Thursday, January 19, 2012

ဆရာကြီး ဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက် မွေးနေ့ အကြိုပွဲ

Burma VJ Media Network

စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၃)နှစ်မြောက် မွေးနေ့ အကြိုပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ဇန်နဝါရီလ (၁၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆရာကြီးဟာ ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းမှာ မြိုင်သဇင် ကလောင် အမည်နဲ့မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ ပြီး နောက်ပိုင်းမှာ ဒဂုန်တာရာ အမည်ကို ခံယူခဲ့ပါတယ်။ ဆရာကြီးဟာ ကလောင်အမည် အမျိုးမျိုးနဲ့ စာပေ၊ ရုပ်ရှင်၊ပန်းချီ၊ဂီတ၊အနုပညာ၊ နိုင်ငံရေး၊စတဲ့ ဝေဖန်ရေးဆိုင်ရာ
ဆောင်းပါးတွေကို ရေးသားခဲ့သူ လဲဖြစ်ပါတယ်။ လာမည့် မေလ(၁၀)ရက်နေ့ဟာဆရာကြီးဒဂုံတာရာရဲ့ အသက် (၉၃)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။


0 အကြံပြုခြင်း: