Tuesday, December 20, 2011

ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ဝေဒနာရှင်များက အစားထိုး ဆေးခွင့်ယူပေး


Submitted by admin on Tuesday, 20 December 2011--
ဒီဇင်ဘာလ ၂၀ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)

ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ငွေပေးကာ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ကိုယ်စားဆေးရုံတက်ခိုင်းကာ ဆေးခွင့်များယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူတစ်ဦးက ပြောသည်။

“ကျနော့်ကို ပွဲစားက နှစ်သိန်းပေးတယ်။ သူက ဘယ်လောက်ရလဲတော့ မသိဘူး။ ဆေးရုံ ၁၅ရက် တက်ပေးရတယ်။ သွေးစစ် တယ်။ သလိပ်စစ်တယ်။ ကိုယ်ခံအားစစ်တယ်။ ကျနော်တို့ ပိုးစတွေ့တုန်းကအတိုင်းပဲ လုပ်တာပေါ့။ ဆေးရုံမှာတော့ ကောင်း ကောင်းနေရ၊ စားရတယ်။ နာမည်ကိုတော့ ဗိုလ်ကြီးနာမည်နဲ့ တက်ရတာလေ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆေးရုံတက်ကြရသော HIV ပိုးကူးစက်ခံသူအများစုမှာ ဆင်းရဲသောကြောင့် ထိုသို့လုပ်ဆောင်နေကြရခြင်းဖြစ်ကြောင်း HIV /AIDS လုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများက ပြောသည်။

လက်ရှိ စစ်မက်ဖြစ်ပွားနေသည့် ကချင်ဒေသသို့ ရှေ့တန်းမသွားလိုသည့်အတွက် HIV ရောဂါသည်အား ငွေပေးငှားရမ်းကာ ဆေးရုံတက်ခိုင်းကြောင်း အမည်မဖော်လိုသူ တပ်အသိုင်းအ၀ိုင်း၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ကေအိုင်သို့ ယခုလို ရှင်းပြ သည်။

သူက “ကျနော့်ဦးလေးက ဒုအရာခံဗိုလ်ပါ။ ကချင်ဘက်ကိုထွက်ရမှာလေ။ သူ့ကို အဖွားတို့က ရှေ့တန်းမလိုက်စေချင်ဘူး။ ဒါနဲ့ ပိုးရှိတဲ့သူတစ်ယောက်ကို ငှားပြီး ပြီးခဲ့တဲ့လက ဦးလေးကိုယ်စား ဆေးရုံတက်ခိုင်းလိုက်တယ်။ ဆေးရုံမှာ ပေးသင့်တဲ့သူတွေ အားလုံးကို ပေးရတယ်။ ခုနှစ်သိန်းလောက် ကုန်တယ်။”ဟု သူက ပြောသည်။

ယင်းကဲ့သို့ ဆေးရုံတက်ပါက HIV ပိုးကူးစက်ခံထားရသူများကိုသာမက ဆေးရုံရှိ ၀န်ထမ်းများ၊ ဆရာဝန်များကိုပါ ငွေပေးရ သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုအဖြစ်များမရှိကြောင်း တာဝန်ခံ ဆရာမ တစ်ဦးက ကေအိုင်စီသို့ ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ လူစားထိုးကာ ဆေးခွင့်ယူသည့် တပ်အရာရှိ အများစုမှာ ဒုအရာခံဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိဖြစ်ပြီး ၎င်းတို့နှင့် နီးစပ်သူ များက ပွဲစားအဖြစ် ပြုလုပ်ကာ ရောဂါသည်လူနာများကို ရှာဖွေဆက်သွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပွဲစားနှင့် သိကျွမ်းသူတစ်ဦးက “ကျမသူငယ်ချင်းက ပွဲစားလေ။ သူလုပ်ပေးတာ အခုဆို ၃ယောက်ရှိပြီ။ သူတို့ပွဲစားတွေက လူနာရှာပေးတယ်။ လူနာရရင် ဈေးညှိတယ်။ သူတို့က ၅သောင်းစားတယ်။ လူနာတွေက ပိုက်ဆံရတော့ လုပ်တာပေါ့။”ဟု ဆို သည်။

စစ်တပ်အရာရှိများ ယခုလို လုပ်ဆောင်နေသည်မှာ မိုးတွင်းကာ ပြီးခဲ့သည့် ၄လခန့်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ယင်းသို့ ကိုယ် စားဆေးရုံ ငှားရမ်းတက်မှု ပိုမိုများပြားလာရခြင်းမှာ ကချင်ဒေသတွင် ထိုးစစ်များ အရှိန်အဟုန် မြှင့်လာသောကြောင့် ဖြစ်နိုင် ကြောင်း မြန်မာပြည်တွင်းအခြေစိုက် မူးယစ်ဆေးသုံးစွဲသူများအတွက် HIV/AIDS လုပ်ငန်းများ ဆောင်ရွက်နေသော လူထုအ ခြေပြုအဖွဲ့မှ အဖွဲ့ဝင်တဦးက သုံးသပ်ပြောဆိုသည်။

၂၀၀၉ခုနှစ်တွင် HIV ပိုးကူးစက်ခံရသောသူများကို ခွဲခြားမှုများ နည်းပါးလာပြီး နောက်ပိုင်းတွင် စစ်တပ်မှ အနားယူချင်သော ၀န်ထမ်းများ ထိုသို့ လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။
http://www.kicnews.org/?p=9020#more-9020

အမေခြေထောက်နာနေလား

ဟိုတလောကချော်လဲတယ်လို့ သိထားတယ်။အမေကျမ်းမာပါစေ။


ဒီဇင်္ဘာလ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် လေးကြိမ်မြောက်GMS အစည်းအဝေး

Photo : Reuters Pictures

ညစာမသုံးဆောင်မီ တွေ့မြင်ရပုံ

လာအို ဝန်ကြီးချုပ်Thongsing Thammavong နှင့် မြန်မာသမ္မတ ဦးသိန်းစိန်

 ဗီယက်နမ် ဝန်ကြီးချုပ်Nguyen Tan Dungနှင့် ဇနီး၊ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဇနီး

  ဗီယက်နမ် ဝန်ကြီးချုပ်Nguyen Tan Dungနှင့် ဇနီး၊

ထိုင်း ဝန်ကြီးချုပ် Yingluck Shinawatra

  ထိုင်း ဝန်ကြီးချုပ် Yingluck Shinawatra နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်Hun Sen

လာအို ဝန်ကြီးချုပ်Thongsing Thammavong နှင့် မြန်မာသမ္မတ ဦးသိန်းစိန်။ကမ္ဘောဒီးယား ဝန်ကြီးချုပ်Hun Sen။ထိုင်း ဝန်ကြီးချုပ် Yingluck Shinawatra။;ဗီယက်နမ် ဝန်ကြီးချုပ်Nguyen Tan Dung။တရုတ် ဒေသန္တရအုပ်ချုပ်ရေးမှူးDai Bingguo

ဒီဇင်္ဘာလ ၁၉ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်ပွဲတွင် တရုတ် ဒေသန္တရအုပ်ချုပ်ရေးမှူးDai Bingguo နှင့်  မြန်မာနိုင်ငံ ဒု-သမ္မတ ဦးစိုင်းမောက်ခမ်း


အင်္ဂါ, 20 ဒီဇင်ဘာ 2011
GMS ထိပ်သီးအစည်းအဝေးအလွန် အခွင့်အလမ်းများ ပွင့်လင်းလာဖို့ မျှော်လင့်

By မစုမြတ်မွန်



မဟာမဲခေါင်ဒေသခွဲ နိုင်ငံခေါင်းဆောင်တွေတက်ရောက်တဲ့ GMS ထိပ်သီးစည်းအဝေးမှာ ဆင်းရဲမွဲတေမှု ကျဆင်းရေးပါဝင်တဲ့ ၁၀ နှစ် စီမံကိန်းကို သဘောတူခဲ့ကြပါတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ်မ္ဘောဒီးယား၊ လာအိုနဲ့ တရုတ်နိုင်ငံတွေကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ လုပ်တဲ့ GMS ထိပ်သီးစည်းဝေးပွဲမှာ စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ ရာထူးကိုလည်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအပေါ် ဘယ်လိုအကျိုးရှိစေသလဲ စိန်ခေါ်မှုတွေ ရှိမလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေကြား စီးပွားရေးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ မြှင့်တင်ရေးနဲ့ ဆင်းရဲမွဲတေမှု ကျဆင်းရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ရေး စတဲ့ ၁၀ နှစ်စီမံကိန်းကို ၆ နိုင်ငံပါဝင်တဲ့ GMS မဟာမဲခေါင်ဒေသခွဲ ထိပ်သီး စည်းဝေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ နေပြည်တော် Convention စင်တာမှာ ဒီကနေ့ လုပ်ခဲ့တဲ့ ၄ ကြိမ်မြောက် GMS ထိပ်သီးစည်းဝေးပွဲမှာ အဖွဲ့ရဲ့အောင်မြင်မှုတွေကိုပြောခဲ့ကြသလို လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေး၊ အစားအသောက်လုံခြုံစိတ်ချမှုရှိရေးနဲ့ ဖူလုံရေးအပြင် ခရီးသွားလုပ်ငန်းက ဝင်ငွေကျယ်ကျယ်ပြန့်ပြန့်ရနိုင်အောင် နိုင်ငံစုံပါဝင်တဲ့ ခရီးသွားအစီအစဉ်တွေဖန်တီးရေးတွေအတွက် မဟာဗျူဟာ ချကြဖို့ကိုလည်း GMS ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

GMS ထိပ်သီးစည်းဝေးပွဲမှာ စီးပွားရေးဖိုရမ် ဥက္ကဋ္ဌရာထူးကိုလည်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လွှဲပြောင်းတာဝန်ယူခဲ့ပါတယ်။ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို အဓိကအသားပေးတဲ့ GMS အဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ စီးပွားရေး Forum ဥက္ကဋ္ဌတာဝန်ယူရတဲ့အတွက် အခွင့်အလမ်းတွေပိုရလာနိုင်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ကိုသက်လွင်ထွန်းက တွက်ပါတယ်။

“ကိုယ့်နိုင်ငံအနေနဲ့တော့ ဒါ အများကြီး opportunity ရတာပေါ့လေ၊ အထူးသဖြင့်တော့ investment နဲ့ပတ်သက်တဲ့ opportunity တွေပေါ့။ ကျနော်တို့နိုင်ငံမှာ အဓိကလိုအပ်နေတဲ့ အခန်းတွေ အများကြီးလိုနေတယ်။ နောက် infrastructure တွေ၊ develop ဖြစ်ဖို့လိုနေတယ်။ အဲဒါတွေကို အကုန်လုံးလုပ်ဖို့အတွက်ကော ဖွင့်ပေးလိုက်တယ်။ နောက် tourist တွေလည်း ပိုမို လွယ်ကူစွာလာနိုင်မယ်။ အရေးကြီးတဲ့ ဗီဇာတွေလည်း နောက်ပိုင်းကျရင်ဖွင့်ပေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ ပိုပြီးတော့ ၂၀၁၂ beyond ဆိုရင် ဒါဟာ GMS နိုင်ငံတွေ၊ ASEAN နိုင်ငံတွေမှာ ဗီဇာတခုတည်း သွားတော့မယ်လေ။ အဲဒါမျိုးတွေအတွက် အများကြီး အခွင့်အလမ်းသာတာပေါ့”

ဒီနေ့ပြီးသွားတဲ့ GMS ထိပ်သီးစည်းဝေးပွဲမှာလည်း အဖွဲ့ဝင်နိုင်ငံတွေကြား သဘာဝ အရင်းအမြစ်တွေကို ရေရှည်ထိန်းသိမ်းထားနိုင်မယ့် ခရီးသွားလုပ်ငန်းအတွက် မဟာဗျူဟာချရေးကိုလည်း သဘောတူခဲ့ကြပါတယ်။ လက်တွေ့လုပ်တဲ့အခါမှာ ဘယ်လိုမျိုး စိန်ခေါ်မှုတွေရှိနိုင်ပါသလဲ။

“အခုလို tourist တွေဖွင့်ပေးလိုက်လို့ ပြုံလာခဲ့မယ်ဆိုရင် ကျနော်တို့က သဘာဝအရင်းအမြစ်တွေ၊ ဥပမာ beach တွေမှာဆို ပျက်စီးမယ်၊ tourist တွေလာတဲ့အတွက်ကြောင့် အမှိုက်သရိုက်တွေ၊ waste တွေ၊ ပလပ်စတစ်တွေ၊ ဒါတွေဟာ အင်းလေးကန်လိုနေရာမျိုးမှာဆို တော်တော်ကို ပျက်စီးနေပြီ။ ဒါ Eco diversity ပေါ့။ climate change ဖြစ်စေတဲ့အကြောင်းအရင်းတွေ၊ ဒါတွေအားလုံးမဖြစ်ရအောင်ဆိုပြီးတော့ sustainable tourism ဆိုပြီးတော့ အဓိက subject တခု လုပ်တာပေါ့။ ခြုံငုံပြောရရင်တော့ Green Trurism လို့လည်း နောက်ပိုင်း ပြောလို့ရတာပေါ့။ ဒီ environment တခုလုံးကို တိုးတက်ပြောင်းလဲအောင် အသိပညာပေးရမယ်။ အဲဒီအခါမှာအောက်ခြေက Grass root level တွေကနေပြီး အပေါ်က authority တွေအထိ ပေးရမှာပေါ့နော်”

ခရီးသွားလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ကိုသက်လွင်ထွန်းပြောသွားတာဖြစ်ပါတယ်၊ ၆ နိုင်ငံ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်တဲ့အခါမှာ အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့အခါမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် လုပ်ကြဖို့ကိုလည်း မဟာမဲခေါင်ဒေသခွဲ နိုင်ငံ့ခေါင်းဆောင်တွေက ကြေညာခဲ့ကြပါတယ်။ GMS ထိပ်သီး စည်းဝေးပွဲကို ထိုင်းဝန်းကြီးချုပ် Yinluck Shinawat, Vietnam ဝန်ကြီးချုပ် ငုယင်တန်ဒေါင်း၊ Laos ဝန်ကြီးချုပ် သွန်ဆင်သမာဗွန်၊ Cambodia ဝန်ကြီးချုပ် Hun Sen နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘင်ဂေါ်တို့ တက်ရောက်ခဲ့ကြပါတယ်။ တနင်္လာနေ့ကတော့ သမ္မတ ဦးသိန်းစိန်ဟာ Cambodia ဝန်ကြီးချုပ်နဲ့ တရုတ်နိုင်ငံတော်ကော်စီဝင်တို့ကို သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ထောက်ပံ့မှုနဲ့ ၆ နိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ အစီအစဉ်ကို ၁၉၉၂ ခုနှစ်ကနေ စတင်ခဲ့တာဖြစ်ပြီး ထိပ်သီးစည်းဝေးပွဲကို ၃ နှစ်တကြိမ် ကျင်းပတာဖြစ်ပါတယ်ရှင်။
http://www.voanews.com/burmese/news/---12_19_11_my-news-burma----135915748.html

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆင်တူသူ





Tuesday, December 20, 2011  Sithu Linn
(ပြည်မြန်မာဂျာနယ်?) တွင် ဖော်ပြထားသော ဗိုလ်ချုပ်နှင့် ရုပ်တူ ရုံ မက .... မွေးနေ့ မွေးလ တူသည့် ကိုနေဦး၏ ဓာတ်ပုံများကို ဖေ့စ်ဘုတ်တွင် လက်ဆင့်ကမ်းနေကြသည်

ပုံများသာ ဖော်ပြထားခြင်း ဖြစ်ပြီး ကိုနေဦးအကြောင်း ဖော်ပြထားခြင်း မရှိပေ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်မှုများ မပြုလုပ်ရသေးပါ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို လာမည့် ၃ နှစ်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မတိုင်မီ ရိုက်ကူးပြီးစီးစေလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
http://www.irrawaddyblog.com/


မြန်မာ့ ဒီမိုကရေစီမိတ်ဆွေ ဟာဗဲလ်




By , on December 20, 2011 5:50 pm
“သစ္စာတရားနဲ့ မေတ္တာတရားဟာ မုသားနဲ့ အမုန်းတရားကို ကျော်လွှား အောင်မြင်ရမယ်”
(ဗားကလက် ဟာဗဲလ်)
မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ မြန်မာ့အရေးကို စောင့်ကြည့်အားပေးခဲ့သူ၊ ကွန်မြူနစ်အစိုးရကို သေနတ်တချက်မဖောက်ရဘဲ ကတ္တီပါ တော်လှန်ရေးနဲ့ ဖြုတ်ချနိုင်တဲ့ ခေါင်းဆောင် ချက်သမ္မတဟောင်း မစ္စတာ ဗားကလပ် ဟာဗဲလ်က အထက်ပါအတိုင်း ပြောဆိုခဲ့ရုံသာမက အဲဒီစကားရပ်ကို အတွေးအခေါ်တခုအနေနဲ့ ခိုင်ခိုင်မာမာအုတ်မြစ်ချပြီး လက်တွေ့ အကောင်အထည်ဖော်ခဲ့တယ်။


ချက်ကိုစလိုဗက်ကီးယား သမ္မတ ဗားကလက် ဟာဗဲလ်ကို ၁၉၉၀ ခုနှစ် ဇွန်လ ၉ ရက်နေ့က ပရက်မြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ - AP)
မစ္စတာ ဗားကလက် ဟာဗဲလ်ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။
သမ္မတ တာဝန်ထမ်းဆောင်စဉ်ကရော၊ တာဝန်က အနားယူသွားတဲ့နောက်ပိုင်းမှာပါ အထူးသဖြင့် မြန်မာ့ ဒီမိုကရေစီအရေးကို ချက်သမ္မတနိုင်ငံရဲ့ ထိပ်တန်း ဦးစားပေး ထားခဲ့ပြီး ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးရမယ့်လုပ်ငန်းစဉ်ထဲ ပါဝင်အောင်လည်း မစ္စတာ ဗားကလက် ဟာဗဲလ်က ကြိုးပမ်းပေးခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံသို့ ခတ္တရောက်ရှိနေသူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း (AAPP) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “၁၉၉၀ ခုနှစ်ကာလတွေကနေပြီးတော့ အခုသေဆုံးခါနီး အချိန်အထိအောင်ကို မြန်မာ့အရေးအတွက် ထောက်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆုရဖို့ အဆိုတင်သွင်းရာက စပြီး မြန်မာ့အရေးကို ကမ္ဘာက စိတ်ဝင်စားအောင် ဆောင်ရွက်နိုင်ခဲ့သူပါ။ ကျနော်တို့ ဒီမိုကရေစီရေးလူပ်ရှားမူအတွက် အရေးကြီးတဲ့ ကမ္ဘာ့ခေါင်းဆောင်တယောက် ဆုံးရှုံးသွားတယ်လို့ ခံစားရပါတယ်” လို့ ပြောပါတယ်။
၂၀၀၁ ခုနှစ်က သမ္မတတာဝန်ယူနေစဉ် မစ္စတာ ဗားကလက် ဟာဗဲလ်နဲ့အတူ ကိုဘိုကြည်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ဖူးပြီး မြန်မာ့အရေးကို ကမ္ဘာ့မျက်နှာစာမှာ ကူညီမှုများရရှိဖို့ မကြာခဏ လူပုဂ္ဂိုလ်ချင်း ထိတွေ့ဆက်ဆံခဲ့ဖူးပါတယ်။
Forum 2000 အစည်းအဝေးကို နှစ်စဉ် ချက်သမ္မတနိုင်ငံမှာ ကျင်းပပြီး မစ္စတာ ဟာဗဲလ်ဟာ မြန်မာ့အရေးကို အလေးပေးပြောကြားလေ့ရှိပါတယ်။ သူဟာ ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအတွက် နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုတွေမှာ အမြဲလိုလို ကူညီပံ့ပိုးပေးခဲ့သူလည်း ဖြစ်ပါတယ်။
“ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအတွက်ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ သူဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေးအတွက်ဆိုရင်လည်း ရှေ့တန်းကနေ တက်တက်ကြွကြွ အားပေးခဲ့သူတယောက်ပါ” လို့ ကိုဘိုကြည်က ဆိုပါတယ်။
မကွယ်လွန်ခင် ဒီဇင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ ပရက်ကြေညာစာတမ်း (Prague Declaration) ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ပရက်ကြေညာစာတမ်းမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဗားကလက် ဟာဗဲလ် အပါအ၀င် စုစုပေါင်း ၆ ဦးက ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ သတိနဲ့စောင့်ကြည့်ရမယ့် အပြောင်းအလဲဖြစ်ကြောင်း၊ မြန်မာအာဏာပိုင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဓိပ္ပာယ်ရှိပြီး မှန်ကန်တဲ့အကျိုး သက်ရောက်မှု ရှိသော တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းကြောင်းနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် အကျဉ်းကျခံနေကြရတဲ့ အကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုကြောင်း ကြေညာစာတမ်းမှာ အလေးအနက်တိုက်တွန်းထားပါတယ်။
၁၉၉၁ ခုနှစ်က နိုဗဲလ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီရဲ့ နောက်ဆုံး ဆန်ခါတင် စာရင်းထဲမှာ သမ္မတကြီး ဗားကလက် ဟာဗဲလ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည် စာရင်းပါဝင်လာခဲ့တယ်။
အဲဒီတုန်းက မစ္စတာ ဗားကလက် ဟာဗဲလ်က အာဏာရှင် လက်အောက်က လွတ်မြောက်ပြီးသား နိုင်ငံက သူ့ကို ရွေးချယ်တာထက် မလွတ်မြောက်သေးတဲ့ မြန်မာနိုင်ငံက နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်သင့်ကြောင်း အဆိုပြုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ နှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆု ကိုရရှိခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ပိုပြီး လူသိများလာစေခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ မစ္စတာ ဗားကလက် ဟာဗဲလ် ကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် အစီအစဉ်ထဲကို ပါဝင်လာအောင် တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု (Threat to Peace) စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာတမ်းက မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရရှိခဲ့ပါတယ်။
သူ့အပေါ် နိုင်ငံတကာခေါင်းဆောင်များရဲ့ လေးစားမှုများကြောင့် သူဦးဆောင်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများလည်း ပိုမိုထိရောက်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ စစ်တပ်က ရက်စက်စွာဖြိုခွင်းခဲ့မှုကိုလည်း ပွင့်လင်းစွာ ဝေဖန်ထောက်ပြခဲ့ပါတယ်။ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူတွေကို မြန်မာစစ်အစိုးရက တာဝန်ပျက်ကွက်မှုကိုလည်း ဝေဖန်ပြီး အဖိနှိပ်ခံ မြန်မာနိုင်ငံသားများနဲ့အတူ အပြည့်အ၀ ရပ်တည်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သူလည်းဖြစ်တယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ဂျနီဗာ လူ့အခွင့်အရေးကောင်စီ စတဲ့ အစည်းအဝေးတွေမှာ မြန်မာ့အရေးကို အဓိက အကူအညီပေးခဲ့တယ်။
မြန်မာ့ ဒီမိုကရေစီနဲ့ လူခွင့်အရေး ကိစ္စတွေအတွက် သံတမန်နည်းလမ်းတွေကို အစွမ်းကုန် အသုံးပြုကာ နိုင်ငံတကာ သံတမန်များကို ဖိတ်ကြားပြီး မြန်မာ့အရေး ဆွေးနွေးခြင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကူအညီပေးခြင်းတို့ကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက လုပ်ဆောင်ပေးခဲ့တယ်။
ချက်သမ္မတနိုင်ငံရဲ့ အဓိက အာရုံအစိုက်ခံရဆုံး နိုင်ငံ ၃ ခုဖြစ်တဲ့ ကျူးဘား၊ ဘယ်လာရုစ်နဲ့ မြန်မာနိုင်ငံတို့အပေါ် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းစေရေးအတွက် အဓိက အားပေးကူညီတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ချမှတ်လုပ်ကိုင်ခဲ့ပါတယ်။
မစ္စတာ ဗားကလက် ဟာဗဲလ်ကို ပရက်မြို့နေ မြေရှင်လူချမ်းသာမိသားစုမှာ ၁၉၃၆ ခုနှစ် အောက်တိုဘာလ ၅ ရက် နေ့က မွေးဖွားခဲ့တယ်။ ကွန်မြူနစ်များ အာဏာရချိန်မှာ ဓနရှင်လူတန်းစားအဖြစ် သတ်မှတ်ခံရပြီး အထက်တန်းပညာ ဆက်လက်သင်ကြားခွင့် ပိတ်ပင်တားဆီးခံခဲ့ရတယ်။
ကွန်မြူနစ်အစိုးရကြောင့် မိသားစုစီးပွားရေး ကျဆင်းလာခဲ့ပြီး နေ့ဘက် အလုပ်လုပ်၊ ညဘက်ကျောင်းတက် လုပ်ခဲ့ရတယ်။ ရုန်းကန်ရင်း ပြဇာတ်တွေလည်း ရေးသားခဲ့တယ်။
ထိုစဉ်က ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ၁၉၆၈ ခုနှစ် ကွန်မြူနစ်တော်လှန်ရေးကာလအတွင်း ဗားကလက် ဟာဗဲလ်ဟာ အောင်မြင်ကျော်ကြားတဲ့ ပြဇာတ်ရေးဆရာ တဦးဖြစ်လာခဲ့ပြီး Charter 77 လှုပ်ရှားမှုမှာ အကျော်ကြားဆုံး အတိုက်အခံ ခေါင်းဆောင်လည်း ဖြစ်လာခဲ့တယ်။
ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ ၁၈ ရက်ကြာ ကတ္တီပါတော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး အဲဒီတော်လှန်ရေးကြောင့် ကွန်မြူနစ် အစိုးရ ပြုတ်ကျခဲ့တယ်။ အဲဒီနောက် ဗားကလက် ဟာဗဲလ်ဟာ ချက်ကိုစလိုဗက်ကီးယား သမ္မတ ဖြစ်လာခဲ့ပါတယ်။
ဆလိုဗက်ကီးယား အမျိုးသားရေးဝါဒီများရဲ့ ကိုယ်ပိုင်လွတ်လပ်ရေး တောင်းဆိုမှုကြောင့် သမ္မတရာထူးက နုတ်ထွက် ပေးခဲ့တယ်။
ချက်နဲ့ ဆလိုဗက် နိုင်ငံ ၂ ခုအဖြစ် ကွဲသွားပြီးနောက် ၁၉၉၃ ခုနှစ်မှာ ချက်သမ္မတနိုင်ငံသစ်ရဲ့ သမ္မတအဖြစ် ထပ်မံ အရွေးခံခဲ့ရပါတယ်။
မစ္စတာ ဟာဗဲလ်ဟာ ၀တ်စားဆင်ယင်မှုကအစ လူမှုဆက်ဆံရေးအလယ် ဦးဆောင်တဲ့အပိုင်းအဆုံး အလွန် ရိုးစင်းသူလည်းဖြစ်တယ်။ လူသားဆန်သူ၊ တန်းတူဆက်ဆံတတ်သူ၊ မေတ္တာနဲ့ သစ္စာတရားကို ယုံကြည်ချက်ခိုင်မာသူ လည်းဖြစ်တယ်။ စီးကရက်ကိုလည်း မပြတ်သောက်တတ်သူ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ကင်ဆာရောဂါကြောင့် ကျန်းမာရေး ချူချာလာခဲ့ပါတယ်။
သူမကွယ်လွန်မီ ချက်သမ္မတနိုင်ငံကို အလည်အပတ် လာရောက်တဲ့ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့အတူ သဘာဝတရားရဲ့ နာမ်ပိုင်းဆိုင်ရာ အေးချမ်းမှုများအကြောင်း အတူပွားများ လေ့လာခဲ့ပါသေးတယ်။ သူ့ဘ၀မှာ နိုင်ငံရေး၊ စာရေးခြင်းနဲ့ ဘ၀တိုက်ပွဲများအတွက် အမြဲ အဆင်သင့်ဖြစ်နေတတ်ပေမယ့် မိမိရဲ့ အနီးပတ်ဝန်းကျင် နေရာမရွေး၊ အချိန်မရွေးမှာ ရှိနေတယ်လို့ သူသိခဲ့တဲ့ နာမ်ပိုင်းဆိုင်ရာ စိတ်နှလုံးငြိမ်းချမ်းမှုကို ရှာဖွေခဲ့သော်လည်း သိသိသာသာ မခံစားခဲ့ရကြောင်း ရိုးသားစွာ ဖွင့်ဟခဲ့ပါသေးတယ်။
မကြာသေးခင်ကပဲ သူ စတင်ခဲ့ပြီး နာယကအဖြစ် ဆောင်ရွက်တဲ့ Forum 2000 အစည်းအဝေးကို ကျန်းမာရေး မကောင်းတဲ့ကြားက တက်လာခဲ့ပြီး မြန်မာ့အရေး အားလုံး ၀ိုင်းဝန်းကူညီရန် တိုက်တွန်းသွားခဲ့ပါသေးတယ်။
“သူဟာ ကျန်းမာရေးမကောင်းနေတဲ့ ကြားထဲကနေ ဒီလိုပြောဆိုလုပ်ကိုင်နေတာဟာ မြန်မာနိုင်ငံကို အင်မတန်  တိုးတက်စေချင်လို့၊ မြန်မာပြည်သူတွေ ဖိနှိပ်မူတွေက လွတ်ကင်းပြီး တိုးတက်စေချင်လွန်းတဲ့ စေတနာနဲ့ ပြောဆိုသွား တယ်လို့ ထင်ပါတယ်” လို့ ကိုဘိုကြည်က ဆိုပါတယ်။
မစ္စတာ ဗားကလက် ဟာဗဲလ် ကွယ်လွန်ခြင်းအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက အသီးသီး အမှတ်တရ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။
မစ္စတာ ဟာဗဲလ်ဟာ အမေရိကန် သမ္မတ အိုဘားမားက ကမ္ဘာတလွှား ဒီမိုကရေစီ လှိုင်းတံပိုးများအတွက် တံခါးဖွင့်လှစ်ပေးသူလို့ ချီးမွမ်း ဂုဏ်ပြုခဲ့ပါတယ်။ ဆွီဒင် နိုင်ငံခြားရေး ၀န်ကြီး ကားလ်ဘီးဒ်ကတော့ မစ္စတာ ဟာဗဲလ်ဟာ ဥရောပတိုက်ရဲ့ အကြီးကျယ်ဆုံးလူသားလို့ အမွှမ်းတင်ခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံမှာ မစ္စတာ ဗားကလက် ဟာဗဲလ် ကွယ်လွန်မှုအတွက် ၀မ်းနည်းခြင်း ရက်သတ္တပတ် ကြေညာထားပါတယ်။
ချက်သမ္မတနိုင်ငံ အခြေစိုက် NGO တခုဖြစ်တဲ့ မြန်မာစင်တာ (ပရက်) က တာဝန်ရှိသူ မစပယ်စိုးက “မြန်မာနိုင်ငံအရေး လှုပ်ရှားနေတဲ့ သူတွေအတွက်ကတော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ဆုံးရှုံးခြင်းတခုလို့ ပြောရပါမယ်။ နှစ်ပေါင်းများစွာ အမြဲထောက်ပံ့ကူညီပေးနေတဲ့ မိတ်ဆွေကောင်းကြီးတယောက် ဆုံးရှုံးသွားလိုက်ရတယ်လို့ ခံစားလိုက်ရပါတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်က မစ္စတာ ဟာဗဲလ် ကွယ်လွန်သွားတဲ့ သတင်းကို ချက်နိုင်ငံသတင်းဌာန အားလုံးက အထူးဦးစားပေး ထုတ်လွှင့်နေခဲ့တယ်။
အဲဒီညနေမှာ ချက် ပြည်သူအများအပြားဟာ ကြိုတင်တိုင်ပင် ပြင်ဆင်ထားခြင်းမရှိဘဲ ပရက်မြို့လယ်ရှိ ၀င်စက်စတာ ရင်ပြင်ကို လာရောက်ကြပြီး ဖယောင်းတိုင်၊ ပန်းတွေနဲ့ သမ္မတကြီးကို အမှတ်တရ ဂုဏ်ပြုဆုတောင်းကြပါတယ်။
ချက်သမ္မတနိုင်ငံရဲ့ တခြားမြို့တွေမှာလည်း ပြည်သူတွေက သမ္မတကြီးကို အသီးသီး ဂုဏ်ပြုကြကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။
နောက်ဆုံး နှုတ်ဆက်နိုင်ဖို့အတွက် ပရက်ခရော့စ်လမ်း (Prague Cross Road) မှာ သမ္မတကြီးနဲ့ ဇနီးတို့က ပြုပြင်ဖွင့်လှစ်ထားတဲ့ စိန့်အန်းနဲ ဘုရားရှိခိုးကျောင်းဟောင်းကြီးမှာ မစ္စတာ ဟာဗဲလ်ရဲ့ ရုပ်ကလာပ်ကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ထားရှိပါတယ်။
ဒီရှေးဟောင်း ဘုရားကျောင်းကြီးဟာ ဟာဗဲလ် မကွယ်လွန်ခင်က လူ့အခွင့်အရေး အစည်းအဝေးပွဲများ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့ ရုပ်ရှင်ပွဲတော်တွေ၊ Forum 2000 အစည်းအဝေးတွေ၊ သံတမန်၊ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ အတွေးအခေါ် ဖလှယ်ပွဲများ ကျင်းပရာနေရာလည်းဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ နဲ့ ၂၂ ရက်တို့မှာတော့ တချိန်က သမ္မတရဲ့ရုံးခန်းရှိတဲ့ ပရက်ရဲတိုက်သို့ ရုပ်ကလာပ်ကို ပြောင်းရွှေ့ပြီး ဂါရ၀ပြုခွင့်ရကြမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ မစ္စတာ ဟာဗဲလ်အတွက် နိုင်ငံတော် ဈာပနအခမ်းအနား ပြုလုပ်မှာဖြစ်ပြီး အမေရိကန် သမ္မတ ဘားရက်အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအ၀င် နိုင်ငံတကာ ခေါင်းဆောင်များလည်း တက်ရောက်ကြမှာပါ။
ပရက်မြို့ကို မြန်မာတဦးဦး သွားတာဟာ နိုင်ငံခြားကိုသွားတယ်လို့ မယူဆရကြောင်း၊ ကိုယ့်ဆွေမျိုးအိမ်ကို သွားရသလိုပဲ ခံစားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးစမှာ ချက်သတင်းသမားများကို ပြောဆိုခဲ့ဖူးပါတယ်။
အမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့တုန်းက မစ္စတာ ဟာဗဲလ်ဟာ “မလွတ်လပ်ခြင်းရဲ့ နှင်းဆီ” (A Rose for the Unfree) အမည်ရှိ ဆောင်းပါးကို ၀ါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားခဲ့ပါတယ်။
အဲဒီ ဆောင်းပါးနိဂုံးချုပ်မှာ ဟာဗဲလ်က သူ့မှာ ရယ်စရာ အတွေးတခုရှိခဲ့ကြောင်း၊ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာ သူကိုယ်တိုင် နှင်းဆီပန်းလေးတပွင့် ပေးချင်တာ ဖြစ်တဲ့အကြောင်း ရေးထားပါတယ်။
လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဟာဗဲလ် အနေနဲ့ လူကိုယ်တိုင် တွေ့ခွင့်မရလိုက်တာဟာ ပိုဝမ်းနည်းစရာဖြစ်ကြောင်း မစပယ်စိုးက ဆိုပါတယ်။
ဒီနေ့နေ့လယ်မှာ ချက်သမ္မတနိုင်ငံရောက် မြန်မာများအသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား၊ မြန်မာနိုင်ငံသားများကိုယ်စား မစ္စတာ ဟာဗဲလ်ရဲ့ ရုပ်ကလာပ်ကို ဂါရ၀ပြု ဆုတောင်းကြဖို့ စီစဉ်ထားကြပါတယ်။
လောကသားတို့ရဲ့ လွတ်လပ်ခြင်း အကျိုးကို သယ်ပိုးသူ၊ Power of Powerless ရဲ့ သင်္ကေတ ပြယုဂ်၊ ပြဇာတ်ရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ငြိမ်းချမ်းရေး သမားကြီး ဗားကလက် ဟာဗဲလ်ကတော့ လူ့တာဝန်ကို အကျေပွန်ဆုံးထမ်းဆောင်ရင်း ကမ္ဘာကြီးကို နှုတ်ဆက်သွားခဲ့လေပြီ။
http://burma.irrawaddy.org/archives/3863


မြောက်ကိုရီးယားနဲ့ မြန်မာ ပုံမှန်ဆက်ဆံသွားဖို့ရှိ


2011-12-20

မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၂ နိုင်ငံအကြား ပုံမှန်အတိုင်း ချစ်ကြည်စွာ ဆက်ဆံသွားဖို့ ရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။

မစ္စတာ ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဟာ ကြားနေမူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံသွားမယ်လို့ ထင်ကြောင်း ဒေါက်တာနေဇင်လတ်က မိမိအမြင်ကို ပြောပါတယ်။

ဒီလို ဆက်လက် ဆက်ဆံပေမယ့် အများပြောဆိုနေတဲ့ နျူကလီးယား လက်နက်နဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံရေးတော့ ရှိမှာမဟုတ်ဘူးလို့လည်း ဒေါက်တာနေဇင်လတ်က ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီး နောက်ပိုင်း မြောက်ကိုရီးယားမှာ အပြောင်း အလဲတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ အစိုးရအရာရှိတစ်ဦးက ပြောဆိုကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်း မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားအပြီး မြောက်ကိုရီးယား နိုင်ငံမှာ နောင်တက်လာမယ့် ခေါင်းဆောင်သစ် အနေနဲ့ ကိုးရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါအပြင် မြောက်ကိုးရီးယား ခေါင်းဆောင်သစ် အနေနဲ့ ပြည်တွင်းမှာလည်း နိုင်ငံရေးအရ အေးချမ်း တည်ငြိမ်မှုရှိအောင် စွမ်းဆောင်နိုင်စေချင်ကြောင်း အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။

မြန်မာ အစိုးရ အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မှာ ဖြစ်ကြောင်းလည်း မြန်မာ အစိုးရအရာရှိ တစ်ဦးက မနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာ အစိုးရအရာရှိ နောက်တစ်ဦးကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မယ့် ကိစ္စဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ အခုတလော မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအဝန်းက နားလည်မှု လွဲနေကြောင်း ပြောဆိုထားပါတယ်။


မြောက်ကိုရီးယား ပြောင်းလဲနိုင်ကြောင်း မြန်မာ အစိုးရပိုင်း ပြောဆို
2011-12-19
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီး နောက်ပိုင်း မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ အစိုးရ အရာရှိ တစ်ဦးက ပြောဆိုကြောင်း AFP သတင်းဌာန က ဖေါ်ပြပါတယ်။

AFP PHOTO / KCNA via KNS
မြောက်ကိုရီးယား အစိုးရ သတင်းဌာနဖြစ်သည့် KCNA ကိုရီးယား ဗဟိုသတင်း အေဂျင်စီမှ ဖော်ပြသော ပုံတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (ယာ) ကို သားဖြစ်သူ ကင်မ်ဂျုံအွန်း (၀ဲမှ ဒုတိယ) ကို နိုင်ငံတည်ထောင်ခြင်း ၆၃ နှစ်မြောက် ကျင်းပသည့် စစ်ရေးအခန်းအနားတစ်ခုတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ရစဉ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဒါပေမဲ့ ကင်မ်ဂျုံအီလ် ရဲ့ အရိုက်အရာကို ဆက်ခံမယ့် သားအငယ် ကင်မ်ဂျုံအွန်း ရဲ့အကြောင်းကိုတော့ သိပ်မသိကြောင်း၊ မြန်မာ အစိုးရ အနေနဲ့ ကင်မ်ဂျုံအီလ် အတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့မှာ ဖြစ်ကြောင်းလည်း အဲဒီ အရာရှိက ပြောပါတယ်။ မြန်မာ အစိုးရ အရာရှိ နောက်တစ်ဦးကလည်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့မယ့် ကိစ္စဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ အခုတလော မြန်မာ နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအ၀န်းက နားလည်မှု လွဲနေကြောင်း ပြောဆိုပါတယ်။ မြန်မာ နဲ့မြောက်ကိုရီးယားတို့ကြား အဏုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ရှိနေတယ် ဆိုတဲ့ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်း- အထူးသဖြင့် အမေရိကန် လွှတ်တော် အမတ်တွေက စိုးရိမ်နေကြ ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာပြည်ကို လာရောက်ခဲ့စဉ် ကလည်း မြောက်ကိုရီးယား နဲ့ မသင့်မတော် ဆက်ဆံရေးတွေကို ဖြတ်တောက်ပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာ အစိုးရကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အတိုင်း လိုက်နာသွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ တုံ့ပြန်ဝေဖန်ချက် ဂယက်တွေနဲ့ပတ်သက်ပြီး ဒေါ်ခင်ခင်အိ ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org

နိုင်ငံရေးအကျဉ်းသားဟောင်းများမဟနဆရာတော်တွေထံ မေတ္တာရပ်ခံ လျှောက်ထားလွှာပေးပို့


ရန်ကုန်မြို့ ကမ္ဘာအေးဘုရားကုန်းမြေမှာရှိတဲ့ ပရိယတ္တိသံဃာ့တက္ကသိုလ်ရုံးမှာ ရွှေညဝါဆရာတော်ကြီး ကိစ္စကို နိုင်ငံတော် သံဃာနာယကအဖွဲ့ဝင် ဆရာတော်များနှင့် နိုင်ငံတစ်ဝန်းလုံးမှာ သီတင်းသုံး နေထိုင်တော်မူကြကုန်သော သံဃာတော်များထံသို့ ဝိုင်းဝန်း အဖြေရှာ ဆုံးဖြတ်ပေးကြပါရန် မေတ္တာရပ်ခံ လျှောက်ထားလွှာကို နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့် ဒါယိကာ၊ ဒါယိကာမများ စုပေါင်း၍ ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁နာရီခန့်တွင် သွားရောက် ပေးပို့ခဲ့ပါသည်။ အဆိုပါ မေတ္တာရပ်ခံ လျှောက်ထားလွှာနှင့်အတူ လက်မှတ် ၄၅ဦး ပါဝင်ရေးထိုးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားဟောင်း အယောက်၄၀ ပါဝင် လက်မှတ်ရေးထိုးထားသည်ဟု သိရပါသည်။


























By ဇာဏီ ( Burma VJ Media Network)





ရွှေညဝါဆရာတော်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ ပြန်စဉ်းစားဖို့ လျှောက်ထား

2011-12-20
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟ အပေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ ပြင်းထန်လွန်းတဲ့အတွက် ပြန်လည် စဉ်းစားပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စာရေးသား လျှောက်ထား လိုက်ပါတယ်။


RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော် ဦးပညာသီဟ။

ဒီကနေ့ နေ့လယ်ပိုင်းက ကမ္ဘာအေး ကုန်းမြေမှာ ရှိတဲ့ သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ စာဆက်ကပ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကြည်လွင်က အာရ်အက်ဖ်အေကို ပြောပါတယ်။ ရွှေညဝါဆရာတော်ဟာ မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ညီညွတ်ရေးတရား ဟောကြားခဲ့တဲ့အတွက် ကျောင်းတိုက်ကနေ ဖယ်ရှားဖို့ ဆရာတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွရဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံ လျှောက်ထားချက် အပြည့်အစုံကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ဆက်ထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/shwe-nya-war-12202011104602.html


ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သည့် ၇၃ နှစ်မြောက်အခမ်းအနား

Burma VJ Media Network

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သည့် ၇၃ နှစ်မြောက်အဖြစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ စုပေါင်းပြီး အခမ်းအနားပွဲတခုကို ရန်ကုန်မြို့ သမိုင်းမြို့မကျောင်းတိုက်မှာ ကျင်းပခဲ့ပါသည်။ အဲ့သည့်အခမ်းအနားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းများကို ဂါရဝပြု ကန်တော့ခဲ့ကြပြီး မျိုးဆက်သစ် ကျောင်းသားများက သမိုင်းတာဝန် ဆက်ခံသည့်အနေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါသည်။



ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပ
2011-12-20

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး သမိုင်း မြို့မဘုန်းကြီးကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။


RFA
၂၀၁၁၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ချိတ်ဆွဲထားသော ကျောင်းသားသမဂ္ဂ ပို့စတာ၊

၂၀၀၇ ဗကသ မျိုးဆက်သစ်တွေက ဦးဆောင်ပြီ ဒီကနေ့မနက် ၈ နာရီမှာ ကျင်းပခဲ့တယ်လို့ ဗကသအဖွဲ့ဝင် ကိုဇာနည်က ပြောပါတယ်။

“အဓိကကတော့ဗျာ ၂၀၀၇ ကျောင်းသားများသမဂ္ဂက ကျောင်းသားသမဂ္ဂအလံကို ကျောင်းသားသမဂ္ဂ စိတ်ဓာတ်ကို ပြန်ပြီးတော့ လွှင့်တင်တဲ့သဘောရယ်၊ နောက်ပြီးတော့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့အမှတ်ရဖွယ်နေ့ ဖြစ်တဲ့အတွက် ဒါတွေ မမေ့စေချင်တာရယ်။ နောက်လာမယ့် မျိုးဆက်တွေအတွက် ထပ်ပြီးတော့ အလင်းရောင်ပြတဲ့ သဘောပါပဲ။ နောက်ပြီးတော့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လုပ်မယ်ဆိုတာကိုလည်း ဒီပွဲမှာ တစ်ခါတည်း ကြေညာလိုက်တဲ့ သဘောပါပဲ”

အခမ်းအနားမှာ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၃နဲ့ ၂၀၀၇ စတဲ့ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကျောင်းသားတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာကြီး ဒဂုန်တာရာ၊ ဆရာမောင်ဝံသ၊ ဆရာမကြီး ဒေါ်ခင်ဆွေဦးစတဲ့ စာပေနယ်က ထင်ရှားသူတွေနဲ့ ဧည့်ပရိသတ် ၁၅၀၀ ကျော်တက် ရောက်ခဲ့တယ်လို့ ဗကသအဖွဲ့ဝင်တွေက ပြောပါတယ်။

ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်တဲ့အတွက် ဂုဏ်ယူကြောင်း ကျောင်းသား သမဂ္ဂရဲ့အစဉ်အလာ သမိုင်းဟာ မြန်မာနိုင်ငံမှာ ကြီးမြတ်လှကြောင်းနဲ့ ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး ဆက်လွှင့်ဖို့ ဦးဝင်းတင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားအပြီးမှာ တက်ရောက်လာတဲ့ ကျောင်းသားတွေစုပြီး ခွပ်ဒေါင်းအလံကိုဝှေ့ယမ်းကာ သမဂ္ဂသီချင်းကို သံပြိုင်ဆိုခဲ့တယ်လို့ ကိုဇာနည်က ပြောပါတယ်။

“ခွပ်ဒေါင်းအလံကြီးကို ဝှေ့ယမ်းပြီးတော့ သမဂ္ဂသီချင်းကို သံပြိုင်ဆိုကြတာ အင်မတန် ကြက်သီးထဖို့ ကောင်းတဲ့ မြင်ကွင်းပါ။ ကျွန်တော်တို့နိုင်ငံမှာ မမြင်တာ ကြာပြီဖြစ်တဲ့ တိမ်းမြုပ် ပျောက်ကွယ်နေတဲ့ မြင်ကွင်းပါ။ ခုလို ခွပ်ဒေါင်း အလံကြီး ပြန်လည်ဝှေ့ယမ်း လာပြီးတော့ သမဂ္ဂ စိတ်ဓာတ်တွေ နိုးကြားလာခြင်းဟာ ကျွန်တော်တို့ နိုင်ငံတိုးတက်မှုမှာ တကယ့်ကို ရှေ့ဆောင်လမ်းပြ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲလိုမြင်ကွင်းမျိုးကို ကိုမင်းကိုနိုင်တို့ ကိုဌေးကြွယ်တို့ ကိုကိုကြီး တို့နဲ့ အတူတူ အမြန်ဆုံးပေါ့ဗျာ၊ နောက်ထပ် တစ်ခေါက် မြင်ချင်ပါသေးတယ်”

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ တတိယ ကျောင်းသား သပိတ်တိုက်ပွဲမှာ နယ်ချဲ့မြင်းစီးပုလိပ်တွေ ရိုက်နှက်တဲ့ ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့ပါတယ်။
http://www.rfa.org/burmese/news/boaungkyaw-12202011124024.html

ကျောင်း​သား​သမဂ္ဂစိတ်ဓာတ် ရှင်သန်​နေဦး​မယ်
Published on December 20, 2011 by မင်းလွင် · No Comments

ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​သမဂ္ဂကို အင်္ဂလိပ်အစိုး​ရလက်ထက်မှာ ဖွဲ့​စည်း​ခဲ့​တဲ့​အတွက် ဒီ​နေ့​ ​ခေတ်အထိဆိုရင် မျိုး​ဆက် ၄ ဆက်တိုင်ရှိသွား​ခဲ့​ပါပြီ။

ခေတ်အဆက်ဆက်မှာ ကျဆုံး​ခဲ့​တဲ့​ ​ကျောင်း​သား​သမဂ္ဂအဖွဲ့​ဝင်​တွေရဲ့​ ဂုဏ်ပြုပွဲကို ရန်ကုန် သမိုင်း​မြို့​မ ပရိယတ္တိ စာသင်တိုက်မှာ ကျင်း​ပခဲ့​ရာ မျိုး​ဆက် ၄ ဆက်က ဗကသ ​ကျောင်း​သား​ဟောင်း​တွေ ​တွေ့​ဆုံခဲ့​ပြီး​ ဗကသနဲ့​ ပတ်သက်တဲ့​ သမိုင်း​ဆိုင်ရာ​တွေကို ​ပြောဆိုကြပါတယ်။

ဒါဟာ နှစ်​ပေါင်း​ ၂၀ ​ကျော်မှာ ပထမဦး​ဆုံး​ ဗကသအဖွဲ့​ရဲ့​ တရား​ဝင် စည်စည်ကား​ကား​လုပ်တဲ့​ အခမ်း​အနား​ပါ။ အခမ်း​အနား​ကို တက်​ရောက်ခဲ့​တဲ့​ ၁၉၅၈ ဗကသ အမှု​ဆောင်​ဟောင်း​ သတင်း​စာဆရာ ဦး​သာဘန်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ဗကသ နာမည်​တွေ ပြန်သုံး​လာတာ​တွေ ရှိတယ်။ ဗကသ အ​ဟောင်း​တွေလည်း​ ပြန်​တွေ့​လာတာ ရှိ​တော့​ ဘဘဘယ်လိုခံစား​ရလဲခင်ဗျ။

“ငယ်ငယ်က အ​ကြောင်း​တွေ သွား​သတိရတာ​ပေါ့​။ ဒီ​နေ့​အခမ်း​အနား​ကို​တော့​ ၂၀၀၇ အသစ်ပြန်ဖွဲ့​တဲ့​ မျိုး​ဆက်သစ် ​ကျော်ကိုကိုတို့​၊​ ဒီငြိမ်း​လင်း​တို့​ သူတို့​ ဦး​ဆောင် ဖွဲ့​စည်း​ခဲ့​တဲ့​ ဗကသရဲ့​ အဆက်​တွေ​ပေါ့​။ သူတို့​က ဦး​ဆောင်ကျင်း​ပတာ။ အဲဒီ​တော့​ ဒီပွဲမှာ ကျ​နော်တို့​ မျိုး​ဆက်သစ်​လေး​ဆက်​ပေါ့​။ ဆရာကြီး​ ဒဂုန်တာရာတို့​ မျိုး​ဆက်၊​ စစ်ပြီး​စမျိုး​ဆက်၊​ ​ဒေါက်တာသန်း​ထွန်း​တို့​ခေတ်​ပေါ့​။ ဦး​အုန်း​မောင်တို့​၊​ အဲဒါပြီး​တော့​ ၅၃ မျိုး​ဆက်​ပေါ့​။ ၅၃ က​နေ ၆၂၊​ ​နောက်ပြီး​တော့​ ၈၈ က​နေ ဒီဘက်​ခေတ်မျိုး​ဆက်၊​ မျိုး​ဆက်​လေး​ဆက်ရဲ့​ ဆုံပွဲက လူ ၁,၀၀၀ ​ကျော်​လောက်လာပါတယ်။ အဲဒီမှာ ပထမဆုံး​ နယ်ချဲ့​ဆန့်​ကျင်​ရေး​ တိုက်ပွဲမှာ ကျဆုံး​ခဲ့​တဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင် ဗိုလ်​အောင်​ကျော်နဲ့​တကွ ​ခေတ်အဆက်ဆက် တိုက်ပွဲ​တွေမှာ ကျဆုံး​ခဲ့​တဲ့​ ​ကျောင်း​သား​ရဲ​ဘော်များ​၊​ ​နောက် လွတ်လပ်​ရေး​အပြီး​ ဟယ်ရီတန်က အစ​ပေါ့​။ ၆၂ ခု၊​ ၇ ဇူလိုင်၊​ ၈၈ အဲဒီရဲ​ဘော်​တွေနဲ့​ ​ထောင်ထဲမှာ အသတ်ခံရတဲ့​ ရဲ​ဘော်​တွေကို ဂုဏ်ပြုတဲ့​ မျိုး​ဆက်သစ်များ​ရဲ့​ ဂုဏ်ပြုပွဲ​ပေါ့​။ အဲဒါကို ကျင်း​ပပါတယ်။ လာတဲ့​လူကလည်း​၊​ မျိုး​ဆက်​လေး​ခုလုံး​ ဆရာဒဂုန်တာရာကအစ ​နောက်ဆုံး​ ​ကျော်ကိုကိုတို့​ ​ခေတ်အထိ မျိုး​ဆက်​တွေလာကြပါတယ်။ မိန့်​ခွန်း​တွေ ​ပြောကြတယ်။ အထူး​သဖြင့်​တော့​ စစ်ပြီး​ခေတ်၊​ လွတ်လပ်​ရေး​ခေတ် မျိုး​ဆက်​တွေဖြစ်ကြတဲ့​ ရန်ကုန်တက္ကသိုလ်က ဦး​လှ​ရွှေတို့​၊​ မန္တ​လေး​တက္ကသိုလ်က ဦး​အောင်သူတို့​၊​ မိန့်​ခွန်း​ပြောပြီး​တော့​ ၈၈ ​ခေတ်က ကိုညိုထွန်း​တို့​ ​နောက်ဆုံး​ ၂၀၀၇ ​ကျော်ကိုကိုတို့​ ​ခေတ်ထိ​ပြောကြပါတယ်။ ထူး​ထူး​ခြား​ခြား​ တခုက​တော့​ ဗိုလ်​အောင်​ကျော်ရဲ့​ တူမအရင်း​ ဆရာမ ​ဒေါ်သန်း​ဌေး​က ဟင်္သာတက​နေ လာပြီး​တော့​ မိန့်​ခွန်း​ပေး​ပါတယ်။ သူတို့​မိသား​စု အ​ကြောင်း​ပေါ့​။ ဗိုလ်​အောင်​ကျော် မိသား​စုရဲ့​ ငယ်ငယ်က ဓာတ်ပုံ​တွေပါ ပြပါတယ်။ ​နောက်ပြီး​တော့​ ကျ​နော်တို့​ တိုက်ပွဲမှာ ပါဝင်ခဲ့​တဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင် လက်လှမ်း​မီသ​လောက် သူ​တွေရဲ့​ ဓာတ်ပုံ​တွေလည်း​ ပြပါတယ်။”

အရင်က ဘဘလည်း​ ဗကသ မှာလည်း​ ပါဝင်ခဲ့​ဖူး​တော့​ အခုအ​နေအထား​က ဗကသက ဘယ်ကို​ရောက်​နေပြီလဲလို့​ ဘဘအ​နေနဲ့​ ​ပြောလို့​ရမယ်ထင်လဲဘဘ။

“ဗကသ က​တော့​ ဒီ​နေ့​အချိန်မှာ ဒီမိုက​ရေစီအ​ရေး​ ငြိမ်း​ချမ်​ရေး​နဲ့​ တိုင်း​ရင်း​သား​များ​ တန်း​တူအ​ရေး​၊​ ဖက်ဒရယ် နိုင်ငံ​တော် တည်​ဆောက်​ရေး​ဖြစ်တဲ့​ ပြည်သူ​တွေနဲ့​အတူ ပါဝင်တိုက်ပွဲဝင်​နေတယ်လို့​ ​ပြောရမှာ​ပေါ့​။ ဆက်လက်တိုက်ပွဲ ဝင်​နေကြပါတယ်။ အဲ​တော့​ ဗကသရဲ့​ အ​နေအထား​က ​ခေတ်အဆက်ဆက်မှာ ပြည်သူနဲ့​အတူ ရပ်တည်​နေတယ်လို့​ ​ပြောရမှာ​ပေါ့​။ အခုလည်း​ ရပ်တည်ချက်နဲ့​ လှုပ်ရှား​ကြတာ​ပေါ့​။”

အရင်တုန်း​က ​ကျောင်း​တက္ကသိုလ် ပရဝဏ်အတွင်း​မှာ​ပေါ့​ ဗကသ က။ အခုက တက္ကသိုလ် ပရဝဏ်အတွင်း​မှာ မဟုတ်တာကို ဘဘအ​နေနဲ့​ ဘယ်လိုထင်မြင်လဲ။ ဘယ်လိုခံစား​ရလဲ။

“တက္ကသိုလ် ပရဝဏ်မှာ ခွင့်​မပြု​တော့​ ရတဲ့​နေရာလုပ်ရတာ​ပေါ့​။ ဒါက ပြည်သူ​တွေရဲ့​ ​ထောက်ခံမှု​ကြောင့်​ အပြင်မှာလုပ်လို့​ရတာ​ပေါ့​။ ပြည်သူနဲ့​ တသား​တည်း​ရှိတဲ့​ အတွက်​ပေါ့။”

ဘဘအ​နေနဲ့​ ဒီ​နေ့​ ဗကသ ပွဲကို ၁၉၉၀ ​နောက်ပိုင်း​မှာ ကြီး​ကြီး​မား​မား​ ခမ်း​ခမ်း​နား​နား​ တကယ်ဖြစ်တဲ့​ပွဲလို့​ ​ပြောလို့​ရမှာ​ပေါ့​။ မန္တ​လေး​ ညီလာခံအပြီး​ ၁၉၉၀ ​နောက်ပိုင်း​ပေါ့​။ အဲဒီဟာကို ဘဘအ​နေနဲ့​ ဘယ်လို​ပြောလို့​ ရမလဲ။

“အလွယ်ဆုံး​ပြောရရင်​တော့​ ​ကျောင်း​သား​ရှိရင် ​ကျောင်း​သား​ သမဂ္ဂက ရှိရမှာပဲ။ သူတို့​က ​ကျောင်း​သား​သမဂ္ဂ အ​ဆောက်အဦကို ဖျက်လိုက်​ပေမယ့်​ သမဂ္ဂရဲ့​ စိတ်ဓာတ်က ဒီ​နေ့​ထိ ရှင်သန်​နေ​သေး​တာ။ ဆက်လက်ပြီး​တော့​လည်း​ ရှင်သန်​နေဦး​မှာပဲ။ အဲဒါ ကျ​နော့်​အမြင်ပဲ။”
http://burmese.dvb.no/archives/19007

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ UNICEF အဖွဲ့က ခရစ်စမတ် ဆုတောင်း သီချင်းသီဆို

Burma VJ Media Network
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို UNICEF အဖွဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီကနေ တစ်နာရီကြာ ခရစ်စမတ် ဆုတောင်း သီချင်းကိုဆိုသွားခဲ့ကြပါတယ်။

လူထု ခေါင်းဆောင် ဒေါ်အာင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေး ကော်မတီတွေ့ဆုံဆွေးနွေ့း 

Burma VJ Media Network

လူထု ခေါင်းဆောင် ဒေါ်အာင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေးအတွက် ကော်မတီ ဖွဲ့ထားတဲ့အဖွဲ့ဝင် ၁၂ ဦးတို့ဟာ ဒီနေ့ နေ့လည် ၁၁ နာရီကနေ ၁၂:၃၀ ခွဲအထိ ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းက
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာတိုနာရီဝက်ကြာ တွေ့ဆုံ့



Burma VJ Media Network

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာတို့ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာ ညနေ ၅း၄၅ ကနေ ၆း၁၅ နာရီ အထိ နာရီဝက်ကြာ တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။




ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာရွှေတိဂုံဘုရားဖူးမျှော်






ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2011-12-20

မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ်။


















RFA
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် တွေ့ဆုံစဉ်။

အခုလို တွေ့ဆုံတာဟာ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံတာပါ။

အရင်တစ်ခေါက် ခရီးစဉ်အတွင်း မတွေ့ဆုံနိုင်ခဲ့တဲ့ကိစ္စ အပါအဝင် ကိစ္စအထွေထွေကို ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပေမယ့် ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်တာမရှိဘူးလို့ ဆိုပါတယ်။

ဆွေးနွေးပွဲမတိုင်ခင် ဆက်သွယ်မေးမြန်းတဲ့အခါ နှစ်နိုင်ငံ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ ကိစ္စတွေကို အဓိက ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ အင်န်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ပျဉ်းမနားနေပြည်တော်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ လာတာပါ။

မြန်မာနိုင်ငံကနေ သဘာဝ ဂက်စ် ဓာတ်ငွေ့ အသစ်ရှာဖွေ ထုတ်ယူရရှိနိုင်ဖို့ ဒီခရီးစဉ်အတွင်း မြန်မာစွမ်းအင်ဝန်ကြီးနဲ့ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့လည်း သိရပါတယ်။
http://www.rfa.org/burmese
























































Reuter









































































































ဒေါ်စုနှင့် တွေ့ဆုံခွင့်ရသော ပထမဆုံးသော ထိုင်းဝန်ကြီးချုပ်

ကိုဝိုင်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၈ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။        ။ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာသည် မြန်မာ အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်္ဂါနေ့ညနေပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် ညနေ ၅ နာရီ ၄၅ မိနစ်မှစတင်၍ နာရီဝက်ကျော် တွေ့ဆုံဆွေးနွေးမှုမှာ ထိုင်းဝန်ကြီးချုပ်အဆင့်ရှိ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခြင်း ဖြစ်လာသည်။

“နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ အားလုံးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။

yingluck
ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်သည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)


မစ္စစ် ယင်လတ်သည် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မဲခေါင်မြစ်ဝှမ်း
ဒေသ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သေးသည်။ မစ္စစ်ယင်လတ်နှင့် အသက် ၆၆ နှစ်ရှိ နိုဘယ်လ်ဆုရှင် မြန်မာ အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံခွင့်ရရန် ကြားဝင်ကူညီခဲ့သူမှာ ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် မစ္စယင်လတ်၏ အကိုရင်းဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာနှင့် အင်တာဗျူး တွင် ပြည်ပြေးဖြစ်နေသူ မစ္စတာ သက်ဆင်က ပြောကြားသွားခဲ့သည်။

ယခင်အကြိမ်များက မြန်မာစစ်အစိုးရက တားမြစ်ခဲ့၍ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခွင့် မရခဲ့ဟု မစ္စတာ သက်ဆင် က ပြောကြားထားသည်။ မစ္စတာ သက်ဆင်သည် ဒီဇင်ဘာ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး အငြိမ်းစား ယူသွားပြီဖြစ်သော ယခင် စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေနှင့် လက်ရှိ သမ္မတ ဦးသိန်းစိန်တို့နှင့်
တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုလည်း သတင်းစာက ရေးသားထားသည်။

နေပြည်တော် သတင်းရပ်ကွက် တခုကမူ မစ္စတာ သက်ဆင်သည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနေရာသို့ သွားရောက် လည်ပတ်ပြီး တညအိပ်သွားခဲ့သည်ဟု ဆိုသည်။ မစ္စတာသက်ဆင်က ကမ္ဘောဒီးယားနိုင်ငံမှ အထူး
လေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ဟုဆိုကာ "အီတာလျံ-ထိုင်း ဥက္ကဋ္ဌရယ်၊ ထိုင်းအစိုးရဝန်ကြီး တပါးရယ်က
လေယာဉ်တစီးနဲ့ လာပြီးစောင့်တယ်။ ပြီးတော့ ရေနက်ဆိပ်ကမ်းနေရာမှာ သူတို့ တညအိပ်တယ်။ ၁၆ ရက်နေ့မှာ
ပြန်သွားတယ်။” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ထိုင်းနိုင်ငံ အီတာလျံ-ထိုင်း ကုမ္ပဏီသည် ထားဝယ်စီးပွားရေးဇုံနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုတ်နှံခွင့် ရထားပြီး ထားဝယ်စီးပွားရေးဇုံနှင့် ထိုင်းနိုင်ငံအနောက်ဖက် ကန်ချနဘူရီခရိုင်သို့ လမ်းဖောက်လုပ်ရန်လည်း တိုင်းတာရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိ ကျတ်ချိုင်းကွန်ကလည်း ဇန်နာဝါရီ လ ၇ ရက်နေ့တွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ခန့်မှန်းခြေ ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျနိုင်ဖွယ်ရှိသော အဆင့်သုံးဆင့်ပါ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းမှ
ဆောက်လုပ်ရေးနှင့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများကို သွားရောက် စစ်ဆေးမည်ဟု ဘန်ကောက်ပို့စ် သတင်း တရပ်အရ သိရသည်။

ထိုစဉ်တွင် ထားဝယ် အထူးစီမံကိန်းမြေနှင့် မလွတ်သဖြင့် ပြောင်းရွှေ့ရမည်ဟု အမည်ပေါက်နေသည့် ရေဖြူမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် အိမ်ပိုင်ရှင် စစ်မှန်ကြောင်း အိမ်နံပတ်ကို ကိုင်ဆောင်၍ ဓာတ်ပုံရိုက် မှတ်တမ်း တင်ယူမှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။
http://www.mizzimaburmese.com/news/inside-burma/8791-2011-12-20-14-42-07.html

အင်္ဂါ, 20 ဒီဇင်ဘာ 2011
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ

By မသင်းသီရိ

မြန်မာနိုင်ငံကိုရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဒီဇင်ဘာ ၂၀ အင်္ဂါနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ၁၉၈၈ နောက်ပိုင်းကာလတွေအတွင်း ထိုင်းဝန်ကြီးချုပ်အဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ရန်ကုန်က ထိုင်းသံအမတ် ကြီးအိမ်မှာ ဒီခေါင်းဆောင် ၂ ဦး တွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ သတင်းကိုတော့ ပြည်တွင်းသတင်းထောက်အများစု သတင်းယူခွင့်မရကြပါဘူး။ ဒီအခြေအနေအသေးစိတ်ကို မသင်းသီရိက တင်ပြပေးထားပါတယ်။

စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းဝေးကိုလာတက်တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဒီကနေ့ အစည်းဝေးအပြီး ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ ဆုံခဲ့ကြတာပါ။ ဒါဟာ ၁၉၈၈ နောက်ပိုင်းကာလရဲ့ ထိုင်းဝန်ကြီးချုပ် အစဉ်အဆက်တွေထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတခုရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှု လုပ်ငန်းတွေပေါ် အားပေးကူညီချင်တဲ့ အကြောင်း ပြောတာတွေကိုလည်း နိုင်ငံခြားသတင်းဌာနတချို့ရဲ့စာမျက်နှာတွေမှာ ရေးသားထားတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် အခု ထိုင်းဝန်ကြီးချုပ် ယင်းလပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညစာအတူစားတဲ့သတင်းကို ပြည်တွင်း အခြေစိုက် သတင်းဌာန ၄ ခုကိုသာ ဓာတ်ပုံရိုက်ကူးခွင့် ပြုခဲ့ပြီး ကျန်တဲ့သတင်းဌာနတွေ အားလုံးကို ထိုင်းသံရုံးက သတင်းယူခွင့်၊ ဓာတ်ပုံရိုက်ကူးခွင့်တွေမပေးခဲ့ဘူးလို့ မြန်မာ့ဓနမဂ္ဂဇင်း အယ်ဒီတာ ဦးသီဟစောက ပြောပါတယ်။

“ယင်းလပ်ကတော့ ၅ နာရီခွဲလောက်မှာ သံရုံးထဲကို ဝင်လာတယ်။ ဒေါ်စုကတော့ ၅ နာရီ ၄၅ မိနစ်လောက်မှာ သံရုံးထဲဝင်သွားတယ်။ အထဲမှာလည်း အစားအသောက်တွေကို dinner လိုမျိုး ခင်းထားတာ တွေ့ရတယ်။ ဆိုတော့ လောလောဆယ် အပြင်မှာ လူတွေတော့စောင့်နေကြတယ်။ ဒါပေမယ့် ဝင်ခွင့်တော့မရဘူးပေါ့နော်။ ထိုင်းသံရုံးက မနော်ဟရီလမ်းနဲ့ ပြည်လမ်းထောင့်မှာပေါ့နော်။ အဲဒီသံရုံးဝင်းထဲမှာ တွေ့တာပါ။ နေ့ခင်းက registration လုပ်တော့လည်း သူတို့က Private meeting လို့ပြောတယ်။ လောလောဆယ် ကျနော်သိသလောက်က AFP ရယ်၊ Reuters ရယ်၊ နောက် Japanese section တခုရယ်၊ မြန်မာတိုင်မ်းစ်ရယ်၊ အဲဒီလေးခုက ဓာတ်ပုံဆရာ ၄ ယောက်ပဲ ပေးဝင်တယ်။ ကျန်တဲ့သူတွေက အထဲဝင်လို့ မရဘူးပေါ့”

သတင်းထောက်တွေ သတင်းယူခွင့်မရသလို ထိုင်းနိုင်ငံဘက်ကလည်း ဒီတွေ့ဆုံမှုအတွက် ချက်ချင်း သတင်းထုတ်ပြန်ဖို့ မရှိဘူးလို့ သတင်းထောက်တွေကို ပြောတယ်လို့လည်း ဦးသီဟစောကပြောသလို NLD ဘက်ကလည်း ဒီတွေဆုံမှုနဲ့ ပတ်သက်လို့ တစုံတရာမပြောသေးပါဘူး။

“မေးတယ်။ သံရုံးကိုမေးတဲ့အခါမှာ တွေ့ခွင့်မပေးဘူးဆိုရင် statement ထုတ်မလားပေါ့နော်။ statement ထုတ်ဖို့ မရှိဘူးလို့တော့ နေ့ခင်းကပြောတယ်။ Private meeting မို့လို့ စတိတ်မဲန့်မထုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် normally ကတော့ ပြန်သွားပြီးလို့ရှိရင် ဟိုဘက်မှာ ထိုင်းကပြောပြီးတော့မှ အဲဒီဘက်က သတင်းပြန်ဝင်တာမျိုးလည်း ရှိတယ်”

ဒါ့အပြင် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ၀န်ကြီးချုပ် မစ္စ်ယင်းလပ်ရဲ့ အကိုဖြစ်သူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာတွေမှာ ရေးသားပေမယ့် ပြည်တွင်း က အစိုးရ သတင်းစာမှာရော ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ လုံးဝ ဖော်ပြတာမရှိပါဘူး။

တခါ ထိုင်းဘုရင့်မြေးတော် Bajrakitiyabha ( ဘာဂျရာ ခတ်တိဘာ) နဲအဖွဲ့ဟာလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ကမှ မြန်မာပြည်က ပြန်သွားတာမှာ ပြန်တဲ့အကြောင်းတွေနဲ့ ပတ်သက်လို့ ဦးသီဟစောပြောပြတာက

“ဒီပြည်တွင်းမှာတော့ လုံးဝအသိမပေးဘူး။ အသိမပေးဘူးဆိုတာက ဒီနေ့ အွန်လိုင်းမှာ ဘန်ကောက်ပို့စ်နဲ့ နေရှင်း ဖတ်တော့မှ သူလာသွားတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တွေ့တယ်။ သမ္မတကြီးနဲ့တွေ့တယ်၊ နောက် မြန်မာခရီးစဉ်လည်း သူစီစဉ်သွားတယ်ပေါ့နော်။ ထိုင်းသတင်းစာတွေဖတ်မှ ကျနော်သိရတယ်။ သတင်းလုံးဝမထုတ်ပြန်ပါဘူး။ ထိုင်းဘုရင့် မြေးတော်လာတယ်ဆိုတာတော့ သတင်းစာတွေထဲမှာ brief ရေးတယ်လို့ပြောတယ်။ ကျနော်တို့သိသလောက်ကတော့ ဗမာပြည်မှာရှိတဲ့လုပ်ငန်းရှင်တချို့နဲ့လည်း တွေ့တယ်လို့ပြောတယ်။ ကျနော်သိသလောက်တော့ ထွန်းဖောင်ဒေးရှင်း ဘဏ်က ဦးသိန်းထွန်းတို့ ဘာတို့နဲ့တွေ့တယ်လို့ကြားတယ်။ ဒါပေမယ့် ကျနော်တို့ လောလောဆယ်မေးလို့တော့ မရသေးဘူး”

မြန်မာ့ဓန မဂ္ဂဇင်းအယ်တီတာ ဦးသီဟစောပါရှင်။ မြန်မာနိုင်ငံကို ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က မြန်မာပြည်ကို တရက်တာ ခရီးလာစဉ်အတွင်းနေပြည်တော်မှာ သမ္မတ ဦးသိန်စိန်နဲ့ တွေ့ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ အဲဒီတခေါက်က မတွေ့သွားခဲ့ပါဘူး။

ဒါပေမယ့် လတ်တလော ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရော မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနေတဲ့ အခန်းကဏ္ဍတွေကြောင့်ပါ ၀န်ကြီးချုပ် မစ္စ် ယင်းလပ် တွေ့တာ ဖြစ်တယ်လို့ ဝေဖန်သုံးသပ်ကြတာရှိသလို မြန်မာနိုင်ငံကို စီးပွားရေးအရ ထိုင်းအစိုးရ အစဉ်အဆက် အဆင်ပြေအောင် ဆက်ဆံ လာတာမို့ အခုဝန်ကြီးချုပ် ယင်းလပ်လက်ထက်မှာလည်း ဒီအစဉ်အလာတွေအရ တွေ့တာ ဖြစ်တယ်လို့လည်း မြင်ကြသူတွေရှိပါတယ်ရှင်။

http://www.voanews.com/burmese/news/---12_20_11_my-news-burma----135920753.html

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်တို့ ရန်ကုန်မြို့၌ တွေ့ဆုံ

PDF Print
Tuesday, 20 December 2011 20:00

yld
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ယာဉ်တန်းကို တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ် တို့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် နေပြည်တော်မှ ရောက်ရှိလာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ပေ။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က အတွေးအခေါ် အမြင် အယူအဆများကို ဖလှယ်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ မလာမီအချိန်က ထိုင်းနိုင်ငံတွင် ပြောကြားထားသည်။

ylb
ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါလာသော ကားကို  တွေ့ရစဉ်
မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲထိပ်သီး အစည်းအဝေး (4th GMS Summit) ကို တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့မှုကြောင့် ရင်လတ်ရှင်နာဝပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးသည့် ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့သလို အရှေ့တောင်အာရှနိုင်ငံများထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးသည့် ၀န်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။

yla
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသော ကား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်ထဲသို့ ၀င်ရောက်သွားစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်၌ ပြုလုပ်ခဲ့သော ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ မိနစ်အနည်းငယ် ဓာတ်ပုံရိုက်ကူးခွင့်ကို TBS ၊ AP ၊ Reuters စသည့် နိုင်ငံခြားသတင်း ဌာနများနှင့် မြန်မာတိုင်း(မ်)တို့မှ ရ ရှိခဲ့ပြီး ရိုက်ကူးခွင့်မရခဲ့သော သတင်းထောက်များသည် ရန်ကုန်မြို့ရှိမြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်သို့ လာရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်တို့၏ ယာဉ်တန်းများကိုသာ ရိုက်ကူးခဲ့ရသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ၀န်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်ပြီးနောက်  ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သေးသည်။

ylc
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ် အပြင်ဘက်၌ တွေ့ရသော သတင်းထောက်များ
http://www.weeklyeleven.com/index.php?option=com_content&view=article&id=11564:2011-12-20-13-31-47&catid=42:2009-11-10-07-36-59&Itemid=112


အားမငယ်ပါနဲ့ ဗန်းမော်ထောင်နန်းစံအဖေရယ်


မိတ်ဆွေများသို့ ကျွန်တော်ကအလုံအန်အယ်ဒီလူငယ်တာဝန်ခံနဲ့၂၀၀၇ အကြမ်းမဖက်အမျိုးသားလှုပ်၇ှားမှု လုပ်ခဲ့သူပါ။ကျွန်တော်အဖေနဲ့အတူ ဗန်းမော်ထောင်မှာ နိုင်ငံေ၇းမှုနဲ့ နှစ်၇၀ကျနေတဲ့မမာမာဦးရဲ့အဖေ အဘ ဦးအုန်းမောင် ဆုံးချိန်က သူတို့မိသားစုနဲ့ပတ်သတ်လို့ နိုင်ငံေ၇းဘ၀ အကြောင်း ခံစားရတာလေး စရေးဖြစ်ပါတယ်။

ဒုတိယစာကိုတော့ မင်္ဂလာပါ ဦးသိန်းစိန် နာမယ်နဲ့ ဆောင်းပါတိုလေးကို အင်းစိန်ထောင်မှာ နိုင်ငံရေးမှုနဲ.၂၉နှစ်ထောင်ကျနေတဲ့ တစ်ဦးတည်သောသမီး မသန္တာ နဲ့သူ့ဖခင် လေဖြတ်နေသူ၊အခု ဒုတိယအကြိမ် ကျွန်တော်တာဝန်ယူ ရန်ကုန်ပြည်သူ.ဆေးရုံကြီးတင်ထားရသူ အသက်၈၁နှစ်အရွယ် အဘဦးခင်ညို တို့ အတွက် ပြီးခဲ့တဲ့ လွတ်ငြိမ်းခွင့်နေ့မှာ ခံစားရတာလေးကိုရင်ဖွင့်ရေးထားခြင်းဖြစ်ပါတယ်။

အခုစာကတော့ ဗန်းမော်ထောင်မှာ ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး ၄ကြိမ်မြောက် အဖြစ်အနှစ်၂၀ နိုင်ငံရေးမှုနဲ့အကျဉ်းကျနေတဲ့ ကျွန်နော့်ဖခင် အလုံnld ဥက္ကဌ ဦးဘမြင့် ဆီ၆.၁၂.၁၁ နေ့မှာရန်ကုန်စာတိုက်ကြီးကနေ ပို့တဲ့စာပါ။ဒီစာမှာတော့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး တွေနဲ့ဝန်ပိနေလို့ အဖေထောင်ဝင်စာမလာနိုင်တာစိတ်မကောင်းကြောင်းနဲ့ ကျွန်တော်တို.သားအဖ ကြားနိုင်ငံရေးအတွက်ရုန်းကန်ခဲ့ရမှုဘ၀တွေ၊ရုန်းကန်နေဆဲနဲ.လက်ရှိနိုင်ငံရေးအခြေအနေပေါ်၊အစိုးရနဲ့အချောင်သမားတွေအပေါ်မှာ ကျွန်တော်တို့ထားတဲ့စိတ်သဘောထားတွေကို ခံစားနားလည်နိုင်သမျှ ရင်ထဲရှိတဲ့အတိုင်း ရေးထားတာပါ။

ကျွန်တော်ချစ်သောမိတ်ဆွေများ ဖတ်ကြည့်ပေးစေလိုပါတယ်။

အားလုံးအပေါ်မေတ္တာဖြင့်
ကိုလူမော်လတ်

>




ရွှေည၀ါဆရာတော်ကိစ္စ နောက်ကွယ်မှာ လျှို့ဝှက်သောရည်ရွယ်ချက်များရှိနေ

ရွှေည၀ါဆရာတော်နှင့် ဒယကာ ဒါယိကာမများ၏ အသနားခံ တောင်းပန်မှု အပေါ် မဟန ၄၇
ပါးထံမှ အကြောင်းမပြန်ပဲ နှုတ်ဆိတ်လျက်ရှိနေသည်။ ဒီအတောအတွင်း
၄၇ပါးနောက်ကွယ်မှ ချုပ်ကိုင်သူရှိနေသည်ဟူသော
သိုးသိုးသန့်သန့်သတင်းများကိုလည်း ကြားနေရသည်။ နောက်ကွယ်မှာ
ကြိုးကိုင်သူမှာ ဦးအောင်သောင်းနှင့် အပေါင်းအပါတစ်စုဟု သိရသည်။
ရွှေည၀ါဆရာတော်ကို ခေါ်ယူသတိပေးခြင်းမျိုးမရှိပဲ ပြင်းထန်သည့်ဆုံးဖြတ်ချက်
ကြေငြာခဲ့သည်။ ထိုကြေငြာချက်မတိုင်မီ ရက်ပိုင်းအလိုက
ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ရွှေည၀ါကျောင်းတိုက်သို့ လာရောက်ကာ
ရွှေည၀ါဆရာတော်၏ ဆောင်ရွက်ချက်များအတွက် ချီးကျူးစကားဆိုခဲ့သည်။

ရွှေည၀ါဆရာတော်အား ခေါ်ယူမေးမြန်းစုံစမ်းမှုမပြုပဲ တဖက်သတ်အမိန့်ချမှတ်ခြင်း၊
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံပြီးမှာ
သတင်းများထွက်ပေါ်လာခြင်း၊
အကြောင်းပြချက်မှာ မခိုင်လုံပဲ NLD၏ အမည်ပါ ပါလာခြင်း၊
စည့်အချက်များသည် ရွှေည၀ါနှင့် ရွှေည၀ါကို လေးစားထောက်ခံသော
ရဟန်းပျိုသံဃာများနှင့် ဒယကာ ဒါယိကာမများ ကို တမင် ဒေါသဖြစ် ပေါက်ကွဲ
ဆူပူမှုဖြစ်အောင် အကွက်ဆင်ခြင်းဖြစ်သည်။ မဟန အဖွဲ့ကိုလည်း
ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး၊ ရွှေည၀ါနှင့် မဟနကို တမင် ထိပ်တိုက်တွေ့ စေရန်
ဖန်တီးခြင်းဖြစ်သည်။ ကြောက်စရာကောင်းလှပေစွ၊ အကြံပက်စက်လှသည်။

နောက်ကွယ်မှာ ထို့ထက်နက်ရှိုင်းသော ရည်ရွယ်ချက်များကိုတွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကြာင့် ရွှေည၀ါဆရာတော် ဒုက္ခရောက်သွားသည်
ဟုသောအမြင်ကို ဖြစ်စေချင်သည်။ သံဃာထု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ်
ထောက်ခံမှုကို ဖြိုခွဲချင်သည်။ အစိုးရကို အကျပ်တွေ့စေချင်သည်။
အစိုးရကနောက်ကွယ်ကကြိုးကိုင်နေသည်ဟု အများကိုမြင်စေပြီး အစိုးရနှင့်
နိုင်ငံရေးအင်အားစုများအကြား သံသယများဖြစ်စေလိုသည်။ အောင်သောင်းနှင့်
အပေါင်းအပါများ၏ လုပ်ရပ်ပင်ဖြစ်တော့သည်။

မဟန ဆရာတော် ၄၇ ပါးစလုံးဖုန်းများပိတ်ထားကြသည်။ မီဒီယာသမားများ၏
ဆက်သွယ်မေးမြန်းမှု မလုပ်နိုင်ကြပါ။ တွေ့ဆုံမေးမြန်းမှု မပြုနိုင်အောင်လည်း
လမ်းကြောင်းများပိတ်ဆို့ထားကြသည်။ စောင့်ကြည့်နေသောလူထုကြီး
စိတ်မရှည်ဖြစ်လာသည်။ အကွက်စေ့လှပါပေ့ အောင်သောင်းရယ်။

ဦးအောင်သောင်း နာမည်မကောင်းခဲ့ပါ။ တိုင်းပြည်ကို လက်ညှိုးထိုးရောင်စား၊
ဆွေမျိုးသားချင်းကောင်းစားရေးလုပ်သူဟုနာမည်ထွက်နေသည်။ နုရင်ဘတ်ခုံရုံးကို
ကြောက်သူဟုလည်း ကြားဖူးသည်။ ဒီပဲရင်းကိစ္စတွင်နောက်ကွယ်မှ အဓိက
ကြိုးကိုင်သူဖြစ်သည်။ သူ့တွင်ထူးခြားသော အရည်အချင်းရှိသည်။ ဂျပိုးကို
လိပ်ဖြစ်အောင် ကလိမ်စေ့ငြမ်းဆင် ပြောနိုင်သည်။ ဒီတွင် မဟန
ကိုယ်တော်ကြီးများ မျက်စိလည်ကုန်တာဖြစ်နိုင်သည်။ အောင်သောင်းတစ်ယောက်
ဘုန်းကြီးတွေနားကပ်ပြီး ဘာလုပ်တာလဲ လူတိုင်းသိသည်။ အောင်သောင်းတစ်ယောက်
နိဗ္ဗာန်ရောက်ကြောင်း တရားနာလိုသဖြင့် ဘုန်းကြီးနားကပ်ခြင်းမဟုတ်ပေ။
အောင်သောင်းလိုလူမျိုးကို နိဗ္ဗာန်ရောက်ကြောင်းတရားဟောလို့ ရ မရ
ရင်းနှီးသောဆရာတော်များ အသိဆုံးပင်။

ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် အောင်သောင်းပူပန်နေသည်။
ကြားဖြတ်ရွေးကောက်ပွဲကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲ၏
အပုပ်နံ့များလည်းထွက်လာနိုင်သည်။ အစိုးရနှင့်လွှတ်တော်ကို အောင်သောင်း
ချည်းကပ် သွေးထိုးနေသည်။ ရလာဒ်က ယခုအချိန်အထိ ကြားဖြတ်ရွေးကောက်ပွဲအတွက်
အချိန်စာရင်းမထုတ်ပြန်နိုင်သေး။ အောင်သောင်းတွင်
နောက်ခံခိုင်ခိုင်မာမာရှိနေသေးသည်။

အခြေအနေ အချိုးအကွေ့တစ်ခုမရောက်ခင်၊ တိုးတက်မှုများနောက်ပြန်မဆုတ်ခင်၊
တစ်ဦးနှင်တစ်ဦး သံသယများ မဖြစ်ပေါ်ခင် အားလုံးဝိုင်းဝန်းဖို့လိုသည်။
အတွေ့အကြုံရှိသော၊ အမျှော်အမြင်ရှိသော ပညာရှင်များ လိုအပ်နေသည်။
ဝိုင်ဝန်းတိုင်ပင် ဆွေးနွေးကြပါ။
သားရွှေအိုးထမ်းလာမည့် လမ်းကြောင်းဖော်ပေးကြပါ။ အမှန်တရားအတွက်
ပြည်သူအများက နောက်ကလိုက်ဖို့ အသင့်ရှိနေသည်။

အဲ့ဒီအခန်းဖြတ် ! အဲ့ဒီအခန်းဖြတ် !

http://www.youtube.com/playlist?list=PL32A4F870FDAB5F8A

ဝိုင်း (own creator)
Our Production ထုတ်လုပ်ရေး
တေးဂီတ- အသံ ကိုသိန်းလွင်၊
တည်းဖြတ် ကျော်ခိုင်စိုး။

ကင်မရာ ကိုတိုး၊
ကာလာတည်းဖြတ် ဉာဏ်ဉာဏ်
၊ ဇာတ်လမ်း ရှီးဖော၊
ဘာသာပြန် ကလျာအိအိလွင်၊
သရုပ်ဆောင်
ကျော်ကျော်၊ ချောချော၊ အရိုင်း၊ ဇော်ဝင်းနိုင်၊ ၀င်းနိုင်၊ ညီဂျော်၊ ဦးခိုင်သင်း၊ ဦးဝင်းမြိုင်၊ ဦးသက်ဝေ၊ ဦးမောင်၊ အောင်မိုး၊ ပြည့်ပြည့်၊ ချမ်းသာ၊ သန်းသန်းစိုး၊ လှလှမိုး၊ သူဇာပွင့်၊ လမင်းကဗျာ၊ ASTAR အဖွဲ့၊ ကိုလူချောတို့အဖွဲ့၊

1


2