Friday, April 13, 2012

လူရွှင်တော် မေတ္တာတို့အဖွဲ့ သင်္ကြန်မဏ္ဍာပ်များတွင် သံချပ်နှင့်ဖျော်ဖြေ

The Voice Weekly
ရန်ကုန်၊ ဧပြီ ၁၃
အာဏာပိုင်များ ခွင့်ပြုခြင်းမရှိ၍ တိမ်မြုပ်နေသော မြန်မာ့ဓလေ့ သံချပ်ထိုး ဖျော်ဖြေမှုကို ယခုနှစ်မဟာ သင်္ကြန်ကာလတွင် ပြန်လည်ခွင့်ပြု လိုက်ပြီဖြစ်ရာ လူရွှင်တော် မေတ္တာတို့အဖွဲ့က သင်္ကြန်မဏ္ဍာပ်များကို သွားရောက်ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း ဦးမေတ္တာက ပြောကြားသည်။
မူလက သံချပ်ထိုးမည့် အဖွဲ့များ သံချပ်စာသားများကို စိစစ်ရေးသို့ ကြိုတင် တင်ပြရမည် ဟုထုတ်ပြန် ထားသော်လည်း ယခုတင်ပြရန် မလိုကြောင်း၊ ၎င်းနှင့်အတူ လူရွှင်တော် ဗေလုဝ၊ ကုသိုလ်တို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
၎င်းတို့အဖွဲ့မှာ မဟာသင်္ကြန် ကာလအတွင်း ရန်ကုန်မြို့တော်ရှိ နာမည်ကြီး သင်္ကြန်မဏ္ဍာပ်များ သို့သွားရောက် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
မန္တလေးလူရွှင်တော် များကလည်း ယခုနှစ်သင်္ကြန်တွင် သံချပ်ဖြင့် ဖျော်ဖြေရန်စီစဉ် ထားကြောင်း မန္တလေးဒေသခံများ ထံမှသိရသည်။
ဓါတ်ပုံ Eleven Media Group





0 အကြံပြုခြင်း: