Wednesday, April 18, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သိန်း ၃၀၀ကျပ်လှူဒါန်း

Published on 18 Apr 2012 by BurmaVJMedia

မြန်မာနှစ်ကူးမှာ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သိန်း ၃၀၀ကျပ်လှူဒါန်း
ဧပြီလ ၁၇ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကော့မှူးမြို့နယ်က ရွာပေါင်း ၆၂ ရွာကို မဲနှိုက်ပြီး ပထမ ရတဲ့ရွာကို ကျပ် ၁၇၅ သိန်း ၊ ဒုတိယ ရတဲ့ရွာကို ကျပ် ၇၅ သိန်းနဲ့ တတိယ ရတဲ့ရွာကို ကျပ် သိန်း ၅၀ အသီးသီးကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းမှာရှိတဲ့ ရွာပေါင်း ၆၂ ရွာက သက်ကြီးရွယ်အို ၆၂ ဦးကိုလည်း ဂါရ၀ပြုခဲ့ပါတယ်။ တစ်ဆက်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာကြတဲ့ ရုပ်ရှင် နဲ့ဂီတ ပညာရှင်များကလည်း သူတို့ရဲ့ သံစဉ်တွေနဲ့ ကော့မှူးမြို့နယ် ပြည်သူလူထုကိုဖျော်ဖြေ ခဲ့ကြပါတယ်။

0 အကြံပြုခြင်း: