Wednesday, December 7, 2011

ဦးလွင်၏ ရုပ်ကလပ်အား အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဂါရ၀ပြု





၆-၁၂-၂၀၁၁ ည ၈း၄၀ နာရီတွင် နေအိမ်တွင် ကွယ်လွန်သွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဦးလွင်၏ ရုပ်ကလပ်အား အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်၉း၀၀ နာရီတွင် သွားရောက် ဂါရ၀ပြုခဲ့ပါတယ်....
၈-၁၂-၂၀၁၁(ကြာသာပတေးနေ့) မွန်းလွဲ ၁း၀၀ နာရီ တိတိ တွင် ရေဝေးသုသာန်တွင် မီးသဂျြိုလ်မည်ဖြစ်ပါသည်။

စမ်းချောင်းမြို့နယ်မှာရှိတဲ့ ရှမ်းလမ်းဈေးကို ဖျက်ဖို့ စည်ပင်က ဖိအားပေးနေ




by Burma VJ Media Network on Wednesday, December 7, 2011 at 2:56am

 ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်မှာရှိတဲ့ ရှမ်းလမ်းဈေးကို စည်ပင်က ဖျက်ပြီး အဆင့်မြင့်ဈေး ၈ ထပ်တိုက်ဈေးအဖြစ် ပြင်ဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ခန်းတွေကို ဖယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့က စမ်းချောင်းမြို့ နယ်ရှိ ရှမ်းလမ်းဈေးရဲ့ အုပ်ချုပ်ရေးမှူး ဦးချိုထွန်းအောင်က ဈေးသူဈေးသားတွေကို အစည်းအဝေးတက်ဖို့ ဖိတ်ပါတယ်။ ရှမ်းလမ်းဈေးမှာ ၃၁၈ ခန်းရှိတဲ့အနက်မှ ဈေးသူဈေးသား ၅၀ လောက်ပဲ ရှမ်းလမ်းဓမ္မာရုံမှာ အစည်းအဝေးတက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ဦးချိုထွန်းအောင်က ရှမ်းလမ်းဈေးကို ၈ ထပ်တိုက် အဆင့်မြင့်ဈေးတည်ဆောက်မယ်။ အခန်းတွေကို ငွေမသွင်းရပဲ ပြန်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၂ခုနှစ် ဧပြီလဆန်းပိုင်းမှာ ဈေးပြန်ပြင်ဆောက်တဲ့ လုပ်ငန်းကို စတင်မယ်ပြောပါတယ်။

ဈေးဖျက်နေစဉ်ကာလမှာလဲ အခုရှမ်းလမ်းဈေးမှာ ရောင်းချနေသူတွေအတွက် ယာယီရောင်းချဖို့နေရာကို အခွန်လွတ်ဈေး အနောက်ဘက်(အရင်ကြံတောသင်္ချိုင်းဟောင်း) နေရာကွက်လပ်မှာ နေရာချထားပေးပါတယ်။ ချပေးထားတဲ့နေရာက ရပ်ကွက်မရှိတဲ့ အရောင်းအဝယ်မဖြစ်တဲ့နေရာဖြစ်နေတော့ ဈေးသူဈေးသားတွေက မပြောင်းရွှေ့ချင်ကြပါဘူး။အရင်တုန်းကလည်း စမ်းချောင်းမြို့ နယ်ထဲမှာ စမ်းချောင်းဈေး(ကျွန်းတောဈေး)ရယ်၊ မြေနီကုန်းဈေးတွေမှာလည်း ဒီလိုပဲ ဖျက်ပြီးတော့  အခန်းတွေ ပြန်ပေးမယ်ဆိုပြီး မပေးခဲ့သောကြောင့် အခန်းပိုင်ရှင်တွေဟာ သူတို့ဆိုင်ခန်းတွေကို ဆုံးရှုံးခဲ့ရပါတယ်။

အဲလိုအစဉ်အလာတွေ ရှိခဲ့တော့ အခုဆိုင်ခန်းပိုင်ရှင်တွေက သူတို့ဆိုင်ခန်းတွေ ဆုံးရှုံးရမှာကို စိုးရိမ်သောကြောင့် သူတို့ရဲ့ဆိုင်ခန်းတွေကို ဖျက်လိုတဲ့ဆန္ဒမရှိဘူးဆိုကာ ဈေးသူဈေးသားတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြပါတယ်။ ဒီလိုကန့်ကွက်တဲ့အကြောင်းကို အုပ်ချုပ်ရေးမှူး ဦးချိုထွန်းအောင်ဆီကို ပြန်ပြီး အကြောင်းကြားခဲ့ပါတယ်။

စည်ပင်တွေကတော့ အခုအချိန်ကတည်းက ဈေးကို ဓာတ်ပုံရိုက်ပြီး ဈေးနယ်မြေတွေကို တိုင်းနေကြပါတယ်။ ဈေးထဲကို လာပြီး ဆိုင်ခန်းတွေကို စာအုပ်တွေလဲခိုင်းတယ်။ဈေးဆိုင်တွေဆီကိုလာပြီး  ကုန်ပစ္စည်းပြောင်းမှာလား၊ ပြောင်းမယ်ဆို တစ်ခါတည်းတင်ဆိုပြီးတော့ စာရင်းကောက်နေပါတယ်။

ဒီရှမ်းလမ်းဈေး ဖျက်မယ်ဆိုတာကို မဖျက်ရအောင် ဈေးသူဈေးသားတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ မြို့တော်ဝန်နဲ့နိုင်ငံတော် သမ္မတကြီး ထံသို့ အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးကို နိုဝင်ဘာ ၁၈ ရက်နေ့က အသနားခံစာတင်ထားပါတယ်။

“အခု စမ်းချောင်းမြို့နယ်ထဲမှာရှိတဲ့ ရှမ်းလမ်းဈေးဟာ တည်ရှိလာတာ နှစ်ပေါင်း ၅၀ ကျော် ရှိပြီး ၃ ခါလည်း ပြန်ပြင်ထားပြီးပြီ ဖြစ်ပါတယ်။ဒီလို အလားတူကိစ္စမျိုး မနှစ်ကလည်း စည်ပင်က ရှမ်းလမ်းဈေးကို လာပြီးတော့ ဒီလိုလုပ်ခဲ့ဖူးပါတယ်။အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုလက်ထက်မှာ ကျွန်တော်တို့ကို လာပြီးတော့ အဲဒီတုန်းကတော့ ၁၀ရက်အတွင်း သူတို့အစီအစဉ်စမယ်ဆိုပြီးတော့ တစ်ခါတည်းပြောင်းခိုင်းတော့ ကျွန်တော်တို့ကလည်း အကုန်လုံးစုပါင်းပြီး မြို့တော်ဝန်ဆီကို အသနားခံစာတင်ပါတယ်။ မြို့တော်ဝန်ဦးအောင်သိန်းလင်းကနေ ဒီကိစ္စကို သူလည်းမသိဘူးဆိုပြီးတော့ အကုန်လုံး ကျွန်တော်တို့ ရုတ်ရုတ်သဲသဲလည်း ဖြစ်လည်းဖြစ်ကော သူကနေပြီးတော့ ဟာ… ဘာမှမပူနဲ့ ဒီကိစ္စကိုသူဖြေရှင်းပေးမယ်ဆိုပြီး ဖြေရှင်းပေးသောကြောင့် အဖျက်မခံခဲ့ရပါဘူး။ ဖြေရှင်းပေးပြီးတော့ ကျွန်တော်တို့ ဈေးသူဈေးသားတွေကလည်း ဒီဈေးမဖျက်ရတဲ့အကြောင်းကို လက်မှတ်ထိုးပြီးတော့ မြို့တော်ဝန်ဆီကို တင်ပေးရတဲ့မိတ္တူတွေ အခုထိရှိပါတယ်။ အထက်က မသိပဲနဲ့ ဒီအောက်ခြေကနေ အခုလိုလုပ်နေတာက ဖြစ်တဲ့အနေအထားကို အရင်ရှေးစကားလို မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်  ဆိုတာမျိုး အထက်က မသိပဲနဲ့ အောက်ကချည်း လုပ်လုပ်နေတော့ ကျွန်တော်တို့ ဒီမှာ ၂ /၂၀၁၁( ဆင်းရဲသူ ပပျောက်ရေး)ဆိုတာ ရှိတယ်လေ။ ဒီမှာ ၂/၂၀၁၁ နဲ့ ပြောမယ်ဆိုရင် ဒီဈေးကို ဖျက်လိုက်ရင် ဒီဆိုင်ခန်း ၃၁၈ ခန်းနောက်မှာ မှီခိုသူ ၅၀၀၀လောက်ရှိတယ်။ ဒီလိုဆင်းရဲတဲ့သူတွေ ဒုက္ခရောက်အောင် နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ လုပ်မယ်မထင်ဘူး။ လူတစ်စုကပဲ ပြုလုပ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်” လို့ ၁၅ နှစ်ကျော်ကြာ ရှမ်းလမ်း ဈေးမှာ ရောင်းချလာခဲ့သူ ဈေးသည်တစ်ဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

By ဇာဏီ (Burma VJ Media Network)



စမ်းချောင်းမြို့နယ်မှာရှိတဲ့ ရှမ်းလမ်းဈေး

မြန်မာ့နိုင်ငံရေးနဲ့လူထုမျှော်လင့်ချက်

ဒေါ်ရင်လှနှင့်သီရိဒုံ













ဒေါ်ရင်လှဖေ့ဘုတ်မှ...

အမေဒေါ်စုပြန်လာပြီ(ကြားဖြတ်ရွေးကောက်ပွဲအောင်ရမည်)



မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သည့် မှုခင်းအများအစု စစ်ဆေးနေဆဲဖြစ်


Wednesday, 07 December 2011 15:34

4365
သရုပ်ဆောင် ဒါရိုက်တာဖြစ်သူ ကိုဇင်မင်းကို လည်ပင်းသိုင်းဖက်၍ တရွတ်တိုက်ဆွဲကာ မောင်းထွက်သွားသောယာဉ်

မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်အများစုမှာ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ပန်ဘဲတန်းမြို့နယ်ရှိ နိုက်ကလပ်တစ်ခု၌ စတင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာဖြစ်သူ ကိုဇင်မင်းကို တရားခံဟုယူဆရသည့် မင်းကျော်ခေါင်(ခ) ကျော်ခေါင်မှ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်း နှင့် ၄၅ လမ်းထိပ်တွင် တရားခံဟု ယူဆရသူ မောင်းနှင်လာသည့် (Super Custom) ဖြင့် ကိုဇင်မင်းအား လည်ပင်းကိုသိုင်းဖက်၍ မောင်းထွက်သွားပြီး ၄၈ လမ်းထိပ်သို့ တရွတ်တိုက်ပါသွားရာ လမ်းဘေး၌ရပ်ထားသော ကားနှစ်စီးအား တိုက်မိပြီး ကားရပ်တန့်သွားပြီးမှ ယာဉ်မောင်းက ကိုဇင်မင်းအားလွှတ်ချပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဖြစ်စဉ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် အမှတ်(၆)ရပ် ကွက်၊ (၁၄)လမ်းအတွင်း လမ်းလျှောက်နေသည့်အသက် ၆၂ အရွယ် ရှိ အမျိုးသမီးကြီးတစ်ဦးကို အမျိုးသားတစ်ဦးက ငွေတောင်းရာမှ မပေးခဲ့သောကြောင့် အဆိုပါအမျိုးသမီးကြီးကို ဓားဖြင့်ထိုးခဲ့သည့်ဖြစ်စဉ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ (၆)လမ်းအတွင်းရှိ 6 Stars စားသောက်ဆိုင်အတွင်း သူငယ်ချင်းနှစ်ယောက်နှင့်အတူ စားသောက်နေသည့် ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ထားသူများက ဓားများဖြင့်ပါဝင် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်၊ ၂၃ ရက်နေ့ ည နေ ၅ နာရီအချိန်တွင် အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် သာယာရေး (၂) လမ်းရှိ နေအိမ်တစ်ခုတွင် အနုကြမ်းစီးမှု စသည့်မှုခင်းများမှာ အများပြည်သူများ အာရုံစိုက်နေသည့် မှုခင်းများဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့ညက သရုပ်ဆောင်ဒါရိုက်တာ သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်တွင် အတူရှိနေ သည့် သူငယ်ချင်းက ဒီဇင်ဘာလ ၄ ရက်နေ့တွင် “ဒီအမှုနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရုံးတင်လိုက်ပါပြီ။ တရားခံအစစ်လို့ ယူဆရတဲ့သူကိုတော့ သက်ဆိုင်ရာက ဖော်ထုတ်စစ်ဆေး နေတုန်းပါပဲ”ဟု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့ သည်။
လမ်းမတော်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က အမျိုးသမီးကြီး တစ်ဦးအား ဓားဖြင့် ထိုးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၄ ရက်နေ့က “ကျွန်တော် တို့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု လမ်းမတော်မြို့နယ် ရဲစခန်းမှတာဝန်ရှိ သူကပြောကြားခဲ့သည်။
ထို့အတူ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော အင်းစိန် မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အနုကြမ်းစီး ၀င်ရောက်မှုနှင့်ပတ်သက်၍ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဦးမြင့်သိန်းက “ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားခံဖမ်းမိ ဖို့အတွက် စစ်ဆေးနေတုန်းပါပဲ၊ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်”ဟု ဒီဇင်ဘာ လ ၄ ရက် နေ့က ပြောကြားခဲ့သည်။
အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် ကိုကျော်မင်းအား မျက်နှာဖုံးစွပ်ထားသူများက ဓားများဖြင့် ၀ိုင်းဝန်း ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ “ဒီနေ့အချိန် ထိတော့ တရားခံလို့ယူဆထားသူ အားလုံးပေါင်း ၁၄ ယောက်ကိုတော့ ဖမ်းဆီးစစ်ဆေး နေပါတယ်။ ထပ်မံပြီးတော့လည်း တရားခံတွေကို စစ်ဆေးဖော်ထုတ်သွားပါ့မယ်” ဟု မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူး ဦးစိန်ရိုးက ပြောကြားခဲ့သည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=11381:2011-12-07-09-14-06&catid=42:2009-11-10-07-36-59&Itemid=112

ကိုဇော်လင်းထွန်း ရက်လည်ဆွမ်းကျွေးတွင် ဗကသများ အဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်းနှင့် ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့



Posted by on December 7, 2011 0 Comment

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၁ ခုနှစ်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့မှုများဖြင့် ကိုဇော်လင်းထွန်းသည် ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ ၁၉၉၇ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အ ကျဉ်းထောင်မှ လွတ်လာခဲ့ပေမယ့် သူ ယုံကြည်တဲ့ လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့ကာ ၂၀၀၃ ခုနှစ် စက်တင် ဘာလတွင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး၊ အကျဉ်းထောင်ထဲတွင် နိုင်ငံရေးပုဒ်မမျိုးစုံဖြင့် (၁၆) နှစ်နီးပါး နေခဲ့ရပါတယ်။
အကျဉ်းထောင်အတွင်း အသည်းကင်ဆာရောဂါကို ခံစားနေရသည့်အချိန်တွင် မိသားစုက အစိုးရအာဏာပိုင်များထံ အ သနားခံ စာတင်၍ လွှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း လုံးဝလွှတ်ပေးခြင်းမရှိဘဲ သေဆုံးခါနီး ၂ လခန့်အလိုတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၂) ရက်က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တခုနဲ့ လွှတ်ပေးခဲ့ပါတယ်။ အောက်တိုဘာလ (၁၂) ရက်နေ့မှာ အကျဉ်းထောင်က လွတ်မြောက်လာခဲ့ပြီး၊ နိုဝင်ဘာလ (၃၀) ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးနားမြို့နေအိမ်မှာ ကွယ်လွန်သွား ခဲ့ပါတယ်။
ဒီကနေ့ ကျောက်တံခါးမြို့၊ နှင်းဆီလမ်းနေအိမ်၌ပြုလုပ်တဲ့ ကိုဇော်လင်းထွန်းရဲ့ ရက်လည် ဆွမ်းသွတ် အခမ်းအနားကို ပင့်ဖိတ်ထားတဲ့ ဆရာတော်များ၊ ပဲခူးတိုင်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ရန်ကုန်မြို့မှ ဒီမိုကရေစီရေး လိုလားသူများ၊ ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြပါတယ်။


ကိုဇော်လင်းထွန်း၏ ရက်လည်ဆွမ်သွမ်းပွဲသို့ တက်ရောက်လာသူတချို့
ထိုရက်လည် ဆွမ်းသွတ်ပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုဇော်လင်းထွန်း အတွက် သဝဏ် လွှာ ပေးပို့ခဲ့ပါတယ်။


ကိုဇော်လင်းထွန်း အတွက် ဗကသများအဖွဲ့ချုပ်မှ ပေးပို့ခဲ့တဲ့ သဝဏ်လွှာ
ပေးပို့လာတဲ သဝဏ်လွှာ ပတ်သကလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုလင်းထက်နိုင် က…
ကိုဇော်လင်းထွန်း ဟာ အကျဉ်းထောင်ထဲမှာ အနေအထိုင်း ဆင်းရဲချို့တဲ့တာရယ်၊ နှိပ်စက် ညှဉ်းပမ်းတဲ့ ဒဏ်တွေကို ခံခဲ့ရတော့ ဝေဒနာမျိုးစုံ စွဲကပ်ခဲ့တယ်၊ အခု သူ ထောင်ကလွတ်လာခဲ့ပေမယ့် ထောင်ထဲက စွဲကပ်လာတဲ့ ရောဂါဝေဒနာ တွေကြောင့် ကွယ်လွန်သွားခဲ့တာပါ။ ဒါကြောင့် ကိုဇော်လင်းထွန်း တိုင်းပြည်အတွက် စွန့်လွှတ်ပေးဆပ်ခဲ့ရတာတွေကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဝမ်းနည်းတဲ့အကြောင်းနဲ့ အခြားသော ဒီမိုကရေစီ သူရဲကောင်း တွေနဲ့အတူ မြန်မာ့ဒီမိုကရေ စီရေးကြိုးပမ်းမှုမှတ်တမ်းမှာလည်း ဂုဏ်ယူစွာ မော်ကွန်းရေးထိုးတဲ့အကြောင်းတွေ ဖော်ပြ ထားပါတယ်။
လို့ ပြောကြားခဲ့ပါသည်။
ပေးပို့သူ .. နေ့သစ် သတင်းထောက် ၈၇
http://www.naytthit.net/?p=22625

မြန်မာ့စီးပွားရေးဘဏ် ရာထူးတိုးမှု အတွက် လာဘ်ငွေများဖြင့် လုပ်ဆောင်လာ






News Date:12/6/2011



မြန်မာ့ စီးပွားရေးဘဏ်၊ ရခိုင်ပြည်နယ်တွင် ယခုလက်ရှိ ပြည်နယ် မန်နေဂျာ လက်ထက်တွင် ရာထူး တိုးမှု အတွက် လာဘ်ငွေများ တောင်းယူကာ ဆောင်ရွက် နေပါသည်။ ယခုလက်ရှိ အကြီးတန်းစာရေးမှာ ဒုကြီးကြပ်ရေးမှူး ရာထူးသို့ လာဘ်ငွေ ၅ သိန်းအထိ ယူကြောင်းသိရသည်။ အဆိုပါ ငွေကြေးအား မတတ် နိုင်သော ၀န်ထမ်းများအဖို့ လုပ်သက်များသော်လည်း ရာထူး မတိုးနိုင်ပဲ ရှိနေကြသည်။

Bank-in-Sittwe
ယခု နောက်ဆုံး စစ်တွေမြို့၏ တစ်ဖက်ကမ်းရှိ နယ်ဘဏ်ခွဲမှာ ၀န်ထမ်း တစ်ယောက် ဒုကြီးမှုး ရာထူးတိုး ရန်အတွက် ပြည်နယ် မန်နေဂျာထံ လာရောက် တွေ့ဆုံခဲ့ရာတွင် သူမက ပြည်နယ် မန်နေဂျာအတွက် ဒေသထွက်ကုန် ကောက်ညင်း ကျဉ်တောက် လက်ဆောင်ပေးရာတွင် ပြည်နယ်မန်နေဂျာမှ "ဆရာ ဒါတွေကို မကြိုက်ဘူး" လို့ပြောခဲ့ပါသည်။ ၄င်းသူမက အဆိုပါ ရာထူးအတွက် အခြား သူများက ငါးသိန်း ပေးရသော်လည်း သူက လေးသိန်းသာ ပေးနိုင်မည် ပြောသဖြင့် လေးသိန်းပဲ ယူကြောင်း ဘဏ်အသိုင်း အ၀ိုင်းတွင် သတင်းများ ထွက်ပေါ်နေပါသည်။

ဤကဲ့သို့ ရာထူး အတွက် လာဘ်ငွေများဖြင့် ဆောင်ရွက်နေသောကြောင့် အခြား ကျန်နှစ်ကြီး ၀န်ထမ်းများမှာ စိတ်ဓာတ် ကျဆင်း နေပြီး၊ မိမိရာထူး တိုးချိန်အလှည့်တွင် ငွေကြေး မတတ်နိုင်လျှင် မိမိဒေသနှင့် ဝေးရာသို့ စေလွှတ် တတ်သဖြင့် မိမိရာထူးတိုးမည့်အလှည့်သို့ရောက်ရန်မှာ စိုးရွံ့နေကြသည်။ ယခင် ပြည်နယ် မန်နေဂျာ လက်ထက်တွင် ရာထူးတိုးပေးမှု အတွက် ၀န်ထမ်းများကို ပြည်နယ်မန်နေဂျာမှ ကိုယ်တိုင် ခေါ်ယူတွေ့ဆုံခြင်း မရှိခဲ့ပေ။ ယခုလက်ရှိ ပြည်နယ်မန်နေဂျာ ( ဦး**)လက်ထက်တွင်မှ ၀န်ထမ်းများအား ခေါ်ယူ တွေ့ဆုံ ခြင်းမှာ အထူး ဆန်းကြယ် နေပါသည်။

လက်ရှိ ဘဏ်မန်နေဂျာသည် အဆိုပါ လာဘ်ငွေ ကိစ္စတစ်ခုတည်းသာ မဟုတ် စစ်တွေ ခရိုင်ဘဏ်တွင်လည် ရုံးတွင်းဆိုင်ရာ ကိစ္စရပ်များကို မိမိ စိတ်ထင်သလို စွက်ဖက် ဆောင်ရွက်မှု ရှိသဖြင့် ၀န်ထမ်းများမှာ အထူးပင် စိတ်ညစ်နေရကြောင်းကို အများ ပြည်သူများ သိရှိရန် တင်ပြ အပ်ပါသည်။

ကျွန်းသားဖြူ

http://www.narinjara.com/detailsbur.asp?id=3647

ဗမာ့တပ်မတော် ချစ်တီးကုလားလို လယ်သိမ်းပြီး သီးစားချမူ ရပ်တန့်ရန် ပြည်သူများ လိုလားနေ

News Date:12/6/2011
ဗမာ့တပ်မတော်မှ တပ်မ၊ တပ်ရင်းများသည် ရခိုင်ပြည်နယ်တွင် ပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာသော လယ်များကို အကြောင်းအမျိုးမျိုးပြကာ သိမ်းယူပြီး လယ်သမားများကို သီးစားချနေမူ အပေါ် လယ်သမားများက ရပ်တန့်ရန် လိုလားနေကြကြောင်း သတင်း ရရှိသည်။

ထိုသို့ လိုလားနေရာတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာ အုပ်စုမှ တောင်သူ လယ်သမားများလည်း ပါဝင်သည်။


Confiscated-lands-signboard
" ဟုတ်ပါတယ်။ သူတို့က ကျွန်တော် ကျေးရွာ အုပ်စုက လယ်ဧက ၄၃၂ ကို သိမ်းယူပြီး လယ်သမားတွေကို သီးစားပြန်ချပါတယ်။ တစ်ဧကကို တနှစ် အတွက် စပါးတောင်း (၃၀) ပေးရပါတယ်။ အုပ်စု တစ်ခုလုံးက တနှစ်ကို စပါးတောင်းပေါင်း ၁၂၀၀၀ ကျော် အလိုလို ကျောက်တော် အခြေစိုက် တပ်မ ၉ ကိုပေးနေရပါတယ်။ ဒါကို သနားသက်ညှာသောအားဖြင့် ကင်းလွှတ်ခွင့်ပေးဖို့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆီကို စာရေးပီး အသနားခံထားပါတယ်" ဟု ကျေးရွာ လူကြီး တစ်ဦးမှ ပြောသည်။

ယခုနှစ်အတွက် ကျောက်တော် အခြေစိုက် တပ်မ စကခ (၉) မှ စပါးကောက်ယူရန် မလာသေးမှီ အချိန်တွင် ထိုသို့ သမ္မတကြီးထံ စာရေး တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" သူတို့က နှစ်စဉ် ဒီလို ဒီဇင်္ဘာလနဲ့ ဇန္န၀ါရီဆိုရင် စပါး ကောက်ဖို့ လာပါတယ်။ ဒီနှစ်မှာလည်း စပါးတွေ လာယူဖို့ အတွက် စပါးတွေကို စုထားဖို့ ရွာသားတွေဆီကို အကြောင်းကြားစာ ရောက်နေပါတယ်။ သူတို့ မကြာခင် ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဆင်းရဲလွန်းအားကြီးတဲ့ အတွက် စားဝတ်နေရေး အဆင်မပြေ၊ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီနှစ်က စပြီးတော့ စစ်တပ်က လာကောက်တဲ့ စပါးကို မပေးချင်တော့ပါဘူး" ဟု ပြောသည်။

ဗလိပေါက်တွင် ကျေးရွာသား အများစုမှာ တစ်နေ့ လုပ်မှ တစ်နေ့စားရသူ ဖြစ်ကြပြီး သားသမီးများကို မူလတန်း ပညာ အဆင့်ထိတောင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း သိရသည်။

တခြား ကျေးရွာသားတစ်ဦးကလည်း မပေးဘဲနေရင် စစ်တပ်က ဖမ်းဆီးနိုင်ကြောင်း ယခုလို ပြောသည်။

" မပေးရင် ကျေးရွာသားတွေကို ဖမ်းဆီးနိုင်ပါတယ်။ အရင်နှစ်တွေကလည်း စပါး မပေးတဲ့သူတွေကို ခင်ဗျားတို့ကို ထောင်ချမယ်။ ဖမ်းမယ်။ ဆီးမယ်။ ဒီလို ခြိမ်းခြောက်ပါတယ်။ ဒီစပါးတွေက နိုင်ငံတော် အတွက် ကောက်တာ ဖြစ်တဲ့ အတွက် ခင်ဗျားတို့ ရွာသားတွေကို နိုင်ငံတော် ပုန်ကန်မူနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီနှစ်မှာတော့ ရွာသားတွေက မပေးဘူးလို့ သဘောတူထားကြပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရမှာကိုတော့ တစ်ရွာသားလုံးက စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။

ဗလိပေါက် ကျေးရွာသားများ အနေဖြင့် အဆိုပါ လယ်မြေများကို မဆလ အစိုးရ လက်ထက်က သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို ယူကာ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ခုတ်ထွင် ရှင်းလင်း ဖေါ်ထုတ်ထားသော လယ်မြေများ ဖြစ်ကြပြီး မြေစာရင်းဌာနတွင် စာရင်းဖေါက်၍ မရှိသဖြင့် စစ်တပ်က မြို့နယ် မယကများနှင့် ပူးပေါင်းကာ ၂၀၀၄ ခုနှစ်က သိမ်းယူသွားသော လယ်မြေများ ဖြစ်ကြကြောင်း သိရသည်။

" ရခိုင်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေက အများကြီးရှိပါတယ်။ တချို့လယ်တွေက နယ်စွန် နယ်ဖျားတွေမှာဆိုတော့ ရွာသားတွေကလည်း ပညာ မတတ်တာနဲ့ မြေစာရင်း ဦးစီးဌာနမှ လပ ဖေါက်လို့ မရှိဘူး။ ဒါတွေကို စစ်တပ်က အကုန်သိမ်းတယ်။ နောက်လယ်တွေက စစ်တပ် တပ်ရင်း တည်ဆောက်ဖို့ အတွက် ဆိုပြီး တပ်ရင်း အနီးအနားက သိမ်းယူသွားတဲ့ လယ်တွေပါ။ ဒီသိမ်းယူသွားတဲ့ လယ်တွေကို စစ်တပ်ကနေပြီး အင်္ဂလိပ် ခေတ်က အိန္ဒိချစ်တီး ကုလားတွေလို လယ်သမားတွေကို ပြန်သီးစားချ ထားပါတယ်။ တနှစ် အတွက် တစ်ဧကကို တချို့ မြို့နယ်တွေမှာ ဆိုရင် ၂၅ တင်းယူတယ်။ တချို့ ဒေသတွေမှာဆိုရင် ၂၅ တောင်း ယူတယ်။ လယ်သမားတွေကလည်း ကြောက်တော့ တောင်းတာကို ပေးနေရပါတယ်" ဟု မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦးက ပြောသည်။


No-263-LIB
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပါဒလိပ်ကျေးရွာ၊ ကြွီတဲကျေးရွာ၊ ချီလင်ပင်ရွာ၊ ငတောက်တက်ရွာ၊ ကျားမသောက်နှင့် ကြက်ကိုင်းတန်ကျေးရွာများမှ လယ်ဧက ၅၀၀၀ နီးပါးခန့်ကိုလည်း ပညာရေး (၁၀)၊ ခမရ ၂၃၂၊ ခမရ ၃၄၄ သိမ်းယူထားပြီး ရွာသားများကို ယခုလို သီးစားချကာ ဌားရမ်းထားကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင်လည်း လယ်သမားများပိုင် လယ်ဧက သောင်းချီပြီး သိမ်းယူထားပြီး တဖန်ပြန်၍ လယ်သမားများကို သီးစားချ ဌားရမ်ထားကြောင်း ဒေသအတွင်းက လာသော သတင်များ အရ သိရသည်။

" ကျွန်တော်တို့ အပေါက်ဝ ကျေးရွာမှာ ဆိုရင် လယ်ဧက ၃၀၀ နီးပါးခန့်ကို ကျောက်တော် အခြေစိုက် ခမရ ၃၇၉ က သိမ်းယူပြီး တနှစ်အတွက် တဧကကို စပါးတင်း (၂၅) တင်းနုန်းနဲ့ လယ်သမားများကို ပြန်ဌားစားထားပါတယ်။ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တလျောက်လုံးမှာ အသိမ်းခံထားရတဲ့ လယ်တွေက အများကြီးပါ" ဟု အပေါက်ဝ ကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။

ဗြိတိသျှနယ်ချဲ့ခေတ်တွင် အိန္ဒိယ ချစ်တီးကုလားများက မြန်မာ လယ်သမားများကို ငွေထုတ်ချေးပြီး ပြန်လည် မပေးဆပ်နိုင်သောအခါ လယ်များကို သိမ်းယူပြီး လယ်သမားများကို သီးစား ပြန်ချခဲ့သော စနစ်မျိုးကို ဗမာ့ တပ်မတော်ကလည်း ရခိုင်ပြည်နယ်တွင် ပြန်လည် ကျင့်သုံးနေသဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုသော မျိုးချစ် ဗမာ့ တပ်မတော် အပေါ် ရခိုင်ပြည်သူများက မေးခွန်းများ ထုတ်လျှက် ရှိကြောင်း သတင်းများ ရရှိသည်။

http://www.narinjara.com/detailsbur.asp?id=3648

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​ တိုး​တက်မှု – အပိုင်း​ (၆)

Published on December 6, 2011 by ထက်​အောင်

အညစ်ညမ်း​ဆုံး​ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်မှုရဲ့​ ထား​ဝယ်သဘာဝဝန်း​ကျင်အ​ပေါ် ကျ​ရောက်နိုင်မည့်​ အန္တရာယ်များ

ဖွံ့​ဖြိုး​ဆဲနိုင်ငံတနိုင်ငံရဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ နိုင်ငံတကာစက်မှုလုပ်ငန်း​ကြီး​တွေ လာ​ရောက်ရင်း​နှီး​မြှုပ်နှံချင်ကြတဲ့​ အ​ကြောင်း​ရင်း​က အလုပ်သမား​ဈေး​ပေါ​ပေါနဲ့​ရရှိရုံ၊​ အခွန်အထူး​ကင်း​လွတ်ခွင့်​ရရှိရုံမျှမဟုတ်ဘဲ ထိုနိုင်ငံအစိုး​ရက စက်မှု လုပ်ငန်း​ရှင်များ​အလိုကျ သဘာဝဝန်း​ကျင်ဆိုင်ရာ တင်း​ကျပ်တဲ့​စည်း​မျဉ်း​ဥပ​ဒေ​တွေ မထား​ရှိတဲ့​ အချက်ဟာလည်း​ အဓိကပါဝင်​နေပါတယ်။

မြန်မာနိုင်ငံကလည်း​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ စတင်အ​ကောင်အထည်​ဖော်တဲ့​နေရာမှာ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေကို ဆွဲ​ဆောင်နိုင်​ရေး​အတွက် သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ဆိုင်ရာ စည်း​မျဉ်း​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​မထား​ခဲ့​ပါဘူး​။ ဆယ်စုနှစ်နဲ့​ချီပြီး​ ကျဆင်း​နေတဲ့​ စီး​ပွား​ရေး​ကို ပြန်လည်ဦး​မော့​လာဖို့​အတွက် ​ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဟာ အခုဆိုရင် အဓိက စီမံကိန်း​ကြီး​ ၃ ခုကို အ​ကောင်အထည်​ဖော်​နေပါတယ်။

အဲ့​ဒါ​တွေက​တော့​ တနင်္သာရီတိုင်း​ဒေသကြီး​မှာ ထိုင်း​နိုင်ငံကရင်း​နှီး​မြှုပ်နှံမယ့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်၊​ ရန်ကုန်တိုင်း​ဒေသကြီး​မှာ ​တောင်ကိုရီး​ယား​နိုင်ငံက ရင်း​နှီး​မြှုပ်နှံမှုမယ့်​ သီလဝါ နိုင်ငံတကာ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်၊​ ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံက ရင်း​နှီး​မြှုပ်နှံမှုမယ့်​ ​ကျောက်ဖြူ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တို့​ ဖြစ်ပါတယ်။

လက်ရှိကျင်း​ပ​နေတဲ့​ ​နေပြည်​တော်က ပြည်​ထောင်စုလွှတ်​တော်မှာ သဘာဝပတ်ဝန်း​ကျင်ကို ထိန်း​သိမ်း​ကာကွယ်​စောင့်​ရှောက်​ရေး​အတွက် ဥပ​ဒေတရပ်ပြဋ္ဌာန်း​ရေး​ ​ဆွေး​နွေး​မှု​တွေ ရှိခဲ့​ပေမယ့်​ သက်ဆိုင်ရာဝန်ကြီး​ဌာနက ၂၀၀၀ ခုနှစ် အ​စောပိုင်း​ကတည်း​က ​ရေး​ဆွဲထား​ပြီး​ဖြစ်တဲ့​ ဥပ​ဒေဟာ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ ပြဋ္ဌာန်း​နိုင်ခဲ့​ခြင်း​မရှိဘဲ အခုအခါ ​ခေတ်နဲ့​လျော်ညီ​အောင် ပြန်လည်ပြင်ဆင်​နေ​ကြောင်း​ လွှတ်​တော်ကို အသိ​ပေး​ခဲ့​ပါတယ်။

အဲ့​ဒါ​ကြောင့်​ သဘာဝဝန်း​ကျင်ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ဥပ​ဒေဟာ ဘယ်အခါမှ ထွက်​ပေါ်လာနိုင်မလဲဆိုတာ မသိနိုင်သလို ထွက်​ပေါ်လာမယ့်​ ဥပ​ဒေဟာလည်း​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ လာ​ရောက်တည်​ဆောက်မယ့်​ စက်မှုလုပ်ငန်း​ကြီး​တွေ​ကြောင့်​ ဖြစ်​ပေါ်လာနိုင်တဲ့​ ဓာတု​ဗေဒအဆိပ်သင့်​ ညစ်ညမ်း​မှု​တွေအတွက် တိကျတဲ့​ စည်း​မျဉ်း​ဥပ​ဒေ​တွေ ပြဋ္ဌာန်း​မလား​ ဆိုတာလည်း​ ​စောင့်​ကြည့်​ရမယ့်​ အချက်ဖြစ်ပါတယ်။

လော​လောဆယ်မှာ​တော့​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ တည်​ဆောက်မယ့်​ စက်ရုံ​တွေထဲက ​ကျောက်မီး​သွေး​လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံနဲ့​ ဆက်နွယ်လာမယ့်​ သဘာဝဝန်း​ကျင်ညစ်ညမ်း​မှုက ရင်​လေး​စရာအချက်တခုဖြစ်​နေပါပြီ။ ဒီစီမံကိန်း​ ကို အဓိကအ​ကောင်အထည်​ဖော်​နေတဲ့​ Italian-Thai Development PCL ဟာ နဂိုမူလက မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်နိုင်မယ့်​ ​ကျောက်မီး​သွေး​လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံတခုကို စီမံကိန်း​တည်ရှိရာ ​မောင်း​မကန်ကမ်း​ခြေမှာ တည်​ဆောက်ဖို့​ စီစဉ်ခဲ့​ပေမယ့်​ ​နောက်ပိုင်း​မှာ ထုတ်လုပ်မှုအင်အား​ကို မီဂ္ဂါဝပ် ၁၀,၀၀၀ အထိ တိုး​မြှင့်​ထုတ်လုပ်ဖို့​ ​ပြောင်း​လဲလျာထား​ခဲ့​ပါတယ်။

ဒီလို​ပြောင်း​လဲခဲ့​တာလည်း​ ထိုင်း​နိုင်ငံက လိုအပ်တဲ့​ လျှပ်စစ်ဓာတ်အား​အတွက် နဂိုစီစဉ်ထား​တဲ့​ မီဂ္ဂါဝပ် ၄,၀၀၀ ထဲက ၃,၆၀၀ ကို မဟာဓာတ်အား​လိုင်း​သွယ်တန်း​ပြီး​ ထိုင်း​နိုင်ငံကို တင်ပို့​မှာဖြစ်တယ်။ ထိုင်း​နိုင်ငံရဲ့​ အဓိကလျှပ်စစ်ဓာတ်အား​ ထုတ် လုပ်ဖြန့်​ဖြူး​နေတဲ့​ အစိုး​ရရဲ့​ Electricty Generation Authority of Thailand (EGAT) နဲ့​ အီတာလျှံထိုင်း​ကုမ္ပဏီတို့​အကြား​ လုပ်ငန်း​ဆိုင်ရာညှိနှိုင်း​မှု​တွေလုပ်​နေသလို တဖက်မှာလည်း​ ကြီး​မား​တဲ့​ စက်မှုဇုန်စီမံကိန်း​အတွက် လိုအပ်တဲ့​ လျှပ်စစ်ဓာတ်အား​ ဖြန့်​ဝေနိုင်​ရေး​အတွက် ​နောက်ထပ် မီဂ္ဂါဝပ် ၆,၀၀၀ ကို တိုး​ချဲ့​ခဲ့​တယ်လို့​ သုံး​သပ်လို့​ရပါတယ်။

တကယ်​တော့​ မီဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်ရင်ပဲ အဲ့​ဒီစက်ရုံဟာ အ​ရှေ့​တောင်အာရှမှာ အကြီး​ဆုံး​ ​ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ဖြစ်​နေပါပြီ။ ထိုင်း​နိုင်ငံမှာ လက်ရှိအကြီး​ဆုံး​ ​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံတရုံဖြစ်တဲ့​ နိုင်ငံရဲ့​ အ​နောက်​မြောက်ပိုင်း​က လမ်ပန်း​ (Lampang) ခရိုင်က မယ့်​မော့​ (Mae Moh) ​ကျောက်မီး​သွေး​လျှပ်စစ်ဓာတ်အား​ပေး​ စက်ရုံ​တောင်မှ မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်သာ ထုတ်လုပ်နိုင်ပါတယ်။

ဒီ​နေရာမှာ ထိုင်း​နိုင်ငံက မယ့်​မော့​ကျောက်မီး​သွေး​မိုင်း​နဲ့​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ဖြစ်ပွား​ခဲ့​တဲ့​ သဘာဝန်း​ကျင် ညစ်ညမ်း​မှုနဲ့​ ​ဒေသခံပြည်သူ​တွေရဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာပြဿနာရပ်​တွေကို မြန်မာပြည်သူ​တွေအ​နေနဲ့​ရော ထား​ဝယ်​ဒေသမှာ ​နေထိုင်ကျတဲ့​ ​ဒေသခံ​တွေအ​နေနဲ့​ပါ ​လေ့​လာသိရှိသင့်​ပါတယ်။

ထိုင်း​နိုင်ငံအ​နောက်​မြောက်​ဒေသက မယ့်​မော့​ကျောက်မီး​သွေး​မိုင်း​ကို ထိုင်း​အစိုး​ရက ၁၉၅၄ ခုနှစ်ကတည်း​က စတင်တူး​ဖော်ခဲ့​ပြီး​ ​မြေဧက ၉၁၀၀ ​ကျော် အကျယ်အဝန်း​ရှိတဲ့​ ​မြေပြင်​ပေါ်မှာ တူး​ဖော်ထုတ်လုပ်တဲ့​ အ​ရှေ့​တောင်အာရှ​ဒေသမှာ အကြီး​ဆုံး​ ​ကျောက်မီး​သွေး​မိုင်း​တွင်း​တခု ဖြစ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ အဲ့​ဒီ​ကျောက်မီး​သွေး​မိုင်း​မှာ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်က​ချေး​ငွေ အကူအညီနဲ့​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်တာကို ၁၉၇၂ ခုနှစ်မှ စတင်ခဲ့​ပြီး​ ၁၉၇၈ ခုနှစ်မှာ စက်ရုံကို ၇၅ မီဂ္ဂါဝပ် စက်တပ်ဆင်အား​နဲ့​ စတင်လည်ပတ်ခဲ့​ပါတယ်။ ​နောက်ပိုင်း​နှစ်​တွေမှာ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်မှုကို အဆင့်​ဆင့်​တိုး​ချဲ့​ခဲ့​တာ အခုဆိုရင် နှစ်​ပေါင်း​ ၃၀ အတွင်း​ စက်အလုံး​ရေ ၁၃ လုံး​ တပ်ဆင်ခဲ့​ပြီး​ စုစု​ပေါင်း​ မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်အထိ တိုး​ချဲ့​ထုတ်လုပ်ခဲ့​ပါတယ်။

ဆယ်စုနှစ် ၃ ခုအတွင်း​မှာ မယ့်​မော့​ကျောက်မီး​သွေး​စက်ရုံ ပတ်ဝန်း​ကျင်မှာ​နေထိုင်ကြတဲ့​ ထိုင်း​နိုင်ငံရဲ့​ ​ကျေး​လက်​နေ ပြည်သူ​တွေ ​ကျောက်မီး​သွေး​က ဖန်တီး​လိုက်တဲ့​ သဘာဝဝန်း​ကျင်ညစ်ညမ်း​မှုနဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ဆိုင်ရာပြဿနာ​တွေ ရင်ဆိုင်ခံစား​ခဲ့​ကြရပုံကို ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia က သု​တေသနပြုပြီး​ “Mae Moh: Coal Kills” အစီရင်ခံစာကို ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့​ပါတယ်။

အစီရင်ခံစာပါအချက်အလက်​တွေအရ မယ့်​မော့​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံ စတင်လည်ပတ်ပြီး​ ၁၄ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ စက်အလုံး​ရေ ၁၁ လုံး​မြောက် တိုး​ချဲ့​တပ်ဆင်အပြီး​ မီဂ္ဂါဝပ် ၂၀၂၅ အထိ တိုး​ချဲ့​ထုတ်လုပ်လာချိန်မှာ ပြဿနာ​တွေဟာ မဖုံး​ဖိနိုင်​လောက်​အောင်အထင်အရှား​ ​ပေါ်ထွက်လာခဲ့​ပါတယ်။

စက်ရုံက​နေ ​နေ့​စဉ်ထုတ်လွှတ်​နေတဲ့​ ဆာဖာဒိုင်​အောက်ဆိုဒ် (SO2) ပါဝင်တဲ့​ ​ကျောက်မီး​သွေး​ပြာ​တွေ​ကြောင့်​ ပထမဆုံး​ စက်ရုံတဝိုက်မှာရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၄၀ ခန့်​က လူ​ပေါင်း​ ၁၀၀၀ ခန့်​ဟာ အသက်ရှူလမ်း​ကြောင်း​ ဆိုင်ရာ ​ရောဂါလက္ခဏာ ​တွေ စတင်ခံစား​ကြရပါ​တော့​တယ်။ ဒီလိုဖြစ်ရတာဟာ ဆာဖာဒိုင်​အောက်ဆိုဒ်ဟာ ​လေထုထဲမှာ ရှိသင့်​တာထက် ၅ ဆခန့်​ မြင့်​မား​နေလို့​ဆိုတာ ​တွေ့​ရှိခဲ့​ကြတယ်။

အစိုး​ရက ဒါ​တွေကို မသိကျိုး​ကျွန်ပြုပြီး​ ၁၉၉၆ ခုနှစ်မှာ စက်တပ်ဆင်အား​ ၁၃ လုံး​အထိ တိုး​မြှင့်​ခဲ့​ပြီး​ မီဂ္ဂါဝပ် ၂၆၂၅ အထိ ထုတ်လုပ်ခဲ့​တယ်။ အဲ့​ဒီနှစ်မှာပဲ ​လေထုညစ်ညမ်း​မှုဟာ အဆိုး​ရွာဆုံး​အဆင့်​ကို ​ရောက်ခဲ့​သလို ​ဒေသခံ ၆ ဦး​ ​သွေး​အဆိပ်သင့်​ပြီး​ ​သေဆုံး​တဲ့​ဖြစ်ရပ်လည်း​ ​ပေါ်ထွက်လာပါတယ်။ စက်ရုံကို ဝင်​ရောက်စစ်​ဆေး​လိုက်​တော့​ ဆာဖာဒိုင်​အောက်ဆိုဒ်ကို ထိန်း​ချုပ်တဲ့​စနစ်တခုလုံး​ အလုပ်မလုပ်ဘဲ SO2 ​တွေကို ​လေထုထဲတိုက်ရိုက်ထုတ်လွှတ်​နေတာ ​တွေ့​ရှိခဲ့​ကြပါတယ်။

ညံ့​ဖျင်း​တဲ့​ စက်ရုံစီမံခန့်​ခွဲမှုရဲ့​ရလဒ်က ပတ်ဝန်း​ကျင်​ကျေး​ရွာ​တွေက ပြည်သူ​တွေရဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​လုပ်ငန်း​ဖြစ်တဲ့​ လယ်ယာသီး​နှံ​တွေ ​ကျောက်မီး​သွေး​ပြာ​ကြောင့်​ ​လောင်ကျွမ်း​ပျက်စီး​ဆုံး​ရှုံး​ခဲ့​ရပြီး​ လူမှုဒုက္ခ​တွေကိုပါ ရင်ဆိုင်ခဲ့​ရတယ်။ ပြည်သူကျန်း​မာ​ရေး​ပညာရှင်များ​က အဲ့​ဒီ​ကျေး​ရွာ​တွေမှာ​နေထိုင်ကြတဲ့​ လူဦး​ရေ ၈၀၀၀ ​ကျော်ကို ကျန်း​မာ​ရေး​ စစ်​ဆေး​ မှု​တွေလုပ်ခဲ့​ရပြီး​ အဲ့​ဒီထဲက လူဦး​ရေ ၃,၅၀၀ ခန့်​ဟာ အသက်ရှူလမ်း​ကြောင်း​ဆိုင်ရာ ​ရောဂါ​တွေခံစား​နေရပြီး​ တချို့​ဆိုရင် ​အောက်စီဂျင်ဗူး​နဲ့​ အသက်ရှင်​နေရတဲ့​အထိ ဆိုး​ဆိုး​ရွား​ရွား​ ခံစား​ခဲ့​ကြရတယ်။

ဒီလိုခံစား​နေရ​ပေမယ့်​ အစိုး​ရဘက်က အ​ရေး​ယူ​ဆောင်ရွက်မှု​တွေ ​နှေး​ကွေး​လွန်တဲ့​အတွက် ​ဒေသခံ​တွေဟာ ၎င်းတို့​အခွင့်​အ​ရေး​ကို ကိုယ်တိုင်ကာကွယ်မှ ရ​တော့​မယ်ဆိုတာ သိရှိလာပြီး​ ၁၉၉၈ ခုနှစ်မှာ အစိုး​ရကို စတင်တရား​ဆွဲပါ​တော့​တယ်။ ဒါ​ပေမယ့်​ အင်အား​နည်း​တဲ့​ပြည်သူ​တွေဘက်က မ​ရေရာမှု​တွေနဲ့​ပဲ အဆုံး​သတ်ခဲ့​ရတယ်။

တချို့​ ​ငွေ​ကြေး​တတ်နိုင်တဲ့​သူ​တွေက ​ဒေသက​နေ စွန့်​ခွာခဲ့​ကြပါတယ်။ မတတ်နိုင်တဲ့​ ဆင်း​ရဲတဲ့​ဒေသခံ​တွေအတွက် ​ရွေး​စရာလမ်း​မရှိဘဲ လူမှုဒုက္ခ​တွေကို ရင်ဆိုင်ခဲ့​ကြရတယ်။ အစိုး​ရက​တော့​ စက်ရုံကိုပိတ်ပစ်ဖို့​ မစဉ်း​စား​ခဲ့​ပါဘူး​၊​ ဒီစက်ရုံက ထွက်ရှိတဲ့​ လျှပ်စစ်ဓာတ်အား​က ထိုင်း​စီး​ပွား​ရေး​ကို ​ကျော​ထောက်​နောက်ခံပြု​နေတဲ့​ တန်ဖိုး​က ကြီး​မား​နေပါတယ်။

အာရှဖွံ့​ဖြိုး​ရေး​ဘဏ်ကလည်း​ ၎င်းတို့​ချေး​ငွေနဲ့​ တည်​ဆောက်ခဲ့​တဲ့​ ဓာတ်အား​ပေး​စက်ရုံဖြစ်တဲ့​အတွက် ၂၀၀၁ ခုနှစ်မှာ မယ့်​မော့​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ဖြစ်ပွား​တဲ့​ သဘာဝဝန်း​ကျင်နဲ့​ ပြည်သူကျန်း​မာ​ရေး​ဆိုင်ရာ သက်​ရောက်မှု​တွေကို ​လေ့​လာဖို့​ အ​မေရိကန်​ဒေါ်လာ ၅ သိန်း​ ​ထောက်ပံ့​ခဲ့​ပါတယ်။ သို့​ပေမယ့်​ စီး​ပွား​ရေး​အရ​ရော၊​ ကျန်း​မာ​ရေး​အရ​ရော နစ်နာဆုံး​ရှုံး​နေကြတဲ့​ ​ဒေသခံပြည်သူ​တွေက​တော့​ ဘယ်မှာ နစ်နာ​ကြေး​တောင်း​ရမှန်း​ မသိဖြစ်ခဲ့​ရတယ်။

အရပ်ဘက်လူမှုအဖွဲ့​အစည်း​များ​ရဲ့​ ​ဒေသခံပြည်သူ​တွေဘက်က ရပ်တည်လှုပ်ရှား​မှု​တွေ ၂၀၀၀ ခုနှစ်​ကျော်မှာ အရှိန်မြှင့်​လာပါတယ်။ ၂၀၀၂ ခုနှစ်မှာ Greenpeace သု​တေသနဓာတ်ခွဲခန်း​ရဲ့​ မယ့်​မော့​ဒေသက ​လေထုကို စမ်း​သပ်​တွေ့​ရှိချက်အရ ဓာတ်အား​ပေး​စစ်ရုံက​နေ သက်ရှိလူသား​အပါအဝင် သတ္တဝါ​တွေကို​သေ​စေနိုင်တဲ့​ နျူရို​တော့​က်စ်ဆင်မာကျူရီ (Neurotoxin Mercury) တနှစ်ကို ၃၉ တန် ထုတ်လွှတ်​နေပြီး​ ​ကျောက်မီး​သွေး​ပြာ တန်ချိန် ၄.၄ သန်း​ ထုတ်လွှတ်​နေပါတယ်။

၂၀၀၃ ခုနှစ်မှာ မယ့်​မော့​ဒေသက ပြည်သူ​တွေကိုယ်စား​ ​ရှေ့​တန်း​က​နေ ထိုင်း​အစိုး​ရကို အ​ရေး​ဆိုခဲ့​တဲ့​ လုပ်ငန်း​ခွင် ကျန်း​မာ​ရေး​ဆိုင်ရာ လူနာများ​၏အခွင့်​အ​ရေး​ ကွန်ရက်အဖွဲ့​ (Occupational Health Patients Rights Network) အဖွဲ့​က ချင်း​မိုင်း​ အုပ်ချုပ်​ရေး​ဆိုင်ရာတရား​ရုံး​မှာ မယ့်​မော့​ဓာတ်အား​ပေး​စက်ရုံကို တရား​ဆွဲခဲ့​ပါတယ်။

၂၀၀၄ ခုနှစ်မှာ လမ်ပန်း​ခရိုင်တရား​ရုံး​က မယ့်​မော့​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံက ထုတ်လွှတ်တဲ့​ ပြာ​တွေ​ကြောင့်​ သီး​နှံ​တွေပျက်စီး​မှုအ​ပေါ် အ​မေရိကန်​ဒေါ်လာ ၁၄၀,၀၀၀ ​ကျော်ကို ​လျော်​ကြေး​ငွေအဖြစ် ​ဒေသခံ​ကျေး​ရွာ​တွေကို​ပေး​ရန် စီရင်ချက်ချခဲ့​ပါတယ်။ ဒါဟာ မယ့်​မော့​ဒေသခံ​တွေအတွက် ရှား​ပါး​တဲ့​ ​အောင်မြင်မှုတခုဖြစ်ခဲ့​ပါတယ်။

၂၀၀၅ ခုနှစ်မှာ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​လှုပ်ရှာမှု​တွေ ထိုင်း​နိုင်ငံမှာ အရှိန်မြှင့်​ခဲ့​ပြီး​ People Against Coal Network of Thailand ကို စတင်ထူ​ထောင်လာကြပါတယ်။ ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia အဖွဲ့​ဟာ ထိုင်း​နိုင်ငံရဲ့​ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​ လှုပ်ရှား​မှုမှာ ထိပ်ဆုံး​က​နေ တတ်တတ်ကြွကြွပါဝင်ခဲ့​ပါတယ်။

သို့​ပေမယ့်​ ​ကျောက်မီး​သွေး​ဆန့်​ကျင်​ရေး​လှုပ်ရှား​မှုဟာ ထိုင်း​အစိုး​ရနဲ့​ စီး​ပွား​ရေး​လုပ်ငန်း​အသိုင်း​အဝန်း​က အ​ရေး​တကြီး​လိုအပ်​နေတဲ့​ ​ဈေး​အ​ပေါဆုံး​ ​လောင်စာစွမ်း​အင်သုံး​ လျှပ်စစ်ဓာတ်အား​ရရှိ​ရေး​ စီမံကိန်း​တွေကို မဟန့်​တား​နိုင်ပါဘူး​။ ထိုင်း​နိုင်ငံက စက်မှုဇုန်ကြီး​တွေမှာ ​ကျောက်မီး​သွေး​သုံး​ ဓာတ်အား​ပေး​စက်ရုံ​တွေနဲ့​ စက်မှုလုပ်ငန်း​တွေ တိုး​တက်များ​ပြား​လာ​နေတာက သက်​သေပါပဲ။

ဒါ​ပေမယ့်​ တ​နေ့​တခြား​ အား​ကောင်း​လာတဲ့​ လူမှုအဖွဲ့​အစည်း​တွေရဲ့​အင်း​အား​ကို ထိုင်း​အစိုး​ရက လျစ်လျူရှုမထား​ပါဘူး​။ အဲ့​လိုပဲ ထိုင်း​စီး​ပွား​ရေး​အသိုင်း​အဝန်း​ကလည်း​ တ​နေ့​တခြား​ စိုး​ရိမ်မှု​တွေ ရှိလာ​နေပါတယ်။ ထိုင်း​နိုင်ငံရဲ့​ သဘာဝဝန်း​ကျင်နဲ့​ ပြည်သူကျန်း​မာ​ရေး​ဆိုင်ရာ ပြဿနာ​တွေကို ထိန်း​ချုပ်နိုင်မယ့်​ အ​ကောင်း​ဆုံး​သော​ဖြေရှင်း​ချက်က မြန်မာနိုင်ငံပါပဲ။

မီဂ္ဂါဝပ် ၂၆၀၀ ​ကျော်ထုတ်လုပ်တဲ့​ မယ့်​မော့​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ကြောင့်​ ​ဒေသခံထိုင်း​ပြည်သူ​တွေ ဘယ်​ရွေ့​ဘယ်မျှ ဒုက္ခ​ရောက်ခဲ့​တယ်ဆိုတာကို ​လေ့​လာကြည့်​ရင် ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ မီဂ္ဂါဝပ် ၁၀,၀၀၀ ထုတ်လုပ်ဖို့​ ရည်မှန်း​ထား​တဲ့​ အီတာလျှံထိုင်း​ကုမ္ပဏီရဲ့​ ​ကျောက်မီး​သွေး​စက်ရုံတခုမက တည်​ဆောက်မယ့်​ စီမံကိန်း​ဟာ ​ဒေသခံ​တွေအတွက် ​ကောင်း​ကျိုး​နဲ့​ ဆိုး​ကျိုး​ ဘယ်ဟာပိုများ​သလဲဆိုတာ စဉ်း​စား​ကြည့်​နိုင်ပါတယ်။
http://burmese.dvb.no/archives/18566

အမေရိကန် တရုတ် ကာကွယ်ရေး ဆွေးနွေး



ဗုဒ္ဓဟူး, 07 ဒီဇင်ဘာ 2011

By VOA (မြန်မာပိုင်း)

တရုတ်နိုင်ငံမှာ တရုတ်နဲ့ အမေရိကန် အရာရှိတွေက စက်တင်ဘာလမှာ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာ လာပြီးကတည်းက ဆိုရင် ပထမဆုံး အကြိမ်အဖြစ် အဆင့်မြင့် ဆွေးနွေးပွဲတွေကို ပြန်စလုပ်နေပါပြီ။

အမေရိကန်ဖက်က ထိုင်ဝမ်ကို လက်နက်ရောင်းတာနဲ့ သြစတေးလျမှာ အမေရိကန်စစ်သားတွေ တဖြည်းဖြည်း ပိုချထားဖို့ ကြေငြာတာတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်လာခဲ့အပြီးမှာ အခုလို ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွေ ပြန်စနိုင်တာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော်မှာ ၁၂ ကြိမ်မြောက် နှစ်စဉ်လုပ်တဲ့ ဒီဆွေးနွေးပွဲကို ဒီနေ့မှာပဲ အမေရိကန် ပေါ်လစီဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Michel Flournoy နဲ့ တရုတ်ကြည်းတပ် စစ်ဦးစီးရုံး ဒုအရာရှိချုပ် မား ရှောင်တီယာ (Ma Xiaotian) တို့က ဖွင့်လှစ်ပေးလိုက်တာပါ။

အမေရိကန်တို့ဖက်က ထိုင်ဝမ်လေတပ်ကို အဆင့်မြင့်ပေးဖို့ ကာကွယ်ရေးပစ္စည်း ဒေါ်လာ သန်းပေါင်း ၅၈၀၀ ကျော်ဖိုး ရောင်းချဖို့ ကူညီပေးတာကို စက်တင်ဘာလမှာ ကြေငြာပြီး တရုတ်ဖက်က ဒေါသထွက်ခဲ့တာကြောင့် ဒီဆွေးနွေးပွဲလုပ်ဖို့ ရွေ့ဆိုင်းလာခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/US_China_Military_Talk_Dec07_2011-135173053.html



ညီနောင်ပါတီနှစ်ခုကို ကော်မရှင် သတိပေး


ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ညီအကို နှစ်ဦး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု
မြန်မာနိုင်ငံ) ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီသည် ဥပဒေ ချိုးဖောက်မှုများ
ပြုလုပ်နေကြောင်းနှင့် ဆက်လက် လုပ်ဆောင်နေပါက ပါတီ ဖျက်သိမ်းခံရသည်အထိ အရေးယူသွားမည်ဟု ဗဟို
ရွေးကောက်ပွဲကော်မရှင်က သတိပေးလိုက်သည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့အရ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် အညီ ညွှန်ကြား ကြပ်မတ်နေသည့်ကြားမှ ဥပဒေ ချိုးဖောက်မှုများကို ဆက်လက် လုပ်ဆောင်နေပါက ယင်းပါတီ နှစ်ခုအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ
နှအညီ မှတ်ပုံတင် ပယ်ဖျက်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း” နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ချက် တွင် ပါရှိသည်။

ပြည်ထောင်စု ကော်မရှင်က မြို့နယ်ကော်မရှင်ခွဲနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ ပေးပို့သည့်စာတွင် ဦးအေးလွင်
နှင့် ဦးရဲထွန်းတို့ ဦးဆောင်သော ပါတီနှစ်ခု ကျူးလွန်သည်ဆိုသည့် အမှုပေါင်း ၁၁ မှုတွင် ကံစမ်းမဲ လက်မှတ်
ရောင်းချခြင်း၊ ရန်ကုန်စည်ပင် နည်းဥပဒေအရ ကန့်သတ်ထားသော “ဈေးနယ်နိမိတ်အတွင်း အာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ အလှူခံခြင်း”၊ အစိုးရ ဝန်ထမ်းများကို နှောက်ယှက်ခြင်း၊ ဆင်ဆာမပါသော ဗီဒီယို ဖြန့်ချိခြင်းတို့ ပါဝင်သည်။

အမှုများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလဖြစ်သော ဇူလိုင်လ ၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ အတွင်း ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းအတွင်းတို့ရှိ မြို့နယ် ကိုးခုတွင် ကျူးလွန်ခဲ့သည် ဟု ဆိုသည်။ အစွပ်စွဲခံရသော ညီနောင်ပါတီနှစ်ခုလုံးမှ တာဝန်ရှိသူများကလည်း ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ၎င်းတို့ ၏ ချေပချက်ကို ကော်မရှင်ထံ ပေးပို့သွားမည်ဟု ဆိုသည်။

၈၈ မျိုးဆက်ပါတီ ဥက္ကဋ္ဌဦးအေးလွင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်၍ တရားဥပဒေ ချိုးဖောက်ခြင်း မဟုတ်ကြောင်း မဇ္ဈိမကို ပြောသည်။

“ကျနော်ကိုယ်တိုင် တရားစွဲခံရတဲ့ ကိစ္စရှိတယ်။ အဲဒါက ဥပဒေ ချိုးဖောက်တာ မဟုတ်ဘူး။ နိုင်ငံရေးပါတီမှာ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၅(ခ)မှာ အတိအလင်း ပါတယ်လေ။ ပါတီများအနေနဲ့ ပါတီဝင်ကြေး၊ လစဉ်ကြေးတွေ နဲ့ ပတ်သက်လို့ အခွန်အခတွေ အားလုံး ကင်းလွတ်ခွင့် ရှိတယ်လေ။ အခွန်တွေ မကလို့ အခလို့ ပါတာကိုး။ ပါတီ အနေနဲ့ ရယူလို့ ရတဲ့ဟာတွေပေါ့။” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၅ (ခ)အရ ပါတီပိုင် ကောက်ခံရရှိသော ရံပုံငွေများအရ ကောက်ခံ ထားသော ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး ပစ္စည်းများပေါ်တွင် ထမ်းဆောင်ရမည့် အခွန်အခများကို ကင်းလွတ် ခွင့် ပြုထားသည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလ ဇူလိုင်လအတွင်း ပါတီရံပုံငွေ ကောက်ခံခဲ့သဖြင့် ထိုပါတီနှစ်ခုမှ တာဝန်ရှိသူ ၁၀ ဦးကို အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီက တရားစွဲမှုများ ရှိခဲ့သဖြင့် တရားစွဲဆိုခံရသည်။ သို့သော် အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီဘက်မှ ညှိနှိုင်းဆောင်ရွက်၍ ရနိုင်သည်ဟုဆိုကာ နောက်ပိုင်းတွင်
ပြန်လည် ရုပ်သိမ်းခဲ့သည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးအောင်က မအူပင်မြို့ အဝေးပြေးဝင်းအတွင်း ပါတီဝင် ဦးညီညီ (ခ) ဝင်းနိုင်၏ နေအိမ်တွင်
ရောက်လာပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ရုံးဖွင့်ပွဲ အခမ်းအနားနှင့် ပါတီဗဟို ဥက္ကဋ္ဌ ဦးအေးလွင် ပြောကြားသည့် မိန့်ခွန်းပါ ဗီစီဒီ အခွေအား ပါတီရန်ပုံငွေအတွက် ဖြန့်ဝေခဲ့ရာ ဆင်ဆာကြိုတင်မယူဘဲ ဖြန့်ဝေမှုဟု ကော်မရှင်က ဆိုသည်။

အလားတူ ယမန်နှစ် စက်တင်ဘာလ ၃၀ ရက် မရမ်းကုန်မြို့နယ် အမှတ် ၃ ရပ်ကွက်တွင် ပြည်ထောင်စု
မြန်မာနိုင်ငံ အမျိုးသားရေး အဖွဲ့ချုပ်ပါတီမှ ဦးဌေးလှိုင်နှင့် ဒေါ်ကြည်ခိုင်ဝင်းတို့က အလှူငွေ လက်ခံပြေစာတွင် ဖုန်း နှစ်လုံး၊ ဒစ်ဂျီတယ် ကင်မရာ သုံးလုံး၊၂၁ လက်မတီဗီ လေးလုံး ချီးမြင့်မည်ဟု ကံစမ်းမဲ လက်မှတ်ကို တစောင် လျှင် ၁,၀၀၀ ကျပ်ဖြင့် ၃၅စောင် ရောင်းချခဲ့ရာ တည်ဆဲလောင်းကစား ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု
ကော်မရှင်က စွပ်စွဲထားသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီရုံး ဖွင့်လှစ်ထားရာ ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု မေတ္တာလမ်း အမှတ် ၂၀၊ ဦးတင်ရ နေအိမ်ရှိ ဧည့်သည်များကို ဧည့်စာရင်း တိုင်ကြားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားရာက အငြင်းပွားသဖြင့် အုပ်ချုပ်ရေးမှူး၏ အာဏာကျင့်သုံးမှု ကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။

ထို့ပြင် ဦးအေးလွင်က ဇူလိုင်လ၂၇ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ အမှတ် ၃ လမ်းဆုံတိုးဂိတ်တွင် ဂိတ်ကြေးငါးထောင်ကျပ် ပေးရန် ငြင်းဆန်ပြီး ဝန်ထမ်းများ
နှင့် အချင်းများရာက နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမည့် ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထိုဖြစ်ရပ်အတွက် ဦးအေးလွင်ကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ဝန်ထမ်း ဝတ္တရား နှောက်ယှက်မှုဖြင့် ပဲခူးတိုင်း လှည်းကူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားရာ အမှု ရင်ဆိုင်နေ ရဆဲ ဖြစ်သည်။

ဇူလိုင် ၁၉ ရက်နေတွင် ဦးအေးလွင်နှင့် ဦးရဲထွန်းတို့က အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရာတွင် ပိတ်ပင်ထားသော ကင်မရာကို ယူဆောင်ရာက လုံခြုံရေး တပ်ဖွဲ့များနှင့် အချင်းများခြင်းကလည်း တမှု ဖြစ်သည်။

ယခင်စစ်အစိုးရနှင့် အလွမ်းသင့်သည်ဟု စွပ်စွဲခံရသော ညီနောင်ပါတီနှစ်ခုသည် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ၈၅ နေရာ ဝင်ပြိုင်ခဲ့သော်လည်း ဦးရဲထွန်း ပါတီတခုတည်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင်သာ တနေရာ အနိုင်ရခဲ့သည်။

ထိုရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အမှုပေါင်း ၂၈ မှုဖြင့် တိုင်တန်းသော်လည်း စုံစမ်းစစ်ဆေးမှု မပြုဟု ပါတီတာဝန်ရှိသူများက ပြန်လည် စွပ်စွဲထားသည်။

အာဏာသိမ်း စစ်အစိုးရလက်ထက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ဝေဖန်
လေ့ရှိပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ကန့်ကွက်ခဲ့သူ ဦးအေးလွင်နှင့် ဦးရဲထွန်းတို့၏ နှစ်ပါတီတွင် အဖွဲ့ဝင်ပေါင်း တသိန်းကျော်ခန့် ရှိသည်ဟု ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/8724-2011-12-07-13-18-38.html

ပြောင်းတယ်ဆိုတာ လွယ်ပါတယ်


By , on December 7, 2011 4:21 pm
“အားလုံး … ကျေနပ်မှုရှိကြရဲ့လား …”
“ရှိပါတယ်”
“ကျေနပ်မှုရှိရင် လက်ခုပ်သံလေး ကြားချင်တယ်”
“ရွှီး … ဖြောင်း ဖြောင်း ဖြောင်း”
ဖိုးရှုပ်။     ။ ဦးရုက္ခစိုး … ကြားလိုက်လား။
ရုက္ခစိုး။     ။ ကြားတယ်လေ … လူသံတွေကော … လက်ခုပ်သံတွေကော။
ကြွက်စုတ်။     ။ ငါလည်း ကြားတယ်ကွ … ဒါ အဆိုတော် အာခေါင်နီရဲ့ လိုက်ဖ်ရှိုးပဲ ဖြစ်မယ် သွားကြည့်ရအောင်။
ဖိုးရှုပ်။     ။ မင်းကလည်း သေချာလှချည်လား။
ကြွက်စုတ်။     ။ သေချာတာပေါ့ကွ … ဒီလို ကျေနပ်မှုရှိရင် လက်ခုပ်သံလေး ကြားချင်တယ် ဆိုတာ အဆိုတော် အာခေါင်နီရဲ့ ထရိတ်မာ့ခ်ပဲဟာ။
ကြွက်စုတ် စကားမဆုံးခင် မြင်တွေ့လိုက်ရသည်မှာ သူထင်ထားသလို အဆိုတော် အာခေါင်နီ မဟုတ်ပေ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရ ဦးရွှေပန်းဖြစ်နေသည်။ ဦးရွှေပန်းက သူတို့ကို ပြုံးဖြီးဖြီး ကြည့်နေ၏။
ရွှေပန်း။     ။ ဟဲဟဲဟဲဟဲ … ဦးရုက္ခစိုးတို့ ရန်ကုန်ဘယ်တုန်းက ရောက်လဲဗျ။
ရုက္ခစိုး။     ။ မကြာသေးပါဘူးဗျာ။ ဒီနားမှာ အသံတွေကြားနေရလို့ ဘာသံတွေလဲ သိချင်လို့ စပ်စုနေတာ။ ကျနော်တို့က အဆိုတော် အာခေါင်နီရဲ့ လိုက်ဖ်ရှိုးထင်လို့။ မဟုတ်ဘူးလား။
ရွှေပန်း။     ။ ဘယ်ကလာ ဟုတ်ရမှာလဲ။ ဒါ ရွှေပန်းလိုက်ဖ်ရှိုး … အဲ ယောင်လို့ … ရွှေပန်းနဲ့ သတင်းထောက်တွေ အပေးအယူ တည့်နေကြတာ ဟဲဟဲ။
ကြွက်စုတ်။     ။ ဟာ … ရေရေလည်လည် လန်းတယ်ဗျာ။
ရွှေပန်း။     ။ လန်းချက်ကတော့ လန်ထွက်နေရမယ်လေ။ ရွှေပန်းဗျ … တပန်းတည်းရှိတယ်။ သူများတွေလို သတင်းထောက် တွေ့တာနဲ့ ထွက်ပြေးချင်သလိုလို … ပုံပြောပြမလိုလို လုပ်တဲ့ထဲမှာ ကျုပ် မပါဘူး။
ဦးရွှေပန်းက ရင်ကိုကော့၍ ပြောလိုက်သည်။
ဖိုးရှုပ်။     ။ အခုလို ကြားရတာ ဝမ်းသာပါတယ်ဗျာ။ တကယ်ကို ပြောင်းနေကြပြီပဲကိုး။
ရွှေပန်း။     ။ ပြောင်းရမယ်လေ … မပြောင်းချင်တဲ့သူတွေကို … သမိုင်း ဘုတ်အုပ်ကြီးထဲမှာ ထားရစ်ခဲ့လိုက်တော့။
ရုက္ခစိုး။     ။ လေးစားတယ်ဗျာ … ။ ကောင်းသော ပြောင်းလဲခြင်း ဆိုရင်တော့ ကြိုဆိုရမှာပေါ့။
ကြွက်စုတ်။     ။ တကယ်တော့ ပြောင်းတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျ …။ စဉ်းစားကြည့်လေ … တသက်လုံး လက်ဖမိုးပါလို့ ပြောနေတာကို အခုချက်ချင်း လက်ဖဝါးပါလို့ ပြန်ပြောင်းပြောရတာ တော်တော်တော့ မျက်နှာပြောင်မှ ဖြစ်မှာနော်။ ဦးရွှေပန်း မို့လို့သာ ပြောင်းရဲတာ။
ကြွက်စုတ်က ပင့်ပေးလိုက်သဖြင့် ဦးရွှေပန်း သဘောခွေ့သွားသည်။
ရွှေပန်း။     ။ ဒါ … လူနဲ့လည်း ဆိုင်တယ်ဗျ။ တချို့ကဆို အဲဒီလို ပြောင်းရမှာကို ရှက်နေကြတာ။ ကျုပ်တော့ မရှက်ပေါင်။ ပြောင်ပြောင်ပဲပေါ့ ဟုတ်ဘူးလား။
ဖိုးရှုပ်။     ။ ဟုတ်ပါတယ် … ဟုတ်ပါတယ်။ ဦးရွှေပန်း သတင်းထောက်တွေကို ပြောတာ ကျနော်တို့ အကုန်ကြားပါတယ်။ ဒါပေမယ့် လေသံကတော့ ဘုန်းကြီးပဲ တရားဟောနေ သလိုလို၊ ဇာတ်မင်းသားကြီးလိုလို ဖြစ်နေလားလို့။
ရွှေပန်း။     ။ အဲဒါပဲ။ ကျုပ်က အကုန်ပြောင်းလိုက်တာ။ အစက စစ်သားလေ … စစ်သားတုန်းက လေသံက ပြတ်ရမယ်၊ မာရမယ်။ အခု ဘောင်းဘီလဲလိုက်ပြီ၊ ပုဆိုးလည်း ခိုင်ခိုင် ဝတ်တတ်နေပြီဆိုတော့ လေသံပါ ပြောင်းလိုက်တယ်။ ပြောင်းတဲ့ နေရာမှာလည်း ကျုပ်စဉ်းစားတယ်၊ အစကတော့ တွံတေးသိန်းတန် အသံနဲ့ ပြောဦးမလို့ပဲ။ ဒါပေမယ့် အဲဒါက လူရွှင်တော်တိုင်း လိုက်တုနေကြတာ ဆိုတော့ … ဘယ်သူမှ လိုက်မလုပ်သေးတဲ့ ဝါတော်ရှစ်ဆယ်ရ ဘုန်းကြီးလေသံ ဖမ်းပြီး ပြောလိုက်တာ … ဟဲဟဲ … ပေါက်တယ်နော်။
ရုက္ခစိုး။     ။ ပေါက်ချက်ကတော့ ကမ်းကုန်ပဲဗျို့။ ဦးရွှေပန်းရဲ့ အသံဖိုင်က ဟို ရော့ကာကြီးရဲ့ စီအိုစီ အခွေထက်တောင် ပေါက်သေးတယ်။
ရွှေပန်း။     ။ သိတယ် … အဲဒါကြောင့် အခု ကြံ့ဖွံ့ပါတီအတွက် ရွေးဂေါက်ပွဲ အောင်နိုင်ရေး သီချင်းတောင် ကိုယ်တိုင်ဆိုဖို့ စဉ်းစားထားတယ်။ မင်း ဆယ့်ရှစ်နှစ် ပြည့်ပြီလား … မင်း ဆယ့်ရှစ်နှစ် ပြည့်ပြီလား … ဒန်တန့်ဒန် …။
ဖိုးရှုပ်။     ။ ကျနော်တို့ အကုန်လုံး ၁၈ နှစ်ကျော်ပြီလေ … ဦးရုက္ခစိုးဆို အသက်က ထောင်ချီနေပြီ။
ရွှေပန်း။     ။ မဟုတ်ဘူးလေ … အဲဒါက အသက်မေးတာမှ မဟုတ်တာ။ တီဗီမှာ ထိုးထိုးထွန့်ထွန့် ဆိုသွားတဲ့ အဆိုတော်ကြီး တယောက်ရဲ့ သီချင်းကို ပြန်ဆိုပြတာ။
ကြွက်စုတ်။     ။ ဦးရွှေပန်း ကြည့်ရတာ ပျော်နေပုံပဲနော်။
ရွှေပန်း။     ။ ပျော်ဆို … မောင်ရင်ရယ် … လူဆိုတာ ကောင်းတာတွေချည်း ဆက်တိုက် မြင်ရ၊ ကြားရ၊ သိရရင် ပျော်ကြတာပဲ မဟုတ်လား။
ဖိုးရှုပ်။     ။ ကောင်းတွေ ကြားရတာတော့ ဟုတ်ပါပြီ … ။ ဦးရွှေပန်း ပြောသွားတာတွေက အားလုံး အကောင်းတွေကြီးပဲ ဆိုတော့ အကောင်းချည်း ကြားရတာပေါ့။ ကောင်းတာတွေ မြင်ဖို့ အတွက်က အဲဒီ ပြောသွားတာတွေကို တကယ်လုပ်ရ ဦးမှာလေ။
ရုက္ခစိုး။     ။ ဟုတ်တယ်ဗျ … အပြောကတော့ ရွှေပန်း … အကကတော့ ချိုမိုင်မိုင်ဆိုရင် မမိုက်ဘူးနော်။
ရွှေပန်း။     ။ ဒါကတော့ဗျာ … ပြောတာက ကျုပ်အလုပ်လေ။ ပြောပြီးသွားပြီ … ကျုပ်တာဝန်ကျေပြီ။ လုပ်တာမလုပ်တာ ကတော့ ဟိုလူကြီးတွေ သူ့တို့ဘာသာ ဆုံးဖြတ်လိမ့်မယ်။
ကြွက်စုတ်။     ။ ဟင် … ဒါဆို ဦးရွှေပန်းပြောသွားသလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်ဆိုတာ တကယ် ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ။
ရွှေပန်း။     ။ သြော် … အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတောင် သိတယ်။ လွှတ်တော်ထဲမှာ အပျော့ရယ်၊ အမာရယ် မပျော့မမာရယ် ၃ အုပ်စု ရှိတယ်ဆိုတဲ့ …။ အဲဒီ ၃ အုပ်စု ညီအောင်ညှိဖို့ဆိုတာ လွယ်တာမှတ်လို့ …။ အမယ် အမေရိကန်ကို လျှော့မတွက်နဲ့ဗျ။ သူတို့မှာ နတ်မျက်စိတွေရှိတယ်။ အကုန်သိတာနော်။
ဖိုးရှုပ်။     ။ ပေါက်ပေါက်ရှာရှာဗျာ။
ရွှေပန်း။     ။ တကယ်ပြောတာ။ အိုဘားမားတောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီပသီနည်းနဲ့ စကားပြောသေးတာပဲဟာ … ဒါတွေ မယုံလို့မရဘူးဗျ။ အဲဒါကြားပြီးကတည်းက ကျုပ်လည်း လုံးလုံးပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။
ရုက္ခစိုး။     ။ ဒါဆို နိုင်ငံရေးသမားတွေကို ဘယ်တော့ လွှတ်မှာလဲ။
ရွှေပန်း။     ။ ဟဲဟဲ … ဒါကတော့ တယ်လီပသီနည်း သုံးတတ်တဲ့ အိုဘားမားတောင် ကြိုမသိဘူး။ ကလင်တန်လည်း မသိဘူး။ ကျုပ်လည်းမသိဘူး။ လွှတ်တဲ့နေ့ကျရင် လွတ်မယ်လို့သာ မှတ်လိုက်။
ကြွက်စုတ်။     ။ မှတ်သားလောက်ပါတယ်။
ထိုစဉ် သူတို့နား၌ အကယ်ဒမီရုပ်ရှင်မင်းသား တဦး မြောက်ကြွ မြောက်ကြွ ဖြတ်လျှောက်သွားသည်ကို တွေ့လိုက်ကြရသည်။ ဦးရွှေပန်းက လှမ်းနှုတ်ဆက်လိုက်၏။
ရွှေပန်း။     ။ ဟေး … ကိုဒင်ကျိုး … နေကောင်းတယ်နော်။
အကယ်ဒမီ မင်းသား ဒင်ကျိုးက ဦးရွှေပန်းကို စေ့စေ့ကြည့်ကာ မမှတ်မိသလို လုပ်နေ၏။
ဒင်ကျိုး။     ။ ခင်ဗျားကို ကျုပ် မြင်တော့ မြင်ဖူးသလိုပဲ။ ရိုက်ကွင်းမှာ မီးထိုးမှန်ထိုးများ လုပ်ဖူးသလား။
ဖိုးရှုပ်။     ။ ဟာ ကိုဒင်ကျိုး … အဲဒါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလေ။ ခင်ဗျားပဲ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သူတို့ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်ပေးခဲ့ပြီးတော့ … အခု မေ့သွားပြီလား။
ဒင်ကျိုး။     ။ ဟား … ဆောရီးဗျာ … ကျနော်က အဲဒီလိုပဲ မေ့တတ်တယ်။ ဒါနဲ့ဘယ်သူ …။
“ရွှေပန်းဗျ … ရွှေပန်း” ဟု ဦးရွှေပန်းက ဆောင့်ကြီးအောင့်ကြီး မကျေမနပ်သံနှင့် ဖြေလိုက်သည်။
ဒင်ကျိုး။     ။ ဟုတ်ပြီ … ဦးရွှေပန်း။ ဒီလိုပါဗျာ … အခုတလောမှာ ကျနော်က ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရုပ်ရှင် ရိုက်မယ့် ကိစ္စမှာ တတပ်တအား ပါဖို့ ကြိုးစားနေရတယ်။ NLD ပါတီအတွက်လည်း ဘာလုပ်ပေးနိုင် မလဲပေါ့နော်။ ဒါတွေက ကျနော်ထင်တယ် … သမိုင်းပေးတာဝန်တွေဗျ။ ဒီလောက်အရေးကြီးတာတွေ လုပ်နေရတော့လည်း ခင်ဗျားတို့ ကြံ့ဖွံ့ပါတီ ဝင်တွေကို ခေါင်းထဲမထည့်နိုင်ဘူးပေါ့ဗျာ။ ကဲ … အခု အမေ့ခြံထဲ ခဏသွားလိုက်ဦးမယ်။ မအားဘူးဗျ။ နောက် လမ်းမှာ တွေ့တော့လည်း နှုတ်ဆက်ပေါ့ဗျာ။
ပြောပြောဆိုဆိုနှင့် မင်းသားက နေကာမျက်မှန်ကို တပ်လိုက်ကာ သူတို့နားမှ စတိုင်အပြည့်နှင့် ထွက်ခွာ သွားသည်။ ဦးရွှေပန်း တင်းသွားသည်။
ရွှေပန်း။     ။ ဟွန့် … အပြောင်းအလဲက မြန်ပါ့။ ခုပဲ ဆီထမင်း … ခုပဲ စာကလေးကြော်။
ခြေလှမ်းသုံးလှမ်းခန့်သာ ရှိသေးသော မင်းသားက သူလုပ်နေကြအိုက်တင် အတိုင်း နောက်သို့ တချက်လှည့်လိုက်သည်။ ထို့နောက် “ဒီမှာ ဦးရွှေပန်း … ကျနော် ပြောရဦးမယ်။ တကယ်တော့ ပြောင်းတယ်ဆိုတာ လွယ်ပါတယ်ဗျ” ဟု ပြောလိုက်သည်။
ရွှေပန်း။     ။ ခင်ဗျား ကျပြန်တော့ လွယ်လည်း လွယ်နိုင်လွန်းတယ်ဗျာ။
မင်းသားက ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြုံးဖြီးဖြီးလုပ်ရင်း “ကျေနပ်မှုရှိရင် လက်ခုပ်သံလေးတွေ ကြားချင်ပါတယ်” ဟု ပြောလိုက်ရာ … ဦးရွှေပန်းအပါအဝင် သူတို့အားလုံး ယောင်ယမ်း၍ မင်းသားအား လက်ခုပ်သြဘာ ပေးမိလိုက်ကြ လေတော့ သတည်း … ။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
http://burma.irrawaddy.org/archives/3352

ဦးခင်ရွှေ(ဒေါက်တာ):D ရှုံးပြီ.....

အနာဂတ် ပြတိုက်

Wednesday, December 07, 2011  Sithu Linn  


~


ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံး (ဓာတ်ပုံ - stephenbrookes.com)


ရန်ကုန်က အထင်ကရ အဆောက်အအုံ ၂ ခုကို ပြတိုက်အဖြစ် အသွင်ပြောင်းတော့မယ် တဲ့။
ဒီနေ့ သတင်းစာမှာ ကြော်ငြာထားတာကို ဖေ့စ်ဘုတ်မှာ တွေ့ရပါတယ်။


ကြေးမုံ

တရားရုံးချုပ်
http://www.irrawaddyblog.com/2011/12/blog-post_3837.html

NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


2011-12-06
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် NED National Endowment for Democracy ခေါ် နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့အဖွဲ့  အကြီးတန်း ညွှန်ကြားရေးမှူး Mr. Brian Joseph က မနေ့က နေ့လယ် ၁၁ နာရီခွဲမှာ လာရောက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်၊


RFA
အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ အခြေစိုက် National Endowment for Democracy အဖွဲ့၏ အကြီးတန်း ဒါရိုက်တာ Brian Joseph ကို လွတ်လပ်တဲ့ အာရှအသံနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ရိုက်ကူးထားသော မှတ်တမ်းပုံ ဖြစ်ပါသည်။
ဒီလို တွေ့ဆုံရာမှာ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့လည်း တက်ရောက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်း အခွင့်အရေးများနဲ့ ပတ်သက်လို့ စည်းကမ်း နည်းလမ်းအတိုင်း တင်ဒါခေါ်ယူခြင်း မရှိဘဲ လက်သိပ်ထိုး ခွဲဝေပေးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး workshop တစ်ခု ပြုလုပ်ရေးကို Mr. Brian Joseph က ဆွေးနွေးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥပဒေ စိုးမိုးရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ ဥပဒေ ပညာရှင်တွေ၊ တရားရေး ဝန်ထမ်းတွေ၊ ဥပဒေ ဝန်ထမ်းတွေ အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး၊ ဒါ့အပြင် ပြည်ပရှိ ဥပဒေ ပညာရှင်များ ပို့ချတဲ့ သင်တန်းတွေမှာ တက်ရောက်နိုင်အောင် အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။ အလားတူပဲ မြန်မာနိုင်ငံကို ရောက်နေတဲ့ CISL ခေါ် အီတလီ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အမှုဆောင် အရာရှိ Cicilia Brighi နဲ့ အဖွဲ့ဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချုပ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရှိရပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာများနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်လုံးက ထုတ်ပြန်တာ မရှိဘူးလို့လည်း သိရပါတယ်။
http://www.rfa.org/burmese/news/ned-meets-assk-12062011215357.html


NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
Wednesday, December 07, 2011 Sithu Linn


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် NED National Endowment for Democracy ခေါ် နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့အဖွဲ့  အကြီးတန်း ညွှန်ကြားရေးမှူး Mr. Brian Joseph က မနေ့က နေ့လယ် ၁၁ နာရီခွဲမှာ လာရောက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်၊

ဒီလို တွေ့ဆုံရာမှာ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့လည်း တက်ရောက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်း အခွင့်အရေးများနဲ့ ပတ်သက်လို့ စည်းကမ်း နည်းလမ်းအတိုင်း တင်ဒါခေါ်ယူခြင်း မရှိဘဲ လက်သိပ်ထိုး ခွဲဝေပေးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး workshop တစ်ခု ပြုလုပ်ရေးကို Mr. Brian Joseph က ဆွေးနွေးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဥပဒေ စိုးမိုးရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ ဥပဒေ ပညာရှင်တွေ၊ တရားရေး ဝန်ထမ်းတွေ၊ ဥပဒေ ဝန်ထမ်းတွေ အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး၊ ဒါ့အပြင် ပြည်ပရှိ ဥပဒေ ပညာရှင်များ ပို့ချတဲ့ သင်တန်းတွေမှာ တက်ရောက်နိုင်အောင် အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။
http://www.irrawaddyblog.com/2011/12/ned.html

မြန်မာစစ်အစိုးရကို လေယာဉ်ရောင်းတဲ့ ကုမ္ပဏီ ကနေဒါ တရားရုံး အရေးယူ


2011-12-07
မြန်မာစစ်အစိုးရကို တရားမ၀င် လေယာဉ်တစ်စင်းနဲ့ လေယာဉ် အပိုပစ္စည်းတွေ တင်ပို့ရောင်းချမှု ကျူးလွန်ခဲ့တဲ့ ကနေဒါ အခြေစိုက် Kenn Borek Air လေကြောင်း ကုမ္ပဏီကို ကနေဒါ အစိုးရ တရားရုံး တစ်ခုက ဒေါ်လာ ၂ သောင်းခွဲ ဒဏ်ငွေပေးဆောင်ဖို့ မနေ့က အမိန့်ချမှတ် လိုက်ပါတယ်။


Photo: RFA
ကနေဒါ အခြေစိုက် Kenn Borek Air လေကြောင်း ကုမ္ပဏီပိုင် လေယာဉ်တစ်စီးကို Kenn Borek Air အင်တာနက် စာမျက်နှာတွင် တွေ့ရပုံ။
ကနေဒါနိုင်ငံ အယ်လ်ဘားတား ပြည်နယ် ကယ်လ်ဂါရီ (Calgary) မြို့ အခြေစိုက် Kenn Borek Air လီမိတက်ဟာ ၂၀၀၇ ခုနှစ် အတွင်း လေယာဉ် တစ်စင်းနဲ့ အပိုပစ္စည်းတွေကို တရားဝင် တင်ပို့ခွင့် အထောက်အထား မရှိဘဲ မြန်မာနိုင်ငံကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဒီအတွက် အကောက်ခွန် ဥပဒေ၊ သွင်းကုန် ထုတ်ကုန် ဥပဒေတွေနဲ့ ၂၀၁၀ ပြည့်မှာ စတင် တရားစွဲဆို ခံခဲ့ရပါတယ်။ အယ်လ်ဘားတား ပြည်နယ်ရဲ့ မြို့တော် အတ်မွန်တန် (Edmonton) မြို့တရားရုံးမှာ ကုမ္ပဏီဘက်က အပြစ်ရှိကြောင်း ၀န်ခံထွက်ဆိုတဲ့ အတွက် ဒဏ်ငွေ ချမှတ်လိုက်တာပါ။ အခုလို စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ခဲ့တဲ့ ကုမ္ပဏီ တစ်ခုကို ပထမဆုံး အရေးယူ အပြစ်ပေးလိုက်တဲ့ ကနေဒါ အစိုးရရဲ့ လုပ်ရပ်ကို ထောက်ခံ ကြိုဆိုကြောင်း ကနေဒါ အခြေစိုက် CFOB ခေါ် မြန်မာမိတ်ဆွေ ကနေဒါ နိုင်ငံသားများ အသင်းရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကနေဒါနိုင်ငံရဲ့ ပို့ကုန်သွင်းကုန် ကန့်သတ် ထိန်းချုပ်ရေး ဆိုင်ရာ စာရင်းဝင်နိုင်ငံ အဖြစ် ၁၉၉၇ ခုနှစ်မှာ သတ်မှတ်ခံခဲ့ရ ပါတယ်။ အဲဒီ စာရင်းဝင် နိုင်ငံတွေကို ကုန်ပစ္စည်းနဲ့ နည်းပညာ တင်ပို့ရောင်းချမှာ မှန်သမျှ အတွက် ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ကနေဒါ နိုင်ငံတကာ ကုန်သွယ်ရေး ဌာနတို့ရဲ့ ခွင့်ပြုချက် ရယူဖို့ လိုပါတယ်။ ဒါပေမယ့် Kenn Borek Air လေယာဉ် ကုမ္ပဏီဟာ အဲဒီဌာနတွေက ခွင့်ပြုချက် မယူဘဲ ၁၉ ယောက်စီး DHC-6 Twin Otter အမျိုးအစား လေယာဉ် တစ်စင်းနဲ့ လေယာဉ်ဆက်စပ် အပိုပစ္စည်းတွေကို မြန်မာနိုင်ငံကို တရားမ၀င် တင်ပို့ခဲ့ပါတယ်။
http://www.rfa.org/burmese/news/borek-air-12072011093648.html

ဝါရင့်နိုင်ငံရေးသမားကြီး သခင်လှကွန်း ကွယ်လွန်


2011-12-07
မြန်မာ့နိုင်ငံရေး သမိုင်းမှာ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သူ ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ဝင် သခင်လှကွန်း ဒီဇင်ဘာလ ၄ ရက် မနက်က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီး ဒီဇင်ဘာ ၆ ရက် မနေ့က ဈာပန ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


RFA
ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ဝင် သခင်လှကွန်း
မနှစ်က အာရ်အက်ဖ်အေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစ ပေါ်လာခဲ့တဲ့ အတွက် ၀မ်းမြောက်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု တော်လှန်ရေး ကာလမှာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ဆဲ သက်ရှိထင်ရှား သခင်ကြီးများထဲမှာ သခင်သိန်းမောင်၊ သခင်သိန်းဖေ၊ သခင်ချန်ထွန်းနှင့် သခင်တင်မြတို့သာ ကျန်ပါတော့တယ်။ စာရေးဆရာ သတင်းစာဆရာ တစ်ဦး အဖြစ်လည်း ထင်ရှားခဲ့တဲ့ သခင်လှကွန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီလို့ သိရပါတယ်။
http://www.rfa.org/burmese/news/thakin-hla-kun-12072011103351.html

NLD ပါတီကို ပြန်သွားတော့မယ့် လွှတ်တော်အမတ် ဦးကြည်မြင့်


2011-12-07

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံတင်ခွင့် ရပြီးရင် အင်န်အယ်လ်ဒီ ပါတီဝင် အဖြစ် ပြန်လည် လျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပြီလို့ လွှတ်တော် အမတ် ဦးကြည်မြင့်က အာရ်အက်ဖ်အေကို ပြောပါတယ်။

ဦးကြည်မြင့်ဟာ ရန်ကုန်တိုင်း ဒေသကြီး လသာမြို့နယ်က ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ပိုင်းမှာ ပြန်လည် ပါတီဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဦးကြည်မြင့်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ၀င်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသား ဒီမိုကရေစီသစ် ပါတီဝင် အဖြစ် ရပ်တည်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခင် အင်န်အယ်လ်ဒီကနေ လမ်းခွဲခဲ့ပေမယ့် "အကြွင်းမဲ့ ပါတီဝင်"အဖြစ် ပြန်လည် ရပ်တည်သွားမယ့် အကြောင်း၊ အင်န်အယ်လ်ဒီ ပါတီက ထွက်ခဲ့အပြီး မိမိဝင်ခဲ့တဲ့ တခြားပါတီတွေ အတွင်း ဆွေးနွေးပွဲတွေမှာလည်း တကယ်လို့ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်တဲ့ အချိန်ကျရင် ပူးပေါင်းသွားဖို့ သဘောတူခဲ့တာတွေ ရှိခဲ့ဖူးတယ်လို့ ဦးကြည်မြင့်က ပြောပါတယ်။
http://www.rfa.org/burmese/news/nld-ndf-kyi-myint-12072011104551.html

လသာ ဦး​ကြည်မြင့်​ လက်ရှိပါတီမှ နုတ်ထွက်ပြီး​ အန်အယ်လ်ဒီပါတီဝင်မည်
Published on December 7, 2011 by ရွှေအောင် ·

အမျိုး​သား​ဒီမိုက​ရေစီပါတီသစ် ဒု-ဥက္ကဋ္ဌ လသာမြို့​နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ကြည်မြင့်​ဟာ ပါတီမှ နုတ်ထွက်ပြီး​ အန်အယ်လ်ဒီပါတီဝင်အဖြစ် ပြန်လည်​လျှောက်ထား​တော့​မှာ ဖြစ်ပါတယ်။

အခုလို ပါတီကနုတ်ထွက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် အန်အယ်လ်ဒီမှာ ပါတီဝင်အဖြစ် ပြန်လည်​လျှောက်ထား​ဖို့​ လုပ်ရတဲ့​အ​ကြောင်း​ကို ဦး​ကြည်မြင့်​က ခုလို ​ပြောပါတယ်။

“ကျ​နော်က အ​စောကတည်း​က အန်အယ်လ်ဒီပဲ​လေ။ ၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​ကလည်း​ အန်အယ်လ်ဒီက​နေပြီး​တော့​ ကျ​နော် လသာမှာ အနိုင်ရတယ်​လေ။ ကျ​နော်တို့​ အခု ၂၀၁၀ မှာ ​ရွေး​ကောက်ပွဲ ပြန်ဝင်​တော့​လည်း​ အန်ဒီအက်ဖ်လို့​ ​ပြော​ပေမယ့်​လို့​လည်း​ အန်ဒီအက်ဖ်က ကျ​နော်တို့​က ခ​မောက်ပါပဲ။ အစ်မနဲ့​ တတွဲတည်း​ပါပဲ။ အန်အယ်လ်ဒီပါပဲ ဆိုတဲ့​ပုံစံနဲ့​ ကျ​နော်တို့​က ပြည်သူ့​ဆီက​နေ မဲ​တောင်း​ခဲ့​တာ​လေ။ အဲဒီ​တော့​ကား​ အခု အစ်မတို့​က​နေပြီး​တော့​ ​ရွေး​ကောက်ပွဲပြန်ဝင်မယ်၊​ ပါတီ ပြန်ပြီး​ မှတ်ပုံတင်မယ် ဆိုတဲ့​အခါကျ​တော့​ ကျ​နော့်​အ​နေနဲ့​ မူလပါတီ ပြန်သွား​တဲ့​ သ​ဘောပဲပါပဲ။”

ဒါ့​အပြင် လက်ရှိ အမျိုး​သား​ဒီမိုက​ရေစီပါတီသစ်ရဲ့​ ​ပြောဆိုရပ်တည်ချက်နဲ့​ သူ့​ရပ်တည်ချက် မတူတာ​ကြောင့်​လည်း​ ပါတယ်လို့​ ဆိုပါတယ်။

“​စောတုန်း​က ​ပြောခဲ့​တဲ့​ အန်ဒီအက်ဖ်မှာ​ရော၊​ အန်အယ်လ်ဒီမှာ​ရော ​ပြောခဲ့​တဲ့​စကား​က အဲဒီလို စကား​မျိုး​ပဲ။ အခုကျ​တော့​ဗျာ ပူး​ပေါင်း​မယ်ဆိုတဲ့​ စကား​လုံး​မျိုး​နဲ့​ တခုက မဟာမိတ်​ပေါ့​ဗျာ​နော်၊ ပါတီတခုနဲ့​ တခု ပါတီ မဟာမိတ်အဖြစ်နဲ့​ သွား​မယ်ဆိုတဲ့​ ပုံစံမျိုး​ပေါ့။ ​နောက်တခုက ​ပေါင်း​တော့​ပေါင်း​မယ် ​ရွေး​ကောက်ပွဲမှာ ဘယ်​နေရာ​ပေး​ရမယ် ဆိုတဲ့​ အ​ပေး​အယူမျိုး​နဲ့​ ​ပေါင်း​မယ့်​ သ​ဘောမျိုး​တွေ​ပေါ့​။ အဲဒီ​တော့​ ကျ​နော့်​ အ​နေနဲ့​က​တော့​ မူလစကား​ဖြစ်တဲ့​ အကြွင်း​မဲ့​ ခြွင်း​ချက်မရှိ လုံး​ဝဖျက်သိမ်း​ပြီး​တော့​ အန်အယ်လ်ဒီကို ပြန်ဝင်မယ့်​ လိုင်း​က နဂိုကတည်း​က ​ပြောတဲ့​စကား​၊​ ဒီအတိုင်း​ပဲ ကျ​နော်က ရပ်တည်မယ်ဆိုတဲ့​ သ​ဘောပါပဲ။”

အမျိုး​သား​ဒီမိုက​ရေစီပါတီသစ် ဥက္ကဋ္ဌဦး​သိန်း​ညွန့်​က ဦး​ကြည်မြင့်​ ပါတီက နုတ်ထွက်တယ်ဆိုတာမှန်​ပေမယ့်​ အခုထိ​တော့​ နုတ်ထွက်စာ တင်မထား​သေး​ဘူး​လို့​ ​ပြောပါတယ်။ နုတ်ထွက်စာ ​ရောက်လာရင် ခွင့်​ပြုမှာပါဆိုပြီး​၊​ သူ့​ရဲ့​သ​ဘောထား​ကို ​ပြောပါတယ်။

“ကျ​နော်တို့​က ခွင့်​ပြုမှာပါ။ ဒါသူ့​ရဲ့​ ဒီမိုက​ရေစီ ဆန္ဒပဲ​လေ။ တခု​တော့​ဗျာ ကိုယ်​ပြောတဲ့​ အ​ကြောင်း​အရာ​တွေ ကိုယ်​ပြောတာ​တွေ လိပ်ပြာသန့်​ဖို့​တော့​ လိုတာ​ပေါ့​။ အား​လုံး​သိပြီး​သား​ အ​ကြောင်း​တွေ ရှိကြတာကိုး​။”

လသာဦး​ကြည်မြင့်​အ​နေနဲ့​ အန်အယ်လ်ဒီပါတီဝင်အဖြစ် ပြန်လည် ​လျှောက်ထား​လာရင် အန်အယ်လ်ဒီရဲ့​ သ​ဘောထား​က ဘယ်လိုရှိမလဲ ဆိုတာနဲ့​ ပတ်သက်ပြီး​ အန်အယ်လ်ဒီ​ပြောခွင့်​ရ ဦး​အုန်း​ကြိုင်က ခုလိုရှင်း​ပြပါတယ်။

“ဒီကိစ္စကျ​နော်တို့​က ကြိုတင်ပြီး​တော့​ ဘာမှ ဆုံး​ဖြတ်​ပေး​ဖို့​ မ​ကောင်း​ ​သေး​ဘူး​ဗျ။ လူကြီး​တွေ သ​ဘောထား​က​တော့​ အန်အယ်လ်ဒီအ​ပေါ်မှာ အ​ကြောင်း​​ကြောင်း​ကြောင့်​ပေါ့​ဗျာ။ ပါတီက​နေ စွန့်​ခွာသွား​တဲ့​လူတို့​၊​ အ​ရေး​ယူခံရတဲ့​ လူတို့​ ဘာတို့​ပေါ့​ဗျာ။ အဲဒါ​တွေ ဆိုရင်လည်း​တဲ့​ ​လျှောက်ခွင့်​တော့​ ​ပေး​လိုက်ပါတဲ့​ အဲဒီလို ​ပြောတယ်။ သူတို့​က​တော့​ အား​လုံး​ ပြန်ပြီး​တော့​ တစုတစည်း​တည်း​ ပြန်စုစည်း​ချင်တဲ့​ စိတ်ကူး​ပေါ့​။ ဒါ​ပေမယ့်​ အခု ကိုကြည်မြင့်​ ကိစ္စက​တော့​ တိုင်း​ကျော် ပြည်​ကျော်ကိစ္စလည်း​ ဖြစ်​နေ​တော့​ သီး​ခြား​ စဉ်း​စား​ရမယ့်​ကိစ္စလို့​ ကျ​နော့်​ တ​ယောက်တည်း​ ဆိုရင်​တော့​ မြင်တယ်ဗျ။”

ဦး​ကြည်မြင့်​ဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စု အန်ဒီအက်ဖ် ကိုယ်စား​လှယ်အဖြစ် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​ လသာမြို့​နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်ဖြစ်ခဲ့​ပါတယ်။ အဲ့​ဒီ​နောက် ဦး​သိန်း​ညွန့်​ခေါင်း​ဆောင်ပြီး​ တည်​ထောင်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ ပါတီသစ်မှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့​သူ ဖြစ်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီက​တော့​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၂၅ ရက်က ​ရွေး​ကောက်ပွဲ ​ကော်မရှင်ထံ ပါတီထူ​ထောင်ခွင့်​ ပြန်လည် ​လျှောက်ထား​ပြီး​ ပါတီမှတ်ပုံတင်ဖို့​ ပြင်ဆင်​နေဆဲဖြစ်ပါတယ်။
http://burmese.dvb.no/archives/18610

မြန်မာအတွက် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် မတွေ့လို

2011-12-07
မြန်မာနဲ့ ပတ်သက်လာရင် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် ရင်ဆိုင် မတွေ့ဘဲ ညှိနှိုင်း ဆွေးနွေးယူကြမယ့် သဘော တွေ့ရတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။


AFP
အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးကြောင်း ပြောကြားသွားသည်။

အမေရိကန် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell ရဲ့ ဒီဇင်ဘာလ ၈ ရက်က ၁၃ ရက် အထိ အာရှနိုင်ငံကြီး သုံးနိုင်ငံကို သွားပြီး မြန်မာ့အရေး ဆွေးနွေးမယ့် ခရီးစဉ်မှာ တရုတ်နိုင်ငံ ပါဝင်တာကို ကြည့်ပြီး အဲဒီလို ပြောလိုက်တာပါ၊ Mr. Mitchell ဟာ ဒီဇင်ဘာလ ၁၂ ရက်မှာ တရုတ် နိုင်ငံကို ရောက်မယ်လို့ သိရပါတယ်။ သူ့ခရီးစဉ် မတိုင်ခင် တရုတ် နိုင်ငံကို သွားခဲ့တဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ၂၀၁၃ ကျရင် တရုတ်နိုင်ငံ သမ္မတ ဖြစ်လာဖို့ လျာထား သတ်မှတ်ခံရတဲ့ လက်ရှိ ဒု-သမ္မတ ရှီကျင်ဖင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲဒါကို ကြည့်ရင် အမေရိကန်နဲ့ ဆက်ဆံရေးဟာ တရုတ်ကို ထိခိုက်မှု ရှိမှာမဟုတ်ဘူး ဆိုတဲ့ အကြောင်း သွားရောက် ရှင်းပြတာ ဖြစ်မယ်လို့ ထင်ကြောင်း ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။ Derek Mitchell ရဲ့ခရီးစဉ်မှာ တရုတ်အပြင် တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံတွေလည်း ပါဝင်ပါမယ်။
http://www.rfa.org/burmese/news/us-china-burma-12072011105944.html