Sunday, February 12, 2012

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ

Burma VJ Media Network

Feb 11, 2012

KNU/KNLA မြန်မာပြည်ရဲ့ ရှေ့အနာဂတ် တိုးတက်ရေးအတွက် အန်အယ်ဒီ နဲ့ ပူးပေါင်းမည်
မြန်မာပြည်ရဲ့ ရှေ့အနာဂတ် တိုးတက်ရေးအတွက် အန်အယ်ဒီ ပါတီနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃:၃၀ နာရီ က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာအစိုးရနဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အကြား ပဏာမ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့ သလို ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကရင်တိုင်းရင်းသားဒေသကို လာရောက် လည်ပတ်ဖို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗှိုလ်ချုပ်ကြီး စောဌေးမောင်က ဖိတ်ခေါ်ခဲ့ပါတယ်။

0 အကြံပြုခြင်း: