Saturday, June 30, 2012

မြန်မာနှင့် မလေးရှားပွဲမှာသရေကျယုံဖြင့်ခြေစစ်ပွဲအောင်မည်

မြန်မာ - တရုတ် (တိုင်ပေ) ပွဲစဉ်တွင် မြန်မာ၆-၂ဖြင့်အနိုင်ရသည်။
မလေးရှားအသင်းကလည်း ဗီယက်နမ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ မြန်မာ ရမှတ် ၁၀ မှတ်၊ မလေးရှားရမှတ် ၉ မှတ်ဖြစ်သည်။ ထို့ကြောင့် ဇူလိုင် ၃ ရက်တွင် မြန်မာနှင့် မလေးရှားပွဲစဉ်မှာ အုပ်စုတက်ရေးအတွက် အဆုံးအဖြတ်ပွဲ ဖြစ်လာခဲ့ပြီဖြစ်သည်။ နောက်ဆုံးပွဲရှုံးသည့်အသင်းမှာလည်း တတိယအကောင်းဆုံးအသင်းဖြစ်ရန် အလားအလာကောင်းနေသည်။ အုပ်စုပွဲများမှ၂သင်းစီခြေစစ်ပွဲအောင်မည်ဖြစ်ပြီး၊ တတိယအကောင်းဆုံးအသင်းတသင်းအားလည်းထပ်မံရွေးချယ်မည်ဖြစ်သည်။
မြန်မာနှင့် မလေးရှားပွဲမှာသရေကျယုံဖြင့်ခြေစစ်ပွဲအောင်မည်ဖြစ်သော်လည်းမြန်မာအသင်းခေါင်းဆောင်ကအနိုင်ကန်မည်ဟုဖြေကြားခဲ့သည်။

ယခုအခါ မြန်မာအသင်း ရမှတ်စုစုပေါင်း (၁၀)မှတ်ဖြင့် ယနေ့ညနေ ၆း၁၅ နာရီတွင် ယှဉ်ပြိုင်မည့် " တောင်ကိုရီးယား - ဖိလစ်ပိုင် " ပွဲစဉ်ရလဒ်မတိုင်မီအထိ အုပ်စုပထမနေရာတွင် ရောက်ရှိနေလျက်ရှိကာ ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်းနေသည်။
မြန်မာအသင်း၏ အုပ်စုတွင်း နောက်ဆုံးပွဲစဉ်အဖြစ် (၃-၇-၂၀၁၂)ရက်၊ ညနေ ၆း၁၅ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ္ဏဘောလုံးကွင်း၌ မလေးရှားအသင်းနှင့် ရင်ဆိုင်ယှဉ်ပြိုင်ဆင်နွှဲရမည်ဖြစ်သည်။
မြန်မာ - တရုတ် (တိုင်ပေ) ပွဲစဉ် ပထမပိုင်း ၃၅ မိနစ်တွင် မြန်မာအသင်းအတွက် တတိယမြောက်ဂိုးကို နောက်တန်းကစားသမား ရန်အောင်ဝင်းက ခေါင်းတိုက်သွင်းယူလိုက်စဉ်။
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
မြန်မာက တရုတ်(တိုင်ပေ)အသင်းအား ၆ဂိုး-၂ဂိုးဖြင့်အနိုင်ရရှိသောပွဲစဉ်တွင် တိုက်စစ်မှူးကျော်ကိုကို မပါဝင်ခဲ့ခြင်းမှာ ခြေထောက်ဒဏ်ရာရရှိနေသောကြောင့်ဖြစ်ပြီး၊ အဆုံးအဖြတ်ပွဲဖြစ်သော မြန်မာ-မလေးရှားပွဲစဉ်တွင် ပါဝင်နိုင်ခြင်းရှိ၊မရှိနှင့်ပတ်သက်၍ 7Day News က မြန်မာယူ-၂၂နည်းပြချုပ် ပတ်ဆောင်ဟွာကို မေးမြန်းရာ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

0 အကြံပြုခြင်း: