Thursday, February 16, 2012

ဂျပန်လူမျိုးမှကိုယ်ထိလက်ရောက်မှုတွင်ဂျပန်ဖက်မှတရားစွဲမအေးအေးကြည်အားအာမခံဖြင့်လွှတ်

နိုင်ငံတော်အကြီးအကဲများရှင့်

တရားရုံးမှဂျပန်နိုင်ငံသားနှင့်ဖြစ်သည့် အမှုကိစ္စ အတွက်ကြေအေးပေးရန်တရားရုံးသို့
လာရောက်ရန် အကြောင်းကြားပါသဖြင့် 15.2.2012 တွင်သွားရောက် ခဲ့ပါသည်။
တရားသူကြီးမှ ဂျပန်ဘက်မှ ကျွန်မ ကို အကြမ်းဖက်တားဆီးမှု နှင့် တရားစွဲဆို ထားကြောင်း ထို့ကြောင့် အာမခံပါသလား
ဟုမေးပါသည်။ ကျွန်မ မှ အံအားသင့်လျှက် ကျွန်မ ဂျပန် ကို ဘာမှ အကြမ်းဖက်မှု လည်း မလုပ်ခဲ့ပါသဖြင့် ဘာကြောင့် တရားစွဲခံရပါလည်းဟု ပြန်လည် လျှောက်ထားခဲ့ပါသည်။ ထိုအခါတရားသူကြီးအမျိုးသမီးမှဆရာမလည်းမသိပါ သူတို့တရားစွဲဆို ထားပါသည်။ ထို့ကြောင့် အာမခံပါသလားဟုပြောသည်။ ကျွန်မက မပါပါ ဟုပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တရားသူကြီးမှ ညနေလေးနာရီတွင် ရုံးပြန်ချိန်း မည်။ ထိုအတောအတွင်း သိန်းတရာတန် အာမခံပေးနိုင်မည့် အာမခံနှစ်ဦး ရှာထားပါ၊ မရှာ နိုင်လျှင် အချုပ်ခံရမည်ဟုပြောပြီး ရုံးဆင်းလိုက်သည်။ကျွန်မ သည် သာမာန် ၀န်ထမ်း တစ်ဦး သာဖြစ်ပါသည်။သိန်တစ်ရာတန်အာမခံနှစ်ဦးရှာ ဖို့ဆိုတာ မလွယ်ကူပါ။ဟိုတယ်မှ တာဝန်ရှိသူများက ကျွန်မအတွက် အာမခံလုပ်ပေးခဲ့ပါသည်။
အကယ်ရွေ့ ကျွန်မအတွက် ဟိုတယ်မှ အာမခံမလုပ်ပေးခဲ့ပါက ကျွန်မဘာများဆက်ဖြစ်မည်လည်းဆိုတာ တော်တော်
ကြောက်ရွံ့နေခဲ့ရပါသည်။အမှန် စင်စစ် ကျွန်မက အရိုက်ခံရသူပါ။တိုင်းတပါးသူ လီဆယ်တိုင်ကြားတာကို သိလျှက်နဲ့ အာမခံနှင့် ထွက်ဆိုပါဟုပြန်လည်တရားစွဲဆိုခံခဲ့ရပါတယ်။
ကျွန်မဟာ အခုဆိုရင် ဟိုတယ်က လူကြီးမင်းများရဲ့ အာမခံမှုနှင့် အပြင်တွင်နေထိုင်နေရခြင်းဖြစ်ပါတယ်။
ယခုမတရားမှု အတွက်မည်သူကို တင်ပြရမည်ကိုမသိတဲ့အတွက် လူကြီးမင်းများမှ ကူညီပေးပါရန် ပန်ကြားအပ်ပါသည်။







ဘုရားစူးမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးပါဗျာ။။။။။

1 အကြံပြုခြင်း:

yoyolay said...

အဲဒီတရားသူကြီးရဲ့သမီးကိုလဲ ဂျပန်ကောင်တွေကိုလာပြီး
ပါးရိုက်ခိုင်းကြည့်ရမယ်..