Monday, April 2, 2012

ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကို့တွေ့ဆုံမေးမြန်းချက်

RFA Burmese TV Channel

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ် (၁) နှစ်အထိ အပြစ်ပေး အရေးယူ ခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက် ပါတယ်။ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ RFA အသံလွှင့်ဌာန ဒီကနေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံရာမှာ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကို က အခုလို ပြောကြားခဲ့တာပါ။
မဲပြားမှာ ဖယောင်းသုတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုက ပြောပါတယ်။ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုနဲ့ သီးသန် အပြည့်အစုံကို နောက်ပိုင်းမှာ ထုတ်လွှင့်ပေးမှာပါ။

0 အကြံပြုခြင်း: