Tuesday, December 6, 2011

ရင်ခုန်ပြီး လေးစားတဲ့စိတ်နဲ့ ပျော်နေတယ် (ထွန်းအိန္ဒြာဗို)



– December 6, 2011




နိုဝင်ဘာလ (၂၅) ရက်နေ့က မြန်မာနိုင်ငံမှ ဂီတအသိုင်းအဝန်းမှ အနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သူ့ရဲ့နေအိမ်မှာ ရင်းနှီးနွေးထွေးစရာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့ကြသူများထဲက အကယ်ဒမီ ထွန်းအိန္ဒြာဗိုထံမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်များကိုလည်း သိခဲ့ရပါတယ်။ အသက် (၄၅) နှစ်တာ ကလာအတွင်း တကယ်ကို မျက်ဝါးထင်ထင် ဒီလောက်စွန့်လွှတ် အနစ်နာခံနိုင်ပြီး သူရသတ္တိနဲ့ ပြည့်စုံတဲ့ လူတစ်ဖက်သားရဲ့ ဆန္ဒကို အလေးထား တန်ဖိုးထားတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့ဖူးခြင်းပဲ။ တွေ့ရမယ် ဆိုတဲ့အချိန်မှာ ရင်တွေ တုန်နေတယ်။ ချိန်းတာက (၃) နာရီခွဲ (၂) နာရီလောက် ကတည်းက အန်တီစုခြံရှေ့မှာ ကားကြီးနဲ့ သွားစောင့်နေတယ်။ ဝင်ခွင့်ရပြီ ဆိုတာနဲ့ ပျော်ပြီး ဝင်သွားတာ ရင်က အလိုလိုခုန်ပြီး လေးစားတဲ့စိတ်နဲ့ ပျော်နေတယ်။ တွေ့တော့လည်း အရမ်းကို အလေးထားပြီး ပြောတာကို တွေ့ရတယ်။ စကားပြောတာ သိပ်ပြီး fair ဖြစ်တာကို တွေ့ရတယ်။ အန်တီစုက ဂီတလောကသားတွေကို ပြည်သူလူထုကို ပညာပေးတဲ့ အကြောင်းအရာလေးတွေပါတဲ့ စာသားလေးတွေ စပ်ဆိုဖို့ တိုက်တွန်းတာ။

ဥပမာ- ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သော်လည်းကောင်း၊ လူ့အခွင့်အရေးဆို အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး စသဖြင့် ပြီးတော့ တိုင်းရင်းသား အချင်းချင်း စည်းလုံး ချစ်ချစ်ခင်ခင် ဖြစ်စေတဲ့ သီချင်းလေးတွေ ဆိုကြဖို့ တိုက်တွန်းတာ။ အားလုံးကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ရေးကြမယ်၊ တီးကြမယ်၊ ဆိုကြမယ်ဆိုပြီး ဖြစ်ကြတယ်။ နောက်တစ်ခုက အန်တီစုပြောတာ သူရဲ့ ပါတီစည်းရုံးရေး သီချင်းလေးကိုတော့ အနုပညာရှင်ဆိုတာ အဖွဲ့အစည်း တစ်ခုတည်း ကိုယ်စားပြုရတဲ့ လူတန်းစားမျိုး မဟုတ်တဲ့အတွက် မဆိုကြနဲ့။ သူတို့ကိုယ်တိုင်ပဲ ဆိုမယ်။ အန်တီစုကိုယ်တိုင်က အဲဒီလို ပြောတယ်။ သူတောင်းဆိုရင်လည်း ဘယ်သူမဆို ဝိုင်းဆိုကြမှာပဲ။ သူပြောတဲ့ စကားတွေကို ကိုယ်ကအရမ်းကို ကျေနပ်ပြီး နားထောင်ခဲ့ရတာ။ အန်တီစုက ကိုယ်လေးစားတဲ့သူ ဆိုတော့ ကူညီချင်တယ်။ ဒါပေမဲ့ အန်တီစုပြောတာ နည်းလမ်းမှန်တယ်။ တစ်စုတစ်တည်းအတွက် မလုပ်ရဘူးလည်း မဟုတ်ဘူး။ လုပ်ရမယ်လည်း မဟုတ်ဘူး။ မိမိသဘော ဆန္ဒအလျှောက် မိမိစိတ်ကြိုက် ဆုံးဖြတ်နိုင်တာ မိမိအခွင့်အရေးပဲ။

8 Days Journal

အာရှတွင် အမေရိကန် တွန်းဝင်လာမှု တရုတ်မနှစ်သက်



from သစ်ထူးလွင် Myanmar News Now by သစ်ထူးလွင်





(4 Dec 2011 ရက်စွဲပါ Global Post မှ Kathleen E.Mc Laughim ရေးသားသော China indignant over US push in Asia ကို ဘာသာ ပြန်ဆိုသည်။)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာ စားသုံး နေချိန်တွင် တရုတ်နိုင်ငံမှ တာဝန်ရှိသူအများစုသည် အမေရိကန်၏ လတ်တလော အာရှတွင် သြဇာလွှမ်မိုးရေး ပြန်လည်တွန်းအားပေးလာမှုကို စိုးရိမ်လျက် ရှိသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သမ္မတ Obama သည် အာရှတွင် အမေရိကန်၏ ပါဝါ ပိုမိုလာစေရေး ဖိအားမြှင့်တင်ခဲ့ပြီး တရုတ်နှင့် ၎င်း၏ ဒေသတွင်း ကြီးထွားလာသော ပါဝါအတွက် စိတ်မသက်မသာ ဖြစ်သော သဘောထားကို ပြသခဲ့သည်။
Obama က ပို၍ စိတ်ဆိုးသော သဘောထားကို စတင်ပြသခဲ့ရာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ထိပ်သီးအစည်း အဝေးတွင် နိုဝင်ဘာလလယ်က တရုတ်အား ကမ္ဘာတစ်ခုလုံးနှင့် ကုန်သွယ်မှုအရ ဆက်ဆံရာတွင် လူကြီးတစ်ယောက်ကဲ့သို့ ပြုမူကျင့်ကြံရန် ပြောကြားခဲ့ သည်။ ထို့နောက် များမကြာမီတွင် သမ္မတသည် ကြေညာချက်တစ်ခု ထုတ်ပြခဲ့ရာ အမေရိကန်သည် သြစတြေးလျတွင် အမေရိကန်တပ်များ ချထားမည်ပာု ဆိုသည်။ တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ချိန်ခွင်လျှာ ညှိရန်ဖြစ်သည်။
ယခုအပတ်တွင် တရုတ်စစ်တပ်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက သတိပေးပြောကြားရာတွင် သြစတြေးလျတွင် တပ်များချထားခြင်းနှင့် အာရှတွင် အမေရိကန်စစ်တပ်၏ နီးကပ်သော ဆက်ဆံရေးများ ပြုလုပ်လာခြင်းသည် စစ်အေးကာလစိတ်ဓာတ်(cold war mantality)ကို ပြသနေခြင်းဖြစ်သည်ပာု ဆိုသည်။
“စစ်ရေးအရ မပာာမိတ်ပြုတယ်ဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပါပြီ။ စစ်ရေးမပာာမိတ်ပြုခြင်းကို အားကောင်းရေး၊ တိုးချဲ့ရေးပာာ စစ်အေးကာလ စိတ်ဓာတ်ကို ဖော်ပြတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ပာု တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Yansheng က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဒီလုပ်ရပ်ပာာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို ထိန်းသိမ်းတာ မပာုတ်ပါဘူး။ ဒေသတွင်း တိုင်းပြည် တွေ ကြားမှာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိုလည်း အထောက်အကူမပြုပါဘူး။ နောက်ဆုံး သက်ဆိုင်တဲ့သူတွေရဲ့ ဘုံအကျိုး စီးပွားကို ထိခိုက်စေမှာ ဖြစ်ပါတယ်” ပာု Geng က ပြောသည်။
ယခု ကလင်တန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး၊ နှစ်ပေါင်း ငါးဆယ်အတွင်း နိုင်ငံအရေးအရ အပယ်ခံနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် ပထမဦးဆုံးခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ကလင်တန်၏ ခရီးစဉ်သည် ပိုမိုလမ်းပွင့်လာစေရေးအတွက် အခြေခံအုတ်မြစ်အသစ် အဖြစ် မှတ်တမ်းဝင်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း တရုတ်အပြင် မပာာမိတ်များ ရှာဖွေလျက်ရှိသည်ဆိုသည်ကို အချက်ပြလိုက်ခြင်း ဖြစ်သည်။
ကလင်တန်သည် သူမ၏ ခရီးစဉ်ပြီးကာနီးတွင် ကြေညာခဲ့ရာ၌ အမေရိကန်သည် မြန်မာနိုင်ငံအတွက် အကူအညီတိုးပေးရေးကို ထောက်ခံ မည်ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် သံအမတ်ကြီး ပြန်လည်ထားရှိရန် စဉ်းစားနေကြောင်း ဆိုခဲ့သည်။
အမေရိကန်၏ အာရှတွင် တွန်းအားပေးမှုအသစ်တစ်ခုတိုင်းကို တရုတ်သည် တာဝန်ရှိသူများမှ တစ်ဆင့်သော်လည်းကောင်း၊ အစိုးရပိုင်မီဒီယာမှ တစ်ဆင့်သော်လည်းကောင်း မနှစ်သက်သည့် သဘောဖြင့် တုန့်ပြန်ခဲ့ပါသည်။ မြန်မာအစိုးရက တရုတ်၏ ကြီးမားသော ရေအားလျှပ်စစ်စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီး နောက်များမကြာမီပင် ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ Beijing အပေါ် လှုပ်ခတ်သွားစေဦးမှာ အမှန်ပင်ဖြစ်သည်။
သောကြာနေ့က ရှေးရိုးဆန်သော Global Times သတင်းစာ၏ “ကလင်တန်၏ အကူအညီနှင့် ပတ်သက်သည့် မှားယွင်းသည့် ပြောဆိုမှု” ခေါင်းစဉ်ပါ ခေါင်းကြီးပိုင်းတွင် ကလင်တန်က မြန်မာနိုင်ငံတွင် သယံဇာတများ ရယူရန်သာ စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နံမှုများ လက်ခံရေးကို သတိပေးခဲ့ သောအခါ ကလင်တန်၏ မစ်ရှင်နှင့် ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့သည်။ “ဒီစကားလုံးတွေက မိမိတို့တွေ့နေကျ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမေရိကန်ဆိုတာ ပြသနေတာမပာုတ်ပါဘူး” ပာု သတင်းစာတွင် သရော်သည့် လေသံဖြင့် ပြောကြားခဲ့သည်။
“တရုတ်ရဲ့ နိုင်ငံခြား အကူအညီမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်တွေကတော့ အမေရိကန်ထက်အများကြီး ရိုးသား ပါတယ်” ပာု သတင်းစာက ဆက်ပြောသည်။ “အမေရိကန်ရဲ့ အကူအညီပာာ တစ်ခါတစ်ရံ လက်နက်ပုံစံဖြစ်ပါတယ်။ သူတို့ပာာ ကြမ်တမ်းတဲ့ နိုင်ငံရေး သတိပေးမှု ပါလာတက်ပါတယ်။ သူ့ရဲ့ အကူအညီတွေပာာ နိုင်ငံခြားတိုင်းပြည် လူမှုရေးတွေအတွက် တိုက်ရိုက်အကျိုး ဖြစ်ထွန်းခဲလှပါတယ်” ပာု သတင်းစာတွင် ဖော်ပြထားသေးသည်။
Obama အစိုးရအနေဖြင့် အာရှတွင်တိုး၍ တွန်းအားပေးလာခြင်းအပေါ် လူတိုင်းက စိတ်ဆိုးကြသည်တော့ မပာုတ်ပါ။ ရှန်ပိာုင်းရှိ Fudan တက္ကသိုလ် အမေရိကန်လေ့လာရေး ဗပိာုဌာန ဒါရိုက်တာ Shen Dingli က ပြောကြားရာတွင် တရုတ်၏ နိုးထလာကြောင့်အမေရိကန်နှင့် တရုတ်ကြား တင်းမာမှု တိုးပွားလာခြင်းမှာ သဘာဝအရ တဖြည်းဖြည်း ဖြစ်လာရခြင်းပာု ရှုမြင်ကြောင်း ဆိုသည်။ ၎င်းက ပြောကြားရာတွင် တရုတ်သည် စီးပွားရေးအရ အားကောင်းစွာ တိုးတက်ကြီးထွားလာခြင်းကြောင်း တိဗက်၊ ရေပိုင်နက်ကိစ္စနှင့် ဒေသတွင်း သြဇာလွှမ်းမိုးရေး ကဲ့သို့သော ကိစ္စရပ်များတွင် နိုင်ငံရေးအရ လွှမ်းမိုးနိုင်အောင် မျှော်လင့်ချက်များ ထားလာသည်ပာု ဆိုသည်။
“အမေရိကန်နဲ့ တရုတ်က ဘာလို့ ပြဿနာဖြစ်နေသလဲမပြောတက်ဘူး။ ဘာလို့လဲဆိုတော့ ပါဝါချိန်ခွင်လျှာ ပြောင်းသွားပြီလို့ တရုတ်က ယုံကြည် နေပါတယ်။ ကျွန်တော့်အမြင်ပြောရရင် အသစ်လည်း မပာုတ်ဘူး။ ဒီထက် တိုးတက်လာဖို့လဲ မရှိပါဘူး။ ပိုဆိုးသွားမယ့် ဆက်ဆံရေးမပာုတ်ပါဘူး” ပာု Shen ကပြောသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆိုရလျှင် အမေရိကန်၏ သြဇာကြီးထွားလာမှုသည် တရုတ်၏ ကဏ္ဍကို ခြိမ်းခြောက်သည်ပာု တရုတ်အနေဖြင့် မရှုမြင်သင့်ပေ။ မြန်မာနိုင်ငံအား တစ်ခုတည်းသော မပာာမိတ်အဖြစ် သော့ခတ်သိမ်းထားရေးသည် တရုတ်ကွန်မြူနစ်ပါတီ၏ တကယ့်အိုင်ဒီယာနှင့် ကိုက်ညီလိမ့်မည် မပာုတ်ပေ။ ပိုမိုလမ်းပွင့်ပြီး၊ သာတူညီမျှသော လူ့အဖွဲ့အစည်းအတွက် ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံ ကူညီနေမည်သာ ဖြစ်သည်။
“တရုတ်က စိတ်ဆိုးရမယ်လို့ မဖြစ်သင့်ပါဘူး။ ကွန်မြူနစ် တိုင်းပြည်တစ်ခုအနေနဲ့ သူတို့မှာ မိတ်ဆွေတွေ ပိုရလာတာကို ပိုပြီး ပီတိဖြစ်သင့်ပါ တယ်။ တကယ်လို့ကျွန်တော်တို့ပာာ ကွန်မြူနစ်စစ်စစ်တွေ ဖြစ်မယ်ဆိုရင်၊ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ကြည့်ပြီး ပျော်ရွှင်သင့်ပါတယ်” ပာု Shen က ပြောသည်။
YC
Myanmar News Now

ကြံ့ဖွတ်အစိုးရရဲ့သံတမာန်အစွမ်းကို စောင့်ကြည့်ကြရတော့မယ်

December 6, 2011

ဗမာပြည်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ရောက်လာတာနဲ့ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ဗမာ ပြည်ရဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံတကာအ၀န်းအ၀ိုင်းအကြား လှုပ်ရှားမှုတို့အကြောင်းတွေ ကမ္ဘာအနှံ့အများအပြား ပြောဆိုနေကြပါတယ်။ ဒါဟာဗမာပြည်ကြံ့ဖွတ်အစိုးရရဲ့ နိုင်ငံခြားရေးဝါဒအလှည့်အပြောင်းကိုဖြစ်စေမလား၊ ဗမာပြည် မြေ ပေါ်မှာ အမေရိကန်နဲ့တရုတ်တို့ခတ်ကြလို့ ဗမာပြည်မြေဇာပင်ဖြစ်တော့မှာလား စတာတွေလည်း အမျိုးမျိုး ကြားနေ ကြရပါတယ်။

အခုတချီဟာ ကြံ့ဖွတ်အစိုးရရဲ့ နိုင်ငံခြားရေးဝါဒပြောင်းလဲတာဟုတ်မဟုတ် မသေချာပေမဲ့ အမေရိကန်ဘက် ကတော့ သဘောထား ပြောင်းလာတဲ့သဘောမျိုးတွေတွေ့နေရပါတယ်။ ကြံ့ဖွတ်အစိုးရကို မုန်လာဥပစ်ပေးလိုက် ပြန်ပြီလို့ဆိုနိုင်ပါတယ်။ (သိုးဆောင်းစကားပုံမုန်လာဥနဲ့တုတ်ပေါ်လစီကို ညွှန်းတာပါ)။ ဒီနေရာမှာကြုံတုန်းဖြတ်ပြောသင့် တာတခုက ဗမာပြည်ကစစ်အစိုးရတွေလို ရက်စက်ကြမ်းကြုတ်တဲ့အစိုးရတရပ်အဖို့ နိုင်ငံတကာ့နယ်ပယ်မှာ ရွေးစရာ သိပ်မရှိဘူးဆိုတဲ့အချက်ပါ။ ဒါကြောင့်မို့ အခုသမိုင်းအကွေ့မှာလည်း အမေရိကန်ဘက်ကလှည့်ပြောင်းချင်မှသာ လှည့် ပြောင်းလို့ရတယ်ဆိုတာတွေ့ရပါတယ်။ တကယ်က န၀တ-နအဖစစ်ဗိုလ်တွေလက်ထက်ကစလို့ ဗမာပြည်ကစစ်အစိုးရ တွေဟာ အမေရိကန်နဲ့အဆင်ပြေချင်တာ အားလုံးအသိပါပဲ။ ဗိုလ်အောင်ကြီးကိုတိတ်တိတ်စေလွှတ်ခဲ့တာကအစ ဗိုလ်မှူး အောင်လင်းထွဋ်ပြောပြနေတာတွေအဆုံး နည်းမျိုးစုံနဲ့လုံးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူး။

အခုကမ္ဘာမှာ ဒုတိယစစ်အေးစစ်ပွဲပြန်စတော့မလားလို့ တွေးတောစရာကောင်းတဲ့အချိန်မှာ အိမ်ဖြူတော်ကပုဂ္ဂိုလ် များလည်း ခြေလှမ်းသစ်တွေလှမ်းဖို့ပြင်ကြပါတယ်။ ဒီလိုအခါမှာ တရုတ်ပြည်ပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံအားလုံးဟာ အိမ်ဖြူ တော်ရဲ့အာရုံစိုက်မှုခံရတော့တာပါပဲ။ ဒါကိုဗမာပြည်ကဗိုလ်ချုပ်တွေက “ငါတို့တရုတ်ဖဲချပ်ကစားနိုင်လို့ရတာ”လို့ လက်မ ထောင်ကောင်းထောင်ကြပါလိမ့်မယ်။ ထောင်ချင်လည်းထောင်ကြပါ။ ဒါပေမဲ့ ဒါကပွဲအစပဲရှိသေးတယ်ဆိုတာ မမေ့ဖို့လို ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီဆိုတာဟာ ကိုယ့်တိုင်းပြည်အကျိုးစီးပွားကိုအခြေခံပြီး ချမှတ်ကြတာဖြစ်ပါတယ်။ ဟိုတန်ဘိုးအတွက်၊ ဒီဝါဒအတွက်ဆိုတာတွေဟာ လူကြားကောင်အောင်ပြောတာတွေသာဖြစ်ပြီး လက်တွေ့မှာ အရံလောက်သာဖြစ်တယ်လို့တောင်ဆိုရခက်ပါတယ်။ ကိုယ့်နိုင်ငံ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေး၊ ဒါမှမဟုတ်ချမ်းသာရေး အတွက် နိုင်ငံတကာအလယ်မှာ လှုပ်ရှားကြရတာဖြစ်ပါတယ်။ ဘယ်နိုင်ငံမှရှောင်လွှဲလို့မရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဗမာပြည်ကစစ်အာဏာရှင်တွေဟာ နိုင်ငံခြားရေးပေါ်လစီချမှတ်ရာမှာ ကိုယ့်တိုင်းပြည်အကျိုးစီးပွားထက် ကိုယ့်အုပ်စုအာဏာတည်မြဲရေးနဲ့ ကိုယ့်အုပ်စုအတွက် စီးပွားရေးအကျိုးအမြတ်ခံစား ရရေးအတွက် လုပ်နေကြတာဖြစ် ပါတယ်။ ဒါကြောင့်မို့ ၁၉၆၂ခုနှစ်နောက်ပိုင်းမှာ ဗမာနိုင်ငံရဲ့နိုင်ငံခြားရေးဝါဒဟာ လေးနက်တည်ကြည်မှုမရှိပဲ ဒီအကွေ့ ဒီတက်နဲ့လှော်၊ ဟိုအကွေ့ဟိုတက်နဲ့လှော်ဆိုသလိုဖြစ်နေခဲ့ပြီး ကျွန်တော်တို့နိုင်ငံဟာနိုင်ငံတကာအလယ်မှာ ဘုန်းကြီး ရူးနဲ့ လှေလူးလိုဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် ဟိုနိုင်ငံလည်းကြောက်ရ၊ ဒီနိုင်ငံလည်းမျက်နှာချိုသွေးရဘ၀ကို ရောက်ခဲ့ရ ပါတယ်။

ဒါကိုပိုရှင်းအောင်ပြောရရင် ဗမာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မှာ ဗမာပြည်ဟာ ပြည်တွင်းစစ်ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကလွဲလို့ နိုင်ငံတကာစင်မြင့်မှာ ဂုဏ်သရေရှိတဲ့နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အရှေ့အနောက် ကွဲပြားနေတဲ့ စစ်အေးစစ်ပွဲကာလမှာကြားနေရေးဝါဒကို ကြေညာကျင့်သုံးနိုင်ခဲ့ပါတယ်။ (ဒီနေ့ကြံ့ဖွတ်အစိုးရအပါ စစ်အစိုး ရအဆက်ဆက်ဟာ မိမိတို့ရဲ့နိုင်ငံခြားရေးဝါဒကို ဘာဖြစ်တယ်ရယ်လို့ ပီပီပြင်ပြင်မပြောကြပါဘူး)။ ဒါ့အပြင်အိမ်နီးချင်း နိုင်ငံတွေနဲ့ပြေပြေလည်လည်ဆက်ဆံနေထိုင်ခဲ့ပါတယ်။ ဆီးတိုး(SEATO)၊ စင်တိုး(CENTO)စတဲ့ ပစ်မှတ်ရှိစွာဖွဲ့စည်း ထားတဲ့ ဒေသဆိုင်ရာစစ်အုပ်တွေကိုယ့် ပတ်ဝန်းကျင်မှာပေါ်ပေါက်လာ၊ ကိုယ့်ကိုပါဖို့မြှူဆွယ်ကြပေမဲ့လည်း ဘယ်အထဲမှ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်မို့ ဘန်ဒေါင်းညီလာခံ၊ အာရှအာဖရိကနိုင်ငံများ လှုပ်ရှားမှု၊ ဘက်မလိုက်လှုပ်ရှားမှုစတာတွေမှာ အများလေးစားရတဲ့နိုင်ငံတခုဖြစ်ခဲ့ပြီး ဦးသန့်ကိုကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးခြယ်တင်မြှောက် လိုက်ကြတာဟာ အထွဋ်အထိပ်ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဗိုလ်နေ၀င်းဟာဆိုရှယ်လစ်ဆိုတဲ့စကားနဲ့ စတန့်ထွင်လာတော့အနောက်အုပ်စုက မျက်မှောင် ကုတ်ကြည့်တာခံရသလို ဆိုဗီယက်ကလည်းကိုယ့်လူလားလို့ ယူဆလာတာတွေဖြစ်လာပါတယ်။ ယုန်ထင်ကြောင်ထင် ဖြစ်ကြတာလို့ဆိုနိုင်ပါတယ်။ ဒါကြောင့်ဗိုလ်နေ၀င်းဟာ သူတို့စစ်တပ်နဲ့ စစ်တပ်အတွင်းက ဗမာပြည်ဆိုရှယ်လစ်ပါတီအုပ်စု ရဲ့အစဉ်အလာမိတ်ဆွေကြီးဖြစ်တဲ့ အမေရိကန်ဆီကိုသွားပြီး သူတို့ဟာသစ္စာရှိကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေ ဖြစ် ကြောင်းရှင်းပြခဲ့ပါတယ်။ ၁၉၆၆ခုနှစ် စက်တင်ဘာလာထဲမှာပါ။ အဲဒီကနေပြန်လာတော့ သူဟာသူတို့ကိုယ်သူတို့ ၀ါရှင်တန်နဲ့အိုကေသွားပြီရယ်လို့ ဘ၀င်တမျိုးကိုင်လာပြီး တလျှောက်လုံးပြေလည်စွာဆက်ဆံခဲ့တဲ့ တရုတ်ပြည်နဲ့ပြဿနာ ဖန်တီးပါတော့တယ်။

တရုတ်ဗမာအရေးအခင်းဆိုတာပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက်ဗိုလ်နေ၀င်းဒေါသထွက်ပြီး ဘက် မလိုက်လှုပ်ရှားမှုထဲကနှုတ်ထွက်ခဲ့တာ၊ ဒိနောက်မှာ တရုတ်ကိုကိုယ်တိုင်သွားတောင်းပန်ခဲ့တာ စသဖြင့် နိုင်ငံခြားရေးဝါဒ မှာ ဂယိမ်းဂယိုင်တွေအများကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီကြားထဲမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖို့ မှန်တဲ့အချက်ရော မမှန်တဲ့အချက်တွေပါ တင်ပြပြီးဒေ၀ါလီခံပြလိုက်တော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဟာ သမိုင်းမှာအောက်ဆုံးအဆင့်ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့၁၉၈၈ခုနှစ်မှာ ကိုယ့်အာဏာလက်မလွတ်ရေးအတွက် အသေအကြေလုံးပမ်းတဲ့ အခါကျတော့ နိုင်ငံတကာမှာအထီးကျန်လုံးလုံးဖြစ်သွားခဲ့ရပါတယ်။

ဒီနေ့အခါဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအသစ်တခုဆီကိုဦးတည်နေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အင်အားကြီး မဟုတ်တဲ့ နိုင်ငံတွေကအစိုးရတွေဟာ ကိုယ့်တိုင်းပြည်အေးချမ်းသာယာ၊ ချမ်းသာစွာနဲ့ဖြတ်ကူးဖို့လုံးပမ်းကြရပါမယ်။ လှိုင်းကြီးလေကြီးတွေကို ဖြတ်စရာတွေကြုံရနိုင်ပါတယ်။ ဒါကို ကြံ့ဖွတ်ဗိုလ်ချုပ်တွေကကိုယ့်အာဏာတည်မြဲရေးအဓိက၊ နိုင်ငံ့အရေးဒုတိယလုပ်နေကြရင်တော့ အားလုံးဒုက္ခရောက်ကြနိုင်ပါတယ်။ ဒီနေ့ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အင်အားနဲ့မြေဇာပင်ဘ၀ရောက်လိုက်ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးဝံ့စရာပါ။ အရှေ့အုပ်စုနဲ့ရင်းနှီးလိုက်၊ အနောက်အုပ်စုနဲ့ရင်းနှီးလိုက် လုပ်ခဲ့တဲ့ဆာဒမ် ဟူစိန်နဲ့ အီရတ်နိုင်ငံရဲ့ကံကြမ္မာကိုမမေ့သင့်ပါဘူး။

အခုလို ဒုတိယစစ်အေးစစ်ပွဲပြန်စတာမှာ ဗမာပြည်လည်းပါနေတယ်ဆိုရင်တော့ စစ်ဦးဘီလူးနဲ့တွေ့သွားနိုင်တယ်ဆို တာလည်း သတိထားသင့်ပါတယ်။ စစ်မှန်တဲ့ကြားနေ၀ါဒ၊ ပြည်တွင်းကပြည်သူလူထုအပေါ် တည်တံ့ဖြောင့်မတ်စွာကျင့် သုံးပါမှ ဒီတကွေ့ကိုဘေးမသီရန်မခကျော်လွှားနိုင်ပါလိမ့်မယ်။

ရဲဘော် ဖိုးသံချောင်း

http://www.naytthit.net/?p=22584

အကောင်းမြင်ရမယ့်အချိန်ရောက်ပြီလား

ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ ဒီဇင်ဘာ ၆၊ ၂၀၁၁
မေး။ ။နိုဝင်ဘာ လကုန်ပိုင်းမှာ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုယ်တိုင်က မြန်မာပြည်အရေးကို လက်ရှိအစိုးရခေါင်းဆောင်များနဲ့သာမက အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ၊ လူမှုလုပ်ငန်းလုပ်ကိုင်နေသူများ၊ စာနယ်ဇင်းသမားများနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောထားအမြင်တွေ ပြောသွားပါတယ်။ အဓိက ကလင်တန်ပြောဆိုသွားတဲ့ အကြောင်းအရာတွေက ဘာတွေပါလဲ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုလုပ်ငန်းတွေကို ထောက်ပံ့ကူညီနိုင်ရေးတို့ကို အကျယ်တ၀င့်ပြောဆို ဆွေးနွေး တိုက်တွန်းသွားပါတယ်။
မေး။ ။ အဲသည်မှာ တချို့က သဘောထားပေးကြတာက လက်ရှိစစ်တပ်ကျောထောက်နောက်ခံရှိတဲ့ မြန်မာအစိုးရဖက်ကနေပြီး ကလင်တန်ကိုယ်တိုင်က အကောင်းတွေမြင်ပြနေတယ်။ ကောင်းတော့မယ်၊ ဖြစ်တော့မယ်၊ လွှတ်တော့မယ်လို့ ကတိတွေတောင် ၀င် ၀င် ပေးနေသလို ဖြစ်နေတယ်လို့ ပြောကြတယ်။ အဲသည်လို တကယ်ပဲ အားရကျေနပ်စရာတွေ တိုးတက်မှုတွေ မြင်နေရပြီလား။
ဖြေ။ ။ မြန်မာ့နိုင်ငံကို ပထမဦးဆုံး လာရောက်တဲ့ ခရီးစဉ်အတွင်းမှာကို ကလင်တန်ကိုယ်တိုင်က မြန်မာ့နိုင်ငံရေး ပွင့်လင်းလာမှုတွေ၊ လွတ်လပ်လာမှုတွေရဲ့ အလားအလာတွေ ရှိနေပြီလို့ ကတိစကားတွေပေးနေ၊ အခိုင်အမာတွေ ပြောနေတယ်လို့ ဆိုချင်စရာဖြစ်နေတယ်။ လက်ရှိအမြင်မှာတော့ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတဦး၊ အမေရိကန်အစိုးရခေါင်းဆောင်တဦး လာရောက်တာ၊ လွတ်လပ်စွာ ခရီးသွားလာခွင့်ရတာ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းစုံနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်၊ ပြောဆိုထုတ်ဖော်ခွင့်တွေ ရတယ်ဆိုတာက အားရစရာကောင်းတယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် တိုးတက်ဖို့ အကောင်းမြင်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။
မေး။ ။ နောက်ပြီးတော့လည်း သမ္မတအိုဘားမားက ဒေါ်စုကို ဖုန်းဆက်တဲ့ဆီမှာ ပြောတဲ့စကားက မြန်မာပြည်မှာ ဒီမိုကရေစီရေး လင်းရောင်ခြည်သန်းနေပြီလို့ ပြောတယ်လို့ ကြားရပါတယ်။ သူတို့တွေရဲ့ အလိုအရဆိုရင် မြန်မာပြည်ဟာ ဟုတ်နေပြီပေါ့လို့ ပြောရတော့မှာလား။
ဖြေ။ ။ အလင်းရောင်ကို မြင်ရတယ် ဆိုတာက မိုးလင်းပြီ၊ အရုဏ်တက်ပြီလို့ အဓိပ္ပါယ်ဆောင်နေပြီဆိုရင်တော့ အားရ ၀မ်းသာစရာဖြစ်တယ်။ နောက်ကို ပြန်ပြီး လှည့်စရာမလိုတော့ဘူးလို့ မှတ်ယူရမယ်ဆို ကောင်းတာပေါ့။ သို့သော် မြန်မာပြည်မှာက ဥမင်လှိုင်ခေါင်းထဲကနေ လျှောက်လာကြတာမှာ ထွက်ပေါက်ကနေ ပေါ်လာတဲ့ အလင်းရောင်လေး တွေ့ရတဲ့အဆင့်ပဲ ရှိတယ်။ အလင်းရောင်ကလေး၊ အလင်းပေါက်ကလေး မြင်ရတာမှန်သော်လည်း ဥမင်လှိုင်ခေါင်းထဲမှာ အမှောင်ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောနိုင်တယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီမိုကရေစီလမ်းပေါ် မရောက်သေးပါဘူးလို့ ၀န်ခံသွားတယ်။ နောက်ပြန်မကွေ့ဘဲ ရှေ့ဆက်တိုးမှသာ လမ်းပေါ်ရောက်မယ်လို့ ဆိုပါတယ်။ တဖက်အစိုးရခေါင်းဆောင်တွေကကော ကလင်တန်နဲ့တွေ့ချိန်မှာ ရွှမ်းရွှမ်းဝေအောင် ပြောဆိုနေတယ် ဆိုသော်လည်း ပြည်သူတွေကို အခြားအဓိပ္ပါယ်ဆောင်တဲ့စကားတွေ ပြောခဲ့တာတွေ ရှိပါသလား။
ဖြေ။ ။ ထောက်ပြရမယ် ဆိုရင်တော့ … သမ္မတကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောနေတယ်။ သမ္မတရဲ့ အစိုးရအဖွဲ့ဝင်တွေက ပြည်တွင်းစစ်ဖြစ်ပွားနေတာကို သဘောထားတင်းမာတဲ့သဘောတွေ ပြနေတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ဆီမှာတောင် စာမတတ် ပေမတတ်သူတွေ ပါတယ်လို့ တဖက်သတ်ပြောဆိုတာတွေ ထွက်ပေါ်လာတယ်။ ဆိုတော့ ကျနော်တို့တတွေက အမှောင်ထဲမှာပဲ ရှိနေတယ်ဆိုတာ ပြပါတယ်။
မေး။ ။ အဲသည်လို အခြေအနေတွေ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီက ဒီမိုကရေစီအရေးအတွက် ယုံကြည်ချက်ကို ခိုင်ခိုင်မာမာထားပြီး စွန့်စားမှုကို ဆောင်ရွက်နေတယ်လို့ ပြောရမှာပေါ့။
ဖြေ။ ။ ဒီမိုကရေစီရေးအတွက် ယုံကြည်ချက်ကို ခိုင်ခိုင်မာမာထားပြီးတော့ စွန့်စားမှုဖြစ်တယ်။ အကောင်းမြင်နေသော်လည်း အခြားအခြေအနေတွေရှိနေဆဲပဲ ဖြစ်တယ် ဆိုတာကို ပြောချင်တယ်။ သဘောကနေတာ့ ကျနော်တို့တွေဟာ ဥမင်လှိုင်ခေါင်းထဲမှာပဲ ရှိနေသေးတယ်။ အလင်းရောင်လေး မြင်တယ်ဆိုတာ အမှောင်ထဲကနေပြီး လှမ်းမြင်နေရတဲ့သဘောပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
http://moemaka.com

၈၈ မျိုး​ဆက်ကျောင်း​သား​အချို့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်မည်

Published on December 6, 2011 by မင်းလွင်

ကျင်း​ပဖို့​ရှိ​နေတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဂဂမျိုး​ဆက်​ကျောင်း​သား​ လူငယ်များ​တချို့​လည်း​ ဝင်​ရောက်ယှဉ်ပြိုင်မယ်လို့​ သိရပါတယ်။

၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုဖြိုး​မင်း​သိန်း​က “ဂဂမျိုး​ဆက်​ကျောင်း​သား​တွေထဲမှာ အဓိကက ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံမယ်ဆိုတာ ဘုံသ​ဘောထား​တူညီချက်ပါ။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံတဲ့​နေရာမှာ ပါတီပြင်ပက​နေ၊​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချူပ်ထဲကို​တော့​ မဝင်ဘူး​ပေါ့​ဗျာ။ ပါတီပြင်ပက​နေ ဝန်း​ရံမယ်ဆိုတဲ့​ အင်အား​စု တစုရှိတယ်။ တစုက​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ထဲကို ဝင်ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံမယ်။ ဒါ​ပေမယ့်​ လွှတ်​တော်ထဲကို​တော့​ မသွား​ဘူး​။ ​ရွေး​ကောက်ပွဲမဝင်ဘူး​ပေါ့​ဗျာ။

“တစုက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဝန်း​ရံမယ်။ ​ဒေါ်​အောင်ဆန်း​စုကြည် တာဝန်​ပေး​မယ်ဆိုရင် လွှတ်​တော်နိုင်ငံ​ရေး​ထဲထိ လှုပ်ရှား​မယ် ဆိုတဲ့​ သ​ဘောထား​ရှိတယ်။ ရပ်တည်မှု ပုံစံက သုံး​မျိုး​ရှိ​နေတယ်။ ​ဒေါ်စုကို ဝန်း​ရံမယ်ဆိုတာက​တော့​ အား​လုံး​ကတူညီတဲ့​ သ​ဘောထား​ဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို နိုင်ငံ​ရေး​နည်း​အရ ဝန်း​ရံပြီး​တော့​ အန်အယ်လ်ဒီရဲ့​ ​ရွေး​ကောက်ပွဲ မူ ၃ ချက်ကို ​ထောက်ခံပြီး​တော့​ ​ဖော်​ဆောင်ရမှာ​တွေကို လွှတ်​တော်တွင်း​ရော လွှတ်​တော်ပြင်ပက​နေ လုပ်​ဆောင်သွား​မယ်လို့​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

“အန်အယ်လ်ဒီက ​ရွေး​ကောက်ပွဲဝင်​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ချမှတ်ထား​တဲ့​ မူ ၃ ချက်ရှိတယ်။ အဲ့​ဒီ မူ ၃ ချက်က တရား​ဥပ​ဒေစိုး​မိုး​ရေး​၊​ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး​ရယ်​ပေါ့​။ အဲ့​ဒီ မူ ၃ ချက်ကိုလည်း​ ကျ​နော်တို့​က ​ထောက်ခံတယ်။ အဲ့​အတွက် ကျ​နော်တို့​က အန်အယ်လ်ဒီနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်အတွက် အား​ဖြစ်​အောင် မူ ၃ ချက်မှာ ​ဖော်​ဆောင်ရမယ့်​ အချက်​တွေကို ကျ​နော်တို့​က ဝိုင်း​ဝန်း​ပြီး​တော့​ လွှတ်​တော်ပြင်ပပဲဖြစ်ဖြစ်၊​ လွှတ်​တော်တွင်း​ပဲဖြစ်ဖြစ်​ပေါ့​၊​ အန်အယ်လ်ဒီက လွှတ်​တော်ထဲသွား​တယ်ဆိုလည်း​ ကျ​နော်တို့​က လွှတ်​တော်ပြင်ပက​နေ ဒါ​တွေကို ပူး​ပေါင်း​ဖော်​ဆောင် ​ပေး​မယ်ဆိုတဲ့​ သ​ဘောထား​မျိုး​ ကျ​နော်တို့​မှာ ရှိတယ်။”
ဂဂမျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်များ​အပါအဝင် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို မလွှတ်သမျှ လာမယ့်​ ​ရွေး​ကောက်ပွဲကို ဝင်​ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး​လို့​ ကိုထွန်း​မြင့်​အောင်၊​ ကိုစိုး​ထွန်း​၊​ ကိုမြတ်သူ ကိုကိုကြီး​ (စမ်း​ချောင်း​) တို့​က​နေ ဒီဇင်ဘာလ ၅ ရက်​နေ့​ ​နေ့​စွဲနဲ့​ လက်မှတ်​ရေး​ထိုး​ ထုတ်ပြန်ထား​ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို မလွှတ်ဘဲ ​ရွေး​ကောက်ပွဲ လုပ်တာဟာ တရား​မျှတမှု မရှိဘူး​လို့​ ကိုထွန်း​မြင့်​အောင်က ​ပြောပါတယ်။

“ကျ​နော်တို့​ ဂဂမျိုး​ဆက် ​ခေါင်း​ဆောင်​တွေ မလွှတ်ဘဲနဲ့​ ဂဂ မျိုး​ဆက် ​ကျောင်း​သား​တွေက ဘယ်လိုမျက်နှာမျိုး​နဲ့​ ​ရွေး​ကောက်ပွဲကို ဝင်ရမှာလဲ။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရွေး​ကောက်ပွဲ လမ်း​ကြောင်း​ကို ကျ​နော်တို့​ ဆန့်​ကျင်​နေတာ မဟုတ်ဘူး​။ ​ထောက်ခံ​နေတာလည်း​ မဟုတ်ဘူး​။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဆက်လက် ဝန်း​ရံသွား​မယ်ဆိုတာ အင်တာဗျူး​တွေမှာ အတိအလင်း​ ​ပြောထား​ပြီး​ပါပြီ။ ဆက်ပြီး​တော့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တိုင်ပင်ညှိနှိုင်း​ ​ဆောင်ရွက်သွား​မှာပဲ။ မ​နေ့​က ထုတ်ပြန်လိုက်တဲ့​ သ​ဘောထား​သည် ဂဂမျိုး​ဆက်​ကျောင်း​သား​တွေ အ​နေနဲ့​ ​ရွေး​ကောက်ပွဲ ဝင်မှာမဟုတ်ဘူး​ ဆိုတာကို သ​ဘောထား​ထုတ်ပြန်ရတာ။ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို ​ထောင်ထဲ ထည့်​ထား​ပြီး​တော့​ ​ရွေး​ကောက်ပွဲကို ဒီလိုကျင်း​ပတာဟာ ဘယ်လိုနည်း​နဲ့​မှ မှန်ကန်တဲ့​ လွတ်လပ်ပြီး​မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဒီမိုက​ရေစီ လမ်း​ကြောင်း​ကိုသွား​မယ့်​ ​ရွေး​ကောက်ပွဲလို့​ ကျ​နော်တို့​ မမြင်နိုင်ဘူး​။”
http://burmese.dvb.no/archives/18593

အမေရိကန်အထူးကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ညှိနှိုင်းမည်

အင်္ဂါ, 06 ဒီဇင်ဘာ 2011

By ကိုသားညွန့်ဦး

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ ဒေသတွင်းက တရုတ် အပါအဝင် နိုင်ငံသုံးနိုင်ငံကို သွားရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲမှု ကိစ္စတွေအတွက် တူညီတဲ့ အခြေခံအမြင်တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင်ဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell ဟာ အခု ဒီဇင်ဘာ ၁၂ ရက်နေ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာ တရုတ်အာဏာပိုင်တွေနဲ့တွေ့ဆုံပြီး မြန်မာ နိုင်ငံအခြေအနေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာပဲ မြန်မာအထူးကိုယ်စားလှယ်ရဲ့ တရုတ်ခရီးစဉ်ဖြစ်လာတာပါ။ အထူးကိုယ်စားလှယ် မစ္စတာ မစ်ချဲလ်ဟာ တရုတ်အပြင် ဒေသတွင်းက ဂျပန်နဲ့ တောင်ကိုရီယားနိုင်ငံတွေကိုလည်း မြန်မာ့အရေးဆွေးနွေးဖို့ သွားရောက်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးနဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ Derek Mitchell ဟာ တောင် ကိုရီယား၊ ဂျပန်နဲ့တရုတ်နိုင်ငံတို့ကို ဒီဇင်ဘာ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကိစ္စ၊ မြန်မာပြည်မှာ အရေးကြီးတဲ့ အခြေခံကျကျ အပြောင်းအလဲတွေဖြစ်ဖို့ ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုနဲ့ လက်နက်မပြန့်ပွားရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ တူညီတဲ့အခြေခံတွေရှာပြီး ပိုမို ပူးပေါင်း ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးတိုင်ပင်ဖို့ ရှိပါတယ်”

ပြီးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ နှစ် ၅၀ကျော်အတွင်း အမေရိကန်ထိပ်တန်း ခေါင်းဆောင်တဦး မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဒေသတွင်း ဓနအင်အား ကြီးမားလာတဲ့ တရုတ်နိုင်ငံသြဇာကို အင်အားချိန်ခွင်မျှအောင် ဖြစ်နိုင်တယ်လို့ ယူဆမှုတွေ အတော် များများ ထွက်ခဲ့သလို မြန်မာအစိုးရဘက်က အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံလာတာဟာလည်း တရုတ်ကို ပြန်ခွာလိုတဲ့သဘောလို့ ယူဆမှုတွေ သုံးသပ်မှုတွေ အတော်များများရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီအမေရိကန် မြန်မာဆက်ဆံရေးဟာ တရုတ် အမေရိကန်ဆက်ဆံရေး၊ တရုတ် မြန်မာ ဆက်ဆံရေးတွေမှာ ထိခိုက်နိုင်မလား စိုးရိမ်သူတွေလည်းရှိပါတယ်။ အမေရိကန်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ခရီးစဉ် တရုတ်မဆိုင်ဘူးလို့ ပြောခဲ့သလို တရုတ်ဘက်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာပဲ မြန်မာပြည်အပေါ်ထားတဲ့ အမေရိကန်ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အချိန်မရောက်သေးဘဲ အကယ်လို့ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေ ဒီထက် မြန်လာမယ်ဆိုရင်တော့ ဒီအချက်ကို စဉ်းစားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။

အခု မစ္စတာမစ်ချဲလ်ရဲ့ တရုတ်ခရီးစဉ်ဟာ မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေကို ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပေမယ့် တရုတ်ဘက်က စိုးရိမ်မှုတွေကို ဖြေဖျောက်လိုတဲ့ သဘောဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အခု မြန်မာအစိုးရသစ်လက်ထက်မှာပဲ တရုတ်က ရင်းနှီးမြုပ်နှံထားတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ယာယီရပ်ဆိုင်းထားလိုက်တာကြောင့် တရုတ်နဲ့မြန်မာဆက်ဆံရေး အရင်လိုပုံမှန်မဟုတ်တော့ဘူးလို့ တွေးဆသူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာနိုင်ငံကို မသွားခင်ရက်ပိုင်းမှာပဲ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တရုတ်ကို ရောက်ရှိနေခဲ့တာပါ။

မစ္စတာမစ်ချဲလ်ဟာ တရုတ်ခရီးစဉ်မတိုင်ခင်တော့ ဂျပန်နဲ့တောင်ကိုရီယားကိုလည်း သွားမှာဖြစ်ပါတယ်။ အခု ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဂျပန်ဘက်ကလည်း မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးဖို့ တာစူနေပါပြီ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ စက်မှုဝန်ကြီးတို့ဟာလည်း မကြာခင် မြန်မာနိုင်ငံကို သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
http://www.voanews.com/burmese/news/----12_06_11_my-news-burma----135138408.html

ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှုအောက်တွင် ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာဖြင့် ဆက်လက်လုပ်ကိုင်သွားမည်

by Burma VJ Media Network on Tuesday, December 6, 2011 at 7:37am
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ် တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက်တွင် ဒီမိုကရေစီအင်အားစုအားလုံး ညီညွတ်စွာ ဆက်လက်ဝန်းရံလုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်များက ပထမဦးစွာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားများ၏ ဒီဇင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုးသူ လေးဦးကိုသာ ကိုယ်စားပြုပြီး အများစု ကို ကိုယ်စား မပြုကြောင်းလည်း ဒီကနေ့ ပြန်လည်ကြေငြာချက်ကို ထုတ်ပြန်ခဲ့တဲ့ ကိုတိုးကျော်လှိုင်၊ကိုထွန်းကြည်နဲ့ အခြားပါဝင်သူတွေကလည်း  ပြောပါတယ်။အခြား ၀န်းရံ ထောက်ခံသူများမှ လက်မှတ် များကို ဆက်လက်ပေးပို့ သွားမယ်လို့ လည်း သိရပါတယ်။



Dr Cynthia Maung's 52th Birthday Anniversary

by Burma VJ Media Network
















NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်

Burma VJ Media Network

၆-၁၂-၂၀၁၁(အင်္ဂါနေ့) ည ၈း၄၀ အချိန်တွင် အမှတ် ၁၅ (A) ကမ္ဘောဇရိပ်သာနေ ဦးလွင်(အတွင်းရေးမှူး-NLD) သည် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားပါသဖြင့် အထက်ပါနေအိမ်မှေ၇ဝေးသုသာန်သို့ ၈-၁၂-၂၀၁၁(ကြာသာပတေးနေ့) မွန်းလွဲ ၁း၃၀ နာရီတွင်ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်.....



NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်

Wednesday, December 07, 2011  Khet Htan  No comments



၁၅ (A) ကမ္ဘောဇရိပ်သာနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးလွင် ၆.၁၂.၂၀၁၁ ည ဂ နာရီ ၄၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ၈.၁၂.၂၀၁၁ မွန်းလွဲ ၁း၃၀ နာရီမှာ အထက်ပါ နေအိမ်ကနေ ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ်မယ်လို့ သိရပါတယ်။ (Source: Burma VJ Media Network)
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့တုန်းက ဦးလွင် ကျန်းမာရေး အခြေအနေ ယိုယွင်းခဲ့တဲ့ အတွက် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါဂူ ဆေးခန်းမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အသက် ၈၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဦးလွင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ကြည့်ရှုခဲ့ပါသေးတယ်။
http://www.irrawaddyblog.com/



ယခင် NLD ပါတီ အတွင်းရေးမှုး ဦးလွင် ကွယ်လွန်

by FNG on December 7, 2011
76311_461962161697_174427511697_5413496_6395464_n

အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် အတွင်းရေး မှုး ဟောင်း ဖြစ်သူ ဦးလွင် သည် ယနေ့  ည ၈ နာရီ
မိနစ် ၄၀ အချိန့် ခန့် က ရန်ကုန် မြို့  ကမ္ဘော ဇရိပ်သာ နေအိမ် တွင် ကွယ်လွန် သွား သည် ။ ဂျပန်
ခေတ်စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ်(၁) တက်ရောက် ခဲ့ ပြီး နောက် တပ်မတော် ထဲ ၀င်
ရောက် ကာ ဗိုလ်မှုးကြီး အဆင့်ထိ တာဝန် ထမ်းဆောင် ဖူးသော ဦးလွင် သည် ကွယ်လွန် ချိန်တွင်
အသက် ၈၇ နှစ် ရှိ ပြီ ဖြစ်သည်။
ဦးလွင် ၏ ဇနီး ဖြစ်သူ ဒေါ်တင်တင်မလေးအသက် ယမန် နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ က အသက်
၈၈ နှစ် အရွယ်တွင် ကွယ်လွန် ခဲ့ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေမှူး ဦးလွင် သည် အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ်
စတင် တည် ထောင်သည့် အချိန် ကတည်း က ပါတီ ထဲ သို့  ၀င်ရောက် ခဲ့ ပြီး ၁၉၉၀ ရွေး
ကောက် ပွဲ အောင် နိုင် ရေး အတွက် တစ်တပ် တစ်အား ကြိုးစား ခဲ့ သည်။
ဦးလွင် သည် ဗိုလ်ချုပ်ကြီးနေ၀င်း ၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ တွင်  ဒုတိယ၀န်ကြီးချုပ်
အဆင့်အထိ တာဝန်ယူခဲ့ သူ တစ်ဦး ဖြစ် ပြီး ကမ္ဘာ့ ဘဏ် တွင် လည်း တာဝန်ထမ်းဆောင် ခဲ့
သည်။
ပြီးခဲ့ သည့် လက ကျန်းမာရေး မကောင်း သည့် ဦးလွင် သျှင်ပါကူ ဆေးရုံ သို့  တက်ရောက် ကုသ
နေစဉ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က သွားရောက် တွေ့ ဆုံခဲ့ သည်။
ဦးလွင် ၏  ရုပ်ကလပ် ကို ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီ အချိန် တွင် ရန်ကုန် မြို့ ရေဝေး
သုဿာန် သို့  ပို့ ဆောင် မီးသဂြိုလ် မည် ဖြစ်သည်။
http://freedomnewsgroup.com/2011/12/07/ex-sec-ulwin-passed-away/#more-23104

ဒီဇင်ဘာလ (၄) ရက်နေ့က သုဝဏ္ဏအားကစားရုံမှာ ကျင်းပခဲ့တဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေ ဖျော်ဖြေပွဲ




Myanmar Famous Celebrity Couple: Pyay Ti Oo and Eaindra Kyaw Zin


Moh Moh Myint Aung @ Pyay Ti Oo's Education Foundation Fund Raising Concert
>Thazin @ Pyay Ti Oo's Education Foundation Fund Raising Concert

Tun Eaindra Bo @ Pyay Ti Oo's Education Foundation Fund Raising Concert
Nay Toe @ Pyay Ti Oo's Education Foundation Fund Raising ConcertSandy Myint Lwin @ Pyay Ti Oo's Education Foundation Fund Raising Concert
Wut Hmone Shwe Yi @ Pyay Ti Oo's Education Foundation Fund Raising Concert

Moe Yu San @ Pyay Ti Oo's Education Foundation Fund Raising ConcertWyne Su Khine Thein @ Pyay Ti Oo's Education Foundation Fund Raising Concert

http://gossip.myanmarcelebrity.com/2011/12/photos-pyay-ti-oos-education-foundation.html

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရဲစခန်းမှ အကြောင်းပြန်ကြားစာ

သို့
ဦးဝင်းချို
ဒဂုံမြို့နယ်
အကြောင်းအရာ။ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း ကိစ္စ
ရည်ညွှန်းချက် ။ ။ ၅.၁၂.၂၀၁ ရက်စွဲပါ ဦးဝင်းချိုပါ ၆ ဦး၏ တောင်းခံစာ

၁ ။ ဦးဝင်းချို၏ ရည်ညွှန်းစာပါ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတောင်းခံခြင်းသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် အညီ လျှောက်ထားတောင်းခံခြင်းဖြစ်သော်လည်း အဆိုပါ ဥပဒေပုဒ်မ ၂၄ ၌ ပြဌာန်းထားသည့်အတိုင်းဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းဥပဒေ စည်းမျည်း(သို့)စည်းကမ်းများ လိုအပ်သောအမိန့်ကြေညာစာ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ပေးရဦးမည် ဖြစ်ပါသည်။

၂ ။ ဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ ရရှိပြီးမှသာငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားမှုများအပေါ် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများကို နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

၃ ။ သို့ဖြစ်ပါ၍ ရည်ညွှန်းစာပါ ဦးဝင်းချိုပါ ၆ ဦး၏ လျှောက်ထားတောင်းခံမှုကို ပုဒ်မ ၂၄ အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန်ပြီးမှသာပြန်လည်လျှောက်ထားရန် အကြောင်းကြားပါသည်။



တရုတ်ကို အာခံတဲ့မြန်မာ ချီးကျူးခံရ


By , on December 6, 2011 6:42 pm
မြန်မာအစိုးရ၏ လတ်တလော လှုပ်ရှားမှုများကြောင့် တရုတ်အစိုးရ တုန်လှုပ်သွားလိမ့်မည်ဟု ကမ္ဘာကျော် စာနယ်ဇင်းသမား Fareed Zakaria က CNNရုပ်သံ၏ ယခုတပတ် GPS အစီအစဉ်တွင် ပြောလိုက်သည်။

ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (Photo: Reuters)

“ချမ်းသာတဲ့နိုင်ငံတချို့ မလုပ်ဝံ့တာကို ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတခုက ဒီရက်ပိုင်းတွေအတွင်းမှာ လုပ်ပြလိုက်ပါတယ်။ (မြန်မာအစိုးရက) တရုတ်အစိုးရကို ဟင့်အင်းလို့ ပြောလိုက်ပါပြီ” ဟု Fareed Zakaria က တနင်္ဂနွေနေ့ GPS အစီအစဉ်တွင် သုံးသပ်လိုက်သည်။
ယခင်တပတ်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်သို့ သွားရောက်ခြင်း၊ သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့လိုက်ခြင်းတို့ကြောင့် တရုတ်အစိုးရ တုန်လှုပ်သွားလိမ့်မည်ဟု သူက ဆိုသည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်က မြန်မာနိုင်ငံတွင် ပွင့်လင်းမှုများ ရှိနေသည်ကို ပြသနေသည်ဟု Fareed Zakaria က ပြောသည်။
တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုအောက်မှ ရုန်းထွက်လိုဟန်ရှိသည့် မြန်မာအစိုးရသည် အနောက်နိုင်ငံတို့၏ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို လိုလားနေပြီး နိုင်ငံတကာနှင့် ပိုမိုညှိနှိုင်းလိုဟန်ပြနေသည်ဟုလည်း Fareed Zakaria က သုံးသပ်ထားသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းမှုများသည် အာရှဒေသအတွင်း အမေရိကန်၏ သြဇာကြီးထွားရေးအတွက် လမ်းကြောင်းတခုပွင့်သွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
“တရုတ်အစိုးရက မြန်မာနဲ့ ရင်းရင်းနှီးနှီး ဖြစ်နေဦးမှာပဲ၊ အိန္ဒိယကလည်း ဒီလိုပဲ။ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံ ၃ ခုစလုံးနဲ့ ဆက်ဆံချင်တာကတော့ ထင်သာမြင်သာ ရှိပါတယ်။ အဲဒီလို လုပ်ဖို့၊ အမေရိကန်ရဲ့ အာရုံ စိုက်ခံရဖို့ ဆိုရင်တော့ စီးပွားရေးအရ၊ နိုင်ငံရေးအရ ဖွင့်ပေးရမယ် ဆိုတာကို သတိထားမိလာပါပြီ” ဟု Fareed Zakaria က သုံးသပ်သည်။
အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် အမြတ်ထွက်မည့်သူတို့မှာ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရသည့် မြန်မာပြည်သားများ ဖြစ်ဖွယ်ရှိသည်ဟုလည်း သူက ဝေဖန်သုံးသပ်ပြခဲ့သည်။
စာရေးဆရာ၊ သတင်းစာဆရာ Fareed Zakaria သည် ကမ္ဘာကျော် မဂ္ဂဇင်း Newsweek တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ယခုအခါ Time မဂ္ဂဇင်း နှင့် CNN ရုပ်သံတို့တွင် လုပ်ကိုင်လျက်ရှိသည်။
CNN ရုပ်သံ၏ GPS ခေါ် Global Public Square သည် နိုင်ငံတကာရေးရာများကို အပတ်စဉ် သုံးသပ် တင်ဆက်သည့် Fareed Zakaria ၏ အစီအစဉ်ဖြစ်သည်။
http://burma.irrawaddy.org/archives/3292

ကလင်တန်ရဲ့ ခရီးစဉ်က ကျန်ခဲ့တဲ့ ပဲ့တင်သံတွေ


By , on December 6, 2011 7:36 pm
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ သမိုင်းဝင် ခရီးစဉ် ပြီးဆုံးခဲ့ပါပြီ။
ဒီခရီးစဉ်အပေါ် ဘယ်လိုမြင်သလဲ၊ ဘယ်လို သုံးသပ်သလဲ အကောင်းနဲ့ အဆိုးကို ဝေဖန်ပါဆိုရင်တော့ဒီခရီးစဉ်ဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ပြီး ၂ နိုင်ငံဆက်သွယ်ရမယ့် တံခါးတွေကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ နှစ်ဘက်စလုံး ဆွဲဖွင့်လိုက်ကြတာလို့ပဲ မြင်ပါတယ်။


ပြီးခဲ့သည့် ကြာသပတေးနေ့က မစ္စ ဟီလာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)
ပထမ အချက်အနေနဲ့ ပြောရရင်တော့ အမေရိကန် – မြန်မာ ဆက်ဆံရေးမှာ ဆူးငြောင့်ခလုတ်လို့ အမြဲ စွပ်စွဲခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ ဟီလာရီ ကလင်တန်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး ပြောခဲ့တာကတော့ နေပြည်တော်က သမ္မတ ဦးသိန်းစိန်နဲ့ ဟီလာရီတို့ရဲ့ တွေ့ဆုံပွဲကို သူ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ် ဆိုတာပါပဲ။
ဟီလာရီ မြန်မာပြည်ခရီးစဉ် လာဖို့ကို လိုလိုလားလား အတည်ပြုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တံခါးတချပ်ကို ထပ်ဖွင့် ပြလိုက်တာလို့ ဆိုချင်ပါတယ်။
ဟီလာရီ ကလင်တန်ဘက်ကတော့ ဒီခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာရော၊ အမေရိကန်ရဲ့ အာရှ ပစိဖိတ်မှာ ချမှတ်ထားတဲ့ မဟာဗျူဟာအရကော၊ အမေရိကန်က မြန်မာနိုင်ငံအပေါ်မှာ ထားခဲ့တဲ့ အရေးယူပိတ်ဆို့မှုနဲ့ ဒီမိုကရေစီ အရေးကို တောက်လျှောက် ထောက်ခံအားပေးခဲ့တဲ့ ပေါ်လစီကိစ္စ တွေမှာပါ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြောချင်ပါတယ်။
ဒါပေမယ့် ဒီခရီးစဉ်ရဲ့ နောက်ကွယ်မှာတော့ ဟီလာရီကို မြန်မာပြည်သွားဖို့ ချဉ်းကပ်ခဲ့ကြတဲ့ သူတွေလည်း အမေရိကားမှာ ရှိခဲ့ပါတယ်။ အမေရိကားမှာ အခြေချပြီး ကလင်တန်မိသားစုနဲ့ နီးစပ်သူ မြန်မာတွေလည်း ပါတယ်လို့ သိရပါတယ်။ ကလင်တန်ဟာ လာမယ့် သက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီး တာဝန် မထမ်းဆောင်တော့ဘူး ဆိုတဲ့ အသံတွေလည်း ပေါ်ထွက်နေတာ ဖြစ်တဲ့အတွက် ကလင်တန်ကို မြန်မာပြည်ခရီးစဉ်သွားဖို့ ပိုပြီး တိုက်တွန်းကြသူတွေက များခဲ့တယ်လို့ သိရပါတယ်။
မိန်းမသားတဦးဖြစ်တဲ့ ဟီလာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အရေးကို ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်တစား ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်း ဘီလ်ကလင်တန် သမ္မတ သက်တမ်းအတွင်းမှာ မြန်မာနဲ့ အမေရိကန်အကြား ကူးလူးဆက်ဆံမှု တချို့ ရှိခဲ့သလို မြန်မာ့အရေးမှာ ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ သမိုင်းဝင် ကိစ္စ တချို့လည်း ရှိခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်က ကွန်ဂရက် လွှတ်တော်အမတ် ဘီလ် ရစ်ချက်ဆန်ကို ရန်ကုန်စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ အစိုးရ ထိပ်ပိုင်းက ဗိုလ်ချုပ်တွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။
အမေရိကန် လွှတ်တော်အမတ်ကို ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က တွေ့ခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော၊ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေထဲက ဦးဝင်းတင်နဲ့ပါ တွေ့ခွင့် ပေးခဲ့ပါတယ်။
ဘီလ် ရစ်ချက်ဆန်ရဲ့ ၁၉၉၄ ခုနှစ်ဖေဖော်ဝါရီမှာ သွားခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေးခေါ်ချက် တွေကို ကမ္ဘာက ပထမဆုံး သိခွင့်ရလိုက်တဲ့ ခရီးစဉ်ဆိုရင် မမှားပါဘူး။
အဲဒီကာလတွေဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပြန်ကောင်းဖို့ ကြိုးစားနေတဲ့ ကာလတွေပါ။ မြန်မာဘက်က အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တော်တော်များများကို ရန်ကုန်ပေးဝင်ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်က နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ John Kerry လည်း တဦး အပါအဝင် ဖြစ်ပါတယ်။
မြန်မာဘက်ကလည်း အမေရိကားကို ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တာ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ လယ်ယာနဲ့ သစ်တော ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ချစ်ဆွေလည်း အပါအဝင် ဖြစ်ပါတယ်။
ဒါပေမယ့် ဆက်ဆံရေးက တိုးတက်ကောင်းမွန်မှု မရှိခဲ့ပါဘူး။ ၁၉၉၅ မှာတော့ နဝတ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပါတယ်။ အဲဒီအချိန်တုန်းက UN မှာ အမေရိကန် သံအမတ်တာဝန်ကို ထမ်းဆောင်နေတဲ့၊ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ မက်ဒလင်း အောလ် ဘရိုက်က ပီကင်းက အမျိုးသမီးညီလာခံ အပြီး ရန်ကုန်ကို ဝင်ခဲ့ပါတယ်။ သူ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့တယ်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်နဲ့ တွေ့ဆုံပွဲမှာတော့ နှစ်ဘက် အဆင်မပြေဖြစ်ခဲ့ကြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ ကတော့ ထုံးစံအတိုင်း ၂ ဘက် နွေးနွေးထွေးထွေးနဲ့ ပြီးဆုံးခဲ့တဲ့ တွေ့ဆုံပွဲဖြစ်ပါတယ်။ ၁၉၉၇ မှာတော့ အမေရိကန်က ပိတ်ဆို့ အရေးယူမှု ဥပဒေကို စတင်ပြီး ပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဘီလ်ကလင်တန်ရဲ့ လက်ထက်မှာပါ။
သဘောကတော့ အဲဒီအချိန်ကတည်းက သမ္မတ ကတော် ဟီလာရီ ကလင်တန်က မြန်မာပြည်အပေါ်မှာ Institutional memory ရှိနေခဲ့တယ်လို့ ဆိုရင် မမှားနိုင်ပါဘူး။
အခုခရီးစဉ်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ထုတ်ပြောခဲ့တာ တခုကတော့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ Policy review ကိစ္စပါပဲ။ သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ဖြစ်ချင်းမှာပဲ မြန်မာပြည်နဲ့ ပတ်သက်လို့ review လုပ်ဖို့ သူ့အရာရှိတွေကို ပြောခဲ့ပါတယ်တဲ့။
ဒါကြောင့်လည်း သမ္မတ အိုဘားမားရဲ့ လက်ထက်မှာ Principled engagement ကို ၂၀၀၉ ကတည်းက စပြီး ကျင့်သုံးခဲ့တာ ဖြစ်သလို၊ မြန်မာပြည်ကို အမေရိကန်က လွှတ်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ပေါင်းဟာ ၂၀ ကျော်တယ်လို့ သိရပါတယ်။
မြန်မာပြည်အရေးမှာ မစ္စ ကလင်တန် အနေနဲ့ အဓိက အာရုံထားတာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု ကိစ္စတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်က CoI လို့ခေါ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကို ထောက်ခံထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ထူးခြားတာတချို့ကို ကျနော် သတိပြုမိတာကတော့ CoI ကို နာမည်တပ်ပြီး ပြောမသွားဘဲ တရားမျှတမှုတွေ ရှိဖို့အတွက် သင့်လျော်တဲ့တာဝန်ယူမှုကို သူ့အနေနဲ့ ထည့်သွင်း စဉ်းစား သွားမယ်လို့ ပြောသွားတာပါပဲ။ သူက မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဖွဲ့ခဲ့တာတွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ထည့်သွင်းပြောဆိုခဲ့သလို တိုင်းရင်းသားနယ်တွေမှာ စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အမျိုးသမီး တွေကို အကြမ်းဖက်စော်ကားမှုတွေကိုလည်း ထည့်သွင်းပြောဆိုသွားတာ တွေ့ရပါတယ်။
အကျဉ်းသားလွှတ်ရေးနဲ့ တိုင်းရင်းသားနယ်တွေမှာ တပ်မတော်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ အဓိကထား ဆုပ်ကိုင်ပြီး ပြောသွားတာ တွေ့ရပါတယ်။
နောက် ထူးခြားတာက မြောက်ကိုရီးယားနဲ့ နျူကလီးယားကိစ္စပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် ဘက်က ကတိကဝတ်ပြုတာကတော့ ကုလသမဂ္ဂ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပါမယ်၊ ပြီးတော့ IAEA နဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ လုပ်ဆောင်မယ် ဆိုတာပဲ ဖြစ်ပါတယ်။
ကလင်တန်နဲ့ ပါသွားတဲ့ ထိပ်တန်း နိုင်ငံခြားရေး အရာရှိတဦးကတော့ နျူကလီးယားအစား အမေရိကန် ပိုပြီး စိုးရိမ်တာက Missile ဒုံးကျည်နဲ့ ပတ်သက်တဲ့ နည်းပညာ တင်ပို့မှုတွေက ပိုပါတယ်လို့ လေသံကို လျှော့ပြီး ပြောသွားခဲ့တာတွေ့ရပါတယ်။ ဒါဆိုရင် နျူကလီးယား ကိစ္စဟာ အမေရိကန်နဲ့ မြန်မာအကြားမှာ အဖုအထစ်မဟုတ်တော့ဘူးလို့ ဆိုရင် ရနိုင်ပါတယ်။ အမေရိကန် အရာရှိကြီးရဲ့အဆိုအရ မြန်မာ – မြောက်ကိုရီးယား ကိစ္စနဲ့ ပတ်သက်ပြီး ဆက်နွှယ်မှုတွေကို သူတို့ အနီးကပ် လေ့လာပြီးပါပြီလို့ ပြောသွားပါတယ်။
သဘောကတော့ အမေရိကန်က ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့မှာ လုံလောက်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းရရှိ ပြီး သရုပ်ခွဲလေ့လာပြီးပြီလို့ ဆိုနိုင်ပါတယ်။
ဒီလိုဆိုရင် မြန်မာ – အမေရိကန် ဆက်ဆံရေးက အတော်ကို ခရီးရောက်မယ့် အနေအထားမှာ ရှိနေပြီလားလို့ မေးရင်လည်း စောင့်ကြည့်ရဦးမှာပါ လို့ပဲ ပြောချင်ပါတယ်။ ကလင်တန်က ပိတ်ဆို့မှုတွေ ရုပ်ဖို့ အများကြီးစောပါသေးတယ်လို့ ပြောသွား ခဲ့ပါတယ်။ သဘောကတော့ အခုဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုဟာ ရေရှည်တည်တံ့မယ့် ဖြစ်ပေါ်ပြောင်းလဲမှု ဟုတ် မဟုတ် ဆိုတာကို အမေရိကန်က ဆက်ပြီး စောင့်ကြည့်လေ့လာဦးမယ် ဆိုတာပါပဲ။
အကျဉ်းသားတွေ လွှတ်ရေးနဲ့ တိုင်းရင်းသား ပဋိပက္ခတွေက အဓိက Issue တွေအဖြစ် ကျန်နေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေက ဘယ်အတိုင်းအတာအထိ ခရီးရောက်မလဲ၊ ရွေးကောက်ပွဲရဲ့ အနေအထားက ဘယ်လိုလဲ ဆိုတာလည်း အမေရိကန်က စောင့်ကြည့်မှာ အသေအချာပါပဲ။
မြန်မာဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးမှာ ရှေ့ကို ဆက်တိုးမှာလား၊ ဒီနေရာမှာပဲ တန့်နေမှာလား၊ ဒါမှမဟုတ် နောက်ကို ပြန်ဆုတ်မှာလား ဆိုတဲ့ မေးခွန်းတွေလည်း မေးစရာရှိပါတယ်။
ကလင်တန်ရဲ့ ခရီးစဉ်မှာ မြန်မာအစိုးရရဲ့ ခေါင်းဆောင်တွေကို ယဉ်ယဉ်ကျေးကျေးနဲ့ သံတမန်ရေးရာအရ ဆက်ဆံခဲ့သလို
ထောက်ပံ့ရေး အကူအညီတွေ ပေးဖို့ကိုလည်း ကလင်တန်က လမ်းဖွင့်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးက မြန်မာကို လာပြီး အကဲဖြတ်လေ့လာ ကူညီပေးဖို့ ကိစ္စတွေကိုလည်း လမ်းဖွင့်ပေးခဲ့ပါတယ်။ မြန်မာရဲ့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဆက်ပြီး သတိနဲ့ကြိုဆိုတဲ့ သူ့ရဲ့ ပေါ်လစီကို ထိန်းထိန်းသိမ်းသိမ်း ပြောသွား တာပါ။
ရန်ကုန်မှာတော့ ကလင်တန်ဟာ သူတွေ့ချင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခဲ့ပြီး သမိုင်းဝင်မယ့် ဓာတ်ပုံတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံတယ် ဆိုတာကို ကလင်တန်က ထပ်မံအတည်ပြု ပြောကြား ခဲ့တဲ့အပြင် သတင်းစာရှင်းလင်းပွဲ အပြီး အမျိုးသမီးနှစ်ဦး ရယ်ရယ်မောမောနဲ့ နှုတ်ဆက်တဲ့ ပုံတွေဟာ ဘာမှ ရေးပြစရာ မလိုဘဲနဲ့ အနက်အဓိပ္ပာယ်ကို တန်းခနဲ ပြောနိုင်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်က ဖုန်းပြောခဲ့ရပေမယ့် လူချင်းအခုမှ စတွေ့ခဲ့ကြတာပါ။ အရင်ကတည်းက သိခဲ့တဲ့ မိတ်ဆွေဟောင်းတွေလို နွေးနွေးထွေးထွေး စကားပြောခဲ့ပြီး မြန်မာပြည် အရေးကိုလည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က အလုပ်ခန်းမှာ အချိန်အတော်ကြာကြာ ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မစ္စ ကလင်တန်အနေနဲ့ နောက်သက်တမ်းမှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆက်လက် တာဝန်မယူတော့ဘူး ဆိုရင်တောင် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ ထူးခြားတဲ့ သမိုင်းဝင်ခရီးစဉ်တခု ဖြစ်ခဲ့ပြီလို့ ဆိုချင်ပါတယ်။
http://burma.irrawaddy.org/archives/3301

ဗားဂျီးနီးယား တက္ကသိုလ် ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

2011-12-05
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် နည်းပညာ တက္ကသိုလ် Virginia Tech ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် ဗီဒီယိုကနေ ဒီကနေ့ မနက်မှာ တိုက်ရိုက် ဆွေးနွေးတယ်လို့ သိရပါတယ်။


NLD
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုနေစဉ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကနေ အမေရိကန် ကျောင်းသားတွေကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးသလို ကျောင်းသားတွေ ဘက်ကလည်း မေးခွန်းတွေ မေးကြတယ်လို့ သိရပါတယ်။ မြန်မာနဲ့ အမေရိကန်အကြား အပြန်အလှန် နားလည်မှု တိုးမြင့်ဖို့နဲ့ မြန်မာ့အရေး အမေရိကန် တက္ကသိုလ် ကျောင်းသားတွေ အကြား ပျံ့နှံ့စေဖို့ အခုလို စီစဉ်ခဲ့ကြောင်း ဒီပွဲ ဖြစ်မြောက်အောင် ဦးစီးဆောင်ရွက်သူ တဦးဖြစ်တဲ့ ဗားဂျီးနီးယား စက်မှုတက္ကသိုလ်က မြန်မာကျောင်းသူ မသက်နီနီအောင်က ပြောပါတယ်။ ဒီပွဲမှာ ကျောင်းသားကျောင်းသူ ပရိသတ် ၃ ထောင်ခန့် တက်ရောက်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗားဂျီးနီးယား စက်မှုတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဆွေးနွေးတာတွေနဲ့ပတ်သက်ပြီး စီစဉ်သူ မသက်နီနီအောင်နဲ့ အာရ်အက်ဖ်အေ ၀ိုင်းတော်သား ဦးခင်မောင်စိုး မေးမြန်းထားတာကိုလည်း တစ်ဆက်တည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-12052011211623.html


Aung San Suu Kyi interview with Prof. Boyer's World Regions class at Virginia Tech from Plaid Avenger on Vimeo.