခဲ့သည်ဟု ဆိုသည်။

မြန်မာတို့ ၀ိနည်း စည်းကမ်း ကောင်းကြောင်း၊ ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန် လေးစားချစ်ခင်ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည်ဟု သက်တော် ၈၅ နှစ် ရှိပြီ ဖြစ်သည့် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးသို့ မြန်မာပြည်မှ သက်တော် ၉၆ နှစ်ရှိပြီဖြစ်သော ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး နှင့် နိုင်ငံကျော် သီတဂူဆရာတော် ဦးဉာဏိဿရ အပါအ၀င် သံဃာများ၊ လူပုဂ္ဂိုလ်များ သွားရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ၃ ရက်ကြာ ကျင်းပသည့် အစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ဂျပန် အပါအ၀င် နိုင်ငံ ၄၆ ခုမှ သံဃာများ၊ ပညာရှင်များ၊ လေ့လာသူများ တက်ရောက်ကြသည်။
ဒလိုင်လားမားသည် တရုတ်အစိုးရ၏ ရန်ကြောင့် တိဘက်ဒေသတွင် သီတင်းသုံးနိုင်ခြင်း မရှိဘဲ ပြည်ပနိုင်ငံများတွင်သာ လှည့်လည်သွားလာ သီတင်းသုံးနေရသည်။
နိုင်ငံအများအပြားကလည်း တရုတ်အစိုးရနှင့် ဆက်ဆံရေးပျက်မည်ကို စိုးရိမ်သဖြင့် ခွဲထွက်သူဟု တရုတ်အစိုးရက သတ်မှတ်ထားသော ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားကို ပြည်ဝင်ခွင့် ပေးခြင်းမရှိပေ။
အောက်တိုဘာလက နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒက်စမွန်တူးတူး၏ မွေးနေ့ပွဲသို့ ပြည်ဝင်ခွင့်မရသဖြင့် ဒလိုင်လားမား တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ မွေးနေ့ရှင် ဒက်စမွန်တူးတူးက ဗီဇာထုတ်မပေးခဲ့သည့် တောင်အာဖရိကအစိုးရသည် ယခင် အာဏာရှင် လူဖြူအစိုးရထက် ဆိုးရွာသည်ဟု အပြင်းအထန် ကန့်ကွက်ခဲ့သည်။
တောင်အာဖရိကအစိုးရက တရုတ်အစိုးရ ဒေါသထွက် ငြိုငြင်မည်ကို စိုးရိမ်သည့်အတွက် ဗီဇာထုတ်မပေးခြင်းဖြစ်သည်ဟု သိရသည်။ ယခင်က ဗီဇာ ၃ ကြိမ် ထုတ်ပေးခဲ့ခြင်းမှာ “တရုတ်တနိုင်ငံတည်းမူဝါဒ” ကို လက်ခံခြင်းမပြုသေးသောကြောင့် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒလိုင်လားမားဖူးလိုသည့် ရွှေတိဂုံဘုရားတည်ရှိရာ မြန်မာနိုင်ငံ၏ အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိသည်။



ဒလိုင်လားမား နှင့် သီတဂူဆရာတော် ဦးဉာဏိဿရ (ဓာတ်ပုံ – သီတဂူစတားဘလော့) 
http://moemaka.com/2011/12/dalai-lama-wants-to-visit-shwe-dagon/

ဖိလစ်ပိုင် အထက်လွတ်တော် နိုင်ငံတကာရေးရာ ကော်မတီ ဥက္ကဌ နှင့် အတူ ..





ဒီမို ဖက်တီး face book

လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍၈၈မျိုးဆက်ကျောင်းသားများ၏သဘောထားထုတ်ပြန်ချက်




နိုင်ငံရေးလုပ်တယ်ဆိုတာပေးဆပ်ဖို့.ရယူဘို့မဟုတ်( မောင်မောင်ဝမ်း)



by Maung Maung Wann on Monday, December 5, 2011 at 1:11am

ကျနော်ပြည်ပကိုထွက်မလာခင်….ဇာတိမြို့ရေနံချောင်းကနေ….ရန်ကုန်ကိုဆင်းလာဖြစ်တယ်….ကိစ္စတခုနဲ့ပါ…
အဲဒီတုန်းကအခြေနေက…ပြည်တွင်းမှာရပ်တည်လို့မရလောက်အောင်…ဦးတည်နေပြီ……ထောင်ထဲကိုနောက်
တခေါက်ထပ်ဝင်ဘို့ရာကလည်း….မျက်စက ခပ်ပစ်ပစ်……
ရန်ကုန်ရောက်လို့…သိပ်မကြာဘူး….ပြသနာကစတက်တော့တယ်…ဘယ်နေရာမှတည်းလို့မရဘူး..
ကျနော်တည်းခိုရာအိမ်တိုင်းကိုလိုက်ပြီး….ထောက်လှမ်းရေးများက…ဒုက္ခလိုက်ပေးတယ်…ဘယ်လိုလုပ်သလည်း
ဆိုတော့….ညဘက်သန်းခေါင်ကျော်လောက်…ရဲတွေ…ရ၀တတွေနဲ့ဧည့်စာရင်းအမြဲလာစစ်တယ်….ဖမ်းတာ လည်းမဟုတ်ပြန်ဘူး…အဲဒီ့အိမ်ကမခွာမခြင်းညတိုင်းဧည့်စာရင်းလာစစ်တာ….ကြာတော့…အိမ်ရှင်တွေက
ကြောက်လာတယ်…..အလိုက်သိသိပဲ…ခွာပေးပါတယ်…ည်းခိုအိမ်တလုံးပြီးတလုံးပြောင်းလာလိုက်တာ…
နောက်ဆုံးတည်းစရာနေစရာမရှိတော့လို့… တည်းခိုခမ်းမှာသွားတည်းတယ်…..နှစ်ရက်ပဲတည်းရသေးတယ်… တည်းခိုခမ်းကမန်နေဂျာက…ဆက်တည်းခိုခွင့်မပေးတော့လို့…တော်တော်ကိုရွာလည်တာ….ဒါနဲ့အဲဒီ့အကြောင်း…
ကျနော်က.. ယ ခုထောင်ထဲရောက်နေတဲ့…၈၈ကျောင်းသားခေါင်းဆောင်..ကိုကိုကြီးဆီလှမ်းအကြောင်းကြား တော့…ကိုကိုကြီးက
….သတင်းတပ်ဖွဲ့ကအရာရှိတချို့နဲ့အချေအတင်ဖြစ်ပါလေရော …နောက်တော့…ဘယ်လိုဖြစ်သွားတယ်မသိပါဘူး…ကျနော်က…ဟန်းဘက်အိတ်ဆွဲတည်းခိုခမ်းကဆင်းမယ်
အလုပ်ရောက်မှ…တည်းခို ခန်း..မန်နေဂျာက…ဆက်တည်းလို့ရပါပြီ..အကို..ကျနော်တို့ကိုစိတ်မဆိုးပါနဲ့…နားလည်ပေးပါဗျာဆိုအခါခါတောင်း
ပန်ရှာတယ်…..။ကျနော်ကတော့သဘောပေါက်ပြီးသားမို့…ဘယ်သူကိုမှအပြစ်မတင်ရက်ပါဘူး……ဒီလိုနဲ့ဖြစ်ချင်တော့
…နောက်နေ့လည်းရောက်ရော…. ဗြုန်းဆို…အရင်ထောင်ထဲနဲ့စစ်ကြောရေး စခမ်းမှာတုန်းကရထားတဲ့…ဒဏ်ရာ(အာရုံကြောညှပ်တဲ့ရောဂါ)ကပြန်ထလာပြီး…လုံးဝလမ်းလျှောက်လို့မရ…ထလို့
လည်းမရဖြစ် တယ်လေ…နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ရဲဘော်တွေရောက်လာပြီး…ဘားလမ်းကကုသိုလ်ဖြစ် မွတ်စလင်..ဆေးရုံကိုပို့လိုက်တယ်……အဲဒီ့ဆေးရုံမှာက…ဒေါက်တာတင်မျိုးဝင်း(ဒေါ်အောင်ဆန်းစုကြည်မိသားစု
ဆရာဝန်ကြီး)ရှိ တယ်…..သူကနိုင်ငံ ရေးလောကသားများဆို…လာသမျှအကုန်ဆေးဒိုင်ခံကုပေးနေတာ…
          ဒီလိုနဲ့တနေ့…ကိုပေါ်(မင်းကိုနိုင်)၊ရယ်ကိုကိုကြီးရယ်၊ကိုသန်းတင်ရယ်ရောက်လာတယ်…..(အရင်ရက်က
ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျာ ရောက်လာပြီး…ငွေတွေလာပေးသွားတယ်)…..ကျနော် တို့ရဲဘော်တွေ ဝေးသွားတာတော်တော်ကြာသွားပြီလေ…..ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြတယ်
…ထောင်ထဲကအ ကြောင်းတွေ….စုံလို့ပေါ့….ကိုပေါ်နဲ့ကျနော်နဲ့ကအခုမှဆုံဖြစ်တာ….သူကကျနော့်ကိုဆေးရုံ
ကဆင်းရင်…ကျန်းမာရေးအထူးဂရုစိုက် ဖို့ပြောတယ်…..ကျနော်တို့လုပ်စရာတွေရှိသေးတယ်တဲ့…..ကိုကိုကြီးကတော့ရီစရာတွေပြော ရင်း ဖြေသိမ့်လို့…
..ကျနော်က ကုတင်ပေါ်က မထနိုင်ဘူး…ကိုပေါ်က ကုတင်ဘေးနားမှာ………..
ကျနော်တို့အားလုံးအရာရာဖိအားတွေနဲ့ရင်ဆိုင်နေရတာကို..သူက…အားမာန်တွေနဲ့ရင်ဆိုင်ဘို့ပြော တယ်…..အမှန်ပြောရရင်အဲဒီအချိန်မှာ…စိတ်အားငယ်နေမိတာအမှန်ပဲ….ပထမတကြိမ်…အဲဒီရောဂါဖြစ်တာ
အောက်ပိုင်းသေ မလိုဖြစ်သွားတယ်…..အားလုံးကမစိုးရိမ်ဘို့အကြောင်းဝိုင်းအားပေးကြတယ်……အဲဒီအချိန်မှာ
…..ကိုပေါ်က တခုခုကို တွေတွေကြီးစဉ်းစားရင်းက…
“ကျနော်တို့ပေးရတဲ့အရင်းနှီးတွေကများတယ်ဗျာ……ဆိုင်းမဆင့်ဗုံမဆင့်ပြောချလိုက်တဲ့စကားကြောင့် အားလုံးက
သူ့ဆီကို အာရုံရောက်သွားကြတယ်.။
“….ဘယ်တတ်နိုင်မလည်းလေ…ကိုယ်ယုံကြည်တဲ့လမ်းကို ကိုယ်ရွေးချယ်ခဲ့တာပဲ……ကျနော်တို့ အားလုံးမှာ
လူငယ်ဘ၀ မကြုံဘူးကြဘူးနော် ”
          သူပြောလိုက်တဲ့စကားကကျနော်ရင်ကိုတုန်ခါသွားတယ်……ကျနော်တို့အားလုံးမှာလူငယ်ဘ၀မရှိဘူးတဲ့……
သိပ်မှန်တာပေါ့ဗျာ….. ကျနော်တို့ရဲ့လူငယ်ဘ၀တွေဟာ…အုတ်ရိုးအတွင်းမှာကုန်ဆုံးသွားကြတာကိုး……လူငယ်ဘ၀အရသာကိုကျနော်တို
့မခံစားဘူးဘူး………လူငယ်တွေရဲ့ပျော်ရွင်ခံစားကြတဲ့စိတ်ခံစားမှု့တွေကို…..ကျနော်တို့သိပ်မသိဘူး……..
ကျနော့်ရင်တွေမွမ်းကြပ်သွားတယ်……..ဘ၀ဆိုတာဘာလည်း….မေးခွန်း တွေက ခေါင်းထဲမှာ အစီအရီ
……..ပြီးတော့…သူက ဆက်ပြောတယ်….
“ကျနော်ယုံကြည်တာကတော့…..နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဘို့သက်သက်ပဲဗျ….ရယူဘို့မဟုတ်ဘူး”
………………..သူပြောခဲ့တဲ့စကားတွေက…ခုထိကျနော့်ရင်ထဲမှာကပ်တွယ်ငြိနေဆဲ……..နောက်ဆုံးကျနော့်
ရောဂါသက်သာလာတော့….ကျနော် ဆုံးဖြတ်လိုက်ပြီ…တိုင်းပြည်ကခွာတော့မယ်…..
( လိပ်ပြာက မသန့်ဘူး ) ကိုပေါ်ပြောခဲ့တဲ့စကားက…ကျနော့်အတွေးကိုလာရိုက်ခပ်ပြန်တယ်…..နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဘို့
သက်သက်ပဲ…ရယူဘို့ မဟုတ်ဘူးတဲ့…သေချာတာတခုကတော့….ကျနော်ခင်ဗျားတို့လောက်မပေးဆပ်ရဲတော့တာ
..အမှန်ပါပဲဗျာ……
နောက်ဆုံးရောဂါတော်တော်ရှင်းရှင်းဖြစ်သွားပြီးလမ်းလည်းကောင်းကောင်းလျှောက်လို့ရသွားတော့…
ဆေးရုံကဆင်းခွင့်ရပြီ….အဲဒီနေ့မှာ….သူတို့တော်တော်များများရောက်လာကြတယ်……ကိုပေါ်..ကိုကိုကြီး…
ကိုမင်းဇေယျာ ၊ ကိုဌေးကြွယ် အဲဒီနေ့ကတော်တော်စုံတယ်….ကျနော်တို့အားလုံး…ဘားလမ်း မွတ်စလင်ဆေးရုံ အောင်ခြေက…လမ်းဘေးလဘက်ရည်ဆိုင်က…ခုံပုစားပွဲလေးမှာ..၀ိုင်းထိုင်ရင်း
…စကားတွေဖောင်ဖွဲ့ခဲ့ကြတယ်…….ပတ်ပတ်လည်မှာလည်း…ထောက်လှမ်းရေးတွေကအပြည့်……..
ကျနော်စိတ်ထဲမှာမကောင်းဘူး…မှိုင်နေ တယ်….ကိုမင်းဇေယျာက ကျနော့်ကိုကြည့်ပြီးမေးတယ်…….
“ မင်း…ပြန်နေမကောင်းဖြစ်နေလား…………”
“ ကောင်းပါတယ်….ကျနော် တခုခုအတွက် စဉ်းစားနေတာပါ….”
အမှန်တကယ်က….ကျနော်ညနေ၅နာရီမှာ….အမိမြေကစွန့်ခွာတော့မယ်….သူတို့ကိုအသိမပေးခဲ့ဘူး…
ဘာလို့လည်းဆိုတော့… တခုခုဖြစ်လာရင်…သွားငြိနေမှာဆိုးလို့…..လက်မှတ်ပါဖြတ်ပြီးသွားပြီ……
အားလုံးပျော်ပျော်ပါးပါးနဲ့ လမ်းခွဲခဲ့ကြတယ်…..ကျနော်သူတို့ရဲ့ကျောပြင်ကိုကြည့်ရင်း ၀မ်းနည်းသ
လိုခံစားလိုက်ရတယ်…..
ကျနော်တို့တတွေ…ဒီလိုဘယ်တော့များမှ….ပြန်ဆုံနိုင်မှာပါလိမ့်….”…..ကျနော်တို့ တတွေဟာ ပျော်စရာကောင်းလှတဲ့…လူငယ် ဘ၀တွေကို အစတေးခံရင်း…ပျော်စရာမကောင်းတဲ့..နိုင်ငံရေးလောကကြီးကို ကျေကျေနပ်နပ်ကြီး
ဖြတ်ကျော်ခဲ့ကြတယ်။ လုံခြုံအေးချမ်းပျော်ရွင်စရာဘ၀တွေဘယ်တော့ ရနိုင်မလည်းဟင်။
          ဒါပေမဲ့…အခုနေ အခုချိန်အခါမတော့…..လိပ်ပြာ သိပ်မလုံလှဘူးဗျ……….ကျနော်က ကမ္ဘာ့ဟိုက်ပါ ပါဝါ…အမေရိကန်မြေပေါ်မှာ…အန္တယာယ်ကင်းကင်းနဲ့….မွေ့ရာပေါ်မှာအိပ်နေတဲ့အချိန်….
ခင်ဗျားတို့တတွေက…အေးစက်လှတဲ့….သံမံတလင်း..အခင်းပေါ်မှာ..အကာကွယ်မဲ့..
သံတိုင်ကြားက…လေထုကိုကာကွယ်ရင်း…..အနာဂါတ်မြန်မာပြည်ကို ပုံဖော်နေမယ်ဆိုတာ
…ပြောနိုင်ပါတယ်လေ….။
        ကိုပေါ်…ရေ…ခင်ဗျားအပါဝင်….နိုင်ငံရေးအကျဉ်းသားတွေ…ဒေါ်စုခြံဝန်းထဲက…
ကုလားထိုင်တွေပေါ်မှာထိုင်ရင်း…..ရုပ်ရှင်ဂီတ က..အနုပညာရှင်တွေနဲ့…ပြုံးပျော်..ကြည်နူးနေကြတဲ့ မြင်ကွင်းတွေလို….facebook အပါဝင် မီဒီယာလောကကြီးတခုလုံးကို သမိုင်းတွင်စေမဲ့….ဓါတ်ပုံတွေ…ဗွီဒီယိုတွေကြည့်ချင်လိုက်တာဗျာ…..
          “ နိုင်ငံရေးလုပ်တယ်ဆိုတာ…ပေးဆပ်ဖို့…ရယူဘို့မဟုတ်ဘူးတဲ့..”
                                                                   အားလုံးကိုလေးစားစွာဖြင့်
                                                                   ( မောင်မောင်ဝမ်း )




ကော့မှူး မဲဆန္ဒနယ်က ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနေ

2011-12-05
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် အရွေးချယ်ခံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။


RFA
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူများနှင့် တွေ့ရပုံ။
နိုဝင်ဘာလ ၁၈ ရက်နေ့က ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်သည်။

ကော့မှူး မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ဖို့ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပေမယ့် စဉ်းစားနေတာတော့ မှန်တယ်လို့ အင်န်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမတ် ဦးစိုးတင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးရာထူး တာဝန် ထမ်းဆောင်သွားတဲ့ အတွက် လစ်လပ်သွားတဲ့ နေရာလို့လည်း သိရပါတယ်။ တစ်ဆက်ထဲမှာလည်း အင်တာနက် စာမျက်နှာ တချို့မှာ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် ကော့မှူး မဲဆန္ဒနယ်မှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ(တစည) က ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း တစညပါတီ တာဝန်ရှိသူ တစ်ဦးက ပြောတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီတို့ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်နိုင်အောင် စီမံ ဆောင်ရွက်ပေးတာဟာ ထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်ကြောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ တရားဝင် ကြေညာထားတဲ့ လစ်လပ်နေရာ ၄၈ နေရာမှာ ပြည်သူ့ လွှတ်တော် အမတ် နေရာ ၄၀၊ အမျိုးသား လွှတ်တော် ၆ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော် ၂ နေရာ ရှိပါတယ်။ ဒါပေမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့အထိ ကြေညာ သတ်မှတ်တာ မရှိသေးပါဘူး။ ဒီအကြောင်း အင်န်အယ်လ်ဒီ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-kaw-hmu-election-12052011133408.html



တနင်္လာ, 05 ဒီဇင်ဘာ 2011
ကော့မှူးမဲဆန္ဒနယ်မြေမှာ အရွေးခံဖို့ ဒေါ်စုစဉ်းစား

By ကိုကျော်ကျော်သိန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့အထွေထွေအတွင်းရေးမှူး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ် မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ဖွယ်ရှိတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ပါတီကို မှတ်ပုံပြန်တင်ဖို့လျှောက်ထားတဲ့ကိစ္စ မပြီးပြတ်သေးတာကြောင့် အတိအကျ သတ်မှတ်ပြီးတာတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

NLD ပါတီက တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ပြီး ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်မယ်လို့ ကြေညာလိုက်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် ဘယ် မဲဆန္ဒနယ်မှာ ၀င်ပြိုင်မလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။

ဒါပေမဲ့လည်း ဘယ် မဲဆန္ဒနယ်တွေက လစ်လပ်နေပြီး ရွေးကောက်ပွဲတွေကို ဘယ်တော့ကျင်းပမယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်က ခုချိန်ထိ တရားဝင်မကြေညာသေးတာကြောင့် အတိအကျပြောမရသေးပေမဲ့ သူ ၀င်မယ်ဆိုရင် ဘယ်လိုမဲဆန္ဒနယ်က ၀င်ချင်တယ်ဆိုတဲ့ ဆန္ဒကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတယ်လို့ NLD ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“တနေရာမှာ သူ စိတ်ကူးတဲ့အကြောင်းကို သူက နည်းနည်း ပြောမိတာရှိတာပေါ့ဗျာ။ အဲဒါက ဘာလဲဆိုတော့ သူက ၀င်ပြီးရွေးမယ်ဆိုရင်လည်း ရန်ကုန်တိုင်းကပဲ သူ ၀င်ရွေးမယ်။ ရန်ကုန်တိုင်းက ရွေးတဲ့နေရာမှာ လည်းပဲ မဲဆန္ဒရှင်ပြည်သူတွေပေါ့ဗျာ နေထိုင်မှု အဆင့်အတန်း နည်းနည်း ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ဖြစ်နေတဲ့နေရာတွေကို သူ ကူညီပေးချင်တဲ့သဘောနဲ့ သူ စိတ်ဝင်စားတယ်လို့ ပြောဖူးတယ်။ အဲဒီမှာတင် ကော့မှူးမြိုကနယ်မှာ ၀င်မယ်ဆိုတဲ့သတင်းက ထွက်သွားတယ်ဗျ။ ကျနော် ပြောချင်တာကတော့ ဒါဟာ final confirm ဖြစ်ပြီလို့ ကော်မရှင်ကတောင် ဘာမှမကြေညာသေးတော့ ကျနော်တို့ ဆုံးဖြတ်ပြီးပြီလို့ ပြောတော့မပြောနိုင်သေးဘူးခင်ဗျ။”

ရန်ကုန်တိုင်းမှာ ကော့မှူးမြို့နယ်အပါအ၀င် လစ်လပ်နေတဲ့ မဲဆန္ဒနယ်ခြောက်နယ်ရှိတယ်လို့ အတည်မပြုနိုင် သေးတဲ့စာရင်းတွေမှာ တွေ့ရပါတယ်။

ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်း ပြန်ကြားချက်ကို စောင့်နေပြီး ကော်မရှင်ဘက်က အကြောင်းပြန်တာနဲ့ ပါတီ တံဆိပ်၊ အလံနဲ့ ရွေးကောက်ပွဲသင်္ကေတ တို့ကို တင်ပြဖို့ အဆင်သင့်ပြင်ထားပြီးပြီလို့လည်း ဦးအုန်းကြိုင်ကပြောပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ ရွေးကောက်ပွဲသင်္ကေတဟာ ခမောက်ပုံဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခမောက်၊ NLD နဲ့ ခမောက်တို့ကို လူထုက အတူတူတွဲပြီး မြင်ထားကြပါတယ်။ အခု တကြိမ်မှာတော့ ခမောက်သင်္ကေတကို ဆက်ပြီး အသုံးပြုတော့မှာမဟုတ်ဘဲ လက်ရှိ ပါတီရဲ့ ရင်ထိုးပုံစံကိုပဲ အနည်းငယ်ပြောင်းလဲပြီးတော့ ရွေးကောက်ပွဲသင်္ကေတအဖြစ် အသုံးပြုသွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါ တယ်။ ဒါပေမဲ့လည်း ကော်မရှင်ဘက်က အကြောင်းပြန်ကြားချက် မရသေးတာကြောင့် ပါတီဥက္ကဋ္ဌအဖြစ် ဘယ်သူကနေ တာဝန်ယူ ဆောင်ရွက်မယ်ဆိုတာကို အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ NLD ရုံးချုပ်မှာကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကနေ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဗဟိုအောင်နိုင်ရေးကော်မတီ ဆိုတာကိုဖွဲ့ပါတယ်။ ၂၁ ဦးပါတဲ့ ဗဟိုအောင်နိုင်ရေး ကော်မတီ စာရင်းကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြီးတော့ ပြည်နယ်တိုင်း အသီးသီးမှာလည်း လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တွေမှာ အဖွဲ့ချုပ်က ၀င်ပြီးပြိုင်တဲ့နေရာမှာ အဖွဲ့ချုပ်ကချပေးတဲ့ ကိုယ်စားလှယ် လောင်းတွေပေါ့ဗျာ။ အဲဒါတွေ အောင်နိုင်ရေးအတွက် ဆောင်ရွက်ဖို့ ပြည်သူတရပ်လုံးရဲ့အားနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် အောင်နိုင်ရေးကော်မတီဖွဲ့ဖို့ ညွှန်ကြားချက်တစ်ခုလည်း ထွက်ပါတယ်။ အဲဒီလို ညွှန်ကြားမယ်လို့လည်း ဆုံးဖြတ်ပြီးတော့ ညွှန်ကြားချက်ကို အောင်နိုင်ရေးအဖွဲ့ တာဝန်ခံကနေပြီးတော့ လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်တာပါ။ အောင်နိုင်ရေး ကော်မတီရဲ့တာဝန်ခံက ဦးတင်ဦး ဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေအားလုံး ပါပါတယ်။ ထပ်ပြီးတော့ အားဖြည့်ထားတာကတော့ အဲဒီမှာ လူငယ်ခေါင်းဆောင်တွေ၊ ပြည်နယ် တိုင်းတွေက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသမီး လုပ်ငန်းအဖွဲ့က ကိုယ်စားလှယ်တွေကတော့ ထပ်ပြီးအင်အား ဖြည့်ထားပါတယ်။ အားလုံးပေါင်း ၂၁ ယောက် ဖြစ်ပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်နေရာ ၄၈ နေရာစလုံးမှာ NLD က ၀င်ပြိုင်သွားမယ်လို့ တာဝန်ရှိ သူတွေက ပြောထားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်မျိုးဆက်သစ် တွေကိုလည်း ရွေးကောက်ပွဲဝင်စေချင်တဲ့ဆန္ဒ ရှိတယ်လို့ ပြောဆိုကြောင်း သတင်းတွေထွက်လာတဲ့အပြင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ထဲက မည်သူမည်ဝါတွေကိုဖြင့် ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဒါပေမဲ့ ဦးအုန်းကြိုင်ကတော့ အဲဒီသတင်းတွေ မဟုတ်မှန်တဲ့ အကြောင်းနဲ့ ဘယ်သူ့ဘယ်သူကိုမှ အမည်နာမနဲ့တကွ ရွေးကောက်ပွဲဝင်ဖို့ဆိုပြီး ပြောဆိုတာမရှိကြောင်း တုံ့ပြန်ပါတယ်။

ပါတီမှတ်ပုံတင်ကိစ္စ ပြီးပြတ်သွားပြီဆိုရင်တော့ ပါတီဝင်စုဆောင်းတာကနေစပြီး နိုင်ငံရေးပါတီတရပ်အဖြစ် စုဖွဲ့တဲ့လုပ်ငန်းတွေကို လုပ်သွားဖို့ အားလုံးပြင်ဆင်ထားတယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။ အဲဒီအချိန်ကျရင် NLD ပါတီတခုလုံးကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းသွားမယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

http://www.voanews.com/burmese/news/DASSK-by-election-12-05-11-135021048.html

တနင်္လာ, 05 ဒီဇင်ဘာ 2011
ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီတွေ ပြင်ဆင်

By ကိုကျော်ကျော်သိန်း


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ့် အခြေအနေနဲ့ NLD ပါတီဘက်က ရွေးကောက်ပွဲကိစ္စ ပြင်ဆင်တာတွေ ရှိလာနေချိန်မှာ တခြား နိုင်ငံရေးပါတီတွေဘက်ကရော ဘယ်လို သဘောထားတွေများ ရှိနေပါသလဲ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်က ခေါင်းဆောင်တွေကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့စည်းခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေထဲက အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီနဲ့ NDF ပါတီ စပြီးထူထောင်ချိန်က ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ခွဲထွက်ပြီးတော့ သီးခြားဖြစ်သွားတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) တို့ကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမတ်နေရာ ဘယ်လောက် ၀င်မယ်၊ ဘယ်နေရာတွေမှာ ၀င်မယ်ဆိုပြီး အကြမ်းဖျဉ်း စဉ်းစားထားတာတွေရှိတယ်လို့ ပါတီခေါင်းဆောင် အသီးသီးက ဗွီအိုအေကို ပြောပါတယ်။

ဒါပေမဲ့လည်း သူတို့ပါတီနှစ်ခုစလုံး တညီတညွတ်တည်း ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မယ့် မဲဆန္ဒနယ်မှာ သူတို့ပါတီကိုယ်စားလှယ်လောင်းတွေ ၀င်မပြိုင်ဘူး ဆိုတာပါပဲ။

“အဲဒါကတော့ဗျာ Common Sense ပါပဲ၊ Political Common Sense ပေါ့ဗျာ။ ကျနော်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်အဖြစ် သတ်မှတ်ထားတယ်ဆိုတာ အားလုံးသိပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့က သိက္ခာပိုင်းအရရော၊ နိုင်ငံရေးလိုအပ်ချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ကျနော်တို့ရဲ့ နိုင်ငံရေးသက်ရောက်မှုအရရော ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ယှဉ်ပြိုင်မယ်ဆိုတဲ့ အနေအထားမှာ ဘယ်တုန်းကမှ မရှိပါဘူးဗျာ၊ ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ပါဘူး။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေပါ။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ တရားဝင်ကြေညာချက် ထွက်မလာသေးတဲ့အတွက် အတိအကျမပြောနိုင်သေးပေမဲ့ NDF ပါတီအနေနဲ့ လစ်လပ်နေရာ ၄၈ နေရာထဲက မြို့နယ် ၂၀ ပတ်ဝန်းကျင်လောက်မှာ ၀င်ပြိုင်ဖို့ မှန်းထားတယ်လို့ ဦးခင်မောင်ဆွေကပြောပါတယ်။

NDF ပါတီ ခေါင်းဆောင်တွေထဲက ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ဖို့ရာ ခံဝန်ကတိ လက်မှတ်ထိုးရမယ်ဆိုတဲ့အတွက် အဲဒီအချိန်တုန်းက ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ခဲ့သူတွေဖြစ်ပါတယ်။ အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း ၀င်ပြိုင်မှာမဟုတ်ဘဲ ပါတီခိုင်မာတောင့်တင်းရေးကိုပဲ လုပ်သွားမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ကျနော်တို့နှစ်ယောက်လုံးက ရွေးကောက်ပွဲဝင်ဖို့ မရှိပါဘူးခင်ဗျာ။ ကျနော်တို့က လွှတ်တော် နိုင်ငံရေးထဲကို ကျနော်တို့ သွားမှာမဟုတ်ပါဘူး။ ကျနော်တို့ပါတီကို ဒီ့ထက် ပိုပြီးတော့ကာ ကြံ့ခိုင် တောက်ပလာအောင် ပါတီကို ပြုစုပျိုးထောင်ဖို့အတွက် ကျနော်တို့က ပါတီမှာပဲ ကျန်ခဲ့မှာပါ။”

အမျိုးသားဒီမိုကရေစီသစ်ပါတီ (NNDP) ဆိုတာက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မယ်ဆိုပြီး NLD ပါတီကနေ ထွက်သွားပြီးတော့ NDF ပါတီထူထောင်သူတွေထဲမှာ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲအပြီး တခါ လွှတ်တော်အစည်းအဝေးတွေ ကျင်းပချိန်အတွင်းမှာ NDF ကနေ ပြန်ခွဲထွက်သွားသူတွေ အသစ်ထူထောင် ခဲ့တဲ့ပါတီပါ။ အဓိကဦးဆောင်သူက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဖြစ်ပါတယ်။

သူတို့ပါတီအနေနဲ့ ပါတီ တရားဝင် ဆက်ပြီးရပ်တည်ခွင့်ရဖို့ မ၀င်မဖြစ်ဝင်ရမယ့် အမတ်နေရာသုံးနေရာ အတွက်ပဲ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်းမြို့နယ်တွေမှာ ၀င်ပြိုင်သွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ၀င်မှာ မဟုတ်ပါဘူးလို့ ဦးသိန်းညွှန့်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်မှ တပါးပေါ့ဗျာ၊ ကျန်တဲ့လူတွေနဲ့ ကျနော်တို့ ယှဉ်ပြိုင်ပြီး ၀င်ပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က လူထုအတွက် အလုပ်အကျွေးပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လက်တွေ့လိုချင်တယ်ဗျာ။ ဒါကတော့ ဘယ်သူ လူထုအတွက် အလုပ်အကျွေး ပြုသလဲဆိုတာ မဲဆန္ဒရှင် ပြည်သူလူထုက လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့ပါပဲ။

“ကျနော်တို့ (ပါတီက) သုံးယောက်ဟာ လူထုအတွက် ကျနော် တာဝန်ခံနိုင်တယ်။ ၉၀ ခုနှစ် အတွေ့အကြုံလည်း ကျနော်တို့ ရခဲ့ပါပြီ။ ဒီကြားထဲ နှစ် ၂၀ မှာလည်း ကျနော်တို့ နိုင်ငံရေးအရ သင်ခန်းစာယူစရာတွေ ရခဲ့ပါပြီ။ ဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သမီးမှတပါး ကျန်တဲ့ပုဂ္ဂိုလ်မှန်သမျှကို အဲဒီသုံးနေရာမှာ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ဖို့အတွက် ကျနော်တို့ပါတီက ဆုံးဖြတ်ချက် ချထားပြီးပါပြီ။”

ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် လက်ရှိပြဌာန်းထားတဲ့ ဥပဒေအရ ကျင်းပမယ့်ရက်မတိုင်ခင် သုံးလ ကြိုတင်ပြီးတော့ ကြေညာရမှာဖြစ်ပါတယ်။ အခုအချိန်ထိ ရွေးကောက်ပွဲကော်မရှင်က မကြေညာ သေးတဲ့အတွက် ဘယ်တော့ ကျင်းပမယ် ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့လည်း NLD ပါတီ မှတ်ပုံတင်တဲ့ကိစ္စ ပြီးပြတ်မယ့်အချိန် အပါအ၀င် နောက်နှစ် အစောပိုင်းလတွေထဲက အသင့်တော်ဆုံးဖြစ်မယ့် အချိန်ကို စဉ်းစား တွက်ချက်ကြည့်ရင်တော့ အစောဆုံး ၂၀၁၂ ခုနှစ် ဧပြီလ လောက်မှာ ကျင်းပနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်မျိုးတော့ ရှိပါတယ်။
http://www.voanews.com/burmese/news/by-election-NDF-12-05-11-135028053.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗဟိုအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး


မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 5 Dec, 2011

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရန်အတွက် ၁၈.၁၁. ၂၀၁၁ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အဖွဲ့တွင် ဦးတင်ဦး(တာဝန်ခံ)၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွှန့်ဝေ၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးစိုးဝင်း၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ကိုမျိုးညွှန့်၊ မဖြူဖြူသင်း၊ ကိုသိန်းဆွေ၊ ဒေါ်ခင်စောမူ၊ ဦးစောတင်ဝင်း တို့ ပါဝင်ကြောင်း အန်အယ်ဒီ အစည်းဝေးဆုံးဖြတ်ချက်အရ သိရှိရပါသည်။

ထို့ပြင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အခြေအနေအရ လိုအပ်သော ကော်မတီများကိုလည်း ဗဟိုအောင်နိုင်ရေး အဖွဲ့က ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သတင်း ပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေရေးကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီ၊ မဲဆွယ်ဟောပြောရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဥပဒေရေး၇ာ ကော်မတီတို့ကိုလည်း ဆက်လက်ဖွဲ့စည်းရန် အစီစဉ်ရှိကြောင်း သိရှိရပါသည်။

ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်များရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးထောက်ခံကြသော ပြည်သူတို့၏ ယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လူမျိုးများ။

အမျိုးသမီးများနှင့် လူငယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမား၊ အလုပ်သမားများ၊ ကုန်သည်စီးပွားပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖနှင့် ရပ်မိရပ်ဖများအနေဖြင့် အဖွဲ့ချုပ်၏ အောင်နိုင်ရေးကော်မတီများတွင် ပါဝင်သင့်သူများနှင့် ပတ်သက်ပြီး ဗဟိုအောင်နိုင်ရေးအဖွဲ့သို့ ရက် သတ္တပတ် နှစ်ပတ်အတွင်း  အကြံဥာဏ်များ ပေးဖို့နိုင်ကြောင်း သိရှိရပါသည်။


















http://www.myitmakhamediagroup.com/


ဗဟိုအောင်နိုင်ရေး အဖွဲ့ အင်န်အယ်လ်ဒီ ဖွဲ့စည်း

2011-12-05

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ၂၁ ဦးပါဝင်တဲ့ ဗဟိုအောင်နိုင်ရေး အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။။

အဲဒီကော်မတီမှာ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက တာဝန်ခံ အဖြစ် ဆောင်ရွက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဥာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ မဖြူဖြူသင်းတို့ အပါအ၀င် အဖွဲ့ဝင် ၂၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဗဟိုအောင်နိုင်ရေး အဖွဲ့ အနေနဲ့ လိုအပ်တဲ့ တခြား ကော်မတီတွေလည်း ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်တွေမှာ အောင်နိုင်ရေး အဖွဲ့  အဆင့်ဆင့် ဖွဲ့စည်းဖို့ တာဝန်ခံ ဦးတင်ဦး လက်မှတ် ရေးထိုးထားတဲ့ ညွှန်ကြားလွှာ တစ်စောင်ကိုလည်း ထုတ်ပြန်လိုက် ပါတယ်။

အောင်နိုင်ရေး အဖွဲ့တွေကို အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ အများ လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ တတ်သိ ပညာရှင်တွေ၊ နိုင်ငံရေး အစဉ်အလာ ရှိသူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ၊ လူငယ်တွေနဲ့ ဖွဲ့စည်းမယ်လို့ သိရပါတယ်။ ခရိုင် စည်းရုံးရေး ကော်မတီတွေ ဖွဲ့စည်းထားတာ မရှိတဲ့ အတွက် ခရိုင် အောင်နိုင်ရေး အဖွဲ့ ဖွဲ့ဖို့ မြို့နယ်တွေနဲ့ ညှိနှိုင်းဖို့ စီစဉ်ရတယ်လို့ သိရပါတယ်။

အခုအခါ အဖွဲ့ချုပ်ရဲ့ အလံ၊ တံဆိပ် စတာတွေလည်း ရွေးချယ်ပြီးသွားပြီလို့ ဦးအုံးကြိုင်က ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဆီက မှတ်ပုံတင်ခွင့် ပြုကြောင်း အကြောင်းကြားစာ မရသေးပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အစစ အရာရာ အဆင်သင့် ဖြစ်နေပြီလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ဆိုပါတယ်။
http://www.rfa.org/burmese/news/nld-21team-12052011101827.html

ပြည်ပရောက်များ NLD အဖွဲ့ဝင်နိုင်
သဲသဲ | တနင်္လာနေ့၊ ဒီဇင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၇ မိနစ်

နယူးဒေလီ(မဇ္ဈိမ) ။ ။ အသစ်ပြန်လည်ဖွဲ့စည်းနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြည်ပရောက်
မြန်မာနိုင်ငံသားများလည်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်ပြီး အင်တာနက်မှတဆင့် ပါတီဝင်လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပရှိ မြန်မာနိုင်ငံသားများအတွက် ပါတီဝင်လျှောက်လွှာပုံစံများကို NLD ပါတီ၏ အင်တာနက် စာမျက်နှာတွင် ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“အဲဒီအထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြရမှာ တခုရှိတယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံသားကနေ ဘယ်နိုင်ငံသားအဖြစ် ခံယူထားသလဲဆိုတာဖော်ပြဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံသားဆိုရင်လည်း နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသလား၊ မကိုင်ဆောင်ထားဘူးလား။ ကိုင်ဆောင်ထားရင်လည်း နံပါတ်ပေါ့။ ဘာလို့ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေက အမျိုးမျိုးရှိတာဆိုတော့။ ကွဲကွဲပြားပြားသိအောင်
လျှောက်လွှာထဲမှာဖော်ပြဖို့လိုမယ်” ဟု ဦးအုန်းကြိုင်က ပြောဆိုသည်။

NLD ပါတီဝင် အဟောင်းအသစ်မရွေး မည်သူမဆို ပါတီဝင်အဖြစ် လျှောက်ထားရမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က “ကျနော်ကိုယ်တိုင်လည်း လျှောက်လွှာတင်ပြီး ပါတီဝင် ပြန်လျှောက်ရမှာပါ” ဟု ဆိုသည်။

ပါတီဝင် ဆယ်သိန်းလက်ခံရန် စီစဉ်ထားသည့် NLD က ပါတီတည်ထောင်ခွင့် ကျလာပါက ပါတီဝင် လျှောက်လွှာစတင်ထုတ်ပေးမည်ဖြစ်သည်။ ပါတီဝင် လက်ခံရေးအတွက် အသေးစိပ်အချက်အလက်များကို ဆွေးနွေးရန် အစည်းအဝေး ပြုလုပ်မည်ဟုလည်း သိရသည်။

NLD ပါတီ၏ တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များက နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် ဦးဝင်တင် အပါအ၀င် ၂၁ ဦးဖြင့် ပါတီတည်ထောင်ခွင့်အတွက် နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာရင်းသွင်း လျှောက်ထားခဲ့ ကြသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံမည်ဖြစ်ရာ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု NLD ထံမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းကနေ ၀င်မယ်ဆိုရင် လူထုရဲ့အနေအထား ဆင်းရဲတဲ့ မြို့နယ်ကနေ ၀င်ချင်တယ်လို့ သူက ပြောဖူးပါတယ်။ အဲဒါတွေကို တွက်ချက်ပြီးတော့ ကော့မှုးကပဲဖြစ်မယ် မှန်းဆကြတာပါ။ တရားဝင်တော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ၄၈ မြို့နယ်တွင်လည်း ၁၄ ရက်အတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းရန် NLD က ပြင်ဆင်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး ယင်းမှတဆင့် တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် အောင်နိုင်ရေးအဖွဲ့များအား ကြီးကြပ်သွားရန် NLD ရုံးချုပ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“အဖွဲ့မှာ နှစ်ပတ်အတွင်း အဆိုပြုရမှာပေါ့။ သက်ဆိုင်ရာ ပြည်နယ်တွေကို ပေးရမယ်။ သူတို့ ပေးတဲ့အပေါ်မှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ စီစစ်ပေးဘို့ ပေါ့။ လိုအပ်ရင် ခရိုင်အဖွဲ့တွေလည်း ဖွဲ့ဖို့ ကြေငြာချက် ထုတ်ထားတာပေါ့ ” ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့တွင် ပါဝင်သူ ဒေါ်မေ၀င်းမြင့်က ပြောသည်။



ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ တာဝန်ခံမှာ ဦးတင်ဦးဖြစ်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသိန်းထွန်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊
ဒေါက်တာမေ၀င်းမြင့်၊ ဦးစိုးဝင်း၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ကိုသိန်းဆွေ၊ ဒေါ်ခင်စောမူနှင့် ဦးစောတင်ဝင်း၊ ကိုမျိုးညွန့်၊ မဖြူဖြူသင်းတို့ ပါဝင်သည်။

အခြားအဆင့် အောင်နိုင်ရေးအဖွဲ့များ ဖွဲ့ရာ၌ အမျိုးသားဒီမိုကရေစီပါတီဝင်များအပါအ၀င် ပြည်သူလေးစား ယုံကြည်သူများ၊ တိုင်းရင်းသားလူမျိုးများ၊ မြို့မိမြို့ဖ ပုဂ္ဂိုလ်များ၊ အမျိုးသမီးများနှင့် လူငယ်များ၊ တတ်သိပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမား အလုပ်သမားများ၊ ကုန်သည်စီးပွားရေးပုဂ္ဂိုလ်များ၊ နိုင်ငံရေးအစဉ်အလာရှိသူများ ပါဝင်ရန် သတ်မှတ်ထားသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးဗဟိုအဖွဲ့အပြင် ဆပ်ကော်မတီများအဖြစ် သတင်းပြန့်ကြားရေးနှင့် စာစောင် ထုတ်ဝေရေး၊ စည်းရုံးလှုံဆော်ရေး၊ မဲဆွယ် ဟောပြောရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဥပဒေရေးရာကော်မတီ တို့ကို ဖွဲ့စည်းမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/8717--nld-.html