Monday, April 2, 2012

"မင်းက ဘယ်ကကောင်လဲကွ"

Abfsu Hinthada facebook
၁.၄.၂၀၁၂ ...ညနေ ၄း၃၀ ဝန်းကျင်
မြောင်းမြမြို့  မရမ်းကုန်းရပ်ကွက် မဲရုံ ၃ တွင် မဲများစစ်ဆေးရာ၊ မည်သူမှ မဝင်ရ၍..."မဲများစစ်ဆေးရာတွင် ပြည်သူလူထု ၁၀ ယောက်ထက် မနည်း ရှိနေခွင့် ရှိသည်" ဟု (ဗ.က.သ ဖြစ်မြောက်ရေးကော်မတီ) အထွေထွေ အတွင်းရေးမှူး(၂) ကိုအောင်အောင်ကျော် မှပြောဆိုရာတွင် မရမ်းကုန်းရပ်ကွက်လူကြီး ကိုအောင်ကြီးမှ "မင်းက ဘယ်ကကောင်လဲကွ"ဟု ပြောဆိုပြီး ဆိုင်ကယ် နှင့် ပွတ်တိုက်ခဲ့သည်။သို့ သော်လည်း ကိုအောင်အောင်ကျော် မှ ရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်ဒါဏ်ရာ မရရှိခဲ့ပါ။ ထို့ ပြင် ဆိုင်ကယ်စီးဦးထုပ်နှင့် ရိုက်ရန် ရွယ်ခဲ့သေးသော်လည်း အနီးပတ်ဝန်းကျင်တွင် ပြည်သူလူထုများရှိနေ၍ ရပ်ကွက်လူကြီး ကိုအောင်ကြီးမှ ဆက်လက်မရိုက်ဖြစ်တော့ပေ။ မရမ်းကုန်း ရပ်ကွက်လူကြီး ကိုအောင်ကြီး ၏လုပ်ရပ်ကြောင့်တည်ဆဲအစိုးရ၏လုပ်ဆောင်ချက်များကိုနှောင့်ယှက်သလိုဖြစ်နေပါသည်။
ပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်ကို တည်ဆဲအစိုးရအနေနှင့် အခိုင်အမာအကာအကွယ်ပေးဖို့လိုအပ်ပါတယ်။


Lin KoKo အမှန်ပါပဲခင်ဗျာ
ကျွန်တော်ပါ ပါတယ်
ကိုအောင်အောင်ကျော်ကို တကယ်လုပ်တာပါ
အသေးစိတ်ကို ကျွန်တော်ကိုမေးနိုင်ပါတယ်။
မရန်းကုန်းက မဲရုံတွေမှာ ပြည်သူတွေကိုအ၀င်မခံပါဘူးခင်ဗျာ
အဲဒါ ကိုအောင်အောင်ကျော်က သွားရောက်ပြီး ရွေးကောက်ပွဲ ဥပဒေ အရ
ပြည်သူ ဆယ်ဦးထက်မနည်း ၀င်ခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်
ပထမ မဲရုံမှာလူ ရှစ်ဦးဝင်ခွင့်ပေးခဲ့ပြီ ဒုတိယ မဲရုံမှာပြောကြားနေတုန်း
ကိုအောင်ကြီးရောက်လာပြီးရန်ရှာခဲ့တာပါ
ခရိုင်အုပ်ချူပ်ရေးရုံမှလူတစ်ဦးပါ ပါလာပါသည်။

0 အကြံပြုခြင်း: