Monday, April 30, 2012

လယ်/ဆည် ဝန်ကြီးကသားသမီးတွေကိုတောင်းပန်

The Voice Weekly
လယ်/ဆည် ဝန်ကြီး လွှတ်တော် အမတ်များကို တောင်းပန်
နေပြည်တော်၊ ဧပြီ ၃၀
HotNews ဂျာနယ်သို့ပြောကြားခဲ့သော စကားရပ်များနှင့် ပတ်သတ်၍ ခွင့်လွှတ်ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ယနေ့ နေ့လည် လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် အမတ်ရှေ့ ၌ တောင်းပန်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
HotNews ဂျာနယ်သည် ၎င်းနှင့်တွေ့ဆုံ မေးမြန်းချိန်က သားသမီးသဖွယ်၊ မိသားစု သဖွယ် ပြောကြားခဲ့သည့် ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
လွှတ်တော် အခွင့်ရေးပူးပေါင်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရှေ့ တွင် ယင်းအင်တာဗျူးအသံဖိုင်နှင့် တကွ ပြောကြားခဲ့သည့် စကားရပ်များအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီးကြောင်း ၎င်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်
များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။ သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေစုသတင်းစာရှင်းလင်းပွဲ(30 Apr 2012)

Published on 30 Apr 2012 by BurmaVJMedia
မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ စာသားတွေကို ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားကို တစ်ပါတည်း မဆောင်ရွက်နိုင်ခဲ့တာဟာ သူရဲ့ လစ်ဟင်းမှု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်တက်တော့မှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ထောက်ခံတဲ့ ဒီကေဘီအေ

Published on 30 Apr 2012 by BurmaVJMedia
ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ နေ့ က ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ချုပ် နာယက ဦးတင်ဦး နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလှဘွယ် (ဗိုလ် နှုတ်ခမ်းမွှေး) က မိမိတို့ ရဲ့ တပ်ဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို အမြဲထောက်ခံကြောင်း သူရဲ့ သ၀ဏ်လွှာ တွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးကအမေစုကိုလာတွေ့ ဆုံ

DVB TV News
12 hours ago
Apr 30, 2012 6:28am
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူတွေနဲ့ထပ်တူ ပံ့ပိုးကူညီမှုများ ရေရှည် လုပ်ဆောင်သွားမယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်မှာ ပြောကြားလိုက်ပါတယ်။
— in Rangoon, Yangon, Burma.

ဘလော့ခ်ဂါနေဘုန်းလတ်ဦးဆောင်တဲ့ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့

DVB TV News
12 hours ago
Apr 30, 2012 6:30am
နည်းပညာပိုင်းဆိုင်ရာ ဥပဒေတွေ ပြင်ဆင်နိုင်ဖို့ ဘလော့ခ်ဂါနေဘုန်းလတ်ဦးဆောင်တဲ့ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO မီဒို) က ကြိုးစား လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ဒီအကြောင်း ဒီဗွီဘီ သတင်းထောက် ဦးအံ့ဘုန်းမြတ်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
— in Rangoon, Yangon, Burma.

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီအမတ်များ လွှတ်တော် တက်မယ့်အပေါ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သဘောထား အမြင်များ

DVB TV News

လွှတ်တော်တွင်းအမတ်များမှ NLD သို့ ပေးစာ

CJMyanmar

ရွှေပြည်သာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်မှာ ထမင်းထုတ် အထုပ် 1000 ကျော် အလှူခံအရေးပေါ်လိုအပ်နေ


Nay Wai
ဒေါ်ခင်ဝင်းကြည် ဖုန်း 0943188616 နှင့် 0943089342 သို့ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံပါသည် ။
ဖြစ်စဉ်ကတော့ ဆောက်လုပ်ရေးဝင်း တပ်ပိုင် မြေပေါ်မှာ အိမ်ဆောက်နေတဲ့ မိသားစု 200 ကျော် လူဦးရေ 1000 ကျော်ကို နေအိမ်တွေကနေဖယ်ရှား ဖို့ စစ်တပ်တာဝန်ရှိသူတွေက စေခိုင်းခဲ့ပါတယ် ။ မိသားစုတွေက ပြောင်းရွှေ့စရာ မရှိတဲ့အတွက် မဖယ်ပေးတဲ့အခါ - တပ်က ခြံစည်းရိုးခတ်လိုက်ပြီး အထဲကလူ အပြင်ဘဲပေးထွက်ပြီး ပြန်မ၀င်ခိုင်းတဲ့အတွက် အတွင်းအပြင် အဆက်အသွယ်ပြတ် စားသောက်ရေးခက်ခဲနေတယ်လို့ ဒေါ်ခင်ဝင်းကြည် ကဆိုပါတယ် ။
ဖြစ်ပွါးနေတာကတော့ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကစတင်နေတာကြောင့် - ဒီနေ့ နေ့လည်စာ ထမင်းထုပ်ပေါင်း 800 ကျော်ကို အလှူခံရရှိပြီး ကျွေးမွေးထားပြီးပြီလို့ ဒေါ်ခင်ဝင်းကြည်ကဆိုပါတယ် ။
တရားတယ်/ မတရားဘူး - ကြေနပ်တယ်/မကြေနပ်ဘူး ဆိုတဲ့ အငြင်းအခုန်တွေအသာထားပြီး အရေးပေါ် ထမင်းထုပ်ကိစ္စကိုဘဲ ဦးစားပေးစီစဉ်ပေးဖို့ကို အထူးမေတ္တာရပ်ခံပါတယ် ။
အရေးပေါ် ထမင်းထုပ် ကိစ္စ အာရုံစိုက်အားထည့်ပြီးမှသာ မတရားမှုတွေကို ဆက်လက်တိုက်ပွဲဝင်ကြပါရန်
( ကလေးငယ်များ ကလေးလတ်များ စားသောက်ရေး အထူးသတိပြု )

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

The Voice Weekly
မွန်ပြည်သစ်ပါတီ၏ အကျဉ်းကျ ရဲဘော် နှစ်ဦးအား နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွဲပြောင်းသည့် အခမ်းအနားကို မော်လမြိုင်မြို့ Strand Hotel တွင် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဘန်ကီမွန်း ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်က ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြား

The Voice Weekly


DVB TV News
9 hours ago
Apr 30, 2012 9:33am
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမူးချူပ်ဘန်ကီမွန်း ဟာ လွှတ်တော်နှစ်ရပ်နဲ့  ဥက္ကဌတွေ နဲ့ တွေ ဆုံပီး ပြည်ထောင်စုလွှတ်တော်မှာ မိန့် ခွန်းပြောကြား ခဲ့ပါတယ်။ ဒါဟာ မြန်မာ့လွှတ်တော်မှာ ပထမဆုံး နိုင်ငံတကာ ခေါင်းတစ်ဦးရဲ့ တက်ရောက်မိန့် ခွန်းပြောတာလည်းဖြစ်ပါတယ်။ ဒီဗီဘီ သတင်းထောက်ဦးအံဘုန်းမြတ်က နေပြည်တော်က နေ တိုက်ရိုက် သတင်းပေးပို့ ထားပါတယ်။
— at Naypyitaw.


DVB TV News
Apr 30, 2012 7:22am
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံတကာအကူအညီတွေပေးဖို့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင်


RFA Burmese
‎"အခုလို ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင် ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးတဲ့ အရေးပါတဲ့ အပုဒ်တွေကို ပြင်ဖို့က အတော့ကို မလွယ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။" (ဦးအေးသာအောင်)

အခုဖြစ်ပေါ်ခဲ့တဲ့ ကျမ်းကျိန်စာသား မပြင်ဆင်ပေမဲ့ NLD က လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုသံတွေကို ကြားရသလို၊ တပြိုင်နက်ထဲမှာပဲ လွှတ်တော်အတွင်းကနေ နောက်နောင် ပြင်ဆင်လိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ မလွယ်ကူတဲ့အကြောင်း တွေ့ရတယ်လို့ အတိုက်အခံ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးအေးသာအောင် က-

"အခုပုံစံအတိုင်း ဆိုရင်တော့ တော်တော်လေး မလွယ်မယ့် သဘောမှာ ရှိတယ်။

အရင်ကျွန်တော်တို့ ကြားနေရတာက လွှတ်တော်တွင်းက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အစိုးရပိုင်းက တာဝန်ရှိသူများက ၂၀၀၈ ဖွဲ့စည်းပုံကို
ပြင်သင့်တယ်။ ပြင်ဖို့ လိုအပ်တယ်။ ပြင်ဖို့ လိုတဲ့အချိန်မှာ ပြင်ရမယ်လို့
ပြောတဲ့ အသံတွေ ကြားတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း ဒါ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကို ပြင်ရမယ်။ ဒီမိုကရေစီ အခြေခံနဲ့လည်း မကိုက်ညီဘူး။ အထူးသဖြင့် တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ဖို့ အတွက်လည်း ဒီဖွဲ့စည်းပုံဟာ အဟန့်အတား ဖြစ်နေတယ်။ ဒီလိုသာဆိုရင် တကယ်တန်း ပြည်တွင်းစစ် ရပ်စဲဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လည်း မလွယ်ဘူး။

အခုလို ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင် ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးတဲ့ အရေးပါတဲ့ အပုဒ်တွေကို ပြင်ဖို့က အတော့ကို မလွယ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။"

မြန်မာ -ီး က ပိုနံလို့လား

အဂ္ဂမဟာ ဒီမိုဖက်တီး

မြန်မာ -ီး က ပိုနံလို့လား
============== Myanmar Travel & Tours (MTT) မှာ တွေ့လိုက်ရတာဗျာ ....
ရင်ထဲမှာ အောင့်သွားတယ် ..... သြော် ငါတို့ မြန်မာတွေ တောင်အာဖရိက
မှာလို အမဲတွေ ဖြစ်တော့မှာပါလားလို့ .......
MTT - 122 Maha Bandoola Road, Kyanktada Tsp., Ygn.
Tel: 371286, 252859.
အစိုးရဌာနဖြစ်ပြီး ဒီလို ပြုမူရလား .... ကုမ္ပဏီဆိုရင် ထားလိုက် .... ရှယ်ပေးကြဗျာ .... အရမ်းတင်းတယ်

အန်အယ်ဒီကြေငြာချက်အမှတ် (၁၇၊၀၄၊၁၂)


"စာသားတွေ ပြင်ဖို့ (သမ္မတကြီးနဲ့) ပြောတုန်းက ကျမ်းကျိန်စာသားကို ကိုင်တွယ်ဖို့
ကျွန်မအနေနဲ့ လစ်ဟင်းခဲ့ပါတယ်၊ ဒါကို ကျွန်မ တာဝန်ယူတယ်။"
__ ဒေါ်အောင်ဆန်းစုကြည် (၃၀ ဧပြီလ ၂၀၁၂)

The Voice Weekly
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။




DVB TV News
12 hours ago
Apr 30, 2012 6:39am
30Apr 2012 mon အဖွဲ့ ချုပ် လွတ်တော်တက်မည်ဟု ယနေ့ ဆုံးဖြတ်။

The Voice Weekly ဂျာနယ်ပါ အိမ်အကူသတင်းနှင့် သတင်းစာသမားဆိုတာ


by Ko Htoo on Monday, April 30, 2012 at 4:31pm ·
အပတ်စဉ်ထုတ် The Voice Weekly: Vol.08/No.19 ပါ “ပြည်ပသို့ အိမ်အကူအဖြစ်စေလွှတ်ပါက ထိရောက်စွာ အရေးယူမည်” သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရတော့ ၀မ်းသာသွားရပေမယ့် သတင်းကိုထပ်ပြီး ဖတ်လိုက်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိလို့ ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။

ဒီသတင်းကိုရေးသားသူသတင်းထောက်ဟာ အလုပ်သမားဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာထမ်းတဦး ဆိုတာကို ကိုးကားပြီး မလေးရှားကို အိမ်အကူစေလွှတ်ဖို့ဆိုတာဟာ ကောလာဟသ သတင်းသာဖြစ်ပြီး မဟုတ်မှန်ကြောင်းကို သတင်းအစပိုင်းမှာပဲ အကျယ်တ၀န့် ဖော်ပြသွားခဲ့ပါတယ်။ (ပုံမှာ ကျနော် High Light ဆွဲပြထားပါတယ်။) သတင်းဆိုလိုချက်အရ အိမ်ဖော်စေလွှတ်ဖို့ ကန့်ကွက်ပြောကြားနေသူအားလုံးဟာ အခြေအမြစ်မရှိတဲ့ ကောလာဟသတခုကို လုပ်ကြံဖြန့်ဝေနေကြတယ်လို့ သဘောသက်ရောက်နေပြီး ဖြန့်ဝေနေကြသူများကိုလည်း စော်ကားရာရောက်နေပါတယ်။



သတင်းထောက်ကိုးကားခဲ့တဲ့ အရာထမ်းဆိုသူဟာ ဒီလိုမျိုး ပြည်သူအပေါင်းဝမ်းသာပြီး သောင်းသောင်းဖြဖြကြိုဆိုကြမယ့် သတင်းမျိုးကိုတောင် နာမည်၊ ရာထူး မဖော်ပြရဲတာဟာ သတင်းရဲ့တိကျခိုင်လုံမှုအားကို ကျဆင်းစေပါတယ်။

ယနေ့အင်တာနက်စာမျက်တွေမှာ ကျနော်တို့ ရေးသားဖြန့်ဝေနေကြတဲ့ အိမ်အကူပို့ဖို့ ကန့်ကွက်နေကြတာတွေဟာ တိကျခိုင်လုံစွာနဲ့ ပေါ်ထွက်လာခဲ့တဲ့ အထောက်အထားတွေကိုကိုးကားပြီး ရေးသားကန့်ကွက်နေကြတာပါ။ ကောလာဟသ မဟုတ်ပါဘူး။ လုပ်ကြံရေးနေကြတာ မဟုတ်ပါဘူး။ မခိုင်လုံတဲ့နေရာက ထွက်ပေါ်လာတဲ့ အမည်မဖော်လိုသူကို ကိုးကားထားတာ မဟုတ်ပါဘူး။




ဖော်ပြပါ သတင်းစာဖြတ်ပိုင်းတွေဟာ မလေးရှားနိုင်ငံက နေ့စဉ်ထုတ်သတင်းစာတွေပါ။ အင်္ဂလိပ်ဘာသာနဲ့ တနိုင်ငံလုံးကိုဖြန့်ချိပြီး တနေ့ကို စောင်ရေသန်းချီပြီး ရောင်းနေရပါတယ်။ အင်တာနက်ဝက်ဆိုဒ်မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။ မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာရေးထားတာ ယနေ့ကျနော်တို့ ပြောဆိုရေးသားနေကြသလို မလေးရှားနိုင်ငံက မြန်မာပြည်မှနေပြီး အိမ်ဖော်ပို့ပေးဖို့ တောင်းဆိုနေတာတောင် မဟုတ်ပါဘူး။ “မြန်မာအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာပြည်မှ အိမ်အကူခေါ်ယူရေးကိစ္စကို လက်ခံစဉ်းစားပေးဖို့ သဘောတူထားပါတယ်” လို့ ရေးသားဖော်ပြနေကြပါတယ်။ The Voice Weekly ဂျာနယ်ပါသတင်းနဲ့ ဘယ်ဟာက ပိုပြီးတိကျခိုင်လုံမှုရှိသလဲဆိုတာ ယှဉ်ပြီးစဉ်းစားပေးနိုင်ဖို့ပါ။



သတင်းမှာ မြန်မာအမျိုးသမီးတွေကို အိမ်အကူ၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် မစေလွှတ်ဖို့ မူဝါဒချမှတ်ထားတယ်လို့ ဆိုထားတဲ့ပါတယ်။ မတ်ခ်ျလ ၂၈ ရက်နေ့က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်နာဂျစ်တို့ အိမ်အကူကိစ္စဆွေးနွေးကြရာမှာ သမ္မတဦးသိန်းစိန်ဟာ မိမိတိုင်းပြည်က တရားဝင်ချမှတ်ထားတဲ့ မူဝါဒကို ဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်နာဂျစ်ကို ချပြခဲ့ခြင်းမရှိဘဲ ယနေ့အိမ်အကူစေလွှတ်ဖို့ ကိစ္စတွေ ပြည်သူကြားမှာ နှစ်နိုင်ငံကြားမှာ ပေါ်ပေါက်လာခဲ့ရသလဲဆိုတာလည်း သတင်းထောက်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သတင်းစာသမားတယောက်ဟာ ကိစ္စတခုနဲ့ပတ်သတ်ပြီး အင်တာဗျူးတော့မယ်ဆိုရင် မိမိအင်တာဗျူးမယ့်ကိစ္စကို အပြည့်အစုံမဟုတ်တောင် တီးမိခေါက်မိ ပြောနိုင်ဆိုနိုင်ရုံလောက် သိသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အင်တာဗျူးဖြေသူရဲ့ ပြောစကားအားလုံးကိုသာ အင်း၊ အဲ၊ ဟုတ်ပါတယ်၊ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်နဲ့ပဲ ပြီးသွားပြီး ပြောသမျှကို သတင်းရေးချလိုက်မယ်ဆိုရင် အဲဒီ သတင်းစာ၊ ဂျာနယ်ဟာ အင်တာဗျူးဖြေသူ (နိုင်ငံရေးသမား၊ အစိုးရ) ရဲ့ ပေါ်လစီ၊ မူဝါဒတွေကိုသာ ဖော်ပြတဲ့ ၀ါဒဖြန့်ချိရာ နေရာတခုသာဖြစ်သွားပြီး မိမိကိုယ်ပိုင်မူဝါဒမရှိတဲ့ ဂျာနယ်တခုသာ ဖြစ်သွားနိုင်တယ်လို့ သင်တန်းတခုက သတင်းစာဆရာတယောက်ရဲ့ ပြောကြားမှုကို သတိရမိပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီးတော့ စာမရေးခင်မှာ မိတ်ဆွေတယောက်နဲ့ ပြောမိတော့ သတင်းထောက်တယောက်ဟာ သတင်းတပုဒ်ကို ၃၀၀၀ ကျပ်လောက်ပဲရတော့ ရတဲ့ပိုက်ဆံနဲ့ အများကြီးစုံစမ်းလို့ မဖြစ်နိုင်ပါဘူး လို့ သူကပြောပါတယ်။ ဒါကိုလည်း ကျနော်တို့ဟာ နားလည်ပေးနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် တိတိကျကျစုံစမ်းဖို့ သေသေချာချာမေးဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း တိကျခိုင်လုံစွာနဲ့ မိမိအကျိုးအမြတ်မပါဘဲ ရေးသားနေကြတဲ့လူတွေကို စော်ကားရာဖြစ်စေတဲ့ ရေးသားမှုမျိုးကိုတော့ ရှောင်ကြည်သင့်ပါတယ်။ ပြောရရင် သတင်းထောက်ကမှ ၃၀၀၀ ကျပ် ရပါသေးတယ်။ မဖြစ်စေလိုလို့ ရေးသားဖြန့်ဝေနေကြသူအားလုံးဟာ ကိုယ့်ထမင်းကိုယ်စားပြီး  မိမိလူမျိုးအတွက် မိမိတတ်နိုင်သလောက် စွမ်းဆောင်နေကြတဲ့သူတွေချည်းပါ။

ကျနော်ခုလိုရေးတာဟာ တစုံတယောက်ကိုတိုက်ခိုက်ဖို့၊ နစ်နာစေဖို့ ရေးခြင်းမဟုတ်ဘဲ သတင်းဖတ်မိပြီး စိတ်မကောင်းဖြစ်မိလို့ ရေးခြင်းသာဖြစ်ပါတယ်။ ယခုသတင်းခေါင်းစဉ်နဲ့ပတ်သတ်ပြီး ၀မ်းသာမိသလို ယခုထက်ပိုပြီး တိကျခိုင်လုံစွာ ထွက်ပေါ်လာမယ့်သတင်းကိုလည်း အတိုင်းမသိ ၀မ်းမြောက်စွာ စောင့်မျှော်နေပါတယ်။

မောင်ပါလ
၁.၅.၂၀၁၂

Sunday, April 29, 2012

ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို


Yangon Press International

မြစ်ကြီးနား၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂- (YPI)

အစိုးရစစ်တပ်မှ ရဟတ်ယာဉ်များဖြင့် လူလက်နက် ရိက္ခာ အကူအညီများ ပန်ဝါဘက်သို့ သယ်ပို့လျှက်ရှိပြီး ယမန်နေ့မှစတင်၍ ပန်ဝါဒေသရှိ ကေအိုင်အေ တပ်ဖွဲ့များကို တိုက်ခိုက်လျှက်ရှိသည်ဟု ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ဦးလနန်က ပြောရာတွင် “ကျွန်တော်တို့ ရှေ့တန်းသတင်းတွေအရတော့ စစ်ရဟတ်ယာဉ် တစီးမှာ လက်နက်ကြီး၊ ရိက္ခာ၊ စစ်သား ၃၀ ပါတယ်လို့သိရတယ်” ဟုဆိုသည်။

ယမန်နေ့မှစတင်၍ မြစ်ကြီးနားမြို့ပေါ်မှ ဖြတ်သန်း၍ စစ်ရဟတ်ယာဉ်အနည်းဆုံး ၆ စီး ပျံသန်းသွားသည်ကို တွေ့ရသည်ဟုလည်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

“ရဟတ်ယာဉ်တွေက ဘေးနှစ်ဘက်နှစ်ချက်မှာ ပစ်တဲ့ လက်နက်တွေပါတယ်။ မနေ့က ၆ စီး ၊ ၇ စီးလောက် ဖြတ်ပျံသွားတယ်။ ဒီနေ့တော့ ၂ စီး ၃ စီးပြန်လာတာတွေ့တယ်” ဟု မျက်မြင်တွေ့မြင်လိုက်သူ မြစ်ကြီးနားမြို့ခံတဦးက YPI သို့ပြောသည်။

ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ကေအိုင်အို ဋ္ဌာနချုပ်နှင့် နီးစပ်သည့် နေရာများအထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသဖြင့် မြန်မာ အစိုးရစစ်တပ်မှ ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းရန်ရည်ရွယ်ထားသည်ဟု ကေအိုင်အို ဘက်က ပြောဆိုမှုများလည်း ထွက်ပေါ်လျှက်ရှိသည်။
သို့ရာတွင် ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းယူရန် အစီအစဉ်မရှိဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များ၏ မေးခွန်းကိုဖြေကြားပြောဆိုသွားသည်။

ကေအိုင်အို အဖွဲ့နှင့် နအဖ အစိုးရအကြား ၁၉၉၄ ခုနှစ်တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာမှ ပျက်ပြယ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် နှင့် တရုတ်နိုင်ငံနယ်စပ်ဘက်များဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဦးသိန်းစိန် အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့များ ဖွဲ့စည်းကာ ယမန်နှစ်မှစတင်၍ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသကဲ့သို့ ကေအိုင်အိုနှင့်လည်း ယမန်နှစ် နှောင်းပိုင်းမှ စတင်ကာ ဆွေးနွေးခဲ့သော်လည်း ယခုအချိန်ထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပေ။ ။

အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ

by Yangon Press International on Sunday, April 29, 2012 at 10:32am ·
ထားဝယ်၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။
အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် မုဆိုးမလေးဦး၏ နေအိမ်ခြံစည်းရိုးများအား အစိုးရလမ်းပေါ် ကျူးကျော်နေသည့် အတွက် ဧပြီလ ၂၂ ရက်စွဲဖြင့် တစ်ပတ်အတွင်း ဖျက်ပေးရန် စာထုတ်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ခြံစည်းရိုးနှစ်ခုအား အဖျက်ခံရပြီးဖြစ်ကြောင်း အင်အယ်လ်ဒီပါတီ၏ စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ဦးစိုးမောင်လေး က ဆိုသည်။
ကျေးရွာလမ်းချဲ့ရန်အတွက် တစ်ရွာလုံးအနေအထားဖြင့်ချဲ့ရမည်ဆိုလျှင် လုပ်ပေးနိုင်ကြောင်း ၊ လမ်း အတွက် လှူလျှင် ကုသိုလ်ရသည်ဟုပင် ခံယူကြောင်း ခြံစည်းရိုးအဖျက်ခံရသူများနှင့် ကျေးရွာသူ ရွာသား အချို့ကပြောသည်။
“ ကျွန်တော်ကိုလည်း ဘိလိယက်ခုံပိတ်ဖို့၊ လမ်းဘေးက ကွမ်းဆိုင်လေးကို ပိတ်ပေးရမယ်လာပြောတယ် ” ဟု အုပ်ချူပ်ရေးမှူး၏ ဖခင်က ဆိုသည်။ ဝေဒီကျေးရွာအတွင်းတွင် ဘိလိယက်ခုံပိုင်ရှင်သုံးဦးရှိသည်။
ကြားဖြတ်ရွှေးကောက်ပွဲပြီးကတည်းက အသေးအဖွဲကိစ္စလေးများမှသည် ယခုကဲ့သို့ ခြံစည်းရိုးဖျက်ပေး ရသည့် ကိစ္စများအထိ ခွဲခြားဆက်ဆံမှူများရှိကြောင်း အုပ်ချူပ်ရေးမှူး၏ ဖခင်ကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အန်အယ်လ်ဒီ ရုံးသို့ ဆက်သွယ်ရာ “ ကျွန်တော်တို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အကြံပေးရုံပဲ အကြံပေးနိုင်တာပါ ” လောင်းလုံမြို့နယ်မှာ အင်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးရွှေတင်က ဆိုသည်။
ယခုကဲ့သို့ ပါတီဝင်များအရေးကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွှေးကောက်ပွဲတွင် စည်းရုံးရေး အတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဒီကျေးရွာမှ အင်အယ်လ်ဒီပါတီ စည်းရုံးရေးမှူး ကိုစောမောင်လေး က ပြောကြားသည်။
လောင်းလုံမြို့နယ်၏ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်စိုးမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ဝေဒီကျေးရွာတွင် ဖြစ်နေသည့်ကိစ္စကို မသိသေးပဲ လွတ်တော် မတက်ဖြစ်သေး၍ ပြန်ရောက်လာလျှင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ။

လွမ်းဆွတ်သတိယပုံလေးကတမျိုး

Kyi Min Oo

ဉီးဇာဂနာ အားမာန်ပါ၍ လုံချည်စ မြေခလုနီ့း :-)

Waiphyo Naing

အရင်နဲ့ မတူပုံစံပြောင်းသွားပီ...


ဘာပုံစံပြောင်းသွားလဲဆိုတော့ ယာဉ်ထိန်းရဲတွေရဲ့ ပိုက်ဆံတောင်းတဲ့ ပုံစံပြောင်းသွားတာပါ။
ဒီလိုဗျ... ရန်ကုန်မြို့ရဲ့ မီးပွိုင့်ရှိတဲ့ လမ်းဆုံတော်တော်များများမှာ ရှိတဲ့ ယာဉ်ထိန်းရဲတွေကို ဘတ်စ်ကား စပယ်ယာတွေ ပိုက်ဆံလေးတွေ.. ပစ်ချပေးကြတာ.. တွေ့ဖူးကြမယ်ထင်တယ်ပါတယ်.. အဲလိုပစ်ချပေးလိုက်ရင်.. အဲဒီရဲတွေက ကိုယ်တိုင်မကောက်ပဲ... ကလေး (သို့)လူကြီးတစ်ယောက်ကို လိုက်ကောက်ခိုင်းပါတယ်။ အခုတော့ အဲလို ချမပေးတော့ပါဘူး.. ဟုတ်ပါတယ်.. ဒါဟာ အလွန်ကို သရုပ်ပျက်ပါတယ်... ဘာကြောင့် ဒီယာဉ်ထိန်းရဲတွေကို ဘတ်စ်ကားတွေက ငွေပဲလဲဆိုတော့ ကားချင်းပြိုင်လာရင်ပဲဖြစ်ဖြစ်... မီးပွိုင့်လွတ်ရင် ခေါက်ရေပိုလာနိုင်တာ စသည်တို့ကြောင့် မီးပွိုင့်ရှိ ရဲကို မီးပွိုင့်ကို လိုသလို ကစားခိုင်းစေချင်တာကြောင့် ဖြစ်ပါတယ်။
ဒီလိုသရုပ်ပျက်ပြီး လူသိများလာတဲ့အတွက် နိုင်ငံတော်က ဒီလိုလုပ်ရပ်တွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူလိုက်တဲ့အတွက် ပျောက်သွားတယ်ဆိုရင်လဲ မမှားဘူးပေါ့... အခုတော့ အဲဒီလို သရုပ်မပျက်တော့ဘူး...
မီးပွိုင့်မှာ ပန်းရောင်းတဲ့လူအနေနဲ့ ငွေလိုက်တောင်းတယ်... သိသာတာက တကယ်ပန်းရောင်းတဲ့သူလက်ထဲမှာ ပန်းတွေအများကြီးပါပေမယ့်.. အဲဒီငွေလိုက်တောင်းတဲ့ သူ (ယာဉ်ထိန်းရဲ စေခိုင်းထားသူ) လက်ထဲမှာတော့ ပန်း တစ်ကုံးပဲပါတယ်... ယာဉ်ထိန်းရဲများမှာ ဒီလိုပုံစံနဲ့ လက်ရှိ ငွေတောင်းနေကြောင်း... သိရပါတယ်။
ရန်ကုန်မြို့တွင်း ရန်ကုန်မြို့တော်စည်ပင်သာယာမှ လမ်းဘေး၊ လမ်းတွင်း ယာဉ်ရပ်နားခတွေကို ယခင် ၂ဝဝ ကျပ်ကောက်ခံနေရာမှ.. ၃ဝဝ ကျပ် သို့ ပြောင်းလဲ တိုးမြှင့် ကောက်ခံ လျှက်ရှိကြောင်း သိရပါသည်။

မြန်မာကျူ့ ပစ်မန်ဘာတဦး

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ အလုပ်သမားကိုးဦး ဖမ်းဆီးရမှု နှစ်ဖက်ညှိုနှိုင်း

by General Knowledge on Sunday, April 29, 2012 at 5:56am ·
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦးသေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ အလုပ်သမားကိုးဦး ဖမ်းဆီးခံနေရမှုနှင့် မြန်မာအလုပ်သမားနှစ်ဦး ကားပေါ်တွင် သေဆုံးခြင်း ကိစ္စများအတွက် နှစ်ဖက်ညှိနှိုင်းပြီး စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ရန်ရှိ


ထိုင်းနိုင်ငံတွင် မြန်မာ အမျိုးသမီးအလုပ်သမား တစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသည့် ကိစ္စ၊ နှစ်နိုင်ငံ သဘောတူထားသည့် စာချွန်လွှာဖြင့် ၀င်ရောက်လာသည့် မြန်မာအလုပ်သမား ကိုးဦး ဖမ်းဆီးခံရမှုနှင့်  မကြာမီက ဖြစ်ပွားခဲ့သည့် မြန်မာ အလုပ်သမားနှစ်ဦး ကားပေါ်တွင်သေဆုံးခြင်း ကိစ္စများအတွက် စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ပေးရန်  မြန်မာဘက်မှ တောင်းဆို ထားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကိစ္စများ ဖြေရှင်းရန်အတွက် ဧပြီလအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။

 မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်ရပ်မှာ ထိုင်းနိုင်ငံ၊ ကရဘူရီမြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု၊ နမ္မဒင်းကျေးရွာတွင် မတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း အမျိုးသမီးမှာ ရာဘာခြံတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကာ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။

မောင်ဖြစ်သူထံ သွားရောက်ကာ နေရပ်ပြန်မည်ဖြစ်သဖြင့် ငွေ/ပစ္စည်းထည့်ပေးနိုင်ရန် ပြောကြားရာ မောင်ဖြစ်သူက အလုပ်ရှင်ထံမှ ပိုက်ဆံသွားတောင်းခဲ့ကြောင်း၊ အလုပ်ရှင်က အရက်မူးနေ၍ အချင်းများပြီး ထိုအလုပ်ရှင်က သေနတ်ဖြင့် ပစ်လိုက်ရာ

၎င်းသည် ခင်ပွန်းနှင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ရန်စီစဉ်နေပြီး အခြားရာဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် မောင်ဖြစ်သူထံ သွားရောက်ကာ နေရပ်ပြန်မည်ဖြစ်သဖြင့် ငွေ/ပစ္စည်းထည့်ပေးနိုင်ရန်ပြောကြားရာ မောင်ဖြစ်သူက  အလုပ်ရှင်ထံမှ ပိုက်ဆံသွားတောင်းခဲ့ကြောင်း၊ အလုပ်ရှင်က အရက်မူးနေ၍ အချင်းများပြီး ထိုအလုပ်ရှင်ကသေနတ်ဖြင့် ပစ်လိုက်ရာ မ-- ကို ထိမှန်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းင်း ဖြစ်စဉ်ကို ကရဘူရီရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်းလည်းသိရသည်။

“ဖူးခက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့  မြန်မာအလုပ်သမား ၁၃၉ ဦးကို ဖေဖော်ဝါရီလအတွင်းမှာတရားဝင် သဘောတူညီမှုနဲ့ ပို့ခဲ့တယ်။ ဟိုရောက်တော့ အလုပ်ရှင်ရဲ့ စီမံမှုနဲ့ အလုပ်သမားရုံးကို သတင်းပို့ရတယ်။ ကျန်းမာရေး စစ်ဆေးရတယ်။ အလုပ်လုပ်ခွင့်လျှောက်ရတယ်။ လျှောက်ထားဆဲမှာ အလုပ်သမားကိုးဦးကို အလုပ်လုပ်ခွင့်လက်မှတ် မရှိလို့ဆိုပြီး ဖမ်းဆီးထားတယ်။ အဲဒီကိစ္စကို complain လုပ်ပြီး သူတို့ဘက်က တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်” ဟု မြန်မာကိုယ်စားလှယ် အဖွဲ့၌ လိုက်ပါခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

“Sadao Immigration office in  Songkhla Province  ကနေ မြန်မာ အလုပ်သမား ၆၂ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ သူတို့ကို မဲဆောက်သို့ ဧပြီလ ၁၆ ရက်နေ့က ကားနဲ့ပို့တဲ့ အခါမှာ အလုပ်သမားနှစ်ဦး အသက်ရှူကျပ်ပြီး သေဆုံးခဲ့တာကို ဧပြီ ၁၇ ရက်မှာ တွေ့ရတယ်။ သေဆုံးတာက အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးနဲ့ အသက် ၃၆ နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း စုံစမ်းစစ်ဆေးပေးဖို့၊ သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ လုပ်ပေးဖို့၊ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ မဲဆောက်မှာလည်း စုံစမ်းစစ်ဆေးပေးဖို့ request လုပ်ထားပါတယ်။ အခု ရက်ပိုင်းတွင်းမှာပဲ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီး လုပ်သွားမယ်လို့ သိရပါတယ်” ဟု ၎င်းကပြောပြသည်။

မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကိစ္စရပ်များ ဖြေရှင်းရန်အတွက် ဧပြီလ ၁၈ ရက်မှ ၂၀ ရက်ထိ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး  ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း Songkhla Province မှ စက်ရုံတစ်ခုတွင် အလုပ်သမားများ ဆန္ဒပြမှု၊ ကန်ချနာဘူရီရှိ အစားအသောက် စက်ရုံတစ်ခုမှ မြန်မာအလုပ်သမားများ ဆန္ဒပြမှုများကိုလည်း ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

ပြည်ပအလုပ်အကိုင် အလုပ်သမားစေလွှတ်သည့် ကိစ္စ၊ အလုပ်သမားများအား အကာအကွယ်ပေးရေး စသည်တို့ဆောင်ရွက်ရန်  ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့် ကြော်ငြာစာ အမှတ် (၂၄/၂၀၁၁) ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

အသက် ၂၁ နှစ်အရွယ် မိန်းကလေးနဲ့ ရဲစခန်းမှာ ထွက်ဆိုချက်ပေးအပြီး အင်တာဗျုး


အဘ ဥက္ကာကိုကို

စာရေးဆရာသွန်းနေစိုး(ခ) ဒဿကျော်စွာ(ခ) ဒိဗ္ဗကျော်စွာ ရဲ့အမှုမှာ အသက် ၂၁ နှစ်အရွယ်
ကာယကံရှင်မိန်းကလေးနဲ့ မင်္ဂလာတောင်ညွှန့်ရဲစခန်းမှာ ထွက်ဆိုချက်ပေးပြီးအပြန် အင်တာဗျုးခဲ့ကြပါတယ်။ မိန်းကလေးက ခုထိကြောက်လန့်နေဆဲပုံစံဖြစ်ပြီး ရဲရဲမပြောရဲသေးပါဘူး။
မိဘတွေက ဒီသတင်းကို ဖော်ပြခွင့်ပြုပြီးဖြစ်တဲ့အတွက် အသံဖိုင်ဖြည်ပြီး တင်ပေးလိုက်ပါတယ်။

ကာယကံရှင်မိန်းကလေး၏ပြောစကား ““အိမ်ပြန်မယ်လို့ပြောတော့လည်း အတင်းဖက် ပြီးတော့ နောက်ကနေလှမ်းဆွဲပြီးတော့ မပြန်နဲ့ဦး။ တစ်ခါတည်းရှင်းမယ်ဆိုပြီးတော့ လက်နှစ်ဖက် စလုံးကိုချုပ်ပြီးတော့ အတင်းကိုဖက်ထားတယ်။ သမီးခိုးဆက်သေး တယ်။ ပေါ်တင်ကြီးမဆက်ရဲ ဘူး။ ရေချိုးခန်းထဲဝင်ပြီး သမီးခိုးဆက်တယ်။ ပေါ်တင်ကြီးဆက်ရင် အရင်လိုပဲ ဗြူးဗြူးဗြဲဗြဲလုပ် မှာကြောက်တယ်””

သတင်းထောက်။ ။ ညီမလေးအသက် ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ ၂၁ မပြည့်သေးဘူး။

သတင်းထောက်။ ။ ညီမ အရင်က သူအိမ်ထောင်ရှိတယ်ဆိုတာကော သိလား။

ဖြေ။ ။ မသိဘူး။ နောက်ပိုင်းမှ သိတာ။ သေသေချာချာလည်း အဲ့လိုမပြောဘူး။

မိသားစုဝင်တစ်ဦးဝင်မေး။ ။ သမီးက သူ့ကိုပေါင်းချင်တာလား။

ဖြေ။ ။ ဟင့်အင်း။ သူ့ကို့ကြောက်နေလို့သာ။ အဲဒီလိုမျိုး တစ်ခုခုဆို အိမ်ပေါ်တက်ပြီး ဆွဲရမလားတို့၊ ညီမကို တစ်ခုခုလုပ်ပစ်လိုက်ရမလားတို့၊ သူ့တပည့်တွေ ဘယ်လောက်ရှိ တယ်ဆိုတာ သိတယ်မလားတို့၊ ရှေ့ကတစ်ယောက်ကို ဘယ်လိုမျိုး အရေခွံနွာတာတို့ ဘာတို့ပြောတယ်။ အဲဒီအိမ်လိပ်စာသမီးပြောလိုက်လို့ရှိရင် မရောက်လာခင်မှာ ပွဲကြမ်းမှာကြောက်လို့။ ဟိုးတစ်ခါလိုပဲ ဖက်ကိုက်မှာ။ ကိုင်ဆောင့်မှာ ။

သတင်းထောက်။ ။ သူက ညီမလေးတို့ကျောင်းထဲကို လာတာလား။

ဖြေ။ ။ ကျောင်းထဲကိုဝင်တယ်။ အဲဒီရက်မတိုင်ခင်က သူ့တပည့်တစ်ယောက် လာတယ်လို့ ပြောတယ်။ သမီးနဲ့ ရှေ့ဆင့်နောက်ဆင့်လွဲသွားတယ်။

သတင်းထောက်။ ။ ညီမလေးနဲ့ ကျောင်းထဲမှာတွေ့တာလား။

ဖြေ။ ။ မဟုတ်ဘူး။ ဟို ဖူးစာရှင်ဖော်ထုတ်ပွဲလေ။ အဲဒီမတိုင်ခင် အင်တာနက်မှာတွေ့တယ်။ ပြီးတော့မှ သူ့ပွဲမှာတွေ့တာ။

မိသားစုဝင်၏ မိတ်ဆွေတစ်ဦးပြော။ ။သူ့ရဲ့ကာရိုက်တာတွေအများကြီးသိပြီ။ သမီးလေး ဘာမက်မောမှာလဲ။

ဖြေ။ ။ သူ့ကိုပြတ်မယ်ပြောတိုင်း ထွက်ပြေးတိုင်း အဲ့လို ဆွဲဆောင့်တာတို့၊ အဲလိုဟာကြီးတွေကြောက်နေတယ်။ ဖက်ကိုက်တာ။ အရင်က ပြတ်မယ်ပြောရင်လည်း ဆွဲဆောင့်၊ ဆောင့်တွန်း။

သတင်းထောက်။ ။ အခုက ညီမလေးကို သူခေါ်သွားတာလား။ ဘယ်လိုတွေ့ပြီး ဘယ်လိုဖြစ် တာလဲ။

မိသားစုဝင်မိတ်ဆွေတစ်ဦးဝင်ရှင်းပြ။ ။ သမီးလေးကို ကိုယ်ဝန်ရတယ်ဆိုပြီးတော့မှ ဒလကို သူကခေါ်သွားတယ်။ ဒလခေါ်သွားပြီးတော့မှ ဘိုကလေးကိုခေါ်တယ်။ အဲဒီကိုယ်ဝန်ဖျက်ချဖို့ဆိုပြီးတော့။ အဲဒီလိုပြောပြီး ညာခေါ်သွားတယ်။

သတင်းထောက်။ ။ ဘိုကလေးမှာ ဘယ်လောက်ကြာခဲ့လဲ။

ကာယကံရှင်ဖြေ။ ။ ဘိုကလေးမှာ ၃၁ ရက်နေ့ကနေ ၄ ရက်နေ့ညနေမှ အဲဒီကပြန်လာတယ်။ သင်္ကြန်ရက်လည်းအဲဒီအိမ်မှာပဲ။

သတင်းထောက်။ ။ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ညီမလေးက ကိုယ့်ဘာသာ သိတာလား။

ဖြေ။ ။ အဲလိုမျိုးလားမသိဘူးလို့ပဲပြောလိုက်တာ။ အဲဒါကို စစ်တယ်လို့ပြောတာပဲ။ ဟုတ်မဟုတ်တော့မသိဘူး။ စာရွက်လည်းပြန်ပြီးတော့ မပြဘူး။

သတင်းထောက်။ ။ စဖြစ်တဲ့နေ့က ဘယ်နေ့ကလဲ။

ဖြေ။ ။ ၃၀ ရက်နေ့ မတ်လ။

သတင်းထောက်။ ။ ညီမလေးက ဘယ်ကျောင်းတက်နေတာလဲ။

ဖြေ။ ။ ဆေးဖက်ဆိုင်ရာနည်းပညာတက္ကသိုလ်။

မိသားစုဝင်တစ်ဦးဝင်မေး။ ။ သမီးလေးက သူ့ကိုအရမ်းချစ်လား။

ဖြေ။ ။ မချစ်ဘူး။ အရင်တုန်းက ဒီလိုပဲကြိုက်တာ။ နောက်ပိုင်း သူအဲ့လိုမျိုး ခြိမ်းခြောက်တာ ကို ကြောက်ကြောက်နေတာ။ ဖက်ကိုက်တာ။ ဟိုတစ်နေ့ကလည်း ဖက်ကိုက်သေးတယ်။

မေး။ ။ ဘယ်နားကိုက်လဲ။

ဖြေ။ ။ လက်။ ဒီလက်မောင်းကို။ အိမ်ပြန်ပြေးလို့။ နောက်ကနေအတင်းလိုက်ဆွဲပြီး။ ဗိုလ်တစ်ထောင်ဘုရားနားမှာ။

သတင်းထောက်။ ။ ပထမအကြိမ်လက်ထပ်စာချုပ်၊ မိဘတွေမသိအောင်ချုပ်လိုက်တယ်။ ပြီးတော့ကွာရှင်းလိုက်တယ်။ ဒုတိယအကြိမ်လက်ထပ်စာချုပ်လုပ်ဖြစ်အောင် သူကဘယ်လို ဖိအားတွေပေးခဲ့လဲ။ ဘယ်လိုတောင်းဆိုခဲ့တာတွေရှိလဲ။

ဖြေ။ ။ အဲဒီလိုပေါ်တင်ကြီးဘာမှမပြောဘူး။ သူစင်ကာပူမထွက်ခင် ရှိတယ်ဆိုတဲ့ကိုယ်ဝန်ကို ဖျက်ပေးခဲ့မယ်တဲ့။ တစ်ခါတည်းရှင်းပေးပြီး စိတ်ချလက်ချထွက်သွားမယ် တဲ့။ ပြန်လာချင် လည်းလာမယ်။ မလာချင်လည်းမလာဘူးတဲ့။ အဲလိုမျိုးပြောပြီးတော့ ဟိုဖက်ကိုမျှားခေါ်သွားတာ။ အဲလိုမျိုးပဲထင်တယ်။ ပြီးတော့မှမဟုတ်ဘူး။ ဘိုကလေးကိုဖြစ်နေတယ်။ လမ်းမှာ ပြန်လှည့် ခိုင်းတယ်။ မလှည့်ပေးဘူးလေ။ မိုးချုပ်နေပြီ ၇ နာရီခောက်ဖြစ်နေပြီ။ ဒါမှမဟုတ်လို့ရှိရင် ကားတံခါးဖွင့်လိုက်မယ်။ နှစ်ယောက်တွဲပြီးခုန်ချမယ်တဲ့။ အဲဒါနဲ့ ပြန်လှည့်ပေးလို့ပြောတော့ ဘိုကလေးလို့လည်းမပြောဘူး။ ကားသမားကိုမေးတော့လည်း ဘာမှမပြောဘူး။ နောက်မှ ၀ါးခယ်မတဲ့။ ၀ါးခယ်မဆိုတော့ ပုသိမ်ရောက်အောင်ပို့ပေးရမယ်လို့။ ရန်ကုန်မရရင် ပုသိမ်ပို့ပေး လို့ပြောလိုက်တယ်။ အဲဒါနဲ့ ၀ါးခယ်မ ၀ါးခယ်မလို့ပြောပြီး ဘိုကလေးရောက်သွားတယ်။ ဘိုကလေးမှာ တည်းခိုခန်းတစ်ခုမှာနေရတယ်။

မေး။ ပထမအကြိမ်လက်ထပ်စာချုပ်ချုပ်ထားတာ ဘယ်လောက်အချိန်ကြာလဲ။ မှတ်မိလား။ ဒုတိယအကြိမ်လုပ်ဖြစ်တာကော။ ကွာရှင်းလိုက်တာရော ဘာကြောင့်လဲ။

ဖြေ။ ။ သူ့မယားကြီးရှိတယ်ဆိုတာသိလို့။ ဆယ်ရက်ကြာတဲ့အချိန်မှာ ဘိုကလေးကိုမျှားခေါ်သွား တယ်။ အဲဒီနေ့က မထိုးခင်မှာ ဗျုးဗျုးဗြဲဗြဲထလုပ်တယ်။ တရားရုံးထဲတော့ခေါ်သွားတယ်။ အဲဒီမှာ တရားသူကြီးလည်းမရှိဘူး။ တရားရုံးက အခန်းတစ်ခုထဲမှာပဲ။ လက်မှတ်ထိုး လက်မှတ်ထိုးဆိုပြီး တရားသူကြီးရှေ့မှာလည်းမဟုတ်ဘူး။ ထိုးခါနီးတင် ထိုင်မလားမထိုင်ဘူးလားလို့မေးတယ်။ မထိုင်ဘူးလို့။ မထိုင်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်အခုချက်ချင်းထိုင်ဆိုပြီး ဗျုးဗျုးဗြဲဗြဲလုပ်တော့ မထိုးရင်အရင်လိုပဲ ဖက်ကိုက်တာတို့ဘာတို့ လာမှာစိုးလို့။

သတင်းထောက်။ ။ အခုညီမလေးရဲ့စိတ်ထဲမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ။

ဖြေ။ ။ အိမ်မှာပဲအဖေနဲ့အမေတို့နဲ့ ပြန်နေချင်တယ်။ သူ့ကိုလည်းအများကြီးကြောက်တယ်။ ဒီစာချုပ်ရှိနေတယ်။ ပြန်ပြေးလို့ရှိရင်လည်း အဖေကြီးနဲ့အမေကြီးနဲ့ကိုပြန်ပြီးတော့ တရားစွဲ လိုက်ရမလား။ မင်းညီမရှိနေတယ်။ မင်းညီမကိုလည်း အဲလိုမျိုး လုပ်လိုက်ရမလား လို့ ပြောထား တယ်။ ဟိုးအရင်ကတည်းက အဲဒီဟာနဲ့ ခြိမ်းခြောက်တာ။ အိမ်ကမသိတော့ အိမ်ကိုပြောလိုက်ရ မလားဆိုပြီး အိမ်ရှေ့မှာတင်လာပြီး ဖုန်းဆက်ပြီးခြိမ်းခြောက်တာ။

သတင်းထောက်။ ။ သူ့ရဲ့ဖေ့စ်ဘွတ်ပရိုဖိုင်းမှာ ထက်ထက်အောင်နဲ့ လက်ထပ်ထားတယ်လို့ရေး ထားတယ်။

ဖြေ။ ။ Marrie ဆိုတာ။ အဲဒါ ဟုတ်တယ်။ အင်တာနက်ဆိုင်မှာထိုင်ပြီး လုပ်ခိုင်းထားတာ။ မလုပ်ရင်လည်း ဗျုးဗျုးဗြဲဗြဲနဲ့ သူ့ကို အဲဒါပဲကြောက်နေရတယ်။ အရင်က အိမ်ကမသိသေးတော့ အိမ်ကိုပြောလိုက်မယ် အကျပ်ကိုင်တယ်။

သတင်းထောက်။ ။ တရားရုံးမှာကျရင် ဒီအတိုင်းပဲထွက်ဆိုမှာလား။

ဖြေ။ ။ သူလုပ်ခဲ့တဲ့အတိုင်းပဲ။ သူခြိမ်းခြောက်ထားတာတွေအကုန်လုံးကို ပြောမယ်။ အရင်တုန်း က သူ့ကိုကြောက်နေရတယ်။ သူ့အနောက်မှာ ဘယ်သူရှိတယ်။ ဘယ်လိုလုပ် မယ်။အဲလိုမျိုးခြောက်တဲ့ဟာတွေ။ သူ့တပည့်ရှိတယ်။ သူ့တပည့်ဆို ဘယ်လိုမျိုး။ အရင် ကျော်အောင်ဦးဆိုတာရှိတယ်။ သူ့တပည့်က အမြဲမူးပြီးတော့။ သူ့တပည့်က ဘယ်လို လူမိုက်။ လူဆိုရင် ဘယ်လိုမျိုးသတ်ရဲတယ်။ အဲလိုမျိုး ခြိမ်းခြောက်တာ။ နောက် သူ့နောက်မှာ လည်း တခြားတပည့်တွေရှိသေးတယ်။ ညာခေါ်သွားတဲ့နေ့က သူ့တပည့်တွေပါတယ်။

(မှတ်ချက်။ ။ အမေးအဖြေများကို ပြည်မြန်မာဂျာနယ်မှ သတင်းထောက်ချုပ်၊ Voice ဂျာနယ်မှ သတင်းထောက်နှင့် Messenger News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတို့က မေးမြန်းထားပါ သည်။)


ယခင်ပို့စ်ဖတ်ရန်

ကော့သောင်းကျောက်မီးသွေးစက်ရုံအတွက် သမ္မတဆီကို ပို့တဲ့စာ

ဒီ/ချုပ်ပါတီမှ လေးဦးဆစ်ဒနီမြို့သို့ ထွက်ခွာစဉ်။

NLD ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ ဧပြီ ၂၈၊ ၂ဝ၁၂ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြား လေ့လာမှာ ဖြစ်ပါတယ်။ ၎င်းတို့ လေးဦးဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်နေ့မှာ ပြန်လည် ရောက်ရှိမယ်လို့ သိရပါတယ်။
ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်။

http://www.myanmarij.com/

NLDရုံးချုပ်တွင် စာကြည့်တိုက်ကဒ် ပြုလုပ်ပြီး စာအုပ်များငှားရမ်းနိုင်

ရန်ကုန်၊ ဧပြီ ၂၈၊ ၂ဝ၁၂
ဗဟန်းမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် စာကြည့်တိုက်ကဒ်ပြုလုပ်ပြီး နိုင်ငံရေးနှင့် သက်ဆိုင်သော စာအုပ်များ၊ ရှာဖွေရန်ခက်ခဲသော စာအုပ်အဟောင်းများ ကို ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ စာကြည့်တိုက်တာဝန်ခံ၏ ပြောကြားချက်အရ သိရ သည်။ စာကြည့်တိုက်အနေဖြင့် တသီးတသန့် ပြုလုပ်ထားသည်မဟုတ်သော်လည်း ကဒ်ပြုလုပ်ထားသူများကို ငှားရမ်းသွားမည် ဖြစ်သည်။ စာကြည့်တိုက်ကို မေလကုန်ခန့်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပြီး မည်သူမဆိုလွတ်လပ်စွာ ငှားရမ်းနိုင်ကြောင်း သိရသည်။ စာကြည့်တိုက်ကဒ် ပြုလုပ်ရန်အတွက် ငွေတစ်ထောင်ကျပ်နှင့် သက်ဆိုင်ရာမြို့နယ် NLDအဖွဲ့ဝင်တစ်ယောက်၏ ထောက်ခံချက် လိုအပ်မည် ဖြစ်သည်။ စာကြည့်တိုက်ကဒ် အတွက်ကို NLDရုံးချုပ်ရှိ ဧည့်ကြိုကောင်တာတွင် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
http://www.myanmarij.com/?p=1340

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား


ရန်ကုန်၊ ဧပြီ ၂၈၊ ၂ဝ၁၂

လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။
ကျောက်တံတား ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ သေမှုသေခင်း အခြေအနေကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ခြင်းနှင့် ရဲလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်ပြီး မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်လိုက်သည်။
မျက်မြင် သက်သေတစ်ဦး၏​  ပြောကြားချက်အရ​  သေဆုံးသူမှာ မနက် ၇ နာရီ ခွဲခန့်က ၃၉ လမ်း(အပေါ်) တွင်လဲကျနေပြီး ကားအသွားအလာခက်ခဲမှုကြောင့် အနီးရှိအိမ်တစ်အိမ်ရှေ့သို့ အနီးနားမှ ဈေးသည်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရ ကြောင်း၊ မနက် ၁၁ နာရီ ခန့်တွင် ၎င်းမှာမျက်ဖြူလန်ပြီး သေဆုံးသွားကြောင်း၊ ထို့နောက် ကျောက်တံတားမြို့နယ်၊ ၈ ရပ်ကွက်၊ဥက္ကဋ္ဌ ဦးမောင်မောင်လှထံသို့ ဖုန်းဖြင့်​ ဆက်သွယ် အကြောင်းကြားရာ ၁ နာရီ ၅ဝ လောက်မှာ​  ရောက်လာတာ​  တွေ့ရကြောင်း MIJ သို့​ ပြောကြားသည်။
သေဆုံးသူ၏ အခြေအနေနှင့်သူ့မိသားစုအကြောင်း ကို MIJ မှ စုံစမ်းရာ သေဆုံးသူ အမည်မှာ ဦးကျော်ကြီး (ခ) ဦးကျော်ကျော် (၃၈)နှစ်ဖြစ်သည်။ ၃၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ် တွင် ရေခဲရေရောင်း၍ အသက်မွေး ဝမ်းကြောင်းနေသူ တစ်ယောက်​ ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ ဦးကျော်ကြီးနှင့် ရင်းနှီးသူ ဘဝတူဈေး သည်တစ်ဦးက ၎င်းင်း၏မိတ် ဆွေနှင့်ပတ်သက်၍ပြောကြား ရာတွင် “ကိုကျော်ကြီးဘဝ က အရမ်းသနားဖို့ကောင်းပါတယ်။ ဒီမနက်စောစောကတောင် သူနဲ့တွေ့သေးတယ်။ အကောင်းကြီးပါဗျာ။ ဒါပေမဲ့ သူတော်တော်လေး မူးနေပြီ။သူ့ဇနီးနဲ့ကွဲနေတာ ၇ နှစ် ၈ နှစ်လောက်ရှိပြီ။ ကလေး တစ်ယောက်ရှိတယ်။ သူ့ဇနီး မချိုချိုက အဲဒီကလေးနဲ့ ဒလ မှာနေတယ်။ အရင်ကတော့ အမဲအူသုပ်ရောင်းတယ်။  ကိုကျော်ကြီးက သာကေတ မာန်ပြေရပ်ကွက်မှာ အရင်က သူ့အမေအိုကြီးနဲ့နေတယ်။ နောက်စားရေးခက်ခဲလာတော့ သူ့အမေအိုကြီးကို ဘိုးဘွား ရိပ်သာကို ပို့လိုက်ရတယ်။ အဲဒီနောက်ပိုင်းတော့ အရက် ကို အဖော်လုပ်ပြီး ရေခဲရေ ရောင်းလိုက်၊ ရတာသောက် လိုက်ပေါ့။ အခုတော့ သူ့ဘဝ ကို အရက်ကပဲ ဇာတ်သိမ်း လိုက်ပြီပေါ့ဗျာ”ဟု ဘဝတူ သူငယ်ချင်း၏ ကြေကွဲဇာတ် သိမ်းကို ပြောပြပါသည်။
မနက် ၁၁ နာရီခန့်က တည်းက သေဆုံးသူ၏ အလောင်းအား ပုဆိုးဟောင်း တစ်ထည်ဖြင့် ဖုံးအုပ်၍ထားရပြီး၊နေ့လယ် ၂နာရီဝန်းကျင်အထိ ရွှေ့ပြောင်းနိုင်ခြင်းမရှိခဲ့ပေ။ အလောင်းအား ကားငှား၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့မည်ဆိုလျှင် ကားခ မှာ ကျပ် ၃ဝဝဝဝိ/-ဖြစ်၍ ငွေကြေးစိုတ်ထုတ်ပေးမည့် သူမှာပေါ်ထွက်မလာခဲ့ပါ။ ယင်းအခက်အခဲနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်“ခက်တယ်ဗျာ၊ လူတစ်ယောက်သေပြီဆိုရင် ဒီငွေဘယ်သူစိုက်ပေးမလဲဆိုတဲ့ ပြဿနာပဲ။ ကျွန်တော်တို့ရဲတွေကလည်း လခက သောင်းဂဏန်းပဲ။ ဒီလခနဲ့ ကားခ ၃ဝဝဝဝိ/-ကျပ်ဆိုတာကို ဘယ်လိုစိုက်နိုင်မှာလဲ စိုက်ပြီထားဦး။ ဘယ်ပုဂ္ဂိုလ်တွေကမှ ပြန်ပေးတာမရှိဘူး။ ဒါထုံးစံပဲ။ အမှုတစ်ခုဖြစ်ပြီ ဆိုရင် ကားခ၊တည်းခိုစရိတ်၊ စားစရိတ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ။ ဒါကိုပြည်သူတွေက မသိတော့ စည်ပင်သာယာ ပဲဖြစ်ဖြစ်၊ မော်တော်ပီကယ်ပဲ ဖြစ်ဖြစ်၊ ဘာလုပ်လုပ် ကျွန်တော်တို့ ရဲတွေ လုပ်တာပဲ မြင်နေကြတယ်။ အခုလည်း ဒီအလောင်းကို ဒီအတိုင်းကြီး အကြာကြီးထားရတာကျွန်တော်တို့အတွက်လည်း မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူးပေါ့။ ကဲ ဘယ်လိုလုပ်မလဲဗျာ။ ကားခ ၃ဝဝဝဝိ/-ကျပ် စိုက်ပေးမယ့်သူပဲ မျှော်ရတော့မှာပေါ့” ဟု ရဲလုပ်ငန်းတွင် ငွေကြေး အခက်အခဲကြောင့် အမှုအခင်းကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာရကြောင်းနှင့် ပြည်သူများ ရဲတပ်ဖွဲ့ဝင်များအပေါ် အမြင်တစ်မျိုး ရှိနေကြောင်းကို MIJ သို့ ပြောကြားသည်။
နေ့လယ် ၃ နာရီခန့်တွင် သေဆုံးသူ ဦးကျော်ကြီး(ခ) ဦးကျော်ကျော်၏ ယောက်ဖဖြစ်သူကိုသက် ဆိုသူ ရောက်ရှိလာပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လူနာတင်ကားကို ငွေကျပ် ၃ သောင်းဖြင့် ဈေးဆစ်၍ ဆေးရုံကြီးသို့ ပို့ဆောင်ရာ ကျောက်တံတား ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတချို့ လိုက်ပါကြောင်း တွေ့ရသည်။
http://www.myanmarij.com/?p=1356

ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရ၍ ဘင်္ဂလာတို့ ဂုဏ်ပြု အောင်ပွဲခံ

News Date:4/29/2012 အငြင်းပွား ရေပြင်ပိုင်နက်တွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာအား ဂုဏ်ပြုသော အောင်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့က မြို့တော် ဒက္ကားရှိ ပါလီမန် အဆောက်အအုံ ရှေ့မျက်နာစာတွင် ပြုလုပ်ခဲ့သည်။



ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ လူထုမှ အပ်နှင်းသော အောင်ပွဲဆုကို လက်ခံယူနေစဉ်။ အဆိုပါ ဂုဏ်ပြု အောင်ပွဲကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ National Citizens’ Committee မှ ကမကထပြု စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း တစ်သောင်းကျော်မှ ဘင်္ဂလာဒေခ်ျ့ အမျိုးသား သီချင်းကို ပြိုင်တူ သီဆိုကာ ဂုဏ်ပြု အောင်ပွဲကို ဆင်နွဲခဲ့ကြသည်။

အခမ်းအနားတွင် National Citizen’s Committee ဥက္ကဌ ပါမောက္ခ ဇီလူ ရာဟာမန် ဆီဒီကွီမှ ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်သူ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသို့ ဂုဏ်ပြု ဆုတံဆိပ် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ပြည်သူများ ကိုယ်စား အဆိုပါ အခမ်းအနားတွင် ပေးအပ်ခဲ့သည်။
အခမ်းအနားကို ဦးဆောင်ကျင်းပသူ တစ်ဦးက " ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွှတ်လပ်ရေးတိုက်ပွဲ အတွင်း လူထုကို ကျွန်တော်တို့ရဲ့ အမျိုးသား ဖခင်ကြီး ရှိတ်မူဂျီဘူ ရာဟာမာန်က ဦးဆောင်မူပေးခဲ့တယ်။ အခုအခါမှာလည်း တိုင်းပြည်နဲ့ လူထုကို သူရဲ့ သမီး ရှိတ်ဟာဆီးနာက ဦးဆောင်မူ ပေးနေပြီး သူမရဲ့ မှန်ကန်တဲ့ ဦးဆောင်မူ စွမ်းရည်ကြောင့် ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးနဲ့ သမီးဖြစ်သူတို့ဟာ ပြိုင်စံရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းရေးထိုးနိုင်ခဲ့ပါပြီ" ဟု ပြောသည်။
အခမ်းအနားတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟားဆီးနာကလည်း ယခုကဲ့သို့ ပြောကြားသည်။
" ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး (ITLO) ရဲ့ ဆုံးဖြတ်ချက် အရ ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ ဘင်္ဂလာပင်လယ်အော် အတွင်း ရေပြင် မိုင်ပေါင်း ၂၀၀ ကျော် စီးပွားရေး တည်ဆောက် ပိုင်ခွင့် နဲ့ နယ်မြေဆိုင်ရာ ပိုင်ဆိုင်ခွင့် အခွင့်အရေး ရရှိခဲ့တယ်။ ဒါ့အပြင် မိုင်ပေါင်း ၂၀၀ အပြင်ဘက် ပင်လယ်ပြင်ကိုလည်း အခိုင်အမာ ခွဲဝေ အသုံးပြုခွင့် ရခဲ့ပါတယ်။ စိန်မာတင် ကျွန်းရဲ့ ပတ်လည် ရေမိုင် ၁၂ မိုင်ကိုလည်း ဘင်္ဂလာဒေခ်ျ့ဘက် ရရှိခဲ့ပါတယ်" ဟု ပြောသည်။

အမျိုးသား သီချင်းဖြင့် အောင်ပွဲခံနေသော ပါလီမာန် အဆောက်အဦးရှေ့မှ ဘင်္ဂလီ လူထု။ ၎င်းပြင် သူမက ဒီအောင်မြင်မူမှာ နောက် မျိုးဆက်သစ်များ အတွက် ဖြစ်ကြောင်း၊ ယခု အောင်မြင်မူမှာ သူမရဲ့ အောင်မြင်မူ မဟုတ်ပါကြောင်း၊ ပြည်သူများနှင့် သူမ အစိုးရကို ထောက်ခံသူများ၏ အောင်ပွဲသာ ဖြစ်ကြောင်း ပြောကြားသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာက ယခုကဲ့သို့ အောင်ပွဲ ရခြင်းအတွက် နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဘင်္ဂလာဒေခ်ျ့ ရေတပ်နှင့် အနိုင်ရရှိရေး အတွက် နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ခုံရုံးသို့ ချဉ်းကပ်ကြိုးစား ဆောင်ရွက်ခဲ့သူများအားလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဂုဏ်ပြု အောင်ပွဲ အခမ်းအနားသို့ နိုင်ငံကျော် တေးသံရှင်များလည်း တက်ရောက်ခဲ့ပြီး ဘင်္ဂလာ အမျိုးသားရေး သီချင်းများကို သီဆို ဖြေဖျော်ခဲ့ကြသည်။
ဘင်္ဂလာဒေခ်ျ့ဘက်က ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိကြောင်း တရားဝင် ထုတ်ဖေါ် ပြောကြားထားသော်လည်း မြန်မာ အစိုးရက ဘင်္ဂလာဒေခ်ျ့ဘက်မှ အနိုင်ရရှိခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးအနေဖြင့် သမာသမတ်ကျစွာ ဆုံးဖြတ်ပေးခဲ့ကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ရေပြင်ပိုင်နက် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမူများကို ၁၉၇၄မှ ၁၉၈၆ ခုနှစ်အထိ ၀န်ကြီးအဆင့် (၂) ကြိမ် နှင့် ကျွမ်းကျင်သူ အဆင့် (၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ သဘောတူညီမူ မရရှိခဲ့သဖြင့် ၁၉၈၆ ခုနှစ် ဇူလိုင်လမှ စ၍ ဆွေးနွေးမူကို ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလ တွင် မြန်မာမှ အငြင်းပွားရေပြင်ပိုင်နက်တွင် ဂတ်စ် ရှာဖွေ စမ်းသပ်မူများ ပြုလုပ်ခဲ့သဖြင့် နှစ်ဘက် ရေတပ် သင်္ဘောများကို စေလွှတ်ရသည် အထိ နှစ်နိုင်ငံ အကြား တင်းမာခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ အဖြေရှာရန် နှစ်နိုင်ငံ အကြား သဘောတူညီမူ ရရှိခဲ့သဖြင့် တင်းမာမူ ပြေလျော့ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်မတ်လမှ ၂၀၀၉ ခုနှစ် ဇူလိုင်လအထိ နှစ်နိုင်ငံအကြား ကျွမ်းကျင်သူ အဆင့် (၄) ကြိမ်တိုင်တိုင် ဆွေးနွေး ခဲ့ကြောင်း၊ သို့သော်လည်း အဖြေမရသဖြင့် နှစ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂလက်အောက်ခံ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ခုံရုံး ITLO တွင် ဖြေရှင်းရန် သဘောတူညီခဲ့သဖြင့် ITLO က ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ 

http://www.narinjara.com/detailsbur.asp?id=3939 

မလေးရှား တွင်အိမ်ဖော်များညဉ်းပန်းနှိပ်စက်ခံရပြီး၊ မတရားမှုများနှင့် ကြုံတွေ့နေရသည့်အခြေ အနေများ

Ko Htoo
မြန်မာနိုင်ငံမှ အိမ်ဖော်ခေါ်ယူရေးအတွက် မလေးရှားမှ ကြိုးပမ်းနေမှုများကြောင့်၊ မလေးရှား တွင်အိမ်ဖော်များ မည်သို့ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ မတရားမှုများနှင့် ကြုံတွေ့နေရသည့်အခြေ အနေများအားတတ်နိုင်သမျှ ရှာဖွေရေးသားခဲ့သမျှကို PDF ဖြင့် တင်ပေးလိုက်ပါသည်။ သူငယ်ချင်းများအားလုံး တတ်နိုင်သမျှ ရှယ်ပေးကြပါရန် နှင့် ပြည်တွင်းမှ ညီအကိုမောင်နှမများ သိရှိနားလည်ကြစေရန်အတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
Friend Ever (နွားကျောင်းသား)
http://www.scribd.com/doc/91703386/Maids-Stories-1
Maids Stories(1)

http://www.mediafire.com/?ndo9v6odd9k4o8p

မြန်မာနိုင်ငံရောက် ဘန်ကီမွန်း ဦးသန့်ဗိမာန်သို့သွားရောက်ဂါရ၀ပြု

ရိုက်တာသတင်းဌာန

7Day News Journal
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့(ဧပြီ ၂၉)ရက် ညနေ ၃ နာရီ ၅၀မိနစ်ဝန်းကျင်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ဂုဗိမာန်သို့လာရောက် ဂါရ၀ပြုခဲ့သည်။ ဘန်ကီမွန်းကို ဦးသန့်၏သမီး ဒေါ်အေးအေးသန့်၊ သမက် ၊ မြေးဖြစ်သူ ဦးသန့်မြင့်ဦးတို့အပါအ၀င် မိသားစုဝင်များက ကြိုဆိုခဲ့သည်။ ထို့နောက် ဘန်ကီမွန်းက အာရှတိုက်၏ ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သော ဦးသန့်၏အုတ်ဂူကို ဂုဏ်ပြုပန်းခြင်းချကာ ဂါရ၀ပြုခဲ့သည်။ ကိုရီးယားနိုင်ငံသားကုလအတွင်းရေးမှူးချုပ်သည် မိသားစုဝင်များနှင့် နှုတ်ဆက်ခြင်း၊ ဂါရ၀ပြုခြင်း၊ အုတ်ဂူကိုလှည့်လှည်ကြည့်ရှုခြင်းတို့ကို ၁၅ မိနစ်ခန့်ပြုလုပ်ပြီး လာရောက်ကြည့်ရှုသော ပရိသတ်များကိုနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားသည်။ ၎င်းသည် ဧပြီ ၃၀ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ပြီး ပြည်တော်စုလွှတ်တော်တွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
(ဓာတ်ပုံ- ဗိုလ်ဗိုလ်ဝင်း)


ဘန်ကီမွန်းနှင့် ဦးသန့်၏ မိသားစုဝင်များ အမှတ်တရဓာတ်ပုံရိုက်စဉ်။
ဘန်ကီမွန်း ဦးသန့်ဂူဗိမာန်သို့ ရောက်လာစဉ်။
ဘန်ကီမွန်းကို ဦးသန့်၏ သမီးဒေါ်အေးအေးသန့်နှင့် သူမ၏ အမျိုးသားတို့ကကြိုဆိုစဉ်။
ဘန်ကီမွန်းကို ဦးသန့်၏မြေး ဦးသန့်မြင့်ဦးက ကြိုဆိုစဉ်။
ဘန်ကီမွန်းက ဦးသန့်အုတ်ဂူအား ဂါရ၀ပြုပြီး လှည့်လည်ကြည့်ရှုစဉ်။
ဘန်ကီမွန်းက ပြန်လည်မထွက်ခွာမီ လာရောက်ကြည့်ရှုနေသူမျာကို နှုတ်ဆက်နေစဉ်။

တိုရန်တိုသင်္ကြန်

ON GOOGLE PLUS

ON FACEBOOK

Saturday, April 28, 2012

ဒဏ်ရာပြင်းထန်စွာ ရရှိသည့်အလုပ်သမားအမျိုးသမီးငယ်အထည်ချုပ်ကုမ္ပဏီတာဝန်ရှိသူများက လျစ်လျူရှုထား


အဘ ဥက္ကာကိုကို

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံ စက်မှုဇုန်ရှိတရုတ်နိုင်ငံသားပိုင်ကုမဏီ ADK အထည်ချုပ်စက်ရုံ ဖယ်ရီကား တိမ်းမှောက်ရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသည့် အသက် ၁၉ နှစ်အရွယ် အလုပ်သမားအမျိုးသမီးငယ်၏ လွန်စွာဆိုးရွားနေသောကျန်းမာရေး< အဆိုပါအထည်ချုပ်ကုမ္ပဏီတာဝန်ရှိသူများက လျစ်လျူရှုထားကြောင်း သိရသည်။
ယင်းကုမ္ပဏီမှ အရှည် ၁၄ပေရှိ စက်ရုံဖယ်ရီကားကို မောင်းနှင်သည့် ဒရိုင်ဘာကိုကျော်မင်းဆိုသူမှာ ကားပေါ်တွင် အရက်ပုလင်းများတင်ပြီး အခြားအပေါင်းအသင်း အမျိုးအသား သုံး လေးယောက်ကိုပါ ဖယ်ရီကားပေါ်သို့ခေါ်တင်ကာမောင်းနှင်စဉ် ရှေ့မှ ကွန်တိန်နာယာဉ်ကို ၀င်တိုက်မိခြင်းဖြစ်သည်။ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ စက်ရုံအလုပ်သမားများ ၂၃ ဦးခန့် အနက်မှကိုယ်ဝန် ငါးလရှိ အမျိုးသမီးတစ်ဦးအပါအ၀င် စုစုပေါင်း လေးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သူများမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် အသက် ၁၉ နှစ်အရွယ် မဝေေ၀လင်း ခေါ် မသူဇာလင်းမှာပြင်းထန်သောဒဏ်ရာများကို ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ဆေးကုသမှုကို ခံယူလျက်ရှိသည်။“ယာဉ်တိုက်မှုဖြစ်ကတည်းက ရန်ကုန်ဆေးရုံကြီးကို ဝေေ၀လင်းတစ်ယောက်ကိုပဲ
တင်ခဲ့ပါတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာ အင်းစိန်ဆေးရုံမှာပဲ ကုသပေးခဲ့ပါတယ်။ ဝေေ၀လင်းရဲ့အစ်မ အသက် ၂၉နှစ်အရွယ် မသန္တာလင်းကတော့အင်းစိန်ဆေးရုံကြီးမှာ သားအိမ်ကို ထုတ်လိုက်ရပါတယ်။ အခုတော့နားနေရတဲ့အနေအထားမှာပဲ ရှိပါတယ်။ လမ်းတောင်မလျှောက်နိုင်သေးပါဘူး(မိသားစုဝင်ကပြောစကား)“ယာဉ်တိုက်မှုဖြစ်ပြီးတော့ နောက်တစ်ရက်မှာပဲ စက်ရုံက ဆေးဖိုး ၃၅၀၀၀၀
တစ်ကြိမ်၊ ၉၇၀၀၀ တစ်ကြိမ် ရတယ်။ အဲဒါပြီးတော့ စက်ရုံက ၀န်ထမ်းတွေစုပေးတဲ့ငွေဆိုပြီးတော့ ၁၅၀၀၀၀ ရတယ်။ မတ်လ ၁၈ ရက်နေ့မှာ စက်ရုံမှ တာဝန်ရှိသူက ဆေးဖိုး ၂၀၀၀၀ ပေးတယ်။ အလုပ်သမားတွေက ပေးတဲ့ငွေဆိုပြီး ၇၀၀၀၀တစ်ခါရတယ်။ အဲဒီနောက်ပိုင်းကတည်းက စက်ရုံက ဒီလူနာကို တစ်ယောက်မှလာမကြည့်ကြတော့ပါဘူး
၂၅-၄-၂၀၁၂ ရက်နေ့မှာတော့ စက်ရုံမန်နေဂျာဒေါ်စန္ဒာထွန်းနဲ့ နောက်နှစ်ယောက်ကလာပြီး ဆေးဖိုးပိုက်ဆံပေးဖို့လုပ်ပါတယ်။ လူကြီးတွေလည်း မရှိသေးတာနဲ့ မယူလိုက်ပါဘူး”
(မိသားစုဝင်ပြောစကား)
“ကျွန်တော်တို့ က လည်း သိတာ နောက်ကျတယ် ။ တိုင်းရင်သားရေးရာ ၀န်ကြီးကိုပြောပြီး နောက်နေ့မှာပဲ စက်ရုံက လာသွားတယ်လို့ သိရတယ်၊ ကျွန်တော်တို့လည်းမရှိတာနဲ့ လူနာရှင်ကလည်း သိပ်နားမလည်တော့ ပိုက်ဆံထုတ်လိုက်ပေးတာကိုမယူလိုက်တာဖြစ်မယ်။ ကျွန်တော်တို့ စက်ရုံပိုင်ရှင်ဆီကိုထိ သွားဖို့လုပ်နေကြတယ်။ လူနာအခြေအနေက သိပ်မကောင်းဘူး။ တကိုယ်လုံး စုတ်ပြတ်နေတာပဲ”(ကူညီဆောင်ရွက်ပေးနေသူ တစ်ဦး)
လူနာ မဝေေ၀လင်းမှာ ယာဉ်တိုက်မှုကြောင့် ဦးခေါင်းကွဲ၊ အဆုတ် အသည်းများကို ထိခိုက်ကာ သရက်ရွက် စုတ်သွားပြီ၊ ဆီးအိမ်ကွဲသွားကြောင်း၊ယင်းနောက် အူပိတ်ကာ တင်ပဆုံရိုးဒဏ်ရာနှင့် လက်ဝဲလက်မောင်းကျိုးခြင်း ဒဏ်ရာတို့ကိုရကာ ရန်ကုန်ဆေးရုံကြီး ICU တွင် အထူးဂရုစိုက်ကုသနေရကြောင်း သိရသည်။ ယခုအခါ ၀မ်းဗိုက်ကို သုံးကြိမ်တိတိ ခွဲပြီးကုသပြီးဖြစ်ကြောင်း၊ သို့သော်လည်း လူနာရှင်များမှာ နယ်မှဖြစ်သည်ကတစ်ကြောင်း၊ဆင်းရဲနွမ်းပါးသည်ကတစ်ကြောင်းကြောင့် ဆေးဖိုးဝါးခများအခက်အခဲတွေ့နေရကြောင်း သိရသည်။
အဆိုပါ ဖယ်ရီယာဉ်သည် လှော်ကား ၀ါးတရာအနီး လိပ်ကုန်းရွာတွင်နေထိုင်သောဦးမြင့်ဆွေပိုင် ယာဉ်ဖြစ်ပြီး ယာဉ်မောင်းသူမှာ ဦးမြင့်ဆွေ၏သားဖြစ်ကာယခုအခါ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။
အမှုကို အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းဌေးမှ တရားလိုပြုကာ ပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၉/၂၀၂တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်

ထိုင်းဗိုလ်ချုပ်တွေပေးတဲ့ သင်္ခန်းစာ

သောကြာ, 27 ဧပြီ 2012
By ဦးအောင်ခင် & ဒေါ်ခင်စိုးဝင်း
အနှစ် (၂၀) ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရက ဖွဲ့စည်းလိုက်တဲ့ အရပ်သားတပိုင်းအစိုးရရဲ့  ပြုပြင်ရေးအစီအစဉ်တွေကြောင့် ပြည်တွင်းပြည်ပမှာ အခြေအနေပြောင်းဖို့ အလားအလာကောင်းနေပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကို ယုံကြည်စိတ်ချလို့မရသေးကြောင်း ဝေဖန်သုံးသပ်တာတွေရှိပါတယ်။ စစ်ဗိုလ်တွေ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံက စီးပွားရေးအားကောင်းပြီး မြန်မာပြည်ချွတ်ခြုံကျရတဲ့ကိစ္စကို ဆန်းစစ်ကြပါတယ်။ ထိုင်းစီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်ကြီးထွားနေပါတယ်။

မနှစ်က ထိုင်းအစိုးရမှာ နိုင်ငံခြားသုံးငွေလက်ကျန်ဒေါ်လာ သန်းပေါင်းတသိန်း (၇) သောင်း (၅) ထောင်ကျော် (၁၇၅၁၀၀) ရှိပြီး ဗမာအစိုးရမှာတော့ (၄) ထောင်နီးပါးသာ (၃၉၂၉) ရှိပါတယ်။ ဗမာစစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ မှာ ထိုင်းနဲ့မြန်မာ စီးပွားရေးဟာ မတိမ်းမယိမ်းရှိနေရာက အနှစ် (၅၀) ကြာတဲ့အခါမှာ ထိုင်းအစိုးရက ဗမာအစိုးရထက် (၄၅) ဆ ပိုပြီးချမ်းသာနေတာတွေ့ရပါတယ်။ နှစ်နိုင်ငံစလုံးမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ပေမယ့် စီးပွားရေးမှာ ကွာဟချက် ကြီးမားလွန်တာကို သုံးသပ်ဖို့ လိုပါတယ်။

ခေတ်နဲ့မဆီလျှော်တော့တဲ့ အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကိုပယ်ဖျက်ပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ဘုရင်စနစ်ကို ၁၉၃၂ ခုနှစ်မှာ တည်ထောင်သူဟာ ထိုင်းစစ်ဗိုလ်နဲ့ အရပ်သားဝန်ထမ်းဖြစ်ပါတယ်။ အဲဒီကတည်းက ပညာတတ်အရပ်သားဝန်ထမ်းနဲ့ လက်တွဲလုပ်နိုင်တာဟာ ထိုင်းစစ်ဗိုလ်ရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်ကတော့ အာဏာရပြီးတာနဲ့ အရပ်သားဝန်ထမ်းကို အခိုင်းအစေဖြစ်အောင်လုပ်ပြီး BCS နိုင်ငံ့ဝန်ထမ်းစနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ရာထူးမှန်သမျှ ဗမာစစ်ဗိုလ်က သိမ်းယူလိုက်ပါတယ်။ ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ ဒုတိယအသွင် လက္ခဏာဟာ နိုင်ငံရေးအမြင်ဖြစ်ပါတယ်။ တိုင်းပြည်အကျပ်အတည်းကို အရပ်သားက ဖြေရှင်းနိုင်စွမ်းမရှိရင် စစ်တပ်က ဖြေရှင်းပေးရမယ့်လို့ ထိုင်းစစ်ဗိုလ်က ယုံကြည်တာကြောင့် ရေရှည်အာဏာသိမ်းဖို့ မရည်ရွယ်ပါဘူး။

ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ တတိယအသွင်လက္ခဏာကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအင်အားစုလို့ ယူဆတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီပြုပြင်ရေးပြီးတာနဲ့ တပ်စခန်းကို ပြန်ကြပါတယ်။ ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက အာဏာကို လက်ဝါးကြီးအုပ်သုံးစွဲခဲ့ပြီး ၂၀၀၈ မှာ စစ်ဗိုလ်ဦးဆောင်တဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားပါတယ်။ နေပြည်တော်ဟာ စစ်အာဏာရှင်ရဲ့  ပြယုဂ်ဖြစ်ပါတယ်။ ဗမာစစ်တပ်မှာ ဒီမိုကရေစီဆန့်ကျင်တဲ့ အစဉ်အလာကြီးမားပါတယ်။ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းစစ်ဗိုလ်ဟာ ကိုယ်ကျိုးစီးပွားအာရုံစိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ လက်နက်ခဲယမ်းရောင်းဝယ်ရေး၊ မှောင်ခိုလုပ်ငန်းအစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ ၁၉၉၈ စာရင်းအရ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ် (၁၈၅၉) ဦးရှိပြီး (၆၀၀) ကျော်မှာ ဘာတာဝန်မှ မရှိပါဘူး။

ဒါပေမဲ့ ထိုင်းစစ်ဗိုလ်ရဲ့  ကိုယ်ကျိုးရှာလုပ်ငန်းဟာ တိုင်းပြည်မထိခိုက်တဲ့အတွက် ထိုင်းစီးပွားရေး ရှင်သန်တိုးတက်နေတာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ ဆိုရှယ်လစစ်စနစ်မှာရော ဈေးကွက်စနစ်မှာရော အာဏာပါဝါပြဖို့ အဓိကထားအတွက် တိုင်းပြည်ချွတ်ခြုံကျရပါတယ်။ ထိုင်းစစ်တပ်ရဲ့  တာဝန်ဟာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၁၉၉၄ စာတမ်းမှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင်ကတော့ ဖွံ့ဖြိုးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ စစ်တပ်ပါဝင်တာကို သဘောကျပါတယ်။ ပြည်သူလူထု သက်သာချောင်ချိရေးနဲ့ ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးအတွက် ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ စစ်တပ်ပါဝင်ရမယ်လို့ ထိုင်းဘုရင်က ၁၉၉၅ မှာ ပြောဖူးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း (၁၆) ခု ရှိခဲ့ပေမယ့် ထိုင်းစီးပွားရေးဟာ တိုးတက်နေပါတယ်။

၁၉၃၂ ခုနှစ်မှာ ပထမဆုံးအကြိမ် အာဏာသိမ်းတဲ့ ထိုင်းစစ်အစိုးရကစပြီး ဘယ်စစ်အစိုးရကမှ တိုင်းပြည်ကိုခွစီးပြီး ကိုယ်ကျိုးရှာဖို့ စိတ်မကူးကြပါဘူး။ လုပ်စရာရှိတဲ့ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ပြီးတာနဲ့ စစ်တန်းလျားကို ပြန်ကြတာချည်းပါပဲ။ အဲဒီကစပြီး စစ်ဗိုလ်နဲ့ အရပ်သားလက်တွဲပြီး ပြုပြင်ရေးလုပ်တဲ့ဓလေ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသမိုင်းမှာ တန်ပြန်အာဏာသိမ်းပွဲတွေ ရှိတာကိုကြည့်ရင် ထိုင်းစစ်ဗိုလ်ထဲမှာ မိမိယုံကြည်ချက်အတိုင်း လုပ်သူတွေရှိတာ သိသာပါတယ်။ ဒီ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်ဟာ ရာသက်ပန်အာဏာရယူဖို့ စိတ်မကူးပါဘူး။

ထိုင်းစစ်ဗိုလ်ဟာ အဂတိလိုက်စားတဲ့နေရာမှာ နာမည်ကြီးပါတယ်။ စစ်အာဏာသိမ်းတိုင်း စစ်တပ်အသုံးစရိတ် တိုးတောင်းပြီး အကြံအဖန်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ စည်းလုံးရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးမှာလည်း ထိုင်းစစ်ဗိုလ်ဟာ အရပ်သားပညာတတ်နဲ့ လက်တွဲပြီး ပါဝင်နေပါတယ်။ ထိုင်းစစ်တပ်ဟာ ပြည်တွင်းရန်ကိုသာ အာရုံစိုက်ပေမယ့် နေရတကာမှာ ချုပ်ချယ်ဖို့ စိတ်မကူးပါဘူး။ ဒါကြောင့်မို့ စစ်အာဏာသိမ်းတာတွေ ရှိပေမယ့် တိုင်းပြည်စီးပွားရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးနေတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_04-28-2012-149318525.html

ဒေသခံ အာဏာပိုင်တွေရဲ့ မတရားမှု လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြ

2012-04-27
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ကံကောက်ရပ်ကွက်က နေအိမ်တွေကို လုပ်ငန်းရှင်နဲ့ ဒေသခံအာဏာပိုင် ပေါင်းပြီး ဈေးနှိမ်ဝယ်ယူ သိမ်းပိုက်နေသလို သဘောမတူတဲ့ အိမ်ရှင်တွေကို တရားစွဲမယ်လို့ သတိပေးစာ ပို့တယ်လို့ သိရပါတယ်။
RFA
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
အဲဒီကိစ္စအတွက် ဒေသခံတွေက လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားတယ်လို့ အိမ်အသိမ်းခံရမယ့် သူတစ်ဦးဖြစ်တဲ့ ဦးနန္ဒာဦးက RFA ကို ပြောပါတယ်။
အဲဒီနေရာက အိမ်မြေဈေးဟာ အရင်က တန်ဖိုးမကြီးပေမယ့် အခုနောက်ပိုင်းမှာတော့ သိန်းလေးရာဝန်းကျင် တန်တဲ့နေရာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
စုစုပေါင်း နေအိမ် ၂၅ လုံးလောက်မှာ အိမ်ခြေတစ်ဝက်လောက်ကို သိန်းဆယ်ဂဏန်းလောက်နဲ့ ဝယ်ယူ သိမ်းပိုက်လိုက်တဲ့အတွက် အခုဆိုရင် မဖယ်ပေးဘဲ ဆက်လက်နေထိုင်သူ ဆယ်ဦးကျော်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။
 http://www.rfa.org/burmese/news/land-human-rights-commission-04272012105658.html

တရုတ်ပြည်မှာရွှေရွှေဝယ်ထားတဲ့အိမ်ရောင်းလိုက်ရင်ADBအကြွေး၂ခါပြန်ဆပ်လို့ရတယ်

အကြွေးပြန်ဆပ်ရင် အာရှဖွံဖြိုးရေးဘဏ်က မြန်မာကိုကူမည်
2012-04-27
မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းလာတဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ဥက္ကဋ္ဌ Haruhiko Kuroda က မနေ့က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ADB အပေါ် အကြွေးတင်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးကို လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ မဖြစ်မနေ ပြန်ဆပ်မှသာ နောက်ထပ် ငွေကြေးဆိုင်ရာ အကူအညီအသစ်တွေကို ပေးနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီလိုအကြွေးပေးဆပ်နိုင်ဖို့ အတွက်လည်း ADB ဟာ မြန်မာအစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံသွားမယ်လို့ Mr. Kuroda က ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် ရည်ရွယ်တယ်လို့လည်း သူကဆိုပါတယ်။ အရှေ့တောင်အာရှရဲ့လူဦးရေ စာရင်းအရဆိုရင် မြန်မာပြည်ဟာ အဆင့်လေးမှာရှိနေပြီး အလုပ်သမားဦးရေ အများအပြားရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် အခွင့်အလမ်းကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး သဘာဝရေနံနဲ့ ဓာတ်ငွေ့တွေ ထွက်ရှိတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း ADB ဥက္ကဋ္ဌ က ပြောသွားပါတယ်။
http://www.rfa.org/burmese/news/adb-burma-04272012210529.html

ADB အကြွေးကြေမှ ပြန်ကူမည်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အာရှဖွံ့ဖြိုးရေးဘဏ် ADB သို့ မြန်မာအစိုးရ ဆပ်ရန်ရှိသည့် ကြွေးငွေ ဒေါ်လာ သန်း ၄၉ဝ ပြန်လည်ပေးဆပ်ပြီးမှသာ နောက်ထပ် ငွေကြေးအကူအညီများ ပေးနိုင်မည်ဟုဆိုသည်။ အကူအညီများ ပြန်လည်စတင်ပေးရန်အတွက် စုပြုံသော အကြွေးများမှာ “အတားအဆီးကြီး”တခု ဖြစ်နေကြောင်း ADB ဥက္ကဋ္ဌ Haruhiko Kuroda က ပြောသည်။ “ကျနော် အထူးပြုပြောလိုတာကတော့ အများနဲ့ချုပ်ဆိုရတဲ့ စာချုပ်တွေဖြစ်နေတော့ ကျနော်တို့အနေနဲ့ သိပ်ပြီး ပျော့ပြောင်းလို့ မရပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စတုတ္ထ လူဦးရေအများဆုံး တိုင်းပြည်ဖြစ်သည့်အလျောက် ရင်းနှီးမြှုပ်နှံမှုများ အတွက် လုပ်သားအလားအလာ ကြီးမားလှပြီး မဖော်ထုတ်ရသေးသည့် သဘာဝ သယံဇာတများ ရှိနေသည်ဟုလည်း မစ္စတာ ကူရိုဒါ က ပြောသည်။ ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အတိုးနည်းချေးငွေနှင့် ထောက်ပံ့ကြေးများ ပေးလာခဲ့သော ADB အား မူလ စတင် တည်ထောင်သည့် ၁၉၆၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုအား စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့သည့်မှစ၍ မြန်မာနိုင်ငံအပေါ် ADB ကူညီမှုများ ရပ်ဆိုင်းထားခဲ့သည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အခြေစိုက်သည့် ၎င်းတို့ဘဏ်အနေဖြင့် မြန်မာအစိုးရနှင့် “အပြုသဘော ဆက်ဆံ”ရန် ပြင်ဆင်ထားကြောင်း မစ္စတာ ကူရိုဒါ က ပြောဆိုသွားကြောင်း သြစတြေးလျ ABC သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံနှင့် နှစ်ပေါင်း ၂ဝ ကျော် အဆက်ဖြတ်ထားခဲ့သော ကမ္ဘာ့ဘဏ်အနေနှင့်လည်း အကူအညီများ ပြန်လည် ပေးအပ်နိုင်ရန် အတွက် ဘဏ်ရုံးခွဲတခု မြန်မာနိုင်ငံအတွင်း လာရောက် ဖွင့်လှစ်တော့မည် ဖြစ်သည်။ ဇွန်လအတွင်း ဖွင့်လှစ်ရန်ရှိသည့် ကမ္ဘာ့ဘဏ်ရုံးအနေဖြင့် လက်ရှိ အကြွေးများကို စီစစ်သွားကာ တိကျမှန်ကန်သည့် စီးပွားရေးအချက်အလက်များကို ရယူသွားမည်ဟု ဆိုသည်။ ကမ္ဘာ့ဘဏ်အား ပေးရန်ရှိသည့်အကြွေးမှာလည်း ဒေါ်လာ ၃၉၃ သန်း ရှိနေသည်မှာ ၁၉၈ဝ စုနှစ်များကတည်းက ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အရှေ့အာရှ ဒု-ဥက္ကဋ္ဌ Pamela Cox က ပြောကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြပါရှိ သည်။
မြန်မာအစိုးရနှင့် ဆက်ဆံရေးအတွက် ဘဏ်၏ဘုတ်အဖွဲ့၊ ရှယ်ယာရှင်များ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ တွဲဖက်အဖွဲ့များအပြင် မြန်မာအစိုးရနှင့်ပါ နီးကပ်စွာ လုပ်ကိုင်လျက်ရှိကြောင်း မစ္စကောက်က်စ် က ဆိုသည်။ “ပြုပြင်ပြောင်းလဲရေးတွေဟာ အကဲဆတ်သေးတယ်ဆိုတာ ကျမတို့ သတိပြုမိပါတယ်။ စွန့်စားရမယ့်ဟာတွေလည်း သိထားပါတယ်။ ကျမတို့နဲ့ ထိတွေ့ဆက်ဆံရေး တိုးတက်မြန်ဆန်မှုဟာ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ ဆိုတာအပေါ်မှာ မူတည်ပါတယ်” ဟု ပြောဆိုသွားသည်။
http://www.mizzimaburmese.com/news/inside-burma/9271-adb--.html

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် NLD ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံမည်


2012-04-27 ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေးနဲ့ ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်တွေကို တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

RFA ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။ NLD ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း အမြန်ဆုံး ပါဝင်လာရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့ အနေနဲ့ အခုလို သွားရောက်တွေ့ဆုံဖို့ စီစဉ် တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို ဧပြီလ ၂၅ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကလည်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ မနေ့က စာရေးသား တောင်းဆိုခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးဟာ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး စတုတ္ထ ပုံမှန်အစည်းအဝေးကို လာမဲ့ ဇူလိုင်လမှာ ပြန်လည် ကျင်းပမယ်လို့ သိရပါတယ်။
 http://www.rfa.org/burmese/news/rndp-dr-aye-maung-nld-04272012082820.html

ရွှေနံသာလယ်သမားများအရေး ဘယ်သူတွေ ၀င်ရှင်းပေးမလဲ


by Naung Taw Lay on Saturday, April 28, 2012 at 1:44am ·
ရွှေနံသာကျေးရွာက လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေထဲမှာ ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးနေတာတွေ နဲ့ပတ်သက်ပြီး ၂၇.၂.၂၀၁၂ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။ ယခင်နှစ်ကလည်း စပါးစိုက်ချိန်မှာ လယ်ကန် သင်းတွေ ဖျက်စီးခံရလို့ ပြန်လည်ပြုပြင်ခဲ့ရကြောင်း၊ ယခုအခါမှာလည်း ဇေကမ္ဘာကုမ္ပဏီက ဖျက်စီးလို့ လယ်ကန်သင်းတွေ မရှိသလောက် ဖြစ်နေပြီဆိုတဲ့အကြောင်း သက်သေသက်ကာယအနေနဲ့ လိုက်လံပြသရာ မှာ ဇေကမ္ဘာကုမ္ပဏီပိုင် ဘူဒိုဇာနှစ်စီးဟာ အပြိုင်အဆိုင် လယ်ကန်သင်းများကို ဖြိုဖျက်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။

လယ်သမားကြီး ဦးလန်ချားရဲ့ လယ်ယာမြေထဲမှာ ဘူဒိုဇာတစ်စီး ဖုန်တထောင်းထောင်းနဲ့ လယ်ကန်သင်းတွေ ကိုဖြိုဖျက်စီးနေတာကို မြင်တဲ့အတွက် လယ်သမားတွေနဲ့ အတူ လိုက်သွားစဉ်မှာ လုပ်ငန်းလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ တခြားတစ်ဖက်ကို လှမ်းကြည့်တဲ့အခါမှာတော့ ဘူဒိုဇာတစ်စီးဟာ ဦးချစ်ဝင်းစိန်ရဲ့ လယ်ယာမြေအတွင်းမှာ လယ်ကန်သင်းရိုးတွေကို ဖျက်စီးနေတာ မြင်တွေ့ရလို့ ကားနဲ့ထပ်မံသွားရောက် ရာမှာလည်း လုပ်ငန်းလုပ်ဆောင်မှုကို ရပ်နားလိုက်ပြန်ပါတယ်။

လယ်သမားကြီး ဦးကျော်စိန် ပြောပြတာကတော့`ဒါက ဦးချစ်ဝင်းစိန်လယ်တွေ။ လယ်တွေက ဘောလုံးကွင်း လိုဖြစ်နေပြီ။ လယ်သမားတွေက ဘယ်လိုဆက်လုပ်ကြမလဲ။ ဇေကမ္ဘာကလယ်သမားကို ဒုက္ခပေးနေတာ။ အခုထိုးနေတာက ဦးချစ်ဝင်းစိန်လယ်အားလုံး။ မနှစ်ကလည်း တစ်ခါထိုးဖျက်လိုက်ပြီးပြီ။ ဒီနှစ်တစ်ခါ ပြန်ဖျက် နေပြန်တာ။ လယ်သမားတွေက ကိုယ့်စရိတ်နဲ့ကို ပြန်ပြင်ထားတာ။ ဟိုမှာလည်း ခုနထိုးနေတယ်။ ဒီမှာလည်း ထိုးနေတယ်။ အခုပဲစက်လိုက်တာ မြင်လား။ ဒီကားလာတာတွေ့လို့ သူတို့ရပ်လိုက်တာ´လို့ပြောပါတယ်။
လိုက်ပါလာသူ တစ်ဦးရှင်းပြတာကတော့ `ကျွန်တော်တို့နောက်ကိုလိုက်လာတဲ့ SB၊ စအဖ တွေကသွားရပ်ခိုင်း လိုက်လို့ ရပ်သွားတာ။ လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုကို အကူအညီပေးရင်းနဲ့လာတာ။ လာတဲ့နေရာမှာ SB တွေ စအဖတွေ ဆိုင်ကယ်နဲ့လိုက်လာတယ်။ လိုက်လာပြီးတော့ ဒီလယ်ကွင်းထဲမှာဒီစက်တွေကို သူတို့မောင်း နေတယ်။ မောင်းနေတာကို ကျွန်တော်တို့ကို ကျော်လာပြီး သွားရပ်ခိုင်းလိုက်တဲ့အတွက် ဒီဘက်ကိုလာတဲ့ အချိန်မှာဒီစက်က ရပ်သွားတယ်။ ဟိုဘက်ကိုသွားတဲ့အချိန်မှာ ဟိုဘက်က ရပ်သွားတယ်။´ လို့ပြောပြပါတယ်။

ဦးလန်ချားရဲ့ လယ်တွေဘက်ကို ဆိုင်ကယ်နဲ့ ထပ်မံသွားရောက်ရာမှာတော့ တစ်ဖက်က စကားပြောစက်နဲ့ လှမ်း ပြောပေးနေတဲ့အတွက် ရောက်သွားချိန်မှာပဲ စက်ကို နားခိုတဲနားပြန်ကပ်ပြီး ရပ်ထားလိုက်တာကို မြင်တွေ့လိုက်ရပြန်ပါတယ်။ လယ်ရှင်ဖြစ်တဲ့ ဦးလန်ချားရဲ့ ခံစားချက်ကို မေးမြန်းကြည့်ရာမှာတော့ `နိုင်ငံ တော်က စိုက်ပျိုးရေးကိုအခြေခံ၍ ဆိုတာကိုနေ့တိုင်းကြေညာတယ်။ ကျွန်တော်တို့လယ်သမားတွေ စိုက်ပျိုးရေး လုပ်နေတာ။ သူတို့ကဘာမှ ဖြေရှင်းမပေးနိုင်ဘူး။ ဟုတ်ပလား။´လို့ပြောပါတယ်။ ဦးလေးတေို့ နောက်ဆုံး အဆင့် ဘယ်လိုဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားသလဲလို့ မေးမြန်းရာမှာတော့`ဒီနေ့ပါဆို (၂၇.၄.၂၀၁၂) လေးရက်ရှိပြီ။ ဘယ်လိုဆက်လုပ်မလဲဆိုတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူးလေ။ ဘယ်သူမှ ဖြေရှင်း မပေးဘူးဆိုရင်တော့ လူစုပြီးရိုက်ကြဖို့ပဲရှိတော့တယ်။ လယ်မလုပ်ရ၊ ထမင်းငတ်မယ့်အတူတူတော့ ရိုက်ကြ မယ်ပေါ့´လို့ မွန်သံဝဲ၀ဲနဲ့ ပြောပါတယ်။
လယ်သမားတွေကတော့ လယ်တွေထဲမှာ မြေသြဇာအဖြစ် နွားခြေးခြောက်တွေ ချထားတာကိုလည်း တွေ့ရ ပါတယ်။ တင်ပြချထားတွေကို အရေးယူဆောင်ရွက်ပေးမယ်ဆိုရင်လည်း ဒီအထိကြာနေစရာ မလိုဘူး။ ပထမ ပြောထားတာ နိုင်ငံတော်က သိမ်းမယ်ဆိုတာ ဦးလေးတို့ဘာမှ ပြောစရာမရှိဘူး။ လယ်သမားတွေကို ခြိမ်းခြောက်ပြီးတော့ အတင်းအဓမ္မ လက်ဝါးကြီးအုပ်ကြီးဆိုးတာကို လယ်သမားတွေ ခံနေရတယ်။ အခုတော့ လွှတ်တော်မှာလည်း ပြောနေတာပဲ။ ငွေများတရားနိုင်တဲ့ခေတ်မဟုတ်တော့ဘူးဆိုတာကို လွှတ်တော်မှာလည်း ပြောနေတာပဲ´လို့ လယ်သမားတွေက ရင်နာနာနဲ့ ပြောဆိုလာပါတယ်။

နောင်တော်လေး

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံး ဖွင့်ပွဲအမေစုဖဲကြိုးဖြတ်

RFA Burmese
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်တွေ ပိုပြီးခိုင်မာဖို့နဲ့ ပိုပြီးမြန်ဆန်ဖို့ မျှော်လင့်ချက်နဲ့ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားတာကို ဆိုင်းငံ့လိုက်တာဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
သတင်းစာ ရှင်းလင်းပွဲမလုပ်ခင်မှာ အီးယူ အကြီးအကဲနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို NLD ရုံးချုပ် အစည်းအဝေး ခန်းမမှာတွှေဆုံဆွေးနွေးပါတယ်။
Ms Ashton ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုကို ဆိုင်းငံ့လိုက်ပြီးတဲ့နောက်ပိုင်းမှာ အီးယူကအဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။
သူ က အင်းလျားမြိုင်လမ်းမှာ ရှိတဲ့ အီးယူ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့နဲ့ အတူ မွန်းလွဲပိုင်းမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်။
တနင်္လာနေ့ထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း တွှေဆုံဖို့ ရှိပါတယ်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂမှ မူဝါဒ အကြီးအကဲ တွေ့ဆုံ.

Burma VJ Media Network
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂ မူဝါဒအကြီးအကဲ မစ္စစ် ကတ်သရင်း အစတန် တို့ရဲ့ သတင်းစာရှင်းလင်းပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂ မူဝါဒအကြီးအကဲ (ကတ်သရင်း အစတန်) Chief of EUForeign Policy, Ms. Catherine Ashton တို့ဟာ ဒီကနေ့မနက် ၁၀:၃၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ် ခဲ့ပါတယ်။

The Voice Weekly)ဥရောပ သမဂ္ဂ အနေနှင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ ယူရို သန်း ၁၅၀ ပေးအပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍတွင် အဓိကထား အကူအညီ ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဥရောပသမဂ္ဂမှ မူဝါဒ အကြီးအကဲ ကတ်သရင်း အဲရှ်တန်က ပြောကြားလိုက်သည်။ ရန်ကုန်မြို့တော် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ပြုလုပ်သော ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။