Wednesday, February 29, 2012

လေယာဉ်ဆီကို မတ်လ၁ရက်မှစ၍ နှုန်းအရှင်ဖြင့်ရောင်းချမည်ဖြစ်သောကြောင့် ခရီးသည်များ ဆီဖိုးထပ်မံပေးရတော့မည်


by 7Day News Journal on Wednesday, February 29, 2012 at 6:51am ·

ရန်ကုန်၊ဖေဖော်ဝါရီ၂၉
စွမ်းအင်ဝန်ကြီးဌာနက ဌာနဆိုင်ရာနှင့်ပုဂ္ဂလိကလေကြောင်းလိုင်းများသို့ ရောင်းချပေးနေသော JET-A1 လေယာဉ်ဆီဈေးနှုန်းကို မတ်လ၁ရက်မှစတင်၍ နှုန်းယှဉ်ဖြင့် ပြင်ဆင်သတ်မှတ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခင်တစ်ဂါလံ၂၅၀၀ကျပ်ဖြင့်ရောင်းချခဲ့သော လေယာဉ်ဆီကိုမတ်လ၁ရက်မှစတင်၍ နှုန်းယှဉ်ဖြင့် ရောင်းချတော့
မည်ဖြစ်သောကြောင့် ပြည်တွင်းခရီးသည်တင်လေကြောင်းလိုင်းများကလည်း ဆီဖိုးအတွက် ထပ်မံကုန်ကျငွေကို ခရီးသည်များထံမှ ဆီဖိုးအဖြစ် ထပ်မံကောက်ခံကြမည်ဖြစ်သည်။ ယခုလောလောဆယ်တွင် နှုန်းရှင်ဖြင့်ရောင်းချသောဈေးမှာ ၃၈၀၀ကျပ်ဝန်းကျင်ဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် ပြည်တွင်းလေကြောင်းလိုင်းများက ခရီးသည်များထံမှ ဆီဖိုးအဖြစ် မတ်လ၁ရက်မှစတင်၍ တစ်ဦးလျှင် ခရီးတိုလျှင် ကျပ်၇၀၀၀နှုန်း၊ ခရီးလတ်အတွက် တစ်ဦးလျှင် ၁၂၀၀၀ကျပ်နှင့် ခရီးရှည်အတွက် ၁၈၀၀၀ကျပ်ကို ထပ်မံကောက်ခံရန် စီစဉ်နေကြောင်း လေကြောင်းလိုင်းအချို့ထံမှ သတင်းရရှိသည်။ နိုင်ငံခြားသားများကိုမူ ခရီးစဉ်အတိုအရှည်ပေါ်မူတည်၍ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ဒေါ်လာမှ ၂၅ဒေါ်လာအတွင်းကောက်ခံမည်ဟု သတင်းရရှိသည်။
ထိုသို့လေယာဉ်ဆီရောင်းဈေးနှုန်းကို ဈေးနှုန်းရှင်ဖြင့် ပြင်ဆင်ရောင်းချမည့်အကြောင်းကို စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းပုဂ္ဂလိကလေကြောင်းလိုင်းများသို့ ဖေဖော်ဝါရီ၂၈ရက်ရက်စွဲဖြင့် စာပေးပို့ထားပြီဖြစ်သည်။

0 အကြံပြုခြင်း: