Tuesday, February 14, 2012

လူထုဟောပြောပွဲအတွက် လှည်းကူးအားကစားကွင်း သုံးခွင့် ပြန်ရ



by Yangon Press International on Tuesday, February 14, 2012 at 6:31am ·
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၂ (YPI)
ဒေါ်အောင်ဆန်းစုကြည်၏ နက်ဖြန်ခါ လှည်းကူးခရီးစဉ် အတွင်း လူထုဟောပြောပွဲတွက် ဘောလုံးအားကစားကွင်း အသုံးပြုခွင့် ပြန်လည်ရရှိပြီဟု ယနေ့ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ် အာဏာပိုင်များက အန်အယ်လ်ဒီပါတီသို့ အသိပေးလိုက်သည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ယင်း ဘောလုံးကွင်း အသုံးပြုခွင့်ကို  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သော်လည်း လှည်းကူးမြို့နယ် အားကစားဋ္ဌာနက  မြို့နယ်အားကစားကွင်းကို နိုင်ငံရေး ကိစ္စရပ်များတွင်သုံးစွဲခွင့်မပြုနိုင်ကြောင်း ယနေ့နေ့လည် ၁၂နာရီခွဲတွင် အကြောင်းကြားခဲ့သည်။

ယင်းအကြောင်းကြားစာကို ရရှိပြီးနောက်တွင် အန်အလ်လ်ဒီပါတီမှ ဦးဉာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထံသို့ တင်ပြခဲ့ကြသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းကိစ္စကို ပြန်လည်စိစစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို မည်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးကမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဆုံးဖြတ်ကာ အကြောင်းပြန်ကြားခဲ့သည်။

ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ်အားကစား ဋ္ဌာနကခွင့်ပြုကြောင်း အကြောင်းပြန်ချက်ကို အန်အယ်လ်ဒီပါတီသို့ အသိပေးခဲ့ကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၏လူထုဟောပြောပွဲပြုလုပ်မည့် နေရာ အခက်အခဲ နှောင့်နှေးခဲ့သည့်အပေါ် လည်းကူး မြို့ခံများမှ အချိန်မှီပြင်ဆင်နေပုံ










































ညနေ ငါးနာရီခွဲမှ ချက်ခြင်းလက်ငင်းမနက်ဖြန်အတွက် စင်မြင့်တည်ဆောက်နေပုံ

0 အကြံပြုခြင်း: