Tuesday, December 27, 2011

တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသားများအတွက်လှူဒါန်းမှုနှင့် မြပုဏ္ဏမာနဲ့ သီးလေးသီးအငြိမ့်



Aung San Suu Kyi meets Japanese foreign minister on Monday evening



၁၀၇ မီနီဘက်(စ်) ယာဉ်ပိုင်ရှင် တဦး၏ရဲရဲတောက်တိုက်ပွဲဝင်သံ

Tue, Dec 27th, 2011
၁၀၇ မီနီဘက်(စ်) ကားလိုင်း ဖျက်သိမ်း


၁၀၇ မီနီဘက်(စ်) ယာဉ်ပိုင်ရှင် တဦး

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ ၁၀၇ မီနီဘက်(စ်) ကားလိုင်းကို ဖျက်သိမ်း လိုက်သောကြောင့် ယာဉ်ပိုင်ရှင်တွေ ၊ ကားသမားတွေ ၊ ယာဉ်နောက်လိုက်တွေ နဲ့ ၎င်းတို့ရဲ့
မိသားစုဝင်တွေ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ဒီလုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် မော်တော်ယာဉ် လုပ်သားများ သမဂ္ဂကို ထူထောင်ဖို့ လိုအပ်ကြောင်း
၁၀၇ မီနီဘက်(စ်) ကားပိုင်ရှင်တစ်ဦးက ပြောပြထားပါတယ်။


http://www.burmavjmedia.net/?p=3069

DVB Interview with Zarganar

ကြံ့ခိုင်ရေး အသင်းဝင် တစ်ဦး အာဏာပိုင် အဖွဲ့အစည်းများနှင့် ပေါင်းကာ နှစ်လုံးထီ လောင်းကစားကို ပေါ်ပေါ်တင်တင် လုပ်ကိုင်



Tue, Dec 27th, 2011
ဒေါပုံမြို့နယ် ဒေသခံ တစ်ဦး

ကြံ့ခိုင်ရေး အသင်းဝင် တစ်ဦးသည် ဒေါပုံမြို့နယ်အတွင်း အာဏာပိုင် အဖွဲ့အစည်းများ နှင့်ပေါင်းကာ ဒိုင်ချုပ်အဖြစ် နှစ်လုံးထီ လောင်းကစားကို ပေါ်ပေါ်တင်တင်လုပ်ကိုင်နေသဖြင့် ရပ်ကွက်အတွင်းရှိ သူများက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူခြင်း မရှိပဲ သူ၏ လက်အောက်ရှိ ဒိုင်းအသေး
များကိုသာ ဖမ်းဆီး အရေးယူကြောင်း ဒေါပုံမြို့နယ်သား တစ်ဦးမှ ပြောကြား သွားခဲ့ပါတယ်။
http://www.burmavjmedia.net/?p=3088

ရဲဘော်သုံးကျိပ်ဝင် တွေကို ရည်စူး ရေစက်ချပွဲ




၁၉၈၃ ခုနှစ် ကတည်းက စတင် ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ် မိသားစုဝင် သာရေး ၊ နာရေးအဖွဲ့ တည်ထောင်လာတာ ၂၈ နှစ်ပြည့် ဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင် တွေထဲမှာ ၂၈ ဦး
ကွယ်လွန်သွားပြီ ဖြစ်တဲ့အတွက် ကွယ်လွန် သွားကြပြီဖြစ်တဲ့ ရဲဘော် သုံးကျိပ်ဝင်တွေကို ရည်စူးပြီး ကျန်ရစ်သူ မိသားစုတွေက ရေစက်ချ အမျှဝေ လှူဒါန်းပွဲ အခမ်းအနားကို
ဒီဇင်ဘာလ ၂၆ ရက်နေ့က ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

http://www.burmavjmedia.net/?p=3033

ဘာသာပေါင်းစုံ ဘာသာရေး အဖွဲ့များ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့် လာရောက်၍ ဆုတောင်းပေးကြ

Burma VJ Media Network

ယနေ့နံက် ၁၀း၃၀ နာရီ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၃)နှစ်မြောက် နှစ်ပတ်လည် ဆွမ်းကျွေးတရားနာ ပြုလုပ်ခဲ့ပါတယ်


လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၂၇ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်၌ ဘာသာပေါင်းစုံ အဖွဲ့များမှ လာရောက်၍ ဆုတောင်းခြင်း ပြုလုပ်ခဲ့ကြပါသည်။ ၎င်းဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဘာသာပေါင်းစုံ အဖွဲ့များကို ဘာသာတွေ ၊ဘာသာစကားတွေအမျိုးမျိုး ပြောင်းသွားကြပေမယ့် နောက်ဆုံး ရည်ရွယ် ချက်ခြင်းအတူတူပါပဲ ငြိမ်းချမ်းခြင်း ၊ မင်္ဂလာရှိခြင်း ဒီသဘောတွေဟာ အားလုံး အတူတူ ဖြစ်တဲ့အတွက် ကျမတို့နိုင်ငံမှာ ညီညီညွှတ်ညွှတ် အေးအေးချမ်းချမ်းနဲ့ ပြည်သူတွေ အတွက် အကျိုးရှိမယ့် အခြေအနေမျိုး ဖြစ်ပေါ်လာပါ လိမ့်မယ်ဟု ပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံရဲ့စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း "စစ်ကြောရေး"(၃)


by Ye Min Tun on Tuesday, December 27, 2011 at 12:48am

ထိုအချိန်က တဆိတ်ရှိရင် ဖေါက်ခွဲရေးသမား ဆိုပြီး ပြည်တွင်းပြန်ဝင်တဲ့ ကျောင်းသားတွေကို စွပ်စွဲတယ်။ ကျနော်တို့ဟာ ပြည်သူအတွက် အသက်စွန့်ပြီး လက်နက်မဲ့ အကြမ်းမဖက် တော်လှန်သူခဲ့သူတွေပါ။ ကျနော်တို့တွေချစ်တဲ့ ပြည်သူတွေ အသက်တွေ သေကြေစေမယ့် ဖေါက်ခွဲရေး လုပ်ငန်းတွေကို လုပ်လိမ့်မယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလို ပြည်သူတွေကြားမှာ ဖေါက်ခွဲရေးလုပ်ဖို့ဆိုတာ သတ်ရဲတဲ့ သတ္တိရှိရပါ့မယ်။ မိဘဆွေမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေ နေ့စဉ်မြင်တွေ့နေရတဲ့ အပြစ်မဲ့လူတွေကို သတ်ရဲတဲ့ သတ္တိမျိုး ကျနော်တို့မှာ မရှိပါဘူး။

သေရဲတဲ့ သတ္တိတော့ ကျနော်တို့မှာ ရှိပါတယ်။
သေရဲတဲ့သတ္တိကို ကျနော်တို့ပြသခဲ့ပြီးပါပြီ။ ဆက်လက်ပြီးတော့လဲ ပြသနေတုန်းပါပဲ။
သေရဲတဲ့သတ္တိနှင့် တိုက်ပွဲဝင်နေကြသော အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား အားလုံးကို ရိုသေစွာ ဦးညွှတ်ပါသည်။
သေရဲတဲ့ သတ္တိနှင့် တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ ၀ိဥာဉ်ကို ရိုသေစွာ ဦးညွှတ်ပါသည်။



-------
"ဟေ့ကောင် မင်းဘယ်တုန်း စပြီးတော့ ဆူပူမှုတွေကို ပါဝင်ပတ်သက်ခဲ့တာလဲ"
"ရှစ်လေးလုံးတုန်းကပါ" ။  ဖြောင်းခနဲနေအောင် ပါးရိုက်ခံလိုက်ရတယ်။
ဘာကြောင့်ရိုက်လဲ မပြောဘူး။ ကျနော်အထင်တော့ ရှစ်လေးလုံးဆိုတဲ့ ဝေါဟာရ ကို သူတို့ နားဝင်ပီယံ ဖြစ်ပုံမရဘူး။

" မင်းတို့ ဘာရည်ရွယ်ချက်နှင့် တထောင့်ကိုးရာရှစ်ဆယ့်ရှစ်မှာ ဆူပူမူတွေ လုပ်တာလဲ" မေးတော့
"မဆလ အစိုးရကို မကြိုက်လို့ပါ"
"ဘာလို့ မကြိုက်တာလဲ"
 ကျနော်လည်း ဘယ်လိုဖြေရရင်ကောင်းမလဲတောင် မစဉ်းစားတတ်တော့ဘူး။ မေးခွန်းကိုက ရိုက်ချင်လို့ မေးနေတာလေ။

စိတ်ကိုတင်းပြီး........
"ပိုက်ဆံတွေ သိမ်းလိုက်တာနှင့် ကျောင်းသားတွေ သတ်တာကို မကြိုက်လို့ပါ" လို့ ကျနော်ဖြေချ လိုက်တယ်။
စိတ်ထဲမှာတော့ နောက်ပါးတချက်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် သူတို့က ဒီတခါတချက်တော့ မရိုက်ဘဲ ဆက်ပြောတယ်။


"အေး.. ကောင်းပြီ အခု တပ်မတော်က နိုင်ငံတော်အာဏာကို လွဲပြောင်းယူပြီး ဖြေရှင်းပေးနေပြီလေကွာ"
"မင်းတို့ ဘာကြောင့် အာခံနေသေးလဲ" ကျနော်တော့ နာပြီလို့ သိလိုက်ပါတယ်။ အကောင်းဆုံးအဖြေကို ကျနော်ရွေးလိုက်တယ်။
"........." ကျနော်မဖြေတော့ဘူး။
"ဟေ့ကောင် ဖြေလေကွာ"
" မင်း မဖြေဘူးလား"
"........" ကျနော်ငြိမ်နေတယ်။

ကျနော်တို့ တိတ်ဆိတ်သွားတယ်။ ကြောက်စရာကောင်းတဲ့ တိတ်ဆိတ်ခြင်းကြောင့် အချိန် တမိနစ်ဟာ တကမ္ဘာလောက်ကြာတယ်လို့ ခံစားရတယ်။ ကျနော့်ကို ထိုးထားတဲ့ မီးစလောင်းက ကျီး ဆိုပြီး မြည်နေတဲ့ အသံကလွဲလို့ တခြားဘာသံမှ မကြားရဘူး။
    ဒီ့နောက်တော့ သူတို့အပြင်ထွက်သွားကြတယ်။
ကျနော် တယောက်တည်းပဲ မီးမောင်းတွေ အပြင်းထိုးခံနေရရင်းနဲ့ ကျန်ခဲ့တယ်။ ခန္ဓာကိုယ် အတွင်းက အဖျားအပူရှိန်ရော၊ အပြင်က မီးထိုးခံထားရတဲ့ အပူရှိန်ကြောင့်ပါ ကျနော့်တကိုယ်လုံး ပူလောင်လာတယ်။ ရေကလည်း မခံမရပ်နိုင်အောင် ငတ်လာတယ်။ စူးရှတဲ့ မီးမောင်းဒဏ်ကို ခံနိုင်ဖို့ မျက်လုံးတွေကို ကြိုးစားပြီး ပိတ်ထားပေမယ့်လည်း ခဏပါပဲ။ ကျနော့် မျက်နှာ တခုလုံး ပူကျက်လာပြီး မီးမြှိုက်နေသလို ခံစားရတယ်။ မရတော့ဘူး။ ကျနော်ဘယ်လိုမှ မခံနိုင်တော့ဘူး။


.................." အား "....................
မခံနိုင်တော့တဲ့ အဆုံးမှာတော့ ခန္ဓာကိုယ်ထဲက ရှိရှိသမျှ အင်အားတွေကိုစုစည်း ညှစ်ထုတ်ပြီး အသားကုန်ကို အော်ပစ်လိုက်တယ်။
အဓိပ္ပာယ်မဲ့ အသံတွေ ကျနော့်ဆီက စူးရှကျယ်လောင်စွာ ထွက်သွားတယ်။ ကိုယ့်ကိုကိုယ်လည်း ဘာမှန်းမသိတော့ဘူး။
ကျနော် ဘယ်လောက်ကြာအောင် အော်နေမိမှန်း မသိတော့ပါဘူး။ အခြေအနေကတော့ ဘာမှထူးမလာခဲ့ဘူး။ နောက်ဆုံးမှာ အော်နိုင်တဲ့ အင်အားမရှိတော့လို့ ကျနော် အလိုလိုရပ်သွားတယ်။ မောဟိုက်ပြီး ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေချိန်မှာတော့ အခန်းထဲကို  ၀ုန်းဝုန်း ဒိုင်းဒိုင်းနဲ့ လူတယောက်ဝင်လာတယ်။


"ဟေ့ ဒီကောင်လေးကို ဘယ်သူ စစ်ကြောနေတာလဲ"
"ဘယ်မှာလဲ ဒီကောင်တွေ"
အာဏာရှိပုံရတဲ့ စောစောက ဝင်လာတဲ့ လူက မေးတယ်။ နောက်က လိုက်လာတဲ့ လူတွေအသံနဲ့အတူ ဖြေနေတာတွေကိုပါ ခပ်တိုးတိုး ကြားနေရတယ်။ ခဏကြာသွားတယ်။ နောက်တော့ အဲဒီလူကြီးက " မီးတွေ ပိတ်လိုက်စမ်းကွာ" တဲ့။


မီးတွေပိတ်လိုက်တော့ မီးကျီခဲကို ရေနဲ့လောင်းလိုက်သလိုပါပဲ။ ကျနော့် ခန္ဓာကိုယ်ထဲက  အငွေ့တွေထွက်နေသလိုမျိုး ခံစားလိုက်ရတယ်။
" ဟေ့ ကောင်လေး မင်းကို ငါပြောမယ် သေသေချာချာနားထောင် မင်းကို အခု ရေတိုက်မယ် ထမင်းကျွေးမယ် ဟုတ်ပြီလား" ကျနော် ကြိုးစားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
"အေး မင်းကို မသေစေချင်ဘူးကွာ ဟုတ်ပြီလား။ ငါ့သားတွေတောင် ဗိုလ်ကြီးတွေ၊ နိုင်ငံတော်ကို ကာကွယ်နေတာ"
" မင်းက ငါ့သားလောက်တောင် မရှိဘူး။ ငါသနားလို့ ဟုတ်ပြီလား"
"မင်း လုပ်ခဲ့သမျှကို မင်းထိုင်စဉ်းစား၊  မင်းကို စာရွက်နှင့် ဘောလ်ပန် ပေးမယ် မင်းအကုန်ရေး"
" မင်း ဘာလိုလဲ ရေချိုးမလား၊ မင်းလုပ်ချင်တာ အကုန်လုပ် မင်းရေးတာတော့ မှန်ကန်ပါစေ၊ အေး.... မင်း မမှန်မကန်ရေးရင်တော့ ငါလည်း မတတ်နိုင်ဘူး"
"မင်းဆီ ဟိုအဖွဲ့တွေ ပြန်လာလိမ့်မယ်"
" ကြားလား " လို့ကျနော်ကို ပြောပါတယ်။ ကျနော်လည်း
  "ဟုတ်ကဲ့" လို့ အသံထွက်အောင် ကြိုးစားပြီး ပြောလိုက်ပါတယ်။

ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း..... ကျနော် ရေသောက်ရတော့မယ်။
ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း..... ကျနော် ရေသောက်ရတော့မယ်။


သည့်နောက်မှာတော့ သတိဆွဲ အလေးပြုသံ၊ ခြေထောက်ရိုက်သံတွေ ကျနော့် ပတ်ဝန်းကျင်မှာ ထွက်လာသည်။ ထိုလူကြီး ထွက်သွားပုံရသည် တံခါးပိတ်သွားတာနဲ့
အခန်းထဲက လူတွေ တီးတိုးတီတိုး စကားပြောသံတွေကြားရပြန်ရော။ အခန်းတံခါးကို သော့မခတ်ထားလို့ တယောက်နှင့် တယောက် အပြစ်တင်နေတာတွေလည်း ကြားရတယ်။  ကျနော့်ကို စာရေးဖို့ ပြောသွားတဲ့ လူကြီးကို မကျေမနပ်ဖြစ်နေကြပုံရတယ်။

 ရုတ်ချည်းဆိုသလိုပဲ ကျနော့် ခေါင်းတွေ မူးတက်လာတယ်။  စိတ်လှုပ်ရှားသွားတဲ့ ဒဏ်ကို မခံနိုင်လို့ဖြစ်မယ်။ သူတို့က
ကျနော့်ကို ထိုင်ခုံနဲ့ လက်ထိပ်ကို ဖြုတ်ပြီးဆွဲထူလိုက်တော့  ကျနော် ပုံရက်သား ခွေကျသွားတော့တယ်။ ကြိုးစားပြီး ပြန်အထမှာတော့ အနောက်ကနေ

"မအေ+ိုးလေး စောက်ပိုလုပ်မနေနဲ့ ငါရိုက်သတ်လိုက်ဦးမယ် ဂြိုလ်ကောင်" လို့ပြောပြောဆိုဆိုနဲ့ ကန်ထည့်လိုက်တယ်။
ကျနော် ဝုန်းကနဲဆိုပြီး အရုပ်ကြိုးပြတ် ပြိုလဲကျသွားတယ်။ ကျနော်တကယ်ပဲ မရပ်နိုင်တာပါ။ ရပ်ဖို့ ကြိုးစားလိုက်တိုင်း ခြေထောက်တွေက တဆတ်ဆတ် တုန်နေတယ်။ တကယ် မဟန်နိုင်တဲ့အကြောင်းကို ရှင်းပြဖို့ အသံလည်း မထွက်တော့ပါဘူး။

ကျနော့်ကို ခေါင်းစွပ်ပြန်စွပ်ပြီး အကျီချွတ်လိုက်တယ်။ နောက် ပုဆိုးပါ ဆွဲချွတ်လိုက်တယ်။ လက်ထိပ်လည်း နောက်ပြန်ခတ်လိုက်တယ်။

ပြီးတော့ တယောက်တဖက်ဆီမပြီး ဆွဲခေါ်သွားတယ်။ ဘယ်ကိုလဲ။ ဘာလုပ်ကြဦးမှာလဲ။ ကျနော် စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ရောပြွန်းပြီး အရမ်းကို ဝမ်းနည်းသောက ရောက်ရပါတယ်။ စဉ်းစားကြည့်လေ။ အခုဆို ကျနော့ကိုယ်မှာ ဗလာကျင်းနေပြီ။ လူတွေကြားထဲ ခေါ်ထုတ်သွားမှာလား၊ တကိုယ်လုံးချွတ်ပြီး ဘာလုပ်မှာလဲ......

ထိုအခိုက်မှာ ရုတ်တရက်ဆိုသလိုပဲ လတ်ဆတ်တဲ့ ပြင်ပလေထုက ကျနော့်ခေါင်းစွပ် ညှီစို့စို့ ကို တိုးဝှေ့ပြီးဝင်လာတယ်။  တောင်တောင်အီအီ စဉ်းစားမနေတော့ဘဲ လေရှူဖို့ အခွင့်အရေးရခိုက် ခေါင်းစွပ်ထဲကနေပဲ ပြင်ပလေကို အငမ်းမရ ရှူပစ်လိုက်တယ်။ ဒီလိုနဲ့ သူတို့ဆွဲခေါ်ရာကို ဒရွတ်ဆွဲပြီး ပါသွားတယ်။ ခဏကြာတော့ ကျနော့်ကို နေရာတခုမှာ ထိုင်ခိုင်းတယ်။ ကြမ်းကစိုစွတ်ပြီး ချောနေတယ်။ ပတ်ဝန်းကျင်မှာ ရေရှိတဲ့ အနေအထားမျိုး အေးမြမြ ခံစားရလိုက်ရတယ်။ ကျနော် အကြီးအကျယ် တုန်လှုပ်သွားတယ်။  မမြင်နိုင်မှန်း သိပေမယ့် ခေါင်းစွပ်ထဲကနေ မျက်လုံးကို အစွမ်းကုန် ပြူးကြည့်မိတယ်။ ကြောက်စိတ်ကြောင့် ရင်တွေကို တဒိန်းဒိန်း ခုန်လာတယ်။ ဘုရား ဘုရား....ရေတွေရှိရာကို ခေါ်လာတာပဲ။ ရေတွေ......ရေတွေ......ဘာလုပ်မလို့ပါလိမ့်။
သူတို့ ကျနော့်ကို ဘာများ လုပ်ကြဦးမလို့ပါလိမ့်။

ထိုအချိန်မှာပဲ........

" ဟေ့ကောင် ခေါင်းငုံထား မော့မကြည့်နှင့် ဘေးဘယ်ညာမကြည့်နဲ့"
"ဘာမှလုပ်ဖို့ မကြိုးစားနဲ့။  ပစ်သတ်လိုက်မယ် ကြားလား" လို့ ငေါက်သံနဲ့အတူ  သေနတ်မောင်းတင်တဲ့ အသံကိုပါကြားလိုက်ရပါတယ်။
ပြီးတော့ ကျနော့် ခေါင်းစွပ်ကို ဆွဲချွတ်လိုက်သည်။ အေးမြလတ်ဆတ်တဲ့ သဘာဝလေနုအေးက ကျနော့်မျက်နှာကို ညင်သာစွာ ပွတ်သတ်လိုက်သလိုပါပဲ။ ဘ၀မှာ မကြုံစဖူး ကောင်းလိုက်တဲ့ လေနုအေးရဲ့ အထိအတွေ့။
ဒါတောင် သူတို့ပြောသလို ခေါင်းငုံထားရလို့ပေါ့နော်။ မျက်နှာကို မော့ပြီးသား အားရပါးရ ခံစားလိုက်ရရင်.................

ဒါပေမယ့် လက်တွေ့မှာတော့ သူတို့ပြောတဲ့ အတိုင်း ခေါင်းကို ငုံ့ထားပါတယ် ။ ဘေးဘီကို ကြည့်ဖို့လည်း ကျနော် မကြိုးစားဘူး။ ရေပုံးနဲ့ ရေခပ်လိုက်သံကြားလိုက်ရတယ်။ ပြီးတော့ ကျနော့်ကိုယ်ပေါ်ကို ရေတွေ ဗွမ်းကနဲ ကျလာတယ်။  တဗွမ်းဗွမ်းနဲ့ သုံးလေးပုံး ဆက်တိုက်ကျလာတယ်။ ကျနော်ဝမ်းသာလိုက်တာ။ တကိုယ်လုံးကို လန်းသွားတာပဲ။  လောင်းတဲ့သူကလည်း ဆက်တိုက် လောင်းနေတယ်။ ကျနော်ချမ်းတက်လာတဲ့အထိ ဆက်လောင်းနေတယ်။

ထိုအခိုက်မှာပဲ "ဘာလုပ်တာလဲ " လို့တယောက်က လှမ်းအော်မေးသံ  ကြားရတယ်။ ကျနော့်ကို ရေလောင်းနေတဲ့ လူက အဘဆိုလား အဘကြီးဆိုလား ခိုင်းတာလို့ ပြန်ဖြေတာသံပါ ကြားလိုက်ရတယ်။ မေးတဲ့ လူကဆဲဆိုပြီး ထွက်သွားတယ်။ ပြီးတော့ ကျနော်ကို ခေါင်းစွပ်ပြန်စွပ်ပြီး အထဲကို  ပြန်ခေါ်သွင်းလာတယ်။ အခန်းထဲရောက်တော့ ကျနော့်ကို စောစောကချွတ်ထားတဲ့ ပုဆိုးနဲ့ အကျီ င်္ကို ပြန်ဝတ်ပေးပြီး ခုံမှာထိုင်ခိုင်းတယ်။  လက်တဖက်ကိုတော့ ထိုင်ခုံနဲ့တွဲပြီး လက်ထိပ်ခတ်လိုက်တယ်။

ကျနော့်ရှေ့က စားပွဲပေါ်မှာတော့ စစ်စိမ်းရောင် သံပန်းကန်ပြားတချပ်ထဲမှာ ချဉ်ဟင်းဆမ်းထားတဲ့ ထမင်းကို ဘဲဥတလုံး။ ထို့အပြင် ဝမ်းသာစရာ အကောင်းဆုံး မြင်ကွင်းကတော့ အတူ စစ်မက်ခွက်နဲ့ ထည့်ထားတဲ့  ရေတခွက်ပါ။  ကျနော် ဝမ်းသာအားရနဲ့  ရေကိုအရင်ဆုံး ကောက်သောက်လိုက်ပါတယ်။ ရေဟာ ခြောက်သွေ့အက်ကွဲနေတဲ့ လည်ချောင်းတလျှောက်ကို အက်စစ်စီးကြောင်းလို ဖြတ်ဆင်းသွားတယ်။ လည်ချောင်းတွေ ဆူးပြီး ရှလိုက်တဲ့ ဒဏ်ဟာ နားထဲအထိကို ထိုးတက်သွားပြီး မချိမဆန့်ခံလိုက်ရတယ်။ " အား ".. ဆိုပြီး ကျနော်အသံတောင် ထွက်သွားတယ်။

ဘေးကတယောက်က သနားတဲ့ ဂရုဏာသံနှင့်  "ကောင်လေး ဖြေးဖြေး သောက် လည်ချောင်းစိုရုံလောက် သောက်" လို့ ပြောတယ်။ နားကြားများ လွဲသွားသလားလို့တောင် ထင်ရတယ်။ အရိုင်းတွေကြားက ဂရုဏာသံတခု။  ကျနော်က အသံလာရာဖက်ကိုလှည့်ကြည့် မလိုဖြစ်သွားတော့ "ဟိတ် ကောင် မင်းသေချင်လား မင်းကိုကျွေးတာကို မြန်မြန်မျိုကွ" ဆိုတဲ့ ရိုက်နှက်နေတုန်းက ကြားနေကျ အသံတခုထွက်လာတယ်။ ကျနော်လည်း အရှေ့က ထမင်းပန်ကန်ကို လက်ထိပ်ဖွင့်ထားတဲ့ လက်နဲ့ လှမ်းနှိုက်လိုက်တယ်။ ထမင်းလုပ်ကို ဆုပ်ထားတဲ့ ကျနော့် လက်တွေ တုန်နေတယ်။ ထမင်းလုပ်ကို ပါးစပ်ထဲရောက်အောင် မနည်းကြိုးစားသွင်းပြီးသွင်းလို
က်တယ်။ အမလေး ဆိုးလိုက်တဲ့ ဝေဒနာ။  သံမှိုအထွေးလိုက် မြိုချလိုက်သလိုမျိုး နာကျင်ဆူးရှစွာ လည်ချောင်းထဲကို ဆင်းသွားတဲ့ ခံစားမှုကို ရလိုက်တယ်။ မျက်လုံးကိုမှိတ်၊ စိတ်ကိုတင်းပြီး နောက်တလုပ် ထပ်ထည့်၊ နောက် တလုပ် ထပ်ထည့်နဲ့ တဖြည်းဖြည်း ကျနော့်ဗိုက်တွေ ဆာလာပြီး အရမ်းစားချင်စိတ်တွေ ဖြစ်လာတယ်။

အဲဒီအချိန်မှာ တံခါးက" ၀ုန်း "ဆိုပွင့် လာပြီး "ဟာ" ဆိုတဲ့ အသံနက်ကြီးနဲ့ ကျနော့်ထမင်းပန်ကန်ရှိတဲ့ စားပွဲကို ကန်ပစ်လိုက်တယ်။ ထမင်းပန်ကန်တွေက လွင့်ပျံကျပြီး ကျနော့ရှေ့က စားပွဲလည်း ဘေးကိုရောက်သွားတယ်။ ထိုလူက ကျနော့်ကို ဆက်ကန်လိုက်တယ်။ ကံကောင်းလို့ ရင်ဝကို မထိပဲ ဗိုက်ကို ထိပြီး ကျနော်နဲ့တွဲပြီး လက်ထိပ်ခတ်ထားတဲ့ ခုံက ဘေးတိုက် လဲပြိုကျသွားတယ်။
"ဘယ်မအေ+ိုးက ကျွေးတာလဲ ဘယ်ကောင်လဲ မင်းတို့ ဘယ်သူအမိန့်ရလဲ"
" ဒါငါ့ကေ့စ် ငါ့စိုစ့်ကွ ငါ့တာဝန် ဘယ်ကောင်ရှုပ်တာလဲ ငါ+ိုးမသားတွေ"
"ငါက +++လှမ်း ကို ရီပို့တင်ရတော့မှာ အချိန်မရှိတော့ဘူး ဘယ်ကောင် ဆရာလုပ်တာလဲ"
(ကျနော်မမှတ်မိတော့ဘူး သူပြောတာ ကကလှမ်း ဆိုလား ဘာလား မသေချာဘူး)

ပြောဆိုကြိမ်းမောင်းရင်း ဘေးစောင်းခုံနဲ့အတူ လဲကျနေတဲ့ ကျနော့်ကို ထပ်ကန်ပါတယ်။ ခေါင်းကိုထိပြီး ကျနော်ခေါင်းထဲ မိုက်ခနဲဖြစ်ပြီး မူးနောက်တက်သွားတယ်။

ကျနော့်ကို ခုံနဲ့အတူ ပြန်ထောင်လိုက်တယ်။ ခုံနှင့်တွဲထားတဲ့ လက်တဖက်က လက်ကောက်ဝတ်ကနေ ပြုတ်ထွက်သွားပြီလားလို့တောင် ထင်လိုက်ရသည်။ ပြီးတော့ ကျနော့ဝမ်းဗိုက်ကို ဆက်တိုက်ထိုး လေးငါးချက်လောက် ထိုးသွင်းလိုက်တာ ကျနော်ကြိုးစားပြီး စားထားသမျှ ရေနဲ့ ထမင်းစေ့တွေ ပြန်အံထွက်လာတယ်။ အွန့်  အွန့် ဆိုပြီး ကျနော့် တကိုယ်လုံး တုန်ခါနေပြီး အသက်ဆက်ရှုလို့ မရတော့ဘူး။  ဘေးကနေ တယောက်က  ကျနော့် ဂုတ်ပိုးကို ဖုန်းဖုန်း နှင့် ရိုက်ပေးတော့မှ အသက်ပြန်ရူလို့ရသွားတယ်။

"သေပေ့စေ ထားလိုက် သေသွားရင် မင်းတို့ ဒီဖိုင်ကို မင်းတို့ဆက်ရေး ငါ++မသားတွေ"
" သွားထွက်သွားကြစမ်း ငါ+++++ " အဲဒီလူအတော်သောင်းကျန်းတာ။ ကျန်တဲ့ လူတွေကလဲ တလုံးမှ မရှင်းပြဘူး။ ဘာမှမပြောဘူး ကြောက်လိုက်ကြတာ ငြိမ်နေတာပဲ။ တံခါးပြန်ပိတ်သွားတော့ အဲဒီလူက စားပွဲကို တကျီကျီ မြည်အောင် ပြန်ဆွဲလိုက်ပြီး အောက်က ထမင်းပန်ကန်နှင့် ရေခွက်တွေကို သူအားရပါးရ ဂလုံဂလန်မြည်သံတွေ ဆူညံသွားအောင် ကန်လိုက်တယ်။ ခွက်က ကလောင်လောင်နှင့် လည်နေတဲ့ အသံတောင် ကြားရသည်။

သူက ကျနော်ရှေ့ကို ရောက်နေတဲ့ စားပွဲစောင်းမှာ ထိုင်ပြီး ကျနော့်ဆံပင်ဆွဲပြီး ပြောလိုက်တယ်။

"ဟေ့ကောင် မင်း well-train ဆိုတာ ငါသိတယ် မင်းကို ဘယ်သူသင်ပေးလဲ ငါသိတယ်"
"ငါ့ကို ဘာမှ မူယာမာယာတွေ များဖို့ မကြိုးစားနဲ့"
" မင်းတို့ ဘယ်မှာ ဖေါက်ခွဲမှာလဲ နောက်ထပ် ဘယ်သူတွေ ကျန်သေးလဲ ငါ့ကို ပြော" သူက အံကြိတ်ပြီး ကျနော့်ကို လေးလေးနက်နက် ပြောလိုက်တယ်။ ကျနော် အတော်ကြောက်သွားတယ်။
" ဗျာ... ကျနော် ကျနော် ဘာကိုမှ ဖေါက်ခွဲဖို့ လာတာမဟုတ်ပါဘူး ဗျာ"
"ကျနော် အကြမ်းမဖက်တဲ့လိုင်းကပါ" လို့ တုန်တုန်ရီရီနှင့် ပြောလိုက်တော့ ကျနော့် ပါးကို ဖြောင်းဖြောင်းနေအောင် ဘယ်ပြန်ညာပြန်ရိုက် လိုက်တယ်။ ပြီးတော့ သူထလိုက်ပြီး သူထိုင်တဲ့ စားပွဲကို ကန်တွန်းလိုက်သည်။

"မင်းအေးဆေးဆေး ပြောလိုက်ရင် မင်းကို ငါအစိုးရသက်သေ အဖြစ်ထားပေးမယ်"
"မင်းဘ၀အေးအေးဆေးဆေး မင်းအိမ်ပြန် မင်းအဖေနဲ့ နေလို့ရမယ် ပုံမှန်ပေါ့ကွာ"
"မင်းကို နိုင်ငံတော်က ထောက်ပံ့ကူညီမယ် မင်းဘာမှမပူရဘူး အကုန်စီစဉ်ပေးမယ်"
"ဘယ်လိုလဲကွ ကောင်လေး မင်းပြောလိုက် အကုန်အေးအေးဆေးဆေး ပြီးသွားမယ်"
"မင်းလဲ အသားမနာတော့ဘူး မသေတော့ဘူး ဘယ်လိုလဲ ပြောပြမလား"လို့ ကျနော့ကို သူမေးလိုက်တယ်။

"ဗျာ.. တကယ်ကို ကျနော်ဘာမှ မသိပါဘူး။ ကျနော် ဘာသင်တန်းမှလဲ မတက်ဖူးတာ အမှန်ပါ"
သူဒေါသတကြီး ကျနော့် ခြေထောက်ကို ပစ်ကန်လိုက်သည်။ ပြီးတော့ လှမ်းအော်လိုက်တယ်။
" အပြင်က ဟိုကောင်တွေ စက်ယူလာခဲ့ ကြိုးအပိုပါဆွဲလာ"
" မင်းက ငါ့ကို စမ်းတယ် ဟုတ်လား မအေ+++လေး"
သူပြောနေရင်း ဆေးလိပ်ထုတ်သောက်လိုက်သည်။

"မင်းစဉ်းစား စဉ်းစား ငါ့ဆေးလိပ်ကုန်ရင် မင်းအချိန်စေ့ပြီ" သူသောက်နေချိန်မှာပဲ လူသုံးယောက်လောက် ၀င်လာသည်။ စားပွဲကို ဆွဲလိုက်သည်။ စားပွဲပေါ်မှာ တစုံတခုကို တင်လိုက်တယ်။ ပြီးတော့ ကလိနေတယ်။ ခဏနေတော့ လှည့်လိုက်ရင် " ဝေါ " ဆိုပြီး ဒိုင်နမို အရာမျိုး လေးလေးပင်ပင် လည်သံလိုတခု ကြားလိုက်တော့ ကျနော်ထင်လိုက်တယ်။ ငါ့ကို ကျဉ်စက်ဆိုတာနဲ့ စစ်ပြီလို့။
သူပြောတာတွေ ဖြေရအောင် ကျနော်မှ ဘာသင်တန်းမှ မတက်ဖူးသလို၊ ဘယ်နေရာမှလဲ ဖေါက်ခွဲဖို့  တိုင်ပင်ဖိုနေနေသာသာ မစဉ်းစားဖူးပါဘူး။ ဘာတွေပြောရမှာလဲ ကျနော် ကိုယ်တိုင်တောင် မသိဘူး။ ကျနော်ရင်ထဲပြီး ဆို့နင့်လာတယ်။ သေနတ်တွေပစ်နေတဲ့ အချိန်မှာ လမ်းမပေါ်ကို ကျနော် တက်ရဲခဲ့ပေမယ့်၊ အခုလို နှိပ်စက်နေတာမျိုးတော့ မခံနိုင်ဘူး။ ဒါပေမယ့်လည်း မခံချင်လို့မှမရတာ။ ဘုရားတရားသာ အာရုံပြုထားလိုက်တော့တယ်။
(ဆက်ရေးပါမည်)

( ကျနော့်တို့ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့တဲ့ သနက(၄)တပ်လဲ နောက်တော့ ဂိုဏ်းတွေကွဲတဲ့အခါ အာဏာရှင်ဗိုလ်ချုပ်တွေ ကိုယ်တိုင်က တပ်အစိတ်စိတ် အမွှာမွှာခွဲ ပစ်လိုက်တာပါပဲ။ တချိန်က ကျောင်းသားလူငယ်တွေကို နှိပ်စက်ပြီး ရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အဖြစ်ပြောဆိုခဲ့တဲ့သူတွေ နိုင်ငံတော်သစ္စာစောင့်သိသူတွေ အဖြစ်ရင်ကော့ခဲ့ကြသူတွေ သနက(၄)မှ စစ်ထောက်လှမ်းအရာရှိတွေ အခုတော့ လူကြီးမင်းတို့ စောင့်သိခဲ့သော သစ္စာတွေ သတ္တိတွေ ရက်စက်မှုတွေ လက်မရွံ့မှုတွေက နိုင်ငံတော်အတွက်လား လက်တဆုပ်စာ လူတန်းစားအတွက်လား ဆိုတာကို သိနေလောက်ပြီလို့ ထင်ပါတယ်။)

ခင်မင်လေးစားလျက်
ရဲမင်းထွန်း

ပန်းချီလက်ရာကို အသုံးပြုခွင့်ပေးတဲ့အကိုကြီးထိန်လင်း(ပန်းချီထိန်လင်း) ကျေးဇူးတင်ရှိပါသည်။ သတ်ပုံအမှားများကို ပြုပြင်ပေးတဲ့ မအေးနန္ဒာအောင်(လမ်းပြကြယ်-ဂျပန်)ကို ကျေးဇူးတင်ရှိပါသည်။

မလေး၊ ထိုင်းသို့ လူပို့သူ မှောင်ခိုသမား ၃၆ ဦးကို ဖမ်းဆီးရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ အမိန့်ထုတ်




News Date:12/26/2011

ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနမှ မလေးနှင့် ထိုင်းသို့ လူမှောင်ခိုပို့သူများဟု သံသယ ဖြစ်ခံရသူ ၃၆ ဦးကို ဖမ်းဆီးရန် ယမန်နေ့က အမိန့်ထုတ်လိုက်သည်။



St.-Martin-Island-Teknaf မလေးသို့ သွားလိုသူများကို အဓိက တင်ပို့ရာ နတ်မြစ်ဝရှိ အုန်းကျွန်း
အဆိုပါ လူပုဂ္ဂိုလ် ၃၆ ဦးမှာ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာနိုင်ငံမှ မလေးသို့ သွားလိုသူများကို ငွေကြေး ယူဆောင်ပြီး မော်တော်ဘုတ်များဖြင့် ပို့ဆောင်နေသူများ ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနမှ ယခုကဲ့သို့ ဖမ်းဆီးရန် အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေး အဖွဲ့မှ အဆိုပါ ပုဂ္ဂိုလ်များ၏ အမည် စာရင်းကို အစိုးရ ၀န်ကြီး အဖွဲ့သို့ တင်ပြပြီးနောက် ထိုကဲ့သို့ ဖမ်းဆီးရန် အမိန့်ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူတို့ ၃၆ ဦးထဲမှ ၂၄ ဦးမှာ ဘင်္ဂလားဒေခ်ျ့ ပင်လယ်ကမ်းခြေ ဒေသများမှ တဆင့် မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ပို့ဆောင်နေသည်မှာ အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အကြား အချိန် ကြာမြှင့် နေပြီ ဖြစ်ကြောင်းနှင့် ၂ ဦးမှာ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။ ထိုအထဲမှ ၁၀ ဦးမှာ မော်တော် ဘုတ်ပိုင်ရှင်များ ဖြစ်ကြသည်။

ယခု ဖမ်းဆီးရန် အမိန့်ထုတ်ခံရသူ အများစုမှာ မြန်မာနှင့် နယ်စပ်ချင်း ကပ်နေသော ကော့စ်ဘဇားခရိုင် တက်ကနက် မြို့နယ်မှ ဖြစ်ကြသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့မှ တဆင့် စက်လှေများဖြင့် မလေးရှားသို့ အလုပ်ရှာဖွေရန် သွားရောက်စဉ် လှေနစ်ပြီး သေဆုံးမူများ ရှိလာသဖြင့် ဘင်္ဂလာ အစိုးရက အဆိုပါ ကိစ္စအပေါ် အာရုံ စူးစိုက်လာခဲ့သည်။

ဒီိဇင်္ဘာလ ၂၅ ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့မှ မလေးရှားသို့ သွားရောက်မည့် လူ ၂၃ ဦးကို ဖမ်းဆီးခဲ့ရာ ၁၃ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဖြစ်ပြီး ၁၀ ဦးမှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း The Independent သတင်းစာက ဖေါ်ပြသည်။

အလားတူ ဒီဇင်္ဘာလ ၂၄ ရက်နေ့ကလည်း မလေးကို သွားမည့် စက်လှေ တစ်စီးမှ လူပေါင်း ၂၃ ဦးကို ဖမ်းဆီးရာ ၁၈ ဦးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ ဖြစ်ကြသည်ဟု အဆိုပါ သတင်းစာက ရေးသား ဖေါ်ပြသည်။ 

 http://www.narinjara.com/detailsbur.asp?id=3680

ရခိုင်ပြည်နယ် အစိုးရ အိန္ဒိယ ကုမ္ပဏီအပေါ် သြဇာ မညောင်း


News Date:12/26/2011
စစ်တွေမြို့တွင် ဆိပ်ကမ်းသစ် တည်ဆောက်နေသော အိန္ဒိယ ကုမ္ပဏီ ESSAR အပေါ် ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် သြဇာ မညောင်း ဖြစ်နေသဖြင့် အခက်ကြုံလျှက် ရှိနေကြောင်း သတင်းများ ရရှိသည်။


Sittwe-seaport-work-in-progess
" ရခိုင်ပြည်နယ် အစိုးရဆိုတာက ရုပ်သေး အစိုးရ တစ်ရပ်သာ ဖြစ်ပါတယ်။ ဘာမှ အာဏာ မရှိပါဘူး။ အခု အိန္ဒိယ ကုလားတွေက စာချုပ်ပါ အချက်အလက်တွေကို ချိုးဖေါက်ပြီး သဲတွေကို လော်ရီကားကြီးတွေနဲ့ စစ်တွေ ပွိုင့်ကမ်းခြေကနေ ဆိပ်ကမ်းတည်ဆောက်ရာ ယူနေတဲ့ အတွက် စစ်တွေ လူထု အကြီးအကျယ် ဒုက္ခရောက်နေပေမယ့် ရခိုင်ပြည်နယ် အစိုးရက ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်" ဟု စစ်တွေ ကမ်နားလမ်းမှ ဦးသာကျော်က ပြောသည်။

အိန္ဒိယ Essar ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်တွင် စစ်တွေ ဆိပ်ကမ်းတည် ဆောက်ရာတွင် လိုအပ်သော သဲများကို ကုလားတန်မြစ်အတွင်းမှ တူးယူရန်ဟု ပါရှိသော်လည်း ကုလားတန်မြစ်အတွင်းက သဲများကို မတူးယူဘဲ စစ်တွေ ဟိုတည် အနီးရှိ ပွိုင့်ကမ်းခြေမှ သဲများကိုသာ နေ့စဉ် တူးယူပြီး ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် သယ်ယူနေသည်ဟု သိရသည်။

" ကုလားတန် မြစ်အတွင်းက သဲတွေကို တူးယူပြီး ဆိပ်ကမ်း တည်ဆောက်နေတဲ့ နေရာကို ဖို့ရင် ငွေကုန်ကျများတယ်။ ပွိုင့်ကမ်းခြေက သဲကို ယူရင် ကားတစီးကို ကျပ် ၂၅၀၀ လောက်နဲ့ ရတယ်ဆိုတော့ အိန္ဒိယက ကန်ထရိုက်တာတွေ လူပါးဝပြီး စာချုပ်ပါ သဘောတူညီမူကို ချိုးဖေါက်ပြီး ပွိုင့်ကမ်းခြေက သဲတွေကို ယူနေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ ပွိုင့်ကမ်းခြေမှ သဲများကို လော်ရီကား အစီး (၁၀၀) ခန့်ဖြင့် ညလုံးပေါက် သယ်ယူနေသဖြင့် လော်ရီကားများ ဖြတ်သန်းရာ ရပ်ကွက်များ အတွင်း လူများမှာ ညစဉ် ညတိုင်း အိပ်မရဘဲ ဖြစ်နေသလို သဲများ သယ်ယူရာတွင်လည်း ကားပေါ်မှ သဲများ လွှင့်စင် ကျလာသဖြင့် စစ်တွေမြို့ တစ်ခုလုံးကို သဲများဖြင့် ဖုံးလွှမ်းပြီး ညစ်ပတ်နေကြောင်း စစ်တွေ မြို့ခံများက ပြောသည်။

" အခု စစ်တွေ တမြို့လုံးကို သဲတွေ ဖုံးလွှမ်းနေတဲ့ အတွက် သဲမြို့တော်လို့တောင် ခေါ်ရတော့မယ် ထင်ပါတယ်။ သဲတွေက ခုလို တမြို့လုံးကို လွှင့်နေတဲ့ အတွက် လူတွေရဲ့ ကျန်းမာရေးကိုလည်း အထူး ထိခိုက်နေပါတယ်။ ဒါကြောင့် ဒီလို သဲတွေကို စည်းမဲ့ကမ်းမဲ့ သယ်ယူနေတာကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို စစ်တွေ လူထုက တောင်းဆိုကြတယ်။ တောင်းဆိုစဉ် ခဏ ရပ်သွားတယ်။ နောက်ပြန်ပြီး သယ်ယူနေတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခုတည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်းမှာ စစ်တွေ ဆေးရုံကြီးရှိ မျက်စိ လူနာဆောင်နှင့် လမ်းတစ်လမ်းသာ ခြားသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လွှင့်လာသော သဲများကြောင့် လူနာများကို အထူး ထိခိုက်နေသည်ဟု သိရသည်။

“ မျက်စိဆောင်က ဆိပ်ကမ်းတည်ဆောက်နေတာနဲ့ တလမ်းဘဲ ခြားပါတယ်။ သဲတွေ လွှင့်လာတဲ့ အတွက် မျက်စိ လူနာတွေအတွက် ထိခိုက်မူတွေ ရှိနေသလို တညလုံး လုပ်ငန်းခွင်က ဆူညံနေတာကြောင့် ဆေးရုံကြီးကိုပါ ထိခိုက်နေတယ်။ ရခိုင်ပြည်နယ် အစိုးရကို အခုလို လူထုတွေကို ထိခိုက်နေတဲ့ အတွက် သဲတွေ သယ်ယူတာကို ရပ်နားဖို့ တောင်းဆိုပေမယ့် မရဘဲ ဖြစ်နေတယ်။ လူတွေက တောင်းဆိုရင် ခဏ ရပ်ထားတယ်။ လူတွေ တောင်းဆိုတာက အသံစဲသွားရင် ဆက်ပြီး သဲတွေကို သယ်ယူနေကြတယ်။ ရခိုင်ပြည်နယ် အစိုးရမှာ အိန္ဒိယ ကုမ္ပဏီက ခုလို လုပ်နေတာနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် မရှိဘူးလို့ ယူဆလို့ ရပါတယ်" ဟု ဦးအောင်မြကျော်က ဆက်ပြောသည်။

စစ်တွေမြို့မှာ ရေပတ်လည် ၀ိုင်းရံလျှက်ရှိသော ကျွန်းပေါ်တွင် တည်ရှိသဖြင့် ပွိုင့်ကမ်းခြေမှ သဲများကို တူးယူနေခြင်းမှာ မြို့အတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများက ပြောသည်။

လက်ရှိ အိန္ဒိယနှင့် မြန်မာ အစိုးရ အကြား အကောင်အထည် ဖေါ် ဆောင်ရွက်နေသော ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ အကျိုးရှိမှ ရှိပါ့မလာဟု မေးခွန်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါ စီမံကိန်းတွင် ပါဝင်သော စစ်တွေ ဆိပ်ကမ်းသစ် တည်ဆောက်နေခြင်းကြောင့် စစ်တွေ လူထုကို ထိခိုက်မူများ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း သိရသည်။ 

http://www.narinjara.com/detailsbur.asp?id=3682

ငမိုးရိပ် ချောင်းဘေး နေသူများ နေရာသစ် မှာ အဆင် မပြေ မှု တွေ နဲ့  ကြုံရ

by FNG on December 27, 2011
ရန်ကုန် တိုင်း တောင်ဥက္က လာပ မြို့နယ် ၁၅ ရပ်ကွက် ငမိုးရိပ် ချောင်းဘေး တစ်လျှောက် တွင်
နေ ထိုင်သူများ ကို ကျူးကျော် အဖြစ် သတ် မှတ်ကာ တောင်ဒဂုံ အမှတ် ၁၄၀ ရပ်ကွက် ရှိ အ
သင့် ဆောက် ပြီး တန်းလျား များ သို့  ပြောင်း ရွှေ့ ခိုင်း ရာတွင် နေရာသစ် ရှိ အိမ်ခန်း များ မှာ
ကျဉ်း မြောင်း လွန်း ပြီး မိသား စု တစ်စု နေ ထိုင် ရန် ပင် အခက် အခဲ ရှိ နေသည် ဟု အဓမ္မပြောင်း
ရွှေ့ ခံ ရ မှု တွင် ပါဝင် သည့် မိသား စု ၀င် တစ်ဦး က FNG သို့  ပြောသည်။

ဘိလပ်မြေ စက်ရုံ သစ် တည် ဆောက်မှု တွင် မော်တော် ကား ကြီးများ ၀င်ထွက် ရာ တွင် မလွတ်
သည့် ချောင်းကမ်းဘေး နေသူ များ ကို ပြောင်း ရွှေ့ ခိုင်းမှု ကို တောင် ဥက္ကက လာ ပ မြို နယ်စည်
ပင် အုပ် ချုပ် ရေး မှုး ရုံးက ယခု လဆန်း မှ စတင် ပြီး ပြောင်း ရွှေ့  ရန် လာရောက် အမိန့် ပေး ခဲ့
သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မှ စတင် ပြီး ပြောင်း ရွှေ့ မှု တွင် လူဦးရေ ၈၀၀ ကျော် ရှိ ပြီး အိမ်ထောင်စု
၂၀၀ ကျော် ရှိသည်။

ပြောင်း ရွှေ့ ခံရ သူများ မှာ ယခင် က ချောင်း အတွင်း ၊ တံမြက်စည်း လုပ်ခြင်း ၊ တံငါ လုပ်ငန်းဖြင့်
အသက် မွေး ခြင်း ၊အနီးအပါး ရှိ ရပ် ကွက် များ တွင် သရေစာ စသည့် မုန့်  များ လှည့် လည်ရောင်း
ချခြင်း တို့  ဖြင့် အသက်မွေး ၀မ်းကျောင်း ကြ သော် လည်း ယခု စားဝတ် နေရေး အတွက် အခက်
အခဲ ဖြစ် ကြ ရသည်။

ကျောင်း နေအရွယ် ကလေး ငယ် များ အတွက် ရွှေ့ ပြောင်း ခံ ရ သည့် နေရာ သစ် တွင် စာသင်
ကျောင်း မရှိ မှု ကြောင့် ဆက်လက် ပညာ သင်ကြား နိုင် ရန် လည်း ခက် ခဲ နေသည်။

ရန်ကုန် မြို့ တော် စည် ပင်က ပြောင်းရွှေ့ ရန် စတင် အမိန့် ထုတ် စဉ် က ချောင်းကမ်း ပါး နေသူ တို့ 
က ပြောင်း ရွှေ့ ရန် ငြင်းဆန် ခဲ့ ပြီး နောက် ပိုင်း တွင် အတင်း အကျပ် ပြောင်း ရွှေ့  စေရန် ဒေသခံ
များ ကို ဖိအား ပေး ခဲ့ သည်။
http://freedomnewsgroup.com/2011/12/27/south-okkalar/

ပြည်သူလူထုမပါဘဲ ​ပြောင်း​လဲလို့​မရပါ


Published on December 27, 2011 by ပီတာအောင်

လက်ရှိကျင်း​ပ​နေတဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ အွန်လိုင်း​ညီလာခံအ​ကြောင်း​၊​ ပြည်တွင်း​ပြန်ဝင်၊​ မဝင်ကိစ္စနဲ့​ လက်ရှိမြန်မာပြည်နိုင်ငံ​ရေး​အ​ပေါ် အမြင်​တွေကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ရဲ​ဘော်ဖိုး​သံ​ချောင်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။


ရဲဘော်ဖိုးသံချောင်း

ဗမာပြည် ကွန်မြူနစ်ပါတီက​နေ အွန်လိုင်း​က​နေ အထူး​ကွန်ဖရင့်​တခု၊​ အထူး​ညီလာခံတခုက ပြီး​သွား​ပြီလား​။

“မပြီး​သေး​ပါဘူး​။ အချိန်လိုပါ​သေး​တယ်။ တပြည်လုံး​ရဲ့​ အဆက်အသွယ် ကြာ​တော့​ကြာမယ်။”

ဘယ်နှရက်​လောက် ရှိ​နေပြီလဲ။

“တကယ် တရား​ဝင်စလိုက်တာက မ​နေ့​က (ဒီဇင်ဘာ ၂၅ ရက်) စလိုက်တယ်လို့​ ​ပြောလို့​ရတယ်။ မ​နေ့​ကစပြီး​တော့​ အဲဒီ ကွန်ဖရင့်​ကို ပြင်ဆင်တဲ့​ အစီရင်ခံစာကို ထုတ်ပြန်လိုက်တယ်။ အဲဒီက​နေ ဝိုင်း​ပြီး​ အ​ခြေပြုပြီး​တော့​မှ ​ဆွေး​နွေး​မှာပါ။”

အကြမ်း​ဖျင်း​ ဘာ​တွေ​ဆွေး​နွေး​လဲ။

“​ဆွေး​နွေး​တယ်ဆိုတာ​တော့​ အခုကျ​နော်တို့​က ပထမဆုံး​ ဗဟိုအစည်း​အ​ဝေး​ကော်မတီ အ​နေနဲ့​ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ။ အဲဒါကို ဝိုင်း​ဆွေး​နွေး​ကြမှာ။ အခု​တော့​ ထုတ်ပြန်တာကို ဝိုင်း​ဖတ်ကြ၊​ ​လေ့​လာကြတုန်း​ပဲ ရှိပါ​သေး​တယ်။”

အစီရင်ခံစာမှာ ဘာ​တွေ အဓိက ​ထောက်ပြထား​လဲ။

“အစီရင်ခံစာမှာ နိုင်ငံ​ရေး​ပိုင်း​နဲ့​ စီး​ပွား​ရေး​ပိုင်း​ နှစ်ပိုင်း​ပါတယ်။ နိုင်ငံ​ရေး​ပိုင်း​မှာ​တော့​ မျက်​မှောက်​ခေတ် ဆိုတာပါတယ်။ ​နောက် ဦး​သိန်း​စိန် အစိုး​ရရဲ့​ နည်း​ပရိယာယ်ဆိုတာပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​ရှေ့​ရေး​ဆိုတာ ပါတယ်။ ​နောက်ပြီး​ကျ​တော့​ အ​သေး​စိတ်က​လေး​က​တော့​ အာရပ်​နွေဦး​ လူထုအုံကြွမှုကိစ္စ အဲဒါ​တွေပါပါတယ်။”

အခု မြန်မာအစိုး​ရက ပြည်ပ​ရောက်​တွေ၊​ နိုင်ငံ​ရေး​လှုပ်ရှား​သူ​တွေကို ပြည်တွင်း​ကို ပြန်လာဖို့​ ဆက်သွယ်စည်း​ရုံး​မှု​တွေ ထပ်လုပ်​နေတယ်။ ဗမာပြည်ကွန်မြူနစ် ပါတီကို​ရော ဆက်သွယ်လာတာ ရှိပါသလား​။

“လုံး​ဝမရှိပါဘူး​။ ကျ​နော်တို့​ သတိထား​မိတာ ကျ​နော်တို့​ပါတီပဲဖြစ်ဖြစ်၊​ ​အေဘီအက်စ်ဒီအက်ဖ် ဟာလိုပဲဖြစ်ဖြစ် လုံး​ဝမဆက်သွယ်ပါဘူး​။”

ဘာ​ကြောင့်​ မဆက်သွယ်ဘူး​လို့​ ထင်လဲ။

“မဆက်သွယ်ဘူး​ဆိုတာ တခုက ဗမာလူမျိုး​တွေကို အ​ခြေပြုတယ်လို့​ သူတို့​ယူဆတယ်​လေ။ အမှန်က​တော့​ ကျ​နော်တို့​ပါတီက ဗမာလူမျိုး​ တမျိုး​တည်း​ကို အ​ခြေခံတာမဟုတ်ပါဘူး​။ လူမျိုး​အား​လုံး​ကို ကိုယ်စား​ပြုတာပါ။ ဒါ​ပေမယ့်​ သူတို့​က​တော့​ အဲလိုဟာမျိုး​ သ​ဘောထား​ပြီး​တော့​ ဒီအဖွဲ့​အစည်း​တွေကို ​လော​လောဆယ်မှာ မသိချင်​ယောင်​ဆောင်ပြီး​ ထား​တယ်။”

တကယ်လို့​များ​ ဖိတ်​ခေါ်လာမယ်ဆိုရင်​ရော ဗမာပြည်ကွန်မြူနစ်ပါတီအ​နေနဲ့​ ပြည်တွင်း​ကို ပြန်ဝင်ဖို့​ အစီအစဉ်များ​ ရှိပါသလား​။

“စကား​ပြောဖို့​ အစီအစဉ်​တော့​ရှိတယ်။ ဒါ​ပေမယ့်​ ဝင်ဖို့​မဝင်ဖို့​ဆိုတာ ဘယ်လိုအ​ခြေခံ​အောက်မှာလည်း​၊​ အဲဒါပိုအ​ရေး​ကြီး​ပါတယ်။ ကျ​နော်တို့​ မ​မေ့​နိုင်တာတခုက ကျ​နော်တို့​ ဗမာပြည်မှာ တချို့​သောအဖွဲ့​အစည်း​တွေ အ​ပေါ်မှာ ကျ​နော်တို့​ အဖွဲ့​အစည်း​တွေအပါအဝင် ​ကေအန်ယူ အပါအဝင်၊​ ​အေဘီအက်စ်ဒီအက်ဖ် အပါအဝင် အဲဒီအ​ပေါ်မှာ မတရား​အသင်း​ ​ကြေညာထား​တယ်။ အဲဒီကိစ္စကို အခုထိ ဘယ်သူမှ မ​ပြောကြ၊​ မ​ကြေညာကြ​သေး​ဘူး​။ ဒါက ဒီမိုက​ရေစီနဲ့​ ပတ်သက်လို့​ အင်မတန်မှ အ​ရေး​ကြီး​တဲ့​ အင်မတန်မှ ဆိုး​ဝါး​တဲ့​လုပ်ရပ်ဖြစ်တယ်။ နှစ်​ပေါင်း​ ၅၀ ​ကျော်ခဲ့​ပြီ။ မတရား​အသင်း​ ​ကြေညာထား​တဲ့​ဥပ​ဒေ၊​ အဲဒီဟာ​တွေကို မဖျက်သိမ်း​သေး​ဘူး​။ ဆို​တော့​ သူတို့​ပြောသလို အပြစ်ရှိရင် ​လျှော့​ပေါ့​ အ​ရေး​ယူမယ်ဆိုတဲ့​ စကား​မျိုး​နဲ့​ မဖြစ်နိုင်ပါဘူး​။ သူတို့​လုပ်ချင်တိုင်း​ လုပ်ထား​တာ။ ​နောက်ပြီး​တော့​ ပြန်ဝင်ခွင့်​ဆိုတာ သူတို့​ဆီကို ဆက်သွယ်လို့​ရတဲ့​ ​လျှောက်လွှာထဲမှာ ဆိုရင်လည်း​ လက်နက်ချခိုင်း​တဲ့​ အသွင်မျိုး​ဆောင်တဲ့​ ​တောင်း​ဆိုချက် အချက်အလက်​တွေ ပါ​နေပါတယ်။ အဲဒါ​တွေအရ​တော့​ မဝင်နိုင်ပါဘူး​။ ဘာလုပ်မှဆိုတဲ့​ ကတိကဝတ်နဲ့​ ဝင်ခိုင်း​တဲ့​ဟာမျိုး​နဲ့​ မရဘူး​။ ကျ​နော်တို့​က တခြား​ပြည်သူများ​နည်း​တူ လွတ်လွတ်လပ်လပ်နဲ့​ ဝင်ချင်တယ်။ တခြား​ပြည်သူများ​ တခြား​အဖွဲ့​အစည်း​များ​ နည်း​တူ နိုင်ငံ​ရေး​လှုပ်ရှား​ခွင့်​ ​ပေး​ရမယ်။”

ဗမာပြည် ကွန်မြူနစ်ပါတီအ​နေနဲ့​ ​မြေ​ပေါ်နိုင်ငံ​ရေး​ နိုင်ငံ​ရေး​ပါတီအဖြစ်နဲ့​ မှတ်ပုံတင်ပြီး​ ​ရွေး​ကောက်ပွဲဝင်ဖို့​၊​ ပါတီနိုင်ငံ​ရေး​လုပ်ဖို့​ ဆန္ဒရှိပါသလား​။

“ကျ​နော်တို့​အ​နေနဲ့​ ၈၈၈၈ ပြီး​တဲ့​နောက်ပိုင်း​ ၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲအတွက် အဲဒီတုန်း​က အစိုး​ရက လုပ်ကိုင်​နေသမျှကို ကျ​နော်တို့​က တိုင်း​ပြည်ကိုတင်ပြပါတယ်။ ကျ​နော်တို့​အ​နေနဲ့​ အဲဒီ​ရွေး​ကောက်ပွဲမှာ ပါတီ​ပေါင်း​ ၃၀၀ နည်း​ပါး​လောက် ထွက်လာတယ်။ အဲဒီထဲမှာမှ အင်မတန် ထူး​ခြား​တဲ့​ပါတီ​ပေါ့​။ ကွန်မြူနစ်ဆန့်​ကျင်​ရေး​၊​ ဆိုရှယ်လစ်ဆန့်​ကျင်​ရေး​၊​ အာဏာရှင်ဆန့်​ကျင်​ရေး​ အဲလိုအဖွဲ့​အစည်း​တွေ ​တောင်မှ ပါတီတည်​ထောင်ခွင့်​ပေး​တယ်။ ကျ​နော်တို့​ကိုလည်း​ အဲလို ပါတီတည်​ထောင်ခွင့်​ ​ပေး​မယ်ဆိုရင် ပါမယ်လို့​ ကျ​နော်တို့​ ​ပြောခဲ့​တယ်။ ပြီး​ရင် အခွင့်​အ​ရေး​ အပြည့်​အဝ ခံစား​ခွင့်​ပေး​လို့​ရှိရင် ကျ​နော်တို့​ ပါဝင်မှာပဲ။”

ပါတီအ​နေနဲ့​ ​မြေ​ပေါ်မှာ တရား​ဝင် မှတ်ပုံတင်ပြီး​ လုပ်နိုင်ခွင့်​ ရှိပြီဆိုရင် ပါတီဝင်အင်အား​က​ကော အင်အား​ပြည့်​ပါတီတရပ်အ​နေနဲ့​ ရှိဦး​မယ် ထင်ပါသလား​။ ပါတီရဲ့​ ​ရေပန်း​စား​မှုက လက်ရှိမြန်မာပြည်သူ​တွေ ကြား​မှာ ဘယ်​လောက်ထိ ခန့်​မှန်း​လဲ။

“အဲဒီလို ကိန်း​ဂဏန်း​နဲ့​ပြောဖို့​တော့​ ခက်ပါတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ ယုံကြည်တာက​တော့​ ပြည်သူလူထုရှိရင် ကျ​နော်တို့​ ​ရေရှည်မှာ အသက်ရှည်လို့​ရတဲ့​ သ​ဘောမျိုး​ပါ။ ကျ​နော်တို့​ လှုပ်ရှား​ခွင့်​ ရလို့​ရှိရင်လည်း​ ပြည်သူလူထုဆီက အ​ထောက်အခံ​တွေ ရမယ်။ အဲလိုယုံကြည်ပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ လွှတ်​တော်ထဲဝင်ပြီး​ နိုင်ငံ​ရေး​လုပ်ဖို့​ ပြင်ဆင်​နေတဲ့​အ​ပေါ်မှာ​ကော ဘယ်လိုထင်လဲခင်ဗျ။

“ကျ​နော်တို့​အ​နေနဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို သူတို့​လည်း​ သူတို့​အ​နေနဲ့​ ​ကောင်း​မယ်ထင်တဲ့​လမ်း​ကို လုပ်​နေတာလို့​ ကျ​နော်တို့​ ထင်ပါတယ်။ လုပ်ကြည့်​ပါ။ ကျ​နော်တို့​ အဲဒီလမ်း​အတိုင်း​ မလုပ်နိုင်ဘူး​။ မလုပ်လိုဘူး​။ ဒါ​ပေမယ့်​ သူတို့​လုပ်တာပဲ ကျ​နော်တို့​က သာမန်အလွယ်တကူ အပြစ်​ပြောတာမျိုး​မလုပ်ပါဘူး​။ ကျ​နော်တို့​က အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို အား​ကြီး​စေချင်ပါတယ်။ အခုအမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို သူတို့​ရဲ့​ အ​ခြေခံကျတဲ့​ လုပ်ငန်း​စဉ်၊​ လက်​တွေ့​လုပ်ငန်း​စဉ်၊​ အဲဒါ​တွေကို ရှင်း​ရှင်း​လင်း​လင်း​ ​ပြောထွက်လာ​စေချင်တယ်။ အဲဒါမှ လုပ်တဲ့​အ​ပေါ်မှာ အကြံပြုရတာ၊​ ​ထောက်ပြတာ ပိုပြီး​ထိထိ​ရောက်​ရောက် လုပ်နိုင်မယ်။ ခုတိုင်း​က သူတို့​တရား​ဝင် ထုတ်ပြန်ထား​တဲ့​ဟာ မ​တွေ့​သေး​ဘူး​။ နိုင်ငံ​ရေး​လုပ်​နေတာ အခက်အခဲရှိတယ်။ ဒါ​ပေမယ့်​ ဘယ်အ​ခြေခံ​ပေါ်က​နေ ဘယ်လိုသ​ဘောလုပ်တယ်ဆိုတာ အဲဒါမျိုး​ သိပ်မ​တွေ့​ရဘူး​။ အဲဒီ​တော့​ ​စောင့်​ကြည့်​ဖို့​ လို​သေး​တယ်လို့​ထင်တယ်။ အများ​ကြီး​မ​ပြောလိုပါဘူး​။”

အစိုး​ရက အပြင်မှာ လက်နက်ကိုင် အဖွဲ့​တွေနဲ့​ ​စေ့​စပ်​ဆွေး​နွေး​ရေး​တွေကို ​တော်​တော်​လေး​ကို လုပ်​နေတာ အရှိန်ရ​နေပြီလို့​ မြင်ပါတယ်။ ဒါက တကယ့်​စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ကို ဦး​တည်လား​။ အစိုး​ရရဲ့​ စစ်​ရေး​အမြင်အရ လုပ်တယ်လို့​ ယူဆလား​။ ဘယ်လိုထင်လဲ။

“စစ်​ရေး​အမြင်အရလုပ်တာမဟုတ်ဘူး​။ နိုင်ငံ​ရေး​အမြင်အရ လုပ်တာပါ။ သူတို့​ကို အ​နောက်နိုင်ငံ​တွေက လက်ခံလာ​အောင်၊​ အာဆီယံက လက်ခံလာ​အောင်၊​ အ​မေရိကန်က အ​ထောက်အပံ့​တွေဖြစ်လာ​အောင်၊​ စီး​ပွား​ရေး​ပိတ်ဆို့​အ​ရေး​ယူမှု​တွေပွင့်​လာ​အောင် ဦး​တည်ပြီး​လုပ်​နေတာပါ။ တကယ်စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​တရပ် ရမရဆိုတာ​တော့​ ​စောင့်​ကြည့်​ရမယ်။ အဲဒါမျိုး​ကို နဝတလက်ထက်ထဲက လုပ်ခဲ့​တယ်။ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​မရခဲ့​ပါဘူး​။ ​မြွေမ​သေ တုတ်မကျိုး​လိုလို၊​ လုပ်ထား​ပေမယ့်​ အချိန်မ​ရွေး​ ထဖြစ်တဲ့​ဟာ​တွေ ​တွေ့​ရတယ်။ ငြိမ်း​ချမ်း​ရေး​လုပ်ထား​တယ်ဆိုတာ အဖွဲ့​အစည်း​ အား​လုံး​ရဲ့​ လိုလိုပြန်လုပ်ဖူး​ပါတယ်။ အာလုံး​နည်း​ပါး​ပေါ့​။ အကုန်လုံး​တော့​ မဟုတ်ဘူး​။ ​ကေအိုင်​အေ တခုတည်း​မှ မဟုတ်ဘူး​။ ကြီး​တဲ့​ဟာ​တွေနဲ့​၊​ ဟိုနား​လေး​လုပ်၊​ ဒီနား​လေး​လုပ်၊​ ထိမိရှမိတဲ့​ဟာမျိုး​ မကြာခန ကြား​နေရတယ်။ ဒီလိုငြိမ်း​ချမ်း​ရေး​မျိုး​က စစ်မှန်တဲ့​ ပြည်သူ​တွေ စိတ်ဒုန်း​ဒုန်း​ချနိုင်တဲ့​ ​ကောင်း​ကောင်း​အိပ်နိုင်တဲ့​ ငြိမ်း​ချမ်း​ရေး​မျိုး​ မဟုတ်ဘူး​လို့​ ထင်ပါတယ်။”

ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရက​နေ အ​ပြောင်း​အလဲ​တွေ လုပ်​နေတယ်လို့​ တချို့​က ​ပြောကြတယ်။ တချို့​ကလည်း​ အ​ပေါ်ယံ အ​ပြောင်း​အလဲလို့​ ​ပြောကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ​ကော ဒီအ​ပြောင်း​အလဲ​တွေက ​ရှေ့​ဆက်သွား​မယ့်​ ​နောက်​ကြောင်း​ပြန်မလှည့်​တော့​မယ့်​ အ​ပြောင်း​အလဲ​တွေလို့​ မြင်လား​။ ဘယ်လိုထင်မြင်ပါသလဲ။

“ချုပ်ပြီး​ပြောရင်​တော့​ အခုအ​ပြောင်း​အလဲဟာ တကယ်စစ်အုပ်စု စစ်ဗိုလ်ထိပ် သီး​တွေ မိမိအာဏာကို ဆက်လက်ချုပ်ကိုင်နိုင်​ရေး​၊​ သူတို့​ရရှိထား​တဲ့​ ဓန​တွေ၊​ ထပ်တိုး​လာမယ့်​ ဓန​တွေကို သူတို့​နဲ့​ သူတို့​အသိုင်း​အဝိုင်း​တွေက ဆက်ပြီး​တော့​ ချုပ်ကိုင်နိုင်​ရေး​အတွက် ပိုပြီး​တော့​ သူတို့​အတွက် ထိ​ရောက်မယ့်​ သင့်​တော်မယ့်​ နည်း​နာ​တွေပြင်ဆင်​နေတယ်လို့​ ထင်ပါတယ်။”

နောက်ဆုံး​မေး​ချင်တာက မြန်မာပြည်အ​ပြောင်း​အလဲက အာရပ်ကမ္ဘာကလို လူထုအုံကြွမှုနဲ့​ပဲ ​ပြောင်း​လဲမလား​၊​ တခြား​နည်း​နဲ့​ ​ပြောင်း​လဲမလား​၊​ ဘယ်လိုမျိုး​ ထင်လဲ။

“နိုင်ငံ​ရေး​က ​ဗေဒင်​ဟောသလိုမျိုး​ပြောရင် မသင့်​တော်ဘူး​ ထင်တယ်။ ဒါ​ပေမယ့်​ ​သေချာတာက ပြည်သူလူထုမပါဘဲနဲ့​ ​ပြောင်း​လို့​ မရပါဘူး​။”
http://burmese.dvb.no/archives/19210

ထိုင်းရှိ မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့ တာဝန်ယူမှု မရေရာ

တနင်္လာ, 26 ဒီဇင်ဘာ 2011
By မသိင်္ဂီထိုက်
မြန်မာအစိုးရက ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးဖို့ မြန်မာ အလုပ်သမား အကူအညီပေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ အခုလိုဖွဲ့စည်းတာဟာ အမည်ခံဘဲ ရှိနေပြီး တိတိကျကျ တာဝန်ယူ လုပ်ဆောင်တာမျိုး မရှိဘူးဆိုပြီး ပြည်ပရောက် မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဝေဖန်လိုက်ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာအလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအစိုးရက အလုပ်သမား အကူအညီပေးရေး အဖွဲ့ကို မကြာခင်က ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အလုပ်သမား အကူအညီပေးရေး အဖွဲ့တွေလည်း အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ အလုပ်သမား အကူအညီပေးရေး လုပ်ဆောင်နေသူ ဦးကျော်သောင်းက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ရက်ကနေပြီးတော့ ကျနော်တို့ နှစ်ကြိမ်တိုင်တိုင် အစည်းအဝေးတွေ လုပ်တယ်။ လုပ်တော့ အဲဒီမှာ အဖွဲ့ ဖွဲ့ကြတယ်တဲ့။ နှုတ်အားဖြင့် ဖွဲ့တယ်။ ဆိုလိုတာကဗျာ။ ဒီနေ့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ အလုပ်သမားတွေ ကူညီစောင့်ရှောက်မှု မြန်မာအစိုးရက ဖွဲ့တယ်၊ ဟုတ်ပြီ ဘယ်သူကဖြင့် ဘာတာဝန်ယူမယ်၊ ဘယ်သူကဖြင့် ဘယ်အလုပ်ကိုလုပ်မယ်။ ဘယ်သူက စာရွက်စာတမ်း မရတဲ့အလုပ်ကိုလုပ်မယ်။ ဘယ်သူကဖြင့် ခြေလက်အင်္ဂါ ချို့တဲ့တဲ့ ကိစ္စတွေကို လုပ်မယ်၊ အစရှိတဲ့ ခေါင်းစဉ်တွေက အများကြီးရယ်။ ဒါပေမဲ့ တာဝန်နဲ့ ၀တ္တရားဆိုတာ သူတို့မှာ ပါမလာဘူး။ ဘယ်သူက ဘာလုပ်မယ်၊ ဘယ်အဖွဲ့က ဘာလုပ်မယ်။ ဥပမာ call center ဗျာ။ လိုအပ်တဲ့ အလုပ်သမားတွေအတွက် ဖြေရှင်းပေးမယ့် နေ့စဉ် မေးမြန်းလာတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့အတွက်က၊ ဘာဖြစ်လို့ရှိရင် ဘယ်လိုလုပ်မယ် ဆိုတဲ့ သေချာ ရေရာတဲ့ အစီအစဉ်မရှိတဲ့အတွက် သူတို့ပြောတဲ့ ဖွဲ့တယ်ဆိုတဲ့ဟာက အမည်ခံသာရှိပြီးတော့ ဘာမှ ဒီနေ့အထိ အကောင်အထည် မပေါ်ဘူး။”

မြန်မာအစိုးရဘက်ကတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အခွင့်အရေး ကာကွယ်ပေးဖို့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ မြန်မာ ကလေးငယ်တွေကို နိုင်ငံသားအဖြစ် အကာအကွယ်ပေးဖို့ စတာတွေကို လုပ်ဆောင်မယ် ဆိုပြီး မြန်မာ အလုပ်သမား ၀န်ကြီးဌာနက ပြောပါတယ်။ အခုလို မြန်မာအစိုးရဘက်က နှစ်ပေါင်းများစွာ အသိအမှတ်ပြုမခံရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို အကာအကွယ် ပေးရေး လုပ်ဆောင်မယ် ဆိုတာကို အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်ဆိုပြီးလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီက ဦးမြင့်ဝေက ထောက်ပြပါတယ်။

“အခုက ရေကြီးပြီးတော့ ဒုက္ခဖြစ်တဲ့အချိန်ကျတော့ မြန်မာအလုပ်သမားတွေက သိန်းဂဏန်းလောက် ရေဘေးဒဏ် ခံရတာကိုး။ မြန်မာအစိုးရက မြန်မာပြည်ကို မှတ်ပုံတင်မရှိတဲ့သူတွေကို ပြန်သွားဖို့ စီစဉ်ပေးလိုက်တာ ၈၀ တစ်သုတ်၊ ၄၀ တစ်သုတ်လား မသိဘူး။ အဲဒီလောက်ပဲ တွေ့ရတယ်။ ဆိုတော့ အဲဒီလောက်ပဲ ကျနော်တို့ သိနေတယ်။ ဆိုတော့ မှတ်ပုံတင်မရှိတဲ့ အလုပ်သမား လူဦးရေကလည်း ၁၂၀ တော့ မကဘူး။ ဆိုတော့ ဒီလိုမျိုး အကျပ်အတည်းကြီး ဖြစ်တဲ့အချိန်မှာတောင်မှ ဟိုဘက်ကမ်းကို ချောချောချူချူနဲ့ ရောက်သွားပြီးတော့ နောက်ဆုံး နေပြည်တော် ခေါ်သွားလို့ ဒဏ်ငွေဆောင်ပြီးတော့ ပြန်လာရတဲ့လူတွေ ဘာတွေ ရှိတယ်လို့ စွပ်စွဲတာတွေ အသံထွက်လာသေးတယ် ဆိုတော့ သူတို့ရဲ့ ကူညီ ဆောင်ရွက်မှုကိုကတော့ မြန်မာပြည်နိုင်ငံရေး ပြောင်းလဲသလိုပဲ ကျနော်တို့ ပြောရရင်တော့ ဟန်ပြလောက်ပဲ ရှိနေသေးတယ်လို့တော့ ကျနော်တော့ ပြောချင်တာပေါ့။ သူတို့ ဒီထက် အများကြီးလုပ်ဖို့ လိုသေးတယ်။”

ထိုင်းနိုင်ငံ မြန်မာသံရုံးက ဖွဲ့စည်းလိုက်တဲ့ မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်းက ထိုင်းနိုင်ငံတွင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေသူတွေကို အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိရင် အကြောင်းကြားပေးပါ၊ ပြီးရင် သူတို့က ထိုင်းအာဏာပိုင်တွေဆီကို တဆင့် အကြောင်းကြားပေးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့လည်း ဦးကျော်သောင်းက အခုလို ပြောပါတယ်။

“သူတို့ပြောတဲ့ပုံစံကိုယ်တိုင်ကိုက ဘာပြောလဲဆိုတော့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ဒီတပတ်မှာ ဥပမာ ကိုကျော်သောင်းလာမယ်၊ ဘယ်သူလာမယ် ဘယ်ဝါလာမယ် ဆိုပြီး ပြောသွားတယ်။ ဟုတ်ပြီ။ နောက်လ အစည်းအဝေးခေါ်တဲ့အခါ ကျနော်တို့မသွားရင် ကျနော်တို့က အဲဒီမှာ အဖွဲ့ဝင် မဟုတ်တော့ပြန်ဘူးတဲ့။ နောက်လာတဲ့လူကို ဖွဲ့တော့မယ်တဲ့။ ကဲ… ဘယ်လောက်ထိ မသေချာမရေရာတဲ့ ဟာလဲဗျာ ကျနော် ပြောချင်တာကတော့။ ဘာပဲပြောပြော သူတို့က မြန်မာအလုပ်သမား ကိစ္စတွေဆီကရတဲ့ သတင်းအချက်အလက်တွေကို ပို့ပါတဲ့။ သူတို့က ၀န်ကြီးတန်ရင် ၀န်ကြီး၊ ရဲချုပ်တန်ရင် ရဲချုပ်၊ အဆင့်ဆင့် ဖုန်းနဲ့ပြောမယ်။ စာနဲ့လိုအပ်ရင် စာနဲ့တင်သွင်းမယ်။ ဒါပဲဗျာ။”

မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ မြန်မာအစိုးရ အနေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မကြာခဏ ဆိုသလို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဥပဒေကြောင်းအရ အကူအညီပေးရေး ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်တဲ့အထိ လုပ်ဆောင်ပေးစေချင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေ အတွက် ယာယီ နိုင်ငံကူး လက်မှတ်တွေကိုလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ထုတ်ပေး စေချင်နေကြတာပါ။ မြန်မာအစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ လုပ်ဆောင်မယ် ဆိုပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် လုပ်ပေးရေး အကျိုးဆောင် ကုမ္ပဏီတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းပြီး လာဘ်ပေးလာဘ်ယူ မှုတွေ ပေါ်ထွက်မလာရေးလည်း သတိထား စောင့်ကြည့်ပေးဖို့ လိုတယ်ဆိုပြီးလည်း ဝေဖန်ပြောဆိုကြပါတယ်။
http://www.voanews.com/burmese/news/Thai-Burmese-workers-12-26-11-136240648.html

ထိုင်း​ဘဏ်များ​ မြန်မာပြည်တွင် သွား​ရောက်ဖွင့်​လှစ်မည်



Published on December 27, 2011 by ဒီဗွီဘီ   

ထိုင်း ​နိုင်ငံက ထိပ်တန်း​ ပုဂ္ဂလိကဘဏ်တချို့​ဟာ မြန်မာနိုင်ငံမှာ သွား​ရောက်ဖွင့်​လှစ်ဖို့​ စီစဉ်​နေကြတယ်လို့​ ဒီက​နေ့​ ထိုင်း​နိုင်ငံထုတ် သည်​နေး​ရှင်း​သတင်း​စာမှာ ​ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ငန်း​တွေ တိုး​ချဲ့​ဖို့​ပြင်ဆင်​နေတဲ့​ ဘဏ်​တွေက​တော့​ Krung Thai Bank (KTB) ဘဏ်နဲ့​ Siam Commercial Bank (SCB) ဘဏ်​တွေဖြစ်ပါတယ်။
KTB ဘဏ် ဥက္ကဋ္ဌ အဖိဆတ် တန်တိဝိုရာ​ဝေါင်က​တော့​ မြန်မာနိုင်ငံဟာ အာဆီယံမှာ ​ဈေး​ကွက်တခုဖြစ်လာပြီး​ ဘဏ်လုပ်ငန်း​အပါအဝင် စီး​ပွား​ရေး​ လုပ်ငန်း​အား​လုံး​မှာ အလျင်အမြန် ဖွံ့​ဖြိုး​တိုး​တက်မယ့်​ အလား​အလာ​တွေ မြင်​တွေ့​နေရတဲ့​အတွက် မြန်မာ့​စီး​ပွား​ရေး​မှာ ပိုမိုပါဝင်ပတ်သက်ဖို့​ ​စောင့်​ကြည့်​နေတယ်လို့​ပြောပါတယ်။
SCB ဘဏ် ဥက္ကဋ္ဌ ကန်နီကာ ချာလိတာပွန်း​က​တော့​ မြန်မာနိုင်ငံမှာ ကိုယ်စား​လှယ်ရုံး​ဖွင့်​လှစ်ဖို့​ ထိုင်း​ဗဟိုဘဏ်က​နေ ခွင့်​ပြုချက်​စောင့်​နေတဲ့​ အ​ကြောင်း​နဲ့​ မြန်မာနိုင်ငံမှာ နိုင်ငံခြား​ဘဏ်​တွေ ဖွင့်​လှစ်ခွင့်​လိုင်စင်ချ​ပေး​တာနဲ့​ဘဏ်ခွဲသွား​ဖွင့်​ဖို့​အသင့်​ဖြစ်​ နေပြီလို့​ပြောပါတယ်။
မြန်မာပြည် တွင်း​ဘဏ်​တွေက အာဆီယံနိုင်ငံတချို့​မှာ ဘဏ်ခွဲ​တွေသွား​ဖွင့်​ဖို့​ပြင်​နေတယ်လို့​ သတင်း​တွေထွက်​နေချိန်မှာ ထိုင်း​ဘဏ်​တွေကလည်း​ မြန်မာပြည်ဝင်ဖို့​ပြင်​နေတာပါ။
http://burmese.dvb.no/archives/19215

ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းပြောရအုံးမယ်

တူမောင်ညို ။ ဒီဇင်ဘာ ၂၈၊ ၂၀၁၁

သာမန်အားဖြင့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လစ်လပ်နေရာအချို့ကို ဖြည့်ဖို့လုပ်ရိုးလုပ်စဉ်လုပ်ရတဲ့ အဖြည့်ခံရွေးကောက်ပွဲ မျိုးဖြစ်ပါတယ်။

ဒါပေမယ့် ဟောဒီလို ထူးခြားချက်တွေလည်းပါရှိနေပါတယ်။

ပထမတစ်ချက်က ဦးသိန်စိန်စစ်တစ်ပိုင်းအစိုးရ အတွက် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ (NLD) တို့ လက်ခံ၊ပါဝင်လာပြီဆိုတာ ပြည်တွင်း/ပြည်ပကို ဆွဲဆောင်ပြသနိုင်မယ့် ပွဲတစ်ခုလည်းဖြစ်တယ်။

ဒုတိယတစ်ချက်က ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအတွက် ဆရာကြီးအိုဘာမားနဲ့ ဆရာမကြီးဒေါ်ကလင်တန် တို့က စစ်ဆေး ပြီးအောင်မှတ်ပေးမယ့် အမေရိကန်အစိုးရနဲ့ ပုံမှန်ဆက်ဆံရေးအဆင့် ရရှိရေးအတွက် ဖြေဆိုရမယ့် “ရေးဖြေစာမေးပွဲ” တစ်ခုလည်း ဖြစ် ပြန်ပါတယ်။ ဒီထူးခြားချက်တွေက ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ လိုချင်လွန်းလှတဲ့ အချက်တွေဖြစ်ပါတယ်။

“နှုတ်ဖြေစာမေးပွဲ” က ဆရာမကြီးဒေါ်ကလင်တန်လာတုန်းဖြေပြီးသွားပြီ။ အခုတစ်ခါဖြေရမှာက “ရေးဖြေစာမေးပွဲ” ဖြစ်တယ်။ အဲဒီ နှုတ်ဖြေစာမေးပွဲ “မြောက်ကိုရီးယားဘာသာရပ်” မှာ သူရဦးရွှေမန်းက အမှတ်အများဆုံးရတယ်လို့ကြားရတယ်။

ပထမအချက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) တို့ လက်ခံ၊ ပါဝင်လာပြီဆိုတာက ရရှိ ပြီးသားလို့ပြောလို့ရတယ်။ ဒါပေမယ့် ဒုတိယအချက်ဖြစ်တဲ့ “ကြားဖြတ်ရွေးကောက်ပွဲ” ကျင်းပပြီးမှသာ ထူးခြားချက် ၂ ခုစလုံးဟာ ပိုပြီး ခိုင်လုံပြည့်စုံသွားမှာဖြစ်ပါတယ်။

ဒါမှလည်း “ပဏာမသဘောတူညီချက်” လက်မှတ်ရေးထိုးနေကြသူတွေကို ပြသဖို့အတွက် အကွက်အကွင်း ပိုကောင်းလာမှာ လည်း ဖြစ်ပါတယ်။

ကြားဖြတ်ရေးကောက်ပွဲကို “အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်”လို့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကလည်း အာမခံချက်ပေးထားပြီးဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ပြည်သူ့လွှတ်တော်အမတ် ဖြစ်နိုင်တဲ့အရည်အချင်းနဲ့ကိုက်ညီပါသလား”

လို့ မေးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက

“လောလောဆယ် မိမိလေ့လာနိုင်သလောက်ကိုက်ညီတယ်လို့တွေ့ရှိရပါတယ်”

အဖြေပေးခဲ့ ပြီ။

ဒီတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအနေနဲ စာမေးပွဲသေချာပေါက်အောင်မှာပါ။ ဂုဏ်ထူး တွေတောင်ချိတ်နိုင်ပါလိမ့်မယ်။ ဂုဏ်ထူးဆိုတာ “တရားမျှတဲ့၊ လွတ်လပ်တဲ့၊ပွင့်လင်းမြင်သာတဲ့” ဆိုတဲ့ ဂုဏ်ထူးတွေပေါ့။



ကြားဖြတ်ရွေးကောက်ပွဲရဲ့လက်တွေ့ပိုင်းကိုကြည့်ကြပါစို့။

လစ်လပ်နေရာ (၄၈) နေရာရှိတယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ပြီးပြီ။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၄၀)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၆)နေရာ နဲ့ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂) နေရာတို့ဖြစ် တယ်။

ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ လစ်လပ်မှုမရှိဘူး။

ဒီတော့ နိုင်ငံရေးပါတီ “တည်ထောင်ခွင့်”၊ “မှတ်ပုံတင်ခွင့်”လျှောက်ထားနေကြတဲ့ ပါတီ (၁၀) ပါတီအနက် (ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့မယ်ဆိုရင် ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီ တို့ကဲ့သို့) “ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည့် ပါတီ” များအနေနဲ့ “အနည်းဆုံး ၃ နေရာ” ဝင်ရောက်ယှဉ်ပြိုင်စရာလိုမှာ မဟုတ်ပါဘူး။

“နိုင်ငံရေးပါတီမှတ်ပုံတင်လျှောက်ထားဆဲ (NLD)” ကတော့ (၄၈) နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေပါတယ်။

ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့ (NDF) ကလည်း နေရာ (၂၀) ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောသံကြားရပါတယ်။

(တစည) ပါတီက ဦးဟန်ရွှေက

“NLD ကို ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ခရီးလမ်းအတွက် ခရီးသွားဖော်၊ ပြိုင်ဘက် ပါတီ လို့မြင်ပါတယ်”

လို့ပြောဆိုထားပြီး၊ နေရာ (၂၀) ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီသစ်ပါတီကလည်း ရန်ကုန်တိုင်းဒေသကြီးထဲကလစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၆) နေရာ အနက် (၃) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ပြောထားတယ်။ ဦးသိန်းညွန့်ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် နေရာ ဖယ်ပေးမှာဖြစ်ပေမယ့်၊ အခြားသူဆိုရင်တော့ နေရာဖယ်ပေးမှာမဟုတ်ဘူး။ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ကြံ့ဖွံ့ပါတီ(USDP)ကလည်း လစ်လပ်သွားတဲ့နေရာတွေကို ဒီတိုင်းလက်လွှတ်ထားမှာ မဟုတ်ပါဘူး။ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။ လစ်လပ်သွားတဲ့နေရာအများစုက ကြံ့ဖွံ့ပါတီ (USDP) ကအနိုင်ရရှိခဲ့တဲ့နေရာတွေလည်းဖြစ်နေပါတယ်။ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ အစရှိတဲ့မြို့နယ်တွေမှာ ဘယ်ပါတီတွေ ကဝင်ပြီးယှဉ်ပြိုင်အရွေးခံဝံ့မှာလဲ။

ဒါ့အပြင် ကြံ့ဖွံ့ပါတီ (USDP) ကနေ ပြည်ထောင်စုဝန်ကြီးဖြစ်လာသူတွေက အပိုင်စားနယ်လိုလုပ်ထားတဲ့ သူ့ရပ်ရွာဇာတိတွေမှာ (ပုလဲ၊ မင်းကင်း၊ တောင်ငူ၊ မိထ္ထီလာ စတဲ့နေရာ) ရော ဘယ်သူတွေက ယှဉ်ပြိုင်ဝံ့ ပါ သလဲ။ သူတို့က တခြားပါတီတွေလို ငွေ ၅ သိန်းတင်ဖို့ ပူပန်တွေးတော စဉ်းစားနေစရာ၊ စပွန်ဆာရှာနေစရာမလိုတဲ့ ပါတီဖြစ်ပါတယ်။

သုံးနေရာ“စတိ” ဝင်ကြမယ့် “စပွန်ဆာပါတီ” တွေကလည်းရှိသေးတယ်။

ဆိုလိုချင်တာက (၄၈) နေရာအတွက် (NLD)ဟာအကြိတ်အနယ်ယှဉ်ပြိုင်ရလိမ့်မယ်။

ဒါ့အပြင် အရင် “နွေ”၊ အရင် “မေ” မဟုတ်တော့ဘူး။ ဒါကြောင့် “၁၉၉၀ရွေးကောက်ပွဲ”တုန်းကလို “ငုနဲ့ပိတောက် နွေမှာလှိုင်” ဖို့ ခက်ခဲလိမ့်မယ်ဆိုတာကိုပြောချင်တာပါ။ တစ်စုံတရာသော အရေအတွက်ကိုတော့ဖြင့် (NLD) က ရနိုင်ပါလိမ့်မယ်။

အဲဒီလို အရေအတွက်တစုံတရာနဲ့ (NLD) အနိုင်ရရှိတာကပဲ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် ဒေါ်ကလင်တန်စာမေးပွဲ အောင်မှတ် သို့မဟုတ် ဂုဏ်ထူးဖြစ်ပါလိမ့်မယ်။



(NLD) ရရှိလာမယ့်၊ တစုံတရာအရေအတွက်ဟာ လွှတ်တော်ထဲမှာဘာလုပ်နိုင်မလဲ။ လွှတ်တော်ထဲ အကျိတ်အနယ် ဆွေးနွေး ပြီးသွားတဲ့အခါ နောက်ဆုံးပိတ် အဆုံးအဖြတ်ကို မဲခွဲတာနဲ့အပြီးသတ်ရစမြဲဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ သရေပွဲမရှိနိုင်ပါဘူး။ အနိုင်မဲကို လွှတ်တော်ဥက္ကဋ္ဌကြီးက ပေးမှာပဲ။ လွှတ်တော်ဥက္ကဋ္ဌကြီးတွေဟာ ကြံ့ဖွံ့ပါတီ(USDP) ကဖြစ်တယ်။

အဲဒီအခါ များတဲ့အရေအတွက်က နည်းတဲ့အရေအတွက်ကို အနိုင်ယူသွားတာပဲမဟုတ်ပါလား။

“ပါတီစွဲမရှိရဘူး”လို့ ဘယ်လိုပဲပြောနေပါစေ၊ နောက်ဆုံးတော့ ပါတီစွဲပြီးပေးတဲ့ မဲတွေနဲ့အနိုင်ယူသွားမှာပဲဖြစ်ပါတယ်။



(ပထမအကြိမ်၊ဒုတိယအကြိမ်) လွှတ်တော်ပုံမှန်အစည်းအဝေးတွေ ၂ ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဦးစတီဗင်သာဗိတ်၊ ဦးဗညားအောင်မိုး၊ ဦးသိန်းညွန့် တို့လွှတ်တော်ထဲမှာ မေးခွန်းတွေမေးခဲ့၊ အဆိုတွေတင်ခဲ့၊ မဲတွေခွဲခဲ့ပြီးပါပြီ၊ ပေါ်ထွက်လာတဲ့ရလဒ်တွေလည်း အားလုံး သိရှိ ပြီးဖြစ်ပါတယ်။ ဒါဟာ ပူပူနွေးနွေးအနီးကပ်ဆုံးအတွေ့အကြုံတွေဖြစ်ပါတယ်။

ခပ်ဝေးဝေးအတွေ့အကြုံတွေပြောရမယ်ဆိုရင် ကိုသန်း(ကြည့်မြင်တိုင်) ရဲ့ “တစ်ခါက ရန်ကုန်မြူနီစပယ်ရွေးကောက်ပွဲ” ဆိုတဲ့ ဆောင်းပါး ကို ဖတ်ကြည့်စေချင်ပါတယ်။ ချင်းတွင်းဂျာနယ်၊ အမှတ် (၅၉၊ ဖေဖေါ်ဝါရီ၊ ၂၀၁၁ ၊ စာမျက်နှာ ၈၈ – ၉၇) မှာ ပါရှိပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်များက ဖဆပလခေတ်မြူနီစပယ်ခေတ်ရွေးကောက်ပွဲများအကြောင်းကို သတိပြုစရာ၊ သင်ခန်းစာယူစရာ အဖြစ်ရေးပြထားတဲ့ အတွေ့အကြုံဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။

တသီးပုဂ္ဂလ ဆရာကြီးဦးရွှေဖြူနဲ့ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို/ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘကြီး) တို့ဟာ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့သော်လည်း မဲအများစုအနိုင်ရထားတဲ့ (ဖဆပလ) ကို မကျော်နိုင်ခဲ့ပုံကိုရေးပြထားပါတယ်။

“လက်တွေ့မှာတော့ အဆိုတစ်ခုဟာ လူထုကောင်းရာ ကောင်းကြောင်း ဆောင်ရွက်ရန်တင်သွင်းသော်လည်း ထောက်ခံမည့်သူ မရှိ၊ ထောက်ခံမည့်သူမရှိ၍ မည်မျှလူထုကောင်းရာ ကောင်းကြောင်း အကျိုးပြုအဆိုဖြစ်စေကာမူဆွေးနွေးမည့် အနေအထားသို့ပင် မရောက်ခဲ့၊ (central street) ဗဟိုလမ်းကို “ဗိုလ်သူရလမ်း” ဟုအမည်ပြောင်းနိုင်ခဲ့သည်” ။

“လုပ်နိုင်တဲ့အခြားလုပ်ငန်းတစ်ခုရှိသေးသည်၊ (ဖဆပလ) ဘက်မှ မဲအများစုအားကိုးဖြင့် တင်သွင်းလာသည့် အဆိုသည် ပြည်သူလူထုအများစုကို အကျိုးပြုသည့် အဆိုမဟုတ်လျှင် သည်အဆိုကို ကျုပ်ကန့်ကွက်သည်။ “မှတ်တမ်းတင်ထားပါ” ဟုပြောရုံသာရှိ သည်၊ ဒီထက်ပိုပြီးဘာမှမတတ်နိုင်” ဟု သူ၏ ခါးသီးစိတ်ပျက်ဖွယ်သမိုင်းအတွေ့အကြုံကိုပြန်ပြောင်းရေးပြထားပါတယ်။

ဒါဟာ ကျနော်တို့နိုင်ငံမှာ “ဒီမိုကရေစီကာလတခု”လို့ ပြောဆိုလေ့ရှိကြတဲ့ ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ အတွေ့အကြုံဖြစ်ပါ တယ်။ (နဝတ-နအဖ) စစ်အစိုးရဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အောက်မှာကျင်းပမယ့် “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီခေတ်” ကြားဖြတ်ရွေးကောက်ပွဲတစ်ခုမှာ။ ကျနော်တို့အနေနဲ့ ဘာတွေကို၊ ဘယ်လောက်များမျှော်လင့်နိုင်မှာပါလဲ။

ဘာပဲဖြစ်ဖြစ် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ ၂၀၁၂ ခုနှစ်ရဲ့ ပထမ ၆ လအတွင်းထဲမှာ ကျင်းပဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်။

(NLD) ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုင်းအတာတစ်ခုအထိ ရွေးချယ်ခံရပြီး “လွှတ်တော်” ထဲသို့ ရောက်ရှိ သွားပါလိမ့်မယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအတွက် အောင်မှတ်တွေ၊ ဂုဏ်ထူးတွေရအောင်ဖြေဆိုမယ့် “ရေးဖြေ စာမေးပွဲ” သာဖြစ်ပါလိမ့်မယ်။
http://moemaka.com

နိုင်ငံရေးအကျဉ်းသားများ ငွေကြေးထောက်ပံ့မှု လိုအပ်

တနင်္လာ, 26 ဒီဇင်ဘာ 2011

By မစုမြတ်မွန်

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အောက်တိုဘာလတုန်းက ပြန်လွတ်လာခဲ့တဲ့ ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့သူ နံမည်ကျော် လူရွှင်တော် ကိုဇာဂနာဟာ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ်နဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။ သူ ဘန်ကောက်မှာ ရောက်နေစဉ်မှာ ဗွီအိုအေ ၀ိုင်းတော်သူ မစုမြတ်မွန်က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ အထောက်အကူတွေ လိုအပ်နေတဲ့အကြောင်း သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မစုမြတ်မွန်။ ။ ကိုဇာဂနာ ထောင်ထဲက ထွက်လာပြီးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တော်တော်လေး ကူညီစောင့်ရှောက်မှုတွေ ပြန်ပြီးတော့ လုပ်ပေးတာ သိရပါတယ်။ ဆိုတဲ့အခါကျတော့ ဒီ ထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အနေနဲ့ အပြင်မှာရှိတဲ့သူတွေရဲ့ အကူအညီ ဘယ်လောက် အတိုင်းအတာအထိ လိုနေတဲ့အတွက်ကြောင့် ကိုယ်က လုပ်ပေးရတယ်လို့ ပြောနိုင်ပါလဲရှင့်။ -

ကိုဇာဂနာ။ ။ “ဘယ်လောက် အတိုင်းအတာ လိုလဲဆိုတော့ ၁၀၀ % လိုတယ်ဗျ။ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် စိတ်လည်း မကောင်းဘူးခင်ဗျ။ စိတ်လည်း မကောင်းဘူး ဆိုတာက ကျနော် ကိုယ်တိုင်ပင် အဲဒီဝေဒနာ ခံစားခဲ့ရတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေက ပံ့ပိုးတယ်။ ဘယ်သူတွေက ပေးတယ်၊ ဘယ်သူတွေကနေပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဘယ်လောက် ပေးလိုက်တယ်။ အဲဒါက အမြဲကြားနေရတယ်။ ကျနော် ထောင်ကလွတ်လာတဲ့အထိ ဘယ်သူ့ဆီကမှ မရခဲ့ဖူးဘူး။ ငါးခြောက် တစ်ဖက်တောင် မစားခဲ့ရဘူး။ ကျနော်တို့နဲ့နေတဲ့သူတွေလည်း ဘယ်သူမှ မရခဲ့ကြရှာပါဘူး။

“ဥပမာ၊ ယုတ်စွအဆုံး ကျနော် စိတ်အရမ်းမကောင်းတာ တစ်ခုရှိတယ်။ ကျနော့်သူငယ်ချင်း လှမျိုးနောင်၊ အခုတော့ မန္တလေးထောင် ရောက်သွားပါပြီ။ မြစ်ကြီးနားမှာ အတူနေခဲ့တယ်။ မျက်လုံးတစ်လုံး ဆုံးသွားတယ်။ ထောင်ထဲမှာ မျက်လုံးတစ်လုံး ဆုံးသွားတယ်ဆိုတာက တကယ်ပြောတာ၊ ထောင်ထဲက ရိုက်လို့နှက်လို့ ဆုံးတာမဟုတ်ပါဘူး။ နဂိုရှိတဲ့ ရောဂါကြောင့် ဆုံးတာ။ သို့သော် တကယ်လို့များ သူဟာ proper treatment သင့်လျော်တဲ့ ဆေးဝါးကုသမှု တစ်ခုခု ရလိုက်တယ်ဆိုရင် အဲဒီလောက် မြန်မြန် မဆုံးရှုံးဘူးပေါ့။ အခုဆိုရင် မျက်လုံးတစ်လုံး ဆုံးရှုံးရုံတင်မကဘူး။ နောက် မျက်လုံးတစ်လုံးကပါ ဆုံးရှုံးတော့မယ်၊ သုံးပုံတစ်ပုံလောက် ဖြစ်လာပြီဆိုတော့ စာတောင် မဖတ်နိုင်တော့ဘူး ဖြစ်လာတယ်။ ဆိုတော့ ဒီလူတစ်ယောက်မှာ အရေးပေါ် ဆေးကုသဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့ ဖမ်းထားတာကိုး။ သို့သော် အဲဒီဟာကို ဆေးကုဖို့အတွက် moral encouragement စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း လိုတယ်။ financial encouragement ငွေကြေးအရ ပံ့ပိုးကူညီမှုလည်း လိုတယ်။ သူ့မှာက မရှိဘူး။ စီးပွားရေးအရ မပြေလည်ဘူး။ ပိုက်ဆံလေး သုံးသိန်းလောက် ရှိရင်ကို မျက်လုံးကို လေဆာနဲ့ပစ်လို့ ရရဲ့သားနဲ့ အဲဒီ ပိုက်ဆံလေး သုံးသိန်းလောက် မရှိတဲ့အတွက် သူ့ရဲ့ မျက်လုံး နောက်တစ်လုံးဟာ သုံးပုံတစ်ပုံ ဆုံးရှုံးလာရပြီ။ ဘယ်သူကူမှာလဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပါတယ် ကူညီပါတယ်လို့ ပြောပြီးတော့ လှမျိုးနောင်ရဲ့ မျက်လုံး တဖြည်းဖြည်းချင်း ဆုံးရှုံးနေတာကို Retinal Detachment လို့ ပြောတာပဲ။ ကျနော်တို့ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ်။ ကျနော့် သူငယ်ချင်းကို ဒီလိုလူ အခန်းချင်း ကပ်နေတဲ့သူတောင် ကျနော် မကူနိုင်တော့ဘူး။ သူ စိတ် ဘယ်လောက် ထိခိုက်ထားမလဲ။ ငါတို့ကတော့ တိုင်းပြည်အတွက်လို့ ပြောတယ်၊ လုပ်လိုက်ရတာ တိုင်းပြည်အတွက်လို့လည်း ပြောတယ်။ ငါတို့ကို ဘယ်သူကမှလည်း လုပ်မပေးပါလား။ ပေးနေတာကတော့ အကြီးအကျယ်ပဲ။ ဘယ်သူကပေးတယ်၊ ဘယ်လောက်ပေးလိုက်ပြန်ပြီ ဆိုတာက အကြီးအကျယ်ပဲ။ ဘယ်သူ ပေးလို့မှမရတာ အမှန်ပဲ။

“နောက်ထပ် ကျနော် ထပ်ပြောမယ်။ ဒါ တရားဝင် တကမ္ဘာလုံးကို ပြောလို့ရတဲ့စကားဖြစ်တဲ့အတွက် ကျနော် ပြောချင်သေးတယ်။ ဘုန်းကြီးတွေကို ထောက်ပံ့တယ်လို့ ပြောတယ်။ ဘုန်းကြီးတွေကို ထောင်ထဲမှာ ထောက်ပံ့လို့ဆိုပြီး ဆုတွေလည်း ပေးလိုက်ကြတာ ဟိုးအမေရိကားကနေ နည်းတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အတူတူနေတဲ့ ဘုန်းကြီးလေးပါး ရှိတယ်။ နံမည်တပ် ကျနော် ပြောလို့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည်က အညတရ သူရဲကောင်းဆု ပေးလိုက်တဲ့ ဘုန်းကြီး ဦးဉာဏ ကျနော်နဲ့အတူတူ ရှိတယ်။ ဘုန်းကြီး ဦးဓမ္မသာမိ၊ ကျနော်နဲ့အတူတူ မြစ်ကြီးနားထောင်မှာ နေခဲ့တယ်။ ဘုန်းကြီး ဦးဂန္ဒသာရ မန္တလေးက ဘုန်းကြီး ကျနော်တို့နဲ့အတူတူ နေခဲ့တယ်။ အဲဒီ ဘုန်းကြီးလေးပါးလုံး ဘာမှမရဘူး။ ကျနော်ပြောတာ ရှင်းရှင်းလေးနော်။ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘုန်းကြီးတွေ ရှိတယ်။ ကျနော်နဲ့အတူတူ သုံးနှစ်ခွဲလုံးလုံး နေခဲ့တာ။ အဲဒီတော့ ကျနော်တို့ စိတ်ထဲမကောင်းဘူးခင်ဗျ။ အပြင်က ပြောလိုက်ရင်တော့ ဂုဏ်တွေယူပြီးတော့ အကြီးအကျယ်ပေးတယ်။ ဘယ်လိုပေးတယ်ချည်း ပြောတယ်။ ပြောပြီးတော့ နံမည်တွေ ယူနေကြတယ်။ တကယ့်တကယ် ထောင်ထဲကကောင်တွေက ဘာမှမရတော့ နေ့တိုင်း ဒီအသံကြားနေရလေ စိတ်တိုလေပဲ။ ကြာရင် အဲဒီထောင်ထဲကလူတွေ လွတ်လာရင် သတ်ချင်စိတ်တောင် ပေါက်လာလိမ့်မယ်။ ဆိုတော့ ဘာမှလည်းမပေးဘဲနဲ့ ပေးတယ်ပြောနေတာ။ ဒီကိစ္စရဲ့ နမူနာတစ်ခုဆို ကျနော် ပြောပြမယ်။

“ကျနော် ဒီလာခါနီးလေးမှာပဲ စင်ကာပူက လမ်းပြကြယ်အဖွဲ့ ရန်ကုန်ကို ရောက်လာတယ်။ သူတို့တွေက အကျဉ်းသား ၄၀ ကို လတိုင်း သူတို့ တာဝန်ယူ ထောက်ပံ့နေပါတယ်တဲ့။ ၁,၇၀၀ ပို့ပေးပါတယ်တဲ့။ သူတို့ပို့ပေးတဲ့စာရင်းထဲမှာ ပါတဲ့ မျိုးအောင်နိုင်။ သူ့မိန်းမ ကျနော့်အိမ်မှာ။ သူတို့ရောက်တဲ့အချိန်မှာ ရှိနေတယ်။ ဟောဒီမှာ ကိုမျိုးအောင်နိုင်ကို ထောင်ဝင်စာသွားတွေ့မယ်။ ကျနော်လည်း ခရီးသွားမှာမိုလို့ မျိုးအောင်နိုင်ဆီသွားမယ့် သူ့မိန်းမ မနေခြည်ကို ပစ္စည်းတွေ ထည့်ပေးနေတယ်။ စာအုပ်တွေ ထည့်ပေးတာ။ အဲဒီ မနေခြည်က ကျမ တပြားမှ မရပါဘူးတဲ့။ သူတို့က ကျနော်တို့ပေးနေတာ ၁၃ လရှိပြီတဲ့။ ဟုတ်ကဲ့… ကျမ တပြားမှမရပါဘူးတဲ့။ ဒါတော့ သူလည်း မလိမ်ဘူး။ ဒီကလူတွေ မရတာကလည်း မရဘူးပဲ ပြောရမှာပေါ့။ အဲဒါတွေ ကျနော် ပြောတာ။ ပေးတဲ့သူတွေကလည်း ပေးတယ်။ မရတဲ့သူကလည်း မရဘူးဆိုတော့ ကြားထဲမှာ တစ်ခုခုတော့ လွဲနေပြီလို့ ကျနော် ထင်တယ်။ အဲဒီခံစားချက်ကြောင့် ကျနော် ထောင်ထဲက ထွက်ထွက်ချင်းမှာ ကျနော့် သူငယ်ချင်းတွေကို ကျနော် ပြန်ပို့ချင်တယ်။ အဲဒီတော့ ကျနော် ဘယ်သူ့ဆီက ပိုက်ဆံမှမတောင်းဘူး။ ဘယ်သူ့ကိုမှ ကျနော် အလှူမခံဘူး။ သို့သော် နံပါတ်တစ်။ ကျနော့် သူငယ်ချင်းတွေဖြစ်တဲ့ ရုပ်ရှင်နဲ့ ဂီတနယ်ကလူတွေပေးတာ ကျနော် ယူတယ်။ ဆိုပါတော့ ထွန်းအိန္ဒြာဗို ပေးတယ်၊ ဝေဠုကျော်ပေးတယ်၊ ဇင်ဝိုင်းပေးတယ်။ မင်းမော်ကွန်း ပေးတယ်။ ကျနော် ယူတယ်လေ။ သူတို့ဆီကို ကျနော် အားမနာ လျှာမကျိုး ကျနော် တောင်းလို့ရတယ်။ ကျနော်နဲ့ နီးစပ်တဲ့သူငယ်ချင်းတွေကို ကဲ ပေးပါဦး တစ်သိန်းလောက်၊ ပေးပါဦး သုံးသိန်းလောက် လိုက်တောင်းတယ်။ ကျနော် မျက်နှာ အောက်ကျခံပြီး တောင်းရပါတယ်။ ဒီလိုပဲ နိုင်ငံခြားရောက်နေတဲ့ ကျနော် သူငယ်ချင်းတွေ တချို့က ပိုက်ဆံစုပြီး သူတို့အတွက် အမေရိကားရောက်နေတဲ့ သူတွေဆီက နှစ်ဆယ်မျိုး သုံးဆယ်မျိုး စုလိုက်တယ်။ ငါးယောက်လောက် စုလိုက်ရင်လည်း ဒါက ၁၅၀ လောက် ဖြစ်သွားတာ။ အဲဒီသူငယ်ချင်းတွေက ၀ိုင်းစုပြီးပေးတဲ့ပိုက်ဆံလေးတွေနဲ့ပဲ ကျနော် ရအောင်ပို့တယ်။ သို့သော် ကျနော် ဒီထက် ပို့ချင်ပါတယ်။ အခု ကျနော် ထောင်ပေါင်း ၄၂ ထောင် ရှိတဲ့အထဲမှာ ၂ ထောင်ကလွဲရင် ထောင် ၄၀ ကို ကျနော် ပို့ပြီးသွားပါပြီ။ ထောင် ၄၀ မှာ နှစ်ခါပြန်ကြော့တဲ့ထောင်တွေ၊ ဥပမာ တောင်ငူဆို နှစ်ခါပြန်သွားပြီ။ လွိုင်ကော်ဆို နှစ်ခါ ပြန်သွားပြီ။ ဘူးသီးတောင်၊ မောင်တော ဆို နှစ်ခါပြန်သွားပြီ စသည်ဖြင့်ပေါ့။ မြစ်ကြီးနားဆို နှစ်ခါ ပြန်သွား ဖြစ်သွားပြီ။ အဲဒီလို ပို့တဲ့အခါမှာ အကျဉ်းသားတစ်ယောက်ကို ငွေတစ်သောင်း အနည်းဆုံး ပို့နိုင်ပါတယ်။ နောက်ပြီးတော့ အင်္ကျီပို့နိုင်တယ်။ စာအုပ်တွေ ကျနော် ပို့နိုင်တယ်။ လိုအပ်တဲ့ဆေးဝါး ကျနော်တို့ ၀ယ်ပြီးတော့ ပေးနိုင်ပါတယ်။ သို့သော် တစ်သောင်းဆိုတော့ မများပါဘူးဗျာ။ သို့သော် သူတိုစိတ်ထဲမှာ ကျနော်တို့ကို ပစ်မထားဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အား ပေးမှုတစ်ခုရတယ်။ အဲဒါကတော့ ကျနော် မဏ္ဍပ်တိုင်တပ်ပြီး ပြောနေ့တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲကို ဒီပစ္စည်းတွေ ရောက်တယ်ဆိုတာလည်း ကျနော်တို့က သူတို့ဆီကလာတဲ့ document တွေ အပြည့်စုံ ကျနော်တို့ဆီမှာ ရှိပါတယ်။ ဆိုတော့ အဲဒီစိတ်ကလေး တစ်ခုတည်းနဲ့ ကျနော် လုပ်တာပါ။”

မစုမြတ်မွန်။ ။ စောစောကပြောတဲ့ ဒီအဖွဲ့အစည်းတွေက ပေးနေပါတယ်လို့ ပြောနေတဲ့အဖွဲ့တွေက ဘယ်အဖွဲ့တွေလို့ ရည်ညွှန်းပြီးတော့ ပြောလို့ရနိုင်ပါလား။ -

ကိုဇာဂနာ။ ။ “ကျနော် နံမည်တွေလည်း မပြောတတ်တော့ဘူး။ အဖွဲ့တွေ တပုံကြီးပဲ။ နိုင်ငံခြားကနေ ပေးနေတာ။ စင်ကာပူရောက် မြန်မာများရော။ ဂျပန်နိုင်ငံရောက် မြန်မာများရော။ အမေရိကန် နိုင်ငံရောက် မြန်မာများရော ပေးနေတာပဲ။ နေ့တိုင်း ပေးနေတာပဲ။ မပေးဘူးလို့ ကျနော် ပြောတာမဟုတ်ပါဘူး။ သူတို့ပေးချင် ပေးလိမ့်မယ်။ တကယ်လည်း သူတို့ပေးနေပါတယ်။ မရတာ။ ကျနော်တို့ ပေးတဲ့သူကလည်း ပေးနေလိမ့်မယ်။ ဆိုတော့ ပေးတဲ့လူနဲ့ မရတဲ့လူနဲ့ကြားထဲမှာ ဒီဟာက ထူးဆန်းစွာ ပျောက်ဆုံးမှုကြီးပေါ့။ ဒီလိုပြောရမှာပေါ့။”

လူရွှင်တော် ဇာဂနာကို ဗွီအိုအေက မစုမြတ်မွန်က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/political-prisoners-12-26-11-136242863.html

ပါရမီ ယာဉ်မောင်းများ၏ တောင်းဆိုချက် ဦးပိုင်လိုက်လျော


ညီသစ်၊ ကျော်ခ | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၄ မိနစ်

ရန်ကုန်၊ ချင်းမိုင်(မဇ္ဈိမ) ။ ။ စစ်ဗိုလ်ချုပ်များ ဦးစီးထားသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်က ‘ပါရမီ’ တက္ကစီ အငှားယာဉ်မောင်းများအပေါ် တင်းကြပ်ထားသည့် စည်းမျဉ်းများကြောင့် ယာဉ်မောင်းများက ဆန္ဒပြ တောင်းဆိုတော့ မည် အရေးနှင့် ရင်ဆိုင်လိုက်ရပြီး အရေးပေါ် အစည်းအဝေးခေါ်ကာ ညှိနှိုင်း သဘောတူပေးခဲ့ရ သည်။

တင်းကြပ်မှုများကို မခံနိုင်ကြသဖြင့် ‘ဗန္ဓုလ’ သယ်ယူပို့ဆောင်ရေး အောက်ရှိ ပါရမီယာဉ်မောင်းများက စုဖွဲ့ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုရန် ပြင်ဆင်ခဲ့မှုမှာ သတင်းပေါက်ကြားခဲ့ပြီး ၁၃ ရက်နေ့တွင် ဦးပိုင် လီမိတက်က ယာဉ်မောင်းများကို အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့သည်။ တောင်းဆိုချက်များကို ဦးပိုင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ခင်ဇော်ဦးကို တင်ပြကာ ၂၃ ရက် နေ့က အစည်းအဝေးတွင် စည်းကမ်း ပြင်ဆင်ချက်ကို ထုတ်ပြန်ပေးခဲ့သည်။

ပါရမီယာဉ်မောင်းများအပေါ် ချမှတ်ထားသော ယခင်က လဆန်း ၃ ရက် နေ့နောက်ဆုံး ထားပေးသွင်းရမည့် လစာ ကို ၇ ရက်နေ့ထိ တိုးမြင့်ပေးခဲ့သလို ၃ ရက်နေ့ လစာ မပေးလျှင် ကားသော့သိမ်းခြင်းကို ၁၅ ရက်နေ့ထိ လျှော့ပေါ့
ပေးခဲ့သည်။ တရက်လျင် လက်ဗွေ သုံးကြိမ် နှိပ်ရမယ့်အစားကို နေ့လည်တကြိမ် လျှော့ချပေးခဲ့သလို ယခင်က မနက် ၆ နာရီ ယာဉ်ထုတ်ချိန်အစား တနာရီ စောထုတ်ယူခွင့်ပေးခဲ့ပြီး ယာဉ်သိမ်းချိန်ကိုလည်း တနာရီ နောက်ကျ သိမ်းခွင့် ထိ လျှော့ချပေးခဲ့သည်။

“တနေ့ကို သုံးကြိမ် ဘယ်နေရာကရောက်ရောက် ပါရမီကားဝင်းကို ပြန်လာပြီး လက်ဗွေနှိပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဗျ။ နောက်ဆုံး အစည်းအဝေးက ဆုံးဖြတ်တာ တနေ့ သုံးကြိမ် မထိုးရတော့ဘူးဗျ၊ တနေ့ နှစ်ကြိမ်ပဲ အဝင်နဲ့ အထွက် ထိုးရမယ်။ နေ့လည် ပြန်လာထိုးပေးဖို့ မလိုတော့ဘူး” ဟု ပါရမီယာဉ်မောင်း ဦးစော က မဇ္ဈိမကို ပြောသည်။

ယာဉ်မောင်းများ၏ တောင်းဆိုချက်များထဲတွင် နယ်ကျော် မောင်းနှင်ကြေးအား လျှော့ချပေးရန်၊ အငှားယာဉ်၏ စပေါ်ငွေကို ကျပ် ၁၅ သိန်းမှ ၁၀ သိန်းသို့ လျှော့ပေါ့ပေးရန်၊ ဦးပိုင်သို့ လစဉ် ပေးသွင်းရနေရသည့် အငှားယာဉ်ကြေး ကျပ်လေးသိန်းကို သုံးသိန်းထိ လျှော့ချပေးရန်နှင့် ယာဉ်ပြေးဆွဲချိန်ကို ပြန်လည် ညှိနိုင်းပေးရန် ပါရှိသည်။

အဆိုပါ တောင်းဆိုချက်များထဲက စပေါ်ငွေများ လျှော့ချပေးရေးနှင့် လစဉ်ငွေ လျှော့ချရေးတို့ကို ဦးပိုင် လိုက်လျော ချက်များတွင် မပါရှိသေးပေ။ သို့သော်လည်း အခြေအနေအရ လျှော့ချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဦးပိုင် လီမီတက် မှ ထိပ်ပိုင်းတာဝန်ရှိသူ တဦးက ပြောသည်။

လျှော့ချပေးချက်များထဲက တခုဖြစ်သည့် မူလက နယ်ကျော် မောင်းနှင်ကြေး ၁၀၀၀၀ ကျပ်ကို ၅၀၀၀ ကျပ်သို့
လျှော့ချပေးခဲ့သော်လည်း နယ်မြေအကန့်အသတ် ပိုကျဉ်းသွားကြောင်း ယာဉ်မောင်းများက ပြောသည်။

“အရင်တုန်းက ပြည်လမ်းဆိုရင် တိုက်ကြီး၊ မန္တလေးလမ်းဆိုရင် အင်းတကော်ပေါ့။ အဲဒီနေရာတွေကို ကျော်လို့ မရတော့ဘူး။ အရင်တုန်းက တသောင်းပေးတယ်ဆိုတာက ပဲခူးထိ ရတယ်လေ။ ဒီလို ကန့်လိုက်တဲ့ အခါကြတော့ ဒါဟာ ဖြေလျော့တာ မဟုတ်ပဲနဲ့ ပိုတင်းကြပ်လိုက်သလို ဖြစ်သွားတာကိုး။ အခု ပဲခူး၊ အင်းတကော် သွားချင်တယ်ဆို ချက်ချင်းလိုက်လို့ မရတော့ဘူး” ဟု ယာဉ်မောင်း တဦးက ပြောသည်။

ယခင်က နယ်ကျော် မောင်းနှင်မည်ဆိုပါက သက်ဆိုင်ရာ တာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်ပြောဆို၍ ရသော်လည်း ယခုအခါတွင်မူ လျှောက်လွှာ တရက် ကြိုတင်ရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှ ခရီးသည် လိုက်ပါ ပို့ဆောင်ခွင့်ရမည်
ဖြစ်သည်။

စစ်အရာရှိများ ကြီးစိုးသော ပါရမီယာဉ်လိုင်းမှ တက္ကစီများသည် မြို့တွင်းရှိ အခြားသော ယာဉ်လိုင်းများထက် ခရီးသည် အကြိုက်၊ ယာဉ်မောင်းများ အကြိုက်တွေ့သဖြင့် အသုံးပြုလိုကြသော်လည်း ကားရရန်အတွက် တပ်အရာရှိ များကို အကပ် ယူရကြောင်း ပါရမီ ယာဉ်မောင်းတို့က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်ရှိ အငှားယာဉ်များသည် ပါရမီ ကားများကဲ့သို့
ကောင်းမွန်ခြင်း မရှိသော်လည်း နေ့စဉ် ပြန်ပို့စရာ မလိုဘဲ အိမ်၌ ယူထားကာ တလတကြိမ်သာ စစ်ဆေးရန် ပို့ဆောင်ရသလို စပေါ်ငွေ ၈ သိန်းနှင့် လစာ ၄ သိန်းခွဲသာ ပေးဆောင်ရကြောင်း အငှားယာဉ် အသိုင်းအဝိုင်းထံမှ သိရသည်။
http://www.mizzimaburmese.com/news/inside-burma/8810-2011-12-26-14-47-11.html

ရဲဘော်သုံးကျိပ် သွေးသစ္စာနေ့ အလှူ



မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကွယ်လွန်လေပြီးသော  ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်းပွဲကို တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ပြုလုပ်ခဲ့ သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ၁၉၄၁ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်ဝင်များ လွတ်လပ်ရေးအတွက် လက်မောင်းသွေးကို ဖောက်ကာ သွေးသစ္စာ ဆိုခဲ့ကြသည့်နေ့ ဖြစ်သည်။ ထို့ကြောင့် ဤနေ့ ရောက်တိုင်း ရဲဘော် သုံးကျိပ်ဝင် မိသားစုများက တွေ့ဆုံပွဲ လုပ်ခဲ့ကြသည်မှာ ၂၈ နှစ် ကြာပြီဖြစ်၍ ယခုနှစ်တွင် ဇီဝိတဒါန သံဃာ့ဆေးရုံမှ ပင့်သံဃာတော် ၂၈ ပါးကို အလှူအတမ်း ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီ အမျိုးသား တပ်မတော်ဖြစ်သည့် ‘ဗမာ့ကာကွယ်ရေး တပ်မတော် BIA’ ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ ၂၈ ဦးမှာ ကွယ်လွန်သွားကြပြီ ဖြစ်သည်။

30army3
ကွယ်လွန်လေပြီးသော ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်း (ဓါတ်ပုံ မဇ္ဈိမ)
သခင်ရွှေ (ခေါ်) ဗိုလ်ကျော်ဇောနှင့် ကိုအောင်သိန်း (ခေါ်) ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိနေတော့ကြောင်း ရဲဘော်သုံးကျိပ်ထဲမှ မိသားစုဝင် တဦးက ပြောသည်။

“ကျနော်က နှစ်စဉ်နှစ်တိုင်း ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံပွဲကို တက်ဖြစ်ပါတယ်။ ဒီနှစ်
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားတယ်လို့ သိရပါတယ်။ ဦးနေဝင်း မိသားစုတော့ မသိပါဘူး။ အယူအဆတွေ ဘယ်လိုပဲ ကွဲပြားနေစေကာ ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံနိုင်အောင် အရင်ကပဲ ရဲဘော် သုံးကျိပ်ဝင်တွေ ကိုယ်တိုင် လုပ်ခဲ့တာ။ အခုဆိုရင် သက်ရှိထင်ရှား နှစ်ယောက်ပဲ ကျန်တော့တယ်။ သခင်ရွှေ (ဗိုလ်ကျော်ဇော) ကတော့ ကူမင်းမှာ မိသားစုဝင်တွေနဲ့ နေတယ်လို့ ကြားတယ်။ ကိုအောင်သိန်းကတော့ လက်တွန်း ကုလားထိုင်နဲ့ ပဲ နေရတော့ တယ်။ မသွားနိုင်ဘူးလေ။ အသက်က ၉၀ ဆိုတော့လေ” ဟု သူက ပြောသည်။

‘ရဲဘော်သုံးကျိပ်ဝင် မိသားစုများ သာရေးနာရေးအဖွဲ့’ ကိုလည်း ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဖွဲ့စည်းထား သည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ နေထိုင်သည့် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောက “ကျနော် ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ အားလုံးပဲ ကျန်းမာပါစေ။ ဒီမိုကရေစီ အမြန်ရပါစေ။” ဟု ၂၀၁၁ ခု ဒီဇင်္ဘာ ၃ ရက်နေ့က ကျရောက်
သော မွေးနေ့ နှုတ်ခွန်းဆက်စကားတွင် ပါရှိသည်။
http://www.mizzimaburmese.com/news/inside-burma/8811-2011-12-26-14-56-11.html

'ခွေးကို အဖေခေါ်တဲ့သူ' တရားဟော ဒယ်အိုးဆရာတော် တနှစ်ပိတ်ခံရ


မျိုးသန့် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို တရားဟောပြောခွင့် ပိတ်ပင်ခြင်းသည် ဗုဒ္ဓဘာသာ တရားတော်များအရ အလွန် အပြစ်ကြီးမားကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတော်တွင် ထည့်သွင်း ဟောပြောခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာကျောင်းတိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလအား နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှ တရားဟောပြောခွင့် တနှစ်ပိတ်ပင်လိုက်သည်။

ဘုရားဟော ဝတ္ထုတပုဒ်ဖြစ်သည့် ‘သုဘ ဝတ္ထု’ တွင် သုဘ၏ ဖခင်ဖြစ်သူ တောဒေယျပုဏ္ဏားမှာ အလှူအတန်းတွင် အလွန်နှမျော တွန့်တိုတတ်ခြင်းကြောင့် ကွယ်လွန်သည့်အခါ သားဖြစ်သူ သုဘ၏ အိမ်တွင် ခွေးပြန်ဖြစ်သည်ကို ခိုင်းနှိုင်းကာ တရားပွဲများ ပိတ်ပင်သည့် ပုဂ္ဂိုလ်များသည်လည်း ထိုသို့ဖြစ်နိုင်ကြောင်း ‘ခွေးကို အဖေခေါ်တဲ့သူ’ တရားတွင် ထည့်သွင်း ဟောကြားခဲ့ခြင်းကြောင့် တရားပွဲပိတ်ပင်ခံရခြင်းဟု ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော် ဦးသုမင်္ဂလက မဇ္ဈိမကို အမိန့်ရှိသည်။

"သာမန်အလှူအတန်းပိတ်တာတောင်မှ ခွေးဖြစ်တယ်။ အခု တရားပွဲတွေuthumingala ပိတ်တဲ့အလုပ်က အလွန်အပြစ်ကြီးတဲ့ အလုပ်။ မလုပ်သင့်တဲ့အလုပ် တရားပွဲတွေကို ပိတ်ပင်နေတာ တားမြစ်နေတာ အဲဒီတော့ အဲဒါက
ခွေးထက်ဆိုးတဲ့ အပြစ်ဖြစ်လိမ့်မယ်။ အဲဒါစိုးရိမ်လို့ သနားလို့ပြောတာ၊ မမှားရအောင်ပြောတာဆိုပြီး ထည့်ပြောလိုက်တယ်။ တရားပွဲကို ဘယ်သူပိတ်တယ်၊ ဘယ်ဝါ ပိတ်တယ်လို့ ဘယ်အစိုးရ ဘယ်
အဖွဲ့အစည်းကိုမှ ထည့်ပြောမထားဘူး။ မပြောထားပေမယ့် အဲဒီလို သူတို့ဟာသူတို့ ကောက်ချက် ဆွဲသွားတာတော့ ငါလည်း မတတ်နိုင်
ဘူးကွာ။" ဟု ဆရာတော်က မိန့်သည်။

ဤတရားကို ဆရာတော်က ၃ဝ၊ ၁ဝ၊ ၂ဝ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ရှမ်းစု ရပ်ကွက်၊ အောင်ချမ်းသာ ဘုန်းတော်ကြီး
ကျောင်းဝင်းအတွင်း ကျင်းပသော ဓမ္မသဘင်၌ ဟောပြောခဲ့ခြင်း ဖြစ်သည်။

ဆရာတော်၏ ဟောပြောချက်အား ပြည်ထဲရေးဝန်ကြီးဌာနမှ သမ္မတရုံးသို့တင်ပြခဲ့ရာမှ ဒီဇင်္ဘာ ၉ ရက်နေ့က ကျင်းပ
သော မဟန အစည်းအဝေးမှ ဆုံးဖြတ်ချက်ချ၍ တရားဟောခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

မဟန မှ ဒယ်အိုးဆရာတော်သို့ ပေးပို့သည့် တရားဟောခွင့် ပိတ်ပင်သည့် လျှောက်ထား ပန်ကြားလွှာတွင် ၂ဝ၁၁ ဒီဇင်္ဘာ ၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး တနှစ်တိတိ တရားဟောခွင့် မပြုဟုဖေါ်ပြပါရှိသည်။

အဆိုပါစာတွင် "ထေရဝါဒ ပိဋိကတ်တော်နှင့် မညီညွတ်သော စာသားများကို ထည့်သွင်းဟောကြားသောကြောင့် လည်းကောင်း၊ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့ကို ထိပါးပုတ်ခတ်သောကြောင့်လည်းကောင်း" တရားဟောခွင့် ပိတ်ပင်ခြင်းဟုလည်း ဖေါ်ပြပါရှိသည်။

သို့သော် ဒယ်အိုးဆရာတော်ကမူ သူ့တရားနှင့် ပတ်သက်၍ "သုဘ ဝတ္ထုကို ခေါင်းစဉ်ပြောင်းထားတာပဲရှိတယ်။ ဘုရားဟောအတိုင်း တလုံးမှ မလွဲဘူး။" ဟု မဇ္ဈိမကို ဆက်လက် မိန့်ကြားသည်။

ဒယ်အိုးဆရာတော်သည် မြန်မာနိုင်ငံအတွင်းရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်းအဖွဲ့များကို ဖိတ်ခေါ်ကာ “ စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့များ နှီးနှောဖလှယ်ပွဲ” ကို စက်တင်ဘာလ နှစ်ရက်နေ့နှင့် သုံးရက်
နေ့များက ကျင်းပခဲ့သေးရာ မဟန သို့ ကြိုတင်လျှောက်ထား ခွင့်ပြုချက် မယူခြင်းကြောင့် ခေါ်ယူ သတိပေးခံခဲ့ရသေးသည်။

‘အပယ်ငရဲ ရောက်မည်’ ဆိုသည်ကို ‘ဒယ်အိုး ရောက်သွားမယ်’ဟု သုံးနှုန်း ဟောပြောလေ့ရှိသဖြင့် ဆရာတော် ဦးသုမင်္ဂလအား ‘ဒယ်အိုးဆရာတော်’ တွင်နေရခြင်း ဖြစ်သည်။

ယင်းအပြင် ရွှေညဝါဆရာတော်ဟု ထင်ရှားသည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းတိုက်၏ အုပ်ချုပ်စီမံ ပညာရေးတာဝန်ခံ တိုက်ကြပ်ဆရာတော် ဦးပညာသီဟကိုလည်း ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ အထိ မဟနမှ တရားဟောခွင့် ပိတ်ပင်ခဲ့သေးသည်။

အဆိုပါ တားမြစ်မှုအပြီး ရွှေညဝါ ဆရာတော်မှာ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် ကမ္ဘာ့ဒီမိုကရေစီနေ့က တရားဟောခဲ့သည့် အတွက် သီတင်းသုံးရာ သာဓုပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန် မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဒယ်အိုးဆရာတော်က "သာသနာ သိက္ခာကျတယ်ကွာ၊ နောက်ပြီးတော့ တကယ်ဆိုရင် သံဃာတော်တွေဟာ သာသနာတော်ကို ဝိုင်းဝန်း စောင့်ရှောက်ကြရမှာကိုးကွ။ တကယ်လို့ မှားနေတယ် ဆိုရင်
တောင်မှ သံဃာ့နာယက က ခေါ်ယူပြီး ဆုံးမခြင်း၊ လမ်းညွှန်ပေးခြင်း၊ သတိပေးခြင်း၊ တည့်မတ်ပေးခြင်းသာ ပြုသင့်တယ်။  ဒို့ အကျိုးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတောင် နှောက်ယှက်နေတယ်ဆိုရင် ဒီသာသနာအတွက်က မကောင်းဘူး။" ဟု  မဇ္ဈိမကို ဆက်လက် မိန့်ကြားသည်။

ရွှေညဝါဆရာတော်က မဟနထံသို့ "သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်ပြုရန်နှင့် သာသနာပြု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် ယခုလ ၁၆ ရက်နေ့တွင် အသနားခံစာ ပြန်လည်ပေးပို့ခဲ့သည်။ သို့သော် အဆိုပါ အသနားခံစာနှင့် ပတ်သက်၍ မဟန ထံမှ ပြန်ကြားချက် တစုံတရာ မရှိသေးဟုလည်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/8815-2011-12-27-13-53-38.html

ကြံ့ဖွံ့ ကြားဖြတ်ရွေးကောက်ပွဲ တရားမ၀င် မဲဆွယ်



By featured, ဧရာဝတီ on December 27, 2011 3:50 pm


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များ ချထားပေးမည်ဟု ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမ၀င် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် ရပ်ကွက် အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆိုပြီး အိမ်အရောင်းအ၀ယ်စာချုပ်၊ အိမ်ထောင်စု စာရင်း၊ အိမ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် အပါအ၀င် လိုအပ်သော အချက်အလက် စာရွက်စာတမ်းများကို
တောင်းခံကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

အိမ်ဂရန် ချပေးရန်အတွက် ဒီဇင်ဘာ၂၁ ရက်နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ဖွံ့ပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်ကြသည်ဟု ဆိုသည်။

“အကုန်လုံး ဂရန်တွေရအောင်လုပ်ပေးမယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်လာတင်ဖို့၊ ပြီးတော့ အခုအာဏာရနေတဲ့ဝန်ကြီး တွေက ကြံ့ခိုင်ရေးပါတီကဖြစ်လို့ ပါတီက လုပ်ပေးလိုက်မယ်ဆိုရင် အိမ်ဂရန် မဖြစ်မနေရမယ် ဆိုပြီးပြောတယ်”ဟု မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီး စတိုးဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။

မရန်းကုန်းမြို့နယ် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူ တဦးကလည်း ရပ်ကွက်တိုင်းတွင် အိမ်ဂရန်များရရှိရန် ပါတီက အခမဲ့အကျိုးဆောင်ပေး သွားရန်ရှိပြီး အကြိမ်ရေခွဲကာ အိမ်ဂရန်များ ချထားပေးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ပထမ အသုတ်၊ ဒုတိယအသုတ် အဲဒီလိုမျိုးစီစဉ်ဖို့ရှိတယ်။ ဒီစည်းရုံးရေးလုပ်ငန်းစဉ်တွေက ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးရဲ့ ပုံမှန် လမ်းညွှန်မှုနဲ့ လုပ်နေတာပါ”ဟု ရပ်ကွက်ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရာရှိတဦးကမူ အိမ်ဂရန် ချထားပေးသည့် လုပ်ငန်းစဉ်သည် အစိုးရအဖွဲ့၏ အတည်ပြုချက်၊ စိစစ်မှုများနှင့် လုပ်ဆောင်ရကြောင်း၊ အိမ်ဂရန် ချထားပေးရန်လည်း သတ်မှတ်ချက်များစွာ ရှိကြောင်း၊ ရပ်ကွက်တိုင်း အိမ်ဂရန် ချထားပေးရန် မလွယ်ကူဘဲ ဖြစ်နိုင်ခြေ နည်းပါးကြောင်း ပြောပြသည်။

“အိမ်ဂရန်ချပေးမယ်ဆိုရင် အဲဒီမြေက ကျူးကျော်မြေလား၊ ပါမစ်မြေလား၊ အရင်ပိုင်ရှင်ရှိလား၊ နိုင်ငံတော်ပိုင်လား၊ ဒါတွေကို စိစစ် ရတယ်။ မြေပုံကြည့်၊ မြေတိုင်းရမယ်၊ ဂရန်ချပေးနိုင်တဲ့ သတ်မှတ်ချက်နဲ့ ညီမညီဆိုတာလည်း စစ်ရမယ်။ အဆင့်တွေကများတယ်၊ တမြို့နယ်လုံးက ရပ်ကွက်တိုင်းကို ဂရန်တပြိုင်နက်တည်း ချပေးဖို့ဆိုတာ အတော့်ကို ဖြစ်နိုင်ခြေနည်းပါတယ်။ ကျနော့် အထင်ဒါက ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲတွေ၊ ထောက်ခံမဲတွေရဖို့ လုပ်တဲ့လုပ်ရပ်လို့ပဲ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းနိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးကမူ ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်သည် အစိုးရက ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီ ဥပဒေနှင့် မညီကြောင်း ပြောဆိုသည်။

“ဂရန်ချပေးမယ်ဆိုပြီး ပြည်သူတွေကို မဲဆွယ်တာက အစိုးရရဲ့အာဏာ၊ နိုင်ငံ့ရဲ့အာဏာကို အလွဲသုံးစားလုပ် မဲဆွယ်တာမျိုးပဲ၊ ဒါပေမယ့် တကယ်ပဲ ပြည်သူတွေအတွက် အိမ်ဂရန်တွေ ရမှာလား၊ တကယ် ရတယ်ဆိုရင် ပြည်သူတွေ အိမ်ဂရန်တွေရပြီး အိုးပိုင် အိမ်ပိုင် နဲ့ နေနိုင်တဲ့အတွက် ၀မ်းသာတယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူတွေ အိမ်ဂရန် တကယ်မရဘဲနဲ့ ကြံ့ခိုင်ရေးပါတီအတွက် ထောက်ခံမဲ၊ ကြိုတင်မဲရဖို့ ပြည်သူတွေကို လိမ်ညာတာဆိုရင် ဒါက မဲလိမ်၊ မဲခိုးမှုပဲ။ ကန့်ကွက်မယ်။ ကြံ့ခိုင်ရေးပါတီဖျက်သိမ်းဖို့ တောင်းဆိုမယ်”ဟု အဆိုပါနိုင်ငံရေး သမားက ရှင်းပြသည်။

နိုင်ငံရေးပါတီတရပ်သည် နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာ၊ ငွေကြေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိရလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ဖော်ပြထားသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ်ကလည်း ရန်ကုန်မြို့ရှိ ရပ်ကွက်လမ်းများတွင် လမ်းအခမဲ့ခင်းပေးမည်ဟုဆိုပြီး ကြိုတင်မဲ၊ ထောက်ခံမဲ တောင်းခံခြင်းများပြုလုပ်ခဲ့သည်။ အမှန်တကယ် လမ်းခင်းချိန်တွင် လုပ်အားခအဖြစ် ရပ်ကွက်နေပြည်သူများထံမှ တအိမ်လျှင် အနည်းဆုံး ကျပ် သုံးသောင်းမှ ရှစ်သောင်းအထိ ကောက်ခံခဲ့သည်။ ထို့နောက်၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက ကြိုတင်မဲများနှင့် အမတ်နေရာအများစု အနိုင်ရရှိခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အဖွဲ့ဝင် စီးပွားရေးသမားတဦးလည်း ဖြစ်သူ ကြံ့ဖွံ့ပါတီမှ ဒေါက်တာပွင့်ဆန်းရွေး
ချယ်ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသစ် လက်ထက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
http://burma.irrawaddy.org/archives/4158

ဒေါ်ခင်ကြည်၂၃ နှစ်ပြည့် အထိမ်းအမှတ် အလှူ


2011-12-27
အမျိုးသား ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်တာ ၂၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူအတန်းပြုတဲ့ အခမ်းအနားတွေကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ရာ ဘာသာရေးအဖွဲ့ ၆ ဖွဲ့ လာရောက်ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။


Archive Photo
မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစု။

အလှူအတန်းပွဲများကို ဒီကနေ့ မနက်ပိုင်းကမှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာတွေနဲ့ စတင်ခဲ့တယ်လို့ NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။ မနက်ပိုင်းမှာ ရွှေတောင်ကုန်း ကျောင်းတိုက် ဆရာတော်ဘုရားကြီး၊ ချမ်းမြေ့ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားနဲ့ သံဃာတော်များကို ဆွမ်းကပ်လှူကြောင်း၊ ညနေပိုင်းမှာတော့ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူ၊ ဂျူး နဲ့ ဘဟာရီ ဝတ်ပြုအဖွဲ့တွေ လာရောက်ကြကြောင်း သိရပါတယ်။

“အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင့်ဖိတ်ထားချက်အတိုင်း ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ကျောင်းတိုက်က ဆရာတော်ဘုရားကြီးနဲ့ သံဃာ ၅ ပါး၊ နောက် ချမ်းမြေ့ ပရိယတ္တိ စာသင်တိုက်က ဆရာတော်ဘုရားကြီးနဲ့ သံဃာတော် ၅ ပါး ကြွရောက်ပြီးတော့ အဲဒီမှာ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီးတော့ ဆွေမျိုးရင်းချာများနဲ့ အတူ အနုမောဒနာ ပြုပြီးတော့ အမျှအတမ်း ပေးဝေပါတယ်။ ဒါ ပထမဆုံး လုပ်တဲ့ ကုသိုလ်ပွဲပါ။ ညနေ ၄ နာရီမှာ ခရစ်ယာန်ဘာသာဝင်၊ မွတ်ဆလင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ဂျူးဘာသာဝင်နဲ့ ဘဟာရီ သာသနာ ဝတ်ပြုအဖွဲ့တွေက ၆ ဖွဲ့ လာရောက်ကြပါတယ်”

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ ပါတယ်။ အခမ်းအနားကို တက်ရောက်သူတွေထဲမှာ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးလည်း ပါဝင်ပါတယ်။
http://www.rfa.org/burmese/news/daw-khin-kyi-12272011092630.html

လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်အတွက် ၅၃ ကားရွေးချယ်


2011-12-27
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင် ပွဲတော်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကားတိုပေါင်း ၁၈၈ ကားထဲက ၅၃ ကားကို ဆန်ခါတင် ရွေးချယ်ပြီးပြီလို့ ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။


The Art of Freedom Film Festival
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးသည့် ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ကြော်ငြာပိုစတာ။

ဒါအပြင် ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို တင်ပြဖို့ မလိုပေမယ့် ရုပ်ရှင်ဇာတ်ကားတွေ အတွက် ချမှတ်ထားတဲ့ မူဘောင်အတွင်း ဝင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရွေးချယ်ရေးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ မင်းထင်ကိုကိုကြီးနဲ့ မိမိတို့ ပါဝင်ကြောင်း၊ ဇာတ်ကားတွေကို ရွေးချယ်ရာမှာတော့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ ပတ်သက်လို့ အနုပညာနဲ့ ဖော်ပြနိုင်စွမ်းနိုင်မှုကို ဦးစားပေး ရွေးချယ်ကြောင်း၊ နောက်ပြီး ပေါ်လွင်အောင် တင်ပြနိုင်မှုနဲ့ ဇာတ်သိမ်းပုံကိုလည်း ထည့်သွင်း စဉ်းစားကြောင်းကို ကိုဇာဂနာက ပြောပြပါတယ်။

“ရွေးချယ်ရေးအဖွဲ့က အန်တီရယ်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရယ်၊ ကျနော်ရယ်ပေါ့ဗျာ။ အဓိက အချက်ကတော့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ Theme ကိုတော့ ကျနော်တို့က အပျက်မခံပါဘူး ခင်ဗျ။ Art of Freedom ထဲကို ဝင်အောင် ရိုက်ပြထားတဲ့ ကားတွေကို ကျနော်တို့ ဦးစားပေးပြီး ရွေးချယ်ပါတယ်။ ဒီဇာတ်ကားကို ပေါ်လွင်အောင် တင်ပြချက် ဘယ်လိုရှိသလဲ ဆိုတာကို ကျနော်တို့ ဒုတိယအဆင့် ထည့်သွင်းပြီးတော့ စဉ်းစားပါတယ်။ တတိယအဆင့်ကတော့ ဇာတ်သိမ်းပိုင်းကို ဘယ်လို ပရိသတ် ရင်ထဲကျန်အောင်၊ ဇာတ်ရဲ့ အထွတ်ကို ဘယ်လို ပို့တယ်ဆိုတာပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ စဉ်းစားပါတယ်”
 http://www.rfa.org/burmese/news/assk-film-festival-12272011121946.html


သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် ခွင့်မပြု


2011-12-27

‘မြစ်ကွေ့ဧရာ’ ပရဟိတ အဖွဲ့ (မကွေး) က ဦးစီးစီစဉ်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စာပေဟောပြောပွဲကို ဥပဒေနဲ့အညီ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ရာမှာ အောက်ခြေအဆင့်ဆင့်က ခွင့်ပြုချက် ရပေမယ့် တိုင်း ဝန်ကြီးချုပ်က ခွင့်ပြုချက် မပေးတဲ့အတွက် မူလ စီစဉ်ထားတဲ့အတိုင်း ဒီကနေ့ မကျင်းပဖြစ်ဘူးလို့ သိရပါတယ်။


RFA

ရေမျောကမ်းတင်နေတဲ့ အမှိုက်သရိုက်တွေကို ဧရာဝတီ မြစ်ကမ်းပါးမှာ တွေ့မြင်ရစဉ်။

သဘာပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတ တိုးပွာရေးကို ရည်ရွယ်ပြီး မကွေးမြို့ ‘မဟာ ရတနာရာမ’ ကျောင်းတိုက်မှာ ဒီကနေ့ ၂၇ ရက်နေ့မှာ စာပေဟောပြောပွဲ ကျင်းပဖို့ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် သံဃာ့နာယက စတဲ့ အဖွဲ့အသီးသီးထံကို တလ ကြိုတင် ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ပြန့်ပွားရေး ပရဟိတ ဆောင်ရွက်နေတဲ့ ကိုမြတ်စံက ပြောပါတယ်။

“နိုဝင်ဘာ ၂ဝ ရက်ကျော်လောက်က ဒီဇင်ဘာ ၂၇ ရက်နေ့အတွက် တလ ကြိုတင်ပြီး တင်လိုက်တဲ့အခါ မြို့နယ် ထွေ-အုပ်၊ တိုင်း ထွေ-အုပ်တွေက ၂၇ ရက်အတွက် ခွင့်ပြုချက် ချပေးလိုက်တယ်။ အဲဒီလို ပေးပြီးတော့ ၂၄ ရက်နေ့ကျမှတခါ “လောလောဆယ် မည်သည့်ပွဲမှ ခွင့်မပြုပါ’ ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေက မှတ်ချက် ချပေးတယ်။ အဲဒါကြောင့် ၂၇ ရက်နေ့ လုပ်မယ့် ပွဲအစီအစဉ် ပျက်သွားရတာပါ”

ဒီကနေ့ ပြုလုပ်မယ့်ပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ ဆရာ ဦးမြင့်ဇော်တို့ ဟောပြောဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/environmental-lecture-banned-12272011135434.html

လူ့အခွင့်အရေးကော်မရှင် အင်းစိန်ထောင် အစာငတ်ခံ ဆန္ဒပြမှု စစ်


2011-12-27

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ မြန်မာ့အရေး လှုပ်ရှားသူတွေက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြား ထားတဲ့ အင်းစိန် အကျဉ်းထောင်အတွင်း အစာငတ် ခံ ဆန္ဒပြမှုကို ဒီကနေ့ သွားရောက် စစ်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေနဲ့ မတွေ့ခဲ့ဘူးလို့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

ဒီကနေ့ မနက် ၈နာရီက အင်းစိန်ထောင်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က အကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေထားတဲ့ တိုက်အမှတ် ၁၊ ၃ ၊၄ ၊ ၅ စတဲ့ တိုက်တွေကို ပိတ်ထားပြီး လမ်းလျှောက်ချိန်မှာတောင် အကျဉ်းသားတွေကို အပြင် ထွက်ခွင့်မပေးခဲ့ဘူးလို့ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့တဲ့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။ ဒီကနေ့ အင်းစိန်ထောင်ကို ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကိုကြီး (စမ်းချောင်း) က ခုလိုပြောပါတယ်။

“အမှန်က အဲဒီအချိန်က ကျနော်တို့ အကျဉ်းသားတွေ လမ်းလျှောက်တဲ့ အချိန်။ နောက်ဆုံး ၁၁ နာရီထိုးတာတောင် ထမင်းမစားရလို့ ဆိုပြီး ပြောကြဆိုကြ ဖြစ်ကြတယ်။ နောက် ဒီလူ့အခွင့်အရေး ကော်မရှင်အဖွဲ့နဲ့ နိုင်ငံရေးသမားတွေနဲ့ မတွေ့ရအောင် နိုင်ငံရေးသမားတွေ နေတဲ့ တိုက်တွေကို ပိတ်ထားတာ။ အဲဒီမှာ ၂ တိုက်ကိုတော့ လူ့အခွင့်အရေး အဖွဲ့က ဝင်သွားတယ်လို့ သိရတယ်။ ၂ တိုက်မှာကျတော့ သေဒဏ် ကနေ ကျွန်းပြောင်းထားတဲ့လူတွေ ထားတာ၊ အဲဒီမှာ နိုင်ငံရေးသမား တွေ မရှိဘူး”

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ အဖွဲ့မှာ ပါဝင်တဲ့ ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပုဒ်မ ၅ည၊ ၁၇-၁ ပုဒ်မများနဲ့ ကျနေသူ ၃ ဦးနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့က ၅ (ည) တို့၊ ၁၇ (၁) တို့ ပါရင် နိုင်ငံရေးအကျဉ်းသားလို့ ပြောရမှာ။ နိုင်ငံရေးအကျဉ်းသား ဆိုတာတော့ အဲဒီလို ပုဒ်မတွေနဲ့ပဲ။ ဒီနေ့တော့ အဲလို ပုဒ်မနဲ့ဟာ ၃ ယောက်နဲ့တော့ တွေ့ခဲ့တယ်။ ကျနော်တို့ မနက်ဖြန် သွားဖို့ ရှိသေးတယ်ဗျ။ မနက်ဖြန်ပြီးမှပဲ ကျနော်တို့ wind-up လုပ်ပြီးတော့ ကျနော်တို့ရဲ့ conclusion နဲ့ ကျနော်တို့ရဲ့ view လေးတွေ comment လေးတွေက မနက်ဖြန်မှ ထွက်မှာ”

အခုလို လူ့အခွင့်အရေး ကော်မရှင်က တွေ့ဆုံခဲ့တယ် ဆိုတဲ့ နိုင်ငံရေးအမှုများနဲ့ အကျဉ်းကျသူ သုံးဦးဟာ သီးသန့် တိုက်များမှာ ထားရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ဘဲ အဆောင်မှာ ထားရှိသူတွေထဲက ဖြစ်နိုင်တယ်လို့ နိုင်ငံအရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
http://www.rfa.org/burmese/news/insein-commission-12272011092624.html