Sunday, December 25, 2011

ယခုနှစ်အတွက် အမှတ်တရများ

Myanmar Jokes (Facebook)




ဟုတ်ပါ့မလားမောင်ကာလု

ကိုမင်းကိုနိုင်အိမ်ရှေ့ သင်္ကြန် စတုဒီသာ မုန့်လုံးရေးပေါ် ဝေငှစဉ်အမှတ်တယ
ဓါတ်ပုံ(facebook)




ဆိတ်ပါးစပ်နှင့်နတ်မျက်စိသံချပ်အဖွဲ့

ဓါတ်ပုံ(facebook)


စာနယ်ဇင်းလွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီမရှိဟု ပပဖ ဥက္ကဌပြော


စာနယ်ဇင်းလွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီ မရှိဟု ဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ ပြောကြား၊ မီဒီယာဥပဒေ ပြဋ္ဌာန်းနိုင်ရန် မီဒီယာများ၏ ဝေဖန်အကြံပြုချက်များ ရယူပြီး လွှတ်တော်သို့တင်ပြသွားမည် PDF Print Sunday, 25 December 2011 10:44
7132
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ မိတ်ဆက်တွေ့ဆုံပွဲကို တွေ့ရစဉ်
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာ၌ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမှာ အရေးပါသော အချက်တစ်ချက်ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီ မရှိဟု ဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ဒီဇင်ဘာလ၂၃ရက်နေ့က ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုချက်သည် ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန် မြို့ရှိ ဟိုတယ်ရန်ကုန်၌ ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ပြုလုပ်ခဲ့သည့် အားကစား၊ ယဉ်ကျေးမှု၊ ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေး နယ်ပယ်ရှိ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းပြုစုသူများနှင့် အကြိုညှိနှိုင်းမိတ်ဆက် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
“အားကောင်း ခိုင်မာတောင့်တင်း စတုတ္ထမဏ္ဍိုင်ဆိုတာ လွတ်လပ်စွာ ပြောရေးဆိုခွင့် (Freedom of Expression) ပင်ဖြစ်ပြီး စာနယ်ဇင်းများ အရည်အသွေးပြည့်ဝရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ရရှိရေးတို့ လိုအပ်ပါတယ်”ဟု သူရ ဦးအေးမြင့်က ပြောကြားခဲ့ပါသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီပင်ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပါက ဒီမိုကရေစီရရှိပြီး စာနယ်ဇင်း လွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီမရှိဟု ဆိုနိုင်ကြောင်း၊ အုပ်ချုပ်သူအစိုးရပင်ဖြစ်စေကာမူ မဟုတ်တာလုပ်ရင်၊ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေလျှင် စာနယ်ဇင်းမှတစ်ဆင့် ကန့်ကွက်ပြော ဆိုနိုင်ခွင့် ရှိသင့်ကြောင်း၊ အစိုးရ၏မူဝါဒပင် ဖြစ်စေကာမူ အကျိုးသင့် အကြောင်းသင့် ဝေဖန်နိုင်စွမ်းရှိရမည်ဖြစ်ပြီး တစ်နည်းအားဖြင့် မြင်သာထင်သာဖြစ်မှု (Transparency) ရှိရမည်ဖြစ်ကြောင်း
ထို့အပြင် စာနယ်ဇင်း လွတ်လပ်ခွင့်သည် ဒီမိုကရေစီပင်ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပါက ဒီမိုကရေစီ ရရှိပြီး စာနယ်ဇင်းလွတ်လပ်ခွင့်မရှိပါက ဒီမိုကရေစီမရှိဟု ဆိုနိုင်ကြောင်း၊ အုပ်ချုပ်သူအစိုးရပင် ဖြစ်စေကာမူ မဟုတ်တာလုပ်ရင်၊ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေလျှင် စာနယ်ဇင်းမှတစ်ဆင့် ကန့်ကွက်ပြောဆိုနိုင်ခွင့် ရှိသင့်ကြောင်း၊ အစိုးရ၏ မူဝါဒပင် ဖြစ်စေကာမူ အကျိုးသင့် အကြောင်းသင့် ဝေဖန်နိုင်စွမ်း ရှိရ မည်ဖြစ်ပြီး တစ်နည်းအားဖြင့် မြင်သာထင်သာဖြစ်မှု (Transparency) ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ ကို ယှဉ်တွဲကျင့်သုံးသည့် မီဒီယာဖြစ်လာစေရန် ထိန်းကျောင်းပေးနိုင်မည့် မီဒီယာဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်း  နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက အောက်တိုဘာလ ၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း၊ ထိုဥပဒေအား အဆင့်ဆင့် ရေးဆွဲပြီးပါက လွှတ်တော်သို့ တင်ပြအတည်ပြု ပြဋ္ဌာန်း ရမည်ဖြစ်ပြီး လွှတ်တော်မှလည်း အပြန်ပြန်အလှန်လှန်သုံးသပ်၍ တာဝန်ယူမှုကိုပါ အားပေးသည့် ဆီလျော် သင့်မြတ်သော ဥပဒေတစ်ရပ်ဖြစ်လာ အောင်ဖန်တီးသွားရမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ထိုတာဝန်အား မိမိတို့ကော်မတီမှ ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် စာပေ၊ စာနယ်ဇင်း၊ မီဒီယာအဖွဲ့များ၏ ဆွေးနွေးချက်များ၊ ဝေဖန်ချက်များ၊ အကြံပြုချက်များကို ကြားနာပြီး တိုင်ကြားစာ၊ အသနား ခံစာ၊ နစ်နာချက်များကို လက်ခံ၍  ကော်မတီတွင်း စိစစ်သုံးသပ်ကာ  လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံ သွားမည် ဖြစ်ကြောင်း သူရဦးအေးမြင့်က ပြော ကြားခဲ့ပါသည်။
မီဒီယာဥပဒေ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်သွားမည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော မီဒီယာသက်ဆိုင်သည့် ပုဒ်မကိုလည်း ခိုင်မာပြည့်စုံသော အချက်အလက်များ ထည့်သွင်းရန် ရှိကောင်းရှိနိုင်ကြောင်း ထပ်မံပြောဆိုခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ၂၀၀၈ ခုနှစ် ကပြဋ္ဌာန်းခဲ့တာပါ။ လိုအပ်တာတွေ ရှိကောင်းရှိမယ်။ အဲဒီမှာ ကျွန်တော် တို့ မီဒီယာနဲ့ပတ်သက်လို့  ပုဒ်မ ၃၅၄ မှာ ပါပါတယ်။ ကျွန်တော်တို့ အနေနဲ့ သိထားသင့်တယ်ထင်လို့ မှတ်မိနေပါတယ်။ ၃၅၄ မှာ ပါတာ ကတော့ ‘နိုင်ငံသားတိုင်းသည် နိုင်ငံ တော် လုံခြုံရေး၊ တရားဥပဒေ စိုး မိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ....’ အဲတစ်ခုလေးပဲ ပါးပါးလေးပဲ ပါတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့် ဒီနေရာမှာလည်း ဒီထက်ခိုင်လုံတဲ့၊ ဒီထက် ခိုင်မာပြည့်စုံတဲ့ အချက်အလက်တွေ ဖြည့်စွက်ဖို့ ရှိကောင်း ရှိနိုင်တယ်လို့ တင်ပြချင်ပါတယ်”ဟု သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။
မီဒီယာဥပဒေ ပြဋ္ဌာန်းရာတွင်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းပါ  အပိုဒ်(၁၉)တွင် ပါဝင်သည့် အချက်များကို အခြေခံပြီး ရေးဆွဲမည်ဟု ခံယူကြောင်း ပြောဆိုခဲ့သည်။
“Universal Declaration of Human Rights မှာ ပါပါတယ်။ ကျွန်တော် ဖတ်ပြပါမယ်။  "Everyone has the right to freedom of opinion and expression; the right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media regardless of frontiers" အဓိပ္ပာယ်ကတော့ လူတိုင်းက မိမိရဲ့ ထင်မြင်ယူဆချက် ဖော်ပြဖို့ အခွင့်အရေး ရှိပါတယ်။ သူတစ်ပါး အနှောင့်အယှက်မပြုဘဲ ရနိုင်ဖွယ် ရှိရမည်ဖြစ်ပါတယ်။ ဒါဟာ အလွန်ကောင်းမွန်သော ကျွန်တော်တို့ မီဒီယာပိုင်းနဲ့ ဖော်ပြချင်တာ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အခုလာမယ့် ဥပဒေမှာ ဒီဟာတွေကို အခြေခံပြီးတော့ ကျွန်တော်တို့ရေး ဆွဲမှာ ဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုပဲ ခံယူပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ လွှတ်တော်က တင်သွင်းမှာဖြစ်ပါတယ်”ဟု သူရဦးအေးမြင့်က ပြောကြားပါသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော အကြိုညှိနှိုင်းမိတ်ဆက်ပွဲသို့ ရုပ်ရှင်၊ ဗီဒီယို၊ သဘင်၊  စာပေ နှင့် မီဒီယာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကာ မိမိတို့နှင့်သက်ဆိုင်သော ကိစ္စရပ်များ  နှင့် ပတ်သက်ပြီး အကြိုဆွေးနွေးအကြံပြုမှုများ ပြုလုပ်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ က ပြုလုပ်ခဲ့သည့် အကြိုညှိနှိုင်း မိတ်ဆက်ပွဲသည် အောက်တိုဘာလ ၃၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော တွေ့ဆုံပွဲပြီးနောက် ဒုတိယ အကြိမ် ပြုလုပ်ခြင်းဖြစ်ကာ တတိယအကြိမ်မြောက်ကို ယခုတစ်ကြိမ် ပြုလုပ်ခြင်းထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်သွားမည်ဟု သိရသည်။
ထို့အပြင် ယခုတွေ့ဆုံပွဲ၌ နယ်ပယ် အသီးသီးမှ တင်သွင်းလာသော စာတမ်းများ၊ အကြံပြု ဆွေးနွေးချက်များကို အခြေပြုပြီး စာတမ်းဖတ်ပွဲ တစ်ရပ် ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး အကြံပြုချက်၊ စာတမ်းများ ထပ်မံပေးပို့ရန်လည်း ဖိတ်ခေါ်ထားခဲ့သည်။
“ကျွန်တော်တို့ဆီ ရောက်လာတဲ့ ဆွေးနွေး အကြံပြုတင်ပြချက် တွေကို စိစစ်ပြီး ကျွန်တော်တို့ ကော်မတီကနေ သက်ဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းများဆီ ကော်မတီဥက္ကဋ္ဌ လက်မှတ် ရေးထိုးပြီး တိုက်ရိုက် တင်ပြမယ်။ ဒါကို သူတို့ မဆောင်ရွက်လို့ မရဘူး။ ပစ်ပယ်လို့ မရဘူး။ ပစ်ပယ်တာနဲ့ လွှတ်တော်မှာ ပြည်သူ့ အသံတွေကို ကျွန်တော်တို့ အသံ တွေနဲ့ တင်ပြမယ်။ ဒါကတော့ ဒီမိုကရေစီနည်းလမ်းအရ ခိုင်လည်းခိုင် မာပါတယ်။ အဲတာကို ကျွန်တော်တို့ ရအောင် ဆောင်ရွက်သွားပါမယ်။ ချစ်ခြင်း မုန်းခြင်း မပါဘဲနဲ့ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ အများအတွက် ရဲရဲတင်းတင်း ကျွန် တော်တို့ ကော်မတီကို လိပ်မူပြီးတော့ တင်ပြနိုင်ပါတယ်။ ကျွန်တော် တို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားပါမယ်လို့ ပြောချင်ပါတယ်”ဟု သူရ ဦးအေးမြင့်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ နှင့် ဘေးတိုက်လိုက်ပါ ဆောင်ရွက်ရသော လွှတ်တော်ရေးရာ ကော်မတီ တစ်ရပ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပ ဒေ ၁၁၅ (ဂ) အရ သြဂုတ်လ ၂၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ တိုးချဲ့ဖွဲ့စည်းခဲ့သည့် ကော်မတီ(၁၉) ခုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။
 http://www.weeklyeleven.com/index.php?option=com_content&view=article&id=11615:2011-12-25-04-41-20&catid=42:2009-11-10-07-36-59&Itemid=112

ဒေါ်အောင်ဆန်းစုကြည် ဂီတလောကသားများ​နှင့် ထပ်မံ​တွေ့ဆုံ




Published on December 24, 2011 by ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတလောကသားတွေ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဒီနေ့ နေ့လည်ပိုင်းမှာ ထပ်မံ တွေ့ဆုံကြပါတယ်။

တိုင်းရင်းသားဒေသက ကလေးတွေပညာရေး ရန်ပုံငွေအတွက် ဂီတပွဲတော်ကို သောကြာနေ့က ခွင့်ပြုမိန့် ရသွားတဲ့နောက် တွေ့ဆုံကြတာပါ။

ဆယ်စုနှစ်တွေအတွင်းမှာ အကြီးဆုံးပွဲဖြစ်မယ့် ဒီဂီတပွဲတော်ကို နဂိုက ဒီဇင်ဘာ ၁၅ ရက်နေ့ သုဝဏ်ဏအားကစားကွင်းမှာ ကျင်းပဖို့ စီစဉ်ပြီးမှ ခွင့်ပြုမိန့်မရလို့ ရက်ရွှေ့ဆိုင်းထားရာကနေ ဒီလ ၃၀ ရက်နေ့မှာ ကျင်းပဖို့ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သုဝဏ်ဏကွင်းမှာ မဟုတ်ဘဲ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး၊ နာမည်ကြီး အဆိုတော် ၅၀ ကျော်နဲ့ နာမည်ကြီးတီးဝိုင်း တဒါဇင်လောက်က သီဆို တီးခတ်ကြမယ်လို့ သိရပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက အလားတူ တွေ့ဆုံခဲ့ပြီး အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီတကြိမ်တွေ့ဆုံမှုဟာ ပထမအကြိမ်ထက် ပိုပြီး ဂီတအနုပညာရှင် တော်တော်များများ လာကြတယ်လို့ ကိုဆောင်းဦးလှိုင်က ပြောပါတယ်။

“အရင်တခေါက်ထက် လူများတယ်။ ကိုဇော်ဝင်းထွဋ်၊ ဖြိုးကြီး၊ နေနေ၊ ဖြူဖြူကျော်သိန်း၊ အများကြီးပဲလာတယ်။ တီးဝိုင်းအဖွဲ့တွေလည်း အများကြီးလာတယ်။ Metalzone ၊ Lazy Club ၊The tree၊ Emperor၊ Plus 3 တီးဝိုင်းအဖွဲ့တွေလည်း အကုန်လာကြတယ်။ တော်တော်များများ လာကြတယ်။”

တိုင်းရင်းသားဒေသက ကလေးငယ်တွေရဲ့ ပညာရေးရန်ပုံငွေရှာဖွေတဲ့အနေနဲ့ အခုလို ဂီတအနုပညာရှင်တွေ အစုံအညီဖျော်ဖြေတဲ့ ပွဲမျိုး မြန်မာပြည်မှာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်နဲ့ အဆိုတော်ပေါင်းစုံ စုပေါင်းသီဆိုထားတဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန်းရေး တေးအယ်ဘမ်တခုကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/19145

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိရုပ်ရှင်ဇာတ်ကား ပါဝင်ကူညီချင်သူများပြား

Published on December 25, 2011 by ဒီဗွီဘီ ·

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထ္တုပတ္တိရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရဖို့ အနုပညာရှင်တွေတင်မက ပြည်သူတချို့ကပါ စိတ်အားထက်သန်နေကြပြီး နိုင်ငံတကာမှာရှိတဲ့ ပညာရှင်တချို့ကလည်း ပါဝင်ကူညီဖို့ ကမ်းလှမ်းထားကြတယ်လို့ ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီဝင် ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူရှင်က ပြောပါတယ်။

“အနုပညာရှင် မပြောနဲ့ အပြင်လောကလူတွေတောင် ဖုန်းဆက်ပြီး ပြောကြတယ်။ ဖြတ်လျှောက်ပဲ ပါရပါရ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောတဲ့ အခန်းမှာ လာနားထောင်ရတဲ့နေရာပဲ ပါရပါရပေါ့။ ပြောရမယ်ဆိုရင် အနုပညာ လောကတင် မကဘူး။ တတိုင်းပြည်လုံးက လူတွေကအစ အရမ်းကို စိတ်ဝင်စားကြတယ်။ နိုင်ငံတကာက ပညာရှင်တော်တော်များများကလည်း ကမ်းလှမ်းတယ်။ အဲဒါကြောင့်လည်း အမေစုက ကျမတို့ကို နည်းပညာဆိုင်ရာ ကော်မတီဖွဲ့ခိုင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အနေနဲ့ သူတို့ကို တောင်းဆိုဖို့ကို ကိုယ့်ဆီကလူတွေက နားလည်ထားဖို့ လိုတယ်။ ဥပမာ 3D, animation (လူ၊ တိရစ္ဆာန်ပုံများကို လှုပ်ရှားသက်ဝင်သည့်ပုံ လုပ်ဆောင်ပေးသည့် နည်းပညာ)တို့က နိုင်ငံခြားကိုပဲ အပ်မှာ။ အပ်တဲ့အခါမှာ သူတို့ကို ငါတို့က ဘာလိုချင်တယ်ဆိုတာ ပြောဖို့အတွက် ငါတို့က ဘာလိုချင်တယ်ဆိုတာ ပြောဖို့အတွက် မြန်မာပြည်က ပညာရှင်ကတဆင့် ပြောပေးရမှာဆိုတော့ ဒီကဏ္ဍပိုင်းအတွက် ပြောဆိုဖို့ ဒီကော်မတီကို ဖွဲ့တာပါ။”

ဒါ့အပြင် ဗိုလ်ချုပ်ဇာတ်လမ်းအတွက် ကူညီဖို့ ဟန်ဂေရီဖွား ဂျူးလူမျိုး အမေရိကန် ရင်းနှီးမြှုပ်နှံသူ သန်းကြွယ်သူဌေး ဂျော့ဆိုရော့စ်က တဦးတည်း ငွေကြေးထောက်ပံ့ဖို့ ဒီဇင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်မယ် လို့လည်း ပြည်တွင်း သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်နေရာ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်နေရာမှာ မျက်နှာသစ် သရုပ်ဆောင်တွေကို ရွေးချယ်သွားမှာ ဖြစ်ပြီး ကျန်ဇာတ်ကောင်နေရာတွေမှာတော့ နာမည်ရ သရုပ်ဆောင်တွေထဲက တူရာတူရာကို ရွေးချယ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

“အဓိကကတော့ အမေစုရဲ့ ရည်ရွယ်ချက်က ဒီကားက နိုင်ငံတကာကို ထိုးဖောက်မယ်။ နိုင်ငံတကာကိုပြတဲ့အခါ မြန်မာပြည်က သရုပ်ဆောင်တွေကို နိုင်ငံတကာက မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ရယ်။ နောက်တခုက မြန်မာပြည်က ပရိသတ်အနေနဲ့လည်း သူတို့ချစ်တဲ့ သရုပ်ဆောင်တွေကို ဒီ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိဇာတ်ကားမှာ မြင်စေချင်တာရယ် အဲဒီ ၂ ခုကြောင့် အနုပညာရှင်တွေကို အသုံးပြုဖို့ အမေစု ဆုံးဖြတ်ထားပါတယ်။”

ပါဝင်ရမယ့် သရုပ်ဆောင်တွေကို ဒီလကုန်မှာ ကော်မတီဝင်တွေက စိစစ်ရွေးချယ်သွားမှာ ဖြစ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲလည်း ပြုလုပ်မယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ ရုပ်ရှင် အနုပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကော်မတီဖွဲ့စည်းပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူးအဖြစ် ဇာဂနာနဲ့ အနုပညာရှင်တချို့ ပူးပေါင်း ပါဝင်ထားပါတယ်။

ဒီလ ၁၆ ရက်ကနေ့ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်နဲ့ ကဘောဒီယားနိုင်ငံတွေကို ဇာဂနာ၊ အရိုင်း၊ မောင်မောင်သာမြင်တို့ ရုပ်ရှင်ပညာရပ်ဆိုင်ရာ လေ့လာရေးအတွက် သွားရောက်ခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထ္တုပတ္တိရုပ်ရှင် ဇာတ်ကားအတွက်လည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/19140

မြန်မာ့နိုင်ငံရေး ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်း နိုးဆော်

တနင်္ဂနွေ, 25 ဒီဇင်ဘာ 2011




By ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ် (Benedict) က နိုးဆော်လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်က ယေရှုခရစ်တော် ဖွားမြင်ခဲ့တဲ့ အထိမ်းအမှတ်ပြုတဲ့ ဒီခရစ္စမတ်နေ့မှာ ပုပ်ရဟန်းမင်းကြီးက အခုလို တောင်းဆိုလိုက်တာပါ။

ဆီးရီးယားနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ အာရှတ၀န်းက ရေဘေးဒုက္ခသည်တွေ၊ အာဖရိက တောင်ပိုင်းက အငတ်ဘေး ရင်ဆိုင်နေရသူတွေ အပါအ၀င် ကမ္ဘာတလွှားက ဒုက္ခသည်တွေအတွက် ရောမမြို့ စိန့်ပီတာစ် (St. Peter’s) ရင်ပြင်ကနေ တကမ္ဘာလုံးကို ပို့သတဲ့ ရိုးရာ ခရစ္စမတ် ဆုတောင်း မေတ္တာပို့သတဲ့အထဲ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် မျှော်လင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ခရစ္စမတ်အချိန်ကာလရဲ့ အတုအယောင် ပြိုးပြိုးပျက်ပျက် လင်းလက်တာတွေကို ကျော်လွန်ပြီး စစ်မှန်တဲ့ အဓိပ္ပါယ်ကို ရှာဖွေကြဖို့ စိန့်ပီတာစ်ရင်ပြင်မှာ ကျင်းပတဲ့ ခရစ္စမတ်နေ့ မတိုင်ခင် စနေနေ့ ညနေခင်း တရားပွဲမှာ ခရစ်ယာန်ဘာသာဝင်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ http://www.voanews.com/burmese/news/Pope-Burma-12-25-11-136203928.html