Tuesday, March 27, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်ရွှေဇီးကွက် ကို မျိုးချစ်ဂုဏ်ရည်ဆုချီးမြှင့်

Uploaded by BurmaVJMedia on 27 Mar 2012
ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့ကို ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ကနေ ၂၀၁၂ ခုနစ် မျိုးချစ် ဂုဏ်ရည်ဆုကို ချီးမြှင့်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် မျိုးချစ်ဂုဏ်ရည်ဆုဟာ လူမှုရေး ၊ နိုင်ငံရေး ၊ ဘာသာရေးတွေမှာ အသက် ၊ သွေး ၊ ချွေးတွေနဲ့ တိုင်းပြည်အတွက် ပေးဆပ်တဲ့ အဖွဲ့အစည်းတွေ နဲ့ လူပုဂ္ဂိုလ်တွေကို အဓိကထား ရည်ရွယ်ပြီး ပေးအပ်တာလည်းဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ လေ့ကျင့်သင်ကြားရေး ခန်းမအတွက် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ထိုင်ခုံအစုံ ၂၀ ကို လှူဒါန်းခဲ့သလို ဒေါ်ရွှေဇီးကွက်ကလည်း သူရရှိတဲ့ ဆုကြေးငွေထဲက ငွေကျပ် ၂ သိန်းခွဲ ကို လေ့ကျင့်သင်ကြားရေး ခန်းမအတွက် လှူဒါန်းသွားခဲ့ပါတယ်။

0 အကြံပြုခြင်း: