Friday, December 16, 2011
ဒုတိယအကြိမ် ဗိုလ်ချုပ်ရုပ်ရှင် အစည်းအဝေး မှတ်တမ်း
Bogyoke Aung San Movie page မှ
;">
ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဆရာကြီးဒဂုန်တာရာအား မေးမြန်းနေစဉ်......
မောင်စိမ်းနီ၊ဒဂုန်တာရာ၊ဘကြီးမိုး၊ကြည်ဖြူရှင်
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး စတင်ဆောင်ရွက်ပါပြီ။
by Maung Wuntha on Friday, December 16, 2011 at 1:31pm
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး စတင်ဆောင်ရွက်ပါပြီ။
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စိတ်ကူးလေးတစ်ခုဆိုပြီး မကြာသေးခင်က ကျွန်တော့် Facebook မှာ တင်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီစိတ်ကူးလေးကို မိတ်ဆွေအချို့က ၀ိုင်းဝန်းထောက်ခံအားပေးကြပါတယ်။
တချို့က ရန်ပုံငွေ လှူဖို့ကတိပြုကြပါတယ်။
၁၁ ဒီဇင်ဘာ ၂၀၁၁ ညနေမှာတော့ ရန်ကုန် ပန်းဆိုးတန်း နန်းယုဟိုတယ်မှာ ကျင်းပတဲ့ မိတ်ဆုံပွဲမှာ ကျွန်တော်က အဲဒီစိတ်ကူးကို တင်ပြလိုက်ပါတယ်။ မိတ်ဆုံပွဲက ဆရာဦးဝင်းတင်ရဲ့ လုပ်ဖော်ကိုင်ဖက် ကွယ်လွန်သူ ကြေးမုံ ဦးစိုးနိုင်ရဲ့သား မေတ္တာမိုး ကိုမောင်မောင်နိုင်က ဧည့်ခံတဲ့ ပွဲပါ။ ဆရာဦးဝင်းတင်ကို အကြောင်းပြုပြီး မိတ်ဆွေတွေကို  နှစ်စဉ် ဧည့်ခံခြင်းဖြစ်ပါတယ်။
ဆရာဦးဝင်းတင်ဟာ ယခုလည်း သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ဘယ်လက်က ၀င်တာကို ညာလက်က ပြန်ထုတ်သလို ပြန်လည် လှူဒါန်းနေတာပါပဲ။ ဒါကြောင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ်ပိုကျသွားမယ်။ တကယ်လိုအပ်နေသူတွေကို ကူညီထောက်ပံ့နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်က တင်ပြပါတယ်။
ထောင်ထဲမှာ နှစ် ၂၀ နေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကြီး ဦးဝင်းတင်ရဲ့ အထိမ်းအမှတ် ဖောင်ဒေးရှင်းဖြစ်လို့ အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ သက်သာချောင်ချိရေးကို ဦးစားပေးသင့်တယ်။ တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦး (ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်) ကို လူငယ်များက ကန်တော့တဲ့ပွဲမှာ ဆရာဦးဝင်းတင်က နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးသာမက နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ဘ၀တွေ ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်သင့်တယ်လို့ ပြောခဲ့တာဟာ ကျွန်တော့်ရဲ့ စိတ်ကူးကို ပိုပြီးအားကောင်းသွားစေပါတယ်လို့ ပြောပါတယ်။
ထမင်းစားပွဲ တက်ရောက်သူအားလုံးက ထောက်ခံဆွေးနွေးကြပါတယ်။ NLD ဦးအုန်းကြိုင်က ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အတွက်ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်လို့ ထပြောပါတယ်။
သတင်းစာဆရာတွေထဲက လူမှုဘ၀ချို့တဲ့နေသူများကိုပါ  ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ကူညီသင့်တယ်လို့ ဆွေးနွေးသူအချို့လည်ူး ရှိပါတယ်။ ဆရာဦးဝင်းတင်က အဲဒီဆွေးနွေးချက်ကို ထောက်ခံပါတယ်။
မိမိအနေနဲ့ နိုင်ငံရေးပါတီ တာဝန်ရှိနေတဲ့အတွက် ကိုယ်တိုင်ဦးစီးပြီး ဖောင်ဒေးရှင်းထူထောင်တာတော့ မလုပ်နိုင်ကြောင်း၊ သို့ပေမယ့် လုပ်ဖော်ကိုင်ဖက်ဟောင်းများနဲ့ မိတ်ဆွေများက ကြီးမှူးပြီး လုပ်ချင်ကြတယ်ဆိုရင်ဖြင့် မိမိအနေနဲ့ ခွင့်ပြုပါကြောင်း၊ ဖောင်ဒေးရှင်းကလုပ်မှာကလဲ မိမိ ယခုလက်ရှိလုပ်နေတာတွေကိုပဲ ပိုပြီး ကျယ်ပြန့်တဲ့အသွင်သဏ္ဍာန်နဲ့ လုပ်သွားကြမှာ ဖြစ်လို့ သဘောတူကျေနပ်ပါတယ်လို့  ပြောသွားပါတယ်။
အဲဒီထမင်းစားပွဲမှာ သတင်းစာဆရာတွေအများစုပါပေမယ့် လက်ရှိ လူငယ်ခြေတက်အဖြစ် သွက်သွက်လက်လက် လှုပ်ရှားနေသူထဲကတော့ ကိုဦးဆွေတစ်ယောက်ကိုပဲ တွေ့လို့ ``ကိုဦးဆွေရေ- သတင်းတော့မရေးနဲ့ဦးနော်၊ ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ ဖွဲ့ပြီးရင် အန်ကယ် သတင်းထုတ်ပြန်ချက် ရေးပေးမယ်။ အဲဒီတော့မှ ရေးပါ´´လို့ သတိပေးလိုက်ပါသေးတယ်။
ဒါက ထုံးစံအတိုင်း ပြောလိုက်တာပါ။ ဒီခေတ်လူငယ်ခြေတက်တွေအကြောင်း ကျွန်တော် သိပ်သိသပေါ့ဗျာ။  ဒီလောက်ပြောလိုက်ရုံနဲ့ ဘာရလိမ့်မလဲ။ ယခုအပတ်ထွက်တဲ့ ဂျာနယ်တွေမှာ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဖွဲ့စည်းမည့်သတင်းတွေ ပါလာပါပြီ။ ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးလုပ်ပြီး ရေးတဲ့သတင်းတောင်ပါလိုက်သေး။ ဆရာကတော့  စိန်ခေါ်ရင် တိမ်ပေါ်လိုက်မယ်ဆိုတဲ့လူမျိုးဆိုတော့ အမေးရှိရင် အဖြေပေးဖို့ အသင့်ပဲပေါ့။ သည်တော့ ကျွန်တော်ကလဲ လုပ်ဆောင်ပြီးသလောက်ကိုတော့ ပြောသင့်ပြီလို့ ဆုံးဖြတ်ပြီး အခု ကျွန်တော့် ဖေ့စ်ဘွတ်ကနေ အစီရင်ခံခြင်း ဖြစ်ပါတယ်။
ဒီရက်ထဲမှာ ကျွန်တော်နဲ့အတူ ဆော်သြရေးလုပ်နေတဲ့ ရွှေပြည်တန် ကိုကျော်အောင်နဲ့တိုင်ပင်ပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းနာယကများနဲ့ ဦးဆောင်အဖွဲ့ဝင်များ လျာထားစာရင်းတစ်ခု ပြုစုဖြစ်ခဲ့ပါတယ်။
စာရင်းမှာ ဖော်ပြထားသူတွေထဲက မပါဝင် မပတ်သက်လိုသူများ ကျွန်တော့်ထံ အမြန်အကြောင်းကြားနိုင်ပါတယ်။  စာရင်းက ချက်ချင်း ဖယ်ရှားပေးပါမယ်။ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှာ စိတ်ရောကိုယ်ပါ ပါဝင်တာဝန်ယူဆောင်ရွက်လိုသူများ ရှိရင်လဲ စာရင်းပေးနိုင်ပါတယ်။ ဖြည့်စွက်ဖော်ပြပေးပါမယ်။
လက်ရှိလျာထား စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း
နာယကများ
၁။ ဒဂုန်တာရာ
၂. သခင်သိန်းမောင် (၀ါးခယ်မ)
၃။ ကြေးမုံဦးသော်
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ
၎။ ဦးအုန်းထွန်း ၀၁ ၅၇၈၀၂၇
၅။ ဦးမောင်မောင်ခင် ၀၁ ၆၄၆၂၄၄
၆။ မောင်မိုးသူ ၀၁ ၃၇၆၄၃၅
၇။ ဦးသာဘန်း ၀၁ ၅၀၃၉၆၄
၈။ မောင်ဝံသ ၀၉၅၀၄၀၉၉၄
၉။ ဦးအံ့မောင် ၀၁ ၅၆၃၁၀၆
၁၀။ ဦးကိုကိုကြီး ၀၉၅၁၆၂၄၃၇
၁၁။ ဦးအုန်းကြိုင်  ၀၉၄၃၀၂၇၃၇၆
၁၂။ ဦးသိန်းတန် ၀၁၂၂၄၃၂၈
၁၃။ ဦးအုန်းမောင် ၀၁ ၆၆၄၅၁၅
၁၄။ ဦးငြိမ်းချမ်း (ညီပုလေး) ၀၂ - ၃၉၇၁၇ / ၆၀၁၃၆
၁၅။ ဖျာပုံနီလုံဦး ၀၁ ၇၂၆၉၆၃
၁၆။ ဦးကျော်အောင် ၀၉၅၀၂၆၄၅၀
၁၇။ ဦးစိန်ရွှေ ၀၉၅၁၄၈၃၄၂
၁၈။ ဦးရဲထွဋ် ၀၉၅၀၇၈၁၉၃
၁၉။ ဦးစိုးမြင့် ၀၉၇၃၀၃၈၀၉၅
၂၀။ ဦးမျိုးမြင့်ညိမ်း ၀၉၅၀၀၉၉၂၅
၂၁။ ဦးမောင်မောင်နိုင် ၀၉၅၁၂၈၈၈၆ / ၀၉၇၃၁၂၈၈၈၆
၂၂။ ဦးမြတ်ဆွေ ၀၉၅၁၄၈၃၄၂
၂၃။ ညောင်ဦးဖိုးချို  ၀၁ ၅၄၅၃၂၃
၂၄။ ဦးချစ်စံ (ဟံသာဝတီ) ၀၁ ၅၄၅၃၉၀
၂၅။ ကိုဖုန်း ၀၉၄၃၁၃၁၉၆၆
၂၆။ ဦးမိုးဝင်း ၀၁ ၂၀၉၀၁၇
၂၇။ မဒုံ                ။
၂၈။ ဦးဆန်နီ ၀၉၅၀၁၅၁၈၅
၂၉။ ကိုဇော်မျိုးအောင် ၀၉၅၀၅၃၃၅၅
၃၀။ ကိုပေါက် ၀၁ ၅၇၈၀၂၇
၃၁။ ဦးမြင့်လွင် (စိုးအုပ်) ၀၁ ၂၄၂၅၃၁
၃၂။ ကိုဦးဆွေ ၀၉၇၃၀၄၃၂၁၅
မိတ်ဆွေများထံမှ အကြံပေးဆွေးနွေးမှုများကို ကြိုဆိုပါတယ်။
မောင်ဝံသ
maungwuntha@gmail.com
;
ကြော် ငြာ ........................................ နေရာပြောင်းတယ်
အဘယဖေ့စ်ဘွတ်မှ
မိုးလုံလေလုံကွင်းမှာဆိုရင်တော့လူအများကြီးလာပြီးအလှုငွေများများရတာပေါ့နော..
ပါတိတ် = ..... ပါတိတ် = ..... ပါတိတ် = .....
(ရဲရင့်ငယ်)
ကြည့်မြင်တိုင်ကကလေးပါမကျန်ရွှေည၀ါဆရာတော်အတွက်လက်မှတ်ထိုး
Shwe Nya War Presiding Monk Meet U Win Tin and NLD Members Today.
ဆရာတော်ဘုရားကြီးတွေလည်း ၀က်သားကြိုက်ကြတယ်
Friday, December 16, 2011
တခါက ရွာတရွာမှာ ဘုန်းကြီးတပါး ကျောင်းထိုင်သတဲ့။ ရွာမှာကလည်း ဘုန်းကြီးကျောင်းတကျောင်းပဲရှိတယ်။ ဘုန်းကြီးကျောင်းမှာလည်း ဆရာတော်ကတပါးပဲဆိုတော့ ရွာထဲမှာရှိတဲ့ ဆွမ်းစား၊ ကွမ်းစား၊ သာရေး၊ နာရေးမှန်သမျှ ဆရာတော်တပါးထဲကပဲ ဒိုင်ခံကြွရသတဲ့။
တနေ့မှာတော့ ရွာထဲက ဆင်းရဲသားလယ်သမားတယောက်က ဘုန်းကြီးကျောင်းရောက်လာပြီး ဆရာတော်ကို ဘယ်နေ့၊ ဘယ်ရက်မှာ နေ့ဆွမ်းကပ်ချင်လို့ပါဆိုပြီး လာလျှောက်တယ်။ ဆရာတော်ကလည်း အဲဒီရက်ကျရင် လာပင့်လှည့်ချေ လို့ပဲ ပြန်မိန့်လိုက်တယ်။
ဆင်းရဲသားပြန်သွားပြီး မရှေးမနှောင်းအချိန်လောက်မှာပဲ ရွာထဲက သူကြွယ်တယောက်ကလည်း ဘုန်းကြီးကျောင်းရောက်လာပြီး ဆွမ်းစားလာပင့်ပြန်သတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကြွယ်ဆွမ်းကပ်ချင်တဲ့အချိန်ကလည်း ဆင်းရဲသားလာလျှောက်သွားတဲ့ အချိန်၊ နေ့ရက်တွေနဲ့ တိုက်နေတယ်။ ဆရာတော်ကလည်း သူကြွယ်ကပ်တဲ့ဆွမ်းဆိုတော့ လက်မလွှတ်ချင်ဘူး။ ဒါနဲ့ လာပင့်လှည့်ချေ လို့ပဲ ပြန်မိန့်လိုက်တယ်။
သူကြွယ်ပြန်သွားပြီး ဆရာတော်လည်း စဉ်းစားရတာပေါ့။ ဆင်းရဲသားလယ်သမားက အရင်ကြိုပြီး လာပင့်တာမှန်ပေမယ့် ဆင်းရဲသားအိမ် ဆွမ်းစားကြွရင် ချဉ်ပေါင်ဟင်းနဲ့ ငါးပိကျော်ပဲ ထိမယ်။ သူကြွယ်အိမ် ကြွရင်တော့ အနည်းဆုံး ၀က်သား၊ ကြက်သားတော့ ပါတန်ကောင်းရဲ့။ လှူဖွယ်ဝတ္ထုပစ္စည်းတွေလည်း စိတ်ထဲကမြင်ယောင်ပြီး သူကြွယ်အိမ် ဆွမ်းစားကြွဖို့ အလေးသာနေတာပေါ့။ ဒါပေမယ့် လူရိုသေ၊ ရှင်ရိုသေ ဆရာတော်ဆိုတော့လည်း မျှမျှတတဖြစ်အောင် လူကြားကောင်းအောင်တော့ လုပ်မှတော်မယ်လို့ စဉ်းစားရင်း အကြံထုတ်ရတာပေါ့။
ဒီလိုနဲ့ပဲ ဆွမ်းစားကြွမယ့်နေ့ကို ရောက်လာတယ်။ ဆင်းရဲသားလယ်သမားနဲ့ သူကြွယ်တို့လည်း တချိန်တည်းမှာလိုလို ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဆရာတော်ကို ၀တ်ပြုပြီး ဆွမ်းစားလာပင့်တာပါဘုရားလို့ ပြိုင်တူလျှောက်လိုက်ကြတယ်။ ဒီတော့ ဆရာတော်ကလည်း “ သြော်… ဒကာနှစ်ဦးဆွမ်းစားလာပင့်တာ တိုက်နေတယ်။ ဘုန်းကြီးက တယောက်ယောက်နောက်ကို ဆွမ်းစားကြွရင်လည်း ကျန်တဲ့တယောက်အတွက် မမျှမတ ဖြစ်ရာ ရောက်နေမယ်။ ဒီတော့……..”
ခဏစဉ်းစားသလို လုပ်ပြီးတဲ့အခါမှာ…..
“ဒီလိုလုပ်ကြကွာ….။ ဒကာတို့နှစ်ယောက် ဘုန်းကြီးလက်ကို တယောက်တဖက်ဆွဲကြကွာ။ ပါအောင်ဆွဲနိုင်တဲ့ဘက်ကို ဘုန်းကြီးဆွမ်းစားကြွမယ်” လို့ မိန့်လိုက်သတဲ့။
ဒကာနှစ်ယောက်လည်း ထပြီး ဘုန်းကြီးကို တယောက်တဖက်ဆွဲကြသတဲ့။ အဲဒိမှာ ဆရာတော်မစဉ်းစားမိခဲ့တာက သူကြွယ်က အလုပ်မလုပ်ဘဲ ထိုင်စားနေတဲ့သူ၊ ဆင်းရဲသားက နေ့တဓူဝ အားနဲ့အင်နဲ့ တနေကုန်အလုပ်လုပ်ရတဲ့သူဆိုတော့ ဆင်းရဲသားက အားကောင်းတာပေါ့။ ဒီတော့ ဘုန်းကြီးခမျာ ဆင်းရဲသားဖက်ပါမလိုလိုဖြစ်နေတယ်။
ဘုန်းကြီးကလည်း အလယ်ကနေ ငါ ဆင်းရဲသားဖက်တော့ အပါမခံနိုင်ဘူး။ သူကြွယ်အိမ် ဆွမ်းစားသွားနိုင်ဖို့အရေး မနည်းဘူးစဉ်းစားထားရတာ လို့တွေးပြီး သူကိုယ်တိုင် သူကြွယ်ဘက်ကိုပါအောင် ၀ိုင်းပြီးဆွဲပေးရတော့တာပေါ့။
ဆွဲရင်း ဆွဲရင်းနဲ့ ဆရာတော်ကိုယ်တိုင်က သူကြွယ်ဘက်ကနေ ကူပြီးဆွဲနေတာကို ဆင်းရဲသားက ရိပ်မိလာတယ်။ နောက်ဆုံးမှာတော့ ဆင်းရဲသားလည်း စိတ်အချဉ်ပေါက်လာပြီး “ချဉ်ပေါင်နဲ့ ငါးပိကိုပစ်၊ ၀က်သားကိုချစ်တဲ့ဘုန်းကြီး…. သွားရော့လဟယ်” လို့ အော်ပြီး ဆရာတော်ကို သူကြွယ်ဆီဆောင့်တွန်းပစ်ခဲ့ပြီး ကျောင်းပေါ်ကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ဆင်းသွားပါတော့တယ်။
ဒီအကြောင်းကို ကြားသိသွားကြတဲ့ ရွာသားတွေဟာ ဆရာတော်ကို ၀က်သားဘုန်းကြီးလို့ ကွယ်ရာမှာခေါ်လေ့ရှိကြပြီး ဆရာတော်ကို ဆွမ်းစားပင့်ချင်ရင်တော့ ဆွမ်းဟင်းကောင်းကောင်းပါပစေနော် ဆိုပြီး စနောက်ပြောလေ့ရှိကြသတဲ့ဗျာ။
(ကြားဖူးသောပုံပြင်ကို သင့်တော်အောင် ပြန်ရေးပါသည်။ မည့်သည့်ထပ်တူပြုမှုကိုမှ မပြုပါ။)
မောင်ပါလ
၁၆.၁၂.၂၀၁၁
http://mgpala.blogspot.com/2011/12/blog-post_16.html မှတဆင့်ဝေမျှသည်။
ဆရာတော်ဘုရားများလည်းလွတ်လပ်စွာဘက်လိုက်ခွင့်ရရှိကြပါစေ။
ချဉ်ပေါင်ကို ကာပြန်လို့ 
ဝက်သားထံခြေကန်ရုန်းတယ် ..
သွားရော့  (.....):D
ကြာဖူးသောရိုးရာကဗျာ..
သွေးနှင့် ရေးသားနေဆဲ မြန်မာ့သမိုင်း
Saturday, 10 December 2011 19:27 လှရွှေ
ကျနော် တော်လှန်ရေးနယ်မြေကို မရောက်မှီ ရှေးဟောင်းသုတေသန ပါမောက္ခ ဦးလှထွန်းဖြူ ဆီကိုမကြာခဏ ရောက်ဖြစ်ပါတယ်။ ဆရာရဲ့ အိမ်ကိုရောက်ဖြစ်တော့ နိုင်ငံရေးအကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။
ဆရာက ပညာရှိသလို၊ စိတ်ဓာတ်ကလည်း အင်မတန်မှ ခိုင်မာတည်ကြည်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်လောက် ထင်ပါတယ်။ ဆွေးဆွေးမြေ့မြေ့ပြောတဲ့ ဆရာ့စကားကို အခုထိ မှတ်မိနေပါသေးတယ်။
"ကမ္ဘာ့ရန်သူဖြစ်တဲ့ ပါလစ္စတိုင်းနှင့် အစ္စရေးတွေတောင် မျက်နှာချင်းဆိုင်ပြီး ငြိမ်းချမ်းရေးစကား ပြောနိုင်တယ်၊ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတာကို ကြားနေရတယ်၊ ဒို့မြန်မာအချင်းချင်း ဘာဖြစ်လို့ ငြိမ်းချမ်းရေးစကား မပြောနိုင်ရတာလဲ၊ တိုင်းရင်းသားတွေနဲ့ ဘာဖြစ်လို့ ငြိမ်းချမ်းရေးစကား မပြောနိုင်ရတာလဲ" လို့ကျနော့်ကို မေးခွန်း မေးသလိုနဲ့ စကားပြောဖြစ်ကြတယ်။
ဆရာတဦးရဲ့ ပြည်တွင်းစစ်နှင့် မြန်မာ့နိုင်ငံရေး မရေမရာ ဖြစ်နေမှုကို အဆုံးသတ်စေလိုတဲ့ ဆန္ဒတွေလို့ မြင်ပါတယ်။ ဆရာဟာ ရှေးဟောင်းသုတေသနဌာနကို မရောက်မှီ မေမြို့စစ်တက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။
တိုင်းရင်းသားတွေရဲ့ ခုခံစစ် (ကချင်)
အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်းရာကျော် နေထိုင်လာတဲ့ မြန်မာတွေဟာ ၂၀ ရာစုအစပိုင်းမှာ အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာပြီး လွတ်လပ်ရေးတောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အင်္ဂလိပ်တွေကလည်း တိုင်းရင်းသားတွေနှင့် သဘောတူညီမှု ရရှိမှ လွတ်လပ်ရေးပေးမှာ ဖြစ်တဲ့အတွက် (၁၉၄၇) မှာပင်လုံညီလာခံ ပေါ်ပေါက်လာခဲ့ပါတယ်။ ပင်လုံစာချုပ်ရဲ့ အချက် (၉) ချက်မှာ နံပါတ် (၆) အချက်က ဒီလိုဖွင့်ဆိုထားပါတယ်။
6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.
၆။ ။ (ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရနောက်ဆက်တွဲ စာရင်းပါ အပိုင်း(၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်) လို့ ဆိုထားပါတယ်။
ပင်လုံစာချုပ်အရဆိုရင် ကချင်၊ ချင်းနှင့် ရှမ်းတို့ဟာ မြန်မာနိုင်ငံအတွင်းမှာ တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်စနစ်နဲ့ ပူးပေါင်းခဲ့တာပါ။ ဒီလိုပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ကချင်တွေဟာ ၁၉၆၁ ခုနှစ်မှာ ကချင်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်ခဲ့ရတယ်။ ခုအချိန်မှာတော့ ကချင်တွေရဲ့ မနောမြေမှာ သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ အပြစ်မဲ့တဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားတွေဟာ စစ်ဒဏ်ကြောင့် တောတောင်တွေထဲမှာ ပြေးလွှား နေကြရပါတယ်။
စီပွားရေးမကောင်းလို့ ကလေးတွေ ပညာမသင်နိုင်တာကြည့်ပြီး စိတ်မကောင်း ဖြစ်နေတဲ့ သူတွေကို စစ်ကြောင့်ထွက်ပြေးနေရတဲ့ ကလေးတွေက ကျည်၊ မြေမြုပ်မိုင်း၊ အဆိုးဆုံးက ငှက်ဖျား ဒဏ်တွေနဲ့ နပန်းလုံးနေရတာကို တွေ့မြင်စေချင်တယ်။ တိုင်းရင်းသားတွေအပေါ် စာနာပါတယ် ဆိုတဲ့သူတွေ သွားရောက်လေ့လာစေချင်တယ်။ Kachin Diaspora ဖြစ်နေပါပြီ။
စံချိန်တင်တဲ့ ခုခံစစ် (ကရင်)
ကမ္ဘာ့စံချိန်ချိုးတဲ့ တော်လှန်ရေးက ကရင်အမျိုးသားတွေရဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ကရင်တွေနဲ့ ဗမာလူမျိုးတွေကြား မကျေနပ်မှုက အင်္ဂလိပ်ခေတ်ကတည်းက စတင်ပေါ် ပေါက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၁၈၀၀ ကျော်ကတည်းက အနောက်နိုင်ငံက သာဿနာပြုတွေ ကရင်နယ်တွေဆီကို ရောက်နေပါပြီ။ ၁၈၂၄-၁၈၅၂ အင်္ဂလိပ်-မြန်မာစစ်ပွဲတွေ အပြီးမှာ ခရစ်ယာန်ဘာသာဝင် ပညာတတ်ကရင်တွေဟာ အင်္ဂလိပ် လက်အောက်မှာ အမှုထမ်းတွေ ဖြစ်လာကြတယ်။
လွတ်လပ်ရေးအကြိုကာလ ၁၉၄၆ မှာအင်္ဂလန် နိုင်ငံကို သွားရောက်ခဲ့တဲ့ (Karen National Association-KNA) ရဲ့ ခေါင်းဆောင် စောသာဒင် က ဒုတိယကမ္ဘာစစ်အတွင်း ကရင်လူမျိုးတွေကို သတ်ဖြတ်ပြီး၊ ကရင်ရပ်ရွာတွေကို မီးရှို့ခဲ့တဲ့ ဗမာလူမျိုးတွေကို ဘယ်လိုမှ မယုံကြည်နိုင်ဘူးလို့ အင်္ဂလန်မှာ ပြောဆိုခဲ့တယ်။ ဘီအိုင်အေ တပ်တွေဟာ အင်္ဂလိပ်တွေအပေါ် သစ္စာရှိခဲ့တဲ့ ကရင်တွေကို မြောင်းမြခရိုင်အတွင်းမှာ သတ်ဖြတ်မှုတွေ ဖြစ်ရာကနေ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပေါ်ခဲ့တယ်။
ကရင်တွေဟာ ပင်လုံညီလာခံကို လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အင်္ဂလိပ်လက်အောက်မှာ မြန်မာမျိုးချစ်တွေ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုတော့ ကရင်ခေါင်းဆောင် တဦးဖြစ်တဲ့ စံစီဖိုးက ဆန့်ကျင်ခဲ့ပါတယ်။ စံစိဖိုး ရေးသားခဲ့တဲ့ Burma and Karen စာအုပ်မှာ တိုင်းရင်းသားတွေ များပြားတဲ့ မြန်မာနိုင်ငံဟာ တောင့်တင်းခိုင်မာတဲ့ နိုင်ငံဖြစ်ဖို့ သံသယ ရှိတယ်လို့ တင်ပြခဲ့ပါတယ်။
၁၉၄၈ လွတ်လပ်ရေး ရပြီးတဲ့နောက် အုပ်ချုပ်သူတွေဟာ တိုင်းရင်းသား အရေးကို လျစ်လျူရှုခဲ့ကြတယ်။ မဟာဗမာဝါဒနဲ့၊ နိုင်ငံရေး အယူဝါဒရေးရာရဲ့အောက်မှာ တိုင်းရင်းသားအရေး ပျောက်ခဲ့ရတယ်။ တိုင်းရင်းသားတို့ရဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးမှု မရှိဘဲ ငြိမ်းချမ်းတဲ့နိုင်ငံကို ဘယ်တော့မှ တည်ထောင်လို့မရဘူး ဆိုတာ နှစ်ပေါင်း ၆၂ ကြာပြည်တွင်းစစ်က သက်သေဖြစ်ပါတယ်။
သွေးနဲ့ရေးတဲ့ မြန်မာ့သမိုင်း (၁၉၄၈-၂၀၁၁)
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှုကို အချို့သော တိုင်းရင်းသားခေါင်းဆောင်တွေ အကြွင်းမဲ့ ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်ပြောတဲ့ "ကရင်တကျပ် ဗမာတကျပ်" က တိုင်းရင်းသားတို့ရဲ့ ယုံကြည်မှုကို ပုံအောတဲ့ အချက်ဖြစ်လာ ခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ ရိုးသားမှုမရှိတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ပင်လုံစာချုပ်နှင့် တိုင်းရင်းသားတွေအပေါ် အမျိုးမျိုးလှည့်စားရာကနေ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ လွတ်လပ်ခွင့်ကို တိုက်ယူမှ ရမယ်ဆိုတဲ့ အတွေးအခေါ်ကနေ လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်မှာ ၀န်ကြီးချုပ် ဦးနုက "လက်နက်နဲ့ ဒီမိုကရေစီ" အလဲအလှယ် ကမ်းလှမ်းခဲ့ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို လက်နက်စွန့်ပြီးရင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့ခွင့်ပေးပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ် ပြိုင်စေခဲ့တယ်။ ရခိုင်နှင့်မွန်တွေဟာ ကျော့ကွင်းမိခဲ့တယ်။ ကရင်တွေကတော့ ငြိမ်းချမ်းရေး သဘောတူညီမှုမရှိဘဲ လက်နက်မချနိုင်ဘူး ဆိုတဲ့မူနဲ့ တိုက်ပွဲဝင်ခဲ့တာ ဒီနေ့အချိန်ထိပါဘဲ။
ကချင်နှင့် ရှမ်းလူမျိုးတွေဟာ (၁၉၄၇) ခုနှစ် ပင်လုံစာချုပ်အရ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေရမယ့် အစား ပင်လုံစာချုပ်အရ ခွင့်ပြုထားတဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းခံခဲ့ရတယ်။ ကချင်ပြည်နယ်ထဲက ရွာသုံးရွာကို တရုတ်လက်ထဲ ထိုးအပ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေ ဘက်ကလည်း ဗမာလူမျိုးတို့ရဲ့ ဗိုလ်ကျ စိုးမိုးမှုကို မခံလိုတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ရတယ်။
၁၉၆၁ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်တာဟာ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကရင်၊ ကချင်၊ ချင်း နှင့်ကရင်နီ တို့အပေါ် မထီမြဲ့မင်ပြုလိုက်တာဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်က ငြိမ်းချမ်းခဲ့တဲ့ တိုင်းရင်းသားနယ်တွေမှာ သွေးချောင်းစီး တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တယ်။
တိုင်းရင်းသားတွေနဲ့ တရွာတည်းနေ တရေတည်းသောက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကြွေးကြော်နေတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်မှာ တည်ဆောက်လာတဲ့ စစ်တပ်အင်အား တပ်ရင်းပေါင်း ၅၄၂ ရင်းနှင့် တိုင်းရင်းသား နယ်နမိတ်တွေကို ထိမ်းချုပ်ထားဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့ နေရာမှာ နေထိုင်ခွင့်မရတဲ့ တိုင်းရင်းသားတွေရဲ့ အရေးက ဘယ်တော့မှ ရှေ့တန်းနေရာမှာ မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကာလမှာလည်း တိုင်းရင်းသားတွေရဲ့ အရေးကိုပြောရင် အမြင်ကျဉ်းတယ် ဆိုတဲ့အမြင်မျိုးနဲ့ လျစ်လျူရှုခဲ့တယ်။ အခုလည်း ဒီမိုကရေစီရသွားရင် တိုင်းရင်းသားတွေရဲ့ အရေးက ကျွဲကူးရေပါ ဖြစ်လာမှာပါဆိုတဲ့ မရေရာတဲ့ စကားလုံးတွေနဲ့ မျက်နှာလွှဲ နေတာကို မြင်နေရပါတယ်။
ဒါကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းမှာ သတ်ဖြတ်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ တိုင်းရင်းသူ တွေအပေါ် မုဒိမ်းကျင့်မှု၊ တိုင်းရင်းသားတွေပိုင် သဘာဝ သယံဇာတကို အဓမ္မလုယူမှု စတာတွေဟာ တိုင်းရင်းသားစည်းလုံးရေးကို ဖြစ်စေမှာမဟုတ်ဘဲ ကြယ်လေးပွင့်တပ် ကမ္ဘာကျော် လူမိုက်တွေကို ပေါ်ပေါက်စေခဲ့တာ သမိုင်းက သက်သေပြနေပါတယ်။
၆၃ နှစ်ကြာ လွတ်လပ်တဲ့ မြန်မာနိုင်ငံ သမိုင်းကို "သွေးနဲ့ ရေးခဲ့ကြတယ်၊ ရေးနေဆဲ" လို့ပြောချင်ပါတယ်။
အာရပ်၊ အစ္စရေးလို ခါးသီးတဲ့ အတွေ့အကြုံမှ ငြိမ်းချမ်းရေး ဆီသို့
ဂျူးလူမျိုးတွေဟာ ဘီစီ ၃၀၀၀ ကနေလက်ရှိ ပါလစ္စတိုင်းဒေသမှာ ( Canaanite) ယဉ်ကျေးမှုကို တည်ထောင်ပြီး နေထိုင်လာခဲ့တဲ့ သူတွေပါ။ အေဒီ (၂) ရာစုမှာ ရိုမန်တွေဝင်တိုက်တဲ့အတွက် စစ်ရှုံးပြီး ဂျူးတွေ တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။
သမိုင်းမှာတော့ Jewish Diaspora လို့ခေါ်ပါတယ်။ အေဒီ (၁၃၅) မှာစစ်ရှုံးတဲ့အတွက် ဖမ်းမိတဲ့သူတွေကို ရောမအင်ပါယာ တ၀ှမ်းသို့ ကျွန်အဖြစ်ရောင်းချခဲ့သလို၊ ကမ္ဘာ့နေရာအနှုံ့ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းကနေ ဂျူးလူမျိုးတွေက နိုင်ငံပျောက်သူတွေဖြစ်ခဲ့ ရပါတယ်။
အေဒီ (၇) ရာစုမှာ အာရပ်တွေဝင်ရောက်လာပြီး၊ ပါလစ္စတိုင်းဒေသဟာ အစ္စလမ်ဘာသာဝင် အာရပ်အများစုနေထိုင်တဲ့ နေရာဖြစ်လာခဲ့ပါတယ်။ အေဒီ (၁၆) ရာစုမှာ အော်တိုမန် လက်အောက်ကို ကျရောက်ခဲ့ပြန်ပါတယ်။
နှစ်ပေါင်း ၂၀၀၀ လောက်အဖနိုင်ငံကနေ ထွက်ပြေးနေရတဲ့ ဂျူးတွေဟာ ရောက်ရာအရပ်မှာ မတူတဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုတွေကြောင့် ဖိနှိုပ်မှုကို ခံခဲ့ရတာကြောင့် ၁၉ ရာစုအစမှာ ဂျူးနိုင်ငံ ပြန်လည် ထူထောင်ရေးကို စိုင်းပြင်းလာပါတယ်။ ဟစ်တလာရဲ့ ဂျူးမျိုးဖြုတ်သန့်စင်ရေးအပြီးမှာ ဂျူးတွေရဲ့ဇာတိမြေမှာ အမေရိကန်ရဲ့အကူအညီနဲ့ အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ နိုင်ငံကို တည်ထောင်ပြီးတဲ့အချိန်ကစပြီး စစ်ပွဲကြီးပေါင်း ၅ ကြိမ် အာရပ်နိုင်ငံတွေနှင့် ဖြစ်ပွားခဲ့ပါတယ်။
ဘယ်လောက်ဘဲခါးသီးတဲ့ အတွေ့အကြုံရှိပါစေ ပါလစ္စတိုင်းနဲ့ အစ္စရေး ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး မဟုတ်ရင် တောင် ရန်သူနှစ်ဦးအကြား နားလည်မှုနှင့်တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးက ရှိနေပြီဖြစ်ပါတယ်။ တချိန်က ရန်သူတွေဖြစ်ခဲ့ကြတဲ့ အာရာဖတ် နှင့် ရာဘင်တို့ဟာ ငြိမ်းချမ်ရေး နိုဘယ်ဆုကို (၁၉၉၄) မှာပူးတွဲရယူ ခဲ့ကြပါ တယ်။ ကြည်နူးဖွယ်ရာ ငြိမ်းချမ်းရေး ဇာတ်လမ်းမဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေပါ။
ကျနော်တို့ တိုင်းရင်းသားတွေမှာ အာရပ်၊ အစ္စရေးတွေလို ခါးသီးတဲ့အမုန်းမရှိပါဘူး။ တိုင်းရင်းသား တွေရဲ့ အဓိက တောင်းဆိုမှုက သူတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ရရေးနဲ့ သူတို့ပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ်ကို ဂုဏ်သိက္ခာရှိရှိ ထုတ်ယူသုံးစွဲ နိုင်ရေးက တိုင်းရင်းသားတွေရဲ့ လိုချင်တဲ့ အချက်တွေပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ နှစ်ဦးနှစ်ဘက် ရေရှည်တည်တံ့ ကောင်းမွန်မယ့် ငြိမ်းချမ်းရေးမျိုးကို လှမ်းသင့်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား အချင်းချင်းကြား သွေးခွဲရေး မဟုတ်သလို၊ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် အောက်မှာ အင်အားတည်ဆောက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။
ကျနော်တို့ ခေါင်းဆောင်တွေ စဉ်းစားရမယ့် အချက်က ၂၁ ရာစုမှာ ကမ္ဘာ့အင်အားချိန်ခွင်က အာရှ ပစ္စဖိတ် ဒေသကိုပြောင်းလာတာရယ်၊ အမေရိကန် တနိုင်ငံတည်း ကမ္ဘာ့ ပုလိပ်ကြီး လုပ်နေရာက ပါဝါချိန်ခွင်ချာ ဖြစ်လာမည့် တရုတ်နဂါးကြီးတို့ရဲ့ နိုင်ငံရေး ကစားကွက်ကြားမှာ ဘယ်လို ကစားကြမလဲ။ ကျနော်တို့ တိုင်းရင်းသားညီအကို မောင်နှမတွေ စည်းလုံးမှုရှိနေရင် ကောင်းမွန်တဲ့ အနာဂါတ်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
လှရွှေ
1. Multination States in Asia: Accommodation Or Resistance By Jacques Bertrand, André Laliberté
2. Revolution as Development: The Karen Self-Determination Struggle Against Ethnocracy By Jack Fong
3. The State in Burma by Robert H. Taylor
4. Myanmar, A New Peace Initiative by ICG report
5. Jewish Diaspora, Wikipedia
6. History of Burma, Curriculum project
http://www.maukkha.org/
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် သူတို့ ဆွေးနွေးပွဲများ
Saturday, 10 December 2011 19:54 ညီစောလွင်
ASSK-thein-sein1
၁၉၉၉ ခုနှစ် ဇွန်လ (၁) ရက်။ တောင်အာဖရိကနိုင်ငံ အသားရောင်ခွဲခြားမှုစနစ် ကျင့်သုံးခဲ့တဲ့ နောက်ဆုံးသမ္မတ အက်ဖ်ဒဗလျူဒီကလပ် ရဲ့ အသက် ၇၀ ပြည့်မွေးနေ့ပွဲကို ကိတ်တောင်းမြို့က ဟိုတယ်တခုမှာ ကျင်းပပါတယ်။ မွေးနေ့ပွဲအခမ်းအနားကို လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား လည်း တက်ရောက်ပါတယ်။
တချိန်တုန်းက ပြိုင်ဖက်ဟောင်းကို တချက်ကြည့်လိုက်ပြီး မင်ဒဲလားက အခုလို အရွှန်းဖောက်လိုက်ပါတယ်၊
 "မစ္စတာ ဒီကလပ်ရေ.. ကျနော်တို့မှာလည်း အသက်ကြီးကြပြီဗျာ၊ ခင်ဗျားကြည့်ရတာ အရင်ထက် ထိပ်ပိုပြောင်လာသလိုပဲဗျ။ အေးလေ၊ ကျနော်လည်း ဘာထူးလဲ၊ ထိပ်မပြောင်ပေမယ့် တခေါင်းလုံး ဖြူကုန်ပါပြီ၊   ဒါပေမယ့် ကျနော့် ဆံပင်တွေဖြူကုန်တာ ခင်ဗျားအတွက် ကျနော် ခေါင်းစားရလွန်းလို့ ဖြူကုန်တာတော့မဟုတ်ဘူးဗျ၊ ဒါကြောင့် ခင်ဗျားထိပ်ပြောင်သွားတာတော့ ကျနော်နဲ့ မဆိုင်လောက်ပါဘူးနော့် "
"ပြောရရင် ခင်ဗျားက ကျနော်ထက်တော့ ပိုအိုစာတယ်ဗျ၊ အေးလေ- ကျနော်က အနှစ်သုံးဆယ် လောက် လေကောင်းလေသန့်လည်းရ၊ ရူခင်းလည်းကောင်းတဲ့ ကျွန်းတွေပေါ်မှာ အနားရနေတဲ့ အချိန်မှာ ခင်ဗျားကတော့ ခေါင်းနောက်စရာကောင်းတဲ့ လူအုပ်တွေထဲမှာ ရုန်းကန်ခဲ့တယ် မဟုတ်လား"
အဲဒီတုန်းက မင်ဒဲလားကလည်း အသက် (၈၁) ဖြစ်ပြီး၊ တောင်အာဖရိက သမ္မတအဖြစ်ကနေ တရားဝင်အနားယူဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။
၁၉၉၀ တ၀ိုက်တုန်းကတော့ သူတို့နှစ်ယောက်က နိုင်ငံရေး ပြိုင်ဖက်တွေဖြစ်ခဲ့ကြပါတယ်။ တချိန်မှာ သမ္မတ ဒီကလပ်က မင်ဒဲလားကို "အေအန်စီက တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်၊ အစိုးရက အုပ်ချုပ်လို့ မရအောင် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အစိုးရဘက်ကလည်း မရွေးချင်တဲ့လမ်း (unpleasant option) ကို ရွေးရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့သလို၊ မင်ဒဲလားကလည်း "ဒီမိုကရေစီ နည်းလမ်းမကျတဲ့ လုပ်ရပ်တွေကို အစိုးရကလုပ်ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရမယ်"လို့ ပြန်ပက်ခဲ့ပါတယ်။
ရန်သူဟောင်းနှစ်ယောက်ကြားမှာ တယောက်မျက်နှာ တယောက်မကြည့်ချင်တဲ့အထိ သဘောထား ကွဲမှုတွေကြုံခဲ့ပေမယ့်၊ စာနဲ့ ပဲ ဆက်သွယ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။
မင်ဒဲလားနှင့်ပတ်သက်လို့ အဓိက ပြောချင်တဲ့အချက်တခုက ရန်သူကို အာဃာတမထားရုံမက၊ အကျဉ်းအကျပ်ကာလတွေမှာတောင် ရန်သူကိုပွဲထုတ်ရဲတာ၊ ထူးခြားတဲ့ အရည်အချင်းတရပ်လို့ ယူဆမိပါတယ်။ အခြေအနေကို မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံမြင်နိုင်စွမ်းနှင့် ရှေ့ကို ကြိုမြင်နိုင်စွမ်းတဲ့ သူတို့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
လူဖြူသမ္မတ ဒီကလပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အစမှာပဲ မင်ဒဲလားက ဒီကလပ်ကို (The man of Integrity) တည်ကြည် ဖြောင့်မတ်သူလို့ လူသိရှင်ကြား ခေါ်ခဲ့ပါတယ်။ နိုင်ငံပြင်ပမှာရှိတဲ့ အေအန်စီ ခေါင်းဆောင်တွေဆီကိုလည်း သမ္မတဒီကလပ်နဲ့ ဆိုရင် အလုပ်တွဲလုပ်လို့ ရမယ်လို့ တိုးတိုးတိတ်တိတ် စကားပါးခဲ့ပါတယ်။
တဖက်မှာတော့ လူဖြူအစိုးရနဲ့ မစေ့စပ်လိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ စေ့စပ်ဆွေးနွေးရေးတွေ ရလဒ်မထွက်တာကို အားမလိုအားမရဖြစ်နေတဲ့ အေအန်စီ ထောက်ခံသူတွေရဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့ အချိန်ပါ။ မင်ဒဲလားရေးတဲ့ လွတ်လပ်ရေးသို့ ခရီးရှည် စာအုပ်မှာ အဲဒီတုန်းက သူ့ကိုထောက်ခံသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ပြောခဲ့တဲ့စကားတွေကို အခုလိုဖော်ပြခဲ့ပါတယ်။
"မာဒီဘာ၊ အစိုးရကို ငါတို့ တသက်လုံးတိုက်လာခဲ့ပြီး၊ အခုကျမှ သူတို့ ဆီမှာ အသနား ခံရတော့မလား" (Long Walk To Freedom)
"မင်ဒဲလား ကျနော်တို့ကို သေနတ်ထုတ်ပေးလိုက်စမ်းပါ၊ တိုက်ပွဲလမ်းကြောင်းကပဲ အောင်ပွဲခံကြမယ်၊ အစိုးရနဲ့ စကားဆက်ပြောမနေနဲ့တော့" (Long Walk To Freedom )၊
ဒါပေမယ့် စောစောက တင်ပြသလို တယောက်မျက်နှာတယောက် မကြည့်ချင်တဲ့အခြေအနေမှာတောင် စာနဲ့ အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။ တိုင်းပြည်မျက်နှာကြည့်ပြီး ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ မင်ဒဲလားက "လွတ်လပ်ရေးခရီးက မလွယ်ဘူးဆိုတာကို ကျနော်တို့ နှစ်ယောက်လုံးက သဘောပေါက်ခဲ့ကြပါတယ်။ ကျနော်တို့ နှစ်ယောက်ထဲက တယောက်ယောက်က ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းမယ်ဆိုရင် အောင်မြင်မှုနဲ့ ဝေးမယ် ဆိုတာကိုလည်း သိခဲ့ကြပါတယ်၊" လို့ ပြန်သုံးသပ်ပြခဲ့သလို၊ ဒီကလပ်ကလည်း " ကျနော်တို့ ရည်မှန်းချက်က တောင်အာဖရိက နိုင်ငံတော်သစ် ထူထောင်ရေးပဲ၊ ဒါကို မင်ဒဲလားကလည်း သဘောတူပါတယ်" လို့ ဆွေးနွေးပွဲအတွေ့အကြုံတွေကို ပြန်ပြောခဲ့ပါတယ်။Kissinger with_Mao_and_Zhou_Enlai
၁၉၉၃ ခုနှစ်မှာ ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲချီးမြှင့်တဲ့အခါမှာ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက အခုလို မှတ်တမ်းပြုပါသည်။
မင်ဒဲလားနှင့် ဒီကလပ်တို့ နှစ်ဦးသည် အမုန်းတရားပွားများပြီး၊ သွေးထွက်သံယို၊ မလွှဲမသွေဖြစ်မည့် ပဋိပက္ခလမ်းကို မရွေးဘဲ၊ ပြန်လည်ရင်ကြားစေ့ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ နယ်လ်ဆင် မင်ဒဲလားနှင့် အက်ဖ် ဒဗလျူ ဒီကလပ်တို့၏ ပြန်လည်ရင်ကြားစေ့ရေး မူဝါဒသည် တောင်အာဖရိက အတွက်သာမက ကမ္ဘာ့ကြီးအတွက်ပါ "အကြမ်းဖက်မှုသံသရာမှ ရှောင်လွှဲစရာ တခြား နည်းလမ်းများရှိသည်" ဆိုသည့်အချက်၏ တောက်ပထင်ရှားသည့် ဥပမာဖြစ်သည်။
အကယ်၍ တောင်အာဖရိက ခေါင်းဆောင်နှစ်ယောက်က ဖိအားတခုခုကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို မရွေးဘဲ၊ အမုန်းတရားနှင့် သွေးထွက်သံယိုလမ်းကို ရွေးခဲ့ရင် စောစောက ဒီကလပ်ရဲ့ မွေးနေ့ပွဲမှာ မင်ဒဲလားတက်ရောက်ပြီး ဟာသပြောဖို့ ဖြစ်မလာနိုင်သလို၊ တောင်အာဖရိက သမိုင်းကလည်း တမျိုးပြောင်းသွားနိုင်ပါတယ်။ အကျိုးထက်အဆိုးပဲဖြစ်ဖို့ များပါတယ်။
ဆွေးနွေးပွဲ အောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အေအန်စီဘက်က လက်နက်ကိုင်တိုက်ပွဲ၊ လူဖြူသမ္မတ ဒီကလပ်ကိုယ်တိုင်က သူ့အစိုးရတွင်းက ဖိအားတွေ - စသဖြင့် တခြားအကြောင်း အချက်တွေ ပါဝင်နိုင်ပေမယ့် မင်ဒဲလားရဲ့ ရန်သူကို ပွဲထုတ်ရဲတဲ့ အချက်က အားလုံးထက် ပိုပြီး အဓိက ကျတယ်လို့ ယူဆမိပါတယ်၊
သမိုင်းမှာ အရေးအကြီးဆုံးအချိန်တွေမှာ ရန်သူကို ပွဲထုတ်သူတွေထဲမှာ မင်ဒဲလားတယောက်တည်း မဟုတ်ပါဘူး။ ဆိုဗီယက်နှင့် လက်နက်လျှော့ချရေး လိပ်ခဲတည်းလည်းဖြစ်နေတဲ့အချိန် (1984) မှာ ဗြိတိန်ရဲ့ သံမဏိအမျိုးသမီးလို့ တင်စားခေါ်ကြတဲ့ ၀န်ကြီးချုပ် Margaret Thatcher မာဂရက်သက်ချာလည်း ဆိုဗီယက်ခေါင်းဆောင် မီးခေးလ် ဂိုဘာ့ချော့ကို အခုလိုပြောခဲ့ပါတယ်။ 54554043_jex_1134841_de27-1
" ဂိုဘာချော့ကို ကျမ သဘောကျတယ်၊ ကျမတို့ အလုပ်တွဲလုပ်လို့ရတယ်၊" ("I like Mr Gorbachev. We can do business together")
မကြာခင်နှစ်တွေမှာ ဂိုဘာ့ချော့ဟာ ဆိုဗီယက်ခေါင်းဆောင်ဖြစ်လာပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ ပြုပြင် ပြောင်းလဲရေးခေတ် စတင်ခဲ့ပါတယ်။
အလားတူ ဥပမာမျိုး (၁၉၇၀) ပြည့်လွန်နှစ်တွေက တရုတ်နှင့် အမေရိကန်ဆက်ဆံရေး နှင်းခဲပျော်စ အချိန်တွေမှာ ပြန်ပြောင်းသတိယစရာရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဌကြီးမော်စီတုံးနဲ့ အမေရိကန် သမ္မတ နစ်ဆင်တို့ရဲ့ အစောဆုံးတွေ့ဆုံပွဲ၊ အရင်ဆုံး အပြန်အလှန်ပြောဆိုတဲ့ စကားဝိုင်းမှာပါ။
သမတနစ်ဆင်က "ဥက္ကဌ ကြီးရဲ့ ကဗျာတွေကိုလည်း ဖတ်ဖူးတယ်၊ မိန့်ခွန်းတွေကိုလည်း လေ့လာဖူးတယ်၊ ဒီကတည်းက ဥက္ကဌ ကြီးဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ဒသနပညာရှင်ဆိုတာ သိနေခဲ့လို့ပါ" လို့ပြောခဲ့သလို မော်စီတုံးကလည်း " အမှန်အတိုင်းဝန်ခံရရင် ကျနော်က အစကတည်းက သမ္မတကြီးရဲ့ ဘက်သားဗျ၊ ခင်ဗျားတို့ ရွေးကောက်ပွဲတုန်းက ကျနော်သာ မဲပေးခွင့်ရရင် သမ္မတကြီးကို ရွေးမှာပဲ" လို့ ပြောခဲ့ကြပါတယ်။
အရိုးရင့် နိုင်ငံရေးသမားတွေရဲ့ ဒီစကားတွေဟာ မတော်တဆ တိုက်ဆိုင်မှုမဟုတ်နိုင်သလို၊ အကယ်၍ တဖက်က သဘောရိုးနဲ့ ပြောခဲ့ရင်တောင် တဖက်က အလုံးစုံယုံကြည်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲတွေ အဆင်ပြေပြေ ခရီးဆက်နိုင်ဖို့ ဒီစကားတွေက အဓိကနေရာက ပါဝင် အသုံးတော်ခံခဲ့မှာကတော့ သေချာပါတယ်။mandela-and-de-klerk2
အခုလောက်ဆိုရင် အဓိက ပြောချင်သည့်အချက်ကို စာဖတ်သူတွေ ရိပ်မိလောက်ပါပြီ၊ ဟုတ်ပါတယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်တို့ရဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် ကိစ္စဖြစ်ပါတယ်။
မကြာခင်တုန်းကပဲ ဝေါစထရိ ဂျာနယ်နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ဆွေးနွေးဖက် ဦးသိန်းစိန်နဲ့ ပတ်သက်လို့ ဒီလို မှတ်ချက်ပေးခဲ့ပါတယ်၊
"သမတကြီးက အလွန်ဖြောင့်မတ်ပါတယ်၊ ရိုးသားတယ်၊ ပွင့်လင်းတယ်" (He's very straightforward. He struck me as an honest, open, kind of person... I do believe the president is sincere...)
အခုအချိန်အထိတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးပွဲရလဒ်တချို့ကို တွေ့ရပြီး၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရေးလို အရေးကြီးတဲ့ ကိစ္စတွေမှာ (အပြည့်အ၀) အောင်မြင်မှုမတွေ့ရသေးပါဘူး။ ဒါကြောင့် အောင်မြင်တယ်၊ မအောင်မြင်ဘူးပြောဖို့ စောပါသေးတယ်၊ အဓိက ပြောချင်တဲ့ အချက်က သမိုင်းဝင်ဆွေးနွေးပွဲတွေမှာ သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ ပြောစကားတွေ အားလုံး တထပ်တည်းနီးပါး တူညီနေတဲ့ အချက်ကို ထောက်ပြချင်တာပါ။ တနည်းအားဖြင့် လက်တွေ့ အောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေရဲ့ သဘာဝကို ပြောချင်တာ ဖြစ်ပါတယ်။
nixon mao
နောက်ထပ် တိုက်ဆိုင်မှုတခုက အထက်က အောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ခဲ့သူ အများစုဟာ ကမ္ဘာငြိမ်းချမ်းနိုဘယ်ဆုရှင်တွေဖြစ်နေတာပါ။ တောင်အာဖရိက ခေါင်းဆောင် နယ်ဆင်မင်ဒဲလား၊ တောင်အာဖရိက လူဖြူခေါင်းဆောင် မစ္စတာ ဒီကလက်၊ ဆိုဗီယက် ခေါင်းဆောင် မစ္စတာ မီးခေးလ် ဂိုဘာ့ချော့၊ တရုတ်နှင့် အမေရိကန် ဆွေးနွေးပွဲကို အဓိက စီစဉ်ခဲ့သူ မစ္စတာ ဟင်နရီကင်ဆင်းဂျားတို့ ၄ ဦးစလုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့သူတွေဖြစ်ပါတယ်။
အမှန်က အမေရိကန်သမ္မတနစ်ဆင် ရမယ့်အစား ၀ါးတားဂိတ်အရေးအခင်းကြောင့် ကစ်ဆင်းဂျားကို ပေးခဲ့တယ်လို့ ကစ်ဆင်းဂျား ကိုယ်တိုင်က သူ့ မှတ်တမ်းမှာ ရေးထားပါတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရခဲ့တာ နှစ် (၂၀) တိတိပြည့် မြောက်ပါတယ်။
အကယ်၍ နောက်ထပ် (၁၀) နှစ်အကြာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ မွေးနေ့ အခမ်းအနားတခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး၊ " ဦးသိန်းစိန်ရေ၊ ကျမတို့လည်း အသက်ကြီးကြပြီ၊ ... ဒါနဲ့ ရှင်ထိပ်ပြောင်တာ ကျမနဲ့ မဆိုင်ဘူးနော်" စသဖြင့် ရယ်ရယ်မောမောပြောနိုင်မယ်ဆိုရင်ဖြင့်၊ အခုတွေ့ဆုံဆွေးနွေးပွဲတွေကို အစစ်အမှန်အဖြစ်၊ ဦးသိန်းစိန်ကိုလည်း မြန်မာပြည်ရဲ့ ဂိုဘာ့ချော့၊ သို့မဟုတ် မြန်မာပြည်ရဲ့ ဒီကလပ်အဖြစ် သတင်းစာတွေက မှတ်တမ်းတင်ကြပါလိ့မ်မယ်။
ညီစောလွင်
ဒီဇင်ဘာ ၁၀၊ ၂၀၁၁
http://www.maukkha.org/
101 East: The world's longest ongoing war
မြန်မာနိုင်ငံသားများ စင်ကာပူမှ အိမ်ဝယ်ယူမှု ၂၀၁၁ ခုနှစ် တစ်နှစ်တာကာလအတွင်း စင်ကာပူဒေါ်လာ သန်း ၈၀ ခန့်ရှိကြောင်း သိရ
Wednesday, 14 December 2011 11:48
b37_04
စင်ကာပူနိုင်ငံရှိ လူနေအဆောက်အအုံများကို နိုဝင်ဘာလက တွေ့ရစဉ်များ စင်ကာပူမှ အိမ်ဝယ်ယူမှုသည် ၂၀၁၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း စင်ကာပူ ဒေါ်လာသန်း ၈၀ ခန့်ရှိကြောင်း စင်ကာပူ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း  Far East Organization  မှ မြန်မာနိုင်ငံသားများဆိုင်ရာ အိမ်ခြံမြေ အကျိုးဆောင်အရာရှိ မကလျာသင်း၏ ပြောကြားချက်အရ သိရှိရသည်။ ''မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ ၂၀၁၁ ခုနှစ် တစ်နှစ်အတွင်းမှာ စင်ကာပူဒေါ်လာ သန်း ၈၀ ခန့် ရှိခဲ့ပါတယ်''ဟု ၎င်းက ပြောပြခဲ့သည်။
ယခုနှစ်များအတွင်း မြန်မာနိုင်ငံသားများ စင်ကာပူရှိ ကွန်ဒို၊ တိုက်ခန်းဝယ်ယူမှုများ သိသိသာသာ မြင့်တက်လာခဲ့ကာ မြန်မာနိုင်ငံသားများအနေဖြင့် တည်ဆောက်ပြီးဖြစ်သည့် ကွန်ဒိုတိုက်ခန်းများအား ပိုမို ၀ယ်ယူကြ ကြောင်း သိရှိရသည်။
''စင်ကာပူမှာ အိမ်ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တည်ဆောက်ပြီးဖြစ်တဲ့ အခန်းသုံးခန်းကနေ ငါးခန်းအထိပါတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ပိုမိုဝယ်ယူကြပါတယ်။ သူတို့အနေနဲ့ ပြန်ငှားစားကြတာများတော့ စီးပွားရေး အရ တွက်ခြေကိုက်လို့ အသင့်ဆောက်ပြီးအခန်းတွေကို ၀ယ်ယူကြတာဖြစ်ပါတယ်'' ဟု စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization မှ မြန်မာနိုင်ငံသားများဆိုင်ရာ အိမ်ခြံမြေအကျိုးဆောင်အရာရှိ ကိုကျော်မိုးဇင်က ပြောပြခဲ့ပါသည်။စင်ကာပူ၏ အမြဲတမ်း နေထိုင်ခွင့်ရပြီးသူ မြန်မာများတွင် HDB(Housing Development Board)မှ အိမ်ရာများ၊ Private Apartment များဝယ်ယူခြင်းရှိကြသကဲ့သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း စင်ကာပူကွန်ဒိုများဝယ်ယူရန် ငါးနှစ်အတွင်း သိသာစွာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
''စင်ကာပူနိုင်ငံသား မဟုတ်တဲ့ မြန်မာပတ်စ်ပို့ကိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်ဝင်စားတာ ကွန်ဒိုတွေပါ။ ဟိုကကွန်ဒိုတွေကို ၀ယ်ဖို့ ဘဏ်မှာအတိုးနှုန်းသက်သာစွာ ရင်းနှီးမြှုပ်နိုင်တဲ့အချက်ကြောင့်လည်း ပါတယ်''ဟု ၎င်းက ရှင်းပြခဲ့သည်။
စင်ကာပူနိုင်ငံသားမဟုတ်တဲ့ မြန်မာပတ်စ်ပို့ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စိတ်ဝင်စားတာ ကွန်ဒိုတွေပါ။ ဟိုကကွန်ဒိုတွေကိုဝယ်ဖို့ ဘဏ်မှာအတိုးနှုန်းသက်သာစွာ ရင်းနှီးမြှုပ်နိုင်တဲ့ အချက်ကြောင့်လည်း ပါတယ်
ကွန်ဒိုများကို ၀ယ်ယူကြသည့် မြန်မာနိုင်ငံသားများမှာ စင်ကာပူဒေါ်လာ တစ်သန်းတန်ဝယ်ယူမည်ဆိုလျှင် လက်ငင်းငွေကြေးကိုတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ကြရပြီး ကျန်ရှိသည့်ငွေပမာဏထဲမှ အများဆုံး ၈၀ ရာခိုင်နှုန်းကို ဘဏ်မှ တစ်နှစ်လျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်းခန့်သာ ပေးဆောင်ရသည့်အတွက် မြန်မာစီးပွားရေးလုပ်ငန်းရှင်အများစု စင်ကာပူအိမ်ခြံမြေဈေးကွက် ၀ယ်ယူရန် ဦးတည်လာခဲ့ကြသည်။
စင်ကာပူတွင် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ဝယ်ယူမည်ဆိုပါ ကစင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့် နိုင်ငံသား၊ နေထိုင်ခွင့်ပတ်စ် တစ်ခုခုရရှိထားရန် မလိုသည့်အပြင် စင်ကာပူ၏ဘဏ်များမှ ယခုကဲ့သို့ အတိုးနှုန်း သက်သာစွာဖြင့် ရင်းနှီးမြှုပ်နှံလိုသော မြန်မာများအတွက် ယခုကဲ့သို့ မြန်မာဈေးကွက်ကို ခေါ်ယူလာရခြင်းဖြစ်သည်ဟု သိရသည်။''စင်ကာပူမှာ နိုင်ငံခြားသားတွေရဲ့ တိုက်ခန်း၊ ကွန်ဒိုတွေ ပိုင်ဆိုင်မှုအပေါ်မှာ ဥပဒေ တင်းကျပ်မှု မရှိဘူး။ ဒါကြောင့်မို့ မြန်မာအများစု စိတ်ဝင်စားလာကြပါတယ်။ ကျွန်တော်တို့ စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization အနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြပွဲလာလုပ်တာ အခုအကြိမ်နဲ့ ဆို သုံးကြိမ်ရှိပါပြီ။ နောက်လည်း အခုလို အရောင်းပြပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိပါတယ်'' ဟု ကိုကျော်မိုးဇင်က ဆက်လက်ပြောပြခဲ့သည်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ၀ယ်ယူနိုင်သည့် ကွန်ဒိုဈေးများမှာ စင်ကာပူဒေါ်လာခြောက်သိန်းနှင့် တစ်သန်းအထက်တွင်ရှိပြီး နှစ်စဉ် Property Tax  နှင့်ကွန်ဒိုပြုပြင် ထိန်းသိမ်းမှုစရိတ်များအား နှစ်စဉ်စင်ကာ ပူဒေါ်လာ နှစ်ထောင်ဝန်းကျင်မျှ ပေးဆောင်ရသည်ဟု သိရသည်။
စင်ကာပူ အိမ်ခြံမြေဈေးကွက်၌ ၀ယ်လက်အများဆုံးမှာ တရုတ်၊ အင်ဒိုနီးရှားတို့ဖြစ်ပြီး မြန်မာနိုင်ငံမှာ အာရှနိုင်ငံများထဲတွင် ၀ယ်လိုအားများသည့် နိုင်ငံတစ်ခုအဖြစ် ငါးနှစ်အတွင်း ပါဝင်လာခဲ့ပြီဖြစ်ကာ စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ် ငန်းများသည်လည်း မြန်မာနိုင်ငံတွင် အရောင်းပြပွဲများပြုလုပ်၍ အရောင်းမြှင့်တင်ခြင်းများအား ပိုမိုပြုလုပ်လာကြောင်း သိရသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=11464:2011-12-14-05-39-38&catid=42:2009-11-10-07-36-59&Itemid=112
ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နှင့်​ စာနယ်ဇင်း​တွေ့​ဆုံပွဲအ​ပေါ် ​မေး​မြန်း​ချက်
date">Published on December 16, 2011 by ရွှေအောင်
ပြည် ​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ဟာ ဒီ​နေ့​မွန်း​လွဲပိုင်း​က ရန်ကုန်၊​ ရှစ်မိုင်ရှိ စီး​တီး​ဟိုတယ်မှာ ပြည်တွင်း​စာနယ်ဇင်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
ဦးကိုကို (စက်မှု)
ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ဦး​အောင်​သောင်း​က ပြည်တွင်း​စာနယ်ဇင်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​ရာမှာ သမ္မတက အပစ်ရပ်ဖို့​ စာပို့​ထား​ပေမယ့်​ တိုက်ပွဲ​တွေ ဘာ​ကြောင့်​ ဆက်လက်ဖြစ်ပွား​နေရတယ် ဆိုတာ အပါအဝင် ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို လက်ရှိအစိုး​ရ သက်တမ်း​အတွင်း​ အပြီး​ဆောင်ရွက်သွား​မယ့်​ အ​ကြောင်း​တွေ ​ပြောကြား​သွား​ခဲ့​ပါတယ်။
စာနယ်ဇင်း​တွေ့​ဆုံပွဲ တက်ခဲ့​တဲ့​ ရန်ကုန်မီဒီယာဂရုပ်ဖ်က ဥက္ကဋ္ဌ ဦး​ကိုကို (စက်မှု) ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
“အဓိကအချက်က​ တော့​ သူတို့​ဒီအစိုး​ရ လက်ထက်တွင်း​မှာ​တော့​ ငြိမ်း​ချမ်း​ရေး​ကို အကုန်လုံး​ရ​အောင် လုပ်မယ်။ ၂ နှစ်၊​ ၃ နှစ်​တော့​ ကြာနိုင်တယ်။ အဲလို​တော့​ပြောတယ်။ ​နောက်တခုက တချို့​ အပြင်မှာ ​ပြောဆို​နေတာ​တွေ သမ္မတကြီး​က အပစ်အခတ် ရပ်စဲဖို့​၊​ တိုက်ခိုက်မှုမပြုဖို့​ လုပ်​ပေး​မယ်၊​ တိုက်ပွဲ​လေး​တွေ ဖြစ်​နေတဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောတာ တချို့​နေရာ​တွေမှာ ဘာဖြစ်လဲဆို​တော့​ တပ်​တွေအဆင့်​ဆင့်​ ညွှန်ကြား​တဲ့​အခါမှာ တပ်​တွေကို နယ်​မြေမှာ တကယ်လှုပ်ရှား​နေတဲ့​ သူတို့​ရဲ့​ တပ်​တွေဆီသွား​တဲ့​အခါမှာ ဒီအမိန့်​စာ​တွေဘာ​တွေ တချို့​တပ်​တွေမှာ ဆက်သွယ်​ရေး​ကိရိယာ​တွေ ဘာ​တွေ မရှိတဲ့​ တပ်ငယ်​လေး​တွေလည်း​ ရှိနိုင်တယ်။ ဒါ​ကြောင့်​ ဒီသတင်း​က အဲဒီကို မ​ရောက်နိုင်​သေး​တဲ့​ အခါမျိုး​မှာ သွား​လာလှုပ်ရှား​ရင်း​နဲ့​။ ဟိုဘက်ဒီဘက် သတင်း​ မရ​သေး​တဲ့​အခါမှာ နား​လည်မှု လွဲတာ​လေး​တွေ ရှိနိုင်ပါတယ်။ အဲလိုပဲ​ပြောတယ်။
နောက်တခုက ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ​တွေက အား​လုံး​ပြီး​သွား​ရင် ပင်လုံညီလာခံထက် ကြီး​ကျယ်တဲ့​ ပြည်သူ့​ကိုယ်စား​လှယ်​တွေ​ရော တိုင်း​ရင်း​သား​ ကိုယ်စား​လှယ်​တွေ အကုန်လုံး​ပါတဲ့​ လွှတ်​တော်ကြီး​မှာပဲ အဲဒီငြိမ်း​ချမ်း​ရေး​ အဖွဲ့​တွေကို ​ခေါ်မယ်။ နိုင်ငံ​ရေး​ပညာရှင်​တွေ အား​လုံး​ဖိတ်ကြား​ပြီး​တော့​မှ ပင်လုံညီလာခံထက် ကြီး​ကျယ်တဲ့​ တိုင်း​ရင်း​သား​ဆိုင်ရာ ညီလာခံကြီး​ကို လုပ်​ပေး​သွား​မယ်။ ဒါက​တော့​ သူတို့​နောက်ဆုံး​အဆင့်​ပေါ့​။ ပြီး​သွား​ရင် ထာဝရ ငြိမ်း​ချမ်း​ရေး​ပေါ့​။ အဲ့​လို​ပြောသွား​တယ်။”၂ နှစ်၊​ ၃ နှစ်​လောက် ကြာနိုင်တယ်ဆို​တော့​ လပိုင်း​အတွင်း​ မပြီး​နိုင်ဘူး​လား​။ ဘယ်လို​ကြောင့်​လဲ။
“လုပ်ငန်း​ စဉ်က ကြာတယ်​ပေါ့​။ တဦး​နဲ့​တဦး​ နား​လည်မှု​တွေ တည်​ဆောက်တဲ့​ ကိစ္စ​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဘယ်လိုလဲဆို​တော့​ အရင်တုန်း​က​တော့​ လုပ်တာက အား​လုံး​တခါတည်း​ ပြီး​ရင် သ​ဘောတူညီချက်တခု လက်မှတ်​ရေး​ထိုး​တယ်။ အခုကျ​တော့​ အဲလိုမျိုး​ မဟုတ်​တော့​ဘဲနဲ့​ အချက် ၂ ချက် သ​ဘောတူရင် ၂ ချက်ထိုး​တယ်။ ​နောက်ထပ် ၃ ချက်သ​ဘောတူရင် ၃ ချက်ထိုး​မယ်။ အဲဒါမျိုး​ သွား​မှာ။ အဖွဲ့​တဖွဲ့​နဲ့​ပဲ ဆို​စေ​ပေါ့​။ တကြိမ်ထိုး​ရုံနဲ့​ ပြီး​ချင်မှပြီး​မယ်။ ဒီတကြိမ်မှာ သ​ဘောတူတာ၊​ ဟိုဘက်နဲ့​ဒီဘက်နဲ့​ သ​ဘောတူတာ ၃ ချက်​တွေ့​ရင် ၃ ချက်ထိုး​သွား​မယ်။ အဲဒါအပြင် ​နောက်ထပ် သ​ဘောတူတာ ၂ချက်​တွေ့​ရင် ၂ ချက်ထပ်ထိုး​မယ်။ ရသ​လောက် အချိန်မှာ အစိုး​ရဘက်က အချိန်အတိုင်း​အတာ တခု​တော့​ ရှိမယ်။ နှစ်​ပေါင်း​များ​စွာ ဖြစ်လာတဲ့​ ပြဿနာတခု ဖြစ်တဲ့​အတွက် လက်ငင်း​ချက်ချင်း​ ပြီး​သွား​ဖို့​ ဆိုတာ​တော့​ လက်​တွေ့​မှာမလွယ်ဘူး​။ သို့​သော် သမ္မတကြီး​ကိုယ်တိုင်က သူတို့​လွှတ်​တော်အ​နေနဲ့​ ဆုံး​ဖြတ်ချက်ချထား​တော့​ ဒီအစိုး​ရ သက်တမ်း​မှာ​တော့​ အပြီး​အစီး​ ဖြစ်သွား​အောင်​တော့​ ​ဆောင်ရွက်သွား​မယ်။ ၃ နှစ်​လောက် လုပ်ငန်း​ကကြာနိုင်မယ်လို့​ သူတို့​က ​လော​လောဆယ် ခန့်​မှန်း​တယ်​ပေါ့​။ အဲဒါမျိုး​တွေ ​ပြောသွား​တယ်။”ဗဟိုအဆင့် ​ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီမှာ ဒွိဟဖြစ်​နေတာ ဦး​အောင်မင်း​ကလည်း​ တပိုင်း​ပါတယ်ဆို​တော့​ အခုသူတို့​ ဖွဲ့​စည်း​ပုံက အပြည့်​ထွက်သွား​ပြီလား​။
“အဲဒါလည်း​ ပြောတယ်။ ဦး​အောင်မင်း​ကလည်း​ တဖွဲ့​ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ သို့​သော် တချို့​နေရာ​တွေမှာ နယ်​မြေ​တွေမှာ ကရင်ပြည်နယ်လိုမျိုး​မှာ ဦး​အောင်မင်း​က နယ်​မြေပိုကျွမ်း​တယ်။ အဲဒီမှာလည်း​ အကြာကြီး​လုပ်လာတယ်။ အဲဒါ​ကြောင့်​ သူတို့​က တာဝန်ကို မျှ​ဝေပြီး​တော့​ လုပ်တဲ့​သ​ဘော​ပေါ့​။ ဦး​အောင်မင်း​ကိုယ်တိုင်ကလည်း​ ပရဟိတလုပ်ချင်တဲ့​ ဆန္ဒရှိတယ်။ ငြိမ်း​ချမ်း​ရေး​ကို ​ဆောင်ရွက်လိုတဲ့​ ဆန္ဒလည်း​ရှိတယ်။ ​နောက်နယ်​မြေမှာ ကရင်ပြည်နယ်မှာလည်း​ ကျွမ်း​ကျွမ်း​ကျင်ကျင်နဲ့​ နား​လည်မှုရှိတဲ့​အတွက် သူ့​ကိုပဲ ​ဆောင်ရွက်ခိုင်း​တယ်​ပေါ့​။ အဲလိုသူ​ပြောသွား​တယ်။ အဲ​တော့​ ၂ ဖွဲ့​ခွဲ​ပေမယ့်​ တ​ယောက်နဲ့​တ​ယောက် ပြန်ပြီး​တော့​ ​ပေါင်း​စပ်ညှိနှိုင်း​ပြီး​ ​ဆောင်ရွက်​နေကြတာဖြစ်တယ်လို့​ အဲလို​ပြောသွား​တယ်။
http://burmese.dvb.no/archives/18924
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဝန်ကြီး​ချုပ်​တွေ့​မည်
မြန်မာနိုင်ငံမှာ လက်ခံကျင်း​ပမယ့်​ စတုတ္ထအကြိမ် မဟာမဲ​ခေါင် ​ဒေသခွဲ ထိပ်သီး​ အစည်း​အ​ဝေး​ တက်ဖို့​ရှိတဲ့​ ထိုင်း​ဝန်ကြီး​ချုပ် ယင်လပ်ခ့်​ ရှင်နာဝပ်ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံမယ်လို့​ ​သိရပါတယ်။
ထိုင်း​ ဝန်ကြီး​ချုပ် ယင့်​လပ်ခ့်​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အင်္ဂါ​နေ့​ ည​နေပိုင်း​မှာ ​တွေ့​ဖို့​ရှိတဲ့​အ​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ်ရုံး​ ​ပြောခွင့်​ရက ​ပြောပါတယ်။
ဒီသတင်း​နဲ့​ ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က​နေ ထုတ်ပြန်တာမျိုး​ မရှိ​သေး​ပေမယ့်​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဝင် ဦး​ခွန်သာမြင့်​က​တော့​ ထိုင်း​ဝန်ကြီး​ချုပ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံဖို့​ရှိတယ်လို့​ အတည်ပြု​ပြောပါတယ်။
ဒီအစည်း​အ​ဝေး ​ကို ထိုင်း​ဝန်ကြီး​ချုပ် မစ္စယင်း​လတ် ရှင်နာဝပ်၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဆူရာ​ပေါင်နဲ့​ စွမ်း​အင်ဝန်ကြီး​တို့​လည်း​ လိုက်ပါပြီး​တော့​ ​ဒေသတွင်း​က အကြီး​အကဲ​တွေ တက်​ရောက်မှာ ဖြစ်ပါတယ်။
ထိုင်း​ နိုင်ငံကို မြန်မာပြည်က တင်ပို့​နေတဲ့​ ဓာတ်​ငွေ့​ပမာဏဟာ ထိုင်း​တနိုင်ငံ စွမ်း​အင်လိုအပ်ချက်ရဲ့​ ၃၀ ရာခိုင်နှုန်း​ရှိပါတယ်။ အစည်း​အ​ဝေး​မှာ စီး​ပွား​ရေး​ဆိုင်ရာ ကိစ္စ​တွေ ​ဆွေး​နွေး​သွား​ဖွယ်ရှိပြီး​ အ​သေး​စိတ်ကို မသိရဘူး​လို့​ ထိုင်း​နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက ​ပြောခွင့်​ရသူတဦး​က ​ပြောပါတယ်။
ဆွေး​နွေး​ပွဲ တက်​ရောက်မယ့်​ ထိုင်း​အစိုး​ရ အဖွဲ့​ဝင်များ​က​တော့​ စွမ်း​အင်ကဏ္ဍ ကိစ္စရပ်များ​ကို မြန်မာနဲ့​ သီး​ခြား​ ​ဆွေး​နွေး​သွား​မယ်လို့​ ထိုင်း​နိုင်ငံထုတ် ​နေရှင်း​သတင်း​စာမှာ ​ရေး​သား​ထား​ပါတယ်။
ဒီအစည်း​အ​ဝေး ​ကို ​နေပြည်​တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း​ရှင်း​ ဗဟိုဌာန (MICC)မှာ လာမယ့်​ တနင်္လာနဲ့​ အင်္ဂါ​နေ့​တွေမှာ ကျင်း​ပပြုလုပ်မှာဖြစ်ပါတယ်။
ပို့​ဆောင်​ ရေး​၊​ ဆက်သွယ်​ရေး​၊​ ရင်း​နှီး​မြှုပ်နှံမှု၊​ ခရီး​သွား​လုပ်ငန်း​၊​ စွမ်း​အင်၊​ စိုက်ပျိုး​ရေး​၊​ ကုန်သွယ်​ရေး​ စတဲ့​ကဏ္ဍ​တွေမှာ မဲ​ခေါင်မြစ်​ကြောင်း​တ​လျှောက်ရှိ နိုင်ငံ​ခြောက်နိုင်ငံက ပူး​ပေါင်း​ဆောင်ရွက်​နေပါတယ်။
ထိုင်း​ ဝန်ကြီး​ချုပ်ဟာ ​အောက်တိုဘာ လဆန်း​ပိုင်း​ကလည်း​ ​နေပြည်​တော်ကို ​နေ့​ချင်း​ပြန် သွား​ရောက်ခဲ့​ပြီး​ အဲဒီတုန်း​က မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
http://burmese.dvb.no/archives/18920
ရွှေည၀ါဆရာတော်ဦးပညာသီလ သံဃမဟာနာယကကို တောင်းပန်စာပို့
နျူကလီယားအရေး IAEA အပေါ် မြန်မာပွင့်လင်းဖို့လို
ကြာသပတေး, 15 ဒီဇင်ဘာ 2011
By ဒေါ်ခင်မျိုးသက်
မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားလိုနိုင်ငံမျိုးရဲ့ အကူအညီယူပြီးတော့ နျူကလီယားလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့သံသယတွေရှင်းသွားစေဖို့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီနဲ့ စုံစမ်းစစ်ဆေးဖို့ ပွင့်ပွင့်လင်းလင်း ပြသဖို့ လိုအပ်တယ်လို့ ဝါရှင်တန် အခြေစိုက် ISIS နိုင်ငံတကာလုံခြုံရေးဆိုင်ရာနဲ့ သိပ္ပံဆိုင်ရာ အဖွဲ့ကြီးကပြောကြားလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဟာ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်သလို နျူကလီယားဆိုင်ရာ လက်နက်မပြန့်ပွားရေးစာချုပ် ချုပ်ဆိုထားတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရအုပ်ချုပ်တဲ့ကာလမှာ နိုင်ငံတကာကနေ နျူကလီယားလက်နက်ဆိုင်ရာ စောင့်ကြည့်နေခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးမြှင့်မှုတွေအပြင် တခြား နျူကလီယားဆိုင်ရာ သံသယဖြစ်စရာ အထောက်အထားတွေကြောင့် စိုးရိမ်စိတ်ပူရတဲ့ နိုင်ငံတနိုင်ငံအဖြစ်နဲ့ အသတ်မှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ သံသယဖြစ်စရာတချို့ ပြေလျော့လာခဲ့တာမို့ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ အရိပ်လက္ခဏာတွေ တွေ့နေရကြောင်း ISIS အဖွဲ့က သုတေသနပညာရှင် အင်ဒရီရယ် စထရစ်ကာက (Andrea Stricker) ပြောပါတယ်။
“မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယားလိုနိုင်ငံမျိုးရဲ့ အကူအညီကို ယူပြီး Nuclear သုတေသနလုပ်ငန်း အငယ်လေးတွေ စပြီးလုပ်နေတယ်လို့ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက သံသယဖြစ်စရာတွေ အများကြီး တွေ့ခဲ့ရတာမို့ အထူးသဖြင့် အမေရိကန်လိုနိုင်ငံက စိတ်ပူခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်လတွေအတွင်းမှာပဲ မြန်မာအစိုးရက သူတို့မလုပ်ဆောင်ဘူးဆိုတာကို အာမခံချက်တွေ ပေးခဲ့သလို မြန်မာနိုင်ငံမှာ လမ်းကြောင်း ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာကို နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကနေတွေ့ခဲ့ရပြီး အရင်က ပြည်ပရောက် မြန်မာစစ်တပ် အရာရှိဟောင်းပြောကြားခဲ့တဲ့ Nuclear လက်နက်ဆိုင်ရာ သံသယဖြစ်စရာတွေ အတွက် အခုထိ ခိုင်လုံတဲ့အထောက်အထားတွေ မရတာကြောင့် မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပုံရတယ်လို့ တွက်ပါတယ်”
စက်တင်ဘာလထဲမှာ IAEA အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးတင်ဝင်းက မြန်မာနိုင်ငံမှာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်လောက်အောင် စီးပွားရေး မတောင့်တင်းဘူးလို့ တင်ပြခဲ့တဲ့အပြင် IAEA အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုရင် လက်ခံမယ့် အရိပ်အယောင်တွေကိုလည်း ပြသခဲ့ပါတယ်။ IAEA အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်မယ် ထင်ပါသလားဆိုတဲ့ အမေးကိုတော့ -
“IAEA မြန်မာနိုင်ငံကို သွားနိုင်မယ်လို့ထင်သလို ဒီလို သွားတာဟာ သိပ်ကို ကောင်းတဲ့လုပ်ရပ်ပါ။ ဒါဟာ မြန်မာအစိုးရက မြန်မာနိုင်ငံမှာ Nuclear လက်နက်လုပ်ဆောင်မှုတွေမရှိဘူးလို့ ပြောထားတာကို အထောက် အကူပေးတဲ့အနေနဲ့ ထင်သာမြင်သာ ပြနိုင်တဲ့သဘောပါ။ မြန်မာနိုင်ငံဟာ ဒီNuclear လက်နက်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပရောက် စစ်တပ် အရာရှိဟောင်းအပြင် တခြားပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက် အများအပြားကို ဖြေရှင်းနေရတာပါ။
ဒီပုဂ္ဂိုလ်တွေစိတ်ပူတဲ့Nuclear လက်နက်ဆိုင်ရာလုပ်ဆောင်နေတဲ့ နေရာတွေက စက်ကိရိယာတွေဟာ Nuclear ပစ္စည်းတွေကို အန္တရာယ်မရှိတဲ့လုပ်ငန်းတွေမှာရော အန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာပါ သုံးနိုင်တာ တွေ့ရပြီး အန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာ သုံးနိုင်ခြေကပိုများနေပါတယ်။ ဒါကြောင့် ဒါကို IAEAက သွားတဲ့အခါ စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် IAEA က Nuclear ဆိုင်ရာ စစ်ဆေးမှုတွေ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ခွင့်ပြုတဲ့ နောက်ဆက်တွဲ Nuclear ဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ပါ။ သူတို့မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်မှာပါ”
IAEA က ထဲထဲဝင်ဝင် စစ်ဆေးမှုတွေလုပ်နိုင်ဖို့ သဘောတူစာချုပ်ကိစ္စကို ဆွေးနွေးဖို့အပြင် နျူကလီယားနဲ့ ဒုံးကျည်ဆိုင်ရာ အတတ်ပညာတွေ သင်ယူဖို့အတွက် ရုရှားနိုင်ငံကို မြန်မာနိုင်ငံကနေ ရာနဲ့ချီတဲ့ ပညာတော်သင်တွေ ဘာကြောင့် စေလွှတ်နေတယ်ဆိုတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက် နျူကလီယားဆိုင်ရာ စိတ်ပူစရာတွေ အခုအခါမှာ လျော့ပါးလာတာ တွေ့နေရပေမယ့် လုံးဝစိတ်ပူစရာမလိုတဲ့ အနေအထားအဖြစ်တော့ မသတ်မှတ်နိုင်သေးဘူးလို့လည်း ISIS က သတ်မှတ်ပါတယ်။
“စိတ်ပူစရာတွေကလျော့လျော့လာနေပါတယ်။ ဒီလိုနဲ့လာပေမဲ့ မြန်မာနိုင်ငံအတွက်Nuclear ဆိုင်ရာ ပူပန်ရမှုတွေ အဆုံးသတ်သွားပြီလို့ မပြောနိုင်ပါဘူး။ ဒီကိစ္စအတွက် မြန်မာနိင်ငံက ထင်သာမြင်သာ ပွင့်ပွင့်လင်းလင်း ပြောရမှာဖြစ်သလို ဘာတွေလုပ်နေတယ်ဆိုတာ ပို သိရဖို့ မေးမြန်းချက်တွေကို ဖြေကြားဖို့လိုပါတယ်”
မြန်မာနိုင်ငံမှာ နိုင်ငံရေးပွင့်လင်းလာမှုတွေအတွက် ISIS အဖွဲ့က နိုင်ငံတကာနဲ့အတူ ကြိုဆိုခဲ့ပေမယ့် နျူကလီယာလုပ်ငန်းစဉ်ဆိုင်ရာမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အခုထက်ပိုပြီး ပွင့်လင်းမှုတွေရှိဖို့လည်း ပန်ကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/
အမေရိကန်စစ်ရေယာဉ် စင်္ကာပူတွင်ထားမည်
သောကြာ, 16 ဒီဇင်ဘာ 2011
By ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်ရေတပ်က ပင်လယ်ကမ်းရိုးတန်းသုံးသွား တိုက်ရေယာဉ် အတော်များများကို စင်ကာပူနိုင်ငံမှာ တပ်စွဲထားရှိတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာလည်း အလားတူ တပ်စွဲဖို့ ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက် တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရတက်မအေးဖြစ်ရမှု ပိုတိုးလာဖွယ်ရှိပါတယ်။
အမေရိကန် တိုက်ရေယာဉ်တွေရဲ့ အရွယ်အစားဟာ သေးငယ်ပေမဲ့လို့ ဒီလို အမေရိကန်ရေတပ် တပ်စွဲထားရှိဖို့ သဘောတူညီကြတယ်ဆိုတဲ့ သဘောဟာ အမေရိကန်ရဲ့ အာရှနိုင်ငံတွေအပေါ် ထိတွေ့ဆက်ဆံမှု တိုးလာတာကို သရုပ်ဖော်ပြသလိုက်တာ ဖြစ်တာမို့ တရုတ်နိုင်ငံအတွက် ကသိကအောက် ဖြစ်စေတယ်လို့ ဒေသတွင်း ကာကွယ်ရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
သြစတြေးလျနိုင်ငံမြောက်ပိုင်း ဒါဝင်မြို့က ဆိပ်ကမ်းမှာလည်း အမေရိကန် ကုန်းတက် မရင်းစစ်သည်အင်အား ၂,၅၀၀ တပ်စွဲထားရှိဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတို့က သဘောတူပြီးတဲ့ အကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန် ရေတပ်က အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာ ပင်လယ်ရေကြောင်း သွားလာရေးလမ်းဆုံအဖြစ် မဟာဗျူဟာကျကျ ပိုမိုအာရုံစိုက်သွားမှာ ဖြစ်တယ်လို့ အမေရိကန် ရေတပ်စစ်ဆင်ရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုနသန်ဂရင်းနာ့တ် (Jonathan Greenert) က ပြောဆိုလိုက်ပါတယ်။
အမေရိကန် ရေတပ် တိုက်ရေယာဉ်တွေဟာ ရေတိမ်မှာ ခုတ်မောင်းနိုင်သလို ရေငုပ်သင်္ဘောတွေလောက် အသံဆူညံခြင်းလည်း မရှိ၊ အရှိန်မြန်မြန် ခုတ်မောင်းနိုင်ပြီး ရေတိမ်ကမ်းရိုးတန်းက မိုင်းတွေကိုလည်း ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။
http://www.voanews.com/burmese/news/US-military-12-16-11-135732048.html
ပြည်ထောင်စု ရွှေနိုင်ငံတော် (Union of Golden)
သခင်မျိုးဟေ့ ဒို့ဗမာ ၊ဒို့ ရှမ်း ၊ဒို့ ကရင်၊
သခင်မျိုးဟေ့ ဒို့ ချင်း၊ ဒို့ ရခိုင်၊ဒို့ မွန်၊
သခင်တွေ သခင်တွေ
ပေါပေါများများ မျိုးချစ်များ
တစ်ပါးသူထက် ၊ကိုယ့်အမျိုးသာ
ကိုယ့်ကိုကိုသာ လူတော်ပါ
တပါးသူကို ကိုယ့်အောက်ကထင်
ပြစ်မျိုးမြင်လျက် …
ငါ ကောင်းစားရေး ဆက်လက်တွေး
ငါ့ ပြည်နယ်၊ ငါ့နိုင်ငံ ပေါ်ပေါက်ရေးထက်
နိုင်ငံအဝန်း
ရွှေနိုင်ငံသားအားလုံး
တောင်ပေါ် မြေပြန့် တန်းတူညီလျက်
ဆထက်ထမ်းပိုး ရွက်သယ်ပိုးမှ
ဒီမိုကရေစီ ထိုက်တန်မည်………
ကိုယ့်လူမျိုး အကျိုး၊ ကိုယ့်အိမ်အကျိုးထက်
နိုင်ငံအကျိုး လူသားအားလုံး အကျိုးအတွက်
ဆောင်ရွက်ပါမှ ဒီမိုကရေစီ ရနိုင်ပါမည်…….
မျိုးမချစ်တဲ့ နိုင်ငံချစ်ရဲဘော် အပေါင်းတို့
ကွဲပြားမှုတွေ ရပ်ကြတော့
မျိုးချစ်တာတွေရပ်ကြတော
နိုင်ငံ ချစ်စိတ်မွေးကြတော့
တော်လှန်ရေးတပ်ဖွဲအချင်းချင်း ညီညွတ်ခြင်းနဲ့
ဘုံရန်သူကိုတိုက်ကြတော့ …….
မျိုးမချစ်တဲ့ နိုင်ငံချစ်ရဲဘော် အပေါင်းတို့
စစ်မက် ရန်ကင်း ၊ ငြိမ်းချမ်းခြင်းနှင့်
ဘေးအပေါင်းရန်ကွာ၊ အောင်ကြောင်းဖြာလျက်
နဒီ မိုးယံ၊ ပွက်လောညံအက်
ပြည်ထောင်စု ရွှေနိုင်ငံတော် အဝန်း
ဒီမိုကရေစီပေါ်ထွန်းမည်……….
တေဇော (၉၆ ဗ.က.သ)
မန်းငြိမ်းမောင်ကို ထောင်ဒဏ် ၁၇ နှစ်ချမှတ်
on December 16, 2011 3:00 pm
အစိုးရ အာဏာပိုင်များက ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း သတင်းရ သည်။
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
ဖမ်းဆီးပြီး ၁ လခန့် အကြာတွင် ဦးမန်းငြိမ်းမောင်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ချမှတ် ခဲ့ပြီး ဖြစ်သော်လည်း တခြား ပုဒ်မများ ထပ်တိုး၍ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် မကြာသေးခင်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း အမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ရှိ ဒေသခံတဦးက ပြောသည်။
“သူ့ကို အစိုးရက ထောင် ၆ လ ချလိုက်ပြီးမှ KNU အဖွဲ့အစည်းထဲက လူဆိုတာ သိသွားတယ်”ဟု ၎င်းက ပြောဆိုသည်။
အာဏာပိုင်များက ဦးမန်းငြိမ်းမောင်အား ထပ်မံစွပ်စွဲထားသည့်အမှုများကို မသိရှိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဦးမန်းငြိမ်းမောင်သည် တရုတ်ပြည် ကူမင်းလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင် ပျောက်ဆုံးခဲ့သည်။ တရုတ်-မြန်မာ နယ် စပ်မှ လာသော သတင်းများအရ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ အာဏာပိုင်များက ၎င်းကို မြန်မာပြည်သို့သွားသည့် လေယာဉ် တစီးဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။
သို့သော် ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း ဦးမန်း ငြိမ်းမောင် ပါဝင်ခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/category/news
ကြားဖြတ် ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်မည်
ဧရာဝတီ on December 16, 2011 6:42 pm
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မကြာမီကျင်းပရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများကို ထိန်းချုပ်ကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံး ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နေပြည်တော်တွင် ကျင်းပသည့် ရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ကာလကို သေချာစွာ မပြောဆို နိုင်သေးကြောင်း၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာများစွာရှိနေပြီး ရွေးကောက်ပွဲကျင်းပမည့် အချိန်ကို  ၃လ
ကြိုတင်ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီအားလုံးသည် ယခုအချိန်တွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ပြုကြောင်း ၎င်းက ပြောသည်။
“ဘာမှ တင်ပြစရာမလိုဘူး။ ကော်မရှင်က မကန့်သတ်ဘူး။ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံး တာတွေကို လွတ်လွတ်လပ် လပ်လုပ်လို့ရတယ်။ ပြည်သူတွေကို စည်းရုံးနိုင်မှ လွှတ်တော်ထဲရောက်ပြီး အားလုံးကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး လုပ်နိုင်မယ်” ဟု ဦးတင်အေးက ကတိပြုသည်။
နိုင်ငံရေး ပါတီအားလုံးသည်လည်း တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်ကြမည်ဟု ယုံကြည်ကြောင်း ဦးတင်အေးက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကောင်းကျိုး လုပ်ဆောင်မည့် သူအဖြစ် ယုံကြည်ကြောင်း၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ရန် လျှောက်ထားမှုကိုလည်း ကော်မရှင်က သက်မှတ် ဥပဒေများအတိုင်း ခွင့်ပြုပေးလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည့်အပေါ် ကော်မရှင်ဥက္ကဋ္ဌ တဦးအနေနှင့် ကြိုဆိုကြောင်း ၎င်းက ပြောသည်။
ယနေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လစ်လပ် မဲဆန္ဒနယ်များစာရင်း အားလုံးကို အတိအကျ ထုတ်ပြန် ပေးလိုက်သည်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၂ နေရာ၊ စုစုပေါင်း ၄၈ နေရာလစ်လပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သော မဲဆန္ဒနယ် ၁၇ နေရာ စာရင်းများကို တိကျစွာ ထုတ်ပြန်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အသုံးစရိ သန်း ၇၀၀ ကျော်ကျပ် သုံးရန် လျာထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကျပ် ၁၁ ဘီလီယံ နီးပါး အသုံးပြုခဲ့သည်ဟု ဦးတင်အေးက ပြောသည်။
http://burma.irrawaddy.org/archives/3750
သောကြာ, 16 ဒီဇင်ဘာ 2011
ဒေါ်စုရွေးကောက်ပွဲဝင်မည့်ကိစ္စ ကော်မရှင်ဥက္ကဋ္ဌ ကြိုဆို
By မစုမြတ်မွန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကြိုဆိုလိုက်ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ နေပြည်တော်မှာ ပြည်တွင်း သတင်းထောက်တွေကို ခေါ်ယူပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အတိအကျ မပြောသေးပေမဲ့ လုပ်တဲ့အခါ ၃ လ ကြိုတင် အသိပေးမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က အစီရင်ခံထားပါတယ်။
ဒီနေ့ သောကြာနေ့မှာ ပြည်တွင်းသတင်းထောက်တွေကို နေပြည်တော်ကိုဖိတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အဓိကပြောတာကတော့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေဘက်က ကြိုတင်ပြင်ဆင်ထားဖို့ မီဒီယာတွေကတဆင့် ပြောတဲ့သဘော ဖြစ်ပါတယ်။ လစ်လပ်မဲ ဆန္ဒနယ်တွေ ဘယ်နှစ်နေရာရှိတယ်၊ ရွေးကောက်ပွဲဝင်နိုင်မယ့် ပါတီတွေ ဘယ်နှစ်ပါတီ ရှိနေပြီ၊ NLD အပါအဝင် နောက်ထပ် မှတ်ပုံတင်ဖို့လုပ်နေတဲ့ ပါတီတွေရှိနေတယ် ဆိုတာ အသေးစိတ်ကို ရှင်းပြခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ တက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တွေက ပြန်ပြောပြကြပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်မယ်ဆိုတဲ့ အပေါ်မှာလည်း ကြိုဆိုပါတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောခဲ့တာကို အမည်မဖော်လိုတဲ့ သတင်းထောက်က အခုလို ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က နိုင်ငံကောင်းအောင်လုပ်မယ့်သူလို့ လုံးဝယုံကြည်ပါတယ်ပေါ့။ ကော်မရှင်အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ်။ ကော်မရှင်အနေနဲ့ သူတို့ ဘာမှ ကန့်ကွက်စရာမရှိဘူးလို့ ပြောတယ်။ နောက် တကယ်လို့ လျှောက်ထားလာမယ်ဆိုရင်တော့ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ကိုယ်စားလှယ်လောင်းတွေကို နောက်ကြောင်းလိုက်တာ လုပ်မယ်။ လုပ်ထုံးလုပ်နည်းဖြစ်တဲ့ အတွက်ကြောင့်မိုလို့ နောက်ကြောင်းလိုက်တာကတော့ သူတို့ လုပ်ရမှာပေါ့။ ဒါပေမဲ့ သူတို့ ပုဂ္ဂိုလ်ရေးအနေနဲ့ကတော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ယုံကြည်ပြီးသား၊ ပြီးတော့ ကြိုလည်း ကြိုဆိုပါတယ်လို့ ပြောတယ်။”
၂၀၁၀ ရွေးကောက်ပွဲတုန်းက အငြင်းပွားစရာ ကြိုတင်မဲကိစ္စတွေကြောင့် အရင်က ရွေးကောက်ပွဲ ကော်မရှင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ခံခဲ့ရပါတယ်။ အခု သတင်းစာ ရှင်းလင်းပွဲမှာလည်း သတင်းထောက်တွေက ဒီကိစ္စကို အဓိကမေးခဲ့ကြပါတယ်။ ဒီအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်မှာ အားနည်းချက်တွေ ရှိခဲ့တာကိုလည်း အခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဝန်ခံသွားခဲ့ပါတယ်။
“ကော်မရှင်ကလည်း အသစ်ဖြစ်တော့ သူတို့အနေနဲ့ ကြိုတင်မဲကို ဘယ်လိုလုပ်မလဲ ဆိုတော့ သူတို့ကတော့ ပြောသွားတာက general ဖြေသွားတာပါပဲ။ သူတို့ကတော့ ဥပဒေအတိုင်း လုပ်ပါမယ်။ ပြီးခဲ့တဲ့ဟာကိုလည်း သူတို့ ပြန်ပြောတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အားနည်းချက် သုံးလေးခု ရှိတယ်တဲ့။ ဘာလဲဆိုတော့ လူထုကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာမှသိပ်မသိတာမျိုး၊ ကျယ်ကျယ်ပြန့်ပြန့်လည်း ပညာပေးတာမျိုးတွေမလုပ်တာ ပါတီတွေက အဲဒီအားနည်းချက်ရှိတယ်။ နောက်ပြီးတော့ ကော်မရှင်ကလည်း ပထမဆုံး နှစ် ၂၀ ကျော် ကြာပြီးမှ ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် ကော်မရှင် အနေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ပညာမပေးနိုင်တာတွေ၊ နောက်ပြီး အတွေ့အကြုံနည်းတဲ့ အတွက်ကြောင့် တချို့ဟာတွေမှာလည်း အားနည်းချက်တွေ ရှိတာကို လက်ခံပါတယ်ပေါ့။ ဒါပေမဲ့ သူတို့က ပြန်ခြုံပြီးတော့ ပြန်ပြောတာကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာပဲပြောပြော အောင်မြင်တဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်တယ်လို့ သူတို့မှတ်ပါတယ်လို့ ဆိုပြီး နောက်လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ကျရင်တော့ သူတို့က ဥပဒေနဲ့အညီ သေချာလုပ်ပါ့မယ် လို့တော့ ကတိစကားမျိုးတော့ ပြောသွားတယ်။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်သူ့ သြဇာလွှမ်းမိုးမှုမှ မရှိတဲ့ လွတ်လပ်တဲ့ ကော်မရှင် ဖြစ်တယ် ဆိုတာကို ဒီသတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် ဥက္ကဋ္ဌက ထပ်ကာ ထပ်ကာ ပြောသွားခဲ့ပါတယ်။ နောင်လုပ်မယ့်ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လေ့လာစောင့်ကြည်သူတွေကို လက်ခံ မခံဆိုတာကိုတော့ ကော်မရှင်တစ်ခုတည်းက ဆုံးဖြတ်လို့ မရဘူးလို့ ဆိုပါတယ်။
“၂၀၁၀ ခုနှစ်ကတော့ အဲဒီလို ဖိတ်တော့မဖိတ်ခဲ့ဘူး။ ဒါပေမဲ့ သံရုံးတွေကိုတော့ သူတို့ ခွင့်ပြုခဲ့တာမျိုး ရှိတယ်ဆိုတော့ ဒီ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ ခွင့်ပြုမပြုဆိုတာ မေးတော့ အဲဒီအချိန်ကျရင် အခြေအနေ အချိန်အခါကိုကြည့်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ ဆိုလည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့် အခြေအနေ အချိန်အခါကို ကြည့်ပြီးတော့ ဆုံးဖြတ်မယ့်ဟာမျိုး၊ နောက်ပြီးတော့ သူတို့ချည်းပဲ ဆုံးဖြတ်လို့မရဘူးဆိုတဲ့ဟာမျိုး ပြောပါတယ်။ တိတိကျကျ အဖြေပေးမသွားဘူး။”
ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဘယ်နေ့ကျင်းပမယ်ဆိုတာကို ရက်တိတိကျကျ မပြောပေမဲ့ မှတ်ပုံတင်ခွင့်ရပြီးသား ပါတီတွေအနေနဲ့ စည်းရုံးမဲဆွယ်မှုတွေ လုပ်လို့ရနေပါပြီလို့ ပြောသွားခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာ လစ်လပ်နေရာ ၆ နေရာ၊ ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀ နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်မှာ ၂ နေရာ၊ စုစုပေါင်း ၄၈ နေရာ လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲကျရင် နိုင်ငံရေးပါတီတွေအနေနဲ့ နေရာလပ်မကျန်အောင် ဝင်ပြီး အရွေးခံကြအောင်လည်း ကော်မရှင်က တိုက်တွန်းသွားပါတယ်။
လက်ရှိမှာ တရားဝင် မှတ်ပုံတင်ထားပြီးသားပါတီက ၄၁ ပါတီရှိပါတယ်။ NLD ပါတီကတော့ ရှေ့သီတင်းပတ်ထဲမှာ ပါတီမှတ်ပုံတင်မယ်လို့ သိရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲစရိတ် ကျပ်သန်း ၇၀၀ သုံးစွဲဖို့ရှိတယ် ဆိုတာကိုလည်း ဒီကနေ့ ပြည်တွင်းသတင်းထောက်တွေနဲ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးသွားပါတယ်။
http://www.voanews.com/burmese/news/Election-Commission-DASSK-12-16-11-135733728.html
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို
2011-12-16
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်ကို သိရအောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ကြီး မနေ့က သွားရောက် တွေ့ဆုံတာပါ လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရုံးချုပ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက် က ကျင်းပနေစဉ်။ ဓါတ်ပုံ - RFA
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်လာအောင် အမြဲ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ တရုတ် မြန်မာ ဆက်ဆံရေးမှာ အပြန်အလှန် လေးစားယုံကြည်မှု အခြေခံပြီး တခြားနိုင်ငံရဲ့အရေးကို ဝင်ရောက် မစွက်ဖက်ရေးမူ ကျင့်သုံးပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဒီကိစ္စနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးမှာ အပြည်ပြည်ဆိုင်ရာက ပြောဆိုချက်တွေကို မြန်မာ အစိုးရဘက်ကနေ အကာအကွယ်ပေးနေတာ တွေ့ရတာကြောင့် မြန်မာအပေါ် စေတနာမှန်တယ်လို့ မြင်ပါသလားလို့ အင်န်အယ်လ်ဒီပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို မေးမြန်းကြည့်တဲ့အခါ အရင်တုန်းကတော့ ကိုယ်ကျိုးစီးပွားကို ကြည့်ပြီး ကာကွယ်ပေးခဲ့တာတွေ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ငြိမ်အောင် ရှေ့ဆက်လုပ်မှာကို သဘောပေါက်လာပုံရကြောင်း ပြောပါတယ်။
“ဟိုအရင်က သူတို့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လို့ ပိုမို စိတ်ဝင်တစား ရှိတဲ့အပေါ် မူတည်ပြီးတော့ ကာကွယ်ပေးခဲ့တာတွေ ရှိငြားသော်လည်း အခုအချိန်မှာတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူအားလုံးက ရှေ့ဆက်ပြီး ငြိမ်းချမ်းတည်ငြိမ်အောင် လုပ်လာမယ်ဆိုတာ သဘောပေါက်တဲ့အပေါ် မူတည်ပြီးတော့ သူတို့ အကျိုးကျေးဇူးစီးပွား အလို့ငှာ ဆောင်ရွက်တဲ့နေရာမှာ ညှိနှိုင်းဖြေရှင်းနိုင်အောင် ဖြစ်တဲ့ သဘောလို့လည်း ယုံကြည်တယ်”
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထောက်အကူပြုနိုင်အောင် မြန်မာ့ လူ့အဖွဲ့အစည်း အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက်သွားဖို့ ရှိတာကြောင့်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုသွားပါတယ်။
အခုလို တရုတ်သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အင်အယ်လ်ဒီ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-china-12162011100136.html
တရုတ်သံအမတ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
By လင်းသန့် on December 16, 2011 6:32 pm
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ အဆက်အဆံ မရှိတာကနေ အခုက ပထမဆုံး နွေးနွေးထွေးထွေး ထိတွေ့ဆက်ဆံမှုပါ။ သီးခြားခေါင်းစဉ်နဲ့ ဆွေးနွေးတာတော့ မရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးခွန်သာမြင့်က ဧရာဝတီသို့ ပြောသည်။
တရုတ်သံအမတ်ကြီး Li Junhua နှင့် ဒုတိယ အတွင်းဝန်တို့သည် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီမှ ၄ နာရီ ၁၀ မိနစ်အထိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အစိုးရချင်း ဆက်ဆံရေး၊ အစိုးရနှင့် အတိုက်အခံ ဆက်ဆံရေး၊ ပြည်သူချင်း ထိတွေဆက်ဆံရေးတို့အတွက် ခြေလှမ်းအစဟု ယူဆသော်လည်း ဆွေးနွေသည့် အသေးစိတ်ကို မသိကြောင်း ဦးခွန်သာမြင့်က ဆက်လက်ပြောသည်။
ယင်းသို့ တရုတ်သံအမတ်တဦး အနေဖြင့် မြန်မာအတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ဆုံခြင်းမှာ နှစ်ပေါင်း ၂၀ ကျော်တွင် ပထမဆုံးဖြစ်သည်။
ယခု တရုတ်သံအမတ်အနေဖြင့် အတိုက်အခံခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်သည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က ယမန်နေ့က ပြောကြားခဲ့သည်ကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
“တရုတ်နိုင်ငံနဲ့ တွေ့ချင်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် ကမ်းလှမ်းဖူးပါတယ်။ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်နဲ့ တွေ့ဆုံမှုဟာ ဒီကမ်းလှမ်းချက်တွေကို တုန့်ပြန်လိုက်လျောလိုက်တာပါပဲ” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဦးခွန်သာမြင့်ကမူ “အကြိမ်ကြိမ်အခါခါ တောင်းဆိုတယ်ဆိုတာကလည်း အစ်မ (ဒေါ်အောင်ဆန်းစုကြည်) က ကြုံတိုင်း ပါပဲ။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်) က ကျမကို တွေ့ပါ၊ တွေ့ပါလို့ ပြောနေတာ မဟုတ်ဘူး။ တွေ့ဖို့ လိုအပ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေနဲ့ အစိုးရချင်းတင်မကဘဲ အတိုက်အခံနဲ့လည်း ထိတွေ့ဖို့လိုတယ်။ ပြည်သူချင်းလည်း ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ ပြောနေတာပဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးကိစ္စကို သမ္မတဦးသိန်းစိန် အစိုးရက ရပ်တန့်ထားခဲ့သည်။
အဆိုပါကိစ္စအပြင် မြန်မာနှင့် အမေရိကန် ဆက်ဆံရေး ကောင်းမွန်လာခြင်းသည် တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်နိုင်သည်ဟု လေ့လာတချို့က သုံးသပ်သည်။
မြန်မာနှင့် တရုတ် အစိုးရချင်း ဆက်ဆံရေး ကောင်းမွန်မူကို လိုလားကြောင်း၊ မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်က ဆက်ဆံရေးကို မထိခိုက်နိုင်ကြောင်း အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲလ်က ပြောထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီးနောက် တရုတ်နိုင်ငံသည် အိမ်နီးချင်းဖြစ်ပြီး အရေးပါသည့် မိတ်ဆွေနိုင်ငံအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD ကို အနိုင်ရပါတီအဖြစ် န၀တ စစ်အစိုးရက ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ ချင်ပေါင်လူးသည် NLD ရုံးသို့ သွားရောက်ခဲ့ဖူးသည်။
နေပြည်တော်၌ ဒီဇင်ဘာ ၁၉-၂၀ တို့တွင်ကျင်းပမည့် မဲခေါင်နိုင်ငံများအစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် တက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခု တက်ရောက်ဖြစ်တော့မည် မဟုတ်ဟု သိရသည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်စား နိုင်ငံတော်ကောင်စီဝင်နှင့် တရုတ် သံအမတ်ကြီး Dai Bingguo က တက်ရောက်မည် ဖြစ်သည်။
http://burma.irrawaddy.org/archives/3745
တရုတ်ဝန်ကြီးချုပ် နေပြည်တော် မဲခေါင် အစည်းအဝေး မတက်နိုင်
ကိုဝိုင်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၁၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီဇင်ဘာလအတွင်း နေပြည်တော်တွင် ကျင်းပရန်ရှိသည့် မဲခေါင်ဒေသနိုင်ငံများ ၄ ကြိမ်
မြောက် နိုင်ငံတော်အဆင့် အစည်းအဝေးသို့ တရုတ်နိုင်ငံမှ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ကိုယ်တိုင် မတက်ရောက် ဘဲ နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘန်ဂေါင်း Dai Bungguo သာ တက်ရောက်တော့မည် ဖြစ်သည်။
ဒီဇင်ဘာ ၁၉ နှင့်၂ဝ ရက်နေ့များတွင် ကျင်းပမည့် မဲခေါင်ဒေသနိုင်ငံများ အစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် တက်ရောက်မည်ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ် ရေးဆွဲ ချမှတ်သူများနှင့် နီးစပ်သူတဦးအား ကိုးကား၍ ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် ရိုက်တာ သတင်းများတွင် ဖော်ပြပါရှိသည်။
သို့သော် တရုတ်အစိုးရ ဆင်ဟွာ သတင်းစာကမူ “ဒိုင်ဘန်ဂေါင်းသည် မဲခေါင်ဒေသနိုင်ငံများ စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်ကို သွားရောက်မည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Liu Weimin က ကြာသပတေးနေ့က ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းပွဲတွင် ပြောကြား ခဲ့ကြောင်း ဖော်ပြသည်။
တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) NLD/LA
နိုင်ငံခြား ဆက်ဆံရေး ကော်မတီ တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ တရုတ် ဝန်ကြီးချုပ်၏ လုပ်ငန်းစဉ် အချိန်ဇယား အပြောင်းအလဲကြောင့် ဖြစ်နိုင်သော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်ဖြစ်နေမှုနှင့် ပို၍ ဆက်စပ်မည် ဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။
“လောလောဆယ် ကချင်တို့ ဘာတို့ conflict မပြီးမချင်း သူတို့ ဘယ်ဘက်ကိုမှ မပါချင်ဘူး ဆိုတဲ့ဟာလို့ ကျနော် ပိုထင်တယ်။ တကယ်လို့ သူ သွားတက်တယ်ဆိုရင် ဗမာပြည်က အေးဆေးပါပဲ ဒါကြောင့် တရုတ် ဝန်ကြီးချုပ် ကိုယ်တိုင် သွားတယ်ဆိုရင် ကချင်ပေါ်မှာ အစိုးရက ထပ်ပြီး ဖိအားပေးလာနိုင်တယ်လို့ ထင်တယ်” ဟု ပြောသည်။
အဆိုပါ မဲခေါင်ဒေသ နိုင်ငံများ အစည်းအဝေးသို့ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုတို့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ပြီး ဒေသတွင်း စီးပွားရေး ကိစ္စများကို အထူးအလေးပေး ဆွေးနွေး
ကြမည် ဖြစ်သည်။
တရုတ်-မြန်မာ ဆက်ဆံရေးသည် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ သန်း ၃.၆ ထောင်တန် မြစ်ဆုံ စီမံကိန်းအား ခေတ္တရပ်ဆိုင်းကြောင်း သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ၌ ကြေညာခဲ့ အပြီး အေးနေခဲ့သည်ဟု လည်း ဦးညိုအုန်းမြင့်က ထောက်ပြသည်။
“တရုတ်က ဟန်ဆောင်ပြီးတော့ ဘာမှ မဖြစ်ပါဘူးလို့ ပြောပေမယ့် ယူနန်အစိုးရနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အပိုင်းတွေလည်း ကြည့်ရမယ်လေ” ဟု ဆိုသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အတိုက်အခံ ဘဝဖြင့် နေလာခဲ့ရသည့် နှစ်ပေါင်း ၂ဝ ကျော်
ကြာမှ တရုတ်သံအမတ်က ဒီဇင်ဘာ ၈ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့သည်မှာလည်း ဦးသိန်းစိန် အစိုးရအား မကျေမနပ် ဖြစ်သည်ကို ပြသရာရောက်ကြောင်း သုံးသပ်သည်။
“တရုတ်က သူ့ရဲ့ မကျေနပ်ချက်ကို ဒီနည်းနဲ့ ပြန်ပြတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ သူတို့က Government to Government ပဲ ဆက်ဆံလေ့ ရှိတယ်။ Opposition ကို သူတို့ ဆက်ဆံလေ့ မရှိဘူး” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Liu Weimin ကမူ “ဒေါ်အောင်ဆန်းစုကြည်က တရုတ်နဲ့ တွေ့ချင် တယ်လို့ အကြိမ်ကြိမ် တောင်းလို့ တရုတ်သံအမတ်က သွားတွေ့တာပါ။ တခြား ပြည်တွင်းရေးကို မစွက်ဖက်ရဘူး ဆိုတဲ့ မူကို အခြေခံပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် အထောက်အကူပြုမယ့် အနေအထား အားလုံးနဲ့ ဆက်စပ်သွားမှာပါ” ဟု သတင်းထောက်များကို ကြာသပတေးနေ့က ပြောသည်။
မြန်မာနိုင်ငံသို့ လာမည့် အပတ်တွင်သွားမည့် အသက် ၇ဝ အရွယ် တရုတ် နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘင်ဂိုးသည် ဝါရင့်သံတမန်တဦးဖြစ်ပြီး ၂ဝဝ၈ ခုမှစ၍ သမ္မတ ဟူကျင်းတောင် အစိုးရ၏ နိုင်ငံခြားရေးမူဝါဒချမှတ်ရေးတွင် အထူး အားကိုးရသူတဦး ဖြစ်လာကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၄ဝဝ ရှိပြီး၊ တွင်းထွက်နှင့် စွမ်းအင်ကဏ္ဍအထူးပြုသည့် တရုတ်၏ မြန်မာအတွင်း ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ သန်း ၁၂ဝဝ ကျော်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြပါရှိသည်။
ထို့ပြင် အိန္ဒိယသမုဒ္ဒရာကို ဖြတ်လာမည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဘက်မှ ရေနံနှင့် ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့တို့ကို သူ၏ ကုန်းပိတ်ဒေသ ယူနန်ပြည်နယ်အတွင်း တင်သွင်းနိုင်ရန် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကို စတင်နေပြီ ဖြစ်သည်။ ယူနန်ပြည်နယ်မှ ကုန်စည်များကိုလည်း ထိုလမ်းကြောင်းမှ တဆင့်
ပြည်ပသို့ ပြန်လည် တင်ပို့နိုင်မည် ဖြစ်သည်။
http://www.mizzimaburmese.com/news/regional/8780-2011-12-16-15-44-37.html
ကိုဇာဂနာနဲ့ အဖွဲ့ ထိုင်းနိုင်ငံ ရောက်နေ
2011-12-16
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးရာမှာ အထောက်အကူ ပြုနိုင်ဖို့် သုံးရက်ကြာ လေ့လာရေးခရီးအဖြစ် ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကို ဒီကနေ့ ရောက်လာပါတယ်။
Maung Thura/ Facebook
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာရန် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေသည့် ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့်အဖွဲ့။
ဒီဇင်ဘာ ၁၇ ရက်က ၁၉ ရက်အထိ ဘန်ကောက်မြို့မှာ ရှိတဲ့ ရုပ်ရှင် စတူဒီယိုတွေနဲ့ ရုပ်သံသတင်းဌာနက အသုံးပြုနေတဲ့ စတူဒီယိုတွေကို လှည့်လည် လေ့လာမယ့်အကြောင်း၊ ရုပ်ရှင် ဒါရိုက်တာတွေနဲ့လည်း တွေ့ဖို့ရှိကြောင်း ကိုဇာဂနာက အာရ်အက်ဖ်အေကို ပြောပါတယ်။
“အဓိကတော့ ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒီမှာ သူတို့နဲ့ လာပြီး တွေ့ဆုံမေးမြန်းတဲ့ သဘောပါပဲ။ ပထမတုန်းကတော့ အန်တီခေါင်းဆောင်ပြီး လုပ်ထားတဲ့ Film Festival အတွက် ရည်စူးတာပေါ့။ အခုတခါ ဗိုလ်ချုပ်အောင်ဆန်းကိစ္စ အတွက်ပါ စတူဒီယိုတခုမှာ ပစ္စည်းတွေ ဘယ်လို ဆင်သလဲ၊ ဘယ်လိုတပ်သလဲ၊ ကင်မရာတွေ ဘယ်လို အလုပ်လုပ်သလဲ စသဖြင့် ဒါတွေကို ဆက်ပြီး လေ့လာဖို့ တခါတည်း လုပ်လိုက်တဲ့ သဘောပါပဲ”
ကိုဇာဂနာနဲ့ အဖွဲ့ဟာ ဒီဇင်ဘာ ၂ဝ မှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ပြီး ရုပ်ရှင်ရိုက်ကွင်းနဲ့ ပတ်သက်တဲ့ နေရာတွေကို ထပ်မံ လေ့လာပါမယ်။ လေ့လာရေးအဖွဲ့ထဲမှာ ကိုဇာဂနာနဲ့အတူ လူရွှင်တော် အရိုင်းနဲ့ I.T. ပညာရှင် ကိုမောင်မောင်တို့ ပါဝင်ကြောင်း သိရပါတယ်။
http://www.rfa.org/burmese/news/zarganar-thai-12162011121505.html
ကိုဇာဂနာဖေ့စ်ဘွတ်မှ
သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌထံ ရွှေညဝါဆရာတော် မေတ္တာရပ်ခံစာပို့
2011-12-16
ရန်ကုန် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က ဖယ်ရှားပေးဖို့ သံဃာ့ မဟာနာယကအဖွဲ့က စာထုတ်ထားတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟက သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ထံ မေတ္တာရပ်ခံစာတစ်စောင် ဒီကနေ့ ပေးပို့လိုက်ပါတယ်။
RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင်နာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ။
မေတ္တာရပ်ခံစာနဲ့အတူ ရွှေညဝါဆရာတော်ကို ထောက်ခံကြတဲ့ သံဃာတော်တွေအပါအဝင် ဒါယကာ ဒါယိကာမတွေရဲ့ လက်မှတ်ပေါင်း တစ်သောင်းနှစ်ထောင်ကိုပါ ပူးတွဲပေးပို့ခဲ့ကြောင်း ရွှေညဝါဆရာတော်က အာရ်အက်ဖ်အေကို မိန့်ပါတယ်။
“အခုနေ့ခင်းကပဲ တပည့်တပါးက မဟာနာယက အဖွဲ့ကို အယူခံလွှာ သွားပြီးတင်တယ်။ ကျုပ်ကို ထောက်ခံတဲ့ သံဃာရော၊ ဒကာ ဒကာမ ရော အားလုံးလက်မှတ်ပေါင်း သောင်း နှစ်ထောင်လောက် ရှိမှာပေါ့။ ထောက်ခံတဲ့လက်မှတ်တွေနဲ့ တွဲပြီး တင်လိုက်ပြီ။ စာထဲမှာကတော့ ကျုပ်တို့ ‘ထေရဝါဒ အဆုံးအမအတိုင်း ခေါ်ယူဆုံးမ နိုင်ပါကြောင်းနှင့် လိုက်နာကျင့်သုံးနိုင်ပါကြောင်း တင်ပြဦးခိုက်ပါသည် ဘုရား’ ပေါ့ဗျာ။ အဲဒီတော့ ဗန်းမော်ဆရာတော်၊ ဥက္ကဋ္ဌဆရာတော်ကြီးနဲ့ အကျိုးတော် ဆောင်ချုပ် ဆရာတော်ကြီး နှစ်ပါး၊ သူတို့ကလည်း ဒီလို စာရော၊ နှုတ်ရော လျှောက်ထားမယ်ဆိုရင်တော့ အားလုံး အဆင်ပြေသွားမှာပါ လို့ မိန့်လိုက်ပါတယ်”
လွန်ခဲ့တဲ့လတွေကစပြီး ရွှေညဝါဆရာတော်ကို သံဃာ့ မဟာနာယက အဖွဲ့က တရားဟောခွင့် ပိတ်ပင်ထားခဲ့တာပါ။
ဒီဇင်ဘာလ ၁ဝ ရက်နေ့က ရွှေညဝါဆရာတော်ရဲ့ သာဓုကျောင်းတိုက် ဝင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရရှိခြင်း အနှစ် (၂ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပြီးနောက် ၁၂ ရက် နေ့မှာ အခုလို သံဃာ့ မဟာနာယကအဖွဲ့က စာထုတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကတော့ ရွှေညဝါဆရာတော်ဟာ မန္တလေးတိုင်း NLD ရုံးမှာ တရားဟောခဲ့တဲ့အတွက် အရေးယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သာဓု စာသင်တိုက်ကနေ ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က အမိန့်ပေးခံရတဲ့ ရွှေညဝါဆရာတော်ကြီးကို ဦးကိုကိုအောင်က လျှောက်ထားမေးမြန်း တင်ပြထားပါတယ်။
လျှောက်ထားမေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/shwe-nya-war-12162011083108.html