Tuesday, February 14, 2012

နောက်တစ်ကြိမ် ထပ် အလိမ်ခံရပြန်ခြင်း။ (သို့) ဧ၀ံမေသုတံ ဧကံသမယံ - ၁

ဦးခင်ညွှန့် သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ကျနော် Status တင်ထားခဲ့ပါသည်။
စာနယ်ဇင်းသမားများ ထိုအတိုင်း သတင်းရခဲ့သည်က အမှန်ဖြစ်ပါသည်။
စာနယ်ဇင်းသမားများ၏ ဖုန်းများတွင်ပင် SMS များ ၀င်ပါသည်။ အားလုံး ဆင်တူ၊
မလွဲတမ်း။ ဦးခင်ညွှန့် စာနယ်ဇင်းရှင်းလင်းပွဲလုပ်မည်တဲ့။ အားလုံး စိတ်ဝင်စားသွားသည်။
ကျနော့်လို ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေသူ စာရေးဆရာငတိပင် ဗျာများသွား၏။
တကယ်တမ်းကျတော့ ဘာဖြစ်သနည်း။ တကယ့်တကယ်တမ်းကျတော့ ဘယ်လိုဖြစ်သနည်း။
ORCHID ဟိုတယ် တက်သွားသည်နှင့် `စက်မှုဇုန် ၄နှင့်ပတ်သက်၍ မီဒီယာများတွင်
ဖော်ပြခဲ့သည်များအား သတင်းအမှန်ရှင်းလင်းပွဲ´ ဆိုသည့် နဖူးစည်းစာတမ်းကြီးက
ဆီးကြိုနေ၏။ နိုင်ငံခြားသတင်းထောက်များအပါအ၀င် သတင်းထောက်များ
စုံညီစွာ တက်ရောက်လာကြသည်။ ထိုစာတမ်းအမြင်မှာပင် တစ်ဝက်ကျော်ပြန်သွားကြ၏။
ဦးခင်ညွှန့်အကြောင်း တစ်လုံးမျှ မပါ။ ဦးခင်ညွှန့်လုံးဝ မတက်။ ဘယ့်သူ့ပွဲပါနည်း?
ဇေကမ္ဘာဦးခင်ရွှေပွဲ ဖြစ်ပါသည်။ သို့သော် ဦးခင်ညွှန့်ပွဲလို့ အားလုံးသိကြသည်မှာ အမှန်။
ထိုအတိုင်း ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်ကလည်း အမှန်။ ကျန်နေသော
သတင်းထောက်တွေကလည်း Cross Question များသာ မေးဖြစ်ကြ၏။
ပွဲပြီးတော့ ပြောသည်။ ဘူဖေးပြင်ထားပါတယ်။ စားသွားကြပါ ... တဲ့။
တစ်ယောက်မှ မစား။ အကုန် ထပြန်သွားကြ၏။ စာနယ်ဇင်းသမားတွေအတွက်
ပွဲတစ်ပွဲလုပ်ဖို့ရာ ကျနော်တို့ ဘယ်လောက်ကုန်ပါတယ်ဟု အပြောမခံနိုင်တော့ပြီ။

(သွန်းနေစိုး)






















The Voice Weekly
လယ်ယာမြေ ပိုင်ဆိုင်မှုကြောင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေသော မင်္ဂလာဒုံ မြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုရှိ စက်မှုဇုန်အပိုင်း (၄) ကို ဇေကမ္ဘာကုမ္ပဏီက ဆက်လက်အကောင် အထည်ဖော် ဆောက်ရွက်သွားဖြစ်ကြောင်း ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ယနေ့ညနေပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးဦးဥာဏ်ထွန်းဦးက အဆိုပါစက်မှုဇုန်ကိုရပ်ဆိုင်းရန် ညွန်ကြားထားကြောင်း သတင်းမီဒီယာအချို့တွင် ဖော်ပြထားချက်နှင့်ပတ်သက်၍ ၄င်းတို့ထံတရားဝင်အကြောင်းကြားစာ မရရှိသေးကြောင်း ဦးမြင့်ဇော်က ငြင်းဆိုလိုက်သည်။


Ko Phoe Phyu
လယ်သိမ်းခံလယ်သမားတွေဘက်က တရားမျှတမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ လယ်သမားခေါင်းဆောင်တချို့ ကို မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေအကာအကွယ်မဲ့ အကြမ်းဖက်တိုက်ခိုက်လာတဲ့အထိတောင် အခြေအနေဆိုးရွားလာနေပါပြီ။ ရန်ကုန်အရှေ့ ပိုင်းက ရွာ နှစ်ရွာမှာ ဖြစ်ခဲ့တာပါ။ လယ်သိမ်းတဲ့ကုမ္ပဏီနှစ်ခုကလို့ ယူဆရတဲ့ လူအုပ်ကြီးက အိမ်ကို လေးခွတွေနဲ့ ပစ်၊ မီးတင်ရှို့ ၊ နွားတွေသေ..နဲ့  ဖြစ်ချင်တိုင်း ဖြစ်ကုန်ပါပြီ။ "နိုင်ငံရေးသမားတွေ ပြောပြောနေတဲ့ အပြောင်းအလဲဆိုတာ ဘာကိုပြောနေကြတာလဲ မသိပါဘူး။ လယ်သမားတွေ မတရားလယ်သိမ်းခံရလို့  ဒုက္ခရောက်နေပါတယ်၊ အလုပ်သမားတွေ အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှုကို ခံနေရပါတယ်။ ကျွန်တော် စိတ်မကောင်းဝမ်းနည်းရပါတယ်။ အရင်အစိုးရတုန်းကလည်း ခံရပါတယ်။ အခု သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာလည်း ခံနေကြရပါတယ်။ အတူတူပါဘဲ။ ကျွန်တော် နားမလည်နိုင်ပါဘူး" (ရှေ့ နေ ကိုဖိုးဖြူ)

0 အကြံပြုခြင်း: