Monday, April 16, 2012

ဧရာဝတီအင်္ဂလိပ်ဆိုဒ်နှင့် မြန်မာဆိုဒ်အဟတ်ခံရပြန်၊


ဧရာဝတီ မြန်မာပိုင်းကို Heck ပြီး
၁) ဒေါ်မေဆွိ အိမ်ထောင်ရေးကိစ္စ၊
၂) ကချင် တိုင်းရင်းသားအရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၊
၃) ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိစ္စများကို

သင်္ကြန်နားရက်တွင် နားလည်မှု လွဲမှားစေရန် ဟက်ကာများက ဝင်ရောက်
တင်သွားခဲ့ပါသည်။ သိလျှင် သိချင်း နာရီပိုင်းအတွင်း ယခု ပို့စ်များ ပြန်လည်
ဖျက်ဆီးလိုက်ပါပြီ။ စာဖတ်သူများအား အနူးအညွတ် တောင်းပန်အပ်ပါသည်။
(ကိုခက်ထန်)


သင်္ကြန်ကာလတွင်ဧရာဝတီနားသည်ဟုကြေငြာထားချိန်၁၄ရက်နေ့ စွဲဖြင့် အင်္ဂလိပ်လိုသတင်းတပုဒ်ဝင်တင်သွားသည်။အယ်လ်ပိုင်း မဏ္ဍပ်မှာ ဇေယျာသော်အပါအ၀င် ၈၈ ကျောင်းသားတွေ မူးပြီးဝတ်မှုံရွှေရည်အတွက်နဲ့ ရန်ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။
အဲဒီပို့ စ်ကိုဧရာဝတီကဖျက်လိုက်ပြီးပါပြီ၊
မစ္စတာဟတ်ကာတခုသတိလစ်သွားတာကအဲဒီအချိန်မှာဝတ်မှုံကစင်္ကာပူမှာဆိုတာပါ။
ဝက်ဆိုဒ်တွေအတွက်၂၄နာရီအွန်လိုင်းလုံခြုံရေးအစောင့်တွေငှားတဲ့အေဂျင်စီတွေလိုအပ်နေပါပြီ။

0 အကြံပြုခြင်း: