Saturday, December 24, 2011

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဥာဏ်ဝင်းတို့ နေပြည်တော်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်ရုပ်သံ

Burma VJ Media Network

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဥာဏ်ဝင်းတို့ နေပြည်တော်သို့ သွားရောက်ခဲ့သည့် ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။


ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ ဒုတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲ

Burma VJ Media Network

ဒီဇင်ဘာလ ၃၀ ရက်နေ့ကို ရွှေ့ပြောင်းခဲ့ရတဲ့ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ အတွက် ဒုတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။

စိန်စီသောည(အဆက်)


မတ်လ ၃ ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။

ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။

မဇ္ဈိမသတင်းဌာန---



"ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း
(သို့မဟုတ်)
စိန်စီသောည မှ အဆက်"
--------------------------------------
ယောမင်းလေး --------------------------------------




ရန်ကုန်မြို့ မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့ သိုးသိုးသန့်သန့်ကြားသိနေရပေသည်။

၎င်းအမှုကို နအဖ၏ တရားစီရင်ရေးမှ အမှန်တကယ်ပဲ အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်မည်လော။ အမှုမှန်ဖော်ထုတ်ရဲသော သတ္တိလည်း အမှန်ပင် နအဖတရားစီရင်ရေးဝန်ထမ်းများ ရှိကြပါမည်လော... ကျွန်ုပ်တို့ စိတ်ဝင်စားမိပေသည်။

ကျွန်ုပ်တို့သိရသလောက် ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို)၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။

ယခုအခါ စစ်ဆေးမည်ဟု သတင်းထွက်လာသောအခါ အများ၏ ထင်ကြေးမှာ ကွယ်လွန်သူ ဗိုလ်ချုပ်မောင်ဘို အပေါ် အားလုံးပုံချရန် ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပေသည်။

ကျွန်ုပ်တို့သိရသလောက် ကျွန်ုပ်တို့၏ အတွင်းသတင်းပေးထံမှသိရသော သတင်းအမှန်မှာ "ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှထွက်" ဟုဆိုရပေချိမ့်မည်။

စာရှုသူ ပရိသတ်ကြီး မှတ်မိပေဦးမည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ သမီးတော်လေး၏ မင်္ဂလာပွဲ-"စိန်စီသောည" ဗွီဒီယိုအခွေမှ စိန်တို့သည် ငါးလောင်းပြိုင်လူသတ်မှု၏ မြစ်ဖျားခံရာတို့ပေတည်း။

ဖြစ်ပုံမှာ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်သည်။

၎င်းစိန်တို့မှာ မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့၊ ဆွေမျိုးသမ္ပဇဉ်အဆက်ဆက်တို့ ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ရှေးစိန်များ ဖြစ်ပေသည်။

ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘ၀က ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြ၏။

ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာ ဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်းငှားရမ်းခဲ့သည်ဆို၏။ ထိုသရောအခါ မငှားပြန်လျှင်လည်း မကောင်း၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အ၀ါ ကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပေသည်။


သို့ငှားရမ်းပြီး မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကိုရောင်းပါ။ ဈေးဘယ်လောက်ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ပေသည်။

မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ "ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့သည်ဆို၏။

ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ "မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့ဈေးပြောပါ၊ ဒေါ်လာနှင့်ချေမည်" ဟုပြန်ပြောတိုက်တွန်းခိုင်းပြန်၏။ ကွယ်လွန်သူတို့မှ "မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုးမသေမီကပင် တာဝန်ပေး ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း" ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပေသည်။

သို့ဆိုလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား၍နေပေပြီ။ ထိုသို့ဖြစ်ပြီး များမကြာမီပင် ၄င်းငါးလောင်းပြိုင် လူသတ်မှုကြီး အုတ်အော်သောင်းနင်း ပေါ်ပေါက်၍လာပေရာ မည်သို့မည်ပုံ ဖြစ်တန်ရာသည်ဆိုခြင်းကို အရွယ်ရောက်စ လူတိုင်းပင် ပုံဖော်နိုင်ကြပေသည်။

ထိုစိန်စီသောညမှ ကြမ္မာငင်သော စိန်တို့သည် ငါးလောင်းပြိုင် လူသတ်မှု၏ မြစ်ဖျားခံရာ စိန်တို့ပါတည်း။ သမင်သည် လှပသော ဦးချိုကြောင့် အသက်ဆုံးရှုံးခဲ့ရ၏။ ကတိုးကောင်သည် ကောင်းမြတ်သော မိမိအမွှေးနံ့ကြောင့် အသက်ဆုံးရှုံးခဲ့ရရှာပေသည်။

ယခုအပေါင်းပါတစ်ဦးဖြစ်သော မောင်ဘိုသေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့်ထွက်လာ၏။ တကယ်အမှု မှန်နိုင်ပါမည်လော... စောင့်ကြည့်ရန်သာရှိသည်။

ကျွန်ုပ်တို့သည် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။

တလောက မန္တလေးမြို့၊ သိပ္ပံလမ်း၊ ကညနရုံးနားရှိ နိုဘယ်လ်စားသောက်ဆိုင်မှ မန္တလေး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မောင်ပု (Secretary of Mandalay City Development Committee Lt-Col Maung Pu)၏သား ပါဝင်ပတ်သက် နေသော လူသတ်မှုကိုလည်း ယခုအခါ အမှုမှန် ပြန်လည်ဖော်ထုတ်ရန်လိုက်နေသည်ဟု သတင်းရပေသည်။ ထိုအမှုကိုလည်း တကယ် အမှန်အတိုင်းဖော်မည်လော....စောင့်ကြည့်ရမည့် သတင်းများပါပေ။

တကယ်ဖော်လျှင်တော့ နအဖ၏ တရားစီရင်ရေး တကယ်ပြောင်းသွားပြီဟု ဆိုရပေတော့မည်တည်း။ ။
--------------------------
ယောမင်းလေး
--------------------------
To Download as PDF file, Click the following link;
http://www.scribd.com/doc/17459010/Blood-Diamond-of-Burma

http://bigbbrown.blogspot.com/2009_07_12_archive.html !မှတဆင့်ဖေါ်ပြသည်။

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။
မိုးကုတ်သူဋ္ဌေး ဦးမြမောင် နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြ နဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သားအစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။
အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။
ယခု မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့် နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။
ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေ နဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း ….
ကိုထိုက်ဘလောက်မှ

စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင် လူသတ်မှု အမွေခွဲပြီ
[By Yangon PressInternational]Facebook

ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ဆွေမျိုးရင်းသူ နှစ်ဦးကို မကြာမီက ခွဲဝေပေးလိုက်ပြီဟု ၄င်းတို့နှင့်နီးစပ်သူ တဦးကပြောသည်။

သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တ၀က်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။

ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူကပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်၊ မည်မျှ ကျန်ရစ်သည်ကို အတိအကျပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။

၎င်းလူသတ်မှုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ဖြစ်ပွားသည့်နေရာသည်လည်း နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် အတွက် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့သည်။

နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတ၀ိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။

အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့သည်။

လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်ကပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးကပြောဆိုသည်။

အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီး ၃ လကျော်အကြာတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရဲချုပ် ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” ဟု ပြောဆိုခဲ့သည်။

လူသတ်မှု ဖြစ်ပွားပြီး ၃နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ယခုလို အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်

တကယ်တော့နအဖအစိုးရမဖေါ်ထုတ်ရဲခဲ့ပါ။
ဦးသိန်းစိန်အစိုးရကတော့ထိုအမှုကိုဖေါ်ထုတ်လိမ့်မည်ဟု........



ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ


ဒီဇင်ဘာလ ၂၃ ရက်နေ့က NLD တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ရန် အတွက် နေပြည်တော်သို့ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးဥာဏ်ဝင်း ၊
ဦးဝင်းမြင့်၊ ဦးခွန်သာမြင့် ၊ ဦးစိုးဝင်း နှင့် ဒေါက်တာ တင်မာအောင် တို့ အဖွဲ့ဟာ အဲ့ဒီနေ့ ညနေ ၄း၁၀ အချိန်က ရန်ကုန်မြို့သို့ မြန်မာ့ လေကြောင်းလိုင်းဖြင့် ပြန်လည်
ရောက်ရှိ လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဟာ နေပြည်တော်မှာ ရှိစဉ် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်
ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေ နှင့် တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ရောက်ရှိ ၁


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ရောက်ရှိ ၂


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ရောက်ရှိ ၃


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ရောက်ရှိ ၎


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၁


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၂


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၃


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၎


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၅


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၆


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၇


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ရောက်ရှိ ၅


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ရောက်ရှိ ၆


ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ရောက်ရှိ ၇



နေပြည်တော်လေဆိပ် ၁



နေပြည်တော်လေဆိပ် ၂


နေပြည်တော်ရှိ ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆိုင်းဘုတ်


နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆိုင်းဘုတ်


နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဆောက်အဦး


နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဆောက်အဦး နှင့် ဆိုင်းဘုတ်
http://www.burmavjmedia.net/?p=2894

ရွှေမန်းသားတိုးနိုင်မန်း

ဓါတ်ပုံ - ကိုပိုင်


ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေများ ၀ယ်ယူသူများမှာ တရုတ်လူမျိုးများဖြစ်နေ

အောင်ကိုကိုလတ်(မြစ်မခ)
by Myit Makha Mediagroup on 24 Dec, 2011

ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေများအား တရုတ်လူမျိုးများမှ ၀ယ်ယူစုဆောင်းလာသောကြောင့် ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံမှ သိရှိရသည်။
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကဆိုရင် လမ်းမတန်းမှာရှိတဲ့ မြေကွက်ဆိုရင် သိန်း ၂၀၀ ၀ယ်မယ့်သူ ခက်ရှားရှား အခုတော့ သိန်း ၇၀၀-၈၀၀ လောက်နဲ့ ၀ယ်တဲ့သူတွေက ဈေးတောင်မဆစ်ဘူး။ ၀ယ်တာကလည်း တရုတ်တွေ အများဆုံးဝယ်ကြတာများတယ်” ဟု ၄၃ ရပ်ကွက်တွင်နေထိုင်သူပြီးပွဲစားလုပ်ကိုင်လျက် ရှိသူ ဦးသိန်းဝင်းကပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များတွင် ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေ၄၀×၆၀ မြေကွက်မှာ ကျပ်-၆သိန်း ၀န်းကျင်သာရှိခဲ့သော ၁၃၃ ရပ်ကွက်၊ ၁၃၅ ရပ်ကွက်များတွင် ယခု ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျပ် သိန်း ၃၅-၄၀ ၀န်းကျင်ရှိလာပြီး ဗိုလ်မှူးဗထူးလမ်းမကြီးဘေးဝဲယာရှိ ရပ်ကွက်များတွင်လည်း ဈေးနူန်းများ အဆ မတန်မြင့်တက်လာကြောင်း သိရှိရသည်။
အဆိုပါ မြေကွက်များအား ဈေးကောင်းပေးဝယ်ယူနေကြသူများမှာ ရှမ်းတရုတ်များ၊ တရုတ်လူမျိုးများက အများဆုံးဖြစ်နေကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
`မန္တလေးဘက်မှာတော့ ၀ယ်စရာ မြေကွက်တွေ မရှိတော့ဘူး၊ ရန်ကုန်မြေကွက်တွေကို တရုတ်တွေ စိတ်ဝင်စားလာတယ်။ သူတို့ လည်း ၀င်လာရော ဈေးတွေက မြင့်တက်သွားရော သာမန်ပြည်သူတွေ လိုက်မမီနိုင်တော့ဘူး၊ မြေကွက်ဈေးက သုံးလေးဆလောက် တက်တယ်။ ပြီးခဲ့နှစ်က သုံးဆယ်လောက်ဆိုရင် အခု ကိုးဆယ် တစ်ရာ လောက်ရတယ်။” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ကျောင်းကွေ့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူ မဖြိုးဖြိုး ကပြောသည်။
ဗိုလ်မှူးဗထူးလမ်းမကြီးဘေးဝဲယာရှိ ၄၃ရပ်ကွက် (ကျန်းမာရေး)၊ ၄၅ရပ်ကွက်၊ ၄၈ရပ်ကွက်၊ ၄၇ ရပ်ကွက်များ တွင်လည်း ၂၀၁၀ ခုနှစ်တွင် ကျပ်သိန်း (၂၀၀)၀န်းကျင်သာ ရှိခဲ့သော ပေ၄၀×၆၀ မြေကွက်များမှာ ယခု ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျပ် သိန်း (၈၀၀)၀န်းကျင်အထိ ဈေးနူန်းများမြင့်တက်လာကြောင်း ဈေးကွက်တွင်းမှ သိရှိရသည်။
“၁၃၅ ရပ်ကွက်ဘက်မှာ ကျွန်မ၀ယ်တဲ့အကွက်ဆိုရင် တစ်နှစ်တောင် မပြည့်သေးဘူး၊ ၆ သိန်းနဲ့ဝယ်ခဲ့တာ အခု ကျပ် သိန်း-၄၀ လောက်အထိ ပေါက်ဈေးဖြစ်နေတယ်” ဟု ၄၇ ရပ်ကွက်မှ ဒေါ်သန်းနု ကပြောသည်။
အဆိုပါ ရပ်ကွက်များတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် ကျပ်သိန်း (၄၀)၀န်းကျင်ရှိခဲ့သော ပေ ၄၀×၆၀ မြေကွက်မှာ ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် ကျပ်သိန်း (၂၂၀)၀န်းကျင် ပေါက်ဈေးရှိလာပြီး ဗိုလ်မှူးဗထူး လမ်းမကြီး လေးလမ်းသွား ဖောက်လုပ်မူပြီးစီးပါက မြေကွက်ဈေးနူန်းများ ပိုမိုမြင့်တက် လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်း အကျိုးဆောင်များမှ ပြောဆိုကြသည်။



http://www.myitmakhamediagroup.com/detail.php?newid=489

၂၀၁၂ ကို မျော်ကြည့်ခြင်း


Posted by admin on December 24, 2011

အခုတလော မြန်မာပြည်ထဲက မိတ်ဆွေတွေ၊ ဆွေမျိုးတွေဆီကနေ စိတ်ပျက်လက်ပျက် ချူသံပါအောင် ငြီးငြူ နေကြပါ တယ်။ အကြောင်းကတော့ လျှပ်စစ်ဓါတ်အားခတွေကို တိုးကောက်တော့မတဲ့။ ဒု-၀န်ကြီးက သူတို့ အစိုးရ အရှုံးပေါ်နေ လို့ ဆိုပြီး ပြောတယ်တဲ့။ ခက်တော့ခက်နေပါပြီ။ ပထမတုန်းကတော့ ဒုဝန်ကြီးက ၂ ဆ တိုးကောက်မယ်လို့ဆိုပေမယ့် အခုတော့ မြန်မာ့အလင်းသတင်းစာကနေ တရားဝင် တယူနစ်ကို ၃၅ ကျပ်ကောက်တော့မှာလို့ ဆိုပါတယ်။ မီးမလာတဲ့ တိုင်းပြည်မှာ ဘာကြောင့်များ လျှပ်စစ်ဝန်ကြီးဌာနက အရှုံးပေါ်နေတာလဲ ကျမတော့ နားမလည်နိုင်တော့ပါ။

ကျမ မြန်မာပြည်မှာနေတုန်းက လျှပ်စစ်မီး မှန်မှန်မရပါဘူး။ ရပ်ကွက်အလိုက် အပိုင်း ၃ ပိုင်းပိုင်းပြီး အချိန်လိုက်မီးပေးတဲ့ စနစ်ပါ။ မိုးတွင်းဆိုရင်တော့ မီးလာရမဲ့ အချိန် မှန်မှန်လာတာများပေမဲ့ ဆောင်းနဲ့ နွေမှာ မီးလုံးဝလောက်နီးနီးမလာပါဘူး။ မီးလာသည်ဖြစ်၊ မလာသည်ဖြစ်စေ မီတာခက တလတလကို ၄ ထောင်အောက်မကျပါဘူး။ ဘယ်နိုင်ငံမှာမှမရှိတဲ့ မီတာ ဘောက်ထိမ်းသိမ်းခ ၅၀၀ ကျပ်ကလည်း ပေးနေရပါတယ်။ မီတာဘောက်ထိမ်းသိမ်းခလို့ ဆိုပေမဲ့ အဲဒီ မီတာဘောက် ကို ယောင်လို့တောင်မှ လာကြည့်သူမရှိပါဘူး။ အခုတော့ မီတာဘောက်ထိမ်းသိမ်းခကို ကျပ် ၁၀၀၀ ကောက် နေပါပြီလို့ ပြောကြပါတယ်။

ကျမတို့ ထိုင်းကိုရောက်တော့ မီတာခက လျှပ်စစ်တယူနစ်ကို ၃.၁၀ ဘတ်လောက် ကျပါတယ်။ ဒါပေမဲ့ ယူနစ် ၉၀ မ ကျော်တဲ့ အိမ်တွေက မီတာခ ပေးဆောင်စရာမလိုပါဘူး။ ယူနစ် ၉၀ ကျော်သွားရင်တော့ မီတာခအပြည့် ပေးဆောင်ရပါ တယ်။ ထိုင်းကိုရောက်နေတဲ့ မြန်မာအတော်များများက မီတာခကို ယူနစ် ၉၀ မကျော်အောင် ဂရုတစိုက်သုံးကြပါတယ်။ တ ကယ်လို့ ကျော်ခဲ့ရင်လည်း မီတာခကရတဲ့ လစာနဲ့ ယှဉ်ရင် သိပ်မများလှပါဘူး။ ရေခဲသေတ္တာ၊ ပန်ကာ၊ ကွန်ပျူတာ တွေ သုံးတာတောင် အလွန်ဆုံးကျလှ ဘတ် ၅၀၀ လောက်ပါပဲ။ ကျမအိမ်မှာ တီဗွီတလုံး၊ ကွန်ပျူတာတလုံးနဲ့ မီးချောင်း တွေ ဖွင့်တာတောင်မှ ယူနစ် ၉၀ မကျော်တဲ့အတွက် မီတာခ ဆောင်ဖို့မလိုတဲ့ လ များပါတယ်။

ဘွဲ့မရတဲ့ ထိုင်းလူမျိုးတဦးအတွက် အနိမ့်ဆုံးဝင်ငွေဟာ မဲဆောက်မှာဆိုရင် ၆၀၀၀ နဲ့ ၈၀၀၀ ကြားလောက်ရှိပါတယ်။ ဘွဲ့ ရသူတွေအတွက် တလအနိမ့်ဆုံးဝင်ငွေဟာ ဘတ် ၁ သောင်း ၂ ထောင်လောက်ရှိပါတယ်။ အဲဒီငွေဟာ မဲဆောက်လိုနေ ရာမှာ လူတဦးအတွက် လုံလုံလောက်လောက် ရပ်တည်နိုင်ပါတယ်။ ဒီ့အပြင် အစိုးရက အရစ်ကျ ငွေချေစနစ်နဲ့ လူသုံး ကုန်ပစ္စည်းတွေကို ရောင်းချပေးနေတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ တော်တော်အသုံးများကြပါတယ်။ ဒါပေမဲ့ မီတာခ က တလကို ၅၀၀၊ ၆၀၀ လောက်သာကြတော့ မထောင်းသာပါဘူး။ တောနေလူတန်းစားတွေတောင် ရေခဲသေတ္တာ၊ ပန် ကာ၊ တီဗွီ၊ ရေအေးစက်တွေအသုံးပြုကြပါတယ်။ ထိုင်း နိုင်ငံအနေနဲ့ မြန်မာပြည်ကနေ သဘာဝဓါတ်ငွေ့ဝယ်ပြီး လျှပ်စစ် ဓါတ်ထုတ်လုပ် အသုံးပြုနေတာပါ။ ကျမတို့ ထိုင်းကို ရောက်တာ ၃ နှစ်လောက် ရှိပြီဖြစ်ပေမဲ့ မီးပြတ်သွားရင် အလွန်ဆုံး ၁၅ မိနစ်လောက်အထိပဲ ကြုံဖူးပါတယ်။ ဒါတောင် ၁ နှစ်နေလို့ တခါမပြတ်ပါဘူး။

ကျမတို့ မြန်မာပြည်မှာ လက်ကိုင်ဖုန်းကိုင်နိုင်သူဟာ သဋ္ဌေးတွေပါပဲ။ လူလတ်တန်းစားတယောက်တောင်မှ လက်ကိုင် ဖုန်းကိုင်ဖို့ သိပ်မလွယ်ပါဘူး။ လက်ကိုင်ဖုန်းကိုင်ဆောင်ဖို့ ဖုန်းကဒ်ဝယ်ရင်တောင် ငွေ သိန်းဂဏန်းကုန်ပါတယ်။ တလ တလ ဖုန်းဆက်ခ ကျသင့်ငွေက အနည်းဆုံး ၅ သောင်းလောက်ကျပါတယ်။ သူများဆီက ဖုန်းကို ငှားသုံးရင်တောင် ဖုန်း ငှားခ တလကို ၃ သောင်းလောက်တော့ ပေးရပါတယ်။ ဖုန်းလိုင်းတွေကလည်း မကောင်းပါဘူး။ တခါတလေ ဒီဘက်က ဖုန်းခေါ်ရင် လူကြီးမင်းနဲ့ တွေ့နေပါတယ်။ ဒါကြောင့် လိုင်းဖုန်းနဲ့ ပြောင်းခေါ်တော့ ဖုန်းဝင်ပါတယ်။ ဘာကြောင့် ဖုန်းပိတ် ထားတာလဲမေးရင် ကာယကံရှင်က ဖုန်းမပိတ်ဘူးလို့ ပြန်ဖြေတာမျိုးကြုံရပါတယ်။ တခါတရံ ဖုန်းပြောနေရင်း တီ..တီ.. မြည်လာပြီး ဖုန်းလိုင်းကျသွားတတ်ပါသေးတယ်။ တော်တော်များများအခြေအနေက ဒီဘက်က စကားသံကို ဟိုဘက်က မကြားရတာမျိုးတွေဖြစ်တတ်ပါတယ်။

ကျမ ထိုင်းနိုင်ငံကိုရောက်ရောက်ခြင်း ဖုန်းတလုံးလောက်မှ မရှိရင် သူငယ်ချင်းတွေကို ဆက်သွယ်လို့ မရနိုင်ဘူးဆိုတာ သိတော့ ဖုန်းကဒ် တကဒ်ဝယ်ဖို့ ကျိုးစားပါတယ်။ ကျမမှာ ဖုန်းခွံတခုရှိပါတယ်။ မြန်မာပြည်မှာကတည်းက ၀ယ်ထားတဲ့ ဖုန်းပါ။ ကျမတို့ အဲဒီဖုန်းခွံ့ဝယ်တုန်းက မြန်မာငွေနဲ့ ၉ သောင်း ၆ ထောင်ပေးရပါတယ်။ အဲဒီဖုန်းခွံကို ထိုင်းရောက်တဲ့ အခါ ဈေးမေးကြည့်တော့ အဟောင်းဆိုရင် ၂၀၀ လောက်နဲ့ ရပါတယ်။ အဲဒီမော်ဒယ်မဟုတ်ပေမဲ့ အဲဒီလိုမျိုးဖုန်းတွေက အသစ်စက်စက်ဆိုရင် ၈၀၀ လောက်ပဲတန်ပါတယ်။ အဲဒီအချိန်က မြန်မာငွေ ၉ သောင်းကို ဘတ်နဲ့ တွက်ရင် ဘတ် ၃ ထောင်လောက်ရပါတယ်။ ဘတ် ၃၀၀၀ တန်ဖုန်းဆိုရင် ဖန်ရှင်အစုံပါတဲ့ လှတပတ ဖုန်းခွံတခုရနိုင်ပါတယ်။

ဖုန်းကဒ်တွေရောင်းတဲ့ ဆိုင်ထဲကို ၀င်သွားတော့ ကျမကကိုယ့်မှာပါတဲ့ ပိုက်ဆံနဲ့ မလောက်မှာကို စိုးရိမ်နေမိပါတယ်။ ဒါ ကြောင့်မရဲတရဲနဲ့ ဖုန်းကဒ်တကဒ်ဘယ်လောက်လဲလို့ မေးကြည့်မိတော့ ၄၅ ဘတ်လို့ ဖြေပါတယ်။ ကျမနဲနဲတော့ အံသြ သွားမိတာပေါ့။ ဒါကြောင့် ကဒ်ဝယ်ပြီးရင် အနည်းဆုံးပိုက်ဆံဘယ်လောက်ထပ် ထည့်ရမလဲလို့ မေးမိတော့ ဆိုင်မှာ အ လုပ်လုပ်တဲ့ မြန်မာမလေးက “အမ ထည်ချင်သလောက်ထည့်လို့ရတယ်။ အခုလဲ ဒီကဒ်ထဲမှာ ၂၀ ဖိုးပါသေးတယ်” လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ ကျမလည်း ဖုန်းထဲကို ဘတ် ၅၀ ဖိုးထပ်ထည့်လိုက်ပါတယ်။ အားလုံး စုစုပေါင်း ၉၉ ဘတ်နဲ့ ကိုယ် ပိုင်ဖုန်း တလုံးပိုင်ဆိုင်သွားပါတယ်။ ထိုင်းကိုရောက်ပြီးမှ ကျမသိလာတာက ထိုင်းမှာ ဖုန်းကို လူတိုင်းကိုင်နိုင်တယ်ဆို တာ ပါပဲ။ ဖုန်းခွံအဟောင်းတွေဆိုရင် ၂၀၀- ၃၀၀ လောက်နဲ့ဝယ်လို့ရပါတယ်။ ဖုန်းထဲကို ပိုက်ဆံထည့်ရင်လည်း ၁၀ ဘတ်ဖိုးကနေ စထည့်လို့ရပါတယ်။

ထိုင်းနိုင်ငံမှာ ဖုန်းတခါခေါ်ရင် ၁ ဘတ်ဝန်းကျင်လောက်ပဲ ကျပါတယ်။ နောက်ပြီး ဖရီးကောလို့ ခေါ်တဲ့ ဖုန်းစနစ်တွေ လည်းရှိပါတယ်။ လူတယောက်က ဖုန်းထဲကို ၁၉၉ ဘတ်ထည့်လိုက်ရင် ဖရီးကော သုံးလို့ရပါတယ်။ ဖရီး ကောချိန်ကို ၂ ချိန်ခွဲထားပါတယ်။ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ တချိန်နဲ့ ညနေ ၅ နာရီကနေ နောက်မနက် ၅ နာရီ အထိပါ။ တလကို ၁၉၉ ဘတ်ပဲကုန်ကျတဲ့ ဖုန်းဆက်သွယ်နည်းပါ။ တခုတော့ ရှိတာပေါ့ ဖရီးလုပ်ထားတဲ့ သူအသုံးပြုရမဲ့ အချိန် ကျော်သွားပြီးဆက်သွယ်ရင်၊ အမျိုးမတူတဲ့ အခြားဖုန်းကဒ်တွေကို ဆက်သွယ်ရင် တမိနစ်ကို ၃ ဘတ်ကျသင့်သွား ပါ တယ်။ ထိုင်းမှာက အဓိကအသုံးပြုနေတဲ့ ဖုန်းကဒ်က ၀မ်းတူးကောနဲ့ ဒီတက်ဖြစ်လို့ ၀မ်းတူးကနေ ဒီတက်ကိုခေါ်ရင် ပိုက်ဆံပိုကုန်ပါတယ်။ ၀မ်းတူးအချင်းချင်းဆိုရင် ဖရီးလုပ်ထားတဲ့ အချိန်အတွင်း စိတ်ကြိုက်ပွားခွင့်ရပါတယ်။ တချို့က တော့ ၁၉၉ ဘတ်မသုံးဘဲနဲ့ ဖုန်းများများပြောဖို့လိုတဲ့နေ့မှာ တနေ့အတွက် ၉ ဘတ်နဲ့ တနေ့စာ ဖရီးလုပ်လိုက်ပါတယ်။

ကျမတို့ အိမ်အလုပ်တွေကူဖို့ လူခေါ်ချင်ရင် လက်ကိုင်ဖုန်းဆက်ပြီး အလုပ်လုပ်မည့်လူကို ခေါ်လိုက်တာပါပဲ။ သူများအိမ် မှာ အလုပ်လိုက်လုပ်နေသူပေမယ့် အထင်တော့ မသေးလိုက်လေနဲ့ လက်ကိုင်ဖုန်းတော့ ရှိကြပါတယ်။

ကျမ မြန်မာပြည်မှာတုန်းက အင်တာနက်ဆိုင်ကို တော်ယုံနဲ့ မသွားဖြစ်ပါဘူး။ အင်တာနက်တွေက ကွန်နက်ရှင်တွေက မကောင်းပါဘူး။ ဂျီမေလ်းတခါသုံးဖို့ ကော်နက်ရှင်တက်အောင်စောင့်ရတာက မိနစ် ၂၀ လောက်ကြာပါတယ်။ တခါ ကော်နက်ရှင်ကလည်း မမှန်ပါဘူး။ အခုတက်လိုက်၊ အခုကျလိုက်နဲ့ဆိုတော့ တနာရီ ၃၀၀ ကျပ်ပေးပြီး အင်တာနက်သုံး တယ်လို့ ဆိုပေမယ့် ၄၅ မိနစ်လောက်က အင်တာနက်ဆိုင်မှာ ကွန်နက်ရှင်ကို ထိုင်စောင့် နေရသလိုပဲဖြစ်နေတာကြောင့် တော်ယုံ မသုံးချင်ပါဘူး။ ကိုယ်ပြန်ခါနီး အင်တာနက် ကွန်နက်ရှင်ကျသွားတော့ မစောင့်နိုင်လို့ အိမ်ပြန်၊ ကိုယ့်ရဲ့ အီး မေလ်းကို ပြန်မပိတ်ခဲ့ရ၊ နောက်ဝင်သုံးတဲ့ လူက ကိုယ့်အီးမေလ်းကို အားရပါးရ သုံးတာတွေလည်း ရှိနေတတ်ပါသေး တယ်။

အိမ်မှာ ကိုယ်ပိုင် အင်တာနက်တပ်ဆင်ဖို့အတွက် အနည်းဆုံး $ ၇၀၀ လောက်ကျပါတယ်။ လစဉ်ကြေးအဖြစ် အနိမ့်ဆုံး က ၃ သောင်းကျော်လောက်ကြပြီး အမြင့်ဆုံးက ၁ သိန်းလောက်အထိ ကုန်ကျစရိတ်ရှိတာကြောင့် တော်ယုံလူ အင်တာ နက်မသုံးနိုင်ပါ။ တချို့ကုမ္ပဏီတွေကတော့ $ နဲ့ ရှင်းပေးရတာပါ။ မြန်မာပြည်တွင်းမှာ အင်တာနက်ကိုယ်ပိုင် သုံးဖို့ဆိုတာ မလွယ်ပါဘူး။

ကျမတို့ ထိုင်းမှာတော့ တော်ယုံလူ အင်တာနက်သုံးနိုင်ပါတယ်။ အင်တာနက်စတင်တပ်ဆင်ဖို့အတွက် ငွေ ဘတ် ၁၀၀၀ ကျော်ပဲကျပါတယ်။ လစဉ်ကြေးအနေနဲ့ အိမ်သုံးဆိုရင် ဘတ် ၅၉၀ ပဲကျတာပါ။ ရုံးတွေမှာ သုံးဖို့ဆိုရင် တလအတွက် ဘတ် ၉၀၀ ပဲ ကျသင့်ပါတယ်။

ကျမ မဲဆောက်ဆေးရုံမှာ မျက်စိသွားပြတုန်းက ကျမတို့ငွေရှင်းကောင်တာကိုသွားဖို့ ဘောက်ချာတခုပဲပေးလိုက်တာပါ။ ဘာစာရွက်စာတမ်းမှ မပေးလိုက်တော့ ကျမတို့လင်မယား တယောက်မျက်နှာတယောက်ကြည့်ပြီး ဘာတွေလဲပေါ့လေ။ ဆေးရောမှန်မှန်ကန်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း ရှိနေပါတယ်၊ ဒါပေမယ့် ငွေရှင်းကောင်တာရောက်တော့ ကျမ တို့ရဲ့ ဆေးမှတ်တမ်းဟာ အွန်လိုင်းကနေတဆင့် ရောက်နေနှင့်ပါပြီ။ ကျမတို့ကတောင်မှရောက်တာ နောက်ကျနေအုံး မယ် ။

ထိုင်းနိုင်ငံရဲ့ ရုံးတွေမှာ စားပွဲတလုံးကနေတလုံး စာရွက်စာတမ်းကို အင်တာနက်ကနေပဲ ပို့ဆောင်ကြပါတယ်။ လူကိုယ် တိုင်ထပြီး ပို့တာမျိုးတွေမတွေ့ရပါဘူး။ အချက်အလက်တွေလိုချင်ရင်လဲ ကွန်ပျူတာတွေကနေပဲ ရှာဖွေကြပါတယ်။ ၂၀၁၀ ခုနှစ်က ဘန်ကောက်မှာ အနီဝတ်တွေ အကြီးအကျယ်ဆန္ဒပြတာတောင်မှ အင်တာနက်တွေ နှေးသွားတာ၊ ပျက် သွားတာမျိုးတွေ မရှိပါဘူး။ ကျောင်းတွေမှာ အတန်းကြီးလာပြီဆိုရင် ဆရာ၊ ဆရာမတွေက လေ့လာရမယ့် သင်ခန်းစာ တွေရဲ့ လင့်တွေကိုပေးလိုက်ပါတယ်။ အဲဒီလင့်တွေကနေ ရှာဖွေပြီး ဖတ်ရှုရမှာပါ။

အဓိက အကျဆုံးအချက်ကတော့ ထိုင်းမှာ အင်တာနက်ပဲသုံးသုံး၊ ဖုန်းပဲသုံးသုံး ၊ မီတာခပဲဖြစ်ဖြစ် ကျသင့်တဲ့ ငွေဟာ သူတို့နိုင်ငံသားတွေအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ ဒါကြောင့်လည်း လူတွေအတော်များများက လူတန်းစေ့ နေနိုင်ကြ ပါတယ်။

ထိုင်းနိုင်ငံမှာ ဂစ်တ်ကိုလည်း ပေါပေါလောလောအသုံးပြုကြပါတယ်။ ကျမတို့အိမ်မှာသုံးတဲ့ ၆ ကီလိုဆန့်တဲ့ အိုးကို ဂတ်စ်ထည့်ရင် ဘတ် ၁၁၀ ပဲ ကျပါတယ်။ ဂတ်စ် အချိန် ၁၀ လောက်ဆန့်တဲ့ အိုးကြီးက တခါထည့်ရင် ၃၀၀ ဘတ်ပဲကျ သင့်ပါတယ်။ ဒါကြောင့် ထိုင်းကိုရောက်လာကြတဲ့ ရွေ့ပြောင်းအလုပ်သမားတွေတောင် ဂတ်အိုးသုံးကြပါတယ်။ ဂတ်စ် ထည့်တဲ့ ဆိုင်တွေကလည်း ပေါများပါတယ်။ ကြိုက်တဲ့ ဆိုင်မှာထည့်လို့ရပါတယ်။ ဒါတောင်မှ မြန်မာနိုင်ငံကနေ ဂတ်စ် ကို ၀ယ်ယူနေတာပါ။ အဲဒီ့ဂတ်စ်ကနေ လျှပ်စစ်ဓါတ်အား ထုတ်ယူပြီး မြ၀တီမြို့အထိ လျှပ်စစ်ဓါတ်ကို ပေးဝေနိုင်ပါ တယ်။ မြ၀တီမြို့မှာ တနေ့ကို မီး ၁၂ နာရီ ရနေပါတယ်။

ကျမတို့ မြန်မာနိုင်ငံက ဂတ်စ်တွင်းတွေဟာ နောင်နှစ်ပေါင်း ၅၀ လောက်အထိ ထုတ်ယူနိုင်တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဒါပေမဲ့ နောက်ဖေးချောင်သုံးဖို့ ဂတ်စ် အချိန် ၁၀ ကိုကျပ် ၅၀၀၀၀ လောက်ပေးရတာကြောင့် လူတန်းစား ပေါင်းစုံမသုံးနိုင်ပါဘူး။ ဒိတ်ဒိတ်ကျဲတွေပဲ ၀ယ်ယူအသုံးပြုကြပါတယ်။ သာမန်ပြည်သူတွေအနေနဲ့ ရိုးရာမပျက် မီးသွေးနဲ့ ထင်းကိုပဲ သုံးကြရတာပါ။ မီးသွေးကို အသုံးပြုတာကြောင့် သစ်တောပြုန်းတီတာတွေ၊ ထင်းကိုအသုံးပြုတာကြောင့် ကာ ဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့အထွက်များပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သလို၊ သစ်တောပြုန်းတီးမှုတွေ လည်း ဖြစ်နေတာပါ။ အရာရှိတွေအတွက် ဂတ်စ်ထုတ်ယူဖို့ စာအုပ်တွေ ပေးထား ပါတယ်။ ဒါကြောင့်မြောက်ဒဂုံ မန္တလေးလမ်းပေါ်က နောက်ဖေးချောင်သုံးဂတ်စ်ဆိုင်မှာ လဆန်းဆိုရင် ကားကြီးကားငယ် နဲ့ ဂတ်စ်လာထုတ်ကြတာ ကိုတွေ့ရပေမယ့် ရပ်ကွက်နေပြည်သူတွေတော့ ဂတ်စ်နဲ့ဟင်းချက်တယ်လို့ မကြားမိပါ။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းကို ပေါက်ဈေးနဲ့တွက်ပြီး မြန်မာပြည်မှာ ဈေး သက်သာနေတယ်လို့ ပြောနေတာထက်စာရင် ဒေသတွင်းနိုင်ငံတွေက အစိုးရတွေအနေနဲ့ သူ့ပြည်သူတွေဘယ်လို သက်သာအောင် လုပ်ဆောင်နေတယ်ဆိုတာကို လေ့လာသင့်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ထိုင်းပြည်သူတွေကို ယူနစ် ၉၀ အထိ အလကားပေးသုံးတယ်ဆိုရင် သူတို့ အရှုံးပြမှာသေချာပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရရဲ့ စီမံကိန်းထဲမှာ ယူနစ် ၉၀ မကျော်ရင် ပိုက်ဆံမပေးရဘူးလို့ သတ်မှတ်လိုက်တော့ လျှပ်စစ်ဖိုးမပေးနိုင်တဲ့လူတွေအနေနဲ့ ယူနစ် ၉၀ မကျော် အောင် ချွေတာသုံးကြတာကြောင့် “လျှပ်စစ်ချွေတာသုံးဖို့ ပညာပေးစရာ” မလိုတော့ပါဘူး။ လူတွေအားလုံး သူ့အသိနဲ့သူ ချွေတာကြပါတယ်။

ကျမ မြင်တွေ့နေရတာက ထိုင်းပြည်သူတွေဟာ ၀န်ထုပ်ဝန်ပိုးတွေနဲ့ လေးလံမနေကြပါ။ သူတို့ဘ၀တွေမှာ ကျိုးစားရင် ကျိုးစားသလောက်တော့ အကျိုးခံစားခွင့်ရှိနေကြပါတယ်။ ထိုင်းပြည်သူတွေရဲ့ ဘ၀ဟာ စိတ်ချလုံခြုံမှုတွေနဲ့ ပြည့်ဝနေ ပါတယ်။ ထိုင်းအစိုးရက သူ့ပြည်သူတွေ သဘာဝဘေးဒဏ် ခံနေရချိန်မှာတောင် အစိုးရအနေနဲ့ ဘီလျံသန်းနဲ့ ချီဆုံးရှုံး သွားခဲ့ပေမယ့် ပြည်သူတွေကို ထောက်ပံကြေးတွေပြန်ပေးယ်လို့ ကြေညာခဲ့ပါသေးတယ်။ ကျမတို့ မြန်မာပြည်သူတွေ အနေနဲ့ အလွန်ဆိုးဝါးလှတဲ့ နာဂစ်လိုသဘာဝဘေးအန္တရာယ်တွေ၊ ရေကြီးရေလျှံတာတွေကို ရင်ဆိုင်နေခဲ့ရပေမဲ့ အကူအ ညီတွေကို ပြည်သူအချင်းချင်း ပေးနေရတာတွေ၊ အစိုးရဆီက လုံလောက်တဲ့ အထောက်အပံတွေမရရှိခဲ့ကြပါဘူး။ ကျမ တို့ မြန်မာပြည်သူတွေရဲ့ဘ၀ ဘယ်တော့များမှ စိတ်ချလုံခြုံမှုတွေရမှာလဲလို့ တွေးတောနေမိပါတယ်။၂၀၁၂ ဟာ ရောက် လာပါတော့မယ်။ အဲဒီ ၂၀၁၂ ဟာ မြန်မာပြည်သူတွေရဲ့ဘ၀ကို တိုးတက်မှုတွေနဲ့ ပြည့်စုံပါစေလို့ ဆန္ဒပြုချင်ပါတယ်။
http://www.naytthit.net/?p=22985

မူးယစ်ဆေး နဲ့ မြန်မာ့နိုင်ငံရေး

စနေ, 24 ဒီဇင်ဘာ 2011

By ဦးအောင်ခင် & မညိုညိုလွင်

ဒီနှစ်ထဲမှာ နိုင်ငံရေး-စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင်ပြုလုပ်တာကို ပြည်တွင်းပြည်ပမှာ အများဆုံး အာရုံစိုက်ကြတာ တွေ့ရပါတယ်။ နိုင်ငံခြားက ခေါင်းဆောင်တွေ လာရောက်ကြတာဟာ နေပြည်တော်အစိုးရကို ဂုဏ်ပြုသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရေးနဲ့ မူးယစ်ဆေးဝါး ဆက်စပ်နေပုံကိုတော့ သတိမပြုမိသလို ဖြစ်နေပါတယ်။ မူးယစ်ဆေးလုပ်ငန်းရှင် (၇) ဦး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပုံကို ရှမ်းမူးယစ်ဆေးစောင့်ကြည့်ရေးအဖွဲ့က လွန်ခဲ့တဲ့ အောက်တိုဘာလက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ ဒေသခံတရုတ် (၅) ဦးနဲ့ ကချင် (၂) ဦး ပါဝင်နေတာ တွေ့ရပါတယ်။

ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်နေရာကို ဆက်ခံတဲ့ ဘိုင်ဆုံချိန် (ခေါ်) ဘိုင်ဆောင်ကျင်း၊ ကိုကန့်တရုတ် လူဂိုရှီ၊ ကိုးကန့်တရုတ် ဟိုရှောင်ချန် (ခေါ်) ဦးဟော်၊ ကွတ်ခိုင်တရုတ် ဦးမြင့်လွင် (ခေါ်) ဝမ်ဂိုဒါ၊ လီစူးတရုတ် ဦးကျော်မြင့် (ခေါ်) ဦးဝင်းမောင် (ခေါ်) ဂီယောင်ကျင်း တို့ဟာ ဒေသခံတရုတ်တွေ ဖြစ်ကြပါတယ်။ ကွတ်ခိုင်အမတ် ဥပဒေဘွဲ့ရ ဂျက်ဖရီ (ခေါ်) ဦးခွန်မြတ် နဲ့ မူဆယ်အမတ် ဦးကင်မိုင်း တို့ကတော့ ကချင်လူမျိုးတွေ ဖြစ်ပါတယ်။ ကွတ်ခိုင်အမတ် ဥပဒေဘွဲ့ရ ဂျက်ဖရီ (ခေါ်) ဦးခွန်မြတ် နဲ့ မူဆယ်အမတ် ဦးကင်မိုင်း တို့ကတော့ ကချင်လူမျိုးတွေ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်အားလုံး မူးယစ်ဆေးနဲ့ ပတ်သက်နေပါတယ်။

ဥပဒေဘွဲ့ရ ဦးခါန်မြတ်ဟာ ကွတ်ခိုင်အဖွဲ့ရဲ့  အကြီးအကဲဖြစ်ခဲ့ပြီး ရှေ့ နေချုပ်ရုံးမှာ ညွှန်ကြားရေးအဖြစ် အမှုထမ်းခဲ့သူဖြစ်လို့ မူးယစ်ဆေးလုပ်ငန်းနဲ့ ရောထွေးယှက်တင်ဖြစ်နေတာ အံ့သြစရာဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးခွန်မြတ်ရဲ့  တပည့်တွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ပါဝင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကိုးကန့်တရုတ် ဖုတ်ကြားရှင်ရဲ့  လက်ထောက်ဖြစ်ခဲ့သူ ဘိုင်ဆုံချိန်ဟာ ၂၀၀၉ သြဂုတ်လမှာ အစိုးရတပ်နဲ့ပေါင်းပြီး ဖုန်ကြားရှင်ဂိုဏ်းကို (၃) ရက်နဲ့ ဖြုတ်ချလိုက်သူအဖြစ် ထင်ရှားပါတယ်။ မူးယစ်ဆေးလုပ်ငန်းမှာ ဘိုင်ဆုံချိန်နဲ့ ဖုန်ကြားရှင် မိသားစု ပြိုင်ဆိုင်လာတာဟာ စစ်အစိုးရ ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အလမ်းပေးလိုက်သလို ဖြစ်သွားးပါတယ်။ အခုတော့ ဘိန်းလုပ်ငန်းရှင် လော်စစ်ဟန် နည်းတူ တရားဝင်လုပ်ခွင့်ရနေသလို ဖြစ်နေပါတယ်။

စစ်အစိုးရတက်လာကတည်းက မူးယစ်ဆေးလုပ်ငန်းနဲ့ တနည်းမဟုတ်တနည်း ပတ်သက်လာတာ ဒီကနေအထိပါ။ ရှမ်းလက်နက်ကိုင် လှုပ်ရှားမှုကို နှိမ်နှင်းဖို့ ရည်ရွယ်ပြီး ၁၉၆၃ မှာ စစ်အစိုးရက ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ ပြည်သူ့စစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာကို အခွင့်ကောင်းယူပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဘိန်းကုန်ကူးပါတယ်။ ဒီအထဲ နာမည်ထွက်လာသူ (၂) ဦးဟာ ဒေသခံတရုတ် လော်စစ်ဟန်နဲ့ ခွန်ဆာ ဖြစ်ပါတယ်။ ၁၉၇၃ မှာ ကာကွယ်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းတဲ့အခါ လော်စစ်ဟန်နဲ့ ခွန်ဆာ တောခိုပြီး မူးယစ်ဆေးလုပ်ငန်းကို ဇောက်ချလုပ်ခဲ့ပါတယ်။ နောက်ဆုံး လော်စစ်ဟန်ရဲ့  အေးရှားဝေါလ် ကုမ္မဏီဟာ အချမ်းသားဆုံး ကုမ္မဏီတခုဖြစ်နေပြီး နေပြည်တော် တည်ဆောက်ရေးမှာ အဓိက ပါဝင်နေပါတယ်။ ခွန်ဆာကလည်း နောက်ဆုံးမှာ ဗမာစစ်အစိုးရနဲ့ ပူးပေါင်းလိုက်တဲ့အတွက် ရန်ကုန်မှာ တရားဝင်နေထိုင်ခွင့်ရပြီး ၂၀၀၇ မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန် နဲ့ မန်တုန်စတဲ့ မြို့ နယ်တွေမှာ အစိုးရတပ်အခြေစိုက်ပြီး ကျေးလက်မှာ ပြည်သူစစ် ဖွဲ့စည်းထားပါတယ်။ နမ့်ခမ်းမြို့ နယ်မှာ အင်အားကောင်းတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ (၈) ဖွဲ့ရှိပြီး နမ့်ဆန်နဲ့ မန်တုန်မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့တဖွဲ့စီ ရှိပါတယ်။ နမ့်ခမ်းပြည်သူစစ်ထဲမှာ ဘိန်းလုပ်ငန်းမှာ နာမည်ရထားတဲ့ တရုတ်ပန်းဆေး ပြည်သူစစ်တပ်ဖွဲ့လည်း ပါဝင်ပါတယ်။ ဒီတပ်ဖွဲ့ရဲ့  ခေါင်းဆောင်ဟာ လီစူးတရုတ် ဦးကျော်မြင့် (ခေါ်) ဦးဝင်းမောင် (ခေါ်) လီယောင်ကျင်းဆိုတဲ့ သုံးမည်ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပန်းဆေးကျော်မြင့်အဖြစ် လူသိများပြီး နမ့်ခမ်မြို့ နယ်ကြံ့ဖွံ့ပါတီရဲ့  လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပါတယ်။

ပန်းဆေးဦးကျော်မြင့် ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ နမ့်ခမ်းမြို့ နယ်က ကျေးရွာ (၁၅) ရွာမှာ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးချိန်ကစပြီး ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးပွားလာတယ်လို့ ပလောင်အမျိုးသမီး အစည်းအရုံးရဲ့  အောက်တိုဘာလထုတ် မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု (၈၀) ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်အခါက သူသာအနိုင်ရရင် နောက်ထပ် (၅) နှစ် ဘိန်းစိုက်ခွင့်ရမှာဖြစ်ကြောင်း ပန်းဆေးဦးကျော်မြင့် က ပြောဆိုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ နမ့်ခမ်းမြို့ နယ်က အစိုးရတပ်၊ ရဲတပ်ဖွဲ့ နဲ့ ပြည်သူ့စစ်တွေဟာ ဘိန်းစိုက်ပျိုးသူတွေဆီက အခွန်ကောက်ယူနေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ မူးယစ်ဆေးထုတ်လုပ်မှု တိုးပွားနေတာကို ကုလသမဂ္ဂ နဲ့ အမေရိကန်အစိုးရက သိကြပေမယ့် အရေးယူတာမျိုး မလုပ်သေးပါဘူး။ အမေရိကန်ကို မူးယစ်ဆေး အများဆုံးတင်သွင်းနေသူဟာ အိမ်နီးချင်း မက်ဆီကိုနိုင်ငံ ဖြစ်ပါတယ်။ ဒီပြဿနာကို မက်ဆီကို နဲ့ အမေရိကန်အစိုးရတို့ ပူးတွဲဖြေရှင်းနေတာ မအောင်မြင်သေးပါဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရေးနဲ့ မူးယစ်ဆေးမှောင်ခိုတွေ ရောထွေးနေတာကို အမေရိကန်က အရင်လို အာရုံစိုက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_12-24-2011-136166228.html

မှတ်ပုံတင်ကျပြီး NLD ဖွဲ့စည်းပုံ ကြေညာမည်

စနေ, 24 ဒီဇင်ဘာ 2011

By ကိုဇော်ဝင်းလှိုင်

NLD ပါတီ တရားဝင် မှတ်ပုံတင်ခွင့် အတည်ပြုချက်ရတာနဲ့ ပါတီဖွဲ့စည်းပုံအသစ် အပါအ၀င် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်မယ်လို့ NLD က ပြောပါတယ်။ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကိုယ်တိုင် သွားရောက် မှတ်ပုံတင် ခဲ့ကြတာပါ။ အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မနေ့က NLD ပါတီ တရားဝင်မှတ်ပုံတင်ပြီး ဖြစ်တာကြောင့် ဒီမှတ်ပုံတင်တဲ့ကိစ္စအပေါ် ကန့်ကွက်လိုသူ ရှိမရှိ ဒီကနေ့ထုတ် သတင်းစာထဲမှာ ကြော်ငြာ ပါလာတာကြောင့် မကြာခင် သီတင်း တပတ်လောက်အတွင်း မှတ်ပုံတင်တဲ့ကိစ္စ အတည်ဖြစ်နိုင်ခြေရှိတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခန့်မှန်း ပြောဆိုပါတယ်။

ဒါကြောင့်လည်း ဒီအတည်ပြုချက် ကျလာပြီးတာနဲ့ ပါတီရဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို မကြာခင်မှာ ထုတ်ပြန်နိုင်ဖို့ စီစဉ်နေတယ်လို့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီဥစ္စာကို သိပ်မကြာခင်အချိန်မှာ ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေတယ်။ ပြောတော့ ပြောထားတာပေါ့ဗျာ၊ ဆွေးနွေးထားတာတော့ ရှိတယ်ပေါ့။ လုပ်ငန်းက ဒီ မှတ်ပုံတင်ရေးကိစ္စ ချောချောမွေ့မွေ့ဖြစ်ဖို့ ဦးစားပေးနေရတာကိုး။ ကျနော်တို့ မနေ့က အဖွဲ့ချုပ် မှတ်ပုံတင်တဲ့လျှောက်လွှာ သွားတင်ပြီးတော့ ဒီနေ့ ကန့်ကွက်သူရှိမရှိ ကြော်ငြာ ဒီနေ့သတင်းစာတွေထဲမှာ ပါလာတယ်။ ကန့်ကွက်သူ ရှိမရှိကို ခုနှစ်ရက်အတွင်း အထောက်အထားနဲ့ ကန့်ကွက်နိုင်တယ်ပေါ့။ ဒါမရှိဘူးဆိုရင် ကျနော် ထင်ပါတယ်၊ နှစ်ပတ်သုံးပတ်နဲ့ ဒီဟာ ပြီးပြတ်သွားမယ်လို့ ထင်ပါတယ်။”

ပါတီမှတ်ပုံတင်တဲ့ကိစ္စ ကန့်ကွက်လိုသူ ရှိမရှိ သတင်းစာထဲ ကြော်ငြာတာကတော့ ကော်မရှင်က လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီဥစ္စာကတော့ ကော်မရှင်အလုပ်ပါ။ ကျနော်တို့အလုပ် မဟုတ်ဘူး။ ကျနော်တို့က တင်ပြီးသွားပြီ။ ကျနော်တို့ မနေ့ကလည်း မေးတယ်။ ဘယ်လောက် ကျလာနိုင်သလဲလို့ ဆိုတော သူတို့က ကြော်ငြာကိုလည်း အမြန်ဆုံး ထည့်ပါမယ်တဲ့။ ကြောငြာမှာပေးထားတဲ့ ရက်တွေ ပြီးသွားလို့ရှိရင် ကျနော်တို့ ကျလာနိုင်တယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ကို ဖြေပါတယ်။ ရက်အတိအကျတော့ မပြောဘူးပေါ့။ ဒါကလည်း မှန်ပါတယ်။ ပြောလို့လည်းမရပါဘူး။ အဲဒီတော့ ကျနော် ခန့်မှန်းတာကတော့ နှစ်ပတ်သုံးပတ်လောက်အတွင်းမှာ ကျနော်တို့တင်တဲ့ မှတ်ပုံတင်ခွင့်ပြုချက်၊ မှတ်ပုံတင် ခွင့်ပြုမယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။”

မနေ့က ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ရင်း ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့လောက် ကျင်းပဖြစ်မလဲဆိုတာကို ကော်မရှင်ဥက္ကဋ္ဌထံ NLD ဘက်က စုံစမ်း မေးမြန်းခဲ့ပေမဲ့ သူ့အနေနဲ့ ဘယ်နေ့ကျင်းပမယ်ဆိုတာ သတ်မှတ်ထားပြီး ဖြစ်ပေမဲ့လည်း အတည်ပြုချက် မရသေးတဲ့အတွက် ဘယ်နေ့ဖြစ်မယ်ဆိုတာကို ထုတ်ပြန်လို့ မရသေးကြောင်း ပြန်အကြောင်းကြားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နေပြည်တော်ကိုသွားပြီး မနေ့က သောကြာနေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ လက်မှတ်ထိုး မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ရောက်နေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

NLD ပါတီကို မကြာခင် အသစ်ပြန်လည် ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့သာ ရှိတော့မှာဖြစ်ပြီး ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး စတဲ့ ရာထူးတွေ ဆက် ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
http://www.voanews.com/burmese/news/NLD-registration-12-24-11-136181043.html

ချက်သမ္မတဟောင်း ဗားကလက်ဟာဗဲလ်ဈာပန



သောကြာ, 23 ဒီဇင်ဘာ 2011
ချက်သမ္မတဟောင်း နောက်ဆုံးခရီး မြန်မာ့အရေးလှုပ်ရှားသူတွေ ဂါရ၀ပြု

By ကိုသားညွှန့်ဦး
ချက်နိုင်ငံ သမ္မတဟောင်း ဗားဆလပ် ဟာဗဲလ်ရဲ့ နိုင်ငံတော်ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ချက်ပြည်သူ ထောင်ပေါင်းများစွာ စုဝေး တတ်ရောက်ခဲ့ကြပါတယ်။ ဗားဆလပ်ဟာဗဲလ်ဟာ မြန်မာ့ဒီမိုကရေစီရေးမှာလည်း ကမ္ဘာ့နိုင်ငံတွေအကြား တတ်တတ်ကြွကြွ ပြောဆိုလေ့ရှိသူတစ်ဦး ဖြစ်တာမို့ သူ့ဈာပနကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေလည်း တတ်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ချက်နိုင်ငံကို ကွန်မြူနစ်တပါတီ စနစ်အောက်က လွတ်မြောက်စေခဲ့တဲ့ ပြဇာတ်ရေးဆရာ ဗားဆလပ်ဟာဗဲလ် ဟာ ချက်နိုင်ငံ ဒီမိုကရေစီရေး အတွက်တင်မက ချက်နိုင်ငံ လွတ်မြောက်ပြီးနောက် အာဏာရှင်စနစ် အောက်က ရုန်းထနေကြတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီရေးကိုပါ စာနာစိတ်အပြည့်နဲ့ အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ချက်ပြည်သူတွေတင်မက ကမ္ဘာ့ပြည်သူတွေရဲ့ လေးစားမှုပါ ခံခဲ့ရပါတယ်။ အသက် ၇၅ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တဲ့ သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ရဲ့ ဈာပနကို မနေ့က နိုင်ငံတော် အခမ်းအနားအဖြစ်နဲ့ ချက်နိုင်ငံ ပရာ့ခ်မြို့မှာ ကျင်းပသွားရာမှာ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေကြသူ တွေလည်း တတ်ရောက် ဂါရ၀ပြုခဲ့ပါတယ်။ ဈာပနကျင်းပတဲ့ မနေ့က သောကြာနေ့ကို မစ္စတာဟာဗဲလ်ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် ကြေကွဲမှုနေ့အဖြစ် သတ်မှတ်ခဲ့တယ်လို့ Burma Center Prague ခေါ် ပရက်မြို့ မြန်မာအဖွဲ့အစည်း ညွှန်ကြားရေးမှူး မစပယ်စိုးက ပြောပါတယ်။

“ဒီနေ့ ပရာ့ခ်ရဲတိုက်ကြီးမှာ ဈာပနကို ကျင်းပပါတယ်။ အဲဒီမှာ တခြားမြို့တွေက ရောက်လာတဲ့လူတွေရော ဧည့်သည်တွေ ထောင်သောင်း ချီပြီးတော့ အားလုံးက ဈာပနအခမ်းအနား ကျင်းပတဲ့အချိန်မှာ အားလုံးက ရပ်ပြီးတော့ ဈာပနအခမ်းအနားကို စောင့်ကြည့်ပြီးတော့ နှုတ်ဆက်ကြပါတယ်။ ရဲတိုက်ထဲမှာရှိတဲ့ စိန့်ရီးတက်စ် ဆိုတဲ့ ဘုရားရှိခိုးကျောင်းကြီးထဲမှာ ဘုရားရှိခိုးပွဲ လုပ်ပြီးတော့ သမ္မတကြီးကို နောက်ဆုံး နှုတ်ဆက်ကြပါတယ်။”

မစ္စတာဟာဗဲလ်ဟာ ချက်ကိုဆလိုဗားကီးယား နိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်ကြာတဲ့ ကွန်မြူနစ်အုပ်ချုပ်မှုကို တွန်းလှန်နိုင်ခဲ့ပြီးတဲ့နောက်လည်း ချက်ကိုဆလိုဗားကီးယားနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ဦးဆောင်မှုပေးခဲ့ပါတယ်။ ဒီကနေ့ ၁၉၉၃ ခုနှစ် ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗားကီးယား နိုင်ငံဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ နှစ်နိုင်ငံ ခွဲခဲ့ပါတယ်။ ချက်နိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့သူ မစ္စတာဟာဗဲလ်ဟာ မြန်မာ့အရေး အပါအ၀င် အခြားနိုင်ငံတကာ ဒီမိုကရေစီရေးတွေကိုလည်း အကူအညီပေးခဲ့သူ ဖြစ်တယ်လို့ မစပယ်စိုးက ပြောပါတယ်။

“သမ္မတကြီး ဟာဗဲလ်က သူတို့နိုင်ငံ ဒီမိုကရေစီရတဲ့အချိန်ကစပြီးတော့ တခြား ဒီမိုကရေစီ မရနိုင်သေးတဲ့ နိုင်ငံတွေအားလုံးကို တတ်နိုင်သလောက် ထောက်ပံ့ခဲ့ပါတယ်။ အခွင့်အရေးရှိတဲ့အချိန်တိုင်းမှာလည်း ဒီနိုင်ငံတွေရဲ့အကြောင်းကို အမြဲတမ်း တကမ္ဘာလုံးမှာ ပြန့်အောင် သတင်းပြန့်အောင် ဝေခဲ့ပါတယ်။ သူ့ကျေးဇူးကြောင့်လည်း မြန်မာနိုင်ငံအကြောင်းက ချက်နိုင်ငံမှာအပြင် ဥရောပနိုင်ငံ အားလုံး၊ တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုကရက်တစ်နိုင်ငံတွေ အားလုံးက ပိုပြီးတော့ ကောင်းမွန်စွာ သိလာတယ်လို့ ကျမကတော့ ယူဆပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဗာဆလပ်ဟာဗဲလ် ကွယ်လွန်မှုဟာ လူသားတရပ်လုံးအတွက် ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ ၀မ်းနည်းကြောင်း စကားပါးခဲ့ပါတယ်။ ကွယ်လွန်သူ သမ္မတဟောင်း ဟာဗဲလ်အကြောင်းကို သူ လစဉ်ရေးနေတဲ့ ဂျပန်သတင်းစာတစ်ခုမှာ နောက်လ ရေးသားမှာဖြစ်တဲ့အကြောင်းလည်း သိရပါတယ်။ ချက်မှာရှိတဲ့ မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အစား ၀မ်းနည်းမှု ပန်းခြင်းချခဲ့တယ်လို့ ပြောပါတယ်။
http://www.voanews.com/burmese/news/Czech-Havel-funeral-12-23-11-136169313.html






(aung myo min facebook)


ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေငြာခြင်း