Sunday, January 29, 2012

အမေစုနဲ့ တို့ပြည်သူ မေတ္တာရောင်ပြန်ဟပ်ကြတဲ့ပွဲ


by ဖိုး သိကြား on Sunday, January 29, 2012 at 2:13am


ပင်ပမ်းပေမယ့် မနွမ်းသေးတာ

အမေစုရဲ့ မျက်နှာမှာဗျ..

ကြည်နူးရွှင်လန်း တောက်ပစွာ

အမေစုရဲ့ မျက်ဝန်းတွေက..

ထားဝယ်သွားတဲ့ လမ်းခရီးမှာ

ပြည်သူတွေက သောင်းသောင်းဖြဖြ..

ထာဝယ်သားတို့ ညီလှစွာ

ကြိုဆိုကြတာ အားရစရာပဲ..

လူကြီး၊ လူငယ်၊ လူရွယ်အစုံ

ခလေးငယ်ပါ ပါဝင်ဆင်နွှဲ...

မြင်တွေ့ရတဲ့ မြင်ကွင်းတွေ

တို့တတွေပါ ပျော်ရွှင်လို့မြူး..

အထူးပြုလုပ်ချက် တခုမှမပါ

မေတ္တာနဲ့သာ ကြိုဆိုတဲ့ပွဲ

အမေစုနဲ့ ပြည်သူတွေ

မေတ္တာရောင်ပြန် ဟပ်ကြပြီမို့

ဒီမိုကရေစီ အလှမ်းမဝေးပြီ

မကြာမီမှာ ပန်းတိုင်ဆီသို့..

ယုံကြည်ချက်တို့ မြဲခိုင်ကြည်

NLD ကို မဲပေးကြစို့...

အမေစုကို ၀န်းရံကြဖို့...

ဆုံးဖြတ်ချက်တို့ ရဲရဲချစို့...

ဟေ့..စိန်လား ဟေ့.. မြ..လား

ဟေး လား မောင် တို့ ၀ါး...










(ဒီနေ့တွေ့လိုက်ရတဲ့ အမေစုရဲ့ ထားဝယ်ခရီးစဉ် ဓါတ်ပုံတွေကိုကြည့်ပြီး ၀မ်းသာကြည်နူးမိပါ၍ သံချပ်လေး တပုဒ်နဲ့ အမေစုနဲ့ ထားဝယ်သားများနဲ့တကွ အားလုံးသော ပြည်သူများကို ဂုဏ်ပြုလိုက်ပါတယ်..)

ဓါတ်ပုံများကို ထားဝယ်မြို့တော် https://www.facebook.com/#!/daweicity မှယူပါသည်..။

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (29/01/2012)

0 အကြံပြုခြင်း: