Saturday, December 17, 2011

သက်ဆင်မြန်မာပြည်ပြန်သွားပါပြီ။


Ex-Thai PM Shinawatra flies back after a secret two-day trip to Lumbini
 
Former Prime Minister of Thailand Thaksin Shinawatra visited Lumbini, the birthplace of Buddha, and performed prayers there on Saturday before flying back to Myanmar where he is living in exile.
Thaksin Shinawatra
Thaksin Shinawatra arrived in Lumbini directly from the Tribhuvan airport Friday evening‚ visited the Royal Thai Monastery constructed by Thailand government and Maya Devi temple today.
He was accompanied by a dozen people including Thai ambassadorfor Nepal and some family members.
Shinawatra had secretly landed at the Tribhuvan International Airport on a chartered plane yesterday and flew back in a similar fashion after visiting Lumbini.
He did not visit Kathmandu nor did he meet anybody from the Nepal government.
Shinawatra, one of the richest businessmen of Thailand, was deposed in a military coup and has been in exile since then. nepalnews.com


  Photo-AP
 http://www.nepalnews.com/archive/2011/dec/dec17/news06.php




မြန်မာပြည်မှ နီပေါကို သွားတယ် ဆိုတဲ့ သက်ဆင်
Saturday, December 17, 2011  zarny win



AP သတင်းဌာနက လွန်ခဲ့တဲ့ ၁ နာရီကျော်တုန်းက ဖော်ပြလိုက်တဲ့ပုံပါ။

ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ဒီကနေ့ နီပေါနိုင်ငံ လုမ္ဗိနီမှာ တွေ့ရတဲ့ပုံလို့ ဆိုပါတယ်။ နီပေါကို သောကြာနေ့ကတည်းက ရောက်တယ်၊ စင်းလုံးငှားလေယာဉ်နဲ့ မြန်မာပြည်ကနေ လာတယ်လို့ ဆိုတယ်။

Former Thai Prime Minister Thaksin Shinawatra, second left, takes a tour of the birthplace of Buddha in Lumbini, Nepal, Saturday, Dec. 17, 2011. The former Thai leader was overthrown in a 2006 military coup and lives in self-imposed exile after being convicted of corruption-related charges. Police official Dharmaraj Bhandari says Thaksin arrived in Nepal on Friday on a chartered aircraft from Myanmar and immediately flew to Lumbini for his pilgrimage.
http://www.irrawaddyblog.com/2011/12/blog-post_8514.html

တက်ဆင် မြန်မာစစ်အစိုးရ ခေါင်းဆောင်ဟောင်းနဲ့တွေ့

တနင်္လာ, 19 ဒီဇင်ဘာ 2011

By ဗွီအိုအေ (မြန်မာဌာန)


ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုလိုက်ပါတယ်။

မစ္စတာ တက်ဆင်က မြန်မာပြည်ကိုသွားမယ့် သူ့ရဲ့ညီမ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်ရဲ့ ခရီးစဉ် ချောမွေ့ အဆင်ပြေအောင်နဲ့ မစ္စ်ယင်းလပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေးကိစ္စတွေ အကူအညီပေးဖို့အတွက် သွားရောက်တာဖြစ်တယ်လို့ ပြောပါတယ်။

မစ္စ်ယင်းလပ်ရှင်န၀ပ်ဟာ စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲနိုင်ငံများ ညီလာခံကို တက်ရောက်ဖို့ အခုမြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။

မဟာမဲခေါင်မြစ် ဒေသခွဲနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံက ဝေဖန်သုံးသပ်သူ တချို့ကတော့ ၀န်ကြီးချုပ် ယင်းလပ်အစိုးရအနေနဲ့ ဒီခရီးစဉ်ကို အသုံးချပြီး တက်ဆင်ရှင်န၀ပ်နဲ့ အလွမ်းသင့်တဲ့ စီးပွားရေးသမားတွေရဲ့ အကျိုးအမြတ်ရရှိအောင် ပြုလုပ်သွားနိုင်တဲ့အတွက် သတိထားစောင့်ကြည့်ဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။

http://www.voanews.com/burmese/news/Thaksin-Burma-12-19-11-135894478.html

သမိုင်းအမှားအား ကန့်ကွက်ခြင်း





by Eleven Media Group on Friday, December 16, 2011 at 5:29am
ယခုအပတ် မြန်မာတိုင်း(မ်)ဂျာနယ်မှာ "မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်" ဆောင်းပါးကို ဗဟုသုတရစေရန်ဟူ၍ ဖော်ပြထားခဲ့ပါသည်။

၎င်းဆောင်းပါးသည် လွန်ခဲ့သော ၂၃ နှစ်က လူအများ အလွန်မုန်းတီးခြင်းခံရသော ဆောင်းပါးရှင်တစ်ဦးက သမိုင်းအမှားများကို တစ်ဖက်သက် ဖော်ပြခဲ့ခြင်းသာဖြစ်ပါသည်။ ယခု မြန်မာတိုင်း(မ်)က ထပ်မံဖော်ပြခဲ့သောကြောင့် နောက်လူများ၊ မမီသောသူများ အမှား မှတ်မိမည်ကို စိုးရိမ်ပါသည်။ ၂၂ နှစ်တာ ဆောင်းပါးအဆက်ရေးသားရန် မအားလပ်သေးပါသဖြင့် ယခုလောလောဆယ်တွင် ထိုခေတ်က ကြေးမုံသတင်းစာ စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အထိကို ရည်ညွှန်းဖော်ပြပါသည်။ သတင်းစာများသည် သမိုင်းအမှန်ကို ပြောပြနေပါသည်။ (ကျွန်တော်သည် ၁၉၈၈ စက်တင်ဘာ ၁၀ ရက်အထိ မန္တလေးမြို့၌ရှိပြီး စက်တင်ဘာ ၁၁ ရက်နေ့မှ စက်တင်ဘာလကုန်အထိ ရန်ကုန်မြို့၌ ရှိပါသည်။ သမိုင်းဆိုသည်မှာ ဖျောက်ဖျက်၍မရနိုင်ပါ။) သန်းထွဋ်အောင်

စာကြွင်း

အဲဒီခေတ်က ဒီဆောင်းပါးရှင်က သာကူးဆိုပြီး သရော်တာပါ။ အခုလည်း မြန်မာတိုင်း(မ်)က ဒီရည်ရွယ်ချက်နဲ့ ဖော်ပြချင်တာလို့ နားလည်ပါတယ်။ တကယ်တော့ ဒီမိုကရေစီလိုလားတဲ့ဘက်ကို ပြောင်းလာတာလဲမဟုတ်ပါဘူး။ အခုမှ အမှန်မြင်လာတာလဲမဟုတ်ပါဘူး။ တကယ့်အာဏာရှင်စနစ်အောက်ကနေ အခုမှ အမှန်တရားကို ပြသ၀ံ့လာကြတဲ့သူတွေပါ။ သူတို့ရင်ထဲမှာ အမှန်တရားဆိုတာ ရှိပြီးသားပါ။ အမှန်တရားကို ပြသ၀ံ့ရှိလာသူ၊ ပြသခွင့်ရှိလာသူတွေကို သာကူးလို့ ပျက်ရယ်မပြုသင့်ပါဘူး။ ရင်ထဲက အရှိတရားကို ထုတ်ဖော် ပြသလာသူတွေအားလုံးကို ကြိုဆိုကြရမှာပါ။

("မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်" ဆောင်ပါး ကို မြန်မာတိုင်း(မ်)ဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။)
http://www.myanmar.mmtimes.com/2011/article/548/arti01.html

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁ရက်မှ ၁၈ ရက်အထိ ထုတ်ဝေခဲ့သော ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော သတင်းများကို အောက်တွင် မြင်တွေ့နိုင်ပါသည်။
 
ပုံ-၁ စက်တင်ဘာလ ၁ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ မျက်နှာဖုံးအားမြင်ရစဉ်

 
ပုံ-၂ စက်တင်ဘာလ ၂ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၃ စက်တင်ဘာလ ၃ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၄ စက်တင်ဘာလ ၄ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၅ စက်တင်ဘာလ ၅ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၆ စက်တင်ဘာလ ၆ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ပုံ-၇ စက်တင်ဘာလ ၆ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၈ စက်တင်ဘာလ ၈ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၉ စက်တင်ဘာလ ၉ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၁၀ စက်တင်ဘာလ ၁၀ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ပုံ-၁၁ စက်တင်ဘာလ ၁၀ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၁၂ စက်တင်ဘာလ ၁၁ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၁၃ စက်တင်ဘာလ ၁၂ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၁၄ စက်တင်ဘာလ ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၁၅။ ဒေါက်တာသန်းထွဋ်အောင်ကို ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် တွေ့ရစဉ်

 
ပုံ-၁၆ စက်တင်ဘာလ ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၁၇ စက်တင်ဘာလ ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ပုံ-၁၈ စက်တင်ဘာလ ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၁၉ စက်တင်ဘာလ ၁၄ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၂၀ စက်တင်ဘာလ ၁၅ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၂၁ စက်တင်ဘာလ ၁၅ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၂၂ စက်တင်ဘာလ ၁၅ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၂၃ စက်တင်ဘာလ ၁၇ရက်နေ့ထုတ် ကြေးမုံသတင်းစာ

 
ပုံ-၂၄ စက်တင်ဘာလ ၁၈ရက်နေ့ထုတ် ကြေးမုံသတင်းစာ



ဒေသခံ ပြည်သူများ စုပေါင်းပြီး ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း သတင်းစာ ရှင်းလင်းပွဲတော်ဝင်နှင်းဆီမှာ ပြုလုပ်

Burma VJ Media Network
ထားဝယ်ဒေသခံတွေ စုပေါင်းပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မယ့် စီမံကိန်းအပေါ် သူတို့ရဲ့ သဘောထားတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ကြပါတယ်။
ဒီသတင်းစာ ရှင်းလင်းပွဲကို ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DDA) က ဦးစီး ကျင်းပတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ပညာရှင်တွေ၊ သတင်းထောက်တွေနဲ့ ဒေသခံတွေ ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စတင် တည်ဆောက်ချိန်က စပြီး ဒေသခံတွေဆီက သိမ်းဆည်းထားတဲ့ မြေနေရာတွေကို ယခုအချိန်ထိ လျော်ကြေး မပေးသေးတဲ့ အတွက် လျော်ကြေး ပေးစေလိုကြောင်း ဒေသခံတွေက ဆိုပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ဒေသခံ ကိုယ်စားလှယ် ၈ ဦးက လက်ရှိတည်ဆောက်နေတဲ့ စီမံကိန်းကို ဆန့်ကျင်တားဆီးလိုစိတ် မရှိပေမဲ့ စီမံကိန်းနယ်မြေထဲ ပါသွားတဲ့ အိမ်ခြံမြေဥယျာဉ်တွေကို ညီမျှတဲ့တန်ဖိုးနဲ့ လျော်ကြေးပေးဖို့၊ နဂိုကတည်းက ရှိနေတဲ့ ယဉ်ကျေးမှုနယ်မြေတွေ မပျက်စီးစေဖို့ စတဲ့ ထားဝယ် ဒေသခံတွေရဲ့ ဆန္ဒတွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ စတုရန်းကီလိုမီတာ ၂၅၀ အကျယ်အဝန်းကို အသုံးပြုမှာဖြစ်ပြီး ရွာပေါင်း ၁၉ ရွာ လူဦးရေ ၃၂၀၀၀ ကျော် ရွှေ့ပြောင်းပေးရမှာဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းတွင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးလေ့လာခဲ့မှုအရ အင်အားကြီး တစ်ကျော့ပြန်ငလျင်များ အချိန်မရွေး လှုပ်ခတ်နိုင်ကြောင်း တွေ့ရှိခဲ့ရ


Sunday, 18 December 2011 01:24

w82_03
၁၉၉၆ ခုနှစ် စိုင်ခြုံကျေးရွာအနီး မီးတောင်ပေါက်ကွဲပြီး မြေကြီးများ ကွဲအက်နေသည်ကို တွေ့ရစဉ်

ရခိုင်ကမ်းရိုးတန်းဒေသတွင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးလေ့လာမှုပြုလုပ်ခဲ့ပြီးနောက် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသတွင် ယခင်ခန့်မှန်းထားသည်ထက် အချိန်စော၌ အင်အားကြီးငလျင် တစ်ကျော့ပြန် လှုပ်ခတ်နိုင်စွမ်း အချိန်မရွေးဖြစ်နိုင်ကြောင်း နိုင်ငံခြားမှ ပညာရှင်များ နှင့်အတူ လေ့လာမှုများအရ သိရှိရကြောင်း သတင်းရရှိပါသည်။
ရခိုင်ကမ်းရိုးတန်းဒေသရှိ မြေဆီလွှာသည် ဘူမိဗေဒ သဘောတရားအရ ငလျင်ကြီးများ လှုပ်ခတ်တတ်သည့် အင်ဒိုနီရှားနိုင်ငံ ၂၀၀၄ ခုနှစ် ဆူနာမီငလျင်ကြီးလှုပ်ခတ်ခဲ့သော ဆူးမားတြားဒေသတို့နှင့် မြေဆီလွှာပုံစံချင်း တူညီနေသောကြောင့် နိုင်ငံခြားပညာရှင်များနှင့်အတူ ပူးပေါင်း၍ ၂၀၀၅ ခုနှစ်မှ စတင်ပြီး အတိတ်ငလျင်ကြီးများကို အကျယ်တ၀င့် လေ့လာခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လေ့လာမှုများအရ နှစ်ပေါင်းသုံးထောင်အတွင်း အင်အားကြီးငလျင် သုံးကြိမ်ခန့်လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ နောက်ဆုံး လှုပ်ခတ်ခဲ့သည့်ငလျင်မှာ ၁၇၆၂ ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၇ နှင့် ၉ အကြား ငလျင်လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ကြောင်းနှင့် ၂၀၀၅ ခုနှစ်က ဂျပန်ဘူမိပညာရှင်များနှင့်အတူ လေ့လာမှုအရ ငလျင်ကြီး တစ်ကျော့ပြန်လှုပ်နိုင်ခြေ နှစ်ပေါင်း ၉၀၀ ခန့်လောက် ကြာမြင့်နိုင်ပြီး ၂၆၆၀ ခုနှစ် ခန့်လို့ ခန့်မှန်းခဲ့ကြကြောင်း သိရသည်။ ၂၀၀၈ ခုနှစ်က မာန်အောင် ကျွန်းဘက်ပိုင်းတွင် အင်အားအသင့်အတင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်ဆန်းပိုင်းက စင်္ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်က မြေကမ္ဘာလေ့လာရေးဋ္ဌာနနှင့် ပူးပေါင်းလေ့လာခဲ့မှုအရ အရင်ခန့်မှန်းထားသည်ထက်စောပြီး နှစ် ၂၀၀၊ ၃၀၀ ၀န်းကျင်အကြား တစ် ကျော့ပြန် ငလျင်ကြီး လှုပ်ခတ်နိုင်သည်ဟု တွေ့ရှိရကြောင်း သိရသည်။ ယခုဆိုလျှင် နှစ် ၂၅၀ ရှိနေပြီဖြစ်ပြီး အတိတ်ငလျင်ကြီးများ လှုပ်ခတ်ခဲ့မှုများကြောင့် မြေဆီလွှာ တွန့်ခေါက်နေမှု၊ မြေသားမြင့်တက်နေမှုများသည် မာန်အောင်ကျွန်း၊ ရမ်းဗြဲကျွန်းတောင် ပိုင်းနှင့် စစ်တွေမြို့တောင်ပိုင်း ဖရုံကာကျွန်းများတွင် အများဆုံးဖြစ်ပေါ်နေသည်ဟု ဆိုသည်။
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ဒေသတစ်လျောက် လေ့လာမှုများကို ၂၀၀၅ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဂျပန်၊ ပြင်သစ်ပညာရှင်များ ၂၀၁၁ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်မှ ပညာရှင်များနှင့် လေ့လာခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တောင်ပိုင်း ကျွန်းများပေါ်တွင် မြေပေါ်မြေအောက် ရွှံမီးတောင်များ၊ ရေအောက်ရွှံ့မီးတောင်များလည်း နှစ်များမကြာမီ မကြာခဏ ပေါက်ကွဲနေကြောင်း သိရသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=11518:2011-12-17-19-05-41&catid=42:2009-11-10-07-36-59&Itemid=112

စစ်ခွေးတိုက် (သို့) ဟောင်ကောင်


by Ye Min Tun on Facebook Wednesday, December 14, 2011 at 12:06am

(အပိုင်းနှစ်ပိုင်းကို တခါတည်းတွဲပြီး ပုံများနှင့် တင်ပေးထားပါသည်။)
ဒီဆောင်းပါးက ကျနော်ရေးတာ ကြာပါပြီ ကျနော်ဘလောက်မှာ တင်ထားတာပါ။ FaceBook မှာ မတင်ရသေးလို့ အခုတင်ပေးလိုက်တယ်။ ဒီဆောင်းပါးကို ဦးလှဦး (Australia ) မှလည်း အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုပြီး သူ့၏စာမျက်နှာမှာ  တင်ပေးထားပါသည်။ မဖတ်ရသေးသော ပြည်တွင်းမှ ညီငယ် ညီမငယ်များ အတွက်တင်ပေးလိုက်ပါတယ်။
စစ်အစိုးရကို ၈၈ မျိုးဆက်များက မုန်းတီးအညှိုးကြီးနေတာ မဟုတ်ပါဘူး။
၈၈မျိုးဆက်များကိုသာ စစ်အစိုးရက အညှိုးတကြီးမုန်းတီးနေတာပါ။



ကျနော်ရေးရမယ့် အကြောင်းရာထဲမှာ အင်းစိန်ထောင်က စစ်ခွေးတိုက်လဲ ချန်ထားလို့ မဖြစ်ဘူး။ စစ်ခွေးကို ထောင်အာဏာပိုင်တွေက အပြစ်ဒဏ်တိုက် လို့ခေါ်တယ်။ အကျဉ်းသား လူဆိုးလောကသားတွေက ဟောင်ကောင်၊ ကောင်ကောင် လို့ခေါ်တယ်။ စစ်ခွေးတိုက်ကို ပို့ပြီး အပြစ်ဒဏ်ပေးခံရတဲ့ အကျဉ်းသားဆိုတာ ထောင်ပိုင်စိန်ဌေး လက်ထက်မှာ သေအောင်ရိုက်သတ်ခံရတဲ့ အကျဉ်းသားတွေ တောင်ရှိတယ် ထောင်ပိုင်စိန်ဌေး ကိုယ်တိုင်ရိုတ်သတ်ခဲ့တယ် လို့ ထောင်ထဲက ပါးစပ်ရာဇ၀င်တွေ ရှိတယ်။ စစ်ခွေးကိုရောက်ရင် လူဆိုးကြီးတွေတောင် အလွမ်းမမ ပန်းမမ ဖြစ်သွားကြရတယ်။ စစ်ခွေးတိုက်က အထူးတိုက် (အဘဦးတင်ဦးတို့၊ ကိုမင်းကိုနိုင်၊ မေ ၁၈, ၂၀၀၈ ခုနှစ်မှာ သေသွားပြီဖြစ်တဲ့ မြောက်ကိုရီးယား စပိုင် ကန်မင်ချူး တို့ထားတဲ့တိုက်) ဘေးနားမှာ ရှိပြီး အလုပ်ကြီးဝင်း လမ်းဘေး ယာဘက်အခြမ်းမှာ ရှိပါတယ်။

စစ်ခွေးတိုက်ကို မရောက်ခင် စစ်ခွေးဝန်း အ၀င်အ၀ ဂိတ်အသေးတခုရှိပြီး ထောင်အခေါ် စစ်ခွေးဘူးဝ လို့ခေါ်တယ်။ အထဲမှာတော့ စစ်ခွေးတိုက် (သို့) ဟောင်ကောင် ရှိတယ်။ ထောင်အတွက် စစ်ခွေးများထားတဲ့ တန်းလျားပြီးရင် စစ်ခွေးလေ့ကျင့်တဲ့ ကွင်းပြင်ရဲ့ ဘယ်ဘက်လမ်းအတိုင်းမှာတော့ စစ်ခွေးတိုက် အခန်းဆယ်ခန်းက အခန်းတခုစီရဲ့ ဘေးမှာ ဆယ်ပေကျော် နံရံတိုလေးတွေ ကာထားပြီး တိုက်ခန်းရဲ့ မျက်နှာခြင်းဆိုင်မှာတော့ အုတ်ရိုးရှိပြီး ထောင်အုတ်ရိုးအကြီးနှင့် အသေးကြားက နေရာပါ။ စစ်ခွေးကို အကျဉ်းသားတယောက် အပြစ်ဒဏ်နှင့် လာရင် ဘယ်လို့လုပ်တယ် ဆိုတာကို ကျနော့ စစ်ခွေးတိုက် အတွေ့အကြုံ နှစ်ခါ ဖြစ်တဲ့ ၁၉၉၂ နှင့် ၁၉၉၃ တုန်းက အဖြစ်ပျက်ကို ပြောပြပါ့မယ်။ မပြောခင် အရင်ဆုံး ရှင်းပြအုန်းမယ်။

မိန်းဂျေးလမ်းမ နှင့် မိကျောင်းလမ်း
စစ်ခွေးမရောက်ခင် ထောင်အလယ်ဗဟို မျော်စင်တိုင် ထောင်မှာခေါ်တာ မိန်းဂျေးရုံးခန်း ဆိုတဲ့နေရာကနေ စစ်ခွေးရောက်အောင် သွားဖို့ မိကျောင်းလမ်းဆိုတာလဲ ရှိတယ်။ မန်းဂျေးမှာ တာဝန်မှူးကြီးဆိုတဲ့ ထောင်မှူးကြီး တဦး ထောင်မှူးတဦး တပ်ကြပ် အသီးသီးရှိပြီး။ ထောင်မှာ မန်းဂျေးမှာ တာဝန်ကျတဲ့ ၀န်ထမ်းက အာဏာကြီးပါတယ်။ မန်းဂျေးဒုတပ်ကြပ်က အဆောင်မှာ တာဝန်ကျတဲ့ တပ်ကြပ်ကြီးတွေ အပိုးကျိုးနေအောင်ကို အာဏာကကြီးတာ အခြားတော့ မဟုတ်ပါဘူး ထောင်ထဲကို ခိုးသွင်းလာတဲ့ ပစ္စည်းတွေကို ဖမ်းလိုက်ရင် ဒုက္ခအကြီးကျယ် ရောက်သွားနိုင်တာကြောင့်ပါ။

ထောင်ဗူးဝကြီးကနေ မိန်းဂျေးအထိ ကားမောင်းလို့ရတဲ့ လမ်းမကျယ်ကြီး ရှိပြီး လမ်းကို အုတ်နီခဲတွေကို ထုပြီး ဒလိမ့်တုံးနှင့် လိမ့်ထားတဲ့ လမ်းမ ထောင်ထဲက အနှိပ်စက်ခံ အကျဥ်းသားတွေရဲ့ သွေးချွေးလမ်းမ ဆိုလဲ မမှားဘူး ဘာလို့လဲဆိုတဲ့ အဲဒီ လမ်းမကို ဒလိမ့်တုံးလိမ့်ရတာက အပြစ်ဒဏ်ကျတဲ့ အကျဥ်းသားကို သံခြေကျဥ်းနှင့် ဒေါက်ခတ်ပြီးမှ နေကျစ်ကျစ်တောက်ပူနေတဲ့ အချိန်မှာ ဒီသံဒလိမ့်တုံးကြီးကို တွန်းရတာဖြစ်ပါတယ်။ ဒီသံဒလိမ့်တုံးကြီးကို ချစ်ကိုကို လို့ခေါ်ပြီး နည်းနည်းသေးတာကို ချစ်မမလို့ခေါ်ပါတယ် ချစ်ကိုကို က အကျဉ်းသားနှစ်ယောက်တွန်းရပြီး ချစ်မမ က အကျဉ်းသား တယောက်ထဲ တွန်းရပါတယ်။ ပူကျစ်နေတဲ့ နေကြောင့် ပူနေတဲ့ သံဒလိမ့်တုံးကြီးကို တွန်းနေတဲ့ အကျဥ်းသားလက်တွေက အပူလောင်ပြီး ကွာထွက် သွေးရဲရဲတောက် ထွက်တယ်။ ခြေထောက်က
သံခြေကျဉ်းနှင့် ခြေထောက်နှစ်ခုကြားက ဒေါက်ကြောင့် ဂဏန်းလိုသွားနေရဲ့ အကျဉ်းသားနောက်မှာတော့ လက်ရွေးစင် အရိုတ်သမား ထောင်ဝန်ထမ်း တပ်ကြပ် (သို့) ဒုတပ်ကြပ်တယောက်က ဂန်းပိုက်လို့ခေါ်တဲ့ ရာဘာအမာစား ဒုတ်အရှည်နှင့် တဘောင်းဘောင်း လိုက်ရိုက်နေတာကို အကျဉ်းသား နှစ်ယောက် ယပ်ခပ်ပေးနေရတဲ့ တာဝန်မှူးကြီး (ထောင်မှူးကြီး)တဦးက မန်းဂျေးရုံးခန်းက နေပြီး ရေနွေးကြမ်း အမြည်းအစုံအလင်နှင့် ထိုင်ကြည့်နေပြီး အဆောင်က တခြားထောင်မှူးများလဲ ထွက်ကြည့်လေ့ရှိပါတယ်။

တခါတရံမှာ သူတို့ကြည့်မရတဲ့ လူဖြစ်နေရင် ထောင်မှူးများက လက်သံပြောင်ပြောင်နှင့် ၀င်ရိုတ်ပြပါသေးတယ်။ အဲဒီလိုလူဆိုရင်တော့ မျော့မျော့ပဲ ကျန်လေ့ရှိတယ် ဘာလို့လဲဆိုတော့ မျက်နာလို မျက်နှာရ လက်သံပြောင်ပြတဲ့ တပ်ကြပ်ကြောင့်ပါ။ အဲဒီလို ရိုတ်လို့တွန်းခိုင်းလို့ဝပြီ တာဝန်မှူးကြီး ကျေနပ်ပြီဆိုမှ ဒီအကျဉ်းသားက အဲဒီ မိန်းဂျေးကနေ စစ်ခွေးတိုက်ဗူးဝ အရောက် လမ်းလျှောက်ရင် ၅ မိနစ် ၆ မိနစ်လောက် ခရီးကို အုတ်ခဲတွေ ထုချေထားတဲ့ အုတ်လမ်းအချောဘေးက အနားစ ဒလိမ့်တုံး မဖိထားတဲ့ နေရာကနေ မိကျောင်းသွား သွားရပါတယ်။ ခြေထောက်လုံးဝ မတွန်းရဘူး တဒေါင်ဆစ်နှင့် တကိုယ်လုံး ၀ိတ်ကို ဆွဲပြီး ထွားသွား သွားရတဲ့ မိကျောင်းသွားမှာ အပြစ်ဒဏ်ကျတဲ့ အကျဉ်းသား တဒေါင်ဆစ်က သွေးချင်းချင်းရဲပြီး ၀မ်းလျားမှောက်သွား နေရတဲ့ အကျဉ်းသား ကျောပေါ် တင်ပါး ခြေထောက် ကျရာနေရာကို လိုက်ရိုတ်နေတဲ့ မိန်းဂျေးတပ်ကြပ် လက်သံကြောင့် အကျဉ်းသား၏ မိကျောင်းတက်က မြန်နေရပါတော့တယ်။ ဒီအစလေးကို ဖတ်ပြီး ကျနော်ကို ပိုရေးတယ် ထင်ကောင်း ထင်နိုင်ပါတယ်။ ကျနော်တခုတော့ သိစေခြင်တယ် ကျနော်ကိုယ့်တွေ့အပြင် အင်းစိန်ထောင်မှာ အကျဉ်းသားလူဆိုးတွေ အများစုက စစ်ခွေးဆို မီးသေသွားကြတယ် ဆိုတာကို သိစေခြင်ပါသည်။

စစ်ခွေးရောက်တဲ့နေ့

၁၉၉၂ သောကြာနေ့ တနေ့မှာ ကျနော်ရက်အတိကျ မေ့နေတယ် ကြိုးစားပြီး စဉ်းစားတာ မရတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်က အင်းစိန်ထောင်မှာ ထောင်ကျနေတဲ့ အဆောင်က နိုင်ငံရေးပုဒ်မတွေ အားလုံး မခံမရပ်နိုင်ဖြစ်ရတဲ့ အထင်ကရ ရက်တရက်ဖြစ်ခဲ့တာပါ။ ကျနော်ကျနေတဲ့ အဆောင်က (၃)ဆောင် ကျနော်သူငယ်ချင်း ကိုဝင်းသူရကြွယ်(ခ) နဂါးလေး ထောင်ဝင်စာ တွေ့သွားတော့ ကျနော်တို့ အဆက်သွယ်လုပ်တဲ့ စာတိုလေးတစောင်ကို ထုက်သွားတယ်။ ကျနော်လဲ နဂါးလေး ထောင်ဝင်စာသွားလို့ အဲဒီစာလေးများ မိလေမလားဆိုပြီး ပူပင် လိုက်ရပေမယ့်။ နဂါးလေးက မိန်းဂျေးက ပုဆိုးဖြန့် ခြေကားထားပြီး ပါးစပ်ဟပြရတဲ့ စစ်ဆေးရေးကျော် သွားတော့မှ အလုံးကြီးကျလို့ နေတော့တယ်။ နောက်ပြီး နဂါးလေးထောင်ဝင်စာ ပြန်လာတာကို မျော်နေတဲ့ အချိန်မှာ အဆောင်အသီးသီးကို အရေးပေါ်ပုံစံပေးလိုက်လို့ အကျဉ်းသားတွေ အားလုံးရောက်ရာ နေရာကနေ ပုံစံငုံထားရပါတယ်။

အဲဒီအချိန်မှာ ကျနော်အမည်ကို သုံးဆောင်ရုံးခန်းက ၀န်ထမ်းက လာခေါ်လို့ ကျနော်လဲ လိုက်သွားရော ပြဿနာက စပါပြီ။ မိန်းဂျေး မျော်စင်ကြီးအောက်က အ၀ိုင်းအမိုးကြီး အတွင်း (ယ္ခင် အင်္ဂလိပ် လက်ထက်က မီးဖိုဆောင်) ကျနော်ကို သွင်းလိုက်ပြီး ထုက်တန်းတခုကို လက်နှင့်ခိုထားခိုင်း ပါတယ်။ သစ်သားဘောင်ကြီးက ကြီးတော့ ကျနော့်လက်သေးသေးလေးနှင့် စောင်းကိုပဲခိုရတာ လက်က အရမ်းနာပြီး တုန်လာတဲ့ အချိန် ပြုတ်အကျမှာ တပ်ကြပ်ကြီး ကျော်ဝင်း(တရုတ်ကျော်ဝင်း) စစ်ဖိနပ်နှင့် ဆောင့်ကန်တယ် ပြန်ခိုခိုင်းတယ်။ ကျနော်ခေါင်းထဲမှာလဲ အကြောင်းရာတွေ စီနေရတယ်။ နဂါးလေးက အပြင်ထုက်တဲ့ စာမိသွားတာလား ဆိုပြီး စဉ်းစားရ ကြပ်နေတယ်။ ကျော်ဝင်းကလည်း ကျနော်ကို ကန်လိုက် အပြင်မှာ နဂါးလေးကို ထွက်ရိုက်လိုက် လုပ်နေတဲ့ အချိန်မှာ မိန်းဂျေးမှ အလုပ်လုပ်တဲ့ အကျဉ်းသားတွေက အခြေနေကြည့်ပေးထားပါတယ်။ ကျော်ဝင်း နဂါးလေး စစ်နေချိန်မှာ ကျနော်ကို အောက်ဆင်းခိုင်းထားပြီး ၀င်းမြင့် ပြန်လာရင် ကျနော်ပြန်ခိုရတယ်။

ကျနော်နှင့်သိတဲ့ အရေးခင်းလူသတ်မှု ဂါးဂါးလေး ဆိုတဲ့လူက ကျနော်ကို မင်းတို့တော့ သေမှာပဲ ဟိုကောင့်မှာ စာမိထားတယ် လို့ဖြတ်သွားရင်း လေသံနှင့် ပြောပါတယ်။ အားလုံးဝိုင်း ကူညီလို့ ကြာကြာမခိုရတဲ့ ပေမယ့် ကျော်ဝင်းရောက်ပြီး ကြည့်တဲ့ အချိန် ကျနော်ကြာကြာ မခိုနိုင်လို့ ကျနော့်တကိုယ်လုံး ဖုန်အလူးလူး ကန်ရာတွေ ထပ်ကုန်တော့တာ နောက်မှ အဲဒီဖိုဝိုင်းထဲက ထုက်ပြီး မိန်းဂျေးရုံးခန်းရှေ့ အုတ်နီလမ်းမမှာ ပုံစံထိုင်ခိုင်းထားပြီး မေးပါတော့တယ်။

တပ်ကြပ်ကြီး ကျော်ဝင်း က
“ဟေ့ကောင် မင်းသူ့ကို သိတယ်နော်”
“ ဟုတ်ကဲ့သိပါတယ်”
ကျနော်ဖြေတော့ ခေါင်းက နဂါးလေးဖက်ငဲ့မိလို့ ကျောပေါ်ကို ဂန်းပိုက်နှင့် ရိုတ်လိုက်တယ် အဲဒီဝန်ထမ်းအမည်က ထွန်းကြည်(နောက်တော့ ဒုတပ်ကြပ်ဖြစ်သွား) လူကောင်သေးသေး အသားဖြူဖြူနှင့် အရိုင်းစိုင်းဆုံးဆဲတဲ့ ၀န်ထမ်းဖြစ်ပါတယ်။
“မင်းသူ့ဆီက ဘာမိလဲ သိလား”
စစ်ကြောရေးအတွေ့ကြုံအရ ကျနော်တို့ အနာခံစရာ မလိုဘူး၊ မိပြီးသားကို ငြင်းမနေတော့ဘူး လို့ တွေးလိုက်ပြီး ကျနော်က
“ကျနော်ရေးတဲ့ စာပါ” ဖြေလိုက်တော့မှ ပြဿနာက ရှင်းမရဖြစ်သွားတယ်။ တကယ်တော့ ကျနော်စာက အပြင်ရောက်သွားပြီး အခုမိတာက အပြင်က ပြန်သွင်းလာတဲ့ စာဖြစ်နေမှန်းနောက်မှ သိရပါတယ်။

အဲဒီမှာ ကျနော်နှင့် နဂါးလေးကို အဝေးကို ခွဲလိုက်ပြီး ရိုတ်တော့တာပဲ အုတ်နီလမ်းမှာ ကျနော်တို့နှစ်ယောက်ကို ရိုတ်တာမေ့သွားလို့ ရေလောင်းပြီး ရိုတ်စစ်ပါတော့တယ်။ နဂါးလေးကို နှစ်ဆောင်ရှေ့မှာ ရိုတ်ပြီး ကျနော်ကို တစ်ဆောင်ရှေ့မှာ ရိုတ်ပါတယ်။

အဲဒါကို မြင်ရတဲ့ အမှတ်(၅)ဆောင်က ကျနော့်ကို ညီလေးတယောက်လိုချစ်တဲ့ ကိုမောင်မောင်လွင် (RIT) ကလည်း ပြဿနာရှာမယ် ဖြစ်နေကြောင်း နောက်မှ သူများတွေ ပြောလို့သိရတယ်။ ကိုမောင်မောင်လွင်က ကျနော်နှင့် ၁၉၈၈ သြဂုတ်လ ၁၀ ရက်နေ့ မင်္ဂလာတောင်ညွှန့် စတော့ဂိတ်ကုန်း( သိမ်ဖြူကုန်း)မှာ စစ်တပ်ပစ်တော့ ပြေးရင်း စတွေ့တာဖြစ်ပြီး။ နောက်ပိုင်း အတူတူ လှုပ်ရှားဖြစ်သွားပါတယ။် ကျနော်ကို ၁၉၈၉ မတ်လ (၂ရ) ရန်ကင်း မိုးကောင်းဘုရား ဆန္ဒပြပွဲကိစ္စနှင့် လိုက်ဖမ်းတော့ ထိုင်းကို လိုက်ပို့ပေးပြီး အပြန်မှာ သူဖမ်းခံရပြီး ထောင်ထဲရောက်နေတာ ဆိုတော့ ထောင်အခေါ်ဝေါ်နှင့် အမှုတွဲပေါ့။ ကိုမောင်မောင်လွင်အမြင်မှာ ကျနော်က သူ့မျက်စိအောက်မှာ ကြီးလာတဲ့ ညီလေး သူနှင့်စတွေ့တဲ့ အချိန် ၁၉၈၈ က ကျနော်အသက် ၁၆ နှစ်ဆိုတော့ ကလေးပေါ့ဗျာ။
ဒေါသတွေထွက်နေတဲ့ သူ့ကြောင့် ထောင်အာဏာပိုင်တွေ ရိပ်မိသွားပြီး ထောင်တခုလုံးကို အရေးပေါ်တန်းစီခိုင်းပြီး အခန်းတွေပိတ်ထားလိုက်တယ်။

ကျနော်အဖေက အဲဒီအချိန်မှာထောင်ဝင်စာ တွေ့ဖို့ ကျနော်ကို အပြင်မှာ စောင့်နေတယ်။ ဒါပေမယ့် သူမတွေ့ရပါဘူး ကျနော်ကို………

စစ်ခွေးတိုက် (သို့) ဟောင်ကောင် - (နောက်ဆက်တွဲ ၁)

ရိုက်နှက်နေတဲ့ အဲဒီနေ့က ကျနော်အဖေ လာတွေ့တဲ့ ထောင်ဝင်စာကို အကစ (အကျဉ်းဦးစီင်္း)က ပါဆယ်အဖြစ် လက်ခံတယ် ဆိုတာကို နောက်ခြောက်လ အပြစ်ဒဏ်ကလွတ်မှ ကျနော်သိရတယ် ကျနော်သိရတဲ့အချိန်မှာ ကျနော်အဖေ လာပေးတဲ့ စားစရာတွေကတော့ အိတ်ခွံအဖြစ် နှင့်သာ ကျန်တော့တယ် လက်ခံရရှိကြောင်းတောင် ကျနော်မှာ လက်မှတ်ထိုးပေး လိုက်ရတယ်။

ကျနော်ကို ရိုတ်လို့ဝတော့ ထွန်းကြည်က ထောင်ကျရုံးကို ခေါ်သွားတယ် ထောင်ကျရုံး  ဘေးနားမှာ ရှိတဲ့ ခြေကျဉ်းရိုတ်တဲ့ နေရာရောက်တော့ ကျနော်နှင့်  နဂါးလေးကို ခြေကျဉ်းရိုတ်ပြီး ဒေါက်ထည့်ပေးမယ့် နေရာပေါ့ အဲဒီမှာ ကျနော်တို့ကို သနားတဲ့ ထောင်ကျရုံးဘုတ်ကိုင် နှစ်တရာကျွဲကြီးက ခြေကျဉ်းရိုတ်တဲ့လူကို ဒီကောင်တွေကို ကွင်းရွေးပေး လိုက်ပါကွာလို့ပြောလို့ ကျနော်နှင့် နဂါးလေးကို ခြေကျဉ်းကွင်း ပြောင်ချောလေးတက်ပေးဖို့ ရွေးထားပြီး ကျနော်ကို အရင်စပြီး ခြေကျဉ်းရိုတ်တယ် ကျနော်ကို တဖက်ကွင်းကို ရိုတ်လို့အပြီးမှာ နောက်တဖက်ရိုတ် နေတုန်း ထွန်းကြည်က ကွင်းတွေကို တွေ့သွားပြီး ခြေကျဉ်းရိုတ်တဲ့ အကျဉ်းသားကို ပုံစံရပ်ခိုင်းပြီး ပါးရိုတ်လိုက်တယ် ပြီးတော့ "...မသား မင်းအမေလင်တွေမို့လို့လား ဒီကောင်တွေကို မီးကျတွေနှင့်ရိုတ်ကွ" လို့ပြောတယ်
ကျနော်တို့လဲ ကံဆိုးစွာနှင့် ပါးရိုတ်ခံရတဲ့ ခြေကျဉ်းရိုတ်သမားက ကတုန်ကရင်နှင့် ခြေကျဉ်းရိုတ်တာ ကျနော်ရောနဂါးလေးပါ တယောက်ကို နှစ်ချက်စီလောက်ချြော်ပီး ရှပ်ထုခံထိတယ် စဉ်းစားကြည့်ပေါ့ဗျာ သံကွင်းကို ဟထားပြီး ခြေထောက်ထဲကိုထည့် ထိပ်ကအပေါက် နှစ်ပေါက်ကို သံတုံးလေးထည့်ပြီး သုံးပေါင်တူနှင့် ပေတုံးဇောင်းမှာ တင်ထုတာ လက်ဆချော်တော့ ကျနော်တို့လဲ နာတာပေါ့ ဒါတောင် ရှပ်ထိတာတွေ တည့်တည့်ထိလို့ ခြေကျိုးတဲ့ အကျဉ်းသားတွေ ထောင်ထဲမှာဒုနှင့်ဒေး ။

ခြေကျဉ်းရိုတ်လို့ပြီးတော့ နဂါးလေးက တပေခွဲဒေါက်(၁၈လက်မ) နှင့် ကျနော်က နှစ်ပေဒေါက်(၂၄ လက်မဒေါက်) အသီးသီးတပ်လိုက်တယ်။ ခြေကျဉ်းကွင်းက မီးကျလို့ခေါ်တဲ့ ပန်းပဲဖိုက ရောက်လာတဲ့ ကွင်းအသစ်တွေ ဖြစ်လို့ အနားဇောင်းလေးတွေက သံစလေးတွေ ကျန်နေသေးပါတယ်။ တကယ်ဆို ဒီလို သံစလေးတွေက ကျားလျှာတံစဉ်းနှင့် တိုက်ထားရမှာ ဖြစ်ပေမယ့် အင်းစိန်ထောင်ထဲ မှာတော့ ဒီကွင်းတွေက ငွေညှစ်တဲ့ကွင်းတွေ ဖြစ်တော့တယ် လာဒ်ထိုးရင် ကွင်းချောကို ခြေကျဉ်းတပ်မယ့် အကျဉ်းသားကို တပ်ပေးမှာ ဖြစ်ပြီး လာဒ်မထိုးနိုင်သူတွေကတော့ မီးကျတွေတပ်ပြီး ခြေကျဉ်းဝတ်ကို စုက်ပျက်နေအောင် ခံရမှာပါ။ ကွင်းချောဆိုတာလဲ မီးကျတွေကို အရှေ့ရှေ့က အကျဉ်းသားတွေ  တပ်ပြီး ချောလာလို့ ဖြစ်လာတာပါ။

ကျနော်တို့ကို ခြေကျဉ်းနှင့်ဒေါက်ခတ်ပြီး မိန်းဂျေးကို ပြန်ခေါ်လာတော့ အလာတုန်းကလို လမ်းမလျှောက် ရတော့ပါဘူး ထောင်ကျရုံးရှေ့မှာ နှစ်ယောက်လုံးကို အပြစ်ဒဏ်ကျ အကျဉ်းသားမှတ်ပုံ တင်ပြီးတာနှင့် အကစ ထွန်းကြည်က "မင်းတို့နှစ်ယောက် ငါရှေ့ကနေ ပြေးရမယ် တစ်ကနေ တဆယ် အထိရေမယ် ပြည့်တာနှင့် လိုက်လာမယ် မှီရင် မင်းတို့နာမယ် ကြားလား" ဆိုပြီး ဂန်းပိုက်အရှည်ကို မြေပြင်မှာဖေါင်းကနဲ ရိုတ်ပြပါတယ်။ ကျနော်တို့လဲ နုံးခွေနေပြီး အသားတွေကလည်း အရမ်းနာနေပါပြီ တကုန်လုံးလဲ တုန်နေအောင် နာနေတာဆိုတော့ တော်တော်လေး စိတ်ကုန်တယ် မထူးတော့တဲ့ ဘ၀လို့ ရင်ထဲမှာမှတ်လိုက်တယ် ပြန်အာခံဖို့တောင် ခွန်အားမရှိ စဉ်းစားချိန်မရတော့ ပါဘူး သူက တစ်နှစ်သုံးလေး ခေါ်နေချိန်မှာ ပြေးတော့တယ် ဒါပေမယ့် ခြေကျဉ်းအပြင် ဒေါက်ရယ်ကြောင့် ပြေးလိုက်ရတာ ဂဏန်းလို့ ကန့်လန့်ဖြစ်နေတဲ့ ခြေထောက်ရယ် ကြောင့် ပစ်လဲထပြေးနေတုန်းမှာပဲ ထွန်းကြည်က လိုက်မှီလာပြီး ရိုတ်ပါတယ်။ လမ်းတလျှောက် အလဲလဲ နှင့် ရိုတ်ခံရထရနှင့် ကျနော်တို့ ပုဆိုးတွေလဲ ကွဲပြဲကုန်ပြီး ခြေထောက်တွေလဲ သွေးအလိမ်းလိမ်းနှင့် ခြေကျဉ်းရှပါတယ်။

မိန်းဂျေးရောက်တော့ ထောင်မှူးကြီးရှေ့မှာ သံခြေနှင့်ဒေါက်ကို အစစ်ဆေးခံရပြီး ခြေဆင်းထိုင်နေရပါတယ် ကျနော်တို့ကို တွေ့သမျှ အကျဥ်းသား တာဝန်ကျတွေ အကုန်လုံးမျက်နှာတွေက စိတ်မကောင်းပြီး သနားတဲ့ မျက်နှာတွေ သူတို့မှာ ထင်ရှားပေါ်လွင် နေပါတယ်။ ကျနော်တို့ နှစ်ယောက် ကို မိန်းဂျေး အမှတ်(၅)ဆောင် ဂိတ်ရှေ့ကနေ မိကျောင်းသွား တက်ခိုင်းတယ် အနောက်က တပ်ကြပ် ကျော်ဝင်းနှင့် နောက် အမည်မသိ ၀န်ထမ်းတယောက်က လိုက်ရိုတ်တယ်။

ဒီလိုနှင့် စစ်ခွေးတိုက်ဗူးဝရှေ့ကို ရောက်လာတော့ တပ်ကြပ်ကြီး ခင်မောင်က ထွက်လာပြီး လက်ခံယူပါတယ် "ဒီကောင်တွေကွာ တော်တော်အလုပ်ရှုပ်တာပဲ" လို့ပြောပြီး ကျနော်တို့နှစ်ယောက်ကို စစ်ခွေးရုံးခန်းရှေ့ကို လမ်းလျှောက်သွားခိုင်းပါတယ် နောက်တော့ စစ်ခွေးပုံစံထိုင်နည်းကို ပြတယ် ထုံးစံအတိုင်းဆို အဲဒီအချိန်မှာ ရက်ရက်စက်စက် ရိုတ်တာ ဒါပေမယ့် ကျနော်တို့နှစ်ယောက် စုပ်ပြတ်နေတာကို ကြည့်ပြီး စစ်ခွေးက တာဝန်ကျဝန်ထမ်းတွေတောင် နည်းနည်းလန့်ပုံရတယ်။ တပ်ကြပ်ကြီးခင်မောင်က ဟေ့ကောင်တွေ ဒီကောင်တွေကို မြန်မြန်ထည့်လိုက် ရိုတ်မနေနှင့်အုန်း သူများပြဿနာ ကိုယ့်ပြဿနာဖြစ်နေမယ် မနက်ဖြန်ဆေးမှူးခေါ်စစ်လိုက် ငါတို့ဆီမှာ လာသေလို့   -ီး ဖြစ်ကုန်မယ်လို့ ပြောသံကြားရတယ်။

ကျနော်က စစ်ခွေးတိုက် အ၀င်တံခါး အခန်းလေး လား ငါးလား သေသေချာချာ မမှတ်မိဘူး နဂါးလေးကတော့ ရှစ်ခန်းကို ရောက်သွားတယ်။ အခင်းမပါတဲ့ စစ်ခွေးတိုက် ကြမ်းခင်းမှာလှဲ ချလိုက်ရတာ နာကျင်နေတာတွေရယ် ကွန်ကရစ်ကြမ်းပြင်ရဲ့ အေးစက်မှုက ကျနော်စိတ်ထဲ ဒီညများ သေသွားမလား ထင်မိတယ်။ (ဆက်လက်ရေးသားပါမည်)



 စစ်ခွေးမှာ နေရတဲ့ အေးစေ အနေထားပါ။
AAPP က ထိုင်းနိုင်ငံမှာ ပြန်လည်သရုပ်ပြပြီး ရိုတ်ကူးထားတဲ့ ဓါတ်ပုံများ ဖြစ်ပါသည်။




ဒါကတော့ စစ်ခွေးတိုက်က ပုံစံ အနေထား ဖြစ်ပါတယ်။




စစ်ခွေးတိုက်၏ ပုံစံကြီးလို့ခေါ်ပါတယ် မနက်တိုင်း အပြင်ထုက်ပြီး ဒီလို လုပ်ခိုင်းတယ် ခြေဖျားထောက် ထားရလို့ တကိုယ်လုံးတုန် တက်လာရင် သံခြေကျဉ်းနှင့် ဒေါက်နှင့် ရိုတ်တဲ့ အသံချပ်ချပ် မြည်လာရင် အင်ဂျင်စက်တွေ နိုးလာပြီလို့ ပြောပြီး ခြေဖျားကျသွားရင် ခါးမမတ်တော့ တဲ့အခါ  စောင့်ကြည့်နေတဲ့ စစ်ခွေးတာဝန်ကျ ၀န်ထမ်းတွေက ရိုတ်ပါတယ်။


ဒေါက်ခတ်ထားတဲ့ အပြစ်ဒဏ်ကျ အကျဉ်းသားတယောက် ပုံစံ ပန်းချီပါ။ အဲဒီဒေါက်နှင့် လမ်းလျှောက်ရတာရော အိပ်ရတာရော အလွန်ခက်ခဲပြီး ခြေထောက်နှစ်ချောင်း စုမရလို့ ပေါင်ရင်းမှာ ကိုက်ခဲတဲ့ ဝေဒနာက အင်မတန် ခံရခက်ပြီး ရိုတ်နှက်နှိပ်စက်ပြီး ပုံစံထိုင်ရတာရယ် ကြမ်းပြင်ကအေးတာရယ် ကြောင့် စစ်ခွေးမှာ အောက်ပိုင်းသေတဲ့ အကျဉ်းသား ချိနဲ့သွားတဲ့ အကျဉ်းသားများ ရှိပြီး။ စစ်ခွေးတိုက်မှာ သေဆုံးတဲ့ အကျဉ်းသားများလဲ ရှိပါတယ်။
 အခုလက်ရှိ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးရရှိရေးတောင်းဆို တိုက်ပွဲဝင်နေတဲ့ အင်းစိန်ထောင်အပါဝင် အခြားထောင် အသီးသီးမှ အပြစ်ဒဏ်တိုက်ကို ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ် အလွန်ကြီးမားကြောင်း စိုးရိမ်ရကြောင်းကို အားလုံးသိစေချင်ပါသည်။




စစ်ခွေးတိုက် (သို့) ဟောင်ကောင် - နောက်ဆက်တွဲ (၂)
by Ye Min Tun on Saturday, December 17, 2011 at 12:15am

မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်ထဲက စစ်ခွေးတိုက်နဲ့ပတ်သက်ပြီး အခန်းဆက်ဆောင်းပါးအဖြစ် ကျနော်ရေးရခြင်း၏အဓိကအချက်က ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးက ဝေးလံခေါင်ပါးဒေသတွေက အကျဉ်းထောင်တွေမှာ အနေဆင်းရဲအစားဆင်းရဲနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ကြံ့ကြံ့ခံပြီး ယုံကြည်ချက်ကို ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ၏ ဘဝကို စာနာပြီး သူတို့လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းလှုပ်ရှားပေးကြပါရန် ရည်ရွယ်၍ ရေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။

အရှည် (၂ ပေ) ရှိတဲ့ သံဒေါက်ကြီးတခုကို ခြေထောက် ၂ခုကြားမှာ ကန့်လန့်ခံပြီး ထောက်ထားခံရသူအဖို့ အိပ်ပျော်ဖို့ဆိုတာ ဘယ်လိုလာ ဖြစ်နိုင်မလဲဗျာ။ အချိန်ကြာမြင့်စွာ ချဲ့ကားခြင်းခံထားရတဲ့ အတွက် ခြေထောက် နှစ်ဖက်စလုံးဟာ ညောင်းညာ နာကျင်တောင့်တင်း လို့နေတယ်။ အဆိုးဆုံးက ပေါင်ရင်းနှစ်ဖက်စလုံး မခံမရပ်နိုင်အောင် တဆစ်ဆစ် နာကျင် ကိုက်ခဲနေတာပဲပေါ့။  မခံချင်စိတ်၊ စိုးရိမ်စိတ်တွေနဲ့ အတူ ရွံရှာကြောက်ရွံမုန်းတီးစိတ်တွေကြောင့် ကျဆင်းလာတဲ့ မျက်ရည်ပူတွေနဲ့ ကျနော်ဟာ  အေးစက်စက်  တမံလင်ပေါ်မှာ တညလုံး တမှေးမှ မမှေးနိုင်ခဲ့ပါဘူး။ အဲဒီလို တညလုံး တလူးလူး တလိမ့်လိမ့်နဲ့ ဝေဒနာကို ခံစားနေရပေမယ့်လည်း မိုးလင်းမှာကိုတော့ ကြောက်နေမိတယ်။

ဘာလို့လဲဆိုတော့ ကျနော်သိထားတဲ့ ထောင်ထဲက သတင်းစကားတွေအရ မိုးလင်းလို့ ထောင်အဖွင့် အကျဉ်းသားဦးရေ စစ်ပြီးလို့ ရှိရင် အကစ(အကျဉ်းဦးစီး) တွေ တန်းစီတာဝန်ခွဲပါတယ်။ အဲဒါပြီးတာနှင့် စစ်ခွေးတိုက် တာဝန်ကျ အကစ ၀န်ထမ်းတွေက စစ်ခွေးတိုက်ရှိ အကျဉ်းသားတွေကို အပြင်ကိုထုတ်၊ ပုံစံကြီးလုပ်ခိုင်း ပြီးရင်တော့ အစစ်အဆေး အမေးအမေးအမြန်းမရှိ ဗလာချီချည်း ရိုက်နှက်ပါတော့တယ်။

အဲဒီလို အသားလွတ် နှိပ်စက်ခြင်းကို စစ်ခွေးတိုက်ရဲ့ ခွေးဘားတိုက် ရှေ့က ကွင်းပြင်မှာ လုပ်ပါတယ်။ ထောင်စကားနှင့် ပုံစံမောင်းတယ်လို့ ခေါ်ပါတယ်။ ထောင်ပိုင် အဆက်ဆက်က ထောင်ဗူးကြီးပေါ်ကနေ မှန်ပြောင်းနှင့် လှမ်းကြည့်ပါတယ်။ ထောင်ပိုင်စိန်ဌေး ဆိုရင် အဲဒီလို ထုတ်မရိုက်ရင် မနက်စာ ကော်ဖီမသောက်သေးဘဲ စောင့်နေပြီး  ရိုက်တဲ့ အချိန်ကျမှ မနက်စာ စားသူလို့ နာမည်ကြီးပါတယ်။ (ထောင်ပိုင်စိန်ဌေးက စာဆိုလေးတောင် ရှိတယ်။ ကုန်းမှာ မြွေပွေး ရေမှာ ငရွေး ထောင်မှာ စိန်ဌေး  ဆိုတာပါပဲ။)
ကျနော်တို့ လက်ထက်ကတော့ ထောင်ပိုင်က အုန်းဖေပါ။
( ကိုယ့်အဖိုးလောက်ရှိပေမယ့် သူတို့ယဉ်ကျေးမှု အတိုင်းပဲ ဦးတပ်ခေါ် မနေတော့ပါဘူး)။ ခက်တာက ထောင်ပိုင်အုန်းဖေက ကျနော့်ကို ကောင်းကောင်းသိနေတာပဲ။

အကြောင်းရင်းက ကျနော် အချုပ်သားဘ၀နှင့်တုန်းက အမှတ်(၁)ဆောင်မှာ ကျနော်နှင့် ထောင်ဝန်ထမ်းတဦး ပြဿနာဖြစ်ခဲ့ဖူးကြတယ်။ ပြဿနာက ကျနော်ကရေချိုးဖို့ ရေကန်ကို လမ်းလျှောက်လာတဲ့ အချိန်မှာ ကျနော့ကို လမ်းမှာရပ်နေတဲ့ ၀န်ထမ်းက ဘာမပြော ညာမပြောနဲ့  ဖြတ်ကန်ပါတယ်။ ထောင်ဝန်ထမ်းက ၀တ်စုံမ၀တ်ထား တာကြောင့် ကျနော်က အကျဉ်းသား စည်းကမ်းထိန်း (အကျဉ်းသား အချင်းချင်း ပြန်ကြည့်ခိုင်းထားသူ)လို့ထင်ပြီ မခံချင်စိတ်နှင့် ပြန်ထိုးလိုက်ပါတယ်။ကျနော်နှင့် အဲဒီ့ ထောင်ဝန်ထမ်းဝတ်စုံ ဝတ်မထားတဲ့ ထောင်ဝန်ထမ်းတို့  သူထိုးကိုယ်ထိုး အပြန်အလှန်ထိုးကြတာပေါ့ဗျာ။

အချုပ်ဆောင် တခုလုံး အရေးပေါ်ကြေငြာပြီး ထောင်ပိုင်လေးဇော်အုန်း ဆင်းလာတဲ့ အထိဖြစ်ပါသွားတယ်။
စုံရှင်းလိုက်တော့ကျနော်ရဲ့ အချက်ကျကျ ပြောပြနိုင်ခြင်း၊ သာမန်အချုပ်သားအဖြစ်သာ ရှိနေသေးခြင်း၊ ကျနော့်ကို ရန်စတဲ့ အကစ ၀န်ထမ်းက တာဝန်ချိန်မှာ အရပ်ဝတ်နဲ့ ဖြစ်နေခြင်း၊
ကျနော်တို့ နဘမ်းလုံးစဉ် သူက အသာစီးရနေတဲ့ အချိန်မှာ သူက ကျနော့်ကို ထိုးနှက်ရင်း
"မင်းတိုင်ချင်တဲ့ဆီတိုင် ခင်ညွှန့်ဆီ တိုင်လဲ _ီး ပဲ ဂရုမစိုက်ဘူးကွ" ဆိုတဲ့ စကားကို အမိရကိုင်ပြီး ပြောနိုင်ခြင်းတို့ကြောင့် ထောင်ပိုင်အုန်းဖေဆီ ကျနော့အမှုတင်တော့ ကျနော့ကို ထောင်ပိုင်အုန်းဖေက ဘာမှမလုပ်နဲ့လို့ အမိန့်ချပါတယ်။ ဒီလိုနဲ့ ကျနော်က ထောင်ဝန်ထမ်းကို ပြန်ထိုးနဘမ်းလုံးတာတောင် ဘာမှ အပြစ် မဖြစ်ဘူး၊ တယ်လည်း စွမ်းပါ့ပေဆိုပြီး အကျဉ်းသားလူဆိုး အခန်းလူကြီးတွေကပါ ကျနော်ကိုဖြုံပြီး အနိုင်မကျင့်ရဲခဲ့ ကြဘူး။

အခုတော့ ထောင်စကားနှင့် ပြောရင် ဂွင်ထဲ ၀င်သွားပြီ၊ ကျနော်ကို ပြန်စားမယ့် အလှည့်ရောက်ပြီ ပေါ့ဗျာ။
ဒီလိုနဲ့ပဲ တညလုံး မိုးလင်းမှာကို စိတ်ပူနေရင်း  " တော့ တော တော် တော့ တော တော်" ဆိုတဲ့ မိုးလင်းလို့ ထောင်ဖွင့် ခရာသံကို ကျက်မသရေမရှိစွာ ကြားလိုက်ရတဲ့အချိန်မှာ စိုးရိမ်စိတ်တွေဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတော့တယ်။
လာမယ့်ဘေး ပြေးတွေ့ရုံမှတပါး အခြားမရှိပြီမို့ ပင့်သက်ကိုသ ခပ်ပြင်းပြင်းရှုရင်း တိုက်တန်းဖက်ဆီကို ရောက်လာမယ့် စစ်ဖိနပ်သံများကိုသာ နားစွင့်နေမိပါတယ်။ မကြာပါဘူး စစ်ခွေးတိုက် အ၀င်ဗူးဝက ဘယ်ညာအော်သံနှင့်အတူ စစ်ခွေးတပ်ဆွယ် တာဝန်ကျ ၀န်ထမ်းတွေဝင်လာသံတွေကို ကြားရပါတော့တယ်။ စစ်ခွေးတိုက် တခုလုံးဟာ မုန်တိုင်းကျခါနီး ငြိမ်သက်မှုမျိုးနဲ့ ခြောက်ခြားစရာကောင်းလောက်အောင်  တိတ်ဆိတ်နေတယ်။ ကိုယ်ချင်းစာပါတယ်လေ........အားလုံး ကြောက်နေကြမှာပေါ့။

စစ်ခွေးတိုက်ဖက်ကို လျှောက်လာတဲ့ ခြေသံတွေရယ် သော့တွဲကို တချွင်ချွင်နဲ့ လုပ်လာတဲ့ အသံတွေကို ကြားရချိန်မှာတော့ ကျနော်စိတ်ကို တင်းလိုက်ပါတယ်။ ကျနော်တို့နှင့် (၃)ဆောင်မှာ သိခဲ့တဲ့ သန်းဝင်း(ခေါ်)အ၀င်း ဆိုသူက စစ်ခွေးတိုက်တန်းစီး ဖြစ်နေပါတယ်။။ သူက ကျနော်အခန်းရှေ့ကို လာပြီး
"ဟေ့ကောင်ရေ မင်းတို့ကို ငါဘာမှ မတက်နိုင်ဘူး ပုဆိုးသာ ကျပ်ကျပ်ဝတ်ထားပေတော့ကွာ" လို့ပြောပါတယ်။ ဒီ့နောက်မှာတော့ သူက စစ်ခွေးတတိုက်လုံးကို အခုလို အော်ပြောပါတယ်။

"မအေ -ိုး များ အားလုံးနားထောင် ဂေါ်နိုက်နှစ်ကောင် ကိစ္စ တထောင်လုံး ပျားတုတ်နေတယ်၊ စောက်သံဘာမှ မထွက်ကြနဲ့။ သေချင်းဆိုးနှင့် သေကုန်မယ် ကြားလား" လို့ ဆဲဆိုကြိမ်းမောင်းပြီး  မေးလိုက်ပါတယ်။
"ကြားပါတယ်" ဆိုတဲ့ အသံကြီးက ဟိန်းထွက်သွားတယ်။
(ဂေါ်နိုက်ဆိုတာ...နိုင်ငံရေးအမှု ၅/ည) ကိုပြောတာပါ။ နှစ်ကောင်ဆိုတာကတော့ ကျနော်ရယ်၊ နဂါးလေး(ကိုဝင်းသူရကြွယ်)ရယ်ကို ပြောတာပါ။


ကျနော်နှင့် နဂါးလေး(ကိုဝင်းသူရကြွယ်) အခန်းကလွဲရင် ကျန်တဲ့ အခန်းတွေမှာ အကျဉ်းသားတွေ တခန်းကို လေးယောက်လောက် စုထားပေးပါတယ်။ လူများရင် ညအိပ်တဲ့အခါ ကိုယ်ငွေ့ရှိတာကြောင့် နဲနဲခံသာတာပေါ့ဗျာ။ စစ်ခွေးမှာ တယောက်ထဲ ပိတ်ခံရတာဟာ ထောင်စကားနှင့် ပြောရင် လှော်တာပါပဲ။ (တနည်းအားဖြင့် ညစ်ထားတာလို့ အဓိပ္ပါယ်ရပါသည်)။ တဖြေးဖြေး နေမြင့်လာတာ ကြာလာတော့ နေ့အပူရှိန်လေးရှိလို့ ကျနော်မှေးကနဲ အိပ်ပျော်သွားခဲ့ပါတယ်။

စစ်ခွေးတိုက်ဆေးပေါင်း (သို့) ပိစပ်ရွက်
သိပ်မကြာပါဘူး ကျနော့်တိုက်တံခါးဖွင့်သံနဲ့အတူ "ပုံစံ" လို့ ခပ်ပြင်းပြင်း အော်လိုက်သံကြောင့်

ကျနော်လည်း အိပ်နေရာက ချက်ချင်းထပြီး ခွေးဝပ်သလို လက်ကိုရှေ့ဆန့်ပြီး ၀ပ်ထားလိုက်ပါတယ်။
ခြေထောက်ကလည်း ဒေါက်ကြီးတပ်ထားတော့ တော်တော့ကို အနေရခက်ပါတယ်။
"ရဲမင်းထွန်း" လို့ခေါ်လိုက်တော့။ ထောင်စည်းကမ်းအတိုင်း
"ရှိ.. ဦးတင်ထွန်းဝေ" လို့ ကျနော်အဖေနာမည်နှင့် ထူးရပါတယ်။
" ထစမ်း.. ထွက်လာခဲ့ အပြင်ကို မအေ -ိုး တွေ စောက်ပြဿနာကို ရှာတယ်" လို့ ဆဲဆိုရင်း  မော်တော်ကားတာယာလို ပိုက်အရှည် (ထောင်အခေါ်တော့ "ဂမ်းပိုက်" )ကို ကြမ်းပြင်ပေါ် ဖေါင်းကနဲ လွဲရိုက်ပြီး အသံပေးပါသည်။ ကျနော်လည်း  မြန်နိုင်သမျှမြန်အောင် ကြိုးစားပြီး ထွက်လိုက်ပါတယ်။ နဂါးလေးကိုလည်း ကျနော့်နည်းတူ ထုတ်လာပါတယ်။

ဒီ့နောက်တော့ ကျနော်တို့နှစ်ရောက်ကို ခေါင်းငုံထားခိုင်းပြီး စစ်ခွေးတိုက်ရုံးခန်းဖက်ကို လျှောက်ခိုင်းပါတယ်။ စစ်ခွေးရုံးခန်းရောက်တော့ ထောင်ဆေးမှူးမောင်မြ(ခေါ်)ဆရာမြကို တွေ့ရတယ်။ စီးကရက်ကို မခို့တရို့ နဲ့ ခဲထားတဲ့ ဆေးမှူးမောင်မြ ဘေးမှာတော့ စစ်ခွေးတိုက်ရဲ့ တပ်ဆွယ်မှူး တပ်ကြပ်ကြီးခင်မောင် ရှိနေပါတယ်။ သူတို့က ကျနော်နှင့် နဂါးလေးကို ကျန်းမာရေးစစ်ဆေးပြီး ကောင်းတယ် ''ဒီကောင်တွေ ဘာမှမဖြစ်ဘူး'' လို့ပြောပြီး ပြန်ခိုင်းလိုက်ပါတယ်။ မတ်တပ်ရပ်နေတဲ့ ကျနော်နှင့်နဂါးလေးကို နားကြပ်လည်ပင်းမှာချိတ်ထားတဲ့ ဆေးမှူးမောင်မြက ငါးပေလောက်အကွာကနေ လှမ်းကြည့်ပြီး စစ်ပေးလိုက်တဲ့ ထောင်ဆေးစစ်ခြင်း ပညာပါ။

တကယ်တော့ ကျနော်ဆို ကိုယ်တွေ ချစ်ချစ်တောက်ပူနေတာ မျက်စိတွေတောင် ပူရှိန်းနေပါတယ်။ တကိုယ်လုံးလည်း ဖူးရောင်ပြီး မျက်လုံးတဖက်က ပိတ်နေပါပြီ။ သူတို့ကို အမှန်တရားပြောပြလို့လည်း မထူးသလို၊   နိုင်ငံရေးမှုနဲ့ ထောင်ကျနေသူ ပီပီ ကျနော့်စိတ်ထဲမှာလည်း သူတို့ကို အသနားခံပြီး ပြောပြ၊ ရှင်းပြချင်စိတ်မရှိဘူး။ ကျနော့်ကြောင့် တခြား နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာ ကိုလည်း အကျမခံနိုင်တာကြောင့် ဘာမှ ပြောမနေတော့ဘဲ စိတ်ထိန်းပြီး ပြန်လာလိုက်ပါတယ်။

အပြန်မှာ ကျနော်တို့နှစ်ယောက်ကို အကစ တယောက်က နောက်ကလိုက်စောင့်ပြီး၊ စစ်ခွေးတန်းစီ အ၀င်းက ကျနော်တို့နှစ်အတူလျှောက်လာပါတယ်။ ခြေထောက်က ခြေကျဉ်းခေါင်းတွေရဲ့ ရှတမှုကြောင့် ခြေတလှမ်းလှမ်းလိုက်တိုင်း ခြေကျဉ်းဝတ်နေရာကို ဓါးနဲ့မွှန်းနေသလား ထင်ရလောက်ကို နာလွန်းလို့  တကိုယ်လုံးတုန်ပါတယ်။ စစ်ခွေးရုံးခန်းက လှမ်းမြင်ရတဲ့ ကွေ့အရောက်မှာ ကျနော်တို့သွားနေတဲ့ မြေနီလမ်းဘေးက ပေါက်နေတဲ့ ပိစပ်ပင်(ဘိစပ်ပင်)တွေကို တွေ့တော့ နဂါးလေးက မျက်စလှမ်းပစ်ပြီး
"ကိုအ၀င်း ကျနော်တို့နည်းနည်း ခူးသွားမယ်" လို့ပြောလိုက်ပါတယ်။ ကျနော်လည်း သူဘာကြောင့် ခူးချင်မှန်း သဘောမပေါက်ဘူး။

အ၀င်းက "အေးအေး အမြန်လုပ်" လို့ပြောလိုက်တာနှင့် နဂါးလေးက မြက်တွေနှင့်ရောနေတဲ့ ပိစပ်ပင်ကို လက်တစုပ်ဆွဲရင်း ဆက်လျှောက်သွားပါတယ်။  ကျနော့်ကိုလည်း အ၀င်းက "ဟေ့ကောင် မင်းအတွက်ဆွဲလိုက် ဆွဲလိုက်" လို့ ပြောတာနဲ့ ကျနော်လည်း ဘာမသိညာမသိ ဆွဲဆုပ်ယူပြီး လက်ထဲမှာ ပျောက်နေအောင် ဆုပ်ထားလိုက်ပါတယ်။ နဂါးလေးက ထောင်ထဲမှာ ၁၉၉၀ အစာငတ်ခံဆန္ဒပြအတွေ့ကြုံနှင့် စစ်ခွေးတိုက်အတွေ့ကြုံရှိသူဆိုတော့ ကျနော့်ဆရာပဲပေါ့။ နဂါးလေးကတိုတ်တန်းရှေ့ရောက်  "သိမ်းထား ညကျရင် ငါပြောမယ်" လို့ပြောသွားတယ်။ ကျနော်လည်း အရွက်တွေကို ပုဆိုးနှင့်လိပ်ပြီးဝတ်ထားလိုက်တယ်။

ဒီနောက်မှာတော့ ကျနော်တို့ကို အခန်းထဲ အသီးသီးပြန် ထည့်လိုက်ပါတယ်။ မနက်စာထမင်းကျွေးတဲ့ အချိန်ရောက်တော့ ထမင်းစားဆောင် ထောင်အခေါ်အဝေါ် ( ထမင်းဘုတ်)က အကျဉ်းသားတွေရောက်လာပြီး သံတိုင်တံခါးအောက် လေးလက်မလောက်လွတ်နေတဲ့ နေရာကနေ ထမင်းပန်းကန်ကို ထိုးသွင်းပြီးပေးပါတယ်။ သံတိုင်တွေ ညစ်ပတ်သံချေးစားနေတာ။ အဲဒီအောက်က "ဂျစ်" ခနဲဆိုပြီး ရောက်လာတဲ့ ထမင်းနဲ့ ပဲဟင်း (ပဲဟင်းအမည်ခံ  အ၀ါရည်) ဆမ်းထားတဲ့ ပုံစံထမင်းဘေးမှာ ပုပ်အက်အက်စိမ်းစားငပိ တကလော် ကိုစားရပါတယ်။ ညနေစာကတော့ ထောင်ရဲ့ သာလဘော့ အမည်ခံ ကန်စွန်းကြီးရွက်(ကစွန်းဥပင်၏ အရွက်) တွေကိုပြုတ်ထားတဲ့ မဲပြာပြာအရည်နှင့် ငပိဖြစ်ပါတယ်။

ညနေစာကျွေးပြီး ထောင်ပိတ်သွားတော့ ဒီနေ့အဖို့ ကျနော်တို့ လူသစ်နှစ်ယောက်ကြောင့် ဘယ်သူမှ ပုံစံမောင်းခြင်း အလုပ်မခံရလို့ ကျနော်တို့ကို အားလုံးက ကျေးဇူးတင်နေပါတယ်။ စစ်ခွေးတိုက်ထဲမှာက ထုံးစံအတိုင်း မီးမရှိတော့ ညဘက်ဆို မှောင်ကျနေပါတယ်။ အခန်းအပြင်မှာပဲ မီးလုံးလေး နှစ်လုံးပဲ ထွန်းထားပါတယ်။ ခြင်ကတော့ ဆန်ကွဲကို လက်နဲ့ဆုပ်ပြီး ပက်နေသလား အောက်မေ့ရတယ်။
တခန်းနှင့်တခန်း အသံပြုတဲ့ အသံတွေက "အ"ကာလ ညအမှောင်ထဲမှာ တိုးတိုးတိုးတိုး ကျိတ်ကျိတ်ကျိတ်ကျိတ်နဲ့ပေါ့။  ကျနော့်ဆီကိုလည်း ဘေးအခန်းက လှမ်းပြောတယ်.....

"ရဲမင်းထွန်းရေ့ နဂါးလေးကမှာလိုက်တယ် ဆေးပေါင်းကို ၀ါးစားပြီး ဒဏ်ရာတွေကိုလည်း ပွတ်ပါတဲ့"
ဒီတော့မှ ကျနော်လည်း မနက်က ခူးလာတဲ့ ပိစပ်ရွက်တွေကို ပြောတာပဲ ဖြစ်မယ်ဆိုပြီး  ဖူးရောင်နေတဲ့ ပေါက်လုလု ဒဏ်ရာတွေ၊ ကွဲနေတဲ့ အသားတွေကို ပိစပ်ရွက်ကို ၀ါးပြီးလိုက်ပွတ်တာ အားပါး ပူပြီး စပ်လိုက်တာ။ တကိုယ်လုံးကို ပူရှိန်းသွားပါတယ်။
ဘေးအခန်းက "ဟေ့ရောင် ဂေါ်နိုက်လေး ၀ါးစားလိုက် ပြီးရင် အိပ်လိုက် မနက်ကျရင်မောင်းတော့မှာ" လှမ်းပြောသေးလို့ ကျနော်လည်း ၀ါးစားလိုက်တာ ပူရှိန်းပြီးစပ်တယ်။

အဲဒီညကတော့ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့မို့ ခြေထောက်က ကန့်လန့်ဒေါက်ကြီး ကိုးရို့ကားယားနဲ့ပဲ  ကျနော်အိပ်ပျော်သွားခဲ့ပါတယ်။ အိပ်နေရတယ်ဆိုပေမယ့်လည်း နေရာမရွေ့အောင် သတိထားပြီးအိပ်ရပါတယ်။ ဟိုဘက် ဒီဘက်  မလှုပ်ရဲဘူး။ နည်းနည်းလေးလှုပ်လိုက်တာနှင့် အေးစပ်နေတဲ့ တမံသလင်းနဲ့ ထိတဲ့ အတွေ့ကြောင့် လန့်လန့်ပြီး နိုးပါတယ်။ ။ ကိုယ်နှင့်ဖိထားတဲ့ တံမံတလင်းကတော့ ကိုယ်ငွေ့နဲ့မို့ နဲနဲတော်ပါသေးတယ်။ ပိစပ်ရွက်(ထောင် အခေါ်တော့ ဆေးပေါင်း) အစွမ်းနှင့်အဲဒီ့တညတော့ ကျနော် ကောင်းကောင်းအိပ်လိုက်ရပါပြီ။ မနက်ဖြန်မောင်းမယ်ဆိုတဲ့ စကားကြောင့် ကျနော်လည်း မနက် ရင်ဆိုင်ရမှာကို အားမွေးရင် စိတ်ကို တင်းထားလိုက်တယ်။  ၁၉၉၂ မှာ ကျနော့အသက် ၂၀ ပြည့်တဲ့ မွေးနေ့ ဇူလိုင်လ ၂၂ ရက် ကို စစ်ခွေးမှာ ကျော်ဖြတ် ရမယ်လို့ ကျနော်အဲဒီညက မတွေးခဲ့မိဘူး။ ဒီလိုနဲ့ပဲ စစ်ခွေးတိုက်ရဲ့ ဒုတိယညကို ကျော်ဖြတ် လိုက်ပါပြီ။

(ဆက်လက်ရေးပါဦးမယ်)

ခင်မင်လေးစားလျက်

ရဲမင်းထွန်း


ကျနော့သတ်ပုံအမှားများကို ပြုပြင်ပေးတဲ့ မအေးနန္ဒာအောင်(လမ်းပြကြယ်-ဂျပန်) နှင့်
တကူးတက ဖုန်းဆက်တဲ့ ကိုမင်းနိုင် အားကျေးဇူးတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် NLD ဥက္ကဋ္ဌဖြစ်လာနိုင်

စနေ, 17 ဒီဇင်ဘာ 2011
By ကိုဇော်ဝင်းလှိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်လာမယ့်အလားအလာ ရှိနေပါတယ်။ အထွေထွေအတွင်းရေးမှူး ရာထူး မထားတော့ဘဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့သာ ထားရှိတော့မယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ဖို့ ခွင့်ပြုလိုက်ပြီး ရက်ပိုင်းအတွင်းမှာ ပါတီကို အသစ် ပြန်လည်ဖွဲ့စည်းသွားဖို့ ခေါင်းဆောင်ပိုင်းက စီစဉ်လိုက်တာ ဖြစ်ပါတယ်။

ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့မှာ အစည်းအဝေးထိုင်ပြီး ပါတီဖွဲ့စည်းပုံသစ်ကို ထုတ်ပြန်မယ့်အကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပါတီဖွဲ့စည်းပုံက အဓိက ကျနော်ပြောရလို့ရှိရင် လက်ရှိမှာ ဥက္ကဋ္ဌနဲ့ အထွေထွေ အတွင်းရေးမှူး၊ နောက် အတွင်းရေးမှူး။ ဒီလိုရှိတာကိုး။ အဲဒီအစား ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးအဖွဲ့ပဲ။ အထွေထွေ အတွင်းရေးမှူး ဆိုတဲ့ဟာကို ကျနော်တို့ ဖြုတ်လိုက်ပါမယ်။”

NLD ပါတီရဲ့ လက်ရှိ ဖွဲ့စည်းပုံကနေ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ပဲ ထားတော့မှာဖြစ်တဲ့အတွက် လက်ရှိ အထွေထွေအတွင်းရေးမှူး ရာထူးယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ဥက္ကဋ္ဌဖြစ်လိမ့်မယ်လို့ တွက်ဆစရာ ဖြစ်နေတာပါ။

လက်ရှိအနေအထားမှာတော့ ပါတီဥက္ကဋ္ဌအဖြစ် အသက် ၉၆ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးအောင်ရွှေက တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌအဖြစ် အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးတို့က တာဝန်ယူထားတာဖြစ်ပေမဲ့ ပါတီရဲ့ အဓိကဦးဆောင်မှု အခန်းကဏ္ဍကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ တာဝန်ယူထားတာပါ။

ပါတီ ထိပ်ပိုင်းခေါင်းဆောင် ရာထူးတွေကို အသက်အရွယ်ကြီးရင့်သူ အများစုက တာဝန်ယူထားတာကြတာ ဖြစ်တာကြောင့် လူငယ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။

မကြာခင်ကျင်းပဖို့ရှိတဲ့ ပါတီခေါင်းဆောင်ပိုင်း စည်းဝေးပွဲကရလာတဲ့ ရလဒ်တွေနဲ့အတူ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးကို သွားပြီး ပါတီကို တရားဝင် မှတ်ပုံတင်မှာ ဖြစ်ပါတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ လာမယ့်တနင်္လာနေ့ပေါ့ ၁၉ ရက်နေ့မှာ ၂၁ ဦးအဖွဲ့ အစည်းအဝေးလုပ်မယ်။ အဲဒီအစည်းအဝေး ကနေပြီးတော့ ဒီ ၂၁ ဦးရဲ့အဖွဲ့ ခေါင်းဆောင် ၊ ဒုတိယခေါင်းဆောင်ကို ရွေးချယ်ပေးရမယ်။ အဲဒီရွေးချယ်ပြီးရင် လိုအပ်တဲ့ ဖွဲ့စည်းပုံတို့၊ မူဝါဒတို့၊ တံဆိပ်တို့၊ အလံတို့နဲ့အတူ ကျနော်တို့ နေပြည်တော်မှာ သွားပြီးတော့ မှတ်ပုံတင်ရမှာပါ။ အဲဒီသွားဖို့ရက်ကိုတော့ ယာယီအားဖြင့် ကျနော်တို့ ၂၃ ရက်နေ့ သတ်မှတ်ထားပါတယ်။”

ခေါင်းဆောင်တွေကို သဘောတူ ရွေးချယ်မယ့် အစည်းအဝေးမှတ်တမ်း မိတ္တူကိုလည်း ပါတီမှတ်ပုံတင်ခွင့် လျှောက်တဲ့အခါ ပေးဖို့လိုတာကြောင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြတဲ့ ၂၁ ယောက်လုံး အခုလို ရက်ပိုင်းအတွင်းမှာ အမြန်ဆုံး ပြန်ဆုံပြီး ဆုံးဖြတ်ရွေးချယ်ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မကြာခင် လအနည်းငယ်အတွင်း ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရတဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွင်း ဘယ်မဲဆန္ဒနယ်မြေက ဘယ်ကိုယ်စားလှယ်တွေ ၀င်ရောက် ယှဉ်ပြိုင်ကြမယ်ဆိုတာတော့ NLD ပါတီက အခုချိန် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
http://www.voanews.com/burmese/news/NlD-DASSK-12-17-11-135788413.html

ကော့သောင်းမြို့လယ်တွင် အရာရှိတစ်ဦးအပါဝင် စစ်သားတချို့ မှုးယစ်ရမ်းကားမှု ဖြစ်ပွား

Saturday, December 17, 2011 Khet Htan
၁၆ ဒီဇင်ဘာ၊ ၂၀၁၁၊ ကော့သောင်း

ကော့သောင်းမြို့နယ် အဏ္ဏာဝါရပ်ကွက် ရွှေသီရီကုန်မာဆိုင် ရှေ့တွင် ယနေ့နေ့လည် ၁၂နာရီ ၁၅ မီနစ်ခန့်တွင် စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂) မှဗိုလ်အောင်အောင်လတ်၊ အရာခံဗိုလ်အောင်ကျော်နိုင်၊ တပ်ကြပ်ကြီး မြင့်လှိုင် ၊ ယာဉ်မောင်တပ်သားတစ်ဦး (အမည်မသိ )မောင်းနှင်းလာသောကား နံပတ်ကြယ်၁၃၉၀(မ) သည် ရွှေသီရိကုန်မာဆိုင်ရှေ့ ဘေးတွဲမော်တော်ဆိုင်ကယ်ရှေ့တွင်ထိုးရပ်ပြီး အရာခံ ဗိုလ်အောင်ကျော်နိုင်မှ ဘေး တွဲဆိုင်ကယ်မောင်းနှင်းသူ ကိုနိုင်ဝင်းနိုင်ထံမှ ကွမ်းယာတောင်းစားရာမှ ကွမ်းယာမရ၍ ဘေးတွဲမောင်းသမား ကိုနိုင် ၀င်းအား ကိုယ်ထိလက်ရောက် ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

၎င်းဖြစ်ပွားခဲ့ပုံနှင့် ပက်သက်ပြီး ဘေးတွဲမောင်သူ ကိုနိုင်ဝင်းက “ ကျွန်တော်က ဒီရွှေသီရိရှေ့မှာဘေး တွဲအငှားလိုက်ပါတယ် အဲဒါ နေ့လည် (၁၂.၀၀) လောက်မှာ အဲဒီစစ်ကားက ကျွန်တော်ဘေးတွဲဆိုင်ကယ်ရှေ့လာ ရပ်ပြီး ကားပေါ်မှ အရာခံဗိုလ်ဆင်းလာပြီး ကွမ်းတောင်းစားတော့ ကွမ်းမရှိကြောင်းပြောတော့ ကျွန်တော်ကို ပြသာ နာစရှာတော့တာပါပဲ မင်းကအချိုးမပြေဘူး မင်းအချိုးပြင်လိုက်ဆိုပြီး ကျွန်တော်ကို ရှိခိုးတောင်းပန်ခိုင်းပါတယ်။ ကျွန်တော်ကလည်းကျွန်တော်မှာ အပြစ်မရှိဘဲ မတောင်းပန်နိုင်တော့ အဲဒီ အရာခံဗိုလ်အောင်ကျော်နိုင်က ကျွန်တော်ပါးကိုရိုက်လိုက်ပါတယ်။ အဲဒီမှာ ပဲ့ချိတ်ဆွဲနေသူ ကိုအောင်ဝင်းမှ ၀င်ရောက်တားတော့ ကိုအောင်ဝင်းကိုပါ ကားပေါ် ပါ ဗိုလ်အောင်အောင်လတ်က ရိုက်ဖို့ရွယ်တော့ ဘေးမှာရှိတဲ့လူတွေ ၀ိုင်းလာတော့ မရိုက်ဖြစ်တော့ပါဘူး ဟု” ဘေးတွဲဆိုင်ကယ်သမား ကိုနိုင်ဝင်းက သူ့ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။

“ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ်ကွဟု ဗိုလ်အောင်အောင်လတ်ကြိမ်းမောင်း ခဲ့တယ် ဒါပေမယ့် သူတို့မှာတော့သေနတ်မပါဘူးလို့” ကိုယ်တိုင် ပါးရိုက်ခံခဲ့ရသူ ကိုနိုင်ဝင်းက ပြောပါတယ်။

၎င်းကောင်းဖြစ်ရပ်နဲ့ ပက်သက်ပြီး ပြည်သူ့ကိုကာကွယ်စောင့်ရှောက် ရမည့်တပ်မတော်သားများက ပြည်သူတွေကိုအနိုင်ကျင့်ဆော်ကားသည့်အပေါ်မကြေနပ်ကျသည့်အနီနားရှိပဲ့ချိတ်မောင်းသမားများကကိုနိုင်ဝင်းနှင့် အတူ ကော့သောင်းအခြေချစစ်ဗျူဟာ ကိုတိုင်တန်းထားကြောင်း သိရှိရပါတယ်။

ကော့သောင်းသားတစ်ဦး
http://www.irrawaddyblog.com/2011/12/blog-post_2839.html

၈၈မျိုးဆက်များသို့...




by ကိုကို သစ္စာ on  Face book Saturday, December 17, 2011 at 1:19am


ပေးဆပ်ခြင်းကို ရင်ကတုပ်...

ဆက်လှမ်းခြင်းဟာ သူတို့အလုပ်...

တချို့ကရှာဖွေ တချို့ကကြွေ...

တချို့ကခွဲရစ် လမ်းခုသစ်မှာ...

တချို့ကအသက်မကြီး ၈၈မှာပဲနေပြီး နရသိမ်ကိုအိမ်လုပ်

အဲဒါ..သူတို့ရဲ့ခြေကုတ်နေရာတဲ့။

 (ကိုကိုသစ္စာ)