Sunday, December 11, 2011

ကျူရှင်ဆရာ ဦးအောင်ဖေ တွံတေးမြို့၌ ဆန္ဒပြ

Burma VJ Media Network


လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွှတ်ပေးဖို့နဲ့ပညာသင်ကြားပို့ချခွင့်ပါမစ်ကို
ပြန်လည်ချပေးဖို့ တွံတေးမြို့ ကျူရှင်ဆရာ ဦးအောင်ဖေကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ တကိုယ်တော်ဆန္ဒပြ တောင်းဆိုသွားခဲ့ပါတယ်။လူ့အခွင့်အရေးတကယ်ပေးဆိုတဲ့ စာတမ်းကိုကိုင်ဆောင်ပြီး
အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူပဲ တွံတေးမြို့ ဈေးကြီးအနီးမှာ အခုလိုဆန္ဒပြ တောင်းဆိုသွားခဲ့တာပါ။ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့၂၀၀၅ ခုနှစ်က ကျောင်းသားတွေနဲ့အတူဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ
၁၃ ရက်နေ့မှာ တွံတေးမြို့မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့အပြင်
စာသင်ကြားခွင့်ပါမစ်ကိုလည်း ပိတ်သိမ်းခံခဲ့ရသူဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်ကမ္ဘာ့ကျောင်းဆရာများနေ့နဲ့ နိုဝင်ဘာလ ၂၀ ရက် အမျိုးသားအောင်ပွဲနေ့ တွေမှာလည်း တစ်ကိုယ်တော်ဆန္ဒပြခဲ့သေးပါသည်။


ဘင်္ဂလာဒေခ်ျ့ လေတပ်တွင် မြေပြင်မှ ဝေဟင်ပစ် Missiles ဒုံးကျည်များ တပ်ဆင်ပြီ


News Date:12/11/2011
မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သူနိုင်ငံ၏ လေတပ်ကို ခေတ်မှီသို့ လေတပ် တစ်ခု အဖြစ်သို့ တိုးချဲ့ တည်ဆောက်နေရာ များမကြာမှီက ကီလိုမီတာ ၅၀ အကွာအဝေးထိ ပစ်ခတ်နိုင်သော Missiles ဒုံးကျည်များကို တိုးချဲ့ တပ်ဆင်လိုက်ပြီ ဖြစ်သည်။

Bangladesh-Air-force-dayFM 90 missile နှင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ဒုံးကျည်တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ်။
အဆိုပါ Missile ဒုံးကျည် အမျိုးအစားမှာ မြေပြင်မှ ဝေဟင်ပစ် FM 90 ဖြစ်ပြီး ကီလိုမီတာ ၅၀ အထိ ပစ်ခတ်နိုင်သော စွမ်းရည်ရှိကြောင်းဘင်္ဂလာဒေခ်ျ့ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များက ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် FM 90 အမျိုးအစား ဒုံးကျည်များကို တရုတ်မှ ၀ယ်ယူပြီး လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များအတွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း ဆိုသည်။

တာတိုပစ် ဒုံးကျည်များကို လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက် ချထားမူကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေး ၀န်ကြီးဌာ၏ အကြီးအကဲ ဖြစ်သော ရှိတ်ဟာဆီးနာက မြန်မာသို့ မသွားမှီ တရက်အလို ဒီဇင်္ဘာလ (၄) ရက်နေ့က Missiles ဒုံးကျည်တပ်ဖွဲ့ ရာထူးခန့်အပ်လွှာ ပေးအပ်ပွဲတွင် တရားဝင် လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် အနေဖြင့် အခမ်းအနားတွင် ဒုံးကျည် တပ်ဖွဲ့၏ ချီတက် အလေးပြုခြင်းကို ခံယူခဲ့သလို လေတပ်အတွက် ၀ယ်ယူထားသော Missiles ဒုံးကျည်များကိုလည်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လေတပ် တပ်ဖွဲ့ဝင်များအား နိုင်ငံတော်အား မျိုးချစ်စိတ်ဓါတ် အပြည့်ဖြင့် ကာကွယ်ရန် ပြောဆိုခဲ့သည်။

ယခုကဲ့သို့ အခမ်းအနားမှာ လုပ်ရိုး လုပ်စဉ် ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ မသွားမှီ တရက်လိုတွင် ယခုကဲ့သို့ ထုတ်ဖေါ် ပြသခဲ့သဖြင့် စစ်ရေး လေ့လာ အကဲခတ်သူများကို အတွေးပိုစေခဲ့သည်ဟု သံတမန် အသိုင်းအ၀ိုင်းက ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ယခုအခါ အတော်အသင့် တိုးတက်ကောင်းမွန်လာသော်လည်း သူ့နိုင်ငံ၏ ရေပြင်နှင့် လေပြင်ကို ထိပါးနေသူများ ရှိသည်ဟု ဆိုကာ ကြည်းရေလေ တပ်မတော်ကို ခေတ်မှီ တိုးတက်အောင် ပြင်ဆင် မွန်းမံလျက်ရှိသည်။

၎င်းပြင် ရေပြင်နယ်နမိတ်ကို စောင့်ရှောက်ရန်အတွက် ခေတ်မှီ ရဟတ်ယာဉ်များကိုလည်း ဘင်္ဂလာဒေခ်ျ့ ရေတပ်တွင် အသုံးပြုသွားတော့မည်ဟု သိရသည်။

http://www.narinjara.com/detailsbur.asp?id=3657

အဖွဲ့ ချူပ် သင်္ကေတ ပြောင်းပြီ – ခမောက်မှ ‘ခွပ်ဒေါင်း-ကြယ်’သို့


Published on December 11, 2011 by ဒီဗွီဘီ  
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီသင်္ကေတ အမှတ်အသားကို ခမောက်တံဆိပ်ကနေ ‘ခွပ်ဒေါင်း-ကြယ်’အဖြစ် ပြောင်းလဲကြောင်း တရားဝင် ကြေညာလိုက်ပါပြီ။

ကြေး မုံ သ တင်း စာ ပါ ကြော် ငြာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ်​ ​ရွေးကောက်ပွဲဝင်တုန်းက​ သုံးခဲ့တဲ့ ခမောက် သင်္ကေတကို မသုံးတော့ဘဲ သင်္ကေတအသစ်ကို သုံးတော့မယ့်အကြောင်း တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာမှာ ထုတ်​ဖော်ကြေညာလိုက်တာ​ ​ဖြစ်ပါတယ်။
အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကို ဆက်သွယ်​ ​မေးမြန်းတဲ့အခါ ခုလို ရှင်းပြပါတယ်။
“ကျနော်တို့က ခမောက်မထားတော့ဘူး။ အနီရောင်​နောက်ခံမှာ​ ​ကြယ်ဖြူတလုံး၊ ရွှေရောင်ခွပ်ဒေါင်းပုံရယ်ပေါ့။ ကျနော်တို့ပါတီက ရင်ထိုးပေါ့ဗျာ အလံအတိုင်းပါပဲ။ အဲဒီမှာ ထူးတာက အောက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ စာတမ်းတခုပါတယ်။ ဒါဟာ မှတ်ပုံတင်တဲ့အခါမှာ တင်မယ်ဆိုပြီး ကြေညာထားတာ။ ကျနော်တို့ပါတီက အဲဒါ ဖြစ်ပါတယ်လို့ ကြေညာလို့ မရသေးဘူးဗျ။ ဆိုတာက ကျနော်တို့ပါတီက မှတ်ပုံတင်လို့ မရသေးဘူး။ ပါတီအလံနဲ့ ဆိုင်းဘုတ်က လက်ရှိအတိုင်းပဲ ဆက်သွားမယ်။ ခမောက်ကိုလည်း ဆက်မသုံးတော့ဘူး။ ကျနော်တို့ ပါတီနဲ့ ခမောက်နဲ့လည်း မပတ်သက်တော့ဘူး ဆိုတာလည်း သတင်းစာမှာလည်း ကြေညာလိုက်ပါပြီ။”
အဖွဲ့ချုပ်က ခုလို ကြေညာလိုက်ပြီ ဖြစ်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ အဖွဲ့ချုပ်ရဲ့ ပါတီတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ခုထိ မထုတ်ပြန်သေးပါဘူး။
ဒါ့အပြင် ရွေးကောက်ပွဲဘယ်တော့လုပ်မယ်၊ ဘယ်နှနေရာ လစ်လပ်တယ် ဆိုတာကိုတော့ တရားဝင် မကြေညာသေးပါဘူး။ မီဒီယာတွေမှာ ဖော်ပြနေတာက လစ်လပ်နေရာ ၄၈ လို့ ဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့ လေ့လာတွေ့ရှိချက်အရတော့ ၄၉ နေရာ လစ်လပ်နေတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
လစ်လပ်နေရာ အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အဖွဲ့ချုပ်နဲ့ ခမောက်ကို ခွဲမရအောင်၊ တွဲမြင်နေ အောင် မဲဆွယ်စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ချုပ်က မ၀င်ဖို့ ဆုံးဖြတ်ပြီးနောက်မှာ အဖွဲ့ချုပ်ကနေ ခွဲထွက်သွားသူတချို့က အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်)ပါတီ ထောင်တဲ့အခါ ခမောက်တံဆိပ်ကို သင်္ကေတ (logo) အဖြစ် တင်ပြလိုက်ပါတယ်။ ဒါကို အဖွဲ့ချုပ်က ကန့်ကွက်ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ အခုတော့ ခမောက်ဟာ အဖွဲ့ချုပ်နဲ့ မပတ်သက်တော့ဘဲ အဖွဲ့ချုပ် ပါတီသင်္ကေတဟာ ခွပ်ဒေါင်း-ကြယ်ဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးလက်ထက် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို လက်မခံဘဲ သပိတ်မှောက်ခဲ့ပါတယ်။
အခု အစိုးရသစ် လက်ထက်မှာ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရခေါင်းဆောင်တွေ တွေ့ဆုံပြီး အစိုးရဘက်က ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပေးလိုက်ပြီးနောက်မှာ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဖွဲ့ချုပ်ဗဟိုမှာ​ ​ရွေးကောက်ပွဲ​ ​အောင်နိုင်ရေး​ ​ကော်မတီ​ ဖွဲ့ထားပြီ ဖြစ်ပါတယ်။
“ဗဟိုမှာ အောင်နိုင်ရေး ကော်မတီ ဖွဲ့လိုက်တယ်။ ပြည်နယ်တိုင်းနဲ့ မြို့နယ်တွေမှာ လစ်လပ်တဲ့နေရာတွေမှာ အောင်နိုင်ရေး လုပ်နိုင်ဖို့ အောင်နိုင်ရေး ကော်မတီတွေဖွဲ့ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားတယ်၊ လူအင်အားစာရင်းတွေ တောင်းထားတယ်။”လို့​​ ဦး​အုန်း​​ကြိုင်​က​ ​ပြော​ပါ​တယ်​။
http://burmese.dvb.no/archives/18712

ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၁)

by Ye Min Tun facebookon Sunday, December 11, 2011 at 2:13am

ကျနော်က ကိုပေါ် လို့ခေါ်တဲ့ ကိုပေါ်ဦးထွန်း(ခ) ကိုမင်းကိုနိုင်ကို ကျနော်စတွေ့စဉ်အခါက ကျနော့်အနေနဲ့ မြင်ရတွေ့ရတဲ့ သူ့ရဲ့ဟန်ပန် အမူရာတွေနဲ့ စာဖတ်ပရိသတ်နဲ့ ရင်းနှီးစေချင်လို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ကျနော် ကိုပေါ့် ကိုစတွေ့တဲ့အချိန်တုန်းက ကျောင်းသားသမဂ္ဂ (ဗကသ) ဖွဲ့စည်းကြောင်း မကြေငြာရသေးတဲ့ အချိန်ပေါ့။

သြဂုတ်လ(၁၀)ရက်နေ့ ဗဟန်းရဲစခန်း ပစ်ခတ်မှုက ကျနော်လွတ်လာခဲ့ပြီး၊ စတော့ဂိတ်ဂုံး(သိမ်ဖြူဂုံး) မှာ ထပ်အပစ်ခံရတော့၊ အပစ်အခတ် နဲနဲလွတ်ကင်းတဲ့ မင်္ဂလာတောင်ညွှန့်က ကားဝပ်ရှော့ တခုမှာ ကိုတင်ဌေး(ကိုတင်မောင်ဌေး) က ကျနော့်ကို ပုန်းနေခိုင်းထားခဲ့ပါတယ်။နောက်တော့ အဲ့သည့်နေရာကနေ ၁၀၁လမ်းက သူ့အိမ်မှာခေါ်ထားခဲ့ပါတယ်။ အဲဒီ့မှာတင်ပဲ ကျနော်တို့ရဲ့ ခေါင်းဆောင် မင်းကိုနိုင် နှင့် ကြုံရစုံရ သိခွင့်ရခဲ့ပါတယ်။

လူပုံစံက အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရှေ့သွားကလေး နဲနဲထွက်နေတဲ့ တအိမ်လုံးက (ကိုပေါ်) လို့ခေါ်တဲ့ အနှီပုဂ္ဂိုလ်ကို ထိုအချိန်က ဘယ်သူ ဘယ်ဝါမှန်း ကျနော်မသိခဲ့ပါဘူး။ ကိုပေါ်က ဆေးလိပ်ကို အရမ်း ကြိုက်လို့လား၊ တွေးစရာတွေ များလို့ပဲ ဖိသောက်နေတာလားတော့ မပြောတတ်ဘူးခင်ဗျာ့.... ဖွာလိုက် ရှိုက်လိုက်နဲ့ တကိုယ်လုံးက အငွေ့ထွက်လောက်အောင်ကို ဆေးလိပ်သောက်ပါတယ်။ ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘဲနဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ကြား ဆေးလိပ်ကို လက်က

မချတဲ့အပြင် သောက်လက်စ တပိုင်းတစ ဆေးလိပ်တိုတွေကိုလည်း ဟိုတင်ဒီတင် ဟိုထားဒီထားပေါ့ဗျာ။သူ့အတွေးနဲ့သူ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ သူထားချင်ရာထားသွားတဲ့ ဆေးလိပ်တိုတွေကို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်ကပဲ ပြောပြောဆိုဆိုနဲ့ လိုက်သိမ်းရတာပေါ့။

စိတ်ထဲကလည်း သူ့ကိုသိပ်မခင်မိတော့ ဆေးလိပ်တွေကို အဲလို လျှောက်မထားဖို့တခါတခါဆို ဂျစ်ကန်ကန်နဲ့ ကိုပေါ့်ကို ပြောမိတယ်။ တကယ်ဆို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်ရဲ့ အဲသည်လို အပေါက်ဆိုးမှုကို တော်ရုံလူဆို ကျနော့်ကို ပိတ်ဟောက်ပစ်လိုက်မှာပေါ့။ ဒါပေမယ့် ကိုပေါ်ကတော့ ကျနော် ပွစိပွစိလုပ်တာကို ပြုံးကြည့်ရင်း ''ကဲကဲ...ညီလေး စုပြီးသိမ်းပေးထားတဲ့ ဆေးလိပ်တိုတွေ ယူခဲ့။ အကိုပြန်သောက်မယ်'' လို့ ပြောပြီး တကယ်လည်း သောက်ပါတယ်။ လေးစားစရာ ခင်မင်စရာကောင်းတဲ့ ကိုပေါ်ပါပဲ။ ဒါပေမယ့် အဲ့သည့်အချိန်ထိ ကျနော်ကတော့ သူ့ကို ကိုမင်းကိုနိုင်လို့ မသိသေးဘဲပွစိပွစိ လုပ်မြဲ လုပ်စဲ ပါပဲ။



ဒီလိုနှင့် ရန်ကုန်တက္ကသိုလ်ပင်မမှာ ကျင်းပတဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းကြောင်းကြေငြာမယ့်နေ့ အတွက် ကိုတင်ဌေးက ကျနော့်ကို အထူးတာဝန်တခု ပေးပါတယ်။ အဲဒီတာဝန်ကတော့ ကျနော်တို့ ဗိုလ်တထောင်မြို့နယ်ထဲက ယုံကြည်စိတ်ချရတဲ့ အရပ်သားလူငယ်တချို့ကို ခေါ်ပြီး ကိုပေါ့် ကို စောင့်ရှောက်ဖို့ပါ။ အဲဒီအချိန်ထိလည်း ကျနော်သဘော မပေါက်သေးဘူး။ ကိုတင်ဌေးကိုတောင် တိုးတိုးတိတ်တိတ်နဲ့ ကိုသူရိန်ကိုရောလို့တောင် မေးလိုက်ပါသေးတယ်။

ကိုတင်ဌေးက'' ပေါ်ဦးကို သာ မင်းသတိထားပေး၊ တခုခုဆိုရင် မင်းရဲ့လူတွေနှင့် သူ့ကိုဆွဲထုတ်ပြီး လွတ်ရာကိုခေါ်ပြေး'' လို့ အရေးတကြီး ပုံစံနဲ့ ကျနော့်ကို ပြောလာတဲ့အထိတောင် ကိုပေါ်က ဘယ်သူလဲဆိုတာ ကျနော်မရိပ်မိဘူး။ ကျနော့် ထုံချက်ကတော့ အနှိုင်းမဲ့ပါတယ်။

ဗကသ ကြေငြာတဲ့နေ့မှာတော့ မိန့်ခွန်းပြောတဲ့ စင်ရှေ့မှာ ကျနော်ခေါ်လာတဲ့ ကျနော်တို့ ရပ်ကွက်ထဲက ကိုဝင်းမြင့်(ကျဆုံး) ဦးဆောင်တဲ့ လူငယ်တွေက အင်အားအပြည့်နဲ့ နေရာယူလို့ပေါ့။ ကျောင်းဝင်ပေါက်နှင့် မိန့်ခွန်းစင်ရှေ့ကို လူးလားခေါက်ချည် သွားလိုက်ပြန်လိုက်နဲ့ ကျနော်အလုပ်များနေချိန်မှာပဲ မိန့်ခွန်းစင်ပေါ်ကနေ '' ဟုတ်ကဲ့...ကျနော် မင်းကိုနိုင်ပါ '' လို့ အောင်မြင်စွာ ထွက်လာတဲ့ အသံပိုင်ရှင်ကို လှမ်းကြည့်လိုက်တော့..........

ကျနော့်ဇက်ကလေးပုသွားသလို ပါးစပ်လည်း ဟောင်းလောင်းပွင့်သွားမိတယ်။ အောင်မလေးဗျာ ကိုမင်းကိုနိုင်ဆိုသည်မှာ ကျနော်၏ ကိုပေါ် ဖြစ်နေပါရောလား။
https://www.facebook.com/notes/ye-min-tun/%E1%81%BE%E1%80%80%E1%80%B6%E1%80%B3%E1%80%81%E1%80%B2%E1%80%B7%E1%80%9B%E1%80%90%E1%80%B2%E1%80%B7-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%B1%E1%80%81%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%81%81/291017364260248?mid=54
၁၀၁ လမ်းမှာ မင်းကိုနိုင် ဆိုတာ ကလောင်အမည်တခုလိုပဲ သိထား သဘောထား မိတယ်။ ဘယ်သူမှန်း မသိသလို မေးလည်းမမေးမိပါဘူး။ ကျနော်တို့ ခေတ်က ထုံပုံ အ ပုံများ အခုလူငယ်တွေ ရယ်မှာပဲ။

ပွဲပြီးတော့ အဲဒီနေ့က ၁၀၁ လမ်းအိမ်ကို ကိုပေါ် ပြန်လိုက်မလာပါဘူး။ အိမ်ပြန်ရောက်တော့ ကျနော်က '' သြော်... ကိုမင်းကိုနိုင်ဆိုတာ ကိုပေါ် ပါလား'' လို့ပြောလိုက်တော့ မစပယ်(မမိုးမြစပယ်အေး) က ကျနော့်ကို ခေါင်းခေါက်တယ်။ အဲဒီလောက်တောင် ထုံရလားတဲ့။

ဘယ်သိမလဲဗျာ........မဆလ လက်ထက်မှာ ကြီးလားတဲ့ ကျနော်တို့အတွေ့ကြုံအရဆိုရင် ကျနော်သိထားတဲ့ လူကြီးဆိုတာ(ခေါင်းဆောင်ဆိုတာ) နည်းနည်းတော့ ထူးခြားရမယ်၊ အာဏာပြရမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ခေါင်းဆောင်ရဲ့ ဟိတ်ဟန်မရှိမှု၊ အားလုံးနဲ့ တသားတည်းကျအောင်နေထိုင်တတ်မှုတွေကြောင့် ဘာမှမသိတဲ့ ၁၆ နှစ်သား ငအူလေး ကျနော်ဟာ တကယ့်ခေါင်းဆောင်ကောင်းတယောက်ရဲ့ အရည်အချင်းတွေထဲက တခုကို မှတ်မှတ်ရရနဲ့ ထိုက်ထိုက်တန်တန်ကို သိမြင်ခွင့်ရလိုက်ပါတယ်။



နောက်တော့ ကျောင်းသားသမဂ္ဂရုံးကို ရန်ကုန်ဆေးရုံကြီးမှာလုပ်တဲ့ အချိန်၊ မှတ်မှတ်ရရပါပဲ ၊ ကိုပေါ်က ဆေးရုံကြီး အပေါ်ထပ်မှာ လူမရှိတဲ့ သုံးထပ် အဆောင်တခုမှာ အသည်းရောင်နေလို့ ဆေးသွင်းနေရတယ်။ ကုတင်ပေါ်လှဲနေတဲ့ ကိုပေါ်က နယ်လွှတ်မယ် သွားမလားဆိုတော့ ကျနော်အားရ၀မ်းသာနဲ့ ဟုတ်ကဲ့ အကိုလို့ ပြန်ပြောလိုက်တယ်။ သာယာဝတီ သုံးဆယ်ဖက်မှာ မဟာဗျုဟာသပိတ်တပ်ရင်းဆိုပြီး လှုပ်ရှားနေတဲ့ နယ်ခေါင်းဆောင် ကိုဂျော်လီထွန်းဆီ စာတစောင်သွားပို့ ပေးဖို့ ကျနော့်ကို ခိုင်းတာပါ။ စာလေးတစောင်အတွက် အခုခေတ်လို အင်တာနက်မရှိတော့ လစ်ရတာပေါ့ဗျာ။

ကျနော့်က သူငယ်ချင်း ကိုပူစီ(အမည်ရင်းကိုရေးရန် ကာယကံရှင်နှင့် မတွေ့တာကြာနေလို့ သူ့အမည်ပြောင်ကို သုံးလိုက်ပါတယ်)ရဲ့ ဆွေမျိုးတွေက သာယာဝတီဖက်မှာ နေလို့ ကျနော်အတွက်နယ်ခံရှိ ဖြစ်ရအောင် သူ့ခေါ်သွားလိုက်ပါတယ်။ ကိုပေါ်ရေးပေးလိုက်တဲ့ စာကို သေသေချာချာ ဂရုတစိုက် ယူသွားပြီး သာယာဝတီမြို့ပေါ်က ကိုဂျော်လီထွန်း တို့သပိတ်တပ်ဆွဲထားတဲ့ မဆလပါတီယူနစ်ရုံးမှာ ကိုဂျော်လီထွန်း ကိုသွားတွေ့ပြီး စာပေးလိုက်ပါတယ်။ အဲဒီ့မှာတင်ပဲ ကိုဂျော်လီထွန်းက စာဖတ်ပြီးနောက် ဗြုန်းဆို ကျနော်တို့ကို ဖမ်းထားလိုက်ရောဗျာ။ မင်းတို့ဘာကောင်တွေလဲ ဘာညာနှင့်ဆိုပြီး မကျေမနပ်တွေလည်း ဖြစ်လို့ပေါ့။

ကံကောင်းလို့ ကျနော်အဖေါ်ခေါ်သွားတဲ့ ကိုပူစီ့ ဆွေမျိုးတွေက ၀ိုင်းဝန်းပြီး ကျောင်းသားတွေပါ အာမခံလို့ နည်းနည်းသက်သာရာရသွားပြီး ကျနော်တို့ကို အဲဒီ့ရုံးထဲမှာ အကျယ်ချုပ်သဘောမျိုး ထိန်းသိမ်းထားလိုက်ပါတော့တယ်။ ကျနော် နယ်ခံကို ရွေးခေါ်လာခဲ့မိလို့ တော်သေးတာပေါ့ဗျာ။ သူတို့ကတော့ စုံစမ်းမယ်၊ ရန်ကုန်က အကြောင်းမပြန်ရင် မင်းတို့ကို သတ်မယ်တဲ့။

ဒါနဲ့ပဲ ကျနော်လည်း အဲဒီအချိန်က ဗကသ ကို ဆက်သွယ်လို့ ရတဲ့ ဖုန်းလို့ နာမည်ကြီးနေတဲ့ ကိုတင်ဌေး (၁၀၁)လမ်း အိမ်ဖုန်း နံပါတ်ပေးလိုက်ရတယ်။

နောက်တော့မှာ ရန်ကုန်နှင့် ပြောဆိုပြီး ဆရာသမားကိုဂျော်လီထွန်းက ကျနော်တို့ကို ကျောင်းသားတွေဆိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ကျနော်သဘောပေါက်တာက ကိုဂျော်လီထွန်းက ကိုပေါ်ရေးပေးလိုက်တဲ့ အကြမ်းမဖက်ဖို့နှင့် ပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းဖို့ တိုက်တွန်းတဲ့ စာကို နည်းနည်းဘ၀င်မကျဘူး သြဇာပေးတယ်လို့ ယူဆပုံရတယ်။ ကျနော့်ကို ပြန်ပြောလိုက်တဲ့ စကားတွေအရ ကောက်ချက်ချတာပါ။



ကျနော်တို့ရန်ကုန်ပြန်ရောက်တော့ အားရ၀မ်းသာ ကိုဂျော်လီထွန်းတို့ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းရလာကြောင်း ကိုပေါ် ကို ပြောတော့ ကျနော့်ကိုပေါ်က ထုံးစံအတိုင်း မရှိနွမ်းပါးသူတွေကို ပေးလိုက်တဲ့။ ဘယ်သူမှ မသုံးနဲ့တဲ့ဗျာ။ ဒါနဲ့ကျနော်လည်း လမ်းဘေးမှာ တွေ့တဲ့ အဘိုးကြီးအဖွါးကြီးတွေကို နေရှင်နယ်ထမင်းပေါင်းအိုးတို့ ဓါတ်ဘူးတို့ပေးလိုက်ရတာပေါ့။ သူတို့ကတော့ ကျနော့်ကို ကျေးဇူးတင်လိုက်ကြတာ။ တကယ်ကျေးဇူးတင်ရမှာက ကိုပေါ့်ကိုပါ။

တကယ်ဆို ကျနော်တို့အဖွဲ့စတည်းချတဲ့ ၁၀၁ လမ်းအိမ်ရဲ့ ထမင်းပေါင်းအိုးက သိပ်မကောင်းတော့ဘူးလေ။

ကလေးသာသာရှိသေးတဲ့ ကျနော်ကတော့ ငါတို့အဖွဲ့အတွက် ပေါင်းအိုးရပြီဆိုပြီး ဝမ်းသာအားရယူလာတာပဲ။ဒီရောက်တော့ကိုပေါ့်စကားကို မလွန်ဆန်ရဲလို့ သာ သူပြောတဲ့ အတိုင်းလုပ်ခဲ့ရတာ။ ဒါပေမယ့် နောင်တချိန်ကျမှပဲ နိုင်ငံတော်ပိုင်ပစ္စည်းကို ကျနော်တို့ တရားမ၀င် သုံးစွဲတာကိုမကြိုက်လို့တားမြစ်တဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ရဲ့ ပြတ်သားကင်းရှင်းမှု ကျနော် သဘောပေါက်မိပါတယ်။



ကိုပေါ်က မာန်မာနမရှိတဲ့ ခေါင်းဆောင်ပါ။ ကျနော်တို့ကို ဒလမြို့မှာရှိတဲ့ မနီလာကဖိတ်လို့ ဒလသစ်တောဝင်းထဲမှာ ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ အနေအထားမျိုးမဟုတ်ဘဲ အစိုးရ၀န်ထမ်းတွေကို တရားသွားဟောဖူးပါတယ်။ ကိုပေါ့် နိုင်ငံရေးတရားကို နားထောင်ပြီး အကုန်လုံး ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ကုန်တာ ကျနော့်မျက်မြင်ပါ။



ကိုပေါ် အမြဲတမ်း ပြည်သူတွေအတွက် ပူပင်သောကရှိတယ်။ သူဟာ တာဝန်ရှိတဲ့ အာဏာပိုင်တယောက် မဟုတ်ပေမယ့် သူ့ကိုယ်သူ ပြည်သူတွေအတွက် တာဝန်ယူထားတဲ့ ပြည်သူ့ဖက်က ရပ်တည်တဲ့ ကျောင်းသားခေါင်းဆောင်ပါ။ စီမံကိန်းရပ်ကွက်ကလူတွေကိုနှင့် ခေါင်းဖြတ်မှုဖြစ်ကြတော့လဲ ကိုပေါ် ငွေကြာယံ ကျောင်းတိုက်ကို လိုက်သွားပြီး။ သံဃာတော်တွေတောင် ထိန်းမရတော့တဲ့ လူအုပ်ကြီးကို လိုက်လံတားမြစ်တဲ့ အလုပ် အန္တရာယ်များလှတတာကို ကိုပေါ် မကြောက်မလန့်လုပ်တာ။ လိုက်ပါသွားတဲ့ ကျနော့်ဂုတ်တွေယားနေတာ ကျနော်ငယ်ကလဲငယ်တော့ တော်တော်ကြောက်တာ။ သွေးဆူနေတဲ့ လူအုပ်ကြီးလက်က သတ်မယ့် လူတွေကို တောင်းယူရတာ ကျနော်ဖြင့် ကြောက်လိုက်တာဗျာ။ တိုးမပေါက် ကျပ်ညပ်နေတဲ့ ဓါးကိုယ်စီ လူတွေထဲ တိုးပြီး။ အဆင်ပြေစွာဖြင့် လူအုပ်ကြီးထံက အသက်ခံရတော့မယ့်။ မဆလပါတီ ထောက်လှမ်းရေးက ဆေးကြွေးပြီး ရပ်ကွက်မီးလိုက်ရှို့ ခိုင်းလိုက်တဲ့ စစ်မှုထမ်းဟောင်းတွေ အသက်ခံရမဲ့ ဆဲဆဲ အသက်ကို ပြန်ရလိုက်ပါတယ်။ ကိုပေါ်ဟာ ပြည်သူ့အချစ်ကိုရတဲ့ ပါရမီရှင် ခေါင်းဆောင်တဦးပါ။ သူစကားပြောလိုက်ရင် အကုန်ငြိမ်းချမ်းသွားရတယ်။



ကျနော်ကိုပေါ့်ကို ချစ်တဲ့ အခြားအချက်တခုရှိပါသေးတယ်။ အဲဒါက ကိုပေါ့် ကိုနောက်ပိုင်းမှာ စီးပွါးရေးလုပ်ငန်းရှင် တဦးက( အမည်မဖေါ်တော့ဘူး) ကားစီစဉ်ပေးထားတော့ သွားလေရာ ကားနှင့် ဖြစ်လိုက်ပါသေးတယ်။ ကိုပေါ်အဲလိုဖြစ်နေတဲ့ကာလမှာ ကျနော်နှင့် ကျနော်တို့ သူငယ်ချင်းသုံးရောက် ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်း မီးပွိုင့်မှာ လမ်းဖြတ်ကူးနေတာကိုလည်း သူတွေ့ရော ချက်ချင်းပဲ ကားကို ပြန်လှည့်ခိုင်းပြီး ကျနော်တို့ကို ကားပေါ်အတင်းတက်ခိုင်းပါတော့တယ်။ တနေကုန်နေပူထဲ သွားလာလို့ နံစော်နေတဲ့ ကျနော်တို့ကို

နေရာမဆန့်ပေမယ့်လည်း ကျပ်ကျပ်တည်းတည်း တိုးဝှေ့တင်ပြီး ကျနော်တို့ သွားမယ့် နေရာကို လိုက်ပို့ပါတယ်။ ကားပေါ်မှာလည်း ကိုပေါ်ကကျနော့ကို ချစ်ခင်ဖေါ်ရွေစွာ တလမ်းလုံး လည်ပင်းဖက်ထားလေတော့ ကားပိုင်ရှင်ခင်မြာ မနှစ်မြို့တဲ့ မျက်နှာပေးနဲ့ပဲ ကျနော်တို့ တလေးတစား ဆက်ဆံခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။

အာဏာမသိမ်းခင် တညအလိုမှာ ဆေးလိပ်ခုံတခုမှာ ကျနော်ကို ခေါ်တွေ့ပြီး။ ကိုပေါ်က လပွတ္တာမြို့ကို ဆန်အိတ်တွေ သယ်ဖို့ တာဝန်ပေး လွှတ်လိုက်လို့ ကျနော် အာဏာသိမ်းတဲ့နေ့က ရန်ကုန်မြို့ လမ်းမပေါ် ရှိမနေပါဘူး။ ဒါပေမယ့် ဧရာဝတီမြစ်ထဲမှာ ကိုစိန်ဖေတင်၊ ပေါက်စီတို့ နှင့် ကျနော်တို့ တာဝန်ခံပြီး ဧရာဝတီကော်ပရေးရှင်းက ထုက်သွားတဲ့ ဗညားဒလ သဘောင်္တစီးနှင့် (၁၅) ရက်လောက် စစ်တပ်နှင့် နဘန်းလုံးနေတဲ့ အဖြစ်လဲရေးပါ့မယ်။ ရန်ကုန်က မရှိဆင်းရဲသားတွေအတွက် ဆန်ဝေမယ့် အစီစဉ်နှင့် ဆန်သယ်သွားတဲ့ ကျနော်တို့ကို စစ်တပ်က လိုက်လံ သတ်ဖြတ်ဖို့ ကြိုးစားပြီး ဆန်တွေသိမ်းယူသွားတဲ့ အကြောင်းပါ။





ကျနော်စဉ်းစားပြီး ဆက်ရေးပါဦးမယ်။ နောက်ပိုင်း အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးကာလတွေမှာ ကျနော်နဲ့ ကိုပေါ်အတွက် အမှတ်တရတွေ ရှိပါသေးတယ်။ ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၂) ဆိုပြီး ဆက်ရေးပါဦးမယ်။



ကျနော်ကိုယ်တွေ့ မင်းကိုနိုင် ဆိုတဲ့ ခေါင်းဆောင်က ဘယ်လိုလူသားလဲဆိုတာကို မသိသေးတဲ့ ညီငယ် ညီမငယ်များကို အထူးပြုပြီး ရေးခြင်းဖြစ်ပါတယ်။



ခင်မင်လေးစားလျက်

ရဲမင်းထွန်း

၂၀၁၁ နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးပွဲ ကျင်းပ

စနေ, 10 ဒီဇင်ဘာ 2011

By ဗွီအိုအေ (မြန်မာဌာန)

ဓာတ်ပုံ AP
၂၀၁၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြတဲ့ လိုက်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf (၀ဲ)၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေးလှုပ်ရှားသူ Leymah Gbowee (လယ်) နဲ့ ယီမင် လူ့အခွင့်အရေး လှုပ်ရှားသူ Tawakkol Karman (ယာ)။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)
မတရားမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အတွက် ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ယီမင်နိုင်ငံက အမျိုးသမီးတစ်ဦးနဲ့ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးနှစ်ဦးကို ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။ ဆုချီးမြှင့်တဲ့အခမ်းအနားကို မနေ့က နော်ဝေနိုင်ငံ မြို့တော် အော်စလိုမှာ ကျင်းပခဲ့ပါတယ်။
လိုက်ဘေးရီးယားသမ္မတ အီလင်း ဂျွန်ဆင် ဆာလိဖ်၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေး လှုပ်ရှားသူ လီမက်ခ်ျ ဂဘိုးဝီ နဲ့ ယီမင်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ တ၀ါကူးလ် ကာမန် တို့ကို အော်စလိုမြို့တော်ခန်းမမှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ အထွေထွေ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးတွေ အတွက် အခုဆုရခဲ့ကြတဲ့ အမျိုးသမီးတွေက သက်သေထူနေပါတယ်လို့ နော်ဝေ နိုဘဲလ်ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
မစ္စစ်ဆာလိဖ်ဟာ အာဖရိကတိုက်မှာ ၂၀၀၅ ခုနှစ်တုန်းက ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဖြစ်ပါတယ်။ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံပြီး မြင့်မားလာစေရေး၊ ငြိမ်းချမ်းရေးတို့အတွက် သူ့ရဲ့ဆောင်ရွက်မှုတွေအတွက် အများက ချီးကျူးတာကို ခံခဲ့ရတာပါ။
လီမက်ခ်ျ ဂဘိုးဝီ ကတော့ ၁၄ နှစ်ကြာ လိုက်ဘေးရီးယား ပြည်တွင်းစစ်အဆုံးသတ်ရေး အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဆန္ဒပြဖော်ထုတ်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်လာအောင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
တ၀ါကူးလ် ကာမန် ကတော့ ယီမင်နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်ပြီး သတင်းသမား တစ်ဦးလည်း ဖြစ်ပါတယ်။ သူက အသက် ၃၂ နှစ်ပဲ ရှိသေးတာမို့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေထဲမှာ အသက်အငယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ပထမဆုံး အာရပ်အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်ပါတယ်။ ယီမင်နိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေမှာ သူက ခေါင်းဆောင်တဲ့ နေရာတွေက ပါဝင်ခဲ့တာပါ။
အမေရိကန် ဒေါ်လာ ၁.၅ သန်းလောက် တန်တဲ့ ဆုချီးမြှင့်ငွေကို ဆုရရှိကြတဲ့ အမျိုးသမီးသုံးဦး ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

နိုဘဲလ် ဆုပေး ပွဲ ကျင်းပ
by FNG on December 11, 2011http://freedomnewsgroup.com/2011/12/11/nobel-peace-prize-award/
li-nobel-ceremony-620-rtr2vFNG ၊         ၊အာဖရိက တိုက်၏ ပထမ ဦးဆုံး အမျိုးသမီး နိုင်ငံ ခေါင်းဆောင် အဖြစ် တာဝန်
ထမ်းဆောင် နေသည့် လိုင်ဘေးရီးယား သမ္မတ အယ်(လ)လင် ဂျွန်ဆင် ဆာလိဖ် ၊ လိုင်ဘေးရီး
ယား နိုင်ငံ သူ ငြိမ်းချမ်း ရေး လှုပ်ရှား မှု ခေါင်းဆောင် လေးမာဂဘောဝီ နှင့် ယီမင်နိုင်ငံ မှ
တ၀ါကူးလ် ကားမန်း ဆိုသည့် တက်ကြွ လှုပ်ရှား သူ နှင့် သတင်းထောက် အမျိုး သမီးသုံးဦး တို
သည် ယနေ့  နော်ဝေ နိုင်ငံ အော်စလို မြို့ တွင် ကျင်းပသည့် နိုဘဲလ် ဆုပေး ပွဲ ဉ် တက်ရောက်
လက်ခံ ရ ယူ ခဲ့ ပြီး ကျေးဇူးတင် မိန့် ခွန်းစကား ပြောကြား ခဲ့ သည်။
၂၀၁၁ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် များ အဖြစ် အဆိုပါ အမျိုးသမီး ၃ ဦး ကို  နော်ဝေ နိုင်ငံ
အော်စလိုမြို့  ရှိ ဆုရွေးချယ် ရေး ကော် မတီ က အောက်တိုဘာလ ၇ ရက်နေ့  ကြေ ငြာ သတင်း
ထုတ် ပြန် ခဲ့ သည်။
ယနေ့  ဆုချီးမြင့်  ခံရ သူများ သည် ၎င်းတို့  ၏ အမျိုးသမီး များ  အခွင့် အရေး နှင့် လုံခြုံမှု
အတွက် အကြမ်း  မဖက် ဘဲ တိုက်ပွဲ ၀င် မှု၊ အာဏာရှင် ဆန့် ကျင်မှု ၊တရားမျှ တမှု မရှိ ခြင်း
တိုက်ဖျက်မှု ၊ ငြိမ်းချမ်းရေး တည်ဆောက် မှု လုပ်ငန်း စဉ်များ တွက် အမျိုး သမီးများ အပြည့်
အ၀ ပါနိုင်ခွင့် ရ အောင် စွမ်းစွမ်း တမံ ကြိုးပမ်း အား ထုတ် မှုကြောင့် ရရှိ ခြင်း ဖြစ်သည် ဟု
နိုဘဲလ် ဆု ရွေးချယ် ချီးမြှင့် ရေး ကော်မတီ က ဘီဘီစီ သတင်းဌာန သို့  ပြောသည်။
နိုင်ငံ တွင်း အစိုးရ ဆန့် ကျင်ရေး အုံ ကြွ မှု များ ဉ် လက်နက် ကိုင် ဖြေရှင်း မှု အထိ ပါဝင် နေသည့်
ယီမင် နိုင်ငံ တွင် အမျိုးသမီး အခွင့် အရေး နှင့် ငြိမ်းချမ်းရေး ကို တက်ကြွ စွာ ဆောင် ရွက် သည့်
တ၀ါကူးလ် ကားမန်း သည် ယီမင် သမ္မတ ဆာလေး ကို ဆန့် ကျင် သည့် လူထု အုံကြွ မှုများ
ဉ် တက္ကသိုလ် ကျောင်း သား များ ကို စည်း ရုံး စတင် ခဲ့ သူ ဖြစ်သည်။
တ၀ါကူး ကားမန်း သည် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရရှိ သူများ တွင် အသက် အငယ် ဆုံး ဖြစ်ပြီး
အသက် ၃၂ နှစ် သာ ရှိ သေး သည်။ ကားမန်း သည် သူမ ၏ နိုင်ငံ တွင်း ဉ် နိုင်ငံရေး အကျဉ်း
သားများ လွတ်မြောက် အောင် စွမ်းဆောင် ခဲ့ သည့် ဂျာနယ်လစ် တစ်ဦး ဖြစ် ပြီး မကြာခဏ
သတ် ပစ် မည် ဟု ခြိမ်းခြောက် ခံရ သူ လည်း ဖြစ်သည်။
၎င်းတို့  ၃ ဦး သည် ဆုကြေး ငွေ ဒေါ်လာ တစ်သန်း ခွဲ ကို တစ်ယောက် ငါးသိန်း စီ ခွဲဝေ ယူရမှာ
ဖြစ်သည်။
ယနေ့ နိုဘဲလ် ဆုပေး ပွဲ အခမ်းအနား သို့  ဆေးပညာရပ်၊ စာပေ၊ ဓာတုဗေဒ၊ စီးပွားရေး  နှင့် ရူပ ဗေဒ
ပညာရပ် နယ်ပယ် များ တွင် ဆု ရရှိသူ များ လည်း တက်ရောက် လက်ခံ ရယူကြ သည်။
အဆိုပါ ဆုပေး ပွဲ ကို နှစ်စဉ် ဒီဇင်ဘာ လ ၁၀ ရက်နေ့ တွင် ချီးမြှင့် သည်။ နိုဘဲလ် ဆုကို ချီးမြှင့်
ရန် စတင် စီစဉ် ခဲ့ သည့် အလ်ဖရက် နိုဘဲလ် ၁၈၉၆ ခုနှစ် တွင် ကွယ်လွန် သည့် နေ့ လည်း ဖြစ်
သည်။
မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကိုအာ
ရှိ တိုက် မှ ပထမ ဦးဆုံး  ရရှိ သော အမျိုး သမီး ဖြစ်ပြီး ယမန်နေ့ က သူမ နိုဘဲလ်ငြိမ်း ချမ်းရေး
ဆု ရရှိ ခြင်း  နှစ် နှစ်ဆယ် ပြည့် ကို ကျင်းပခဲ့ သည်။

ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံ ခေါ်မယ်လို့ အစိုးရကိုယ်စားလှယ်ပြော

2011-12-10

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲပြီးသွားတာနဲ့ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံတခုကို ခေါ်ယူမှာဖြစ်တယ်လို့ မြန်မာအစိုးရက ကတိပေးခဲ့ကြောင်း SSA (တောင်ပိုင်း) တပ်ဖွဲ့က RFA ကို ပြောပါတယ်။


SSA (တောင်ပိုင်း) တပ်ဖွဲ့အဖြစ် လူသိများတဲ့ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနဲ့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်မှာ အစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုလိုက်တာ ဖြစ်တယ်လို့ SSA (တောင်ပိုင်း) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ပြောပါတယ်။

“နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါပေမယ့် အစိုးရဘက်က ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို ပင်လုံထက် ကောင်းတဲ့ အမျိုးသားညီလာခံကြီး တရပ်ကို ကျင်းပပေးမယ်လို့ ကျနော်တို့ကို ပြောသွားပါတယ်။ ဆိုတော့ အဲဒီ ညီလာခံကျင်းပဖို့အတွက် အားလုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အားလုံးသော အတိုက်အခံ အဖွဲ့အစည်းတွေ အစိုးရနဲ့ ပြေလည်ဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်း ဆိုရင်လည်း အရင်ဆုံး အပစ်အခတ်ရေးတွေ လုပ်ဆောင်ဖို့လိုတာကြောင့် သူတို့ကို စောင့်နေရပါအုံးမယ်လို့ ပြောသွားပါတယ်”

တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်မှာ အပစ်အခတ်ရပ်စဲရေး ဆက်သွယ်ရေးရုံး ထားရှိရေး၊ လက်နက်မကိုင်ဘဲ လွတ်လပ်စွာ သွားလာနိုင်ရေး၊ နိုင်ငံရေးကိစ္စတွေကို ပြည်ထောင်စုအဆင့်မှာသာ ဆွေးနွေးရေး စတာတွေကို အစိုးရဘက်က တင်ပြခဲ့ပြီး SSA (တောင်ပိုင်း) ဘက်ကတော့ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာတွေကို လွတ်လပ်စွာ ဖြေရှင်းရေး၊ SSA(တောင်ပိုင်း) ဗဟိုဌာနချုပ် နေရာ သတ်မှတ်ပေးရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ နှစ်ဘက်စလုံးက အဲဒီ တင်ပြချက်အားလုံးကို သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

SSA (တောင်ပိုင်း) က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တကယ်လို့ အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကနေ သွေဖည်ပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ပိတ်ပင်တားဆီးတာတွေ ဆက်လုပ်နေမယ် ဆိုရင် SSA (တောင်ပိုင်း) အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

http://www.rfa.org/burmese/news/ssa-government-12102011095623.html

မြန်မာပြည်ဖိနပ်စီးနိုင်ပါစေ







Nobel Peace Laureate stresses the importance of Peace

Burma VJ Media Network

မြန်မာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ က သူမနိုဘယ်ဆုရရှိချိန်က ၀ိုင်းဝန်းထောက်ခံခဲ့ကြသော ကျောင်းသားလူငယ်များကို အသိအမှတ်ပြုပြီး အချင်းအချင်းအပြန်အလှန်မုဒိတာပွားတတ်ဖို့ လိုကြောင်းနှင့် မိမိတဦးတည်းကို ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် အသိအမှတ်ပြုနေခြင်းမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်နေသူ အားလုံးကိုလည်း အသိအမှတ်ပြု လေးစားရန် နှစ်၂၀ပြည့် နိုဘယ်ဆုရရှိခြင်းဂုဏ်ပြုအခမ်းအနားတွင်ပြောကြားလိုက်သည်။